Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 7-1] ဘေးဒဏ်ကြီးကာလတွင် အဘယ်သူ သည်ကယ်တင်ခြင်းခံရမည်နည်း (ဗျာဒိတ်ကျမ်း ၇း၁-၁၇)

ဘေးဒဏ်ကြီးကာလတွင် အဘယ်သူ သည်ကယ်တင်ခြင်းခံရမည်နည်း
( ဗျာဒိတ်ကျမ်း ၇း၁-၁၇ )
“ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌လေမလာ စေ ခြင်းငှါ၊ ကောင်းကင်တမန်လေးပါးတို့သည်လေ၏လေးမျက်နှာ လေတို့ကို ကိုင်၌၊ မြေလေးမျက်နှာ၌ရပ်နေသည်ကိုငါမြင်၏။အသက် ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက် နှာကတက်လာသည်ကိုငါမြင်၏။ သူသည် လည်းမြေနှင့်ပင်လယ်ကိုညှဉ်း ဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့်၍၊ ငါတို့ဘု ရားသခင်၏ကျွန်တို့ကို နဖူး၌ တံဆိပ်မခပ်မှီတိုင်အောင်၊ မြေ၊ပင်လယ်၊ သစ်ပင်တို့ကိုမညှဉ်းဆဲပါနှင့်ဟုကြီးသောအသံနှင့်ငိုကြွေးကြော်လေ၏။ တံ ဆိပ်ခပ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား၍ဣသရေလ အမျိုး တို့၌ အသီးအသီးသောမျိုးနွယ်ထဲက လူတစ်သိန်းလေးသောင်းတို့သည် တံ ဆိပ်ခပ်ခြင်း ကိုခံရကြ၏။
ယုဒအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ရုဗင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ဂဒ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊
အာရှာအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
နဿလိအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
မနာရှေအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊
လေဝိအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ဇာဗုလုန်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ယောသပ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊
ဗင်္ယာအမျိုးထဲက တစ်သောင်းနှစ်ထောင်၊
တို့သည်တံဆိပ်ခတ်ခြင်းကို ခံရကြ၏။
ထိုနောက်မှ ငါကြည့်လျှင် အသီးအသီး ဘာသာစကားကို ပြော သော လူမျိုးနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေ တွက်နိုင် သောလူအပါင်းတို့သည်ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကို ကိုင်လျက်၊ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့မှာရပ်နေ ကြ၏။သူတို့ကလည်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်း ဟုကြီးသောအသံနှင့် ငိုကြွေးကြော်ကြ၏။ ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့်သတ္တဝါ လေးပါး၏ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်ရှေ့မှာပြပ်ဝပ်၍ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ငါတို့ ၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာ နှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊တန်ခိုး၊ အစွမ်းသတ္တိရှိတော် မူစေသတည်း။ အာမင်ဟုပြောဆိုကြ၏။ အသက်ကြီးသူတစ်ပါးကလည်း ဖြူသောဝတ်လုံကိုဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ် အရပ်ကလာကြသနည်းဟု ငါ့အားမေးမြန်းလျှင်၊ငါက၊သခင်၊ ကိုယ်တော် သိပါ၏ဟုပြန်လျှေက်၏။ သူကလည်း၊ ဤသူတို့သည်ကြီး စွာသောဆင်း ရဲဒုက္ခအထဲက ထွက်မြောက်၍မိမိတို့ဝတ်လုံကို သိုးသူငယ်၏အသွေးဖြင့် လျှော်၍ဖြူစေသောသူ ဖြစ်ကြသတည်း။ ထိုကြောင့်ဘုရားသခင်၏ပလ္လင် တော် ရှေ့မှာနေရာကိုရ၍ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညဉ့်မပြတ်ပြုရ ကြ၏။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည် သူတို့တွင် ကိန်းဝပ် တော်မူမည်။ သူတို့သည် နောက်တစ်ဖန် ရေနှင့်အစာကို မငတ်မွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှမခံရကြ။ အကြောင်းမူ ကား၊ ပလ္လင်တော်အတွင်း၌ရှိသော သိုးသူငယ်သည် သူတို့ကို လုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့ မျက်စိ၌မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်ဟုဆိုလေ၏။”
 
 

အဖွင့်ဠီကာ

 
အခန်းငယ် (၁) “ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌လေမ လာစေခြင်းငှါ၊ ကောင်းကင်တမန်လေးပါးတို့သည် လေ၏လေးမျက်နှာ လေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ရပ်နေသည်ကို ငါမြင်၏။”
ဆင်းရဲဒုက္ခများသည် မလာသည်ဖြစ်စေ၊ လာသည်ဖြစ်စေ ဘုရားသခင်၏ခွင့်ပြုချက်ပေါ်တွင်မှုတည်သည်ကို ဤကျမ်းချက်က ဖော်ပြထားခဲ့သည်။ ဤလောကမှာ ဘေးဒဏ်ကြီးကာလမရောက်မှီ ဣသရေလလူမျိုးများထဲက ၁၄၄၀ဝ၀ သည် ကယ်တင်ဖို့ဘုရားသခင် ဆုံးဖြတ်ခဲ့ပါသည်။
 
