Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 3-3] ဖိလဒေလဖိမြို့၌ရှိသောအသင်းတော်သို့ပေးစာ (ဗျာဒိတ်ကျမ်း ၃း၇-၁၃)

ဖိလဒေလဖိမြို့၌ရှိသောအသင်းတော်သို့ပေးစာ
( ဗျာဒိတ်ကျမ်း ၃း၇-၁၃ ) 
“ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဝါဝိဒ်မင်းသည် တံခါး သော့ကိုကိုင်သောသူ၊ အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်၍၊ အဘယ်သူမျှမ ဖွင့်နိုင်အောင် ပိတ်သောသူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှမပိတ်နိုင်သောတံခါးကို သင့်ရှေ့မှာငါဖွင့်ထားပြီ။ အကြောင်းမူ ကား၊ သင်သည် အနည်းငယ်သောခွန်းအားရှိသည်နှင့် ငါနှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။ ငါ၏ နာမကိုလည်း မစွန့်ပယ်၊ ယုဒလူဖြစ်ဟန်ဆောင်၍ အမှန်မဟုတ်ဘဲ၊မုသာစကားကို ပြောသူတည်းဟူသော၊ စာတန်၏အပေါင်း အသင်းဝင်သူအချို့တို့ကို သင်၌ ငါအပ်ပေးမည်။ သူတို့သည် လာ၍ သင်၏ ခြေရင်း၌ပြပ်ဝပ်စေခြင်းငှါ၎င်း၊ငါသည်သင်ကိုချစ်သည်ဟု သိစေခြင်း ငှါ၎င်း ငါပြုမည်။သင်သည်ငါ၏သည်းခံခြင်းနှင့််စပ်ဆိုင်သောနှုတ်က ပတ်တော်တ ရားကိုစောင့်ရှောက်သောကြောင့် မြေကြီးအပေါ်၌ နေသောသူတို့ကို စုံစမ်း စေခြင်းငှါ၊လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြား လတံ့သောစုံစမ်းရာကာလ တွင်သင့်ကို ငါစောင့်ရှောက်မည်။ ငါသည် အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူမျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာကို စွဲကိုင်လော့။ အ ကြင်သူသည် အောင်မြင်၏၊ ထိုသူကိုငါသည် ငါ၏ဘုရားသခင့် ဗိမာန် တော်၌တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည်အပြင်သို့မရွေ့ရ။ငါ၏ဘုရား သခင်၏နာမတော်ကို၎င်း၊ ငါ၏နာမအသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နားရှိသော သူမည် သည်ကား ကြားပါစေ။``
 
 

အဖွင့်ဋိကာ

 
အခန်းငယ် (၇) “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်များကို ဤသို့ ရေး၍မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဝါဝိဒ် မင်းသည် တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှမပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူ၏အမိန့်တော်ကား၊သင်၏အကျင့် ကို ငါသိ၏။”
ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အရာခပ်သိမ်းတို့ကို အုပ်ချုပ် တော်မူ၏။သူသည်အနန္တတန်ခိုးနှင့်ပြည့်စုံသောဘုရားဖြစ်၍သူဖွင့် သောတံ ခါးကို အဘယ်သူမျှမပိတ်နိုင်၊ ပိတ်ထားသောတံခါးကိုလည်း အဘယ်သူ မျှမဖွင့်နိုင်၊ ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းဖြင့် ဤလောကသို့ကြွဆင်းလာပြီးအပြစ်သားများကို ကယ်တင် သောအရှင်ဖြစ် သည်။ ဘုရားသခင်ပေးထားသော ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်း သော့ချက်ဖြင့်ကောင်းကင်တံခါးကို ဖွင့်နိုင်ပါသည်။ အရာခပ်သိမ်းတို့သည် ဘုရားသခင်ပိုင်ဆိုင်သောအရာများဖြစ်သောကြောင့်အဘယ် သူကမျှတံခါး ကို မဖွင့်နိုင်။ 
 
