Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 19-1] နိုင်ငံတော်ကို အနန္တတန်ခိုးရှင်က စိုးမိုးလိမ့်မည် (ဗျာဒိတ်ကျမ်း ၁၉း၁-၂၁)

နိုင်ငံတော်ကို အနန္တတန်ခိုးရှင်က စိုးမိုးလိမ့်မည်
( ဗျာဒိတ်ကျမ်း ၁၉း၁-၂၁ )
“ထို့နောက်မှကောင်းကင်ဘုံ၌ စည်းဝေးသောသူအများတို့၏ အသံ ကြီးကားဟာလေလုယ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ ဘုန်းအသရေတန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ် မှန်ဖြောင့်မတ်ကြ၏။မိမိမတရားသောမေထုန်အရာအားဖြင့် မြေကြီးကိုပုပ် ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီး ကိုယ်တော် ကျွန်တို့၏အသွေးကိုသူ၏လက်ဖြင့် သွန်းသောအပြစ်နှင့်အလျောက် ဒဏ် ပေးတော်မူပြီဟု ပြောဆိုကြသည်ကိုငါကြား၏။တဖန် ကုံဟာလေလုယဟူ ၍လည်းကောင်း၊ သူ၏မီးခိုးသည်ကမ္ဘာအဆက်ဆက်တက်သည် ဟူ၍ လည်းကောင်းပြောဆိုကြ၏။ သက်ကြီးသူနှစ်ဆယ့်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည်ပြပ်ဝပ်၍ ပလ္လင်ပေါ်မှာထိုင်နေတော်မူသော ဘုရားသခင် ကိုကိုးကွယ်လျက် အာမင်။ ဟာလေလုယဟု လျှောက်ဆိုကြ၏။ ပလ္လင်ပေါ် ကထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင် ကို ကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့ ငါတို့ ဘုရားသခင်ကို ချီး မွမ်းကြလော့ဟုဆိုသတည်း။ တဖန်တုံဟာလေလုယ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့။ အကြောင်းမူကားသိုးသူငယ်မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီး သူ၏မိန်းမ သည်ကိုယ်ကိုတန်ဆာဆင်ပြီဟု စည်းဝေးသောသူများတို့၏အသံ၊ သမုဒ္ဒရာ သံ၊ ပြင်းစွာသောမိုးကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည်စင်ကြယ် ပြောင်လက်သောပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ် ချောမူကားသန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း။ ကောင်းကင်တ မန်ကလည်း ထိုသူငယ်၏မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကိုခံရသောသူ တို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၄င်း၊ဤစကားသည်ဘုရား သခင်၏ နှုတ်တော်ထွက်စစ်စစ်ဖြစ်၏ဟူ၍၄င်း၊ ငါအားပြောဆို၏။ငါသည် ထိုသူတို့ကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်၌ပြာဝပ်၏။ သူကလည်းမပြုပါနှင့် ငါကားသင်၏ လုပ်ဖော်ဆောင်သက်ဖြစ်၏။ ယေရှု၏သက်သေခံတော်မူ ချက်ကိုဆောင်သောသင်၏ညီအစ်ကိုတို့၏လုပ်ဖော်ဆောင်သက်လည်းဖြစ် ၏။ဘုရားသခင်ကိုကိုးကွယ်လော့။အကြောင်းမူကားပရောဖက် ဟောသော စကားချက်သဘောသည်ယေရှု၏သက်သော ဖြစ်သတည်းဟု ငါအားပြော ဆို၏။ ထိုအခါကောင်းကင်ဘုံဖွင့်လှစ်လျှက်ရှိသည်ကိုငါမြင်လျှင် မြင်ဖြူရှိ ၏။မြင်းစီးသောသူသည် သစ္စာဟူသောအမည် သမ္မာဟူသောအမည်ရှိ သ တည်း။ ထိုသူသည်တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့်စစ်ကိုတိုက် တတ်၏။ နောက်ဆုံး ကာလရောက်သောအခါ ကျွန်ုပ်တို့၏ ဘုရားသခင် သည်၊မြင်းဖြူ ကြီးစီးလျှက်၊သူ၏ဖြောင့်မတ်ခြင်းလက်နက်ဖြင့် စာတန်ကို တိုက်ခိုက်လိမ့်မည်၊စာတန်ကိုချုပ်နှောင်ပြီးအဆုံးမရှိသော တွင်းနက်နှင့်င ရဲမီးအိုင်ထဲသို့ ပစ်ချလိမ့်မည်။ မျက်စိတော်သည် မီးလျှံကဲ့သို့စြဖ်၏။ ခေါင်း တော်ပေါ်၌သရဖူများကိုဆောင်း၏။ကိုယ်တိုင်မှတစ်ပါးအဘယ်သူမျှမသိသောနှာမတော်သည်ရေးထားလျှက်ရှိ၏။ အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏ ဘုရားသခင်၏နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏ကောင်းကင် ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျှက်စင်ကြယ်သောပိတ်ချောဖြူကို ဝတ် လျှက် နောက်တော်ကိုလိုက်ကြ၏၊ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို၊ ထက် သောသံလျက်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကိုသံလှံတံနှင့် အုပ် စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည်စုံတော်မူသော ဘုရားသခင်၏ ဒေါ သမျက်တော်၏စပျစ်သီးနယ်ရာ တန်ဆာကိုဖိနင်းတော်မူမည်။ ဘုရင်တို့ ၏ ဘုရင်သခင်တို့၏သခင်ဟုဘွဲ့နာမတော်သည် အဝတ်တော်၌၄င်း၊ပေါင်း တော်၌၄င်း ရးထားလျှက်ရှိ၏။ ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိနေသည်ကိုငါမြင်၏။ သူသည်မိုဃ်းကောင်းကင်အလယ်၌ပျံ တတ်သောငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍လာကြသော၊ ရှင် ဘုရင်အသား၊ စစ်သူကြီးအသား၊သူရဲအသား၊မြင်းအသား၊မြင်းစီးသောသူအ သား အစေခံကျွန်အကြီးအငယ်အမျိုးမျိုးသောလူတို့၏အသားကို စားအံ့ သော ငှာကြီးမြတ်တော်မူသောဘုရားသခင်၏ပွဲတော်သို့စည်းဝေးကြလော့ ဟု ဟစ်ကြော်၏။ သားရဲမှစ၍လောကီရှင်ဘုရင်တို့နှင့်သူတို့၏ ဗိုလ်ခြေ များတို့သည်၊ မြင်းစီးတော်မူသောသူနှင့်ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ မည်။ ဝေးကြသည်ကိုငါမြင်၏။သားရဲကိုဖမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍သူ၏ရုပ်တုကိုကိုးကွယ်ကြသောသူတို့ကိုလှည့်ဖျား၍ သား ရဲရှေ့၌နိမိတ်များကိုမြတတ်သော မိစ္ဆာပရောဖက်ကိုလည်း၊ဘမ်းမိကြ၏။ အသက်ရှင်လျက်ရှိသောထိုသူနှစ်ဦးကို ကန့်နှင့်လောင်းသောမီးအိုင်ထဲသို့ ချပစ်ကြ၏။ကင်းသောသူတို့သည်၊မြင်းစီးတော်မူသောသူ၏ခံတွင်းတော်ထဲ က ထွက်သောသန်လျက်နှင့် ကွက်မျက်ခြင်းခံရကြ၏။ သူတို့၏အသားကို ငှက်အ ပေါင်းတို့သည်သွားစာရကြ၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ်(၁)ထို့နောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသောသူ အများတို့၏အသံကြီးကား ဟာလေလုယငါတို့ဘုရားသခင်၏ ကယ်တင် တော်မူခြင်း ချမ်းသာဘုန်းအသရေ တန်ခိုးတော်ပေတည်း။
သိုးသူငယ်နှင့်အတူ မင်္ဂလာဆောင်ပွဲဝင်ရမည့်နေ့ နီးကပ်လာပြီး ဖြစ်သည့်အလျောက်သန့်ရှင်းသူတို့သည် ဘုရားသခင်အားချီးမွမ်းနေကြ ကြောင်းကို ဤကျမ်းပိုဒ်ကဖော်ပြပါသည်။ ကျွန်ုပ်တို့ အရှင်ဘုရားသခင်က သန့်ရှင်းသူတို့အားသူတို့၏ကယ်တင်ခြင်းနှင့်ဂုဏ်ကျက်သရေတော်ကို ပေး အပ်ပြီးဖြစ်သည်။ ထို့ကြောင့်သူတို့အဖို့ အကောင်းဆုံးအကြောင်းပြချက်အ ဖြစ် ဘုရားရှင်အားချီးမွမ်းကြလိမ့်မည်။ ထို့ကြောင့် လေထဲရှိ ချီဆောင်ခြင်း ခံရပြီးသောသန့်ရှင်းသူတို့သည် သူတို့၏အပြစ်များအားလုံးနှင့် သူတို့၏ ရှောင်လွှဲ၍မရနိုင်သော အပြစ်ဒဏ်စီရင်ခြင်းမှကယ်တင်တေယ်မူသော ဘု ရားရှင်၏ ကြီးမားသည့်ကရုဏာတော်ကို အဆက်မပြတ်ချီးမွမ်းကြလိမ့် မည်။
ဟာလေလုယာ (သို့မဟုတ်)ဟာလေလုယဟူသော စကားလုံး သည် ဟေဗြဲဘာသာဖြစ်ပြီး ဟာလလ် ဟူသော ချီးမွမ်းခြင်းစကားလုံးနှင့် ယာ (jah)ဟူသော ယေဟိုဗါတို့ပေါင်းစပ်ထားသော စကားလုံးဖြစ်ကာ အဓိပ္ပါယ်မှာယေဟောဝေါချီးမွမ်းသည်ဟူ၍ဖြစ်ပါသည်။ သီးခြားအဓိပ္ပါယ် အနေဖြင့်ဓမ္မပေါင်းရှိ ဆာလံ (၁၁၃ မှ ၁၁၈ထိ) မှာ (Hallel of Egypt) ဖြစ်ပြီး၊ ဆာလံ (၁၄၆-၁၅၀) မှာ (Psalm of Hallel) ဖြစ်သည်။
ဤ (Psalm of Hallel)မှာသီချင်းဖြစ်ပြီး ယုဒလူတို့၏ဝမ်း မြောက် ခြင်းနှင့်ဝမ်းနည်းခြင်းကို ပေါင်းစပ်ထားပြီး သူတို့အား ဝမ်းနည်းခြင်းနှင့် ဘေးဒုက္ခခံစားရခြင်းအချိန်မျိုး၌ ပေးအပ်ထားသောခွန်အားဖြစ်သည်။ ထို့ အပြင် ကယ်တင်ခြင်းခံရသော အချိန်များနှင့် အောင်ပွဲခံသောအချိန်များ၌ သီဆိုကြသောဝမ်းမြောက်ဘွယ်သီချင်းဖြစ်သည်။ ဤသီချင်းကို ဟာလေ လုယချီးမွမ်းခြင်းအဖြစ် မည်သည့်အချိန်တွင်မဆို သီဆိုနိုင်ပြီးဘုရားရှင်အ တွက်သာဖြစ်သည်။ အကြောင်းရင်းမှာဘုရားသခင်၏ တရားစီရင်ခြင်း တည်းဟူသော ဤကမ္ဘာသို့ ပေးဆပ်ထားသောကပ်ရောဂါဘေးများသည် မှန်ကန်ပြီးဖြောင့်မတ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းတန်ခိုးတော်နှင့် ဂုဏ်ကျက်သရေတော်တို့သည် ဘုရားတစ် ဦးတည်းကသာ ပိုင်သောကြောင့်ဖြစ်သည်။ 
