Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 7-2] တိုက်ပွဲများတွင် ယုံကြည်ခြင်းရှိကြစို့ (ဗျာဒိတ်ကျမ်း ၇း၁-၁၇)

တိုက်ပွဲများတွင် ယုံကြည်ခြင်းရှိကြစို့
( ဗျာဒိတ်ကျမ်း ၇း၁-၁၇ )
 
ယနေ့ခရစ်ယာန်များသည် သမ္မာကျမ်းစာ၏တရားကိုမှန် ကန်စွာ သိရှိရန်လိုအပ်သည်။အထူးသဖြင့် ဗျာဒိတ်ကျမ်း၏နှုတ်က ပတ်တော်အား ဖြင့်ကျွန်ုပ်တို့သည်သူတော်စင်များ၏ချီဆောင်ခြင်းကိုသိရှိပြီး ယုံကြည်ခြင်း ဖြင့် အသက်ရှင်ရန်လိုအပ်သည်။
ပထမဦးစွာ (၇) နှစ်တွင် (၃) နှစ်ခွဲပြီးပြီး ဘေးဒဏ်ကြီးကာ လ၏ အလယ်တွင် ချီဆောင်ခြင်းဖြစ်ပျက်မည်ကို သိရှိရန်လိုအပ်သည်။ ထို့ ကြောင့်အသင်းတော်များနှင့် သူတော်စင်များသည်ဘုရားသခင်၏ အလို တော်ကိုပြည်စုံရန်နှင့်အပြစ်သားများကိုကယ်လွှတ်ပြီးယေရှုခရစ်တော်ပေး ထားသော ထာဝရအသက်ကိုပေးရန် နောက်ဆုံးကာလ၌ တိုက်ပွဲဝင်မည် ဖြစ်သည်။
ဘုရားသခင်သည် သူ၏အလိုတော်ကို ပြည့်စုံစေရန် အန္တီခရစ်၏ လှုပ်ရှားမှုကို ခွင့်ပြုခဲ့သည်။ အန္တီခရစ်ကာလသည် ဘေးဒဏ် ကြီးကာလ၏ (၇) နှစ်အတွင်းမှ ပထမ (၃) နှစ်ခွဲကာလတွင် ဖြစ်ပေါ်မည်။ ဤကာလတွင် ဘုရားသခင်သည် အန္တီခရစ်ကိုသူ၏နောက် ဆုံးသောအချိန်ကို အသုံးပြုခွင့် ပေးမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အတွက် ဘုရားသခင် ၏ ကြီးမားသောအကြံအစည်တော်များပြည်စုံရန်အတွက်ဖြစ်သည်။ မဆုံး သောတွင်းနက်ကြီးတွင် စာတန်ကိုပစ်ချခံပြီး ဤလောကတွင် ဘုရား သခင်သည် ကြွရောက်လာမည်ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည် အန္တီခရစ်ကို ဘေးဒဏ်ကြီးကာလ၏ (၂) နှစ်အတွင်းမှ ပထမ(၃) နှစ်ခွဲ ကာလတွင် လှုပ်ရှားခွင့်ပေးထားသည့် အကြောင်းဖြစ်သည်။
ဘုရားသခင်သည် လူသားတိုင်းကို အပြစ်နွမ်းထဲမှ လွတ်မြောက် ရန်အတွက် နှုတ်ကပတ်တရားတော်ကိုပေးပြီး၊ သူ၏နှုတ်ကပတ်တော်ကို ပြည်စုံစေရန် ဘေးဒဏ်ကြီးကာလဖြစ်လာရန်အတွက် အကြံအစည်ထား ခြင်းဖြစ်သည်။(ဗျာဒိတ် ၇း၁)တွင် “ထိုနောက် မှမြေကြီး၊ ပင်လယ်၊ သစ်ပင် များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကိုကိုင်၍ မြေလေးမျက်နှာ၌ ရပ်နေသည်ကိုငါမြင်၏” ဟုဖော်ပြထားပါသည်။ ဘုရားသခင်သည် အာဗြဟံထံတွင် သင်နှင့်မျိုးစဉ် မျိုးဆက်၏ ဘုရားဖြစ်သည်ဟု ကတိတော်ထားရှိသည့်အတိုင်း ဣသရေလ လူမျိုးများမှ (၁၄၄၀ဝ၀) ကို ပျက်စီးခြင်းမှ ကယ်တင်ရန်အတွက် ဘုရား သခင်က အကြံအစည်ရှိခဲ့သည်။ထိုကတိတော်ကို ပြည့်စုံစေရန် နောက်ဆုံး သောကာလ၌ အာဗြဟံ၏မျိုးစဉ်မျိုးဆက်ဖြစ်သော ဣသရေလလူမျိုး (၁၄၄၀ဝ၀) ထံတွင် ဘုရားသခင်က သူ၏ကယ်တင်ခြင်း ကျေးဇူးတော်ကို သွန်းလောင်းမည်ဖြစ်သည်။ သူတော်စင်များသည် အနှစ်(၁၀ဝ၀) ကောင်း ကင်နှင့်မြေကြီးသစ်တွင် ဝင်စားရန်အတွက် ဘုရားသခင်က ဤလောက တွင်ဘေးဒဏ်ကြီးကာလရောက်ရှိလာပြီးနောက်၊ဘုရားသခင်က ဘေးဒဏ် ကြီးကာလနှင့် အန္တီခရစ်ကိုခွင့်ပြုရခြင်းသည် ဣသရေလလူမျိုးများကယ် တင်ရန်နှင့် တစ်ပါးအမျိုးသားများထံတွင် ထာဝရအသက်ပေးရန်အတွက် ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘေးဒဏ်ကြီးကာလနှင့် အန္တီခရစ်၏ အုပ်ချုပ်မှုကို ကြုံတွေ့ရမည်ဖြစ်သည်။ ဤအရာအားလုံး ဘုရားသခင်ခွင့် ပြုရခြင်းသည် ကျွန်ုပ်တို့ကိုကယ်တင်ရန်နှင့် ကောင်းကင်ဘုံတွင် ထာဝရအ သက်ရှင်နိုင်ဖို့ရန်ဖြစ်သည်။ ထို့ကြောင့်မည်သည့်အချိန်ကာလတွင် အသက် ရှင်နေသည်ကိုသိပြီး မည်သည်ယုံကြည်ခြင်းဖြင့် အသက်ရှင်လိုအပ် ကြောင်း သိရှိရန်လိုအပ်ပါသည်။ ဤတိုတောင်းသော အချိန်ကာလတွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ရှင်းလင်းစွာ သိထားရန်လိုအပ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံ ကြည်ခဲ့ သည်။ ထို့နောက်ဝိညာဉ်ပိုင်းဆိုင်ရှာ၊ ကာယဆိုင်ရာနှင့်၎င်း သူ၏ နှုတ်က ပတ်တော်ပြည့်စုံမည်ကိုလည်း ယုံကြည်ခဲ့ကြသည်။ ယနေ့ခေတ်ကာလ သည် နောက်ဆုံးသောအချိန်ကာလတွင် ရောက်ရှိနေဆဲဖြစ်သည်။ နောက် ဆုံးသောအချိန်ကာလတွင် အန္တီခရစ်နှင့်သူ၏နောက်လိုက်များ ပေါ်ထွက် လာသောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ကာကွယ်ရန်၊ မိမိအသက်ကို ပေးဆပ်သည့်အထိရန် သူများကို တိုက်ခိုက်ရန်လိုအပ်ပါသည်။ နှုတ်က ပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ခဲ့လျှင် အန္တီခရစ်နှင့်သူ၏နောက် လိုက်များ ကို ကျွန်ုပ်တို့တိုက်ခိုက်နိုင်မည်ဖြစ်သည်။ဤအရာသည် ယုံကြည်ခြင်း တိုက်ပွဲဖြစ်သည်။
တိုက်ပွဲ၏အဓိပ္ပာယ်သည် တိုက်ခိုက်ရန်ဖြစ်သည်။သို့သော် တိုက် ပွဲဟုဆိုသောအခါ အဓမ္မပြုခြင်း၊ သူများကိုဖျက်ဆီးခြင်းကို မဆိုလိုခဲ့ပါ။ ထို အရာထက် ဘုရားသခင်က ကျွန်ုပ်တို့ထံ မေးထားခဲ့သော ကယ်တင်ခြင်း သတင်းကောင်းကို တိုက်ခိုက်သော စာတန်နှင့်သူ၏နောက်လိုက်များကို အရှုံးမပေးပဲ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်ဆိုလိုခြင်းဖြစ် သည်။ နောက်ဆုံးသောအချိန်၌ မာတုရခံသောသူများသည် ဘုရားသခင်၏ နုတ်ကပတ်တော်ကို ထိန်းသိမ်းပြီး၊ ယေရှု၏အသက်တာကို ရရှိသောသူ များဖြစ်သည်။ သူတို့ဟောပြောသောအရာမှာ ယေရှုသည် ရေနှင့်ဝိညာဉ်၏ သ တင်းကောင်းအားဖြင့် ကြွဆင်းလာသည်ကို ပြောရန်ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းထဲ၌ရှိသော ယုံကြည်ခြင်း ကို ကာကွယ်ရန်တိုက်ပွဲရှိခြင်းဖြစ်သည်။ ဤသတင်းကောင်းကို ကာကွယ် ရန်၊ ဘုရားသခင်ပေးထားသော ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အသစ်တဖန်မွေးဖွားခြင်း ရရှိသောသူများသည် တစ် ခြားသောသန့်ရှင်းသူများနှင့်ဘုရားသခင်၏အသင်းတော်များထဲတွင် တလုံး တဝရှိရန်လိုအပ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တခြားသောသူများ ထံကျယ်ပြန့်ရန်နှင့်ဝိညာဉ်ကယ်တင်ရန် အရှုံးမပေးသောဆုံးဖြတ် ချက်ဖြင့် တိုက်ပွဲဝင်ရန်ဖြစ်သည်။ တိုက်ပွဲအတွက် အဆင့်သင့်ဖြစ်ခြင်းသည် ကျွန်ုပ် တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်နှင့် တခြားသောဝိညာဉ်များကို ကယ် တင်ရန် ဆိုလိုခြင်းဖြစ်သည်။ ဤယုံကြည်ခြင်းသည် ဘုရားသခင်ကို ကျေနပ်စေသောအောင်မြင်ရန်နည်းလမ်းဖြစ်သည်။ဘုရားသခင်၏သူတော် စင်များနှင့် အစေခံများသည် သူတို့၏ယုံကြည်ခြင်းတိုက်ပွဲကို အစဉ်အမြဲ ထိန်းသိမ်းရန် လိုအပ်သည်။
ယနေ့ခေတ်ကာလတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် တိုက်ပွဲ အတွက် အဆင်သင့်ဖြစ်ပြီလား။ ယခုကာလသည် ပြောင်းလဲမှုများစွာဖြင့် သွားလာနေသောအချိန်ကာလဖြစ်သည်။ခရစ်တော် ဒုတိယအကြိမ်ကြွလာ ခြင်းနှင့် ချီဆောင်ခြင်းတွင် (သီအိုရီ) များစွာ ထွက်ပေါ်လာပြီး၊ ဤအရာက လူသားများ၏ ယုံကြည်ခြင်းကိုလည်းပြောင်းလဲစေသည်။
ချီဆောင်ခြင်း၏ (သီအိုရီသစ်) မထွက်ပေါ်လာခင်လွန်ခဲ့သော ၁၈၀ဝ နှစ်တွင် လူသားတိုင်းသည် ဘေးဒဏ်ကြီးကာလ နောက်ပိုင်းတွင် ချီဆောင်ခြင်းဖြစ်မည်။ ထိုနောက် သူတော်စင်များ၏ချီဆောင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်မည်ကို ယုံကြည်ကြသည်။ သို့သော် ၁၈၀ဝ ခုနှစ် အစပိုင်းတိုင် (သီအိုရီ)သစ်ပေါ်ထွက် လာပြီး ဘေးဒဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းဖြစ်မည်ဟု ဖော်ပြခဲ့သည်။
ခရစ်တော်ကို ယုံကြည်သောသူများသည် ဘေးဒဏ်ကြီးကာလ (၇) နှစ်မတိုင်မှီတွင် ကောင်းကင်သို့ ချီဆောင်ခြင်းဖြစ်မည်ကို ဤသီအိုရီ အသစ်က ဖော်ပြခဲ့သည်။ လူများစွာက ဤသီအိုရီကိုဖယ် ရှားပြီးခဲ့ကြသော် လည်း ယခုလူများစွာက ယုံကြည်ခဲ့ကြသည်။ သို့သော် ဤသီအိုရီသည် ဘုရားသခင်ထက်နှုတ်ကပတ်တော်နှင့် ကိုက်ညီမှုမရှိခဲ့ပါ။ သမ္မာကျမ်းစာ လျစ်လျူရှုသောသူများ၏နှလုံးသားထဲတွင် ဘေးဒဏ်ကြီးကာလမတိုင်ခင် ချီဆောင်ခြင်းဖြစ်မည်ဟူသော သီအိုရီကိုယုံကြည်ခဲ့ကြသည်။
နောက်လိုက်တမန်တော်များသည် ဘုရားသခင်၏ခေတ် ကာလ ကိုနှစ်မျိုးခွဲခြားခဲ့သည်။ယေရူခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင် ခြင်းရရှိသောကာလနှင့်ဘေးဒဏ်ကြီးကာလဖြစ်သည်။ ယနေ့ ပညာရှင်များ သည် ပထမကာလကို နားလည်နေသောအချိန်တွင် ခရစ်တော်ပြန်ကြွလာ မည့်ကာလ၊ သူတော်စင်များ၏ ချီဆောင်ခြင်းကာလဖြစ်သော ဘေးဒဏ် ကြီးကာလကို သိရှိရန်ခက်ခဲသည်။ 
ဘေးဒဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းဖြစ်မည်ဟု ယုံ ကြည် သောခရစ်ယာန်များတို့သည် မှားယွင်းသောယုံကြည်ခြင်း ရှိသူများဖြစ် သည်။ ဤသီအိုရီကို ယုံကြည်ခြင်းအတွက်ကြောင့်ဘေး ဒဏ်ကြီးကာလမ တိုင်မှီ ခရစ်တော်ဆင်းကြွလာပြီးမှ ချီဆောင်ခြင်းဖြစ်မည်ဟု ထင်မှတ်ကြ သည်။ ခရစ်ယာန်များစွာသည် ဝိညာဉ်ပိုင်းတွင် အားနည်းသောကြောင့် ဤ လောကအားခက်ခဲမှုကို ကြုံတွေ့ခဲ့လျှင် အဘယ်သူကဂရုစိုက်မည်နည်းဟု သူတို့ထင်မှတ်ကြသည်။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလမတိုင်မှီ ချီဆောင် ခြင်းဖြစ်မည်ဟု ယုံကြည်ရခြင်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ဖော်ပြထား သောချီဆောင်ခြင်းကို နားလည်သဘောမပေါက်သောကြောင့် ဘေးဒဏ် ကြီး ကာလမတိုင်မှီ ချီဆောင်ခြင်းဖြစ်မည်ဟု ယုံကြည်ကြသည်။
Scofieldကဘေးဒဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းဖြစ်မည် ကို ထောက်ခံဖော်ပြခဲ့သည်။ ဤသီအိုရီကို ယုံကြည်သောသူများသည် ဤလောကတွင် ဘေးဒဏ်ကြီးမရောက်ခင် ကျွန်ုပ်တို့ချီဆောင်ကြမည်ဟု ထင်မှတ်ကြသည်။ နောက်ဆုံးတွင် သူတို့၏ယုံကြည်ခြင်းသည် တန်ဖိုးမရှိ သော ယုံကြည်ခြင်းများဖြစ်လာခဲ့သည်။
သို့သော်သမ္မာကျမ်းစာက ဘေးဒဏ်ကြီးကာလနှင့် ချီဆောင်ခြင်း အကြောင်းကို မည်သို့ဖော်ပြခဲ့သနည်း။ သမ္မာကျမ်းစာက ဘေးဒဏ်ကြီး ကာလ၏အလယ်တွင်ချီဆောင်ခြင်းဖြစ်မသည်ကိုဖော်ပြခဲ့သည်။ ယေရှုခ ရစ်ကပေးသော ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်သော ဣသရေလလူမျိုးများနှင့်တစ်ပါးအမျိုးသားများတို့သည် ဘေးဒဏ်ကြီးကာ လ၏ပထမသုံးနှစ်ခွဲဖြစ်သော မြင်းမွဲခေတ်ကာလတွင် အန္တီခရစ်ထဲမှ ညှင်း ပန်းနှိပ်စက်ခြင်းခံရမည်ဖြစ်သည်ကိုလည်း သမ္မာကျမ်းစာက ဖော်ပြထား ပါသည်။
ဘေးဒဏ်ကြိုးကာလ၏ပထမသုံးနှစ်ခွဲနောက်ပိုင်းတွင် အန္တီခရစ် က သူတော်စင်များသတ်ဖျက်မည်ဖြစ်သည်ကို သမ္မာကျမ်းစာက ဖော်ပြ ထားသည်။ မာတုရခံသောသူနှင့် မခံသောသူအားလုံးတို့သည် ရှင်ပြန်ထ မြောက်ကြပြီး ချီဆောင်ကြမည်ဖြစ်သည်။ဘေးဒဏ်ခေတ်ကြီးကာလ၏ အ မျက်တော်ဖလားခုနှစ်လုံး ရောက်ရှိလာမည်ဖြစ်သည်။ ထို့နောက် ဘုရား သခင်က ဤလောကကိုစာတန်နှင့်သူ၏နောက်လိုက်များထံသို့ ပေးအပ် မည်ဖြစ်သည်။
အသက်စာစောင်ထဲတွင်နာမည်ရေးထားသောသူများသာအန္တီခ ရစ်နှင့်သူ၏နောက်လိုက်များထံတွင်အရှုံးပေးမည်မဟုတ်။အသက်စာစောင်ထဲတွင်နာမည်မရေးထားသော သူများသည် ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကို ယုံကြည်ခြင်းမရှိသောကြောင့် စာတန်နှင့် သူ၏နောက်လိုက် များကို ကိုးကွယ်ကြမည်ဖြစ်သည်။
ဤအရာကြောင်းဘေးဒဏ်ကြီးကာလတွင်သူတော်စင်များသည် လောကတွင်ကျန်ရှိပြီး ပထမဘေးဒဏ်ကြီး (၃) နှစ်ခွဲပြီးမှသာ သူတော် စင်များသည် ချီဆောင်ခြင်းခံရမည်ဟု ဖော်ပြထားသည်။ (၇) နှစ်ဘေးဒဏ် ကြီးကာလတွင် စာတန်ကို ကိုးကွယ်ပြီးအန္တီခရစ်၏အမှတ်အသားကို လက် ခံရရှိသောသူတို့သည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရမည်။ သို့သော် ရုပ်တု ကို မကိုးကွယ်ဘဲအသက်စာစောင်ထဲတွင် နာမည်ရေးထားသော သူတို့ သည် ဘေးဒဏ်ကြီးကာလ၏အလယ်တွင် ချီဆောင်ခြင်းခံရမည်ဖြစ်သည်။
(၇) နှစ်ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ခွဲနောက်တွင် ချီ ဆောင်ခြင်းဖြစ်မည်ဖြစ်သည်။ ဤစာအုပ်၏ဒုတိယအခေါက်တွင် ချီဆောင် ခြင်းကို ကျမ်းစာအတိုင်း အသေးစိတ်ဖော်ပြထားခဲ့သည်။ ထို့နောက် ဘေးဒဏ်ကြီးကာလမတိုင်ခင်ချီဆောင်ခြင်းဖြစ်မည်ဟု ယုံကြည်သောသူ များစွာရှိသည်။ ပညာရှိများသည် ဘေးဒဏ်ကြီးကာလမတိုင်ခင် ချီဆောင် ခြင်းဖြစ်မည်ဟူသော ဝေါဟာရကို ဆွဲနိုင်ခဲ့ကြသည်။ ဤဝေါဟာရကို လူ မြောက်များစွာက ယုံကြည်ခဲ့သည်။ လူတစ်ချို့သည် သူတို့၏ စည်းစိမ် ဥစ္စာများကိုအသင်းတော်များသို့ပေးလှူခဲ့ပြီးခရစ်တော်ပြန်လာမည့်နေ့ရက် ကို စောင့်မျှော်နေကြသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင်အသင်းတော်တစ်ခု၏အသင်းသူ အသင်းသားများသည် ခရစ်တော်ပြန်လာမည့်နေ့ရက်ကို စောင့်မျှော်နေ ကြသည်။ထို့ကြောင့်သူတို့အားလုံးသည်တောင်ပေါ်သို့တက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ကိုကြိုးနှင့် ချီပြီးတစ်ယောက်နှင့် တစ်ယောက်ဆက်ကာသန်း ခေါင်အချိန်တွင် ချီဆောင်ကြမည်ကို စောင့်မျှော်နေကြသည်။ သူတို့စောင့် မျှော်နေ၍ အချိန်လွန်လာသောအခါ ခရစ်တော်မကြွမလာခဲ့ပါ။ ထို့ကြောင့် အရှက်ကြီးစွာဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ခရစ်ယာန်လောက ထဲတွင် ဤကဲ့သို့သော ယုံကြည်ခြင်းမျိုးသည် ပြန့်ပွားလာခဲ့သည်။ ဤကဲ့ သို့ မမှန်ကန်သောအရာသည် ကိုရီးယားနိုင်ငံထဲသာမဟုတ်ဘဲ အမေရိ ကန်၊ အာရှနှင့် ဥရောပနိုင်ငံများတွင်လည်းရှိခဲ့သည်။
ထို့ကြောင့် ဘုရားသခင်သည် သူတော်စင်များအတွက် ဘေးဒဏ် ကြီးကာလခွင့်ပြုမည်ဖြစ်သည်ကို ကျွန်ုပ်တို့သိရှိရန်လိုအပ်သည်။ ဤအရာ သည်ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။ဘုရားသခင်က ဘေးဒဏ် ကာလ ခွင့်ပြုရခြင်းသည် သူ၏အကြံအစည်တော်များအားလုံးကို ပြည်စုံ ရန်၊ဤလောကကိုလောကသစ်သို့ပြောင်းလဲရန်၊ယေရှုကို ယုံကြည်သောသူ များသည်ကောင်းကင်၊ မြေကြီးသစ်သို့ ထာဝရအသက်ရှင်ရန်နှင့် စာတန် ကို ထာဝရငရဲသို့ ပစ်ချရန်ဖြစ်သည်။ ဤအရာကြောင်း ဘုရားသခင်သည် ဘေးဒဏ်ကြီးကာလကို ကျွန်ုပ်တို့ထံ ရောက်ရှိလာမည်ကို ခွင့်ပြုထားခြင်း ဖြစ်သည်။
ခုနှစ်နှစ်ဘေးဒဏ်ကြီးကာလစတင်ခြင်းမရှိသေးပါ။ယခုကျွန်ုပ်တို့ ကြုံတွေ့နေရသော သဘာဝခက်ခဲမှုများကို တောမီး လောင်ကိုသတ်သော မီးသတ်သမားများကဲ့သို့ နှိုင်းယှဉ်ခဲ့လျှင် ဘေးဒဏ်ကြီးကာလတွင် ဘေးအန္တာရာယ်ဖြစ်လာမည့်အရာသည် ဤလောက၏ တောတောင်သုံးစု တစ်စုသည် လောင်ကျွမ်းမည်ဖြစ်သည်။
ဤဘေးအန္တရှယ်ခက်ခဲမှုများဖြစ်လာသောအခါ ဘုရားသခင်၏ အစေခံများနှင့်သူတော်စင်များသည် ယုံကြည်ခြင်းနှင့် အသက်ရှင်ရန်လို အပ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘေးဒဏ်ကြီးကာလ တွင် အသက်ရှင်ရမည်ဖြစ်သည်။ ထိုကာလတွင် အန္တီခရစ်နှင့် သူ၏နောက် လိုက်များကိုအရှုံးမပေးဘဲ ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ ရပ်တည်ရန်လိုအပ် သည်။ သင်၏မိသားစုနှင့် ဝိညာဉ်တစ်ခု ကယ်တင်ရန်၊ ရေနှင့် ဝိညာဉ် တော်၏သတင်းကောင်းကို ကမ္ဘာအနှံ့တွင် ဝေငှရန်လိုအပ်သည်။
ဤလောကသည် အစဉ်အမြဲငြိမ်သက်မည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့၏ အသက်တာတွင် ငြိမ်သက်ခြင်းများရောက်ရှိလာသောအခါ နောက်ဆုံးသော နေ့ရက်တိုင်အောင် ဘုရားသခင် ကွယကာမည်ဖြစ်သည် ကို ယုံကြည်ပြီးသစ္စာရှိစွာနှင့် အသက်ရှင်ရန်လိုအပ်သည်။ ဤလောကတွင် စာတန်သည်လူသားများကို လှည့်ဖြားပြီး၊ နောက်ဆုံးတွင် သူတို့၏ဝိညာဉ် ကို ငရဲသို့ ပို့ဆောင်ချထားခဲ့သည်။
ယခုတွင်လည်း ကြီးမားသောအသင်းတော်များ၌ ရှိသော လူ မြောက်များစွာသည် Scofield၏ သြဝါဒ၊ ဘေးဒဏ်ကြီးကာလ မတိုင်ခင် ချီဆောင်ခြင်းဖြစ်မည်ကို ယုံကြည်ကြသည်။ ဤအရာကမြောက်မြားစွာ သောသူတို့သည် မှားယွင်းသောယုံကြည်သို့ ပို့ဆောင်ခဲ့သည်။ ဘေးဒဏ် ကြီးကာလမတိုင် ချီဆောင်ခြင်းဖြစ်မည်ကို ယုံကြည်သော သူတို့သည် ဘေးဒဏ်ကြီးအတွက် သူတို့၏ယုံကြည်ခြင်းကိုပြင်ဆင်ရန်မလိုအပ်ခဲ့ပါ။ ယခု ဤလောကတွင် သစ္စာရှိစွာအသက်ရှင်ပြီး ဘုရားသခင်ကခေါ်သော အခါချီဆောင်ခြင်း၌ပါမည်ဟု သူတို့ထင်မှတ်ကြသည်။ သို့သော်ကိုယ်တော် ရှင်၏ ချီဆောင်ခြင်းသည် ဘေးဒဏ်ကြီးကာလ၏ ပထမသုံးနှစ်ပြီးနောက် တွင် ဖြစ်ပျက်လာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ယုံကြည်ခြင်းသည် ဘေးဒဏ်ကြီးကာလ၌ ပြင်ဆင်ရန်လိုအပ်သည်။ ခုနှစ်နှစ်ဘေးဒဏ် ကြီး ကာလတွင် ဘုရားသခင်သည် မြောက်များစွာသော ဣသရေလ လူမျိုးများ နှင့်တစ်ပါးအမျိုးသားများကို ကယ်တင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည် မည်ဖြစ်သည်။ 
ဗျာဒိတ်-၇း၁၄- “ဤသူတို့သည်ကြီးစွာသော ဆင်းရဲဒုက္ခ အထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသူငယ်၏အသွေး၌ လျှော်၍ဖြူစေ သောသူဖြစ်ကြသတည်။”ဤအရာသည်မာတုရကိုဆိုလိုခဲ့သည်။ မာတုရ၏ အဓိပ္ပါယ်သည် ဖြောင့်မတ်သောသူသည် သူတို့၏ယုံကြည်ခြင်းကြောင့်အ သေခံခြင်းကိုဆိုလိုသည်။အပြစ်ထဲမှလွတ်မြောက်ခြင်းခံရသောသူတော်စင်များသည် နှုတ်ကပတ်တော် ကိုယုံကြည်ပြီး စစ်မှန်သောယုံကြည်ခြင်းရှိ ခဲ့ကြသည်။ သို့သော်သူတော်စင်များ၏ ယုံကြည်ခြင်းကို စာတန်သည်အ ချိန်မှီ ဖျက်ဆီးနိုင်ရန်ကြိုးစားခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည် ခြင်းဖြင့် စာတန်ကို ဆန့်ကျင်တိုက်ခိုက်ရန်လိုအပ်သည်။ 
ထိုတိုက်ပွဲတွင်စာတန်ကို ကျွန်ုပ်တို့အရှုံးပေးခဲ့လျှင် သူ၏နောက် လိုက်များနှင့်ငရဲသို့ ပစ်ချခြင်းခံရမည်ဖြစ်သည်။ သို့သော် ယုံကြည်ခြင်းနှင့် တိုက်ခိုက်ခဲ့လျှင် ကျွန်ုပ်တို့သည် မာတုရကိုခံရပြီးဘုရားသခင်၏ကောင်း ကင်ဘုံသို့ ဝင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် ဤတိုက်ပွဲသို့ပါဝင်မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ အသေသတ်ခံခြင်း သည် သန့်ရှင်းပြီး၊ ဘုန်းကြီးခြင်းရရှိမည်ဖြစ်သည်။ 
ထို့ကြောင့် သန့်ရှင်းသော လုပ်ငန်းများအတွက် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့်တိုက်ခိုက်ရန်လိုအပ်သည်။တိုက်ပွဲတွင်ကျွန်ုပ်တို့ ယှဉ်ပြိုင် နေသည်ကိုသိရှိပြီး၊ နောက်ဆုံးသောနေ့ရက်ထိ ကျွန်ုပ်တို့ ယုံကြည်ခြင်းကို ကာကွယ်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် အောင်မြင်ခြင်း သရဖူမရမခြင်း ဘုရားသခင်နှုတ်ကပတ်တော်နှင့် စာတန်ကိုတိုက် ခိုက်အောင်မြင်ရန်လို အပ်သည်။ 
လူသားများသည် တစ်ခါမွေးဖွားပြီး တစ်ခါသေဆုံးခဲ့ကြသည်။ ဆေးပညာရှင်များက မည်ကဲ့သို့ ကြိုးစားကုသခဲ့သော်လည်း လူသားများ သေဆုံးကြမည်ဖြစ်သည်။ လူသားများသည် အသက် (၁၀) (သို့) အသက် (၈၀)တွင် သေခဲ့သော်လည်းဘုရားသခင်၏ရှေ့တွင် အပြစ်တရားစီရင်ခြင်း ကိုတွေ့ရမည်ဖြစ်သည်။ ဘုရား သခင်ပေးထားသော ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်ခြင်းမရှိဘဲ သေသွားသောသူသည် တရားစီရင် ခြင်းကိုရင်ဆိုင်ပြီးမှ ထာဝရမီးအိုင်ထဲသို့ ပစ်ချခြင်းခံရမည်ဖြစ်သည်။ သူတို့ အပြစ်များကို ခရစ်တော်၏အသွေးတော်၊ ရေဖြင့် ဆေးကြောခဲ့သော်လည်း စစ်မှန်သောသမ္မာတရားကိုမယုံကြည်သောကြောင့်ဘုရားသခင်ရှေ့မှောက် တွင် လုပ်မိသောသူတို့၏အပြစ်များအတွက် တရားစီရင်ကြမည်ဖြစ်သည်။ 
