Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 3-5] လောဒိကိမြို့၌ရှိသောအသင်းတော်သို့ပေးစာ (ဗျာဒိတ်ကျမ်း ၃း၁၄-၂၂)

လောဒိကိမြို့၌ရှိသောအသင်းတော်သို့ပေးစာ
( ဗျာဒိတ်ကျမ်း ၃း၁၄-၂၂ )
“လောဒိကိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍မှာ လိုက်လော့။ ဘုရားသခင်၏ဝေနေယျသတ္တဝါတို့အထွဋ်၊သစ္စာရှိ၍ ဟုတ်မှန် သောသက်သေခံ၊အာမင်၏အမိန့်တော်ကား၊သင်၏အကျင့်ကိုငါသိ၏။ သင် သည် အအေးမဟုတ်၊အပူမဟုတ်သည်ကိုငါသိ၏။ အေးခြင်းဖြစ်စေ၊ ပူခြင်း ဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။ ထိုသို့ အအေးမဟုတ် အပူမဟုတ်၊ နွေးရုံရှိ သောကြောင့် ငါ၏ခံတွင်းသည် သင်ကို ထွေးလုပြီ။ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟု ပြော ဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်း ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို မသိပါသကား၊ သင်သည် ဥစ္စာရတတ် စေခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်း ရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာအဖို့၊ ဖြူသောအဝတ်ကို၎င်း ငါထံမှဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခပ် လော့ ဟု သင်အားငါသည်အကြံပေး၏။ ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ် ဆေး၍သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့်၊ ကိုယ်စိတ်ကို ကိုယ်နှိုးဆော် လော့။ နောင်တရလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ခေါက်လျက်နေ၏။ အကြင်သူ သည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့် မည်။ ငါသည် အောင်မြင်၍၊ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ငါနှင့်အ တူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော် တို့အားဘယ်သို့မိန်တော်မူသည်ကိုနားရှိသောသူမည်သည်ကား ကြားပါစေ ဟု မိန့်တော်မူ၏။”
 
 

အဖွင့်ဋီကာ

 
အခန်းငယ် (၁၄) “လောဒိကိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာလိုက်လော့။ ဘုရားသခင်၏ဝေနေယျသတ္တဝါတို့အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန် သောသက်သေခံ၊ အာမင်၏အမိန့်တော်ကား၊ သင်၏အ ကျင့်ကို ငါသိ၏။”
ခမည်းတော်ဘုရား၏ အလိုတော်ပြည့်စုံစေရန်ယေရှုသည်ဤ လောကသို့ကြွရောက်ပြီး အသက်ပေးခဲ့သည်။ တစ်နည်းအားဖြင့်ပြောလျှင် ခမည်း တော်ဘုရား၏အလိုတော်ကို ယေရှုခရစ်က လိုက်လျှောက်ခဲ့သည်။ ခမည်းတော်၏ သစ္စာရှိသောစေခံကောင်းဖြစ်သည်။ ဘုရားသခင်၏ သား တော်ဖြစ်ကြောင်းနှင့် ကယ်တင်ရှင်ဖြစ်သည်ကို သူကိုယ်တိုင်သင်ယူခဲ့ သည်။ ကျွန်ုပ်တို့ဘုရားသည် ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်သည်။ 
 
