Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 17-2] အလိုတော်ကိုဝန်ခံလျက် အာရုံစိုက်ကြပါစို့ (ဗျာဒိတ်ကျမ်း ၁၇း၁-၈)

အလိုတော်ကိုဝန်ခံလျက် အာရုံစိုက်ကြပါစို့
( ဗျာဒိတ်ကျမ်း ၁၇း၁-၈ )
 
ဗျာဒိတ်ကျမ်း(၁၇း၁-၈)တွင် ဖော်ပြထားသည်မှာ “ဖလားခုနှစ်လုံး ရှိသောကောင်းကင်တမန်ခုနှစ်ပါးတို့တွင် တစ်ပါးသည်လာပြီးလျှင် ငါ့ကို နှုတ်ဆက်၍လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည်တန်ဆာကြီး၌စီရင်ခြင်း အမှုကိုငါပြမည်။လောကီရှင်ဘုရင်တို့သည်မတရားသောမေထုန်ကိုသူနှင့်ပြုကြပြီ။မြေကြီးသားတို့သည် သူမ၏မတရားသောမေထုန်ကို သူနှင့်ပြုကြ ပြီ။ မြေကြီးသားတို့သည်သူ၏မတရားသောမေထုန်၏ စဗျစ်ရည်နှင့်ယစ်မူး ကြပြီဟုပြောဆိုလျှက် ငါ့ကိုဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွား လေ၏။ ခေါင်းခုနှစ်လုံးနှင့်ချိုဆယ်ချောင်းရှိ၍ဘုရားသခင်၏အသရေတော် ကိုရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသောသားရဲနီအပေါ်မှာ ထိုင်လျက်ရှိ သော မိန်းမတစ်ဦးငါမြင်၏။ ထိုမိန်းမသည် အဝတ်နီအဝတ်မောင်းကို ဝတ် လျက်၊ ရွှေတန်ဆာ၊ကျောက်မျက်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။စက်ဆုပ်ရွံ့ရှာဘွယ်သောအရာနှင့်လည်းကောင်း၊မိမိမတရားသော မေ ထုန်၏ညစ်ညူးခြင်းနှင့်လည်းကောင်း၊ပြည့်သောရွှေဖလားကိုကိုင် လျက်ရှိ သည်။ နဖူး၌အက္ခရာတင်သောဘွဲ့မူကား နက်နဲသောအရာ၊ ဗာဗုလုန်မြို့ ကြီး ပြည်တန်ဆာတို့၏အမိမြေ၌စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိ ပေတည်း။”
အထက်ပါကျမ်းပိုဒ်၌ဖော်ပြထားသော“ပြည်တန်ဆာကြီး”ဟူသည် မှာဤကမ္ဘာ၏ လောကီဘာသာရေး အဖွဲ့အစည်းများကို ရည်ညွှန်းပါသည်။ ဤကျမ်းပိုဒ်က ကျွန်ုပ်တို့ကိုဆက်ပြောပြသည်မှာ သူတို့သည် သခင်ဘုရား ကပေးထားသောအလျှံပယ်ပေါကြွယ်လှသည့်ရုပ်ဝတ္ထုပစ္စည်းများနှင့် ကမ္ဘာ ၏ဥစ္စာပစ္စည်းများနှင့်ဇိမ်ခံပစ္စည်းများကို အရမ်းကာရောသုန်းဖြုန်းခြင်း၌ အလွန်အရသာတွေ့ နေကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ဇိမ်ခံပစ္စည်း မျိုးစုံဖြစ်သော ရွှေဆွဲကြိုး၊ စိန်နားကပ်စသည့်တို့ဖြင့် တန်ဆာဆင်ထားပြီး ရနံ့ပေါင်းစုံမွှေးပျံ့သော အမွှေးနံ့သာဆီများကို ဆွတ်ဖြန်းထားကြသည်။ ဤကျမ်းပိုဒ်က ကျွန်ုပ်တို့ကိုပြောပြသည်မှာ သူမ၏လက်တွင် ရွှေခွက်ကို ကိုင်လျှက်ရှိပြီး ယင်းရွှေခွက်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများနှင့် သူမ၏ ညစ်ညမ်းလှသော မတရားသောမေထုန်မှုတို့ဖြင့် ပြည့်လျှံနေသည်။ဤ အရာများသည် ဘုရားသခင်က ရှင်ယောဟန်ကိုဖော်ပြသောအရာများဖြစ် သည်။
ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြသောအရာမှာ စာတန်သည် ကမ္ဘာ၏ဥစ္စာများဖြင့်သူတို့အားယစ်မူးစေလျှက် သူ့အားအရှုံးပေးအညံ့ခံရန် ရှာကြံပြီးလူတို့၏စိတ်ဝိညာဉ်ကို လှည့်စားသည်။ ကမ္ဘာ၏ရှင်ဘုရင်များ ကိုလည်း ဤကမ္ဘာဥစ္စာပစ္စည်းများဖြင့် ယစ်မူးစေသည်။ ဤသို့ဖြင့် ကမ္ဘာ ပေါ်ရှိ လူအားလုံးတို့အား ကမ္ဘာ၏မတရားသော မေထုန်တည်းဟူသော ဝိုင်အရက်ဖြင့် စာတန်ကယစ်မူးစေသည်။ 
လူအားလုံးကမ္ဘာကြီး၏ဒီရေတည်းဟူသော ကမ္ဘာ၏ပျော်ရွှင် မှုနှင့် ၄င်း၏ရုပ်ဝတ္ထုလောဘတို့ဖြင့်် ယစ်မူးကြသောအခါစာတန်၏ ရည်ရွယ် ချက်ပန်းတိုင်အောင်မြင်မှုရလိမ့်မည်။ ဤပန်းတိုင်သည် လူတို့အားဘုရား သခင်ကို ရှေ့ရှုနေခြင်းကကာကွယ်ရန်ဖြစ်သည်။ ဤကဲ့သို့ပြုလုပ်နိုင်ရန် အတွက်စာတန်ကသူတို့၏ဝိညာဉ်များအားကမ္ဘာ၏ဥစ္စာပစ္စည်းများကို ယစ် မူးနေကြရန်ဖန်တီးနေသည်။ ဤအမှန်တရားကို ကျွန်ုပ်တို့နားလည်သ ဘောပေါက်ကြရမည်။
ဤကမ္ဘာပေါ်တွင်ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းကို အဓိကထားသည့် ကျော့ကွင်းထဲသို့မကျရောက်သူမရှိ၊ လူတိုင်းသည် ရုပ်ဝ္လါထဲသို့ ကျဆင်းနေ ကြသည်။ဤကမ္ဘာ၏ခေတ်ဆန်သောအလားအလာအားလုံးမှာစာတန်၏ဦး ဆောင်မှုနှင့်ကြိုးကိုင်ချုပ်ချယ်မှုအောက်တွင် ရှိသည်။ လူတိုင်းမှာ သူ/သူ မအသီးသီး၌သူ/သူမတို့၏ ထူးခြားသည့်စတိုင်ဟန်ပန်များ ရှိကြသည်ဟု တွေးထင်နေကြသည်။သို့သော် ယင်း၏နောက်ကွယ်၌ ကြိုးကိုင်သူရှိပြီး ထို သူမှာစာတန်ပင်ဖြစ်သည်။ ဤသည်မှာကျွန်ုပ်တို့သည် အဘယ်ကြောင့်ရုပ် ဝတ္ထုပစ္စည်းစွဲလမ်းမှု၌မနစ်မွန်းရဘဲ ၄င်းအစားဘုရားသခင်၏ နှုတ်ကပတ် တော်ကိုသောက်စို့လျက်၊ ခံယူလျက်ဘုရားသခင်၏ အလှူကိုလုပ်ဆောင် ရန် ဖြစ်သည်။
တမန်တော်ယောဟန်အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အားဖော် ပြသော ဤဗျာဒိတ်ကျမ်းသည်အမှန်တရားဖြစ်သည်။ ထို့နောက် ဘုရားသ ခင်က ဤနှုတ်ကပတ်တော်ဖြင့် ကျွန်ုပ်တို့အားဘာတွေပြောဖို့ ကြိုးပန်းနေ ပါသလဲ။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမိမိဤလောကအရာ၌ မနစ်မွန်းစေ ရန် ၄င်းအစားဆန့်ကျင်ရပ်တည်ကြရန် သခင်ဘုရားက ကျွန်ုပ်တို့ အားပြောပြနေပါသည်။ တနည်းအားဖြင့်ပြောရလျှင် ဘုရားရှင်က သန့်ရှင်း သူများနှင့်ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏နှလုံးသားများဖြင့် ဘုရားသခင်ကို ယုံ ကြည်ပြီး သူ့အကြောင်းကိုသာ တွေးတောရန်ပြောပြနေပါသည်။
ရှင်ယောဟန်သြဝါဒစာ ပဌမစောင် (၂း၁၅) က ပြောပြသည်မှာ လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့အား လည်းကောင်း မချစ်ကြနှင့်လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့၏နှလုံးသားများက လောကီရုပ်ဝတ္ထု များကိုသာနှစ်သက်နေပါကဘုရားသခင်သည်ကျွန်ုပ်တို့၏နှလုံးသားထဲတွင် ကိန်းအောင်းမည် မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့၏နှလုံးသားထဲမှ လော ကီအရာများကိုဖယ်ရှားပါကဘုရားသခင်သည်ကျွန်ုပ်တို့အထဲတွင် ကိန်းဝပ် လိမ့်မည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသက်တာများကို