Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 16-2] ဖလားခုနှစ်လုံးသွန်းလောင်းခြင်းမတိုင်မီ သင်လုပ်ရမည့်အရာများ (ဗျာဒိတ်ကျမ်း ၁၆း၁-၂၁)

ဖလားခုနှစ်လုံးသွန်းလောင်းခြင်းမတိုင်မီ သင်လုပ်ရမည့်အရာများ
( ဗျာဒိတ်ကျမ်း ၁၆း၁-၂၁ )
 
ဖလားခုနှစ်လုံး၏စကပ်ရောဂါဘေးများမှာ ပထမကပ်ရောဂါဘေး မှာ နာကျင်ခြင်းဝေဒနာပြင်းစွာခံစားရခြင်း၊ ဒုတိယကပ် ဘေးမှာပင်လယ် သည် သွေးအဖြစ်ပြောင်းလဲခြင်းနှင့်တတိယကပ်ဘေးမှာ သန့်ရှင်းသောရေ တို့ သွေးအဖြစ်ပြောင်းလဲခြင်းတို့ဖြစ်ကြသည်။ စတုတ္ထကပ်ဘေးမှာ လူတို့ အားနေ၏အပူရှိန်ဖြင့် လောင်းကျွမ်းပြီး သေစေခြင်းဖြစ်သည်။
အဓိကကျမ်းပိုဒ်က“စတုတ္ထကောင်းကင်တမန်သည်မိမိဖလားကို နေ ပေါ်သို့သွန်းလောင်းလျှင်နေသည်လူတို့ကို မီးလောင်ရသောအခွင့်ကို ရ ၏”ဟုကျွန်ုပ်တို့အားပြောပြပါသည်။ ဤအရာက ကျွန်ုပ်တို့ကိုပြောပြသည် မှာ ဘုရားသခင်သည် နေကိုကမ္ဘာနှင့်နီးရာသို့ရွှေ့စေပြီး အသက်ရှင်သမျှကို သေအောင်မီးလောင်ကျွမ်းစေလိမ့်မည်။ ဘုရားသခင်သည် ဤအဖြစ်အ ပျက်ပေါ်လာရန် ခွင့်ပြုလိမ့်မည်ဖြစ်ပြီး ဤကဲ့သို့အလွန်တရာပူပြင်းသော နေ၏အပူရှိန်မှမည်သူတစ်စုံတစ်ယောက်မှ လွတ်မည်မဟုတ်။ အကယ်၍ တစ်စုံတစ်ယောက်သည်အလွန်တရာနက်သော ကျင်းကိုတူးလျက် ပုန်း နေသည့်တိုင်အောင် လွတ်မြောက်လိမ့်မည်မဟုတ်ပေ။ သို့မဟုတ် အမြင့် ဆုံးစံချိန်ဖြင့် ထုတ်လွှတ်သောလေအေးပေးစက်စနစ်ဖြင့် ပြင်ဆင်ထာစေ ကာမူ ဤကပ်ဘေးကို ရပ်တန့်စေနိုင်မည်မဟုတ်ပေ။ လူအားလုံးတို့သည် ရွေးစရာအခြားမရှိဘဲ သေကြရလိမ့်မည်။
ဤကပ်ရောဂါဘေးကျရောက်လာသောအချိန်တွင် သူတို့အပေါ်၌ ဘာတွေဖြစ်လာလိမ့်မည်နည်း။ ဆိုသည်ကိုကျွန်ုပ်တို့ စိတ်ကူးကြည့်နိုင် ပါသည်။သူတို့အသားအရေတို့သည်အဖက်လိုက်ကွာကျလိမ့်မည်။ သူတို့၏ အတွင်းသားများသည် အားလုံးကျက်လျက်နီရဲနေကြလိမ့်မည်။ ဆွေးမြေ့ ပုတ်သိုးလျက် တစ်စစီပဲ့ကျလိမ့်မည်။ ထို့နောက် လူအားလုံးတို့သည် အရေ ပြားကင်ဆာဖြင့် သေကြရလိမ့်မည်။
သူတို့အပေါ်သေစေရန်အတွက် လမ်းကဲ့သို့နေ၏ပူပြင်းသောအ ပူရှိန်ဖြင့် လောင်းကျွမ်းစေသည့်တိုင်အောင် လူတို့သည်သူတို့၏ အပြစ်များ မှ နောင်တရကြလိမ့်ဦးမည်မဟုတ်ပေ။ဘုရားသခင်၏ ကပ်ရောဂါဘေးများ မှာ အံ့သြဘွယ်ကောင်းလှပါသည်။ သို့သော်သူတို့သည် ဤကပ်ရောဂါ ဘေးကိုကြုံကြရသော်လည်း နောင်တရရန် ငြင်းဆန်လျက်ပင်ရှိနေကြ သည်။ သူတို့နောင်တရရန် ငြင်းဆန်ကြသည့်အတွက် ဘုရားသခင်၏ကပ် ဘေးသည်လည်း ဆက်လက်ကျရောက်နေမည်ဖြစ်သည်။ 
