Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 19-2] ခရစ်တော်ပြန်ကြွလာမည်ဖြစ်ကြောင်းကို ဖြောင့်မတ်ခြင်းဖြင့်သာ ကျွန် (ဗျာဒိတ်ကျမ်း ၁၉း၁-၂၁)

ခရစ်တော်ပြန်ကြွလာမည်ဖြစ်ကြောင်းကို ဖြောင့်မတ်ခြင်းဖြင့်သာ ကျွန်
( ဗျာဒိတ်ကျမ်း ၁၉း၁-၂၁ )
 
ပြီးခဲ့သောအခန်းများတွင် ဘုရားသခင်သည် သူ၏ကြောက် မက်ဖွယ်ကပ်ရောဂါဘေးများကို ဤကမ္ဘာသို့မည်ကဲ့သို့ယူဆောင် လာမည် ကိုမြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ဤအခန်းတွင်၊ ကျွန်ုပ်တို့ယခုမြင်ရမည့်အရာ မှာ ခရစ်တော်နှင့်သူ၏တပ်မတော်သည်အန္တီခရစ်ကို တိုက်ခိုက်အောင်မြင် ပြီး၊ သားရဲနှင့်သူ၏အပေါင်းပါတို့ကို အရှင်လတ်လတ်ငရဲသို့ ပို့ဆောင်လိမ့် မည်။ သခင်ဘုရား၏နှုတ်တော်မှလာသောနှုတ်ကပတ်တော်လက်နက်ဖြင့် ကျန်ရှိသေးသောအန္တီခရစ်၏တပ်မတော်ကို သတ်ဖြတ်လိမ့်မည်။ ဤသို့ ဖြင့်နောက်ဆုံး၌စာတန်ကို တိုက်ခိုက်သောသူ၏စစ်ပွဲသည် နိဂုံးချုပ်သွား လိမ့်မည်။
ဤအခန်း၏အရေးကြီးသောအပိုင်းကိုအဓိကခေါင်းစဉ် (၃) ခုဖြင့် ခွဲခြားနိုင်သည်။(၁)ဤကမ္ဘာသို့ ယူဆောင်လာသောဘုရား သခင်၏ကပ် ရောဂါဘေးဖြင့် တရားစီရင်ခြင်းအတွက် သန့်ရှင်းသူများက ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းခြင်း၊ (၂) သိုးသူငယ်မင်္ဂလာ ဆောင်ညစာစားပွဲအ ကြောင်းကြေငြာခြင်း။(၃)ဘုရားသခင်သည်ယေရှုခရစ်တော်၏ စစ်တပ်နှင့် အတူဆင်းသက်လာခြင်း။
ဗျာဒိတ်ကျမ်းအားကျွန်ုပ်တို့အား ပြောပြသောအရာများအားလုံး သည်မကြာခင်ပြည်စုံလိမ့်မည် ဖြစ်ကြောင်းနှင့် အလွန်သေချာကြောင်း ကျွန်ုပ်တို့ကောင်းစွာနားလည်သဘောပေါက်ကြရပါမည်။
 
 
ဘုရားသခင်၏တရားစီရင်ခြင်း
 
ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကိုယုံကြည်ကြပြီး၊ယင်းယုံကြည်ခြင်းဖြင့် ဘုရားသခင်၏လူများဖြစ်လာကြ သူတို့သည်၊ ဤကမ္ဘာ၏ အပြစ်များအားလုံးမှ သူတို့အားကယ်တင်ခဲ့သည့်အတွက် ဘုရားသခင်အား ချီးမွမ်းကြလိမ့်မည်။ အခန်းငယ် (၃-၅) တို့ကိုလေ့လာကြပါစို့ - အခန်းငယ် (၃-၅)“တဖန်တုံဟာလေလုယဟူ၍၄င်း၊သူ၏မီးခိုးသည်ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၄င်း၊ ပြောဆိုကြ၏။ အသက်ကြီးသူနှစ်ဆယ့်လေးပါးနှင့် သတ္တဝါလေးပါးတို့သည် ပြပ်ဝပ်၍ပလ္လင်တော်ပေါ်မှာ တိုင်တော်မူသော ဘု ရားသခင်ကိုကိုးကွယ်လျှက်၊ အင်မင်၊ ဟာလေလုယဟုလျှောက်ဆိုကြ၏။ ပလ္လင်တော်ပေါ်ကထွက်သောအသံကား၊ဘုရားသခင်၏ကျွန်အပေါင်းတို့ နှင့်ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ တို့ဘုရား သခင်ကို ချီးမွမ်း ကြလော့ဟုဆိုသတည်း။”
