Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 3-6] နောက်လိုက်တမန်တော်များ၏ အသက်တာအတွက် စစ်မှန်သောယုံကြည်ခြင်း (ဗျာဒိတ်ကျမ်း ၃း၁၄-၂၂)

နောက်လိုက်တမန်တော်များ၏ အသက်တာအတွက် စစ်မှန်သောယုံကြည်ခြင်း
(ဗျာဒိတ်ကျမ်း ၃း၁၄-၂၂ )
 
လောဒိကိမြို့၌ရှိသော အသင်းတော်၏ယုံကြည်ခြင်းသည် ဘုရား သခင်ကတွေ့ရန် ထိုက်တန်ခဲ့သည်။ ထိုကြောင့် သူတို့သည် ယုံကြည်ခြင်း ဘက်သို့ ကြီးထွားနိုင်ရန် ဘုရားသခင်က မီးနှင့် ချွတ်ပြီးသော ရွှေကို၎င်း၊ ဖြူသောအဝတ်ကိုငါထဲမှာဝယ်ကြလော့ဟု ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သူ တို့ထဲတွင် နွေးရုံသက်သက်သာရှိသော ယုံကြည်ခြင်းမျိုးရှိခဲ့သည်။ သူတို့၏ ယုံကြည်ခြင်းတွင် လွတ်လပ်သောကြောင့် သူတို့၏ယုံကြည်ခြင်းသည် မည်သို့ထိုက်တန်သော ယုံကြည်ခြင်းဖြစ်သည်ကို မသိခဲ့ကြ။ထိုကြောင့် ဘု ရားသခင်သည် မီးနှင့်ချွတ်ပြီးသောရွှေကဲ့သို့ယုံကြည်ခြင်းမျိုးရှိဖို့ရန် ထိုသူ တို့ကိုဆုံးမခဲ့ကြသည်။အာရှနိုင်ငံ၌ရှိသောအသင်းတော်ခုနစ်ပါးတို့ကလည်း တူညီသောယုံကြည်ခြင်းတစ်ခုရှိရန် ဘုရားသခင်အလိုတော်ဖြစ်သည်။ ဘု ရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကဤအသင်းတော်များထံသို့ ဟော ပြောခဲ့သောအရာများကို နားရှိသောသူမည်သည်ကားကြားပါစေဟု မိန့် တော်မူခဲ့သည်။
ဗျာဒိတ်ကျမ်း၃း၁၇တွင်လောဒိကိမြို့၌ရှိသောအသင်းတော်သည် ကိုယ့်ကိုကိုယ်လှည့်ဖျားခြင်း၊ ဥစ္စာတတ်မက်ခြင်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကဲ့သို့ ထင်မှတ်ကြောင်း မြင်တွေ့ခဲ့သည်။ လှည့်ဖျား ခြင်းခံသော ဤအသင်းတော်၏ဝိညာဉ်ဆင်းရဲခြင်း၊ သနားဖွယ်ဖြစ်ခြင်းကို ဘုရားသခင်က ဖော်ပြခဲ့သည်။
လောဒိကိမြို့၌ရှိသောအသင်းတော်သည် ကြီးမားသောယုံ ကြည် ခြင်းကိုမရှိခဲ့ဘဲ ယုံကြည်ခြင်းဘက်သို့ ဆင်းရဲသောသူများဖြစ်ကြသည်။ ထို သူတို့သည်ဝိညာဉ်တော်မာနကြီးပြီးယေရှုခရစ်ထက်လောကကို တက်မြက် ခဲ့သည်။