အခန်းငယ် (၂) စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့် မတ်ကြ၏။ မိမိမတရားသော မေထုန်အရာအားဖြင့် မြေကြီးကိုပုပ်ပျက်စေ သော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီး ကိုယ်တော်ကျွန်တို့၏ အသွေးကိုသူ၏လက်ဖြင့် သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော် မူပြီဟု ပြောဆိုကြသည်ကိုငါကြား၏။
ဘုရားသခင်သည် သန့်ရှင်းသူများအတွက် ကလဲ့စားချေသည့်အ နေဖြင့်ကမ္ဘာပေါ်ရှိဘာသာရေးသမားများအပေါ်ဖလားခုနှစ်လုံး၏ကပ် ရော ဂါဘေးများသွန်းလောင်းပြီးမယုံကြည်သူများအတွက်မူ စစ်မှန်ပြီးဖြောင့် မတ်သောဘုရားသခင်၏တရားစီရင်ခြင်းကို ချမှတ်လိမ့်မည်။ အဘယ် ကြောင့်ဆိုသော် ဤကမ္ဘာ၏ဘာသာရေးသမားများတို့သည် အပြစ်မရှိဘဲ ဖြောင့်မတ်သော ဘုရားသခင်၏အစေခံကျွန်များကို သတ်ဖြတ်သော ကြောင့် အပြန်အလှန်အားဖြင့် သူတို့အားဘုရားရှင်မှ ထာဝရသေခြင်းသို့ ပြစ်ဒဏ်စီရင်ထိုက်ပေသည်။
ဘုရားသခင်၏ အစေခံကျွန်တို့သည် လောကီဘာသာရေးသမား များ၏ သတ်ဖြတ်မှုခံထိုက်အောင် ဤကမ္ဘာမြေပေါ်၌ တစ်စုံတစ်ခုပြုလုပ် ဘူးပါသလား။ ဤကမ္ဘာရှိ ဘာသာရေးသမားအားလုံးသည် ဘုရားသခင်၏ သားသမီးများကို သတ်ဖြတ်ရန်ကြံစည်သောအမှု၌ ညီညွတ်နေကြစေကာ မူအကြောင်းမဟုတ်ပါ။ ဖြောင့်မတ်သောဘုရားသခင်က ကြေငြာခဲ့သည့် အတိုင်း ဖလားခုနှစ်လုံးကပ်ရောဂါဘေးများကို သွန်းလောင်းခြင်းမှာတရား မျှတပါသည်။
အခန်းငယ် (၃) တဖန် ကုံဟာလေလုယဟူ၍လည်းကောင်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည် ဟူ၍လည်းကောင်း၊ ပြောဆို ကြ၏။
သန့်ရှင်းသူတို့သည် လေထုထဲ၌ ဘုရားသခင်ကို ချီးမွမ်းနေကြ သည်။ အဘယ်ကြောင့်ဆိုသော်ခရစ်တော်နှင့် သူတို့လက်ထပ်ထိမ်းမြားရ မည့်နေ့ရက်သည် နီးကပ်လာပြီဖြစ်သည်။
“သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်၏” ဤကျမ်းပိုဒ်သည် ဘုရားသခင်သွန်းလောင်းသောဖလားခုနှစ်လုံး၏ ကပ်ရောဂါဘေးများ ကြောင့် ကမ္ဘာကြီးအဖျက်ဆီးခံရပြီးလောင်ကျွမ်းရာမှ မီးခိုးများတက်လာ ခြင်းကိုရည်ညွှန်းပါသည်။ ဤကမ္ဘာကြီးသည် သူ၏အပျက်အစီးများကြားမှ ပြန်လည်နာလံထူနိုင်မည်ကြောင်းရည်ညွှန်းပါသည်။ အဘယ်ကြောင့် ဆို သော် ၄င်း၏ဖျက်ဆီးခံရမှုသည် ပြင်းထန်ပြီးထာဝရဖြစ်လိမ့်မည်။
အခန်းငယ် (၄)အသက်ကြီးသူနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေး ပါးတို့သည် ပြပ်ဝပ်၍ ပလ္လင်ပေါ်မှာထိုင်နေတော်မူသော ဘုရားသခင်ကိုကိုး ကွယ်လျက် အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
သန့်ရှင်းသူများနှင့်သခင်ယေရှုတို့ လက်ထပ်ထိမ်းမြားမည့် မင်္ဂ လာဆောင်ပွဲ နီးကပ်လာပြီဆိုခြင်းမှာ မည်မျှလောက်ကျက်သရေရှိသော အဖြစ်အပျက်ဖြစ်ပါသနည်း။ ကောင်းကင်ရှိအသက်ကြီးသူ နှစ်ဆယ့်လေး ပါးနှင့်သတ္တဝါလေးပါးတို့ကလည်း သူ၏ပလ္လင်ပေါ်၌ စံမြန်းနေတော်မူသော ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ကိုးကွယ်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အစေခံကျွန်များကဘုရားသခင်ကို လေထုထဲ၌ ချီးမွမ်းရ ခြင်းဖြစ်သည်။
အခန်းငယ် (၅) ပလ္လင်ပေါ်ကထွက်သောအသံကား၊ ဘုရားသခင် ၏ ကျွန်အပေါင်းတို့နှင့်ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ် အပေါင်းတို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းကြလော့ဟုဆိုသတည်း။