အဓိကကျမ်းပိုဒ်ကပြောပြသည်မှာ “ပဉ္စမကောင်းကင်တမန်သည် မိမိဖလားကိုသားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းလျှင်သူ၏နိုင်ငံသည် မှောင် အတိဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာ ကို ကိုက်ခဲကြ၏။ မိမိတို့ခံရသောဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်း ကင်ဘုံ၏အရှင်ဘုရားသခင်ကိုကျိန်ဆဲကြ၏။မိမိတို့အကျင့်ကိုလည်း နောင် တမရကြ။”
ယနေ့ကမ္ဘာကြီးကို ကျွန်ုပ်တို့ကြည့်လိုက်သည့်အခါ ဘုရားသခင် က ယခုချက်ချင်းတရားစီရင်ရမည်။ မရေမတွက်နိုင်အောင် ရှိသော်လည်း ကျွန်ုပ်တို့မမြင်နိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏ အမျက်ဒေါဒကို စိတ်ရှည်သီးခံခြင်းဖြင့်ကိုင်ဆွဲထားသဖြင့် သူတို့သည် တရားမစီရင်ခြင်း မခံရသေးပေ။ မည်သို့ဆိုစေကာမူ သူတို့သည်အကယ်၍ ယေရှုခရစ်တော်ပေးထားသောရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံ ကြည်လက်ခံခြင်းမရှိဘဲ သေကြမည်ဆိုလျှင် သူတို့ကို ဘုရားသခင်က ထာ ဝရခန္ဓာကိုယ်ဖြင့်အသက်ပြန်ရှင်ခွင့်ပေးပြီးနောက်ငရဲ၏ထာဝရမီး တောက် ထဲသို့ ထာဝရဝေဒနာခံစားရခြင်းဖြင့် ရင်ဆိုင်စေမည်ဖြစ်သည်။
ဤအရာများဖြစ်ပျက်လာသောအခါ သူတို့ခံစားရသော ဝေဒနာ သည်အလွန်ကြီးမားသဖြင့် ခံနိုင်ရည်မရှိသောကြောင့် လူတို့သည် သေချင် ကြလိမ့်မည်ဆိုသည့်ငရဲ၌ဆင်းရဲဒုက္ခခံစားရခြင်းသည်ထာဝရကြာမြင့် လိမ့် မည်။ဘုရားသခင်၏တရားစီရင်ခြင်းခံရသောသူများအဖို့ သေလိုသော ဆန္ဒ ပေါ်လာသည့်အချိန်သည် ရောက်လာလိမ့်မည်။ သို့သော်သေခြင်းသည် သူ တို့ထံမှထွက်ပြေးလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူတို့ အားသေခြင်းမှ အကာအကွယ်ပေးထားသည်။ သို့မှသာ သူတို့အား ထာဝရ တရားစီရင်နိုင်မည်ဖြစ်သည်။
ဆဌမကပ်ဘေးသည် အာမဂဒုန်စစ်ပွဲဖြစ်သည်။ ထို့နောက် သတ္တ မကပ်ဘေးသည်နောက်ဆုံးဖြစ်ပြီး ကြီးမားသောမြေငလျင် လှုပ်ခြင်းနှင့်မိုး သီးကျရောက်စေခြင်းဖြင့် အဆုံးသတ်လိမ့်မည်။
