Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 3-4] ဘုရားသခင်၏ နှလုံးသားကို နှစ်သိမ့်စေ သော သူတော်စင်များနှင့် အစေခံမျာ (ဗျာဒိတ်ကျမ်း ၃း၇-၁၃)

ဘုရားသခင်၏ နှလုံးသားကို နှစ်သိမ့်စေ သော သူတော်စင်များနှင့် အစေခံမျာ
( ဗျာဒိတ်ကျမ်း ၃း၇-၁၃ )
 
ဤလောကတွင် ဖိလဒေလဖိမြိုရှိ အသင်းတော်ကဲ့သို့ အသင်းတော်များရှိ ကြ၏။
 
အာရှတိုက်၌ရှိသောအသင်းတော်ခုနှစ်ပါးထဲတွင် ဘုရားသခင်၏ အချစ်ဆုံးနှင့် အချီးကျူးဆုံးသော အသင်းတော်သည် ဖိလဒေလဖိမြို့၌ရှိ သောအသင်းတော်ဖြစ်ပါသည်။
ယနေ့တွင်လည်း ဖိလဒေလဖိမြို့ကဲ့သို့ ချီးကျူးခြင်းခံထိုက်သော သူဖြစ်ရန် ဘုရားသခင်ကအာရှတိုက်၌ရှိသော အသင်းတော်ခုနှစ်ပါးတို့ကို လိုအပ်ခဲ့ပါသည်။ ယနေ့ဘုရားသခင်၏ချီးကျူးခြင်းခံထိုက်သော အသင်း တော်များသည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းဝေငှာသော အသင်း တော်များဖြစ်သည်။
ဘုရားသခင်အတွက်သစ္စာရှိသော သူတော်စင်များသည် ရေနှင့် ဝိ ညာဉ်တော်၏သတင်းကောင်းဝေငှာသောအသင်းတော်များ ဖြစ်ကြသည်။ ထိုကဲ့သို့သောအမူတော်ဆောင်များက ဘုရားသခင်ကို နှစ်သိမ့်စေခဲ့သည်။ လက်တင်ခြင်းဖြင့် နတ်ဆိုးများနှင်းထုတ်ခြင်း၊ အခြားသောဘာသာ စကား ပြောဆိုခြင်းတို့ကိုသင်တို့သည် လုပ်နိုင်မည်မဟုတ်။ ယေရူသည်ယောဟန် ထံ မှဗတ္တိဇံခံသဖြင့်လူသားများအဖြစ်လုံးစုံကိုသူ့အပေါ်ယူဆောင်သွားပြီး၊ ကျွန်ုပ်တို့ လူသားများ၏အပြစ်များကိုလည်း သန့်ရှင်စေသည်ကို သင့်တို့ ယုံကြည်ပြီဟောပြောနိုင်သောအရာဖြစ်သည်။ကျွန်ုပ်တို့အပြစ်များကိုလက် ဝါးကားတိုင်ပေါ်တွင် ခရစ်တော်၏အသွေးတော်ဖြင့် သန့်ရှင်း စေခဲ့ပြီးဖြစ် သည်။
ထိုသူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းဖြင့် ဘုရားသခင်နောက်လုက်သောသူ၊ ကိုးကွယ်သောသူ၊ သူ၏အလို တော်ကို နားခံသော ယုံကြည်သူများဖြစ်ကြသည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ဝေငှသော သူတို့သည် ဥစ္စာပစ္စည်းချမ်းသာသော သူမ ဟုတ်။ အခြားဆုကျေးဇူးရှိသောသူများလည်းမဟုတ်၊ သူတို့ရှိသောအရာ သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းအတွက်စိတ်အားထက်သန်း ခြင်းနှင့်ယုံကြည်ခြင်း သာဖြစ်သည်။ ယေရူသည် ယောဟန်ထံမှ ဗတ္တိဇံခံ ယူပြီ ကာတိုင်ပေါ်တွင် အသေသတ်ခံလျှက် အကျွန်ုပ်တို့၏အပြစ်များ ယူ ဆောင်သွားခဲ့သောကြောင့်စစ်မှန်သော သတင်းကောင်းဟောပြောခြင်းဖြင့် သာ ဘုရားသခင်၏နှလုံးသားကို နှစ်သိမ့်စေသည်ကို သူတို့ယုံ ကြည်ခဲ့ကြ သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်သောသူသည် ဘုရားသခင်ကိုသာ ချီးမွမ်းပြီး နောက်လိုက်သောသူ များဖြစ်ကြသည်။
လူသားတိုင်သည် အပြစ်ထဲက၌ လွတ်မြောက်ပို့ရန်နှင့် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကိုဝေငှာပို့ရန်ကျွန်ုပ်တို့တွင်တာဝန်ရှိသည်။ ဝိညာဉ်အသီးများစွာ ရရှိနိုင်ရန်ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ကမ္ဘာ့အနှံ့တွင်ဟောပြောပို့ ဘုရားသခင်က ကျွန်ုပ်တို့ကို အခွင့်ပေးတော်မူ ၏။ ထိုနောက် နောက်ဆုံးသော ကာလ၌ကျွန်ုပ်တို့၏မာတရကို လက်ခံနိုင် ရန်ယုံကြည်ခြင်းရှိပြီး၊ချီးဆောင်ခြင်းခံပြီးမှအနှစ်တစ်တောင် ကောင်ကင် ဘုံသို့ ဝင်စာကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသေ သတ်ခံရန် ဘုရားသခင်က ခွင့်ပြုတော်မူ၏။ ထိုနောက် ပထမ ရှင်ပြန်ထ မြောက်တွင် ပါဝင်ပြီး ကောင်ကင်း၏ ဘုန်းသရေကို ထောက်စာခွင့် ပေး တော်မူခဲ့သည်။
ယနေ့ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုဝေငှာနေသောသူ များသည် ဘုရားသခင် ချစ်မြတ်နိုးသော၊ ရိုသေသူများဖြစ်ကြသည်။
ကမ္ဘာ့အနှံ့အပြားတွင် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း မည် သို့မျှဝေနိုင်မည်ကို စဉ်းစားကြပါစို့။ ဘုရားသခင်သည် သူ၏ အသင်းတော် များကို သတင်းကောင်းဝေငှာပို့ရန် လမ်းဖွင့်ပေးသည်ဟု ပြောခဲ့ပါသည်။ အဘယ်သူမျှ ဘုရားသခင်ဖွင့်ထားသောအရာကို မပိတ်နိုင်ခဲ့သောကြောင့် ဘုရားသခင်သည် အရာအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်။ 
ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်သော သူတို့ သည်ခရစ်တော်၏ဗတ္တိဇံသတင်းကောင်းကိုကမ္ဘာ့တနိုင်လုံးတွင်ဝေငှာပို့ရန် ဘုရားသခင်က ခွင့်ပေးတော်မူခဲ့သည်။ ယနေ့တွင်လည်း ဘုရားသခင်၏ အသင်းတော်များသည်ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ကမ္ဘာ့ပေါ် တွင် ဟောပြောနေခဲ့ကြသည်။ သူတို့၏စွမ်းရည်ကို ကြည့်သောအခါ အား နည်းချက်များရှိနိုင်သည်။ သို့သော် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်း အတွက် သူတို့နှစ်လုံးသာများ ပေးစပ်ထားသောကြောင့် ဘုရားသခင်သည် ထိုသူတို့များကို အသုံးပြုခြင်းအားဖြင့် အလုပ်လုပ်ခဲ့သည်။
လောကအောင်မြင်ရန်အတွက် ကြီးမားသော မျှော်လင့်ချက် ရှိ သောအသင်းတော်များဤလောကသို့ရှိခဲ့၏။ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကို ကျယ်ပြန့်ရန် ဘုရားသခင်က ထိုသူတို့ကို ယုံကြည်အားကိုး ထိုက်ခဲ့သည်။ ထို့နောက် သူတို့၏လုပ်ခဲ့သောအရာသည် အဘယ်သူကမျှ မရပ်ဝေနိုင်သည်ကိုလည်းဘုရားသခင်ကသိရှိခဲ့သည်။ထိုသူတို့သည် ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းကို ကမ္ဘာပေါ်မှာရှိသော လူသားတို့ထံတွင် ဝေငှာနေခဲ့ကြသည်။ဘုရားသခင်သည် သူတို့ကို စွမ်းအားဖြင့် စောင့်ရှောက် ပေးပြီး သူတို့နှင့်အတူအလုပ်လုပ်ခဲ့သည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကို ကမ္ဘာ့အနှံ့အပြားတွင် ဝေငှာနေသော သူတို့သည် ခန္ဓာ၊ဝိညာဉ် ကောင်းကြီးမင်္ဂလာရရှိခဲ့သည်ကို ကျွန်ုပ်မြင်တွေ့ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့သည်လည်း ဓမ္မာစာအုပ်၊ စာရွက်ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့အနှံ့အပြာတွင် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ဝေငှာနေပါ သည်။ဤလောကတွင် ခရစ်တော်၏အလိုတောကိုပြည့်စုံရန် ဤအလုပ်ကို ကမ္ဘာဆုံးသည်အထိဆောင်ရွက်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ စာပေလုပ်ငန်း အားဖြင့် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ကမ္ဘာပေါ်ရှိ သန်းပေါင်း ၆.၅ထံသို့ဘုရားသခင်ကဝေငှာစေနိုင်ပါသည်။ အားလုံးအပေါ် ဘုရားသခင် ကောင်းကြီးချပေးပါစေ။
ကျွန်ုပ်တို့၏လုပ်ငန်းသည်ဘုရားသခင်ကိုနှစ်သိမ့်ဖို့သာဖြစ်သည်။ ဝိညာဉ်တိုက်ပွဲအတွက်ကျွန်ုပ်တို့သည်အစဉ်အမြဲပြင်ဆင်ဖို့ လိုအပ်ပါသည်။ ဤကဲ့သို့ပြင်ဆင်လျက်ရှိသောဘုရားသခင်၏အစေခံများသည်ခွန်အားရှိပြီး ကောင်းကြီးမင်္ဂလာခံစားခဲ့ကြသည်။အဘယ်သူမျှဘုရားသခင်ကဲ့သို့ သစ္စာရှိ သောသူ၊ ပြည့်စုံသောသူ၊ ကယ်တင်ခြင်းကို ကျွန်ုပ်ထံသို့ ယူဆောင်လာ နိုင် သောသူမရှိခဲ့ပါ။ စစ်မှန်သောရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကဲ့သို့ ဤလောကတွင် အခြားသောသမ္မာတရားမရှိခဲ့သည်ကိုလည်း ကျွန်ုပ်ယုံ ကြည်ခဲ့ပါသည်။
 
