Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 2-6] ပေရဂံမြို့၌ရှိသော အသင်းတော်သို့ ပေးစာ (ဗျာဒိတ်ကျမ်း ၂း၁၂-၁၇)

ပေရဂံမြို့၌ရှိသော အသင်းတော်သို့ ပေးစာ
( ဗျာဒိတ်ကျမ်း ၂း၁၂-၁၇ )
“ပေရဂံမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍မှာ လိုက်လော့။ ထက်သောသန်လျက်ရှိသောသူ၏အမိန့်တော်ကား၊ သင်အ ကျင့်ကျင့်ခြင်းကို၄င်း၊စာတန်၏ရာဇပလ္ဘင်ရှိရာအရပ်တည်းဟူသော သင်၏ နေရာအရပ်ကို၄င်းငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေ သတ်ခြင်းကိုခံရသောအန္တိပသည် သစ္စာရှိ၍ငါ့ဘက်၌ သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည် ခြင်းတရားကို မစွန့်မပယ်။ သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ၄င်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာ၄င်း၊ ထိမိ၍လဲစရာအရာကို သူတို့ ရှေ့၌ချထား မည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကိုစွဲလမ်းသော သူတို့သည် သင်၏နေရာ၌ရှိကြသည် ဖြစ်၍၊ သင်၌အနည်းငယ်သော အပြစ်တင်စရာရှိ၏။ ထိုအယူနှင့်သဘော တူသော နိကောလတပည့်တို့၏ အယူကိုစွဲလမ်းသောသူတို့သည် ထိုနည်း တူသင်၌ရှိကြ၏။ ထိုကြောင့် နောင်တရလော့။ မရလျှင်ပင်သင်ရှိရာ သို့ ငါသည်အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ် တိုက်မည်။ဝိညာဉ်တော်သည် အသင်းတော်ရှိ သောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏ ဝှက်ထားသော မန္နကို၄င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၄င်း၊ ထိုကျောက်ပေါ်၍ အက္ခရာတင်သော နာမ သစ်ကို၄င်း၊ ထိုသူအားငါပေးမည်။ထိုကျောက်ကိုရသောသူမှတပါး အဘယ် သူမျှ ထိုနာမကိုမသိနိုင်ရာ။”
 
 

အဖွင့်ဋီကာ

 
အခန်းငယ် (၁၂)“ပေရဂံမြို့၌ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာ လိုက်လော့။ ထက်သောသန်လျက်ရှိသော သူ၏အမိန့်တော်ကား။”
ပေရဂံမြို့သည်အာရှိပြည်၌အုပ်ချုပ်ရေးတွင် မြို့တော်ဖြစ်ပြီးထို နေရာ၌ နေထိုင် သူတို့သည် များစွာသောဗာဟီရဝါဒီတို့၏ ဘုရားရားကိုကိုး ကွယ်ကြသူများဖြစ်သည်။ အထူးသဖြင့်ထိုအရာသည် အင်ပါယာ၏အ ချက် အခြာ ကိုးကွယ်မှုဖြစ်သည်။“ထက်သောသန်လျက်ရှိသောသူ” ဆို သည်မှာ သခင်သည် ဘုရားသခင်၏ရန်သူတို့အားဆန့်ကျင် တိုက်ခိုက် သည်ဟုခေါ် သည်။
 
