Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 17-1] ရေပေါ်မှာထိုင်သောပြည်တန်ဆာမကြီး၏တရားစီရင်ချက် (ဗျာဒိတ်ကျမ်း ၁၇း၁-၁၈)

ရေပေါ်မှာထိုင်သောပြည်တန်ဆာမကြီး၏တရားစီရင်ချက် (ဗျာဒိတ်ကျမ်း ၁၇း၁-၁၈)
( ဗျာဒိတ်ကျမ်း ၁၇း၁-၁၈ )
“ဖလားခုနှစ်လုံးရှိသော ကောင်းကင်တမန်ခုနှစ်ပါးတို့တွင် တစ်ပါး သည်လာပြီးလျှင် ငါကိုနှုတ်ဆက်၍လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည် တန်ဆာကြီး၌စီရင်ခြင်းအမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မ တရားသောမေထုန်ကိုသူနှင့်ပြုကြပြီး မြေကြီးသားတို့သည် သူ၏မတရား သောမေထုန်၏ စဗျစ်ရည်နှင့်ယစ်မူးကြပြီ၊ယစ်မူးကြပြီဟု ပြောဆိုလျက် ငါ့ကိုဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ဘုရားသခင်၏အသရေတော်ကို ရှုတ်ချသောနာမတို့ နှင့် အပြည့်ရှိသောသားရဲနီအပေါ်မှာမှ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။ထိုမိန်းမသည် အဝတ်နီ၊အဝတ်ဟောင်းကိုဝတ်လျက် ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာ လောကီဘာသာရေးအဖွဲ့များသည် အန္တီခရစ် နှင့်အတူ လျှို့ဝှက်အကြံအစည်ပြုလုပ်ကြလျက် သူ့ကို သူတို့၏ဘုရားအ ဖြစ် ထင်မှတ်ကြလိမ့်မည်။ ဤသို့ဖြင့် သူတို့သည် သူတို့အား ဆန့်ကျင် သူများကိုသေဒဏ်ပေးရန်သာ သင့်တော်သည်ဟု တွေးတောကြလိမ့်မည်။ ယင်းသို့သောသူတို့၏အတွေးအခေါ်အားဖြင့် သူတို့၏သန့်ရှင်းသူများကို ဆန့်ကျင်လုပ်ဆောင်မှုသည် အမှန်တယ်ပင် အထမြောက်ကြလိမ့်မည်။ နဖူး၌အက္ခရာတင်သောဘွဲ့မူကား နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး ပြည် တန်ဆာတို့၏ အမိမြေ၌စက်ရှုပ်ရွံ့ရှာဘွယ် သောအရာတို့၏ အမိပေ တည်း။ ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး ယေရှု၏သက်သေခံတို့၏ အသွေးနှင့်ယစ်မူးသည်ကို ငါမြင်၏ထိုသို့မြင်သောအခါ အလွန်မိန်းမော ၍နေ၏။ ကောင်းကင်တမန်ကလည်း အဘယ်ကြောင့် အံ့သြသနည်း။ ထို မန်းမ၏ နက်နဲသောအရာကိုလည်းကောင်း၊ ခေါင်းခုနှစ်လုံးနှင့်ချိုဆယ် ချောင်းရှိ၍ ထိုမိန်းမကိုဆောင်သောသားရဲ၏နက်နဲသော အရာကိုလည်း ကောင်း ငါပြောမည်။ ယခုမြင်သောသားရဲသည် ဖြစ်ဘူးကြီးဖြစ်ဆဲမရှိ၊ အနက်ဆုံးသောတွင်းထဲကတက်၍ ဖျက်ဆီးခြင်းထဲသို့ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သောမြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတ္တံသောသားရဲကိုမြင် ရသောအခါ အံ့သြကြ လိမ့်မည်။ ဤအရာ၌ ပညာနှင့်ပြည့်စုံသောဉာဏ်ရှိ၏။ ခေါင်းခုနှစ်လုံးကား မိန်းမထိုင်သောတောင်ခုနှစ်လုံးဖြစ်၏။ ရှင်ဘုရင်နှစ်ပါးလည်းဖြစ်၏။ ငါးပါး ကျပြီ၊ တစ်ပါးရှိသေး၏။ တစ်ပါးဖြစ်လေဦးမည် ဖြစ်သောအခါ တခဏသာ တည်လိမ့်မည်။ ဖြစ်ဘူး၍ဖြစ်ဆဲမရှိသော သားရဲသည် နှစ်ပါးမြောက် သော ရှင်ဘုရင်ဖြစ်၏။ ခုနှစ်ပါးအပါအဝင်လည်းဖြစ်၏။ ဖျက်ဆီး ခြင်းသို့ရောက် ရလိမ့်မည်။ ယခုမြင်သောချိုဆယ်ချောင်းကားမင်းအာဏာစက်ကိုမရသေး သောရှင်ဘုရင်ဆယ်ပါးဖြစ်၏။ရှင်ဘုရင်၏အာဏာစက်ကို သားရဲနှင့် အတူ တစ်ချက်တည်းရကြလိမ့်မည်။ ယခုမြင်သောချိုဆယ်ချောင်းကား မင်းအာ ဏာစက်ကိုမရသေးသော ရှင်ဘုရင်ဆယ်ပါးဖြစ်၏။ ရှင်ဘုရင်၏အာဏာ စက်ကို သားရဲနှင့်အတူတစ်ချက်တည်းရကြလိမ့်မည်။ထိုသူတို့သည် သ ဘောတူ၍ မိမိတို့တန်ခိုးအာဏာကို သားရဲ၌အပ်ပေးကြလိမ့်မည်။ သူတို့ သည် သိုးသူငယ်ကိုစစ်တိုက်၍ သိုးသူငယ်သည် နိုင်တော်မူမည်။ အ ကြောင်းမူကားသိုးသူငယ်သည် သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ကိုယ်တော်နှင့်အတူရှိသော သူတို့သည်လည်း ခေါ်တော်မူ သော သူရွေးချယ်တော်မူသော