Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 9-2] နောက်ဆုံးသော အချိန်၌ ရဲရင့်သော ယုံကြည်မှု ရှိရမည် (ဗျာဒိတ်ကျမ်း ၉း၁-၂၁)

နောက်ဆုံးသော အချိန်၌ ရဲရင့်သော ယုံကြည်မှု ရှိရမည်
( ဗျာဒိတ်ကျမ်း ၉း၁-၂၁ )
 
တံပိုးခုနှစ်လုံး၏ ကပ်ရောဂါဘေးကြီးများအနက် ပြီးခဲ့သော စာ မျက်နှာများတွင်ပဉ္စမနှင့်ဆဌမတံပိုးများ၏ကပ်ရောဂါဘေးများ အကြောင်း ကို သေသေချာချာ လေ့လာခဲ့ပြီးဖြစ်သည်။ ပဉ္စမတံပိုးသည် ကျိုင်းကောင် ကပ်ရောဂါဘေးအသံကို မြည်စေပြီး ဆဌမတံပိုးသည် ယူဖရေတီးမြစ်တွင် ဖြစ်ပွားမည့် စစ်ပွဲအကြောင်းကို ကြေငြာခဲ့ပြီး ဖြစ်သည်။
ကျွန်ုပ်တို့ ရှာဖွေရန် လိုအပ်သော ပထမဆုံးအချက်မှာ ဤတံပိုး ခုနှစ်လုံး၏ကပ်ရောဂါဘေး တလျှောက်လုံးသန့်ရှင်းသူများလည်း လိုက် လျှောက်ရမည် သို့မဟုတ် မလျှောက်ရဆိုခြင်းပင် ဖြစ်သည်။ ယခုအချိန် တွင် ဤကိစ္စမှာ ကျွန်ုပ်တို့ပထမဆုံး ကြားသိရမည် ကိစ္စနှင့် ယုံကြည်ရမည့် အချက်ပင် ဖြစ်သည်။
သန့်ရှင်းသူများကို တံပိုးခုနှစ်လုံး၏ကပ်ရောဂါ ဘေးကြီးများ အ လယ်၌တွေ့ရမည်လား။ သန့်ရှင်းသူများသည်လည်း ကပ်ရောဂါဘေးကြီး များ အလယ်၌ရှိနေကြမည်မှာ သေချာပါသည်။ သုံးစုတစ်စုသော ကမ္ဘာ့ သစ်တောကြီးများ မီးလောင်ကျွမ်းကြလိမ့်မည်။ ပင်လယ်နှင့် မြစ်အားလုံး ၏ သုံးပုံတစ်ပုံသည် သွေးအဖြစ် ပြောင်းသွားကြလိမ့်မည်။ ထို့အပြင်နေ၊ လနှင့်ကြယ်တာရာသုံးစုတစ်စု တို့သည်လည်း သူတို့၏အလင်း ပျောက်ကြ လိမ့်မည်။ ကမ္ဘာကြီးတစ်ခုလုံး၏ သုံးစုတစ်စုသော သဘာဝတရားများ သွေးအဖြစ်ပြောင်းလိမ့်မည် သို့မဟုတ် အလင်းရောင်ပျောက်ကွယ် လိမ့် မည်ဖြစ်သော်ငြားလည်း ဤအဖြစ်အပျက်သည်လည်း ကျန်ရှိသော ကမ္ဘာ ၏သုံးပုံနှစ်ပုံသည် ဆက်လက်တည်ရှိလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပြန်သည်။
ကယ်တင်ခြင်းခံရပြီးသောသန့်ရှင်းသူများသည် ကမ္ဘာကြီး၏ သုံးစု တစ်စုကို ဖျက်ဆီးလိမ့်မည် ဖြစ်သောပထမတံပိုးခြောက်လုံး၏ ကပ်ရောဂါ ဘေးကြီးများ အလယ်တွင် ဆက်လက်ကျန်ရှိ နေမည် ဖြစ်ကြောင်းနှုတ်က ပတ်တော်က ကျွန်ုပ်တို့အားကြောက်ရွှံ့ရန်မလိုပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည်သူ၏ ပဉ္စမကပ်ရောဂါဘေးကာလ၌ ကျိုင်းကောင်များကို သူတို့နဖူးတွင် ဘုရားသခင်၏ တံဆိပ်ခပ်နှိပ်ခြင်း မခံရသူများ ကိုသာ ဘေးအန္တရာယ် ပေးရန် အမိန့်ပေးမှာ ဖြစ်သကဲ့သို့ သူ၏တံဆိပ်ခပ်နှိပ်ခြင်း ခံရသော သန့်ရှင်းသူများကို တံပိုး ခုနှစ်လုံးကပ်ရောဂါဘေးကြီး အလယ်၌ အကာအကွယ် ပေးထားမည် ဖြစ်ပါသည်။
သို့သော်ဤအကြောင်းအရာသည်သန့်ရှင်းသူများသည် ကပ်ရောဂါ ဘေးများတလျှောက်လုံး ဆက်လက် ရှင်သန်နေကြပေမည်ဟု ဆိုလိုရာ ရောက်ဆဲပင်ဖြစ်သည်။သင်နှင့်ကျွန်ုပ်တို့သည်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းကို ယုံကြည်လက်ခံခြင်းဖြင့် ကယ်တင်ခြင်းခံရပြီး သူများဖြစ်သည့် အားလျော်စွာ ဘုရားသခင်အားဖြင့်ကမ္ဘာ၏သုံးပုံတစ်ပုံသည်မီးမိုး ရွာချခြင်း အားဖြင့်လောင်ကျွမ်းလိမ့်မည်။ထို့အတူ ဒုတိယကပ်ဘေးအားဖြင့် ပင်လယ် ၏သုံးစုတစ်စုသွေးဖြစ်သွားကာတောင်ပေါ်သို့မီးတောက်များကျဆင်းမည်။ ၄င်းအပြင် တတိယကပ်ရောဂါဘေးကြောင့် ကောင်းကင်မှ ကြီးမားသည့် ကြယ်ကြီးများကျရောက်ခြင်းဖြင့် ကမ္ဘာ၏သုံးပုံတစ်စုသောမြစ်နှင့်စမ်း ချောင်း ရေများရေခါးအဖြစ် ပြောင်းလဲသွားမည် ဖြစ်သော ပထမကပ်ဘေး ကာလအလယ်တွင် ရှိနေကြလိမ့်မည် ဖြစ်သည်။
စတုတ္ထမြောက် ကပ်ရောဂါဘေးကာလ တစ်လျှောက်လုံးလည်း ကျွန်ုပ်တို့ ဆက်လက်ရှင်သန်နေရဦးမည်။ စတုတ္ထကပ်ရောဂါ ဘေးဖြစ် သောသုံးစု တစ်စုသော နေ၊လ နှင့်ကြယ်တာရာများ အပေါ်သို့ အမှောင်ထု ကျရောက်လာသောကာလတွင်လည်း ကျွန်ုပ်တို့ နေထိုင်ရလိမ့်ဦးမည်။ ထို့ အတူကျိုင်းကောင်များက ကင်းမီးကောက်အဆိပ် တန်ခိုးများဖြင့် လူများ အား အန္တရာယ်ပေးမည့် ပဉ္စမကပ်ရောဂါဘေးတွင်၄င်း၊ ယူဖရေးတီးစ် မြစ်တွင်ပေါ်ပေါက်စေမည့်ဆဌမမြောက်ကပ်ဘေး၏စစ်ပွဲများတစ်လျှောက် တွင်၄င်း ကျွန်ုပ်တို့သည် ယင်းကပ်ရောဂါဘေးကာလ တစ်လျှောက်လုံး ဆက်လက်အသက်ရှင်နေထိုင်ကြရဦးမည်ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက် ၍ မည်သူတစ်ဦးတစ်ယောက်မျှ မတတ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စသည် ဘုရားသခင်၏ကြင်နာမှုနှင့် ဂရုစိုက်မှုလက်တွေ့ အကောင် အထည် ပေါ်လာမည်ကို စောင့်ကြည့်နေရမည့် ကိစ္စရပ်သာ ဖြစ်သည်။ ကျွန်ုပ်တို့နေထိုင်ဖြတ်သန်းရလိမ့်မည့် ဤကြောက်မက်ဘွယ် ကောင်းလှ သော ကပ်ရောဂါဘေးခြောက်ခုသည် ဘုရားသခင်ရေးသားထားသော နှုတ် ကပတ်တော် အချက်အလက်များ ဖြစ်သည်။
