Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 18-1] ဗာဗုလုန်နိုင်ငံတော်ကျဆုံးပြီ (ဗျာဒိတ်ကျမ်း ၁၈း၁-၂၄)

ဗာဗုလုန်နိုင်ငံတော်ကျဆုံးပြီ
( ဗျာဒိတ်ကျမ်း ၁၈း၁-၂၄ )
“ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာတန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ရောင်ခြည် အားဖြင့်မြေကြီးသူသည်ကျယ်လောင်သောအသံနှင့်ကြွေးကြော်၍ဗာဗုလုန် မြို့ကြီးပြိုလဲပြီ၊ပြိုလဲပြီ၊နတ်ဆိုးနေရာဖြစ်လေပြီ၊ ညစ်ညူးသောဝိညာဉ်မျိုး ၏တွင်းဖြစ်လေပြီ။ ညစ်ညူး၍စက်ဆုပ်ဘွယ်သော ငှက်မျိုး၏မှီခိုရာဖြစ် လေပြီ။အကြောင်းမူကားလူမျိုးအပေါင်းတို့သည်သူ၏မတရားသောမေထုန် ၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။ လောကီ ရှင်ဘုရင်တို့သည် မတရားသောမေထုန်ကို သူနှင့်ပြုကြပြီး လောကီကုန် သည်တို့သည်သူ၏ကာမဂုဏ် စည်းစိမ်ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ် ကြပြီဟုပြောဆို၏။အခြားသောကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့သူ၏ အပြစ်ကို ဆက်ဆံခြင်းနှင့်၄င်းကင်းလွတ်အံ့သောငှါ သူ၏အထဲက ထွက် ကြလော့။ ‘ငါ၏လူမျိုးတို့ သူ၏အပြစ်ကို ဆက်ဆံခြင်းနှင့် ၄င်းသူ၏ဘေး ဒဏ်များကိုခံခြင်းနှင့်၄င်းကင်းလွတ်အံ့သောငှါ သူ၏အထဲကထွက်ကြ လော့’ သူ၏ အပြစ်တို့သည် ကောင်းကင်ဘုံတိုင် အောင်မှီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကိုဘုရားသခင်သတိရတော်မူပြီ။သူသည်အ ကျိုး အပြစ်ကို ဆပ်ပေးသည့်နည်းတူသူ့၌ဆပ်ပေးကြလော့၊ သူ၏အကျင့်အ တိုင်း နှစ်ဆထပ်၍စိရင်ကြလော့။သူလောင်းသောဖလား၌ သူ့အဖို့နှစ်ဆ လောင်းကြလော့။သူသည်ကိုယ်ကိုချီးမြှောက်၍ကာမဂုဏ်၌ ပျော်မွေ့သည့် အတိုင်းသူ၏ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်း ကိုဖြစ် စေကြလော့။ငါကားမိဘုရားဖြစ်၏။ မုဆိုးမမဟုတ်၊ စိတ်မသက်ညည်းတွား ခြင်းကို မသိရဟုသူသည် အောက်မေ့တတ်၏။ထို့ကြောင့် သူခံရသောသေ ခြင်းဘေး၊ စိတ်မသက်သာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်းဘေးဒဏ် များတို့နှင့်တစ်နေ့ခြင်းတွင်တွေ့၍မီးဖြင့်လည်းကျွမ်းလောင်ခြင်းကို ခံရလိမ့် မည်။ သူ့ကိုစီရင်တော်မူသောထာဝရအရှင်ဘုရားသခင်သည် ခွန်အား ဗလကြီးတော်မူ၏။ မတရားမေထုန်ကိုသူနှင့်ပြု၍ကာမဂုဏ်၌ပျော်မွေ့ သော၊ လောကီရှင်ဘုရင်တို့သည်သူကျွမ်းလောင်ရာ မီးခိုးကိုမြင်သော အခါ ကမ္ဘာ၏ရှင်ဘုရင်များနှင့်လူအများတို့ သည်၊ဖလားခုနှစ်လုံး၏ကပ်ရောဂါ ဘေးများက သူတို့၏ကမ္ဘာကို မီးများဖြင့်လွှမ်းခြုံစေလျှက် မြေငလျင်များ လှုပ်စေခြင်းဖြင့် ဖျက်ဆီးခံနေရသည်ကို သူတို့မျက်စီနှင့်ကိုယ်တိုင်မြင်ကြ ရလိမ့်မည်။သူခံရသောညှင်းဆဲခြင်း‌ေနာကိုကြောက်၍အဝေးကရပ်လျှက်၊ ပြစ်လေရခြင်း၊ဖြစ်လေရခြင်း၊ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တစ် နာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီ တကားဟူ၍ သူ့ကြောင့် ငို ကြွေး မြည်တမ်းကြလိမ့်မည်။လောကီကုန်သည်တို့သည် ထိုအတူငိုကြွေး ၍စိတ်မသာညီးတွားကြလိမ့်မည်။ အကြောင်းမူကားသူတို့ကုန်သွယ်ဥစ္စာ တည်းဟူသောရွှေ၊ငွေ၊ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပု ဆိုးနီ၊ အမျိုးမျိုးသောသွန်သစ်သား၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ အမျိုး မျိုးသော သစ်ကောင်းတန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ၊ တန်ဆာ၊သစ်ကြံပို၊အမေမုန်နံ့သာပေါင်း၊ဆီမွှေး၊ လောဗန်၊စပျစ်ရည်၊ ဆီမုန် ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံ၊ ကျွန်း၊ လူဝိညာန်တို့ကို အဘယ်သူမျှနောက်တဖန်မဝယ်ရ။သင်သည်အလွန်တပ်မက်သောသစ်သီးမျိုး လည်းပျောက်ကုန်ပြီ၊ ဆူးဖြိုးသော အရာ၊တင့်တယ်သော အရာရှိသမျှ တို့လည်းပျောက်ကုန်ပြီ။နောက်တဖန်မတွေ့ရ။သူအမှီပြု၍ထိုအ ရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သောကုန်သည်တို့သည် သူခံရသော ညှင်း ဆဲခြင်းဝေဒနာ ကိုကြောက်၍ အဝေးကရပ်လျှက်၊ ဖြစ်ရလေခြင်းဖြစ်ရလေ ခြင်း၊ပိတ်ချော၊အဝတ်နီအဝတ်ဟောင်းကိုဝတ်၍၊ ရွှေတန်ဆာ၊ ကျောက် မြတ်တန်ဆာ၊ ပုလဲတန်ဆာတို့ဆင်သောမြို့ကြီး ဤမျှလောက်ကြီး စွာသောစည်းစိမ်းသည် တစ်နာရီခြင်းတွင် ပျက်စီးပါပြီတ ကားဟုငိုကြွေး၍ စိတ်မသာညည်းတွားကြလိမ့်မည်၊ ခပ်သိမ်းသော၊ သင်္ဘောသူကြီး အရပ် ရပ်သို့လွှင့်ကူးတတ်သောသူအပေါင်းတို့နှင့်သင်္ဘောသားပင်လယ်ကုန်သည်ရှိသမျှတို့သည် အဝေးကရပ်၍သူလောင်း ကျွမ်းရာမီးခိုးတို့မြင်လျှင် ထိုမြို့ နှင့်အဘယ်မြို့တူသနည်းဟူ၍၄င်း၊ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ် ကူးသင်္ဘောကိုပိုင်ဆိုင်သောသူအပေါင်းတို့အားစည်းစိမ်ကိုပေး၍ရစေတတ် သောမြို့ကြီးတစ်နာရီခြင်းတွင်ပျက်စီးပါပြီးတကားဟူ၍၄င်း၊ အော်ဟစ် လျက်၊မြေမှုန့်ကိုမိမိခေါင်းပေါ်မှာပစ်တင်လျက် ငိုကြွေး၍စိတ်မသာငြီးတွား ကြလိမ့်မည်။ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်ပရောဖက်တို့ သူ့ ကိုကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌ နေ စဉ် သူ့ကိုတရားစီရင်တော်မူပြီဟု ပြောဆိုသည်ကိုငါကြား၏။ ခွန်အားကြီး သောကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောကြိတ်ဆုံကျောက် ကဲ့ သို့သောကျောက်ကိုချီယူ၍ ပင်လယ်ထဲသို့ချပစ်ပြီးလျှင် ထိုနည်းတူဗာဗု လုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တဖန် မပေါ်ရှိစေရ။စောင်းသ မား၊ အငြိမ့်သမား၊ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သောအသံလည်း သင်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသောလက်တတ်သမားတို့ တွင် တစ်ယောက်မျှသင့်အထဲ၌ မပေါ်မရှိစေရ။ ကြိတ်ဆုံသံလည်း သင့် အထဲ၌နောက် တဖန်မမြည်ရ။ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တ ဖန်မထွန်းမလင်းရ၊ မင်္ဂလာဆောင်သတို့သား/ သတို့သမီးအသံကိုလည်း သင့်အထဲ၌ နောက်တဖန်မကြားရ။ အကြောင်းမူကား လောကီမှုးမတ်တို့ သည် သင့်ကုန်သည်ဖြစ်ကြပြီး လူအမျိုးမျိုးတို့သည်သင်၏ပြုစားခြင်းပရိ ယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံကြရပြီဟု ကောင်းကင်တမန်ပြောဆို ၏။ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှာကွပ် မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌ တွေ့၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ် (၁) ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာ တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့်မြေကြီးဘုရားသခင်က ဤကမ္ဘာသို့ သူ၏အလုပ်များ လုပ်ဆောင်စေရန်အတွက် စေလွှတ်သော အစေခံကျွန်အားဖြင့် လူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့်ကျိန်ခြင်းကိုကြားနာကြရလိမ့်မည်။ထို့ကြောင့် သူတို့၏အပြစ်နှင့်ကံခေမှုများမှ လွတ်မြောက်နိုင်ရန်အတွက်သင်တို့အား လုံးသည် ဘုရားသခင်၏အစေခံကျွန် ဟောပြောသောကောင်းကင်ဘုံ၏ ဝိညာဉ်ကောင်းချီးဖြစ်သော နှုတ်ကပတ်တော်ကို သင်တို့၏နှလုံးသားထဲမှ လက်ခံပြီးယုံကြည်ကြရမည်။
အခန်းငယ် (၂) သူသည်ကျယ်လောင်သောအသံနှင့်ကြွေးကြော်၍ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။နတ်ဆိုးနေရာဖြစ်လေပြီ၊ ညစ်ညူး သော ဝိညာဉ်မျိုး၏တွင်းဖြစ်လေပြီ။ညစ်ညူး၍စက်ဆုပ်ဘွယ်သော ငှက်မျိုး၏မှီခို ရာဖြစ်လေပြီ။
“ဗာဗုလုန်မြို့ကြီးပြိုလဲပြီ” ဟူသောကျမ်းပိုဒ်တွင် ဗာဗီလုန်မြို့ ဟူသောစကားလုံးမှာ လောကီရေးရာကမ္ဘာကို ရည်ညွှန်းပါသည်။ သာဓက အားဖြင့်ဓမ္မဟောင်းကျမ်းစာထဲ၌ ဗာဗုလုန်မျှော်စင်အကြောင်းပုံပြင်ကို ကျွန်ုပ်တို့တွေ့ရသည်။ လူသားတို့က ဘုရားသခင်ကို အံတုဖက်ပြိုင်ရန် အတွက် သူတို့၏ဇာတိခွန်အားများကို အတူတကွစုစည်းခံလျှက်တည် ဆောက်ထားသော မျှော်စင်တစ်ခုကို ယင်းအကြောင်းရင်းကြောင့်ပင် ဘုရားရှင်ကဖြိုချခဲ့သော ဇာတ်လမ်းဖြစ်သည်။ အထက်ပါကျမ်းပိုဒ်က ပြော ပြသော ဗာဗီလုန်မြို့ကြီးပြိုလဲပြီ ဆိုသည့်အကြောင်းမှာ ဤကမ္ဘာကြီးသည် ပြိုကျလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြောပြနေခြင်းပင်ဖြစ်သည်။ ဤနေရာတွင်အချို့သောပုဂ္ဂိုလ်များက “ဤကမ္ဘာမြေကြီးဟာ အခုကောင်း ကောင်းရပ်တည်နေတာပဲ။ဒါကြောင့် ဘယ်လိုလုပ်ပြီး ပြိုကျနိုင်မှာလဲ” ဟု တွေးကောင်း တွေးနိုင်ပါသည်။ သို့သော် ဤနေရာတွင် ဘုရားသခင်က ကျွန်ုပ်တို့အား ဖလားခုနှစ်လုံးကပ်ရောဂါဘေးများ တစ်ခုပြီးတစ်ခုကျ ရောက်လာသောအခါ ဘုရားရှင်က ဤကမ္ဘာကြီးကိုလည်း ဗာဗုလုန်မျှော် စင်ကြီးကို ဖြိုချသကဲ့သို့ ဖြိုချမည်ဟု ကျွန်ုပ်တို့အားပြောပြနေပါသည်။
ဤကမ္ဘာကြီးသည် ဘုရားသခင်၏ ဖလားခုနှစ်လုံးကပ်ရောဂါ ဘေးဖြင့် ဖျက်ဆီးခြင်းခံရ လိမ့်မည်ဆိုသည်မှာ အဘယ်ကြောင့်ပါသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဆိုသော် ကမ္ဘာပေါ်ရှိလူသားတို့သည် အန္တီခရစ်နှင့်ပေါင်းစည်းပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ကြသော ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီးသည့် သန့်ရှင်းသူများကို သတ်ဖြတ်ရာ၌ညီညွတ်ကြပြီးနောက် သူတို့၏နောက်ဆုံးကာလ၌ ဘုရား သခင်နှင့် ဆန့်ကျင်ရပ်တည်ကြသည့် အကြောင်းများကြောင့်ဖြစ်သည်။ ဤ ကမ္ဘာကြီးသည်နတ်ဆိုးတို့ နေထိုင်သောအရပ်ဖြစ်လာမည့် အကြောင်း ကြောင့်လည်း ဖြစ်သည်။
အဘယ်ကြောင့် ဤအခြေအနေဖြစ်လာရမည်နည်း။ တနည်းပြော ရလျှင် အဘယ်ကြောင့်ဤကမ္ဘာကြီးသည် နတ်ဆိုးများ နေထိုင်ရာအရပ် ဖြစ်လာရမည်နည်း။ ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ နောက်ဆုံးကာလ ရောက်လာသောအခါ လူပေါင်းများစွာတို့သည်အန္တီခရစ်ထံအရှုံးပေးဒူး ထောက်ကြပြီးစာတန်၏အမှတ်တံဆိပ်ကို သူ့ထံမှလက်ခံကာ ဤဆိုးယုတ် သောနတ်ဆိုး၏ အစေခံကျွန်များအဖြစ် ပြောင်းလဲလာကြမည်ဖြစ်သော ကြောင့်ပင်တည်း။
ကျမ်းစာထဲတွင် နဂါးသည်စာတန်နှင့်နတ်ဆိုးတို့ နဂါး၏အစေ ခံဖြစ်ကြောင်း ရည်ညွှန်းရာ၌အသုံးပြုသည်။ ထို့ကြောင့် ဤ ကမ္ဘာကြီး သည် နတ်ဆိုးများနေထိုင်ရာအရပ်ဖြစ်လာလိမ့်မည်ဟု ပြောကြသောအခါ အန္တီခရစ်တည်းဟူသော နဂါး၏အစေခံကျွန်သည်ကမ္ဘာကြီးကို သိမ်းပိုက် လိမ့်မည်ဟုဆိုလိုသည်ကမ္ဘာ၏နောက်ဆုံးသောအချိန်ကာလများသည် အ လွန်ပြင်းထန်သောဘေးဆိုကြီးများကို ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေး များကျရောက်လာသောအခါ ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤကမ္ဘာကြီး သည် နဂါးနှင့်နတ်ဆိုးအဖို့ တစ်ကမ္ဘာလုံးသူတို့ပိုင်ဆိုင်သကဲ့သို့ဖြစ်သွားပြီး သူတို့ထံကြွသောင်းကျန်းသောနေရာဖြစ်လိမ့်မည်။ ထို့နောက် ကမ္ဘာကြီး သည် ဘုရားသခင်သွန်လောင်းသော ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေး အားဖြင့် တဟုန်ထိုးပြိုကျလိမ့်မည်။
အခန်းငယ် (၃) အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏မ တရားသောမေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို သောက်ကြပြီ။လောကီရှင်ဘုရင်တို့သည်မတရားသောမေထုန်ကို သူနှင့်ပြု ကြပြီး လောကီကုန်သည်တို့သည် သူ၏ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်း အားဖြင့် ဥစ္စာရတတ်ကြပြီဟုပြောဆို၏။
ဤကျမ်းပိုဒ်ကတိုက်ရိုက်ပြောပြသည့်အတိုင်း ကမ္ဘာပေါ်ရှိ လူမျိုး ပေါင်းတို့သည် သူ၏မတရားသောမေထုန်တည်းဟူသော ကမ္ဘာ၏အမျက် ဒေါသစပျစ်ရည်ကို သောက်သုံးကြသည်။ တခြားနည်းဖြင့်ပြောရလျှင် ဤ ကမ္ဘာ၏လူသားတို့သည်ဤကမ္ဘာကိုဘုရားအဖြစ်မှတ်ကြပြီးယုံကြည်လျှက် သူ့နောက်သို့လိုက်ကြ၏။ သူတို့သည်ဘုရားထက်ပို၍ ကမ္ဘာကိုချစ်ကြ၏။ ထို့ကြောင့် ဤကမ္ဘာသည် အပြစ်၏ဒုစရိုက်နယ်မြေဖြစ်လာ၏။ သူ၏ လူ တို့သည်လည်း အပြစ်ကိုသောက်သုံးလျက် အသက်ရှင်ကြ၏။