အခန်းငယ် (၁၇-၂၁) သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်ပေါ်သို့သွန်းလောင်းလျှင် ပြီးပြီဟုကြီးသော အသံ သည် ကောင်းကင်ဗိမာန်တော်၌ရှိသောပလ္လင်တော်ထဲကထွက်၏။ လျှပ်စစ် ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသောမြေလှုပ်ခြင်း ဖြစ် ကြ၏။ မြေကြီးအပေါ်မှာလူတို့ဖြစ်သည့်ကာလမှစ၍ ထိုသို့သောလက္ခဏာ နှင့် ထိုမျှလောက်ပြင်း ထန်သောမြေလှုပ်ခြင်းသည် မဖြစ်စဖူးမြို့ကြီးသည် သုံးပြာကွဲပြား၍ လူအမျိုးမျိုးနေသောမြို့တို့သည် ပြိုလဲကြ၏။ ဘုရားသ ခင်သည် ပြင်းစွာသောဒေါသအမျက်တော်၏စပျစ်ရည်ဖလားကို တိုက်ခြင်း ငှာ ဗါဗုလုန်မြို့ကြီးကိုအောက်မေ့တော်မူ၏။ကျန်ရှိသမျှတို့သည် လွင့်ပြေး ကြ၏။ အချိန်အခွက်တစ်ဆယ်ရှိသောမိုးသီးသည် ကောင်းကင်က လူတို့အ ပေါ်သို့ ကျလေ၏။ ထိုမိုဃ်းသီးဘေးဒဏ်အလွန်ကြီးသည်ဖြစ်၍ လူတို့ သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကိုကျိန်ဆဲကြ၏။
ကျမ်းပိုဒ်များက ကျွန်ုပ်တို့အားပြောပြသည်မှာ ဘုရားသခင်သည် ဖလားခုနှစ်လုံးကိုသွန်းလောင်းလိုက်သောအခါ ကြီးမားသည့်မြေအလျင် လှုပ်ခြင်းက ကမ္ဘာဂြိုလ်တစ်ခုလုံးကိုထိုးနှက်လိုက်ပြီး တစ်ကမ္ဘာလုံးသည် အပိုင်း (၃) ပိုင်းသို့ကွဲသွားမည်။ ထို့နောက် တစ်ကမ္ဘာလုံးရှိ အဆောက်အဦး အားလုံးပြိုကြကုန်လိမ့်မည်။ အစအနတစ်ခုလေမျှပင် မကျန်ထိုသို့တစ် ကမ္ဘာလုံးသည်ဘုရားသခင်၏ ရက်စက်ကြမ်းကြုတ်သော အမျက်ဒေါသကို ခံရသောအခါ ကျွန်းအားလုံးနှင့်တောင်များတို့သည် ကွယ်ပျောက်သွားကြ လိမ့်မည်။
ဤအဖြစ်အပျက်ပေါ်ပေါက်လာသောအခါ ဟိမဝန္တာတောင်ကြီး ဆက်လက်တည်ရှိပါဦးမည်လား။ မြင့်မားသောတော်အားလုံးတို့သည်အ သက် ရှိသော သူတိုင်း၏မျက်စိရှေ့မှ ပျောက်ကွယ်သွားကြလိမ့်မည်။ဤ ကမ္ဘာပေါ်ရှိ တောင်အားလုံးတို့သည် သဲလွန်ဆတစ်စုံတစ်ရာမျှမကျန်ဘဲ အခိုးအငွေ့သက်သက်ဖြစ်သွားကြလိမ့်မည်။ ဤကျမ်းပိုဒ်က ကြီးမားသော မိုးသီးတို့သည် ပေါင်တစ်ရာ(၄၅) ကီလို အချိန်ရှိကြလျှက် ဤကမ္ဘာသို့ ကျ လာမည်ဖြစ်ကြောင်းဖော်ပြပါသည်။ ဤမြေငလျင်လှုပ်ခြင်းနှင့် မိုးသီးများ ကျခြင်းတို့ကြောင့် တစ်စုံတစ်ရာလောက်များ အသက်ရှင်ကျန်ရစ်နိုင်ပါ မည်လား။
ဗျာဒိတ်ကျမ်းအခန်း (၈)က ကျွန်ုပ်တို့ပြောပြသည်မှာ ဘုရားသခင် ၏ အမျက်ဒေါသသည်သူ့အားမယုံကြည်သူနှင့် သူ၏နှုတ်ကပတ်တော်အား လစ်လျူရှုသူများအပေါ်ကျရောက်လိမ့်မည်။ ဤကမ္ဘာရှိ အချို့သောပုဂ္ဂိုလ် များက သူတို့ကိုယ်သူတို့နတ်များအဖြစ်မှတ်ယူလျက် “ငါသည် မည်သည့် အခါမှ ဘုရားသခင်၏အမျက်ဒေါသသင့်ခံရမည်မဟုတ်။ ငါသည် မည်သည့် အခါမျှ သူ၏တရားစီရင်ခံရမည်မဟုတ်” ဟုပြောဆိုကြသည်။ မည်သို့ဆို စေကာမူ ဘုရားသခင်၏တရားစီရင်ချက်သည် ဤကဲ့သို့သောပုဂ္ဂိုလ်မျိုး ဖြစ်သည့် မိမိကိုယ်ကိုအထင်ကြီးလျှက် သူတို့၏မာနနှင့်စိတ်ကြီး ဝင်သူ များပေါ်သို့ တိတိကျကျ ကျရောက်တတ်သည်။ ဘုရားသခင်က သူ၏ဖ လားခုနှစ်လုံးကပ်ဘေးဖြင့် ဤကမ္ဘာကို ထိုးနှက်လိုက်သောအချိန်တွင် ဤ ကမ္ဘာကြီးပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ကြ ရမည်။
 
 

ကျွန်ုပ်တို့သည် ဘုရားသခင်၏နှု့တ်ကပတ်တော်၌ ယုံကြည်ခြင်းရှိရမည်

 
သူသည် ဤကမ္ဘာမြေကြီးကို ပျောက်ကွယ်သွားအောင်လုပ်လိမ့် မည်ဖြစ်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အားပြောပါသည်။ ထို့ကြောင့် ဤကမ္ဘာမြေကြီးသည်ကြာရှည်ခံတော့မည်မဟုတ်ပေ။ထို့ကြောင့် ဤ ကမ္ဘာ၏နိဂုံးချုပ်ချိန်နီးကပ်နေသည့်မဖြစ်နှင့် ရင်ဆိုင်နေရသောသူတို့သည် ဤအမှန်တရားကိုယုံကြည်ခြင်း၌ ပို၍ခိုင်မြဲစွာရပ်တည်လျှက် သူတို့၏ဝိ ညာဉ်ရေးရာယုံကြည်မှုကို ဆက်လက်လုပ်ဆောင်ရမည်။ ထို့ကြောင့် ဤ ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည် မိမိတို့၏ဝိညာဉ်အိပ်ပျော်ရာမှ နိုးထကြရ မည်။မည်ကဲ့သို့သောယုံကြည်မှုမျိုးဖြင့် အသက်ရှင်နေထိုင်ရမည်ကို ကျွန်ုပ် မသိပါ။ သို့သော်ယခုအချိန်သည်နောက်ဆုံးကာလတွင် မည်သည့်အရာ များဖြစ်လာလိမ့်မည်ကို သတိမူလျက်အာရုံစူးစိုက်နေရမည်အချိန်ဖြစ်ပြီး ကျွန်ုပ်တို့နိုးထရမည့်အချိန်၊ယုံကြည်ရမည့်အချိန်ဖြစ်သည်။ထို့ကြောင့် သင် သည် ဗျာဒိတ်ကျမ်းမှ ပရောဖက်ပြုထားသောကပ်ရောဂါများအကြောင်းကို တိကျစွာ သိရှိထားရမည်ဖြစ်သည့်အပြင် နိုးကြားပြီးသတိရှိနေမည်။
ဤကမ္ဘာကြီးသည် မကြာမီအချိန်တွင် ဘုရားသခင်၏ ဖလားခုနှစ် လုံးကပ်ရောဂါဘေးများအောက်သို့ကျရောက်တော့မည်ဖြစ်ကြောင်း ဘုရား ရှင်က ကျွန်ုပ်တို့အားပြောပြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူအ များက ကောင်းမွန်စွာလက်ခံနိုင်ခြင်းမရှိကြသေးစေကာမူ သတင်းကောင်း ကို ဆက်လက်ဟောကြားရင်း သခင်ဘုရားကို စောင့်စားနေကြရမည်။
