Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 16-1] ဖလားခုနှစ်လုံးကပ်ရောဂါဘေးများ၏အစ (ဗျာဒိတ်ကျမ်း ၁၆း၁-၂၁)

ဖလားခုနှစ်လုံးကပ်ရောဂါဘေးများ၏အစ
( ဗျာဒိတ်ကျမ်း ၁၆း၁-၂၁ )
“ဗိမာန်တော်ထဲက ကြီးသောအသံကားသွားကြလော့၊ ဘုရားသခင် ၏ အမျက်တော်ဖလားခုနှစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန်ခုနှစ်ပါးတို့အား ပြောဆိုသည်ကိုငါကြား၏။ ပထမသူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့သွန်းလောင်းလျှင် သားရဲ၏တံဆိပ်လက် မှတ်ကိုခံ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့၌ အလွန်ဆိုးသော အနာစိမ်း ပေါက်လေ၏။ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်သို့သွန်း လောင်းလျှင် ပင်လယ်သည်လူသေ၏ အသွေးကဲ့သို့ အတွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သောသတ္တဝါအပေါင်းတို့သည် သေကြ၏။ တတိယကောင်းကင်တ မန်သည် မိမိဖလားကိုမြစ်ပေါ်သို့လည်းကောင်း၊ စမ်းရေပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။ ကောင်းကင် တမန် ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိသော မူသော အရှင်ကိုယ် တော်သည် ဤသို့တရားစီရင်တော်မူသည်မှာဖြောင့်မတ်တော်မူ၏။ ထိုသူတို့ သည် သန့်ရှင်းသူတို့၏အသွေးပရောဖက်တို့၏အသွေးကို သွန်းလောင်းကြ သည်ဖြစ်၍ ထိုသူတို့အား အသွေးကိုတိုက်တော်မူပြီး သူတို့လည်းခံ ထိုက်ကြ ပါ၏ဟု လျှောက်ဆိုသည်ကိုငါကြား၏။ ယဇ်ပလ္လင်ကလည်းမှန်ပါ၏။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင် ကိုယ်တော် စီရင် တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြပါ၏ဟုလျှောက်ဆိုသောအ သံကို ငါကြား၏။ စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင် နေသည်လူတို့ကို မီးလောင်ရသောအခွင့် ကိုရ၏။ ပူအား ကြီးသောအရှိန်ဖြင့်လူတို့သည်လောင်ခြင်းကိုခံရ၍ ထိုဘေးဒဏ်တို့ကိုအစိုးပိုင် တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းကြခြင်းအလို့ငှာ နောင်တမရကြ။ပဉ္စမကောင်းကင်တမန်သည် မိမိဖ လားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းလျှင် သူ၏နိုင်ငံသည် မှောင်မိုက် အတိဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိလျှာကို ကိုက်ခဲကြ၏။ မိမိတို့ခံရသော ဝေဒနာနှင့်အနာစိမ်းများ ကြောင့် ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။ ဆဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရက်မြစ်ကြီး ပေါ်သို့သွန်းလောင်းလျှင် အရှေ့မျက်နှာ ဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေ ခြင်းအလိုငှာ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။ထိုအခါ နဂါး၏ခံတွင်းထဲက လည်းကောင်း၊ သားရဲ၏ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်း ထဲကလည်းကောင်း၊သားကောင်ကဲ့သို့ညစ်ညူးသောဝိညာဉ်သုံးပါးထွက်သည် ကိုငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်ဖြစ်သတည်း၊ ထို ဝိညာဉ်တို့သည်လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်ထံသို့ထွက်သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်း