Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 4-2] ယေရှုသည် ဘုရားဖြစ်သည် (ဗျာဒိတ်ကျမ်း ၄း၁-၁၁)

ယေရှုသည် ဘုရားဖြစ်သည်
(ဗျာဒိတ်ကျမ်း ၄း၁-၁၁ )
 
ဗျာဒိတ်ကျမ်းအခန်းကြီး (၄)အားဖြင့် ယေရှုသည် မည်ကဲ့သို့သော ဘုရားဖြစ်ကြောင်းနှင့်မည်ကဲ့သို့ ကျွန်ုပ်တို့ယုံကြည်ခြင်းကို ကြီးမားစေ ကြောင်း တွေ့ရှိနိုင်ပါသည်။ ဘုရားသခင်နှုတ်ကပတ်တော်အားဖြင့် အသိ တရားရရှိပြီး ကျွန်ုပ်တို့နှလုံးသားထဲတွင် ယုံကြည်ခြင်းရှိလာသောအခါ စာတန်ကို တိုက်ခိုက်အောင်မြင်နိုင်ခဲ့သည်။ ဘုရားသခင်ပြန်လည်ကြွလာ သောအချိန်၌ ကျွန်ုပ်တို့သည် ခက်ခဲများစွာ တွေ့ကြုံခဲ့သော်လည်း ကြီးမား သောယုံကြည်ခြင်းဖြင့် ကျော်လွှားနိုင်မည်ဖြစ်သည်။
သုံးနှစ်ခွဲဘေးဒဏ်ကာလ၏ ခက်ခဲမှုများကို ရင်ဆိုင်နိုင်ရန် ကျွန်ုပ် တို့၏ယုံကြည်ခြင်းကိုတည်ဆောက်ခဲ့ကြသည်။ ခိုင်မာသောယုံကြည်ခြင်း ကိုတည်ဆောက်ခြင်းမရှိဘဲ ထိုနေ့ရက်ကို ကြုံတွေ့ခဲ့လျှင် ကျွန်ုပ်တို့ယုံ ကြည်ခြင်းသည် ဆုံးရှုံးသွားမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ကို ကယ် တင်သောဘုရားသည် ဘုန်းတန်ခိုးနှင့်ပြည့်သောဘုရားဖြစ်သောကြောင့် ခိုင်မာသောယုံကြည်ခြင်းရှိခဲ့လျှင် ခက်ခဲများစွာကို ကျော်လွှားနိုင်မည်ဖြစ် သည်။ 
ထိုခက်ခဲများစွာကိုကျော်လွှားနိုင်ရန်ကျွန်ုပ်တို့နှလုံးသား၌ ဘုရား သခင်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောဘုရား ကျွန်ုပ်တို့သည် သူ၏သား သမီးများဖြစ်ကြောင်းကို သိရှိရန်လိုအပ်သည်။ ကျွန်ုပ်တို့ဘုရားသခင်သည် ဤလောကသို့ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် ကြွရောက်လာခြင်းသည် မည် ကဲ့သို့ နှိမ့်ချသောအရာဖြစ်သနည်း။ သူသည် လူ့ဇာတိကိုခံယူပြီမှ ဤလော ကကြွဆင်းလာပြီး အစေခံဘဝကို ခံယူခဲ့သည်။ ဘုရားသခင်သည် ဤကဲ့ သို့ ဆင်းကြွမလာဘဲ လောကအုပ်ချုပ်သူများ၏ တန်ခိုးအာဏာဖြင့်လာခဲ့ လျှင်မည်သည့်အရာ အကြောင်းအရာဖြစ်ခဲ့မည်နည်း။ တန်ခိုးအာဏာဖြင့် လာခဲ့လျှင် တန်ခိုးရှိ သောသူများနှင့်သာ ပေါင်းသင်းနိုင်မည်ဖြစ်သည်။ သို့ သော်ယေရှုသည်ဤလောကသို့ကျွန်ုပ်တို့ထက်နှိမ့်ချသောဘဝနှင့်ကြွဆင်းလာပြီး၊ အားငယ်သောသူနှင့်လည်း ပေါင်းသင်းဆက်ဆံပြီး သူတို့အပြစ်ကို သန့်ရှင်းစေခဲ့သည်။
ဤအရာကြောင့် ဘုရားသခင်သည် သစ္စာရှိသောဘုရား၊ သိုးထိန်း ကောင်းလည်းဖြစ်သည်။ သစ္စာရှိသောသိုးထိန်းကောင်းဖြစ်သောကြောင့် သူ၏သားသမီးများအဖြစ် ရွေးချယ်ခဲ့ပါသည်။ ထိုနောက် ကျွန်ုပ်တို့၏နှလုံး သားဖြင့် ချီးမွမ်းပြီး ကောင်းကင်ဘုံသို့ ကျွန်ုပ်တို့ရောက်ရှိသောအခါ၌လည်း ဘုရားသခင်ကို ဆက်လက်ချီးမွမ်းမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်သောသူသာလျှင် ကြီးမားသောအသံနှင့် ဘု ရားသခင်ကို ချီးမွမ်းနိုင်မည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းကို ယုံကြည်သောသူများထံတွင် ကြီးမားသော ကောင်းကြီးမင်္ဂလာ ကို သွန်းလောင်းပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီး များဖြစ်ကြောင်းကို မှတ်မိရန် အရေးကြီးပါသည်။ 
အချို့သောသူတို့သည် ယေရှုခရစ်တော်ကို ဘုရားသခင်၏သား တော်ဖြစ်သော်လည်းဘုရားကိုယ်တိုင်မဖြစ်နိုင်ပါဟုပြောဆိုကြ၏။သို့သော် လူကလူကိုမွေးဖွားပြီး တိရစ္ဆာန်ကတိရစ္ဆာန်ကို မွေးဖွားသကဲ့သို့ ဘုရားသ ခင်၏သားတော်သည် ဘုရားဖြစ်ပါသည်။ ယေရှုသည် ဘုရားဖြစ်ကြောင်း ကို အသိအမှတ်မပြုသောသူမည်သည်ကား ရေနှင့်ဝိညာဉ်တော်အားဖြင့် ကယ်တင်ခြင်းမရရှိသောသူများဖြစ်သည်။
ယေရူခရစ်သည် ဘုရားဖြစ်သည်ကို ယုံကြည်ရန်လိုအပ်ပါသည် (ယောဟန်၊၁း၁)။ ခမည်းတော်ဘုရားက ယေရှုခရစ်အတွက် ပလ္လင်တော် ကို ပြင်ဆင်ပေးပြီး သူထံသို့ တန်ခိုးတော်ကို အပ်နှံခဲ့သည်။ ထိုကြောင့် ယေရှုသည်ဘုရားသခင်၏တန်ခိုးတော်နှင့်ပလ္လင်တော်ပေါ်မှာထိုင်သောတရားစီရင်မည့်သူသည် ထာဝရဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား သခင်ကို ယုံကြည်သောကြောင့် သူ၏ကောင်းကင်ဘုံသို့ ဝင်စားပြီး ထာဝရ အသက်ရှင်မည်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်သော ယေရှုခရစ် သည် ဘုရားဖြစ်ပြီး ကျွန်ုပ်တို့သည် သူ၏ သားသမီးများဖြစ်ကြသည်။
အသစ်တဖန်မွေးဖွားခြင်းရရှိသော ဘုရားသခင်၏ အစေခံတော် များနှင့်သူတော်စင်များသည် ဝါကြွားစရာရှိသည်။ ကျွန်ုပ်တို့သည် ဤလော က၏စည်းစိမ်းဥစ္စာအနည်းငယ်သာရှိခဲ့သော်လည်းဤလောကကို အုပ်ချုပ် သော သူဘုရားသခင်၏သားသမီးများဖြစ်သောကြောင့် ကျွန်ုပ်တို့အတွက် ဝါကြွားစရာရှိ၏။ ဤလောက၏ အပြစ်ထဲမှ ကျွန်ုပ်တို့ကို ကယ်တင်ပြီး သူ၏သားသမီးများအဖြစ် ရွေးချယ်တော်မူသော တန်ခိုးတော်နှင့်ပြည့်စုံ သောဘုရားကို အထူးချီးမွမ်းပါသည်။
ဤလောကတွင်ကြီးမားသောဘုရားသခင်၏လုပ်ငန်းအတွက် အ သက်ကြီးသူနှစ်ဆယ့်လေးပါးတို့သည် ဘုရားသခင်ကို ချီးမွမ်းကြသည်။ သူတို့ ချီးမွမ်းခြင်းသည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဘုန်းအသရေနှင့်ဂုဏ်ကျေးဇူးအပေါင်းတို့ကို ခံထိုက်တော်မူသော ဘုရားဟု ချီးမွမ်းကြ၏။
ပလ္လင်တော်ပေါ်မှာ ထိုင်သောယေရှုခရစ်သည် ဘုရားသခင်ဖြစ် သည်ကို ကျွန်ုပ်တို့သိရှိရန်လိုအပ်သည်။ ကျွန်ုပ်တို့ ယုံကြည်သော ယေရှုခရစ်သည် စစ်မှန်သောဘုရား၊ ကျွန်ုပ်တိို့ကိုကယ်တင်သောအရှင် ဖြစ်သည်။ ယေရှုခရစ်သည် ကောင်းကင်ဘုံ၌ တန်ခိုးတော်အားလုံးစုံတို့ကို ပိုင်ဆိုင်သည်။ နောက်ဆုံးသောတရားစီရင်ခြင်းကိုလည်း ယေရှုခရစ်ထံသို့ အပ်နှံခဲ့သည်။ ခရစ်တော်သည် သူ၏ပလ္လင်တော်ပေါ်၌ ကျွန်ုပ်တို့ကို တရား စီရင်သောအခါ အသက်စာစောင်ထဲ၌ နာမည်ရေးထားသောသူများသည် ကောင်းကင်နှင့် မြေကြီးအသစ်သို့ ဝင်သွားပြီး၊ နာမည်မရေးထားသောသူ များသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရမည်ဖြစ်သည်။ 