ကျွန်ုပ်တို့၏ သခင်ဘုရားက သင်၏အပြစ်အားလုံးတို့ကို သင့်ထံမှ ရွေးနှုတ်ခဲ့ပြီး ဖြစ်သည်။ သူ၏ ရေနှစ်ခြင်းခံယူခြင်း အားဖြင့်၄င်း၊ သူ၏ လက်ဝါးကားတိုင်၌ အတွေးလွန်ခြင်းအားဖြင့်၄င်း သူ၏ပြန်လည်ရှင်မြန် ထမြောက်ခြင်းအားဖြင့်၄င်းကျွန်ုပ်တို့အပြစ်အားလုံးကို ဖယ်ရှားပေးပြီး ဖြစ် သည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်စားအ သေခံခဲ့သည်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ဘုရားရှင်၏ ကျေနပ်အား ရမှုကိုရရှိပြီး ဖြစ်သည်။ ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုလက်ခံ ယုံကြည်ခြင်းဖြင့် သူတို့၏အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းခံရပြီးသော သူတို့ သည် ကြောက်မက်ဘွယ်ကောင်းသော ဆဌမကပ်ရောဂါ ဘေးတစ် လျှောက် နေထိုင်နေကြသည့်တိုင်အောင် ဘုရားသခင်သည် သူတို့အား အ ထူးတလည်စောင့်ရှောက်လိမ့်မည်။ တနည်းအားဖြင့်ပြောရလျှင် ဘုရား သခင်၏ မဟာဂရုဏာ တော်ကကျွန်ုပ်တို့အား ဆက်လက် အသက်ရှင်ခွင့် ပြုသည်ဟု နှုတ်ကပတ်တော်က ကျွန်ုပ်တို့အားဖော်ပြနေပါသည်။ ကယ် တင်ခြင်းခံရသူများကို ဤကပ်ဘေးကြီး အလယ်၌ အထူးအခွင့်အရေးနှင့် ကာကွယ်မှုပေးသော ထိုဘုရားရှင်သည် ကျွန်ုပ်တို့အားလုံးထံမှမည်မျှ လောက် ကျေးဇူးတင်ခံထိုက်သည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက် ကြရမည်။
ပဉ္စမမြောက်ကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်လိုက်သော အခါ အနက်ဆုံးသောတွင်း၏သော့ကို ပေးအပ်ခြင်းခံရသော ကြယ်သည် ကောင်းကင်မှမြေကြီးသို့ကျသည်ကို ရှင်ယောဟန် မြင့်တွေ့ခဲ့သည်။ ဤ နေရာတွင် ကြယ်သည် ကောင်းကင်တမန်ကို ရည်ညွှန်းသည်။ ဘုရားသခင် ကြယ်များသည်ဝိညာဉ်ဆိုင်ရာအနက်အဓိပ္ပါယ်အားဖြင့် သူတို့အားလုံးသည် ဘုရားရှင်၏အစေခံနှင့်သန့်ရှင်းသူများဟု ဆိုလိုရာရောက်သည်။ ကမ္ဘာမြေ သို့ကျရောက်လာသော ဤကောင်းကင် တမန်ကအနက်ဆုံးသော ကျင်း၏ သော့ကို လက်ခံရရှိပြီးနောက် ၄င်းသော့ဖြင့် ဖွင့်လိုက်သောအခါ သတ္တုများ ကျိုသည့် မီးဖိုမှထွက်သော မီးခိုးကဲ့သို့သောမီးခိုးများသည် ၄င်းတွင်းထဲမှ အခိုးများပေါ်ထွက်လာသည်။
အနက်ဆုံးသောတွင်းဟုဆိုရာ၌အတိအကျအားဖြင့် အနက်ဆုံးနှင့် နောက်ဆုံးနိဂုံးချုပ်ရာ အရပ်ဒေသကို ရည်ညွှန်းပါသည်။ ထိုကဲ့သို့ပင် အသူတရာနက်သောချောက်ကိုလည်း အဆုံးမရှိအောင် နက်သောတွင်းဟု နားလည်ထားရမည်။ ပဉ္စမမြောက်ကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်လိုက်သောအခါ သူသည် အနက်ဆုံးသော တွင်း၏သော့ကို ရရှိပြီး ၄င်း သော့ဖြင့် တွင်းကို ဖွင့်လိုက်သည်။ ၄င်းတွင်းထဲမှအလွန်ကြီးမားသော မီး တောက်ထွက်လာသကဲ့သို့ ကြီးမားသော မီးတောက်ကြီးထွက်လာသည်။ ထိုအသူတရာနက်သောတွင်းထဲမှထွက်လာသည့်မီးခိုးကြီးသည်နေ၊ကောင်း ကင်နှင့် ကမ္ဘာလုံးကို မှောင်မဲစေသည်။
အလွန်နက်သောတွင်းကြီးအား ဖွင့်လိုက်သောအခါ ထွက်ပေါ်လာ သောအရာမှာမီးခိုးတခုတည်းမဟုတ်ဘဲ ကျိုင်းကောင်များ သည်လည်း၄င်း တွင်းထဲမှ မီးခိုးများနှင့်အတူ ထွက်ပေါ်လာကြသည်။ ကမ္ဘာမြေပေါ်သို့ တက်လာသော ၄င်းကျိုင်းကောင်များသည် ကမ္ဘာမြေထဲရှိ ကင်းမြီး ကောက်ကဲ့သို့သောတန်ခိုးရှိကြပြီး လူတို့အားသူတို့အမြီးများဖြင့် ပျား တုပ်သလို တုပ်ကြသည်။ ကျိုင်းကောင်များ၏မျက်နှာသည် ယောကျာ်း မျက်နှာကဲ့သို့၄င်း၊ သူတို့၏သွင်ပြင်လက္ခဏာသည် စစ်ပွဲအတွက် ပြင်ဆင် ထားသော မြင်းကဲ့သို့၄င်း သူတို့၏သွားများသည် ခြင်္သေ့သွား ကဲ့သို့၄င်း သူတို့၏အမွှေးများသည်မိန်းမဆံပင်များကဲ့သို့ရှိကြောင်းကျမ်းစာက ဖော်ပြ ထားပါသည်။