လောကီအရာ များနှင့်စိုစွဲလျှက် အသက်ရှင်မနေသင့်ပါ။ ကျွန်ုပ်တို့ သခင်ဘုရား၏ နှုတ်က ပတ်တော်နှင့် ရည်ရွယ်ချက်တော်များကိုသာ ကျွန်ုပ်တို့ဆင်ခြင်တွေးတော နေခြင်းတခုတည်းကသာလျှင် ကျွန်ုပ်တို့အား ဘုရားရှင်၏ ဦးဆောင်လမ်း ပြမှုကို ခံရစေမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏စိတ်ထားကို ကျွန်ုပ်တို့အမြဲပြောင်းလဲပစ်နိုင်ပါသည်။ လောကီအရာများကျွန်ုပ်တို့၏နှလုံးသားထဲသို့ ဝင်လာရန်ကြိုးပန်းကြသော အခါကျွန်ုပ်တို့သည် ၄င်းတို့အားအမြဲငြင်းဆန်နေရမည်။ ထို့နောက် ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏နှလုံးသားများမှ လောကီ၏ညစ်ညမ်းသောအရာအား လုံးကိုစွန့်ပစ်နိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏နှလုံးသားများသည်လည်း မကြာမီ မှာပင်သခင်ဘုရား၏နှလုံးသားထဲသို့ ပျော်ဝင်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ ၏သခင်ဘုရားက ကျွန်ုပ်တို့ထံမှဘာအလိုရှိသနည်း။ ထို့နောက် ကျွန်ုပ်တို့ လုပ်ရန် သူဘာပြောသနည်း။ ဘာသာတရားကိုင်းရှိုင်းသော အတွေးအခေါ် များ ကျွန်ုပ်တို့၏နှလုံးသားထဲ၌ သေချာပေါ်ပေါက် ထွက်လာရန်အတွက် ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏နှလုံးသားထဲမှ လောကီအရာများကို ပယ်ဖျက် ပစ်ရမည်။
ဘုရားသခင်ကကျွန်ုပ်တို့အားမြောက်များစွာသောကောင်းကြီးများ ချပေးခဲ့ပြီးဖြစ်သဖြင့် ယခုကျွန်ုပ်တို့ နားလည်သဘောပေါက်ရန်မှာ ကျွန်ုပ် တို့၏ကျန်ရှိနေသေးသောနေ့ရက်များတွင် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်း ကောင်းကိုတစ်ကမ္ဘာလုံးသို့ဟောပြောကြရမည် ဖြစ်သည် ဆိုသည့်အချက် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သတိဝိရိယကိုမချဘဲ သူ၏အလိုတော်ကို ဆောင်ဖို့ရန်ကျွန်ုပ်တို့၏အားထုတ်မှုကို စုစည်းကြပါစို့။ ဝိညာဉ်တော်အလုပ်များကို စဉ်းစားဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့၏ နှလုံး သားထဲမှ လောကီအရာများကို ကျွန်ုပ်တို့မောင်းထုတ်နိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့သန့်ရှင်းသူများသည် လောကီအရာများကို မောင်းထုတ် ပစ်ရမည်။ သခင်ဘုရားနောက်တစ်ကြိမ် ပြန်မရောက်လာမှီ အချိန်အထိ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာကို ယုံကြည်ခြင်းဖြင့် အ သက်ရှင်စေရမည်။ ကျွန်ုပ်တို့၏အသက်တာအတွက် နှိုးဆော်ခြင်းအပြစ်၊ ဘုရားသခင်ရှေ့တော်၌မရောမီအထိ ကျွန်ုပ်တို့သည်သခင်ဘုရားက ကျွန်ုပ် တို့အားအပ်နှံထားသောအရာများကို လုပ်ဆောင်ရမည်။ ထို့နောက် ကျွန်ုပ် တို့သခင်ဘုရားကိုချစ်ရမည်။ ယုံကြည်ခြင်းနှင့်အသက်ရှင်ရမည်။ ဘုရားရှင် ကျွန်ုပ်တို့ကိုခွင့်ပြုသောအရာမှန်သမျှ လုပ်ကြရမည်။