အခန်းငယ် (၂-၃) “အသက် ရှင်တော်မူသောဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည်အရှေ့မျက်နှာက တက်လာသည်ကိုငါမြင် ၏။သူသည် လည်းမြေနှင့်ပင်လယ်ကိုညှဉ်းဆဲရသောအခွင့်ရှိသော ကောင်း ကင်တ မန်လေးပါးကိုအသံလွှင့်၍၊ ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခပ်မှီတိုင်အောင်၊ မြေ၊ပင်လယ်၊ သစ်ပင်တို့ကိုမညှဉ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။”
ဤနေရာတွင် ဣသရေလလူမျိုး ၁၄၄၀ဝ၀ တို့ကိုတံဆိပ်မခတ် မချင်း ဤလောကမပျက်စီးခဲ့သည်ကို ဘုရားသခင်က မြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်တံဆိပ်ပါသောကောင်းကင်တမန်လေးပါးတို့ကိုမိန့်မှာ ထားခဲ့သည်။ တနည်းအားဖြင့်ပြောလျှင် ဣသရေလလူမျိုးတစ်ဦးစီထဲက ၁၂၀ဝ၀ရွေးချယ်ခံရသောသူတို့သည်ဘုရားသခင်၏တံဆိပ်ကို သူတို့၏နဖူး တွင်မခတ်မချင်း ဤလောကကိုမဖျက်ဆီးနိုင်ရန် ဘုရားသခင်က ကောင်း ကင်တမန်လေးပါးတို့ကိုပြောခဲ့ပါသည်။ ဤအရာသည် ဣသရေလလူမျိုး များအပေါ် ဘုရားသခင်အထူးဂရုစိုက်ခြင်းကိုပြသခဲ့သည်။ 
 
အခန်းငယ် (၄)“တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား၍ ဣသရေလအမျိုးတို့၌ အသီးသီးသောအမျိုးနွယ်ထဲက လူတစ်သိန်းလေး သောင်းတို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။”
ဘုရားသခင်တံဆိပ်ခတ်ခြင်းကိုခံရသောသူများသည်ဘုရားသခင် ၏ကယ်တင်ခြင်းကောင်းကြှီးကိုရရှိပြီး ဘေးဒဏ်ကြီးကာလတွင်လည်း ဘု ရားသခင်က သူတို့ကို စောင့်ရှောက်မည်ဖြစ်သည်။
 
အခန်းငယ် (၅-၉) “ယုဒအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲ က တစ်သောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ အာရှာ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တစ်သောင်းနှစ် ထောင်၊ မနာရှေအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဣသ ခါအမျိုးထဲကတစ်သောင်းနှစ်ထောင်၊ ဇာဗုလုန်အမျိုးထဲက တစ်သောင်းနှစ် ထောင်၊ ယောသပ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဗင်္ယာအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ တို့သည်တံဆိပ်ခတ်ခြင်းကို ခံရကြ၏။ ထိုနောက် မှ ငါကြည့်လျှင် အသီးအသီး ဘာသာစကားကို ပြောသော လူမျိုးနွယ် ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူအပါင်းတို့ သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင် တော်ရှေ့သိုးသူငယ်ရှေ့မှာရပ်နေကြ၏။”
ဣသရေလလူမျိုးတစ်စုတန်းထဲတွင် ၁၂၀ဝ၀ တံဆိပ်ခတ်ခံ ရ သောလူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိကြမည် ဖြစ်သည်။ ဘုရားသခင်သည်ဣသရေလလူမျိုးထဲတွင် တံဆိပ်ခတ်ခံရသော ၁၄၄၀ဝ၀ တို့သည် ဘုရားသခင်က ကယ်တင်ခြင်းပေးပြီး သူ၏ကောင်းကြီးကိူ ထို သူတို့အပေါ်တွင် နှင်းအပ်မည်ဖြစ်သည်ကို ဤကျမ်းပိုဒ်ကဖော်ပြထားခြင်း ဖြစ်သည်။
ဘုရားသခင်သည် ဣသရေလလူမျိုးတစ်စုစီတိုင်းကိုချစ်သ ကဲ့သို့ တူညီသောကောင်းကြီးမင်္ဂလာကိုလသည်း ပေးခဲ့ကြသည်။ ဘုရားသခင် သည် အဗြံဟံနှင့်သူ၏မျိုးဆက်များအပေါ်တွင် ထားရှိခဲ့သော ကတိတော် ကို ပြည့်စုံရန် ဣသရေလလူမျိုးများကို ဘုရားသခင်က သူ၏စိတ်စေတ နာဖြင့် သက်ဆင်ခဲ့ကြသည်။ ထိုမှသာဘုရားသခင်သည် လူသားများအ တွက် ကြံစည်ထားခဲ့သောအရာအားလုံးပြည့်စုံမည်ဖြစ်သည်။
ဘေးဒဏ်ကြိးကာလတွင် တပါးအမျိုးသားများတို့သည်လည်း ကယ်တင်ခြင်းရရှိလျှက် ဘုရားသခင်၏သားသမီးများဖြစ်မည်ကို ကျမ်းပိုဒ် က ဖော်ပြထားခဲ့ပါသည်။ တနည်းအားဖြင့် မရေတွက်နိုင်သောတပါးအမျိုး သားတို့သည်လည်းရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် အပြစ်ထဲကခွင့်လွှတ်ခြင်းရရှိပြီး နောက်ဆုံးသောအချိန်၌သူတို့၏ ယုံကြည်ခြင်းထဲ၌ မာတုရခံရမည်ဖြစ်သည်ကို ဖော်ပြခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် နောက်ဆုံးသောအချိန်၌ တပါအမျိုးသားတို့သည် သူ၏ လူမျိုး အဖြစ် ရွှေးချယ်ခဲ့မည်ကို သိဖို့လိုအပ်ပါသည်။
 