သူသစ္စာရှိသောသူဖြစ်ကြ၏ယခုမြင်၍ပြည့် တန်ဆာထိုင်ရသောရေကား၊ အသီးသီးဘာသာစကားကိုပြောသော လူအ မျိုးမျိုးအစုစု ဖြစ်သတည်း။ ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည် ပြည့်တန်ဆာကိုမုန်း၍သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ် တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ ကိုယ်ကို လည်း မီးရှို့လိမ့်မည်။ အကြောင်းမးကား သူတို့သည်ဘုရားသခင်အလို တော်ကို ပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပတ်တော် မပြည့်စုံမှီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌အပ်ပေးခြင်းငှာလည်းကောင်း ဘု ရားသခင်သည်သူတို့၌အကြံပေးတော်မူ၏။ ယခုမြင်သောမိန်းမသည်လည်း လောကီရှင်ဘုရင်တို့ကိုအုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင် တမန် ပြောဆို၏။”
 
 

အနက်ဖွင့်ကျမ်း 

 
အခန်းငယ်(၁)ဖလားခုနှစ်လုံးရှိသော ကောင်းကင်တမန်ခုနှစ်ပါး တို့တွင် တစ်ပါးသည်လာပြီးလျှင် ငါကိုနှုတ်ဆက်၍လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။
မည်သူသည် ပြည်တန်ဆာဖြစ်ကြောင်းသိရှိခြင်းနှင့် ကျမ်းပိုဒ်၏အ ဓိကအချက်ဖြစ်သော မိန်းမကြီးနှင့်သားရဲတို့အကြောင်းကို အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့်နားလည်သဘောပေါက်ခြင်းတို့သည် ဤအခန်းကြီး (၁၇) ၏ အခြေခံလိုအပ်ချက်ဖြစ်သည်။အပိုဒ်(၁)၌ဖော်ပြထားသော “ပြည်တန်ဆာ” သည်ကမ္ဘာ၏ဘာသာရေးအဖွဲ့အစည်းများကို ရည်ညွှန်းပါသည်။ “သားရဲ” ဆိုသည်မှာ တခြားနည်းအားဖြင့် အန္တီခရစ်ကို ရည်ညွှန်းပါသည်။ “ရေ” သည်နတ်ဆိုးများ၏ သင်ကြားပို့ချချက်များကို ရည်ညွှန်းပါသည်။ ကျမ်းပိုဒ် ဖြစ်သော “ရေအပေါ်မှာထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်”ဆိုသည်မှာဘုရားသခင်သည်စာတန်၏ သင်ကြားမှုများအပေါ်မှာ တည်နေကြသော ဘာသာရေးအဖွဲ့အစည်းများကို တရားစီရင်လိမ့်မည်ဖြစ် ကြောင်း ကျွန်ုပ်တို့ကို ပြောပြနေခြင်း ဖြစ်သည်။
အခန်းငယ် (၂) လောကီရှင်ဘုရင်တို့သည် မတရားသောမေထုန် ကိုသူနှင့်ပြုကြပြီးမြေကြီးသားတို့သည် သူ၏မတရားသောမေထုန်၏ စပျစ် ရည်နှင့် ယစ်မူးကြပြီ၊ ယစ်မူးကြပြီဟု ပြောဆိုလျက်၊“မတရားသော မေ ထုန်”ဆိုသည့်စကားလုံးသည် ဤလောကီကမ္ဘာကို ချစ်ခြင်းကိုရည်ညွှန်းပြီး ဘုရားသခင်ကိုသာ ချစ်ခြင်းထက် ဤအရာများကို ပို၍ချစ်ခြင်းကိုရည် ညွှန်းသည်။ ဤကမ္ဘာ၏သက်မဲ့ပစ္စည်းများဖြင့် ရုပ်တုများပြုလုပ်ခြင်းနှင့် ၄င်းတို့ကိုဘုရားကဲ့သို့ ကိုးကွယ်ခြင်းနှင့်ချစ်ခြင်းတို့သည် အမှန်စင်စစ် မတ ရားသော မေထုန်အမှုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။
အထက်၌ဖော်ပြထားသောကျမ်းပိုဒ်ဖြစ်သည့် “လောကီရှင်ဘုရင် တို့သည် မတရားသောမေထုန်ကို သူနှင့်ပြုကြပြီ” သည် ဤကမ္ဘာ၏ခေါင်း ဆောင်များသည် လာကီဘာသာရေး၌ယစ်မူးလျက်နေကြပြီး လောကီလူ သားများသည်လည်း လောကီဘာသာရေးများက ထောက်ပံ့သောအလား တူအပြစ်မျိုးဖြင့် ယစ်မူးလျက်ရှိနေကြခြင်းကိုဆိုလိုသည်။
အခန်းငယ် (၃) ငါ့ကိုဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွား လေ၏။ ခေါင်းခုနှစ်လုံးနှင့်ချိုဆယ်ချောင်းရှိ၍ ဘုရားသခင်၏အသရေ တော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသောသားရဲနီအပေါ်မှာမှထိုင် လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။
“သားရဲနီအပေါ်မှာထိုင်လျက်ရှိသော မိန်းမတစ်ဦး” ဆိုသည့်ကျမ်း ပိုဒ်က ဤကမ္ဘာရှိလူသားတို့၏နှလုံးသားသည် သန့်ရှင်းသူများကို ညှင်းပန်း နှိပ်စက်ရန်နှင့် သတ်ဖြတ်ရန်အတွက်အန္တီခရစ်နှင့် ပေါင်းစည်းကြလိမ့်မည် ဟု ကျွန်ုပ်တို့အားပြောပြပါသည်။ 