အလို့ငှာ စုဝေးစေကြ၏။ဟေဗြဲဘာသာအားဖြင့် အာမဂဒုန်အမည်ရှိသော အရပ် ၌စုဝေးစေကြ၏။ အသံတော်ကားသူခိုးကဲ့သို့ငါလာ၏ အဝတ်အ ချည်းစည်းနှင့် သွားလာ၍သူတပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍ ကိုယ်အဝတ်ကိုစောင့် သောသူသည် မင်္ဂလာရှိ၏။သတ္တမကောင်းကင်တမန် သည် မိမိဖလားကိုအာကာသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင် ပြီးပြီ ဟုကြီးသော အသံသည်ကောင်းကင်ဗိမာန်တော်၌ရှိသော ပလ္လင်တော်ထဲက ထွက်၏။ လျှပ်စစ်ပြက်ခြင်း၊အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသောမြေ လှုပ်ခြင်း ဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့်ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်သော မြေလှုပ်ခြင်းသည် မဖြစ်စဖူးမြို့ ကြီးသည် သုံးပြာကွဲပြား၍လူအမျိုးမျိုးနေသောမြို့တို့သည် ပြိုလဲကြ၏။ ဘု ရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏စဗျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗါဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ကျန်ရှိသမျှတို့သည် လွင့်ပြေးကြ၏။ အချိန်အခွက်တစ်ဆယ်ရှိသောမိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုဃ်းသီးဘေးဒဏ်အလွန်ကြီးသည်ဖြစ်၍ လူတို့ သည် မိုဃ်းသီးဘေး္လါဏ်ကြောင့် ဘုရားသခင်ကိုကျိန်ဆဲကြ၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ်(၁)ဗိမာန်တော်ထဲက ကြီးသောအသံကားသွားကြလော့။ ဘုရားသခင်၏အမျက်တော်ဖလားခုနှစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်း ကြလော့ဟု ကောင်းကင်တမန်ခုနှစ်ပါးတို့အား ပြောဆိုသည်ကိုငါကြား၏။
အမျက်တော်ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးများနှင့်အတူ ဘုရား သခင်သည် သူ၏အမျက်ဒေါသကို ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသေးသော အန္တီခရစ်၏အစေခံကျွန်များနှင့် သူ၏လူများအပေါ်သို့ ကျရောက်စေလိမ့်မည်။ သတ္တဝါအားလုံးနှင့်လူအားလုံးတို့သည်လည်း ဘုရားသခင်၏ အမျက်ဒေါသမုန် တိုင်းဖြင့် လှဲကျင်းခံရလိမ့်မည်။ သူ၏သီးခံခြင်းနှစ်မြောက်များစွာကြာပြီးမှ ပေါက်ကွဲခြင်းဖြစ်ပြီး သူတို့သည်ကပ်ရောဂါဘေးကြီးများ ဖျက်ဆီးမှုစတင် သည်မှစ၍ ဘေးဒဏ်ကြီးကာလ၏ကျန်ရှိနေသေးသည့် နှစ်များအထိ ဆင်းရဲ ဒုက္ခခံစားကြရလိမ့်မည်။ ၄င်းအချိန်တွင် ကမ္ဘာကြီးသည် ပြာအဖြစ်သို့ရုတ် လျော့သွားပြီး တစ်ပိုင်းတစစီကျိုးပဲ့သွားကာ အစိပ်စိပ်အမွှာမွှာပေါက်ကွဲလျက် သတိမေ့ပျောက်ခြင်းအထိ ဖျက်ဆီးခံရသည်။
ဗျာဒိတ်ကျမ်း အခန်းကြီး(၁၆)သည် ဖလားခုနှစ်လုံး၏ ကပ်ရောဂါ ဘေးကြီးသွန်းလောင်းသည့်အကြောင်းဖော်ပြသောအခန်းဖြစ်သည်။ နောက် ဆုံးသောအချိန်မရောက်မီအထိ ရေနှင့်ဝိ ညာဉ်ဆိုင်ရာသတင်းကောင်းတည်း ဟူသောဘုရားရှင်၏လေထဲသို့ချီဆောင်ခြင်းကိုခွင့်ပြုစေမည့်သတင်းကောင်းကိုသိလည်းမသိ၊ ယုံလည်းမယုံသောသူအားလုံးသည် ဤကပ်ရောဂါဘေးများ ဖြင့် အားလုံးအဖျက်ဆီးခံကြရမည်။
အခန်းငယ်(၂)ပထမသူသည်သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်း လောင်းလျှင် သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍သူ၏ ရုပ်တုကိုကိုးကွယ်သော သူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။