အခန်းငယ် (၁၃) “သင်အကျင့်ကျင့်ခြင်းကို၄င်း၊ စာတန်၏ရာ ဇပလ္လင် ရှိရာအရပ်တည်းဟူသောသင်၏နေရာအရပ်ကို၄င်း၊ ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာ ရှိ၍ ငါ့ဘက်၌သက်သေခံရသောနေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ ၏နာ မကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။”
ပေရဂံမြို့သည် အင်ပါယာတို့ ကိုးကွယ်ရာ၌ခိုင်ခံ့သည့်မြို့ဖြစ် သော်လည်း ထိုနေရာ သည်အန္တိပဟုခေါ်သော ဘုရားသခင်၏ အစေခံ သည် သူ၏သခင်ဘုရားပေါ်ထားသော ယုံကြည်ခြင်းကို ကွယ်ကာရန်တွက် ရှုပ်တုကိုး ကွယ်ခြင်းကို ငြင်းပယ်၍မာတုရခံရသည့် နေရာလည်းဖြစ်သည်။ လူတို့သည် အန္တိခရစ်အားကိုးကွယ်ရမည်ဟု အတင်းအကျပ်ခိုင်း စေသော အချိန်ရောက်လာဦးမည်ဖြစ်သည်။ သို့သော်ဘုရားသခင်၏ သန့်ရှင်းသူနှင့် အစေခံ တို့သည် နောက်ဆုံးသောနေ့ရက်ထိတိုင် သူတို့၏ယုံကြည်ခြင်းကို ကွယ်ကာလိမ့်မည်ဖြစ်သည်။အန္တိပသည်သူ၏အသက်ကိုပေးကာကာကွယ် ခဲ့သကဲ့သို့ ကာကွယ်ကြမည် ဖြစ်သည်။ ထိုကဲ့သို့ရဲရင့်သော ယုံကြည်ခြင်း ရှိရန်အတွက်ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား ယခုမှပင် စတင်၍အသေးငယ် ဆုံးသော အဆင့်တွင်ပင်ပြသရမည်ဖြစ်သည်။ ညှင်းပန်း နှိပ်စက်မှုကြုံ သောအခါတွင် ဘုရားသခင်၏သန့်ရှင်းသူနှင့်အစေခံတို့သည် အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်အပေါ် အားကိုးရမည်ဖြစ်သည်။ သူတို့သည်ဘု ရားသခင်အား ယုံကြည်ကိုးစားကာ သူတို့၏မာတုရအား မျှော်လင့်ခြင်းအ ပြည့်ဖြင့် လိုလားစွာပွေ့ဖက်ရမည်ဖြစ်သည်။ သို့မှသာသူတို့သည် ဘုရား သခင်အားဘုန်းတော်ထင်ရှားစေကား သူ့ထံမှ ကောင်းကင်သစ်နှင့် မြေကြီး သစ်ကိုရရှိမည်ဖြစ်သည်။
 
အခန်းငယ် (၁၄) “သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရှုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ၄င်း။ မတရားသေ မေ ထုန်ကိုပြုစေခြင်းငှါ၄င်း၊ ထိမိ၍ လဲစရာအရာတို့ကို သူတို့ရှေ့၌ ချထား မည်အကြောင်း ဗာလမ်မင်းကိုအကြံပေးသော သူတည်းဟူသော ဗာလမ် ၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ ရှိကြသည်ဖြစ်၍ သင်၌ အနည်းငယ်သောအပြစ်တင်စရာရှိ၏။`` 
ပေရဂံမြို့၌ရှိသော အသင်းတော်မှ အသင်းသားများသည် ဗာလမ် ၏သြဝါဒကိုလက်ကိုင်သောကြောင့် ဘုရားသခင်ကိုထိုအသင်းတော်ဝေး ကွာစေရန် ပို့ဆောင်ခဲ့သည့် မှားယွင်းသောဖရောဖက်ဖြစ်ကာ ရုပ်တုကိုး ကွယ်သည့် ပရောဖက်များနှင့် ဆက်ဆံရန် စုံစမ်းခြင်းဖြင့် သူ့မယားကို ပြစ် မှားခြင်းအမှုသို့ရောက်စေပါသည်။ဘုရားသခင်အား စွန့်ပယ်သည့် ယုံကြည် ခြင်းမျိုးရှိသူများအား သခင်သည် ပြစ်တင်ဆုံးမခဲ့သည်။ လူတို့၏ စိတ်နှ လုံး၌ဘုရားကို ချန်ထားကာ မှားယွင်းသည့် ရုပ်တုများကို ကိုးကွယ်ကြ သည်။ သူ့မယားကို ပြစ်မှားသောအပြစ်သည် ဘုရားသခင်ရှေ့၌ ကြီးမား သောအပြစ်ဖြစ်သည်။ 
 