အခန်းငယ် (၁၅) “သင်သည် အအေးမဟုတ်၊ အပူမဟုတ်သည် ကိုငါသိ၏။ အေးခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။”
လောဒိကိမြို့၌ရှိသောအသင်းတော်၏ တမန်သည် ယုံကြည်ခြင်း ဘက်မှာ နွေးရုံရှိသောကြောင့် ဘုရားခသင်ကအပြစ်တင်ခဲ့သည်။ သူသည် ဘုရားသခင်၏အမျက်ဒေါသကိုရရန်ထိုက်တန်သူဖြစ်သည်။လူတစ် ဦးတစ် ယောက်သည်သူ၏ယုံကြည်ခြင်းကိုဘုရားသခင်ရှေ့မှောက်တွင်နွေးရုံသက် သက်သာရှိခဲ့လျှင် စစ်မှန်သောယုံကြည်ခြင်းရှိရန် ဘုရားသခင်အလိုရှိ သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ဖို့ရန်လည်း ရှင်း လင်းသောယုံကြည်ခြင်းမျိုးရှိရန်လိုအပ်သည်။ 
ဘုရားသခင်ကို ယုံကြည်သောသူ နှစ်မျိုးရှိသည်။ ပထမတွင် စစ်မှန်သောရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းထက် အခြားသောသ တင်းကောင်းမရှိနိုင်သည့်ဟု လက်ခံယုံကြည်သူဖြစ်သည်။ ဒုတိယတွင်ရေ နှင့်ဝိညာဉ်တော်၏ သတင်းကောင်းသည်မဟုတ် အခြားသောသတင်း ကောင်းများစွာလည်းရှိသည်ဟု ယုံကြည်သောသူများဖြစ်သည်။ အခြား သောသတင်းကောင်းများစွာရှိသည်ဟု ယုံကြည်သူတို့၏ ယုံကြည်ခြင်း သည် နွေးရုံသက်သက်သာရှိသည်။ 
သူတို့သည် ယေရှုခရစ်တော်၏ ယုံကြည်ခြင်းသည်သာ မပြည့်စုံ သည်ဟု ထင်မှတ်ခဲ့ကြသည်။ စစ်မှန်သောသတင်းကောင်းနှင့် မှားယွင်း သောသတင်းကောင်းသည်ခွဲခြားတတ်ရန် မလိုသည်ဟု ထင်မှတ်ကြသည်။ လူတစ်ချို့တို့သည် ယေရှုသည်သာ ကယ်တင်ရှင်မဟုတ် အခြားသောဘာ သာရေးတွင်လည်း ကယ်တင်ခြင်းရရှိနိုင်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ ထို နည်းတူစွာ လောဒိကိမြို့၌ရှိသောအသင်းတော်၏တမန်သည်စစ်မှန်သော သတင်းကောင်းနှင့် မှားယွင်းသောသတင်းကောင်းကို မခွဲခြားသောကြောင့် သူတို့၏ယုံကြည်ခြင်းသည် နွေးရုံသက်သက်ရှိသည်။ ထိုအရာကြောင့် သူတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို ထွက်စေခဲ့သည်။
 
အခန်းငယ် (၁၆) “ထိုသို့ အအေးမဟုတ် အပူမဟုတ်၊ နွေးရုံရှိသော ကြောင့် ငါ၏ခံတွင်းသည် သင်ကို ထွေးလုပြီ။”
ရှင်းလင်းသောယုံကြည်ခြင်းရှိဖို့ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို တောင်းဆိုခဲ့သည်။ အအေးမဟုတ်၊ အပူမဟုတ်သော ယုံကြည်ခြင်းမျိုးကို ဘုရားသခင်က မနှစ်သက်သောအရာဖြစ်သည်။ ထိုကြောင့်ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယုံကြည်သောအခါ နှလုံးသားအကြွင်းမဲ့နဲ့ ယုံကြည်ဖို့လိုအပ် ပါသည်။ အသစ်တဖန်မွေးဖွားခြင်းရရှိသောသူများသည် ရေနှင့်ဝိညာဉ် တော်၏ သတင်းကောင်းဘက်သို့ အရှုံးမခံဘဲ ရပ်တည်ရန်လိုအပ်ပါသည်။ ဤစစ်မှန်သောသတင်းကောင်းကိုဝေငှသောသူများသည်လည်း အရှုံးမပေး ဘဲခက်ခဲများစွာကို ရင်ဆိုင်နိုင်ရန်လိုအပ်သည်။ ရှင်းလင်းသောယုံကြည် ခြင်းမရှိခဲ့လျှင် သင်တို့သည် ငါ၏ခံတွင်းတွင်ထွေးမည်ဟု ဘုရားသခင်က ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
 