ကျိုင်းကောင်ဟူသော ဝေါဟာရကို ရေးသား ဖော်ပြရာ၌ ဧကဝုစ် အစားဗဟုဝုစ်ဖြင့် သုံးစွဲလေ့ရှိသည်။ ကျမ်းစာကလည်း ကျွန်ုပ်တို့ကို ပြောပြသည်မှာ ကျွန်ုပ်တို့သည် ကျိုင်းကောင်တစ်ကောင် သို့မဟုတ် အနည်းငယ်အကြောင်းကို ပြောပြနေခြင်းမဟုတ်ဘဲ အလွန်ကြီးမားသော ကျိုင်းကောင်ထုကြီး အကြောင်းဖြစ်ပြီး အပူပိုင်းဒေသများ၌ တစ်ခါတစ်ရံ ပေါ်လာသောကျိုင်းကောင်များကဲ့သို့ဖြစ်ကာ သူတို့သွားရာ လမ်းတစ် လျှောက်ရှိ အပင်မှန်သမျှကို စားပစ်ပြီး၄င်းတို့သွားရာ လမ်းနောက်၌ သစ်ပင်အမြစ်မှ ဘာမျှမကျန်အောင် ဖျက်ဆီးတတ်သော ကျိုင်းကောင် များကို ဆိုလိုသည်။ အလားတူ ကျိုင်းကောင်များသည် အနက်ဆုံးသော ကျင်းထဲမှပေါ်ထွက်လာပြီးငါးလတာမျှ ကြာမြင့်အောင် လူတို့ကို စိတ်ဆင်း ရဲ ကိုယ်ဆင်းရဲဖြစ်စေမည်။
တံပိုးခုနှစ်လုံး၏ ပဉ္စမမြောက် ကပ်ရောဂါဘေး၏ တိုက်ခိုက်ခြင်း ခံရမည့်သူများမှာဒုတိယကြိမ် မွေးဖွားခြင်း မခံရသေးသူများဖြစ်သည်။ ဤ ကျိုင်းကောင် ကပ်ဘေးကြီးကို ဒုတိယမွေးဖွားခြင်း ခံရသူများကျော်လွှား သွားကြလိမ့်မည်။ ကျွန်ုပ်တို့၏သခင်ဘုရားသည် ကျွန်ုပ်တို့အပေါ်သို့ ကျိုင်း ကောင်ကပ်ဘေးကြီးကို ကျရောက်စေမည်မဟုတ်ပါ။ အဘယ်ကြောင့် ဆို သော် အကယ်၍ ကျိင်းကောင်များက ဒုတိယအကြိမ် မွေးဖွားပြီးသူများကို ထုပ်လိုက်ပါက သူတို့သည် ကယ်တင်ခြင်းသတင်းကောင်းကို ထွေးထုတ် ပစ်ရင်း အဘယ်ကြောင့် တချိန်လုံးကျွန်ုပ် ကယ်တင်ခြင်း ခံခဲ့ရသနည်းဟု ငြီးထွားကြမည်ကို သခင်ဘုရားသိသောကြောင့် ဖြစ်သည်။ ဤအချက်ကို အခန်းငယ်(၄)တွင်ဖော်ပြထားသော “မြေ၏မြက်ပင်မှစ၍ စိမ်းသော အရာ များ၊ သစ်ပင်များအပေါင်းတို့ကို ထား၍နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ် ခြင်းကိုမခံသောသူတို့ကိုသာညှင်းဆဲမည့်အကြောင်းသူတို့အားပညတ်ထား ၏” ကျမ်းပိုဒ်အားဖြင့် ကျွန်ုပ်တို့သိရှိ နိုင်ပါသည်။
၁၄၄၀ဝ၀ သော ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ တံဆိပ်ရိုက်နှိပ်ခြင်းခံရမည်ကို ကျွန်ုပ်တို့သိပြီး ဖြစ်ပါသည်။ သို့သော် တပါး အမျိုးသားများအကြောင်း ကျမ်းစာက ဖော်ပြမထားပါ။ သို့ဖြစ်လျှင် ဤအ ချက်က ကျွန်ုပ်တို့သည် အပြစ်သားများ ခံစားရသကဲ့သို့ ကျိုင်းကောင် ကပ် ဘေးကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဒုက္ခခံစားရလိမ့်မည်ဟု ဆိုလို ပါသ လား။ ကိစ္စမရှိပါ။ ဣသရေလလူမျိုး ၁၄၄၀ဝ၀တို့ တံဆိပ်နှိပ်ခံရပြီး သကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း မိမိနှလုံးသားထဲ၌သူတို့၏အပြစ်များ ခွင့် လွှတ်ခံရပြီး ဖြစ်ကြောင်းကို လက်ခံရရှိပြီး သူတိုင်းသည် သန့်ရှင်းတော် ဝိညဉ်တော်ရှိပြီးလား၊ သူ၏လူမျိုးကဲ့သို့ပင် ကျွန်ုပ်တို့နှင့် အတူ ၁၄၄၀ဝ၀ သောဣသရေလလူမျိုးတို့လည်းကျိုင်းကောင်ကပ်ဘေးကြီးမှလွတ်မြောက် ကြလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်သန့်ရှင်းသော ဝိညာဉ်တော်ကိန်း ဝပ်ခြင်းခံရသော နှလုံးပိုင်ရှင်တို့သည်ဘုရားသခင်၏သားသမီးကဲ့သို့ပင် တံ ဆိပ်ခတ်နှိပ်ခံရပြီး ဖြစ်သည်။ လူအပေါင်းတို့သည် ယခင်အခါများကထက် ကျွန်ုပ်တို့ကိုပို၍ မုန်းတီးပြီး နှိပ်စက်ဘွယ်ရာ ရှိသည်။ အဘယ်ကြောင့် ဆို သော် ကျိုင်းကောင်ကပ်ဘေးကြီးသည် ဒုတိယမွေးဖွားခြင်း မခံရသေး သူ တို့ကိုသာ အန္တရာယ်ပြုလိမ့်မည်။
ကပ်ရောဂါဘေးကျရောက်သောငါးလတာကာလ အတောအတွင်း ဒုတိယမွေးဖွားခြင်း မခံရသေးသူများသာ ကျိုင်းကောင်၏ တုပ်ခြင်းခံရပြီး၊ ပြင်းစွာသော ဝေဒနာခံစားလျှက်၊ သေချင်လျှက်မသေနိုင်ဖြစ်ကြလိမ့်မည်။ ကျိုင်းကောင်တို့၏မျက်နှာသည်ယောကျာ်းမျက်နှာကဲ့သို့၄င်း၊သူတို့၏ သွား များသည် ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့သွားများကဲ့သို့၄င်း၊ သူတို့ ပုံ သဏ္ဍန်သည် တိုက်ပွဲဝင်မြင်းများကဲ့သို့၄င်း၊သူတို့၏အမြီးသည်လည်း ကင်း မြီးကောင် အမြီးကဲ့သို့၄င်း ဖြစ်ကြသည်။ ကျိုင်းကောင်တို့သည် သူတို့သွား ရာ လမ်းတွေ့သမျှကို သူတို့ ခေါင်းများဖြင့် ချိန်းခြောက်လျက်တွေ့သမျှကို သူတို့သွားများဖြင့် ကိုက်ဖြတ်လျက်သူတို့၏ အဆိပ်ပါသော အမြီးများဖြင့် သူတို့အားလုံးကိုတုပ်လျက်၊တွေ့သမျှသောဓားစာခံများအပေါ် ဖော်မပြနိုင် လောက်အောင်ပြင်းပြစွာနာကျင်သောဝေဒနာများကိုကျရောက်စေသည်။
