Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 4-1] ဘုရားသခင်၏ ပလ္လင်တော်ပေါ်မှာ ထိုင် သော သခင်ယေရှုကို ကြည့်လော့ (ဗျာဒိတ်ကျမ်း ၄း၁-၁၁)

ဘုရားသခင်၏ ပလ္လင်တော်ပေါ်မှာ ထိုင် သော သခင်ယေရှုကို ကြည့်လော့
( ဗျာဒိတ်ကျမ်း ၄း၁-၁၁ )
“ထိုနောက်မှ ငါကြည့်လျှင်၊ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ ၏။ ရှေ့ဦးစွာကြားရသောအသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင် ကာလ၌ဖြစ်ရမည့်အရာတို့ကိုငါပြမည်ဟုငါနှင့်ပြောလျက်ရှိသောတံပိုးခရာ သံကဲ့သို့ မြည်လေ၏။ ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ၍ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူ လည်းရှိ၏။ ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြား ကျောက်နှင့်တူ၏။ ပလ္လင်၏ ပတ်ဝန်းကျင်၌ကား၊ မြကျောက်အဆင်းအ ရောင်နှင့်တူသောသက်တံရှိ၏။ ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင်နှစ်ဆယ့်လေးပလ္လင်ရှိ၏။ထို ပလ္လင်တို့အပေါ်၌ အသက်ကြီးသူ နှစ် ဆယ့်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက်ထိုင်နေကြ၏။ပလ္လင်တော်ထဲကလျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုဃ်းကြိုးသံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင် ၏ဝိညာဉ်ခုနစ်ပါးတည်းဟူသောမီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိ ကြ၏။ ပလ္လင်တော်ရှေ့၌လည်း၊ကျောက်သလင်း နှင့်တူသောဖန်ရေကန်ရှိ ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ် လုံးပြည့်သောသတ္တဝါလေးပါးရှိ၏။ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိ ယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိသောရွှေလင်းတနှင့်တူ၏။ ထိုသတ္တဝါ လေးပါးတို့၏ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီ ရှိ၍၊အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့်ပြည် စုံ၍ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစ၌ရှိတော်မူသာထာဝရအရှင်ဘု ရားသခင်သည်သန့်ရှင်းသောမူ၏။ သန့်ရှင်းသောမူ၏၊ သန့်ရှင်းသောမူ၏ဟု နေ့ညဉ့်မပြတ်ငြိမ်၍မနေဘဲ ပြောဆိုကြ၏။ ပလ္လင်တော်ပေါ်မှာ ထိုင်၍၊ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောသူ၏ဘုန်းအသရေ၊ ဂုဏ်ကျေး ဇူးတော်ကိုထိုသတ္တဝါတို့သည် ချီမွမ်းကြသောအခါ၊ အသက်ကြီးသူနှစ် ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ် ဝပ်လျက်၊ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောသူကို ကိုးကွယ် လျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန် ဆင်းတော်မူပြီ။ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ကိုယ်တော်သည်ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော် မူ၏ဟု လျှောက်ဆို၍ ပလ္လင်တော်ရှေ့၌ သရဖူများကို ချထားကြ၏။”
 
 

အဖွင့်ဋီကာ

 
အခန်းငယ်-၁“ထိုနောက်မှငါကြည့်လျှင်၊ကောင်းကင်၌တံခါးဖွင့်ထား လျှက် ရှိ၏။ ရှေ့ဦးစွာကြာရသောအသံဟူမူကား၊ဤအရပ်သို့တက်လော့။ နောင် ကာလ၌ဖြစ်ရမည်အရာတို့ကိုငါပြမည်ဟုငါနှင့်ပြောလျှက်ရှိသောတံ ပိုးခ ရာသံ ကဲ့သို့ မြည်လေ၏။”
ငါ့ရှေ့မှာ ကောင်းကင်တံခါးဝကို ပိတ်ထားလျက်ရှိ၏။ သို့သော် သခင်ယေရှုသည် ဤလောကသို့ ကြွလာပြီး ယောဟန်အားဖြင့် ဗတ္တိဇံခံ၍ ကားတိုင်ပေါ်သို့ အသေခံပြီးမှရှင်ပြန်ထမြောက်ခြင်းအားဖြင့် လူသားများ ကို ကယ်တင်သောအခါ ထိုပိတ်ထား သောတံခါးသည် ဖွင့်ထားလျက်ရှိ၏။ ဘုရားသခင်သည်သူ၏ကောင်းကင်တမန်အားဖြင့်နောက်ဆုံးသောကာလတွင် ဖြစ်ပျက်မည်အရာများကို ရှင်ယောဟန်ထံသို့ ဖော်ပြခဲ့သည်။ 
 
