Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 5-1] ခမည်းတော်ဘုရား ကိုယ်စားပြုခံသော ယေရှု (ဗျာဒိတ်ကျမ်း ၅း၁-၁၄)

ခမည်းတော်ဘုရား ကိုယ်စားပြုခံသော ယေရှု
( ဗျာဒိတ်ကျမ်း ၅း၁-၁၄ )
“ထိုအခါ တစ်ဖက်တစ်ချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ် ချက် ခတ်သောစာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လကျာ် လက်၌ငါမြင်၏။ အားကြီးသောကောင်းကင်တမန်တစ်ပါးက၊ ထိုစာစောင် ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက်သနည်းဟု ကြီးသောအသံ နှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ခြင်း ငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ထိုစာ စောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူတစ်ယောက်ကိုမျှ ရှာ၍မတွေ့သော ကြောင့် ငါသည်များစွာငိုကြွေးလေ၏။ ထိုအခါ အသက်ကြီးသောသူတစ် ပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊တံဆိပ်ခုနှစ်ချက်တို့ကို၎င်း၊ဖွင့်ခြင်းငှါ အောင်မြင်လေပြီ ဟုငါ့ကို ပြောဆို၏။ ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေး ပါးနှင့်အ သက်ကြီးသူတို့အလယ်၌ အသေသတ်ပြီးသကဲ့သို့ သော သိုးသူငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသူ ငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံး နှင့် ချိုခုနစ်ချောင်းရှိ၏။ သူသည်လာ၍ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ၏ လကျာ်လက်မှစာစောင်ကို ခံယူလေ၏။ ထိုစာစောင်ကို ခံယူသော အခါသတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် သန့်ရှင်း သူတို့၏ ပဌနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလား တို့ကို၎င်း၊စောင်းတို့၎င်း၊ အသီးသီးကိုင်၍ သိုးသူငယ် ရှေ့၌ ပြပ်ဝပ်လျက် ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့် အသီးသီး ဘာသာစကားကို ပြောသောလူမျိုးနွယ် ခပ်သိမ်းသောအထဲမှ ကျွန်ုပ်တို့ကို ယူ၍အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ် တို့၏ ဘုရားသခင်ရှေ့မှာ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့် ကိုယ်တော်သည် စာစောင်ကို ခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ ၏ဟု အသစ်သော သီချင်းကိုတီး၍ လျှောက်ဆိုကြ၏။ ထိုအခါ ငါကြည့်၍ ပလ္လင် တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်း မသိများစွာသော ကောင်းကင်တမန်တို့၏အသံကို ငါ ကြား၏။ ထိုသူတို့ကလည်း အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသူငယ် သည် တန်ခိုး၊ စည်းစိမ်း၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနု ဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြော ဆိုကြ၏။ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ် တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသူငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသ တည်း ဟုပြောဆိုကြသည်ကို ငါကြားလေ၏။ သတ္တဝါလေးပါးတို့ကလည်း အာမင် ဟုခေါ်ဝေါ်ကြ၏။အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ကိုးကွယ်ကြ၏။”
 
 

အဖွင့်ဠိကာ

 
အခန်းငယ် (၁) “ထိုအခါ တစ်ဖက်တစ်ချက်၌ အက္ခရာတင်၍ တံဆိပ်ခုနှစ် ချက်ခတ်သောစာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လကျာ် လက်၌ ငါမြင်၏။”
ဤကျမ်းပိုဒ်က ခမည်းတော်ဘုရားသည် သူ၏လကျာ်ဘက်၌ တံဆိပ်ခုနှစ်ချက်ခတ်စာစောင်ကိုရှိ၏ဟုဖော်ပြထားသည်။ သခင်ယေရှု သည် ခမည်းတော်ဘုရား၏လကျာ်ဘက်၌ရှိ စာစောင်ကို ကိုင်ထားခဲ့သည်။ ဤဆိုလိုချက်သည် ကောင်းကင်ဘုံ၏အာဏာအလုံးစုံတို့ကို ယေရှုထံသို့ ပေးအပ်ခြင်းတို့ဖြစ်သည်။
 