ထို့ကြောင့်အဖြေမှာ အဖြစ်အားဖြင့် ကမ္ဘာမြေကြီးပြိုကျခြင်းဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည်ကမ္ဘာကြီးကို ဘုရားကဲ့သို့ခင် တွယ်ပြီးသူ့နောက်ကိုလိုက်ကြသောကြောင့်ဖြစ်သည်။ဘုရားရှင်သည်သူ၏ ပြစ်ဒဏ်ဖြစ်သော ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးဖြင့် သူတို့ကိုဖျက်ဆီး လိမ့်မည်။ ဤကမ္ဘာပေါ်တွင်နေထိုင်ကြသောလူအားလုံးတို့သည် ဘုရားသ ခင်ကျရောက်စေသောဤကပ်ရောဂါဘေးကြီးခုနှစ်မျိုးအားဖြင့် နောက်ဆုံး တွင်ဖျက်ဆီးခံရမှာဖြစ်ပြီး ငရဲထဲသို့ပစ်ချခံရလိမ့်မည်။
သခင်ဘုရားပေးသော ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို မယုံကြည်သောသူတိုင်းသည် နောက်ဆုံးသောကာလ၌ ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူ၏ရှုတ်ချသော သတိပေးချက်ကိုဘုရားသခင်ကကျွန်ုပ်တို့အားပေးနေပြီဖြစ်သည်။ အကယ် ၍သင်သည် ဤသတင်းကောင်းကို ယုံကြည်ခြင်းမရှိဘဲဘုရားသခင်အား ဆက်လက်ဆန့်ကျင် နေမည်ဆိုလျှင် သူ၏သတိပေးချက်ရှိသော်ငြားလည်း သင်သည် ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများဖြင့်သာ အပြစ်ပေးခံရမည် မဟုတ်ဘဲ၊ထာဝရအပြစ်တည်းဟူသော ငရဲကိုလည်းခံရလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည်ဘုရားသခင်၏ကြီးမားပြီး ကြောက်စရာ ကောင်းသော ကပ်ရောဂါဘေးများမှလွတ်မြောက်စေရန်အတွက် သူတို့ သည် ယခုပင်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်လက်ခံရ မည်ဖြစ်ကြောင်း လူတိုင်းနားလည်သဘောပေါက်ကြရမည်။ ထို့နောက် သူတို့သည်ဖြစ်နိုင်သမျှအမြန်ဆုံးနည်းဖြင့်သူတို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းတည်းဟူသော သစ္စာတရားဖက်သို့ ပြန်လည်ကြရမည်။
ကမ္ဘာ၏ရှင်ဘုရင်များနှင့် ကုန်သည်များတို့သည် ၄င်းတို့၏ ရုပ်ဝတ္ထုပစ္စည်းပေါကြွယ်မှုနှင့်အတူ ကြီးကျယ်သည် ဥစ္စာပစ္စည်းများကို စု ဆောင်းထားကြပြီးဖြစ်သော်ငြားလည်းသူတို့အားလုံးသည် ဘုရားသခင်ကျ ရောက်စေမည့်ကပ်ရောဂါဘေးဖြင့်ဤကမ္ဘာကြီးတစ်စစီပြိုကျသည်ကိုသူတို့မျက်စိနှင့်မြင်ရသောအခါငိုကြွေးခြင်း၊ဝမ်းနည်းပူဆွေးခြင်း၊ ကြေကွဲ ခြင်း နှင့် မြည်တမ်းခြင်းတို့ဖြင့် ဇာတ်သိမ်းကြလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်း ကောင်းကိုလူအများတို့အား ဟောပြောရမည်ဖြစ်ကြောင်း သတိရနေမည် ဖြစ်သည်။ ထို့နောက်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသက်တာကို အသစ် သော နှစ်တစ်ထောင်အုပ်စိုးခြင်းကာလကိုရှေ့ရှုမျှော်ကြည့်လျက် အသက် ရှင်နေရမည်။ ကျွန်ုပ်တို့သည် လူတိုင်းကိုရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းအားဖြင့် ဦးဆောင်ကြရမည်ဖြစ်သည်။ ထို့ကြောင့်လူသားအား လုံးသည် ကပ်ရောဂါဘေးကြီးများမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
အခန်းငယ် (၄) အခြားသောကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့ သူ၏အပြစ်ကို ဆက်ဆံခြင်းနှင့် ၄င်းကင်းလွတ်အံ့သောငှါ သူ၏အထဲက ထွက်ကြလော့။ “ငါ၏လူမျိုးတို့သူ၏အပြစ်ကို ဆက်ဆံခြင်းနှင့် ၄င်းသူ၏ ဘေးဒဏ်များကိုခံခြင်းနှင့်၄င်းကင်းလွတ်အံ့သောငှါ သူ၏အထဲကထွက်ကြ လော့။”
ဤအရာမှာ ဘုရားသခင်က သူ၏သန့်ရှင်းသူများကို ပြောပြသော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပါသည်။ တစ်နည်း အားဖြင့်ပြောရ လျှင်သန့်ရှင်းသူများသည် နောက်ဆုံးသောကာလ၏ကမ္ဘာက သူတို့ကိုမပိုင် ဆိုင်ရပါ။ သူတို့သည်သူတို့ဘဝကို ထိုအရာ၏ကျွန်ကဲ့သို့ နေထိုင်ကြရမည်။ ယခင်ကတည်းကသန့်ရှင်းသူများဖြစ်ခဲ့ကြသော ထိုသူများပင်လျှင် အကယ် ၍သူတို့သည် ကမ္ဘာ၏နောက်ဆုံးသောကာလရှိ အပြစ်များထဲသို့ကျသွားခဲ့ လျှင်ပင် ဘုရားသခင်၏တရားစီရင်ခြင်းတည်းဟူသော သူ၏ကြောက် မက် ဘွယ်ရာကပ်ရောဂါဘေးများကို သူတို့တတွေသည် ရှောင်လွှဲနိုင်လိမ့်မည်မ ဟုတ်ပေ။ တနည်းဖြင့်ပြောရလျှင် ဘုရားသခင်က သန့်ရှင်းသူအားလုံးတို့ ကို ပြောပြသည်မှာ ဘုရားသခင်၏အမျက်ဒေါသကို မစုဆောင်းကြရန်နှင့် ကမ္ဘာ၏ကျေးကျွန်များကဲ့သို့ ဇာတ်သိမ်းကြရန်ဖြစ်သည်။
အခန်းငယ် (၅) သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီ ကြသည်ဖြစ်၍သူ၏မတရားသောအမှုတို့ကိုဘုရားသခင်သတိရတော်မူပြီ။