အခန်းငယ်-၂“ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ၍ ကောင်းကင် ဘုံ၌ ပလ္လင်တစ်ခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။”
ရှင်ယောဟန်သည်ဖွင့်ထားလျက်ရှိသော ကောင်းကင်တံခါးကို ကြည့်သော အခါ၊ ကောင်းကင်ဘုံ၌ပလ္လင်တစ်ခုပေါ်မှာ ထိုင်လျှက်ရှိသော သခင်ယေရှု ကို တွေ့ခဲ့သည်။ ထိုပလ္တင်၏ပတ်ဝန်းကျင်၌ အသက်ရှင်သော သတ္တဝါလေး ပါး၊အသက်ကြီးသောသူနှစ်ဆယ့်လေးပါးနှင့်ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတို့လည်း တွေ့မြင်ရ၏။
သခင်ယေရှုသည် အပြစ်သားများကိုကယ်တင်သောကြောင့်ခ မည်းတော်ဘုရား၏ ပလ္လင်တော်သို့ ထိုင်ခွင့်ရှိ၏။ ယေရှုသည် ဤလောက ၌ အသက်ရှင်နေထိုင်သော အချိန်တွင် ယောဟန်ထံမှဗတ္တိဇံခံပြီး၊ လောက ၏အ ပြစ်အားလုံးကို ယူဆောင်သွားပြီးမှ အပြစ်သားများကို ကယ်တင်ရန် ကားတိုင်ပေါ်သို့အသေခံခဲ့သည်။ ထိုအရာကြောင့် ယေရှုသည် ဘုရားသခင် ၏ပလ္လင်ပေါ်တွင် ထိုင်ခွင့်ရခဲ့သည်။ 
ယေရှုသည် ဘုရားသခင်၏ သားတော်၊ ကယ်တင်သောသူ အဖြစ် သတ်မှတ်ပြီ ဘုရားသခင်၏ ပလ္တင်ပေါ်မှာ ယခုထိုင်လျှက်ရှိ၏။ 
ဤအရာသည် ယေရှုက ဘုရားသခင်၏ပလ္လင်တော်ကို လုယူခြင်း မဟုတ်၊ ခမည်းတော်ဘုရား၏ ပလ္တင်တော်သည် တည်ရှိခဲ့ပါသည်။ ခမည်း တော်ဘုရားက သူ၏သားတော်ယေရှုကို ကောင်းကင်ဘုံ၌ရှိသော ပလ္လင် ပေါ်တွင် ထိုင်ခွင့်ရပြီး ကောင်းကင်ဘုံ၏ဘုရင်၊ အပြစ်သားများကို တရားစီ ရင်မည်သူဖြစ်သည်။ ဘုရားသခင်က ယေရှုခရစ်သည် ကောင်းကင်နှင့်မြေ ကြီးပေါ်တွင် အမြင့်ဆုံးသောဘုရားအဖြစ် ချီးမြှောက်ခဲ့သည်။ ယခုတွင် ယေရှုခရစ်သည် ခမည်းတော်ဘုရားနှင့်အတူနေထိုင် လျှက်ရှိသည်။ ထို ကြောင့် ကယ်တင်ရှင်ဖြစ်သောယေရှုကို ချီးမွမ်းကိုးကွယ်ရန်လိုအပ် ပါသည်။
 
အခန်းငယ်-၃ “ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲကျောက်၊ ပတ္တမြား ကျောက်နှင့်တူ၏။ပလ္လင်၏ပတ်ဝန်းကျင်၌ကား၊မြကျောက်အဆင်းအရောင် နှင့်တူသော သက်တံရှိ၏။”
ဤအခန်းငယ်တွင် ပလ္တင်တော်အသစ်ပေါ်တွင် ထိုင်နေသော ဘုရားသခင်သည် သူ၏ ဘုန်းတန်ခိုးတော်ကို ထင်ရှားစွာပြသခဲ့သည်။
 
အခန်းငယ်-၄ “ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသောပလ္လင် နှစ်ဆယ့် လေးပလ္လင်ရှိ၏။ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့ သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်း လျက် ထိုင်နေကြ၏။”
သခင်ယေရှုထိုင်သော ပလ္တင်တော်ပတ်ဝန်းကျင်၌ ရှေ့ပြေးတော် များရှိ၏။ဤအရာသည်အခြားသောနှစ်ဆယ့်လေးပလ္တင်တော်က ဘုရားသ ခင်၏ပလ္လင်တော်ကို ဝန်းရံထားပြီး၊ ထိုနှစ်ဆယ့်လေးပလ္တင်တော်ပေါ်တွင် အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည် သရဖူကိုဆောင်းလျှက်ထိုင်နေကြ သည်။ ထိုနှစ်ဆယ့လေးပလ္တင်တော်ပေါ်မှာ အသက်ကြီး သူထိုင်ခြင်းသည် ကြီးမြတ်သော ဘုရားသခင်၏ကောင်းကြီးဖြစ်သည်။ ထိုအသက်ကြီးသူ များသည် ဤလောကတွင် အသက်ရှင်သောအခါ၌ ဘုရားသခင်နိုင်ငံတော် အတွက် အလုပ်လုပ်ပြီး အသက်ပေးဆပ်သောသူများဖြစ်ကြသည်။ ဤအ ရာက ကောင်းကင်နိုင်ငံတော်သည် ဘုရားသခင်၏နိုင်ငံတော်ဖြစ်ကြောင်း ကို ဖော်ပြထားခြင်းဖြစ် သည်။
 