အခနး်ငယ် (၁၀-၁၁) “သူတို့ကလည်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည်ကယ်တင်တော်မူခြင်းချမ်းသာ ရှိ တော်မူစေသတည်းဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ၏။ ပလ္လင်တော် မှစသောအသက်ကြီးသူတို့နှင့်သတ္တဝါ လေးပါး၏ပတ်ဝန်းကျင်၌ ရပ်နေ သော ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်၍ဘု ရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊”
နောက်ဆုံးသောနေ့တွင်လည်း ဘုရားသခင်သည် ဣသရေလ လူမျိုးများအပေါ် သူ၏ကျေးဇူးတော်ချပေးမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် ဂုဏ်ပြုခြင်း၊ ကိုးကွယ်ခြင်းနှင့်” ချီးမွမ်းခြင်းခံ ထိုက်သောဘုရားဖြစ်သည်။ 
 
အခန်းယ် (၁၂) “အာမင်၊ ငါတို့၏ဘုရားသခင်သည် ကမ္ဘာအဆက် ဆက် ကောင်းချီးမင်္ဂလာ၊ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင် ဟုပြောဆိုကြ၏။”
ဘုရားသခင်၏သံတမန်များအားလုံးတို့သည် အသက်ရှင်သော ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ကြသည်။ ချီးမွမ်းခြင်းဂုဏ်ပြုခြင်းတို့သည် ဘုရားသခင်နှစ်သက်သောအရာဖြစ်သည်။
 
အခန်းငယ်၁၃-၁၄ “အသက်ကြီးသူတစ်ပါးကလည်း ဖြူသောဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြ သနည်းဟု ငါ့အားမေးမြန်းလျှင်၊ငါက၊ သခင်၊ကိုယ်တော်သိပါ ၏ဟုပြန် လျှေက်၏။ သူကလည်း၊ ဤသူတို့သည်ကြီးစွာသောဆင်းရဲ ဒုက္ခအထဲက ထွက်မြောက်၍မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေ သောသူဖြစ်ကြသတည်း။”
သူတော်စင်များသည် ဘေးဒဏ်ကြီးကာလတွင် သူတို့၏စစ် မှန် သောယုံကြည်ခြင်းကို ကွယ်ကာပြီး၊ မာတုရကို အောင်မြင်ပြီးနောက်တွင် ဘုရားသခင်သည် သူ၏ နောက်ဆုံးသော ကောက်ရိတ်ဖြစ်မည်။ 
ဘေးဒဏ်ကြီးကာလသုံးနှစ်ခွဲတွင် သူတော်စင်များသည် စာတန် နှင့် သူ၏နောက်လိုက်များထဲက ခဲယဉ်းစွာညှင်းပန်းခြင်းခံရပြီး သူတို့၏ ယုံ ကြည်ခြင်းကာကွယ်ဖို့ရန်အသေသတ်ခံရကြမည်ဖြစ်သည်။ ဤလောက တွင်သတ်ဖြက်ခြင်းသည် အသင်းတော်သမိုင်းတွင် ခံခဲ့ရသောခက်ခဲခြင်းကဲ့ သို့မဟုတ်၊ ဤလောကတွင် ဘုရားသခင်ကို ယုံကြည်သောသူတော်စင် များ၏ ယုံကြည်ခြင်းအတွက် လိုအပ်သောအရာဖြစ်သည်။ မာတုရသည် သူတော်စင်များအတွက် ကြီးမားသော ရိုသေလေးစားမှုခံယူခြင်းဖြစ်သည်။ ထိုသူတို့သည်မာတုရခံခြင်းအားဖြင့် ဘုရားသခင်ရှေ့တွင်သူ့တို့၏စစ်မှန် သောယုံကြည်ခြင်းကို ရှင်းလင်းစွာဖော်ပြနိုင်ခဲ့ကြသည်။ နောက်ဆုံးသော ဘေးဒဏ်ကြီးကာလတွင် သူတော်စင်များသည် မာတုရခံခြင်းအားဖြင့် သူ့တို့၏ယုံကြည်ခြင်းကိုကွယ်ကာလျက်ရှင်ပြန်ထမြောက်၊ချီဆောင်ခြင်းခံ ပြီမှ ဘုရားသခင်၏ပလ္လင်တော်ရှေ့မှောက်တွင် နေထိုင်ကြမည်ဖြစ်သည်။ 
 
