Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 2-7] နိကောလတပည့်တို့၏အယူ နောက်လိုက်ကြသူများ (ဗျာဒိတ်ကျမ်း ၂း၁၂-၁၇)

နိကောလတပည့်တို့၏အယူ နောက်လိုက်ကြသူများ
( ဗျာဒိတ်ကျမ်း ၂း၁၂-၁၇ )
 
 
ဗာလမ်၏လမ်းစဉ်
 
အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးတွင် ပေရဂံမြို့၌ရှိသော အသင်းတော်၌ အချို့သောအသင်းသားတို့သည် နိကောလတပည့်တို့၏ အယူကိုလိုက်သောသူများရှိသည်ဟုဆိုခဲ့ကြသည်။ ဤလူတို့သည် သူတို့၏ လောကီချမ်းသာခြင်းနှင့် ကျော်ဇောမှုတို့အား ပိုမိုတိုး တက်စေလိုသည့် ဆန္ဒသာရှိပြီး ဝိညာဉ်ကယ်တင်ရန် စိတ်ဝင်စားခြင်းမရှိကြပေ။ အမှုတော် ဆောင်မျးာအနေဖြင့် ဤကဲ့သို့သော ဗာလမ်၏လမ်းစဉ်နောက်လိုက်က အဆုံးမသတ်ရန် အလွန်သတိထားသင့်ပေသည်။ ဗာလမ်သည် သန့်ရှင်းသူ တို့အား လောကကို ကိုးကွယ်စေပြီး သူတို့၏ပျက်စီးခြင်းသို့ ပို့နေ၏။
ဘုရားသခင်သည် သူ၏ကတိတော်စကားဖြစ်သည့် ဝှက်ထား သောမန္နနှင့်ကျောက် ဖြူလက်ဖွဲ့ကိုပေးမည်ဆိုသည့် စကားအားအောင်မြင် သောသူတို့တွက်ဖြစ်သည်ဟု ကျွန်ုပ်တို့ထံ၌မိန့်တော်မူ၏။ အခြားနည်း ဖြင့်ဆိုသော် ဤအရာသည် လောကီနောက်လိုက်သည့် သင်းအုပ်တို့သည် သူတို့၏မန္နကိုဆုံးရှုံးခြင်းဖြင့် အဆုံးသတ်မည်ဟုဖြစ်သည်။ နေရာ၌ မန္နဆို သည်မှာ “ဘုရားသခင်၏ စေ့စပ်သေချာသော စကားလုံးကိုဆိုလိုကာ ဝှက် ထားသောမန္နကိုဆုံးရှုံးခြင်းဆိုသည်မှာ နှုတ်ကပတ်တော်၌ ဝှက်ထားသည့် ဘုရားသခင်၏ အလို တော်ကို မလိုက်နာခြင်းကို ဆိုလို၏။
ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော ဘုရားသခင်၏ အစေခံတို့ သည် လောကနောက်လိုက်သော် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မြင်နိုင်ခြင်းများ ဆုံးရှုံးလာကြသည်။ ဤသည်အလွန်ကြောက်စရာကောင်း သည့်အချက်ဖြစ်သည်။ဤသို့ဖြစ်မည်ကိုကျွန်ုပ်ကြောက်ရွံ့မိကာ သင်သည် လည်းထိုအရာကို ကြောက်သင့်ပါသည်။ ဘုရားသခင်ကျွန်ု်ပ်တို့ အားမိန့် တော်မူသည်မှာ အောင်မြင်သောသူတို့အား သူသည်ဝှက်ထားသော မန္နနှင့် ကျောက်ဖြူလက်ဖွဲ့ကိုပေးမည်ဟုဖြစ်သည်။ သို့သော်လောကနှင့်တွဲကာ လောကီအောင်မြင်မှုအတွက်(သို့) သာယာမှုတွက် လက်နက်ချသူတို့သည် ဤမန္နမုန့်ကိုရမည်မဟုတ်ဟုဖြစ်သည်။
ကျွန်ုပ်တို့အားကျမ်းစာပြောသည်မှာ“ကျောက်ဖြူလက်ဖွဲ့ကို၄င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကို၄င်း ထိုသူအားငါပေး မည်။ ထိုကျောက်ကိုရသောသူမှတပါး အဘယ်သူမျှ ထိုနာမကိုမသိနိုင်ရာ” ဟုဖြစ်သည်။ မည်မျှမှန်ကန်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါ သနည်း။ ဤလောကကို ချစ်သောသူတို့သည် ယေရှုခရစ်၏ဗတ္တိဇံနှင့် သူ၏ ကားတိုင်ပေါ်မှ အသွေးတော်အား မယုံကြည်ခြင်းဖြင့် သူတို့၏အပြစ်မှ ကယ်တင်ခြင်းမရသူတို့ဖြစ်သည်။ ဤလူတို့က ခရစ်တော်သည် သူတို့၏အ ပြစ်အားလုံးအားသူ၏ဗတ္တိဇံအားဖြင့် ခွင့်လွှတ်ခဲ့ပြီးဖြစ်ကြောင်းကို မသိကြ ပေ။
အချို့သောသူတို့၏ယေရှုပေါ်ထားသောယုံကြည်ခြင်းသည် လက် တွေ့မကျဘဲ အယူအဆသက်သက်ဖြင့်သာ ရှိနေခဲ့သည်။ ထိုသူတို့တွေး ထင်သည်မှာယေရှုသည် သူတို့၏အပြစ်များအားလုံးကို အဝေးသို့သယ် ဆောင်သွား၏။ ထို့ကြောင့်သူတို့သည် ဖြောင့်မတ်သူများ အဖြစ်သို့ရောက် ရ၏။ သို့သော်သူတို့၏ ယုံကြည်ခြင်းသည် ဗလာဖြစ်၏။ အဘယ့်ကြောင့် ဆိုသော်သူတို့၏နှလုံးသားတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်မရှိသော ကြောင့်ဖြစ်သည်။ ဤသည်အတွေးသက်သက်ဖြစ်သော ယုံကြည်ခြင်းဖြစ် သည်။ အကယ်၍တစ်ဦးတစ်ယောက်သည် အမှန်တကယ်ပင် ရွေးကောက် ခြင်းခံခဲ့ပါကသူ/သူမသည် လောက၏အရာတို့အား တိုက်ခိုက်အောင်မြင် ရမည်ဖြစ်သည်။ လောကီကျော်ကြားမှုဂုဏ်၊ချမ်းသာကြွယ်ဝမှုနှင့် အာဏာ စသည်တို့ကို အောင်နိုင်ရမည်ဖြစ်သည်။ လောကကို အောင်နိုင်ခြင်းဆို သည်မှာ ကျွန်ုပ်တို့အား ဒုတိယအကြိမ် မွေးဖွားခြင်းခံယူစေသည့် ဘုရားသ ခင်၏ နှုတ်ကပတ်တော်ကို ဆုပ်ကိုင်ကာ လောက၏ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်နောက်လိုက်သူတို့အား ဆန့်ကျင် တိုက်ခိုက်ကာသန့်ရှင်းသော ဝိညာဉ် တော် ကျွန်ုပ်တို့၏ နှလုံးသား၌ထားခြင်းကို ဆိုလိုပါသည်။ 
ဘုရားသခင်ကျွန်ုပ်တို့အား မိန့်တောမူသည်မှာ ရွေးကောက်ခြင်း ခံရပြီး သူနှင့်သန့်ရှင်းသောဝိညာဉ်တော်နှလုံးသား၌ ကျိန်းဝပ်ခြင်းခံပြီးသူ တို့အား အသက်စာစောင်၌ ရေးသားထားမည်ဟုဖြစ်သည်။ ကျမ်းစာကျွန်ုပ် တို့အား မိန့်တော်မူခဲ့သည့် အတိုင်း “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်း လဲ၍ ခပ်သိမ်းသောအရာတို့တို့သည် အသစ်ဖြစ်ကြပြီး ဒုတိယအကြိမ် မွေးဖွားခြင်းခံပြီးကာ မိမိ၏နှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်း ဝပ်သည်ဟုသိသောသူတို့ကမိမိတို့သည် ယခင်ကအတိုင်းမဟုတ်တော့ဟု သိကြ၏။ သူတို့ကိုယ်သူတို့ နားလည်သဘောပေါက်ထားသည်မှာ သူတို့ သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအား ယုံကြည်ခြင်းဖြင့် သူတို့၏ ဘဝဟောင်းသည် အသစ်သောအသက်တာသို့ ပြောင်းလဲသွားပြီဖြစ် ကြောင်းပင် သူတို့၏ယုံကြည်ခြင်းဖြင့်သူတို့၏နာမများသည် အသက်စာ စောင်တွင် ရေးသားပြီးဖြစ်ကြောင်း သိတော်မူ၏။ ဤနည်းဖြင့် ဘုရား သခင်၏အစေခံနှင့် သန့်ရှင်းသူတို့သည် ဘုရားသခင်၏ သမ္မာစကားနှင့် စေ့ စပ်သေချာသော ဘုရားသခင်၏အသံတော်ကို ကြားနိုင်ကြသည်။ 
မန္နမုန့်သည် ဣသရေလလူတို့ တောတွင်း၌ နှစ်ပေါင်းလေးဆယ် လှည့်ပတ်ကာ ကကိတော်ထားရာ ကာနန်ပြည်သို့ မရောက်မှီ ပေးခဲ့သည့် အရာဖြစ်သည်။ကျမ်းစာ၏ရေးသားဖေါ်ပြချက်အရမန္နမုန့်သည်အဖြူရောင် မွှေးကြိုင်သည့်အနံ့ရှိပြီး ဝိုင်းကာသေးငယ်သည်ဟုဖြစ်သည်။ ဣသရေလ လူတို့နံနက်ထလာသောအချိန်တွင် သူတို့၏ပါတ်ဝန်းကျင် မျက်နှာပြင် သည် မန္နမုန့်ဖြင့် ပြည့်လျှက်ရှိကာ တစ်ညလုံးနှင်းကျထားသည်နှင့်ပင် တူ၏။ ထို့နောက် ဣသရေလလူတို့သည် နံနက်တွင် မန္နမုန့်အားစုကာ စား သောက်ကြ၏။ ဤသည် သူတို့၏နေ့စဉ်မှုန့်ဖြစ်သည်။ ထိုအရာအားသူတို့ ကြော်သည်ဖြစ်စေ၊ ချက်သည်ဖြစ်စေ၊ မည်သို့ပင်ပြုစေ ဤအရာသည် ဣသရေလ လူတို့၏နှစ်ပေါင်းလေးဆယ်ကာလအတွင်း၌ လှည့်ပတ်စဉ် တွင်း အဓိကထားကုန်ဖြစ်သည်။ 
မန္နမုန့်သည် သေးငယ်သည့်မွှေးကြိုင်သည့် ရနံ့ရှိသော အစေ့ဖြစ် သောကြောင့် လူတစ်ဦးတစ်ယောက်အနေဖြင့် တစ်ခုတည်းသာစားခြင်း ဖြင့်မဝနိုင်ပေ။ သို့သော် ဘုရားသခင်သည် လုံလောက်သောမန္နကို တစ်ခု လုံးကျစေပြီး ဣသရေလလူရှိသမျှတို့၏နေ့စဉ် လိုအပ်ချက်တို့သည် ပြည့်စုံ ကာ တစ်ရက်ထက်မပိုမနည်းပေ။ မန္နသည် သိုထား၍ မရပေ။ သို့သော် ခြောက်ရက်မြောက်သောနေ့၌မူ ဘုရားသခင်သည် နှစ်ရက်တာအတွက် လုံလောက်သော မန္နကိုပေးခဲ့သည်။ သို့မှသာ ဣသရေလလူတို့သည် ဥပုဒ် နေ့ ၌ မန္နမုန့်ကိုကောက်စရာမလိုတော့ပေ။ 
 
 
အသက်မုန့်
 
ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏မန္န၊ ကျွန်ုပ်တို့ ၏အသက်မုန့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ ဝိညာဉ်အတွက် အသက်မုန့်ကိုတွေ့ရသည်။ ကျမ်းပိုဒ်တစ်ချို့၌သာ ကြီးမား သောမုန့်ကို တွေ့ရသည်မဟုတ် ဘုရားသခင်၏ ကြီးမားအလိုတော်သည် ကျမ်းစာတစ်ခုလုံး အသေးငယ်ဆုံးသော အပိုင်း၌ပင်တွေ့ရသည်။ 
လောကနှင့်မညှိနှိုင်း သဘောတူညီမှု မလုပ်သောဘုရားသခင် ၏ အစေခံနှင့်သန့်ရှင်းသူတို့၌ ဘုရားသခင်သည် အသက်မုန့်ကိုပေးထားပါ သည်။ ထို့နောက်သူသည် ကျွန်ုပ်တို့တစ်ဦးတစ်ယောက်စီတိုင်းအား ဆက် လက်၍ခန္ဓာနှင့်ဝိညာဉ်လိုအပ်ချက်များ ပြည့်စုံစေရန် နေ့စဉ်ဤမုန့်ကို အား ပေးတော်မူ၏။ 
ဤမန္နကြောင့်ပင် ဣသရေလလူတို့သည် သဲကန္တာရတွင်း၌ နှစ် ပေါင်းလေးဆယ် ကြာလှည့်လည်သွားစဉ် ကန္တာရတွင်းမှ သူတို့ထက်မည် သည့် စားစရာမျှထွက်မလာသော်လည်း ဆာလောင်မှုခံစားရခြင်းမျိုး မရှိခဲ့ပေ။ထိုနည်းလည်းကောင်းပင်နိကောလတို့၏ အကျင့်အားငြင်းပယ်သူ တို့၌ ဘုရားသခင်သည်သူ၏ဝှက်ထားသော မန္နမုန့်ကို စားစေမည်ဟု ကတိ တော်ထားခဲ့သည်။ ချမ်းသာခြင်းဂုဏ်စသည့် လောကအရာတို့နောက် မလိုက်သည့် ဘုရားသခင်၏ အစေခံတို့အား ဘုရားသခင်သည်သူ၏ တိ ကျသောနှုတ် ကပတ်တော်၊ သူတို့အားရေနှင့်ဝိညာဉ်တော် သတင်းကောင်း ဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံစေသည့် အသက်စကားကိုပေးတော်မူ၏။ 
ကျွန်ုပ်တို့သည် ယနေ့ခရစ်ယာန်အဖွဲ့အစည်းတွင်းလွှမ်းမိုးနေ သည်။နိကောလတပည့်တို့၏ အကျင့်အား မုန်းတီးငြင်းပယ်သင့်သည်။ ကျွန်ုပ်တို့သည် ဒုတိယအကြိမ်မွေးဖွားခြင်းမခံရသူတို့၏ ယုံကြည်ခြင်းမျိုး သို့မလိုက်ဘဲ လောကီပုံသဏ္ဍာန်ဆောင်ခြင်းကို ငြင်းပယ်သင့်သည်။ ကျွန်ုပ် တို့၏ခန္ဓာသည် ဇာတိပကတိကို လိုက်ပြီးကျွန်ုပ်တို့၏ဝိညာဉ်သည် ဝိညာဉ် ရေးရာသို့လိုက်သည်ဟု ဘုရားသခင်၏ပညတ်၌ဆိုသော်လည်း ကျွန်ုပ်တို့ သည် မည်သည့်နည်းဖြင့်မဆို နိကောလ၏အယူဝါဒများကို ငြင်းပယ်ကာ လောကီသဏ္ဍာန်ဆောင်စေသည့် အကျင့်ရှိသမျှတို့ကို မုန်းပြီး ဘုရားသခင် ကျွန်ုပ်တို့အားပေးထားသည့် သမ္မာတရားစကားအားဖြင့် ဘုရားသခင်၏ မန္နမုန့်ဖြင့် ပြည့်ဝနေစေပါ။ ကျွန်ုပ်တို့သည် ယခုဖြောင့် မတ်သူများဖြစ်လာ သည်ဟုသဘောပေါက်နားလည်ပြီးယခုကျွန်ုပ်တို့နှလုံးသား၌သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်နေသည်ကိုနားလည်ကာ ကျွန်ုပ်တို့အားလုံးရှိသမျှတို့ သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ 
ဒုတိယအချိန်မွေးဖွားခြင်းခံသူတို့သည် လောကကို တိုက်ခိုက် ရမည်ဖြစ်သည်။ ထိုသူတို့သည်နိကောလတပည့်တို့အားတိုက်ခိုက်ရမည် ဖြစ်သည်။ သင့်ကိုယ်သင်သိသကဲ့သို့ ယနေ့သင်းအုပ်ဆရာများစွာတို့သည် သူတို့၏ကိုယ်ပိုင်ချမ်းသြွာကယ်ဝမှု၊ သူတို့ကို သူတို့တန်ဆာဆင်ကာ လော ကီသဏ္ဍာန်ဖြင့်အောင်မြင်မှုရရှိရန်ကြိုးစားကြသူများစွာရှိပါသည်။ ကျွန်ုပ် တို့သည် ဤမှားယွင်း သော ပရောဖက်များကို တိုက်ခိုက်ရမည်ဖြစ်သည်။ 
ကျွန်ုပ်တို့လည်းအသွေးအသားရှိ၏။ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း လော ကီရေးရာပိုင်းတွင် ပိုင်ဆိုင်မှုရှိလိုသောဆန္ဒရှိကြ၏။သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ကျိန်းဝပ်ခြင်းခံရသူတို့သည် သူတို့စိတ်နှလုံးဖြင့် လောကီ နောက်သို့မလိုက်နိုင်ဟု သိထားရမည်ဖြစ်ကာ သူတို့သည် လောကီအရာ တို့အား ငြင်းပယ်ကာ ယုံကြည်ခြင်းအားဖြင့်သာ အသက်ရှင်သင့်ပေသည်။ အကယ်၍ သင်၏စိတ်နှလုံးသည် လောကီနောက်လိုက်သူများနှင့် တညီ တညွတ်တည်းရှိကာ သူတို့၏ယုံကြည်ခြင်းကို ထောက်ခံကာ သူတို့လိုက် သကဲ့သို့ လောကီနောက်လိုက်ပါက သင်သည် ဗာလမ်၏လမ်းသို့လိုက်ကာ အဆုံး၌သင်၏လုံးဝပျက်စီးခြင်းဖြင့် အဆုံးသတ်ရမည်ဖြစ်သည်။ ဘုရားရှင် သည် ဤလူများအားသူ၏နှုတ်မှ ထွေးထုတ်တော် မူမည်ဟု မိန့်တော်မူ၏။ ဤလူတို့သည် မန္တမုန့်အားစားရတော့မည်မဟုတ်ဘဲ သူတို့ ယုံကြည်ခြင်း ကို ဆုံးရှုံးခြင်းဖြင့် အဆုံးသတ်ရမည်ဖြစ်သည်။ 
ဘုရားသခင်၏ပေရဂံမြို့၌ရှိသောအသင်းတော်ကိုဆုံးမပြစ်တင် ရသောအကြောင်းမှာ ထိုအသင်းတော်၏ အသင်းသားများသည် ဗာလမ်၏ သြဝါဒအများနောက် လိုက်သောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ပေရဂံအသင်းတော်၏အစေခံတို့အား ဆုံးမပြစ်တင်ရသော အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ခြင်းခံပြီးသော ဒုတိလအကြိမ်မွေးဖွား ခြင်းခံပြီးသည့်အစေခံသည် မိမိကိုယ်ကို လောကီပုဂ္ဂိုလ်သဏ္ဍာန်ဖြင့် သူ၏ အသင်းတော်အား လောကီသဏ္ဍာန်အုပ်ချုပ်နေသည်ဟု သူမြင်တွေ့သော ကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့်သက်သက်သာမဟုတ် သူသည် သူ၏ သိုးစုကြား၌တူညီသောမှားယွင်းသည့် ယုံကြည်မှုကိုထားကာ လမ်းလွှဲစေ သောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သော အစေခံသည် ဒုတိယအကြိမ်မွေး ဖွားခြင်းမခံသည့် လောကီအသင်းအုပ်ဆရာနှင့်မခြားပေ။ ဤကျမ်းပိုဒ်ဖြင့် ဘုရားသခင်သည် လောကီပိုင်ဆိုင်မှုနှင့် အသင်းတော်ဘဏ္ဍာတိုက်တိုးပွား ရန်သာ စိတ်ဝင်စား သည့် သူ၏အစေခံတို့အား ရှင်းလင်းကြပ်တည်းသည့် သတိပေးခြင်းမျိုးပြုခဲ့သည်။“နောင်တရလော့။ မရလျှင်သင်ရှိရာသို့ငါသည် အလျှင်အမြန်လာမည်။ ထိုသူတို့ကိုငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက် မည်။”
 
 