ဘုရားသခင်ရှေ့မှောက်မှ ငရဲမီးအိုင်သို့သွားဖို့၊ပြစ်တင်ဝေဖန်ခြင်း ကိုရှောင်ဖို့ရန်၊ယေရှုကပေးထားသောရေနှင့်ဝိဉာဉ်တော်၏ သတင်းကောင်း ကို ကျွန်ုပ်တို့ယုံကြည်ရန်လိုအပ်သည်။ ကားတိုင်တော်၏ အသွေးတော် ကိုသာမယုံကြည်ဘဲ ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးသော ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်းကိုယုံကြည်ရန်လိုအပ်သည်။ ထို့ကြောင့်ရေ နှင့်ဝိဉာဉ်တော်၏ သတင်းကောင်းကို အစဉ်အမြဲ ကျွန်တော်ဟောပြောရ ခြင်းဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းအား ဖြင့်သာ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဘုရားသခင်၏ သားသမီးများဖြစ် ခွင့်ရခဲ့ကြသည်။ ကျွန်ုပ်တို့သည်ယေရှုကိုယုံကြည်သောအခါမှားယွင်း သော သတင်းကောင်း၊ ကားတိုင်တော်၏အသွေးတော်ကိုသာ မယုံကြည်မိရန်လို အပ်သည်။ 
ပရောဟိတ်များ၏လက်တင်ခြင်းအားဖြင့်ဓမ္မဟောင်းကျမ်းကစစ်မှန်သောသတင်းကောင်းကို ဖော်ပြခဲ့သည်။ ဓမ္မသစ်ထဲတွင် ခရစ်တော် ဗတ္တိဇံခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ယေရှုခရစ်က ယူဆောင်သွားခဲ့ သည်ကိုလည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကဖော်ပြထားသည်။ ဓမ္မ ဟောင်း၏ယဇ်ပူဇော်ခြင်းနှင့်ဓမ္မသစ်၏ဗတ္တိဇံခြင်းသည်ကျွန်ုပ်တို့ အပြစ်ထဲ မှ ကယ်တင်သောရေနှင့်ဝိဉာဉ်တော်၏ သတင်းကောင်းကို ဆိုလိုခဲ့သည်။ ကျွန်ုပ်တို့ အပြစ်များအတွက် ယေရှုသည် ဗတ္တိဇံခံ၍ကားတိုင်ပေါ်တွင် အသေခံပြီးမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်း အားဖြင့်သာ ကျွန်ုပ်တို့ကယ်တင်ခြင်းရရှိနိုင်ပါသည်။
ကျွန်ုပ်တို့သည် ဘေးဒဏ်ကြီးကာလ၏အလယ်မရောက်မခြင်း ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ဆက် လက်အသက်ရှင်ရန်လိုအပ်သည်။ ဤနောက်ဆုံးသောနေ့ရက်မှာ ဘုရားသ ခင်၏သတင်းကောင်းကို သူတစ်ပါးထံသို့ဝေငှဖို့ဖြစ်သည်။ ဤနောက်ဆုံး သောနေ့ရက်များတွင်လူမြောက်များစွာသည်ကယ်တင်ခြင်းရရှိမည်ဟု ဘု ရားသခင်က ဖော်ပြထားသည်။ 
သဲကန္တာရတွင် ရေမရှိဘဲ သဲသာရှိပြီး ခြောက်သွေ့သောကြောင့် အပင်အနည်းငယ်သာ အသက်ရှင်နိုင်သည်။ ဤသဲကန္တာရသည် ခြောက် သွေ့ပြီးသဲမှုန့်သာရှိသော်လည်းမိုးရွာလာသောအခါအပင်များပေါက်ရောက် လာ၍ အပွင့်များပွင့်လာပြီး ထိုကာလတစ်ပတ်အတွင်းတွင် အသီးသီးလာခဲ့ သည်။ ထိုသဲကန္တာရပြန်လည် ခြောက်သွေ့လာသောအခါ သဲထဲတွင်ရှိသော မျိုးစေ့များသည် မပေါက်ရောက်နိုင်သောလည်း မိုးရေကိုစောင့်နေဆဲဖြစ် သည်။ မိုးရေကျလာသောအခါ ထိုမျိုးစေ့သည် ချက်ချင်းပေါက်ရောက် လာနိုင်သည်။ တစ်ရက်အတွင်းတွင် ထိုမျိုးစေ့ ပေါ်ပေါက်လာပြီးနောက် တစ်နေ့တွင်ကြီးထွားကာဒုတိယနေ့တွင်အပွင့်ပွင့်၍ အသီးသီးလာခဲ့သည်။ နောက်ဆုံးသောနေ့ရက်တွင် ထိုအပင်များသည် အသီးမှမျိုးစေ့ကို မြေပေါ် သို့ကျစေပြီး ထိုအစေ့များသည် သဲမှုန့်ထဲသို့ အနှစ်ဝင်သွားခဲ့သည်။
မိုးရေကျလာသောအခါ သဲကန္တာရတွင်ရှိသော အပင်များသည် အပင်ပေါက်ပြီးကြီးထွားလာနိုင်သကဲ့သို့ နောက်ဆုံးသောအချိန်တွင် ရေနှင့် ဝိဉာဉ်တော်၏သတင်းကောင်းကိုယုံကြည်ခဲ့လျှင်သူတို့၏ဝိညာဉ်သည် ကြီး ထွားရင့်ကျက်ပြီး အသီးသီးလာမည်ဖြစ်သည်။ တံပိုးခုနှစ်လုံး၏ ဘေးဒဏ် ကြီးရောက်ရှိလာသောအခါ လူမြောက်များစွာသည် သတင်းကောင်းသိရှိ လာမည်ဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်ခဲ့သည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် မာတုရခံသောအခါ ခြောက်သွေ့သော သဲကန္တာရတွင် အပင်များကြီးထွားလာ သကဲ့သို့ လူ မြောက်များစွာသည် စာတန်ကိုမကိုးကွယ်ဘဲ ကျွန်ုပ်တို့နှင့် မာတုရခံရမည် ဖြစ်သည်။ ကျွန်ုပ်တို့ဟောပြောနေသောရေနှင့် ဝိညာဉ်တော်၏သတင်း ကောင်းသည် တိုတောင်းသောအချိန်ကာလတွင် လူမြောက်များစွာကို ယုံ ကြည်ခြင်းသို့ကြီးထွားစေပြီး ဘုရားသခင်၏လုပ်ငန်းတွင်ပါဝင်ပြီးမှ မာတုရ ကိုခံရမည်ဖြစ်သည်။
ကလေးမှလူကြီး၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏စစ်သား များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏လူသားများဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏နှလုံးသားများကိုတိုက်ပွဲအတွက်အစဉ်အမြဲပြင်ဆင်ပြီး မှန်ကန် သောယုံကြည်ခြင်းဖြင့်အသက်ရှင်ရန်ဖြစ်သည်။ တိုက်ပွဲတွင် အောင်မြင် ခြင်းရရှိသောသူတို့သည်ဘုရားသခင်ကမဖော်ပြနိုင်သောအောင်မြင်ခြင်းသ ရဖူကို ဆွတ်ခူးမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာသည် ဘု ရားနိုင်ငံတော်အတွက်အသုံးပြုပြီးစစ်မှန်သောယုံကြည်ခြင်းနှင့် စာတန် နှင့် သူ၏နောက်လိုက်တော်များအားလုံးကိုဆန့်ကျင်တိုက်ခိုက်ရန်ဖြစ်သည်။ 
 
 

ဘေးဒဏ်ကြီးကာလတွင် ခိုင်မာသောယုံကြည်ခြင်းကို ဘုရားသခင်ကပေး မည်

 
မြင်းမွဲခေတ်ကာလရောက်သောအခါဘုရားသခင်ကကျွန်ုပ်တို့ကို လက္ခဏာပေးမည်ဖြစ်သည်။ ဗျာဒိတ်–၇း၁ “ထို့နောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှာ ကောင်းကင်တမန်လေးပါးတို့သည် မြေ၌လေးမျက်နှာလေတို့ကိုကိုင်၍ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။” ဤနေရာတွင် ဘုရားသခင်ကရောက်ရှိစေရမည့် ဘေးဒဏ်ကြီး ကာလကို ဆိုလိုခြင်းဖြစ်သည်။ ဗျာဒိတ် -၇း၁-၈ တွင် တိုတောင်းသော အ ချိန်ကာလ၌ဘုရားသခင်ကဣသရေလများတံဆိပ်ခတ်ပြီး ကယ်တင်ရမည် ကိုဖော်ပြခဲ့သည်။ ကပ်ကြီးခုနှစ်ခုထဲတွင် မြင်းနက် ခေတ်ကာလရောက် လာသောအခါ အစာငတ်ခေါင်းပါးခြင်းရောက် ရှိပြီးနောက် ဘုရားသခင်က မြင်းမွဲခေတ်ကိုဖွင့်မည်ဖြစ်သည်။မြေ၏လေးမျက်နှာလေတို့သည်ပေါ်ထွက် လာပြီးလောကတွင်ဘေး အန္တရာယ်ကြီးကာလရောက်ရှိလာမည်ဖြစ်သည်။
ဤမြင်းမွဲကာလ ရောက်ရှိလာသောအခါ ကြောက်မက်ဖွယ် ကောင်းသောဘေးဒဏ်ကြီးကာလစတင်လာပြီး မြောက်များစွာသော ဣသ ရေလလူမျိုးများနှင့် တစ်ပါးအမျိုးသားများသည် အသတ်ခံရမည်ဖြစ် သည်။ ဤမြင်းမွဲခေတ်ကာလရောက်လာသောအခါ ဘေးဒဏ်ကြီးကာလ စတင်မည်ဖြစ်သည်။
ယခုအချိန်သည် မြင်းနက်ကာလဖြစ်သောကြောင့်ကမ္ဘာ အနှံ့တွင် အစာငတ်ခေါင်းပါးခြင်းရှိခဲ့သည်။ ဤကာလပြီးဆုံးသောအခါ မြင်းမွဲခေတ် ကာလစတင်ပြီး ဘေးဒဏ်ကြီးကာလရောက်ရှိလာမည်ဖြစ်သည်။ ဘုရား သခင်သည် စင်္ကြာဝဠာကိုမဖန်ဆင်းခင် ကတည်းက မလုပ်ဖူးသေးသော ခုနှစ်နှစ်ဘေးဒဏ်ကြီးကာလကို ဤလောကသို့ယူဆောင်လာသောအခါ အ ရာအားလုံးသည် ကုန်ဆုံးပြီး အသစ်ပြန်လည်စတင်မည်ဖြစ်သည်။ 
မြင်းမွဲခေတ်ကာလရောက်လာသောအခါ ဘေးဒဏ်ကြီးကာလ လည်းရောက်ရှိလာမည်ကို ကျွန်ုပ်တို့သိရှိရန်လိုအပ်သည်။ ဤ လောက ၏ခေါင်းဆောင်များသည် တန်ခိုးအာဏာကြီးမားလာပြီး သူတို့၏အမိန့်ကို မနာခံသောသူများသည် အသေသတ်ခံရမည်ဖြစ်သည်။ ဤမြင်းမွဲခေတ် ကာလတွင် လူသားများသည် သဘာဝအခက်အခဲများစွာကို ကြီးမားစွာ တွေ့ရှိရမည်ဖြစ်သည်။ အစိုးရဘက်တွင်လည်း ညှင်းပန်းနှိပ်စက်မှုများစွာ ပေါ်ပေါက်လာမည်ဖြစ်သည်။ ဤကဲ့သို့သောကာလတွင်လည်း ရေးတွက် လို့မရသော တစ်ပါးအမျိုးသားများကို ကယ်တင်မည်ဖြစ်သည်။ 
မြင်းမွဲခေတ်ကာလရောက်ရှိလာသောအခါ တစ်နေရာတွင် သာ မျှော်လင့်ချက်တွေ့ရှိနိုင်မည်ဖြစ်သည်။ ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့၏ အဖဘုရားနှင့် ယေရှုခရစ်၏အထဲ၌သာ တွေ့မည်ဖြစ်သည်။ နှုတ်ပတ် တော်တွင်(ဗျာဒိတ် ၇း၁၀)၊“ပလ္လင်ပေါ် မှာထိုင်တော်မူသော ငါတို့၏ဘုရား သခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသ တည်းဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ၏” ဟုဆိုထားသည်။ ကြောက် မက်ဖွယ်ကောင်းသောဘေးဒဏ်ကြီး ကာလရောက်ရှိလာသောအခါဤ လောကတွင် အန္တီခရစ်ပေါ်ထွက်လာပြီး လောက၏အစိုးရသည်သာမက စီးပွာရေး၊ လူမှုရေး၊ ဘာသာရေး အားလုံးတို့သည်တလုံးတဝတည်းဖြစ်လာ မည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလ၏ဆိုလိုရင်းမှာ ကြောက်မက် ဖွယ် ကောင်းသော ညှင်းပန်းနှိပ်စက်ခြင်းကို ဆိုလိုသည်။ ထိုခက်ခဲမှုများရောက် ရှိလာမည်ဖြစ်သည်။ ထို့နောက် ဤအရာများအားလုံးတို့သည် ရုတ်တရက် ဖြစ်ပျက်လာမည်ဖြစ်သည်။ (ယနေ့ ဤလောကတွင် ငွေကြေးကဏ္ဍများ နှင့် စည်းလုံးစွာပူးပေါင်းဆောင်ရွှက်လာကြသည်။ နိုင်ငံတိုင်းတွင်ရှိသော ကုန်သည်အဖွဲ့အစည်းများ၏ကြီးမားသောလုပ်ဆောင်ချက်ဖြစ်သည်။ တစ် နိုင်ငံနှင့်တစ်နိုင်ငံ ထွက်ကုန်သွင်းကုန်တန်ဖိုး မတူသောကြောင့် တစ်နိုင်ငံ ၏ထုတ်ကုန်အတွက်ခက်ခဲလှပါသည်။) အခက်အခဲများကြုံတွေ့ရပါသည်။
သို့သော် ထိုအခွန်များကျဆင်းခဲ့သည်။ ဥပမာအားဖြင့် (ဥရော ပနိုင်ငံတွင်)တွေ့ခဲ့သည်။ဥရောပနိုင်ငံများတွင်အခွန် ကောက်ခြင်းမရှိသော နေရာများကိုလည်း တွေ့ရှိရသည်။ ဤအရာသည် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၏အစဖြစ်သည်။ ဤအရာသည် အံ့သြဖွယ်ကောင်းသော တိုး တက်ခြင်းဖြစ်သည်။ အခွန်ကောက်ခြင်းမရှိသော နိုင်ငံတစ်နိုင်ငံကသူ၏ ထုတ် ကုန်များကို တစ်ခြားနိုင်ငံများတွင် ရောင်းချနိုင်ခဲ့သည်။ ဤအရာ သည် ကမ္ဘာအနှံ့ ငွေကြေးပြောင်း လဲစေသောအရာဖြစ်သည်။ EU က ငွေရေးကြေးရေးစည်းလုံးခြင်းကို အောင်မြင်စွာပြည့်စုံစေခဲ့လျှင် ကမ္ဘာအနှံ့ ငွေကြေးစည်းလုံးမှုကို ဤ ထက်မကအရှိန်မြင့်တင်လာမည်ဖြစ်သည်။ 
