Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 3-2] သူတို့၏အဝတ်ဖြူကို မညစ်ညူး စေသောသူများ (ဗျာဒိတ်ကျမ်း ၃း၁-၆)

သူတို့၏အဝတ်ဖြူကို မညစ်ညူး စေသောသူများ
( ဗျာဒိတ်ကျမ်း ၃း၁-၆ )
 
ဤအရာသည်“သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ် ညူးစေသောသူနည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ် ၍ အဖြူဝတ်လျှက်ငါနှင့်အတူ သွားလာကြလိမ့်မည်” ဟု ဖော်ပြထားသည်။ “ဖြူသောဝတ်နှင့်သွားကြလိမ်မည့်”ဟူသောအဓိပ္ပာယ်သည် သူတို့၏ယုံ ကြည်ခြင်းသည်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကကာကွယ်သည်ကို ဆိုလိုခဲ့သည်။
ဘုရားသခင်သည် စစ်မှန်သော ယုံကြည်ခြင်းရှိသောသူနှင့်အတူ လျှောက်ခဲ့သည်။သူတို့နှင့်အတူနေထိုင်ပြီးကောင်းကြီးမင်္ဂလာများကိုလည်း ပေးခဲ့သည်။
ဤလောကတွင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် လိုက် လျှောက် သောသန့်ရှင်းသူရှိကြသည်။ ထိုသူတို့၏နာမည်များသည် အသက်စာစောင် တွင် ဘုရားသခင်ရေးသားထားပြီး ထာဝရအသက်ရှင်ခွင့်ပြုခဲ့ပါသည်။ ဖြူသောအဝတ်ကိုဝတ်ပြီး ဘုရားသခင်နှင့်အတူ လျှောက်သွားကြသော ကြောင့် စာတန်မာနတ်ကိုလည်း အောင်မြင်နိုင်ခဲ့ကြသည်။
 
 

စာတန်းကိုအောင်မြင်သော သူတစ်ယောက်ဖြစ်ရန်

 
စာတန်ကို အောင်မြင်သောသူဖြစ်ရန် ပထမဆုံးလိုအပ်သော အရာသည်ဘုရားသခင်ပေးထားသောကယ်တင်ခြင်းကို ကျွန်ုပ်တို့ ယုံကြည် ဖို့ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းဖြင့်် မည်ကဲ့သို့ ဘုရား သခင်က ကျွန်ုပ်တို့ ကယ်တင်ခဲ့သည်ကို ကြည့်ကြပါစို့။
ရှင်လုကာ ၁၀း၂၅-၃၅ တွင် “တစ်ရံရောအခါ ကျမ်းတတ် တစ် ယောက်သည်ထ၍ အရှင်ဘုရားထာဝရအသက်ကိုအမွေခံအံ့သောငှာအ ကျွန်ုပ်သည် ဘယ်အမှုကိုပြုရပါ်မည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့် ယှက်ခြင်းငှါ မေးလျှောက်သော် ကိုယ်တော်က ပညတ္တိကျမ်း၌ အဘယ်သို့ လာသနည်း။သင်သည်အဘယ်သို့ဖတ်သနည်းဟု မေးတော်မှုလျှင် ထိုသူက သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစမ်းသတ္တရှိ သမျှ၊ ညဏ်ရှသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အ မျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ကိုယ်တော်ကလည်း သင်၏စ ကားသည် မှန်ပေ၏။ ထိူသို့ပြုလျှင်အသက်ကိုရမည်ဟု မိန့်တော်မှု၏။ ထိုသူက ဘယ်သူသည် အကျွနုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်းဟု မိမိ အပြစ်မရှိဟန်ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက် ပြန်သော်၊ ယေရှုက လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိ ခေါမြို့သို့သွာရားတွင် ဓား ပြနှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည်ထိုသူတို့၏အဝတ်ကိုချွတ်၍ နာကျင် စွာရိုက်နိုက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။ ထို လမ်းသို့ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ထိုလူနာကို မြင်လျှင်လွဲရှောင်၍ သွားလေ၏။ ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိူအရပ်သို့ရောက်လာသောအခါလာ၍ ကြည့်မြင်လျှင် လွဲရှောင်၍ သွား လေ၏။ ရှမာရိလူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာ သို့ ရောက်မြင်သောအခါ ကရုဏစိတ်ရှိသည်နှင့်၊ ချဉ်းကပ်၍ သူ၏အနာများ ကို ဆီနှင့်စပျစ်ရည်ထည့်လျက်အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာ တင်၍ ဇရပ်တစ်ခုသို့ဆောင်သွားသောအခါ ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက်၊သူကို ကြည့်ရှုပေးပါ။နောက်မှကုန်ကျစ၇ိတ်ကိုထပ် ပေးမည်ဟုဆိုလေ၏။သင်သည်အဘယ်သို့ထင်သနည်း။”
ဤကျမ်းပိုဒ်တွင် သခင်ယေရှုနှင့်ကျမ်းတတ်ပုဂ္ဂိုလ်အကြောင်း တွေ့ခဲ့ပါသည်။ ကျမ်းတတ်တစ်ယောက်သည် သူ၏ပညတ် တော်စောင့် ရှောက်ခြင်းအပေါ်ဝါ ကြွားပြီး “သခင်ယေရှုထားတဲ့ အသက်ကို မွေးခံအံ့ သောငှာ အကျွန်ုပ်သည် ဘယ်အမှုကို ပြုရပါ မည်နည်း”ဟု မေး၏။ ဤ မေးခွန်းတွင် မည်သည့် တင်ပြချက်ကို သင်ခံစားရသနည်း။ 
ကျမ်းတတ်တစ်ယောက်သည် ပညတ်တော်ကို စောင့်ရှောက် နိုင် မည်ဟု ထင်မှတ်ပြီး ဤကဲ့သို့သော မေးခွန်းကိုပေးခဲ့ပါသည်။ သို့သော် ဘု ရားသခင်သည်သူ၏ပညတ်တော်ကို လူသားများထံသို့ပေးခြင်းသည် သူတို့ ၏အပြစ်များကို သိရှိလာနိုင်ဖို့ဖြစ်ပါသည်။ ဘုရားသခင်၏ ပညတ်တော် သည် လူသားများ၏အပြစ်ကို ထုတ်ဖော်ပြခဲ့ပါသည်။ လူသားများ၏ နှလုံး သားထဲ၌ ရူးခြင်း၊ ခိုးယူခြင်း၊ လူ့အ သက်ကိုသတ်ခြင်း၊ အပြစ်ကိုလုပ်ခြင်း၊ မမှန်ကန်သောသက်သေဖြစ်ခြင်းနှင့် မကောင်းသောအရာတွေးတော်ခြင်း များကို တွေ့ရသည်။ ထို့ကြောင့် ကျမ်းတတ်တစ်ယောက်၏ နှလုံးသားထဲ၌ ရှိသောအပြစ်များကို မြင်တွေ့ရန်ခရစ်တော်က “ပညတ္တိကျမ်း၌ အဘယ်သို့ လာ သနည်း၊ သင်သည် အဘယ်သို့ဖတ်သနည်း” ဟု မေးတော်မူ၏။
ကျမ်းတတ်ပုဂ္ဂိုလ်သည် သူ၏နှလုံးသားထဲ၌ရှိ အပြစ်များကို မြင် တွေ့နိုင်ဖို့ ဘုရားသခင်အလိုတော် ရှိခဲ့သည်။ သို့သော်ကျမ်းတတ်တစ် ယောက်သည် ထ၍ အရှင်ဘုရား “ထာဝရအသက်ကို အမွေခံအံ့သောငှာ အကျွန်ုပ်သည်ဘယ်အမှုကိုပြုရပါမည်”ဟု ထိတ်လန့်စွာဖြင့် မေးခဲ့ပါသည်။ ကျမ်းတတ်ပုဂ္ဂိုလ်သည်အကျွန်ုပ်သည် ပညာတော်ကို ကောင်းစွာစောင့် ရှောက်သကဲ့သို့စောင့်ရှောက်နိုင်လိမ့်မည်ဟု နှလုံးသားထဲတွင် စဉ်စားမည် ဖြစ်သည်ကို သူ၏စကားတော်အားဖြင့် မြင်တွေ့လို့ရပါသည်။ 
သို့သော် ဘုရားသင်ပေးထားသော ပညတ်တော်သည် ဘုရားသ ခင်ကသာ စောင့်ရှောက်နိုင်ခဲ့သည်ကို ကျွန်ုပ်တို့သိ မှတ်ဖို့လိုအပ်ပါသည်။ အဘယ်သူကမျှ ဘုရားသခင်ပေးထားသော ပညတ်တော်ကို မစောင့် ရှောက်နိုင်။ထို့ကြောင့်ဘုရားသခင်ပညတ်တော်စောင့်ရှောက်ဖို့ရန် ကြိုးစား ခြင်းသည် ဘုရားသခင်ရှေ့မှောက်တွင် မာနကြီးခြင်း၊ မိုက်ရူးရဲ့ပြုခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညာတော်ကို မစောင့်ရှောက်နိုင် သူ အပြစ်သားများဖြစ် သည်ကိုသာ သိမှတ်ဖို့ဖြစ်ပါသည်။
မည်ကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ဖတ်မည်ကို ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ် တော်ကိုဖတ်ရှုသောအခါကျွန်ုပ်အတွက် ဘုရားသခင်၏အလိုတော်ကို သိဖို့ လိုပါသည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို အလေးမထားဘဲ သမ္မာကျမ်း စာဖတ်ရှုခဲ့လျှင်ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ဘုရားသခင်၏ဆန္ဒကို ဆန့် ကျင်သောအရာဖြစ်နိုင် သည်။ သမ္မာကျမ်းစာထဲ၌ ရေးနှင့်ဝိညဉ်တော်၏ သတင်းကောင်းကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ အလိုတော် ကိုသိရှိနိုင်ကြသည်။သို့သော်ဘုရားသခင်ပေးထားသောရေးနှင့်ဝိညဉ်တော် ၏သတင်းကောင်းကိုမယုံကြည်ဘဲသမ္မာကျမ်းစာဖတ်ဟူသောသူမည်သည် ကာ ခိုင်မာသော ယုံကြည်ခြင်းရနိုင်မည်မဟုတ်။
 