ဘုရားသခင်သည် ဤကမ္ဘာ၏လုပ်ရပ်များ အပြစ်များအားလုံးကို မှတ်သားလျက်ရှိပြီး သူ၏တရားစီရင်ရမည့် နေ့ရက်ကိုသာစောင့်နေသည် မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က ကြိုတင်စီစဉ်ထားသည့်အတိုင်း တစ်နေ့တွင်အန္တီခရစ်၏ရုတ်တရက်ပေါ်ပေါက်လာခြင်းနှင့်အတူ ကမ္ဘာတစ် ဝှမ်းလုံး၌ ဖျက်ဆီးခြင်းများလည်းပေါ်ပေါက်လာလိမ့်မည်။ ယခုတိုင်အောင် ဤကမ္ဘာကြီးအဖျက်ဆီးခံရမည်မဟုတ်ဟု ယုံကြည်နေသူမရှိ၊ ရှိနေသေး သည်။ သို့သော် ဤကမ္ဘာကြီးသည် ထာဝရနိဂုံးချုပ်သွားလိမ့်မည်။
မည်သို့ဆိုစေကာမူ ဤကမ္ဘာကြီးသည် သူတို့ထင်မှတ်သကဲ့သို့ အခန်းသတ်မည်မဟုတ်ဘဲ ဘုရားသခင်ကျရောက်စေမည့် တံပိုးခုနှစ်လုံး၏ ကပ်ရောဂါဘေးများအားဖြင့်ရုတ်တစ်ရက်ချက်ချင်း ဖျက်ဆီးခံရလိမ့်မည်။ နောက်ဆုံးကာလရောက်ရှိလာသောအခါ ဘုရားသခင်သည် ဘေးဒဏ် ကြီးများကို ကမ္ဘာအနှံ့နေရာတကာသို့ ကျရောက်စေခြင်းဖြင့် ဖျက်ဆီးလိမ့် မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်နောက်ဆုံးသောအချိန်အထိ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အသက်တာတွင် လုံ့လဝိရိယရှိစွာဖြင့် ယေရှုခရစ်တော်၏ နိုင်ငံတော်သည်အမှန်တကယ်ရောက်ရှိလာမည်ဆိုသည်ကိုမျှော်လင့်လျှက် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို တည်ကြည်ခိုင်မာစွာ စွဲကိုင်ထားရမည်။
ဘုရားသခင်က သူ၏ကောင်းကင်တမန်များကို ဖလားခုနှစ်လုံး အား ကမ္ဘာမြေသို့သွန်းလောင်းရန် အမိန့်မပေးမှီဤကမ္ဘာ၏ အပြစ်ဒုစရိုက် များသည် ဘုရားသခင်၏ တရားစီရင်မှုကို ခံစားရမည်ထက်ပင် ပိုများပြီး ဆူပူသောင်းကျန်းထြွကမှုများ နေရာတကာတွင် ပျံ့နှံ့နေလိမ့်မည်ဖြစ် သည်။ ထို့ကြောင့် ဤအပြစ်များကို ဘုရားသခင်ကအမှတ်ရပြီးမကြာခင် မှာပင်သူ၏ဖျက်ဆီးခြင်းအမှုကိုကျရောက်စေလိမ့်မည်။ ထို့အပြင် အန္တီခရစ် နှင့် လောကီလူသားတို့ကဘုရားသခင်၏လူများကို ညှင်းပန်းနှိပ်စက်မှာဖြစ် ပြီးသူတို့၏ယုံကြည်ချက်ကို ငြင်းဆန်ရန်သန့်ရှင်းသူများကို အတင်းအကြပ် စေခိုင်းကြလိမ့်မည်။ထို့နောက် သူတို့အထဲမှအချို့ကို မာတုရခြင်းခံရစေရန် ပြုလုပ်ကြလိမ့်မည်။ ဤအရာများကို ဖြစ်ပျက်လာသောအခါ ကမ္ဘာကြီး သည် ဖလားခုနှစ်လုံးကပ်ရောဂါဘေးနှင့် ကြုံတွေ့ကြရလိမ့်မည်။
အခန်းငယ် (၆) သူသည်အကျိုးအပြစ်ကို ဆပ်ပေးသည့်နည်းတူ သူ့၌ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍စိရင်ကြလော့ သူ လောင်းသောဖလား၌ သူ့အဖို့နှစ်ဆလောင်းကြလော့။
ဤကျမ်းပိုဒ်တွင်ရေးထားသော“သူသည်အကျိုးအပြစ်ကို ဆပ်ပေး သည့်နည်းတူဆပ်ပေးကြလော့” ၌ “သူ” ဟူသည်မှာ မည်သူ့ကိုရည်ညွှန်း ပါသနည်း။ ဤနေရာ၌ရည်ညွှန်းထားသည်မှာ အပြစ်သားများနေထိုင် လျက်ရှိသော ဤကမ္ဘာ၊ အန္တီခရစ်နှင်စာတန်တို့ကို ရည်ညွှန်းပါသည်။ ဤ အရာက ကျွန်ုပ်တို့အားပြောနေသည်မှာ ဘုရားသခင် သူတို့ပြုမူသော သန့် ရှင်းသူများကို နှိပ်စက်ညှင်းပန်းခြင်း၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေခြင်း များ၊ သန့်ရှင်းသူများကိုသေဆုံးစေခြင်းများအတွက် ဘုရားသခင်ကသူတို့ ကို ပြန်လည်ပေးဆပ်လိမ့်မည်ဖြစ်သည်။
ထို့အပြင် အပိုဒ်ငယ်(၆) ကဤသို့ဆိုထားပါသည်။ “သူလောင်း သောဖလား၌သူ့အဖို့နှစ်ဆလောင်းကြလော့။”ဘုရားသခင်က ကောင်းကင် တမန်တို့ကိုပေးထားသော ဤအမိန့်မှာနတ်ဆိုး၏လိမ်လည်မှုကိုဖြန့်ချီ လျှက် လူတို့အားငရဲသို့ ဦးဆောင်စေသော တစ်ကမ္ဘာလုံးရှိ မှားယွင်းသော ဘာသာရေးများကို အပြစ်ပေးရန်ဖြစ်သည်။ ဤအချက်၏ဆိုလိုရင်းမှာ ဘု ရားသခင်၏အမျက်ဒေါသနှင့်ပြစ်ဒဏ်ခတ်ခြင်းသည် မှားယွင်းသောသွန် သင်မှုများပို့ချခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စာတန်၏သွန်သင် မှုများနှင့်ရောမွှေခြင်း၊ ထို့အပြင်လူတို့အား နတ်ဆိုးဆီသို့ ပို့ဆောင်ခြင်း တို့ကို ပြုလုပ်နေသောယနေ့ခရစ်ယာန်များ၏အပြစ်အတွက် ကျရောက်စေ မည်ဖြစ်သည်။ထို့ကြောင့်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို လက်မခံ သောခရစ်ယာန်များသည်လည်းဤကမ္ဘာရှိလောကီလူသား တို့ကဲ့သို့ တူညီ သောပြစ်ဒဏ်ကို ခံကြရမည်ဖြစ်သည်။
