Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 6-2] ခေတ်ကြီးကာလခုနစ်ချက် (ဗျာဒိတ်ကျမ်း ၆း၁-၁၇)

ခေတ်ကြီးကာလခုနစ်ချက်
( ဗျာဒိတ်ကျမ်း ၆း၁-၁၇ )
 
ဤကဲ့သို့ ဗျာဒိတ်အခန်းကြီးတစ်ခုစီတိုင်းကို အကျဉ်းချုပ်ဖြင့် ချုပ်ဆိုနိုင်ခဲ့ပါသည်။
အခန်းကြီး    ၁        -    ဗျာဒိတ်ကျမ်း၏နိဒါန်း
အခန်းကြီး    ၂        -     ၃-အာရှနိုင်ငံ၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးစာ
အခန်းကြီး    ၄        -     ဘုရားသခင်ရာဇပလ္လင်တော်၌ထိုင်သောယေရှု
အခန်းကြီး    ၅        -     ဘုရားသခင်ကိုယ်စားပြုနန်းတင်ခံရသောယေရှု
အခန်းကြီး    ၆        -     ဘုရားသခင်တံဆိပ်ခုနစ်ချက်
အခန်းကြီး    ၇        -     ဘေးဒဏ်ကြီးကာလတွင်ကယ်တင်ခြင်းခံရသောသူများ
အခန်းကြီး    ၈        -     အမျက်တော်ခုနှစ်ခုမြောက် တံပိုးမှုတ်ခြင်း
အခန်းကြီး    ၉        -     အဆုံးမရှိသောတွင်း
အခန်းကြီး    ၁၀    -     မည်သည့်အချိန်၌ ချီဆောင်ခြင်းဖြစ်မည်နည်း
အခန်းကြီး    ၁၁ - သံလွင်ပြင်နှစ်ပြင်နှင့်ပရောဖက်နှစ်ပါးတို့သည် မည်သူကို ဆိုလိုသနည်း
အခန်းကြီး    ၁၂    -    ကြီးမားသောဒုက္ခခံရသောဘုရားသခင်၏အသင်းတော်
အခန်းကြီး    ၁၃     -    သူတော်စင်များအသေသတ်ခြင်းနှင့်ဘေးဒဏ်ကြီးကာလ
အခန်းကြီး    ၁၄    -    သူတော်စင်များရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း
အခန်းကြီး    ၁၅     -    ၁၆-ကပ်ဘေးဒဏ်ခုနှစ်ပါးစတင်ခြင်း
အခန်းကြီး    ၁၇    -     ရေပေါ်မှာထိုင်သောပြည်တန်ဆာကြီးတရားစီရင်ခြင်း
အခန်းကြီး    ၁၈    -     ဗာဗုလုန်ပြိုကျဆုံးခြင်း
အခန်းကြီး    ၁၉    -     ဘုရားသခင်အုပ်ချုပ်သော ကောင်းကင်ဘုံ
အခန်းကြီး    ၂၀    -     အနှစ်တစ်ထောင်
အခန်းကြီး    ၂၁    -     ယေရှုရှလင်မြို့သစ်
အခန်းကြီး    ၂၂    -     အသက်ရေစီးရာကောင်းကင်နှင့် မြေကြီးသစ်
 
ဗျာဒိတ်ကျမ်းအခန်းကြီးတစ်ခုစီတိုင်းသည်အကြောင်းအရာရှိကြ ပြီး အခန်းကြီးအစကနှင့်အဆုံးအထိ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိကြသည်။ ရောမသြဝါဒစာအခန်းကြီး (၁)သည် နိဒါန်း ဖြစ်ပြီး၊ အခန်းကြီး (၂) သည် ယုဒလူမျိုးများအတွက်ဖြစ်ပြီးမှ အခန်းကြီး(၃)သည် တပါးအမျိုးသားတို့ အတွက ဖြစ်သကဲ့သို့ ဗျာဒိတ်ကျမ်းကိုလည်း အခန်းကြီးတစ်ခုစီတိုင်းကို အကြောင်းအရာရှိကြသည်။
လူမြောက်များစွာသည် သူတို့၏မှန်းဆချက်ဖြင့်ဗျာဒိတ် တော်အ ကြောင်းကို ဆွေးနွေးတတ်တဲ့အတွက်ကြောင့် ဗျာဒိတ်ကျမ်းကို ကျွန်ုပ် အသေးစိတ် ရှင်းပြခြင်းဖြစ်သည်။ဤဗျာဒိတ်တော်ကို သင်၏ယူဆမှုနှင့် အ ခြေခံလေ့လာမည်ဆိုလျှင် သင်သည် အမှားများထဲက လွှတ်မြောက်နိုင် မည်မဟုတ်။
သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညဉ်တော်၏လှုံ့ဆော် ချက်ခံ ရပြီးဘုရားသခင်လူသားများကရေးထားသောအရာဖြစ်သောကြောင့်အမှား လုံးဝမရှိခဲ့ပါ။ လောကစာအုပ်များသည် မည်ကဲ့သို့ ကောင်းသောစာအုပ် ဖြစ်ပြီး စာရေးသူကောင်းသောသူဖြစ်ပါစေ အမှားများစွာရှိခဲ့ပါသည်။ သို့ သော် ဘုရားသခင်၏ နှုတ်ကပတ်တရားသည် နှစ်ပေါင်းများစွာလွန်ခဲ့ သော်လည်း မပြောင်းလဲနိုင်ခဲ့ပါ။ ဘုရားသခင်၏အစေခံတော်များက သန့် ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းခြင်းကိုခံ၍ ရေးထားသောအရာဖြစ် သောကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေးထားသောအရာဖြစ် သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်သည် အမှားမရှိခဲ့ပါ။
သမ္မာကျမ်းစာမှာ ဝှက်ထားသောအရာများကို ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖော်ပြခြင်းသောကြောင့် ကျွန်ုပ်တို့သည် အသိပညာကင်းမဲ့ပြီး နေခဲ့သည်။ သို့သော် ဖန်ဆင်းခြင်းက သမ္မာကျမ်းစာသည် လုံးဝပြောင်းလဲ ခြင်းမရှိ။ လူမြောက်များစွာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသိ နည်းပါးသောကြောင့် သူတို့၏ထင်မြင်ချက်အတိုင်း သမ္မာကျမ်းစာကို အ ဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။
