Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 10-1] ချီဆောင်ခြင်းကာလ ကျရောက်မည့်အချိန်ကို သင်သိပါသလား (ဗျာဒိတ်ကျမ်း ၁၀း၁-၁၁)

ချီဆောင်ခြင်းကာလ ကျရောက်မည့်အချိန်ကို သင်သိပါသလား
(ဗျာဒိတ်ကျမ်း ၁၀း၁-၁၁ )
“ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကို ဝတ်လျှက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တန့်ရှိ၏။သူ၏ မျက်နှာသည်နေကဲ့သို့ ဖြစ်၏။ သူ၏ခြေသည် မီးခဲ တိုင်ကဲ့သို့ ဖြစ်၏။ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက် ရှိ၏။ လင်္ကျာ ခြေသည် ပင်လယ်ပေါ်မှာ၄င်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ၄င်း နင်း၍ ခြင်္သေ့ ဟောက်သကဲ့သို့ ကြီးသောအသံနှင့်ကြွေးကြော်ပြီးမှ မိုးကြိုးသံ ခုနှစ်ချက်မြည်လေ၏။‘မိုးချုန်းသံခုနှစ်ချက်မြည်ပြီးမှ ငါသည် ရေးမှတ်မည် ဟု အားထုတ်သော် ကောင်းကင်မှ ထွက်လာသော အသံကား မိုယ်းကြိုးသံ ခုနှစ်ချက်မည်သောအရာကို တံဆိတ်ခတ်လော့။’ မရေးမမှတ်နှင့်ဟု ဆို သည်ကို ငါကြား၏။ ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည် လင်္ကျာလက်ကို ကောင်းကင်သို့ချီပြီးလျှင် ဘုရား သခင်၏ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကိုဗျာ ဒိတ်ပေးထားတော်မူခြင်းနှင့်စပ်ဆိုင်သော ဘုရားသခင်၏နက်နဲသည့် အရာ သည် ကာလမနှေးဘဲသတ္တမကောင်းကင်တမန် တံမှုတ်ခြင်း အသံမြည် သောနေ့ရက်ကာလပြည့်စုံခြင်းသို့ရောက်မည်။ငါကြားရသော ကောင်းကင် တမန် အသံသည် ငါ့အားပြောကြားသည်ကား မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏လက်၌ ဖွင့်ထားလျက်ရှိသော စာစောင် ငယ်ကို သွား၍ယူလောဟု ဆိုလျှင် ‘ငါသည် ကောင်းကင်တမန်ထံသို့ သွား ၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ ယူ၍စားလော့၊ ဝမ်းကို ခါး စေလိမ့်မည်။သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟု ဆိုလျှင် ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍ စား၏။’ ငါသည် စာစောင်ကို ကောင်းကင်တမန် လက်မှယူ၍ စား၏၊ ပါးစပ်၌ ပျားရည်ကဲ့သို့ ချို၏၊ စားပြီးမှဝမ်း၌ ခါး၏ကောင်းကင်တမန်ကလည်း၊ သင်သည်အသီးသီး သော ဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၄င်း၊ရှင်ဘုရင်တို့၌ ၄င်း၊ တမန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။”
 
 