ဟေဗြဲသြဝါဒစာ(၉း၂၇)က“လူသည်တစ်ခါတည်းသေ၍၊ထို့နောက် တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့”ဟုကျွန်ုပ်တို့အား ပြောပြပါသည်။ လူသည်ဘုရားသခင်ရှေ့တော်၌ တစ်ခါတည်းသာ တရားစီရင်ခံရမည်ဖြစ် သည်။ သို့သော် ဤတရားစီရင်ခြင်း၏တရားစီရင်ချက်သည် နောက်ဆုံး ဖြစ်ပြီး နောက်တစ်ကြိမ်မပေါ်ရ။ လူတိုင်းအတွက် တစ်ကြိမ်တည်းသော တရားစီရင်ခြင်းသည်သူ/သူမတို့၏ အပြစ်အတွက်ဖြစ်သည်။ တစ်ခြားနည်း ဖြင့်ပြောရလျှင် ဘုရားသခင်သည် အပြစ်သားများအား ထာဝရလောင် ကျွမ်းနေသော မီးလျှံထဲသို့ပစ်ချခြင်းဖြင့် သူ၏ထာဝရစီရင်ချက်ကို ပေးအပ် လိမ့်မည်။ ဤအကြောင်းကိုကျမ်းစာထဲ၌ “သူ၏မီးခိုးသည် ကမ္ဘာအဆက် ဆက်တက်သည်” ဟု ဖော်ပြထားပါသည်။
အချို့သောသူများက “သင်သည်တစ်ကြိမ်တည်းသာသေပြီး ယင်း မှာနောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်ဟု တွေးတောပြောဆိုကြပါသည်။ သို့ သော်ဤအတွေးမှာဘုရားသခင်၏အတွေးမဟုတ်ဘဲ လူ့အတွေးသက်သက် သာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်လူသည်ဘုရားသခင်၌ ယုံကြည် သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်းသည် ခန္ဓာတစ်ခုဝိညာဉ် တစ်ခုစီ အသီးသီးရှိကြပြီး သူတို့အားလုံးက ဘုရားသခင်တည်ရှိကြောင်းအ လိုအလျောက်သိရှိကြပြီး သူတို့သည် ဘုရားသခင်ရှေ့၌အနှေးနှင့်အမြန် တရားစီရင်ခြင်း ခံကြရမည်ဖြစ်သည်။ 
လူတို့အတွက် ဝိညာဉ်နယ်ပယ်တစ်ခု တည်ရှိနေသည့်အလျောက် ဘုရားသခင်သည် သူတို့မျက်စိအားဖြင့် မမြင်ရသော်လည်း တည်ရှိနေ ကြောင်းသိရှိကြသည်။ ယင်းဝိညာဉ်နယ်ပယ်သည် ထာဝရမပျက်စီးနိုင် သော ခန္ဓာကိုယ်အဖြစ်သာမြင်နိုင်သည်။ သို့သော် ထာဝရသစ္စာတရားသည် ကျွန်ုပ်တို့မျက်စိဖြင့် မမြင်နိုင်ဘဲလျက်တည်ရှိနေသည်။ ဤကမ္ဘာပေါ်ရှိ ဥစ္စာပစ္စည်းကြွယ်ဝခြင်းတည်းဟူသော ငွေကိုသာတွေးတောခြင်းနှင့် ဥစ္စာ ပစ္စည်းလောဘနောက်ကိုသာလိုက်စားခြင်းသည် လူသားတို့၏ အသက်ရှင် တည်ရှိမှုအတွက် အဓိကအကြောင်းရင်းမဖြစ်နိုင်ပါ။ 