ယခု ကိုရီးယား၊ တရုတ်နှင့်ဂျပန်နိုင်ငံတို့သည် အာရှနိုင်ငံများ၏ ငွေကြေးပြဿနာအရေးပေါ်ကိစ္စသုံးရန်အတွက်၁၉၉၇တွင် အာရှနိုင်ငံ၌ငွေ ကြေးပြဿနာကို အမေရိကန် ပြည်ထောင်စုက ကူညီထောက်ပံ့ခဲ့သည်။ သို့သော်ထိုသုံးနိုင်ငံသည် ငွေကြေးပြဿနာခက်ခဲမှုများဖြစ်လာလျှင် ထိုနိုင် ငံများက ဝိုင်းဝန်ကူညီထောက်ပံ့နိုင်ရန်အတွက် လုပ်ဆောင်ခဲ့ကြသည်။ ဤအရာသည်ငွေကြေးပူးပေါင်း ဆောင်ရွက်မှုများဖြစ်သည်။ ဥရောပနိုင်ငံ များတွင် မိမိနိုင်ငံငွေကြေးတိုးတက်မှုအတွက် ဆောင်ရွက်ကြသကဲ့သို့ အ ရှေ့(၃)နိုင်ငံသည်လည်း အတူတကွ လုပ်ဆောင်လာကြသည်။ ထိုနိုင်ငံများ ၏စည်းလုံးခြင်းက အစိုးရများကို တလုံးတဝတည်း စည်းလုံးနိုင်စေမည် ဖြစ်သည်။ 
ငွေကြေးစည်းလုံးခြင်းသည် နိုင်ငံတစ်ခုစီတိုင်း တိုးတက်စေရန် ဖြစ်သည်။ ဤလောကတွင် သဘာဝကပ်ကြီး (၇) ပါးရောက်ရှိလာသော အခါနိုင်ငံများကဆောင်တစ်ခုကိုရွေးချယ်ဖို့ရန် စည်းလုံးကြမည်ဖြစ်သည်။ နိုင်ငံတိုင်းစည်းလုံးပြီး ဤလောကကို အုပ်ချုပ်နိုင်သော အစိုးရခေါင်း ဆောင်တစ်ဦး ပေါ်ထွက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
ထိုခေတ်ကာလ၏အလယ်တွင်ဘေးဒဏ်ကြီးကာလဖြစ်ပျက်လာ မည်ဖြစ်သည်။ လူတစ်ဦး၏ဖြောင့်မတ်မှုကို ရိုသေခြင်း၊ လူအများစု၏လှုပ် ရှားမှုကို လက်ခံရရှိကြမည်ဖြစ်သည်။ မြင်းမွဲခေတ်ကာလ ရောက်ရှိသော အခါ ဤအရာများရောက်ရှိလာမည်ဖြစ်သည်။ မြင်းနက်ခေတ်ကာလတွင် အခြေခံအုတ်မြစ်ချပြီးမြင်းမွဲခေတ်ကာလတွင်ခက်ခဲမှုများရောက်ရှိလာမည် ဖြစ်သည်။
ကိုရီယားနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ငွေရေးကြေးရေးပျက် စီးမှုရောက်လာသောအခါ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ရန်ပုံငွေ (IMF) ၏အသင်းပြသမှုအောက်တွင် ငွေရေးကြေးရေး ခက်ခဲမှုကိုခံရသည်။ ဈေးနှုန်းများမြှင့်တင်လာပြီး အလုပ်သမားများသည် အလုပ်မှထွက်ခဲ့ရ သည်။ အလယ်တန်းစားများသည် လမ်းဘေးများတွင်သာလုပ်ခဲ့ရသည်။ ယနေ့ ထိုကဲ့သို့သော ငွေကြေးဖျက်ဆီးမှုသည် နိုင်ငံတိုင်းတွင်ဖြစ်ဖျက်နေ သည်။ ဤအရာသည် ငတ်မွတ်ခေါင်းပါးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ငတ်မွတ်ခေါင်းပါးခြင်း၏ကာလတွင် သက်ရှင်ခဲ့ကြသည်။ နောင်ကာလ တွင် ငတ်မွတ်ခေါင်းပါးခြင်း၏ နောက်တွင်ဆင်းရဲဒုက္ခသည် လိုက်လာမည် ဖြစ်သည်။
ဘုရားသခင်သည်မြေ၏လေးမျက်နှာလေးတို့ကို ကိုင်၍ဣသရေ လအမျိုးတို့၌အသီးအသီးသောမျိုးနွယ်ထဲက လူတစ်သိန်း လေးသောင်း လေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံကြ၏။ ထိုသူ တို့ကိုထိခိုက်မှု များမှ တားဆီးပြီးနောက် ဘုရားသခင်သည်ဆင်းရဲဒုက္ခကို လွှတ်စေသည်။ ကောင်းကင်တမန်များ၏ လက်ထဲတွင် ဆင်းရဲဒုက္ခကို ပေးအပ်ထားသော အခါ ဘေးဒဏ်ကြီးကာလရောက်လာမည်ဖြစ်သည်။ ဤလောကတွင် အန္တိ ခရစ်၏ဆင်းရဲဒုက္ခရောက်လာပြီး ဘုရားသခင်၏အမျက်တော် တံပိုးခုနှစ် လုံးထဲမှ ကြီးမားသော(ရ)နှစ်သဘာဝဘေးဒုက္ခရောက်ပြီး စာတန်အုပ်ချုပ် မှုဖြစ်လာမည်ဖြစ်သည်။ ဤတံပိုးခုနှစ်လုံးပြီးနောက် အမျက်တော်ဖလားခု နှစ်လုံးက လိုက်လာမည်ဖြစ်သည်။ 
အန္တိခရစ်အုပ်ချုပ်မှုကာလတွင် ယုံကြည်ခြင်းများဖျက်ဆီးလာပြီး အစာငတ်ခေါင်းပါးခြင်း ရောက်လာမည်ဖြစ်သည်။ ဤခေတ်ကာလသည် လောက၌ရှိသော လူတိုင်းကြုံတွေ့ရမည်ဖြစ်သည်။ ဤဖြစ်ပျက်လာမည့် အရာကို ဗျာဒိတ်အခန်း ကြီး (၇) တွင် ကြိုတင်ဖော်ပြခဲ့သည်။
ဤခေတ်ကာလတွင် ရောက်လာနိုင်ရန် မည်သည့်အရာကစောင့် နေသနည်း။ ရေတွက်လို့မရသောတစ်ပါးအမျိုးသားများနှင့် ဣသရေလအ မျိုးသားများ၏ မာတုရသည် မြင်းမွဲခေတ်ကလည်း သိမှတ်မည်ဖြစ်သည်။ ဘေးဒဏ်ကြီးရောက်ရှိသောအခါမျှော်လင့်ချက်တစ်ခုသာရှိခဲ့သည်။ဗျာဒိတ် ၇း၁၀ တွင် “သူတို့ကလည်း ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရား သခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသ တည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။” တနည်းအားဖြင့် ပလ္လင် တော်ပေါ်မှာထိုင်သော ကျွန်ုပ်တို့ဘုရားသခင်ထဲတွင် ကယ်တင်ခြင်းကို တွေ့နိုင်သည်။ ဗျာဒိတ်ခန်းကြီးလေးတွင် တွေ့သကဲ့သို့ ယေရူခရစ်အတွက် ဘုရားသခင်က ပလ္လင်တော်ကို ပြင်ဆင်ခဲ့ပြီး ထိုပလ္လင်တော်ပေါ်မှာ ထိုင် သောသူသည် ဘုရားသခင်၏သားတော်ယေရှုခရစ် ဘုန်းတန်ခိုးနှင့် ပြည့်စုံ သောဘုရားလူသားအားလုံးကိုတရားစီရင်သောအရှင်ဘုရား ယေရှုခရစ်ဖြစ် သည်။ ခမည်းတော်ဘုရားသည် သူ၏ပလ္လင်တော်ပေါ်တွင် ထိုင်နေမြဲဖြစ် သည်။ ထို့ကြောင့် သုံးပါးတစ်ဆူဘုရားအကြောင်းပြောသောအခါ ခမည်း တော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် တစ်ဆူတည်း သော ဘုရားဖြစ်သည်။ ကျွန်ုပ်တို့ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ ဘုရားသ ခင်ဖြစ်သည့် ယေရှုခရစ်ထဲတွင်သာရှိခဲ့သည်။ 
ကြောက်မက်ဖွယ်ကောင်းသောဆင်းရဲဒုက္ခရောက်လာသောအခါ မည်သသည့်နေရာတွင် ဆင်းရဲဒုက္ခရောက်နိုင်မည်နည်း။ဘေး ဒဏ်ကြီးကာ လတွင် အန္တီခရစ်ထမြောက်လာသောအခါသူ့ကို မကိုး ကွယ်သောသူနှင့် သူ၏အမှတ်အသားကို နဖူး(သို့မဟုတ်)လက်တွင် တံဆိပ်ခတ်ခြင်းမခံရ သော သူတို့သည် အသတ်ခံရမည်ဖြစ်သည် (ဗျာဒိတ်အခန်းကြီး ၁၃)။
သဘာဝပတ်ဝန်းကျင်တွင်လည်းမီးလောင်ခြင်း၊ မိုးသည်း ထန်စွာ ရွာခြင်း၊ငလျင်လှုပ်ခြင်း၊အခြားသောဒုက္ခသည်များသည်လည်းရောက်ရှိလာ မည်။ ဤလောကတစ်ဝှမ်းလုံးသည် ထိုဘေးဒဏ်ကြီး၏ဒုက္ခကို ကြုံတွေ့ရ မည်ဖြစ်သည်။ ဤဆိုးရွင်းသောကာလတွင် နေ၊ လ၊ ကြယ်များ၏အလင်း များပျောက်ပြီး ပင်လယ်နှင့်ရေများ ခမ်းခြောက်ပြီး၊ အစိုးရ၏အခြေအနေ များမှာလည်း ပို၍ဆိုးရွားလာမည်ဖြစ်သည်။ အန္တီခရစ်သည် လောက၏ ခေါင်းဆောင်များအားလုံးကို သူ၏မတရားသောအုပ်စိုးမှုဖြင့် အုပ်ချုပ်မည် ဖြစ်သည်။
 
 
အဘယ်ကြောင့် အန္တီခရစ်ထွက်ပေါ်လာသနည်း
 
စာတန်သည် သူ၏လိုအင်ဆန္ဒများပြည့်စုံရန် အန္တီခရစ်ထံသို့ တိုတောင်းသောအခွင့် အာဏာကိုပေးမည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ သော်စာတန်သည်သူ၏ဆန္ဒကို ပြည့်စုံမည်ဟု သူ၏နောက်ဆုံးသော အချိန် တွင် လူသားများအားဖြင့် တန်ခိုးတော်ခံယူဖို့ရန် ကြိုးစားပြီးသူ၏ အမိန့် တော်နာမခံသောသူကို သတ်ဖြတ်မည်ဖြစ်သည်။ သူတော်စင်များအပေါ် တွင် ထိုခက်ခဲမှုများသက်ရောက်မည်ဖြစ်သည်။ ထိုကာလတွင် သူတော်စင် များသည် အသေသတ်ခြင်းခံရမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သည်ဘုရားသခင်ကိုသာကိုးစားပြီး၊ ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်း ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသောကြောင့် ဖြစ်သည်။ ကျွန်ပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်သာ ထိုကြောက်မက်ဖွယ် ကောင်းသောသေခြင်းမှလွတ်မြောက်နိုင်ခဲ့သည်။ 
ထိုနောက်ဆုံးသော နေ့ရက်များတွင် “ပလ္လင်ပေါ်မှာထိုင် တော်မူ သော ငါတို့၏ဘုရားသခင်၌ သိုးသူငယ်တော်ထံကသာ” ကျွန်ုပ်တို့မျှော် လင့်ချက်ရှိခဲ့သည်။ သူတို့သည် ကြောက်မက် ဖွယ်ကောင်းသော သေခြင်း နှင့် ဒုက္ခများထဲတွင် လွတ်မြောက်ခြင်းခံရမည်ဖြစ်သည်။ ထိုအခက်ခဲမှုများ ကို ခုနှစ်နှစ်ဘေးဒဏ်ကြီးကာလတွင် ဖြစ်ပျက်မည်ကို ဗျာဒိတ်အခန်းကြီး ခုနှစ်တွင် ဖော်ပြထားပါသည်။ 
ဆင်းရဲဒုက္ခကာလသည် မည်သည့်အရာကို ယူဆောင်လာမည့် အကြောင်းဆက်လက်ကြည့်ကြပါစို့။ ဗျာဒိတ်အခန်းကြီး ၇း၉-၁၀တွင် ထိုနောက်မှ ငါကြည့်လျှင် အသီးသီးဘာသာစကားကိုပြောသော လူမျိုး နွယ်ခပ်သိမ်းတို့ အထဲမှထွက်၍ဘယ်သူမှ မရေတွက်နိုင်သော လူအပေါင်း တို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျှက် စွန်ပလွံခက်ကိုကိုင်လျှက်၊ ပလ္လင်တော်ရှေ့၊ သိုးသူငယ်ရှေ့မှာ ရပ်နေကြ၏။ သူတို့ကလည်း ပလ္လင် တော်မှာ ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသူငယ်သည် ကယ် တင်တော်မူခြင်း၊ ချမ်းသာရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ လူမျိုးနွယ်ခပ်သိမ်းသောအပေါင်းတို့သည် ဖြူသောဝတ် လုံကို ဝတ်ဆင်လျှက် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းကြသောအခါ ဤသူတို့သည် အဘယ်သူနည်း။ ငါ့အမေးအားမေးမြန်းလျှင် ကျန်သူတို့ သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍ မိမိတို့ဝတ်လုံကို သိုးသူငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြကုန်သတည်းဟု အ သက်ကြီးသူတစ်ပါးက ပြောခဲ့သည်။ 
လူမျိုးနွယ်ခပ်သိမ်းတို့အထဲတွင် မာတုရခံရသောသူ ရှင်ပြန် ထ မြောက်သောအချိန်၊ ဘေးဒဏ်ကြီးကာလ၏အလယ်တွင် မရေတွတ်နိုင်သူ လူအပေါင်းတို့သည် ကယ်တင်ခြင်းဖြစ်မည်ကို ဤအရာကဖော်ပြခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်ကို ယုံကြည် သောသူအပေါင်းတို့သည် ဆင်းရဲခက်ခဲမှုများထဲမှ လွတ်မြောက်ခြင်းရမည်ဖြစ်သည်။ ကယ်တင်ခြင်း သည် သုံးပါးတစ်ဆူ ဘုရားထဲတွင်သာ တွေ့ရှိခဲ့သည်။ 
ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ပေး ထားပြီး ထိုသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ် ခွင့် လွတ်ခြင်းရရှိသောကြောင့် အန္တီခရစ်ရောက်ရှိပြီး သူ့ကိုကိုးကွယ်ရန် သွေး ဆောင်လာသောအခါ ကျွန်ုပ်တို့သည် အရူံးပေးမည် မဟုတ်ပါ။ အန္တီခ ရစ်ကို နာခံသောသူများတို့သည် အသက်ဆုံးရှုံးရမည်ဖြစ်သည်။ ထိုအချိန် ကာလတွင် မည်သည့် အရာကမှ အာမခံခြင်းမရှိခဲ့ပါ။ 
ကျွန်ုပ်တို့သည်ကယ်တင်သောဘုရားသခင်ကိုသာယုံကြည် ရန် ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့် မာတုရကိုခံပြီးသေခြင်းမှ ရှင်ပြန်ထမြောက်ပြီးမှ ကောင်းကင်နှင့်မြေကြီးအသီးသီးသောကောင်း ခြင်း ကို ခံစားရမည်ဖြစ်သည်။ ဤအရာကြောင့်လူများစွာတို့သည် သိုးသူငယ်၏ အသွေးနှင့်လျှော်၍ ဖြူသောအဝတ်ကို ဝတ်ဆင်ခဲ့ရမည်ဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် မာတုရခံရသော လူများစွာ ရှိသည်။ ထိုအချိန်တွင် သူတော်စင်များနှင့် မာတုရခံရသောလူများသည် သူတို့၏ယုံကြည်ခြင်းအတွက်ပေးဆပ်ကြမည် ဖြစ်သည်။ ယခု ကျွန်ုပ်တို့ ဟောပြောနေသောရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုယုံကြည်သော သူတို့သည်ယုံကြည်ခြင်းအားဖြင့်မာတုရကိုခံရပြီးဘေးဒုက္ခများထဲမှ ဘုရား သခင်ကကယ်နုတ်မည်ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ခက်ခဲမှု များထဲကနေ ဘုရားသခင်ကသာ ကျွန်ုပ်တို့ကို ကယ်လွတ်မည်ဖြစ်သည်။
ခုနှစ်ဘေးဒဏ်ကြီးကာလတွင်တကယ်ဖြစ်ပျက်မည့်အရာများကို ကျွန်တော်ဖော်ပြခဲ့ပါသည်။ ဘေးဒုက္ခရောက်လာသောအခါ ဤလောက တွင် မျှော်လင့်ချက်ရှိမည်မဟုတ်ပါ။ ကောင်းကင်မှစက္ကူလိပ်ကို လိပ်သကဲ့ သို့ ဤလောကသည် ပျက်စီးလာမည်ဖြစ်သည်။ 
ထို့နောက် ဘုရားသခင်ဖန်ဆင်ထားသော မြေကြီးသစ်၏အနှစ် တစ်ထောင်ကာလတွင် မာတုရခံရသောသူများသည် နေထိုင်ခွင့်ရရှိပြီး အနှစ်တစ်ထောင်အုပ်ချုပ်မည့်ကာလမျှော်လင့်ချက်ပေးနိုင်သောသူ၊ ဘေး ဒဏ်ကြီးကာလ၊ သေခြင်းနှင့်အပြစ်ထဲမှ ကယ်လွှတ်နိုင်သောသူသည် ဘုရားသခင်ဖြစ်သည်။ မာတုရအချိန် ရောက်ရှိလာသောအခါ စစ်မှန်သော သတင်းကောင်းကို ယုံကြည်ပြီးအပြစ်ထဲကနေကယ်တင်ခြင်း ရရှိသောသူ တို့သည် မာတုရခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်း မျှော်လင့်ခြင်း အားဖြင့်မာတုရခံရမည်ဖြစ်သည်။ကြောက်မက်ဖွယ်ကောင်းသောဘေးဒုက္ခ များထဲမှကျွန်ုပ်တို့ကို ကယ်တင်မည့်သူသည် ပလ္လင်တော်ပေါ်မှာ ထိုင်သော ဘုရားဖြစ်သည်။
ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်သောဘုရားသခင်ကိုမယုံ ကြည်ခဲ့ လျှင် ကျွန်ုပ်တို့သည် မာတုရခံနိုင်မည်မဟုတ်ပါ။ ထိုအချိန်တွင် မာတုရခံ ရသောသူများ၏ နာမည်များသည် သိုးသူငယ်တော်၏ အသက်စာစောင်ထဲ တွင် ရေးထားသောသူများ ဖြစ်သည်။
သို့သော် အသက်စာစောင်ထဲတွင် နာမည်မရေးထားသော သူများ သည်မာတုရ ခံနိုင်မည်မဟုတ်ပါ။ ဤစစ်မှန်သော သတင်းကောင်းသည် တစ်ကမ္ဘာလုံးတွင် ဝေငှပြီး လူတိုင်းကကြားသိရမည် ဖြစ်သည်။ ထိုကြောင့် ယခု ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို တစ်ကမ္ဘာ လုံးတွင် ဝေငှခြင်းဖြစ်သည်။ ဘေးဒဏ်ကြီးကာလရောက်ရှိလာသောအခါ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးမာတုရ ခံရမည်ဖြစ် သည်။ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ဆက်လက်ဝေငှပြီး လူများ စွာ၏နာမည်ကို အသက်စာစောင်ထဲတွင်ရေရမည်ဖြစ်သည်။ 
နောက်ဆုံးသောအချိန်တွင်ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုယုံကြည်သောသူတို့သည်မာတုရခံရမည်ဖြစ်သည်။ဗျာဒိတ်၁၃း၈ “ကွက် မျက်သောသိုးသူငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင် သောမြေကြီးသားအပေါင်းတို့သားရဲကို ကိုးကွယ်ကြ၏။”အသက်စာစောင် ထဲတွင် နာမည်ရေးမထားသောသူသည် မျှော်လင့်ချက်မရှိဘဲ သားရဲထံသို့ ဝန်ခံကြမည်ဖြစ်သည်။
ဘေးဒဏ်ကြီးကာလတွင်ကျွန်ုပ်တို့ကိုကယ်တင်နိုင်သောသူသည် ယေရှုခရစ်နှင့်ခမည်းတော်ဘုရားသာဖြစ်သည်။ ယခုသန့် ရှင်းသောဝိညာဉ် တော်သည်ကျွန်ုပ်တို့၏နှလုံးသားထဲတွင်သွန်းလောင်မည်ဖြစ်သည်။ ကျွန်ုပ် တို့သည် ခရစ်တော်ကိုယုံကြည်ပြီး သူ့အတွက် အသေခံခဲ့သည်။ သေခြင်းမှ ရှင်ပြန်ထမြောက်၍ ချီဆောင်ခြင်းခံပြီးမှ ကောင်းကင်ဘုံ၌ အသက်ရှင်မည် ဖြစ်သည်ကို ယုံကြည်ပါသည်။
မြင်းမွဲခတ်ကာလတွင် ပျက်စီးခြင်းအရာသည် ကျွန်ုပ်ထံတွင်နီး ကပ်လာခဲ့သည်။ မြင်းနက်ခေတ်ကာလသည် လျင်မြန်စွာသွား နေဆဲဖြစ် သည်။ ဤခေတ်ကာလနောက် မြင်းမွဲခတ်ကာလရောက်ရှိ လာမည်ဖြစ် သည်။ ထိုမှတစ်ဆင့် ဤလောကသည် ခုနှစ်နှစ်ဘေး ဒဏ်ကြီးကာလသို့ ဝင်စားလာမည်ဖြစ်သည်။ဤအရာသည်ဘုရားသခင်၏ အကြံအစည်တော် ဖြစ်သည့်အတွက်တိကျစွာခုနှစ်နှစ်ဘေးဒဏ်ကြီးပြည့်စုံလာမည်ဖြစ်သည်။ 
ဘေးဒဏ်ကြီးကာလ စတင်ခဲ့ပြီးဖြစ်သည်ကို ကျွန်ုပ်တို့ယူ ဆကြ ပါစို့။ ဤလောက၏မြက်ပင်နှင့် သစ်ပင်များမီးလောင်ကြပြီး ကောင်းကင် သည်မီးခိုးနှင့်ပြည့်၍နေသည်မှောင်မိုက်လာပြီးနေရာတိုင်းတွင်မြောက်များ စွာသောလူများသေခဲ့သည်။ကျွန်ုပ်တို့ကိုလိုက်လံရှာဖွေနေသောသူ၏ အသံ ကို ကြားခဲ့ရသည်။ ကျွန်ုပ်တို့သည် မည်သူကို ကိုးစားကြမည်နည်း။ ကျွန်ုပ် တို့ကို အပြစ်ထဲမှ ကယ်တင်သောသူ၊ အန္တိခရစ်၏ စကားကို နားမခံရန် သတိပေးထားသောသူ၊ ကောင်းကင်နှင့်မြေကြီးသစ်သို့ ခေါ်ဆောင်ခဲ့မည့် သူဘုရားသခင်ကို ကိုးစားကြမည်မဟုတ်လော။ ဘုရားသခင်ကို ကိုးစား မည်ဖြစ်သည်။ဘုရားသခင်သည်သာကျွန်ုပ်တို့၏မျှောင်လင့်ချက်ဖြစ်သည်။ ဘုရား သခင်မှအပ ကျွန်ုပ်တို့ကို ကယ်တင်နိုင်မည့်သူမရှိပေ။ 
ဤဂြိုဟ်ကို ကြယ်တစ်ခွင်များက တိုက်လာသောအခါ ဤ ကမ္ဘာ ပေါ်တွင် ပျက်စီးခြင်းများရောက်ရှိလာပြီး တစ်ကမ္ဘာလုံးပျက် စီးမည်ဖြစ် သည်။ဘုရားသခင်သည် ပထမဖန်ဆင်းထားသောအရာအားလုံးသည်ပျက် စီးသွားမည်ဖြစ်သည်။ ထိုအခြေအနေသို့ ရောက်သောအခါ ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည်မည်သူ့ထံသို့ တားနိုင်မည်နည်း။ ကျွန်ုပ်တို့သည် ဘုရား သခင်ကိုသာကြည့်ရှုပြီးအကူအညီတောင်းလျှောက်နိုင်ခဲ့သည်။ဘုရားသခင် မှ တစ်ပါး ကျွန်ုပ်တို့ကို ကယ်တင်နိုင်သောသူမရှိပါ။
ကျွန်ုပ်တို့သည်ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် ကယ်တင်ရသောကြောင့် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းခဲ့သည။ သို့သော် ဘေးဒဏ်ကြီးကာလရောက်ရှိသောအခါ ကြောက် မက်ဖွယ်ကောင်းသောခက်ခဲမှုများထဲမှ ကျွန်ုပ်တို့ကို ကယ်တင်သော ကြောင့် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းမည်ဖြစ်သည်။ အန္တိခရစ်၏ လက်ထဲမှ ကယ်တင်နိုင်မည့်သူသည် ဘုရားသခင်သာဖြစ်ပါသည်။ ဘုရား သခင်မှ တစ်ပါး ကယ်တင်မည့်သူမရှိပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ခက်ခဲမှုများကိုအောင်မြင်နိုင်ပြီး အနှစ် တစ်ထောင် ကောင်းကင်ဘုံ၌အသက်ရှင်ခွင့်ရရှိပြီးကောင်းကင်နှင့်မြေကြီးသစ်တွင်ပျော် ရွှင်စွာ ထာဝရအသက်ရှင်မည်ဖြစ်သည်။ 
အန္တီခရစ်ရောက်လာသောအခါ ဤရုပ်ထုရှေ့မှာဒူး ထောက်လျှက် ယေရှုသည်ဘုရားမဟုတ်။သင်သည်သာ ကယ်တင် မည့်သူဘုရားဖြစ်သည် ဟု ကျွန်ုပ်တို့ကို အတင်းဆွဲခံရမည်။ အန္တီခရစ်က ကျွန်ုပ်တို့ကို ပေးဆောင် ရသောအခါ အသစ်တဖန်မွေးဖွားခြင်းခံရသောသူသည် သူ၏ရှေ့မှောက် တွင် ဒူးထောက်လျှက် ကိုးကွယ်ကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အန္တီခရစ်က ကျွန်ုပ်တို့ကိုသတ်ဖို့ သူ၏နောက်လိုက်များဖြစ်ရန်အတွက်သာ သူ၏အမှတ်လက္ခဏာကို ရရှိဖို့ သွေးဆောင်ခဲ့ခြင်းဖြစ်သည်။ 
နောက်ဆုံးသောအချိန်တွင်အန္တီခရစ်သည် ဘုရားဖြစ်လာမည်ဟု သူကိုယ်တိုင် ဖော်ပြမည်ဖြစ်သည်။ အန္တီခရစ်ကိုယ်တိုင်က သူ့ကိုဘုရားအ ဖြစ် ကိုးကွယ်ရန်လူသားများကို လှည့်ဖြားသောအချိန်သည် နီးကပ်လာခဲ့ပါ သည်။ ယခုအချိန်သည် သဘာဝပြသနာမရှိ၊ လှပငြိမ်သက်စွာဖြင်နေခဲ့လျှင် တချို့သောသူသည် လောကသစ်ဖွင့်ခဲ့သည်ဟု ထင်မှတ်နိုင်ခဲ့သည်။ သို့ သော်တောတောင်များကို မီးလောင်ခြင်း၊ အလင်းမရှိခြင်း၊ လောကမှောင် လာခြင်း ပစ္စည်းအညစ်အကြေးများကိုလမ်းပေါ်သို့ ပြန့်ကျဲစုထားခြင်းရှိ လျှင် လူတိုင်းက အန္တီခရစ်၏စကားကို နားထောင်ပြီးသူ၏ရုပ်ကို ကိုးကွယ် ကြမည်။ သို့သော် ကယ်တင်ခြင်းရရှိသောယုံကြည်သူများက ထိုနေ့ရက်ကို သိရှိမည်ဖြစ်သည်။ 
သန့်ရှင်းသောဝိညာဉ်တော်ကလည်း ကျွန်ုပ်တို့ကိုသွန်း သင်ခဲ့ပါ သည်။ ခိုင်မာသောနှလုံးသားကျွန်ုပ်ကိုသတ်ပါ။ ကျွန်ုပ်သေခဲ့သော် ဘုရား သခင်ကပြန်လည်ရှင်သန်ထမြောက်မည်ဖြစ်သည်ဟု ပြောဆိုနိုင်သောနှ လုံးသားကိုဝိညာဉ်တော်ကပေးခဲ့သည်။ကျွန်ုပ်တို့ဘုရားသခင်သည် သုံးရက် မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်သကဲ့သို့ ကျွန်ုပ်တို့သည် လည်း ပြန်လည်အသက်ရှင်ရမည်။ ထိုနောက် ဘုရားသခင်က ကျွန်ုပ်တို့ကို ဦးဆောင်ရမည် ဖြစ်သည်။