ဤကမ္ဘာ၏ကံကြမ္မာသည် ယခုအခါ ဘေးအန္တရာယ်ကဲ့သို့ ကျ ရောက်နေသည်။ယနေ့ကမ္ဘာကြီးသည်အန္တရာယ်အမျိုးမျိုးနှင့်ထိတွေ့လျှက် ရှိနေသည်။ မသေချာမရေရာသောရာသီဥတုစစ်ပွဲ၏ ချိန်းခြောက်မှု၊ ပတ် ဝန်းကျင်အခြေအနေယိုယွင်းကျဆင်းခြင်း၊လူမှုရေးအငြင်းပွားမှု တိုးပွား လာခြင်းနှင့်ရောဂါပေါင်းစုံတိုးပွားလာခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်။ ထို့ ကြောင့်ဘုရားသခင်က ယခုခေတ်ကာလသည် နောင်ခေတ်ကာလနှင့်တူ ညီကြောင်း ကျွနုပ်တို့အားပြောပြနေပါသည်။ အကယ်၍ယခုကာလသည် နောဧခေတ်နှင့်တူနေသည်ဆိုလျှင် ဤကမ္ဘာကြီးသည် သူ၏နောက်ဆုံး နေ့သို့ဝင်ရောက်ခြင်းမရှိသေးပါဟု ဆိုလိုရာရောက်သည်။ နောက်ဆုံး သောကာလ၏အမှတ်လက္ခဏာများမှာလူတို့သည် အသွေးအသားကိစ္စများ ၌သာစိတ်ဝင်စားကြလိမ့်မည်။ စားခြင်း၊သောက်ခြင်း၊ လက်ထပ်ထိမ်းမြား ခြင်းနှင့် အခြားအရေးမကြီးသောကိစ္စများ၌သာ စိတ်ဝင်စားလာကြမည်။ ထို့ကြောင့်သူတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့်သာ ထိုက်တန်လိမ့် မည်။နောဧလက်ထက်တွင်လည်း လူတို့သည် နောဧပြောသည်ကိုနားမ ထောင်ခဲ့ကြပေ။ ထို့ကြောင့်နောဧမိသားစု(၈)ဦးမှအပ အားလုံးပျက်စီးခြင်း သို့ ရောက်ကြရသည့် ကမ္ဘာကြီးသည်လည်း ဤကဲ့သို့ပင်ဖြစ်လာလိမ့်မည်။
ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင်က ကတိပြုထားသည့်အတိုင်း အရားအားလုံးသည် ပြည့်စုံလုနီးပါး ဖြစ်သည်။ ၄င်းအနက်(၅)ရာခိုင်နှုန်းသည်သာပြည့်စုံရန်ကျန်ရှိတော့သည်။ကျန်ရှိသော အရာများအနက်အားလုံးမှာ လုံးဝပြည့်စုံခဲ့ပြီးဖြစ်သည်။ သခင်ဘုရားအား ဖြင့်ဂတိပြုခဲ့သောကယ်တင်ခြင်းနှုတ်ကပတ်တော်နှင့်အပြစ်မှရွေးနှုတ်ခြင်း တို့မှာပြည့်စုံပြီးဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ၌ ရေနှင့်ဝိ ညာဉ်ဆိုင်ရာသတင်းကောင်းကိုယုံကြည်ခြင်းမရှိသေးသူများအတွက်တရား စီရင်ခံရမည့်အကြောင်းသာကျန်ရှိတော့သည်။ ဒုတိယအကြိမ်မွေးဖွားခြင်း ခံရပြီးသူများအတွက်မှာမူ နှစ်တစ်ထောင်နိုင်ငံတော်နှင့် ကောင်းကင်နှင့် မြေကြီးသစ်တည်းဟူသောဖြောင့်မတ်သူတို့သာ ဝင်ရောက်ရ၊ နေထိုင်ခွင့်ရ မည့်နေရာများက သူတို့ကို စောင့်ကြိုလျက် ရှိပါသည်။
ဘုရားသခင်သည် ဂရုဏာတရားနှင့်ပြည့်ဝသောမူပြီး ဖြောင့်မတ် သူတို့ဖက်မှရပ်တည်လျက်ရှိသည်။ သို့ဖြစ်စေကာမူ သူ၏အမျက်ဒေါသနှင့် ထိုက်တန်သူကိုမူသူ၏အမျက်ဒေါသကို သူတို့အပေါ်သို့ အသေအချာကျ ရောက်စေမှာဖြစ်ပြီး သူ၏ဂရုဏာတော်နှင့်ထိုက်တန်သူတို့ကိုမူ သူသည်သူ ၏မဟာဂရုဏာတော်ကို သူတို့အားပေးအပ်ရန်သေချာပါသည်။