ဤအရာက ကျွန်ုပ်တို့ကိုဖော်ပြသည်မှာ လောကီလူသားတို့သည် ဘုရားသခင်ကိုရန်ဖက်ပြုသူ၏အစေခံကျွန်အဖြစ်ပြောင်းလဲခံယူကြပြီးအန္တီ ခရစ်၏ညွှန်ကြားချက်များအတိုင်း သူ၏အလုပ်ကိုလုပ်ကိုင်ကြလျက် ဇာတ် သိမ်းကြလိမ့်မည်။သားရဲသည်ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သော အန္တီ ခရစ်ပင်ဖြစ်သည်။ အန္တီခရစ်သည် ဘုရင်များစွာကို အုပ်စိုးလိမ့်မည်ဖြစ်ပြီး သူသည်လည်း ကမ္ဘာတိုင်းပြည် များစွာကိုအုပ်ချုပ်လိမ့်မည်။
“ခေါင်းခုနှစ်လုံးနှင့်ချိုဆယ်ချောင်းရှိ၍”ဟူသောကျမ်းပိုဒ်ရှိ “ခေါင်း ခုနှစ်လုံး” သည်ကမ္ဘာ၏ ဘုရင်ခုနှစ်ပါးကို ရည်ညွှန်းပြီး “ချိုဆယ်ချောင်း” သည် ကမ္ဘာပေါ်ရှိ တိုင်ပြည်များကိုရည်ညွှန်းပါသည်။ 
အခန်းငယ် (၄) ထိုမိန်းမသည် အဝတ်နီ၊ အဝတ်ဟောင်းကိုဝတ် လျက် ရွှေတန်ဆာ၊ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏ ဤကျမ်းပိုဒ်ကကျွန်ုပ်တို့အားပြောပြသည်မှာလောကီဘာသာ ရေးအဖွဲ့များ သည်အန္တီခရစ်နှင့်အတူ လျှို့ဝှက်အကြံအစည်ပြုလုပ်ကြလျက် သူ့ကို သူတို့ ၏ဘုရားအဖြစ် ထင်မှတ်ကြလိမ့်မည်။ 
ဤသို့ဖြင့်သူတို့သည်သူတို့အား ဆန့်ကျင်သူများကိုသေဒဏ်ပေး ရန်သာသင့်တော်သည်ဟု တွေးတောကြလိမ့်မည်။ ယင်းသို့သောသူတို့၏ အတွေးအခေါ်အားဖြင့် သူတို့၏သန့်ရှင်းသူများကို ဆန့်ကျင်လုပ်ဆောင် မှု သည် အမှန်တယ်ပင် အထမြောက်ကြလိမ့်မည်။
ထို့နောက်ဤကမ္ဘာကြီးကိုထာဝရပျော်ရွှင်ခြင်းနိုင်ငံကဲ့သို့ တန်ဆာ ဆင်ရန်အတွက်သူတို့ကိုယ်သူတို့ကမ္ဘာ၏ရွှေတန်ဆာ၊ ကျောက်မြတ်တန် ဆာနှင့်ပုလဲတန်ဆာတို့ဖြင့် လှပစွာမွမ်းမံခြယ်သကြလိမ့်မည်။ သို့သော် လည်း သူတို့၏ယုံကြည်ချက်မှာ ဤကမ္ဘာ၌နေထိုင်စဉ် သွေးသားဆန္ဒပျော် ရွှင်ကျေနပ်စေခြင်းတစ်ခုတည်းကိုသာ အထူးစိတ်ဝင်စားကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ဤကမ္ဘာပေါ်ရှိလူသားတို့ကို ကြည့် လိုက်သောအခါဤကမ္ဘာသည်သူတို့၏ညစ်ထေးသောအပြစ်များနှင့် ပြည့် နှက်နေသည်ကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ သူတို့အားလုံးသည် ဘုရား သခင်ရှေ့မှောက်၌ အလွန်မုန်းတီးရွံ့ရှာဘွယ်ရာအဖြစ်သာ ပေါ်ထွက် လာကြလိမ့်မည်။ 
အခန်းငယ် (၅) နဖူး၌အက္ခရာတင်သောဘွဲ့မူကား နက်နဲသောအ ရာ၊ဗာဗုလုန်မြို့ကြီးပြည်တန်ဆာတို့၏အမိမြေ၌စက်ရှုပ်ရွံ့ရှာဘွယ်သောအ ရာတို့၏ အမိပေတည်း။
ကမ္ဘာ၏ဘာသာရေးပုဂ္ဂိုလ်များတို့သည် သူတို့ကိုယ်သူတို့ ဘုရင်မ ကဲ့သို့ တန်ဆာဆင်ခြင်ကြသော်ငြားလည်း တကယ်စင်စစ် သူတို့ကိုယ်သူ တို့ပြည်တန်ဆာအဖြစ် ဖော်ပြခြင်းသာဖြစ်သည်။ တခြားတဖက်၌ သူမ၏ နာမည်ဖြစ်သော “ဗာဗုလုန်မြို့ကြီး” ဖော်ပြသည်မှာ မာနထောင်လွှားခြင်း နှင့် ရုပ်တုကိုးကွယ်သောဖိနှိပ်ချုပ်ချယ်သော အကျင့်တည်းဟူသော ပြည် တန်ဆာ၏ အကျင့်စာရိတ္တတို့ကို ကျွန်ုပ်တို့အားဖော်ပြနေပါသည်။ “အမိ” ဟူသောစကားလုံးသည် သမိုင်းထဲ၌အစပြုသော အန္တီခရစ်၏အင်အားသည် အခြားနေရာထက် ဤလောကီကမ္ဘာမှပင်ဖြစ်ပြီး ဤကမ္ဘာကြီးသည် ရုပ်တု ဆင်းတုကိုးကွယ်ခြင်းနှင့် အကျင့်စာရိတ္တပျက်ဆီး အမျိုးအစားအားလုံး ၏မူလအပြစ်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုဖော်ပြပါသည်။
ဤကမ္ဘာကြီးသည် ခမ်းနားထည်ဝါပြီး လှပသောကျောက်မျက်ရ တနာများဖြင့် တန်ဆာဆင်ထားသော်ငြားလည်း ဘုရားသခင်နှင့် ဆန့်ကျင် ရပ်တည်လျှက်လူသားတို့၏နှလုံးသား၌ အလုပ်လုပ်လျှက်ရှိသော အန္တီခရစ် သည်သာလျှင် သူတို့၏မိခင်ဖြစ်သည်။ထို့ကြောင့် ဘုရားသခင်သည် သူ ၏ဖလားခုနှစ်လုံးတည်းဟူသောကပ်ရောဂါဘေးကြီးဖြင့် သူတို့အားဖျက် ဆီးရန် ဆုံးဖြတ်ချက် ချမှတ်ရတော့သည်။