အဘယ်ကြောင့်ဆိုသော်သခင်ဘုရား၌ယုံကြည်ခြင်းအားဖြင့်ကယ် တင်ခံရပြီးသော သန့်ရှင်းသူများနှင့်သူ၏ အစေခံကျွန်များအတွက် သန့်ရှင်း သူများနှင့် သိုးသူငယ်မင်္ဂလာဆောင်ပွဲသည် မည်မျှလောက် ပျော်ရွှင်စရာ ကောင်းမည်နည်း။ နှုတ်ဖြင့်ဖော်ပြခြင်းသည်မစွမ်းသာပေ။ ပလ္လင်ပေါ်မှ အ သံတော်ကလည်း သူတို့အားလုံးက ဘုရားသခင်ဂုဏ်တော်အား ချီးမွမ်းကြ ရန်အမိန့်ပေးလျက်ရှိသည်။ ဘုရားသခင်၏အစေခံကျွန်များနှင့်သူ၏သန့် ရှင်းသူအားလုံးတို့၏ သခင်ဘုရားအား ဝမ်းမြောက်ဝမ်းသာဖြင့် ချီးမွမ်းရန် အချိန် ယခုရောက်ရှိလာပြီဖြစ်သည်။
အခန်းငယ် (၆) တဖန်ကုံဟာလေလုယ အနန္တတန်ခိုးနှင့်ပြည့်စုံ တော်မူသော ထာဝရအရှင် ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။
သခင်ဘုရား၏ စိုးမိုးအုပ်ချုပ်သောအချိန်အခါသည် နီးကပ်လာပြီး ဖြစ်သည့်အတိုင်းသူ၏အစေခံကျွန်များနှင့်သန့်ရှင်းသူများအဖို့ ထာဝရပျော် ရွှင်မှု ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ကောင်းချီးတို့သည် မြစ်ရေကဲ့သို့ စီးလာသည်ကို လက်ခံရမည့်အချိန်ကာလရောက်ပြီဖြစ်ကြောင်း ဤကျမ်း ပိုဒ်က ကျွန်ုပ်တို့အားပြောပြပါသည်။ ဤသည်မှာ သူတို့ဘုရားသခင်ကို ချီး မွမ်းကြခြင်း အကြောင်းရင်းဖြစ်သည်။ သန့်ရှင်းသူတို့သည် ကပ်ရောဂါဘေး ကြီးများ ဆက်လက်ဖြစ်ပွားနေသည့်တိုင်အောင် ဘုရားသခင်အား လေထု ထဲမှချီးမွမ်းလျက်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သခင်ဘုရားအုပ်စိုး မည့် အချိန်ကာလစေ့ရောက်လာပြီဖြစ်သည်။ ဆိုလိုသည်မှာ ဤအချိန် သည် ဘုရားသခင်အဖို့ သူ၏သန့်ရှင်းသူများကို ဂုဏ်တော်ဝင်စား စေဖို့အ ချိန်ရောက်လာပြီဖြစ်သည်။ ၄င်းအချိန်၌ ချီးမွမ်းသော သန့်ရှင်းသူတို့၏ ချီး မွမ်းသံသည် မိုးချိန်းသံနှင့်ရေများစီးသံကဲ့သို့ဖြစ်သည်။ထို့ကြောင့် သခင်ဘု ရားနိုင်ငံတော်၏မင်္ဂလာဆောင်ညစာစားပွဲသည်သန့်ရှင်းသူများ၏ လှပ သော ချီးမွမ်းသံဖြင့်စတင်သည်။ 
အခန်းငယ် (၇) ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ ဂုဏ် တော်ကိုချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား သိုးသူငယ်မင်္ဂလာဆောင်ပွဲ ကို ခံချိန်ရှိပြီး သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီဟု စည်းဝေးသော သူများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။
ယခုအခါ ဘုရားသခင်ကျရောက်စေသော ဖလားခုနှစ်လုံး၏ကပ်ရောဂါ ဘေးများပြီးဆုံးတော့မည်ဖြစ်သည်။ ဤကျမ်းပိုဒ်က သန့်ရှင်းသူများ၏ ဝမ်း မြောက်ခြင်းနှင့်ပျော်ရွှင်ခြင်းကာလ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုပြောပြနေပါသည်။ သန့်ရှင်းသူတို့သည် ရွှင်လန်းလျက်၊ ဝမ်း မြောက်လျက်ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့အဖို့ကျွန်ုပ်တို့ အရှင်သခင်နှင့် လက်ထပ်ရသောနေ့ရက်သည် ရောက်ရှိလာပြီးဖြစ်သည့် အပြင် သူ၏နိုင်ငံတော်၌လည်း စိုးစံကြရတော့မည်ဖြစ်သည်။ သခင်ဘုရား သည်သန့်ရှင်းသူများနှင့်အတူနေထိုင်ရန်အတွက် သူ၏ကောင်ကင်သစ်နှင့် မြေကြီးသစ်ကို၄င်း၊ သန့်ရှင်းသောမြို့တော်နှင့်ဥယျာဉ်တို့ကို၄င်း၊ သူ၏ဂုဏ် ကျက်သရေတော်များနှင့် ကြွယ်ဝခြင်းတို့ကို၄င်း၊ ပြင်ဆင်တင်ထား လျှက် သူကိုယ်တိုင်စောင့်စားလျက်ရှိနေပြီဖြစ်သည်။ဤ အချိန်နှင့်အခြေအနေမှစ ၍သန့်ရှင်းသူများသည် သခင်ဘုရားနှင့်အတူ ထာဝရအုပ်စိုးလိမ့်မည်။
အခန်းငယ်(၈)ထိုမိန်းမသည်စင်ကြယ်ပြောင်လက်သောပိတ် ချော ကို ဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ်ချောမူကား သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း။