 
မည်သည့်အရာသည် ပညတ်တော်က ဖော်ပြသနည်း။
 
ရှင်လုကာ ၁၀း၂၆-၂၈ “ကိုယ်တော်က ပညတ်တိကျမ်း၌အဘယ် သို့လာသနည်း။ သင်သည် အဘယ်သို့ဖတ်သနည်းဟု မေးတော်မှုလျှင် ထို သူတို့က သင်၏ဘုရာသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်း သတ္တိရှိသမျှ၊ ညဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ကိုယ်တော်ကလည်း သင်၏ စကားသည်မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မှု၏။” 
ရောမ ၃း၂၀တွင် “ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်းရှား စေ၏။” ထို့နောက် ဂလာတိ ၃း၁၀တွင် “ပညတ်တရား၏အကျင့်ကို အမှီပြု သောသူတို့သည် အကျိန်နှင့် စပ်ဆိုကြ၏” ဟု ဖော်ပြခဲ့ပါသည်။
ပညတ်တရားသည်အပြစ်သားများဖြစ်သောကျွန်ုပ်တို့ကို မဖြောင့် မတ်ဘဲ၊ ကျွန်ုပ်တို့သည် မပြည့်စုံသောသူများဖြစ်သည်ကို ဖော်ပြခဲ့သည်။ ထို့ကြောင့်လူများစွာတို့သည်ပညတ်တရား၏အကျင့်ကိုအမှီပြုပြီးကျိန်ခြင်း နှင့် စပ်ဆိုကြသည်။ 
လူတစ်ဦးတစ်ယောက်သည် ဘုရားသခင်ကိုယုံကြည်လျှက် ပ ညတ်တရားကို စောင့်ရှောက်ခဲ့လျှင် ကောင်းကင်နိုင်ငံသို့ ဝင်နိုင်သည်ဟု လူတစ်ချို့တို့က ပြောပြခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ပညတ်တော်၏ ကျိန်ဆဲခြင်းအောက်သို့ နေထိုင်ခဲ့ကြသည်။ အပြစ်ထဲကနေ ခွင့်လွတ်ခြင်း မရရှိဘဲပညတ်တရားကို စောင့်ရှောက်သူတို့သည် သခင်ယေရှုကို ယုံကြည် ခဲ့ကြသော်လည်း သူတို့၏ ယုံကြည် ခြင်းဆက်၍ လွတ်မြောက်နိုင်ခြင်းမရှိ။ သူတို့သည် ယေရှုကို ယုံကြည်ကြသော်လည်း ဘုရားသခင်၏တရားစီ ရင်ခြင်းကိုခံကြရလိမ့်မည်ဖြစ်သည်။ ဤအရာကြောင့် ယေရှုဘုရားသည် အပြစ်သားများကို ကယ်တင်ဖို့ရန် ဤလောကသို့ ကယ်တင်ရှင်အဖြစ် ကြွရောက်လာခဲ့သည်။ တနည်းအားဖြင့် ယေရှုသည် ယောဒန်မြစ်မှာ ဗတ္တိဇံခံပြီး ကျွန်ုပ်တို့၏အပြစ်အားလုံးစုံကို ဆေးကြောပေးခဲ့ပါသည်။
ဗတ္တိဇံသည် ကျွန်ုပ်တို့၏အပြစ်ကို သန့်ရှင်စေသောအရာ၊ ကယ် တင်ခြင်း၏ အမှတ်အသားဖြစ်သည်ကို သင်သိရှိပါသလား။ ယေရှုဗတ္တိဇံ မှသာ ကျွန်ုပ်တို့၏အပြစ်အားလုံးစုံကို သန့်ရှင်းစေနိုင်ပါသည်။ 
သမ္မာကျမ်းစာက ရှင်မလသဲ ၃း၁၅ တွင် “အလုံးစုံသောတရားတို့ ကိုအကုန်အစင်ကျင့်သင့်သည်ဖြစ်၍ယခုအခွင်ပေးပါ”ဟုဖော်ပြထားသည်။ ဤနေရာတွင် “ယခု”ဟူသောအရာသည် “အသင့်လျော်ဆုံး” ဟု အဓိပ္ပာယ် ရရှိသည်။ တစ်နည်းအားဖြင့် ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို သူ့အပေါ်ယူဆောင်သွားခြင်းသည် အသင့်လျော်ဆုံး သောအရာဖြစ်သည်။ ယေရှုသည် ဗတ္တိဇံခံယူပြီး လက်ဝါးကာတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်ထဲကနေ ကယ်တင်တော်မူခဲ့ကြ သည်။ ဤစစ်မှန်သော သမ္မာတရားကို သိရှိသောသူတို့သည် ဘုရားသခင် က အောင်မြင်သောသူအဖြစ်ခေါ်ခဲ့ရသည်။ 
 
 