အနက်ဖွင့်ကျမ်း

 
အနက်ဖွင့်ကျမ်း ဤအခန်း၏ စိတ်ဝင်စားစရာအကောင်းဆုံး အခန်းကိုအခန်းငယ် (၇)တွင် တွေ့ရှိရပါသည်။ “ဘုရားသခင်၏ ကျွန်တော် မျိုးပရောဖက်တို့အားဝမ်းမြောက်စရာသတင်းကိုဗျာဒိတ်ထားတော်မူသည် နှင့် စပ်ဆိုင်သောဘုရားသခင်၏ နက်နဲသောအရာသည် ကာလမနှေးဘဲ သတ္တမကောင်းကင်တမန်၏တံပိုးမှုတ်ခြင်းအသံမြည်သောနေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်”ဟု တနည်းအားဖြင့် ပြောရလျှင် ချီဆောင်ခြင်း သည် ဤ အချိန်၌ ဆိုက်ရောက်လိမ့်မည်။
အခန်းငယ် (၁) ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုဝတ်လျှက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ခေါင်းပေါ်၌ သက်တန့်ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ ဖြစ်၏။ သူ၏ခြေ သည် မီးခဲတိုင်ကဲ့သို့ ဖြစ်၏။
အခန်းကြီး (၁၀)တွင် ပေါ်ထွက်လာသည့် ခွန်အား ကြီးမားသော ကောင်းကင်တမန်သည် ဘုရားသခင်၏အာဏာအပ်နှင်းခြင်းခံရသူ ဖြစ်ပြီး ဘုရားသခင်၏လုပ်ငန်းစဉ်များအတွက်သက်သေခံတာဝန်ယူသူ ဖြစ်သည်။ ဤကောင်းကင်တမန်၏ပေါ်ထွက်လာမှုသည် ဘုရားသခင်၏ ဘုန်းတန်ခိုး နှင့် အာဏာစက်သည် မည်မျှကြီးမားကြောင်း ပြသရန်အတွက် ဖြစ်သည်။ ဘုရားသခင်ကဤကမ္ဘာမြေ၏ပင်လယ်များကိုဖျက်ဆီးလိမ့်မည့်အကြောင်း နှင့် သန့်ရှင်းသူများကို ကောင်းကင်ဘုံအထိတိုင်အောင် ရှင်ပြန်ထမြောက် စေပြီး ချီဆောင်သွားမည့်အကြောင်းကိုလည်းဖော်ပြရန်အတွက် ဖြစ်သည်။
အခန်းငယ် (၂-၃) “ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက် ရှိ၏။လင်္ကျာခြေသည် ပင်လယ်ပေါ်မှာ၄င်း၊ လက်ဝဲခြေသည် မြေကြီးပေါ် မှာ၄င်း နင်း၍ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့်ကြွေး ကြော်ပြီး မှမိုးကြိုးသံ ခုနှစ်ချက် မြည်လေ၏။”
ဘုရားသခင်က အရာအားလုံးကို သူ၏အစီအစဉ်အတိုင်း ဆောင် ရွက်ခဲ့သည်။နောက်ဆုံးသောနေ့ရောက်လာသောအခါ သူသည် မြေကြီးနှင့် ပင်လယ် (၂၃)လုံးကိုဖျက်ဆီးလိမ့်မည်။ တနည်းအားဖြင့် ပြောရလျှင်ကျွန်ုပ် တို့၏ဘုရားရှင်သည်ပထမပင်လယ်နှင့်ပထမမြေကြီးကိုဖျက်ဆီးလိမ့်မည်။