အခန်းငယ် (၁၇) “သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများ ကိုဆည်းဖူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိ ခြင်းဖြစ်သည်ကို မသိပါသကား။”
ဘုရားသခင်ကိုနွေးရုံသက်သက်သာယုံကြည်သောသူသည်သူတို့၏ယုံကြည်ခြင်းကိုမှန်ကန်သည်ဟုထင်မှတ်လျက် သတိမမူနေခဲ့ကြ သည်။ လောဒိကိမြို့၌ ရှိသောအသင်းတော်၏တမန်သည်လည်း သူတို့၏နွေးရုံ သက်သက်သာရှိသောယုံကြည်ခြင်းအပေါ်ကျေနပ်ပြီးဒုက္ခရောက်နေသူဖြစ် သည်ကို မသိခဲ့ကြ။ ထိုကြောင့် ရှင်းလင်းသောယုံကြည်ခြင်းရှိရန် သူတို့ သည် ညှင်းပန်းနှိပ်စက်ခြင်းနှင့်ခက်ခဲမှုများကို ရင်ဆိုင်ကြုံတွေ့ပြီ မုသာ ပြောသောသူကို ဆန့်ကျင့်ရန်လိုအပ်သည်။ ထိုမှသာ သူတို့သည် မပြည့်စုံ သောသူ၊စစ်မှန်သောယုံကြည်ခြင်းမရှိသောသူများဖြစ်သည်ကိုနာလည်လာ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ရှေ့မှောက်တွင် စစ်မှန် သောယုံကြည်ခြင်း ရှိရန်လိုအပ်ပါသည်။
 
အခန်းငယ် (၁၈) “သင်သည် ဥစ္စာရတတ်စေခြင်းငှါ၊ မီးနှင့်ချွတ်ပြီး သော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံ စရာအဖို့၊ ဖြူသောအဝတ်ကို၎င်း ငါထံမှဝယ်လော့။ သင်၏မျက်စိမြင်စေ ခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခပ်လော့ဟု သင်အားငါသည် အကြံပေး၏။”
လောဒိကိမြို့၌ရှိသောအသင်းတော်၏တမန်သည်စစ်မှန်သောယုံ ကြည်ခြင်းရှိဖို့ရန်ဘုရားသခင်ကတိုက်တွန်းခဲ့ပါသည်။ ထိုသူတို့၏ ယုံကြည် ခြင်းကိုရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းအားဖြင့် ပြန်လည်တည် ဆောက်ပြီးမှဖြူသောအဝတ်ကို ဝတ်ရန်လိုအပ်ပါသည်။ ထိုသူတို့သည်မည် သို့သော် ယုံကြည်ခြင်းရှိသည်ကိုလည်း မြင်တွေ့နိုင်ရန်လိုအပ်ပါသည်။ သူ တို့၏ယုံကြည်ခြင်းအပေါ် ခိုင်မာပြီး သန့်ရှင်းစေရန်လိုပါသည်။
ဘုရားသခင်ပေးထားသောရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း ကြောင့် သင်သည် ဆန့်ကျင်မူ၊ ဝေဖန်မှုများကို ကြုံတွေ့ရန်လိုအပ်သည်။ ထိုမှသာရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုမှန်ကန်ကြောင်း နာလည် လာမည်ဖြစ်သည်။ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းအားဖြင့်သင်၏လူ ဇာတိဖြောင့်မတ်ခြင်းကို ဖျက်စီးပြီမှ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိခဲ့သ လား။ လူဇာတိဖြောင့်မတ်ခြင်းကို ဖျက်စီးသူမှသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကိုရရှိကြသည်။ ဘုရားသခင်ကို အားမကိုးဘဲ ယုံကြည်ခြင်းကို ရှာခြင်းသည် စိတ်ညစ်စရာသာဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည် တမန်တော်များထံသို့ ပေးထားခဲ့သောစစ်မှန်သောယုံကြည်ခြင်းကိုသင် လက်ခံယုံကြည် ရန်လိုပါသည်။ 
စစ်မှန်သောယုံကြည်ခြင်းမြည်စမ်းရန်အတွက် စွန့်လွှတ်ခြင်းရှိဖို့ လိုအပ်ခဲ့သည်ကိုသိမှတ်ဖို့လိုပါသည်။ ဝိညာဉ်တော်သားသမီးများ ယုံကြည် ခြင်း၏ခြေလှမ်းမှုကို နောက်လိုက်ခြင်းအားဖြင့် စစ်မှန်သောယုံကြည်ခြင်း အတွက် ကျွန်ုပ်တို့သည်လည်း အသက်တာပေးဆပ်ရန်လိုအပ်ပါသည်။ ဘု ရားသခင်၏နိုင်ငံတော်တည်ထောင်ဖို့ရန်နှင့်ကျွန်ုပ်တို့၏ယုံကြည်ခြင်း ကြီး ထွားရန်အတွက်လောကီစည်းစိမ်းဥစ္စာများသည်လည်း ကျွန်ုပ်တို့ စွန့်လွှတ် ရန်လိုသည်။
 