တစ်ကြိမ်အတုပ်ခံရလျှက်မဖော်ပြနိုင်လောက်အောင် ခံစားရသော ဝေဒနာမျိုးကျရောက်စေသည်။ အလွန်မြင့်သောဗို့အားနှင့် ညီမျှသော လျှပ် စစ်ဓါတ်လိုက်ခြင်းကဲ့သို့တူညီသောခံစားမှုမျိုးကို ငါးလတာ ကြာမြင့်သည် အထိခံစားရလိမ့်မည်။ထိုသို့ခံစားရသောသူတို့သည် သေလည်း မသေနိုင် ကြဘဲ မည်မျှပင် ကျိုင်းကောင်များကြောင့် ဒုက္ခခံစား နေရသည် ဖြစ်စေ။ မည်မျှပင် ယင်းဝေဒနာကို ဆက်လက်ခံစားနေရမည်သာ ဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော်  မသေခြင်း ကပ်ရောဂါဘေးသည် ဤကျိုင်းကောင် ကပ်ဘေးတွင် ပါဝင်လျှက်ရှိပြီး ငါးလတာကာလအတွင်း  မြေကြီးပေါ်၌ သေခြင်းကင်းမဲ့လိမ့်မည်။ဤကပ်ဘေးကြီးသည်ကမ္ဘာမြေကြီးကို ငါးလတာ ကြာမျှ ဒုက္ခဆင်းရဲ ဖြစ်စေမည်။
ကျွန်ုပ်တို့သည် ယင်းကဲ့သို့သောကပ်ဘေးများကို ကျွန်ုပ်တို့ ကိုယ် ပိုင်မျက်စိနှင့်မြင်တွေ့ရမည် မဟုတ်သော်ငြားလည်း ယင်းတို့အားလုံးမှာဘု ရားသခင်၏အကြံအစဉ်တော်သာဖြစ်သည်။ ဤကမ္ဘာမြေပေါ်တွင် နေထိုင် ကြသောဘုရားသခင်အား မယုံကြည်သောသူများ၊သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကိုဖြစ်စေ၊ သူ၏ရွေးနှုတ်ခြင်းကိုဖြစ်စေ၊ မယုံကြည်သော သူများအတွက် ဤရောဂါကပ်ဘေးများကို ကမ္ဘာမြေပေါ်သို့ကျရောက် စေ မည်ဟုဘုရားသခင်က ကျွန်ုပ်တို့အားဖော်ပြပါသည်။ ဤအရာအားလုံး သည် ဘုရားသခင်၏အကြံအစည်တော်အတိုင်း ဖြစ်သည်။ကျွန်ုပ်တို့သည် ဘုရားသခင်က ဤအရာအားလုံးကို အမှန်တကယ်အားဖြင့်ကျွန်ုပ်တို့ထံမှ ကျော်လွန်မြောက်စေမည်ဖြစ်ကြောင်း ယုံကြည်ရမည် ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဤအရာအားလုံးကိုပြုလုပ်ရန် ဘုရားသခင်က စီစဉ်ထား ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးလုပ်နိုင်သည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း တစ်ခုသာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရားသခင်၏အ ကြံအစည်နှင့်လုပ်ဆောင်ချက်ကို မငြင်းနိုင်ကြသောကြောင့် ဖြစ်သည်။ လူအများတို့သည် ကျိုင်းကောင်အန္တရာယ်ကို ခံစားနေရသော ဤအခြေအ နေမျိုးမှာပင်ဘုရားသခင်သည်ကျိုင်းကောင်များကိုကျွန်ုပ်တို့အား ကိုက်ရန် ဖြစ်စေ၊ တုပ်ရန်ဖြစ်စေခွင့်မပြုဘဲ ကျွန်ုပ်တို့အား ဤကပ်ဘေးကြီးမှ အကာ အကွယ်ပေးလျက် ရှိပါသည်။ အဘယ်ကြောင့် ဆိုသော်နဖူးတွင် ဘုရားသ ခင်၏တံဆိပ်ခတ်နှိပ်ခံရပြီးသူတို့အားအန္တရာယ်မပေးရန်ဘုရားသခင်သည် ကျိုင်းကောင်တို့အား အမိန့် ပေးလိမ့်မည် ဖြစ်သည်။
 
 

အဘယ်ကြောင့်ဘုရားသခင်သည် တံပိုးခုနှစ်လုံး၏ကပ်ရောဂါ ဘေးများကို ကျရောက်စေသနည်း

 
တံပိုးခုနှစ်လုံး၏ကပ်ရောဂါဘေးကြီးများကို ကျရောက်စေသော ဘုရားသခင်၏ ရည်ရွယ်ချက် များမှာ- ဒုတိယအကြိမ် မွေးဖွားခြင်းခံရပြီး သူများအတွက်ဂုဏ်ကျက်သရေတော်ရရှိရန်၊ ဒုတိယအကြိမ်မွေးဖွားခြင်း မခံရသေးသူများအတွက် ဒုတိယအကြိမ်မွေးဖွားခွင့်ရရှိရန်အတွက် နောက် ထပ်အခွင့်အရေးထပ်ပေးရန် ဘုရားသခင်ဖန်ဆင်းခဲ့သောလူအသီးသီးတို့ အား ဘုရားသခင်သည် အရှင်သခင်ဖြစ်တော်မူပြီးဤကမ္ဘာမြေ၏ ဖန်ဆင်း ရှင်၊ ကယ်တင်ပိုင်ရှင်နှင့်အားလုံးကို တရားစီရင်သူဖြစ်ကြောင်း သိစေရန် ဖြစ်သည်။
ပထမအချက်အနေဖြင့် အပြစ်သားများအပေါ်သို့ ကပ်ရောဂါဘေး တစ်လျှောက်လုံး ဒုက္ခဝေဒနာကျရောက်စေပြီး၊ ဖြောင့်မတ်သူများကို ယင်းဒုက္ခ ဝေဒနာမှလွတ်မြောက်ခွင့်ပေးခြင်း ဖြောင့်မတ်သူများကို ဘုရား သခင်ကြီးကျယ်ခန့်ညားမှုကို သူ၏မဟာဂရုဏာကျေးဇူးတော်နှင့် ဂုဏ် တော်များကို ချီးမွမ်းစေသည်။
ဒုတိယချက်အနေဖြင့် ဘုရားသခင်သည် သူ၏နောက်ဆုံးသော ကောက်ရိတ်သိမ်းခြင်းအတွက် ကပ်ရောဂါဘေးများကို ခွင့်ပြုသည်။ ရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို သိရှိနားလည်သူများအတွက် တံပိုး ခုနှစ်လုံး၏ ကပ်ဘေးကြီးများကယ်တင်ပြီး မယုံကြည်သူများကို မကယ် တင်ပါ။ ဘုရားသခင်ဖန်ဆင်းခဲ့သော တပါးအမျိုးသားနှင့်ဣသရေလ အမျိုး သားတို့အား အရှင်ဘုရားထံ ပြန်လာပြီး ကယ်တင်ခြင်းခံရရန် အတွက် နောက်ဆုံးပေးသော အခွင့်အရေးဖြစ်ပြီး ဤအခွင့်အရေးသည်ဘေးဒါဏ် ကြီး ကာလအထိ ပေးအပ်ရန် ဖြစ်သည်။