သင့်အားပျက်စီးခြင်းသို့ပို့သည့် ယုံကြည်ခြင်းမျိုး

 
အကယ်၍လူတစ်ဦးသည် ဘုရားသခင်အား ဆန့်ကျင်တိုက်ခိုက် ပါက မည်သို့ဖြစ်လာမည်နည်း။ သင်သည် ဒုတိယအကြိမ်တွေးနေစရာပင် မလိုဘဲ ဤအရာသည် ပျက်စီးခြင်းသို့ရောက်သည့် အလျင်အမြန်ဆုံးသော နည်းလမ်းဟုသိနိုင်သည်။“ထက်သန်သောသန်လျက်ရှိသောသူ” ထိုဆိုချက် မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နှစ်ဖက်ထက်သော ဓါးဟု ဆိုလိုခြင်းဖြစ်သည်။ သင်မည်သူဖြစ်သည့်အပေါ်တွင် မူတည်ခြင်းမရှဘဲ အ ကယ်၍ သင်သည်ဘုရားသခင်၏နှုတ်ကပတ်တောဖြင့် ထိခံရပါက သေချာ ပေါက်သေရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည်“သန် လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့် စုံသည်ဖြစ်၍၊ အသက်နှင့်စိတ် ဝိညာဉ်ကို၄င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၄င်း ပိုင်းခြား၍ထုတ် ချင်းခွင်းတတ် ၏။” (ဟေဗြဲသြဝါဒစာ ၄း၁၂) ထို့အပြင်ထိုအရာသည် စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ သို့မှသာ လူတို့သည်ရေနှင့်ယေရှုခရစ် ၏အသွေးတော်အားဖြင့် ပေးကမ်းခဲ့သည်ရွေးကောက်ခြင်းဖြင့် လွှမ်းခြုံခြင်း ခံရသည်။ 
ယေရှုအားယုံကြည်လျက်ပင် ပညတ်တရားကိုသာ ထိန်းသိမ်း ထားစေတတ်ခြင်းထောင်ချောက်၌ ကျသောသူများစွာရှိကာအကျိုးဆက် အားဖြင့် ပညတ်တရား၏သေခြင်းသို့တိုင် ရွေးနှက်ခြင်းခံရပြီး အဆုံးသတ် သူတို့လည်း ရှိကြသည်။ ဤဝမ်းနည်းစရာကောင်းသည့်အပြစ်အပျက်အား ရှောင်ရှားရန်အတွက် ကျွန်ုပ်တို့သည် ထိုသို့သော လောကီယုံကြည်ခြင်း မျိုးကို တိုက်ခိုက်အောင်မြင်နိုင်ရမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော် ဆောင်တို့သည် မှားယွင်းသောသင်ကြားခြင်းများကို အောင်မြင်ကျော်လွှား ကာ သူတို့၏သိုးစုများသည်လည်း ထိုကဲ့သို့သော လှည့်ဖြားမှုဖြင့် မကြုံ စေရန်သတိထားရမည်ဖြစ်သည်။လောကကိုချစ်ကာထိုထောင်ချောက်ထဲ၌ ကျသူရှိသမျှတို့သည် သူ/သူမ၏ ယုံကြည်ခြင်းကွယ်ပျောက်သွားကြောင်း တွေ့ရပေမည်။ 
ယနေ့များစွာသော အသင်းတော်တို့သည် အသင်းတော်များအ ဖြစ်မဟုတ်ဘဲ အလုပ်အကိုင်များအဖြစ်သာရှိနေကြသည်။ ဤသည် ဝမ်း နည်းစွာထိုးဖောက်ဝင်ရောက်နေသည့် အရာတစ်ခုဖြစ်သည်။ ဤအသင်း တော်များသည် အလုပ်အကိုင်အဖြစ်သတ်မှတ်ပြီး အဆုံးသတ်ရသနည်း။ အဘယ်ကြောင့်ဆိုသော်ယနေ့အသင်းတော်တို့သည်လောကီနောက်လိုက် ရန်အလွန်အားသန်ပြီး လောကီအဖိုးတန်အရာများနောက်လိုက်ကာ ထိုအ ရာများကိုကိုးကွယ်နေကြသည်။ ဒုတိယအကြိမ်မွေးဖွားသူတို့သည် အသွေး အသား၏ ဆန္ဒမျိုးလုံဝမရှိရဟု ကျွန်ုပ်ပြောဆိုနေခြင်းမျိုးမဟုတ်ပါ။ ဒုတိ ယအကြိမ်မွေးဖွားခြင်းခံပြီးသူ၌ အသွေးအသားတပ်မက်ခြင်းရှိပါသော် လည်းဤတပ်မက်မှုသည် သူတို့၏ယုံကြည်ခြင်းဖြင့် နည်းပါးစေပါသည်။ မယုံကြည်သူတို့သည် သူတို့၏အသွေးသားဆန္ဒအား စိတ်နှလုံးအပြည့်ဖြင့် လိုက်ကြသကဲ့သို့ သူတို့သည် အသွေးသားဆန္ဒနောက်လိုုက်ခြင်းမရှိပေ။ 
ဒုတိယအကြိမ်မွေးဖွားခြင်းမရှိသူတို့သည် သူတို့၏အဆင့်အတန်း သတ်မှတ်ထားကာ ဤအဆင့်အတန်းအတွင်း သူတို့ပြုနိုင်သမျှတို့ကိုပြု ကာ ပျှော်ရွှင်မှုတို့ဖြင့်သာ အသက်ရှင်တတ်ကြသည်။ သူ့မယားပြစ်မှားခြင်း နှင့် လိင်ဆက်ဆံရာတွင် မစောင့်ထိန်းဖောက်ပြန်တတ်မှုများသည် သူတို့အ တွက်သဘာဝဖြစ်နေ၏။ထိုထက်ဆိုးရွားစွာပင် အချို့သောသူတို့သည် နတ် ဆိုးအားကိုးကွယ်ကြသည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသူတို့သည် ဤ အရာများကို ပြုနိုင်ပါသလား။ မပြုလုပ်နိုင်ပေ။ ထိုသူတို့သည် ဤအရာ များကို ဘယ်သောအခါမျှပြုနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဒုတိယအကြိမ်မွေးဖွားခြင်းခံ ပြီးသူတို့ သိထားသည်မှာ ဤအရာများသည် မည်မျှညစ်ညမ်းသည့်အပြုအမူဖြစ်သည်ကို သိထားကြသောကြောင့်ပင် ဖြစ်လေသည်။ကျွန်ုပ်တို့ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသူတို့သည်အခြေခံ အားဖြင့် လောက၏ဂုဏ်နှင့် သူတို့၏ဇာတိပကတိ တပ်မက်မှုနောက်သာ လိုက်သည့် သူများနှင့်ခြားနားကာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အသက်တာ အား လောကီအရာများရရှိရန် စွဲလမ်းစိတ်မျိုးဖြင့်သာ အသက်မရှင်စေဘဲ (သို့) ကျွန်ုပ်တို့ထိုကဲ့သို့ ဘယ်သောအခါမျှ မသက်ရှင်နိုင် မည်မဟုတ်ပေ။ 
နိကောလတပည့်တို့၏ အကျင့်နောက်လိုက်သူတို့သည် လောကီ ၏ကြွယ်ဝမှုနောက်လိုက်သာ လိုက်ကြသည့်လူများဖြစ်ကြသည်။ အသက် ရှင်နိုင်ရန် ကြိုးစားခြင်း၊ ချမ်းသာရန် ကြိုးစားခြင်း၌ပင် မှားယွင်းမှုမရှိပေ။ သို့သော် ကျွန်ုပ်တို့အသက်တာ၏ခိုင်မာသော ရည်ရွယ်ချက်သည် လောဘ ၏မောင်းနှင်ခြင်းဖြင့် ရုပ်ဝတ္တုတပ်မက်မှုအောက်လဲကျသွားပါက သင်၏ ယုံကြည်ခြင်းသည်ဖျက်စီးခြင်းခံရမည်မှာ သေချာနေပြီဖြစ်သည်။ ငွေကြေး အတွက် အမှုတော်ဆောင်သူနှင့် လောကြွီကယ်ဝမှုနောက် ဘုရားကျောင်း သွားသူတို့သည် နိကောလ၏အကျင့်နောက်သူတို့ဖြစ်ကြသည်။ ဤလူတို့ သည် နောက်ဆုံးသောကာလ၌ လောက၌ပျောက် ဆုံးသွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ဘုရားသခင်ကို ယုံကြည်ပါသည် ဟုဆို သော်လည်း သူတို့နှလုံးသားသည် သူတို့၏အပြစ်အားလုံးမှ လုံးဝကယ်တင် ခြင်းရရန် လိုနေသေး၏။ 
 
 
စိတ်နှလုံး၏မြေလေးမျိုး
 
ရှင်မသဲခရစ်ဝင်ကျမ်း၌ ယေရှုပြောသည့်မျိုးကြဲသူ၏ မျိုးစေ့သည် မြေနေရာလေး မျိုးသို့ကျသည့်ပုံ ဥပမာကိုတွေ့ရ၏။ မျိုးစေ့ကျသည့် ပထမ မြေသည်လမ်း၌ဖြစ်၏။ ဒုတိယမှာ ကျောက်ပေါ်သောနေရာဖြစ်၏။ တတိ ယမှာဆူးများသောမြေဖြစ်ကာစတုတ္တမှာကောင်းသောမြေဖြစ်သည်။ထိုမြေ တစ်ခုစီအား ကြည့်ကြပါစို့။
လမ်းဘေး၌ဆိုသည်မှာ စိတ်နှလုံးမာသည့်နေရာကို ပုံဆောင် သည်။ ဤလူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြား၏။ သို့သော် သူ/သူမသည် လျှင်မြန်စွာစိတ်နှလုံး၌ လက်မခံသောကြောင့် ထိုအရာသည် ငှက်တို့ချီဆောင်သွားခြင်းခံရသည်။ အခြားစကားဖြင့်ဆိုသော် ထိုသို့သော သူသည်သူ/သူမအား ဒုတိယအကြိမ်မွေးဖွားခြင်းခံစေနိုင်သည့်ကယ်တင် ခြင်းစကားကိုအသိအတတ်ပညာအားဖြင့်သာကြည့်သောကြောင့်ငှက်(စာတန်) သည် အဝေးသို့သယ်ဆောင်သွားကာ သူ/သူမ၏ ယုံကြည်ခြင်းသည် စတင်ကြီးထွားခြင်း မရှိခဲ့ပေ။ 
ထိုသို့ဆိုသော် ကျောက်ပါသောအရပ်ဆိုသည်မှာ မည်သို့နည်း။ ဤသည်နှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာလက်ခံပြီး ကြာရှည်စွာမထား ဘဲနေသူကိုရည်ညွှန်းသည်။အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည်မာသော မြေ၌အမြစ်မရှိသောကြောင့်ဖြစ်သည်။ အခြားတစ်ဖက်၌ ဆူးပင်များကြား မှ မျိုးစေ့ရရှိသူတို့သည် ဤလောကအရာတို့အတွက်နှင့်ချမ်းသာမှုကိုသာ စိတ်ဝင်စားပြီး သူတို့ပထမလက်ခံရရှိသော နှုတ်ကပတ်တော်ကို ခုတုံး လုပ်ကြသူ များဖြစ်သည်။ 
နောက်ဆုံးအနေဖြင့် ကောင်းသောမြေ၌မျိုးစေ့ကိုရရှိသောသူတို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြည့်ဝစွာလက်ခံပြီး ထိုအရာ နောက်လိုက် သည့် နှလုံးသား၌ အသီးသီးသောသူများဖြစ်သည်။ 
ဤမြေထဲမှ သင့်နှလုံးသားသည် မည်သည့်မြေကို ပုံဆောင်သ နည်း။ အကယ်၍သင်၏နှလုံးသားသည် လမ်းဘေး၌ရှိသော မြေကဲ့သို့ဖြစ် ပါကနှုတ်ကပတ်တော်မျိုးစေ့ကို ကြီးထွားစေရန် လုံးဝမပြင်ဆင်ထားသည့် မြေကြီးဖြစ်ပြီး ထိုအရာသည် ဘေးသို့ကျသွားသည် (သို့) ငှက်များချီဆောင် သွားသောအရာနှင့်တူပြီးဤနှုတ်ကပတ်တော်၏ကောင်းကြီးသည်သင့်ထံမှ လှည့်ပြန်ကာ သင်နှင့်လုံးဝ မသက်ဆိုင်တော့ပေ။ ကျွန်ုပ်တို့သည် အပြစ်၏ မျိုးဆက်များဖြစ်သောကြောင့်ကျွန်ုပ်တို့သဘောပေါက်ထားရမည်မှာဘုရား သခင်၏နှုတ်ကပတ်တော်တွက်ကျွန်ုပ်တို့သည်သူ့အပေါ်တွင်သက်ဆိုင်ခြင်း ရှိနေမည်မဟုတ်ဟုပင်။ အခြားတစ်ဖက်၌ ကျွန်ုပ်တို့၏ နှလုံးသားသည် ကျောက်ပေါသည့်မြေကဲ့သို့ဖြစ်ပါက နှုတ်ကပတ်တော်မျိုးစေ့သည် အမြစ် စွဲရန်ဖြစ်နိုင်မည်မဟုတ်ဘဲ မိုးသီးနှင့်လေ (သို့) ပိတ်လှောင်သည့် နေရာ မျိုးတွင် ရှင်သန်နိုင်တော့မည်မဟုတ်ပေ။ ဤလူတို့သည် သူတို့၏မြေကို လဲလှယ်ပြစ်ရမည်ဖြစ်သည်။ ပထမ၌ ဘုရားသခင်၏ နှုတ်ကပတ်တော် အား မည်မျှပင်ဝမ်းမြောက် စွာလက်ခံစေကာမူ အကယ်၍ ထိုအရာသည် အနည်းငယ်သော ဒုက္ခတွေ့သည်နှင့် မကြီးထွားနိုင်ဘဲ ခြောက်သွေ့သွား မည်ဆိုပါက ပထမလက်ခံခဲ့သောအရာသည်လည်း အသုံးဝင်ခြင်း ရှိမည် မဟုတ်ပေ။
ကျွန်ုပ်တို့သည်ဆူးများသောနှလုံးသားကိုလည်း အောင်မြင်ကျော် လွှားရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာအား ခြောက်လှန့်နေသည့် ဆုများကိုကျွန်ုပ်တို့သည်ဆန့်ကျင်တိုက်ခိုက်ခုတ်ဖြတ်သင့်သည်။အကယ်၍ သင်ခွင့်ပြုထားပါက ဆုများသည် တစ်ချိန်၌ ကျွန်ုပ်တို့အား နေရောင်ခြည် ရခြင်းမှဖုံးကွယ်ထားမည်ဖြစ်သည်။ ဆူးများဖြင့် နေရောင်ခြည်နှင့်ဝေးကွာ ပြီး အာဟာရဖြစ်စေသောမြေသြဇာများနှင့်ကင်းဝေးပါက ဤနှုတ်ကပတ် တော်ပင်သည် သေသွားမည်ဖြစ်သည်။ 
ကျွန်ုပ်တို့၏ အသက်တာ၌ စုံစမ်းခြင်းနှင့်ဆင်းရဲဒုက္ခများကြုံ သောအခါ၌ကျွန်ုပ်တို့သည်ရဲရင့်စွာဖြင့်ထိုအရာများကို အောင်မြင်နိုင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏လမ်းနှင့်ကျွန်ုပ်တို့၏ မျက်နှာအားဖုံးကွယ်ထားသည့် ဆူးပင်များအား ကျွန်ုပ်တို့သည် ခွန်အားရှိသမျှဖြင့် တိုက်ခိုက်ရမည်ဖြစ် သည်။ ဤလောက၏ငွေကြေးတို့သည် ကျွန်ုပ်တို့အား နောက်ပြန်လှည့် စေရန် ဆုပ်ကိုင်ထားပါက (သို့) ထိုအောင်မြင်ခြင်း ကျွန်ုပ်တို့အား ခြောက် လှန့်ချိန်ကျွန်ုပ်တို့သည် ထိုအရာအားလုံးတို့ကို တိုက်ခိုက်အောင်မြင်ရမည် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဤလောကစိုးရိမ်မှုနှင့် လောဘတရား တို့သည် ဝိညာဉ်ကို သေစေနိုင်သောကြောင့် ကျွန်ုပ်တို့သည် ထိုအရာများ အားအမြဲပင်အောင်နိုင်နေရမည်ဖြစ်သည်။ကျွန်ုပ်တို့သည် ထိုကဲ့သို့ ဝိညာဉ် ပိုင်း၌ အောင်မြင်သောအသက်တာဖြင့် သက်ရှင်ပါက ကျွန်ုပ်တို့၏ခန္ဓာ နှင့်ဝိညာဉ်သည် ကြွယ်ဝခြင်း သို့ရောက်ပြီး သူတို့သည် ဘုရားသခင်ထံမှ နေရောင်နှင့်ခွန်အားကို လက်ခံရရှိ မည်ဖြစ်သည်။
ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသောသန့်ရှင်းသူနှင့်ဘုရားသခင်၏အစေခံတို့အတွက် လောကကို ဆန့်ကျင်သော ဝိညာဉ်တိုက်ပွဲ အမြဲပင် ရှိနေရမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နိကောလတပည့်တို့၏ နောက်သို့မ လိုက်သင့်ပေ။ နိကောလတပည့်တို့သည် လူတို့အတွက် အမြဲပင်ပွဲလမ်း သဘင်များပြုလုပ်ပေးခဲ့သည်ဟု ဆိုကြ၏။ သို့သော် လောကီသဏ္ဍာန်ဖြင့် လူထုအားအစေခံနေခြင်းသည် အသင်းတော်၏ အဓိက ကဏ္ဍမဟုတ်ပေ။ အသင်းတော်၏အဓိကရည်ရွယ်ချက်သည်အသင်းဖွဲ့နှင့်ဆိုင်သောပွဲလမ်းသ ဘင်များပြုရန်ဟုတွေးပါကအလွန်ကြီးမားသည့်မှားယွင်းမှု့ကြီးဖြစ်သည်။
 
 
ရဲရင့်စွာငြင်းပယ်ပါ
 
ကျွန်ုပ်တို့သည် လောက၏ဆားများဖြစ်ကြကြောင်း ဘုရားရှင် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ ထိုအရာအားဖြင့် သူဘာကိုဆိုလိုခဲ့ပါ သလဲ။ ဘုရားသခင်၏ကျွန်ုပ်တို့အား သင်တို့သည် လောက၏ဆားဖြစ်ကြ သည်ဟု မိန့်တော်မူခြင်းမှာ ကျွန်ုပ်တို့သည် လောကမှ အလိုရှိသောသူများ ဖြစ်ကြသည်ဟုဆိုခြင်းဖြစ်သည်။ ဆား၏ကဏ္ဍသည် ခရစ်တော်၏ ရေနှင့် အသွေးတော်စကားများကို အပြစ်သားများထံဟောပြောရန်ဖြစ်သည်။ သို့မှ သာသူတို့သည် သူတို့၏အပြစ်များမှ ကယ်တင်ခြင်းခံရပြီး ဘုရားသခင်၏ သားသမီးများအဖြစ်သို့ ရောက်ကာကောင်းကင်သို့ ဝင်ခွင့်ရမည်ဖြစ်သည်။ ဆားသည်အရသာရှိစေသကဲ့သို့ လောကသည် ဒုတိယအကြိမ်မွေးဖွားခြင်း ခံပြီးသည့် ဖြောင့်မတ်သူများအားသူ၏ ဆားအဖြစ်လိုအပ်သည်။ အခြား စကားလုံးဖြင့်ဆိုသော် ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော ဖြောင့်မတ်သူ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောကာသူတို့အား သူတို့၏ရွေးချယ်ခြင်း ခံရစေရန် ပို့ဆောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆား၏ကဏ္ဍကို ပြည့်စုံစေကာ ဝိညာဉ်များအား ဒုတိယအကြိမ်မွေးဖွား ခြင်းခံစေရန်ကူညီရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည်အပြစ်သားများအား ဖြောင့်မတ်သူများအဖြစ်သို့ပြောင်းလဲစေ ရမည်ဖြစ်သည်။ 
စစ်မှန်သောဘုရားသခင်၏အသင်းတော်မှာအဘယ်နည်း။ စစ်မှန် သောဘုရားသခင်၏ အသင်းတော်မှာ သူ့အားကိုးကွယ်ရန်လူတို့စုဝေးသည့် နေရာထိုနေရာသည် လူတို့ဘုရားသခင်ကို ချီးမွမ်းသည့်နေရာနှင့် သူ့ထံ တွင်ဆုတောင်းသည့်နေရာဖြစ်သည်။ စုံစမ်းနှောက်ယှက်ခြင်းရောက်လာ သောအခါတွင် ဘုရားသခင်၏အစေခံတို့သည် ထိုအရာအား ခုခံနိုင်ရမည် ဖြစ်သည်။ သန့်ရှင်းသူတို့သည်လည်း စာတန်ထံမှလာသော လောကီစုံစမ်း ခြင်းများကို ခုခံနိုင်သောသူများဖြစ်ရမည်ဖြစ်သည်။ သင်၏ယုံကြည်ခြင်းကို မေ့လိုက်ပါ။ ငါသင့်ကို ချမ်းသာစေမည်။ သင်ဒုတိယအကြိမ်မွေးဖွားခြင်း ခံပြီးသော အသင်းတော်မှာတက်စရာမလိုပါ။ ငါ၏အသင်းတော်တစ်ခုခုမှာ လာပါ။ ငါမင်းကိုအသင်းလူကြီးနေရာပေမည်ဟု နတ်ဆိုးသည် သင့်အား သွေးဆောင်ပေမည်။ သို့သော် စာတန်သည် အမြဲပင် ဖြောင့်မတ်သူတို့အား ခလုတ်တိုက်လဲကျကာ သူ၏ထောင်ချောက်တွင်းမိရန် ကြိုးစားနေသော ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား နောက်ဆုံးသော ကာလထိတိုင် ကာကွယ်နိုင် မည်ဖြစ်သည်။ 
မှားယွင်းသောယုံကြည်ခြင်းရှိသူတို့သည် ရွေးဝယ်ခြင်းခံပြီးသူတို့ အား ရုပ်ဝတ္ထုပစ္စည်းများဖြင့် မကြာခဏစုံစမ်းတတ်ကြ၏။ စာတန်သည် ကျွန်ုပ်တို့အား လောကီတန်ဖိုး တို့ကိုပြသကာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ဘုရားသခင်အားစွန့်ပစ်ရန်ပြော၏။ ထိုသို့သော အချိန်၌ ကျွန်ုပ်တို့တွင် ရှိ သင့်သည့်အရာမှာသခင်သည်ကျွန်ုပ်တို့လိုအပ်ချက်အားလုံးကို ပေးနိုင်မည် ဆိုသည့် ယုံကြည်ခြင်းထားကာ ထိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် စာ တန်၏ စုံစမ်းခြင်းအားရဲရင့်စွာဖြင့် အောင်မြင်ကျော်လွှားနိုင်မည်ဖြစ်သည်။ 
ကောင်းကြီးမင်္ဂလာ၏အမြစ်သည် ဘုရားသခင်ရှေ့၌တွေ့နိုင်၏။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အားဝိညာဉ်နှင့်ခန္ဓာပိုင်းနှစ်မျိုးလုံးအတွက် ကောင်းကြီး ပေးသောသူဖြစ်သည်။ ထိုအရာကိုသိလျှက် နတ်ဆိုးသည် လူသားတို့အား ကောင်းကြီပေးသူမဟုတ်ဆိုသည်ကို နားလည်ကာ သူ့အားဆန့် ကျင်တိုက် ခိုက်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယနေ့မျက်မှောက် ခေတ်ထဲ၌ ကျွန်ုပ်တို့အတွေးများကို လွင့်မြောစေချိန်တွင် လောဘနှင့်တပ်မက်မှုများ ကျွန်ုပ်တို့အသက်တာတွင်စတင်တွေ့မြင်လာပါသည်။ထိုအချိန်တွင် ကျွန်ုပ် တို့ ထိုအရာက ကျွန်ုပ်တို့ကိုယ်ကို ဆန့်ကျင်တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုအရာက ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား ပျက်စီးစေမည့် လောကီလူတို့ အား ဆန့်ကျင်တိုက်ခိုက်ရမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကီအင်အားတို့အား ဆန့်ကျင်တိုက်ခိုက်ရန်စီမံခံထားသူများဖြစ်သည်။ 
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်တို့ သည် ဝိညာဉ်တိုက်ပွဲ တွင် မပါဝင်သောအခါတွင် ဤအရာသည် သူ/သူမ၏ ယုံကြည်ခြင်းသည် လက်တွေ့အရာများ၌ သေနေသည်ဟုဖြစ်သည်။ ကမ္ဘာ မြေ ကြီးကုန်ဆုံးကာ ဖြောင့်မတ်သူတို့၏ စီရင်ချက်နှင့် အပြစ်သားတို့၏ စီရင်ချက်မကုန်မှီတိုင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား ဖျက်စီးရန် ကြိုးစား မည့်သူဆက်လက်ရှိနေဦးမည်ဖြသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ဝိညာဉ်တိုက်ပွဲတွင် အဆက်မပြတ်ပါဝင်သင့်ပေသည်။ ဘုရားသခင်အား ရပ်တည်ဆန့်ကျင်ကာ ကျွန်ုပ်တို့ ယုံကြည်ခြင်းအားဖျက်စီးရန်ရှာဖွေသူတို့ ကို ကျွန်ုပ်တို့သည်းခံနေပါက ကျွန်ုပ်တို့အသက်အပါ အဝင် အရာအားလုံး ဆုံးရှုံးရမည်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းမှလွဲ၍ အခြားအရာများ အား အသက်တာ၌ စိုးမိုးခွင့်ပြုပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နေရာအားဆုံး ရှုံးသည်သာမက ဘုရားသခင်၏ စွန့်ပယ်ခြင်းကိုလည်းခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ရန်သူအား တိုက်ခိုက်အောင်မြင်နိုင်ရန်အတွက် မည်သူ သည် ကျွန်ုပ်တို့နှင့်ရပ်တည်ကာ မည်သူသည် ကျွန်ုပ်တို့အား ရပ်တည် သည်ကို ရှင်းလင်းစွာခွဲခြားနား လည်တတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး ကြင်နာစွာဆက်ဆံနေလျက်ပင် ကျွန်ုတို့၏ ရန်သူများကို ဆန့်ကျင်ရာတွင် ခိုင်မာစွာရှိရမည်။ ရန်သူတို့ ကျွန်ုပ်တို့အပေါ်၌ မည် သည့်အရာမှ ပြုလုပ်နိုင်ခြင်းမရှိစေရန် တိုက်ခိုက်ရမည်ဖြစ်သည်။
နိကောလတပည့်တို့သည်ကျွန်ုပ်တို့အတွက် ရန်သူများဖြစ်သည်။ ထိုသူတို့သည် ကျွန်ုပ်တို့၏ရန်သူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် စာတန်၏အပေါင်းအသင်းများဖြစ်ကာ ကျွန်ုပ်တို့အနေဖြင့် သည်းခံနေခြင်း၊ အတူတစ်ကွအလုပ်လုပ်ခြင်းပြုရန် မဖြစ်နိုင်သူများပင်ဖြစ် သည်။ကျွန်ုပ်တို့အပြစ်ခွင့်လွှတ်ခြင်းရရှိပြီးသူများသည် ရုပ်ဝတ္ထုပစ္စည်းများ ရရှိရန်သာရှာဖွေကာ ရုပ်တုကိုးကွယ်ခြင်း၌ စေ့စပ်ကြသည့် နိကောလတ ပည့်တို့အား သည်းမခံသင့်ဘဲ ကျွန်ုပ်တို့၏ အသက်တာအား ဘုရားသခင် ၏အစေခံခြင်းနှင့်သူ၏ဖြောင့်မတ်သောအလုပ်ဖြစ်သည့်ဘုရားသခင်၏ နိုင် ငံတော်အား ဤကမ္ဘာပေါ်တွင် တည်ထောင်ခြင်းအလုပ်၌ ပါဝင်သင့်သည်။ 
 