ဖြောင့်မတ်သူတို့သည် အန္တီခရစ်ကို အရှုံးပေးမည်မဟုတ်။ ဘုရား သခင်သည် ပထမကမ္ဘာကိုပျက်စီးပြီးဖြောင့်မတ်သူအတွက် အနှစ်တစ် ထောင်ကောင်းကင်ကို တည်ထောင်မည်ဟူသော ဘုရားသခင်၏ ကတိ တော်ကို ကြားနာသောသူ၊ အန္တီခရစ်ကို အလျှော့မပေးသောသူ၊ အသစ်တစ် ဖန်မွေးဖွားခြင်းခံရသူတို့၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ သွန်းလောင်မှုရှိသောကြောင့် အရာခပ်သိမ်းကို သိရှိနာလည်းလာမည်ဖြစ် သည်။သို့သော် သန့်ရှင်းသောဝိညာဉ်တော် မရရှိသောသူသည်ကာ သူတို့၏ အသက်ဆုံးရှုံးမည်ကို စိုးရိမ်ကြပြီး စာတန်ကို အရှုံးပေးမည်ဖြစ်သည်။ လူတိုင်းသည် သေခြင်းကို ကြောက်ကြပြီး သေခြင်း၏ကျေးကျွန်ဖြစ်လာ သောအခါအသစ်တဖန်မွေးဖွားခြင်းရသောသူကိုသာ သေခြင်း၏ စိုးရိမ်မှုထဲ က လွတ်မြောက်မည်ဖြစ်သည်။ ဖြောင့်မတ်သောသူတို့သည် မာတုရခံပြီး၊ နေကဲ့သို့တောက်ပမည်ဖြစ်သည်။ 
အသစ်တစ်ဖန်မွေးဖွားခြင်းခံရသူသည် ကိုယ်ခန္ဓာအသစ်နှင့် ရှင် ပြန်ထမြောက်မည်ဖြစ်သည်ကို မျှော်လင့်သောကြောင့်သေခြင်းကို မ ကြောက်ဘဲအသက်ကိုစတေးရဲကြသည်။ ဤအရာကြောင့် သန့် ရှင်းသော ဝိညာဉ်တော် ရရှိသောသူသည် သေခြင်းတရားကိုမကြောက်ဘဲ အန္တီခရစ် ကို ဆန့်ကျင်ပြီးမှအောင်မြင်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏တံဆိပ် ခပ် ခြင်းခံရသူသည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်စကားပြောပြီး၊သူတို့၏ ရန်သူများကသူတို့စကားကိုတုန့်ပြန်နိုင်မည်မဟုတ်ပါ။သူတို့သည်ဘုရားသ ခင် ၏ နှုတ်ကပတ်တော်ကို ယုံကြည်ခဲ့သည်။ 
မည်ကဲ့သို့သင်ကိုယ်တိုင် ဘုရားဟုခေါ်နိုင်သနည်း။ သင်သည် ကောင်ကင်းမှနှင်ထုတ်ခြင်းခံပြီးမကြာခင်ဤလောက၌လည်းနှင်ထုတ်ခြင်း ခံရမည်။ သင်၏နေ့ရက်များသည် ကန့်သတ်ထားသည်ဟု သူတော်စင်များ ကဖော်ပြသည့်အတိုင်းအန္တီခရစ်သည်ပျက်စီးလာမည်ဖြစ်သည်။ လူအနည်း ငယ်သာမဟုတ်ဘဲ မရေတွတ်နိုင်အောင် လူအပေါင်းတို့သည် ခန္တီခရစ်ကို ဆန့်ကျင်ကြမည်ဖြစ်သည်။ ခန္တီခရစ်သည် ထိုသူတို့အားလုံးကို သတ်ဖျက် မည်ဖြစ်သည်။ထိုအချိန်တွင်သူတော်စင်များသည်ခန္တီခရစ်ကို အရှုံးမပေးဘဲ သေခြင်းကိုသာရွေးချယ်ကြရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော် ပြော ထားသည့်အတိုင်း “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသူငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း” ဟု ဖော်ပြခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ထံမှ လာတော်မူသော ကျွန်ုပ်တို့ ၏ ယုံကြည်ခြင်းကြောင်း မျှော်လင့်ချက်နှင့် အသေခံရမည်ဖြစ်သည်။ 
တမန်တော်ဝတ္တုတွင် သက်သေပြထားသကဲ့သို့ ကျောက်ခဲပစ် ခြင်းခံရသော သတေဖန်သည် သေခါနီး၌ ကောင်းကင်ကိုစေ့ကြည့်ပြီး ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်းမြင်၏။ သေခါနီးဆဲဆဲဖြစ်သော်လည်း ယေရှုသည် သူ့ကို နှိပ်စက်သောသူများအတွက် ခွင့်လွတ်ရန် ဆုတောင်းပေးသကဲ့သို့ သန်တမန်သည်လည်း ကျောက်ခဲ့ဖြင့် ပစ်သောသူများအတွက် ခွင့်လွှတ် ခြင်းကို ဆုတောင်းပေးခဲ့သည်။ 
နောက်ဆုံးသောအချိန်များတွင်သန်တမန်ကဲ့သို့သောသူတော်စင် များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျှက် ယုံကြည်ခြင်း၌ ခိုင်မာ စွာရပ်တည်မည်ဖြစ်သည်။ယခုသူတို့၏ ယုံကြည်ခြင်းသည် အားနည်းသကဲ့ သို့ဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာသောသူ တို့၏ ယုံကြည်ခြင်းသည် နောက်ဆုံးသောအချိန်တွင် ယုံကြည်ခြင်းခိုင်မာ လာမည်ဖြစ်သည်။
“မကြောက်ပါနှင့်”ဟု ဗျာဒိတ်အခန်းကြီး (၆) တွင်ဖော်ပြထားသ ကဲ့သို့ဘုရားသခင်၏ ခွင့်ပြုခြင်းနှင့်သူ၏အကြံအစည်တော်မှသာ ခန္တီခရစ် ၏ဒုက္ခအလုံးစုံကို ဖြစ်ပျက်လာမည်ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမရှိပါ။
မာတုရသည်ကျွန်ုပ်တို့အသွေးအသား၏ခွန်အားဖြင့်ရောက် ရှိလာ မည်ဖြစ်မဟုတ်။မာတုရသည်ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသောဝိ ညာဉ်တော်၏တန်ခိုးအားဖြင့်သာဖြစ်ပျက်လာခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် မာတုရခံနိုင်မည်ဖြစ် သည်။ 
ဘုရားသခင်ချမှတ်ထားသောခေတ်ခုနှစ်ခေတ်ကာလတွင် ဘုရား သခင်က ကျွန်ုပ်တို့မာတုရကို ခွင့်ပြုခဲ့သည်ကို သိမှတ်ရန်လို အပ်ပါသည်။ ကျွန်ုပ်တို့ခွန်အားဖြင့် မာတုရခံရခြင်းမဟုတ်ဘဲ ဘုရားသခင်က ကျွန်ုပ်တို့ အတွက်ကြံစည်ထားသည့်နေရာ၊ဘုရားသခင်၏အလိုတော်ကို ယုံကြည် ခြင်းအားဖြင့် မာတုရခံမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ကြပါစို့။ထိုမှသာနောက်ဆုံးသောအချိန်၌ကျွန်ုပ်တို့မာတုရကို ရင်ဆိုင်နိုင်ရန် ဘုရားသခင်ကအတိုင်းထက်လွန်သော ခွန်အားကို ပေးမည်ဖြစ်သည်။ 
နိုင်ငံတိုင်းတွင် အုပ်ချုပ်သူရှိခဲ့ကြသည်။ အသစ်တဖန်မွေးဖွား ခြင်းရှိသောသူသည် ဘုရားသခင်က အုပ်ချုပ်ပြီး အသစ်တဖန်မွေး ဖွားခြင်း မရှိသောသူကို စာတန်ကအုပ်ချုပ်မည်ဖြစ်သည်။ နောက်ဆုံး သောအချိန် တွင် ဘုရားသခင်အုပ်ချုပ်သော အသစ်တဖန်အုပ်ချုပ်ခြင်းရှိသောသူသည် ဘုရားသခင်ထံမှ ခွန်အားရရှိပြီး ဘေးဒုက္ခများစွာကို ရင်ဆိုင်ရမည်ဖြစ် သည်။ သို့သော်စာတန်အုပ်ချုပ်ခြင်းခံရသောသူတို့သည် စာတန်၏အုပ်ချုပ် မှုအောက်တွင်ရှိသောကြောင့် စာတန်၏အလိုတော်ကိုသာ လိုက်လျှောက် ရမည်ဖြစ်သည်။
အဘယ်သူ၏ခွန်အားသည်ပိုကြီးသနည်း။ကျွန်ုပ်တို့သည် ကောင်း ကြီးခံရသည် (သို့) ကျိန်ခြင်းခံရသည်ဖြစ်စေ ဘုရားသခင်နှင့် စာတန်ကြား တွင်မည်သည့်တန်ခိုးကြီးမားကြောင်း ကျွန်ုပ်တို့ယုံကြည်ခြင်းပေါ်၌ မူတည် မည်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်သည့်အတိုင်း နောက်ဆုံးသောအချိန်၌ တရားစီရင်ရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ထာ ဝရအသက်ရှင်ရမည်ဖြစ်သည်။ သို့သောစာတန်ကိုနောက်လိုက်သောသူတို့ သည်ငရဲမှကယ်နိုင်ခွင့်မရှိသောစာတန်နှင့်အတူ ငရဲသို့ပစ်ချမည်ဖြစ်သည်။ ဤအရာကြောင့် ဗျာဒိတ်အခန်းကြီး ၁-၇ အားဖြင့် ဘုရားသခင်က စကား ပြောခြင်းဖြစ်သည်။ 
ဗျာဒိတ်အခန်းကြီး (၈) မှစ၍ မြင်းမွဲခေတ်တွင် မည်သည့်အ ရာ ဖြစ်ပျက်မည်ကို အသေးစိတ်ရေးသားထားခဲ့သည်။ ပထမဆုံး ဤလောက တွင် ကပ်ဆိုးတံပိုးခုနှစ်လုံးရောက်ရှိလာမည်ဖြစ်သည်။ ဤ ကပ်ဆိုးတံပိုး ခုနှစ်လုံးတွင် ပထမတံပိုးသည် ဗျာ- ၈း၇ “ပထမသူသည် တံပိုးမှုတ်လိုက် သောအခါမိုးသီးဖြစ်၏။ သွေးနဲ့ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးပေါ် သို့ချလိုက်၍ မြေသုံးစုတစ်စု၊သစ်ပင်သုံးစုတစ်စု၊ စိမ်းသောမြက်ပင်ရှိသ မျှတို့ကို ကျွမ်းလောင်လေ၏။” ပထမကပ်ဆိုးတံပိုးတွင် သွေးနှင့်ရောနှော သောမီးသည် မြေကြီးပေါ်သို့ကျမည်ဖြစ်သည်။ ကြယ်များက ဂြိုလ်ကိုတစ် ခါတစ်ရံ တိုက်မိခဲ့သည်ဖြစ်၍ ဤအရာသည် လောကတွင် ပထမမီးကျ ရောက်ခြင်းဖြစ်မည်မဟုတ်။
ဤလောက တစ်ဝန်းလုံးကို ရုတ်တရက်ဖြစ်ပျက်စေသည့်ကပ် ဘေးကို မည်သူမျှမကြုံခဲ့သေးပါ။ သို့သော်မြင်းမွဲခေတ်ရောက်လာသော အခါ ကြီးမားသောကပ်ဘေးက ဤလောကတွင် ရောက်ရှိလာ မည်ဖြစ် သည်။ ဤအရာကသဘာဝအားလုံးကို ဖျက်ဆီးလာသောအခါ ဤလောက တွင် မီးသည် မိုးရွာသကဲ့သို့ကျရောက်လာပြီး သစ်ပင်သုံးစုတစ်စု၊ စိမ်းလန်း သောမြက်ပင်ရှိသမျှကို ကျွမ်းလောင်လာမည်ဖြစ်သည်။
ပထမကပ်ဆိုးတွင် တောတောင်များကျွမ်းလောင်ပြီးနောက် မီး လောင်သောတောင်ကြီးကို ပင်လယ်ထဲသို့ကျလိမ့်မည်ဖြစ်သည်ဟု ဘုရား သခင်၏နှုတ်ကပတ်တော်ကပြောထားပါသည်။ တတိယကပ်ဆိုးတွင် ဗျာ ဒိတ်- ၈း၁၀ “တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ မီး ခွက်ကဲ့သို့ထွန်းတောက်သောကြယ်ကြီးသည် ကောင်းကင်ကကျ၍ မြစ်သုံး စုတစ်စုသို့၎င်း၊စမ်းရေတွင်းသို့၎င်းရောက်၏။” တစ်နည်းအားဖြင့် ကြယ်က ဤကမ္ဘာကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မည်ဖြစ်သည်။ (DeepInpact) ဇာတ်လမ်းတွင် ပင်လယ်ထဲမှာ ကြယ်ကျပြီး ခက်ခဲမှုများစွာထွက်သကဲ့သို့ တတိယကပ်ဆိုးကလည်း ဘေးဒုက္ခသယ်ဆောင်လာမည်ဖြစ်သည်။ ထို ဇာတ် လမ်းကဲ့သို့ ရုတ်တရက်ဒုက္ခရောက်လာနိုင်မည်မဟုတ်သော်လည်း ဥက္ကာပျံများသည် ဤလောကတွင်ကျရောက်လာပြီး ခက်ခဲမှုများစွာကျ ရောက်လာမည်။ ဖြစ်သည်။ ထိုအရာက သတ္တဝါသုံးစုတစ်စုနှင့် သင်္ဘောသုံး စုတစ်စုလည်းဖျက်ဆီးလာမည်ဖြစ်သည်။ ထိုကဲ့သို့သော ဒုက္ခရောက်လာ သောအခါ မြင်းမွဲခေတ်ကာလရောက်လုနီးသည်ကို ကျွန်ုပ်တို့ သိရမည် ဖြစ်သည်။နောင်ကာလတွင်ကောင်းကင်မှမီးမိုးရွာလာပြီး တောတောင်များ လောင်ကျွမ်းမည်ကိုတီဗီ မှကြေညာသံများကို မြင်တွေ့လာသောအခါ နောက်ဆုံးသော အချိန်ရောက်ရှိလာတော့မည်ကို သင်သိရှိသင့်ပေသည်။ အစိုးရက၊ ကလေးမှသည်လူကြီးအရွယ်အဆုံးက စစ်တိုက်ရန်စုရုံး သော အခါ နောက်ဆုံးသော အချိန်စတင်နေသည်ကို သင်သိရှိသင့် သည်။ 
ရေနှင့်ဝိညဉ်တော်၏သတင်းကောင်းကိုယုံကြည်သောကျွန်ုပ် တို့သည် မျှော်လင့်နေသောကယ်တင်ခြင်းဖြင့် ထိုခက်ခဲမှုများမှ ကယ် လွှတ်လိမ့်မည်ဖြစ်သည်။ ခန္တီခရစ်ကကျွန်ုပ်တို့ကိုသက်ဖြတ် လာသောအခါ ကျွန်ုပ်တို့သည် လောက၏တန်ခိုးမရှိသကဲ့သို့ မာတုရ(အသေခံ) ရမည်ဖြစ် သည်။သို့သော်ကြီးမားသောပျော်ရွှင်မှုအားဖြင့်မာတုရခံကြရမည်ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဘေးဒဏ်ကြီးကာလတွင် မာတုရ (အ သေခံ)ရခြင်းကိုလက်ခံနိုင်သောသူတို့သည် ဘုရားရှင်ကရှင်ပြန်ထမြောက် စေမည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်သည် ကျွန်ုပ်တို့သိုးထိန်းဖြစ်ပြီး အသက်စမ်း ရေတွင်းရှိရာသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။