အခန်းငယ် (၇) သူသည်ကိုယ်ကိုချီးမြှောက်၍ ကာမဂုဏ်၌ ပျော် မွေ့သည့်အတိုင်းသူ၏ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်း ကိုဖြစ်စေကြလော့။ ငါကားမိဘုရားဖြစ်၏။ မုဆိုးမမဟုတ်၊ စိတ်မသက် ညည်းတွားခြင်းကို မသိရဟုသူသည် အောက်မေ့တတ်၏။
ဤနေရာ၌ဘုရားသခင်က ဤကဲ့သို့မာနထောင်လွှားမှုနှင့် ပြည့် နေသောလူတို့၏အပြစ်ကိုညှင်းဆဲခံရခြင်း၊ဝမ်းနည်းပူဆွေးခြင်းများဖြင့်ပြန် ပေးဆပ်စေရမည်ဟု ပြောနေပါသည်။ ဤကမ္ဘာပေါ်ရှိ ဘာသာရေးအဖွဲ့အ စည်းများမှ ပုဂ္ဂိုလ်များဖြစ်ကြသော ဒုတိယအကြိမ် မွေးဖွားခြင်းမခံရသေး သူများနှင့် ယုံကြည်သူမဟုတ်သည့် ကမ္ဘာ၏လောကီသားများကို ဘုရားသ ခင်ကသူတို့၏အပြစ်များကို မေးမြန်းပြီး သူတို့အားအပြစ်ပေးလိမ့်မည်ဖြစ် သည်။
သူတို့သည် မာနထောင်လွှားလျက်ရှိနေသေးပြီး သူတို့ကိုသူတို့ “ငါမိဖုရားဖြစ်၏။ငါမုဆိုးမမဟုတ်၊ စိတ်မသာညည်းတွားခြင်း ကိုမသိရ” ဟုဆိုကြသည်။ထို့ကြောင့်သူတို့အပေါ်သို့သူတို့၏ဖျက်ဆီးခြင်းကပ်ဘေးကို ဘုရားသခင်ကကျရောက်စေမည်။ အလွန်ကြီးမားသည့် ကပ်ရောဂါဘေး များ ဘုရားသခင်ကကျရောက်စေခြင်းဖြင့်သူတို့ကိုသူတို့၏ တစ်လောက ပိုင်ဆိုင်မှု အရာအားလုံးနှင့်သူတို့ချစ်ခင်နှစ်သက်သူများကို တစ်ချိန်ထဲမှာ ဆုံးရှုံးကြပြီး ဝမ်းနည်းပူဆွေးမှုများ ခံစားကြရလိမ့်မည်။
အခန်းငယ်(၈)ထို့ကြောင့် သူခံရသောသေခြင်းဘေး၊ စိတ်မသက် သာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်းဘေး္လဏ်များတို့နှင့် တစ်နေ့ ခြင်းတွင်တွေ့၍ မီးဖြင့်လည်းကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကိုစီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အား ဗလကြီးတော်မူ၏။ 
တစ်နေနေ့တွင်ကပ်ရောဂါဘေးခုနှစ်ပါးပေါ်ထွန်းလာခြင်းနှင့်အတူ၊သေခြင်း ကပ်ဘေး၊ ဝမ်းနည်းပူဆွေးရခြင်းနှင့်အငတ်ဘေး များတို့သည်၊ဤကမ္ဘာသို့ ကျရောက်လာလိမ့်မည််ဤသို့ဖြင့် အန္တီခရစ်နှင့်သူ၏ လောကီနောက် လိုက် အပေါင်းပါတို့သည်ငရဲ၌ထာဝရလောင်းကျွမ်းခံရခြင်း၊ ပြစ်ဒဏ်ကို ခံကြရလိမ်မည်။
အခန်းငယ် (၉) မတရားမေထုန်ကိုသူနှင့်ပြု၍ကာမဂုဏ်၌ပျော် မွေ့သော၊ လောကီရှင်ဘုရင်တို့ သည်သူကျွမ်းလောင်ရာ မီးခိုးကိုမြင်သော အခါကမ္ဘာ၏ရှင်ဘုရင်များနှင့်လူအများတို့သည်၊ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများကသူတို့၏ကမ္ဘာကို မီးများဖြင့်လွှမ်းခြုံစေလျှက် မြေငလျင်များ လှုပ်စေခြင်းဖြင့် ဖျက်ဆီးခံနေရသည်ကို သူတို့မျက်စီနှင့်ကိုယ် တိုင်မြင်ကြ ရလိမ့်မည်။
အခန်းငယ် (၁၀) သူခံရသောညှင်းဆဲခြင်းဝ္လေနာကိုကြောက်၍ အဝေးကရပ်လျှက်၊ပြစ်လေရခြင်း၊ဖြစ်လေရခြင်း၊ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တစ်နာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ရောက်ပါပြီ တကားဟူ၍ သူ့ကြောင့် ငိုကြွေး မြည်တမ်းကြလိမ့်မည်။
ဤကမ္ဘာကြီးပြိုလဲလိမ့်မည်ဆိုသည်ကိုယုံကြည်ခြင်းမရှိသောသူတို့သည် ကမ္ဘာကြီးသူတို့မျက်စီရှေ့တွင်တကယ်ပင် အစိတ်စိတ်အမွှာမွှာပြို ကျသွားသည်ကို မြင်ကြရသောအခါသူတို့သည် ကြောက်ရွံ့သွားကြလိမ့် မည်။ ကမ္ဘာကြီးသည်သူ၏အပ်နှင့်အတူ အလွန်တရားခမ်းနားတည်ဝါ နေစဉ် ဘုရားသခင်၏တရားစီရင်ချက်ကျရောက်လာပြီး တစ်နေ့ထဲခြင်း တွင်ပင် တပြိုင်ထဲပြိုကျ သွားလိမ့်မည်ဖြစ်သည်။
အခန်းငယ် (၁၁-၁၃) လောကီကုန်သည်တို့သည် ထိုအတူငိုကြွေး ၍စိတ်မသာညီးတွားကြလိမ့်မည်၊ အကြောင်းမူကားသူတို့ကုန်သွယ် ဥစ္စာ တည်းဟူသောရွှေ၊ငွေ၊ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသောသွန်သစ်သား၊အမျိုးမျိုးသောဆင်စွယ်တန်ဆာအမျိုး မျိုးသော သစ်ကောင်းတန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ၊ တန်ဆာ၊ သစ်ကြံပို၊ အမေမုန်နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီမုန်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံ၊ ကျွန်း၊ လူဝိညာန် တို့ကို အဘယ်သူမျှနောက်တဖန်မဝယ်ရ။