 
ဘုရားသခင်၏ နိုင်ငံတော်ကို ရှေးဦးစွာရှာလော့
 
ယေရှုသည်ကျွန်ုပ်တို့အား “ဘုရားသခင်၏နိိုင်ငံတော်နှင့် ဖြောင့် မတ်ခြင်းတရားကိုရှေးဦးစွာရှာကြလော့”ဟု ဆိုထားကာ ဇာတိပကတိအ လုပ်အစား ဘုရားသခင်၏ အလုပ်ကို လုပ်ရန်ဆုံးမထားပါသည်။ ကျွန်ုပ်တို့ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသူများ၌ ဝိညာဉ်ရေးဆန္ဒရှိသည်။ ဤအရာ များသည် ဇာတိပကတိ၏ ဆန္ဒမဟုတ် ဝိညာဉ်၏ဆန္ဒဖြစ်၏။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလုပ်နှင့်နိုင်ငံတော်အတွက် ပထမအစေခံ နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ရှေးဦးစွာအစေခံ၏။ ထို့အပြင် ကျွန်ုပ်တို့သည် ခန္ဓာပိုင်းအလုပ်ကိုလည်းလုပ်၏။ ကျမ်းစာကျွန်ုပ်တို့အား ပြောသကဲ့သို့ပင် “လူသည်မုန့်အားဖြင့်သာ အသက်ရှင်ကိုမွေးရမည်မဟုတ် ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်”ဟု ဖြစ်သည်။ အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့သည် ခန္ဓာအားဖြင့်သာ အသက်ရှင် သည်မဟုတ်ခန္ဓာနှင့်ဝိညာဉ်အားဖြင့်အသက်ရှင်ခြင်းဖြစ်သည်ဟုပင်ဖြစ် သည်။ အကယ်၍ ရုပ်ဝတ္တုရှိသမျှတို့သည် ဤကမ္ဘာကြီးပေါ်၌ ကျွန်ုပ်တို့၏ ဝမ်းမြောက်ရာအတွက်ဟုတွေးထင်ကာ နိကောလတပည့်တို့နောက်သို့ လိုက်သော် ကျွန်ုပ်တို့သည် ပျက်စီးခြင်းတွေ့ကာ အဆုံးသတ်ရမည်သာဖြစ် သည်။ထို့အတွက်ကြောင့်ပင်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဝိညာဉ်ရေး ဆန္ဒကို ရှေးဦးစွာရှာရ မည်ဖြစ်သည်။ 
ကောင်းကင်နှင့်ငရဲသတင်းစကားယူလာသောအခါ၌ အချို့သူတို့ သည်မုန်းတီးကြ၏။ထိုသူတို့မေးကြသည်မှာ“သင်ကောင်းကင်နိုင်ငံရောက် ဖူးသလော။ ထိုအရာအားသင့် မျက်စိဖြင့်မြင်ဖူးပါသလား။”သို့သော် ဤမေး ခွန်းများသည် စာတန်၏အတွေးမှထွက်ပေါ်လာခြင်းဖြစ်သည်။ ဤကဲ့သို့ သောသာမန်လူများတွင်းမှသာ ထွက်ပေါ်လာသည်မဟုတ် ဓမ္မတက္ကသိုလ်၌ ဘာသာရေးကို နှစ်ပေါင်းများစွာသင်ယူသော သင်းအုပ်ဆရာနှင့် သူတို့၏ ကောင်းကင်နိုင်ငံအတွက်စိတ်ချမှုနှင့် ဒုတိယအကြိမ်မည်သို့မွေးဖွား ရမည် ကို သိသောဉာဏ်မရှိသည့် အသင်းသားထံမှလည်း ထွက်ပေါ်တတ်၏။ ဤ သည် အလွန်ကံဆိုးကာစိတ်မကောင်းဖွယ် အခြေအနေဖြစ်ပြီး ထိုကဲ့သို့ သောအမှုတော်ဆောင်များသည် သူတို့ကိုယ်တိုင်ဒုတိယအကြိမ် မွေးဖွား ခြင်းမရှိဘဲဒုတိယအကြိမ်မွေးဖွားရန် ဘုရားသခင်၏အကြောင်းကို တစ်ခုမျှ မသိသောသူတို့အား ပြောင်းလဲခြင်းသို့မပို့နိုင်ပေ။ များစွာသောဝိညာဉ် တို့သည် စာတန်၏အတွေး၌ အကျဉ်းချခံရကာ ဘုရားသခင်အား ဆန့်ကျင် ကြချိန် သူတို့သည် ကောင်းကင်ကို ယုံကြည်ခြင်းမရှိဘဲ မိမိကယ်တင်ခြင်း အတွက်ပင်ရှင်းလင်းမှုမရှိသည့် သင်းအုပ်များထံမှ မည်သည့်အရာများ သင် ယူနိုင်ပါမည်နည်း။ 
စာတန်၏ ရာဇပလ္ဘင်ရှိရာဟုဆိုုခြင်းအားဖြင့် ထိုအရာသည် စာ တန်ယခုပင်ကမ္ဘာတစ်ဝှမ်းကို အုပ်ချုပ်နေကြောင်းဆိုလိုသည်။ ဤသည် ကျွန်ုပ်တို့ရှင်သန်နေထိုင်သည့် ခေတ်၏အမျိုးအစားဖြစ်ပြီး မိမိအသင်း တော်အား ညချိန်နီယွန်မီးများဖြင့် ထိန်လင်းစေပြီး စီးပွားရေး လုပ်ကိုင်နေ သကဲ့သို့အသင်းတော်ကိုထိန်းချုပ်မှုများဖြင့်ပြည့်နေသောခေတ်၌ ကျွန်ုပ်တို့ နေထိုင်ကြသည်။ ဘုရားသခင်ကျွန်ုပ်တို့အား မိန့်တော်မူသည်မှာ ဤ သည်သူ၏ အသင်းတော်မဟုတ် “စာတန်၏အသင်းတော်ဖြစ်သည်ဟုဖြစ် သည်။” ယနေ့ကမ္ဘာသည် စာတန်၏အတွေးများ၌ မိကာလောကီတပ် မက်မှုရှာဖွေလျှက်၊ အမှုတော်ယောင်ဆောင်ပြီး ဘုရားကျောင်းတက်ကာ သခင်၏နာမကို ခေါ်နေသူအရေတွက်နိုင်အောင်ပင် ပြည့်နှက်လျှက်ရှိ သည်။ သို့ဖြစ်သော်ငြားလည်း သူတို့၏ပြန်လည်မွေးဖွားခြင်းနှင့် သူတို့၏ ကောင်းကင်အတွက် မျှော်လင့်ချက်သည် လွန်ခဲ့သောအချိန်ကာလမှပင် ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ဤသည်ကျွန်ုပ်တို့သခင်ဘုရားအား အစေခံနေ ထိုင်သောခေတ်ဖြစ်သည်။ 
 
 

ဒုတိယအကြိမ်မွေးဖွားခြင်းမခံသူများနှင့် ဝိညာဉ်တိုက်ပွဲ

 
ကျွန်ုပ်တို့သည် စာတန်၏ရာဇပလ္တင်ရှိရာအရပ်၌အသက်ရှင်နေ ထိုင်ကြသည်။ ကျွန်ုပ်တို့သည် စိန်ခေါ်မှုပေါ်လာသောအချိန်၌ သတိကြီးစွာ ဖြင့်ကျွန်ုပ်တို့၏ရန်သူများကို ရင်ဆိုင်ကာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာ ကွယ်သင့်ပါသည်။ ကျွန်ုပ်တို့သခင်ပြန်ကြွလာသည့်အချိန်ထိ ကျွန်ုပ်တို့၏ ကျောက်ဖြူလက်ဖွဲ့ကိုထိန်းသိမ်းစောင့်ရှောက်ထားရမည်ဖြစ်သည်။ ကျွန်ုပ် တို့၏ယုံကြည်ခြင်းထိုအရာသည် ကျွန်ုပ်တို့အားသူ၏ ရေနှင့်အသွေးအား ဖြင့်ဒုတိယအကြိမ်မွေးဖွားခြင်းကိုဖြစ်စေသည့်သတင်းကောင်းကို ယုံကြည် ခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မန္နမုန့်အားစား သုံးခြင်းဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် ကျွန်ုပ် တို့သည် နိကောလတပည့်တို့အား ဆန့်ကျင်တိုက်ခိုက်ကာ အနိုင်ယူရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသူများအားငြင်းပယ်ရမည်ဖြစ်သည်။ ကျွန်ုပ် တို့သည် ငွေကြေးနှင့် လောကီကျော်ကြားမှုကိုသာ ရှာတတ်သူတို့နားသို့ မသွားသင့်ပေ။ ကျွန်ုပ်တို့သည်သူတို့၏အားနည်းခြင်းများကို သည်းခံခွင့် လွှတ်နိုင်သော်လည်း သမ္မာတရားကို ဆန့်ကျင်ရပ်တည်ကာ ငွေကြေး နောက်သာတပ်မက်စွာလိုက် တတ်သူတို့နှင့်အတူမုန့်ကိုမစားနိုင်ဘဲ ထိုကဲ့ သို့သောသူများနှင့် အလုပ်မလုပ်နိုင်ပေ။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ကာ ဒုတိယအ ကြိမ်မွေးဖွားခြင်းကို ခံယူသူတို့၏ အမည်အားမည်သည့်အရာတွင်မှတ် တမ်းတင်ထားပါသနည်း။ ထိုသူတို့၏အမည်များသည် အသက်စာစောင် တွင် ရေးသားထားပါသည်။ ထိုသို့ဆိုသော် ဤကျောက်ဖြူ၌ အမည်နာ မသစ်ကို ရေးသည့်ဆိုလိုချက်မှာ အဘယ်နည်း။ ထိုဆိုလိုချက်မှာ ကျွန်ုပ်တို့ သည်ဘုရားသခင်၏သားသမီးဖြစ်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို ကျောက်ကိုရသောသူမှအပ မည်သူမျှထိုနာမသစ်ကို မသိသဟုဆိုထား၏။ ဤဆိုလိုချက်မှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ယုံကြည်ခြင်း ဖြင့်ဒုတိယအကြိမ်မွေးဖွားခြင်းခံသူများသာလျှင်ယေရှု၏ ကယ်တင်ခြင်းကို သိသည်ဟုဖြစ်၏။ အပြစ်သားများသည် သူတို့မည်သို့ဖြောင့်မတ်သူဖြစ်လာ နိုင်မည်ကိုမသိကြပေ။ သို့သော် ယေရှုထံမှ မိမိ၏အမည်နာမသစ်ကို ရ သောသူတို့သာလျှင် သူတို့၏အပြစ်များမည်သို့ ပျောက်ကွယ်သွားသည်ကို သိကြ၏။ 
ကျွန်ုပ်တို့သည် နိကောလတပည့်တို့အား ဆန့်ကျင်တိုက်ခိုက်သင့် ပေသည်။ တစ်စုံတစ်ယောက်ကိုမဟုတ်ဘဲ နိကောလတပည့်တို့ကိုသာ ဆန့်ကျင်တိုက်ခိုက်ရမည်ဖြစ်သည်။ ဤကျမ်းပိုဒ်၏ အဓိကကျသောအနှစ် သာရသည် မိမိတို့သည်ဘုရားသခင်ကို သိပြီးသမ္မာ တရားကိုသိသည်ဟု ထင်ကာ ဆက်လက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင်ငြင်း ပယ်ပြီး သူတို့၏ခန္ဓာအတွက်ပျော်ကြားမှု၊ ချမ်းသာမှု၊ ရုပ်ဝတ္တုပိုင်ဆိုင်မှုနှင့် ငွေကြေးနောက်ကိုသာလိုက်သည့် နိကောလတို့အား အပြင်းအထန်ဆန့် ကျင်တိုက်ခိုက်ကာ အောင်မြင်နိုင်ရမည်ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ်လည်း ရုန်းကန်ဆန့်ကျင်တိုက်ခိုက် ရမည်ဖြစ်သည်။ အကယ်၍ကျွန်ုပ်တို့၏မောက်မာခြင်း (သို့) မာနကြောင့် ဘုရားသခင်နောက်မလိုက်ပါက ကျွန်ုပ်တို့သည် ထိုကဲ့သို့သောနှလုံးသား အား ဆန့်ကျင်တိုက်ခိုက်ရမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဒုတိယ အကြိမ်မွေးဖွားခြင်းမရှိဘဲ ခရစ်တော်၌ယုံကြည်ပါသည်ဟု ကြေငြာသူတို့ အား တိုက်ခိုက်သည့် ဝိညာဉ်ရေးရာတိုက်ပွဲတွင် စေ့စပ်ပါဝင်သင့်သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းအသရေပျက်စေကြသည့် ကြားမှာပင်သခင်ဘုရားသည် ကျွန်ုပ်တို့အားသူ၏ ရေနှင့်အသွေးတော်အား ဖြင့် ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်၌ ယုံကြည် ကာ အသက်တာ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကွယ်ကာရမည်ဖြစ်ပြီး ဘုရားသခင်၏ အစေခံဖြစ်သကဲ့သို့ သူကျွန်ုပ်တို့အားပေးထားခဲ့မည့် ပြည့်စုံ သောကယ် တင်ခြင်းအတွက်သူ့အား ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ရှေးဦးစွာရှာဖွေသင့်သည် နောက်ဆုံး သောအချိန်ထိတိုင် ယုံကြည်ခြင်းဖြင့် တိုက်ခိုက်ကြသူများဖြစ်ကြပါစို့။
 