အဘယ်သူသည် ကယ်တင်သောသူက တိုက်ခိုက်ကြ မည်နည်း။

 
ကယ်တင်သောသူသည် တရားဝင်သူကို တိုက်ခိုက်ပြီး အောင် မြင်နိုင်ဖို့ဖြစ်သည်။ ဘာသာရေးပိုင်းတွင် ပညတ်တော်တရား စောင့်ရှောက် သောခေါင်းဆောင်များသည်သူတို့၏အပင်အကိုင်းတို့သည် ကောင်းမြတ် လှသော်လည်း အပြစ်၏ကျိန်ဆဲခြင်းအောက် တွင်နေထိုင်ပြီး စာတန်၏ နှုတ်တော်ထွက်စကားကို တိုက်ခိုက် အောင်မြင်ဖို့ အလွန်လိုအပ်ပါသည်။
ထိုကဲ့သို့သော ဘာသာရေးခေါင်းဆောင်များသည် ယေရှုကိုယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခဲ့သည်။ သို့သော်လူတစ်ဦးတစ် ယောက်သည် ပညတ်တော်တရားရှေ့တွင် ကောင်းသော အသက်တာနှင့် အသက်ရှင်သောအခါ ကောင်းကင်ဘုံသို့ ဝင်နိုင်ခဲ့သည်ဟုလည်းဖော်ပြ ခဲ့သည်။ ဤကဲ့သို့သောယုံကြည်ခြင်းသည် လူကိုကယ်တင်ခဲ့နိုင်မည်လား။ မကယ်တင်နိုင်ခဲ့ပါ။
ထို့ကြောင့် သခင်ယေရှုသည် ကျမ်းတက်ပုဂ္ဂိုလ်တစ်ယောက်ကို ပုံဥပမာအားဖြင့်ဉာဏ်အမြင်ပြင်စေခဲ့သည်။ ထိုပုံဥပမာသည် ဤကဲ့ သို့ဖြစ် သည် လူတစ်ယောက်သည် ယေဂုရှလစ်မြို့မှ ယေရိခေါမြို့ သို့သွားရာတွင် ဓားပြနှင့်တွေ့ကြုံလေ၏ဓားပြတို့သည် ထိုသူကို သေလုမတတ်ရှိသောအ ခါ ပစ်ထား၍သွားကြသည်။ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ လူနာကိုမြင်လေ၏။ သို့သော် ယဇ်ပုရောဟတ်တစ် ယောက်သည် ထိုလူနာကို မကူညီဘဲ လွှဲရှောင်လို သွားလေ၏။ ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ ရောက်သောအခါ လာ၍ကြည့်မြင် လျှင် သူသည် လွှဲရှောင်၍သွားလေ၏။
ထိုနောက် ရှမရိလူတစ်ယောက်သည် ရောက်လာခဲ့သည်။ ထိုလူ သည်ယဇ်ပုရာဟိတ်နှင့်လေဝိလူတို့မဟုတ်၊ ထိုလူနာရှိရာ သို့ရောက်လာ မြင်သောအခါ ကရုဏာစိတ်ရှိသည်နှင့်၊ ချဉ်းကပ်၍ သူ၏အနာများကိုဆီ နှင့် စပျစ်ရည်ထည့်လျက်အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတ င်၍ ဇရပ်တစ်ခုသို့ဆောင်သွားပြုစုလေ၏။ နက်ဖြန်နေ့၌ ထွက်သွားသော အခါဒေနာရိနှစ်ပြာကို ထုတ်ကာ ဇရပ်ရှင်အားပေလျက် ဤလူနာကို ကြည့် ရှုပြုစုပါ။ကုန်သမျှကိုငါပြန်လာသောအခါရှင်းပေးမည်။ထို့ကြောင့်သင်သည် ဤလူနာအတွက် လုပ်နိုင်သမျှကို လုပ်ပေးပါဟု မိန့်မှာထားခဲ့သည်။
ထိုသုံးယောက်တို့တွင် အဘယ်သူသည် လူကောင်းဖြစ် သနည်း။ ရှမာဂရိလူတစ်ယောက်သည် ယေရှုကိုပုံဆောင်ခဲ့သည်။ ပညတ်တော် တရား၊ ကျမ်းတက်ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ ကျွန်ုပ်တို့၏ခွန်အား ဖြင့်ကြိုးစားခြင်း (သို့) နောင်တတရားဖြင့် ဆုတောင်းခြင်းအရာများ တို့သည် ကျွန်ုပ်တို့၏အပြစ်များကို သန့်ရှင်းစေနိုင်သည်မဟုတ်။ ဤလော ကတွင် ကြွဆင်းလာသော ယေရှုခရစ်သည်သာ ကျွန်ုပ်တို့၏ အပြစ်ကို သန့်ရှင်းစေသောသူ ကယ်တင်ရှင်ဖြစ်ပါသည်။ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကို သန့်ရှင်းစေခဲ့၏။ ယေရှုခရစ်၏ ပတ္တိဇံနှင့် ကာတိုင်ပေါ်တွင် အသွေးတော်သည် အပြစ်သားများ၏ ကယ်တင်ရှင်အမှတ်လက္ခ ဏာဖြစ် သည် (၁ ပေ ၃း၂၁)။ ယောဒန်မြစ်တွင် ယေရှုဗတ္တိဇံခံခြင်းနှင့် ကာတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းခြင်း ယုံကြည်သောသူတို့သည် သူတို့၏ အပြစ်ထဲက၌ ကယ်တင်သောသူဖြစ်ကြသည်။
မှားယွင်းသောယုံကြည်ခြင်းများကို တိုက်ခိုက်ပြီး၊ အောင်မြင် ဖို့ရန်ယေရှုခရစ်က ကျွန်ုပ်တို့ကို ခွန်အားပေးခဲ့သည်။ လူတစ်ချို့သည် “သခင်ယေရှုကိုယုံကြည်သော်လည်းဘုရားသခင်၏ပညတ်တရားကိုစောင့် ရှောက်ပြီး ကောင်းသောအရာများလုပ်ခဲ့လျှင် သင်သည် အပြစ် ကယ်တင် ရမည်”ဟုပြောသောအခါ သူတို့၏ခေါင်းမာမှုနှင့် လိမ်လည်မှုကိုသာ ပြသ ခဲ့ခြင်းဖြစ်သည်။ သင်သည် ကယ်တင်ခြင်း၏သမ္မာတရား၌ တစ်ခုခုပေါင်း ထည့်ခြင်း (သို့) နှုတ်ယူခြင်းလုပ်ခဲ့လျှင် မှားယွင်းသော ယုံကြည်ခြင်းမျိုးကို တိုက်ခိုက်အောင်မြင်ဖို့ ရန် ကျွန်ုပ်တို့ကို ခွန်အားပေးခဲ့ပါသည်။
ယနေ့ကျမ်းတက်ပုဂ္ဂိုလ်များသည် လူများရှေ့မှောက်တွင် ပညတ် တော်စောင့်ရှောက်ခြင်းကို ဟောပြောခဲ့ကြသည်။ သို့သော် ခက်ခဲမှုကြုံ တွေ့လာသောအခါ သူတို့ဟောပြောသည့်အတိုင်း ပညတ်တော်တရားကို မ စောင့်ရှောက်ပေ။သူတို့နှလုံးသားထဲကကောင်းသောအရာများကိုလုပ်ချင်ခဲ့ ကြသော်လည်း ကိုယ်ခန္ဓာအားနည်းမှုကြောင့် မစောင့်ရှောက်နိုင်ခဲ့ပါ။ သူတို့၏အားနည်းချက်များကိုဖုံးကွယ်ခြင်းအားဖြင့်တစ်ခြားလူတို့ကိုလည်း မှားယွင်းသောအမှားကို လုပ်ဖို့ သွယ်ဆောင်ခဲ့ကြသည်။
ယဇ်ပရောဟိတ်နှင့် လေဝိ လူမျိုးအကြောင်း ကြားသိရသကဲ့သို့ ယနေ့ လူများစွာတို့သည် လူတို့ကိုမြင်ကြသောအခါ လွှဲရှောင်၍ သွား တတ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ပညတ် တော်ရှေ့မှောက် တွင် လူ၏အားနည်းမှုဖြစ်သည်။ လှပသောဝတ်စုံကို ဝတ်ဆင်ကြပြီး သူတို့ ၏အပြစ်များကို ဝှက်ထားခဲ့ကြသည်။ သို့သော် ဘုရားသခင်ရှေ့တွင် အပြစ်ပုံထားသော သူတို့သည် ကယ်တင်ခြင်းမရနိုင်။ ရေနှင့် ဝိညာဉ်တော် ၏သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်သားများဖြစ်သည်ကို သိ သောသူမှသာ အပြစ်ထဲက လွတ်မြောက်နိုင်မည်ဖြစ်သည်။
သခင်ယေရှုသည် အပြစ်သားများကို မလွှဲရှောင်ဘဲမြင်တွေ့ ပြီး ကယ်တင်ခဲ့ကြသည်။ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်လုံးစုံကို ဖယ်ရှားပြီးသူ၏ကိုယ်ခန္ဓာကိုပေးဆပ်ခြင်းအားဖြင့်သေလုမတတ်ဖြစ်သော အပြစ်သားများကိုအပြစ်ထဲက ကယ်တင်ခဲ့ကြသည်။ ဤကဲ့သို့ သခင်ယေရှု သည် အပြစ်သားများကို ကယ်တင်ဖို့ရန်ကြွလာခြင်းဖြစ်သည်။
 
 
အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်ကြမည်
 
အောင်မြင်သူသောသည် ဖြူသောဝတ်ကို ဝတ်ဆင်ကြမည်ဟု ဖော်ပြခဲ့သည်။ခရစ်ယာန်လောက၌ ကျွန်ုပ်တို့သည် မုသာပြောသောသူကို တိုက်ခိုက်အောင်မြင်ဖို့ ဆိုလိုခြင်းဖြစ်သည်။ဤကဲ့သို့ ကျွန်ုပ်တို့သည် ဟော ပြောခဲ့ကြသော်လည်းယေရှုကိုယုံကြည်ပြီး အကျင့်ကောင်းဖြင့် အသက်ရှင် ဖို့ကြိုးစားကြပါဟု မုသားပြောသော သူများက သွန်သင်ပေးနေကြသည်။ အကျင့်ကောင်းနှင့်အသက်ရှင်ခြင်းသည် အလွန်ကောင်းမြတ်လှပါ၏။ သို့ သော် လူ၏နှလုံးသားထဲတွင် ခိုးယူခြင်း၊ မနာလိုရှိခြင်း၊ ပြစ်မှားခြင်း စသည် ညစ်ပတ်သောအရာများဖြင့် ပြည့်စုံခဲ့သည်။ ထိုကြောင့် အကျင့်ကောင်းဖြင့် အသက်ရှင်ရန်သွန်သင်ခြင်းသည် လူများစွာကို သေခြင်းတရားသို့ပို့ ဆောင် ခဲ့သည်။ အကျင့်ကောင်းဖြင့် အသက်ရှင်သူများကို သွန်သင်သောသူတို့ သည် ကိုယ့်အပြစ်ကိုဝေဖန်သော သူများဖြစ်ကြသည်။
ထိုကြောင့် ထိုသူတို့၏အပြစ်များကိုသန့်ရှင်းစေနိုင်သော ရေနှင့် ဝိဉာဉ်တော်၏တရားတော်ကို သူတို့ထဲသို့ ဝေငှဖို့ကျွန်ုပ်၌ တာဝန်ရှိပါသည်။ ဤအရာသည် မှန်ကန်သောသင်ခန်းစာဖြစ်သည်။ ထိုစစ်မှန်သော သတင်း ကောင်းကိုယုံကြည်မှသာ ဘုရားသခင်ထံတော်ပါး၌ ကောင်းသောအကျင့် ဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ ရေနှင့်ဝိဉာဉ်တော်၏သတင်းကောင်းကို ပထမ ဟောပြောခြင်းအားဖြင့် အပြစ်သားများကို ပြောင်းလဲစေဖို့ လိုအပ်ပါ သည်။
 