အခန်း (၁၉) “ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့်၊ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင် တရ လော့။” 
အကျင့်မပါဘဲ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရား သခင်က သူတို့ကို အပြစ်တင်ပြီးဆုံးမခဲ့၏။ ထိုကြောင့် ဘုရားသခင်ကိုချစ် သောသူတို့သည် ဘုရားသခင်အတွက် ကြိုးစားစွာအလုပ်လုပ်ရန်လိုအပ်ပါ သည်။ 
 
အခန်းငယ် (၂၀) “ငါသည် တံခါးရှေ့မှာ ရပ်၍ခေါက်လျက်နေ၏။ အကြင် သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့် အတူစားသောက်မည်။သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။”
ဘုရားသခင်၏သားသမီးများသည်သူတို့၏ပျော်ရွှင်ခြင်း၊ဝမ်းနည်း ခြင်းများကို ဘုရားသခင်ထံသို့ ဖွင့်ဟလျက်ရှိသည်။ ဘုရားသခင်၏နှုတ် ကပတ်တော်ကို ယုံကြည်ပြီးစစ်မှန်သောယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် ပါဝင်လုပ်ဆောင်သောသူသည် ဘုရားသခင်က သူတို့ လုပ်ငန်းကို ပြည့်စုံစေသည်။
အခန်းငယ် (၂၁) “ငါသည် အောင်မြင်၍၊ ငါ့ခမည်းတော်၏ပလ္လင်တော်ပေါ် မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။”
လူတစ်ဦးတစ်ယောက်သည် မာတုရကိုရင်ဆိုင်ဖို့ရန် စစ်မှန်သော ယုံကြည်ခြင်းမရှိခဲ့လျှင် ဆုံးရှုံးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်က ပတ်တော်အားဖြင့် စာတန်မာရ်နတ်တိုက်ခိုက်သောသူတို့သည် အောင်မြင် ခြင်းရရှိပြီးမှ ဘုရားသခင်နှင့်အတူချီးကျူးထောပနာပြုကြမည်။ ဘုရားသ ခင်၏သူတော် စင်များနှင်အစေခံတို့သည် ဝိညာဉ်တိုက်ပွဲတွင် အစဉ်အမြဲ ပါဝင်ခဲ့ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား ဖြင့်သာ ထိုတိုက်ပွဲကိုအောင်မြင်နိုင်ခဲ့ကြသည်။ ဝိညာဉ်တိုက်ပွဲ၌အောင်မြင် ခြင်းရရှိသောသူတို့သည် ဘုရားသခင်နှင့်အတူ ချီးကျူးထောပနာပြုကြ မည်ဖြစ်သည်။ 
 
အခန်းငယ် (၂၂) “ဝိညာဉ်တော်သည် အသင်းတော်တို့အား ဘယ်သို့ မိန့် တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေဟု မိန့်တော်မူ၏။”
သူတော်စင်များသည်ဘုရားသခင်၏အသံတော်ကို နားထောင်ပြီး မှ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကို လိုက်လျှောက်ရန်လိုအပါ သည်။ ထိုကဲ့သို့အသက်ရှင်သောအခါ အစဉ်အမြဲအောင်မြင်ခြင်းရှိခဲ့ကြ သည်။