 
ဗျာဒိတ်ကျမ်းသည်အောင်မြင်သောသူများထံသို့ဘုရားသခင်၏ကောင်းကြီး ပေးသော နှုတ်ကပတ်တရားဖြစ်သည်။
 
ဘုရားသခင်က “အောင်မြင်သော သူသည် ငါ၏ပလ္တင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေသောအခွင့်ကိုပါပေးမည်”ဟု ကျွန်ုပ်တို့ကို ဖော်ပြထားခဲ့ သည်။ အောင်မြင်သောသူသည် အနှစ်တထောင်ကောင်းကင်ဘုံသို့ ဘုရား သခင်ကအသက်ရှင်နေထိုင်ခွင့်ပေးမည်ဖြစ်ဟုဖော်ပြခြင်းဖြစ်သည်။အောင် မြင်သောသူက နောက်ဆုံးသော ကာလ၌ မှားယွင်းသောသတင်းကောင်း နောက်လိုက်သောသူများနှင့်အန္တီခရစ်ကို သမ္မာတရားနှင့် တိုက်ခိုက်အောင် မြင်ပြီး သူတို့၏ ယုံကြည်ခြင်းကာကွယ်သောသူများကို ဤနေရာတွင် “အောင်မြင်သောသူ”ဟူသောအရာကိုဆိုလိုခြင်းဖြစ်သည်။ကမ္ဘာ့တဝိုင်းလုံး တွင် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် နတ်ဆိုးများကို ကျွန်ုပ်တို့က အောင်မြင်ပို့လိုအပ်သည်။ ရေနှင့် ဝိညာဉ် တော်၏နှုတ်ကပတ်တရားထဲရှိသောကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့် မှား ယွင်းသော သြဝါဒများနှင့်လိမ်လည်သူများကို တိုက်ခိုက်အောင်မြင်ရန် ကျွန်ုပ်တို့ ကြိုးစားရန်လိုပါသည်။
လှည့်ဖျားတတ်သောသူများကို တိုက်ခိုက်အောင်မြင်နိုင်ဖို့ရန် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို အစဉ်အမြဲ တွေး တောဆင်ခြင်းပို့ရန်လိုအပ်ပါသည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်း ကိုကျွန်ုပ်တို့ယုံကြည်ခဲ့လျှင်ကျွန်ုပ်တို့၏အပြစ်များကိုသန့်ရှင်းလျက် မုသား ပြောသူများကိုတိုက်ခိုက်အောင်မည်ဖြစ်သည်။စစ်မှန်သောသတင်းကောင်း ကို ယုံကြည်သောသူတို့သည် မှားယွင်းသော သတင်းကောင်းဝေငှာသူများ ကို တိုက်ခိုက်ပြီးအောင်မြင်နိုင်မည်ဖြစ်သည်။
မှားယွင်းသော သတင်းကောင်းကိုယုံကြည်သောသူများထဲသို့ စစ် မှန်သော ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို အစဉ်အမြဲ ကျွန်ုပ်တို့ ကဝေငှာပေးပို့လိုပါသည်။အဘယ့်ကြောင့်ဆိုသော် ရေနှင့်ဝိညာဉ်တော် သ တင်းကောင်း၏ တန်းခိုးတော်ကသူတို့၏ မှားယွင်းသော ယုံကြည်ခြင်းကို ပျက်စီးနိုင်ပြီး၊ အသက်တာသစ်ပေးမည်ဖြစ်သည်။ စာတန်ကိုအောင်မြင်ရန် သမ္မာကျမ်းစာကဖော်ပြထားပါသည်။ကျွန်ုပ်တို့၏ဝိညာဉ်တိုက်ပွဲတွင် ဘယ် တော့မှ အရှုံးမပေးဘဲ အပြစ်သားများ၏ ဝိညာဉ်များကို ကျွန်ုပ်တို့က ကယ် တင်ရန် ဖြစ်သည်။
ကျွန်ုပ်တို့၏ဝိညာဉ်တိုက်ပွဲတွင်ကျွန်ုပ်တို့ဝိညာဉ်ကယ်တင်ခြင်း၏ ကောင်းကြီးမင်္ဂလာကိုလည်းတွေ့ရှိခဲ့သည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းထဲ၌ရှိသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြင့် စာတန်ကို တိုက်ခိုက်ပြီး အောင်မြင်ဖို့ဖြစ်သည်။ ထိုမှသာ ဘုရားသခင်ထံတော်သို့ ထာဝရအသက် တာ၏ အသီးများကို သူများထံ ကျွန်ုပ်ပေးနိုင်မည်ဖြစ်သည်။
 