ဘုရားသခင်သည် လျှို့ဝှက်သောတရားကို လူတိုင်းအပေါ်တွင် မဖော်ပြသည့်အတွက် လူတစ်ချို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို မယုံကြည်ဘဲ၊ ဘုရားသခင်၏နာမည်ကို အလွဲသုံးစားပြုလုပ်ခြင်းအားဖြင့် သူတို့၏ လိုအင်ဆန္ဒကို ပြည့်စုံဖို့ရန် ကြိုးစားသောသူသည် စစ်မှန်သော သမ္မာတရားကိုတွေ့နိုင်မည်မဟုတ်။ တနည်းအားဖြင့်ဆိုလျှင် အပြစ်ရှိသော သူများသည် မည်ကဲ့သို့ ကြိုးစားခဲ့သော်လည်း ဗျာဒိတ်တော်၏တရားကို နားမလည်နိုင်ခဲ့ပါ။ နှုတ်ကပတ်တရားတော်သည် သူတို့၏ ဉာဏ်စွမ်းဖြင့် နားလည်၍မရသောကြောင့် အမှားများစွာကို ပြုလုပ်ပြီး တစ်ချို့သောသူ သည် နောက်ဆုံးသောကာလ၌ ဖြစ်ပျက်မည့်အရာကို ကျမ်းစာအတိုင်း မဟုတ်ဘဲ သူတို့၏ထင်မြင်ချက်အတိုင်း ကြေငြာခဲ့သည်။
ထိုသို့သောလူများထဲက တစ်ချို့သည် Amillennialismကို ထောက်ခံသောသူ သီအိုလဂျီများသည် Abraham Kuyper, Louis Berkhof ဖြစ်ပြီး C.I. Scofield သည် ဘေးဒဏ်ကြီးကာလမတိုင်ခင် ချီ ဆောင်သူတို့၏အယူအဆဖြင့် အခြေခံပြီး မှားယွင်းသော သွန်သင်မှုဖြစ် သည်။
ပြောင်းလဲမှုကိုမလိုလားသောသူကAmillennialismကိုထောက်ခံ ပြီး အနှစ်တစ်ထောင်အုပ်စိုးသောကာလ ခွဲခြားခြင်းမရှိ။ ဤလောကနိုင်ငံ တော်သည် အသက်ရှင်သောသူတော်စင်များ၏နှလုံးသားကို ပြည့်စုံဖို့သာ ဖြစ်သည်ဟု ထင်မှတ်ကြသည်။ Amillennialismသည် လာမည့် အနှစ်တ ထောင်ကာလတည်ဆောက်ခြင်းကို ဖယ်ရှား၏။ သင်္ကေတဖြင့်အနှစ်တ ထောင်အုပ်ချုပ်သောကာလကို မှန်းဆချက်သည် ယေရှုပြန်လည်မကြွလာ ခင်အသက်ရှင်နေသောသူတော်စင်များအချိန်ကာလနှင့်ဆက်စပ်မှုရှိသည်။ သို့သော် Amillennialism၏ဆိုချက်ဖြစ်သော ဘေးဒဏ်ကြီးကာလမရှိဘဲ အနှစ်တထောင်ကာလသည် သူတော်စင်များ၏နှလုံးသားထဲတွင် ရှိခဲ့ပြီး သာဖြစ်သည်ဟု ယူဆချက်သည်။ အလွန်မှားယွင်းသောအရာဖြစ်သည်။ 
ယနေ့ Scolfield သည် ဘေးဒဏ်ကြီးမတိုင်ခင် ချီဆောင်ခြင်း ဖြစ်မည်ကို ရှင်းလင်းဖော်ပြထားသည်။ သို့သော် သူ၏ဝေငှပေးကမ်းခြင်း သည် ဘုရားသခင်၏အကြံစည်တော်နှင့် လုံးဝကွဲပြားခြားနားခဲ့သည်။ ဤ လောက မဖန်ဆင်းမီ ဘုရားသခင်သည်တံဆိပ်ခုနှစ်ချက်ကိုကြံစည်ပြီး ဖြစ် တော်မူပြီး၊ သူ၏ကြံစည်စည်ထားသည့်အတိုင်း အရာခပ်သိမ်းကို ပြည့်စုံ စေ၏။ သို့သော် ဗျာဒိတ်အခန်းကြီး (၆)တွင် ဘုရားသခင်၏ အကြံအစည် တော်ကိုဆန့်ကျင်ပြီးဘေးဒဏ်ကြီးမတိုင်ခင် ချီဆောင်ခြင်းဖြစ်မည်ဟု ထင် မှတ်ကြသည်။ ဘေးဒဏ်ကြီးကာလမတိုင်ခင် အသစ်တဖန် မွေးဖွားခြင်း ရရှိသောတစ်ပါးအမျိုးသားတို့သည်ချီဆောင်ခြင်းခံရပြီး ခုနှစ်နှစ် ဘေးဒဏ် ကြီးကာလတွင် ဣသရေလများကို ကယ်တင်ခြင်းဖြစ်မည်ဟု ငြင်းခုံကြ သည်။
ဤယူဆချက်သည် လူများစွာကို ရှုပ်ထွေးစေခဲ့သည်။ ဘေး ဒဏ်ကြီးကာလမတိုင်မီချီစောင်ခြင်းဖြစ်မည်ဟုဖော်ပြထားသကဲ့သို့ဗျာဒိတ် အခန်းကြီး(၁၃)တွင် ရေးသားထားသော သူတော်စင်များ၏ ညှင်းပန်းနှိပ် စက်ခြင်း၊ အသေသတ်ခြင်းကို မည်ကဲ့သို့ပြင်လာမည်နည်း။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလမတိုင်ခင် ချီဆောင်ခြင်းဖြစ်မည်ဟု သွန်သင်ချက်ကို ဖယ်ရှားပြီးမှ ဘေးဒဏ်ကြီးကာလအလယ်၌ ချီဆောင်ခြင်းဖြစ်မည်ကို ယေ ရှုယုံကြည် သူတိုင်းက ယုံကြည်ရန်လိုအပ်ပါသည်။
ဘုရားသခင်သည် သူ၏တံဆိပ်ခုနှစ်ချက်အတိုင်း ဤ လောက ကိုအုပ်ချုပ်မည်အကြောင်း ဗျာဒိတ်တော်ကဖော်ပြထားပါသည်။ ဗျာဒိတ် အခန်းကြီး(၆)တွင်ဘုရားသခင်က ချထားသော တံဆိပ်ခုနှစ်ချက်ကို ကျွန်ုပ် တို့နားလည်ဖို့လိုအပ်ပါသည်။ဤမှန်ကန်သောတံဆိပ်ခုနှစ်ချက်သည်မသိရှိ သောကြောင့် လူတစ်ချို့တို့သည် သူတို့၏ယုံကြည်ချက်တွင်တုန်လှုပ်နေခဲ့ သည်။ ထို့ကြောင့် ဗျာဒိတ် အခန်းကြီး (၆) တွင် ဖော်ပြထားသောအရာကို ကျွန်ုပ်တို့ ယုံကြည်ဖို့လိုအပ်ပါသည်။ ဤတံဆိပ်ခုနှစ်ချက်ကို အရေးတ ကြီးထားခဲ့ပါသည်။
ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို လျှို့ဝှက်ထားသကဲ့သို့ ဘုရားသခင်၏တံဆိပ်ခုနှစ်ချက်ကိုလည်း ဝှက်ထားခဲ့သည်။ ပညာရှိသော ဓမ္မဆရာများစွာသည် ဗျာဒိတ်တော်စကားကို သူတို့၏ အယူအဆဖြင့် နား လည်ဖို့ကြိုးစားခဲ့ကြသော်လည်း နားမလည်နိုင်ခဲ့ပါ။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို လျှို့ဝှက်ထားသကဲ့သို့ ဤအရာကိုလည်း လျှို့ဝှက် ထားခြင်းဖြစ်သည်။ သို့သော် ဓမ္မပညာရှင်များက သူတို့၏အယူအဆဖြင့် ခရစ်တော်ပြန်လည်ကြွလာခြင်း၊ သူတော်စင်များချီဆောင်ခြင်း (သို့) အနှစ် တထောင်ကာလအကြောင်း ဖော်ပြသောအရာသည် ယေရှုကို ယုံကြည် သူများအတွက် အကျိုးသက်ရောက်မှုမရှိ။
ဗျာဒိတ်အခန်းကြီး (၆) ၏ ဝေဖန်ချက်ကို ဖြေရှင်းဖိုရန် ကျွန်ုပ်တို့ ကောင်းစွာနားလည်သဘောပေါက်ဖို့လိုပါသည်။သို့သော်ဗျာဒိတ်ကျမ်းအား လုံးကို မလေ့လာခင်မှာ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို သိရှိခြင်း မရှိဘဲ ဤဗျာဒိတ်တော်ကို နားလည်လို့မရကြောင်း သိရှိဖို့လိုအပ်ပါသည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ပထမဆုံးနားလည်မှသာ ဘုရား သခင်၏ သမ္မာတရားကို နားလည်လာနိုင်မည်ဖြစ်သည်။
ဗျာဒိတ်အခန်းကြီး (၈) တွင် “သတ္တမတံဆိပ်ကို ဖွင့်သောအခါ`` ထိုဒုက္ခဆင်းရဲခြင်းကို မြေကြီးပေါ်သို့ကျခဲ့၏။ ဤအရာသည် ဗျာဒိတ် အခန်းကြီး (၆)တွင် ဖော်ပြထားသော စတုတ္တတံဆိပ်ကာလတွင် ဖြစ်ပျက် မည် မြင်းမွဲခေတ်ကို ရှင်းပြခြင်းဖြစ်သည်။ ဘုရားသခင်ချထားသော တံ ဆိပ်ခုနှစ်ချက်များ နားလည်ခြင်းမရှိဘဲ ခုနှစ်လုံးများကိုလည်း နားလည် လာနိုင်မည် မဟုတ်။ ဗျာဒိတ်တော်၏တရားတော်များကို နားလည်ဖို့ရန် ဘုရား သခင်ကကျွန်ုပ်ထံပေးထားလျက်ရှိသော ရေနှင့်ဝိညာဉ်တော်၏သ တင်းကောင်းကို ပထမဦးစွာ သဘောပေါက်နားလည်ဖို့ လိုအပ်ပါသည်။
ဗျာဒိတ်တော် အခန်းကြီး (၆)၌ ဘုရားသခင်၏နှုတ် ကပတ်တော် က ဘုရားသခင်သည် လူသားများကို ဖန်ဆင်းသောအခါ မည်ကဲ့သို့ ဖန် တီးခဲ့သည်ကို ဖော်ပြထားသည်။ ဘုရားသခင်သည် လူသားများ၏ အစနှင့် အဆုံးကို ပိုင်းခြားထားခဲ့ပါသည်။
ပထမတံဆိပ်ကို မြင်းဖြူတော်၊ ဒုတိယတံဆိပ်မြင်းနီ၊ တတိယ တံဆိပ်ကို မြင်းနက်၊ စတုတ္ထတံဆိပ်ကို မြင်းမွဲ၊ ပဉ္စမတံဆိပ်ကို သင့်တော် သူများ၏ အသေသတ်ခြင်းနှင့် ချီစောင်ခြင်း၊ ဆဌမတံဆိပ်ကို ကမ္ဘာကြီးကို ဖျက်ဆီးခြင်း၊ သတ္တမတံဆိပ်ကို အနှစ်တစ်ထောင်နှင့် မြေကြီးနှင့် ကောင်း ကင်တို့ဖြစ်ကြသည်။ ဘုရားသခင်သည် လူသားများအတွက် ဤကဲ့သို့ သောတံဆိပ်ကာ လခုနှစ်ချက်ဖြစ်ကြံစည်ခြင်းရှိသည်ကိုကျွန်ုပ်တို့ယုံကြည် ကြပါသည်။ ယနေ့လောကသည် မြင်းဖြူနှင့် မြင်းနီကာလကို ဖြတ်သန်း သွားပြီး မြင်းနက်ခေတ်ရောက်ရှိလာခဲ့သည်။
ယခု ကျွန်ုပ်တို့ အသက်ရှင်နေသောကာလသည် ဒုက္ခကာလဟု သမ္မာကျမ်းစာက ဖော်ပြထားခဲ့သည်။ မြင်းမွဲခေတ်ကို သူတော် စင်များ သည် အသေသတ်ခြင်းနှင့်ဘေးဒဏ်ကြီး (၇) နှစ်ကာလဖြင့် စတင်လာမည် ဖြစ်သည်။ ဤသတ်ဖျက်ခြင်းနှင့် ဘေးဒဏ်ကြီးကာလသည် မြင်းမွဲခေတ် ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၆း၄ တွင် “ထိုအခါ မြင်းနီတစ်စီးထွက်၍ စီး သော သူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးမှရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီးသားတို့ကို အချင်းချင်းသေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူအားဓါးကြီးကို ပေး တော်မူ၏”ဟု ရေးသားထားခဲ့သည်။ ဤအရာသည် မြင်းမွဲခေတ်တွင် သူ တော်စင်များအသေသတ်ခြင်းနှင့်ဘေးဒဏ်ကြီးရောက်ရှိလာမည်ကို ဖော်ပြ ထားခဲ့သည်။