အခန်းငယ် (၂-၄) “အားကြီးသောကောင်းကင်တမန်တစ်ပါးက၊ ထိုစာ စောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါအဘယ်သူထိုက်သနည်းဟု ကြီးသော အသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ကောင်းကင်၊မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ် နိုင်ပေ။ထိုစာစောင်ကို ဖွင့်၍ ကြည့်ထိုက်သောသူတစ်ယောက်ကိုမျှ ရှာ၍ မတွေ့သောကြောင့် ငါသည်များစွာငိုကြွေးလေ၏။”
ယေရှုကဲ့သို့ကောင်းကင်နှင့် မြေကြီးသစ်၊ မြေကြီးအောက်၌အ ဘယ်သူမျှမရှိ၊ ယေရှုသည် ခမည်းတော်ဘုရား၏ကိုယ်စားပြုနန်း တင်ခြင်း ကိုခံရပြီး သူတော်စင်များနှင့် အတူအသက်ရှင်ခဲ့သည်။
 
အခန်းငယ် (၅) “ထိုအခါ အသက်ကြီးသောသူတစ်ပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနှစ်ချက်တို့ကို၎င်း၊ဖွင့်ခြင်းငှါအောင်မြင်လေပြီဟုငါ့ကိုပြောဆို၏။”
ဤနေရာမှာ “ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ် သည်”ဟူသောစကားလုံးသည် ယေရှုခရစ်တော်၏ အနန္တတန်ခိုးနှင့် ပြည့်စုံ သောအရာ၊ ဘုရင်တကာတို့၏ ဘုရင်၊ ဘုရားသခင်၏အကြံစည်တော်ကို ပြည့်စုံပေးသော ဘုရားဖြစ်သည်ကို ဖော်ပြခဲ့သည်။ ယေရှုခရစ်သည် ဘုရား သခင်၏အလိုတော်ကိုပြည့်စုံစေသော ဘုရားဖြစ်သည်။ ယေရှုကိုယ်တိုင် သည် ဘုရားဖြစ်သည်။
 
အခန်းငယ် (၆) “ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အ သက်ကြီးသူတို့အလယ်၌ အသေသတ်ပြီးသကဲ့သို့သော သိုးသူငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသူငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံး နှင့် ချိုခုနစ်ချောင်းရှိ၏။”
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မှုသော အနန္တတန်ခိုး နှင့် ပြည့်စုံသောခမည်းတော်ဘုရားထံမှ ယေရှုခရစ်သည် ကောင်းကင်နှင့် မြေ ကြီးအပေါ် အုပ်ချုပ်နိုင်သော တန်ခိုးအာဏာရရှိခဲ့သည်။ သူသည် လူ့ဇာတိ ကိုခံယူပြီးမှ ဤလောကသို့ကြွဆင်းလာပြီးလောက ၏အပြစ်များကိုယူ ဆောင်သွားပြီးမှ အပြစ်သားများကယ်တင်ဖို့ရန်အ သတ်ခံခဲ့ရသောသူ ဖြစ်သည်။
 
အခန်းငယ် (၇) “သူသည်လာ၍ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူ၏ လကျာ်လက်မှ စာစောင်ကို ခံယူလေ၏။”
ယေရှုခရစ်သည် ဘုရားသခင်ဖြစ်သောကြောင့် ခမည်းတော် ဘုရားထံမှ စာစောင်ကိုယူနိုင်ခဲ့သည်။ ဤအရာသည် ခမည်းတော်ဘု ရား ၏လုပ်ငန်းများကိုကျွန်ုပ်တို့ဘုရား၊သခင်ယေရှုကလုပ်ဆောင် သွားမည်ဖြစ် သည်ကိုဆိုလိုခြင်းဖြစ်သည်။
 
အခန်းငယ် (ဂ) “ထိုစာစောင်ကို ခံယူသောအခါ သတ္တဝါလေးပါးနှင့် အ သက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် သန့်ရှင်းသူတို့၏ပဌနာ တည်းဟူ သော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သောရွှေဖလားတို့ကို၎င်း၊ စောင်းတို့၎င်း၊ အသီးသီးကိုင်၍ သိုးသူငယ်ရှေ့၌ပြပ်ဝပ်လျက်၊” 
ဤဆိုလိုချက်သည်ယေရှုခရစ်ကခမည်းတော်ဘုရားကိုယ် စားအ မှုတော်ဆောင်ပြီး သူတော်စင်၊ အသက်ကြီးသူ ၂၄ ပါးနှင့် အသက်ရှိသော သတ္တဝါလေးပါးတို့၏ဆုတောင်းချက်ကို နားညောင်း ပေးမည်ဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။
 