ရွံ့စရာကောင်းပြီးနာကျင်မှုကို ဆိုးဝါးစွာခံစားရသည်။ ကပ်ရောဂါ ဘေးတည်းဟူသော ဘုရားသခင်က သူ၏ကောင်းကင်တမန်တို့မှတဆင့် သွန်း လောင်းမည့်ကပ်ရောဂါဘေးသည်သားရဲ၏အမှတ်တံဆိပ်ကို လက်ခံသောသူ တို့ထံကျရောက်လိမ့်မည်။ နာကျင်စေသောကပ်ရောဂါဘေးမှာ ကုစား၍ မရသော အရေပြားရောဂါဖြစ်ပြီး အရေပြားပေါ်တွင် ပြည်တည်သောအနာကို ဖြစ်စေသည်။ ၄င်းကူးစက်တတ် သောရောဂါသည် အရေပြားပတ်ဝန်းကျင်ကို ပြည်တည်နာများပေါက်စေသည်။သူတို့ခံစားရမည့် ဆင်းရဲဒုက္ခသည် မည် မျှကြီးမားသနည်းဆိုသော် ထိုဆင်းရဲဒုက္ခပေးသောအရာသည် အလွန်ဆိုးသော အနာစိမ်းပေါက်စေခြင်းတည်း ဟူသောကပ်ရောဂါဘေးဖြစ်ပြီး သူတို့ကိုမသေ မချင်းခံစားစေမည်ဖြစ်သည်။ ဘုရားသခင်သည် ဤကဲ့သို့အလွန်ဆိုးဝါးသည့် အနာစိမ်းပေါက်စေသော ကပ်ရောဂါဘေးကိုသာ သားရဲ၏အမှတ်တံဆိပ်ကို လက်ခံသူများအပေါ်တွင်ကျရောက်စေမည်မဟုတ်၊ နောက်ထပ်၍ ကပ်ရောဂါ ဘေးခြောက်ခုထက်မကကို သူတို့အပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် လူအားလုံးတို့သည် ဤကပ်ရောဂါဘေးမှလွတ်မြောက်စေရန်အတွက် ရေနှင့် ဝိညာဉ်သတင်းကောင်းဖြင့် လွတ်မြောက်ရာလမ်းကိုရှာကြလျှက် ချက်ချင်း ယုံကြည်လက်ခံကြခြင်းဖြင့် ဤကြောက်စရာကောင်းသော ကပ်ရောဂါဘေး မှလွတ်မြောက်နိုင်ကြမည်ဖြစ်သည်။
ဘုရားသခင်သည် သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်ကြသူတို့အပေါ် ကပ်ရောဂါဘေးနောက်ထပ်ခြော က်ခုထက်မက ကျရောက်စေမည်ဖြစ် ကြောင်းဘုရားရှင်ကပြောပါသည်။ ဘုရားသခင်အမုန်းတီးဆုံး အပြစ်သည် အဘယ်နည်း။ ထိုအပြစ်မှ တစ်စုံတစ်ခုသို့မဟုတ်တစ်စုံတစ်ဦးကို ရုပ်တုပြု လုပ်ပြီးဘုရားသခင်ထက် လွန်ကျူး၍ သူ့အားကြောက်ရွံ့အရှုံးပေးလျက် နတ် ဘုရားအဖြစ် ကိုးကွယ်ခြင်းအပြစ်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ဘုရားသခင်နှင့်ခရစ်တော်အကြောင်းကို ပို၍တိကျစွာသိရှိပြီး လက်ခံ ယုံကြည်လျက် ခရစ်တော်ယေရှုကိုကိုးကွယ်ကြရမည်။ ကျွန်ုပ်တို့၏ ဘုရားသ ခင်ထက်ပို၍ ကျွန်ုပ်တို့၏ထာဝရဘုရားဖြစ်သင့် သောအရာဖြစ်စေ၊ တစ်စုံတစ် ဦးဖြစ်စေ ဤစင်္ကြာဝဠာတစ်ခုလုံးတွင်မရှိပါ။
အကယ်၍သင်သည် ဤဆိုးဝါးလှသော ကပ်ရောဂါဘေးနှင့်နောက် ထပ်ရောက်ရှိလာမည့်ကပ်ရောဂါဘေးကြီးခြောက်ခုမှအမှန်တကယ်ပင် ရှောင် ရှားလိုသည်ဆိုလျှင်သခင်ဘုရားပေးထားသော ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းကို လေ့လာပြီးယုံကြည်လက်ခံပါ။ သူတို့၏နေ့စဉ်အသက်တာထဲတွင် ဘုရားသခင်ကို ဆန့်ကျင်လျက်ရပ်တည်နေကြသည့် မရေတွက်နိုင်သော လူ ပေါင်းများစွာနှင့် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်လက်ခံရန် ငြင်းဆန်ကြသူများသည် အဆုံး၌ဖျက်ဆီးခြင်းခံကြရမည်။
အခန်းငယ်(၃)ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ် သို့သွန်းလောင်းလျှင် ပင်လယ်သည်လူသေ၏အသွေးကဲ့သို့ အတွေးဖြစ်၏။ ပင် လယ်၌ အသက်ရှင်သော သတ္တဝါအ ပေါင်းတို့သည် သေကြ၏။