ဤကပ်ရောဂါဘေးများသည်မည့်သည့်အချိန်တွင် ဖြစ်ပေါ်လာ လိမ့်မည်နည်း။ ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးသည် သန့်ရှင်းသူများ၏ မာတုရခံခြင်းကာလပြီးနောက်ကျရောက်လာလိမ့်မည်။ ဂဏန်း(၆၆၆) ၏ အမှတ်အသားသည် ဤကမ္ဘာပေါ်သို့ထိုးဖေါက်လာသောအခါ သန့်ရှင်းသူ တို့က၄င်းကိုခုခံကြလိမ့်မည်။ ကပ်ရောဂါများကျရောက်ပြီးနောက် ပထမ ရှင်ပြန်ထမြောက်ခြင်း၊ နှစ်တစ်ထောင်နိုင်ငံတော်နှင့် ပလ္လင်ဖြူတရားစီရင် ခြင်းတည်းဟူသောခရစ်တော်၏နောက်ဆုံးတရားစီရင်ခြင်း ကျရောက်လာ လိမ့်မည်။ထို့နောက်ထာဝရကောင်းကင်နိုင်ငံတော်ကို ဖွင့်လှစ်ခြင်းကလိုက် လာလိမ့်မည်။ ကျမ်းစာအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ လူသားတို့ ကြည့်ရှုစာင့်ရှောက်ပုံအသိပညာကိုရရှိကြမည်ဖြစ်သည်။
သခင်ယေရှုသေခြင်းမှ ပြန်လည်ထမြောက်လာသည်ဆိုသော အ မှန်တရားကိုပင်လက်ခံပါသလား။ သခင်ဘုရားသည် လူသားအားလုံး၏ အ ပြစ်များပပျောက်ရန်အတွက်သူ၏နှစ်ခြင်းခံခြင်းနှင့် အသွေးတော်အားဖြင့် ပြုလုပ်သည်ကိုယုံပါသလား။ ကျွန်ုပ်တို့၏သခင်ဘုရားသည် လူသားအား လုံး၏အပြစ်များကို သူ၏ရေနှင့်အသွေးအားဖြင့်ယူဆောင်သွားပြီး သုံးရက် မြောက်နေ့တွင်သေခြင်းမှ ပြန်ထလာကာယခုအခါဖခမည်းတော်၏ပလ္လင် တော်ညဖက်တွင်စံမြန်းနေပါသည်။ ထို့ကြောင့် ခရစ်တော်ကိုယုံကြည် သောသူတို့၏အပြစ်များသည် လုံးဝပပျောက်သွားပြီး သေခြင်းမှခရစ်တော် ပြန်လည်ထမြောက်လာသကဲ့သို့ သူတို့သည်လည်းရှင်ပြန်ထ မြောက်ကြ လိမ့်မည်။
ထို့ကြောင့် သန့်ရှင်းသူများအားလုံးတို့သည် သခင်ဘုရားနှင့်အတူ ဂုဏ်ကျက်သရေတော်ခံစားကြရလိမ့်မည်။ သို့သော် ဤကမ္ဘာ၌ရှိနေစဉ် သူတို့သည်လည်း သခင်ဘုရားအတွက်ဆင်းရဲဒုက္ခမျိုးစုံကိုလည်း ရင်ဆိုင် ကြရလိမ့်မည်။သို့သော်လည်း လက်ရှိအချိန်၌ ခံစားရသောဆင်းရဲဒုက္ခ များသည် သူတို့အားစောင့်ကြိုလျက်ရှိသော ဂုဏ်တော်ခံစားရခြင်းနှင့်စာ လျှင် နှိုင်းယှဉ်ရန်ပင်မထိုက်တန်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤဂုဏ် ကျက်သရေတော်ခံစားရခြင်းသည်ဒုတိယအကြိမ်မွေးဖွားခြင်းခံရသူများကို သာ စောင့်ကြိုနေသောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့်သန့်ရှင်းသူများ သူတို့၏အနာဂတ်အတွက် မည်သည့်အရာမှစိုးရိမ်စရာမရှိတော့ပါ။ ဖြောင့် မတ်သူအားလုံးတို့လုပ်ရမည့်အရာတစ်ခုမှာ ကျန်ရှိနေသောသူတို့အသက် တာကို သတင်းကောင်းနှင့်သူတို့၏ယုံကြည်ခြင်းအတွက် အသက်ရှင်နေ ထိုင်ရန်သာဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် မိမိကိုယ်ကိုမိမိပျောက်ဆုံး ဝိညာဉ်များကယ်တင်ရန်အတွက် ဆက်ကပ်ရမည်ဖြစ်ပြီး ဤလောကီ ကမ္ဘာကြီးနောက်သို့မလိုက်ဘဲနေ ရန်ဖြစ်သည်။
 
 