 
လောကီဘာသာရေးတွင်ခရစ်ယာန်တို့၏ လျှော့ချခြင်း
 
ကျွန်ုပ်တို့သည်လောကီဘာသာရေးအားဖြင့် လှည့်ဖျားခြင်းမ ခံ သင့်ပါ။ ဤလောကီဘာသာရေးကို တိုက်ခိုက်အောင်မြင်သောခါ ကျွန်ုပ်တို့ သည် ကောင်းကင်ဘုံသို့ ဝင်သွားနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏ပညတ်တရားကို မစွမ်းဆောင်နိုင်သောကြောင်း ခရစ်တော်က ပေး ထားသောကျေးဇူးတော်သက်သက်ဖြင့်သာ ဘုရားသခင်ကိုတွေ့မြင်နိုင်ပါ သည်။
သို့သော်ခရစ်ယာန်တချို့ကယေရှုခရစ်ကိုယုံကြည်ခဲ့ကြသော် လည်း မုသားပြောသောသူ၏လှည့်ဖျားခြင်း၊ သွေးဆောင် ခြင်းခံခဲ့ကြ သည်။လူသားသည်ကောင်းသောသူဖြစ်နိုင်သည်ဟု သူတို့ကိုလှည့်စားခဲ့ကြ သည်။ သို့သော် ကျွန်ုပ်သည် အပြစ်နှင့်မွေးဖွားလာသော သူများဖြစ်သော ကြောင့်မည်သည့်အရာကဲ့သို့ ကြိုးစားကောင်းသောလူ မဖြစ်နိုင်ကြ။ ယေရှု ပေးထားသော ရေနှင့်ဝိညာဉ်တော်၏သတင်ကောင်းကို ယုံကြည်ခြင်းအား ဖြင့်သာ ကျွန်ုပ်တို့ သန့်ရှင်းသောသူဖြစ်သည်ကို သိမှတ်သောအခါ အသက် တာ သစ်နှင့်အသက်ရှင်နိုင်ခဲ့ကြပါသည်။
သမ္မာကျမ်းစာထဲတွင် ဖာရိရှဲများကဲ့သို့ ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းကို မယုံကြည်ဘဲ အပြစ်သန့်ရှင်းခြင်းမရှိသောယနေ့ခရစ် ယာန်များသည် အစွန့်ရောက် အယူမှားရှိသူများဖြစ်ကြသည်။ ဖာရိရှဲတို့ သည် သမ္မာကျမ်းစာဖော်ပြထားသောဘုရားသခင်၊ ဝိညာဉ်ရှင်ပြန်ထ မြောက်ခြင်းနှင့် အသက်တာသစ်ကို ယုံကြည်ခဲ့ကြသည်။ သို့သော် ယေရှု သည် သူတို့၏ မေရှိယ(Messiah) အပြစ် မယုံကြည်ခဲ့ကြပေ။ ထိုနောက် ခရစ်တော်၏ဗတ္တဇံနှင့် တာတိုင်ပေါ်အသွေးတော်ကို လျှစ်လှူရှုခဲ့ကြသည်။
ယနေ့ မြောက်များစွာသော ခရစ်ယာန်တို့သည် ဖာရိ်ရှဲကဲ့သို့ ဖြစ်ကြ သည်။ သမ္မာကျမ်းစာတက်ခရစ်ယာန်သြဝါဒများကိုသာ ပို၍ တန်းဖိုးထား ခဲ့ကြသည်။ တိတု ၃း ၁၀-၁၁ တွင် ဘုရားသခင်က “သင်းခွဲသောသူကို နှစ် ကြိမ်မြောက်အောင်ဆုံးမပြီမှဖယ်ရှားနှင်ထုတ်လော့။ထို့သို့သော် သူသည် ကိုယ်အပြစ်ကို သိလျှက်ပင်အပြစ်ပြု၍ မှောက်လှန်သော စိတ်ရှိသော သူဖြစ်သတည်း”ဟုဖော်ပြခဲ့သည်။သမ္မာကျမ်းစာတက်မိုက်မဲသောသူ၏ယုံ ကြည်ခြင်းနောက်လိုက်သောသူတို့သည်ဖျက်ဆီးခြင်းခံရမည်ဖြစ်ကြသည်။
ယနေ့ ဤလောကတွင် မှားယွင်းသော ပရောဟိတ် (Prophets) များစွာရှိခဲ့သည်။ဘုရားသခင်၏နုတ်ကပတ်တရားတော်က ထိုသို့ မှားယွင်း သောပရောဟိတ်များကို တိုက်ခိုက်အောင်မြင်ဖို့သွန်သင်ခဲ့သည်။ အောင် မြင်သောသူသည်ကားဖြူစင်သောအဝတ်ကို ဝတ်ဆင်ကြမည်ဟုဖော်ပြ ထားခဲ့ပါသည်။
ရှင်လုကာအခန်းကြီး ၁၈ တွင် “ဖာရိရှဲနှင့် အခွန်ခံတို့၏ ပုံဥပမာ`` ကိုတွေ့ခဲ့ပါသည်။ ဖာရိရှဲတစ်ယောက်သည်ဗိမာန် တော်ပေါ်သို့တက်လျှက် လက်မြှောက်ပြီး၊ “အိုဘုရားသခင်၊ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပြီး၊ဥစ္စာရှိသမျှတို့ကိုဆယ်ဖို့တစ်ဖို့လှူပါ၏”ဟုဆုတောင်းပဌာန ပြု၏။ အခွန်ခံတစ်ယောက်သည် ကောင်းကင်သို့ မျှော်မကြည့်ဝံ့ဘဲ “အို ဘု ရားသခင်၊ အပြစ်များသောအကျွန်ုပ်ကိုသနားခြင်း ဂရုဏာစိတ်ရှိတော်မူပါ။ တစ်ပတ်တွင်နှစ်ရက်အစာမရှောင်နိူင်သောသူ၊ ဆယ်ဖို့တစ်ဖို့ကိုမပေးနိုင် သောသူ၊ ထိုသာမက သူများဥစ္စာကို ခိုးယူတတ်သောသူ၊ အပြစ်များစွာကို လုပ်တတ်သောသူ၊ မတိုက်တိုင်သောသူဖြစ်ခဲ့သည်။ အိုဘုရားသခင် အ ကျွန်ုပ်ပေါ်၌ ကျေးဇူးတော်ကြီးလှပေ၏” ဟု ဆုတောင်းခဲ့ပါသည်။
ဖါရိရှဲထက် အခွန်ခံတစ်ယောက်၏ဆုတောင်းသံသည် ဘုရားသ ခင်လက်ခံခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြခဲ့သည်။ အဘယ်သူသည် အ ပြစ်ခွင့်လွတ်ခြင်းရရှိမည်နည်း။ သူတို့၏အားနည်း ချက်မြင်တွေ့သောသူ များဖြစ်သည်။ အပြစ်သားများဖြစ်သည်ကို သိရှိသောသူသည် ယေရှုထံမှ လာသောကယ်တင်ခြင်းရရှိသောသူဖြစ်ကြသည်။
ရှင်မာသာဲ ၃း၁၅ တွင်ယေရှုသည် ဗတ္တိဇံမခံရခင်ဟောပြော သော အရာရေးထားခဲ့ပါသည်။ ဤနေရာတွင် “ယခု” ဟူသော အဓိပ္ပာယ်သည် အပြစ်သားများကို ကယ်တင်ဖို့ရန်ယေရှုဗတ္တိဇံခံယူခြင်းသည် အသင့်တော် ဆုံးဖြစ်သည်ကို ဆိုလိုခဲ့ခြင်းဖြစ်သည်။
သခင်ယေရှုသည် သင်၏အပြစ်ကယ်တင်ခဲ့သည်ကို ယုံကြည်ပါ သလား။ ယေရှုသည် ဗတ္တီဇံခံသောအခါသင်၏အပြစ်များကို သူ့အပေါ် ယူ တင်ဆောင်ရွက်သွားခဲ့ပါသည်။ထိုနောက်ကားတိုင်ပေါ်တွင်အပြစ်အတွက် အသွေးတော်သွန်းလောင်းပေးခဲ့သည်။ သင် ဝိညာဉ်အသက်တာအတွက် ဤအရာကို သင်ယုံကြည်ဖို့လိုအပ်ပါသည်။ ဤအရာကို ယုံကြည်လာသော အခါ ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ရရှိခဲ့သည်။
ယနေ့ ဤလောကတွင် ရေနှင့်ဝိညာဉ်တော်၏စစ်မှန်သော ကယ် တင်ခြင်းသတင်းကောင်းကို မယုံကြည်သောသူများစွာရှိခဲ့ကြသည်။ ထို့ ကြောင့် ကျွန်ပ်တို့သည် ဝိညာဉ်တိုက်ပွဲတွင်ပါဝင်ဖို့ လိုအပ်ပါသည်။ ကျွန်ပ် တို့၏ အပြစ်များကိုသိရှိလျှက် အမှားများစွာကို လုပ်သင့်သည်ဟု ဆိုလို ခြင်းမဟုတ်ဘဲ ကျွန်ပ်တို့သည် အပြစ်သားများဖြစ်သည်ကို သိလျှက် ဘုရား သခင်၏ကျေးဇူးတော် ဝတ်ကို ဝတ်စင်ဖို့ဖြစ်ပါသည်။ ယေရှုသည် သင်၏ ကယ်တင်ရှင်အ ဖြစ်အဖြစ်လက်ခံတော်မူပါ။ ကယ်တင်ခြင်းရရှိသောသူ တိုင်းသည် ယေရှုကအကျွန်ပ်တို့၏အပြစ်များကို သူကိုယ်တိုင်ယူဆောင် သွားပြီးမှ ကျွန်ပ်တို့ကိုယ်စား တရားစီရင်ခြင်းခံခဲ့သည်ကို ယုံကြည်ဖို့လို အပ်သည်။ ထိုမှသာ သင်နှလုံးသားထဲတွင်အပြစ်ရှိတော့မည်မဟုတ်။
သင်နှလုံးသားထဲတွင်အပြစ်ရှိခဲ့ပါသလား။သူတို့၏နှလုံး သားထဲ တွင် အပြစ်ရှိသည်ဟု ထင်သောသူသည် ဘုရားသခင် ၏ ပညတ်တရားကို ပထမဆုံး သိဖို့လိုအပ်ပါသည်။ ဘုရားသခင်၏ ပညတ်တော်အတိုင်း အပြစ် တရား၏အစား သေခြင်းဖြစ်၏။ သင်သည် အပြစ်ရှိခဲ့လျှင်ပထမ ဆုံးသေဖို့ လိုအပ်ပါသည်။ သင်အပြစ်အတွက် မသေခဲ့လျှင် တရားစီရင်ခြင်းခံပြီး ငရဲသို့ပို့ဆောင်သွားမည်ဖြစ်သည်။ ဤလောကလူသားတိုင်းတို့သည် အပြစ် ခွင့်လွှတ်ခြင်း မရရှိသောသူတိုင်းသည် ငရဲသို့ ပစ်ကျခြင်းခံရမည်ဖြစ် သည်။ ထို့ကြောင့်ဘုရားသခင်သည်ကျွန်ပ်တို့အပေါ်ဂရုဏာတော်ရှိ၍ သူ၏ တပါးတည်းသော သားတော်ယေရှုခရစ်တော်ကို ဤလောကသို့ စေလွှတ် ခြင်းအားဖြင့်ဤလောက၏အပြစ်လုံးစုံကို ယူဆောင်သွားပြီ ယောဒန်မြစ်၌ ဗတ္တိဇံခံယူပြီးမှ ကာတိုင်ပေါ်တွင် တရားစီရင်ခြင်းခံယူခဲ့သည်။
ကျွန်ုပ်တို့သည် အကျင့်ကောင်းမှုဖြင့် ကယ်တင်ခြင်းမရနိုင်။ လူ သားများသည် မနာလိုစိတ်ရှိကြသည်ဖြစ်သောကြောင့် ထိုက်တန် သောသူ မဖြစ်နိုင်။ ထို့ကြောင့် ယေရှုခရစ်၏အသေခံခြင်း၊ ကယ်တင်ခြင်းတရား တော်ကို ယုံကြည်ခြင်းအားဖြင့်သာအပြစ်ထဲက လွတ်မြောက်နိုင်ခဲ့ကြ သည်။ ဤအရာသည် သမ္မာကျမ်းစာ၏ အဓိက တရားတော်ဖြစ်ခဲ့ပါသည်။
ရှင်ပေါလုသည် ရောမ ၇း၁၉ တွင် “ငါသည် ကျင့်ချင်သော အ ကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏”ဟု ဖော်ပြခဲ့ သည်။ အဘယ်ကြောင့် ရှင်ပေါ်လုသည် ဤကဲ့သို့ဖြစ်သနည်း။ သူ၏လူ့ဇာ တိသည် ကောင်းသောအရာကို မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်သည်။ ကောင်းသောအကျင့်ကျင့်ခြင်းသည် ကောင်းသောအရာဖြစ်သည်ကို လူ တိုင်းကသိခဲ့ကြပါသည်။ သို့သော် အဘယ်သူကမျှမလုပ်နိုင်ခဲ့ကြပါ။ ထို့ ကြောင့်စစ်မှန်သောသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်သာကယ်တင် ခြင်းရနိုင်ကြသည်။
သန့်ရှင်းသော ဘုရားသခင်သည် အပြစ်သားဖြစ်သော ကျွန်ပ်တို့ များကို မည်ကဲ့သို့ရွှေးနုတ်တော်မူခဲ့သနည်း။ သခင်ခရစ် တော်ယေရှုအား ဖြင့် ကယ်တင်တော်မူခဲ့ကြသည်။ ယောဟန်အားဖြင့် ဗတ္တိဇံခံယူလျှက် ကျွန်ပ်၏အပြစ်များကိုယူဆောင်သွားခဲ့ပြီးမှကားတိုင်ပေါ်တွင် အသေသတ် ခံခဲ့ရပါသည်။ ယေရှုကို သင်ယုံကြည်ပါသလား။ ယေရှုကိုယုံကြည်ခြင်း သည် ကျွန်ပ်တို့အတွက် သူလုပ်ထားသောအရာများကို ယုံကြည်ခြင်းဖြစ် သည်။
 