ဒုတိယကပ်ရောဂါဘေးမှာ ပင်လယ်သည်သေမင်း၏ အသွေးသို့ပြော သွားခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ကပ်ရောဂါဘေးဖြင့် ပင်လယ်ထဲရှိ သတ္တဝါမ၏အားလုံးကိုသေစေလိမ့်မည်။ ဘုရားသခင်သွန်းလောင်းသောဤဒု တိယဖလား၏ ကပ်ရောဂါဘေးအားဖြင့်ပင်လယ်သည် ပုတ်သိုးဆွေးမြေ့သွား ပြီး သတ္တဝါအားလုံးတို့သည် ၄င်းတို့သည်၄င်းအထဲ၌ ကြာရှည်အသက်ရှင်နေ ထိုင်နိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်ကသူ၏ဒုတိယကပ်ရာဂါဘေးကို ကျရောက်စေသောအခါ မည်သူမျှပင်လယ်တွက်အစားအစာများကို စားသုံး နိုင်ကြမည်မဟုတ်ပေ။ ဒုတိယကပ်ရောဂါဘေးအားဖြင့် ဘုရားသခင်က သူ သည်အသက်ရှင်ကြောင်းနှင့် အသက်ရှင်သူအားလုံး၏ သခင်ဖြစ်ကြောင်းကို ကြေငြာခြင်းပြုလုပ်လိမ့်မည်။
ဒုတိယကပ်ရောဂါဘေးသည် ကမ္ဘာပေါ်ရှိဘုရားသခင်အစား သားရဲ ၏ရုပ်တုကိုကိုးကွယ်ပြီးဘုရားသခင်၏ရန်သူဖြစ်လျှက် သန့်ရှင်းသူများ၏အ သွေးကျစေသောသူများကိုပေးအပ်သောဘုရားသခင်၏ တရားစီရင်ချက်ဖြစ် သည်။ ဤဒုတိယကပ်ရောဂါဘေးမှာလည်း ထိုသူတို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။ ထို့ကြောင့်ဘုရားရှင်သည် ဘုရားရှင်က သက်ရှိအားလုံးကို ဖန်ဆင်း သည့်အတွက် ကျေးဇူးတင်ရကောင်းမှန်းမသိသူများထံမှကမ္ဘာမြေကြီး၏ ချမ်း သာကြွယ်ဝမှုကို ယူဆောင်သွားလိမ့်မည်ဟု ကျွန်ုပ်တို့အားပြောပြနေပါသည်။
အခန်းငယ် (၄-၇)တတိယကောင်းကင်တမန်သည် မိမိဖလားကိုမြစ်ပေါ်သို့ လည်းကောင်း၊ စမ်းရေပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့ သည်အသွေးဖြစ်ကြ၏။ကောင်းကင်တမန်ကလည်းပစ္စုပ္ပန်၊အတိတ်၊ အနာဂတ် ကာလအစဉ်ရှိသောမူသောအရှင်ကိုယ်တော်သည် ဤသို့တရားစီရင်တော်မူ သည်မှာ ဖြောင့်မတ်တော်မူ၏။ထိုသူတို့သည် သန့်ရှင်းသူတို့၏အသွေးပ ရော ဖက်တို့၏အသွေးကိုသွန်းလောင်းကြသည်ဖြစ်၍ထိုသူတို့အားအသွေးကိုတိုက် တော်မူပြီးသူတို့လည်းခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကိုငါကြား၏။ ယဇ် ပလ္လင်ကလည်းမှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘု ရားသခင်ကိုယ်တော်စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ ပါ၏ဟု လျှောက်ဆိုသော အသံကို ငါကြား၏။
တတိယကပ်ရောဂါဘေး တည်းဟူသော မြစ်များနှင့်စမ်းရေတွင်းပေါ် ရှိရေများကိုသွေးဖြစ်စေသော ဤကပ်ရောဂါဘေးသည် အမှန်ပင်ကြောက်ရွံ့ ဘွယ်ရာအကောင်းဆုံးကပ်ရောဂါဘေးတစ်ခုဖြစ်ပါသည်။ ဘုရားသခင်အား မ ယုံကြည်သောအပြစ်သားများ အပြစ်ဒဏ်အဖြစ်ကျရောက်လာမည့်ဤကပ် ရောဂါဘေးသည် စမ်းရေတွင်းများကို သွေးဖြစ်စေခြင်းဖြင့် ဤကမ္ဘာမြေကြီး၌ သူတို့ဆက်လက်နေထိုင်ရန်မဖြစ်နိုင်အောင်ပြုလုပ်လိမ့်မည်။ ဘုရားသခင် သည် ကမ္ဘာပေါ်ရှိမြစ်များနှင့်စမ်းရေတွင်းအားလုံးတို့ကို သွေးအဖြစ်ပြောင်း လဲစေလိမ့်မည်။ ဤကပ်ရောဂါဘေးသည်လည်း လူတို့အား ရေကိုပေးသော အသက်ရှိသောသူအားလုံး၏အမြစ်ဖြစ်သော ဘုရားသခင်အား ဆန့်ကျင် ရပ် တည်နေသူများအတွက် အဖိုးအခနှင့်ပြစ်ဒဏ် အပြစ်ပေးအပ်သော တရားစီ ရင်ချက်ဖြစ်သည်။
ဘုရားသခင်က ဤကပ်ရောဂါဘေးကို ကျရောက်စေရသည့်အ ကြောင်းရင်းမှာ သူ့အားဆန့်ကျင်သူတို့သည် သူ၏ဤကမ္ဘာပေါ်ရှိ သန့်ရှင်းသူ များနှင့်ပရောဖက်များကို သတ်ဖြတ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်အား ဘုရားအဖြစ်ယုံကြည်ရန် ငြင်းဆန်ကြရုံမျှမက အန္တီခရစ်နှင့် ပေါင်းဖော်ပြီး သူ့အားဆန့်ကျင်ရပ်တည်နေကြသူများဖြစ်သည်။