သင်္ဘောသဖန်ပင်၏ ပုံဥပမာဖြင့် သင်ခန်းစာရယူဖို့ ဘုရားသခင်က ကျွန်ုပ်တို့ကို ပြောပြခဲ့ပါသည်။
 
သင်္ဘောသဖန်ပင်သည်ဣသရေလလူမျိုးများကိုအထိမ်းအမှတ်ပြု သည်။ ဣသရေလလူမျိုး တစ်ခုစီတိုင်းက သူတို့နိုင်ငံ ပန်း(သို့) သစ်ပင်ရှိခဲ့ သည်။ထို့ကြောင့် သင်္ဘောသဖန်းပင်သည် ဣသရေလလူမျိုးများ၏ သင်္ကေ တဖြစ်သည်။ ဣသရေလလူမျိုးများသည် သစ်ရွက်လိုစုစည်း၊ ကြီးထွားလာ သောအခါ ဤလောက၏နောက် ဆုံးသောကာလနီးစပ်မည်ဖြစ်သည်ကို သိမှတ်ဖို့လိုအပ်ပါသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ဤ လောကပေါ်တွင် ပြန်လည်းတည်ထောင်ပြီး အာဏာရှိလာမည်ဖြစ်သည်ဟု သမ္မာကျမ်း စာက ပြောထားပါသည်။
ယနေ့ သတင်းစာစောင်များတွင် ဣသရေလလူမျိုးများနှင့် ပါလစ်စတိုင်လူမျိုးများကြားတွင် ပျက်နေသောအရာများကိုသာ ရေးထား ခဲ့ကြသည်။ ယခု ဣသရေလနိုင်ငံသည် ကြီးမားသော တန်းခိုးရရှိပြီး ထိတ် လန့်ကြောက်ရွံ့ခဲ့သည်။ ဣသရေလ၏နောင်ဘဝသည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သည်။ ဣသရေလသည် နောင်ကာလတွင် ကျရောက်သည် ဖြစ်စေ၊ မြင့်တက်လာမည်ဖြစ်စေ၊ ဘုရားသခင်၏ နုတ်ကပတ်တော်အတိုင်း ပြည့်စုံလာမည်ဖြစ်သည်။ ဣသရေလလူမျိုးများသည် ဤလောကတွင် ပျောက်ကွယ်သွားသောအခါ ဘုရားသခင် ဒုတိယကျရောက်လာခြင်း ဤလောကတွင် ပြည့်စုံသည်ကို ကျွန်ုပ်တို့ သိမှတ်ဖို့လိုပါသည်။ သင်္ဘော သဖန်းပင်၏အရွက်သစ်တွက်လာသောအခါ ဘုရားသခင်ပြန်လည်ကြ ရောက်လာမည်ဖြစ်သည်ကို သစ္စာကျမ်းစာက ပြောထားသကဲ့သို့ ဤလော က၏နောက်ဆုံးသောကာလကြောင်းကိုဣသရေလူမျိုးများပြန်လည်ပြုပြင် ခြင်းနှင့်ကြီးပွားချမ်းသာခြင်းအားဖြင့် ဘုရားသခင်က ကြိုတင်ပြောပြခဲ့ပါ သည်။ နောက်ဆုံးသောကာလ၌ ဤလောကတွင် သဘာဝဖျားနာခြင်း၊ ခက် ခဲခြင်းများ ရောက်ရှိလာမည်ဖြစ်သည်ကိုလည်း ကြိုတင်ဖော်ပြခဲ့ပါသည်။
ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းထဲတွင် ယုံကြည် ခြင်းရှိဖို့ ဘုရားသခင်က ကျွန်ုပ်အားလုံးကို ပြောပြခဲ့ပါသည်။ ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းထဲ၌ရှိသော ယုံကြည်ခြင်းပေါ်တွင်ဘုရားသခင်၏ ရည်ရွယ် ချက်များသည် စုစည်းခဲ့ကြသည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း ကို ယုံကြည်သော သူတို့သည် ဝိညာဉ်တော်က သူတို့၏အပြစ်များထဲက၌ ကယ်တင်ခဲ့သည်။ ဘုရားသခင်သည် ရှင်လုကာ ၂၁း၃၆ တွင် “ထိုကြောင့် သင်တို့သည် ဖြစ်လာခဲ့သော အမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကိုထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ် ဆုတောင်းလျက်စောင့်နေကြလော့”ဟုကျွန်ုပ်တို့ကို မိန့်တော်မူခဲ့ကြသည်။ ကျွန်ုပ်ခွန်အားနှင့် ရောက်ရှိလာမည့် ဘေးဒဏ်ကြီး ကာလထဲက၌ ကျွန်ုပ်တို့ လွှတ်မြောက်နိုင်မည်မဟုတ်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အောင်မြင်နိုင်ခဲ့ပါသည်။ ရောက်ရှိလာမည် ဘေးဒဏ် ကြီးကာလအတွက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုပြင်ဆင်ရန်အရေးကြီးပါ သည်။
နောက်ဆုံးသောကာလရောက်ရှိသောအခါ ဘေးဒဏ်ကြီး ကာလ တွင် ပါဝင်မည်မဟုတ်ဟု ခရစ်ယာန်များတချို့က ထင်မှတ်ခဲ့လျှင် သူတို့၏ ယုံကြည်ခြင်းသည်အလွန်မှားယွင်းသောယုံကြည်ခြင်းဖြစ်သည်။ဘေးဒဏ်ကြီး ကာလမတိုင်မီ ချီဆောင်ခြင်းမြင်မည်ဟူသောသြဝါဒကို ကျွန်ုပ်တို့က မယုံကြည်သင့်ပါ။ ခုနှစ်နှစ်ထဲက သုံးနှစ်ခွဲတွင် ဘေးဒဏ်ကြီးလာဖြစ်ပျက် ပြီးမှသာသူတော်စင်များ၏မာတုရဖြစ်မည်ကိုဗျာဒိတ်ကျမ်းတွင်ဖော်ပြထား ခဲ့သည်။ သမ္မာကျမ်းစာ၏တရားတော်ကို ဤမှားယွင်းသောသြဝါဒက စွန့် လွှတ်ခဲ့သည်။ ခုနှစ်နှစ်ဘေးဒဏ်ကြီးကာလတွင် သူတော်စင်များသည် ပါဝင်မည်မဟုတ်ဟု ထင်မှတ်သောသူတို့သည်မှားယွင်းသော(သို့) ကြောက် မက်ဖွယ်ကောင်းသောယုံကြည်ခြင်းသို့ရောက်ရှိမည်ဖြစ်သည်။ ယေရှု ခရစ် ကို ယုံကြည်သောသူတို့သည် ဘေးဒဏ်ကြီးကာလတွင်ပါဝင် မည်ဖြစ်သည် ကို သိမှတ်ရန်လိုအပ်ပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုစဉ်းစာလျှက်ဖြောင့်မတ်သော သူသည် ဤလောကသို့ မည်သည့်အချိန်ထိ အသက်ရှင်ကြမည်နည်း။ သူ တော်စင်များသည် အန္တီခရစ်နှင့်နောက်လိုက်များထံမှ မာတုရ မခံမချင်းနှင့်၊ အပြစ်သားများသည် စာတန်က သူ၏အမှတ်အသားကို ရရှိပိုမတောင်းမ ချင်း၊ ဖြောင့်မတ်သောသူသည် ဤလောကတွင် အသက်ရှင်ကြမည်ဖြစ် သည်။ ဤအရာသည် ဘုရားသခင်က ဖော်ပြသော သမ္မာတရားဖြစ်သည်။
 