အခန်းငယ်-၅ “ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုဃ်း ကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါး တည်းဟူသောမီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။”ဘုရားသခင် သည်အရာအားလုံးကိုဖန်ဆင်းပြီးအုပ်ချုပ်သူဖြစ်သည်။
 
အခန်းငယ်-၆ “ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့်တူသောဖန် ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။”
အသက်ရှင်သောသတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ့် လေးပါးတို့သည်ဘုရားသခင်နိုင်ငံတော်၌ သံတမန်များဖြစ်ကြသည်။ သူတို့ သည် ဘုရားသခင်၏အလိုတော်ကိုရှာပြီး သူ၏ဘုန်းတန်ခိုးတော်နှင့် သန့် ရှင်းခြင်းကို အစဉ်အမြဲချီးမွမ်းကြသည်။ ဘုရားသခင်၏အလိုတော်ကိုလည်း နာခံတတ်ကြ၏။ 
 
အခန်းငယ်-၇ “ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယသတ္တဝါသည် နွားသူငယ်နှင့်တူ၏။တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါ သည် ပျံလျှက်ရှိသော ရွှေလင်းတနှင့်တူ၏။”
အသက်ရှိသောသတ္တဝါလေးပါးတို့သည် ဘုရားသခင်၏ သံတမန် များဖြစ်သည့်နည်းတူသူတို့၏လုပ်ငန်းပေါ်တွင် သစ္စာရှိစွာအစေခံခဲ့ပါသည်။
 
အခန်းငယ်-၈ “ထိုသတ္တဝါလေးပါးတို့၏ ကိုယ့်ပတ်ဝန်းကျင်၌၊ တစ်ပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့်ပြည်စုံ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစ၌ရှိတော် မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော် မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညဉ့်မပြတ်ငြိမ်၍မနေဘဲ ပြောဆိုကြ၏။”
ဘုရားသခင်၏ ပတ်ဝန်းကျင်၌ သက်ရှိသတ္တဝါလေးပါးတို့သည် နေထိုင်ပြီး ဘုရားသခင်ကို အစဉ်အမြဲချီးမွမ်းကြသည်။ ဘုရားသခင်၏ သန့် ရှင်းခြင်းနှင့် အနန္တတန်ခိုးတော်ကို ချီးမွမ်းကြသည်။ သူတို့သည် ဘုရားသ ခင်နှင့်ယေရှုကို အစဉ်အမြဲချီးမွမ်းကြ၏။
 
အခန်းငယ်-၉ “ပလ္လင်တော်ပေါ်မှာ ထိုင်၍၊ ကမ္ဘာအဆက်ဆက်အသက်ရှင် တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည် ချီမွမ်းကြသောအခါ၊”
ဘုရားသခင်၏ သံတမန်များသည် ပလ္တင်တော်ပေါ်တွင် ထိုင်ပြီး ထာဝရဘုရားကို ကျေးဇူးတော်နှင့် ဘုန်းအသရေပေးခဲ့သည်။
 
အခန်းငယ်-၁၀ “အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက် ရှင်တော် မူသော သူ့ကို ကိုးကွယ်လျှက်၊”
အသက်ရှိသောသတ္တဝါလေးပါးတို့သည် ဘုရားသခင်ကို ချီးမွမ်း သောအခါ ပလ္လင်တော်ပေါ်မှာ ထိုင်သောအသက်ကြီးသူ နှစ်ဆယ့်လေးပါး တို့သည်လည်း ဘုရားသခင်ရှေ့၌ ပြပ်ဝပ်လျက် “အိုထာဝရဘုရား ဘုန်းအ သရေနှင့်ဂုဏ်ကျေးဇူးအပေါင်းတို့ကို ခံထိုက်တော်မူ၏”ဟု ကိုးကွယ်ကြ သည်။
 
အခန်းငယ်-၁၁ “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ ကို ဖန်ဆင်းတော်မူပြီ။ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစား ထိုက်တော်မူ၏ဟု လျှောက်ဆို၍ပလ္လင်တော်ရှေ့၌ သရဖူများကို ချထားကြ ၏။”
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသော ကြောင့်ဘုန်းအသရေနှင့်တန်ခိုးတော်ကိုခံထိုက်တော်မူ၏ဟုအသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့က ချီးမွမ်းကိုးကွယ်ကြသည်။