အခန်းငယ် (၉)“ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူ သောအား ဖြင့် အသီးသီးဘာသာစကားကို ပြောသောလူမျိုးနွယ် ခပ်သိမ်းသော အထဲ မှကျွန်ုပ်တို့ကိုယူ၍အသွေးတော်နှင့် ဘုရားသခင် အဖို့ ရွေးနုတ်တော်မူ၏။”
ယေရှုခရစ်သည် ဘုရားသခင်၏နေရာ၌ နေထိုင်သောအခါ ကောင်းကင်တမန်တော်များက ချီးမွမ်းခဲ့ကြသည်။ ဤလောက၏အ ပြစ် ထဲက အပြစ်သားများကို ကယ်တင်ခဲ့သောယေရှုခရစ်ကို ကောင်းကင်တ မန်များက ချီးမွမ်းကြသည်။ ယေရှုသည် ဤလောက၌ ယောဟန်အားဖြင့် ဗတ္တိဇံခံပြီး လောက၏အပြစ်ထဲက အပြစ်သားများကို ကယ်တင်ဖို့ရန် ကား တိုင်ပေါ်သို့အသေခံပြီး အပြစ်ရဲ့အခအတွက် အသွေးတော်ကို သွန်းလောင်း ပေးခဲ့ပါသည်။ထိုအရာကြောင့်ကောင်းကင်တမန်တော်များသည်သခင်ယေ ရှုကို ချီးမွမ်းကြသည်။
 
အခန်းငယ် (၁၀)“အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ ရှင်ဘုရင် အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့် ကိုယ်တော်သည် စာစောင်ကို ခံယူ၍ တံဆိပ် တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကို တီး၍ လျှောက်ဆို ကြ၏။”
ယေရှုသည် ခမည်းတော်ဘုရားနေရာ၌နေထိုင်လာပြီး ရှင်ဘု ရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍မြေကြီးသား အ ပေါင်းတို့ကို အုပ်ချုပ်ခဲ့သည်။ ထို့နောက် ကောင်းကင်တမန်တော်များက သူ့ကို ချီးမွမ်းပြီးဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက် တော်မူ၏။
 
အခန်းငယ် (၁၁-၁၂) “ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တ ဝါတို့ နှင့် အသက်ကြီးသူတို့၏ပတ်ဝန်းကျင်၌ ကုဋေအသင်္ချေမက အတိုင်း မသိ များစွာသော ကောင်းကင်တမန်တို့၏ အသံကို ငါကြား၏။ ထိုသူတို့က လည်း အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသူငယ်သည် တန်ခိုး၊ စည်းစိမ်း၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။”
ယေရှုသည် ယောဟန်အားဖြင့် လောက၏အပြစ်အားလုံး ကို ယူဆောင်သွားကြောင်းကားတိုင်ပေါ်မှာအသွေးတော်သွန်း လောင်းခဲ့သည်။ ဤအရာကြောင့်ယေရှုသည်၊ခမည်းတော်ဘုရားနေရာ၌ခန့်အပ်ပြီး ကောင်း ကင်ဘုံ၌ရှိသော အသက်ရှိသောသူများ ထံမှ တန်ခိုးတော်၊ ချမ်းသာခြင်း၊ ဉာဏ်ပညာ၊ ခွန်အား၊ ဘုန်းတန် ခိုးတော်နှင့် ကောင်းကြီးမင်္ဂလာများကို ခံထိုက်တော်မူ၏။ သူ၏ပတ်ဝန်းကျင်မှ ကောင်းကင်တမန်များနေထိုင်ပြီး ချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူ၏။ ဘုရားသခင်ကို ချီးမွမ်း ပါ၏ ဟာလေလုယာ၊ အသက်ကြီးသူ ၂၄ ပါးနှင့် သတ္တဝါလေးပါး တို့ကလည်း သူ၏ပတ်ဝန်းကျင်မှနေထိုင်ပြီး ချီးမွမ်းခဲ့ကြသည်။ အပြစ်ထဲ က ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရားသခင်ဟု အစဉ်အမြဲချီးမွမ်း ကြသည်။
 
အခန်းငယ် (၁၃-၁၄) “ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအ ထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင် တော်ပေါ်မှာထိုင်တော်မူသောသူနှင့် သိုးသူငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိ ရှိတော် မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။ သတ္တဝါလေးပါးတို့ ကလည်း အာမင်ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။”
နောက်ဆုံး၌ယေရှုသည် ကောင်းကင်တမန်တော်များကမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေဟု ပြောဆိုကြ သည်။ ခမည်းတော်ဘုရားနေရာ၌ထိုင်သောသခင်ယေရှုသည်ကောင်းကင် နှင့် မြေကြီးသားအပေါင်းတို့ကဂုဏ်အသရေနှင့်ဘုန်း အာနုဘော်ကိုပေးခဲ့ ကြသည်။