သခင်ဘုရားသည် သန့်ရှင်းသူတို့အား စင်ကြယ်ပြောင်လက်သော ပိတ်ချောကို သူတို့၏ဝတ်လုံသစ် အဖြစ်ပေးတော်မူ၏။ သခင်ဘုရားကို အစေခံသောသူမှန်သမျှသည်ထိုဝတ်လုံကိုဝတ်ဆင်ကြ၏။တခြားနည်းဖြင့်ပြောရလျှင်၊ ဘုရားသခင်သည်သန့်ရှင်းသူတို့အားကောင်းကင်ဝတ်လုံဖြင့် ဆင်မြန်းပေး၏။ဤကောင်းကင်ဝတ်လုံဖြစ်သောပိတ်ချောထည်သည် ချွေး များဖြင့်စိုစွတ်မနေပါ။ဤနေရာကကျွန်ုပ်တို့အားပြောပြသည်မှာ၊သိုးငယ်၏ သတိုးသမီးအဖြစ်ကျွန်ုပ်တို့ရောက်ရှိလာနိုင်ခြင်းမှာ ကျွန်ုပ်တို့၏ကြိုးပမ်းမူ နှင့်ပေးဆပ်မှုကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်ပေးထားသောရေနှင့် ဝိညာဉ် ဆိုင်ရာ သတင်းကောင်းအပေါ်ထားရှိသော ကျွန်ုပ်တို့၏ယုံကြည်ခြင်း ကြောင့်သာဖြစ်သည်။
ဤဝတ်လုံသည် အန္တီခရစ်၏ကြက်သွေးရောင်နှင့် ခရမ်းရောင်ဝတ် လုံတို့ဖြင့် ထူးထူးခြားခြားနှိုင်းယှဉ်လျှင် သီးခြားကွဲပြား ခြားနားလျှက်ရှိပြီး ဤပိတ်ချောသည် အဖိုးထိုက်တန်သော ပိတ်ချောဖြစ်ပြီး ယစ်ပရောဟိတ် များဘုရင်များ၏ဝတ်လုံအတွက် အသုံးပြုလေ့ရှိသော ပိတ်ချောမျိုးဖြစ် သည်။ ဤဝတ်လုံသည် ချွေးနှင့်ကင်းစင်လျက်ရှိသော အဖြူရောင်ဖြစ်၏။ ဤပိတ်ချောထည်က ဘုရားသခင်၏ကရုဏာတော်ဖြင့် ရစ်ပတ်ခြင်းနှင့် ဘုရားရှင်၏ဖြောင့်မတ်ခြင်းသည် ယခုအခါ သူ၏လူများအတွက် ဖြစ်လာ ပြီတိုခြင်းကို ပြသသည်။
“ထိုပိတ်ချောမူကားသန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း” ဟူသောကျမ်းပိုဒ်အားဖြင့်ဘုရားသခင်၏ကရုဏာတော်အားဖြင့် ကယ်တင် ခံရပြီး သန့်ရှင်းသူများဖြစ်လာကြသူတို့က အန္တီခရစ်နှင့်သူ၏အပေါင်းပါ တို့၏ရန်ကို သူတို့၏ယုံကြည်ခြင်းဖြင့် ကာကွယ်လျှက်ခံစားရသော သူတို့ ၏မာတုရဖြစ်ရခြင်းဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းခြင်းကို ဖော်ပြ ထားပါသည်။ 
“ဖြောင့်မတ်သူတို့၏လုပ်ရပ်”ဟူသော ကျမ်းပိုဒ်သည် တခြားနည်း ဖြင့်ပြောရလျှင်ဖြောင့်မတ်ခြင်း ဥပဒေသဟု ရည်ညွှန်းခြင်း မဟုတ်ပါ။ သို့ သော်ဖြောင့်မတ်သူများကသူတို့၏ယုံကြည်ချက်ကိုကာကွယ်သည်မာတုရခံရခြင်းဖြစ်သည်။ ထိုနည်းတူ နောက်ဆုံးသော ကာလ၌ ခရစ်တော်၏သ တို့သမီးအားလုံးတို့သည် သူတို့၏သီလဖြစ်သော သူတို့၏သခင်ဘုရား၌ ယုံ ကြည်ခြင်းကို ကာကွယ်သောမာတုရများဖြစ်ကြသည်။ သူတို့သည် ဤ ကမ္ဘာ၌ရှိနေကြစဉ် အန္တီခရစ်နှင့်သူ၏နောက်လိုက်များကို ဆန့်ကျင်လျှက် တိုက်ခိုက်သူများ ဖြစ်ကြသည်။
မာတုရခြင်း၏ယုံကြည်ချက်အတွက်ပြင်ဆင်ရန်သန့်ရှင်းသူအားလုံးတို့သည် ဘေးဒဏ်ကြီးကာလ၏ပထမသုံးနှစ် ခွဲကာလအတွင်းအား ဖြတ်ထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သုံးနှစ်ခွဲကာလ လွန် မြောက်သော သူတို့သည်တကယ်ပင်မာတုရ များဖြစ်လာကြလိမ့်မည်။
အခန်းငယ် (၉) ကောင်းကင်တမန်ကလည်း ထိုသူငယ်၏မင်္ဂလာ ဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေး ထားလော့ဟူ၍၄င်း၊ဤစကားသည်ဘုရားထခင်၏ နှုတ်တော်ထွက်စစ်စစ် ဖြစ်၏ဟူ၍၄င်း၊ ငါအားပြောဆို၏။
ဤကမ္ဘာပေါ်တွင် ဘုရားသခင်၏ကပ်ရောဂါဘေးများကျရောက်မှု ပြီးဆုံးသောအခါ၊သခင်ဘုရားသည် သန့်ရှင်းသူအားလုံးတို့အား သိုးသူငယ် မင်္ဂလာဆောင်ညစာစားပွဲသို့ ဖိတ်ကြားလိမ့်မည်ဖြစ်သည်။ (ဘုရားသခင် တည်ဆောက်ပြီး စိုးစံသည့်နိုင်ငံတော်)ထို့နောက် သူတို့အားခရစ်တော်၏ နိုင်ငံတော်တွင်နေထိုင်ခွင့်ပြုလိမ့်မည်။ သိုးသူငယ် မင်္ဂလာဆောင်ညစာစား ပွဲသို့ဖိတ်ကြားခံရသူများမှာ ကောင်းချီး ခံစားရသူများဖြစ်ကြသည်။ကျွန်ုပ် တို့၏ဘုရားသခင်ကသူသည်၊ဤကတိတော်နှုတ်ထွက်စကားများအတိုင်း ပြည်စုံစေရန်ပျက်ကွက်လိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ကိုပြောထားပါ သည်။နောက်ဆုံး၌သန့်ရှင်းသူများက သခင်ဘုရားကိုလက်ထပ်ကြသော အခါ ထိုနေ့သည် ဆိုက်ရောက်လာလိမ့််မည်။ကျွန်ုပ်တို့၏သခင်ဘုရားသည် ဤကမ္ဘာသို့ပြန်လာပြီးရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်း ကိုထုံကြည် ခြင်းအားဖြင့် သူတို့၏အပြစ်များအားလုံးမှကင်းစင်ပြီးဖြစ်ကြသော သူ၏ သတို့သမီးများကိုဆောင်ယူရန် ပြန်လာလိမ့်မည်။ထို့နောက်သခင်ဘုရား သည် သူ၏သတိုးသမီးများနှင့်သူ၏နိုင်ငံတော်၌ အစဉ်ထာဝရနှင့်ထာဝရ နေထိုင်လိမ့်မည်။