 

ဘုရားသခင်ရှေ့မှောက်တွင် ရပ်တည်ခြင်း

 
လူသားများ၏ပထမဆုံးမိခင်ဖြစ်သောအာဒံနှင့်ဧဝကြားတွင် ကာ ဣနှင့်အာဗေလတို့ကိုမွေးဖွားခဲ့ကြသည်။အာဒံနှင့်ဧဝသည်အပြစ်လုပ်သော အခါ ဘုရားသခင်က တိရစ္ဆာန်ကိုသတ်လျှင် သားရေဖြင့်ဝတ်လုံပြုလုပ်၍ ဝတ်ပြုစေတော်မူခဲ့သည်။ ဤအရာအဖြစ်ကားသေခြင်းဖြစ်၏ ပညတ် တော်နှစ်ခုကို ဖော်ပြထားခဲ့သည်။ ပထမတစ်ခုသည် အပြစ်ကားသေခြင်း ဖြစ်၏ဆိုသောနေရာ၌ ဘုရားသခင်၏ဖြောင့်မတ်သောတရားစီရင်ခြင်း၊ နောက်တစ်ခုသည် အပြစ်သားများ၏ အပြစ်ကို ဖုံးကွယ်ဖို့ရန် ယဇ်ပူဇော် ခြင်းလုပ်သောနေရာ၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာပညတ်တော် ဖြစ် သည်။ အာဒံနှင်ဧဝိသည် စာတန်လှည့်စားခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်။ ဤအမှုကို ပြုသောကြောင့် သူတို့သည် သေခြင်း တရားသို့ ရောက်ရှိလာခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်ရှေ့တွင် အပြစ်၏အခကား သေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် ဘုရား သခင်သည် တိရစ္ဆာန်ကိုသတ်လျက် သူတို့၏အပြစ်ကို သားရေဖြင့် ဝတ်ခြုံ ပေးတော်မှုခဲ့သည်။ ဤအရာသည် ခရစ်တော်၏အသေသတ်ခြင်းခံရမည် ဖြစ်သည်ကို ကြိုတင်ဖော်ပြခြင်းဖြစ်သည်။
အာဒံနှင့်ဧဝသည်အပြစ်ကိုလုပ်ပြီးနောက် သင်္ဘောသဖန်းပင်အ ရွက်တို့ကို ချုပ်စပ်ကာခါးစည်းကိုလုပ်ခဲ့ကြသည်။ သို့သော် သင်္ဘောသဖန်း ပင်ရွက်သည် ကြာရှည်မခံဘဲ နေပူလာသောအခါ ခြောက်ကပ်လာပြီး အ ရွက်များကို ကျရောက်ခဲ့သည်။ ထို့ကြောင့် သူတို့၏အနာအဆာများကို မဖုံးကွယ်နိုင်ခဲ့ပါ။ ထို့ကြောင့် သူတို့အဖြစ်ကို သင်္ဘောသဖန်းပင်ရွက်ဖြင့် ဖုံးကွယ်ဖို့ ကြိုးစားနေကြသော အာဒံနှင့်ဧဝအတွက် ဘုရားသခင်က တိရစ္ဆာန်ကို သတ်ပေးခဲ့ပြီသားရေဖြင့် ဝတ်ခြုံပေးခဲ့ပါသည်။ တနည်းအား ဖြင့်ပြောခဲ့လျှင် ယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသခင်သည် ထိုသူတို့အပြစ် များကို ဖုံးကွယ်ပေးခဲ့ပါသည်။ 
ဤအရာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ချစ်ခြင်း မေတ္တာ နှင့်ပြည့်စုံသော သူ၏ကယ်တင်ခြင်းကို ဖော်ပြခဲ့ပါသည်။ သူတို့အတွက် ဘုရားသခင် တိရစ္ဆာန်သတ်ခဲ့သည်ကို အာဒံနှင့်ဧဝက သိပြီ။ ထို့နောက် ဘုရားသခင်ကိုယ်တိုင်က သူတို့၏ အပြစ်များကို သားရေဖြင့် ဖုံးကွယ်ပြီ ကယ်တင်ခဲ့ကြသည်။ ထိုနောက်ဤယုံကြည်ခြင်းသည်ဘုရားသခင်၏သား သမီးခွင့်ရရှိစေခဲ့သည်။
အာဒံသည် သားနှစ်ယောက်ကာဣနနှင့် အာဗေလတို့ရရှိလာခဲ့ သည်။ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဖို့ မြေအသီးသီးကို ဆောင်ခဲ့ပြီး အာဗေလသည် မိမိသိုးစုတွင် အဦးဖွားသော သားအချို့နှင့် သိုးဆီဥကို ဆောင်ခဲ့သည်။ ထာဝရဘုရားသည် မည်သည့် ပူဇော်သက္ကာကို လက်ခံခဲ့သနည်း။ ဤပူဇော်သက္ကာ နှစ်မျိုးတို့သည် “ဓမ္မာ ဟောင်းကျမ်း တွင် ယုံကြည်ခြင်းဖြင့် ပူဇော်ခြင်းနှင့်လူ့ဇာတိအနေဖြင့် ပူဇော်ခြင်းကြား တွင် ဆန့်ကျင်များကို ဖော်ပြပေးသောအမှတ်အသားသော့ချက်များဖြစ်ခဲ့ သည်။ ထာဝရဘုရားသည် အာဗေလ၏ပူဇော်သက္ကာကို ပမာဏာပြုတော် မူ၏။ ထာဝရဘုရားသည် ကာဣန၏ပူဇော်သက္ကာသော မြေအသီးကို ပမာ ဏာမပြုဘဲ အာဗေလ၏ပူဇော်သက္ကာခဲ့သော မိမိသိုးဦးစုတွင် အဦးဖွား သော သားအချို့နှင့်သိုးဆီဉပမာဏာပြုတော်မှုခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြပေးခဲ့သည်။
အာဗေလသည်လည်း၊ မိမိသိုးစုတွင်အဦးဖွားသောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလ၏ ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏”ဟု သမ္မာကျမ်းစာက ဖော်ပြထားခဲ့သည်။ ထာဝရဘု ရားသည် အာဗေလ၏ပူဇော်သက္ကာကို ဝမ်းမြောက်စွာ လက်ခံတော်မူခဲ့ပါ သည်။ဤအရာအားဖြင့် ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့ထံ၌ မည်သည့် အရာနှစ်သက်ခဲ့သည်ကို ကျွန်ုပ်တို့ သိရှိဖို့ရန် လိုပါသည်။
မည်ကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံကြမည်နည်း။ ဘုရားသခင်ရှေ့မှောက်တွင် နေ့စဉ်ရောက်ရှိလာသောအခါ၌ မည်ကဲ့သို့ ရောက်ရှိကြမည်နည်း။ဘုရားသခင်ထံသွားနိုင်သောလမ်းသည် ကျွန်ုပ်တို့အ တွက်တစ်ခုသာရှိခဲ့သည်။ ထိုအရာသည် ကျွန်ုပ်လုပ်ငန်းပူဇော်ခြင်းအားဖြင့် မဟုတ်ဘဲ ကျွန်ုပ်တို့ယုံကြည်ခြင်း၊ ပူဇော်သက္ကာခြင်းအားဖြင့်သာ ဖြစ်ပါ သည်။ဤအရာသည် ထာဝရဘုရား ပမာဏပြုတော်မူသောအရာဖြစ်သည်။
အာဒံနှင့်ဧဝသည် မည်ကဲ့သို့သော ယုံကြည်ခြင်းမျိုးကို သူ၏သား သမီးများထံတွင်ထားရှိခဲ့သနည်း။သားရေဖြင့်ဝတ်လုံပြုလုပ်သော ယုံကြည် ခြင်းဖြစ်ခဲ့သည်။ ပူဇော်သက္ကာခြင်းအားဖြင့်ပေးအပ်သော ယုံကြည်ခြင်းဖြစ် ခဲ့သည်။ ယနေ့ရေနှင့်ခရစ်တော်၏သွေးတော်နှင့် သတင်းကောင်းထဲတွင်ရှိ သော ယုံကြည်ခြင်းဖြစ်သည်။ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ခရစ်တော် သည်ကျွန်ုပ်အပြစ်များကိုယူဆောင်သွားပြီး ကျွန်ုပ်ကိုယ်စား တရားစီရင်ခံခဲ့ သည်ကို ယုံကြည်ခဲ့ပါသည်။ ဤယုံကြည်ခြင်းသည် ကျွန်ုပ်၏ပူဇော်သက္ကာ ဖြစ်ခဲ့ပါသည်။ ခရစ်တော်သည် ဗတ္တိဇံခံသောအခါ ကျွန်ုပ်အပြစ် လုံးစုံယူ ဆောင်သွားခဲ့သည်ကို ယုံကြည်ခဲ့ပါသည်။ ခရစ်တော်ထံသို့ ကျွန်ုပ်အပြစ် လုံးစုံနှင်းအပ်ခဲ့သည်ကို ယုံကြည်ခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းထဲတွင် ဘု ရားသခင်၏ကတိတော်ထားခဲ့သည့်အတိုင်းခရစ်တော်သည် ကျွန်ုပ်အတွက် အသေခံပြီးဖြောင့်မတ်စေခဲ့သည်ကို ယုံကြည်ခဲ့ပါသည်။ ဤကယ်တင်ခြင်း တရားကို ကျွန်ုယုံကြည်ခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်ကယ်တင်ခဲ့သောသူများဖြစ်သည်ကို ယုံကြည်လျက်သူ့ရှေ့မှောက်တွင်ရပ်သောအခါဘုရားသခင်ကသူ၏သားသ မီးများအဖြစ်လက်ခံကြသည်။ အဘယ် ကြောင့်ဆိုသော် သူ၏ အသက်တာ ပူဇော်သက္ကာခြင်းအားဖြင့်ကျွန်ုပ်တို့သည်ဘုရားရှင်ရှေ့မှောက်တွင် သန့်ရှင်း သူများဖြစ်လာခဲ့ကြသောကြောင့်ဖြစ်သည်။
ခရစ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည် သောကြောင့်ဘုရားသခင်ကကျွန်ုပ်တို့ ယုံကြည်မှုကိုလက်ခံခဲ့သည်။ ဘုရား သခင်သည်ခရစ်တော်၏ပူဇော်သက္ကာခြင်းကို လက်ခံသောအခါ ခရစ်တော် ထဲ၌ ကျွန်ုပ်တို့လည်းလက်ခံခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် တို့၏အဖြစ်များကို ခရစ်တော်၏ပူဇော်သက္ကာထဲ၌ ပို့ပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤပူဇော်သက္ကာထဲတွင် ကျွန်ုပ်တို့အပြစ်အတွက် တရားစီရင် ခြင်းရှိခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသူများဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်ပါသည်။ ပြည့်စုံသော ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာလည်းဖြစ်ခဲ့သည်။
 