ကမ္ဘာကြီးပျက်စီးရန် လက်တကမ်းအလိုဖြစ်နေချိန်၌ မည်သူ သည်တစ်စုံတစ်ရာကိုရောင်းနိုင်ဝယ်နိုင်ဦး မည်နည်း၃း၃ လောကီကုန် သည်များသည်လည်း၊သူတို့ကမ္ဘာကြီးဆုံးရှုံးရသည်အတွက် ငိုကြွေးလျှက် ညီတွားလျှက်ရှိကြလိမ့်မည်၊ဘုရားသခင်က ဖလားခုနှစ်လုံးကပ်ရောဂါ ဘေးများကို ကျရောက်စေသောအခါကမ္ဘာတဝှမ်းလုံး၌ မည်သူမျှဈေး ဝယ်ကြမည်မဟုတ်ပေ။ ကမ္ဘာကြီးသည် မည်သည့်အခါမျှပြန် လည်တည် ဆောက်မည်မဟုတ်ပေ။ သို့သော်လည်းဘုရားသခင်၏နိုင်ငံတော်သည် ထို အပျက်အစီးကြားထဲတွင်တည်ဆောက်ခြင်းရှိလိမ့်မည်။
ဤနေရာတွင် အလွန်တရားအသုံးအစွဲကြီးသော ကုန်သည်များအ မည်စာရင်းတစ်ခုရှိသည်။ထိုသူတို့သည်ဇိမ်ခံပစ္စည်းများဖြင့် သူတို့ကို သူတို့ တန်ဆာဆင်ထားကြသည်။သို့သော်လည်းဤဥစ္စာပစ္စည်းများတွဲသည် တစ် နေ့တွင်အသုံးမကျဖြစ်လာကြလိမ့်မည်။ ထိုပြင် ယင်းကဲ့သို့သောလောကီ ဥစ္စာကို မည်သူကမျှရှာဖွေကြတော့မည်မဟုတ်ပေ။ ဤအရာအားလုံးတို့ သည်လောကီဘာသာရေး၏ကုန်သွယ် မှုပင်မဟုတ်ပါလား၊ ကမ္ဘာပေါ်ရှိ လောကီဘာသာရေးများသည်၊ စိတ်ကူး၍ရနိုင်သမျှသော နည်းလမ်းမျိုး စုံဖြင့်ငွေကိုရှာဖွေနေကြသည်၊ ဝိညာန်တစ်ခုကိုတပြားဖြင့်ရောင်းချရန် အ တွက်ပင်နှောင့်နှေးတုံ့ဆိုင်းကြလိမ့်မည်မဟုတ်ပေ။
အခန်းငယ် (၁၄-၁၈) သင်သည်အလွန်တပ်မက်သောသစ်သီးမျိုး လည်းပျောက်ကုန်ပြီ။ ဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှ တို့ လည်းပျောက်ကုန်ပြီ။ နောက်တဖန်မတွေ့ရ။သူအမှီပြု၍ထို အရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှင်းဆဲခြင်း ဝ္လေနာကိုကြောက်၍အဝေးကရပ်လျှက်၊ ဖြစ်ရလေခြင်းဖြစ်ရ လေခြင်း၊ပိတ်ချော၊အဝတ်နီအဝတ်ဟောင်းကိုဝတ်၍၊ရွှေတန်ဆာ၊ ကျောက် မြတ်တန်ဆာ၊ ပုလဲတန်ဆာတို့ဆင်သောမြို့ကြီးဤမျှ လောက်ကြီးစွာ သော စည်းစိမ်းသည် တစ်နာရီခြင်းတွင် ပျက်စီးပါပြီတကားဟုငြွေိုကး၍ စိတ်မသာညည်းတွားကြလိမ့်မည်၊ ခပ်သိမ်းသော၊ သင်္ဘောသူကြီးအရပ်ရပ် သို့လွှင့်ကူးတတ်သောသူအပေါင်းတို့နှင့်သင်္ဘော သားပင်လယ်ကုန်သည် ရှိသမျှတို့သည်အဝေးကရပ်၍သူလောင်းကျွမ်းရာမီးခိုးတို့မြင်လျှင် ထိုမြို့နှင့် အဘယ်မြို့တူ သနည်းဟူ၍၄င်း၊ထို့ကြောင့်လူတို့သည်သူတို့၏လောကီပိုင် ဆိုင်မှုပစ္စည်းအားလုံးတို့ကို မည်သည့်အခါမှပြန်မြင် ရတော့မည် မ ဟုတ်ပေ။
ဤလောကီ ကမ္ဘာအားဖြင့်ချမ်းသြွာကယ်ဝလာခဲ့ကြသောကုန် သည်ကြီးများသည်သူတို့၏ကမ္ဘာမြေကြီးအစိတ်စိတ် အမွှာမွှာပြိုကွဲသွား သည်ကိုမြင်ရသည်အလျှောက် ချုံပွဲချငိုကြွေး လျှက်ငြီးထွားကြရလိမ့်မည်။ သူတို့သည်ကြံရာမရဖြစ်လျက် ငိုကြွေးကြလိမ့်မည်၊ကမ္ဘာမြေကြီးပြိုကျ သောအခါ သူတို့သည်လည်းပြိုလဲကြလိမ့်မည်၊ သူတို့၏စုဆောင်းခဲ့သမျှ သော ပိုင်ဆိုင်မှုများသည်လည်း တစ်နေ့ချင်းတွင်ပျောက်ကွယ်သွားလိမ့် မည်။ 
လာကီမျမ်းသာဖြင့် တည်ဆောက်ထားသော ဘာသာရေးအဖွဲ့အ စည်းများပြိုကွဲသွားသောအခါ ဤကမ္ဘာရှိလူများသူသည်၊ အလိုလေး အ လိုလေးဟု မြည်းတမ်းလျှက်ရှိကြလိမ့်မည်။ တစ်ကမ္ဘာလုံးကိုသွား လေ့ရှိ သောသင်္ဘောသူကြီးများ၊ ကုန်သည်ကြီးများသည်လည်း၊ ငိုကြွေးကြလိမ့် မည်။ ပုဂ္ဂိုလ်များအားလုံးတို့သည်ကြံရာမရဖြစ်လျက်ငိုကြွေးကြလိမ်မည့်။
အခန်းငယ်(၁၉) ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူး သင်္ဘော ကိုပိုင်ဆိုင်သော သူအပေါင်းတို့အား စည်းစိမ်ကို ပေး၍ရစေတတ် သောမြို့ကြီးတစ်နာရီခြင်းတွင်ပျက်စီးပါပြီးတကားဟူ၍၄င်း၊ အော်ဟစ် လျက်၊မြေမှုန့်ကိုမိမိခေါင်းပေါ်မှာပစ်တင်လျက်ငိုကြွေး၍စိတ်မသာငြီး တွား ကြလိမ့်မည်။
ဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးများကျရောက်သည်ကို မြင်ရ သောအခါဤကမ္ဘောကြီးသည် ထာဝရတာရှည်ခံမည်ဟုယုံ ကြည်ကြသော သူတို့သည် အလွန်ဝမ်းနည်းစွာဖြင့် ချုံးပွဲချငိုကြွေးလျှက်ရှိကြလိမ့်မည်။ ဤ ကမ္ဘာမြေကြီးတွင် ကျန်ရှိနေသေးသောသူတို့သည် ဘုရားသခင်ကျရောက စေသော ဖလားခုနှစ်လုံးကပ်ရောဂါဘေးအားဖြင့် တမ္ဘာတဝှမ်းလုံးတခဏ ချင်းတွင်ပျက်စီးစေသည်ကိုမျက်မြင် တွေ့ကြရသောအခါငိုကြွေးခြင်း မြည် တမ်းခြင်း ပြုကြလိမ့်မည်။ သို့သော်သူတို့၏ကြွေးခြင်းသည် ဤကမ္ဘာ အ တွက်အသုံးမဝင်အရာ မရောက်ဖြစ်ရမည်။ ထို့နောက် ဤကမ္ဘာနှင့်အရာ အားလုံးတို့သည် အလုံးစုံနိဂုံးချုပ်ခြင်းသို့ ရောက်ကြလိမ့်မည်။ အကယ်၍ သူတို့တွင်နောက်ထပ်ငိုကြွေးရန်၊ ခွန်အားရှိသေးပါက၊သူတို့သည် သူတို့၏ ကံကြမ္မာအတွက်ငိုကြွေးကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ အားလုံးသည် သူတို့၏အပြစ်ကြောင့် ငရဲ၌ချုပ်ထားခြင်းခံရလိမ့်မည်။ အကယ်၍သူတို့သည်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်ကောင်းကိုယုံကြည်သည် ဆိုလျှင်သူတို့သည် သူတို့၏ထာဝရဖျက်ဆီးခံရမည့်ဘဝမှလွတ်မြောက် ကြ လိမ့်မည်။
အခန်းငယ် (၂၀) ကောင်းကင်မှစ၍သန့်ရှင်းသူတမန်တော် ပရော ဖက်တို့ သူ့ကိုကြည့်ရှု၍ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ ဘက်၌နေစဉ် သူ့ကိုတရားစီရင်တော်မူပြီဟု ပြောဆိုည်ကိုငါကြား၏။
လေထဲရှိချီ ဆောင်ခံရပြီးသောသန့်ရှင်းသူများသည် ဖလားခုနှစ် လုံးကပ်ရောဂါဘေးကျရောက်သောအခါပျော်ရွှင်ဝမ်းမြောက်ကြ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကပ်ရောဂါဘေးဖြင့်ဘုရားသခင်သည်သူတို့ အားလုံးကို ကလဲ့စားချေမည်ဖြစ်သည်။ဘုရားသခင်သည် ထိုကဲ့သို့သူ၏ရန် သူများအပေါ်ကြောက်မက်ဘွယ်ရာကပ်ရောဂါဘေးများ ကျရောက်စေခြင်း မှာ သူ၏အခွင့်အရေးပင် ဖြစ်သည်။
အခန်းငယ်(၂၁) ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကိုချီယူ၍ ပင်လယ် ထဲသို့ချပစ်ပြီးလျှင် ထိုနည်းတူဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တဖန် မပေါ်ရှိစေရ။
ဤနေရာတွင် ဘုရားသခင်က ကမ္ဘာကြီးသည်ကြိတ်ဆုံ ကျောက် ပင်လယ်ထဲသို့မည်သည့်အခါမှပြန်မြင်ရတော့မည် မဟုတ်ကြောင်း ပြော ပြပါသည်။ကျွန်ုပ်တို့၏သခင်ဘုရားသည်စင်္ကြာဝဠာတစ်ခုလုံးနှင့် ၄င်းအထဲ ရှိ အရာအားလုံးကိုအသစ်ပြန်လည် ပြုလုပ်လိမ့်မည်။ ထို့နောက်ဤ ကမ္ဘာကို ခရစ်တော်၏နိုင်ငံတော်အဖြစ် ပြောင်းလဲစေသည်အမှု ပြီးဆုံး သွားမည်ဖြစ်သည်။ 
အခန်းငယ် (၂၂) စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံ ပိုးသမားများတီးမှုတ်သောအသံလည်း သင်အထဲ၌ နောက်တဖန် မမြည်ရ။ အမျိုးမျိုးသောလက်တတ်သမားတို့တွင် တစ်ယောက်မျှသင့်အထဲ၌ မပေါ် မရှိစေရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌နောက် တဖန်မမြည်ရ။
ဖလားခုနှစ်လုံးကပ်ရောဂါဘေးများပြီးဆုံးသွားသောအခါဤကမ္ဘာ ၌ယခင်ကလူတို့ကြားခဲ့ရသော ဂီတသံများ နောက်တစ်ကြိမ်မကြားရတော့၊ လက်သမားအတတ်ပညာသမားတို့၏ တူထုသံလည်းကြားရ တော့မည် မဟုတ်ပေ။ 
အခန်းငယ် (၂၃)ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန်မ ထွန်းမလင်းရ၊မင်္ဂလာဆောင်သတို့သား/ သတို့သမီးအသံကိုလည်း သင့်အ ထဲ၌ နောက်တဖန်မကြားရ။အကြောင်းမူကားလောကီမှုးမတ်တို့သည် သင့် ကုန်သည်ဖြစ်ကြပြီးလူအမျိုးမျိုးတို့သည်သင်၏ပြုစားခြင်း ပရိယာယ်အား ဖြင့် လှည့်ဖြားခြင်းကို ခံကြရပြီဟု ကောင်းကင်တမန်ပြောဆို၏။
ဖလားခုနှစ်လုံး ကပ်ရောဂါဘေးကျရောက်ခြင်းများ ပြီးဆုံးသွား သောအခါဤကမ္ဘာပေါ်တွင်ဆီမီးအလင်းရောင်များ နောက်ထပ်မြင်ရတော့ မည်မဟုတ်ပေ။ မင်္ဂလာဆောင်သတို့သား/သတို့သမီးအသံတို့ကို လည်း ဘယ်တော့မှကြားရတော့မည်မဟုတ်ပေ။ မှော်ဆရာတို့၏ လှည့်ဖြားမှုများ လည်း အဆုံးသတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးကိုယ်၌ က အဆုံးသတ်နိဂုံးချုပ်တို့ ရောက်လိမ့်မည်။
အခန်းငယ် (၂၄) ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌ တွေ့၏။ 
ဘုရားသခင်က ဤကမ္ဘာကြီးပေါ်သို့ ဖလားခုနှစ်လုံး၏ကပ်ရောဂါ ဘေးများ သွန်းလောင်းမည့်အကြောင်းရင်းမှာ စာတန်၏အစေခံကျွန်များ တို့သည် သူ၏ပရောဖက်များနှင့်သန့်ရှင်းသူတို့၏အသွေးကို ယိုစီးစေလိမ့် မည် ဖြစ်သည့်အတွက်ဖြစ်သည်။