ခရစ်တော်ကသူတို့အား ချီဆောင်ပြီးသောအခါ သန့်ရှင်းသူများနှင့် သခင်ဘုရားတို့ညီညွတ်ခြင်းသည် ပြည်စုံလိမ့်မည်။ယင်းအချိန်မှာပင်သူတို့ သည်မဆုံးနိုင်သောဂုဏ်ကျက်သရေတော်နှင့်ဆုလ္လာ်များကို နှစ်တစ်ထောင် အုပ်စိုးခြင်းအတွင်း၌ခံနေစဉ်လက်ခံရရှိကြလိမ့်မည်။ဟာလေယုက ကျွန်ုပ် တို့အားသူ့လူများဖြစ်စေသော ဘုရားရှင်ကိုကျေးဖူးတင်လျှက်ချီးမွမ်းပါ သည်။
 
အခန်းငယ် (၁၀) ငါသည်ထိုသူတို့ကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင် ၌ပြာဝပ်၏။ သူကလည်းမပြုပါနှင့်ငါကားသင်၏ လုပ်ဖော်ဆောင်သက်ဖြစ် ၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့ ၏လုပ်ဖော်ဆောင်သက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အ ကြောင်းမူကား ပရောဖက်ဟောသော စကားချက်သဘောသည်၊ယေရှု၏ သက်သော ဖြစ်သတည်းဟု ငါအားပြောဆို၏။
သန့်ရှင်းသူတို့သည်။ဤဘုရားသခင်အားချီးမွမ်းခြင်းအားလုံးကို သခင်ဘုရားကိုသာပေးအပ်ရမည်။ သန့်ရှင်းသူများထံမှ ဝတ်ပြုကိုးကွယ် ခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းလက်ခံရရှိသူမှ သုံးပါးတစ်ဆူဘုရားရှင်တစ် ပါးတည်းသာဖြစ်သည်။
“ယေရှု၏သက်သေခံချက်သည်ပရောဖက်ဟောသောစကားချက်” ဟူသောစာပိုဒ်သည် ယေရှုခရစ်၏သက်သေခံချက်နှင့် ပရောဖက် ပြုချက် များသည် သန့်ရှင်းသောဝိညာဉ်တော်မှတဆင့်လာ၏။
အခန်းငယ် (၁၁) ထိုအခါကောင်းကင်ဘုံဖွင့်လှစ်လျှက်ရှိသည်ကိုငါ မြင်လျှင် မြင်ဖြူရှိ၏။မြင်းစီးသောသူသည် သစ္စာဟူသောအမည်၊ သမ္မာ ဟူသော အမည်ရှိသတည်း။
ထိုသူသည်တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့်စစ်ကိုတိုက် တတ်၏။ နောက်ဆုံးကာလရောက်သောအခါ ကျွန်ုပ်တို့၏ ဘုရားသခင် သည် မြင်းဖြူကြီးစီးလျှက်၊ သူ၏ဖြောင့်မတ်ခြင်းလက်နက်ဖြင့် စာတန်ကို တိုက်ခိုက်လိမ့်မည်၊စာတန်ကိုချုပ်နှောင်ပြီးအဆုံးမရှိသော တွင်းနက်နှင့်င ရဲမီးအိုင်ထဲသို့ ပစ်ချလိမ့်မည်။
ဤနေရာတွင်ယေရှုခရစ်တော်၏အမည်သည်၊“သစ္စာ”နှင့် “သမ္မာ” တို့ဖြစ်ကြသည်။“သစ္စာ”ဟူသောစကား၏အနက်အဓိပ္ပါယ် ဖြစ်ပြီး၊ “သမ္မာ” ဟူသောစကားလုံးမှာ၊မှားယွင်းမှုကင်းစင်ခြင်းဖြစ်သည်၊ ခရစ်တော်သည် အန္တီခရစ်ကိုဘုရားသခင်၏ဖြောင့်မတ်သောတရားစီရင်ခြင်းဖြင့် အနိုင်ယူ လိမ့်မည်။
အခန်းငယ် (၁၂) မျက်စိတော်သည် မီးလျှံကဲ့သို့စြဖ်၏။ ခေါင်း တော်ပေါ်၌သရဖူများကိုဆောင်း၏။ကိုယ်တိုင်မှတစ်ပါးအဘယ်သူမျှမသိသောနှာမတော်သည် ရေးထားလျှက်ရှိ၏။
ဘုရားသခင်၏မျက်စိတော်သည် “မီးလျှံကဲ့သို့ဖြစ်၏” ဤကျမ်းပိုဒ် ကကျွန်ုပ်တို့အားပြောသည်မှာသူ့တွင်အားလုံးကိုတရားစီရင်ပိုင်သောအခွင့် အာဏာရှိသည်။ “ခေါင်းတော်ပေါ်၌သရဖူများကိုဆောင်၏” ဟူသော ကျမ်းပိုဒ်မှာ အခြားနည်းအားဖြင့်ပြောရလျှင် ကျွန်ုပ်တို့၏သခင်ဘုရားသည် စာတန်အပေါ်အမြဲအောင်ပွဲခံခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည်အ လုံးစုံသိတော်မူသောဘုရား၊ အနန္တတန်ခိုးနှင့်ပြည့်ဝတော်မူသောဘုရား ဖြစ်သောကြောင့်ဖြစ်သည်။
အခန်းငယ် (၁၃) အသွေး၌နှစ်ပြီးသောအဝတ်ကိုဝတ်၏ ဘုရားသ ခင်၏နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏။
သခင်ဘုရားသည် သန့်ရှင်းသူတို့၏ ရန်သူများကိုဂလဲ့စားချေ လိမ့်မည်။ သူ၏ရန်သူများကို သူ၏ရက်စက်သော အမျက်ဒေါသဖြင့် တရား စီရင်လိမ့်မည်။ဤဘုရားသည်၊သခင်ယေရှုကိုယ်တော်တိုင်ဖြစ်သည်။ သူ၏ နှုတ်တော်တွင်ထွက်စကားဖြင့်သူကိုယ်တိုင်ကတိပေးခဲ့သည့်အတိုင်း၊ကျွန်ုပ် တို့၏ဘုရားသခင်သည် အမှန်တကယ်ပင်လူ၏သွေးသားအဖြစ်ခံယူလျက် ဤကမ္ဘာသို့ရောက်လာခဲ့ပြီး၊တစ်ကမ္ဘာလုံး၏ အပြစ်အားလုံးကိုခံယူလျှက် ယောဟန်ထံရေနှစ်ခြင်းခံယူခဲ့သည်။ သူတို့အားလုံးကို လက်ဝါးကပ်တိုင်သို့ သယ်ဆောင်သွားသည်။ လူသားအားလုံး၏အပြစ်များကို ပျောက်ကွယ် သွားစေသည်။