နောက်ဆုံးသောကာလ၌ ရောက်ရှိလာမည့် ကြီးမားသော ဝိညာဉ်တိုက်ပွဲ

 
ဘာသာရေး ယုံကြည်ခြင်း၏အကျိုးသက်ရောက်မှုသည် ဘုရား သခင်ခွင့်ပြုထားသောဘေးဒဏ်ကြီးကာလတွင် ထင်ရှားစွာ သက်သေပြခဲ့ သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းထဲတွင် ယုံကြည်ခြင်းမခဲ့ရှိ လျှင်နောက်ဆုံးကာလတွင် စာတန်မာရ်နတ်ကိုတိုက်ခိုက်သောအခါသင် သည် အောင်မြင်ခြင်းရရှိမည်မဟုတ်သည်ကို သိမှတ်ဖို့လိုပါသည်။ သို့သော် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်သောသူတို့သည် နောက် ဆုံးသောကာလ၌ စစ်မှန်သောအောင်မြင်သောသူများဖြစ်လာမည်။ နောက် ဆုံးသော ကာလမရောက်ခင် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ကမ္ဘာ့အနှံ့အပြားတွင် ကျွန်ုပ်တို့ဝေငှာရန်လိုအပ်ပါသည်။
ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့နှစ်သိမ့်စေဖို့လိုအပ်သည်။ နောက်ဆုံးသော အောင်မြင်ခြင်းကို ပေးနိုင်သော ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း၊ နှုတ်ကပတ်တရားတော် ယုံကြည်ခြင်းကို ကျွန်ုပ်ထံ၌ ရှိဖို့လိုအပ်သည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် ဖြစ်ပျက်မည့်အရာကို ရှင်လင်းစွာ ကြိုတင်ဖော်ပြခဲ့သည်။ ဘုရားသခင်သည် ဤလောကသို့ ကြွလာ၍သူတော်စင်များကို ကောင်းကင်ဘုံသို့ချီဆောင်သွားပြီးမှ ဤလော ကသို့ ကျန်ရစ်သောသူများပေါ်တွင် ကြီးမားသောခက်ခဲမူများ ရောက်ရှိ လာမည်ဖြစ်သည်ကိုလည်းကျွန်ုပ်တို့ကသိမှတ်ဖို့လိုအပ်ပါသည်။ ထို့ကြောင့် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် နောက် ဆုံးသောကာလကို ကျွန်ုပ်တွေ့ဆုံဖို့လိုအပ်သည်။ ယေရှုကြွလာသောအခါ နောဧခေတ်တွင် ဖြစ်ဖျက်သကဲ့သို့ လူသားများသည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေသောအချိန်၌ဖြစ်လိမ့်မည်ဟုဘုရားသခင်က ပြော ထားသည့်အတိုင်းရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုယုံကြည်သောသူများသည် ယုံကြည်ခြင်းဖြင့် အနှစ်တစ်ထောင် ကောင်းကင်ဘုံကို စောင့် မျှော်နေခဲ့သည်။
ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုမယုံကြည်သော သူတို့ သည် နောက်ဆုံးသောအချိန်၌ ဤလောကတွင်ဖြစ်ပျက်မည့် ပြဿနာ များကို ဖြေရှင်းနိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်၏သတင်းကောင်းကို ယုံကြည်ဖို့ အရေးကြီးပါသည်။ ရေနှင့် ဝိညာဉ် တော်၏ သတင်းကောင်းကို မယုံကြည်သောသူတို့သည် ဘုရားသခင်က သည်းခံနိုင်မည်မဟုတ်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က အ ကြောက်မက်ဆုံးသောကပ်ဆိုးကြီးများကို ဤလောကသို့ ယူဆောင်လာ မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မယုံကြည်သော သူတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းထဲက၌ လွတ်မြောက်နိုင်မည်မ ဟုတ်။ ထို့ကြောင့် ယခု ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည် ရန်လိုအပ်ပါသည်။
ထို့ကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းကို ရှောင်ဖို့ရန် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို လူသားတိုင်းက နှလုံးသားအကြွင်းမဲ့နှင့် ယုံကြည်ဖို့ အလွန်လိုအပ်ပါသည်။ ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်း သည် လူသားတိုင်းအတွက် ကယ်တင်ခြင်းတရားလမ်းဖြစ်သည်။ ရေနှင့် ဝိညာဉ်တော် သတင်းကောင်းမှတပါး ဘုရားသခင် ရှေ့မှောက်တွင် အခြား သော သတင်းကောင်းမရှိခဲ့ပါ။ ယခင်ကထက် ဤလောကသည် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို လိုအပ်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆို သော် ဤလောကသည် အပြစ်နှင့် ပြည့်စုံသောကြောင့်ဖြစ်သည်။
နေ့စဉ်အပြစ်လုပ်သောလူသားများ၏မျှော်လင့်ချက်အတွက်အ ခြားအာမခံတစ်ခုမှ မရှိပါ။ လူသားများအတွက် စစ်မှန်သော မျှော်လင့်ခြင်း သည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းထဲတွင်သာ တွေ့ရှိခဲ့သည်။ ဤလောကသည် ဘုရားသခင်ကို ရှာဖွေခြင်းမရှိ။ သင့်အပြစ်အတွက် ဘုရား သခင်က တရားစီရင်မည်ဖြစ်သည်။ ထို့ ကြောင့် ယေရူက ပေးထားခဲ့သော ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခဲ့ပါ။ ထိုမှသာ ဘုရား သခင်၏ တရားစီရင်ခြင်းမှ လွှတ်မြောက်မည်ဖြစ်သည်။ လူသားများသည် အပြစ်ထဲက၌ နောင်တရလျှက် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ပြီးမှ ဘုရားသခင်ထံသို့ ပြန်လာကြဖို့ သမ္မာကျမ်းစာက ဖော်ပြ ထားပါသည်။
ဤလောက၏နောက်ဆုံးသောကာလသည်လူသားများကို အပြစ် ထဲက၌ ကျင်လည်သောချိန်တွင်ရောက်ရှိလာပြီး ငရဲမီးအိုင်ထဲသို့ သွားရကြ မည်ဖြစ်သည်။
လူသားများသည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းရရှိရန် လို အပ်ပါသည်။ သို့သော် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မယုံကြည် ဘဲ အပြစ်ခွင့်လွှတ်ခြင်း ရရှိနိုင်ကြသလား။ အပြစ်ကြောင်း လူသားများသည် ဘုရားသခင်၏ တရားစီရင်ခြင်းခံရမည်ဖြစ်သည်ကို သိမှတ်ဖို့လိုအပ်သည်။ ထိုကြောင့် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကိုယုံကြည်ပြီးမှကယ် တင်ခြင်းရရှိရန်လိုအပ်ပါသည်။
သမ္မာကျမ်းစာသည် နောက်ဆုံးသော နေ့ရက်အချိန်ကာလ ကို မဖော်ပြခဲ့ပါ။ ခမည်းတော်တစ်ပါးတည်းကသာသိတော်မှု၏။ ထိုတရားစီရင် သော နေရက်အချိန်ကာလကို ဘုရားသခင်က ဝှက်ထားခဲ့ပါသည်။ သို့သော် ထိုနေ့ရက်ကို ရောက်လာသောအခါ ဘုရားသခင်က အရာအားလုံးကို ပြည့် စုံစေပြီး မြေကြီးသစ်စတင်လာမည် ဖြစ်သည်။
ဘုရားသခင်က “သင်သည် ငါ၏သည်းခံခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့် မြေကြီးပေါ်၌ နေသော သူတို့ကို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို ပျံ့နှံလတံ့သော စုံစမ်းရာ ကာလတွင် သင့်ကို ငါစောင့်ရှောက်မည်”ဟု ဖော်ပြထားခဲ့သည်။ သူတို့၏မာတုရခံပြီးနောက် ဤလောကတွင် ရောက်ရှိလာမည့် ကပ်ဘေး ဒဏ်ခုနှစ်ပါးထဲတွင် သူတော်စင်များကို ဘုရားသခင်က ကယ်တင်မည်ဟု မိန့်တော်မှုခဲ့၏။ နောက်ဆုံးသောကာလတွင် အန္တီခရစ်သတ်ခံခြင်း၊ စုံစမ်း ခြင်းထဲက၌ ဘုရားသခင်က သူတော်စင်များလွှတ်မြောက်မည်ကို ဤအရာ က ဆိုလိုခြင်းမဟုတ်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်ဘဲ အပြစ်ခွင့်လွှတ် ခြင်းမရရှိကြသောကြောင့်၊ မြောက်များစွာသော လူတို့သည် ကြောက် မက်ဖွယ်ကောင်းသော ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရမည် ဖြစ်သည်ကိုဖော်ပြခြင်းဖြစ်သည်။သူတို့၏စိတ်ဝိညာဉ်သည် ငရဲသို့ ရောက်ရှိ သွားမည်။သို့သော်ဘုရားသခင်ကကပ်ဘေးဒဏ်ကြီးကာလမှ လွှတ်မြောက် ပို့ရန် သူတော်စင်များကို မာတုရခံရဖို့ ခွင့်ပြုမည် ဖြစ်သည်။
 