မြင်းမွဲခေတ်တွင် ဖြစ်ဖျက်လာမည့်အရာသည် ဗျာဒိတ် ၈း၁-၈ တွင် “သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ် ဆိက်စွာနေကြ၏။ ဘုရားသခင်ရေရှေ့တော်၌ရပ်နေ သောကောင်းကင်ခုနှ ပါးကိုငါမြင်၏။ သူတို့၌တံပိုးခုနှစ်လုံးကိုပေး၏။ ကောင်းကင်တမန်တပါး သည်လာ၍ ရွှေလင်ပန်းကိုကိုင်လျှက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင် တော်ရှေ့ရှိသော ရွှေပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့သောနံ့သာပေါင်း၏အခိုးအငွေ့သည် သန့်ရှင်းသူတို့ ၏ပဌနာများနှင့်အတူ ကောင်းကင်တမန်၏လက်ထဲက ဘုရားသခင်လက် တော်သို့ တက်လေ၏။ ကောင်းကင်တမန်သည် လင်းပန်ကို ယူ၍ယဇ် ပလ္လင်၏မီးနှင့်ပြည့်စေပြီးမှ မြေကြီးပေါ်သို့ ချလိုက်သည်ဖြစ်၍ အသံမြည် ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ တံပိုးခုနှစ် လုံးရှိသောကောင်းကင်တမန်ခုနှစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိကိုယ်ကို ပြင်ဆင်ကြ၏။ ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီး ဖြစ်၏။ သွေးနှင့် ရောနှောသော မီးလည်ဖြစ်၏။ မြေကြီးပေါ်သို့ချလိုက်၍ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိပ်းသောမြက်ပင်ရှသမျှတို့ကို ကျွမ်းလောင်လေ၏။ ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ မီးလောင်းသော တောင်ကြီးကို ပသ်လင်ထဲသို့ ချလိုက်သကဲ့သို့ဖြစ်၍ ပင်လယ်သုံးစုတစ် စုသည်သွေးဖြစ်၏” ဟု ရေးသားထားပါသည်။
ဗျာဒိတ်အခန်းကြီး (၈)တွင် ဆွေးနွေးထားသော တံဆိပ်နှင့်တံပိုး ခုနှစ်ချက်သည် ဗျာဒိတ်၏အခန်း(၆)တွင် ဖော်ပြထားသော မြင်းမွဲခေတ်အ ကြောင်းကို ဆက်လက်ရှင်းလင်းထားခြင်းဖြစ်သည်။ ဤအရာသည် မြင်းမွဲ ခေတ်တွင် တံဆိပ်နှင့်တံပိုးခုနှစ်ချက်တို့ ဖွင့်လာသောအခါ ညှင်းပန်းနှိပ် စက်ခြင်းရောက်ရှိလာမည်ကို ဖော်ပြထားခဲ့သည်။
ဗျာဒိတ်အခန်းကြီး (၄) နှင့် (၅) တွင် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ အကြံအစည်တော် ပြည့်စုံလာမည်ဖြစ်ပြီး ယေရှုခရစ်သည် ဤလောကကိုအုပ်ချုပ်လာမည်ဖြစ်ကြောင်းဖော်ပြထားခဲ့သည်။ ထို့နောက် ယေရှုခရစ်သည် မည်သို့သော တန်ခိုးနှင့်ပြည့်စုံသော ဘုရားဖြစ်သည်ကို ကျွန်ုပ်တို့သိရှိနိုင်သည်။
ဗျာဒိတ် အခန်းကြီး (၈)တွင် “တံပိုးခုနှစ်လုံးရှိသော ကောင်းကင် တမန်ခုနှစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိကိုယ်ကို ပြင်ဆင်ကြ၏။ ပထမ သူသည် တံပိုးမှုတ်သောအခါမိုးသီးဖြစ်၏။ သွေးနှင့်ရောနှောသော မီးလည်း ဖြစ်၏။ မြေကြီးသို့ချလိုက်၍ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏”ဟု ရေးသားထားခဲ့သည်။ ဤ လောကသို့ မြင်းမွဲခေတ်ရောက်လာသောအခါ ကမ္ဘာမြေကြီးသည် သုံးစု တစ်စုတောတောင်များသည် မီးလောင်ပြီး ခက်ခဲမျိုးစုံက နောက်လိုက်လာ မည်ဖြစ်သည်။
ပထမတံပိုးကို မှုတ်သောအခါ ကမ္ဘာမြေကြီး သစ်ပင်၊ မြက်ပင်၊ သုံးစုတစ်စုသည် မီးလောင်ကျွမ်းမည်ဖြစ်သည်။ ဤခက်ခဲသောကာလကို ရောက်သောအခါ ကျန်ခဲ့သော တောတောင်များကိုလည်း တောက်ပသော မီးငွေ့က ဖျက်ဆီးသွားမည်ဖြစ်သည်။ ထို့နောက် ကြီးမားသော အစာငတ် ခေါင်းပါးခြင်း၊စိုက်ပျိုးသီးနှံဖျက်ဆီးခြင်းတို့သည် ဤလောကသို့ရောက်ရှိ လာမည်ဖြစ်သည်။
ဤငတ်မွတ်ခေါင်းပါးခြင်းခေတ်တွင်တစ်နေကုန်လုပ်အားခသည် မုန့်အနည်းငယ်ကိုသာ ဝယ်နိုင်မည်ဖြစ်သည်။ ယနေ့ ဤလောကတွင် မြောက်များစွာ ငတ်မွတ်ခေါင်းပါးခြင်းရောက်ခဲ့နေပါသည်။ ဤအရာသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်တော်အစာငတ်ခေါင်းပါးခြင်းဖြစ်လာမည်ဖြစ်သည်။ ယနေ့ ဤလောကတွင် ဝိညာဉ် တော် အစာငတ်ခြင်းရောက်ရှိနေပါပြီ။