 
အောင်မြင်သောသူအား မန္နမုန့်ကိုပေးမည်ဖြစ်သည်
 
လူ့သမိုင်းတွင် အကြီးမားဆုံးသော ပျောက်ဆုံးမှုသည် ရောက် လာတော့မည့် ချီဆောင်ခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ခရစ်တော် ၏ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်းသည် ခရစ်တော်အားယုံကြည်သူ အား လုံး၏စိတ်ဝင်စားမှုရှိဆုံးသောအရာဖြစ်သည်။ အချို့သောသူများတွေး ထင်သည်မှာ “သန့်ရှင်းသူများချီဆောင်ခြင်းခံရသောကြောင့် လူတို့သည်အ လုပ်ခွင်ထဲ၌ ရှိနေသောအချိန်၌ပင် ပျောက်ဆုံးသွားမည်ဖြစ်သောကြောင့် လေယာဉ်မောင်းသူနှင့် ရထားမောင်းသူများပျောက်ဆုံးကာ ကမ္တာကြီးတွင် မျိုးစုံလှသော တိုက်ခိုက်မှုနှင့်ပျက်စီးခြင်းရောက်ကာ ကောင်းကင်မှလေ ယာဉ်ပျံကျလာခြင်း၊ ရထားလမ်းချော်ခြင်းနှင့် အဝေးပြေးလမ်းမတွင် တိုက် ခိုက်မှုများစွာရှိကြမည်ဖြစ်သည်။ ချီဆောင်ခြင်း (rapture) ဟုခေါင်းစဉ် တပ်ကာရေးထားသည့်စာအုပ်သည်လွန် ခဲ့သောအချိန်က အရောင်းရ ဆုံး သောစာအုပ်မျိုးဖြစ်ခဲ့သည်။ ဤလူတို့ယုံကြည်ထားသည်မှာ သန့်ရှင်းသူ တို့သည်ချီဆောင်ခြင်းခံရချိန်တွင် လေထဲ၌ပျောက် ကွယ်သွားမည်ဟုဖြစ် သည်။ ထို့ကြောင့်သူတို့သည် ချီဆောင်ခြင်းနေ့ရက်ထိတိုင်အောင်သာ သူတို့၏ယုံကြည်ခြင်းကို ပြင်ဆင်ထားတတ်ကြ၏။ အချို့သောသူများ သည် သူတို့ကျောင်းတက်ခြင်းနှင့် အလုပ်များကိုပင် ရပ်တတ်ကြသည်။ 
သိပ်မကြာသေးမှီအချိန်၌ ဘေးဒါဏ်ကြီးကာလမတိ်ုင်မှီ ချီ ဆောင်ခြင်းကို ယုံကြည်သည့် သင်းတော်တပါး၏ အသင်းသားတို့သည် မိမိတို့ပိုင်ဆိုင်မှုအားလုံးကို အသင်းတော်သို့ပေးကာ အသင်းတော်ဦးဆောင် သူပရောဖက်ပြုထားသည့်အတိုင်းပင် ချီဆောင်ခြင်းနေ့ရက်ကို စောင့်စေ ခဲ့ကြသည်။ထိုသူတို့သည်စိတ်အားထက်သန်စွာစောင့်မျှော်ခဲ့ကြသည့်ပရော ဖက်ပြုထား သောနေ့ရက်သည် အခြားသောနေ့ရက်များကဲ့သို့ပင်ဖြစ်နေပါ သည်။ ထိုသူတို့အလွန်ပင်ရိုးရှင်းစွာဖြင့် ယုံကြည်ကာ စောင့်မျှော်ခဲ့သည့် အရာများသည် လိမ်ညာမှုသက်သက်သာဖြစ်ကြောင်း သက်သေပြုနိုင်ခဲ့ သည်။ 
သို့သော်အချို့သောသူများအရှုံးမပေးဘဲ ၁၉၉၉ ခုနှစ်၏ ရက်တစ် ရက်၌ချီဆောင်ခြင်းဖြစ်မည်ဟုကြေငြာကာစောင့်မျှော်နေခဲ့ကြသည်။ သို့ ဖြစ်သော်လည်း ယခင်ကကဲ့သို့ပင် ထိုအရာများသည် လှည့်ဖြားမှုသက် သက်သာဖြစ်ကြောင်းသက်သေပြခဲ့သည်။ ထိုသူတို့၏ခေါင်းဆောင်များ သည် သူတို့၏မပြည့်စုံသော ပရောဖက်ပြုမှုအတွက်သာအရှက်ရကြကာ ခရစ်တော်ပြန်လာမည့်အချိန်အား မည်သည့်အချိန်တွင်မျှ မပြောတော့ပေ။ ဤအဖြစ်အပျက်များမှ ကျွန်ုပ်တို့သည် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီ ဆောင်ခြင်းဆိုသည့်ယုံကြည်မှုမှာဘုရားသခင်၏နှုတ်ကပတ်တော်နှင့်လုံးဝ ကိုက်ညီမှုမရှိဟု သိနိုင်ပါသည်။ 
ဗျာဒိတ်ကျမ်း၌ အဓိကအကျဆုံးသောအချက်မှာ ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့် သန့်ရှင်းသူတို့၏ ချီဆောင်ခြင်းဖြစ်သည့် သစ္စာရှိသော ခရစ်ယာန်အားလုံးအတွက် ခရစ်တော်လောကသို့ပြန်လည် ကြွလာကာ သူ၏ယုံကြည်သူများအားလေထဲတွင် ချီဆောင်မည့်ချိန်သည် သူတို့၏အကြီးမားဆုံးသောမျှော်လင့်ချက်ဖြစ်သည်။ အမှန်တွင် ခရစ်ယာန် တို့သည် သူတို့၏ယုံကြည်ခြင်းဖြင့် ခရစ်တော်ပြန်လည်ကြွလာခြင်းကို စိတ်အားထက်သန်စွာမျှော်လင့်ကြသည်မှာသဘာဝကျပါသည်။ယေရှုအား စစ်မှန်စွာယုံကြည်သူရှိသမျှတို့သည် သခင်ဘုရားပြန်လာမည့်နေ့အား စိတ် အားထက်သန်စွာဖြင့် စောင့်မျှော်နေရမည်ဖြစ်သည်။ 
လုံးဝစောင့်မျှော်နေခြင်းမရှိခြင်းထက် သခင်ဘုရား၏ ဒုတိယအ ကြိမ် ကြွလာခြင်းနှင့်ချီဆောင်ခြင်းကို စောင့်မျှော်နေကြသည့်ယုံကြည်ခြင်း မျိုးရှိခြင်းသည် ပို၍ကောင်း၏။ နောက်ဆုံးသောကာလကြီးနှင့် ပါတ် သက်၍မှန်သောလမ်းဘက်မှလွှဲမှားသွားခြင်းဖြစ်ရသောအချက်မှာထိုသူတို့ သည် ချီဆောင်ခြင်းအတွက်တိကျသောအချိန်နာရီရှိထားကြသည့် အတွက် ဖြစ်သည်။ မိမိတို့၏ရေတွက်မှုတွင်အခြေခံလျှက် များစွာသောသူတို့သည် ဒံယေလအနာဂတ္တိကျမ်းနှင့် ဇာခရိအနာဂတ္တိကျမ်းတို့၌ရှိသည့် သတင်းခု နစ်ဆယ် အားမှားယွင်းစွာ ဘာသာပြန်ကြကာ သူတို့၏ ကြိုတင်ဟောထား သည့် နေ့ရက်သို့ရောက်လာကြ၏။ 
သက်သာလောနိတ်သြဝါဒပဌမစောင် အခန်းကြီး (၄) ၌ ပေါလု ပြောသည်မှာခရစ်တော်ဤလောကသို့ပြန်လည်ကြွလာချိန်တွင်သန့်ရှင်းသူတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားနှင့်စုံတွေ့ခြင်းငှါ ချီဆောင် ခြင်းခံရမည် ဖြစ်သည်။ ထို့ကြောင့် ယေရှုအား စစ်မှန်စွာယုံကြည်သူတို့သာ မိမိတို့၏ချီဆောင်ခြင်းခံရမည့် နေ့ရက်ကိုစောင့်မျှော်နေသည် ဆိုသည်မှာ သင့်လျှော်ပေ၏။ သို့သော် ချီဆောင်ခြင်းနေ့ရက်အတွက် တွက်ချက်ထား ကာတိကျသော နေ့ရက်သတ်မှတ်ခြင်းသည် အလွန်ပင်မှားယွင်းသည့် အ ရာတစ်ခုဖြစ်၏။ ထိုအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်အား မသိ ကျိုးကျွန်ပြုသော သူတို့၏မာန၏ရောင်ပြန်ဟပ်မှုများဖြစ်သည်။ ကျမ်းစာ ၏ဟောကိန်းများအားလူတို့ပြုလုပ်ထားသည့်သင်္ချာ ပုံသေနည်းများဖြင့်ဖြေ ရှင်းနားလည်ရန်ကြိုးစားခြင်းသည် ကြီးမားသော မှားယွင်းမှုပင် ဖြစ်သည်။ 
ထိုသို့ဆိုသော် အမှန်တကယ်ချီဆောင်ခြင်းကာလမည်သည့်အ ချိန်၌ဖြစ်ပွားမည်နည်း။ ဗျာဒိတ်ကျမ်း(၆)သည် သန့်ရှင်းသူတို့၏ချီဆောင် ခြင်းအ ကြောင်းပြော၏။ ထိုအရာအရ ဘုရားသခင်၏ ခေတ်ကြီးခုနစ်ခု၏ စတုတ္တခေတ်ကြီး၊ ထိုခေတ်သည် မြင်းမွဲခေတ်ဖြစ်ပြီး ထိုခေတ်၌ သန့်ရှင်း သူတို့၏ မာတုရခံရမည်ဖြစ်ပြီး ထိုအရာပြီးနောက်တွင် ပဉ္စမခေတ်ကြီးတ ချီဆောင်ခြင်းဖြစ်ပွားမညဖြစ်သည်။ သန့်ရှင်းသူတို့၏ ချီဆောင်ခြင်းသည် အသေးစိတ်ဖေါ်ပြထားပြီးထိုအချိန်ရောက်ပါက အမှန်ပင်ဖြစ်ပွားလာမည် ဖြစ်သည်။ 
ဘုရားသခင်သည် လူမျိုးနွယ်တစ်ခုလုံးအတွက် ခေတ်ကြီးခုနစ်ခု ကို စီမံထားကာပထမခေတ်မှာ မြင်းဖြူခေတ်ဖြစ်သည်။ ဤခေတ်၌ပင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း စတင်ပြီး အောင်ပွဲဆက်လက်ရရှိခဲ့ သည်။ ဒုတိယခေတ်သည် မြင်းနီခေတ်ဖြစ်သည်။ ဤခေတ်သည် စာတန် ခေတ်၏အစပြုခြင်းကို မှတ်သားထင်ရှားစေသည်။ တတိယခေတ်သည် မြင်းနက် ခေတ်ဖြစ်ကာ ထိုအချိန်၌ ကမ္တာကြီးသည် ခန္ဓာနှင့်ဝိညာဉ် နှစ်မျိုး လုံးအစာရေစာခေါင်းပါးခြင်းသို့ ရောက်မည်ဖြစ်သည်။ စတုတ္တခေတ်သည် မြင်းမွဲခေတ်သည်။ဤခေတ်၌ပင်အန္တိခရစ်ထွက်ပေါ်လာကာ သန့်ရှင်းသူတို့ သည် မာတုရခံရမည်ဖြစ်သည်။ ပဉ္ဓမခေတ်သည် သန့်ရှင်းသူတို့၏ မာတု ရနောက်ချီဆောင်ခြင်းခံရသောအချိန်ဖြစ်လာမည်။ ဆဌမ ခေတ်သည်ပထ မဘုရားသခင် ဖန်ဆင်းထားသည့် ကမ္ဘာကြီးလုံးဝပျက်စီးသွားမည့်ခေတ် ဖြစ်ကာ ထိုခေတ်နောက်ပိုင်းတွင် သတ္တမခေတ်လိုက်လာကာ ထိုခေတ်၌ ဘုရားသခင်သည် သူ၏သန့်ရှင်းသူများနှင့်ထာဝရနေထိုင်ရန် အနှစ်တစ် ထောင်နိုင်ငံတော်နှင့်ကောင်းကင်သစ် မြေကြီးသစ်ကို စတင်စေမည်ဖြစ် သည်။ ထို့ကြောင့် ဘုရားသခင်သည်လူတို့အတွက်ထင်ရှားသော ခေတ်ကြီး ခုနစ်ခုကိုထားခဲ့သည်။ ယေရှုအားယုံကြည်သူတို့သည် ဘုရားသခင် သူတို့ အတွက် ထားပေးသည့် ဤခေတ်ကြီးခုနစ်ခုကို သိပြီးယုံကြည်သင့် ပေသည်။ 
ကိုးရီးယား၌ပင် ခန့်မှန်းခြေ (၁၀ဝ၀ဝ၀) ဦးခန့်ရှိသော သူတို့သည် အချိန်ကို သတ်မှတ်ကာသူတို့၏ ချီဆောင်ခြင်းနှင့် ဒုတယအကြိမြွ်ကာလာ ခြင်းကိုစောင့်မျှော်ခဲ့ကြသည်။ ဆယ့်နှစ်သန်းခန့်သော ကိုယ်ရီးယားလူတို့ သည် ခရစ်ယာန်အဖြစ်သတ်မှတ်ခြင်း ခံထားသူတို့ဖြစ်သည်။ ထိုထဲမှ (၁၀ဝ၀ဝ၀)ခန့်သောဦးရေသာ ယေရှု၏ပြန်လည်ကြွလာတော်မူခြင်းနှင့် သူ တို့၏ချီဆောင်ခြင်းကို စောင့်မျှော်ခဲ့ကြသည်။ အခြားနည်းဖြင့်ကြည့်သော် ဤလူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ရေးထားသည့်အတိုင်းယုံ ကြည်ကာ သခင်ဘုရားပြန်လည် ကြွလာမည့်အချိန်ကို စောင့်မျှော်လင့်ခဲ့ ကြသည်။ ဆယ့်နှစ်သန်းခန့်သောလူများထဲမှ တစ်ရာခိုင်နှုန်းခန့်သာဖြစ် သည်။ (၁၀ဝ၀ဝ၀)တို့သည်သာမျှော်ခဲ့ကြသည်။ 
ထိုသူတို့၏ပြဿနာမှာ သူတို့၌ ဘုရားသခင်သူတို့အတွက်ထား ရှိသောခေတ်ကြီးများကို နားမလည်သောကြောင့်ဖြစ်သည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းပေါ် ကောင်းမွန်စွာနားလည်ခြင်းမရှိဘဲ များစွာသော ကနဦးအသင်းတော်၏ ခရစ်ယာန်တို့သည် မိမိတို့၏ မှားယွင်းသော ဉာဏ် ဖြင့်ခံရ၏ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းနှင့်သန့်ရှင်းသူတို့၏ချီဆောင် ခြင်းခေတ်ကာလကို မှားယွင်းစွာတွက်ချက်သတ်မှတ်ခဲ့ကြသည်။ ထို့ ကြောင့်တမန်တော်ပေါလုသည် ထိုသူတို့အား သတိပေးခဲ့သည်မှာ “ငါတို့ သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ သခင်ဘုရား၏နေ့ရက်သည် ချက်ခြင်းရောက်လာမည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စ ကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင်တစောမရှိမည် အကြောင်း ငါတို့သည် တောင်းပန်ကြ၏။”(သက်သာလောနိသြဝါဒ ဒုတိယစောင် ၂း၂) 
သမိုင်းအရဆိုသော် များစွာသောသူတို့သည် ဘုရားသခင်၏ အစီအမံကိုမသိဘဲ ဆက်လက်၍ မှားယွင်းသောနေ့ရက်များ တစ်ခုပြီးတစ် ခုအချီနှီးသက်သက်ထားကြသည်။ ထိုသူတို့၏မှားယွင်းသော ယုံကြည်ခြင်း အားပြန်လည်ဆင်ရန်လိုအပ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သို့သော်ထိုသူ တို့အား ကျွန်ုပ်ပြင်းထန်စွာဆုံးမလိုခြင်းမဟုတ်ဘဲ ပြုပြင်ပေးလိုခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူတို့၏ မှားယွင်းရခြင်းမှာ ဘုရားသခင် လူသားတို့အတွက်ထားရှိသော ခေတ်ကြီးခုနစ်ခုကို မသိသောကြောင့်ဖြစ် သည်။ ကျမ်းစာ၌ဖေါ်ပြသည့်ဂဏန်းတို့အားလူတို့၏သင်္ကေတဖြင့်သာနား လည်မှုလွှဲပြီး အသုံးချခဲ့သောကြောင့် ထိုသူတို့သည် ယေရှု၏ ဒုတိယအ ကြိမ်ကြွလာခြင်းအား မှားယွင်းစွာ တွက်ချက်ခဲ့ကြသည်။ 
ဤမှားယွင်းမှုသည် ကိုယ်ရီးယားခရစ်ယာန်တို့အား ချုပ်ချယ်မ ထားနိုင်ခဲ့သော်လည်း ကျန်ရှိသော ကမ္ဘာနေရာများ၌ အများနှင့်ဆိုင်သော အရာဖြစ်ခဲ့သည်။ ကမ္ဘာ့မြေ၏ခြားနားသောနေရာများမှ အသင်းတော် ခေါင်းဆောင်များအချို့ အလွန်ပင်နာမည်ကြီးကြသူများပင် ထိုကဲ့သို့သော မှားယွင်းမှုကိုပြုခဲ့ကြသည်။ ကျွန်ုပ်စိတ်ဆန္ဒမှာ ဘုရားသခင်၏ အစီအ မံအားယေရှုကိုယုံကြည်လျက်မိမိတို့၏ချီဆောင်ခြင်းနေ့ရက်ကို စောင့်မျှော် နေကြသူများထံ ပြောလို၏။ သို့မှသာ များစွာသောသူတို့သည် ဘုရားသခင် သူတို့အထွက်ထားရှိသည့် စီမံချက်အား မှားယွင်းခြင်းမရှိ မှန်ကန်စွာဖြင့် နားလည်မည်ဖြစ်သည်။ ထိုသူတို့၌လည်း ဘုရားသခင်အားဖြင့် ချီဆောင် ခြင်းခံရသော ကောင်းကြီးမင်္ဂလာရ စေကြောင်း ကျွန်ုပ်မျှော်လင့်ပါသည်။ 
စစ်မှန်သောဘုရားသခင်၏ ချီဆောင်ခြင်းသည် မြင်းဖွဲခေတ်ပြီး သန့်ရှင်းသူတို့၏ မာတုရခံရပြီးမှသာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဤမြင်းဖွဲ ခေတ်၌ ခုနှစ်နှစ်တာဒါဏ်ကြီးကာလ စတင်လာသောအချိန်တွင် အန္တီခ ရစ်သည်လောက၌ တန်းခိုးအကြီးဆုံးသောခေါင်းဆောင်အဖြစ်ပေါ်ထွက် လာပြီး စိုးမိုးအုပ်ချုပ်မည်ဖြစ်သည်။
အန္တိခရစ်သည် ဘေးဒါဏ်ကြီးကာလ စတင်သောအခါတွင် သန့် ရှင်း သူတို့အားညှင်းပန်းနှိပ်စက်ခြင်းကို စတင်လာမည်ဖြစ်သည် ဘေးဒါဏ် ကြီးကာလ ပထမတစ်ဝက်ပိုင်းတွင် အချိန်ကိုတို့မြင့်ကာ နှိပ်စက်ပေမည်။ ထိုအချိန်သည်ပထမပိုင်းသုံးနှစ်ခွဲ၊ခုနှစ်ခွဲကာလ၏။ အလယ်တိတိမ ရောက် မှီချိန်တိဖြစ်သည်။ ဤသည် သန့်ရှင်းသူတို့၏ ယုံကြည်ခြင်းကို ကာကွယ်၍ မာတုရခံမည့်အချိန်ဖြစ်သည်။ ဤအရာနောက်တွင် ဆဌမ ခေတ်ကြီးလိုက် လာကာထိုအချိန်တွင်မာတုရခံရသောသန့်ရှင်းသူတို့သည်ရှင်ပြန်ထမြောက် ကာ ချီဆောင်ခြင်း ခံလာမည်ဖြစ်သည်။
ယေရှုအား ယုံကြည်သူတို့သည် အချိန်ကိုကောင်းစွာ သိထားရ မည်ဖြစ်သည်။ သူတို့၏ဘေးဒါဏ်ကြီးကာလ မတိုင်မှီ ယုံကြည်ခြင်း (သို့) ဘေးဒါဏ်ကြီးကာလ ချီဆောင်ခြင်းအပေါ်ယုံကြည်မှုတွင် မူတည်၍ သူတို့ ၏ ယုံကြည်ခြင်းအသက်တာသည် အလွန်ခြားနားသွားမည်ဖြစ်သည်။ ယုံ ကြည်သူတို့၏မှန်ကန်သောယုံကြည်ခြင်းဖြင့် ပညာရှိစွာချီဆောင်ခြင်းကို မျှော်လင့်ခြင်း (သို့) သူတို့၏ရွေးချယ်ထားသည့် မှားယွင်းသောနေ့ပေါ်တွင် အဓိကထားမျှော်လင့်ခြင်းသည် သူတို့၏ယုံကြည်ခြင်းအား ဘုရားသခင် ၏ နှုတ်ကပတ်တော်၌ အခြေခံထားရှိမရှိပေါ်တွင် မူတည်ပေသည်။ 
အကယ်၍သင်သည်ဤခြားနားမှုအားဗျာဒိတ်ကျမ်းစကားလုံးများ ဖြင့်ကြည့်ပါက လက်ခံနိုင်သောအဆိုပြုချက်သည် မည်သည့်အရာဖြစ် ကြောင်း အမှန်တကယ်ပင်တွေ့ရှိနိုင်ကာ သင်၏မေးခွန်းရှိသမျှတို့အား မှန် ကန်စွာအဖြေထုတ်နိုင်မည်ဖြစ်သည်။ သို့သော်အကယ်၍ ချီဆောင်ခြင်း နှင့်ပတ်သက်၍ မှန်ကန်သောနည်းလည်မှုမရှိဘဲ ထိုတရားအားသင့်တော် စွာမစောင့်မျှော်တတ်ပါက သင်၏ယုံကြည်ခြင်းသည် ပျက်စီးခြင်းသို့ ရောက်မည်ဖြစ်သည်။ 
ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းသီအိုရီသည် အမေ ရိကန်သီအိုလိုဂျီ ကျမ်းကျင့်သူဖြစ်သည့် (Scofield) ကစင်ဖေါ်ပြခဲ့ပြီး သူ သည် ဤသင်ကြားချက်အား စနစ်တကျဖြင့်သူ၏ (Scofield Reference Bible)တွင် စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ဤကျမ်းစာအုပ်သည် ကမ္ဘာ 
တစ်ဝှမ်း၌ ကျယ်ပြန့်စွာဖြင့် အသုံးပြုကြသည်။ ဤ Scofield Reference ကျမ်းစာအုပ်အားဖြင့် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင် ခြင်းသီအိုရီသည် Scofiel Reference ကျမ်းစာအုပ်သည် အင်အားကြီး သောနိုင်ငံ၏ အလွန်လွှမ်းမိုးမှုရှိသော ဘာသာရေး ပညာတတ်ကျွမ်းသူရေး ထားခြင်းဖြစ်သောကြောင့် များစွာသောဘာသာစကားများဖြင့် ဘာသာပြန် ထားပြီး များစွာသော ခရစ်ယာန် တို့ဖတ်ရှုခဲ့ကြသည်။ 
(Scofield) ကိုယ်တိုင်ကမူ သူဖေါ်ပြသည့် ဘေးဒါဏ်ကြီးကာလမ တိုင်မှီချီဆောင်ခြင်း သီအိုရီကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့သွားမည်ဟုမတွေး တောမိခဲ့ပေ။ အကျိုးအဆက်အားဖြင့် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီ ဆောင်ခြင်းသီအိုရီသည် ကမ္ဘာခရစ်ယာန်အသိုင်းအဝိုင်း နေရာအနှံ့အပြား တွင် လက်ခံလာခဲ့ကြသည်။ သို့သော် (Scofield) ၏ဘေးဒါဏ်ကြီးကာလ မတိုင်မှီသီအိုရီမပေါ်ထွက်လာမီအချိန်တွင် ခရစ်ယာန်လောက၌ လွမ်းမိုးခဲ့ သော ယုံကြည်မှု မှာ ဘေးဒါဏ်ကြီးကာလပြီး ချီဆောင်ခြင်းဖြစ်သည်။ 
ဘေးဒါဏ်ကြီးကာလပြီး ချီဆောင်ခြင်းသီအိုရီ၏ဆိုလိုချက်မှာ ခရစ်တော်သည်ဘေးဒါဏ်ကြီးခုနစ်နှစ်တာကာလပြီးနောက်တွင် ပြန်လည် ကြွလာကာထိုအချိန်၌ပင် သန့်ရှင်းသူတို့အား ချီဆောင်ခြင်းပြုမည်ဟုဖြစ် သည်။ ထို့ကြောင့်များစွာသောလူတို့သည် ချီဆောင် ခြင်းနှင့်သခင်ဘုရား ကြွလာတော်မူခြင်းမတိုင်မီ ဖြစ်လာမည့်ဘေးဒါဏ်ကြီးကာလတွက် အလွန် ကြောက်ရွံ့ခဲ့ကြသည်။ နိုးထမှုရှိသော သူတို့လူတို့၏တရားစဉ်မှ ခရစ်တော် ၏ဒုတိယအကြိမ်ကြွလာခြင်း အကြောင်းဟောပြောသောအခါ လူတို့သည် တိုးဝှေ့နောင်တရကြကာသူတို့၏အပြစ်တွက်ငြီးတွားငိုကြွေးကြကာ နောင် တနှင့်ဆိုင်သော ဆုတောင်းခြင်းဖြင့် အဆက်မပြတ်ဆုကျေးဇူးကြသည်။ ထို့ကြောင့်မည်သူသည်ကောင်းကြီးအခံရဆုံးသောသူဖြစ်ကြောင်းတိုင်းတာ ရာတွင် မည်သူသည်ပို၍ အော်ဟစ်ငိုကြွေးသနည်းဟု ပြောဆိုတိုင်း တာ ကြသည်။ ထိုသို့သော သူများတွေးထင်သည်မှာ သူတို့ယေရှုအားယုံကြည် သောကြောင့် မျက်ရည်ပို၍ကျလာခြင်းဖြစ်သည်ဟုပင် ဖြစ်သည်။
သို့သော် ဤပထမယုံကြည်ခြင်းဖြစ်သော ဘေးဒါဏ်ကြီးကာ လပြီးချီဆောင်ခြင်း သည်တဖြည်းဖြည်းဖြင့် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းက နေရာယူခြင်းခံရ၏။ အဘယ့်ကြောင့် ဤအရာဖြစ်ခဲ့ သနည်း။ လူတို့သည် ဘေးဒါဏ်ကြီးကာလပြီး ချီဆောင်ခြင်း ယုံကြည်မှုမှ ဘေးဒါဏ်ကြီး ကာလမတိုင်မီ ချီဆောင်ခြင်းကိုပို၍ နှစ်သက်ကြ၏။ ဤသို့ ပြောင်းလဲယုံ ကြည်ရခြင်းမှာ သူတို့သည် ဘေးဒါဏ်ကြီးကာလတွင်း ကြုံ တွေ့ရမည့် ဒုက္ခစုံစမ်းခြင်းအပေါင်းကို ကျော်ဖြတ်စရာမလိုဟု ဆိုသော ကြောင့်ပင်ဖြစ်လေသည်။ သူတို့သည်ဘေးဒါဏ်ကြီးကာလတွင် ကျရောက် မည့်ကြောက်မက်ဖွယ် ခက်ခဲမှုများမတိုင်မီ လေထဲတွင်ချီဆောင်ခြင်း ခံရန် မျှော်လင့်သည်မှာသိပ်အံ့သြဖွယ်မရှိပေ။ ဤနည်းလမ်းဖြင့် ဘေးဒါဏ်ကြီး ကာလမတိုင် မီချီဆောင်ခြင်းသည် မီးကဲ့သို့ ပျံ့နှံ့လာခဲ့သည်။ ထိုအရာသည် ကြောက်မက်ဖွယ်သောဘေးဒါဏ်ကြီးကာလကို ဖြတ်သွားရန်အလားလာရှိ သည့် ယုံကြည်ခြင်းမျိုးထက်ပို၍ သက်တောင့်သက်တာရှိသော ယုံကြည် ခြင်းကိုပေး၏။
လူတို့သည် ခါးသောအရာနှင့် ရိုးရိုးထက်ချိုသောအရာကိုပို၍ နှစ် သက်ကြသကဲ့သို့ ပင်သူတို့၏ယုံကြည်ခြင်းလည်းပို၍ လွယ်ကူသောအရာ ကို နှစ်သက်ကြသည်။ သူတို့သည် ကျမ်းတတ်ပုဂ္ဂိုလ်တို့ထုတ်ထားသည့် သီအိုရီများကြားမှ အကောင်းဆုံးကိုရွေး၍ ယုံကြည်လိုကြသည်။ ဤနည်း ဖြင့်ပင်များစွာသောလူတို့သည် ဘေးဒါဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်း ကိုပို၍ လွယ်ကူစွာယုံကြည်လက်ခံကြသည်။ ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းအားယုံကြည်သူတို့က ချီဆောင်ခြင်းခံရန် မိမိ၏ခန္ဓာနှင့်စိတ် တို့အား အပြစ်ကင်းစင်စွာ ထားရှိရမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ယုံကြည်ခြင်းအသက်တာ ၌စိတ်အားထက်သန်ကြ၏။ သို့သော် သူတို့၏ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း ပေါ်ယုံကြည် မှုတွင် အရေးကြီးသည့် ယုတ္တိအမှားဖုံးအုပ်ထား၏။ သူတို့၏ယေရှုအပေါ် ယုံကြည်ခြင်းနှင့် သူတို့၏သခင်ဘုရားပြန်လာမည့်ချိန်ကို မျှော်လင့်ချက် များသည် ချီးကျူးထိုက်သောအရာများဖြစ်သော်လည်း သူတို့သည် ကြီးမှား သော အမှားအယွင်းနှစ်ခု ပြုနေကြခြင်းဖြစ်သည်။
ပထမအချက်မှာရေနှင့်ဝိညာဉ်တော်သတင်းကောင်းပေါ်ယုံကြည် ခြင်းမရှိဘဲ နှလုံးသား၌ အပြစ်ရှိလျှက်သခင်ဘုရားအားစောင့်မျှော်နေကြ ၏။ သူတို့သည်ကားတိုင်ပေါ်မှ အသွေးတော်ပေါ်တွင်သာ အားကိုးအား ထားပြုကြ၏။ သူတို့၏နေ့စဉ်ပြုလုပ်နေသော အပြစ်များပေါ်နောင်တနှင့် ဆိုင်သောဆုတောင်းခြင်းမျိုးပြုခြင်းဖြင့် မည်မျှသောနောင်တကမျှ အပြစ် ခွင့်လွှတ်ခြင်းကို ပေးနိုင်မည်မဟုတ်ပေ။ သို့ဖြစ်သည်တိုင် ခရစ်တော်၏ ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်းအား နေ့ညသူတို့မျှော်လင့်ခဲ့ကြသည်။ သူတို့အပြစ်များတွက် နောင်တရရန်အသင်းတော်၌ တစ်ညလုံးပေါက်ဆု တောင်း ချီးမွမ်းကြရန်စုရုံးကြပြီး သူတို့၏ချီဆောင် ခြင်းပေါ်စောင့်မျှော် ခြင်း၌ စည်းလုံးစွာရှိကြ၏။ ထိုသူတို့၏ချီဆောင်ခြင်းအပေါ် စောင့်မျှော်နေ ခြင်းမှာ မှားယွင်းခြင်းမရှိပေ။ သို့သော်ထိုသူတို့သည် မှန်သောယုံကြည်ခြင်း မပါဘဲ စောင့်နေခြင်းဖြင့် ကြီးမှားသောမှားယွင်းမှုကို ပြုလုပ်ကြ၏။ ထိုအ ရာမှာ ဘုရားသခင်ရှေ့၌ သူ၏သားသမီးအဖြစ် ခွင့်ပြုသည့်ယုံကြည်ခြင်း မျိုးဖြစ်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပေါ် သူတို့မယုံကြည်ကြ ခြင်းပင်ဖြစ်သည်။
သူတို့၏ဒုတိယမှားယွင်းမှုမှာ သူတို့သည်ဘုရားသခင်၏ စီမံ ချက်အားကောင်းမွန် စွာနားလည်ခြင်းမရှိဘဲ၊ တိကျသောနေ့ရက်ကိုသတ် မှတ်ကြခြင်းဖြစ်သည်။ ဤအရာသည်များစွာသောယုံကြည်သူတို့အားအ ချည်း နှီးစောင့်မျှော်စေသည်သာမက ထိုအရာသည် လောက၌ မျိုးစုံသော အကြီးအကျယ်ပျက်စီးခြင်းမျိုးကို ဖြစ်စေကာခရစ်ယာန်တို့၏ ဆိုးရွားသည့် လှုံ့ဆော်မှုနှင့် မယုံကြည်သူများကြားကောင်းသောနာမည်ဖြင့် ကျော်ကြား ခြင်းကို ပျက်စီးစေ သည်။
ဤမှားယွင်းသောအချက်နှစ်ချက်ကြောင့် ဤလူတို့ မကြာခဏ စောင့်နေသည့် ချီဆောင်ခြင်းသည် အမှန်တကယ်အကောင်အတည်ဖေါ် နိုင်ခဲ့ခြင်းမရှိပေ။ ထိုအရာသည် များစွာသောလူတို့အား ချီဆောင်ခြင်းနှင့် ပတ်သက်၍ ဆိုးရွားစွာတွေးတောစေပြီး သူတို့အား သမ္မာတရားမှ ပို၍ ပင်ဝေးကွာစေပါသည်။ ယခုသည် ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာ ခြင်းနှင့် သူ၏ပြန်လည်ကြွလာခြင်းသည် အလျှင်အမြန်ဖြစ်လာမည့်အ ကြောင်းပြောရမည့်အချိန်ဖြစ်သော်လည်း မည်သူမျှထိုအရာကိုမပြောလို တော့ပေ။ အားလုံးက မှားယွင်းစွာ လမ်းပြခြင်း ခံခဲ့ရသည့်လူနည်းစုတို့၏ အရှုံးကြီးရှုံးခြင်းအပေါ် ကျေးဇူးတင်ကြ၏။ 
ယခုကျွန်ုပ်တို့ဆွေးနွေးနေသည့် ကျမ်းပိုဒ်သည် ဘုရားသခင်၏ ယောဟန်အားဖြင့် ပေရဂံအသင်းတော်သို့ပေးသောစာဖြစ်သည်။ ဘုရားသ ခင်သည်အသင်းတော်သို့ပေးသောစာဖြစ်သည်။ ဘုရားသခင်သည် အသင်း တော်၏အ စေခံနှင့်သန့်ရှင်းသူတို့၏ ယုံကြည်ခြင်းအား မာတုရခံကာ ကာ ကွယ်ခဲ့သည့်အပေါ် ချီးကျူးခြင်းသည် အချို့သောဆုံးမခြင်းနှင့် အတူဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏အတွင်း၌ အချို့သောအ သင်းသားများသည်လောကီရေးရာနောက်လိုက်ကြသောကြောင့်ဖြစ်သည်။ ဤအတွက်ကြောင့်ပင် ဘုရားသခင်သည်အသင်းတော်အား နောင်တရကာ နောင်တမရပါက လျှင်မြန်စွာလာပြီး ပြစ်ဒါဏ်ပေးမည်ဟု မိန့်တော်မူခဲ့၏။ 
ဘုရားသခင်သည် ယောဟန်အားဖြင့် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးအား မိန့်တော်မူခဲ့သည့်အပေါ်တွင်စိတ်ဝင်တစားရှိရမည်ဖြစ်သည်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကားကြားပါစေ။” ဤဆိုလိုချက်မှာ ဘုရားသ ခင် သည် သူ၏သမ္မာတရားအားသူ့အသင်းတော်နှင့်သူ၏အစေခံ များအားဖြင့် ပြောသည်ကို သေချာစေခြင်းဖြစ်သည်။ မုတ်သားသင့်စွာပင် ဘုရားသခင် သည် ပေရဂံအသင်းတော်အား “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကားကြားပါစေ။” အကြင်သူသည် အောင်မြင်၏။ဝှက်ထားသော မန္နကို၄င်း၊ ကျောက်ဖြူ လက်ဖွဲ့ကို၄င်း၊ထိုကျောက်ပေါ်အက္ခရာတင်သောနာမသစ်ကို၄င်းထိုသူအား ငါပေးမည်။ထိုကျောက်ကိုရသောသူမှတပါးအဘယ်သူမျှ ထိုနာမကိုမသိနိုင် ရာ”ဟု မိန့် တော်မူ၏။
အကြင်သူသည်အောင်မြင်၏။ဝှက်ထားသောမန္နမုန့်ကိုငါပေးမည် ဆိုသော စကားစုအား အလေးထားပြောပါရစေ။ ဤဆိုလိုချက်မှာ သခင်ဘု ရားအား အမှန်တကယ်စောင့်မျှော်နေကြသူတို့သည် သခင်၏ရန်သူတို့အ ပေါ် အနိုင်ရရမည်ဟုဖြစ်သည်။ ထိုဆိုလိုချက်မှာ သူတို့အနေဖြင့် လောကီ နောက်သို့လိုက်သောသူများအား ဆန့်ကျင်တိုက်ခိုက်ကာ သူတို့ကိုယ်သူတို့ ဤလောက ကိုချစ်သောသူများထံမှ ခွာစေရမည်ဟုဖြစ်သည်။ ဗာလမ် နောက်လိုက်သူများဟုခေါ်ကာဤသူတို့သည် သူတို့၏အပြစ်နှင့် ပြည့်သော လောဘဖြင့် လောကချမ်းသာနောက်သာ လိုက်ကြသည်ဟုမိန့်တော်မူခဲ့ သည်။ 
အသင်းတော်တိုင်းသည် ဘုရားသခင်၏အသင်းတော် မဟုတ်ပေ။ ယနေ့များစွာ သောအသင်းတော်၏ ခေါင်းဆောင်များက ယေရှုသည် ဘု ရားသခင်၏သားအဖြစ် လက်ခံကြသည်။ သို့သော်သူသည်ဘုရားဖြစ် ကြောင်းကိုမူ သူတို့မယုံကြည်ကြပေ။ ယေရှုသည် ဤလောကကို ဖန်ဆင်း ခဲ့ကြောင်း မယုံကြည်ကြသူများစွာရှိ၏။
ထပ်၍ဖြည့်စွက်ပြောဆိုသော် များစွာသောလူတို့သည် ရုပ်ဝတ္တု ကောင်း ကြီးခံစားရေးအတွက်သာ အသင်းတော်သို့လာကြ၏။ များစွာ သောအသင်းတော်၏ဦးဆောင်သူတို့သည် ငွေပို၍များစွာပေးပါက ကောင်း ကြီးပို၍ခံစားမည်ဟုပြောကြသည်။ ထိုကဲ့သို့သောမှားယွင်းသည့် သင်ကြား မှုဖြင့် လှည့်ဖြားခံရပြီး များစွာသောယုံကြည်သူတို့သည် အသင်းတော်သို့ သူတို့ပေးသောငွေကြေးပမာဏသည် သူတို့ယုံကြည်ခြင်း၏ တုန့်ပြန်မှုဖြစ် သည်ဟု တွေးထင်ကြ၏။ အလှူငွေပေးခြင်း ဘုရားကျောင်းပုံမှန်တက်ခြင်း များစွာသောသူတို့သည် သစ္စာရှိသောယုံကြည်သူများအဖြစ် သက်သေပြခံ ရကြ၏။ထို့အပြင်အချို့သောသူများသည် အသင်းတော်တွင်း ခေါင်းဆောင် နေရာပင်ပေးခြင်း ခံရခဲ့ကြသည်။ သူတို့၏ များစွာသောလှူဒါန်းခြင်း အ သင်းတော်စည်းဝေးပွဲများတွင် ပုံမှန်တက်ခြင်းအတွက် အသင်းတော် (သို့) အသင်းလူကြီး အဖြစ်သို့ပင် ရွေးချယ်ထားခြင်းခံကြရ၏။ ဤအရာတို့သည် ကျွန်ုပ်တို့အားလုံးက ချိုးပျက်ရမည့် ဗာလမ်၏လမ်းစဉ်များဖြစ်သည်။ 
ကျွန်ုပ်တို့သည် ထိုသို့ဆိုသော် ယုံကြည်ခြင်းမျိုးကို ဆန့်ကျင် တိုက်ခိုက်ရမည့်ဖြစ်သည်။ အကယ်၍သင်သည် အမှန်ပင်ဝှက်ထားသော မန္နနှင့်စလိုပါက သင်၏အသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ် တော်အား အမှန်တကယ်လိုက်လျှောက်ခြင်းရှိမရှိကို တွေးတောဆင်ခြင်ရ မည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့်သာသင်သည် ရေနှင့်ဝိညာဉ် တော်၏သမ္မာတရား စစ်မှန်သောနှုတ်ကပတ်တော်ဖြင့် ဝနေမည်ဖြစ်သည်။ 
ရေနှင့်ဝိညာဉ်တော် နှုတ်ကပတ်တော်များဖြစ်သည့် ဝှက်ထား သော မန္နမုန့်အားစားခြင်းအားဖြင့်သာ သင်သည် ဒုတိယအကြိမ်မွေးဖွား ခြင်းဖြစ်နိုင်ပြီး ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးမှသာ သင်သည် ဘုရားသ ခင်ပေးသည့် သမ္မာတရားများဖြင့်ဝနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ် ကပတ်တော်အား ကြားနာခြင်း၊ ကြည့်ရှုခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း၌ ဝေငှခြင်းဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ မည်သို့ဖြစ်ကြောင်း ဆွေးနွေးနိုင်မည်ဖြစ်သည်။ 
အကယ်၍သင်သည် အမှန်ပင် ဘုရားသခင်၏ ချီဆောင်ခြင်းခံလို ပါက သင်အမှန်တကယ်ပင် ဒုတိယအကြိမ်မွေးဖွားခြင်းခံလိုပါက အမည် ခံသာဖြစ်သည့် အသင်းတော်တွင် တက်နေခြင်းသည် ရှုးသွပ်မှုတစ်ခု သက်သက်သာဖြစ်သည်။ ဘုရားသခင်၏အသင်းတော် မဟုတ်သည့်နေရာ တွင် တက်နေခြင်းဖြင့် သင်သည် မည်သည့်အခါမျှ စစ်မှန်သောစကား များကိုရမည်မဟုတ်ပေ။ နှစ်ပေါင်းတစ်ရာ နှစ်ပေါင်းတစ်ထောင်ထို့ထက် ပင်ပို၍ သင်သည် ဘုရားကျောင်းတက်နေခဲ့ပေမည်။ သို့သော် သင်၏ကယ် တင်ခြင်းရရန် မည်သည့်အရာမှ မှန်ကန်စွာဖြစ်လာမည်မဟုတ်ပေ။ 