နောက်ဆုံးသော ဘေးဒဏ်ကြီးကာလတွင် လူသားများ သည် မည်သို့သော အမှတ်အသားကို ရရှိကြမည်နည်း။
 
လူသားများသည် အန္တီခရစ်၏ လက္ခဏာကိုရရှိကြမည်ဟု သမ္မာ ကျမ်းစာက ဖော်ပြထားပါသည်။ သို့သော် သူတို့၏လက်ယာဘက် (သို့) နာ ဖူးပေါ်တွင်အန္တီခရစ်၏လက္ခဏာရရှိသော သူတို့သည် ငရဲမီးအိုင်ထဲသို့ ပစ်ချ မည်ဖြစ်သည်ကိုလည်း ဗျာဒိတ်တော်က ဖော်ပြထားခဲ့သည်။ ထိုသူတို့သည် စာတန်၏ နောက်လိုက်တော်များဖြစ်ကြသည်။ အပြစ်ရှိသော သူများအ တွက် ငရဲမီးအိုင်ကို သိမ်း ဆည်းထားခဲ့သည်။
ယုံကြည်ခြင်းအားဖြင့် လူသားများသည် အပြစ်ထဲကနှင့် လွတ် မြောက်နိုင်သောကျေးဇူးတော်ကာလသည်ကုန်ဆုံးနေစဉ်ဖြစ်သည်။နောက် ဆုံးသောကာလတွင်မာတုရခံသောသူများစွာကိုပြန်လည်ရှင်ပြန်ထမြောက် မည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ အသက်စာစောင်ထဲတွင် မာတုရခံရသော သူများ၏နာမည်သည် ရေးထားခဲ့သောကြောင့် သူတို့သည် အန္တီခရစ် (Antichrist) နာမည်၏ လက္ခဏာကို အလိုအလျောက် ပယ်ရှားကြမည်။
အန္တီခရစ်နာမည်၏လက္ခဏာရှိရခြင်းသည် ဘုရားသခင်ကို သစ္စာ ဖောက်ခြင်းဖြစ်၍ကျွန်ုပ်တို့ကဖယ်ရှားဖို့ဖြစ်သည်။ ဘုရားသခင်ထဲ၌ကျွန်ုပ် တို့ ယုံကြည်အတွက် မာတုရကို ခံယူပြီးမှ ဘုရားသခင်ကို ချီးမွမ်းနိုင်မည်။ သူတော်စင်များသည်ဘုရားသခင်ကခက်ခဲမှုများကို အောင်မြင်နိုင်သော ခွန် အားနှင့်တန်ခိုးပေးမည်ဟုကျွန်ုပ်တို့ကို ဘုရားသခင်က ပြောထားခဲ့ပါသည်။
 