ထိုကြောင့် ယေရှုကို မယုံကြည်ခြင်းသည် ဘုရားသခင်ကို မ ယုံခြင်းဖြစ်သည်။ ထိုအရာကြောင့် ယေရှုခရစ်သည် ကယ်တင်ရှင်၊ ကောင်း ကင်ဘုံ၏ဘုရင်၊ ဘုရားသခင်ဖြစ်သည်ကို မယုံကြည်သောသူများသည်ဘု ရားသခင် ရှေ့မှောက်တွင် တရားစီရင်ခြင်းကိုခံရမည်ဖြစ်သည်။ 
ဘုရားသခင်ကိုယုံကြည်သောသူများကြားတွင် Jehovah’s Witnessesဟူသော အဖွဲ့အစည်းရှိသည်။ ထိုသူတို့က ယေရှုသည် ဘုရားသ ခင်၏ သားတော်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသော်လည်း ဘုရားသခင်ကိုယ် တိုင်မဖြစ်နိုင် သည်ဟု ယုံကြည်ကြသည်။ သို့သော် ယေရှုခရစ်သည် ဘုရားမဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်ထဲမှ ကယ်တင်နိုင်မည်မဟုတ်ပါ။ သူသည် စစ်မှန်သောဘုရားဖြစ်သောကြောင့် ပြည့်စုံသော ကယ်တင်ခြင်း ကို ကျွန်ုပ်တို့ထံသို့ ပေးနိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် ခွန်အားနည်းသောကြောင့် ကျွန်ုပ်နှလုံးသားသည် လွယ်ကူစွာပြောင်းတတ်ကြသည်။ကျွန်ုပ်တို့သည်မပြည့်စုံသော်လည်း ယေ ရှုခရစ်ကို ချီးမွမ်းနိုင်ခြင်းဖြင့် သူသည် ကျွန်ုပ်တို့ကို ကယ်တင်သောဘုရား၊ ထာဝရအသက်ရှင်သောဘုရားဖြစ်သောကြောင့် ဖြစ်သည်။ ယေရှုခရစ်အား ဖြင့် ကယ်တင်ခြင်းရရှိသောသူကသာ ဘုရားသခင်ကို ချီးမွမ်းနိုင်မည်ဖြစ် သည်။ ခရစ်တော်၌ကျွန်ုပ်တို့ယုံကြည်ခြင်း၊ အာရုံနှင့် အတွေးအခေါ်တို့ သည် ဤလောကဘာသာရေးကဲ့သို့ မထားသင့်ပေ။ ယေရှုသည် ဘုရားဖြစ် သည်ကို ကျွန်ုပ်တို့သိုရှိနားလည်သောအခါ သူသည် စစ်မှန်သောဘုရားဖြစ် သည်ကို တွေ့မြင်နိုင်ခဲ့သည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌အသက်ရှင်ပြီး ယေရှုခရစ် ဘုရား ဖြစ်သည်ကို ယုံကြည်ရန်လိုအပ်သည်။ ထိုယုံကြည်ခြင်း၌သာ ကျွန်ုပ်တို့ရန် သူများကို အောင်မြင်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံ ကြည်လာသောအခါ ထိုယုံကြည်ခြင်းကစာတန်မာရ်နတ်ကို ကြောက်လန့် စေမည် ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ၌ ခက်ခဲခြင်း ရောက်လာသောအချိန်တွင်လည်း ခိုင်မာသောယုံကြည်ခြင်းနှင့် ရပ်တည်နိုင်ပြီး စာတန်သည် ကျွန်ုပ်တို့ထံမှ ထွက်ပြေးသွားမည်ဖြစ်သည်။
ခမည်းတော်ဘုရားထံမှ ယေရှုခရစ်သည် ပလ္လင်တော်ပေါ်တွင် ထိုင် ခွင်ရခဲ့သည်။ ခမည်းတော်ဘုရားထံ၌ တန်ခိုးတော်နှင့်အာဏာအား လုံးစုံတို့သည် ယေရှုသည်ရရှိသောကြောင့် အရာခပ်သိမ်းကို အုပ်ချုပ်တော် မူသော ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံသောဘုရားဖြစ်သည်ကို ဗျာဒိတ်တော် အားဖြင့် ကျွန်ုပ်တို့သိရှိနိုင်သည်။
သင်သည် ဤသမ္မာတရားကို ယုံကြည်သောကြောင့် စာတန်ကို အောင်မြင်နိုင်မည်ဖြစ်သည်။ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင်ဘုရား၏ သား သမီးများဖြစ်သောကြောင့် မည်သူကမျှ မဖိနှိပ်နိုင်ပါ။ နောက်ဆုံးသောကာ လ၌ အခက်ခဲမျိုးစုံကိုလည်း ကျွန်ုပ်တို့ကျော်လွှားလာနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့အတွက်အရာခပ်သိမ်းကိုလုပ်ပေးနိုင်သောဘုရားသခင်ကို အလွန် ကျေးဇူး တော်ချီးမွမ်းမိပါသည်။