အခန်းငယ် (၈) “အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့မှာ ငါဖွင့် ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သော ခွန်းအားရှိသည် နှင့်ငါနှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။”
ဘုရားသခင်သည် နှုတ်ကပတ်တော်တံခါးကို ဖွင့်ထားခဲ့သည်။ ဘုရားသခင်၏ခွင့်ပြုချက်မပါဘဲ အဘယ်သူမျှ တံခါးကို မပိတ်နိုင်ပါ။ ထို ကြောင့်သူတော်စင်များသည် ဘုရားသခင်နောက်တဖနြွ်ကဆင်းလာ ချိန် အထိ သူတို့၏ ယုံကြည်ချက်အပေါ် ရပ်တည်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ သောယုံကြည်ခြင်းမျိုးသည် ဘုရားသခင်အစေခံများနှင့် သူတော်စင်များ၌ ရှိဖို့လိုအပ်ပါသည်။အစပိုင်းတွင်သာကြီးမားသော ယုံကြည်ခြင်းရှိပြီး အဆုံး ပိုင်းတွင်ယုံကြည်ခြင်းအားနည်းသောသူမဖြစ်သင်ပေ။ဘုရားသခင်ပေးထား သောယုံကြည်ခြင်းအပေါ်၌ အဆုံးထိတိုင် ကိုင်စွဲရန်လိုအပ်ပါသည်။
သူတော်စင်များ၏ ယုံကြည်ခြင်းသည် ရေနှင့်ဝိညာဉ်တော်၏သ တင်းကောင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် ဤလောကနှင့် ကောင်းကင်သစ်သို့ ရောက်ရှိလာပြီ ထိုကောင်းကင်ဘုံ၌ ထာဝရအသက် ရှင်မည်ဟုယုံကြည်ကြသည်။သခင်ယေရှုဘုရားကြွလာသည်အထိ သူတော် စင်များသည် သူတို့၏ယုံကြည်ခြင်းအပေါ် ခိုင်မာစွာ ရပ်တည်ရန်လိုအပ်ပါ သည်။ 
 
အခန်းငယ် (၉) “ငါ၏ နာမကိုလည်းမစွန့်ပယ်၊ ယုဒလူဖြစ်ဟန်ဆောင်၍ အမှန်မဟုတ်ဘဲ၊မုသာစကားကိုပြောသူတည်းဟူသော၊ စာတန်၏အပေါင်း အသင်းဝင်သူအချို့တို့ကို သင်၌ ငါအပ်ပေးမည်။ သူတို့သည် လာ၍ သင်၏ ခြေရင်း၌ ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည်သင်ကိုချစ်သည်ဟု သိစေခြင်း ငှါ၎င်း ငါပြုမည်။”
ဘုရားသခင်သည် မှားယွင်းသော ယုံကြည်သူအချို့တို့ကို သူ၏ ခြေရင်း၌ ယူဆောင်လာ၍ ဖိလဒေလဖိမြိုရှိအသင်းတော်ကို မည်သို့ ချစ် သည်ကို ထိုသူတို့အား ကြားသိစေရမည်။ 
“စာတန်၏အပါင်းအသင်းဝင်သူတစ်ချို့၊ ယုဒလူဖြစ်ဟန်ဆောင် ၍”ဟူသောအရာသည်သူတို့၏ယုံကြည်ခြင်းဖြင့်ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဖို့ရန် ကြီးမားသောယုဒလူမျိုးများကို ဆိုလိုခြင်းဖြစ်သည်။ သို့ သော် ယုဒလူမျိုးအားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။ တစ်အားဖြင့်ဆိုလျှင် ထိုလူတို့သည် စာတန်၏ နောက်လိုက်များဖြစ်လာကြပြီ။ ဘုရားသခင်၏ အသင်းတော်ကို နှောင့်နှေးစေကြသည်။
ယနေ့ ခရစ်တော်နာမကိုခေါ်၍၊ ဘုရားသခင်ကိုးကွယ်သောသူ များစွာတို့သည် စာတန်၏လက်ထဲ၌ ရောက်ရှိသွားသောသူများစွာရှိနေ သည်ကို ကျွန်ုပ်တို့သတိထားဖို့လိုအပ်ပါသည်။ ဘုရားသခင်သည် ဖိလဒေ လဖိမြို့ရှိ အသင်းတော်သို့သူ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့သည်။ 
 