အခန်းငယ် (၁၅) “ထိုအယူနှင့် သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူသင်၌ရှိကြ၏။” 
ကျမ်းစာ၌ “နိကောလ” ဆိုသည့်စကားနှင့် ``ဗာလမ်`` ဆိုသည့် စကားလုံးသည် အခြေခံအားဖြင့် အဓိပ္ပါယ်ခြင်းဆင်တူသည့် ဝေါဟာရ အဖြစ်သုံးကာ လူတို့အပေါ် လွမ်းမိုးနိုင်သူဟု အဓိပ္ပါယ်ရ၏။ ဘုရားသခင် သည် “နိကောလတပည့်တို့၏ အယူကိုစွဲလမ်းသောသူရှိသည် ဟုဆိုရာ တွင် ဤဆိုလိုချက်သည် ဘုရားသခင်၏အသင်းတော်သည် “ဗာလမ်” ၏သြဝါဒများကို ဆုပ်ကိုင်သူတို့အား ငြင်းပယ်သင့်သည်ဟုဖြစ်သည်။ နိကောလ၏ အယူနှင့်ဗာလမ်၏ အယူနောက်လိုက်သူများသည် ရုပ်တု များနှင့်ရှုပ်ဝတ္ထုများနောက်သို့လိုက်သူများဖြစ်သည်။ ထိုကဲ့သို့သော လူများ သည် ဘုရားသခင်၏ အသင်း တော်မှ မောင်းထုတ်သင့်ပါသည်။ 
 
အခန်းငယ် (၁၆) “ထို့ကြောင့် နောင်တရလော့။ မရလျှင်သင် ရှိရာသို့ ငါသည်အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏ သန်လျက်နှင့် စစ် တိုက်မည်။” 
ထို့ကြောင့်ဘုရားသခင်သည် ပေရဂံမြို့၌ရှိသော အသင်းတော် အား နောင်တမရပါကသူသည် သူ၏ခံတွင်းသန်လျက်နှင့် တိုက်ခုက်မည် ဟု သတိပေးကာ သူတို့၏မှားယွင်းသော ဘုရားကို ကိုးကွယ်ခြင်းနှင့် သူတို့ ၏လောကီရေးရာနောက်လိုက်ခြင်းမှ မှန်ကန်သောယုံကြည်ခြင်းသို့ လှည့် ပြန်ရန် မိန့်တော်မူခဲ့သည်။ အခြားစကားလုံးအားဖြင့် ဆိုသော် ဤအရာ သည် ပြင်းထန်စွာဖြင့် သူတို့သည်ယုံကြည်သူဖြစ်နေလျှင်ပင် ဗာလမ်၏သြ ဝါဒ နောက်လိုက်နေခြင်းမှ နောင်မရပါက အပြစ်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသတိပေးချက်ကို နာခံကာ ဘုရားသခင်ထံသို့ လှည့်ပြန်သူ တို့သည် ခန္ဓာနှင့်ဝိညာဉ် ရှင်သန်ရန်ဖြစ်ပြီး နောင်တမရသူ တို့သည် မိမိ တို့၏ခန္ဓာနှင့် ဝိညာဉ်ပျက်စီးခြင်းသို့ ကိုယ်တိုင်ပို့နေကြသူများပင်ဖြစ် သည်။ဘုရားသခင်၏သန့်ရှင်းသူနှင့်အစေခုံတို့အတွက် ဤကမ္ဘာနှင့် အခြား တစ်ဖက်တွင် ကောင်းကြီးခံစားနိုင်ရန်အတွက် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာကာ သူတို့၏ယုံကြည်ခြင်းဖြင့် သခင်ဘုရား အားကိုးကွယ်ရမည်ဖြစ်သည်။ 
 