ထိုသို့သောသူများသည် ယုံကြည်ခြင်းဖြင့် ဒုတိယအကြိမ်မွေးဖွား ခြင်းမျိုးမဖြစ်နိုင်သည်သာမက ပထမလိုအပ်ချက်ဖြစ်သည့် ဒုတိယအကြိမ် မွေးဖွားခံခြင်းမရှိဘဲ မိုက်မဲသည့် ရေးသားမှုများဖြစ်သည့် မှားယွင်းသောချီ ဆောင်ခြင်းနေ့ရက်ကို ရေးကာအဆုံးသတ်ရမည်ဖြစ်သည်။ ဤသို့သောယုံ ကြည်ခြင်းသည် မှားယွင်း၏။ သင်သည်မျှ စိတ်အားထက်သန်စွာဖြင့် သခင် ပြန်လာမည့်ရက်ကို မျှော်နေပါစေ။ သင်၏စိတ်နှလုံး၌ သခင်ယေရှုအား အမှန်တကယ်ချစ်နေပါစေ။သင်၏အသက်တာအားယေရှုအတွက် ပေးအပ် နိုင်သည်ဖြစ်စေ။ ဤအရာအားလုံးတို့သည် အရာထင်ခြင်းရှိမည်မဟုတ် ပေ။ ထိုသို့သောလူများသည် သခင်ဘုရားကို တွေ့ရမည်မဟုတ်ပေ။ သူတို့ ၏ ဘုရားသခင်ပေါ်ချစ်ခြင်းသည် တောင်းဆိုခြင်းမရှိသည့် ချစ်ခြင်းအဖြစ် အဆုံးသတ်မည်ဖြစ်သည်။ 
ထို့ကြောင့် ဘုရားသခင်သည် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးအား“အကြင်သူသည်အောင်မြင်၏ထိုသူအားဝှက်ထားသော မန္နကို ပေးမည်”ဟု ပြောခြင်းဖြစ်၏။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော် အား ကြိုးစားရုန်းကန်မှုမရှိဘဲ ရရှိရန်မဖြစ်နိုင်ဟု ကျွန်ုပ်တို့အား မိန့် တော်မူခဲ့၏။အကယ်၍ကျွန်ုပ်တို့သည်လိမ်ညာသူများအားတိုက်ခိုက်အောင် မြင်ခြင်းမရှိပါက အသက်စကားများဖြစ်သည့် ဝှက်ထားသောမန္နကို စား သုံးနိုင်ခြင်း ရှိမည်မဟုတ်ပေ။ သင်မည်မျှပင် ဘုရားကျောင်းအား သစ္စာရှိ စွာတက်ခဲ့စေကာမူသင်သည် သမ္မာတရားကိုမသိပါကသင်ဤမျှထိသိခဲ့ သောအရာအား လုံးတို့သည် လိမ်ညာမှုများသာ ဖြစ်သည်။ သင်သည် ထိုလိမ်ညာခြင်းများအား သင်၏ သမ္မာတရားကို ရှာဖွေရာ၌ တိုက်ခိုက် အောင်မြင်ကျော်လွှားပြေးထွက်သင့်သည်။သင်သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုဟောကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သက်သေခံ သည့် အသင်းတော်အားဖြင့် သင်သည် ဤသမ္မာတရားကိုတွေ့ခဲ့ပါက သင်သည် အသက်မန္နကိုစားနိုင် မည်ဖြစ်သည်။ 
ကျွန်ုပ်တို့၌ ရေနှင့်ဝိညာဉ်တော် သမ္မာတရားသတင်းကောင်းကို လက်ခံရန်မည်သည့်အရာကမျှတားဆီးထားခြင်းမရှိပေ။ ဤရေနှင့်ဝိညာဉ် တော် သတင်းကောင်းကို ဟောပြောကာနာခံသူတို့၏စိတ်နှလုံးသည် တစ် ညီတစ်ညွတ်တည်းဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ စိတ် နှလုံး၌ ကိန်းဝပ်နေ၏။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားကတိတော်ပေးထားသည်မှာ သူသည် အောင်မြင် သောသူအားဝှက်ထားသောမန္နကိုပေးမည်ဟုဖြစ် သည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့သည် စာတန် အားဆန့်ကျင်တိုက်ခိုက်ရာတွင် အောင်မြင်ကျော်လွှားသင့်ကာ လိမ်ညာသူအား ဆန့်ကျင်တိုက်ခိုက်ကာ အောင်မြင်ရမည် ဖြစ်သည်။ အကယ်၍ သင်ထာဝရအသက်ကို အလိုရှိပါက သင်သည်အမှန်ပင်ဒုတိယအကြိမ်မွေးဖွားခြင်းခံရမည်ဖြစ်ကာ အကယ်၍ သင်သည် ဘုရားသခင်အားဖြင့် ချီဆောင်ခြင်းခံလိုပါက သင်၌မှန်သောယုံ ကြည်ခြင်းရှိရ မည်ဖြစ်သည်။ သင်သည် ဤလောက၏လိမ်ညာသူတို့အား ကြိုးစား တိုက်ခိုက်အောင်မြင်ကာ ခရစ်ယာန်လောကအတွင်း၌ တွေ့ရ သည့် လိမ်ညာသူများကိုလည်း တိုက်ခိုက်အောင်မြင်ရမည်ဖြစ်သည်။ 
သင်၏ယုံကြည်ခြင်းသည်တစ်ဘက်မှတစ်ဘက်သို့တွေဝေမှုဖြင့်ယိမ်းယိုင်ကာရေမျက်မှောက်ကာလ၌ ဖြစ်သည့်အရာများပေါ်ပြောင်းလဲ တတ်သော ယုံကြည်ခြင်းမျိုးမဖြစ်သင့်ပေ။ အကယ်၍သင်၏ အသင်းတော် သည် နှုတ်ကပတ်တရားတော်အား ထိုအတိုင်းမဟောပြောပါက ထိုကဲ့သို့ သော အသင်းတော်၌ တက်ခြင်းကိုသင်ရပ်သင့်သည် သမ္မာတရားကို ချစ် သောသူ၏နှလုံးသား၌သာ ဘုရားသခင်သည် သူ၏ဝှက်ထားသော မန္နဖြစ် သည်။ ရေနှင့်ဝိညာဉ်တော် သမ္မာတရားအားဖြင့် တွေ့ဆုံမည်ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ကျမ်းစာကျောင်း၌ ပညာသင်ယူစဉ်တွင် အလွန် ကောင်းသောကျောင်းသားဖြစ်ခဲ့သည်။ ကျွန်ုပ်ဘယ်သောအခါမျှ အတန်းမ ပျက်ဘဲ ကျွန်ုပ်၏ရမှတ်များသည် အကောင်းဆုံးဖြစ်ခဲ့သည်။ ကျွန်ုပ်သည် လုံးလ ဝီရိယနှင့်သစ္စာရှိစွာလေ့လာခဲ့သည်။ သို့ဖြစ်သည့်တိုင် ကျွန်ုပ်မသိ သည့်အရာများစွာရှိနေသေး၏။အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်သည် ယေရှု နှင့်တွေ့လာသူအား မယုံကြည်မီတွင် ကျွန်ုပ်၏ ဗုဒ္ဒဘာသာဝင်မိသားစု များနှင့် အတူရှိခဲ့သောကြောင့် ထိုအချိန်၌ ကျွန်ုပ်သူ့အပေါ်သိသည့် အရာ များမှာ အလွန်နည်းပါးလှ၏။ ထိုထက်ပို၍ ကျွန်ုပ်၏နှုတ်ကပတ်တ ရား ပေါ်နားလည်နိုင်မှုမရှိသည်က ပို၍ဆိုးဝါး၏။ ထို့ကြောင့်ကျွန်ုပ်သည် သမ္မာ ကျမ်းစာများကို အလွန်ပင်သင်ယူလိုခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်တို့အပေါ် သိလိုသောဆန္ဒငတ်မွတ်ကာ ကျမ်းစာကျောင်းမှ များ စွာသောဆရာများထံ၌ သင်ယူကာသူတို့၏ အဖြေများသည် ကျွန်ုပ်၏ ကျမ်းစာသိလိုစိတ်များပြေမည်ဟုမျှော်လင့်ကာမေးခွန်းများစွာကို မေးခဲ့၏။ 
သို့ဖြစ်သော်ငြားလည်း မည်သူတစ်ဦးတစ်ယောက်မျှ ကျွန်ုပ်အား ရှင်းလင်းသည့် အဖြေမပေးနိုင်ခဲ့ကြပေ။ သူတို့၏ ကျမ်းစာသိကျွမ်း မှုအကြောင်းကျော်ကြားသူများထံတွင်ကျွန်ုပ်မေးခွန်းမေးချိန်တွင် ကျွန်ုပ်၏ မေးခွန်းအားဖြေမည့်အစား ကျွန်ုပ်၏ကျမ်းစာအသိဉာဏ်ကိုသာ ချီးမွမ်း တတ်ကြ၏။ ကျမ်းစာကျောင်းများ၌ ဆရာတို့သည် နှုတ်ကပတ်တရားကို မဟောပြောဘဲ သူတို့၏ကျမ်းစာအပေါ်၌ ထားရှိသောသီအိုရီများကိုသာ သင်ပေးကြသည်။ သို့သော် သူတို့၏ဓမ္မဟောင်းကျမ်းသီအိုလိုဂျီနှင့် ဓမ္မသစ် ကျမ်းသီအိုလိုဂျီ၊Systematic Theology မှ History of Christianity, Calvinism မှ Arminianism, Christologyမှ Hneumatology, Introductory Studies မှ Detailed Exposition စသည့် သီအိုရီများသည် လူတို့၏အတွေးမှထွက်လာသည့်အရာများဖြစ်သည်။ ထိုသူတို့သည်ကျမ်း တတ် ပုဂ္ဂိုလ်များဖွဲ့ထားသည့် ခြားနားသောသီအိုရီများ ကိုသာသင်ပေးကာ သင်၏လောကီပညာရေးလေ့လာရာတွင် အမျိုးမျိုးသော ဖြစ်နိုင်ခြေအမြင် များဖြင့် လေ့လာသည့် အတွေ့အကြုံနှင့်မခြားနားပေ။ 
ကျွန်ုပ်သည် ကျမ်းစာကိုမသိခဲ့သောသူတစ်ဦးဖြစ်ခဲ့၏။ ကျွန်ုပ်၏ ပညာသင်သည့်အချိန်မည်မျှပင်ကြာညောင်းခဲ့စေ(သို့)ကျွန်ုပ်၏ကျမ်းစာကို ကောင်းစွာသိသည့် အသိပညာအား မည်မျှသောသူကချီးမွမ်းခဲ့သည် ဖြစ်စေ၊ (သို့)ကျွန်ုပ်ကိုယ်တိုင်ပင် ဤအသိဉာဏ်ပေါ်တွင် အခြေခံ၍ တရား ဟောချက်များရှိသည်ဖြစ်စေ။ သမ္မာကျမ်းစာနှင့်သီအိုလျော်ဂျီအား ကျွန်ုပ်ပို လေ့လာလေကျွန်ုပ်၏လမ်းအတွက် ကျွန်ုပ်ပို၍သံသယရှိလာခဲ့သည်။  နောက်ဆုံး၌ ကျွန်ုပ်သည် မိမိကိုယ်ကို သိမြင်လာခဲ့၏။ ကျွန်ုပ်သည် လုံးဝ အသိဉာဏ်မရှိသောသူဖြစ်ပြီး အရာအားလုံးတို့အား အစမှပြန်လည်ကြိုး စားရန်လိုလာသည်ဟု သိမြင်လာ၏။ ထို့ကြောင့် ကျွန်ုပ်သည် အခန်း ထဲတွင် ကိုးယိုးကားယားနှင့် စိမ်းသည့်မေးခွန်းများကို စတင်မေးခဲ့သည်။ ထိုအထဲမှတစ်ခုသည် ဤအရာဖြစ်၏။ ယေရှုအဘယ်ကြောင့်ဗတ္တိဇံခံခဲ့ပါ သနည်း။ ကျွန်ုပ်သည် ဤမေးခွန်းအတွက် ဘယ်သောအခါမျှရှင်းလင်း သည့်အဖြေမရခဲ့ပေ။ အဘယ်သူကမျှ ယေရှုသည် ဗတ္တိဇံဆရာယောဟန် အားဖြင့် ယော်ဒန်မြစ်၌ဗတ္တိဇံခံခဲ့သည်မှာ ကျွန်ုပ်တို့၏ အပြစ်အားလုံး တို့အားသူ၏ခန္ဓာကိုယ်ပေါ်တွင်ဝေရန်ဖြစ်သည် ဆိုသောအဖြေမှန်ကိုမည် သူ မျှ မပေးနိုင်ခဲ့ပေ။ 
ကျွန်ုပ်တွင် ယေရှုပြုခဲ့သည့် နိမိတ်လက္ခဏာများပေါ်တွင်လည်း မေးခွန်းရှိခဲ့၏။ ထိုထဲမှတစ်ခုမှာ ယေရှုသည် လူငါးထောင်ကျော်အား ငါး နှစ်ကောင်နှင့်မုန့်ငါးလုံးဖြင့် ကျွေးခဲ့သည်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်မေးခဲ့သည်မှာ “ယေရှုသည် မုန့်ငါးလုံးနှင့်ငါးနှစ် ကောင်အားကောင်း ကြီးပေးသောအချိန်တွင်ထိုနေရာများသည်တစ်ကြိမ်တည်းဖြင့်အပုံပုံလိုက် ဖြစ်သွားခြင်းပေးလော့ (သို့) အစာအားတစ်ဦးခြင်းစီဝေငှနေချိန်တွင်သာ ပွားများနေခဲ့ခြင်းလောဟုဖြစ်သည်။ မကြာခင်ကပင် ကျွန်ုပ်တို့သည် ထို သို့သောမေးခွန်းများ မေးခြင်းအတွက် ဆူပူကြိမ်းမောင်းခံခဲ့ရသည်။ 
ဤနည်းဖြင့် ကျွန်ုပ်သဘောပေါက်နားလည်လာသည်မှာ “သီအို လိုဂျီဆိုသည်မှာ ဤကဲ့သို့ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြင်သစ်နိုင်ငံသား Calvin၏စနစ်တကျပြု ထားသည့် သီအိုရီများကိုသာလေ့လာခြင်းဖြစ်ပြီ။ ကျွန်ုပ်တို့သည် ကျမ်းစာ၏အရာဘာမျှမသိဟုပင်`` ထို့ကြောင့် ကျွန်ုပ်သည် အသင်းတော်များစွာမှ ထုပ်ဝေသည့်စာအုပ်များကို ကျမ်းစာနှင့် နှိုင်းယှဉ် ခြင်းဖြင့် ကျွန်ုပ်၏ကျယ်ပြောသည့် လော့လာစူးစမ်းမှုကို စတင်ခဲ့သည်။ သို့ တိုင်ကျွန်ုပ် မည်သည့် အရာမျှမရရှိခဲ့ပေ။ 
လူတို့သည် ယေရှုအားယုံကြည်ချိန်တွင် သူတို့၏ နေ့စဉ်နောင်တ နှင့်ဆိုင်သောဆုတောင်းခြင်းများဖြင့်အပြစ်များသည် တဖြည်းဖြည်းပျောက် ကွယ်ကာသူတို့သေသောအခါ၌ လုံးဝအပြစ်ကင်းခြင်းသို့ ရောက်ပြီးနောက် ဆုံး၌ ကောင်းကင်သို့ဝင်သည်ဆိုသောတူညီသည့် နိဂုံးသို့သာ အားလုံး ရောက်ခဲ့ကြ၏။ အသင်းတော်ခြားနားခြင်းအကြောင်းမဟုတ်ပါဘဲအားလုံး အတွက် တူညီသောအဆုံးသတ်မှာ ခရစ်ယာန်တို့အား နောင်တနှင့်ဆိုင် သောဆုတောင်းခြင်းမျိုးနှင့်ဆင့်ကဲသန့်ရှင်းစင်ကြယ်စေခြင်းစသည့် ဘုရား သခင်၏နှုတ်ကပတ်တော်နှင့် မည်မျှမပတ်သက်သည့် အရာများသာဖြစ် သည်။ ဤဖေါ်ပြချက်အားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြော လိုသည့်အရာများမှလွှဲသွားခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ဘုရား သခင်ထံသို့ ဒူးထောက်ကာ သူ၏သမ္မာတရားကို ရှာဖွေမေးမြန်းခဲ့သည်။ 
ဤရာသည် ဘုရားသခင်ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို သင်ကြားပေးနိုင်ချိန်၌ဖြစ်သည်။ ဤသမ္မာတရားသည် သာ ကျွန်ုပ်အား အံ့အားသင့်စေခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် ကျမ်းစာ(၆၆)အုပ်လုံးတွင်တွေ့ရကြောင်း ကျွန်ုပ်သဘော ပေါက်လာသောအခါတွင် ကျွန်ုပ်၏ကန်းခဲ့သောမျက်လုံးများသည် ကျမ်း စာ၏ စကားလုံးများအား ရှင်းလင်းစွာတွေ့မြင်လာခဲ့သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းမည်သို့ အတူတကွ ဆက်နွယ်နေသည်ကို ကျွန်ုပ်တွေ့မြင် လာနိုင်ပြီး ကျွန်ုပ်ဤသမ္မာတရားကိုတွေ့ ရှိချိန်တွင် သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်၏နှလုံးသား၌ ကျိန်းဝပ်လာခဲ့၏။ ဤသမ္မာ စကား များအားနားလည်သဘောပေါက်လာသောအချိန်တွင်ဘုရားသခင်၏ အံသြ ဖွယ်ကောင်းသည့် ချစ်ခြင်းမေတ္တာနှင့်ကျေးဇူးတော်၌ ကျွန်ုပ်၏ စိတ်နှလုံး တွင် ဒုက္ခပေးတွယ်ကပ်နေခဲ့သည့် အပြစ်များသည် လုံးဝပျောက်ကွယ် သွားခဲ့၏။
တည်ငြိမ်နေသော ရေမျက်နှာပြင်အား သေးငယ်သောကျောက် ပစ်ချချိန်တွင် လှိုင်းများဖြစ်လာသကဲ့သို့ အလင်းနှင့်ဝမ်းမြောက်ခြင်းတို့ ကျွန်ု၏စိတ်နှလုံးသားထဲ၌ ဝင်ရောက်လာခဲ့သည်။ အလင်းအားဖြင့် ကျွန်ုပ် ဆိုလိုသည်မှာ ကျွန်ုပ်သည် နှုတ်ကပတ်တော်သမ္မာတရားသည် မည်သည့် အရာဖြစ်ကြောင်းသိလာခဲ့သည်ဟုပင်ဖြစ်လေသည်။ ဤအသိတရားဝင် လာသည့် အချိန်လေးတွင်ပင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်၏ နှလုံးသားထဲသို့ တိုးဝင်လာကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွှန်ုပ် သည် ကျမ်းစာ၏စကားများကို ရှင်းလင်းစွာသိမြင်လာခဲ့သည်။ ဤအဖြစ် အပျက်ပြီးနောက်ပိုင်းမှစ၍ကျွန်ုပ်သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ဆက်လက်ဟောပြောနေခဲ့သည်။ 
ယနေ့ထိတိုင်ပင်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကျွန်ုပ် ၏နှလုံးသားအားတည်ငြိမ်စေပြီး နှစ်သိမ့်ခွန်အားပေးကာ ကျွန်ုပ်၏နှလုံး သားကို အမြဲသန့်ရှင်းစေပါသည်။ 
ဤနည်းဖြင့် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ကြီးပြင်းခဲ့သည်။ နှုတ်ကပတ်တရားတော်၌ ကျွန်ုပ်တည်နေသောအခါ ထိုအဓိပ္ပါယ်အားနားလည်ခြင်းနှင့်အတူ ကျွန်ုပ်နှလုံးသား၌ ကောင်းကြီးမင်္ဂ လာနှင့်ပြည့်လာခဲ့သည်။ ကျွန်ုနှလုံးသားပြောင်းလဲကာ ဤကျေးဇူးတော် မြစ်၌ စတင်ကူးခတ်လာနိုင်ခဲ့သည်။ ကျွန်ုပ်၏နှလုံးသားသည် ကောင်းကြီး မင်္ဂလာဖြင့် ပြည့်နေသကဲ့သို့ပင် သူ၏ဒုတိယအကြိမ်မွေးဖွားခြင်းခံသည့် နှုတ်ကပတ်တော်သည်လည်း သင့်အားသူ၏ကျေးဇူးနှင့် ကောင်းကြီးမင်္ဂ လာသယ်ဆောင်လာမည်ဖြစ်သည်။ 
ကျွန်ုပ်ကျမ်းစာအားဖြင့်ကား နှုတ်ကပတ်တရား၌ တည်နေချိန် တွင် ကျွန်ုပ်၏စိုးရိမ်မှုများနှင့် မတည်ငြိမ်သည့်အတွေးများပျောက်ကွယ် ကာ ထိုအရာများအစားကျွန်ုပ်နှလုံးသား၌ ဝမ်းမြောက်ငြိမ်သက်ခြင်းများ နှင့် ပြည့်နေခဲ့၏။ ကျမ်းစာနှင့်ပတ်သက်သည့်မေးခွန်းရှိသမျှ ကျွန်ုပ်သည် ဘုရား သခင်၏ နှုတ်ကပတ်တော်တရားသည် မည်သည့်အရာဖြစ်ကြောင်း အဖြေပေး နိုင်ခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသိခြင်းအား ဖြင့်သာ တစ်ဦးတစ်ယောက်သည် နှုတ်ကပတ်တော်အားဖြင့် ကြီးပြင်းနိုင် ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့်သာတစ်ဦးတစ်ယောက် သည်ဒုတိယအကြိမ် မွေးဖွားခြင်းရနိုင်ခဲ့သည်။ ဒုတိယအကြိမ် မွေးဖွားခြင်း ခံပြီးသူတို့၏နှလုံးသား၌ အပြစ်မရှိတော့သောကြောင့် သခင်ဘုရား ဤ လောကသို့ကြွလာမည့်အချိန်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ထိုသူတို့ သည် သခင်ဘုရား သူတို့အားလေထဲ၌ မြှင့်တင်မည့်အချိန်အတွက် အဆင် သင့်ဖြစ်နေကြ၏။
 