အခန်းငယ်(၆)ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေးယေရှု၏ သက်သေခံတို့၏အသွေးနှင့်ယစ်မူးသည်ကို ငါမြင်၏ထိုသို့မြင်သောအခါ အ လွန်မိန်းမော၍နေ၏။
“သန့်ရှင်းသူ”ဆိုသည်မှာ ယေရှုခရစ်တော်ပေးအပ်သောရေနှင့်ဝိ ညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်လက်ခံသော အသင်းတော်သ မိုင်းတစ်လျှောက်လုံး ယုံကြည်သောသူအဖြစ် ရပ်တည်ခဲ့ကြသူအားလုံးကို ဆိုလိုသည်။ “ယေရှု၏သက်သေခံသူတို့အသွေး” ဟူသောကျမ်းပိုဒ်မှာ သန့် ရှင်းသူများအနက် ယေရှုခရစ်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း နှင့်သူတို့၏ကယ်တင်ရှင်ဖြစ်ကြောင်း တည်းဟူသော အမှန်တရားကိုသက် သေခံသူနှင့် အထူးသဖြင့်သူတို့၏ယုံကြည်ချက်ကို ကာကွယ်ကြသော မာ တုရခြင်း ခံရသူများကို ခေါ်ပါသည်။
ဤကျမ်းပိုဒ်က အထူးလေးနက်စေသောအရာမှာ သန့်ရှင်း သူများကိုနှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်နေကြသူများမှာ အခြားသူများ ထက် ဤကမ္ဘာပေါ်ရှိဘာသာရေးပုဂ္ဂိုလ်များသာ ဖြစ်ကြသည့်အကြောင်း ဖြစ်သည်။ သူတို့သည် ထိုကဲ့သို့သောဆိုးဝါးသည့်အပြုအမူများကို ပြုလုပ် သောအန္တီခရစ်၏ တပ်ဦးအင်အားစုများဖြစ်ကြသည်။
ဤနေရာတွင် ရှင်ယောဟန်က မိန်းမကိုသူမြင်သောအခါ သူသည် အလွန်အံ့သြပြီးမိန်းမောနေခဲ့ကြောင်းပြာပြပါသည်။ အကယ်စင်စစ် ဤ ကမ္ဘာသည် အလွန်စူးစမ်းလိုစိတ်ရှိသော ထူးဆန်းသည့်ကမ္ဘာဖြစ်ပါသည်။ သန့်ရှင်းသူတို့သည် ဤကမ္ဘာကြီးကို အန္တရာယ်ပေးရန် မည်သည့်အရာမျှ မလုပ်ခဲ့ပါ။ သို့တိုင်အောင် ဤကမ္ဘာသည် အန္တီခရစ်နှင့်အတူ အကြံအ စည်ပြုလျှက်မြောက်များစွာ သောသန့်ရှင်းသူများကို သတ်ဖြတ်ခဲ့ကြသည်။ အဘယ်ကြောင့် ဤကမ္ဘာသည် ဘာတစ်ခုမျှမဟုတ်ပါဘဲလျှက် ထူးဆန်း နေရပါသနည်း။ ဤဖြစ်ရပ်သည် ကမ္ဘာ၏လောကီသားများက သန့်ရှင်းသူ များအပေါ် ဧကံမုချကျရောက်စေမည့်ဖြစ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ဤကမ္ဘာသည် အန္တီခရစ်၏ထိန်းချုပ်မှုအောက်၌ရှိနေပြီး ဤလူ များသည် သူ၏အစေခံကျွန်များကဲ့သို့ သန့်ရှင်းသူများကို ဖမ်းဆီးပြီး သူတို့ ကိုသတ်ဖြတ်ကြလိမ့်မည်။
ထို့ကြောင့် သူတို့သည် ကျွန်ုပ်တို့အတွက် တကယ်ပင်နိုင်ငံခြား သားအဖြစ် ပေါ်လာကြသည်။ ဤလောကီလူသားတို့ကို ကျွန်ုပ်တို့ လေ့လာ ကြည့်သောအခါ အကယ်စင်စစ်သူတို့သည် အနည်းငယ် ထူးခြားလျှက် ပေါ်လာကြသည် မဟုတ်လား။ လူသားတို့အားဘုရားသခင်၏ပုံသဏ္ဍာန် တော်နှင့်အညီဖန်ဆင်းခဲ့သောအခါ သူတို့သည် မည်ကဲ့သို့ အန္တီခရစ်၏ အ စေခံကျွန်များဖြစ်လာပြီး လူအနည်းငယ်ကိုယ်သာမဟုတ်ဘဲ မရေတွက် နိုင်သောဘုရားကို ယုံကြည်သူများကို သတ်နိုင်မည်နည်း။
အခန်းငယ်(၇)ကောင်းကင်တမန်ကလည်း အဘယ်ကြောင့် အံ့သြ သနည်း။ ထိုမန်းမ၏ နက်နဲသောအရာကိုလည်းကောင်း၊ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သောသားရဲ၏နက်နဲသော အရာကို လည်းကောင်း ငါပြောမည်။
“မိန်းမ”ဟူသောစကားသည်ဤနေရာ၌ ဤကမ္ဘာပေါ်ရှိ လူသားကို ဆိုလိုသည်။ ဤကျမ်းပိုဒ်က သားရဲတည်းဟူသောအန္တီခရစ်သည် ကမ္ဘာပေါ် ရှိဘုရင်များနှင့်တိုင်းနိုင်ငံများကို အုပ်စိုးလိမ့်မည်။ ထို့နောက် ထိုသူတို့အား ဖြင့် ဘုရားသခင်အား ဆန့်ကျင်သောသူ၏လုပ်ငန်းကို လုပ်လိမ့်မည်။ သန့် ရှင်းသူများကိုနှိပ်စက်ညှင်းပန်းခြင်းနှင့်သူတို့ကိုသတ်ဖြတ်ခြင်းတို့ကို လုပ် လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုပြောပြပါသည်။ “သားရဲ၏နက်နဲ သော အရာ” သည် အန္တီခရစ်ကို သက်သေပြခြင်းဖြစ်ပြီး စာတန်၏အမိန့်အားဖြင့် လှုပ်ရှားသည်။ထို့နောက် သူသည်ဤကမ္ဘာ၏ တိုင်းနိုင်ငံများကိုသူ၏အပိုင် ဖြစ်အောင် ပြောင်းလဲဖြစ်လိမ့်မည်။