အန္တီခရစ်၏ တန်ခိုးအာဏာလွှမ်းမိုးမှုကြောင့် ကမ္ဘာပေါ်ရှိဘုရားသခင် ၏ချစ်ခြင်းကိုဆန့်ကျင်ကြသူများသည် ဘုရားသခင်၏အချစ်ဆုံးသော သန့်ရှင်း သူများနှင့် သူ၏အစေခံကျွန်တို့ကိုနှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်ကြလိမ့် မည်။ ကျွန်ုပ်တို့၏သခင်ဘုရားက ဤကမ္ဘာပေါ်ရှိလူတို့၏အပြစ်မှ လွတ် မြောက်စေရန်အတွက် ကျွန်ုပ်တို့အားပေးထားသော ရေနှင့်ဝိညာဉ်ဆိုင်ရာသ တင်းကောင်းကို ငြင်းဆန်လျက် ယခုတိုင်ယုံကြည်ခြင်း မရှိကြသေးသူများက နောက်ဆုံးကာလ၌ မြောက်များစွာသော သန့်ရှင်းသူများနှင့်ပရောဖက်များကို သတ်ဖြတ်ပြီးသူတို့၏အသွေးများကျဆင်းစေလိမ့်မည်။ထို့ကြောင့်ဘုရားသခင် သည် သူ၏ရန်သူများနေထိုင်ရာဤကမ္ဘာမြေပေါ်သို့ သူ၏တတိယကပ်ရောဂါ ဘေးကို သွန်းလောင်းခြင်းဖြင့် ရေနှင့်အသက်ရှင်သော သတ္တဝါတို့၏ အဖြစ်မှန် သမျှကို သွေးအဖြစ်ပြောင်းလဲစေခြင်းဖြင့်သူတို့အားဖျက်ဆီးလိမ့်မည်။
ဤသည်မှာ ဘုရားသခင်၏တရားစီရင်ခြင်းဖြစ်ပြီး လေထဲရှိသန့်ရှင်း သူများလည်းပျော်ရွှင်ကြလိမ့်မည်။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့် ဆိုသော်သန့်ရှင်းသူများကိုသတ်ဖြတ်ခဲ့ကြသောသူများအပေါ်သို့အပြန်အလှန် အားဖြင့် သူ၏ဖြောင့်မတ်သောတရားစီရင်ချက်ကို ပေးအပ်ခြင်းသည် ဘုရား သခင်က သူတို့အပေါ်သို့သန့်ရှင်းသူများအား သတ်ဖြတ်မှုကြောင့် ကလဲ့စား ချေခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် သန့်ရှင်းသူများနှင့်ဘုရားသခင်၏အစေခံကျွန် များတို့သည် ကြောက်ရွံ့ခြင်းမရှိရ။ ၄င်းအစားဘုရားရှင်၌ သူတို့၏ယုံကြည် မှုကို ကာကွယ်ရန်နှင့်ဘုရားသခင်၏ ကတိတော်နှင့်သူ၏တန်ခိုးအာဏာကို အလေးဂရုပြုလျက် သူတို့၏မာတုရခံရခြင်းကို ရင်ဆိုင်ကြရမှာဖြစ်သည်။
အခန်းငယ် (၇-၉)စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေ ပေါ်သို့သွန်းလောင်းလျှင် နေသည်လူတို့ကိုမီးလောင်ရသောအခွင့် ကိုရ၏။ ပူအားကြီးသောအရှိန်ဖြင့်လူတို့သည်လောင်ခြင်းကိုခံရ၍ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသ ခင်ကို ချီးမွမ်းကြခြင်းအလို့ငှာ နောင်တမရကြ။
စတုတ္ထကောင်းကင်တမန်က နေအပေါ်သို့ စတုတ္ထကပ်ရောဂါဘေး ၏ခွက်ဖလားကို သွန်းလောင်းလိုက်သည့်အတိုင်း လူတို့သည် ယင်းပူလောင် သည့်အရှိန်ဖြင့် လောင်းကျွမ်းပြီးသေဆုံးကြရလိမ့်မည်။ ဘုရားသခင်သည် သူ့အားဆန့်ကျင်ရပ်တည်နေသူများအပေါ်သို့အလွန်ပူပြင်းသောနေ၏ အပူရှိန် ကို ကျရောက်စေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာမြေကြီး၏ ပတ်လမ်းသည် နေကိုတိကျစွာ ပတ်ဝိုင်းလျက်ရှိပြီး အကယ်၍ ကမ္ဘာမြေကြီး သည် သူ၏ပတ်လမ်းမှ အနည်းငယ် သွေဖီလျက် နေဖက်သို့နီးကပ်သွားလျှင် သူအထဲ၌နေထိုင်သူအားလုံးသည် မီးလောင်လျက် သေဆုံးကြရမည်ဖြစ် သည်။ဤသို့ဖြင့် ဤစတုတ္ထမြောက်ကပ်ရောဂါဘေး သွန်းလောင်းသော အခါ ဤကမ္ဘာပေါ်၌အသက်ရှင်ကျန်နေထိုင်သူအားလုံးတို့သည် မီးတောက်ခြင်း ဝေဒနာခံစားကြရလိမ့်မည်။