 
ကျွန်ုပ်တို့အား ချီဆောင်ခြင်းသို့ ပို့နိုင်သော ယုံကြည်ခြင်း
 
ချီဆောင်ခြင်းဆိုသည်မှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သိလျှက်ယုံကြည်ပြီးနောက် ကျွန်ုပ်တို့၏ရွေးဝယ်ခြင်းခံပြီးနောက်တွင်သာ မျှော်လင့်သောအရာဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့စောင့်မျှော်ချိန်တွင် ဘုရားသခင်သတ်မှတ်ထားသည့် အချိန်ကိုသိကာ စောင့်မျှော်သင့်ပေ၏။ ဘုရားသခင်ထားသည့် ခေတ်ကြီးခုနစ်ခုရှိကာ ထိုထဲမှ မာတုရခံရမည့် ခေတ်မှာမြင်းမွဲခေတ်ဖြစ်သည်။ မြင်းမွဲခေတ်သည် ဘုရားသခင်သတ်မှတ် ထားသည့် ခေတ်ကြီးခုနစ်ခုတွင်းမှ စတုတ္တခေတ်ဖြစ်သည်။ အခြားတစ် ဖက်၌ ကျွန်ုပ်တို့ယခုအသက်ရှင် နေထိုင်သောခေတ်သည် မြင်းနက်ခေတ် ဖြစ်သည်။ 
ကျွန်ုပ်တို့ မြင့်မားသောတောင်များတက်ချိန်တွင် မြေပုံကိုအား ကိုးတတ်ကြသည်။ သို့သော် ကျွန်ုပ်တို့၏ ခရီးစဉ်အား ဤမြေပုံကိုအသုံးပြု လျှက် ဘေးကင်း၍တိကျစွာရောက်လိုပါက ကျွန်ုပ်တို့မည်သည့်နေရာတွင် ရှိနေကြောင်း ပထမဦးစွာသိထားရမည်ဖြစ်သည်။ သင်သည် မြေပုံလေ့လာ ရာတွင် မည်မျှမြန်ဆန်နေပါစေ (သို့) မြေပုံသည် မည်မျှပင်မှန်ကန် နေပါ စေ သင်မည်သည့်နေရာတွင်ရှိနေကြောင်း သင်မသိပါက မြေပုံသည် အသုံး ဝင်ခြင်း မရှိပေ။သင်၏တည်နေရာကိုသိမှသာလျှင်သင်၏ခရီးစဉ်အား ဘေး ကင်းစွာဖြင့် ရောက်ရှိ နိုင်မည်ဖြစ်သည်။ 
ထိုနည်းလည်းကောင်းပင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးမှသာလျှင် သင်မည်သည့်အချိန်၌ ချီဆောင်ခြင်းခံရမည်ကိုသိနိုင်မည်ဖြစ်သည်။ကျမ်းစကားအားဖြင့်ချီဆောင် ခြင်းဖြစ်မည့်အချိန်သည် သုံးနှစ်ခွဲကာလဘေးဒါဏ်ကြီးတွင် နေပြီးနောက် ခုနစ်နှစ်ကာလ၏အလည်တည့်တည့်ရောက်ပြီးသည့်ချိန်၌ဖြစ်သည်။ ဤ သည် ဘုရားသခင်စင်္ကြဝဠာကို ဖန်ဆင်းထားစဉ်က ခရစ်တော်၌စီမံထား သည့်အရာ ဖြစ်သည်။ 
ဘုရားသခင်၏ယေရှုခရစ်၌ ထားသောကယ်တင်ခြင်း စီမံကိန်း အတွက်သာသူသည် တပါးတည်းသောသားတော်ကို စွန့်ကာ ဗတ္တိဇံခံစေပြီး ကားတိုင်ပေါ်တွင်သက်ကာသေခြင်းမှရှင်ပြန်ထမြောက်စေခြင်းသက်သက် မဟုတ်။သူသည် စင်္ကြဝဠာတစ်ခုလုံးအတွက် သူ၏ဘေးဒါဏ်ကြီးခုနစ်ခု ဖြင့် ဖန်ဆင်းခြင်းမှအဆုံးသတ်ထိတိုင်စီမံထားပြီးဖြစ်သည်။ ကျွန်ုပ်တို့ အဆောက်အဦးမဆောက်မီနှင့် စီပွားရေးမပြုမီတွင် စီမံကိန်းထားရှိပြီးဖြစ် ကာပို၍ ကောင်းမွန်စေလို၍ ကျွန်ုပ်တို့နှင့်လက်တွဲလုပ်ကိုင်မည့်သူများနှင့် တစ်ရက်အတွင်း မည်မျှပြုမည်ကိုပင် ကြိုတင်စီမံကိန်းစွဲတတ်ကြ၏။ ထို သို့ဆိုသော် ဘုရားသခင်သည် စင်္ကြဝဠာနှင့် သင်နှင့်ကျွန်ုပ်တို့ကဲ့သို့ လူတို့ ကိုဖန်ဆင်းချိန်တွင် အစီအမံတစ်ခုမျှမရှိဘဲ ဖန်ဆင်းပါမည်လော။ မ ဟုတ်ပေ။ သူသည် ကျွန်ုပ်တို့အား စီမံကိန်းဖြင့် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ 
ဤစီမံကိန်းသည် ဗျာဒိတ်ကျမ်း၌ ရှင်းလင်းစွာဖေါ်ပြထားပါ သည်။ ကျွန်ုပ်တို့ဤစကားလုံးများကိုဖွင့်ကာ ထိုနေရာ၌တည်နေပါက ဘုရားသခင်၏စီမံချက်မှာ မည်သည့်အရာဖြစ်ကြောင်း ကျွန်ုပ်တို့ တိကျစွာ သိမြင်လာ၏။ဤနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၏။ ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် နှစ်ပေါင်းများစွာကြာညောင်းခဲ့ပြီဖြစ်သော် လည်းတက်တည်းခြင်း နှုတ်ယူခြင်းမရှိမပြောင်းလဲနှင့် တည်နေသောအရာ ဖြစ်သည်။ ဤအရာကိုမသိသူနှင့် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယ အကြိမ်မွေးဖွားခြင်းမခံသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဖြင့်ဖေါ်ပြသည့် သမ္မာတရားအား မသိကျိုးကျွန်ပြုကြ၏။ သို့သော် နှုတ် ကပတ်တော်၌ တည်သောသူများသာလျှင် ကျမ်းစာ၌ ဖေါ်ပြသည့် သမ္မာ တရားကို သဘောပေါက်ရှာဖွေ တွေ့ရှိနိုင်မည်ဖြစ်သည်။ 
ဘုရားသခင်သည် အောင်မြင်သောသူအား ဝှက်ထားသောသူ သည် သူ၏နှုတ်ကပတ်တော်အား သူ၏သမ္မာတရားကို သိကာလိမ်ညာ သောသူတို့အား အောင်မြင်ပြီး အမှားနှင့် အမှန်ကိုပိုင်းခြားတတ်သောသူ များ၌သာ အလင်းကိုပေးမည်ဟုဖြစ်၏။ လှည့်ဖြားမှုများမှ ပြေးရှောင်ကာ သမ္မာတရားကိုတွေ့သောသူများသည် ဤလိမ်ညာမှုအား သမ္မာတရား ကို ဟောပြောခြင်းဖြင့်အောင်မြင်နိုင်မည်ဖြစ်သည်။ဘုရားသခင်ကျွန်ုပ်တို့အား ကတိတော်ထားသည်မှာ သူသည် သတင်းကောင်းကို ယုံကြည်သူ တို့အား မန္နမုန့်ကိုစားရသောကောင်းကြီးကိုပေးမည်ဟုဖြစ်သည်။ “အကြင်သူသည် အောင်မြင်၏ ဝှက်ထားသောမန္န္နကို၄င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၄င်း၊ ထို ကျောက်ပေါ်၌အက္ခရာ တင်သောနာမသစ်ကို၄င်း၊ ထိုသူအားငါပေးမည်။ ထိုကျောက်ကိုရသောသူမှ တပါး အဘယ်သူမှ ထိုနာမကိုမသိနိုင်ရာ။`` 
ဤနေရာ၌ဝှက်ထားသော မန္နဆိုသည်မှာ ဘုရားသခင်၏နှုတ်က ပတ်တော်ဖြစ်သည်။ အခြားတစ်ဖက်၌ ကျောက်ဖြူဆိုသည်မှာ ကျွန်ုပ်တို့ ၏အမည်နာမသည် အသက်စာစောင်တွင်ရေးထားမည်ကို ဆိုလိုခြင်းဖြစ် သည်။ဘုရားသခင်ပေးထားသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား လူတို့ယုံကြည်ချိန်တွင် သူတို့၏နှလုံးသားသည် ပြောင်းလဲခြင်း သို့ရောက် ၏။ သူတို့၏နှလုံးသား၌သန့်ရှင်းသောဝိညာဉ်တော်၏စကားများနှင့်ပြည့် ခြင်းဖြင့် နှုတ်ကပတ်တော်အား ယုံကြည်ခြင်းအားဖြင့်သာ သူတို့၏နှလုံး သား၌ရှိသောအပြစ်အားလုံးတို့သည် သန့်ရှင်းခြင်းသို့ရောက်ရသည်ဟုသိ မြင်လာကြသည်။ ထို့ကြောင့် ရေနှင့်ဝိညာဉ် တော်ဖြင့် သန့်ရှင်းစေပြီး နောက် သူတို့၏နာမများသည် ကျောက်ဖြူ၌ရေးထားခြင်းခံရ၏။ 
သခင်ဘုရား ကျွန်ုပ်တို့အား မိန့်တော်မူသည်မှာ လက်ခံသောသူမှ လွှဲ၍ မည်သူမျှဤနာမသစ်ကိုမသိကြဟုဖြစ်သည်။ အပြစ်များအားလုံးခွင့် လွှတ်ခြင်းခံပြီးသူများသဘောပေါက်ထားရမည်မှာသူတို့၏နှလုံးသား၌ မည် သည့် အပြစ်မျှကြွင်းကျန်ခြင်းမရှိတော့ဘဲ သူတို့၏နာမများသည် အသက် စာစောင်တွင်ရေးထားပြီးဖြစ်ကြောင်းပင်။ အခြားစကားလုံးဖြင့်ဆိုသော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် သူတို့၏အပြစ်အားလုံးကို သယ် ဆောင်သွားခဲ့ကြောင်းကို သူတို့သိလာကြ၏။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားသိခြင်းဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံသူတို့သာလျှင် သခင် ဘုရားနှင့်သမ္မာတရားကို သိနိုင်ကြ၏။ ဒုတိယအကြိမ်မွေးဖွားခြင်းခံယူသင့် ကြောင်းကို မသိကြပေ။ သို့သော် ဒုတိယ အကြိမ်မွေးဖွားခြင်းခံပြီးသူတို့က ဤလူတို့သည် ဘုရားသခင်၏မန္နမုန့်ကိုစားရန် လိုသေးကာသူတို့၏ နာမ များသည် ကျောက်ဖြူပေါ်တွင် မရေးသားထားသေးကြောင်း လွယ်ကူစွာခွဲ ခြားသိနိုင်ကြသည်။ 
သင်အမှန်တကယ်ပင် ချီဆောင်ခြင်းခံလိုပါသလား။ အကယ်၍ သင်သည်ချီဆောင်ခြင်းခံလိုပါက မန္န္နမုန့်အားစားနိုင်သည့် အရည်အချင်း ရှိရမည်ဖြစ်သည်။ မန္နအားစားနိုင်သည့် အရည်အချင်းဟု ကျွန်ုပ်ဆိုလိုသည် မှာ သင်သည်ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယ အကြိမ်မွေးဖွားခြင်းခံရ မည်ဟု ဖြစ်သည်။ မန္နမုန့်ဖြင့် အမြဲဆက်လက်စားသုံးနေရန်အတွက် သင် သည် သင်၏ယုံကြည်ခြင်းဖြင့် လိမ်ညာမှုအား ဆန့်ကျင်တိုက်ခိုက်အောင် နိုင်ရမည်ဖြစ်သည်။ မှားယွင်းသောဆရာတို့သည် အပြစ်သားများအတွက် ဘယ်သောအခါမျှရွေးဝယ်ခြင်းကိုသယ်ဆောင်လာခြင်းမရှိဘဲ သူတို့ဝိညာဉ် နှင့် ရုပ်ဝတ္တုပိုင်ဆိုင်မှုအပေါ် ခေါင်းပုံဖြတ်ရန် သာပြုတတ်ကြသည်။ ကျွန်ုပ် တို့သည်ယနေ့ခရစ်ယာန်လောက၏ မှားယွင်းသောအသင်းတော်၊ မှားယွင်း သောပရောဖက်နှင့် မှားယွင်းသောအစေခံတို့ကို ဆန့်ကျင်တိုက်ခိုက်ကြရ မည် ဖြစ်သည်။ 
ကျွှန်ုပ်တို့သည် ကျမ်းစာကိုအခြေခံ၍ ယေရှုကျွန်ုပ်တို့အပြစ်များ အား မည်ကဲ့သို့ သယ်ဆောင်သွားကြောင်း၊ အဘယ်ကြောင့်သူ ဗတ္တိဇံခံခဲ့ ကြောင်းအဘယ်ကြောင့်သူသည်လောက၏အပြစ်များကိုသယ်ဆောင်သွား ကြောင်း အဘယ်ကြောင့်သူသည် ကားတိုင်ပေါ်တွင် အသေခံခဲ့ကြောင်းနှင့် အဘယ်ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ကြောင်းစသည်တို့ကို တိကျ စွာ နားလည်ထားရမည်ဖြစ်သည်။ ယေရှုသည် လူ့ဇာတိခံယူကာ ဤလော ကသို့ အဘယ်ကြောင့်ကြလာပြီး နေထိုင်ခဲ့ကြောင်းနှင့် ယေရှုသည် မည်သူဖြစ်ကြောင်းကို တိကျစွာ သိထားရမည်ဖြစ်သည်။ သို့သော်မှား ယွင်းသော အသင်းတော်တို့သည် ဤသမ္မာတရားကို သင်ကြားပေးရမည့် အစား သူတို့၏အခွင့်အာဏာဖြင့် အသင်းတော်သို့ လာရောက်သူများအား သန့်ရှင်းသူများဟုခေါ်ကြ၏။ ထိုသူတို့သည် သင်ယေရှုကိုယုံကြည်ပါသ လားဟုမေးတတ်ကြ၏။ အကယ်၍ကျွန်ုပ်တို့သည် ချက်ခြင်းပင်ဗတ္တိဇံပေး ကာမျိုးစုံလှသောအလှူငွေများစတင်လက်ခံပါတော့၏။သစ်လွင်တောက်ပ သည့် ခုံများအတွက် အသင်းတော်၏ အဆောက်အဦးသစ်အတွက် စသည် ဖြင့် အလှူငွေတစ်ခုပြီးတစ်ခု စတင်ကောက်ခံလာပါတော့၏။ ဤကဲ့သို့ ငွေကြေးနှင့် သူတို့၏ပို၍တောက်ပကြီးမားသော အသင်းတော် ဆောက်လို သည့် ကာလများစိတ်ထဲတွင် စွဲနေသူများသည် မှားယွင်းသော အသင်း တော်များဖြစ်သည်။ 
ကျွန်ုပ်တို့သည် မန္နမုန့်အား စားသောက်ချိန်တွင် ကျွန်ုပ်တို့သည် မှားယွင်းသော အသင်းတော်နှင့် မှားယွင်းသောသင်ကြားခြင်းများကို ပျံ့နှံ့ စေ သူတို့အားဆန့်ကျင်တိုက်ခိုက် ရမည်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းသူများ မဟုတ်တော့ဘဲသူအားဖြင့်လည်းချီဆောင်ခြင်းခံရမည်မဟုတ်ဟုဆိုလိုခြင်း ဖြစ်သည်။ဘုရားသခင်၏သန့်ရှင်းသောသူအဖြစ်မရှိနေခြင်းသည် ဘုရားသ ခင်၏သားသမီးအဖြစ်ရှိမနေခြင်းနှင့်အတူပင်ဖြစ်သည်။ အကယ်၍ ခရစ် တော်သည် အကြိမ် ၁၀ဝ ခန့်ပြန်လည်ကြွလာမည်ဆိုလျှင်ပင် ကျွန်ုပ်တို့ ဘယ်သော အခါမျှ ချီဆောင်ခြင်းခံနိုင်မည်မဟုတ်ပေ။ 
ရှင်မဿဲခရစ်ဝင်၂၅ ၌ မင်္ဂလာသတို့သမီးတို့၏ ပုံဥပမာကို ကျွန်ုပ် တို့ အားပြော၏။ ငါးဦးသည် ပညာရှိပြီး ကျန်ငါးဦးသည် ပညာမဲ့ကြ၏။ ထိုအရာက မင်္ဂလာဆောင်ရောက်လာ ကြောင်းကြေငြာပြီးမှသာ ဆီဝယ် ရန် ထွက်ခွာသွားသည့် မီးအိမ်ကိုင်ထားသော မိုက်မဲသည့် သတို့သမီး ငါးဦး အကြောင်းပြော၏။ ကျွန်ုပ်တို့သည် ဆီကိုကြိုတင်ပြင်ဆင်ထားသည့် ပညာ ရှိသော သတို့သမီး တို့ကဲ့သို့ ပညာရှိရမည်ဖြစ်သည်။ ဆီမီးပြင်ဆင်ပြီးသော ယုံကြည်ခြင်းမျိုးရှိရမည်ဟု ကျွန်ုပ်ဆိုရာမှာ ယေရှုရှေ၌ ကျွန်ုပ်တို့သည် မန္နမုန့်ကိုစားရန် အရည်အချင်းမီသူများဖြစ်ပြီး လိမ်ညာမှုများကို အောင် မြင်ကာ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယအကြိမ် မွေးဖွားခြင်းခံရ မည်ဟု ဆိုခြင်းဖြစ်သည်။
တရားဟောချက်များ ကျွန်ုပ်တို့ကြားသောအခါတွင် ကျွန်ုပ်တို့ သည်သင်းအုပ်ဆရာကနှုတ်ကပတ်တော်ကိုဟောနေပါသလားဟု ကိုယ်ကို ကိုယ်မေးခွန်းထုတ်ရမည်။ ကျွန်ုပ်တို့အသင်းတော်သည် ဘုရားသခင်အ လိုရှိသည့် အတိုင်းသူ၏ အလှူငွေများအား ဘုရားအလုပ်အတွက် အသုံးပြု နေသလား။ (သို့) အသင်းတော်အတွက်အသုံးပြုနေသလားဟု မေးခွန်း ထုတ်ရမည်ဖြစ်သည်။ အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့သည် စစ် မှန်သောဘုရားသခင်၏အသင်းတော်ကိုရှာဖွေရမည်ဖြစ်သည်။ ဘုရားသ ခင်၏နှုတ်ကပတ်တော်နှင့်သူ၏ သင်ကြားမှုများအား နှုတ်ခမ်းအားဖြင့်သာ အစည်းအဝေးတွင် ပြောတတ်သည့် အသင်းတော်များကို သတိပေးထားပါ။ 
ထိုသူတို့သည် မည်မျှပင်သူတို့၏စကားပြောရာနှင့် နောင်တရခြင်းတွင် တော်နေပါစေ။ သူတို့၏အကျင့်သည်သင့်အား မည်သည့်အတွက် ရပ် တည်နေကြောင်းပြောမည်ဖြစ် သည်။ သူတို့သည်အခြားအရာများထက်ပို ၍ ကြီးမားသောအသင်းတော်အဆောက်အဦးကို ဆောက်ဖို့သာစိတ်ဝင်စား နေသလား။ သူတို့သည်ဆင်းရဲသားများကို မကြည့်ဘဲ ချမ်းသာသူများကို သာ ကြည့်နေပါသလား။သူတို့သည် ပျောက်ဆုံးနေသောဝိညာဉ်များ ကယ် တင်ရန် လုံးဝစိတ်ဝင်စားမှုရှိနေပါရဲ့လားဆိုသည်ကို သိလာ မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်အား နားနှင့်မျက်စိကိုပေးထား၏။ သို့မှသာ သင်သည်ကိုယ်တိုင်တွေ့ကာစီရင်နိုင်မည်ဖြစ်သည်။သင်နိဂုံးသို့ ရောက်ကာ သင်၏အသင်းတော်သည်မှန်ကန်သည့်အသင်းတော်မဟုတ်ဟု သိလာပါက သင်သည်ထိုအသင်းတော်၌ဆက်လက်တက်ရန်ကြိုးစားနေခြင်းသည် ငရဲ သို့သွားရန်ကြိုးစားနေခြင်းနှင့်တူ၏။သင်သည်သင့်အသက်တာအားသင်စွန့် ပယ်နေသ ကဲ့သို့ဖြစ်သည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် မည်မျှကောင်းကြောင်း ကို သင်သဘောပေါက်ပြီလား။ သင်သည် ဤရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြစ်သည့် သမ္မာတရားကိုသိကာ နှလုံးသား၌ လက်ခံလာသော အခါတွင် သင်သည် လုံးဝပင်အသစ်သောပုဂ္ဂိုလ်ဖြစ်လာပါသည်။ ယခင်က ဤလောကကပိုင်သောသူတို့သည် ယခုကောင်းကင်ပိုင် ဆိုင်သာသူများ ဖြစ်လာပြီး နတ်ဆိုး၏နှိပ်စက်ခြင်းခံရသူများသည် ယခုလွတ်လပ်ခြင်းသို့ ရောက်လာကြသည်။ 
နှလုံးသား၌ အပြစ်ရှိသူများထံသို့ နတ်ဆိုးဝင်ရောက်ကာ ဒုက္ခ ပေးနိုင်ပြီး သူတို့သည် သူတို့၏အပြစ်ကြောင့်ချီဆောင်ခြင်းခံထားသူများ ဖြစ်သည်။ သို့သော် သခင်ဘုရားသည် ဤလောကသို့ကြွလာကာ ကျွန်ုပ်တို့ ၏အပြစ်အားလုံးအား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဖြင့်သယ်ဆောင် သွားခဲ့သည်။ သူသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို အဝေးသို့လုံးဝသယ် ဆောင်သွားခဲ့ပြီးဖြစ်သောကြောင့် နတ်ဆိုးသည် ကျွန်ုပ်တို့၏ ဝိညာဉ်အား ခိုးယူဒုက္ခပေးနိုင်ခြင်းမရှိတော့ပေ။ ဤအတွက်ကြောင့် သင်ဤသတင်း ကောင်းကို သိကာယုံကြည်ချိန်တွင် နတ်ဆိုးတို့သည် မောင်းထုတ်ခြင်း ခံရပြီး သင်၏အသက်တာသည် ပြောင်းလဲသွား၏။
အခြားစကားလုံးဖြင့်ဆိုသော် လောက၏ကျွန်ဖြစ်ခဲ့သောသူတို့ သည် ဤကျွန်ဘဝမှ လွတ်မြောက်ခြင်းသို့ရောက်လါပါသည်။ ဘုရားသခင် သည် အပြစ်သားတို့အား ဖြေင့်မတ်သူများအဖြစ်သို့ ရောက်စေကာ လော က၏လူတို့အား ကောင်းကင်သားများအဖြစ်သို့ ရောက်စေသည့် အံ့သြ ဖွယ်အမှုကိုပြုခဲ့ကာသခင်ဘုရားပြန်လည်ကြွလာသောအချိန်တွင် သူသည် အားလုံးတို့အား သူ၏နိုင်ငံတော်သို့ချီဆောင်မည်ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဤလောကအသက်တာသည် ကျွန်ုပ်တို့၏အဆုံး သတ်မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အားသူနှင့်သဏ္ဍာန်ဖန်ဆင်း ထားပြီး ဤလောကတွင်အချိန်တာ အတွင်းတွင်သာ အသက်ရှင်ရန်သက် သက်ထားသည်မဟုတ်ပေ။ ခန္ဓာနှင့်အသက်ရှင်ရခြင်းသည် အလွန်တို တောင်းသည်မှာ မှန်ပါ၏။ ကျွန်ုပ်တို့ကျောင်းမှထွက်ကြသောအချိန်တွင် ကျွန်ုပ်တို့သည် အသက် (၂၀) ခန့်သို့ရောက်ကြပြီဖြစ်သည်။ အသက် (၃၀) ခန့်တွင် ကျွန်ုပ်တို့ ဘဝအခြေခံရှိရန် ကြိုးစားကြပြီး ဤအခြေခံအတွက် ကျွန်ုပ်တို့ဆက်လက်တည်ဆောက်ရမည့် အချိန်တွင် ကျွန်ုပ်တို့သည် အ သက် (၄၀) (သို့) (၅၀) သို့ရောက် ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့ အနည်းငယ် အနားယူကာပျော်ရွှင်နိုင်မည်ဟုတွေးချိန်တွင်ကျွန်ုပ်တို့၏အသက်တာသည် ပြီးဆုံးခြင်းသို့ရောက်လာကာနောက်ဆုံးသောအချိန်နှင့် ရင်ဆိုင်ကြရသည်။ ပန်းများနံနက်တွက်ပွင့်ကာနေ့လယ်တွင်နွမ်းခြောက်သွားသကဲ့သို့ကျွန်ုပ်တို့ သည်ဘဝအကြောင်းလွန်ခဲ့ပြီဖြစ်ကြောင်းသိလာကာကျွန်ုပ်တို့သည်နောက် ဆုံးသောအချိန်သို့ နီးကပ်လာ ခဲ့ပြီဖြစ်သည်။ 
အသက်တာသည် ဤမျှပင်တိုတောင်းလှပေ၏။ သို့သော်ပို၍ပင် ကံဆိုးသည်မှာ အချို့သောသူများသည် ဤအသက်တာတိုတောင်းကြောင်း ကို သဘောပေါက်နားလည်းခြင်း မရှိသည့်အချက်ပင်။ ကျွန်ုပ်တို့ခန္ဓာပိုင်း သေခြင်းအသက်တာသည် ဘဝ၏အဆုံးသတ်မဟုတ်ပေ။ ထိုအရာသည် ကျွန်ုပ်တို့ဝိညာဉ်အသက်တာ၏အစသာဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဘုရာသခင်သည် ကျွန်ုပ်တို့၏အပေါ်၌ တိုတောင်းသောအသက်တာ အ တွက်ပေးလျော်သည့် အနေဖြင့် အနှစ်တစ်ထောင်နိုင်ငံကိုသာ ပြင်ဆင်ပေး ထားသည်မဟုတ်။ကျွန်ုပ်တို့ထာဝရအသက်ရှင်နေထိုင်ရန် အတွက်ကောင်း ကင်သစ်နှင့်မြေကြီးသစ်ကို လည်းပြင်ဆင်ထားပြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဘုရားသခင်၏ ထာဝရအသက်တာ ကောင်းကြီးမင်္ဂလာဖြစ်ပြီး သူ၏ရေနှင့် ဝိညာဉ်တော်စကားများ၍ယုံကြည်ကာ ဒုတိယအကြိမ် မွေး ဖွားခြင်းခံခဲ့သူ တို့အတွက်သာဖြစ်၏။