အအခန်းငယ် (၁၀) “သင်သည် ငါ၏သည်းခံခြင်းနှင့််စပ်ဆိုင်သော နှုတ်က ပတ်တော်တရားကို စောင့်ရှောက်သောကြောင့် မြေကြီးအပေါ်၌နေသော သူတို့ကိုစုံစမ်းစေခြင်းငှါ၊လောကီနိုင်ငံအရပ်ရပ်တို့ကိုနှံ့ပြာလတံ့သောစုံစမ်း ရာကာလတွင်၊ သင်ကို ငါစောင့်ရှောက်မည်။”
ဘုရားသခင်သည်ဖိလဒေလပ်မြို့ရှိအသင်းတော်ကို သူ၏နှုတ်က ပတ်တရားကိုစောင့်ရှောက်ဖို့ရန်မိန့်တော်မူခဲ့သည်။နာခံခြင်းမရှိဘဲဘုရားသ ခင်၏ကတိတော်များကို ကျွနုပ်တို့သည် မစောင့်ရှောက်နိုင်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို စောင့်ရှောက်ရန် သူ၏နှုတ်က ပတ်တော်ကို အကြွင်းမဲ့နှင့်ယုံကြည်ရန်လိုပါသည်။ ဤအရာကို စောင့် ရှောက်ဖို့ရန်ဖိလဒေလမြို့ရှိအသင်းတော်ကိုဘုရားသခင်ကဆုချီးမြင့်ပေးခဲ့သည်။ဤဆုချီးမြင့်ခြင်းသည်စုံစမ်းခြင်းထဲက ဖိလဒေလမြို့ ရှိအသင်းတော် ကို စောင့်ရှောက်ခြင်းဖြစ်ပါသည်။ စုံစမ်းသောကာလသည် ဘေးဒုက္ခ၏ အနှောင့်အယှက်ကိုဆိုလိုခဲ့ပါသည်။
 
အခန်းငယ် (၁၁) “ငါသည် အလျင်အမြန်လာမည်။သင်၏သရဖူကို အဘယ် သူမျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာကို စွဲကိုင်လော့။”
ဘုရားသခင်ပြန်လည်ကြွလာဖို့နီးလာသောကြောင့် သူတော်ရှင် များသည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းထဲ၌သူတို့၏ယုံကြည် ခြင်း ကိုထိန်းသိမ်းဖို့လိုအပ်သည်။ဘုရားသခင်ကတိပေးထားသောအရာ၊ကောင်း ကင်နှင့်မြေကြီးသစ်ကိုလည်း ယုံကြည်ပြီး မျှော်လင့်စွာဖြင့်စောင့်ရှောက် ရန်လိုပါသည်။ဘုရားသခင်၏အစေခံများသည် သူတော်ရှင်များနှင့် နေထိုင် ပြီးသူတို့၏ယုံကြည်ခြင်းကိုမဆုံးရှုံးဖို့ အရေးကြီးပါသည်။ ထိုမှသာ ဘုရား သခင်ကို ပေးထားသောသူတို့၏ဆုကို အဘယ်သူကမျှ ခိုးယူနိုင်မည် မဟုတ်ပေ။
 
အခန်းငယ် (၁၂) “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ ဘုရားသခင့်ဗိမာန်တော်၌တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည်အပြင် သို့မရွေ့ရ။ ငါ၏ဘုရားသခင်၏နာမတော်ကို၎င်း၊ ငါ၏နာမအသစ်ကို၎င်း၊ ထို သူ အပေါ်၌ ငါသည် အက္ခရာတင်မည်။”
စာတန်ကိုအောင်မြင်သောသူသည်အသေသတ်ခြင်းကိုခံရမည်။ ဘုရားသခင်၏ဗိမာန်တော်၌သူတို့၏နာမည်များကို ရေးထားမည်ဖြစ်သည်။ ယခု ချိန်၌ထိုသူတို့သည်ဘုရားသခင်၏အသင်းတော်အတွက် တာဝန်ထမ်း ဆောင်ကြပါသည်။ ဘုရားသခင်သည်ထိုသူတို့ကိုသူ၏တန်ဆာပလာအဖြစ် ဆက်လက် အသုံးပြုကြမည်ဖြစ်သည်။
 
အခန်းငယ် (၁၃) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့် တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေ။”
ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကို ကြားနာသောသူ သည် ဘုရားသခင်၏အစေတော်ခံနှင့်သူတော်ရှင်များဖြစ်ကြသည်။ ဘုရား သခင်၏အသင်းတာ်အားဖြင့်ဝိညာဉ်တော်ကပြောထားသောအရာကို သူတို့ သည်နားထောင်ကြ၏။ ထို့ကြောင့် ဘုရားသခင်၏အစေခံနှင့်သူတော်ရှင် များ သည်အသင်းတော်ကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါသည်။