တတိယ အချက်နေဖြင့် ဤကမ္ဘာမြေပေါ်ရှိသမျှ အရာအားလုံး သည် လူ့ဇာတိအသွေးအသားအဖြစ်ခံယူပြီး ဤကမ္ဘာမြေသို့ ဝင်ရောက် ခဲ့သော သခင်ခရစ်တော် ယေရှုမပါရှိဘဲ မတည်ရှိနိုင်သကဲ့သို့ သူ၏ ရေနှစ် ခြင်းခံယူခြင်းအားဖြင့် တစ်ကမ္ဘာလုံး၏အပြစ်အားလုံးကို သူ့အပေါ် တင်ရှိ စေပြီးကားတိုင်ပေါ်၌အသေခံခြင်းဖြင့်အပြစ်အားလုံးကိုပွတ်တိုက် သန့်ရှင်း စေခြင်းတို့သည် ဤကြောက်စရာကောင်းသော ဘေးကပ်ရောဂါ ဘေးတစ် လျှောက်လုံး ဖော်ပြခံရမည်။ သူ၏ကြီးကျယ်ခမ်းနားသော တန်ခိုးအာဏာ မှာ သူ၏ချစ်မေတ္တာနှင့်ခမည်းတော်၏မေတ္တာကို လက်မခံဘဲ ကယ်တင် ခြင်း သတင်းကောင်းကို မယုံကြည်သူများအတွက် ဖြစ်သည်။ ဒုတိယ အကြိမ် မွေးဖွားခြင်း မခံရသေးသူများအတွက် သူတို့ခံစားရမည့် ဒုက္ခ ဝေဒ နာများကို ကမ္ဘာပေါ်တွင်၄င်း သူတို့၏သေပြီးနောက် ထာဝရအပြစ် ဒါဏ်ခံ ရမည့် ငရဲတိုင်အောင်၄င်း ဘုရားရှင်သည် ချပေးလိမ့်မည်။
ဘုရားသခင်သည် အလားတူ ရည်ရွယ်ချက်များ၊ အကြံအစည် တော်များဖြင့် ဤကမ္ဘာမြေသို့ ကပ်ရောဂါဘေးကြီးများကျရောက် စေလိမ့် မည်။ ဤကပ်ရောဂါဘေးများ အမှန်တကယ်ကျရောက်လိမ့်မည်ဖြစ် ကြောင်းကျွန်ုပ်တို့သိရှိပြီး ယုံကြည်နေရမည်။ မည်သို့ဆိုစေ ကျွန်ုပ်တို့သည် ကျိုင်းကောင်ကပ်ဘေးကြီးမှ အထူးသဖြင့် ကင်းလွတ်ခွင့်ရကြလိမ့်မည်။ သို့သော်လည်း ကျွန်ုပ်တို့အားလုံးသည် ဤကပ်ရောဂါဘေးကာလ တစ် လျှောက်လုံး အသက်ရှင်နေထိုင်ကြရမည်ကို နားလည်သဘောပေါက် ထားရပါမည်။ တစ်ကမ္ဘာလုံး၏သုံးစုတစ်စုသောသဘာဝနှင့် သစ်တော များကို လောင်ကျွမ်းစေသော မီးကပ်ရောဂါဘေး၊ သုံးစုတစုသော ပင် လယ်ရေကို သွေးဖြစ်စေပြီး သုံးစုတစုသော မြစ်ချောင်းနှင့် စမ်းရေများကို ရေခါးဖြစ်သောရေကပ်ရောဂါဘေး၊ နေ၊ လနှင့်ကြယ်တို့ကို မှောင်ကျစေ သောအမှောင်ကပ်ရောဂါဘေး၊ ကမ္ဘာကြီးကို ဖျက်ဆီးပြစ်မည့်စစ်ကပ် ရော ဂါဘေး၊ ကျွန်ုပ်တို့အားလုံးသည် ဤကပ်ရောဂါဘေးအားလုံး၏ အလယ် တွင် ရောက်ရှိနေကြမည် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ နားလည် ရမည်မှာ ယင်းသို့သော်ကပ်ရောဂါဘေးကြီးများ တစ်လျှောက် ကျွန်ုပ်တို့နေထိုင် ကြ ရသော်ငြားလည်းကျွန်ုပ်တို့သည် ကြီးမားသောထာဝရပျော်ရွှင်မှုနှင့် ပြည်ဝ နေလိမ့်မည် ဖြစ်သည်။
တံပိုးခုနှစ်လုံး၏ကပ်ရောဂါများနှင့်အတူ ကျွန်ုပ်တို့သည် ကမ္ဘာမြေ အသက်တာနှင့်ဆိုင်သော စိတ်ဝင်စားမှုအားလုံးဆုံးရှုံး ကြလိမ့်မည်။ အခိုက် အတန့်အားဖြင့်ကျွန်ုပ်တို့ ဤကဲ့သို့ မှတ်ယူကြပါစို့။ မီးတောင်တို့သည် နေ ရာတကာတွင် ပေါက်ကွဲနေကြသည်။ မြေငလျင်တို့သည် မြေကြီးကို အမြစ်ပါမကျန်မှောက်လှန်ပစ်သည်။တောင်တို့သည်လည်းမီးလောင်လျက် မီးခိုးများ ထွက်နေသည်။ ၄င်းပြင် သုံးစုတစုသော ပင်လယ်ရေ၊ မြစ်ရေ၊ စမ်းချောင်းရေများသည် သွေးနှင့်ရေခါးအဖြစ် ပြောင်းလဲသွားသည်။ ဖုံ မှုန့်များ၊ မီးခိုးများနှင့်ပြာမှုန့်များတို့သည် တစ်ကမ္ဘာလုံးကို ဖုံးလွှမ်း နေ သည်။ နေသည် နံနက် (၁၀) ခန့် ထွက်လာပြီး ညနေ (၄) နာရီတွင် ဝင်သွားသည်။လနှင့် ကြယ်တို့သည်လည်း အလင်းရောင်မဲ့နေကြသည်။ ကျွန်ုပ်တို့သူတို့ကို မည်သည့်အခါမှ မမြင်ရတော့ပေ။ ဤကဲ့သို့သော ကမ္ဘာ ကြီးထဲတွင် သင်၏ကမ္ဘာမြေ အသက်တာကို ခံစားနိုင်ပါ့မလား။
အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဆိုသော် ထိုအချိန်တွင် သန့် ရှင်းသူများတို့သည် ဘုရားသခင်ကိုသာ စေ့စေ့ကြည့်လျက် သူတို့၏ မျှော် လင့်ချက်ကိုလည်းသူ၏နိုင်ငံတော်တွင်သာချမှတ်ထားကြလိမ့်မည်။ ကျွန်ုပ် တို့ မျှော်လင့်ချက်အားလုံး၏ (၁၀ဝ) ရာခိုင်နှုန်းသည်လည်း ဘုရားသခင် တစ်ဦးတည်း၌သာ အခြေခံနေသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤတစ် ကမ္ဘာလုံး၏ချမ်းသာသမျှကို ပိုင်ဆိုင်ခွင့်ရပြီး နှစ်တစ်ထောင် အသက်ရှင် ရမည်ဆိုသည့်တိုင်အောင် ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် မည် သည့် စိတ်ဝင်စားစရာကိုမျှခံစားရန် ဆန္ဒလည်းမရှိလုပ်လည်း လုပ်နိုင်စွမ်း မရှိတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကပ်ရောဂါဘေး အားလုံးသည်ဘုရားသခင်က ကြံစည်ပြီးခွင့်ပြုထားပြီး ဖြစ်သည်။ မည်သူမျှ ဤအရာများကို ရပ်တန့်စေနိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် ဤကပ် ရောဂါဘေးများကို စီစဉ်ခဲ့သည်။ ထိုကြောင့် သူတို့ကို ဘုရားသခင်က ခွင့် ပြုရမည်ဖြစ်သည်။