သင်သည် ဝှက်ထားသောမန္နကိုစားကာ သင်၏အမည်နာမသည် ကျောက်ဖြူပေါ်တွင် ရေးထားချိန်မှသာသင်သည် ချီဆောင်ခြင်းခံနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကျွန်ုပ်တို့အား မိန့်တော်မူသည်မှာ သူ၏မန္နမုန့်ဖြင့် ဝသောသူသာလျှင်ဘေးဒါဏ်ကြီးကာလအတွင်း၌ စာတန်အားအောင်နိုင် မည်ဖြစ်ပြီး အောင်မြင်သောသူတို့၏အမည်နာမသာ ကျောက်ဖြူတွင် ရေး ထားမည်ဖြစ်သည်။ ထို့ကြောင့် အောင်မြင်ခြင်းမရှိသူသည် ချီဆောင်ခြင်း အတွက် အိပ်မက်ထဲ၌ပင်မမက်သင့်ဘဲ ဒုတိယအကြိမ်မွေးဖွားခြင်းပင်မရှိ နိုင်မည်မဟုတ်။ 
တန်ဖိုးကြီးသော (သို့) အဖိုးတန်သောအရာတစ်စုံတစ်ခုရရှိရန် အတွက် ကြီးမားသောပေးဆပ်မှုရှိရမည်ဖြစ်သည်။ ရွှေသည်ဥပမာပေးရန် အကောင်းဆုံးဖြစ်သည်။ ကောင်းသောရွှေစင်ကို ရရှိရန်အတွက် အလွန်စွန့် စားပြီးကြိုးစားအားထုတ်မှုများရှိရသည်။ များစွာသောသူတို့သည် အဖိုး တန်သောရွှေစင်ရရှိရန်အတွက် ပင်ပန်းစွာလုပ်ဆောင်ကြရသည်။ ကုန်တင် ကားပြည့်မျှသော မြေကြီးကိုကျင်လျှင်အနည်းငယ်သောရွှေကို ရရှိတတ် သည်။ ထို့အပြင် မြစ်ရှိသည့်နေရာတိုင်းတွင် ရှာဖွေမရနိုင်ပေ။ သင်သည်ရွှေ ရှိနိုင်မည့်မြစ်ကို ဦးစွာ ရှာဖွေရမည်ဖြစ်သည်။ အခြားစကားလုံးဖြင့်ဆိုသော် သင်၏အသက်တာတစ်လျှောက်လုံးတွင်ပင် ကောင်းသောရွှေစင်ကို ရှာဖွေ တွေ့ရန်ခက်ခဲလှသည်။ ထိုသို့ဆိုသော် လူတို့သည် အဘယ်ကြောင့်ရွှေကို တွေ့ရန် အပြင်းအထန်ကြိုးစားကြသနည်း။ ရွှေသည်အဖိုးတန်သည့် အရာဟု သူတို့တွေးထင်ကြသောကြောင့် အသက်ကိုပင်စွန့်စားကာ ရှာဖွေ ကြ၏။ 
သို့ဖြစ်သော်ငြားလည်း ရွှေငွေထက်ပို၍ အဖိုးတန်သည့်အရာမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်သည်ဆိုသည့် အ ချက်ပင်ဖြစ်သည်။ ရွှေသည်သင်၏ခန္နာအတွက် ခဏတာမျှသော ပျှော်ရွှင် မှုအချို့ကို ပေးချင်ပေးနိုင်ပေမည်။ သို့သော်ဘုရားသခင်၏ သားသမီးဖြစ် လာခြင်းသည် သင့်အားမဆုံးနိုင်သည့် ထာဝရဝမ်းမြောက်ခြင်းကို ပေးမည် ဖြစ်သည်။ နောက်ဆုံးသောကာလ၌ ကြွယ်ဝခြင်းနှင့် ဝမ်းမြောက်ရန်၊ အောင်မြင်ခြင်းဖြင့် အနှစ်တစ်ထောင်နိုင်ငံနှင့် ကေင်းကင်သစ်မြေကြီး သစ်၌နေရန်နှင့်ထိုကဲ့သို့ ထာဝရအသက်ဖြင့် နေရန်ချီဆောင်ခြင်းခံရဖို့သင် သည် ဤလောကရှိလိမ်ညာမှုရှိသမျှတို့အား တိုက်ခိုက်ကာ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ပြီး သင်၏ယံကြည်ခြင်းကို ကာကွယ် ကာ သင်၏အောင်မြင်ခြင်း ကိုသေခြာစေပါ။ 
ကျွန်ုပ်တို့၏နှလုံးသားကို လမ်းမှားသို့ပို့ကာ ကျွှန်ုပ်တို့၏ယုံကြည် ခြင်းကိုဆုံးရှုံးစေမည့် ဤလောက၏လိမ်ညာမှုများစွာတို့သည် အမြဲပင် ကျွန်ုပ်တို့အား စောင့်ကြည့်နေကြ၏။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်ကာ နှလုံးသား၌ သမ္မာတရားကိုသိထားသူတို့သည် သူတို့ ၏ယုံကြည်ခြင်းမှာ မည်မျှအဖိုးတန်ကြောင်းကို သိထား၍ ထိုယုံကြည်မှုကို ခိုးယူရန်ကြိုးစားသည့် မှားယွင်းသောသင်ကြားခြင်းမှန်သမျှကို ဆန့်ကျင် တိုက်ခိုက်ကြသည်။ အကယ်၍ကျွန်ုပ်တို့သည် မည်မျှသောလူများ ၌ယုံ ကြည်ခြင်း နောက်သို့လိုက်ပြီး မရရှိနိုင်သည်ကို သဘောပေါက်ပါက အ ကယ်၍ ယုံကြည်ခြင်းကသာလျှင် သိုးသူငယ်၏ မင်္ဂလာဆောင်ပွဲ၌ ကျွန်ုပ် တို့အားလွှမ်းခြုံကာထာဝရအသက်ကောင်းကြီးမင်္ဂလာကိုပေးကြောင်းသိပါ က ကျွန်ုပ်တို့သည် ထိုအရာအားလုံးကို ကျွန်ုပ်တို့အပိုင်ဖြစ်ထားရှိစေကာ အဘယ်သူမျှ ကျွန်ုပ်တို့ထံမှ ယူဆောင်သွားခြင်းမလုပ်နိုင်အောင်ပြုရမည် ဖြစ်သည်။ သူသည် တိုက်ခိုက်ကာ အောင်မြင်သည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်။ 
ကျွန်ုပ်သည် ဗျာဒိတ်ကျမ်းအပေါ် ကောင်းစွာနားလည်သည့်အသိ ဉာဏ်ကို ဖြန့်ဖြူးရန်လိုအပ်သည်ဟု ခံစားလာခဲ့၏။ ထိုအရာကို ရှင်းလင်း သေချာစွာ သိပါက သင်သည် အဖိုးတန်လှသော ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ကောင်းစွာကာကွယ်နိုင်မည်ဖြစ်သည်။ များစွာသော မှားယွင်းသည့် ဆရာတို့သည် ဗျာဒိတ်ကျမ်းစကားများကိုယူကာလူတို့အား လှည့်ဖြားယုံသာမဟုတ်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီသော သန့်ရှင်းသူ များကိုလည်း လိမ်ညာလို၍ဖြစ်သည်။ ဤအတွက်ကြောင့်ပင် ကျွန်ုပ်သည် ဗျာဒိတ်ကျမ်းအား ကျွန်ုပ်၏တရားဟောချက်စာအုပ်များဖြင့် သင်သည် မှန်သောယုံကြည်ခြင်းအသက်တာဖြင့် နောက်ဆုံးသောနေ့ရက်အတွက် ယုံ ကြည်နိုင်ကြောင်း ဟောပြောနေခြင်းဖြစ်သည်။ 
ဗျာဒိတ်ကျမ်းသည်အလွန်ကိုအရေးပါသည့် အကြောင်းကို ဖေါ်ပြ ၏။ သို့သော် ဗျာဒိတ်ကျမ်းသည် ဘုရားသခင်၏ ဝှက်ထားသောမန္နမုန့်ကို မစားနိုင်သူနှင့်နှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းမရှိ သူ များအား မည်သည့်အရာမျှဖေါ်ပြခြင်းမျိုးမရှိပေ။ နောက်ဆုံးသော အချိန်၏ နိမိတ်လက္ခဏာမှချီဆောင်ခြင်းကာလ ခရစ်ယာန်တိုင်း၏မျှော် လင့်ချက် ဖြစ်သည့် ကောင်းကင်သစ်နှင့်မြေကြီးသစ်ထိထူးကဲသည့် အစီအမံများ သည် ဗျာဒိတ်ကျမ်းတွင်ရေးသားဖေါ်ပြထားသည်။ သို့သော် ဘုရားသခင် ၏ဉာဏ်တော်သည် သူ၏ လျှို့ဝှက်သည့်အရာများအား လူတိုင်းအား မဖေါ် ပြသည့်အတွက် ဗျာဒိတ်ကျမ်းသည် လူတိုင်းနားလည်ခြင်းမရှိနိုင်သည့် အရာအဖြစ်ရှိနေခဲ့၏။ သို့သော် ဘုရားသခင်၏ မန္နဖြင့်ဝကာ ရေနှင့်ဝိညာဉ် တော်ဖြင့်ဒုတိယအကြိမ်မွေးဖွားကာ လှည့်ဖြားမှုများအား အောင်မြင်သော သူမှလွဲ၍ မည်သူမျှဗျာဒိတ်ကျမ်းကို နားလည်နိုင်ခြင်းမရှိပေ။ 
ဤအတွက်ကြောင့်ပင် သူတို့၏ မသိနားမလည်ခြင်းဖြင့် ဒုတိယ အကြိမ်မွေးဖွားခြင်းမရှိသူများသည် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင် ခြင်း (သို့) ဘေးဒါဏ်ကြီးကာလပြီး ချိီဆောင်ခြင်းနှင့် ယခုကျွန်ုပ်တို့တွင် အနှစ်တစ်ထောင်နိုင်ငံတော်သည် လက္ခဏာတစ်ခုသာ ဖြစ်ကြောင်းပြော သူများရှိလာခြင်း ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် စစ်မှန် ကာ ချီဆောင်ခြင်းသည် ဘေးဒါဏ်ကြီးကာလမပါဘဲ ဖြစ်ပွားမည်မဟုတ် ဟုရှင်းလင်းစွာ ဖေါ်ပြထား၏။ ထိုအရာက ချီဆောင်ခြင်းသည် သန့်ရှင်းသူ တို့ မာတုရခံကာ ရှင်ပြန်ထမြောက်ပြီးမကြာမီ ကာလဖြစ်သည့် ခုနစ်နှစ် တာ ဘေးဒါဏ်ကြီးကာလ၏ အလယ်ပိုင်းတွင် ဖြစ်ပွားမည်ဟုဖြစ်သည်။ 
နေ့စဉ်ပုံမှန်အသက်ရှင်သွားလာနေစဉ်တွင်း လေယာဉ်မောင်းတို့ ရုတ်ကရက် ပျောက်ကွယ်သွားကာ ကမ္ဘာတစ်ဝှမ်းရှိ မိခင်တစ်ချို့ညစာထ မင်းစားပွဲမှပျောက်ကွယ်သွားမည် ကောင်းပေ၏။ သို့သော်ထိုကဲ့သို့ဖြစ်ပွား မည်မဟုတ်ကြောင့် ဝမ်းနည်းစွာအကြောင်းကြားလို၏။ ထိုသို့ဖြစ်မည့် အစား ချီဆောင်ခြင်းသည် ကမ္ဘာကြီးပေါ်သို့ ကြီးမားသောပျက်စီးခြင်းများ ကြုံလာမည်။ ထိုအရာအားဖြင့် မြေငလျှင်တို့လှုပ်ရှားလာပြီး ကောင်းကင်မှ ကြယ်များကျလာကာမြေကြီးသည်ကွဲ၍ ပွင့်လာမည်။ အခြားစကားလုံးဖြင့် ဆိုသော် ချီဆောင်ခြင်းသည် သာယာသောနေ့၌ငြိမ်သက်စွာ ဖြစ်လာမည် မဟုတ်ပေ။ 
ကြယ်များကြွေကျလာခြင်းမရှိသေးဘဲ ကမ္ဘာကြီး၏သုံးပုံတစ်ပုံ သည် လောင်ကျွမ်းရန်ရှိနေသေးကာ မြစ်ချောင်းတို့သည် သွေးအဖြစ်သို့ပင် ပြောင်းလဲသွားခြင်းမရှိသေးပေ။ ဤအရာအားဖြင့် ကျွန်ုပ်ဘာကိုဆိုလိုပါ သနည်း။ ကျွန်ုပ်ဆိုလိုသည်မှာ ယခုသည် ချီဆောင်ခြင်းအတွက် အချိန် အခါ မကျရောက်သေးပေ။ ဘုရားသခင်ကျွန်ုပ်တို့အား မိန့်တော်မူခဲ့ သည်မှာသူသည်ကျွန်ုပ်တို့အားနိမိတ်လက္ခဏာကိုပေးမည်။ သို့မှသာကျွန်ုပ် တို့ရှိသမျှသည် ဘေးဒါဏ်ကြီးကာလမတိုင်မှီ သဘောပေါက်နားလည်လာ နိုင်မည်ဟုဖြစ်သည်။ ဤနိမိတ် လက္ခဏာတို့မှာ ကမ္ဘာပေါ်တွင် ကျရောက် လာမည့် ပျက်စီးခြင်းများသည် ကမ္ဘာကြီး၏ သုံးပုံတစ်ပုံမျှသောမြစ်နှင့် ချောင်းတို့သည် သွေးအဖြစ်သို့ပြောင်းကာ သုံးပုံတစ်ပုံမျှသော သစ်တော တို့သည် လောင်ကျွမ်းခြင်းသို့ ရောက်မည်ကြယ်များကြွေကျကာ သောက် သုံးမရသော ရေများစသည်တို့ဖြစ်သည်။ 
ကမ္ဘာကြီးသည် ကြီးမားသောငတ်မွတ်ခေါင်းပါးမှုတို့ဖြင့် လွှမ်း မိုးခြင်းခံရချိန်တွင် အန္တိခရစ်သည် အမိန့်ပေးရန်ထွက်ပေါ်လာမည်ဖြစ် သည်။ ပထမတွင် ကမ္ဘာ၏ထူးခြားသော ခေါင်းဆောင်အဖြစ်ပေါ်ထွက် လာပြီးသူသည် နောက်ဆုံး၌တဖြည်းဖြည်းဖြင့် ကမ္ဘာကြီးအား အာဏာအ ပြည့်ဖြင့် အုပ်စိုးသည့် မင်းဆိုးမင်းညစ်အဖြစ်သို့ ပြောင်းသွားမည်ဖြစ်သည်။ ကျမ်းစာကကျွန်ုပ်တို့အား မိန့်တော်မူသည်မှာ အန္တိခရစ်၏ကမ္ဘာပေါ်တွင် ကြမ်းတမ်းရက်စက်စွာ အုပ်ချုပ်ချိန်၌ သခင်ဘုရားသည် သူ၏သန့်ရှင်း သူတို့အား ခေါ်ဆောင်ရန် ဤလောကသို့ကြွလာမည်ဟုဖြစ်သည်။ သဘာ ဝဘေးဒါဏ်ကြီးများထွက်ပေါ်ရန်နှင့် အန္တိခရစ်ထွက်ပေါ် ရန်လိုသေးချိန် တွင် ချီဆောင်ခြင်းဖြစ်ပွားမည်မဟုတ်ပေ။ 
အခြားစကားလုံးဖြင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပြမည်ဟုကတိထားသည်။ ဤနိမိတ်လက္ခဏာတို့အကောင်အထည် မဖေါ် မီချိန်တွင် လူတို့အား ကျောင်းတက်ခြင်း များရပ်တန့်စေကာ ချီဆောင် ခြင်းခံရတော့မည်ဟု တွေးထင်ပြီး မိမိတို့အသက်တာ၌ရှိသော လုပ်ငန်း အားလုံးရပ်တန့်ကြာခြင်းသည် မှားယွင်းမှုဖြစ်သည်။ သင်သည် ဤနည်း ဖြင့် လိမ်ညာခြင်းမခံသင့်ပေ။ အကြောင်းမှာ ထိုအရာသည် စာတန်၏ လိမ် ညာမှုထောင်ချောက်တွင်လဲ ကျရန်သာဖြစ်သောကြောင့်ဖြစ်သည်။ 
ထိုကဲ့သို့သောမှားယွင်းသည့်သင်ကြားခြင်းများထားကာကျွန်ုပ်တို့ အားထောင်ချောက်ဆင်ခြင်းကို ကျွန်ုပ်တို့သည် ဆန့်ကျင်ရပ်တည်အောင် နိုင်ရမည်ဖြစ်သည်။ မှားယွင်းသောသင်ကြားခြင်းအား အောင်နိုင်သည့်တစ် ခုတည်းသော ယုံကြည်ခြင်းမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ယုံကြည်ခြင်းပင်ဖြစ်သည်။ သူတို့၏အပြစ်အားလုံးကိုသယ်ဆောင် သွား သည့် ယေရှု၏ဗတ္တိဇံ၌ ယုံကြည်သူများသာ ဤအပြစ်များ၏ချည် နှောင် ထားခံရခြင်းမှ လုံးဝလွတ်လပ်ခွင့်ရသည်။ယေရှုသည် ကျွန်ုပ်တို့ အပြစ်များ ကိုဆေးကြောပေးသည်။ သူ၏အသွေးတော်ကို ကျွန်ုပ်တို့ထံ သယ်ဆောင် လာသောကြောင့် ယုံကြည်ခြင်းနှင့်ယုံကြည်ခြင်းအားဖြင့်သာ ဤကျွန်ုပ်တို့ ပေါ်သခင်ဘုရားပြုခဲ့သည့်အရာများကို ယုံကြည်ကာကယ်တင် ခြင်းရခဲ့ သည်။ ဤနှုတ်ကပတ်တောအားယုံကြည်သူတို့သည် ယခုတွင်ဘုရားသခင် ၏သားသမီးများဖြစ်လာကာ ဘုရားသခင်သူတို့အတွက် ထားရှိသည့် စီမံ ကိန်းအားလုံးတို့ဖြင့် အောင်မြင်မှုရကြမည်ဖြစ်သည်။ 
အခြားတစ်ဖက်၌ ယေရှုအားယုံကြည်ပါသည်ဟု ဆိုကာ နှလုံး သား၌အပြစ်ရှိသည့်လိမ်ညာသူတို့အတွက်နှင့် သခင်ဘုရားအတွက် အစေခံ ရာတွင် မိမိ၏လောဘတက်မက်မှု နောက်သာလိုက်နေသူတို့အတွက် စာ တန်နှင့်အတူပြစ်ဒါဏ်ပေးခြင်းခံရမည်ဖြစ်သည်။ဤအတွက်ကြောင့်ကျွန်ုပ် တို့၏ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အလွန်အဖိုးတန် ခြင်းဖြစ် သည်။ ထိုအရာကိုသိကာ စစ်မှန်သောသတင်းကောင်းနှင့် မှားယွင်းသည့် အရာကိုခွဲခြားတတ်သူများသာဘုရားသခင်၏ဝှက်ထားသောမန္နကို စားသုံး နိုင်ကာ နောက်ဆုံးသောကာလ၌ လိမ်ညာမှုအပေါင်းတို့ကို အောင်မြင် နိုင်ပြီး အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်းကင်သစ်မြေကြီးသစ်သို့ ဝင်နိုင် ခြင်းဖြစ်သည်။ နှုတ်ကပတ်တရားကိုသင့်အတွက်ဖတ်ပါ။ သင့်အားကယ် တင်ကာ မျှော်လင့်ခြင်းပေးပြီး ထာဝရအသက်တာဖြင့် ကောင်းကြီးပေးနိုင် မည့်အရာသည် ဘယ်အရာဖြစ်သည်ကိုကြည့်ပါ။ ထိုအရာကိုနားလည်သ ဘောပေါက်ကာ ထိုအရာ၌ ယုံကြည်ပါ။ ဤသည်အောင်မြင်မှုပေးသည့် ယုံကြည်ခြင်းဖြစ်သည်။ 
ကျွန်ုပ်တို့၏ဝိညာဉ်တိုက်ပွဲတွင် အောင်မြင်ခြင်းသည် ကျွန်ုပ်တို့ အတွက် အလွန်ပင်အရေးပါလှ၏။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲ ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းသက်သက်ကို သာဆိုလိုသည်မဟုတ် ငရဲ၌ချည် နှောင်ခြင်းခံရမည်ကို ဆိုလိုခြင်းဖြစ်သည်။ အခြားတိုက်ပွဲများတွင် ကျွန်ုပ် တို့သည် ရှုံးနိမ့်ခြင်းမှပြန်လည်အောင်နိုင်သော်လည်း ဤယုံကြည်ခြင်း တိုက်ပွဲတွင် ပြန်လည်အောင်နိုင်ရန် အခွင့်အလမ်းမရှိပေ။ ထို့ကြောင့် သင်သည်အဘယ်အရာသည် သမ္မာတရားဖြစ်ကာ အဘယ်အရာသည် သင် ၏အတွေးဖြစ်သည်ဆိုသည့်ကြားနှင့်သင်၏ခန္ဓာတပ်မက်မှုနှင့် မှားယွင်း သောဆရာတို့၏လိမ်ညာမှုကြား ခွဲခြားတတ်ရမည်ဖြစ်ပြီး သင်သည် နှုတ် ကပတ်တော်၏အလင်းအားဖြင့် နောက်ဆုံးသောကာလ၏ မှန်ကန်သော အချိန်ကိုသိကာ သင်၏ယုံကြည်ခြင်းအတွက် ပြင်ဆင်သင့်ပေသည်။ 
ဘုရားသခင်သည် တံပိုးခုနှစ်ချက်နှင့် အမျက်တော်ခွက်ဖလား ကြီးကို ပြင်ဆင်ထားကာ ကျွန်ုပ်တို့အတွက် ဘေးဒါဏ်ကြီးကို ခွင့်ပြုထားခဲ့ သည်။ကမ္ဘာကြီးသည်အလွန်ကြောက်မက်ဖွယ်ကောင်းသော သဘာဝဘေး ဒါဏ်ကြီးများဖြစ်သည့် မီးအကြီးအကျယ်လောင်ခြင်း၊ ကြယ်ကြွေကျခြင်း၊ မြစ်ချောင်း၊ အင်းအိုင်တို့သွေးအဖြစ်သို့ပြောင်းလဲခြင်းသို့ ရောက်ချိန်တွင် အန္တိခရစ်ထွက်ပေါ်လာကာ ဤသည် ခုနစ်နှစ်တာဘေးဒါဏ်ကြီးကာလ၏ အစဖြစ်ကြောင်း သင်သဘောပေါက်နားလည်သင့်သည်။ သန့်ရှင်းသူတို့၏ မာတုရ၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းသည် ဘေးဒါဏ်ကြီး တံပိုးခုနှစ်ချက်၏နောက်ဆုံးတံပိုးမှုတ်ချိန်တွင် ဖြစ်လာပြီး အမျက်တော်ဖ လားကြီး ခုနှစ်ခု မသွန်းလောင်းမီချိန်တွင် ဖြစ်သည်။ 
ဘုရားသခင်၏ စတုတ္တတံဆိပ်ဖယ်သောအချိန်တွင် အန္တိခရစ် သည် သန့်ရှင်းသူတို့ထံမှ ယုံကြည်ခြင်းကိုပြောင်းလဲသူများရှိစေမည်ဖြစ် သည်။ ဤအချိန်၌ အသက်စာစောင်တွင် နာမည်ရေးထားခြင်းခံသူဖြစ် သည့် ဒုတိယအကြိမ်မွေးဖွားခြင်းခံကာ မန္နမုန့်ကိုစားခဲ့ပြီး ကျောက်ဖြူ ပေါ်တွင်အမည်နာမရေး သားခြင်းခံထားပြီး သူတို့သည် ရဲရင့်စွာမာတုရခံ ကြမည်ဖြစ်သည်။ ဤသည် သခင်ဘုရားအား ဘုန်းအားလုံးပေးသည့် နောက်ဆုံးနှင့်အကြီးမားဆုံး ယုံကြည်ခြင်းဖြစ်သည်။ ဤသည်ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ပြီးထို့အတိုင်းလိုက်လျှောက်သူတို့ ၏သတ္တိဖြင့်ပြည့်သောယုံကြည်ခြင်းဖြစ်သည်။ အတိုအားဖြင့်ဆိုသော် ဤ သည် ကျွန်ုပ်တို့၏ဝိညာဉ်တိုက်ပွဲတွင် အောင်မြင်မှုပေးနိုင်သည့် ယုံကြည် ခြင်းဖြစ်သည်။ 
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ရန်သူအားအနိုင်ယူရမည်ဖြစ်သည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသောအခါ ကျွန်ုပ်တို့သည် လိမ်ညာမှုအား ဆက်လက်တိုက်ခိုက်အောင် မြင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလအထိတိုင် ကျွန်ုပ်တို့ သခင်ဘုရား ၏နှုတ်ကပတ်တော်ကိုဟောပြောကာဘုရားသခင်၏ မန္နအားစားသုံးသည့် ယုံကြည်ခြင်းမျိုးဖြင့် ဆက်လက်အသက်ရှင်ရမည်ဖြစ်သည်။ အောင်မြင် သော သူတို့အတွက် ဘုရားသခင်သည် သူ၏ဘုန်းတော်နှင့် ကောင်းကြီး မင်္ဂလာပေးမည်ဟု ကတိတော်ထားခဲ့သည်။ ထိုယုံကြည်ခြင်းသည် ဘုရား သခင်၏ လေထဲတွင်ချီဆောင်ခြင်းခံရန် ထိုက်တန်ပြီး ယုံကြည်သူတို့အ တွက် အကြီးမားဆုံးသောမျှော်လင့်ခြင်းနှင့် အနှစ်တစ်ထောင် နိုင်ငံတော် ကောင်းကင်သစ်နှင့်မြေကြီးသစ်အရာအားလုံးတို့သည်ဘုရားသခင်၏နှုတ် ကပတ်တော်၌ ယုံကြည်ကာ လိမ်ညာမှုအပေါင်းကို အောင်မြင်ပြီး ဘုရား သခင်၏ ဝှက်ထားသောမန္နကို ရရှိကာ သူတို့ကိုသာ ဝင်ခွင့်ပြုသည်။ 
မည်သည့် အရာသည်အမှန်ပင်အဖိုးတန်ကြောင်း သိရှိပြီး သူတို့ သည် ထိုအရာကို ရရှိရန်အရာအားလုံးရောင်းချကာ ထိုအရာကို ထိန်းသိမ်း ထားရန် ပေးဆပ်တတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ပေးဆပ်ခြင်းများသည် ကျွန်ုပ်တို့အတွက် နာကျင်ခြင်းမဟုတ်ဘဲ အလွန် ဝမ်းမြောက်ခြင်းဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် နောက်ဆုံးသောကာလ၌ ကျွန်ုပ်တို့အား အရာအားလုံးကိုပေးမည်။ အမှန် ပင်အဖိုးမဖြတ် နိုင်သည့် ရတနာဖြစ်ပြီး ထိုအရာသည် ကျွန်ုပ်တို့၌ရှိသော အရာအားလုံးကိုပေးဆပ်ပြီး ကာကွယ်ရန်ထိုက်တန်လှ၏။
သင်သည် အနှစ်တစ်ထောင်နိုင်ငံတော်နှင့် ကောင်းကင်သစ် မြေကြီးသစ်အတွက် ဆက်လက်မျှော်လင့်ကာ ရန်သူအပေါင်းတို့ကို မျှော် လင့်ခြင်းဖြင့်အောင်နိုင်ပြီးနောက်ဆုံးသောကာလ၌ ကြီးမားသည့်ပျှော်ရွှင် ဝမ်းမြောက်မှုဖြင့် အောင်နိုင်သူအဖြစ်ပေါ်လာစေရန် ကျွန်ုပ် မျှော်လင့်ဆု တောင်းပါသည်။