ဗျာဒိတ်ကျမ်း ၃း၁၄-၂၂ တွင် တမန်တော်များ၏အသက်တာကို တွေ့ရှိခဲ့ပါသည်။ စစ်မှန်သောယေရှုခရစ်၏နောက်လိုက်တ မန်တော်များ သည် ခရစ်တော်၏နှုတ်ကပတ်တရားကို နာခံပြီး နောက်လိုက်သောသူများ ဖြစ်သည်။ ယေရှုခရစ်တော်အားဖြင့်အသစ် တဖန်မွေးဖွားခြင်းရရှိသောသူ များသည် ခရစ်တော်၏နောက်လိုက် တမန်တော်များအတွက် ထိုက်တန် သောသူများဖြစ်သည်။ဘုရားသခင်သည်ကျွန်ုပ်တို့အားလုံးကို နောက်လိုက် တမန်တော်များ၏ အသက်တာအားဖြင့် အသက်ရှင်ရန် အလိုတော်ရှိ သည်။ ဤနောက် လိုက်တမန်တော်များ၏အသက်တာသည် ကျွန်ုပ်ထံသို့ ပေးဆပ်ခဲ့သည်ကို သိမှတ်ရန်လိုပါသည်။
နောက်လိုက်တမန်တော်များ၏အသက်တာအားဖြင့်အသက်မရှင် သောသူများသည်ဘုရားသခင်ကသူ၏ခံတွင်းထဲကနေထွေးလုပြီ ဖြစ်သည်။ အခန်းငယ် ၁၅-၁၆ တွင် “သင်၏အကျင့်ကို ငါသိ၏။ သင်သည် အအေးမ ဟုတ်။ အပူမဟုတ်သည်ကို ငါသိ၏။ အေးခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ တစ်ခု ခုကို ငါအလိုရှိ၏။ ထိုသို့ အအေးမဟုတ်၊ အပူမဟုတ် နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ”ဟု ဖော်ပြခဲ့သည်။ ဘုရားသခင်ရှေ့ မှောက်တွင် ကယ်တင်ခြင်းရသောသူသည် အအေးမဟုတ်။ အပူမဟုတ် ဖြစ်ခဲ့လျှင် သူတို့၏ဝိညာဉ်ဆင်းရဲခြင်းကို ဤအရာက ဖော်ပြခဲ့သည်။ လူအ ချို့တို့သည် နောက်လိုက်တမန်တော်များအသက်တာကို မသိရှိ။ သို့သော် အသစ်တဖန်မွေးဖွားရရှိသောသူများသည် နောက်လိုက်တမန်တော်များ၏ အသက်တာအားဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ထဲမှ လွှတ် မြောက်ခွင့်ရရှိသည်။ ထိုအရာသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည်ကယ်တင်ခြင်းရရှိပြီးနောက် မည်သည့်အရာကို လုပ်ဆောင် ရမည်နည်း။ဘုရားသခင်၏အမိန့်တော်များကိုနာခံလိုက်လျှောက်ပြီး ဘုရား သခင်ကဲ့သို့ အသက်ရှင်နေထိုင်ရန် ကြိုးစားဖြစ်ပါသည်။ ဤအရာသည် နောက်လိုက်တမန်တော်များ ၏အသက်တာဖြစ်သည်။ လောဒိကိမြို့၌ရှိ သော အသင်းတော်၏တမန်တို့ကို နောက်လိုက်တမန်တော်များကဲ့သို့အ သက်ရှင်ဖို့ရန်ဘုရားသခင်က “အအေးမဟုတ်၊အပူမဟုတ်”ဟူသောစကား ဖြင့် ဆုံးမပဲ့ပြင်ခဲ့သည်။
“အအေးမဟုတ်၊အပူမဟုတ်”ယုံကြည်ခြင်းသည်နွေးရုံသက်သက်သာရှိသောယုံကြည်ခြင်းဖြစ်သည်။ အအေးမဟုတ်၊ အပူမဟုတ်။ လူသား များကို စိတ်ချမ်းသာစေသောအရာသည် မည်သည့် နွေးရုံမျှသာရှိသော ယုံ ကြည်ခြင်းဖြစ်သနည်း။ အအေးနှင့်အပူနှစ်ခုစလုံးရှိဖို့ရန် ကြိုးစားသော ယုံကြည်ခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့သောယုံကြည်ခြင်းသည် နောက်လိုက် တမန်တော်များ၏အသက်တာအားဖြင့်အသက်မရှင်ကြခြင်းဖြစ်သည်။နွေး ရုံရှိသောယုံကြည်ခြင်းရှိသောသူတို့သည် ယေရှုခရစ်တော်၏ အလိုတော်ကို မလိုက်လျှောက်သူများဖြစ်ကြသည်။ ယေရှုကို နောက်လိုက်သောသူများ ကဲ့သို့ နေထိုင်ကြသော်လည်း သူတို့သည် နွေးရုံရှိသောယုံကြည်ခြင်း ရှိသူ များဖြစ်ကြသည်။
ထိုကဲ့သို့ ယုံကြည်ခြင်းသည် လောကီသားများက တပ်မက် သော အရာဖြစ်သည်။ ဤယုံကြည်ခြင်းသည် လောကီအနေနှင့် ကောင်းသော အရာဖြစ်ခဲ့သော်လည်း ဘုရားသခင်အတွက် ထွေးလုစရာသာဖြစ်သည်။ နွေးရုံရှိသောယုံကြည်ခြင်းက ဘုရားသခင်ကို ရွံရှာစေခဲ့သည်။ အအေးမ ဟုတ်၊ အပူမဟုတ်သော ယုံကြည်ခြင်းမျိုးကို သတိထားဖို့လိုအပ်ပါသည်။ နွေးရုံသာဖြစ်သောယုံကြည်ခြင်းရှိသောသူသည် ဘုရားသခင်၏ အမှုတော် သို့ မပါဝင်နိုင်ခဲ့ပါ။ သူတို့လက်ခံခဲ့သည့်အရာကိုလည်း အစဉ်အမြဲမလုပ် နိုင်ခဲ့။ သင်တို့၏အမှတ်အသားသည် ၆၀ ဖြစ်သည်ဟု ပြောခဲ့လျှင် သူတို့ ကိုယ်တိုင်၆၀အတိအကျဖြစ်ရန်သူတို့၏အနေအထားကို ပြုပြင်ခဲ့ကြသည်။
ထိုကဲ့သို့သော ယုံကြည်ခြင်းအသက်တာရှိသော သူသည် ဝိညာဉ် ဆင်းရဲသောသူနှင့်တူ၏။ ဗျာဒိတ်ကျမ်း ၃း၁၇-၁၈ တွင် “သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစ်စုံတစ်ခုကိုမျှ မလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနား ဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို မသိပါသကား။ သင်သည် ဥစ္စာရတတ်စေခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အ ချည်းစည်းရှိ၍၊ သူတပါးရှေ့တွင်မရှက်စေခြင်းငှါ ခြုံစရာအဖို့၊ ဖြူသော အဝတ်ကို၎င်းငါထံမှဝယ်လော့။သင်၏မျက်စိမြင်စေခြင်းငှါ၊မျက်စိ၌ မျက်စီ ခပ်လော့ဟု သင်အားငါသည်အကြံပေး၏” ဟု ဖော်ပြထား ခဲ့ပါသည်။
နွေးရုံသာ ရှိသောယုံကြည်ခြင်းရှိသောသူတို့သည် လောကချမ်း သာခြင်းကိုသာ တပ်မက်ခဲ့ကြသည်။ သူတို့သည် ဒုက္ခရောက်နေသူ၊ ဆင်းရဲ သူ၊ မောပန်းသူဟုထင်ခဲ့ကြသော်လည်း မှန်ကန်စွာ သိမှတ်ခြင်းမရှိ။ ထိုသူ တို့သည် ကိုယ့်အကြောင်းကို မသိရှိသောသူများဖြစ်ကြသည်။ သူတို့ကိုယ် တိုင်လူကောင်း၊ ခေတ်ဆန်သောသူ၊ စစ်မှန်သောသူ၊ သူတပါးများက အသိ အမှတ်ခံသောသူဟူ၍ထင်မှတ်ကြပြီးသူတို့၏အလိုအတိုင်းသာ အသက်ရှင် နေထိုင်ကြသည်။ ထိုသူတို့သည် လောကီဘက်တွင် သစ္စာရှိသောသူများ ဖြစ်ကြသည်။ သို့သော်ဘုရားသခင်၏အသင်းတော်အတွက် သစ္စာမရှိ သော သူများဖြစ်ကြ၏။ သူတို့၏ယုံကြည်ခြင်းသည် နွေးရုံရှိသော ကြောင့်ဖြစ် သည်။ ထိုကြောင့် ဘုရားသခင်က ငါခံတွင်းသည် သင်တို့ကို ထွေးလုပြီဟု ပြောခဲ့သည်။