ဘုရားသခင်၏ အသင်းတော်သည် ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်း ကို မည့်သည်အချိန်ထိ ဟော ပြောသင့်သနည်း

 
ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မည် သည့်တိုင်အောင် ကျွန်ုပ်တို့ကိုဝေငှာခွင့်ပြုကြသနည်း။ ဘေးဒဏ်ကြီးကာ လထဲ၌ မာတုရအချိန်ထိ ခွင့်ပြုခဲ့ပါသည်။ ထိုအချိန်ထိ ရေနှင့် ဝိညာဉ်တော် ၏သတင်းကောင်းကို သန့်ရှင်းသော သူတို့က ဝေငှာဖို့ရန် ဘုရားသခင်က လမ်းဖွင့်ထားခဲ့သည်။ သူတို့၏ မာတုရအချိန်ထိ ရေနှင့်ဝိညာဉ်တော်၏ သ တင်းကောင်းကိုသူတော်စင်များက ဝေငှာသွားမည်။ ထိုနောက် ဤလောက သို့ကြောက်မက်ဖွယ်ကောင်းသောကပ်ကြီးများရောက်ရှိလာမည်ဖြစ်သည်။
လှပသော ဘုရားသခင်၏အရိပ်က အပြစ်သားများနှင့် သန်ရှင်းသူ များကို ဝိုင်းရံခဲ့သည်။ ဘေးဒဏ်ကြီးကာလမရောက်မီ သန့်ရှင်သူများသည် ယုံကြည်ခြင်းနှင့် ရပ်တည်လျှက်ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ဝေငှာဖို့လိုအပ်ပါသည်။ သန့်ရှင်းသူများသည် သတင်းကောင်းဥယျာဉ်ကို ထွန်းယက်စိုက်ပျိုးပို့ လိုအပ်ပါသည်။
နောက်ဆုံးသော ကာလ၌ သားရဲတို့ထွက်လာသောအခါ ဘုရား သခင်ပေးထားခဲ့သောရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းဖြင့်တိုက်ခိုက် အောင်မြင်ဖို့ လိုအပ်ပါသည်။ နောက်ဆုံးသောအချိန်၊ အန္တီခရစ်ထံမှ ကျွန်ုပ် တို့ အသေခံရသောအခါ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အောင်ပွဲခံရမည်။ သန့်ရှင်းသောသူများ၏အသက်တာသည် ဘုရားသခင်ထဲတွင်ရှိပါသည်။သူ တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခဲ့လျှင် ဘုရားသခင် က ခက်ခဲသောကာလထဲက၌ စောင့်ရှောက်ပြီး အောင်မြင်ခြင်းပေးမည်ဖြစ် သည်။ သန့်ရှင်းသူများသည် ကမ္ဘာ့အရပ်ရပ်သို့ ရေနှင့်ဝိညာဉ်တော်၏ သ တင်းကောင်းကို ဝေငှာဖို့ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ပြန်လည်ကြွရောက်လာခြင်း ကိုစောင့်မျှော်ကြသကဲ့သို့ လာမည့်အနှစ်တစ်ထောင် ဆုကျေးဇူးအတွက် ဘုရားသခင်ထံသို့ သစ္စာရှိစွာနှင့် အသက်ရှင်ကြပါစို့။ ဘုရားသခင်သည် ဤ လောကသို့ ကြွရောက်လာသောအခါ သန့်ရှင်းသောသူများထံသို့ အနှစ်တစ် ထောင်ကာလကို ပေးအပ်ခဲ့မည်ဖြစ်သည်။ ထို့နောက် သူတို့သည် ဘုရား သခင်၏ ဘုန်းအသရေနှင့်ဝတ်ဆင်ကြမည်ဖြစ်သည်။
သို့သော်ယနေ့ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ကမ္ဘာ ပေါ်တွင် ဝေငှာဖို့လိုအပ်ပါသည်။ အပြစ်သားများကိုသူတို့၏ အပြစ်ထဲကနှင့် လွှတ်မြောက်စေသောသတင်းကောင်းသည် ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းဖြစ်သည်။
ဤလောကတွင်ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို နောက် ဆုံးသောအချိန်ထိဝေငှာဖို့ လိုအပ်ပါသည်။ အနှစ်တစ် ထောင်ကာလပြီး ဆုံးသောအခါ သူတော်စင်များသည် ဘုရားသခင်၏ကောင်းကင်ဘုံ၌ ဝင် သွားကြပြီးထာဝရအသက်ရှင်မည်ဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ဘုရားသခင် ကို ကျွန်ုပတို့ချီးမွမ်းပါသည်။ ဤမြော်လင့်ချက်အတွက် ဘုရားသခင်ကိုပိုပြီး ကျွန်ုပ်တို့ ချီးမွမ်းတက်ရန်လို အပ်ပါသည်။
 

အနည်းငယ်သော စွန်းအရှိသော်လည်း ဘုရားသခင် ၏ အလိုတော်ကို လိုက်ရှောက်၍ခရစ်တော်၏နာမကိုမငြင်းပယ်သောဖိလဒေလဖိမြို့၌ရှိ သောအသင်းတော် သည် ဘုရားသခင်၏အလွန်းချစ်မြတ်နိုးသော အသင်း တော်ဖြစ်၏။
 