အခန်းငယ် (၁၇) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ် သို့မိန့် တော်မူသည်ကို နားရှိသောသူမည်သည်ကားကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသော မန္နကို၄င်း။ ကျောက်ဖြူလက်ဖွဲ့ကို၄င်း။ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကို၄င်း၊ ထိုသူ အားငါပေး မည်။ထိုကျောက်ကိုရသောသူမှတပါးအဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။” 
စစ်မှန်သောသန့်ရှင်းသူတို့သည် သူတို့၏မာတုရကိုပင် ပွေ့ ဖက်ကြမည်ဖြစ်သည်။ ဘုရားသခင်ကျွန်ုပ်တို့အားမိန့်တော်မူသည်မှာ သူ၏ နာမဖြင့်မာတုရခံရသူတို့သည် ကောင်းကင်မန္နမုန့်ကိုပေးကာ သူ၏နိုင် ငံတော်၌ နာမသစ်ကို အက္ခရာတင်မည်ဟုဖြစ်သည်။ ကျွန်ုပ်တို့အတွက် ခန္ဓာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာရှင်သန်ရာဘုရားသခင်၏အသင်းတော်သို့မိန့် တော်မူသောသန့်ရှင်းသောဝိညာဉ်တော်၏ စကားကိုနားထောင်သင့်ပေ သည်။အောင်မြင်သောသူတို့အတွက် ခန္ဓာနှင့်ဝိညာဉ်ပိုင်းရှင်သန်ရန် ဘုရား သခင်၏အသင်းတော်သို့မိန့်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်၏ စကားကိုနားထောင်သင့်ပေသည်။ အောင်မြင်သောသူတို့အတွက် ထိုဆိုလို ချက်မှာ စာတန်၏နောက်လိုက်များကို တိုက်သည့် တိုက်ပွဲအောင်နိုင်သူ တို့အတွက်ဘုရားသခင်သည် အပြစ်မှကယ်တင်ခြင်းရစေသည့် ဖြောင့်မတ် သည့် ယုံကြည်ခြင်းနှင့် သူတို့၏ယုံကြည်ခြင်းအတွက်သူသည် သူတို့၏ နာမအား အသက်စာစောင်တွင် ရေးသားထားမည်ဟုဖြစ်သည်။ 
ကျွန်ုပ်တို့အားခြားနားသည့်ကျမ်းပိုဒ်များ၌အကြိမ်ကြိမ်ပင်နောက် ဆုံးသောကာလထိတိုင် စောင့်ထိန်းသူတို့ ကယ်တင်ခြင်းရမည်ဟု ကျမ်းစာ က ပြောပါသည်။ အခြားစကားလုံးဖြင့်ဆိုသော် သန့်ရှင်းသူတို့သည် နောက် ဆုံးသောကာလ၌ စိတ်ရှည်ရမည်ဖြစ်သည်။ သို့မှသာ သူတို့၏ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းပေါ်ထားသည့် ယုံကြည်ခြင်းကို ကွယ်ကာနိုင် မည်ဖြစ်သည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော သူတို့၏နာမများ သည် အသက်စာစောင်၌ ရေးထားဖြီဖြစ်သည်။ ထို့ကြောင့်ယုံကြည် သူတို့ သည် ဘုရားသခင်၏နိုင်ငံတော်အတွင်းသို့ ရုပ်ဝတ္တုနှင့် လောကီရေးရာတို့ နောက်မလိုက်ဘဲ ယုံကြည်ခြင်းဖြင့် ထိုအရာများကို အောင်မြင်ပြီး သူတို့၏ ဘုရားသခင် ရှေ့၌ နောက်ဆုံးရပ်သည့် ကာလတိုင်ရှိ နေမည်ဖြစ်သည်။