ဤကျမ်းပိုဒ်က ဖော်ပြသည်မှာ ဘုရားသခင်၏အနိုင်မခံ၊ အရှုံးမ ပေးသော ဆန္ဒသည် သူစီစဉ်ထားသကဲ့သို့ အရာအားလုံးကို ကျေပွန်အောင် ဆောင်ရွက် ရန်နှင့်သူ၏လုပ်ငန်းကို အပြီးသတ်ရန် ဖြစ်သည်။ ကျမ်းစာ ထဲတွင် ခုနှစ်နံပါတ်၏ အဓိပ္ပါယ်မှာအပြီးသတ်ခြင်း ဖြစ်သည်။ ဘုရားရှင် သည် ဤကိန်းဂဏန်းများကို သူ၏လုပ်ငန်းများ အပြီးသတ် လုပ်ဆောင်ပြီး အနားယူရာ၌ သုံးစွဲ ဖော်ပြလေ့ရှိသည်။ အလားတူပင်ဤကျမ်းပိုဒ်က ဘုရားသခင်သည် နောက်ဆုံးသော ကာလ၌ လူပေါင်း များစွာကို ၄င်းတို့၏ ပျက်စီးခြင်းမှ ကယ်တင်မှာ ဖြစ်သည်။ သို့သော်လည်းဤကမ္ဘာ မြေကြီးကို ဖျက်ဆီး ဖြစ်မည်မှာ ကျိန်းသေပါသည်။
အခန်းငယ် (၄) “မိုးချုန်းသံ ခုနှစ်ချက် မြည်ပြီးမှငါသည် ရေးမှတ် မည်ဟုအားထုတ်သော် ကောင်းကင်မှထွက်လာသော အသံကား မိုယ်းကြိုး သံ ခုနှစ်ချက် မည်သောအရာကို တံဆိတ်ခတ်လော့” မရေးမမှတ်နှင့်ဟု ဆို သည်ကို ငါကြား၏။
ဘုရားသခင်က ကယ်တင်ခြင်းမရသူထဲမှ သန့်ရှင်းသူများ၏ ချီ ဆောင်ခြင်းကိုဖုံးကွယ်ရန်အတွက်ရှင်ယောဟန်အားမိုယ်းကြိုးသံခုနှစ်ချက် မြည်သံကိုရေးမှတ်မထားရန်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။တစ်ခါတစ်ရံ ဘုရား သခင်သည် မယုံကြည်သူများထံ၌ သူ၏လုပ်ငန်းတော်များကို ဖုံးကွယ်ထား လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့သည် ဘုရားသခင်၏ ရန်သူ များ ဖြစ်ကြသည့်အတိုင်း သူ၏သန့်ရှင်းသူများကို မုန်းတီးပြီး ညှင်းပန်း နှိပ် စက်တတ်သောကြောင့် ဖြစ်သည်။ 
နောဧ၏ ခေတ်ကလည်း ဘုရားသခင်က ကမ္ဘာမြေကြီးကို ရေဖြင့် ဖျက်ဆီးစဉ်ဘုရားရှင်က ရေလွှမ်းမိုးမှုကျရောက်လာမည်ကို နောဧတစ်ဦး ထဲကိုသာ ဖော်ပြခဲ့ပါသည်။ ယခု အချိန်၌ပင်လျှင် ဘုရားသခင်သည် ရေနှင့် ဝိညာဉ်သတင်းကောင်းကိုတစ်ကမ္ဘာလုံးကို ဟောကြားနေသော်လည်း ၄င်း အရာကို ယုံကြည်သောသူများကို သာလျှင် ကောင်းကင်နိုင်ငံကိုပေးအပ် သည်။ သို့သော် စစ်မှန်သောယုံကြည်ခြင်း ရှိသူကလွဲ၍ မည်သည့် အချိန် တွင် ချီဆောင်ခြင်းကျရောက်မည်ကို ဘုရားသခင်က မည်သူ့ကိုမှ မဖော် ပြပါ။ ဖြောင့်မတ်သူများအတွက်မူ ဘုရားသခင်က မြေကြီးသစ်ကို သူ၏ ကောင်းကင်နိုင်ငံထဲတွင် ဖန်ဆင်းထားပြီး ထိုနေရာ၌ သူတို့နှင့်အတူ နေ ထိုင်ရန် ဘုရားရှင် ဆန္ဒရှိတော်မူသည်။
အခန်းငယ် (၅-၆) “ထိုအခါ ငါ မြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသောကောင်းကင်တမန်သည် လင်္ကျာလက်ကိုကောင်းကင်သို့ချီပြီး လျှင် ဘုရားသခင်၏ကျွန်တော်မျိုး ပရောဖက်တို့အား ဝမ်းမြောက်စရာ သတင်းကို ဗ္လျာိတ် ပေးထားတော်မူသတ်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသည့် အရာသည်…”