ထိုသူတို့သည် ရည်မှန်းချက်မရှိဘဲ အသင်းတော်သို့တက် ရောက် ခဲ့ကြသည်။ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ပြီးပြီးခြင်းထွက် သွားကြသည်။ အသင်းတော်၏လုပ်ငန်းများတွင်လည်းစေတနာဖြင့်ပါဝင်ခြင်းမရှိ။ သူတို့ လုပ်ချင်သောအရာကို လုပ်ပြီးလုပ်သင့်သောအရာကို မလုပ်ခဲ့ကြပေ။ ထိုသူ တို့သည် ဝိညာဉ်ဆင်းရဲသောသူများ ဖြစ်ကြသည်။
ဘုရားသခင်က ထိုသူတို့ကို “သင်သည် ဥစ္စာရတတ်ခြင်းငှါ မီးနှင့် ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍ သူတပါးရှေ့တွင် ခြုံစ ရာဖို့ဖြူသောအဝတ်ကို၎င်း ငါ့ထံဝယ်လော့။ သင်၏မျက်စိမြင်စေခြင်ငှါ မျက်စိ၌မျက်စီခတ်လော့”ဟု အကြံပေးခဲ့သည်။ သူတို့သည် ဥစ္စာရတတ် ခြင်းငှါ မီးနှင့်ချွတ်ပြီးသောရွှေကို ဝယ်ရန် ဖော်ပြခဲ့သည်။
သင်၏ယုံကြည်ခြင်းအတွက် ဘုရားသခင်ကို နောက်လိုက်လိုခဲ့ လျှင်သင်၏ယုံကြည်ခြင်းကိုဆည်းပူးရန်လိုပါသည်။သင်၏ယုံကြည်ခြင်းကို မည်ကဲ့သို့ဆည်းပူးမည်နည်း။ဘုရားသခင်၏နှုတ်ကပတ်တရားကိုယုံကြည် ပြီး အသက်တာပေးဆပ်ခြင်းအားဖြင့်ဖြစ်ပါသည်။ သမ္မာကျမ်းစာက မီးနှင့် ချွတ်ပြီးသော ရွှေကိုဝယ်ယူရန် ပြောထားခဲ့ပါသည်။ ဘုရားသခင်၏နှုတ် ကပတ်တရားကို လိုက်လျှောက်လာသောအခါ ကျွန်ုပ်တို့အတွက် ပြဿနာ၊ ခက်ခဲမှုများစွာရှိခဲ့သည်ကို ဤအရာက ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ထို ကဲ့သို့ သောခက်ခဲခြင်းပြဿနာများကို ဘုရားသခင်၏ နှုတ်ကပတ်တရား တော်ကို ယုံကြည်လိုက်လျှောက်ခြင်းအားဖြင့်သာ အောင်မြင်နိုင် မည်ဖြစ် သည်။ ဤအရာကိုနှလုံးသားအကြွင်းမဲ့ဖြင့် ယုံကြည်သောအခါ ကျွန်ုပ်တို့ ၏နှလုံးသားကို သန့်စင်စေသည်။ ဤယုံကြည်ခြင်းသည် ရွှေကဲ့သို့သော သန့်စင်သော ယုံကြည်ခြင်းဖြစ်သည်။