ဖိလဒေလဖိမြို့ရှိသော အသင်းတော်သည်တရားစီးရင်ခြင်း ကနှင့် လွှတ်မြောက်သောဆုကျေးဇူးကောင်းကြီးကိုဘုရားသခင်က ပေးခဲ့ပါသည်။ ဤကျေးဇူးကောင်းကြီးသည် အပြစ်ကနှင့် လွှတ်မြောက်ခြင်း၊ အနှစ်တ တောင်ကောင်းကင်းဘုံသို့နေထိုင်ခြင်း၊ ဘုရားသခင် ကောင်းကင်၌ ထာဝရ အသက်ရှင်နေထိုင်ခြင်းဆုဖြစ်ပါသည်။ အပြစ်ထဲမှာ ဆက်လက် အသက်ရှင် သော ခရစ်ယာန်များသည် ဘုရားသခင်၏ဆုကျေးဇူးကို ရရှိမည်မဟုတ်။ သို့သော် ဖြောင့်မတ်သောသူတို့သည် အနှစ်တထောင်အုပ်စိုးသော ကာလ သို့ အသက်ရှင်နေထိုင်ရမည်။
သူတော်စင်များသည် မာတုရခံပြီး ဘုရားသခင်က ချီဆောင် ရမည်။ ထို့နောက်ဤလောကတွင် ကပ်ဘေးဒဏ်ကြီးရောက်ရှိလာ မည်ဖြစ် သည်။ အဆိုးထဲကနှင့်ကောင်းသောအရာကို သိရှိနိုင်ရန် ဘုရားသခင်က အပြစ်သားများကို ဖျက်ဆီးကြမည်။ ဘုရားသခင်သည် ဖြောင့်မတ်သော သူ၏နှုတ်ကပတ်တော်ကို နောက်ဆုံးသော ကာလထိ ဝေငှာသော သူတို့ကို ချစ်သည်။ ထိုကဲ့သို့ယုံကြည်ခြင်းရှိသောသူတော်စင်များတို့သည် ကောင်း ကြီးခံစားရရှိသူဖြစ်သည်။ ဖြောင့်မတ်သော သူတော်စင်များသည် ဘုရားသ ခင်ကို နှစ်သိမ့်စေခဲ့သည်။
နှလုံးသားအကြွင်းမဲ့ဖြင့်ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းတို့ ကို ယုံကြည်ခြင်းအားဖြင့် စာတန်ကိုတိုက်ခိုက်အောင် မြင်သောသူတို့သည် ဘုရားသခင်က ဆုကျေးဇူးပေးမည်ဖြစ်သည်။
ဤလောကတွင် ခရစ်ယာန်များစွာ ယေရူကို ယုံကြည်သည် ဟု ပြောပြီး စာတန်လှည့်ဖျားခြင်းခံရသော သူများရှိခဲ့ပါသည်။ ယေရူသည် ဤ လောကသို့ ကြွလာပြီး သူ၏ ဖြောင်းမတ်ခြင်းအားဖြင့် အပြစ်သားများကို အပြစ်ထဲကနှင့် ကယ်တင်ခဲ့ကြသည်။ ယေရူသည် ယောဒန်မြစ်၌ ဗတ္တိဇံ ခံခြင်းဖြင့် လောက၏အပြစ်များကို သူ့အပေါ်တင်လျှက် ကာတိုင်ပေါ်သို့ ယူဆောင်သွားပြီးထိုအပြစ်အတွက်အသွေးတော် သွင်းလောင်းခြင်းအားဖြင့် တရားစီရခြင်းခံခဲ့သည်ဟု ယုံကြည်ခြင်းသည်ကယ်တင်ခြင်း၏ ယုံကြည်မှု ဖြစ်သည်။ ဤအရာသည် ကယ်တင်ခြင်း၏သတင်းကောင်း၊ အပြစ်သား များကို ကယ်တင်သောသတင်းကောင်းဖြစ်ပါသည်။
သို့သော် ယုံကြည်ခြင်းအားနည်းသူများသည် ယေရှု၏ဗတ္တိဇံ ခံခြင်းကို မယုံကြည်ဘဲ ဖြောင့်မတ်သောသူအဖြစ် တင်မှတ်ခဲ့ကြသည်။ တချို့သောသူသည် အဘယ်သူကမျှယေရှုကိုမချစ်နိုင် အပြစ်သားများဖြစ် ကြသည်ဟု ဖော်ပြခဲ့ကြသည်။ သို့သော် ကျွန်ုပ်ဘုရားသခင်သည် ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်သောသူသာ ကောင်းကင်ဘုံသို့ ဝင်စာခွင့်ပြုခဲ့သည်။ အပြစ်သားများ၏နာမည်များသည် အသက်စာစောင့် ထဲ၌ရေးထားခြင်း မရှိ။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည် သောသူ၏နာမည်များသာ အသက်စာစောင်ထဲတွင် ရေးထားခဲ့ရသည်။
ဘုရားသခင်ကပေးထားသော အပြစ်ထဲက၌ ကယ်တင်ခြင်းသည် အကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်သာ ရရှိခဲ့ပါသည်။ ပထမဆုံး ယေရှုသည် ဘုရားသခင်၏သားတော်၊ ကျွန်ုပ်ကယ်တင်ရှင်ဖြစ်သည်ကို ယုံကြည်ပြီး ဒုတိယတွင်ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ယေရှု၏ဗတ္တိဇံခံ ခြင်းနှင့် ကားတိုင်ပေါ်အသွေးတော်ကို ယုံကြည်ဖို့လိုအပ်ပါသည်။ ထို့ နောက်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့်ဒုတိယပြန်လည်ကြွရောက်လာ သည်ကို ယုံကြည်ဖို့ဖြစ်သည်။
ရှင်မာသာဲ ရး၂၁-၂၃ တွင် သခင်၊ သခင်ဟု ငါကိုလျှောက် သော သူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော် ခမည်းတော်၏အလိုကို ဆောင်သောသူလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံး မသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကို နှင် ထုတ်ပါပြီ မဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထို့သို့ လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မမှုကိုပြုသော သူတို့၊ ငါထံမှဖယ်ကြဟုထိုသူတို့အား အတည့်အလင်ငါပြောမည်။ ထိုသူတို့ ကို ယေရှုက အဘယ်ကြောင့်ငြင်းပယ်သနည်း။ သူတို့၏အပြစ်သည် အ သက်စာစောင်ထဲတွင် ရေးထားခြင်းမရှိသောကြောင့် ဖြစ်သည်။ ယနေ့ ယေရှုကိုသူတို့၏ ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ခဲ့သော်လည်း ခရစ်တော် သည် ယောဟန်ထံမှ ဗတ္တိဇံခံခဲ့ခြင်းမယုံ ကြည်သောသူများစွာရှိခဲ့ပါသည်။