ဤအရာ အားလုံးကို ဘုရားသခင်၏နာမတော်အားဖြင့်သာ ကျိန် ဆိုနိုင်သည်။အရားအားလုံးအတွက် နောက်ဆုံးသော သံဓိဌာန်ကို တစ်ဦး တည်းတစ်ယောက်တည်း၏ နာမည်နှင့် ယူ၍မရပါ။ သို့သော်ပို၍ အရေးက ပါသောတစ်ဦး၏ နာမည်ဖြင့်သာ ရယူနိုင်သည်။ ၄င်းအတိုင်းပင် ဘုရားသ ခင်သည် နောက်ဆုံးသောကာလ၏ သန့်ရှင်းသူများနှင့် သူ၏သန့်ရှင်းများ ဖြစ်လာပြီး သူတို့ အတွက် နောက်ဆုံးအာမခံ ပေးသူ ဖြစ်သည်။ 
ဤနေရာတွင်အလွန်ကြီးမြတ်သောဘုရားရှင်၏ခွန်အားကြီး သော ကောင်းကင်တမန်အားချီဆောင်ခြင်း ကျရောက်လာမည်မှာ သေချာ ကြောင်းကျိန်ဆိုထားပါသည်။ဤအဓိဌာန်က ကျွန်ုပ်တို့အား ဘုရားသည် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ဖန်ဆင်းပြီး ယင်းကမ္ဘာမြေသစ်၌သူ၏ သန့်ရှင်းသူများနှင့်အတူ နေထိုင်မည် ဖြစ်ကြောင်း ပြောပြပါမည်။ဘုရားသ ခင်သည် သူ၏ကမ္ဘာမြေသစ် ဖန်ဆင်းရန် အချိန်ဆွဲထားမည်မဟုတ်ပါ။ သို့သော်သူ၏သူတော်စင်များအတွက်တိုတောင်းသောအချိန်အတွင်းပြည့်စုံ လာလိမ့်မည် ဖြစ်သည်။
အခန်းငယ်(၇)“ကာလမနှေးဘဲသတ္တမကောင်းကင်တမန် တံမှုတ် ခြင်း အသံမြည်သော နေ့ရက် ကာလ ပြည့်စုံခြင်းသို့ ရောက်မည်။”
ဤကျမ်းပိုဒ်နောက်ဆုံးသော ဘေးဒါဏ်ကြီး ကာလကျရောက်စဉ် နောက်ဆုံးသော သတ္တမမြောက် တံပိုးမှုတ်သံမြည်သောအခါ သန့်ရှင်းသူ အားလုံးတို့သည်ချီဆောင်ခြင်းခံရမည်။ ဤကမ္ဘာပေါ်၌ နေထိုင်သူအားလုံး အံ့သြစရာ အဖြစ်ဆုံးကိစ္စမှာ သန့်ရှင်းသူများ၏ချီဆောင်ခြင်း ရောက်ရှိ လာ သောအခါဖြစ်သည်။ဗျာဒိတ်ကျမ်း ၁၀း၇ က ကျွန်ုပ်တို့အား ပြောပြသည်မှာ
“ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အရာမြည်သော နေ့ရက်ကာလ၌ ဘုရားသခင်၏ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်း မြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသောအရာသည် ပြည့်စုံခြင်း သို့ ရောက်လိမ့်မည်။”
“ဘုရားသခင်၏နက်နဲသောအရာသည် သူ၏ ပရောဖက်တို့အား ဗျာဒိတ်ပေးထားသည့်အတိုင်း ပြည့်စုံလိမ့်မည်။” ဤနေရာ၌ ကျမ်းပိုဒ်က ဘာကို ဆိုလိုပါသနည်း။ ဤကျမ်းစာပိုဒ်ဆိုလိုရင်းမှာ ရေနှင့်ဝိညဉ်ဆိုင်ရာ သတင်းကောင်းသည် စစ်မှန်သောသတင်းကောင်း ဖြစ်သည့်အတိုင်း ဤသ တင်းကောင်းကိုယုံကြည်သူမည်သူမဆို အဖြစ်ပြေပျောက်မှုရရှိပြီး သန့်ရှင်း သောဝိညဉ်တော်သည် ထိုသူ/သူမတို့ နှလုံးသားထဲသို့ ဝင်ရောက် ကိန်း အောင်းနေမည်။ ထိုနည်းတူစွာပင် သတ္တမမြောက်တံပိုးမှုတ်သံ ကျရောက် လာသောအခါ သန့်ရှင်းသူများ၏ ချီဆောင်ခြင်းလည်း ကျရောက်မည်မှာ သေချာပါသည်။