ကျွန်ုပ်တို့၏ကျန်သေးသော အသက်တာကိုဘုရားသခင်ထံ ဆက်ကပ်အပ်နှံကြပါစို့

 
ကျွန်ုပ်တို့အထဲမှတစ်စုံတစ်ယောက်သည်သတင်းကောင်းကိုသစ္စာ ဖောက်မည်ကိုကျွန်ုပ်အလွန်စိုးရိမ်ပါသည်။ သခင်ဘုရားကိုယ်၌ကနောက် ဆုံးသောကာလ၌ ရေနှင့်ဝိညာဉ်သတင်းကောင်းကို သစ္စာဖောက်သော သူကို ငြင်းဆန်လိမ့်မည်။ ကျွန်ုပ်တို့သည် ခွန်အားနည်းပါးကြသော်ငြား လည်း အကယ်၍ရေနှင့်ဝိညာဉ်သတင်းကောင်းတည်းဟူသော သခင်ဘုရား က ပြီးမြောက်စေသည်ကို လက်ခံယုံကြည်ပြီး လိုက်လျှောက်မည်ဆိုလျှင် ကျွန်ုပ်တို့အားလုံးသည်ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ကြမည် ဖြစ်ပါ သည်။ သန့်ရှင်းသူများသည်သူတို့၏ဇာတိအသိပညာနှင့် အင်အားဖြင့်အ သက်မရှင်နိုင်ကြပါ။ အကယ်၍သူတို့တတွေသည် ယင်းကဲ့သို့ မိမိကိုယ်ကို သာအားကိုးပြီးလုပ်ဆောင်မည်ဆိုလျှင် သူတို့သည် သူတို့၏ယုံကြည်ခြင်း ကို သစ္စာဖောက်ခြင်းဖြင့် နိဂုံးချုပ်ကြလိမ့်မည်ဖြစ်ပြီးသူတို့၏ပျက်ဆီးခြင်း နှင့်ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤအရာများကို ရှောင်ရှားနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်။
အဘယ်ကြောင့်သခင်ဘုရားကလူသားများကို(၆၆၆) အမှတ်လက္ခ ဏာကိုလက်ခံစေရသနည်း။ ဤအရာသည် စပါးစေ့နှင့်စပါးခွံကို ခွဲခြားခြင်း ပင်ဖြစ်သည်။သန့်ရှင်းသူများကိုချီဆောင်ခြင်းမပြုမီ ပထဦးဆုံးဘုရားသခင် ပြုလုပ်မည့်အရာမှာ စပါးနှင့်စပါးခွံကို ထင်ရှားစွာခွဲခြားရန်ဖြစ်သည်။
သန့်ရှင်းသူများတိုက်ခိုက်ရမည့် ဝိညာဉ်ရေးရာတိုက်ပွဲများရှိသည်။ သို့ဖြစ်၍သန့်ရှင်းသူများသည် ဘုရားသခင်၏ရန်သူများကို တိုက်ရန်အ တွက် ရှောင်ထွက်မသွားရပါ။အကယ်၍စာတန်ကိုတိုက်ခိုက်ရန် သူတို့ နှောင့်နှေးနေသည်ဆိုပါက ယင်းအစားစာတန်ထံမှ သေနိုင်လောက်သော ထိုးနှက်ချက်ကိုသူတို့ရရှိကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်သန့်ရှင်းသူအား လုံးတို့သည် ဝိညာဉ်တိုက်ပွဲများကိုသူတို့ကိုယ်တိုင် တိုက်ခိုက်ကြရမည်။ သန့်ရှင်းသူများတိုက်ခိုက်သောဝိညာဉ်တိုက်ပွဲမှန်သမျှသည် တရားမျှတ သည်။ ဘုရားသခင်နောက်လိုက်ရန်အတွက် သန့်ရှင်းသူတိုင်းက စာတန် နှင့်သူ၏အစေခံကျွန်များကိုတိုက်ခိုက်ပြီး အနိုင်ယူကြရမည်ဖြစ်သည်။