စာတန်နှင့်အတူ ပူးပေါင်းကြံစည်သော ဤကမ္ဘာပေါ်ရှိလူများတို့ သည်ဘုရားသခင်ကလူအမြောက်အများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ် ရာ၌အသုံးပြုသောကိရိယာတန်ဆာအဖြစ်ဇာတ်သိမ်းရလိမ့်မည်။ ဤကမ္ဘာ နှင့်အန္တီခရစ်တို့သည် စာတန်၏လက်နက် ကိရိယာဖြစ်လျှက် ယခုအခါ ကျွန်ုပ်တို့၏မျက်စေ့ရှေ့တွင်ဖုံးကွယ်လျှက်ရှိသည်။သို့သော် ဘေးဒဏ်ကြီး ကာလ၏ ပထမသုံးနှစ်ခွဲအချိန် ကျော်လွန်သောအခါ သူတို့ပေါ်လာကြပြီး သန့်ရှင်းသူများကို သတ်ဖြတ်ကြလိမ့်မည်။
ဤကမ္ဘာကြီးသည် နိုင်ငံရေးသမားမှသည် ကျောင်းဆရာ၊ ထိုမှအ တွေးအခေါ်ပညာရှင်များနှင့်ဒေါက်တာဘွဲ့ရများထဲမှ အလွန်တရာ တာဝန် ကျေပွန်သိတတ်သူ၊ပညာကြီးသောသူနှင့်ထက်မြက်သောသူများကိုပိုင်ဆိုင် လာသောအခါ တစ်စုံတစ်ဦးက ဤအရာသည် မည်သို့ဖြစ်လာနိုင် မည် နည်းဟုအံ့သြကောင်းအံ့သြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာကြီး သည်အန္တီခရစ်နှင့်အတူ လျှို့ဝှက်ကြံစည်လိမ့်မည်ဖြစ်ပြီး သန့်ရှင်းသူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပါအဝင်အရာအားလုံးဖြစ်လာသည်။ နိုင်ချေရှိသော အရာများဖြစ်လာလိမ့်မည်။ ဤသို့ဖြင့် ဤကမ္ဘာကြီးသည် အန္တီခရစ်ထံ အရှုံးပေလက်မြှောက်လိမ့်မည်ဖြစ်ပြီး သန့်ရှင်းသူများကို သတ် ဖြတ်ခြင်းသည် အန္တီခရစ်၏နက်နဲသောအရာကို အဖြေရှာပေးမည့် သော့ ချက်ဖြစ်လိမ့်မည်။
အခန်းငယ် (၈) ယခုမြင်သောသားရဲသည် ဖြစ်ဘူးကြီးဖြစ်ဆဲမရှိ၊ အနက်ဆုံးသောတွင်းထဲကတက်၍ ဖျက်ဆီးခြင်း ထဲသို့ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သောမြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ဖြစ်လတ္တံသောသားရဲကိုမြင်ရသောအခါ အံ့သြကြ လိမ့်မည်။
ဤကျမ်းပိုဒ်ကအန္တီခရစ်ကိုအသက်ကြီးသောရှင်ဘုရင်များအကြား ၌ တွေ့ရကြောင်း သူသည်ယခုအခါ ဤကမ္ဘာ၌ မရှိသေး သော်ငြားလည်း သူသည်အနာဂတ်တွင် ကမ္ဘာမြေသို့ရောက်ရှိလာလိမ့်မည်။ ဤအရာက ကျွှန်ုပ်တို့ကိုပြောပြသည်မှာကမ္ဘာပေါ်ရှိလူများတို့သည်အန္တီခရစ်ပေါ်လာပြီး နောက်သန့်ရှင်းသူများကို သတ်နေသည် ကိုမြင်ရသည့်အခါ အလွန်အံ့သြ ကြလိမ့်မည်။
အန္တီခရစ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံရေးပါတီအသစ်များတွင် ပါဝင် ခြင်းဖြင့် သူ၏ရည်ရွယ်ချက်ကို လုပ်ဆောင်သွားလိမ့်မည်။ သူသည် ကမ္ဘာ ပြည်သူများအဖို့ ထူးခြားဆန်းကြယ်သော ပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိ နေမှာဖြစ်ပြီး ယနေ့တိုင်အောင် အံ့သြစရာကောင်းလောက်အောင် ပရိတ် သတ် အာရုံစိုက်ခံနေရဦးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မြောက်များစွာသော ဤကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်နှင့် ဘာသာရေးဆိုင်ရာ ပြဿနာရပ်များကို ကိုင်တွယ်ပြီးနောက် သူ၏အရည် အချင်းဖြင့် ၄င်းပြဿနာများကို အဖြေရှာဖြေရှင်းပေးခြင်းဖြင့် လူပေါင်းများ စွာတို့သည် သူ့အားနောက်ဆုံးသောအချိန်၌ ပြန်ကြွလာသော ယေရှုခ ရစ် တော်ကဲ့သို့သူ့ကိုထင်မှတ်ပြီး သူ့နောက်သို့လိုက်ကြလိမ့်မည်။ ထို့ကြောင့် သူသည် ကမ္ဘာလူထု၏အမြင်တွင် အံ့သြဘွယ်ရာပုဂ္ဂိုလ်အဖြစ် ဆက်လက် တည်ရှိနေမည်။
အခန်းငယ် (၉)ဤအရာ၌ ပညာနှင့်ပြည့်စုံသောဉာဏ်ရှိ၏။ ခေါင်း ခုနှစ်လုံးကားမိန်းမထိုင်သော တောင်ခုနှစ်လုံးဖြစ်၏။