ဆဌမမြောက်သော တံပိုးခုနှစ်လုံး၏ ကပ်ရောဂါဘေးကြီး ကျ ရောက်ပြီးနောက် သန့်ရှင်းသူများသည် ညှင်းဆဲသတ်ဖြတ်မှု ခံကြရမည်။ အန္တီခရစ်သည် သူ၏အသွင်အပြင်ကို ကမ္တာမြေတွင် ထင်ရှားစေပြီး သူ၏ အုပ်ချုပ်မှုအာဏာကို တည်ဆောက်သောအခါ လူတိုင်းက သားရဲ၏ အ မှတ်အသားကို တောင်းခံကြလိမ့်မည်။ မကြာမီနောက်ပိုင်း၌ သတ္တမ ကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်သောအခါ ညှင်းဆဲသတ်ဖြတ်မှု ခံကြရသူများနှင့် အသက်ရှင်ကျန်ရစ်သောသန့်ရှင်းသော သူများတည်း ဟူ သောမိမိတို့၏ယုံကြည်ချက်ကိုကာကွယ်သူတို့သည်တစ်ခဏချင်း၌ ရှင်ပြန် ထမြောက်ကြပြီးချီဆောင်ခြင်း ခံကြရလိမ့်မည်။ ထို့နောက် လူသားတို့ အဖို့ နောက်ဆုံးကပ်ရောဂါဘေးဖြစ်သောဖလါးခုနှစ်လုံး၏ ကပ်ရောဂါ ဘေးများ စတင်ကျရောက်လာလိမ့်မည်။ ဤအချိန်ထက်နောက်မကျစေဘဲ သန့်ရှင်း သူများသည် ကမ္ဘာမြေတွင်နောက်ထပ်ကြာကြာနေရမည်မဟုတ်ပါ။ သို့ သော် သူတို့၏ချီဆောင်ခြင်း ပြီးနောက်ဘုရားရှင်နှင့်အတူ ကောင်းကင် ဘုံ၌ နေကြရမည်။ သတ္တမမြောက်ကောင်းကင် တမန်က သူ၏ နောက်ဆုံး တံပိုးမှုတ်သောအခါသူတို့၏ချီဆောင်ခြင်းကျရောက်တော့မည်ဖြစ်ကြောင်း သန့်ရှင်းသူများ အားလုံး သိကြရမည်။
တမန်တော်ရှင်ပေါလုကလည်း ကျွန်ုပ်တို့အား ပထမသက်သာ လောနိတ် အခန်းကြီး (၄) တွင် သခင်ဘုရားသည် ကောင်းကင်တမန်၏ တံပိုး မှုတ်သံနှင့်အတူ ကောင်းကင်မှ ဆင်းလာလိမ့်မည်ဟု ပြောပြ ထား ပါသည်။ ခရစ်ယာန်ဘာသာဝင်မြောက်များစွာတို့က ချီဆောင်ခြင်းကျ ရောက်လာသောအခါ သခင်ဘုရားသည် ဤကမ္ဘာမြေသို့ ဆင်းသက်လာ မည်ဟု တွေးထင်ကြသည်။ သို့ ဤအရာမှာ အကြောင်းရင်းမှန် မဟုတ်ပါ။ ချီဆောင်ခြင်း ကျရောက်လာသောအခါ ကျွန်ုပ်တို့၏ သခင်ဘုရားသည်ဤ ကမ္ဘာမြေသို့ ဆင်းသက်လာမည် မဟုတ်ပါ။ သို့သော်လေထု ထဲသို့ပါ ကြွလာမည် ဖြစ်သည်။ တခြားနည်းနှင့်ပြောရလျှင် သခင်ဘုရားက သန့် ရှင်းသူများကို အပေါ်သို့မတင်ပြီး၊ လေထုထဲတွင် သူတို့နှင့် တွေ့ဆုံခြင်းဖြင့် ချီဆောင်ခြင်းကို အပြီးသတ်လိမ့်မည်။