 
ကျွန်ုပ်တို့သည်လည်း အာဗေလ၏ ယုံကြည်ခြင်းကို ဆက်ကပ်ခဲ့သည်
 
ဘုရားသခင်သည်အာဗေလ၏ပူဇော်သက္ကာကိုဝမ်းမြောက်စွာဖြင့် ပမာဏပြုခဲ့သည်ဟု သမ္မာကျမ်းစာကဖော်ပြထားခဲ့ပါသည်။ ယနေ့ ဘုရား သခင်သည် မည်ကဲ့သို့သောကျွန်ုပ်တို့၏ ပူဇော်သက္ကာကို လက်ခံခဲ့သနည်း။ ကျွန်ုပ်တို့သည် အကြွင်းမဲ့နှလုံးသားဖြင့် ဘုရားသခင်ထံသို့ ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သည်ကို ယုံကြည်သောအခါ၌ ဘုရားသခင်က ကျွန်ုပ်တို့၏ပူဇော်သက္ကာကိုလက်ခံခဲ့ပါသည်။ ခရစ်တော်ယေရှုထံ၌ ကျွန်ုပ် တို့၏အပြစ်များစွာကို နှင်းအပ်ခဲ့ပြီးသောသူသည် ကျွန်ုပ်တို့ကိုယ်စား တ ရားစီရင်ခဲ့သောကြောင့်အဖခမည်းတော်ဘုရားကကျွန်ုပ်တို့၏အပြစ်များကို ခရစ်တော်ထဲ၌မြင်တွေ့ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ် တို့၏အပြစ်များကို သူ၏သားတော်ထဲ၌နှင်းအပ်လျက် ကျွန်ုပ်တို့အတွက် တရားစီရင်ခံ၍ သုံးရက်မြောက်သောနေ့၌သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး နောက်ခမည်းတော်ဘုရား၏ လက်ယာဘက် သို့တိုင်ခဲ့ပါသည်။
ဤအရာကို ယုံကြည်သောသူသည် ဘုရားသခင်က ကယ်တင်ခဲ့ ကြပါသည်။ ဘုရားသခင်သည် ကျွန်ုတို့၏ပူဇော်သက္ကာကို ပမာဏပြုခဲ့ပါ သည်။ခရစ်တော်မပါလျှင် ကျွန်ုတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ဘယ် တော့မှရောက်ရှိနိုင်မည်မဟုတ်။သို့သော်ယေရှုခရစ်တော်သည်ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ဘုရားသခင်ထံတော် သို့ ကျွန်ုပ်တို့သွားနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မှန်ကန် ပြည့်စုံပါသလား။ မှန်ကန်ပြည့်စုံပါ၏။
ယခုကျွန်ုပ်တို့သည်သန့်ရှင်းသောသူများဖြစ်ကြသည်။ ခရစ်တော် ထံသို့ ကျွန်ုပ်တို့အပြစ်များကို နှင်းအပ်ပြီးဘုရားသခင်ကကျွန်ုပ်တို့ကိုဖြူ သော ဝတ်နှင့်ဝတ်ထားခဲ့သောကြောင့်ဖြစ်သည်။ဘုရားသခင်သည်ကျွန်ုပ် တို့ကို ဖြောင့်မတ်စေခဲ့သည်။ ဘုရားသခင်သည် “အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။ ထိုသူ၏နာမကို အသက်စာ စောင် မှပါသည်အလျှင်းမချေ”ဟု ကတိတော်မှာခဲ့သည်။ ဘုရားသခင်သည်ကျွန်ုပ် တို့၏နာမည်များကို သူ၏ကောင်းကင်တမန်တော်တို့ရှေ့၌ဝန်ခံမည်။
သာဒီမြို့၌ရှိသော အသင်းတော်သို့ လူအနည်းငယ်သည် ဖြူသော အဝတ်ကိုဝတ်လျက် ဘုရားသခင်နှင့်အထူးသွားခဲ့ကြသူရှိ၏။ ထိုသူတို့ သည် ဘုရားသခင်၏သူတော်စင်များ၊ သားသမီးများဖြစ်ကြသည်။
ဘုရားသခင်သည် အာဗေလ၏ပူဇော်သက္ကာကို ပမာဏပြု တော်မူခဲ့ပြီ အာဗေလကိုလည်းလက်ခံခဲ့သည်။ သို့သော် ဘုရားသခင်သည် ကာဣန၏ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ အဘယ့်ကြောင့် ထာဝရ ဘုရားသည်ကာဣ၏ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ အဘယ့်ကြောင့် ဆိုသော်ကာဣပူဇော်သက္ကာသည်သွေးတော်နှင့်ပေးထားသောပူဇော်သက္ကာ မဖြစ်သောကြောင့် ဘုရားသခင်က ပမာဏပြုမမူတော်ခြင်းဖြစ်သည်။ ကာ ဣနသည် မြေအသီးကို ပူဇော်သက္ကာကို ယူဆောင်ခဲ့၏ဟု သမ္မာကျမ်း စာကဖော်ပြထားခဲ့သည်။ သူရထားသောမြေအသီးကိုသာ ယူဆောင်လာ ခဲ့၏။ ပြောင်းဖူး၊အာလူး၊ ဖရဲသီး (သို့) တစ်ခုခုကို ယူဆောင်လာခဲ့နိုင် သည်။ သို့သော် ဘုရားသခင်က ဤကဲ့သို့သော ယူဆောင်လာခြင်း ကို ပမာ ဏပြုတော်မမူ။
ကယ်တင်ခြင်းရနိုင်ဖို့ရန် ယနေ့ခရစ်ယာန်များစွာကကာဣနပူ ဇော်သက္ကာကိုလက်ခံခြင်းအဓိပ္ပာယ်ကောင်းစွာနားလည်ဖို့လိုအပ်ပါသည်။ သို့သော်ယနေ့လူနည်းစုကသာဘုရားသခင်၏နှလုံးသား ကိုသိရှိခဲ့ကြသည်။ တစ်ချို့သောသူတို့သည် ကာဣန၏ပူဇော်သက္ကာကို နားမလည်သောအခါ ကာဣ၏ပူဇော်သက္ကာကဲ့သို့ ဘုရား သခင်ထံ ပူဇော်သက္ကာလုပ်ခဲ့ကြသည်။
ဘုရားသခင်ရှေ့မှောက်တွင်ရပ်လာသောအခါ ကိုယ့်အပြစ် အတွက်ကြောင့် ငရဲသို့သွားရောက်ရမည်ဖြစ်သည်ကို သိမှတ်ဖို့လို အပ်ပါသည်။ သင်၏အ ပြစ်ကြောင့်ဘုရားသခင်ရှေ့မှောက်တွင် သေခြင်းတရားရင်ဆိုင်ရမည်ဖြစ် သည်ကို မှတ်မိခဲ့ပါသလား။ ဤအရာကို မသိရှိခဲ့လျှင် ခရစ်တော်သည် သင်၏ကယ်တင်ရှင်အဖြစ်ယုံကြည်ဖို့ရန်မလိုအပ်ခဲ့ပါ။ဘုရားသခင်ကကျန်း မာသောသူသည် ကျန်းမာခြင်းကို မလိုအပ်ဘဲ၊ သို့သော် မကျန်းမာသော သူတို့က လိုအပ်ခဲ့သည်”ဟု ပြောထားခဲ့ပါသည်။ ကျွန်ုပ်တို့ဘုရားသခင် သည် ကိုယ့်အပြစ်မသိရှိသောသူ၊ သန့်ရှင်းသောသူ အဖြစ်ထင် မှတ်သော သူမဟုတ်ဘဲ၊အပြစ်သားများဖြစ်သည်ကို သဘောပေါက် နားလည်သောသူ မှသာ လိုအပ်ခဲ့ကြသည်။
လူသားအားလုံးသည် အပြစ်သားများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံကြရ မည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့အားလုံးသည်ဖျက် ဆီးခံရမည်ဖြစ်သည်။ သို့သော် ထိုငရဲသို့ လွတ်မြောက်နိုင်ဖို့ရန် ယောဒန်မြစ်မှဗတ္တိဇခံခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များကို ခရစ်တော်ယေရှုက ယူဆောင်သွားခဲ့ပြီး ကျွန်ုပ် တို့အတွက် ဘုရားသခင်၏တရားစီရင်ရှင်ခြင်းကို ခံခဲ့ပြီးဖြစ်သည်။ ထိုအရာ ကြောင့် ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ်တို့အားလုံးသည် သခင်ယေ ရှုက ကယ်တင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ဘုရာသခင်ရှေ့မှောက်တွင် အပြစ် သားများဖြစ်သည်ကိုသိလျက် ကိုယ့်အပြစ်ကို ဝန်ခံပြီး ဘုရားသခင်ကို ယုံ ကြည်မှသာ ကယ်တင်ခြင်းရရှိလာမည်ဖြစ်သည်။
 