ဘုရားသခင်၏ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့သည် ဒုက္ခများရင် ဆိုင်ရမည်မဟုတ်တော့ပါ။ရေငတ်ခြင်းများလည်း ခံစားရတော့ မည်မဟုတ် ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်ရှောက်မည်ဖြစ်သည်။ နှုတ် ကပတ်တော်က ကျွန်ုပ်တို့၏မျက်ရည်ကို သုတ်ပေး၍ သူနှင့်အတူထာဝရ အသက် ရှင်ရမည်ဖြစ်သောကြောင့် ဘယ်သောအခါမျှ ဒုက္ခခံစားရတော့ မည်မဟုတ်ပါ။
 
 

နှုတ်ကပတ်တော်၏ ကတိထဲ၌ခိုင်မာစွာရပ်တည်ခြင်း

 
သမ္မာကျမ်းစာထဲ၌အသက်ရှင်သောအခါကျွန်ုပ်၏နှလုံးသားသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျှံပြီးဘုရားသခင်သည်သာခက်ခဲမှုများ ထဲကကယ်တင်နိုင်သူဖြစ်သည်ကို သိရှိလာခဲ့သည်။ “ယေရှုဘုရား၊ကြွလာ ပါ”ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်ပါ၏။ ကျွန်ုပ်၏ အပြစ်များထဲမှ ကယ်တင်ခဲ့သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဘေး ဒဏ်ကြီးကာလမှကယ်တင်မည်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ သူတော် စင်များကိုလည်းကယ်တင်ခဲ့မည်ကို ယုံကြည်ပါသည်။ ပလ္လင်တော်ပေါ် မှာထိုင်သောဘုရားသခင်နှင့်သိုးသူငယ်၏အထံတော်မှ ကျွန်ုပ်၏ကယ်တင် ခြင်းရှိသည်ကိုအကျွန်ုပ်ယုံကြည်ပြီးဘုရားသခင်သည်သင် ၏ကယ်တင် ခြင်းများလည်းရှိခဲ့သည်ဟု အကျွန်ုပ်ယုံကြည်သည်။ 
ဘေးဒဏ်ကြီးကာလရောက်ရှိသောအခါ ဤလောကသည် ဘေး ဒုက္ခများစွာနှင့် ပြည့်စုံလာမည်ဖြစ်သည်။ ထိုကဲ့သို့သောဒုက္ခ များရောက်ရှိ လာခဲ့သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို အပြစ်နွံထဲမှ ရွှေးနုတ်ကယ် တင်ခဲ့ပြီး သူ၏သားသမီးများအဖြစ် ရွှေးချယ်ခဲ့သောကြောင့် ထိုအခက် အခဲများစွာထဲမှလည်း ဘုရားသခင်က ကယ်တင်ခဲ့မည်ကို ကျွန်ုပ်ယုံကြည် ခဲ့သည်။ 
အသစ်တစ်ဖန်မွေးဖွားခြင်း မရရှိသောသူသည် ကျွန်ုပ်တို့ ထက် ဆိုးသောသူများဖြစ်ကြသည်။ ဘုရားသခင်ကိုမယုံကြည်ခြင်းသည်မည်ကဲ့ သို့သောစိတ်ညစ်ခြင်းအရာဖြစ်သနည်း။ တချို့သောသူသည် သူတို့၏ဘာ သာရေး၊ဗုဒ္ဒ(သို့)အစ္စလမ်တို့သည်သူတို့၏ယုံကြည်ခြင်းကို ဆုတ်ထားသော် လည်း မျှော်လင့်ခြင်းကိုတွေ့ရှိမည်မဟုတ်ပါ။ အချည်းနှီးဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်းကသာသူတို့ကို စောင့်နေမည်ဖြစ်သည်။ လူမြောက်များစွာ သည်ထိုကဲ့သို့သောစိတ်ပျက်ခြင်းနှင့်သူတို့၏အသက်ဝိညာဉ်ကို ကုန်ဆုံးစေ ကြသည်။ ကျွန်ုပ်တို့သည်လည်း ထိုလူများကဲ့သို့ အခက်အခဲများစွာ ကြုံ တွေ့ရမည်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့၏နှလုံးသားသည် ထိုသူတို့နှင့် ကွာ ခြားမှုများရှိသည်။ ရေနှင့်ဝိညဉ်တော်၏သတင်းကောင်းဖြင့် ဘုရားသခင် က ကျွန်ုပ်တို့ကိုသန့်ရှင်းစေသောကြောင့် သူတို့နှင့် ကွာခြားခြင်းဖြစ်သည်။
(ယော ၁း၁၂)တွင် “ထိုသူကို လက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏” ဟုဆိုထားသည်။ တစ်နည်းအားဖြင့် ဘုရားသခင် ကသူ၏သားတော်စေစေရန်အခွင့်ပေးပြီး “သင်တို့သည် ငါ၏သားသမီးများ ဖြစ်ကြသည်”ဟုမိန့်ကြားခဲ့သည်။ဤကြီးမားသောအခွင့်ကို ဘုရားသခင်က ပေးခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုယုံကြည်လာသောအခါ ကျွန်ုပ်တို့ ၏နှလုံးသားထဲတွင် အပြစ်များကျန်ရစ်ခဲ့သလား။ မကျန်ရစ်ခဲ့ပါ။ အပြစ် များနှင့်ဘုရားသခင်၏သား ဖြစ်ရသောအခွင့်ရနိုင်သလား။ ဘုရားသခင်၏ သားသမီးများက သမ္မာကျမ်းစာကိုလေ့လာမှုနည်းပါးပြီး မပြည့်စုံမှုများစွာရှိ ခဲ့လျှင် ဘုရားသခင်ကထိုသူတို့ကိုကြည့်ရှုတော့မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သလား။ ထိုအရာကို ဆိုလိုခြင်းမဟုတ်ပါ။ မိဘများက အသိဉာဏ်နည်း ပါးသောသားသမီးများကို ပို၍ခရုစိုက်သကဲ့သို့ အားနည်းသောသူများကို လည်း ဘုရားသခင်က ပို၍ခွန်အားပေးပြီး စောင့်ရှောက်မည်ဖြစ်သည်။ 
အန္တီခရစ်ရောက်ရှိလာသောအချိန်နှင့်အခက်အခဲများစွာရှိလာသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏သားသမီးကို ထိန်းသိမ်း စောင့်ရှောက်ပြီးရဲရင့်ခြင်း၊ မျှော်လင့်ခြင်း၊ယုံကြည်ခြင်းများကို ပေးမည်ဖြစ် သည်။ဘုရားသခင်သည်ရဲရင့်ခြင်းပေးမည်ဖြစ်သော ကြောင့်ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်းရှိမည်မဟုတ်။ကျွန်ုပ်တို့နှလုံး သားထဲတွင်ကြောက်ရွံ့ခြင်းရှိ တော့မည်မဟုတ်။ လူတို့သည် မိမိတို့ပတ်ဝန်းကျင်၏ဖြစ်ပျက်သော အရာ များကိုရှောင်နိုင်ခဲ့သော်လည်းသူတို့၏နှလုံးသားထဲတွင် ကြောက်ရွံ့ခြင်းကို မရှောင်နိုင်ခဲ့ပါ။ အိပ်ခန်း၊ မြေတိုက်တွင် သူတို့ထွက်ပြေးနိုင်သော်လည်း သူတို့နှလုံးသားထဲတွင်ရှိနေသောကြောက်ရွံ့ခြင်းကို မဖုံးကွယ်နိုင်ခဲ့ပါ။ 
သူတော်စင်များ၏နှလုံးသားသည် ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရင့် ခြင်းသာရှိကြသည်။ ရဲရင့်စွာဖြင့် ထိုသူတို့သည် သူတို့၏မာတုရကို ခံယူနိုင် ပြီး “ယခုအချိန်အခါသည် ဘုရားသခငြွ်ကဆင်းလာသောအချိန်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမကြာခင်ခေါ်ဆောင်သွားမည်” ဟု ပြောကြ သည်။ ထိုကြောင့် ချီဆောင်ခြင်းသည် မြေကြီးသုံးစုတစ်စု မီးလောင်းလာ သောအခါ ဖြစ်ပျာက်လာမည်ဖြစ်သည်။ သို့သော် ဘေဒဏ်ကြီးကာလ၏ အဆိုးပိုင်းမရောက်ခင်အချိန်တွင် ဘုရားသခင်က သူတော်စင်များကိုချီ ဆောင်သွားမည်ဖြစ်သည်။ 
ဘုရားသခင်သည်သင့်အတွက်ကပ်ကြီးခုနှစ်ခေတ်ထားခဲ့သည်ကို ယုံကြည်ပါသလား။ ဘုရားသခင်က ထိုကပ်ကြီးခုနှစ်ခေတ် ထားခဲ့သည်ကို ဗျာဒိတ်အခန်းကြီး (၆) တွင် ဖော်ပြထားပါသည်။ နှုတ်ကပတ်တော်ထဲတွင် ရေးထားသည့်အတိုင်အရာအားလုံးကို ဘုရားသခင်က ပြည့်စုံစေမည်ဖြစ် သည်။ ထို့ကြောင့် အပြစ်ခွင့်လွှတ် ခြင်းရရှိသောသူတို့သည် ကြီးမားသော ကောင်းကြီးမင်္ဂလာခံစားပြီး၊ သတင်းကောင်းကို မယုံကြည်သောသူတို့ သည် ငရဲသို့သွားမည်ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခများ ရောက်ရှိလာမည်ကို ဘုရားသခင်ကဖော်ပြထားသည်။ ထိုဒုက္ခများရောက် ရှိလာသောခါ အသစ်တဖန်မွေးဖွားခြင်းမရသောသူတို့သည် ထာဝရငရဲ မီး အိုင်သို့ပစ်ချခံရမည်ဖြစ်သည်။ ယခုဘုရားသခင်က ဤလောကတွင် ကျွန်ုပ် တို့ကို ထားရှိခဲ့သည်။ 
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကဘုရားသခင်သည်လူ့ ဇာတိ ဖြင့်် ဤလောကသို့ကြွဆင်းခဲ့သည်။ ကျွန်ုပ်တို့အတွက် ဗတ္တိဇံခံပြီးကား တိုင်ပေါ်တွင် အသေခံခဲ့ပြီ ကျွန်ုပ်တို့ကို ကယ်တင် ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရပြီးဘုရားသခင်၏ ကောင်းကြီး များကိုလည်း ရရှိခဲ့ကြသည်။ ထိုအရာသည် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ ပြီး ကျွန်ုပ်တို့အပြစ်အားလုံးကို သူ့အပေါ်ယူဆောင်သွားပြီ ကျွန်ုပ်တို့ကိုးစား တရားစီရင်ခြင်းခံခဲ့သည်။ ဤအရာကို ယုံကြည်ခြင်းအားဖြင့် ထာဝရအ သက်ကိုရရှိပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ဝတ်ဆင်ခဲ့ကြသည်။ ဤအ ရာကို ယုံကြည်သောကြောင့် သင်သည် ဘုရားသခင်၏သားသမီးဖြစ်ခွင့်ရ ရှိသည်။ ဘုရားသခင်၏သားသမီးများဖြစ်သောကြောင့် ဘေးဒဏ်ကြီး ရောက်ရှိလာသောအခါ ဘုရားသခင်ကကျွန်ုပ်တို့ကို ကွယ်ကာစောင့်ထိန်း မည်ဖြစ်သည်။ 
ထိုအချိန်ရောက်ရှိလာသောအခါဘုရားသခင်၏သားသမီး များနှင့် စာတန်၏ သားသမီးများသည် ရှင်းလင်းစွာခွဲခြားမည်ဖြစ်သည်။ ဘေးဒဏ် ကြီးကာလတွင် ကျွန်ုပ်တို့သည် မာတုရခံလျက်ရှင်ပြန်ထမြောက်ပြီး ဘုရား သခင်ရှေ့တွင် ခေါ်ဆောင်သွားမည်ဖြစ်သည်။ လူတစ်ဦးသည် ယုံကြည် သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဘုရားသခင်က ထိုအရာအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်။ 
ဗျာဒိတ်ကျမ်း (၇း၁) “ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များ တို့၌လေမလာစေခြင်ငှါ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေး မျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏ ယခုအချိန်တွင် မတိုက်ခတ်စေရန် ဘုရားသခင်က ထိုလေများကို စုပ်ကိုင် ထားသည်။ ဘုရားသခင်၏ခွင့်ပြုမှသာ ထိုလေများကို အရပ်လေးမျက်နှာမှ တိုက်ခတ်လာမည်ဖြစ်သည်။ဘုရားသခင်က ခွင့်ပြုလာသောအခါ ဘုရားသ ခင်၏ကောင်းကင်တမန်များက ထိုလေများကို ခွင့်ပြုပြီး မြင်းမွဲခေတ်ကာ ရောက်ရှိလာမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလ၏လေတိုက်ခတ်လာ သောအခါ ဤလောကတစ်ခုလုံးသည် သဘာဝဘေးအန္တာရာယ်၊ စစ်တိုက် မူများရောက်ရှိလာမည်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ထိုလေကို ငြိမ်သက်စေရန်ထိန်းချုပ်ခဲ့သည်။ 
မြေကြီးပေါ်တွင်ရှိနေသော နိုင်ငံတိုင်းက မိမိတို့နိုင်ငံတွင်ရှိ သော စစ်တပ်များကို ပို၍များပြား၊ တိုးတက်စေခြင်းကြသည်။ သူတို့တွင်တန်ခိုး အာဏာရရှိလာသောအခါ GNP၏တစ်ရာတွင် သုံးဆယ်ရာခိုင်နှုန်းတွင်စစ် နှင့် ဆိုင်သောအရာများဆီသို့ မြှုပ်နှံမည်ဖြစ်သည်။ ယခုတွင်လည်း များစွာ သော ပစ္စည်းဥစ္စာများကိုစစ်နှင့်ဆိုင်သောအရာများသို့ အသုံးပြုခဲ့ကြသည်။ ငွေရေးကြေးရေးတိုးတက်လာသောအခါတိုင်း စစ်နှင့်ဆိုင်သောအရာများ အတွက် အသုံးပြုခဲ့ကြသည်။ 