ဤအတိုင်းသာဆိုလျှင် သခင်ဘုရားသည် စစ်မှန်သော သန့်ရှင်းသူ များ၏ချီဆောင်ခြင်းကျရောက်ပြီးနောက် ကမ္ဘာမြေသို့ ဆင်းသက်လာ မည်ဟု မှားယွင်းစွာ ယူဆနေကြသောအခါ ဤခရစ်ယာန်တို့သည် သူတို့ မှားယွင်းစွာ နားလည်ထားသော အယူအဆကို စွန့်ပစ် ကြရလိမ့်မည်။ ထို့ နောက်သူတို့သည် သတ္တမမြောက်ကောင်းကင်တမန်ကသူ၏တံပိုး မှုတ် သောအခါ သန့်ရှင်းသူများ၏ချီဆောင်ခြင်း ကျရောက်လာမည်ကို ပြန် လည် အမှတ်ရခြင်းဖြင့် သူတို့သည် အမှန်တရားကို သိလာပြီး ယင်းကို ရိုး သားစွာ ယုံကြည် လက်ခံလာကြလိမ့်မည်။
သူ၏ ကျွန်တော်မျိုး ပရောဖက်က ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏နက်နဲသောအရာသည် ပြည့်စုံခြင်းသို့ ရောက် လိမ့်မည်။ ဤနေရာတွင်ဘုရားသခင်၏နက်နဲသောအရာဆိုသည်မှာ သန့် ရှင်းသောသူများသည် သတ္တမမြောက်ကောင်းကင်တမန်၏ တံပိုးမှုတ်သံ အားဖြင့် ချီဆောင်ခြင်း ခံရလိမ့်မည် ဆိုသည့် အကြောင်းပင် ဖြစ်သည်။
ယခုအချိန်တွင် သန့်ရှင်းသူများသည် ဤကမ္ဘာမြေပေါ်တွင် ရှိနေ ကြပါသည်။သို့သော်သူတို့အတွက် ပို၍ကောင်းမွန်သော ကမ္ဘာတွင် နေထိုင် ဖို့ရန်အတွက် သူတို့တစ်တွေသည် အာဇာနည်ဘဝဖြင့် ညှင်းဆဲ အသတ် ဖြတ်ခံရမည်။ ပြန်လည် ရှင်သန်ထမြောက်ရမည်။၄င်းအပြင် ချီဆောင်ခြင်း ခံရမည် ဖြစ်သည်။ ထို့နောက် သူတို့တတွေကိုသာလျှင် သိုးသူငယ်၏ မင်္ဂလာဆောင် ညစာစားပွဲသို့ ဖိတ်ကြားကြလိမ့်မည်။ထို့ပြင် သူနှင့်အတူ နှစ်တစ်ထောင်ကာလကို စိုးမိုး အုပ်ချုပ်ကြ လိမ့်မည်။ဤ နှစ်တစ်ထောင် အုပ်စိုးခြင်း ပြီးဆုံးပြီးနောက် အန္တီခရစ်၊စာတန်နှင့် သူ၏ အပေါင်းပါ အား လုံးတို့သည် ဘုရားသခင်၏ ထာဝရတရားစီရင်ဆုံးဖြတ်မှုကို ခံကြရမည်။ ထိုမှနောက်ပိုင်းတွင် သန့်ရှင်းသူများသည် ဘုရားသခင်နှင့်အတူ ကောင်း ကင်ဘုံ၏ထာဝရကောင်းချီးမင်္ဂလာများကိုခံစားရန် ကောင်းချီးပေးခံ ရလိမ့် မည် ဖြစ်သည်။ ဤသည်ပင်ဘုရားသခင်၏နက်နဲသောအရာဖြစ်သည်။ ဤ နက်နဲသောအရာအား ကျွန်ုပ်တို့အထဲမှစစ်မှန်သောယုံကြည်ခြင်း ရှိသူများ ကိုဖော်ပြပိုင်ဆိုင်ခွင့်ပေးသည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင် တစ်ဦး တည်းကိုသာကျေးဇူးတင်ရမည် ဖြစ်သည်။ သတ္တမမြောက်ကောင်းကင် တ မန်က သူ၏တံပိုးမှုတ်သောအခါ သူသည် ဤကတိတော်များ အားလုံးကို ပြည့်စုံစေမည် ဖြစ်ကြောင်း ဘုရားသခင်ကကျွန်ုပ်တို့အား ပြောပြပါသည်။