ယနေ့အသင်းတော်တို့တွင်သာမန်ခရစ်ယာန်များသာများပြားလာ ပြီးရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းဖြစ်သောဝိညာဉ်တော်၏ အသက် မုန့်ကို ဝေငှခြင်းစိတ်မရှိကြပေ။ ယနေ့လူမြောက်များစွာသည် ဖျက်ဆီးခြင်း ကာလတွင် အသက်ရှင်နေထိုင်ခဲ့ကြသည်။ ယနေ့ ခရစ်ယာန်အနည်းငယ် ကသာ အသက်မုန့်ဖြစ်သော ဝိညာဉ်တော်၏သတင်းကောင်းကို ဝိညာဉ်အ စာငတ်သောသူများထံ ဝေငှလျက်ရှိသည်။
မြင်းမွဲခေတ်သည် ညှင်းပန်းနှိပ်စက်ခြင်းကာလဟု ကျွန်ုပ်တို ကဖော်ပြခဲ့ပါသည်။ ဤကာလအတွင်း သဘာဝဘေးဒုက္ခက ကြီးမားသော ငတ်မွတ်ခေါင်းပါးခြင်းကို ရောက်ရှိစေမည်ဖြစ်သည်။ ဤလောကသည် သိပ္ပံဖွံ့ဖြိုးတိုးတက်မှုဖြင့် ဆက်လက်တိုင်အောင်သော်လည်း ဆင်းရဲခြင်း နှင့် အသက်ရှင်ကြမည်ဖြစ်သည်။ ထိုကဲ့သို့သော ဤလောကကို မည်သူ သည် အသက်ရှင်ရန် ဆန္ဒရှိမည်နည်း။
ဘေးဒဏ်ကြီးကာလတွင် ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်း ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင်ကို ပိုက်ထွေးဖို့လို အပ်သည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ပြီးအသတ်ခံ သောသူတော်စင်များသည် ဘုရားသခင်ကို ဂုဏ်တော်ချီးမွမ်းမည်ဖြစ် သည်။ ထိုနောက် ဘုရားသခင်သည် သူတော်စင်များကို ကောင်းကင်ဘုံသို့ ချီဆောင်ပြီး သိုးသူငယ်၏မင်္ဂလာဆောင်ပွဲတွင် ဖိတ်လာကြမည်ဖြစ်သည်။
တမန်တော်ရှင်ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော်အတွက် အစေခံဖြစ်သည်ဟု ဖော်ဆိုခဲ့ပါသည်။ လူမြောက်များစွာသည် အနှစ်တစ် ထောင်အုပ်ချုပ်သော နိုင်ငံတော်သို့ဝင်နိုင်ပို့၍ တမန်တော်များ ပောပြောခဲ့ သည့် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ဝေငှခဲ့ကြသည်။
ဘေးဒဏ်ကြီးကာလတွင် တစ်ချို့သောခရစ်တော်ကိုယုံကြည် သောဣသရေလလူတို့သည်လည်း အသေသတ်ခံပြီး ချီဆောင်ခြင်းသို့ ခေါ် ဆောင်သွားမည်ဖြစ်ကြသည်။ ထို့နောက် မြင်းမွဲခေတ်၊ ဘေးဒဏ်ကြီးကာ လသူတော်စင်းများကိုပိုင်ဆိုင်မည်ဖြစ်သည်။ ဘေးဒဏ်ကြီးရောက်ရှိလာ သောအခါ လောကလူသားအားလုံးသည် ဘေးဒုက္ခကို ယူဆောင်နိုင်သော သူတစ်ပါးကို ကြည့်ကြမည်ဖြစ်သည်။ သူတို့ကြုံတွေ့ရသောနိုင်ငံရေး၊ ဘာ သာရေး၊ စီးပွားရေးပြဿနာများကို ဖြေရှင်းပေးနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးကို တောင့်တကြမည်ဖြစ်သည်။ ထိုအရာသည် ခဲယဉ်းသောညှင်းပန်းနှိပ်စက် ခြင်းကာလတွင် ဖြစ်လာမည်ဖြစ်သည်။ 
မကြာသေးမီက “ရောမနိုင်ငံ၏သမိုင်း” ဟု ခေါင်းစဉ်ကို ပေးပြီး ဂျပန်လူမျိုး စာရေးသူတစ်ယောက်က စာအုပ်ထုတ်ခဲ့ပါသည်။ စာရေးသူ၏ အဓိကဖော်ပြချက်သည် ကမ္ဘာကြီးက တန်ခိုးနှင့်ထိန်းချုပ်နိုင်သော ခေါင်း ဆောင်လိုအပ်မည်ဟု ရေးသားခဲ့ပါသည်။ လူမြောက်များစွာက သဘောတူ ခဲ့ကြသည်။ဘေးဒဏ်ကြီးကာလတွင်လူသားများသည်ဤလောက တစ်ပိုင်း လုံးကို အုပ်ချုပ်နိုင်သောတန်ခိုးတော်နှင့်ပြည့်စုံသော အုပ်ချုပ်သူလိုလာကြ မည်ဖြစ်သည်။
ယခု ဤလောကသည် လူမျိုး၊ တိုင်းပြည်အသီးသီးဖြင့် ခွဲခြားပြီး လူမျိုးတိုင်းသည် ခေါင်းဆောင်ရှိကြသည်။ သို့သော် နောက်ဆုံးကာလ၌ လူသားများသည်သူတို့၏ပြဿနာများကိုဖြေရှင်းပေးနိုင်သောခေါင်းဆောင် ကိုသာ လိုလားကြမည်ဖြစ်သည်။ 
မြင်းမွဲကာလရောက်သောအခါ ခဲယဉ်းသောညှင်းပန်းနှိပ် စက် ခြင်းပေါ်ထွက်လာပြီ လောကမှာရှိသောသူတို့သည် အုပ်ချုပ်မှုအောက်၌ နေကြမည်ဖြစ်သည်။ သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဤကာလကို ရောက်သောအခါ ကောင်းကင်ပေါ်၌ မီးသည် မြေကြီးပေါ်သို့ကျပြီး မြေသုံး စုတစ်စုကို ကျွမ်းလောင်သွားမည်ဖြစ်သည်။ ထို့နောက် စာတန်းနှင့်သူ၏ နောက်လိုက်တော်များက ဤလောကကို အုပ်ချုပ်ပြီး၊ သူ၏ အမှတ်အသား နှင့် တံဆိပ်မရှိသောသူများသည် ပစ္စည်းတစ်ခုမျှဝယ်နိုင်၊ ရောင်းချနိုင်မည် မဟုတ်။ ထိုအချိန်တွင် သူတော်စင်များသည် ရုပ်တုကို မကိုးကွယ်၊ စာတန် ၏တံဆိပ်ကို မခံခြင်းကြောင့် (သို) ငြင်းပယ်တဲ့အတွက် အသေသတ်ခံ ရမည်။ ထို့နောက် သူတော်စင်များသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ချီဆောင်ခြင်းခံရမည်ဖြစ်သည်။ ဤမြင်းပွဲတော်ကို ကုန်ဆုံးလာသောအခါ အနှစ်တစ်ထောင် အုပ်ချုပ်သောကာလ စတင်လာမည်ဖြစ်သည်။