အဘယ်ကြောင့် ဘုရားသခင် စီစဉ်ခဲ့သောကပ်ရောဂါဘေးများ အကြောင်းကို ကျမ်းစာတွင် မှတ်တမ်းတင်ခဲ့သနည်း။ အဘယ့်ကြောင့် ဘု ရားရှင်က ရှင်ယောယန်အား ကောင်းကင်သို့ ချီမ သွားရသနည်း။
တံပိုး ခုနှစ်လုံး၏မှုတ်သံနှင့်အတူဖြစ်ပေါ်ထွက်လာမည့် ကပ်ရော ဂါ ဘေးကြီးများကို သူ့အားမြင်ခွင့် ကြားခွင့် ပြုပြီး သူမြင်ရ ကြားရသမျှကို ရေးသားအောင်ပြုလုပ်ရသနည်း။ဤကမ္ဘာမြေကြီးတွင်မည်သည့် အရာများ ပေါ်ပေါက်လာလိမ့်မည်ကို ဖေါ်ပြခြင်းအားဖြင့် သန့်ရှင်းသူများကို သူတို့၏ မျှော်လင့်ချက်ကို ဘုရားသခင်၏နိုင်ငံတော်တွင်သာ ထားရှိစေပြီး သူတို့ အား ကမ္ဘာမြေပေါ်တွင် သတင်းကောင်းကို ဟောပြောစေကာ၊ လူတိုင်းကို ယေရှုခရစ်တော်အား ယုံကြည် သက်ဝင်စေမည် ဖြစ်သည်။
ဤကပ်ရောဂါ ဘေးများကို ဘုရားသခင်က စီစဉ်ခဲ့ပြီး ခွင့်ပြုခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် ဤအရာများအားဖြင့် လူအများတို့ပြန်လည် စဉ်းစား ဆင်ခြင်နိုင်မှာ ဖြစ်ပြီး၊ မငြိမ်းသော မီးနှင့်ကန့်လောင်ကျွမ်းရာ ငရဲတွင် ခံစားရမည်မဟုတ်ပေ။ တနည်းပြောရရင်ကပ်ရောဂါဘေးများမှလွတ် မြောက်စေမည့်ခိုလှုံရာကိုဘုရားသခင်က သူတို့အားပေးထားပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူတို့အားပေးထားပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်ုပ်တို့ထံမှ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ငရဲထဲတွင် ဇာတ်သိမ်းစေမည် မဟုတ်ပါ။ ဤကပ်ရောဂါ ဘေးများအားဖြင့်အပြစ်သားများ၏နှလုံးသားများ သူ့ထံ ပြန်လာစေရန် ဘု ရားရှင်ဆန္ဒရှိသည်။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အားလုံးအတွက် ရေး သား ဖေါ်ပြပြီးသောကြောင့် လူတိုင်းသည် ကောင်းကင်နိုင်ငံသို့ ဦးတည် နေကြလိမ့်မည် ဖြစ်ကြောင်း၊ ကျွန်ုပ်ယုံကြည်သည်။ အခြားနည်းခွင့် ပြောရ လျှင်၊ ဘုရားသခင်ကျရောက်စေသောကပ်ရောဂါဘေးကြီးများသည် ကျွန်ုပ် တို့အား ဒုက္ခာဆင်းရဲခံစားစေဖို့ မဟုတ်ပါ။ ဘုရားသခင်သည် ဤကပ် ရောဂါဘေးများကို ကျွန်ုပ်တို့အတွက် ဤကမ္ဘာသို့ ကျရောက်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို ဤကမ္ဘာမြေ၌ မထားရှိဘဲ သူ၏နိုင်ငံတော်တွင်သာထားရှိရမည်။ ထိုအပြင် ကျွန်ုပ်တို့ နားလည်သဘောပေါက် ထားရမည်မှာ - ထာဝရ မီးတောက် မီးလျှံ ရှိသော ငရဲသို့သွားရန်သေချာနေသည့် မရေတွက်နိုင်သော ပျောက်ဆုံးဝိညာဉ်များ ကို ကယ်တင်ခြင်းတည်းဟူသော သူ၏ချစ်မေတ္တာအကြောင်း ဟောကြား ရန်အတွက် ဘုရားရှင်က ဤအရာအားလုံးကို ခွင့်ပြုထားပါသည်။ ထို့ ကြောင့် သူတို့တတွေသည်လည်း ကယ်တယ်ခြင်း နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းစိတ်ချမှုရရှိခံစားပြီး ဤဘေးဒဏ်ကြီးကာ လမှ လွတ်မြောက်ကြမည် ဖြစ်သည်။
ငါးခူတစ်မျိုးသည် အခြားသောအရာများထက် သူတို့၏ ဆူး တောင်နာကျင်မှုပေးနိုင်သဖြင့်နာမည်ကျော်ကြသည်။အကယ်၍ သင်သည် ဤငါးခူမျိုးကို ကိုင်တွယ်ရာ၌ ဂရုတစိုက် မရှိလျှင်၊ သူတို့၏ အဆိပ်ပါသော ဆူးတောင်မှ သင့်လက်ကို တုပ်မိခြင်းဖြင့်သင်သည် လျှပ်စစ်ဓါတ် လိုက်ခံရ သကဲ့သို့သော ပြင်းထန်သည်ဝေဒနာကို ခံစားရမည် ဖြစ်သည်။ ယင်းနာ ကျင်မူသည် ကျိုင်းကောင်တုပ်သည့်အခါ ခံစားရမည့် ဝေဒနာနှင့် နှိုင်းယှဉ် ပါက ဘာမှ မဖြစ်လောက်ပါ။ 
ယင်းကဲ့သို့သော ဝေဒနာမျိုးကို ငါးလကြာမျှခံစားရန် ယခု တွေး ကြည့်စမ်းပါ။အလွန်ဆိုးရွားသည့် ဝေဒနာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ယင်းဝေဒနာမျိုး မချိမဆံ့ ခံစားနေရသည့် တစ်ချိန် ထဲမှာပင် သူတို့သည် ယင်းတို့ ခံစားရသည်ထက် သေရမည်ကို လိုလားကြ လိမ့်မည်။ သို့သော် ယင်းကဲ့သို့ သူတို့ မလုပ်နိုင်ပါ။ နှုတ်ကပတ်တော်က “သူတို့သည် အလွန် သေချင်သော်လည်းသေမင်းသည်သူတို့ထံမှ ပြေးသွားလိမ့်မည်” ဟု ကျွန်ုပ် တို့အား ဖော်ပြသည့်အတိုင်း သူတို့ကိုယ်သူတို့ပင် သူတို့ဖာသာ သတ်သေ နိုင်ကြမည်မဟုတ်ပေ။သို့သော်လည်းကျွန်ုပ်တို့သည်ရေနှင့်ဝိညာဉ် သတင်း ကောင်းကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်လာကြပြီး ကျွန်ုပ် အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ဝင်ရောက် ကိန်းအောင်းပြီး ဖြစ်သည်။ထို့ကြောင့်ဘုရားရှင်သည် ကျိုင်းကောင်အားဖြင့် ကျရောက်လာ မည့်ဤကပ်ရောဂါဘေးကြီးကိုခံစားရမည်မဟုတ်ဘဲဘုရားရှင်ကကာကွယ် ပေးထားမည်ဖြစ်သည်။ကျွန်ုပ်တို့သည်ယင်းကဲ့သို့သော ကပ်ရောဂါ ဘေး၏ အလယ်၌ပင် အကာအကွယ်ရရှိမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ရေနှင့်ဝိညာဉ်သတင်းကောင်းကိုယုံကြည်လက်ခံခြင်းဖြင့် အပြစ်မှ ကင်း လွတ်ခွင့်ကို လက်ခံ ရရှိပြီး ဖြစ်သည်။