ထိုသို့သောသူတို့၏နာမည်သည် အသက်စာစောင်ထဲတွင် မရေး ထားခဲ့ပါ။ သူတို့၏အပြစ်များစွာနှင့်ဘုရားသခင်၏ကောင်းကင်ဘုံသို့ ဝင် စားဖို့ကြိုးစားခဲ့ကြသည်။ မည်ကဲ့သို့ကြိုးစားခဲ့သော်လည်း ကောင်းကင်ဘုံ သို့ ဝင်နိုင်မည်မဟုတ်။ တစ်ချို့သူတို့သည် အပြစ်ရှိရင်နှင့် ကောင်းကင်ဘုံ သို့ ဝင်သွားနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုသူတို့သည် ဘုရားသခင်ပေး ထားသောကယ်တင်ခြင်းကို မယုံကြည်ဘဲ သူတို့၏ကြိုးစားခြင်းဖြင့်သာ ကောင်းကင်ဘုံဝင်စားဖို့ မျှော်လင့်နေကြသည်။ မှားယွင်းသော ယုံကြည် ခြင်းရှိသော သူတို့သည် ယေရှုဗတ္တိဇံခံယူပြီး၊ ကာတိုင်ပေါ်တွင် အသွေးသွင်း လောင်းခြင်းအားဖြင့်၊ လောက၏အပြစ်များ ယူဆောင်သွားခဲ့သည်ကို မ ယုံကြည်ခဲ့ကြ။ ယေရူသည် ဘုရားဖြစ်သည်ကိုလည်း မယုံကြည်ကြပါ။ သူတို့သည် ယေရူကို လောက၏ကြီးမားသော လူတစ်ယောက် ကဲ့သို့သော ထင်မှတ်ကြသည်။ ထိုသူတို့သည် ယေရူကို သူတို့၏ကယ်တင်ရှင်အဖြစ် ယုံ ကြည်ခဲ့ကြသော်လည်း အပြစ်သားများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုအပြစ်သားများကို ကောင်းကြီးပေးမည်မဟုတ်။ သို့သော် သူတို့သည် ငရဲ ကသာ စောင့်နေခဲ့ပါသည်။
ကျွန်ုပ်တို့ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်ပြီး သန့်ရှင်လျက် အပြစ်ခွင့်လွှတ်သောသူသည် လောက၏ နောက်ဆုံးသောအ ချိန်အထိနတ်ဆိုးများကို တိုက်ခိုက်ပြီးအောင် မြင်ဖို့ဖြစ်သည်။ ဖြောင့်မတ် သောသူတို့၏ယုံကြည်သောအရာသည်ပျက်စီးနိုင်သောအရာမဟုတ်။ ဘု ရားသခင်ကြွရောက်မလာခင် ကျွန်ုပ်တို့ယုံကြည်ခဲ့သော စစ်မှန်သော သ တင်းကောင်း၊ ဘုရားသခင် ကို မစွန့်လွှတ်နိုင်ခဲ့ပါ။ ဖြောင့်မတ်သောသူတို့၏ ယုံကြည်သောနှုတ်ကပတ်တရားတော်သည် ဘုရားသခင်ထံမှရရှိသောအ ရာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တရားဖြင့် ဖော်ပြထားသော အရာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် ဖော်ပြထားသော အရာဖြစ်သည်။ ဘုရား သခင်၏ ကတိတော်ထားခဲ့သောအပြစ်ခွင့်လွှတ်ခြင်းဖြစ်သည်။ ခရစ်တော် ၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သော သူ တို့သည် အပြစ်ထဲက၌ ခွင့်လွှတ်ခြင်းရရှိခဲ့ကြသည်။ အပြစ်သားများက ကျွန်ုပ်တို့အကြောင်းကို ပြောပြနေသောအရာသည် အရေးကြီးချက်ရှိခဲ့ သလား။ တစ်ခုမျှမရှိခဲ့ပါ။ ဖြောင့်မတ်သူတို့သည် ဘုရားသခင်၏နှုတ်က ပတ်တရားကိုယုံကြည်ခြင်းအားဖြင့် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်း ထဲတွင် ယုံကြည်ခြင်းနှင့်အသက်ရှိရန်ဖြစ်သည်။
ယခုချိန်သည် သဘာဝဘေးဒုက္ခကာလ၊ မကြာခင် ဤလော ကတွင် အာဏုဖြူစစ်ပွဲများ ရောက်ရှိလာမည်။ ထို့နောက် သဘာဝဘေး အန္တရာယ်၊ ဘေးဒုက္ခများစွာပို၍ပေါ်ထွက်လာမည်ဖြစ်သည်။ ဘုရားသခင် ၏အစေခံတော်များသည် မည်သည့်အရာကို ဤလောကတွင် ရောက်ရှိ လာပြီးမည်သည့်အရာဟောပြောရမည်ကိုရှင်းလင်းစွာ မြင်တွေဖို့ဖြစ်သည်။ ဤလောက၏နောက်ဆုံးသောအချိန်သည်ရုတ်တရက် ရောက်ရှိလာမည် ကို သိမှတ်ဖို့လိုအပ်ပါသည်။ ဤလောကတွင် အာဏုမြူစစ်ပွဲရောက်လာ သောအခါ သဘာဝဘေးဒုက္ခ များစွာတိုးလာပြီး သားရဲ၏လက္ခဏာကို ကျွန်ုပ်တို့အားပြ၍ သူတော်စင်များ၏ မာတုရနှင့် ရှင်ပြန်ထမြောက်ခြင်းနှင့် အနှစ်တစ်တောင်ကာလဖြစ်လာမည်ဖြစ်သည်။ ထိုကာလသည် ဤလော ကတွင် ခရစ်တော် ဒုတိယြွကရောက်သော အချိန်ဖြစ်သည်။ ဘုရားသခင် အားဖြင့် အရာအားလုံးကို ဖြစ်ပျက်လျက် ပြည့်စုံခဲ့သည်။
မည်ကဲ့သို့သော ပြောဆိုခြင်းခံရသောလည်း ဘုရားသခင်၏ နှုတ် ကပတ်တရားကို ယုံကြည်လျက် နောက်ဆုံးသော နေ့ရက်အထိ ကျွန်ုပ်၏ ယုံကြည်ခြင်းအပေါ် ရပ်တည့်ပို့လိုအပ်ပါသည်။ ခက်ခဲမှုများစွာကို ခံယူပြီး ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းထဲတွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ကို ကြီးပွားစေဖို့ လိုအပ်သည်။
ဘုရားသခင်၏ နေ့ရက်ကိုမျော်လင့်ရင်ကျွန်ုပ်တို့အသက် ရှင်ကြ ပါစို့။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းဖြင့် အပြစ်သားများ၏ အဖြစ် ကို ခွင့်လွှတ်ရန် ပြင်ဆင်ကြပါစို့။ ဖြောင့်မတ်သောသူများအတွက် ကောင်း ကင်ဘုံဆုကျေးဇူးတော်များကို ဘုရားသခင်က ပြင်ဆင်ထားခဲ့သည်ဟု ကျွန်ုပ်ယုံကြည်ခဲ့ပါသည်။ သူတော်စင်များ၏ခန္ဓာကိုယ်ပြောင်းလဲခြင်း၊ သေသောသူများ၏ရှင်ပြန်ထမြောက် ခြင်းမရောက်ခင် နောက်ဆုံးသောနေ့ ရက်အတွက် ပြင်ဆင်ရန်လိုပါသည်။ သခင်၏အသက်တာအတွက် မကျေ နပ်ရခြင်းအကြောင်းကို ရပ်လျက်ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်း ကိုသာ ယုံကြည်ခဲ့ပါစို့။
သမ္မာတရား၏ သတင်းကောင်းကို သိရှိလာခဲ့ပြီး ငရဲသွားဖို့ကို ရွေးချယ်နိုင်မည်လား။ ငရဲမီးအိုင်သွားသည်ထက် ရေနှင့်ဝိညာဉ်တော်၏ သတင်ကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်ခွင့်လွှတ်ခြင်းရရှိပြီး အနှစ် တစ်ထောင်အတွင်းပြင်ဆင်ရန်ပို၍လိုအပ်ပါသည်။ ထိုကဲ့သို့ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် အသက် ရှင်ခံမှသာ ဖိလစ်ဒေလဖီမြို့ရှိ အသင်းတော်ကဲ့သို့ ဘုရားသခင်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ ဟာလေလုယ။