ဤကျမ်းပိုဒ်ကအန္တီခရစ်သည် ကမ္ဘာပေါ်ရှိလူများကို အုပ်စိုးရန် အတွက်သူ၏ကိုယ်ပိုင်ဥပဒေများကိုပြဠာန်းလိမ့်မည်။၄င်းအပြင်ယင်းဥပဒေ ကိုသူ၏ရည်ရွယ်ချက်အားအကောင်အထည်ဖော်ပေးမည်။အစိုးရ၏ယန္တရားထဲသို့ ပြောင်းလဲထည့်သွင်းလိမ့်မည်။ အဘယ်ကြောင့် ကမ္ဘာပေါ်ရှိ လူများအတူတကွညီညွတ်ပေါင်းစည်းရသည့် အကြောင်းရင်းမှာ အန္တီခရစ် ၏ အမှတ်တံဆိပ်ကို လက်ခံရရှိခြင်းဖြင့် စာတန်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာရန်နှင့်ဘုရားသခင်နှင့် သူ၏သန့်ရှင်းသူများကို ဆန့်ကျင်ရပ် တည်ပြီးသူတို့၏ယုံကြည်ချက်ကို အန္တီခရစ်ပြဠာန်းသော ဥပဒေ အာဏာ စက်အောက်တွင် ထားရှိရန်ဖြစ်သည်ဟု ပြောပြပါသည်။
အခန်းငယ်(၁၀)ရှင်ဘုရင်နှစ်ပါးလည်းဖြစ်၏။ငါးပါးကျပြီ၊ တစ် ပါး ရှိသေး၏။တစ်ပါးဖြစ်လေဦးမည်ဖြစ်သောအခါတခဏသာတည်လိမ့်မည်။
ဤကျမ်းပိုဒ်က ဘုရားသခင်ကို ဆန့်ကျင်သောဘုရင်များသည် ဤကမ္ဘာပေါ်၌ ဆက်လက်ပေါ် ထွက်လာကြမည်ဖြစ်ပြီး ယခင်ကလည်း အလားတူဘုရင်မျိုးပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ဘေးဒဏ်ကြီးကာလ နောက် ဆုံးအချိန်ရောက်လာသောအခါ ဤကမ္ဘာ၏ခေါင်းဆောင်သည် အန္တီခရစ်အ ဖြစ်ပေါ်ထွက်လာပြီး သန့်ရှင်းသူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ် လိမ့်မည်။ သို့သော်ကမ္ဘာ့ခေါင်းဆောင်တည်းဟူသော အန္တီခရစ်ဖြစ်လာ မည်။သူ၏ညှင်းပန်းနှိပ်စက်မှုသည်ဘုရားသခင်ကခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အ ချိန် တိုအတွင်း ပြီးစီးသွားလိမ့်မည်ဖြစ်သည်။
အခန်းငယ် (၁၁) ဖြစ်ဘူး၍ဖြစ်ဆဲမရှိသော သားရဲသည် နှစ်ပါး မြောက်သောရှင်ဘုရင်ဖြစ်၏။ ခုနှစ်ပါး အပါအဝင်လည်းဖြစ်၏။ ဖျက်ဆီး ခြင်းသို့ရောက်ရလိမ့်မည်။
ဤကျမ်းပိုဒ်ကဤကမ္ဘာသို့ရောက်ရှိလာမည့်အန္တီခရစ်သည် ကမ္ဘာ ၏နောက်ဆုံးသောဘုရင်များကဲ့သို့ပေါ်ထွန်းလာမည် ဖြစ်သည်။ ကမ္ဘာ၏ ဘုရင်များထဲမှ အန္တီခရစ်ပေါ်ထွက်လာသည့်အခါ ကမ္ဘာပေါ်ရှိလူပေါင်းများ စွာတို့သည်သူ့နောက်သို့လိုက်ကြလိမ့်မည်။ သူသည်နဂါးကဲ့သို့ နဂါးဝိညာဉ် ကိုလက်ခံရရှိသူဖြစ်သည့်အတိုင်းဘုရားကဲ့သို့ တန်ခိုးအာဏာကို အသုံးချ ပြီး အမှတ်လက္ခဏာနှင့်အံ့ဘွယ်နိမိတ်များကို ဖော်ပြလိမ့်မည်။ဘုရား သခင်၏အစေခံကျွန်များနှင့်သန့်ရှင်းသူများတို့သည်လည်း အန္တီခရစ်၏ သတ်ဖြတ်ခြင်းခံရလိမ့်မည်။ သို့သော် ဤဖြစ်ရပ်အားလုံးသည် ဘုရားသခင် ၏ခေတ္တခွင့်ပြုစဉ်အချိန်တိုလေးအတွင်း ပြီးဆုံးသွားလိမ့်မည်။ အလားတူ ဖြစ်ရပ်များကိုကျော်လွန်ပြီးနောက် အန္တီခရစ်သည် အဆုံးမရှိသောတွင်းထဲ တွင် ချုပ်နှောင်ခြင်းခံရမည်။ ထို့နောက်အလွန်ပူပြင်းသော ငရဲသို့ပစ်ချခံရ ပြီး ထိုနေရာမှ မည်သည့်အခါတွင်မျှ လွတ်မြောက်တော့မည်မဟုတ်ပေ။
အခန်းငယ် (၁၂) ယခုမြင်သောချိုဆယ်ချောင်းကား မင်းအာဏာ စက်ကိုမရသေးသော ရှင်ဘုရင်ဆယ်ပါးဖြစ်၏။ ရှင်ဘုရင်၏အာဏာစက်ကို သားရဲနှင့်အတူ တစ်ချက်တည်းရကြလိမ့်မည်။
ဤကျမ်းပိုဒ်ကပြောပြသည်မှာ တိုင်းနိုင်ငံဆယ်ခုတို့သည် ကမ္ဘာ တစ်ဝှမ်းကို အုပ်စိုးရန်အတွက်သူတို့၏တန်ခိုးအာဏာကို ပေါင်းစည်းကြ လိမ့်မည်။ ဤတိုင်းနိုင်ငံ (၁၀) နိုင်ငံသည် ညီညွတ်မှုရရှိ၊ အန္တီခရစ်နှင့်အတူ ခဏတာအချိန်တိုလေးအတွင်းကမ္ဘာကိုစိုးမိုးရန် သူတို့၏ တန်ခိုးအာဏာ များကို အသုံးပြုကြသည်။ သို့သော်ဤကျမ်းပိုဒ်က ဤကမ္ဘာပေါ်ရှိ ဤဘု ရင်များသည် အန္တီခရစ်အုပ်ချုပ်သောနိုင်ငံတော်ကိုမူ မရရှိကြသေး ကြောင်းကိုလည်း ကျွန်ုပ်တို့အားပြောပြပါသည်။ မဝေးတော့သောအနာ ဂတ်တွင် ဤကမ္ဘာ၏ဘုရင်များတို့သည် သားရဲနှင့်အတူ အမှောင်ဘုရင် အ ဖြစ်ခဏတာမျှအုပ်စိုးကြလိမ့်မည်။သို့သော် သူတို့၏အုပ်စိုးမှုသည် အချိန် တိုလေးအတွင်း ပြီးဆုံးလိမ့်မည်။ ဤသို့ဖြင့် သူတို့သည် အမှောင်အုပ်စိုး မှုသည် ဤအချိန်တိုကာလလေးအတွင်း၌သာဖြစ်လိမ့်မည်။
အခန်းငယ် (၁၃) ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုးအာ ဏာကို သားရဲ၌အပ်ပေးကြလိမ့်မည်။ 