ဘုရားသခင်သည်ဤလောကဖျက်ဆီးခြင်းနှင့်ဘေးဒဏ် ကြီးကာ လတို့သည် သခိုးကဲ့သို့ဖြစ်ဖျက်လာမည်ဟု ဖော်ပြထားခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့သော ဖျက်ဆီးမှုများကို ကျော်လွှားနိုင်ဖို့ရန် ကျွန်ုပ်တို့၌ ခိုင်မာ သောယုံကြည်ခြင်းရှိဖို့လိုအပ်သည်။ရေနှင့် ဝိညာဉ်တော်၏သတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုကဲ့သို့သော ယုံကြည်ခြင်းကို ရရှိနိုင်ခဲ့ သည်။ သို့သော် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မယုံကြည်သော သူတို့ထံတွင် ဖျက်ဆီးခြင်းရောက်ရှိလာမည်ဖြစ်သည်။ 
ယနေ့ အချိန်သည် မြင်းနက်ခေတ်ကာလဖြစ်သည်ကို ကျွန်ုပ်တို့ နားလည်ယုံကြည်ဖို့လိုပါသည်။ နောက်ဆုံးသောနေ့ရက် မရောက်လာခင် မှာ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ဖို့ လို အပ်ပါသည်။
ယခု ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်သော သူ သည် သူတို့၏မာတုရဖြင့် ချီဆောင်ခြင်းသို့ပါသွားရမည်ဖြစ်သည်။ ချမ်းသာ သောသူသည် စိတ်ချမ်းသာစွာ ဆက်လက်အသက်မရှင်၊ ဆင်းရဲသူသည် လည်း ဆင်းရဲစွာဖြင့် ဆက်လက်အသက်ရှင် တော့မည်မဟုတ်။ ထို့ကြောင့် ယခု ကျွန်ုပ်တို့ရှိသည့်စည်းစိမ်ဥစ္စာ ပေါ်တွင်ဝါကြွား၊ ဝမ်းနည်းဖို့မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မြင်းမွဲခေတ်ကာလကို ရောက်ရှိလာတော့မည်ဖြစ် ပြီး ထို့နောက် သူတော်စင်များကိုအသေသတ်ခံရမည်ဖြစ်သည်။
တစ်ချိန်ပြီး တစ်ချိန်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌ရှိသောလူတစ်ချို့ တို့သည် ခရစ်တော်ပြန်လည် ကြွလာခြင်းကို သူတို့၏အတွေးအခေါ်ဖြင့် လေ့လာပြီး၊ဒီနေ့ရက်ချိန်တွင်ဘုရားသခင်ရောက်မည်ဟုပြောပြီး လူများစွာ တို့ကိုလည်း လမ်းမှားသို့ ခေါ်ဆောင်သွားကြသည်။ သို့သော် သမ္မာကျမ်း စာအရ ခရစ်တော်ပြန်လည်ကြွရောက်လာခြင်းသည် တံပိုးခုနှစ်ချက်ကိုမ မှုတ်မခြင်း ဖြစ်လာမည်မဟုတ်။ ထို့ကြောင့် နုတ်ကပတ်တော်ဖော်ပြ ထားသည့်အရာကို နားလည်မှုလွဲပြီး ကျွန်ုပ်တို့၏အတွေးအခေါ်ဖြင့် ဘုရား သခင် ပြန်လည်ရောက်ရှိလာခြင်းကို မရေတွက်သင့်ပါ။
ခရစ်တော်ပြန်လည်ရောက်လာသောနေ့ရက်သည် အိမ်မက် (သို့) ရူပါရုံဖြင့် မြင်တွေ့ခြင်းရှိသောသူတို့သည်လည်း ကျွန်ုပ်တို့က သတိထား ဖို့လိုပါသည်။ သူတို့၏အိမ်မက်ကဲ့သို့ ဖြစ်လာမည်မဟုတ်။ သို့သော် ဘုရား သခင်သည် ချီဆောင်ခြင်းကာလကိုသူ၏နှုတ်ကဖတ်တော်အားဖြင့်ဖော်ပြ ပြီး ထိုအရာသည် ကျွန်ုပ်တို့ယုံကြည်ရန်ဖြစ်သည်။
ဗျာဒိတ်အခန်းကြီး (၆)တွင် ရေးသားထားသော မြင်းမွဲ ခေတ်ကာ လကို ရောက်သောအခါ သူတော်စင်များသည် အသေသတ်ခြင်း၊ ရှင်ပြန်ထ မြောက်ခြင်းနှင့် ချီဆောင်ခြင်းဖြစ်လာမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ယခု တတိယခေတ်ကာလတွင် အသက်ရှင်နေ သောသူဖြစ်ကြသည်ကို သိရှိရန်အရေးကြီးပါသည်။ ယခု ကာလသည် မြင်း နက်ခေတ်ကာလဖြစ်သည်ကို ကျွန်ုပ်တို့နားလည်ဖို့လိုပါသည်။ ဤကဲ့သို့ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို စိုက်ပျိုးခဲ့လျှင် မြင်းမွဲခေတ်ကာလရောက်သောအခါတွင်စိုက်ထားသောအသီးကိုရိတ်သိမ်း နိုင်မည်ဖြစ်သည်။
ဘုရားသခင်က ဖန်ဆင်းမထားသော ဤလောကထဲတွင် တစ်ချို့ သာအမြင်သည်တစ်သက်တာအတွင်အစို့အညှောက်ထွက်ပြီး အသီးသီးနိုင် သောအမြစ်များရှိကြသည်။ ဤအပင်ကဲ့သို့ ကျွန်ုပ်တို့ဟောပြောထားသော ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းရရှိသောသူတို့သည် မြင်းမွဲခေတ်ကာလရောက်လာသောအခါ သူတို့ သည်လည်း အသေသတ်ခဲ့ပြီး ကျွန်ုပ်တို့နှင့်အတူ ရှင်ပြန်ထမြောက်ပြီးမှ ချီဆောင်ခြင်းသို့ ပါသွားမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလတွင် ယခုချိန် ထက် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်သောသူများပြား လာမည်ဖြစ်သည်။တနည်းအားဖြင့် ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်း ကို ယုံကြည်သောကြောင့် အသေသတ်ခံရသောသူများပြားလာမည် ဖြစ် သည်။