ကျွန်ုပ်တို့သည် ဗျာဒိတ်ကျမ်းစာအုပ်ကို ကြောက်ရွံ့သော စိတ်ဖြင့် သာ လေ့လာရမည်မဟုတ်ပါ။သို့သော်လည်း ဗျာဒိတ်ကျမ်းပါ နှုတ်ကပတ် တော်အားဖြင့် ဘုရားသခင်သည် ဤကပ်ရောဂါဘေးမှသူ၏ အထူးကာ ကွယ် စောင့်ရှောက်မှုကို ကျွန်ုပ်တို့အား ပေးလိမ့်မည် ဖြစ်ကြောင်း၊ကျွန်ုပ် တို့အားဖြင့် မည်မျှလောက် ဂုဏ်တော်ချီးမွမ်းခြင်းကိုခံရမည် ဖြစ်ကြောင်း ကျွန်ုပ်တို့သည်လည်း မည်မျှလောက် ဘုရားရှင်၏ ဂုဏ်တော်နှင့် ရပတ်ခံ ရမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ဤအရာ များကို သိထားခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုရဲရင့်လာနိုင်ပြီး သတင်း ကောင်းကိုပို၍ဟောပြောလာကာဘေးဒဏ်ကြီးကာလ ရောက်ရှိ လာသော အခါသာ၍ပင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းနိုင်မည် ဖြစ်သည်။ ဒီအတိုင်းတော့ ကျွန်ုပ်တို့သည် ဤခေတ်တွင် ကျွန်ုပ်တို့နှလုံးသားထဲ၌ ကြောက်ရွံ့ခြင်း မရှိဘဲနေရမည် သို့မဟုတ်လျှင် ကျွန်ုပ်တို့၏ လက်တွေ့ ဘဝ အသက်တာအတွက် မည်သည့် လောဘမျှ မရှိရပါ။ ဘုရားသခင်က ဤအရာများကို ကျွန်ုပ်တို့အား ကြိုတင်၍ သင်ကြားခဲ့ပြီး ဖြစ်သည် ထို့ ကြောင့် ကျွန်ုပ်တို့မှာသတ္တိရှိရမည်။ ထို့အကြောင်းများကြောင့် ကျွန်ုပ်တို့ တွင် ရဲရင့်သော ယုံကြည်ချက်များ ရှိနေရမည်။
ကပ်ရောဂါဘေးကြီးခုနှစ်ပါးကို ဘုရားရှင်က နှစ်မျိုး ခွဲထားသည်။ ရုတ်တရက် ဖြစ်ပွားသည့် ပထမကပ်ဘေးကြီး လေးခုနှင့် နောက်ဆုံးသော ပူဆွေးသောက ဖြစ်မှု(၃)မျိုး ဖြစ်သည်။ နောက်မှ ဖြစ်မည့် ကပ်ရောဂါဘေး များမှာ အချိုးအစားနှင့်ပြင်းထန်မှုတွင် ပို၍အလွန်အကျွံ ကြောက်မက် ဘွယ်ကောင်းပြီး အလွန်ဆိုးရွားလိမ့်မည်ဖြစ်ကြောင်း ဘုရားရှင်က ထင်ရှား အောင်လုပ်ပြသည်။ ထို့ကြောင့် ပဉ္စမမြောက် ကပ်ရောဂါဘေး လွန်မြောက် သောအခါ “အမင်္ဂလာတစ်ပါးလွန်ပြီ” ဟု ဘုရားရှင်က ထင်ရှားစွာကြေငြာ ခဲ့ခြင်း ဖြစ်သည်။
ဒုတိယမင်္ဂလာသည် ဆဌမမြောက် တံပိုး၏ရောဂါဘေး ဖြစ်သည်။ “ဥဖရက် မြစ်ကြီးနားမှာ ချည်နှောင်လျှက်ရှိသော ကောင်းကင်တမန် လေး ပိုးကို လွှတ်လော့ဟုတံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏” (ဗျာ ၉း၁၄-၁၅)။အခန်းငယ် (၁၆) တွင် “မြင်းစီးသူရဲတို့၏ အ ရေအတွက်ကား နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါ ကြားရ၏” ထု ထည် ကြီးမားလှသော စစ်ပွဲသည် ပေါ်ပေါက် လာပြီးလူသား တစ်ရပ်လုံး၏ သုံးပုံတစ်ပုံသည် ဤစစ်ပွဲဖြင့် သေဆုံးကြလိမ့်မည် ဖြစ်ကြောင်း ဤအရာ က ဖော်ပြပါသည်။ တနည်းအားဖြင့်ပြောရလျှင် ဘုရားသခင်သည် အလွန့် အလွန်ဆိုးဝါးသော ကပ်ရောဂါဘေးကြီး၏စစ်ပွဲကို ဤကမ္ဘာမြေသို့ကျ ရောက် စေလိမ့်မည်။
အခန်းငယ် (၁၇-၁၈) က “ထို့အတူဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၄င်း၊ကန့်၊မီး၊ဝှါကိနုကျောက်နှင့် ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၄င်းမြင်ရ၏။ မြင်းတို့၏ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ သူတို့ ၏ခံတွင်းထဲကထွက်သောကန့်၊ မီးလျှံ၊ မီးခိုးတည်း ဟူသော ဘေးသုံးပါး ကြောင့် လူသုံးစု တစုသေကြ၏”ဟု ပြောပြပါသည်။ အကယ်စင်စစ် မရေ မတွက်နိုင်လူပေါင်းများစွာ တို့ကို သေဆုံးစေရန် ထုထည် ကြီးမားသော မြင်းစီးစစ်သည်တပ်ဖွဲ့များကိုဘုရားသခင်ကခွင့်ပြုလိမ့်မည်။ဤအကြောင်း အရာသည် ဆဌမကောင်းကင်တမန်၏ တံပိုးမှုတ်သံဖြင့် ပေါ်ပေါက်လာ မည့် ကပ်ရောဂါဘေးကြီးပင် ဖြစ်သည်။
သတ္တမမြောက်တံပိုးမှုတ်သံပေါ်ထွက်လာသောအခါ မည်သို့ဖြစ် ပျက်လာမည်နည်း။ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း ကျရောက်လာ လိမ့်မည်။ ဆဌမတံပိုး ကာလအထိ အလျင်ဦးစွာ ကျရောက်လာကြသော ကပ်ရောဂါဘေးများသည်သဘာဝဘေးအန္တရာယ်များကိုဖြစ်စေ စစ်ပွဲကဲ့သို့ သော လူအများကို တိုက်ခိုက်သေဆုံးစေမည့် ကပ်ရောဂါဘေးများကို အပြစ်ကျရောက်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာ အားလုံး သည် သတ္တမတံပိုး၏ ကပ်ရောဂါဘေးများတွင် အပါအဝင်ဖြစ်ပြီး ကျမ်းစာ တွင် မှတ်တမ်းတင် ထားပါသည်။ ကျွန်ုပ်သည်ဤနှုတ်ကပတ်တော်ကို ယုံကြည်ပါသည်။ သို့သော် သင့်အခြေအနေရော မည်သို့ပါနည်း။ သင်ရော ဤအမှန်တရားကို ယုံကြည် ပါသလား......။
ရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် သင် ၏အပြစ်များမှကင်းလွတ်ခွင့်ကို သင်ရပြီးပြီလား။ ဤကပ်ရောဂါဘေး များ တွင်အပါအဝင်ဖြစ်စေကာမူ ထာဝရကပ်ရောဂါဘေးတွင် ငရဲသို့ ကျရောက် ပြီး ခံစားရမည့် ဘေးဒုက္ခများမှသင့်အတွက် လွတ်မြောက်စေရန်ယခု သင် သည် ရေနှင် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည် နေရမည်။ ယင်း အရာသည် သင်အား ဘုရားသခင်က သင်၏ အပြစ်များကိုပျောက်ကွယ် စေပြီး၊ ကြီးမားသည့်ဘေးဒဏ်ကြီး ကာလမှ လွတ်မြောက်စေကာ သင့်အား သူ၏ ကောင်းကင်နှင့်မြေကြီးသစ်ဖြစ်သော သူ၏နိုင်ငံတော်ကို ပေးအပ် မည်ဖြစ်သည်။သင်တွင် ဤသတင်းကောင်းကို လက်ခံသော ယုံကြည်ချက် ရှိရမည် ဖြစ်သည်။ သင်သည် ဤသတင်းကောင်းကို သိရှိ နားလည်ပြီး ယုံကြည်နေရမည်။ရေနှင့်ဝိညာဉ် ဆိုင်ရာသတင်းကောင်း ယုံကြည် လက်ခံ ခြင်းမှ လွဲ၍ ကောင်းကင်ဘုံသို့ရောက်ရှိနိုင်သော အခြားလမ်း မရှိပါ။ 
ယေရှုက ရှင်ပေတရုအား “ကောင်းကင်နိုင်ငံ၏သော့ တို့ကိုလည်း သင့်အား ငါပေးမည်”ဟု ပြောပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင် နိုင်ငံ တော်၏သော့တို့ကို သခင်ခရစ်တော်အား ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံစဉ်ကပင် လက်ခံရရှိပြီး ဖြစ်သည်။ ခရစ်တော်ဤကမ္ဘာသို့ လာရောက်ခြင်းဖြင့်၄င်း၊ ယော်ဒန်မြစ်တွင်း၌ နှစ်ခြင်းဆရာယောဟန်ထံ ခံ ယူခဲ့သော သူ၏ရေနှစ်ခြင်းအားဖြင့် ကျွန်ုပ်တို့လူသား အားလုံးနှင့် ကမ္ဘာ ကြီး တစ်ခုလုံး၏ အပြစ်အားလုံးကို သူ့အပေါ် ယူဆောင်ခြင်းဖြင့်၄င်း၊ ဤ အပြစ်အားလုံးကို သယ်ဆောင်ပြီး လက်ဝါးကားတို ပေါ်တွင် အသေခံခြင်း အားဖြင့်၄င်း၊သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၄င်း၊ ကျွန်ုပ် တို့၏ကယ်တင်ရှင် ဖြစ်သည်။ ဤအရာအားလုံးကို ယုံကြည်ခြင်း၊ ကျွန်ုပ် တို့၏အပြစ်အားလုံးသည် မေ့ပျောက်ခံရပြီးဖြစ်သည်ဆိုသော ယုံကြည် ချက်ကို ခံယူခြင်းတို့ဖြင့် ဤရောဂါ ကပ်ဘေးကြီးများမှ ကာကွယ်မှုရပြီး ကောင်းကင်နိုင်ငံ ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက် နိုင်မှာ ဖြစ်ပါသည်။
ဗျာဒိတ်ကျမ်း အခန်းကြီး (၁၃) က သတ္တမတံပိုး မှုတ်သံနှင့် အတူ အာဇာနည်အဖြစ် ချီဆောင်ခြင်းကာလသို့ ရောက်ရှိကြမည်ဟု ဖော်ပြ ထားပါသည်။ အန္တီခရစ်ပေါ်ထွက်လာသောအခါ ကျွန်ုပ်တို့သည် သတင်း ကောင်းအတွက်အခြားနည်းတို့၏သေခြင်းမျိုးဖြစ်သောကြောင့် ဖြောင့်မတ် သည့် သေခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
သင် နားလည်သိရှိပြီး ယုံကြည်လက်ခံထားသော ဤသတင်း ကောင်းသည် မည်မျှ အဖိုးထိုက် တန်ဖိုးကြီးပြီး အရေးကြီးကြောင်းကို သင်ကိုယ်တိုင် နားလည် သဘောပေါက်နေရမည်။ ရေနှင့် ဝိညဉ်ဆိုင်ရာ သတင်းကောင်းကိုယုံကြည်ပါ။ထို့နောက်သင်သည် နောက်ဆုံးသောကာလ ကိုရဲဝံ့ခြင်းဖြင့် အောင်မြင်ကျော်လွှားနိုင်မှာ ဖြစ်ပြီးဘုရားသခင်က ဂတိပြု တော်မူသော ကောင်းကင်နှင့်မြေကြီးသစ်နှင့် အနှစ်တစ်ထောင် နိုင်ငံတော် ကို ဝင်စားရမည် ဖြစ်သည်။ ဘုရားသခင်ဖြစ်တော်မူသော သခင်ခရစ်တော် ယေရှု၏ပတ်လည်တွင်ရပ်တည် ခစားနေကြသောအသက်ကြီးသူ (၂၄) ဦး၊ အဝင်တစ်ဦးကဲ့သို့ဘုရားရှင်ကိုခစားရန်အတွက်ဤနေရာတွင် အခြားသော နည်းလမ်း မရှိတော့ပါ။ သို့သော် ရေနှင့်ဝိညဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည် လက်ခံခြင်းဖြင့် ဘေးဒဏ်ကြီးကာလကို ရဲဝံ့စွာ ကျော်လွှား နိုင်မည် ဖြစ်သည်။
ဤသတင်းကောင်းကို သင်၏နှလုံးသားဖြင့် ယုံကြည် လက် ခံ လျက်ဒုတိယအကြိမ်မွေးခြင်းခံရပြီးသောသန့်ရှင်းသူများကဲ့သို့ နောက်ဆုံး သော ကာလအားလုံးကိုကျော်လွှားပြီး ဘုရားသခင်၏နှစ်ထောင် နိုင်ငံ တော်နှင့် သူ၏ ထာဝရကောင်းကင်နိုင်ငံကို အမွေခံရလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်လျှက် သင့်အတွက် ဆုတောင်းပေးပါသည်။