ကာလအချိန်စေ့ရောက်လာသောအခါဤကမ္ဘာ၏ဘုရင်တို့သည် သူတို့၏တန်ခိုးနှင့်အာဏာစက်အားလုံးကို အန္တီခရစ်ထံသို့ လွှဲပြောင်းပေး ကြလိမ့်မည်။ဤအချိန်တွင် ဘုရားသခင်၏အသင်းတော်နှင့် သူ၏သန့်ရှင်း သူများနှင့်သူ၏အစေခံကျွန်များတို့သည် အန္တီခရစ်၏ ကြီးစွာသောညှင်းပန်း နှိပ်စက်မှုကို ခံကြရမည်။ ထို့နောက် မာတုရပြုခြင်းခံကြရမည်။ သို့သော် အန္တီခရစ်ကိုယ်တိုင်ယေရှုခရစ်တော်၏ တန်ခိုးနှင့်အာဏာ အားဖြင့်လည်း ကောင်း၊ သူ၏နှုတ်တော်ထွက် နှုတ်ကပတ်တော်အသံလျက်အားဖြင့်လည်း ကောင်းဖျက်ဆီးခြင်းခံရလိမ့်မည်။
အခန်းငယ် (၁၄) သူတို့သည် သိုးသူငယ်ကိုစစ်တိုက်၍ သိုးသူ ငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား သိုးသူငယ်သည် သခင်တို့၏ သခင်၊ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသော သူတို့ သည်လည်း ခေါ်တော်မူသောသူရွေးချယ်တော်မူသော သူသစ္စာရှိသောသူ ဖြစ်ကြ၏။
စာတန်သည် ယေရှုခရစ်တော်နှင့်ဆန့်ကျင်လျှင်စစ်ပွဲ၌ စစ်တိုက် ရန်ရှာဖွေသော်လည်းသူသည်ခရစ်တော်အား ယှဉ်ပြိုင်နိုင် လိမ့်မည်မ ဟုတ်ပေ။ သန့်ရှင်းသူများကလည်း သူ့အားဆန့်ကျင်ရန် ကြိုးပန်းမှုတွင် လည်းအနိုင်ရကြလိမ့်မည်။ ဘုရားသခင်သည်သန့်ရှင်းသူများအား အန္တီခ ရစ်၏တိုက်ခိုက်နိုင်သော ခွန်အားပေးမှာဖြစ်ပြီးသူတို့သည် သူတို့၏ယုံ ကြည်ခြင်းအားဖြင့်အန္တီခရစ်အားအနိုင်ရကြလိမ့်မည်။ထို့ကြောင့်သန့်ရှင်းသူ တို့သည်သူတို့၏အန္တီခရစ်အပေါ်ဆန့်ကျင်ရန်ကြိုးပန်းမှုအတွက်ကြောက် ရွံ့ကြလိမ့်မည်မဟုတ်ပေ။သို့သော်နောက်ဆုံးသောကာလ၌ သခင် ဘုရား အပေါ်သူတို့၏သစ္စာရှိမှုအားဖြင့်ငြိမ်းချမ်းစွာနှင့်အေးအေးဆေးဆေးနေထိုင် ကြရလိမ့်မည်။ ထို့နောက်သူတို့သည် သခင်ဘုရား၌ထားရှိသော သူတို့၏ ယုံကြည်ခြင်းအားဖြင့် သူတို့ရန်သူများကို အနိုင်ယူကြလိမ့်မည်။
သန့်ရှင်းသူများ၏ အောင်ပွဲဆိုသည်မှာသူတို့၏ယုံကြည်ချက်ကို ကာကွယ်ခြင်းနှင့်မာတုရပြုခြင်း ခံရခြင်းပင်ဖြစ်သည်။ ဤအချိန်ရောက် လာသောအခါသန့်ရှင်းသူတို့သည် စာတန်နှင့်အန္တီခရစ်တို့ကို သူတို့၏ခရစ် တော်၌ ထားရှိသောသူတို့၏ယုံကြည်ချက်နှင့်အတူ အာဇာနည်အဖြစ်ကို ပွေ့ဖက်လျှင်အောင်ပွဲခံကြလိမ့်မည်။ ထို့နောက်သူတို့၏ရှင်ပြန်ထမြောက် ခြင်းနှင့်ချီဆောင်ခြင်း၌ ပါဝင်ဆင်နွှဲလျှက် ခရစ်တော်၏နိုင်ငံတော်သစ်ကို လက်ခံကာနာမတော်ကိုချီးမွမ်းလျှက် ထာဝရအသက်ရှင် နေထိုင်ကြရမည် ဖြစ်သည်။
အခန်းငယ် (၁၅) ယခုမြင်၍ ပြည့်တန်ဆာထိုင်ရသောရေကား၊ အသီးသီးဘာသာစကားကိုပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။
လောကီကိုးကွယ်သည့် ဘာသာရေးများက သူတို့၏စာတန်သင် ကြားပို့ချမှုများဖြင့်လိမ်လည်လှည့်ဖြားပြီး တိုင်းပြည်အသီးသီးရှိ လူမျိုးအ ပေါင်းတို့ကိုအောင်နိုင်ကြလိမ့်မည်။ဤကျမ်းပိုဒ်ကကျွန်ုပ်တို့အားဆက်ပြော ပြသည်မှာ လောကီဘာသာရေးအလယ်၌အလုပ်လုပ်နေသော စာတန်ဝါဒ သင်ကြားချက်များသည် တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးနှင့်ဘာသာစကား အမျိုးမျိုးကို ထိုးဖောက်ဝင်ရောက်လျက်ရှိပြီး သူတို့၏လွှမ်းမိုးမှုသည် အ လွန်ကြီးမားသည့် ပမာဏသို့ရောက်လာပြီး လူထု၏ဝိညာဉ်ကို ဖျက်ဆီး ခြင်းသို့ ပို့ဆောင်ပေးသကဲ့သို့ ဖြစ်နေသည်။
အခန်းငယ် (၁၆) ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည် ပြည့်တန်ဆာကိုမုန်း၍သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။သူ၏အဝတ်တန် ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။
ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာ ဤကမ္ဘာရှိတိုင်း နိုင် ငံတို့သည်သူတို့၏ဘာသာရေးနှင့်ဆိုင်သောလူများအားသတ်ဖြတ်ရန် နှင့် ဖျက်ဆီးပစ်ရန်အတွက်အန္တီခရစ်နှင့်ပူးပေါင်းကြသည်။ဤအရာကကျွန်ုပ် တို့အားပြောပြသည်မှာ တနည်းပြောရလျှင် ဤကမ္ဘာရှိလူသားများနှင့် အန္တီ ခရစ်တို့သည်ဘာသာရေးနှင့်ဆိုင်သောလူများကို မုန်းတီးပြီးနှိပ်စက်ညှင်း ပန်း ကြသည်။ ထို့နောက် တစ်ကမ္ဘာလုံးရှိ ဘာသာရေးဆိုင်ရာလူများကို အမြစ်ပါမကျန်ဖျက်ဆီးကြလိမ့်မည်။နောက်ဆုံး၌စာတန်သည်ကမ္ဘာ၏ဘာ သာရေးအဖွဲ့များကို သူ့ကိုယ်သူဘုရားကဲ့သို့ ကိုးကွယ်ရန်အတွက် အသုံး ချလိမ့်မည်။
အခန်းငယ် (၁၇) အကြောင်းမူကား သူတို့သည်ဘုရားသခင်အ လိုတော်ကိုပြုခြင်းငှာလည်းကောင်း၊ နှုတ်ကပတ်တော် မပြည့်စုံမှီတိုင် အောင်သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌အပ်ပေးခြင်းငှာ လည်း ကောင်း ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။
ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာ ဤကမ္ဘာရှိလူ တို့သည်သူတို့၏နိုင်ငံနှင့်တန်ခိုးအာဏာကို စာတန်ထံသို့ အပ်နှံကြလိမ့် မည်။ဤကဲ့သို့ပင် သူတို့သည်အန္တီခရစ်၏လူများဖြစ်လာပြီး သူတို့၏ဆန္ဒအ လျောက်သူ၏အမှတ်တံဆိပ်ကို လက်ခံကြသည့်အားလျော်စွာ သူ၏စေ ခံကျွန်အဖြစ်ဂုဏ်ယူကြပြီး သူ၏အမှတ်တံဆိပ်ကို လက်ခံရန်ငြင်းဆန်သူ များကိုလည်း သတ်ဖြတ်ကြသည်။ မည်သို့ဆိုစေကာမူ သူတို့တတွေ၏ သန့်ရှင်းသူများအပေါ် ညှင်းပန်းနှိပ်စက်မှုသည် ဘုရားသခင်၏နှုတ်ကပတ် တော်က ခွင့်ပြုသည့်အချိန်ကာလတစ်လျှောက်လုံး အန္တီခရစ်သည် သူ၏ အလွန်ဆိုးဝါးသောနှလုံးသားအားလုံးကို ထုတ်ဖော်လိမ့်မည် ဖြစ်ပြီး ဘုရား သခင်နှင့် သူ၏သန့်ရှင်းသူများကို လွတ်လပ်စွာဆန့်ကျင်လိမ့်မည်။
အခန်းငယ် (၁၈) ယခုမြင်သောမိန်းမသည်လည်း လောကီရှင်ဘု ရင်တို့ကိုအုပ်စိုးသောမြို့ကြီးဖြစ်သတည်းဟုကောင်းကင်တမန်ပြောဆို ၏။
ဤနေရာတွင် ဘုရားသခင်က ကျွန်ုပ်တို့အားပြောပြသည်မှာ ကမ္ဘာကြီးသည် သူ၏ဘုရင်များ အားအုပ်စိုးရန်နှင့် အောင်နိုင်ရန်အတွက် တရားဥပဒေအသစ်တစ်စုံကို စတင်ပြဠာန်းကြလိမ့်မည်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဘုရင်တို့သည် ဤဥပဒေအသစ်များ၏ကန့်သတ်ချက်အတွင်း အုပ်ချုပ်ကြ ရမည်။ ဤကမ္ဘာ၏ အမြင့်ဆုံးတန်ခိုးအာဏာကို ကမ္ဘာ၏ဘုရင်အားလုံးက အုပ်ချုပ်ရမည်။ တခြားနည်းဖြင့်ပြောရလျှင် ကမ္ဘာကြီးသည် ဘုရင်များကို တင်းကြပ်စွာကန့်သတ်ထားသောဥပဒေများပြုလုပ်ရလိမ့်မည်ဖြစ်ပြီး သူတို့ အပေါ်အုပ်စိုးသော နတ်ဘုရားကဲ့သို့ဖြစ်လာမည်။
“မြို့ကြီး” ဟူသောဝေါဟာရသည် အန္တီခရစ်အုပ်စိုးမည့်နိုင်ငံရေး အဖွဲ့အစည်းကိုရည်ညွှန်းသည်။ကမ္ဘာပေါ်ရှိလူအားလုံးတို့သည်ကမ္ဘာ၏အုပ် ချုပ်မှုကို အစေခံရခြင်းအားအဆုံးသတ်ကြလိမ့်မည်။ ဘုရားသခင်က သူတို့ အားပေးထားသော ဘုရားကိုယ်တော်တိုင် ကဲ့သို့ဖြစ်လျှင်လည်း ၄င်းနှင့်ပင် အုပ်ချုပ်ကြရမည်။ အဘယ်ကြောင့်ဆိုသော် လူသည်စာတန်၏ အစေခံ များဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည်ဖျက်ဆီးခံကြရမည်။
ဆလံ (၄၉း၂၀)က ကျွန်ုပ်တို့အား “ဂုဏ်သရေနှင့်ပြည့်စုံလျက် ပညာသတိ မရှိသောသူကား ပျက်စီးခြင်းကိုရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။”ထို ကဲ့သို့ပင်ဤကမ္ဘာရှိလူအများတို့ ကြိုတင်၍သိရမည်မှာ စာတန်၏အကြံ အစည်ပင်ဖြစ်သည်။ ဤအချိန်တွင်သန့်ရှင်းသူများက ဟောပြောနေ ကြသော ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယခုပင်ယုံကြည်လိုက် ပါ။ ဤသို့ဖြင့် စာတန်၏အစေခံ ကျွန်တို့ ပြောင်းလဲရမည့်ကျိန်စာမှလွတ် မြောက်ပြီး ၄င်းအစားထာဝရဘုရားသခင်၏ လူကဲ့သို့ကောင်းချီးဝတ်ရုံ လွှမ်းခြုံလျှက်နေထိုင်ရမည်။