“အသွေး၌နှစ်ပြီးသောအဝတ်ကိုဝတ်ခြင်း” ဤအသွေးသည် ခရစ် တော်၏ဇာတိအသွေးကိုမရည်ညွှန်းပါ။ ဤသွေးမှာရန်သူ၏ သွေးကိုရည် ညွှန်းပြီး သခင်ဘုရား၏ဝတ်လုံပေါ်၌စွန်းထင်ခဲ့သည်။ ဘုရားရှင်သည်သူတို့ အပေါ်သို့ သူ၏ကြောက်မတ်ဖွယ်ရာတရားစီရင်ခြင်း၏ အမျက်ဒေါသကျ ရောက်စေပြီးသူတို့အားသူ၏ခြေထောက်တန်ခိုးတော်ဖြင့်နင်းချေလိမ့်မည်။
“ဘုရားသခင်၏နှုတ်ကပတ်တော်” ဟူသောကျမ်းပိုဒ်မှာ ယေရှု၏ အကျင့်စာရိတ္တကိုရည်ညွှန်းသည်။ အဘယ့်ကြောင့်ဆိုသော် သခင်ဘုရား သည် အရာအားလုံးကိုသူ၏တန်ခိုးပါသော နှုတ်ကပတ်တော်ဖြင့် ပြုလုပ်ခဲ့ သဖြင့် သူ၏အမည်မှာဘုရားသခင်၏နှုက်ကပတ်တော်ဟုခေါ်တွင်သည်။
အခန်းငယ် (၁၄-၁၆) ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီး လျှက်စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျှက် နောက်တော်ကိုလိုက်ကြ ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့ထက်သောသံလျက်သည် ခံတွင်းတော်ထဲ ကထွက်၏။ သူတို့ကိုသံလှံတံနှင့်အုပ်စိုးတော်မူမည်။ အနန္တတန်ခိုး နှင့်ပြည့် စုံတော်မူသောဘုရားသခင်၏ ဒေါသအမျက်တော်၏စပျစ်သီးနယ်ရာတန် ဆာကိုဖိနင်းတော်မူမည်။ ဘုရင်တို့၏ဘုရင်သခင်တို့၏ သခင်ဟုဘွဲ့နာမ တော်သည် အဝတ်တော်၌၄င်း၊ပေါင်းတော်၌၄င်း ရေးထားလျှက်ရှိ၏။
သခင်ဘုရား၏ တပ်မတော်သည် သူ၏အမှုကိုအစဉ်ထမ်းရွက် လျက်ရှိ၏။ သူ၏အမှုကိုအစဉ်ထမ်းရွက်လျက်ရှိ၏။ သူ၏ဂရုဏာဂုဏ် ကျက်သရေတော်ဖြင့် ဝတ်ဆင်ထားလျှက်ရှိ၏။ ဘုရားသခင်သည် ဤ ကမ္ဘာမြေကိုတရားစီရင်ရာ၌ သူ၏နှုတ်တော်မှ ထွက်သောစကားဖြင့်စီရင် မည်။ ကျွန်ုပ်တို့၏အရှင်က ကျွန်ုပ်တို့အားအမြဲတမ်းကတိပြုခဲ့သည်မှာ သူ၏နှုတ်တော်ထွက်စကားဖြင့်ဖြစ်ပြီး၊ ဤကတိတော်များကို သူ၏တန်ခိုး အာဏာဖြင့် အမြဲတစေပြည်စုံစေခဲ့သည်။ ကမ္ဘာကိုတရားစီရင်ပြီးစာတန် ကို ဖျက်ဆီးသူမှာယေရှုခရစ်တော်ဖြစ်သည်။ ဘုရင်တို့၏ဘုရင်၊ အရှင်တို့၏ အရှင်ဖြစ်သည်။
အခန်းငယ် (၁၇) ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာရပ် လျက်ရှိနေသည်ကိုငါမြင်၏။
ဤကမ္ဘာမြေကြီးသည် စာတန်နှင့်သူ၏အပေါင်းများနှင့်အတူ နောက်ဆုံးတွင် ယေရှုခရစ်၏ ဖျက်ဆီးခြင်း ခံရလိမ့်မည်။ ကျမ်းစာက ဤ ကမ္ဘာ၏ဖျက်စီးပုံကို ဘုရားသခင်၏ ကြီးကျယ်သော စားသောက်ပွဲကဲ့သို့ ဖေါ်ပြထားသည်။
အခန်းငယ်(၁၈)သူသည်မိုဃ်းကောင်းကင်အလယ်၌ပျံတတ်သောငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍လာကြသော၊ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊သူရဲအသား၊ မြင်းအသား၊မြင်းစီးသောသူအသား အစေခံ ကျွန်အကြီးအငယ်အမျိုးမျိုးသောလူတို့၏အသားကို စားအံ့သောငှာကြီး မြတ်တော်မူသော ဘုရားသခင်၏ပွဲတော်သို့စည်းဝေးကြလော့ဟုဟစ် ကြော်၏။
ဤစာပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာ ကမ္ဘာတစ်ဝှမ်းလုံးနှင့် အတွင်းရှိလူအားလုံးတို့အား ဘုရားသခင်၏ ကပ်ရောဂါဘေးကြီးများ ကုန် ဆုံးသောအခါသတ်ဖြတ်ကြလိမ့်မည်။ ကောင်းကင်၌ပျံသန်းနေသော ငှက် တို့သည်သူတို့ဝမ်းဗိုက်ကို ထိုအလောင်းများဖြင့် ဖြည့်တင်းကြလိမ့်မည်။ ဘုရားသခင်သည် ဖလားခုနှစ်လုံး၏ကပ်ရောဂါများကို ဤကမ္ဘာသို့သွန်း လောင်းလိမ့်မည်။ ကျွန်ုပ်တို့သခင်ကကျွန်ုပ်တို့အား “အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့” (မသဲ ၂၄း၂၈) ဟုပြောပြပါသည်။ ကမ္ဘာ၏နောက်ဆုံးနေ့တွင်ဖျက်ဆိးခြင်း၊သေခြင်းနှင့်အပြစ်သားအတွက် အ ပြစ်ဒဏ်အဖြစ်ငရဲတို့ရှိကြလိမ့်မည်။သို့သော်သန့်ရှင်းသူများအဖို့ ခရစ်တော် ၏နိုင်ငံတော် ကိုအုပ်စိုးခြင်းတည်းဟုကောင်းချီးမရှိ ရှိလိမ့်မည်။ 