သန့်ရှင်းသူတို့သည်ဘုရားသခင်၏နိုင်ငံတော်အတွက် တိုက်ခိုက် ကြရမည်။ ထို့အတူသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကြောင့် ညှင်းပန်း နှိပ်စက်မှုခံရမှာဖြစ်ပြီး ကမ္ဘာပေါ်ရှိလူတို့၏မုန်းတီးမှုကိုလည်းခံရ မှာဖြစ် သည်။ သန့်ရှင်းသူတို့အားသခင်ဘုရားအတွက် တိုက်ခိုက်ရန်အခွင့်အရေး ပေးအပ်ခြင်းခံရသည်မှာလည်း ကောင်းသောအရာပင်ဖြစ်သည်။ အကယ်၍ သခင်ဘုရားတိုက်ခိုက်ရမည့် အားအခွင့်အရေးကို သင့်ကိုပေးအပ်ပါက သင်သည် သခင်ဘုရားကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ဤတိုက်ခိုက်မှု သည် ကောင်းမြတ်သောတိုက်ပွဲမှုပင်ဖြစ်ပြီး ဤတိုက်ခိုက်မှုသည် ဘုရားသ ခင်၏ ဖြောင့်မတ်ခြင်းအတွက် တိုက်ခိုက်ရခြင်းဖြစ်သည်။
ဘုရားသခင်သည် ဖြောင့်မတ်သူတို့ကို အကူအညီပေးလျက်ရှိ သည်။ကျွန်ုပ်တို့၏အသက်တာ၌ နေ့ရက်များစွာမကျန်ရှိတော့ပါ။ 
ကျွန်ုပ်၏မျှော်လင့်ချက်နှင့် ဆုတောင်းချက်မှာ ကျွန်ုပ်တို့အားလုံး သည် ကျွန်ုပ်တို့၏ကျန်ရှိနေသေးသောအသက်တာများကို ဝိညာဉ်တိုက် ပွဲများတိုက်ခိုက်ပြီး အသက်ရှင်ရန်ဖြစ်ပြီး သခင်ဘုရားရှေ့တော်မှောက်၌ ကျွန်ုပ်တို့မရောက်ရှိမီအထိ ဝိညာဉ်ရေးရာအလုပ်များကို လုပ်ကိုင်နေကြ ရမည်ဖြစ်သည်။ ဤကမ္ဘာပေါ်ရှိလူအများက ကျွန်ုပ်တို့အားမည်သို့ပြောဆို နေကြစေကာမူ အကြောင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဝိညာဉ်တိုက်ပွဲများ ကိုတိုက်ခိုက်နေကာ ဝိညာဉ်အသီးများသီးလျက် ဤအသီးများကို သခင်ဘု ရားရှေ့မှောက်သို့ ပေးဆက်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ သခင်ဘုရားပြန် လည်ကြွဆင်းလာသည့်အခါသူ၏ရှေ့မှောက်တော်၌ မိမိကိုယ်ကိုယုံကြည် စိတ်ချစွာဖြင့်ရပ်တည်ကြပါစို့။ ဤနေ့ဤအချိန်ကာလစေ့ ရောက်လာသော အခါ သခင်ဘုရားသည် ကျွန်ုပ်တို့၏မျက်ရည်များကိုသုတ်ပေးလိမ့်မည် ဖြစ်ပြီးနောက် ထပ်ငိုကြွေးရခြင်းမရှိသည့်အရပ်၌ နေထိုင်ခွင့်ရကြကာ နောက်ထပ်နာကျင်ခြင်းဝေဒနာ ထပ်မံခံစားရတော့မည် မဟုတ်သည်သာ မက အပြစ်ကိုလည်းနောက်ထပ် တွေ့ရတော့မည်မဟုတ်။ 
ယုံကြည်ခြင်းဖြင့်အသက်ရှင်ကြပါစို့။ ဤယုံကြည်ခြင်းဖြင့် ဘုရား သခင်၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြပါစို့။