ဣသရေလလူတို့၏ ကယ်တင်ခြင်းအတွက် ဆွေးနွေးခြင်း၌ ဗျာ ဒိတ်တော်သည်အကန့်အသတ်မရှိ။ လူတဦးတစ်ယောက်သည် ဗျာဒိတ် တော်ကို ဣရေလလူမျိုးများအတွက်သာ သိမ်းဆည်းထားခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့လျှင် အလွန်မှားယွင်းသောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောကာလတွင် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် များစွာသောတပါးအမျိုးသားတို့သည် ကယ်တင်ခြင်း ရရှိပြီး သူတို့၏ယုံကြည်ခြင်းအာဖြင့် အသေသတ်ခြင်းကိုလည်း ခံကြရမည် ဖြစ်သည်။ သင်၏အသိဉာဏ်အတွေးအခေါ်သည် မှန်သည်၊ မှားသည် ဖြစ် စေဗျာဒိတ်တော်သည်သင်၏ယုံကြည်ခြင်းကိုထူးခြားစေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ယနေ့ခရစ်ယာန်များသည် ဘေးဒဏ်ကြီးကာ လမ တိုင်ခင်ချီဆောင်ခြင်းဖြစ်မည်ဟုသြဝါဒသည်မှားယွင်းသောအရာဖြစ်သည်။ ခုနှစ်နှစ်ဘေးဒဏ်ကြီးကလာအလယ်၌သူတော်စင်များ၏ အသေသတ်ခြင်း ဖြစ်လာပြီးနောက် သူတို့၏ချီဆောင်ခြင်းဖြစ်လာမည်ဟု သမ္မာကျမ်းစာက ပြောထားပါသည်။ ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းယုံကြည်ပြီးဗျာ ဒိတ်တော်ကို အခန်းကြီးတစ်ခုပြီးတစ်ခု၊ အပိုင်းငယ်ထားပြီး တစ်ခုလေ့ လာပြီးမှ အဖြေရှာဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ဗျာဒိတ်တော်ကို မှန် ကန်စွာ သိရှိနားလည်နိုင်မည်ဖြစ်သည်။
ဗျာဒိတ်အခန်းကြီး(၇)တွင် မရေတွက်နိုင်သောတပါးအမျိုးသား တို့သည်လည်းကယ်တင်ရရှိပြီအသေသတ်ခံရမည်ကို ဖော်ပြခဲ့သည်။ သမ္မာ ကျမ်းစာက ရေးထားသောအရာသည် ကျွန်ုပ်တို့ ယုံကြည်ဖို့လိုပါသည်။ ဘေးဒဏ်ကြီးကာလပြီးဆုံးနောက်တွင် ချီဆောင်ခြင်းဖြစ်မည်ဟု အယူအ ဆမဟုတ်၊ဘေးဒဏ်ကြီးမရောက်ခင် ချီဆောင်ခြင်းဖြစ်လာမည်ဟု အယူအ ဆလည်းမဟုတ်၊ Amilleniallism လည်းမဟုတ်ဘဲ ဘုရားသခင်ကျထား သော တံဆိပ်ကာလခုနှစ်ချက်တွင် ချီဆောင်ခြင်း ဖြစ်ပျက်လာမည်ဖြစ် သည်။
ဗျာဒိတ်အခန်းကြီး (၁) သည် နိဒါန်းဖြစ်သည်။ အခန်းကြီး (၂) နှင့် (၃)သည် သူတော်စင်များ၏ အသေသတ်ခြင်း ကိုဖော်ပြပြီး၊ အခန်းကြီး (၄)တွင် ယေရှုခရစ်သည် ဘုရားသခင်၏ပလ္လင်တော်ပေါ်မှာ ထိုင်သော သူဖြစ်သည်ကိုဖော်ပြထားသည်။အခန်းကြီး(၅)သည်ယေရှုသည် မည်ကဲ့သို့ ဘုရားသခင်၏အကြံအစည်များ ပြည့်စုံစေမည်ကို ဖော်ပြထားပြီး၊ အခန်း (၆) သည် ဘုရားသခင်၏ဗျာဒိတ်တော်ထဲတွင် ရှင်းပြခဲ့သည်။
ဗျာဒိတ်တော်သည် ယခုဘုရားသခင်ထံသို့သွားသောသူသည် မင်္ဂ လာရှိ၏ဟုပြောထားခဲ့သည်။ သူတော်စင်များသည် ရှင်ပြန်ထမြောက်ပြီမှ အနှစ်တစ်ထောင်နိုင်ငံသို့ ဝင်စားမည်ကို ယခုမျှော်လင့်နေကြသည်။
ဗျာဒိတ် ၈း၁၀-၁၁ တွင် “တတိယကောင်းကင်တမန်သည် တံပိုး မှုတ်သောအခါမီးခွက်ကဲ့သို့ ထွန်းတောက်သောကြယ်ကြီးသည် ကောင်း ကင်ကကျ၍ မြစ်သုံးစုတစ်စုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။ ထို ကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစ်စုသည် ဒေါနရွက် ဖြစ်၍ရေခါးသောကြောင့် လူများတို့သည်သေကြ၏” ဟု ဖော်ပြထားသည်။ ဤအရာက မီးခွက်ကဲ့သို့ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင် က စမ်းရေတွင်းသို့ကျရောက်သောကာလကို ဖော်ပြထားသည်။ ထိုကြယ် သည် ဒေါနရွက်ကဲ့သို့ဖြစ်သည်။ တနည်းအားဖြင့်ပြောလျှင် ကောင်းကင်ကို တုန်လှုပ်ပြီ ကြယ်များတို့သည် ကွဲသွား၍မြေကြီးပေါ်သို့ ကျရောက် မည် ဖြစ်သည်။