အခန်းငယ် (၁၉) သားရဲမှစ၍လောကီရှင်ဘုရင်တို့နှင့်သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့်ဗိုလ်ခြေတော်ကို စစ်တိုက် ခြင်းငှါမည်။ ဝေးကြသည်ကိုငါမြင်၏။
သူတို့၏ နောက်ဆုံးကာလ၌၊ အန္တီခရစ်စာတန်၏အစေခံကျွန်းများ နှင့်သူ၏နောက်လိုက်နောက်ပါများတို့သည် ဘုရားသခင်၏ အစေခံကျွန် များနှင့် သူ၏သန့်ရှင်းသူများကို့ကိုဆန့်ကျင်ရပ်တည်ကြပြီး သူတို့ကိုအနိုင် ယူရန် ကြိုးပမ်းကြသည်။ သို့သော်ကျွန်ုပ်တို့၏ အရှင်သည်ဘုရင်တကာတို့ ၏ဘုရင်ဖြစ်သည့်အတွက် သူသည်အန္တီခရစ်နှင့် သူ၏ပရောဖက်အတုများ ကို ဖမ်းဆီးပြီးသူတို့ကို မီးလျှံအိုင်ထဲသို့ပစ်ချပြီး၊ သူတို့၏အစေခံကျွန်များ ကိုသူ၏နှုတ်ကပတ်တော်ထားဖြင့် သတ်ဖြတ်လိမ့်မည်။
အခန်းငယ် (၂၀) သားရဲကိုဖမ်းမိကြ၏။ သားရဲ၏တံဆိပ်လက် မှတ်ကိုခံ၍သူ၏ရုပ်တု ကိုကိုးကွယ်ကြသောသူတို့ကို လှည့်ဖျား၍သားရဲ ရှေ့၌နိမိတ်များကိုမြတတ်သောမိစ္ဆာပရောဖက်ကိုလည်း၊ တမ်းမိကြ၏။ အ သက်ရှင်လျက်ရှိသောထိုသူနှစ်ဦးကိုကန့်နှင့်လောင်းသောမီးအိုင်ထဲသို့ ချ ပစ်ကြ၏။
ဤနေရာ၌သားရဲမှာ အန္တီအရစ်ကိုရည်ညွှန်းပါသည်။ “မိစ္ဆာပရော ဖက်”သည် အန္တီခရစ်၏တပည့်ဖြစ်၍ နိမိတ်လက္ခဏာနှင့် သင်္ကေတများကို ပြသခြင်းဖြင့် လူတို့အားသစ္စာတရား၏နှုတ်ကပတ်တော်ဖြင့် ဝေးကွာစေ သည်။ ကျွန်ုပ်တို့ဘုရားသခင်သည်၊စာတန်သားရဲ အန္တီခရစ်၊မိစ္ဆာပရောဖက် နှင့် စာတန်၏နောက်လိုက်တည်းဟူသော ဘုရားသခင်အားဆန့်ကျင်သူ၊ သန့်ရှင်းသူတို့အားဆန့်ကျင်သူ၊ ရေနှင့်ဝိညာဉ်သတင်းကောင်းကိုဆန့်ကျင် သူတို့အား ဖျက်ဆီးလိမ့်မည်။
“ကန့်နှင့်လောင်းသောငရဲမီးအိုင်” ဆိုသည်မှာ ငရဲကိုရည်ညွှန်း ပါသည်။ ငရဲသည်အဆုံးမရှိသောတွင်းနက်နှင့်ခြားနားသည်။ အဆုံးမရှိ သောတွင်းသည် စာတန်အားယာယီချုပ်နှောင်ထားရာဖြစ်ပြီး၊ “ငရဲမီးအိုင်” ဆိုသည်မှာ သူတို့၏ထာဝရပြစ်ဒဏ်ပေးရာနေရာ ဖြစ်သည်။ ထူးခြားချက် အနေဖြင့်၊ ကန့်နှင့်ငရဲမီးသည်ကျမ်းစာထဲ၌ ဘုရားသခင်၏အပြစ်ပေးရာ လက်နက်နှင့်တရားစီရင်ရာ၌ အသုံးပြုသောတန်ဆာပလာအဖြစ် အသုံးပြု ထားပါသည်။
ဤကမ္ဘာကြီးအဖျက်ဆီးခံရပြီးနောက်ကျွန်ုပ်တို့သခင်ဘုရားသည်၊ သန့်ရှင်းသူများနှင့်အတူ ဤကမ္ဘာသို့ပြနြွ်ကလာမည်ဖြစ်ပြီး၊ ပထမဦးစွာစာ တန်နှင့်သူ၏အစေခံကျွန်များကို ဖျက်ဆီးမည်ထို့နောက် ခရစ်တော်၏ နိုင်ငံတော်ကိုစတင်ဖွင့်လှစ်လိမ့်မည်။ ထို့နောက်သန့်ရှင်းသူတို့သည် ခရစ် တော်၏နိ်ုင်ငံတော်တွင် သခင်ဘုရားနှင့်အတူ နှစ်တထောင်ကာလကျ ရောက်လာသည့်အခါအတူ စိုးစံကြလိမ့်မည်။
အခန်းငယ်(၂၁)ကြွင်းသောသူတို့သည်၊မြင်းစီးတော်မူသောသူ ၏ခံ တွင်းတော်ထဲကထွက်သောသန်လျက်နှင့်ကွက်မျက်ခြင်းခံရကြ၏။ သူတို့ ၏အသားကို ငှက်အပေါင်းတို့သည် သွားစာရကြ၏။
ဤကမ္ဘာကြီးသည် ဘခင်ဘုရား၏နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်နှင့် ဖန်ဆင်းထားခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ပင် ဘုရားသ ခင်၏ရန်သူများတို့သည်လည်း သူ၏နှုတ်တော်မှ ထွက်လာသောတရားစီ ရင်သည့်နှုတ်ကပတ်တော်ဖြင့် ဖျက်ဆီးလိမ့်မည်ဖြစ်သည်။ ထို့နောက်ခရစ် တော်၏နိုင်ငံတော်ကို ဤကမ္ဘာပေါ်တွင်တည်ထောင်လိမ့်မည်။ထို့ကြောင့် သန့်ရှင်းသူများသည် များတို့သည် ရေနှင့်ဝိညာဉ်တော်ဆိုင်ရာသတင်း ကောင်းကို ယုံကြည်လျက်၊ သူတို့၏ယုံကြည်ခြင်းဖြင့် မာတုရခံရခြင်းကို ကြိုဆိုကာ၊ စာတန်ကိုဆန့်ကျင် တိုက်ခိုက်ရင်း၊ သူတို့၏မျှော်လင့်ချက်ကို ခရစ်တော်၏နိုင်ငံတော်၌ ထားရှိ၍၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ ရမည်။