သူတို့သည် ဘုရားသခင်အား ဆန့်ကျင်ရပ်တည်သောအဖြစ်ကို အ ဘယ့်ကြောင့် နောင်တမရကြသေးသနည်း။ အဘယ့်ကြောင့်ဆိုသော်သူတို့ သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်ကောင်းကို ဆန့်ကျင်ရပ်တည်ခြင်းဖြင့်သူ တို့၏ကံကြမ္မာသည် ဖျက်ဆီးခံဖို့ရန်သတ်မှတ်ပြီးဖြစ်နေသည်။ ထို့ကြောင့်လူ တိုင်းသည်ဖြစ်နိုင်သမျှအမြန်ဆုံးနည်းဖြင့် သူတို့၏ယုံကြည်ခြင်းကို ပြောင်းလဲ ခြင်းဖြင့် ဘုရားသခင်၏ အမျက်ဒေါသမှလူတို့ကို လွတ်မြောက်စေမည် ဖြစ် သည်။ ဤယုံကြည်ချက်မှာရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ကယ်တင် ခြင်းကဲ့သို့ မှတ်ယူယုံကြည်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းရေနှင့် ဝိညာဉ် ၏အမှန်တရားကို ယုံကြည်ကြရမည်။
အခန်းငယ် (၁၀-၁၁) ပဉ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းလျှင်သူ၏နိုင်ငံသည် မှောင်မိုက် အတိဖြစ် လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိလျှာကိုကိုက်ခဲကြ၏။ မိမိတို့ခံရသော ဝ္လေနာနှင့်အနာစိမ်းများကြောင့်ကောင်းကင်ဘုံ၏ အရှင်ဘုရား သခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။
ပဉ္စမမြောက်ကပ်ရောဂါဘေးသည် မှောင်မိုက်အတိကျရောက်ခြင်း နှင့်နာကျင်သောဝေဒနာ ခံစားရခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် ဤပဉ္စမ မြောက်ကပ်ရောဂါခွက်ဖလားကို အန္တီခရစ်၏ပလ္လင်ပေါ်သို့ သွန်းလောင်း လိမ့်မည်။ ထို့ပြင်မှောင်မိုက်နှင့် ဝေဒနာခံစားရခြင်းကို ကျရောက်စေလိမ့်မည်။ ဤကပ်ရောဂါဘေးအားဖြင့် လူတို့သည်သူတို့လျှာကို ကိုက်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အလွန်နာကျင်ခံစားကြရသည့်အတွက်ဖြစ်သည်။ ဘု ရားသခင်သည် သန့်ရှင်းသူများခံစားရသည်ထက် နှစ်ဆပို၍နာကျင်စွာ ခံစား စေခြင်းဖြင့် သူတို့အားကလဲ့စားချေလိမ့်မည်။
တခြားနည်းဖြင့်ပြောရလျှင် သန့်ရှင်းသူတို့အား ခံစားစေခဲ့သောဝေဒ နာထက်ပို၍ ပြင်းထန်စွာသူတို့ခံစားစေရန် ဘုရားသခင်က ပြုလုပ်လိမ့်မည်။ သူတို့သည် သူတို့၏နာကျင်မှုဝ္လေနာကို ခံစားနေကြသည့်တိုင်အောင် ဘုရား သခင်၏ အသရေကိုနှုတ်ချပြီး နောင်တမရဘဲရှိနေကြသည်။ ထို့ကြောင့် သူတို့ သည်ထာဝရပြစ်ဒဏ်တည်းဟူသောကန့်နှင့်မီးလျှံလောင်ကျွမ်းနေသော ငရဲကို ခံစား ကြရလိမ့်မည်။
အခန်းငယ် (၁၂)ဆဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရက် မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင် အရှေ့မျက်နှာဘုရင်တို့သွားရာ လမ်းကို ပြင် ဆင်စေခြင်း အလိုငှာ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။
ဘုရားသခင်သွန်းလောင်းမည့် ဆဌမခွက်ဖလားမှာ ယူဖရေးတီမြစ်ရေ ကို ခန်းခြောက်စေခြင်းတည်းဟူသော ငတ်မွတ်ခေါင်းပါး မှုကပ်ရောဂါဘေး ပင်ဖြစ်သည်။လူသားအားလုံးတို့သည် ဤကပ်ရောဂါဘေးအားဖြင့် အလွန်ပြင်း ထန်သောဆင်းရဲဒုက္ခခံစားကြရ မည်ဖြစ်သည်။ ဤငတ်မှုခေါင်းပါးမှု ကပ် ရောဂါဘေးသည် အသက်ရှိသောသတ္တဝါတိုင်းအတွက် ကြောက်စရာအ ကောင်းဆုံးသောကပ်ရောဂါဘေးဖြစ်သည်။ ရေနှင့်ဝိညာဉ်သတင်းကောင်းကို ငြင်းဆန်သောသူများအပေါ်ကျရောက်စေမည့်ဤကပ်ရောဂါဘေးကကျွန်ုပ်တို့ အားဖော်ပြသည်မှာ ဘုရားသခင်၏ချစ်မေတ္တာကိုငြင်းဆန်လျှက် သူ့အားဆန့် ကျင်သူများအဖို့ခံစားရမည်ပြစ်ဒဏ်မည်မျှ ကြီးမားကြောင်းကို ဖော်ပြပါသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ကောင်းကင်တပ်မတော်နှင့် ဤကမ္ဘာမြေ၏ စာတန်တပ်မတော်တို့သည် ဤစစ်မြေပြင်၌ နောက်ဆုံးစစ်ပွဲကို ဆင်နွှဲကြလိမ့် မည်။ မည်သို့ဖြစ်စေကာမူ စာတန်နှင့်သူ့နောက်လိုက်များသည် ဘုရား၏ ဖမ်း ဆီးချုပ်နှောင်ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။