စစ်မှန်သောယုံကြည်ခြင်းရရှိဖို့ရန် အသက်တာပေးဆပ်ဖို့ လိုအပ် ပါသည်။ အသက်တာစွန့်လွှတ်ခြင်း၊ပေးဆပ်ခြင်းမရှိဘဲကျွန်ုပ်တို့သည်စစ် မှန်သောယုံကြည်ခြင်းကို မရရှိနိုင်ပါ။ တစ်နည်းအားဖြင့်ဆိုလျှင် ခက်ခဲမှု များကိုမရင်ဆိုင်ဘဲ စစ်မှန်သောယုံကြည်ခြင်းရရှိနိုင်မည်မဟုတ်။ ယုံကြည် ခြင်းနှင့်ပြည့်ဝသောသူများအမှန်တ ကယ်ဖြစ်ချင်ခဲ့လျှင် ကျွန်ုပ်တို့အသက် တာကို ပေးဆပ်ပြီးမှဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်ရန်လိုအပ် ပါသည်။ အသက်တာ ဆက်ကပ်ပူဇော်ခြင်းမရှိဘဲ ဤအရာကို ရရှိနိုင်မည် မဟုတ်။
အဘယ်သူသည် အစ၌သာမန်သောယုံကြည်ခြင်းရှိသောသူဖြစ် သနည်း။ အဘယ်သူမှမရှိ။ အသင်းတော်၌ သွန်သင်ခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လျှစ်လျှူရှုခဲ့သောကြောင့်ဖြစ်သည်။ အသင်းတော် တွင် ဟောပြောသောသမ္မာတရားကို ယုံကြည်ရန် လိုအပ်ပါသည်။ သို့သော် ထိုအရာကို လုပ်ရန်ခက်ခဲခြင်း၊ သည်းခံခြင်းရှိဖို့လည်းလိုအပ်ပါသည်။ ထို ကြောင့် ဘုရားသခင်နှုတ်ကပတ်တော်တရားကို ယုံကြည်လက်ခံပြီး အ သက်တာပေးဆပ်ခြင်းဖြင့် ယုံကြည်အားကိုးထိုက်သောသူများ ဖြစ်လာကြ ခြင်းဖြစ်သည်။ သို့သော် လူတစ်ချို့သည် ယုံကြည်ခြင်းကို ရရှိကြသော် လည်း အသက်တာမပေးဆပ်သောကြောင့် စစ်မှန်သောယုံကြည်ခြင်းမရ ရှိနိုင်ခဲ့ကြပါ။ထိုကြောင့် ယုံကြည်ခြင်းဘက်သို့ ကြီးထွားဖို့ရန် ဘုရား သခင် က မီးနှင့်ချွတ်ပြီးသော ရွှေကိုဝယ်ယူရန် ကျွန်ုပ်တို့ကို ပြောခဲ့ပါသည်။
သူတော်စင်များ၏အသက်တာနှင့်ယုံကြည်ခြင်းဖြင့် အသက် ရှင် သောအခါ၌သာ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဆိုလိုသောအရာကို သိ ရှိနိုင်မည်ဖြစ်ပါသည်။ နှုတ်ကပတ်တရားကို ကြားနာခဲ့သော်လည်း လိုက် လျှောက်ခြင်းမရှိခဲ့လျှင် (သို့) သင်သည် ဆုတောင်း ပွဲ၌ပါဝင်ခဲ့သော်လည်း အသက်တာတွင်လက်တွေ့အသုံးမပြုခဲ့လျှင်သင်သည်စစ်မှန်သောယုံကြည် ခြင်းရရှိနိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ယုံကြည်ခြင်း အားနည်းသောကြောင့်ဖြစ်သည်။ ဤလောကဇာတ်သဘောအားဖြင့်သာ သင်၏ယုံကြည်ခြင်းကိုသင်ဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်သည်ကယ်တင်ခြင်း ခံခဲ့၏။ အကျွန်ုပ်ငွေကြေးရရှိပြီး ကောင်းသောအရာများကို လုပ်ခဲ့သော ကြောင့် ကျွန်ုပ်သည်သူများထက် ကောင်းသောသူဖြစ်သင့်သည်။ “ကျွန်ုပ် သည် သူများထက်ကောင်း၏” ဟု သင်ထင်မိခဲ့သည်။