ဗျာဒိတ် ၈း၁၂-၁၃တွင် “စတုတ္ထကာင်းကင်တမန်သည် တံပိုးမှုတ် သောအခါ နေသုံးစုတစ်စု၊ လသုံးစုတစ်စု၊ ကြယ်သုံးစုတစ်စုကြတ်၍ သုံး စုတစ်စုမိုက်လေ၏။ နေ့သုံးစုတစ်စု၊ ညဉ့်သုံးစုတစ်စုသည်အလင်းမရှိ။ ထိုအခါငါကြည့်လျှင် လင်းယုန်တစ်ကောင်က ကြွင်းသေးသောကောင်း ကင်တမန်သုံးပါး မှုတ်လုလတ္တံ့သောတံပိုးသံ ကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင်အလယ်၌ ပျံဝဲ၍ ကြီးသောအသံနှင့်ဆိုသည်ကိုငါကြာ၏” ဟုဖော်ပြထားသည်။ ဤအရာ သည် မြေကြီးသုံးတစုကို ညကဲ့သို့ မှောင်မိုက်လာမည်ဖြစ်သည်။
တံပိုးခုနှစ်လုံးကို မှုတ်လာသောအခါ ကျွန်ုပ်တို့သည် အသက်ရှင် မည်ဖြစ်သည်။ သို့သော် သူတော်စင်များသည် အသေသတ်ပြီးမှ စာတန်ကို အောင်မြင်နိုင်မည်ဖြစ်သည်။
ဗျာဒိတ်အခန်းကြီး(၆)တွင်ဖော်ပြထားသောခေတ်ကာလ ခုနှစ် ချက်ကိုရှင်းလင်းစွာနားလည်ခဲ့လျှင် သင်သည်ယခုအချိန်တွင် မည်သို့သော ယုံကြည်ခြင်း ရှိဖို့လိုအပ်သနည်း။ မည့်သို့သောအရာ ကိုရဖို့ရန်လိုအပ်သည် ကို နားလည်လာမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်ပါသတင်းကောင်းကို ယုံကြည်သောသူသည်ဤခေတ်ကာလတွင် အသေသတ်ခြင်းခံရပြီး ဘုရား သခင်၏ ကောင်းကင်ဘုံသို့ ဝင်သွားဖို့ရန် မျှော်လင့်ကြသည်။ သူတော်စင် များသည် ဤလောကသို့ အသက်ရှင်နေသောအခါ ဘုရားသခင်၏နိုင်ငံ တော်ကျယ်ပြန့်ဖို့ရန်အလုပ်လုပ်ပြီး နောက်ဆုံးသောကာလ၌ အသေ သတ် ခံရဖို့ရန် သူတို့၏ယုံကြည်ချက်အပေါ် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။
ဘုရားသခင်၏ခေတ်ကာလခုနှစ်ချက်သည် သင်ယုံကြည် ပါသ လား။ ယခု ကျွန်ုပ်တို့သည် မြင်းနက်၏ကာလတွင် အသက်ရှင်နေသော သူဖြစ်သည်ကို မြင်တွေ့နိုင်သလား။ သင်သည် ရေနှင့်ဝိညာဉ်တော်၏ သ တင်းကောင်းကို မယုံကြည်ခဲ့လျှင် ဤလောကသို့ ကျရောက်လာမည့် ဘေး ဒုက္ခထဲက၌လွတ်မြောက်နိုင်မည်မဟုတ်။ ထို့ကြောင့် သင်သည် ယခုအချိန် တွင် ပြင်ဆင်ဖို့ရန်လိုပါသည်။ ထို့ဒုက္ခကြီးကာလကို အောင်မြင်နိုင်သော ယုံကြည်ခြင်းရှိဖို့ရန် ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ခြင်းအား ဖြင့် ကယ်တင်ခြင်းဖို့လိုအပ်ပါသည်။ထိုနောက် သန့်ရှင်းသော ဝိညာဉ်တော် ဆု ကျေးဇူးကိုရရှိပြီး အနှစ်တထောင်အုပ်စိုးသောနိုင်ငံတော်သို့ ဝင်သွားနိုင် မည်ဖြစ်သည်။
ယခုပြင်ဆင်ပါ။ရေနှင့်ဝိညာဉ်၏သတင်းကောင်းကို သင်မယုံ ကြည်ခဲ့လျှင် ဘုရားသခင်၏အမျက်တော်တံပိုးခုနှစ်ချက် ရောက်လာသော အခါ ခက်ခဲမျိုးစုံကြုံတွေ့မည်ဖြစ်သည်။ ယခု သင်သည် ရေနှင့် ဝိညာဉ် တော်၏သတင်းကောင်းကိုယုံကြည်ပြီးလာမည့်အနာဂတ်အတွက် ပြင်ဆင် ဖို့ ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့် ဆုတောင်းချက်ဖြစ်သည်။
ဘုရားသခင်ချထားသော ခေတ်ခုနှစ်ချက်။
၁။    မြင်းဖြူ        -    ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းစတင်ခြင်းနှင့် ဆက်လက်လုပ်ဆောင်ခြင်းကာလ။
၂။     မြင်းနီ         -     စာတန်ရောက်လာခြင်းနှင့် ငြိမ်သက်မှုဖျက်ဆီးခြင်း။
၃။    မြင်းနက်    -    အန္တရာယ်၊ ဝိညာဉ်အစာငတ်ခေါင်းပါးခြင်းကာလ၊ ယ ခုကာလဖြစ်သည်။
၄။    မြင်းမွဲ         -    သူတော်ရှင်များသည် မာတုရ၏ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြက်ခြင်းကာလ။
၅။    သူတော်ရှင်များ ရှင်ပြန်ထမြောက်ခြင်း၊ ချီစောင်ခြင်းနှင့် သိုးသူငယ်၏ လက်ထက် မင်္ဂလာဆောင်ခြင်းကာလ
၆။    ပထမ ကမ္ဘာပျက်ဆီးခြင်းကာလ
၇။    အနှစ်တထောင်၊ မြေကြီးနှင့် ကောင်းကင်းသစ်တွင် ဘုရားသခင်နှင့် သူတော်စင်များ၏ အုပ်ချုပ်သောကာလ
ဤအရာသည်ဘုရားသခင်ချပေးသောခေတ်ကာလခုနှစ် ချက်ဖြစ် သည်။ဤခေတ်ကာလကိုကောင်းစွာသိရှိပြီးရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကို ယုံကြည်သောသူတို့သည် နောက်ဆုံးသောကာလ၌ပြင်ဆင် သောသူများဖြစ်ကြသည်။ ဤခေတ်ကာလ ခုနှစ်ချက်သည် သင်သိရှိလာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပြီး ဆုတောင်းခဲ့ပါသည်။