အခန်ငယ် ၁၅-၁၆ “ထိုကြောင့် ဘုရားသခင်၏ပလ္လင်တော်ရှေ့မှာ နေရာကို ရ၍ဗိမာန်တော်၌ဘုရားဝတ်ကို နေ့ညဉ့်မပြတ်ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည် သူတို့တွင် ကိန်းဝပ်တော်မူမည်။ သူတို့သည် နေက်တစ်ဖန်ရေနှင့်အစာကို မငတ်မွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိ ရ။ အဘယ်အပူကိုမျှမခံရကြ။”
ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကိုသိရှိပြီးဘုရား သခင်ရှေ့ တွင်စစ်မှန်သောယုံကြည်ခြင်းရှိသောသူတို့သည်နောက်ဆုံးသောဘေးဒဏ်ကြီးကာလတွင် သူတို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် မာတုရခံရမည်ဖြစ် သည်။ ထိုကြောင့် ဘုရားသခင်သည် သူတော်စင်များကို သူ့၏လက်တော် ထဲတွင် ပိုက်ထွေးစောင့်ရှောက်ပြီး ကောင်းကြီးချပေးမည်ဖြစ်သည်။ 
မာတုရခံရပြီးရှင်ပြန်ထမြောက်သောသူတော်စင်များသည် ဘုရား သခင်၏ ကောင်းကင်ဘုံ၌ ဝမ်းနည်းခြင်းသို့မဟုတ်သေခြင်းကို ရင်ဆိုင်ရ တော့မည်မဟုတ်။ သူတို့သည် ဘုရားသခင်နှင့်အတူ ထာဝရအသက်ရှင် မည်ဖြစ်သည်။ဘုရားသခင်လက်ထဲတွင်ပိုက်ထွေးခြင်းခံရသောသူတို့သည် ထိခိုက်ခြင်း၊ စိတ်ပျက်ခြင်းများကို ရင်ဆိုင်ရတော့မည်မဟုတ်။ ဘုရားသ ခင်၏ ဆုကျေးဇူးများကို သူ့တို့ အပေါ် အပ်နှံပေးမည်ဖြစ်သည်။
 
အခန်းငယ် ၁၇ “အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ရှိသော သိုးသူ ငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူ မည်ဟုဆိုလေ၏။”
ဘုရားသခင်သည်သူတော်စင်များ၏ထာဝရသိုးထိန်းဖြစ်ပြီး သူ့၏ ထာဝရကောင်းကြီးများကိုသွန်းလောင်းပေးမည်ဖြစ်သည်။ဤလောကတွင် ဘုရားသခင်အတွက်ခက်ခဲခြင်း၊ အသေသတ်ခြင်း၊ ခံရသောသူတော်စင် များသည်ဆုချီးမြှင့်ဖို့အတွက် ဘုရားသခင်က အသက်စမ်းရေရှိသောနေ ရာသို့ ခေါ်ဆောင်သွားပြီး သူ့နှင့်အတူ ထာဝရအသက်ရှင်ကြမည်ဖြစ်သည်။ ဤလောကတွင် သူတော်စင်များသည် ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းကိုယုံကြည်ပြီးဘုရားသခင်အတွက်အသက်ရှင်ပြီးမှသူ့၏နာမတော် အဖို့ အသက်ပေးဆပ်ကြသောကြောင့် ဘုရားသခင်သည် ထိုသူတို့ကို အ သစ်သော ကောင်းကင်ဘုံသို့ထာဝရအသက်ရှင်ခွင့်ပေးမည်ဖြစ်သည်။ ဟာ လေလုယာ၊ ဘုရားသခင်သည် ဘုန်ကြီးခြင်းရှိပါစေသော်။