ရွှေကဲ့သို့ဖြစ်သော စစ်မှန်သောယုံကြည်ခြင်းကို သင်အမှန် ရရှိလို ခဲ့လျှင် အသက်တာကို ပေးဆပ်ဖို့လိုအပ်ပါသည်။ ထိုအရာကို နာခံလိုက် လျှောက်ဖို့ ခက်ခဲသလော။ နာခံရန်အသက်တာပေး ဆပ်ရန်လိုအပ်ပါ သည်။ အသက်တာပေးဆပ်ခြင်းသည်ခက်ခဲသလော။ မခက်ခဲပါ။ သို့သော် ဘုရားသခင်၏ခံတွင်းမှထွေးခြင်းကို မခံမိရန် အသက်တာပေး ဆပ်ခြင်း အားဖြင့် သင်နာခံရန်လိုအပ်ပါသည်။
သို့သော် စစ်မှန်သောယုံကြည်ခြင်းကို မလိုလားသောသူသည် ဝိညာဉ်ဆင်းရဲသောသူ၊ အသက်တာမပေးဆပ်ချင်သောသူများ ဖြစ်သည်။ နာခံဖို့ရန် ပထမဆုံးကျွန်ုပ်တို့နှလုံးသားကို ချိုးဖဲ့ဖို့လို အပ်ပါသည်။ ဤကဲ့ သို့မလုပ်နိုင်ခဲ့သောကြောင့် သူတို့နှလုံးသားသည် ဝိညာဉ်ဒုက္ခရောက်ခဲ့ သည်။ သူတို့၏ယုံကြည်ခြင်းအားနည်းသည်ကို မသိဘဲ သူတော်စင်များ၏ ယုံကြည်ခြင်းကိုသာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။ သင်သည် စစ်မှန်သော ယုံကြည်ခြင်းကိုသိရှိရန်လိုသည်။ သင်သည် ဘုရားသခင်ဘက်သို့ ဝိညာဉ် တိုက်ပွဲတွင်ပါဝင်သောအခါသင်သည်ဝိညာဉ်အောင်မြင်ခြင်း၏အသက်တာ ဖြင့် အသက်ရှင်ခြင်းကို သိရှိသကဲ့သို့ သင်၏ယုံကြည်မှုကို သန့်ရှင်းစေ မည်ဖြစ်သည်။ ဤစစ်မှန်သောယုံကြည်ခြင်းကို လက်တွေ့အသုံးပြု လာမှ သာ စစ်မှန် သောယုံကြည်ခြင်းဖြစ်၍ သိရှိနိုင်မည်ဖြစ်သည်။
လောဒိကိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဘုရားသခင်က ဤကဲ့သို့အပြစ်တင်ခဲ့သည်။ “သင်၏ဆင်းရဲခြင်း၊ မပြည့်စုံခြင်းကို သင်မသိ။ သင်၏အကျင့်ကို ငါသိ၏။ သင်သည် အအေးမဟုတ်၊ အပူမဟုတ် နွေးရုံရှိခဲ့ သည်။ သင်ဆိုခဲ့သောအရာသည် သင်ကယ်တင်ခြင်းသာဖြစ်သည်။ ထိုမှ တစ်ခြား သင်လုပ်ခဲ့သောအရာမရှိ” ဟု ပြောခဲ့ပါသည်။
နောက်လိုက်တမန်တော်များ၏အသက်တာဖြင့် အသက်ရှင် ခြင်း မပါဘဲ ဘုရားသခင်၏အစေခံများ (သို့) ကျွန်ုပ်တို့၏ဝိညာဉ် ရှေ့ပြေးတို့ သည်ကျွန်ုပ်တို့ယုံကြည်ခြင်း၏တာဝန်ထမ်းဆောင်သူဖြစ်ခဲ့ကြသလော။ ဘု ရားသခင်အတွက် သူတို့သည် ခက်ခဲခြင်းမျိုးစုံကိုခံခဲ့ကြသည်။ ဝိညာဉ်ရှေ့ ပြေးသောသူ၏ယုံကြည်ခြင်းဖြင့် ဘုရားသခင်က သင့်ကို လမ်းပြပေး၊ ထိုအ ရာအားဖြင့် သင်သည်လိုက် လျှောက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဘုရား သခင်က သွန်သင်လမ်းပြခဲ့သော ရှေ့ပြေးသောသူများ၏ယုံကြည်ခြင်းကို လိုက်လျှောက်ခြင်းအားဖြင့်ဘုရားသခင်ကသင့်ကိုလမ်းပြပေးမည်ဖြစ်သည် ကို ယုံကြည်ရန်လိုအပ်ပါသည်။