အခန်းငယ် (၈) “ငါကြားရသောကောင်းကင်တမန် အသံသည် ငါ့ အားပြောကြားသည်ကား မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင် တမန်၏ လက်၌ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလောဟု ဆိုလျှင်”
သန့်ရှင်းသူများအနေဖြင့် ဘုရားသခင်၏အစေခံတို့သည် နောက် ဆုံးသောနေ့မကျရောက်မီတိုင်အောင် ရေနှင့်ဝိညာဉ် သတင်းကောင်းကို ဆက်လက် ဟောပြောနေရမည်ဟုဘုရားသခင်က ကျွန်ုပ်တို့အား မှာကြား ထားပါသည်။ ဤသတင်းကောင်းသည် အပြစ်သား အဖြစ်မှ ခွင့်လွှတ်ခြင်း၊ အာဇာနည်ကဲ့သို့ ညှင်းပန်းနှိပ်စက်မှုခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း ချီ ဆောင်ထားခြင်းနှင့် သိုးသူငယ်၏မင်္ဂလာဆောင်ညစာစားပွဲ အကြောင်းအ မှန်တရားများပင်ဖြစ်သည်။နောက်ဆုံးသောကာလမတိုင်မီသတင်းကောင်း ဟောပြောကြမည့် သန့်ရှင်းသူများနှင့် ဘုရားသခင်၏အစေခံတို့သည် ဘေးဒဏ်ကြီး ကာလမကျရောက်မှီ ပထဦးစွာမိမိတို့၏ ယုံကြည်ချက်ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီ၍ရှင်သန်ကြီးထွား နေရမည်။ ဘု ရားသခင်ကကျွန်ုပ်တို့အား ယုံကြည်ခြင်းနှစ်မျိုးကို တောင်းဆိုထားပါသည်။ 
ပထမတစ်ချက်မှာ ဒုတိယအကြိမ်မွေးဖွားခြင်း ခံရမည့်ယုံကြည် ချက်၊ ဒုတိယမှာကျွန်ုပ်တို့၏စစ်မှန်သော ယုံကြည်ချက်ကို ကာကွယ်ရန် အတွက် မာတုရကဲ့သို့ ညှင်းပန်း နှိပ်စက်မှုကို ခံယူနိုင်ရမည်ကို လက်ခံယုံ ကြည်ခြင်း ဖြစ်သည်။
အပိုဒ်ငယ်(၉) “ငါသည် ကောင်းကင်တမန်ထံသို့ သွား၍ စာစောင် ငယ်ကို ပေးပါဟုတောင်း၏။ ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင် ငါသည် စာ စောင်ကို ကောင်းကင်တမန်၏ လက်မှ ယူ၍ စား၏။”
သန့်ရှင်းသူများနှင့် ဘုရားသခင်၏ အစေခံ တို့သည် ပထမဦးစွာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှီခို၍ သန့်ရှင်းကြီးထွားရမည်။ ထို့ နောက် အခြားလူပေါင်းများစွာတို့ထံ ပျံနှံ့စေရမည်။ ဤကျမ်းပိုဒ်က ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်သောသူများအဖို့ နှုတ်ကပတ် တော်သည်ချိုမြနေသော်ငြားလည်း၊ပျောက်ဆုံးဝိညာဉ်များအဖို့ဤယုံကြည် ခြင်း နှုတ်ကပတ်တော်ဟောပြောသည့်အခါ သူတို့အတွက်မှာမူ ယင်းကဲ့သို့ လွယ်ကူသော အလုပ်မဟုတ်ပေ။ စွန့်လွှတ်ရခြင်းများနှင့်အတူပါရှိနေ ကြောင်း ဤကျမ်းစာပိုဒ်က သင်ပြနေပါသည်။ ဤသည်မှာ ဘုရားသခင် ကကျွန်ုပ်တို့ အတွက် နေရာတွင် မည်သည့် အရာကို ဖေါ်ပြသနည်း။