 
ဖြူစင်သောကယ်တင်ခြင်းဝတ်ရုံကို ဝတ်ပေးခဲ့သောယုံ ကြည်ခြင်း
 
သမ္မာကျမ်းစာက “လူ၏အသက်တာသည် အသွေးတော်ဖြစ် သည်”ဟု ဖော်ပြထားပါသည်။ကျွန်ုပ်တို့အပြစ်ကြောင့် ကျွနုပ်တို့သည် သေ ခြင်းသာခံရမည်ဖြစ်သည်။ အဘယ်ကြောင့် ယေရှုသည် ကာတိုင်ပေါ်တွင် အသေခံသနည်း။ အပြစ်၏တရားသည်ကား သေခြင်းဖြစ်သောကြောင့် ယေရှုသည်ကျွန်ုပ်တို့၏အပြစ်များကိုသူ့အပေါ်ယူဆောင်သွားပြီးမှကျွန်ုပ်တို့ အပြစ်အခအတွက် ကားတိုင်ပေါ်တွင် အသက်တာပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဤသမ္မာတရားကိုသက်သေပြရန် ယေရှုသည် ကျွန်ုပ်တို့ကိုယ်စာ ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းခဲ့ပါသည်။
သမ္မာကျမ်းစာက“သခင်ယေရှုသည်ကျွန်ုပ်တို့ပြစ်မှားခြင်းကြောင့် ဒဏ်ခံရပြီး၊ ကျွန်ုပ်တို့ဆိုးညစ်မှုကြောင့် ပြစ်ဒဏ်ခံခဲ့ရသည်”ဟု ဖော်ပြ ထားခဲ့သည်။ကျွန်ုပ်တို့၏အပြစ်တရားများကြောင့် ယေရှုသည် အသေသတ် ခံခြင်းဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူနှင့်အတူ သေပြီးမှသူနှင့် အတူ ရှင်ပြန်ထမြောက်ခဲ့ကြသည်။ ဤအရာကို သင်ယုံကြည်ခဲ့ပါသလား။
ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကို ဆေးကြောပေးပို့ရန် ဤလောကသို့ ကြွဆင်းလာပြီးမှဗတ္တိခံခဲ့ပါသည်။သူသည်လက်ဝါး ကပ်တိုင်ပေါ်တွင်လည်း ရိုက်နှိပ်ခြင်းခံခဲ့ရ၏။ လူသားများသည် ယေရှုကိုကဲ့ရဲ့လျက်၊ တံထွေးထွေး ရိုက်ပုတ်ပြီး သူ၏အဝတ်အစားကို လုယက်ခဲ့ကြသည်။ အဘယ်ကြောင့် ဘုရားသခင်ဖြစ်သော ယေရှုသည် ဤကဲ့သို့ရိုက်ပုတ်ခြင်း၊ ထွေးထုတ်ခြင်း ကိုခံခဲ့ရသနည်း။ ကျွန်ုပ်တို့လူသားများ၏အပြစ်ကြောင့် ယေရှုသည် အထင် အမြင်သေးခဲ့ကြသည်။
ထို့ကြောင့် ခရစ်တော်၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အားလုံး၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းဖြစ်ခဲ့သည်။ ကျွန်ုပ် တို့၏အပြစ်များကိုလောကီဘာသာရေးခေါင်းဆောင်များက မယူဆောင် သွားခဲ့ကြပါ။ကျွန်ုပ်တို့၏အပြစ်အတွက်ဗုဒ္ဓ(သို့) (Mohammed) မဟာမိတ် တို့ကလည်း သူတို့၏အသက်ကို ပေးဆပ်ခြင်းမရှိ။
သို့သော် ဘုရားသခင်၏သားတော် ယေရှုသည် ဤလော ကသို့ ကြွဆင်းလာပြီး ယောဒန်မြစ်တွင် ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့၏ အပြစ် များကိုလုပ်ဆောင်သွားခဲ့ပြီးမှကျွန်ုပ်တို့ကိုသန့်ရှင်းစေခဲ့ကြသည်။ထို့နောက် ကျိန်ခြင်း၊ ဖျတ်ဆီးခြင်း၊ တရားစီရင်ခြင်း၊ သေခြင်းကနှင့် ကျွန်ုပ်ကို ကယ် တင်ဖို့ရန် သခင်ယေရှုသည် အသက်တာကို နှမျှောခြင်းမရှိဘဲ ပေးဆပ်ခဲ့ပါ သည်။
ထို့ကြောင့်သမ္မာကျမ်းစာတွင်“သင်တို့သည်ခရစ်တော်ထဲ၌ ဗတ္တိဇံ ခံသောကြောင့် ခရစ်တော်၌ရှိကြ၏”ဟု ဖော်ပြထားခဲ့သည်။ ဗတ္တိဇ့ခံယူ ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို သခင်ယေရှုက ယူဆောင်သွားခဲ့ သည်ကို ယုံကြည်လျက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖြူသောအဝတ်နှင့် ဝတ်ခြုံဖို့လိုအပ်ပါသည်။ ယေရှုဗတ္တိဇံ ယုံကြည်ခြင်းသည် သူ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၊ ယုံကြည်ခြင်းတို့လည်း ဖြစ်ခဲ့သည်။
သားတော်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်က သူ၏ သားသမီးများအဖြစ် ရွေးနုတ်ခဲ့ကြသည်။ ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ကြိုးစားလုပ်ငန်းများကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်ကျွန်ုပ် တို့ကိုမရွေးတော်မှုခဲ့ပါ။ သို့သော် ကျွန်ုပ်တို့အပြစ်ကို ယူဆောင်သွားပြီး ကျွန်ုပ်တို့ကိုယ်စားတရားစီရင်ခြင်းခံ၍ သေခြင်းမှ ရှင်ပြန်ထမြောက်သော ကယ်တင်ရှင် သားတော်ယေရှုထံတွင် ကျွန်ုပ်တို့ယုံကြည်ခြင်းကို ကြည့်ရှု ခြင်းအားဖြင့်ဘုရားသခင်ကကျွန်ုပ်တို့ကိုသူ၏သားသမီးများအဖြစ် ရွေးနုတ် ခဲ့ပါသည်။
ကျွန်ုပ်ချစ်မိတ်ဆွေသောညီအကိုများ ဤအရာသည်စစ် မှန်သော ယုံကြည်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လုပ်ဆောင်မှုဖြင့်မဟုတ်ဘဲ ယေရှုခရစ် တော်၏လုပ်ဆောင်မှုကြောင့်သာကျွန်ုပ်တို့သည် ဖြူသောအဝတ်နှင့် ဝတ် ခြုံနိုင်ကြသည်။ လူလုပ်ဆောင်မှုဖြင့် လူကိုတရားရာခိုင်နှုန်းမှ မသန့်ရှင်း နိုင်ခဲ့ပါ။ ဖြောင့်မတ်သောသူဖြစ်ပါရန် ကျွန်ုပ်တို့၏ကြိုးစားမှုအပေါ် အရှုံး ပေးပြီးမှ ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ဖို့ လိုအပ်ပါသည်။ ဤအရာကို ယုံကြည်ခြင်းဖြင့်သာကျွန်ုပ်တို့သည် ဖြူသော အဝတ်နှင့်ဝတ်ခြုံနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ နာမည်များသည် အသက်တာတစ်လျှောက် တွင် ရေးထားခဲ့ပြီးကောင်းကင်တမန်တော်ရှေ့၌ ဘုရားသခင်က ကျွန်ုပ်တို့၏နာ မည်ကို ဝန်ခံမည်ဖြစ်သည်။ ယေရှုခရစ်ကိုယ်တော်က ဘုရားသခင်၏ သားသမီးများအဖြစ် သိမှတ်မည်ဖြစ်သည်။ ယေရှုက “သင်တို့သည် ကယ် တင်ခဲ့သည်၊ သင်တို့၏အပြစ်များကို ဆေးကြောပေးခဲ့သောကြောင့် ဖြောင့် မတ်သောသြူဖစ်ကြ၏”ဟု ပြောခဲ့သည်။ ဤအရာသည် ယခုဗျာဒိတ် ကျမ်းထဲတွင် ဆွေးနွေးနေခဲ့သော အရာလည်းဖြစ်သည်။ ဘုရားသခင်၏ အသင်းတော်သို့ ရောက်လာသောအခါမှသာ ဘုရားသခင်က ကျွန်ုပ်တို့ကို ခွင့်လွှတ်ခဲ့သည်။
ခရစ်တော်ထဲ၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ကြည့်ခြင်းအားဖြင့် ထာဝရဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးနုတ်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏ ချွတ်ယွင်းချက်များအားဖြင့် ကြိုးစားခဲ့လျှင် ဖျက်ဆီးခြင်းထဲသို့သာ နေ့စဉ် ကျရောက်ခဲ့သည်။ ဘုရားသခင်သည် ခရစ်တော်ထဲ၌ ကျွန်ုပ်တို့၏ယုံခြင်း ကို ကြည့်ရှုခဲ့ပါသည်။ ထိုယုံကြည်ခြင်းကြောင့်သာ ဘုရားသခင်က သူ၏ သားသမီးအဖြစ် ကျွန်ုပ်တို့ကိုရွေးနုတ်ခဲ့ကြသည်။ ဘုရားသခင်သည် ကျွန်ုပ် တို့ကို ကယ်တင်တော်မူကြသည်။