အခန်းငယ် (၁၃) ထိုအခါ နဂါး၏ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ခံတွင်းထဲကလည်းကောင်း၊ သား ကောင်ကဲ့သို့ညစ်ညူးသော ဝိညာဉ်သုံးပါး ထွက်သည်ကိုငါမြင်၏။
ဤကျမ်းပိုဒ်က မသန့်ရှင်းသောဝိညာဉ်နှင့် နတ်ဆိုးတို့၏အလုပ်မှန် သမျှသည် စာတန်၏ပါးစပ်မှအစပြုကြောင်း ကျွန်ုပ်တို့ကို ဖော်ပြပါသည်။ ဤကမ္ဘာကြီး၏နောက်ဆုံးချိန်နီးကပ်လာသောအခါ နတ်ဆိုးတို့၏ လုပ်ရပ်မန် သမျှကမ္ဘာတစ်ဝှမ်းလုံး၌အောင်မြင်ကြလိမ့်မည်။ နတ်ဆိုးတို့သည် စာတန်အား ဖြင့်အံ့သြဘွယ်နိမိတ်လက္ခဏာနှင့် အမှတ်အသားများ၊ ပရောဖက်အတုများ နှင့် အန္တီခရစ်အားဖြင့်လူအပေါင်းတို့အား လှည့်ဖြားပြီးသူတို့၏ဖျက်ဆီးခြင်း ထဲသို့ ဦးဆောင်သွားကြလိမ့်မည်။ ဤသို့ဖြင့် ကမ္ဘာ၏နောက်ဆုံးကာလမှာ နတ်ဆိုးတို့၏ကမ္ဘာဖြစ်လာမည်။ သို့သော်လည်း သူတို့ကမ္ဘာသည် ယေရှုခရစ် တော်သွန်းလောင်းသောသတ္တမခွက်ဖလား၏ ကပ်ရောဂါဘေးနှင့် သူ၏ ဒုတိ ယ အကြိမ် ကြွရောက်လာခြင်းအားဖြင့် နိဂုံးချုပ်ရလိမ့်မည်။
အခန်းငယ် (၁၄) နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်ဖြစ် သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်ထံ သို့ထွက်သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်း အလို့ငှာ စုဝေးစေကြ၏။
နတ်ဆိုး၏ဝိညာဉ်ကကမ္ဘာတစ်ဝှမ်းလုံးရှိရှင်ဘုရင်များကို အတူတကွ တစ်နေရာထဲတွင် စုရုံးပြီးဘုရားသခင်ကိုတိုက်ခိုက်ရန်အတွက် သူတို့၏နှလုံး သားကိုလှုံ့ဆော်လိမ့်မည်။နောက်ဆုံးသောကာလ၌ ကမ္ဘာပေါ်တွင် လူတိုင်း၏ နှလုံးသားသည် နတ်ဆိုး၏ဝိညာဉ်စိုးမိုးမှုခံရပြီးသူ/သူမတို့သည် နတ်ဆိုးတို့၏ အလုပ်ကို လုပ်ပေးရန်အတွက် စာတန်၏ကျေးကျွန်အဖြစ်ပြောင်းလဲသွား ကြ လိမ့်မည်။ 
အခန်းငယ် (၁၅) ဟေဗြဲဘာသာအားဖြင့် အာမဂဒုန်အမည်ရှိသော အရပ်၌စုဝေးစေကြ၏။
စာတန်နှင့် ဘုရားသခင်တို့အကြား၌ ဖြစ်ပွားမည့်နောက်ဆုံးစစ်ပွဲ သည် အာမဂဒုန်အရပ်၌ ဖြစ်ပွားလိမ့်မည်ဖြစ်ကြောင်း ကျမ်းစာ၌ပရော ဖက်ပြုထားသည်။ သို့သော်ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်တော်မူ၏။ သူသည်ကြီးမြတ်ဆုံးသောဘုရားလည်း ဖြစ်၏။ သူသည်စာတန်ကိုအောင်မြင် ပြီးနောက်သားရဲကိုလည်းကန့်နှင့်မီးအိုင်ရှိရာငရဲသို့ပို့လိမ့်မည်။ စာတန်သည် အစဉ်သဖြင့် လိမ်လည်တတ်သူဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ရမည်ဖြစ်ပြီး ကျွနုပ်တို့သည် ဘုရားသခင်ရှေ့၌ ရပ်နေရမည့်နေ့ရက်များမရောက်မီအထိ ကျွန်ုပ်တို့၏ယုံကြည်ချက်ကို သစ္စာရှိစွာ ထိန်းသိမ်း ကြရမည်ဖြစ်သည်။
အခန်းငယ် (၁၆)အသံတော်ကား သူခိုးကဲ့သို့ငါလာ၏ အဝတ်အချည်း စည်းနှင့်သွားလာ၍သူတပါးရှေ့၌ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက် နေ၍ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာရှိ၏။