အခန်းငယ် (၁၀) “ငါသည်စာစောင်ကို ကောင်းကင်တမန် လက်မှ ယူ၍စား၏၊ ပါးစပ်၌ ပျားရည်ကဲ့သို့ ချို၏၊ စားပြီးမှဝမ်း၌ ခါး၏။”
တမန်တော် ရှင်ယောဟန်သည်၊ဘုရားသခင်၏ နှုတ်ကပတ်တော် ကို ယုံကြည်ခြင်းဖြင့်စားသောအခါ သူ၏နှလုံးသားမှာ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝလျှက်ရှိ၏။သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် စစ်မှန် သော သက်သေခံချက် များကိုစစ်မှန်သောတရားကို မယုံကြည် ကြသော သူတို့အား ဟောပြောသောအခါ၊ ရှင်ယောဟန်အဖို့ခက်ခဲမူ မြောက်မြားစွာ နှင့် ကြုံတွေ့ ခဲ့ရပါသည်။
အခန်းငယ် (၁၁) “ကောင်းကင်တမန်ကလည်း၊ သင်သည် အသီး သီးသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့ ၌၄င်း၊ ရှင်ဘုရင်တို့၌ ၄င်း၊ တမန် ပရောဖက် ပြု၍ ဟောပြော ရမည်ဟု ဆိုလေ၏။”
ဘုရားသခင်၏ကောင်းချီးမင်္ဂလာများသည်၊ ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းမှကျလာခြင်းဖြစ်ကြောင်း လူအပေါင်းတို့ထံသို့ သန့်ရှင်းသူ များကထပ်မံဟောပြောရမည်။ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် လူတိုင်းအတွက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ အမွေခံ စားစေရန်မှာ၊ နောက်ဆုံးသောအချိန်ကာလအတွင်း၊ ဤကမ္ဘာမြေ အတွက် ကျွန်ုပ်တို့ဘုရားရှင်၏ ရည်ရွယ်ချက် ဖြစ်ကြောင်း၊သန့်ရှင်းသူများ က နောက်ထပ် ဟောပြောကြရမည်။ ဘုရားသခင်က ရှင်ယောယန်အား ဟောကိန်း ထုတ်ရန် စေခိုင်းသော အရာမှာ-
ဘုရားသခင်က မကြာမီအတွင်း ကမ္ဘာသစ်ကို ဖန်ဆင်းတော့မည် ဖြစ်ကြောင်း၊ထို့နောက် ၄င်းကမ္ဘာသစ်ကိုအထဲသို့ ဝင်ရောက် လာသူတိုင်း ကို၊ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဖြောင့် မတ်ရာသို့ ရောက်စေမည် ဖြစ်ကြောင်း၊ စစ်မှန်သောနှုတ်ကပတ် တော် မြတ်ကို ဟောပြောရန် ဖြစ်သည်။ဤလုပ်ငန်းအတွက် သန့်ရှင်းသူများနှင့် ဘုရားသခင်၏အစေခံ ကျွန်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို အ စမှစ၍ နောက်ထပ် ကမ္ဘာတပြင်လုံးအနှံ့ထပ်မံ ဟောပြောရမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သခင်ဘုရား၏နိုင်ငံတော်သို့ဝင်ရောက်နေထိုင်ခွင့်ပြုလိမ့်မည်ဖြစ် သော၊ ဤယုံကြည်ခြင်းကို ဤကမ္ဘာရှိလူသားအားလုံးရရှိ ကြလိမ့်မည်။