အမေရိကန်နိုင်ငံကလည်း “Star War Plan”အတွက် ဒုံးပျံဖန် တီးခဲ့သည်။ဤအရာများကိုအောင်မြင်ပြည့်စုံလာသောအခါ ဤလောက တွင်သာစစ်တိုက်ခြင်းမဟုတ်ဘဲ အာကာသတွင်လည်းဖြစ် ပျက်မည်ဖြစ် သည်။စစ်သားများကဂြိုလ်တုကိုဖောက်ခွဲသောအခါ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်လာမည်ဖြစ်သည်။ “ထိုအာကာသတွင်ရှိသော စစ်လက်နက်များ ကို ပထမဆုံးမည်သူက ဖန်တီးခဲ့သနည်း”ဟု မေးရန်မေးခွန်းများရှိနိုင်ခဲ့ သည်။ ထိုကဲ့သို့တိုးတက်မှု များကို ကြည့်ရှုပြီးထိုကဲ့သို့သော ခက်ခဲမှုများကို ဤလောကတွင် ဘုရားသခင်ကရောက်ရှိစေမည်ဟု သင်ခံစားနေမည်။ ဤအရာအားလုံးကိုဘုရားသခင်ခွင့်ပြုမှသာဖြစ်ပျက်နိုင်မည်ဖြစ်သည်။ ဤ လောကတွင် မည်ကဲ့သို့ခက်ခဲနေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ ၏သိုးထိန်းဖြစ်ပြီး အသက်စမ်းရေစီးသော နေရာတွင် ပို့ဆောင်ပြီး ကျွန်ုပ် တို့၏မျက်ရည်ကိုသုတ်ပေးမည်ဖြစ်သည်ကို ယုံကြည်ခဲ့သည်။ ဤအရာ ကြောင့် ကယ်တင်သော သူတို့သည် ကောင်း ကြီးခံစားရသူများဖြစ်သည်။ 
ယေရှုကို သင်ယုံကြည်သောအခါ သင်၏ထင်မြင်ယူဆချက်ဖြင့် ယုံကြည်၍ မရပါ။ စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြစ်သည်။
ဗျာဒိတ် (၇း၁၄) တွင် “ငါက သခင်ကိုယ်တော်သိပါ၏ဟု ပြန် လျှောက်၏။သူကလည်းဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခထဲက ထွက် မြောက်၍ မိမိတို့ဝတ်လုံကိုသိုးသူငယ်၏အသွေး၌ လျှော်၍ဖြူစေသောသူ ဖြစ်ကြသတည်း”ဟု ဆိုထားသည်။ “မိမိတို့ဝတ်လုံကို သတင်းဟူသောအ ရာသည် ဘုရားသခင်အထဲ၌သူတို့၏ယုံကြည်ခြင်းအတွက် မာတုရခံရ သည်ကို ဆိုလိုခြင်းဖြစ်သည်။ဤကျမ်းပိုဒ်ကို ဂရုစိုက်စွာဖြင့် လေ့လာရမည် ဖြစ်သည်။ ဤအရာကကားတိုင်တော်၏ သွေးတော်တစ်ခုကို ယုံကြည် ခြင်းအားဖြင့်သာ ကယ်တင်ခဲ့သည်ကို ဆိုလိုခြင်းမဟုတ်ပေ။
သန့်ရှင်းသော ဝိညဉ်တော် သွန်းလောင်းခြင်းကို မရရှိသောသူ သည် ဘုရားသခင်၏သားသမီးများမဖြစ်နိုင်မည်ကို သင်သိရှိရန်လို အပ် ပါသည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မယုံကြည်သောသူတို့ သည် သတင်းကောင်းကို မယုံကြည်သောသူဖြစ်သည်။ ရေနှင့် ဝိညာဉ် တော်၏သတင်းကောင်းကိုယုံကြည်သောသူ၌သာ မာတုရခံနိုင်လျှက် ဘေး ဒဏ်ကြီးကာလအောင်မြင်ပြီး ဘုရားသခင်၏ဘုန်းတော်ပေးနိုင်မည် ဖြစ် သည်။
ကျွန်ုပ်တို့သည်ဘုရားသခင်ကိုယုံကြည်သောကြောင့်အခက်ခဲများစွာကြုံတွေ့သောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းများ ပျောက်သွားမည်မ ဟုတ်တော့ပါ။ ထို့နောက်စာတန်ကိုအရှုံးမပေးဘဲ ဘုရားသခင်ပေးထား သော ခွန်အားနှင့်မာတုရခံရမည်ဖြစ်သည်။ ထိုမှသာဘုရားသခင်က ရှင်ပြန် ထမြောက်မည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သိုးထိန်းရှင်ဖြစ် ပြီး ကျွန်ုပ်တို့၏မျက်ရည်ကိုသုတ်ပေးပြီး ကျွန်ုပ်တို့အားဘယ်တော့မှ ရေ ငတ်ခြင်းများ၊ ခက်ခဲမှုများကြုံတွေ့ရတော့မည်မဟုတ်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် ဘေးဒဏ်ကြီးကာလကိုကြုံတွေ့ခဲ့ရပြီးသကဲ့သို့ ဘုရားသခင်က ခက်ခဲမှုကို ထာဝရထုတ်ပယ်မည်ဖြစ်သောကြောင့် ဖြစ် သည်။ ဤအရာသည် အံ့သြဖွယ်ကောင်းသော ဘုရားသခင်၏ကောင်းကင် ဘုံဖြစ်သည်။ အံ့သြဖွယ်ကောင်းသောနေရာဖြစ်သောကြောင့် လူများက ပရဒိသုဘုံ (သို့) ကောင်းကင်ဟုခေါ်ကြသည်။
ပရဒိသုဘုံသည် အမြဲတမ်းပျော်မွေ့နေရသော နေရာဖြစ်သည်။ ဗုဒ္ဒဘာသာတွင် ဗုဒ္ဒဘုရားဖြစ်လာမည့်သူများအတွက်သာ ဖြစ်သည်။ သို့ သော်အဘယ်သို့သော သူများသည် ဗုဒ္ဒဘုရားဖြစ်နိုင်သနည်း။ မဖြစ်နိုင်ခဲ့ ပါ။ “အရှင်သာရ”ကိုယ်တိုင်က သူသေအံ့ဆဲဆဲတွင် “ဤလောက၏ ထိတ် လန့်ကြောက်ရွံ့မှုများအားလုံးထဲမှ လွတ်မြောက်မှသာ ဘုရားဖြစ်နိုင်သည်” ဟုပြောခဲ့သည်။သို့သော် ထိတ်လန့်ကြောက်ရွံ့မှုများကိုအောင်ပြီး အပြစ်ထဲ မှလွတ်မြောက်ရန် လူသားတိုင်းအတွက် မဖြစ်နိုင်သောအရာဖြစ်သည်။ ထိုအရာထဲမှ လွတ်မြောက်၍ “ရှင်သာရ” (Siddhartha) ကိုယ်တိုင်က ဆုံးရှုံး သကဲ့သို့ တခြားသောသူများလည်းဆုံးရှုံးကြသည်။ (တမန်တော် ၄း၁၂) တွင် “ထိုသခင်၏နာမတော် မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုပေတရုသည် ထိုသူတို့အားမြွက်ဆို၏”ဟု ဆိုထားသည်။ ဘုရားသခင် အရာအားလုံးကို ဖန်ဆင်းသောယေရှုခရစ်ကသာကယ်တင်ခြင်းကိုပေးခဲ့သည်။သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကသခင်ယေရှုသည် ခက်ခဲမှုများထဲမှ ကျွန်ုပ်တို့ကို ကယ်တင်သော ဘုရားဖြစ်သည်ကို သွန်သင်ခဲ့သည်။ 
ကောင်းကင်သည်အံ့သြဖွယ်ကောင်းသောနေရာဖြစ်သည်။ ပျော် ရွှင်ခြင်းနှင့်ထိုနေရာတွင် ထာဝရပျော်ရွှင်စွာနေထိုင်ချင်သလား။ ထိုနေရာ တွင် ဘာမျှမလိုတော့ဘဲ ပြည့်စုံစွာနေချင်ပါသလား။ ထိုကဲ့သို့ သောနေရာ သို့ အသက်ရှင်ရန်ဘုရားသခင်ကကျွန်ုပ်တို့ကို ခေါ်မည်ဖြစ်သည်။ ထိုနေရာ သည် ကောင်းကင်ဖြစ်သည်။ ထိုနေရာတွင် မည်သည့်အခက်အခဲမျှရှိတော့ မည်မဟုတ်။ သင်သည်ဖျားနာခြင်း၊မျက်ရည်ကျခြင်း၊ဝမ်းနည်းခြင်းနှင့် ခက် ခဲခြင်းများရှိတော့မည်မဟုတ်ပေ။
ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တွင် ချိန်ဆွဲသော အခါ သူ့အနီးတွင်ရှိသောဓါးပြကိုယနေ့သင်သည် ကျွန်ုပ်နှင့်အတူ ပရဒိသုဘုံတွင် အတူဝင်စားမည်ဟုပြောခဲ့သည်။ ပရဒိသုဘုံ၏အဓိပ္ပာယ်မှာပျော်ရွှင်ခြင်း များနှင့်ပြည့်စုံသောဥယျာဉ်ဖြစ်သည်။ ထိုနေရာသည်ပျော်ရွှင်ခြင်း၊ ဝမ်း မြောက်ခြင်းနှင့်ပြည့်စုံသော နေရာဖြစ်သည်။ ဤလောကတွင် ဝမ်းမြောက် ခြင်း၊ပျော်ရွှင်ခြင်းများကိုကျွန်ုပ်တို့အားပေးသောအရာထပ် ကောင်းကင် ဘုံတွင် ပို၍ဝမ်းမြောက်ခြင်းများရှိမည်။ ထိုကောင်းကင်ဘုံပရဒိသုဘုံကို ယုံကြည်ပါ။ ဘုရားသခင်၏ကောင်းကင်ဘုံသည် ပြည့်စုံပြီးကောင်းမြတ် လှသည်။ ဤလောကသို့ကဲ့ မပြည့်စုံခြင်းများကို ထိုနေရာတွင်မရှိပါ။
ဘုရားသခင်သည်ဘုန်းတန်ခိုးနှင့်ပြည့်စုံသောကြောင့်ထိုကောင်း ကင်ဘုံကို ကျွန်ုပ်တို့အားပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားသည် ဘုန်း တန်ခိုးနှင့်ပြည့်စုံသောဘုရားဖြစ်သောကြောင့် သူ့လူများကို ကယ်တင်ပြီး မျက်ရည်ကျခြင်း၊ဒုက္ခဆင်းရဲခြင်းများကိုမကြုံတွေ့ရတော့ပေ။ အသက်စမ်း ရေ စီးသောမြစ်ရှိရာသို့ခေါ်ဆောင်သွားမည်ဖြစ်သည်။ ထာဝရဝမ်းမြောက် ခြင်း၊ ပျော်ရွှင်ခြင်းရှိသောနေရာတွင် ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဘုရား သခင်၏တန်းခိုတော်သည်ဘုန်းတန်ခိုး၏ပြည့်စုံသောကြောင့်ထိုအရာ အား လုံးဖြစ်နိုင်သည်ကို ကျွန်တော်ယုံကြည်ခဲ့သည်။
ကျွန်ုပ်တို့ကို ကယ်တင်သောဘုရားသခင်သည်တန်ခိုးနည်းသော သူဖြစ်လျှင်ကျွန်ုပ်တို့သည်လည်း တန်းခိုးရှိမည်မဟုတ်။ သို့သော် ကျွန်ုပ်တို့ ကို ကယ်တင်သောဘုရားသည်ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသောသူဖြစ် သည်။ သူ၏တန်းခိုးတော်ဖြင့်ကျွန်ုပ်တို့ကို ဖြောင့်မတ်ဝယ်ပြီး သူတော်စင် များအဖြစ်ခေါ်ခဲ့သည်။
ဤလောကတွင် ကျွန်ုပ်တို့သည်မည်ကဲ့သို့သော အခြေအနေဖြစ် နေပါစေအဓိကမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘုရား သခင်၏သားသမီးများဖြစ်ကြသည်။ ကျွန်ုပ်တို့အသက်တာသည် အသစ်တ ဖန်မွေးဖွားခြင်းမရရှိသော သူထက်ဆိုးရွားသောလည်း မြင်းမွဲခေတ်ကာလ ရောက်ရှိလာသောအခါ ဘုရားသခင်က ကျွန်ုပ်တို့ကိုခေါ်ပြီး ပရဒိသုဘုံတွင် ဝင်စားရမည်ဖြစ်သည်။ နေရာတွင် တန်းခိုးတော်နှင့်ပြည့်စုံပြီး ကောင်းကင် တမန်များကိုလည်း ကျွန်ုပ်တို့၏အစေခံများဖြစ်ကြမည်။ သူတော်စင်များ သည် ထာဝရဝမ်းမြောက်ပျော်ရွှင်ခြင်းများနှင့်အသက်ရှင်ရမည်။
သူတော်စင်များသည် ဘယ်သောအခါမျှ အသက်ဆုံးတော့ မည်မ ဟုတ်ပါ။ ထိုအရာကြောင့် ဘာသားရေတိုင်က ကောင်းကင်ဘုံ သို့ဝင်စားဖို့ ရန်နှင့် ထာဝရအသက်ရှင်ဖို့ရန်အတွက်ခံယူထားကြသည်။ ထိုကျေးဇူး တော်သည်ကျွန်ုပ်အတွက်သာမဟုတ်ဘဲသင့်အပေါ်တွင်လည်း ဘုရားသခင် က ပေးထားလျှက်ရှိသည်။
နောက်ဆုံးသောအချိန်တွင် ဘုရားသခင်က ဘေးဒုက္ခကို ရောက် စေပြီး နတ်ဆိုးကိုဆန့်ကျင်တိုက်ခိုက်ရန် ဘုရားသခင်က ကျွန်ုပ်တို့အား ခွန်အားပေးမည်ကို ကျွန်ုပ်ယုံကြည်ပါသည်။ ထိုနောက် ပျော်ရွှင်မှုနှင့် ထာ ဝရအသက်ရှင်ရန် ခေါ်ဆောင်သွားမည်ကိုလည်းယုံကြည်ပါသည်။
ဤအရာအားလုံးကို ဘုရားသခင်ကတိတော်ထားရှိခဲ့သော အရာ များဟုတ်ပါသလား။ ဟုတ်ပါသည်။ ဘုရားသခင်က (ယောယန် ၁၄း၁-၃) တွင် “တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်၊ ဘုရားသခင် ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော် ၌နေစရာအခန်းများရှိ၏ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အားငါ မပြောဘဲမနေ။ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါ သည် သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှတစ်ဖန်လာပြန်၍ ငါရှိ ရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထဲသို့သိမ်းဆည်းမည်” ဟုဆို ထားသည်။ ထိုအရာသည် ကျွန်ုပ်တို့ကိုဘုရားသခင်က ကတိတော်ပေးထား သောအရာဖြစ်သည်။ ဗျာဒိတ်ကျမ်း ၂၀ မှ ၂၂ တွင်ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည်ကျွန်ုပ်တို့အတွက်ဘုရားသခင်၏ဂတိတော် များဖြစ်သည်။
ဟာလေယုယာ။ကျွန်ုပ်ဝမ်းမြောက်ခြင်း၊ကျေးဇူးတော်အလုံးစုံကို ဘုရားသခင်ထံပေးအပ်ခဲ့ပါသည်။