ထို့နောက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖြူသောအဝတ် နှင့် ဝတ်ခြုံခဲ့ကြသည်။ ကျွန်ုပ်တို့၏နှလုံးသားထဲ၌ စစ်မှန်သောယုံ ကြည်ခြင်း ရှိခြင်းသည်ဖြူသောအဝတ်နှင့်ဝတ်ဆင်ခဲ့ခြင်း၏သက်သေဖြစ်သည်။ဘုရား သခင်ကယ်တော်ဖြစ်ခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ဖြူသောဝတ်လုံနှင့် သူရှေ့မှောက်တွင်ရပ်လာသောအခါကျွန်ုပ်တို့၏ဇာတိကိုယ်ခန္ဓာကို ဝိညာဉ် ကိုယ်ခန္ဓာသို့ ပြောင်းလဲပေးမည်ဖြစ်သည်။
ဤလောကတွင် ဘုရားသခင်၏ သားသမီးများတွေ့နိုင် သော အသင်းတော်များစွာရှိပါသည်။ ထိုကဲ့သို့သော အသင်းတော်များ၌ ဖြူသော ဝတ်ရုံကိုဝတ်ထားသောသူများအားဖြင့်ဘုရားသခင် အလုပ်လုပ်ခဲ့ကြသည်။
ဗျာဒိတ်ကျမ်း ၃း၅ တွင် “ထိုသူ၏ နာမကို အသက်စာစောင်မှ ငါသည်အလျင်းမချေ။ ငါခမည်းတော်ရှေ့၌၎င်း၊ကောင်း ကင်တမန်တော်တို့ ရှေ့၌၎င်း၊ သူ၏နာမကို ငါဝန်ခံမည်” ဟု ရေးထားခဲ့ပါသည်။
ဤကျမ်းပုဒ်တွင်ဘုရားသခင်ကပြောခြင်းသောအရာသည်အောင်မြင်သောသူသည်သာ“ဖြူသောအဝတ်ကိုဝတ်ဆင်ပေးလိမ့်မည်ဖြစ်သည်။” ကျွန်ုပ်တို့သည် အောင်မြင်သောသူများဖြစ်ရန် လိုအပ်ပါသည်။ သို့သော် ယေရှုကို ယုံကြည်ခဲ့ကြသော်လည်း နေ့စဉ် အပြစ်ဝန်ခံခြင်းအားဖြင့် နေ့စဉ် အပြစ်ခွင့်လွှတ်ခြင်း ရနိုင်သည်ဟု ယုံကြည်သောသူများသည် စာတန်ကို တိုက်ခိုက်ပြီးအောင်မြင်သောသူမဟုတ်ဘဲ ဆုံးရှုံးသောသူများဖြစ်ကြသည်။ ထိုကဲ့သို့သောယုံကြည်ခြင်းရှိသောသူများသည်ဖြူသော အဝတ်ကို ဝတ်နိုင် ခဲ့သည်မဟုတ်။ သန့်ရှင်းသော သူများလည်းမဖြစ်နိုင်ခဲ့ပါ။
ပြည့်စုံသော ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်သော သူသည်သာ အောင်မြင်သောသူဖြစ်သည်။ မှားယွင်းသော သြဝါဒများကို အောင်မြင်နိုင်သောယုံကြည်ခြင်းသည် သင့်အပေါ်တွင် ဘုရားသခင်စာပေး ထားခဲ့ပြီးဖြစ်သည်။ စာတန်ထံမှ လွတ်မြောက်ခြင်းမပေးနိုင်သော မှားယွင်း သောသတင်းကောင်းကို ကျွန်ုပ်တိုက်ခိုက်ပြီးအောင်မြင်နိုင်ဖို့ရန် ဗတ္တိဇံနှင့် အသွေးတော်၊ စစ်မှန်သောသတင်းကောင်းဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ ကို ကယ်တင်ခဲ့ကြသည်။
ကျွန်ုပ်တို့၏ အပြစ်လုံးစုံတို့သည် ယေရှုထံသို့ နှင်းအပ် ခဲ့ပြီးဖြစ် သည်ကို ကျွန်ုပ်တို့၏နှလုံးသားနှင့်သိမှတ်လျက် ယုံကြည်ခြင်းဖြင့်သာ ကျွန်ုပ်တို့အပြစ်များကို ဝန်ခံဖို့လိုပါသည်။ ထို့နောက် ယေရှုသေသောအခါ ကျွန်ုပ်တို့သေခဲ့သည်ကိုလည်းယုံကြည်ရန်လိုအပ်ပါသည်။ ခရစ်တော်သေ ခြင်းသည် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုသောအရာဖြစ်သည်။ ခရစ်တော် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အသက်ပေးခဲ့သည်ကို လည်းယုံကြည်ကြပါစို့။ ဤကဲ့သို့သော ယုံကြည်ခြင်းရှိသောအခါ ဘုရားသ ခင်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စေသည်။
ယောဟန် ၁း၁၂ တွင် “ထိုသူကို လက်ခံသမျှသူတည်းဟူ သော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏” ဟုဖော်ပြထားပါသည်။ “ကျွန်ုပ်ယေရှုခရစ်ကို ယုံကြည်ပါသည်”ဟူသော ပါးစပ်နှင့်ပြောခြင်းအားဖြင့်သာ ဘုရားသခင်၏ သားသမီးများမဖြစ်ကြပါ။ထိုကဲ့သို့ပြောခဲ့သော်လည်းမှန်ကန်စွာ ခရစ်တော် ကို သိရှိခြင်းမရှိကြပေ။
ဘုရားသခင်နှုတ်ကပတ်တော်ထဲတွင်“ထိုသားတို့မှုကား၊လူမျိုးနှင့် စပ်ဆိုင်၍ဖွားသောသားမဟုတ်။ မေထုံသံဝါသအားဖြင့် ဖွားသောသားမ ဟုတ်။ လူအလိုအလျောက်ဖွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော် မူသောသားဖြစ်၏”ဟု ရေးထားခဲ့ပါသည်။ ဤအရာသည် မှန်ကန်ခဲ့ပါ သည်။ ယုံကြည်ခြင်းအားဖြင့်သာ ဘုရားသခင်၏ သားသမီးများဖြစ်နိုင်ခဲ့ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မှတ်သားပြောသောသူများကို တိုက်ခိုက် အောင်မြင်ဖို့ရန် လိုအပ်ပါသည်။ မုသားပြောသောသူကို အောင်မြင်ခြင်း အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းရဆိုသော သူတို့သည် ဘုရားသခင်နှင့်အတူ လျှောက် လှမ်းရန်လိုပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏အ လိုတော်အတိုင်း အသက်ရှင်ဖို့ဖြစ်သည်။
ဘုရားသခင်၏အလိုတော်သည်မည်သည့်အရာဖြစ်သနည်း။ ဘု ရားသခင်၏အလိုတော်သည် ဖြူသောဝတ်ကိုဝတ်စင်လျက် သူ၏သတင်း ကောင်းဝေငှသောသူများဖြစ်ဖို့ရန်ဖြစ်သည်။ ထို့နောက် ဖြူသောဝတ်နှင့် ဝတ်ဆင်နိုင်မည်ဖြစ်သည့်ဝိညာဉ်ကယ်တင်ခြင်းအတွက် အလုပ်လုပ်ခြင်း သည် ဘုရားသခင်၏အစေခံ၊ သားသမီးများ၏အသက်တာဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အသက်တာနှင့် အသက် ရှင်သော အခါဘုရားသခင်ကဖြူသောအဝတ်ကို ဝတ်ပေးရုံသာမက လောကီကောင်း ကြီးမင်္ဂလာများနှင့်ဝိညာဉ်တော်၏ကောင်းကြီး မင်္ဂလာများကိုလည်း ချပေး တော်မူခဲ့သည်။ ဤစစ်မှန်သောသတင်းကောင်းကို ကျွန်ုပ်တို့ဘေးနားတွင် ရှိသောသူများထံသို့ ဝေငှဖို့ရန်ဖြူသောအဝတ်ကို ဝတ်ပေးခဲ့သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို ဖြူသောအဝတ်ဖြင့် ဝတ်ပေးခဲ့သည်။ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် မှားယွင်းသော တရားတော်တိုက်ပွဲတွင် အောင်မြင်သောသူများကို ဘုရားသခင်က ဖြူသောအဝတ်ကို ဝတ်ဆင်ပေး ခဲ့သည်။ ဘုရားသခင်ချီးမွမ်းပါစေ။