သခင်ဘုရားသည် ဤကမ္ဘာမြေသို့ သူခိုးကဲ့သို့ဝင်ရောက်လာလိမ့် မည်။ ထို့နောက် ဖလားခုနှစ်လုံး၏ကပ်ရောဂါဘေးမရောက်မီ အထိ သူ၏သ တင်းကောင်းကိုဟောပြောလျှက် သူတို့၏ယုံကြည်ခြင်းကို ကာကွယ်ထိန်း သိမ်းကြသော သူတို့အားအလွန်များပြားသော ကောင်းချီးများချပေးလိမ့်မည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ကမ္ဘာ၏ နောက်ဆုံးအချိန်၌ ရှိနေကြသေးသော သန့်ရှင်းသူများကို သူတို့သည်သူပေးအပ်ထားသောရေနှင့် ဝိညာဉ်ဆိုင်ရာသ တင်းကောင်းကို ယုံကြည်လျှက် အသက်ရှင်နေထိုင်ကြရမည်ဟုပြာပြထားပြီး သူတို့နောက်ဆုံးနေ့များအထိ ဤယုံကြည်ချက်ကို ကာကွယ်ကြရမည်ဟု မှာ ကြားထားပါသည်။ သူ၏ဖလားခုနှစ်လုံးကပ်ရောဂါဘေး မကျရောက်မီအထိ မိမိတို့၏သခင်ဘုရား၌ယုံကြည်ခြင်းကိုကာကွယ်ထားကြသူတို့သည် သခင်ဘု ရားထံမှကြီးမားများပြားသော ဆုလဒ်များခံစားကြရမည်။ ကျွန်ုပ်တို့၏သခင် ဘုရားသည် သူ၏ကောင်းကြီးများကိုပေးအပ်ရမည့်သူများကို ရှာဖွေရန်အ တွက် နောက်တစ်ကြိမ်ပြန်လာမည်မှာ သေချာသည်။
အခန်းငယ် (၁၇-၂၁) သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်ပြီးပြီဟုကြီးသော အသံသည် ကောင်းကင်ဗိမာန်တော်၌ရှိသောပလ္လင်တော်ထဲကထွက်၏။ လျှပ်စစ်ပြက် ခြင်း၊ အသံမြည်ခြင်း၊မိုဃ်းချုန်းခြင်း၊ ကြီးစွာသောမြေလှုပ်ခြင်းဖြစ်ကြ၏။ မြေ ကြီးအပေါ်မှာ လူတို့ဖြစ်သည့်ကာလမှစ၍ ထိုသို့သောလက္ခဏာနှင့်ထိုမျှ လောက်ပြင်းထန်သောမြေလှုပ်ခြင်းသည် မဖြစ်စဖူးမြို့ကြီးသည်သုံးပြာကွဲပြား ၍ လူအမျိုးမျိုးနေသောမြို့တို့သည်ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာ သောဒေါသအမျကတော်၏ စပျစ်ရည်ဖလားကိုတိုက်ခြင်းငှာ ဗါဗုလုန်မြို့ ကြီးကို အောက်မေ့တော်မူ၏။ကျန်ရှိသမျှတို့သည် လွင့်ပြေးကြ၏။ အချိန်အ ခွက်တစ်ဆယ်ရှိသောမိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုဃ်းသီးဘေးဒဏ်အလွန်ကြီးသည်ဖြစ်၍ လူတို့သည် မိုဃ်းသီးဘေးဒဏ် ကြောင့် ဘုရားသခင်ကိုကျိန်ဆဲကြ၏။
သတ္တမမြောက်ခွက်ဖလား၏ကပ်ရောဂါဘေးကို ဘုရားသခင်က လေ ထုပေါ်သို့ သွန်းလောင်းသောကြောင့် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းဖြင့် ကောင်း ကင်ကိုဖျက်ဆီးပြီး မြေငလျင်လှုပ်ခြင်းနှင့် တစ်ခါမျှ မမြင်ဘူးလောက်အောင် ကြီးမားသောမီးသီးများသည်ကမ္ဘာမြေကိုကျရောက်လိမ့်မည်။ ဤသဘာဝကပ် ဘေးကြောင့် ပထမကမ္ဘာကြီးသည် အစအနရှာမရအောင် ပျောက်ကွယ်သွား လိမ့်မည်။ ဤအရာဖြစ်ပြီးနောက် သန့်ရှင်းသူတို့သည် နှစ်တစ်ထောင်ကာလ ရောက်ရှိလာမည်ကို စောင့်စားလျက်ခရစ်တော်၏ဂုဏ်တော်နှင့်အတူ ဤ ကမ္ဘာမြေသစ်ပေါ်တွင် နေထိုင်ကြလိမ့်မည်။
နှစ်တစ်ထောင်ကာလကုန်ဆုံးပြီးနောက် သန့်ရှင်းသူတို့အတွက် ဘု ရားသခင်ကတိတော်ထားခဲ့သောကောင်းကင်သစ်နှင့် မြေကြီးသစ်ပေါ်လာ ရန်အတွက် ဘုရားသခင်သည် ပထမကမ္ဘာကိုကွယ်ပျောက်စေပြီးနောက် သန့် ရှင်းသူတို့အား ဒုတိယကောင်းကင်နှင့်မြေကြီးသစ်ကို အစဉ်အမြဲအုပ်စိုးကြ လိမ့်မည်။ သူတို့သည် ခရစ်တော်၏နှစ်တစ်ထောင် ကောင်းကင်နိုင်ငံတော်၌ လည်းကောင်း၊ သူ၏ကောင်းကင်သစ်နှင့်မြေကြီးသစ်၌ထာဝရနေထိုင်ရမည် ကို ယုံကြည်ကြရမည်။ ဤမျှော်လင့်ချက်ဖြင့် အသက်ရှင်လျှက် သခင်ဘုရား ပြန်ကြွလာမည့်အချိန်ကို စောင့်စားကြရမည်။