ဤအရာ၏စစ်မှန်သောရည်ရွယ်မှာ စင်္ကြာဝဠာတစ်ခုလုံးသော ဖန်ဆင်းသောမူသောဘုရားကို သိရှိနားလည်ခြင်းနှင့် သူပေးထားသော ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်ကောင်းနားလည်ယုံကြည်ခြင်းအားဖြင့် သူ၏ ကောင်းချီးမင်္ဂလာတည်းဟူသောထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း ပင်ဖြစ်သည်။
ဘုရားသခင်ကကျွန်ုပ်တို့ကိုဘာပြောသနည်း ဆိုသည်အရာကိုသာ ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည်မဟုတ်ဘဲဤအရာကိုလည်းကျွန်ုပ် တို့ယုံကြည်ရမည်ဖြစ်သည်။ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဇာတိအတွေးတစ် ခုထဲကိုယုံကြည်ခြင်း၊ သစ္စာရှိခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာကို ငရဲ၌နိ ဂုံးမချုပ်စေသင့်ပါ။ ဤကမ္ဘာ၌ယခုကျွန်ုပ်တို့နေထိုင်စဉ်ကျွန်ုပ်တို့၏ အပြစ် များအတွက် ထာဝရဆင်းရဲ ဒုက္ခရောက်ရခြင်းနှင့် မရင်ဆိုင်ရမီကျွန်ုပ်တို့ သည်ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းတည်းဟူသော ခရစ်တော်ပေး ထားသည့်အရာကိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များ အားလုံးမှခွင့်လွှတ်ခံရမှာဖြစ်ပြီးထာဝရအသက်ကို လက်ခံရရှိမှာဖြစ်သည်။
လူတိုင်းအဖို့ ဤကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရခြင်းသည် အ လွန်တိုတောင်းလှပါသည်။ နေ့စဉ်နေထွက်ပြီးပြန်ဝင်သွားသကဲ့သို့ ကျွန်ုပ် တို့၏တိုတောင်းလှသောအသက်တာသည် အလွန်လျင်မြန်စွာဖြင့် နိဂုံး ချုပ်ရပြီး ရှည်းကလေးကဲ့သို့လည်ပတ်နေသော ကြိတ်ဆုံပေါ်တွင် လျှောက် လှမ်းရသကဲ့သို့အသီးသီးသောအဓိပ္ပါယ်မဲ့သောအသက်တာဖြစ်နေပါသည်။ အကယ်၍ သင်သည်နှစ်တစ်ရာ အသက်ရှင်ရသည့်တိုင်အောင် အကယ် စင်စစ် သင်၏အသက်တာရှည်လျားလှပါသည်ဟု သင်မပြောနိုင်ပါ။
အကယ်၍ သင်၏အသက်တာထဲမှ အရေးမပါလှသော ပုံမှန်ဖြစ် စဉ်များဖြစ်သည့်အိပ်ခြင်း၊စားခြင်း၊ ရေအိမ်သွားခြင်းနှင့် အခြားလောကီနှင့် ဆိုင်သောအရာများကို သင်၏ဘဝသက်တမ်းတစ်ခုလုံးထဲမှ နှုတ်လိုက်မည် ဆိုလျှင်စင်စစ်သင်၏အသက်တာသည် အချိန်အနည်းသာ ကျန်ရှိမည်ဖြစ် သည်။ ယခင်သင်မွေးစဉ်အချိန်မတိုင်မီကအရာများသင်နှင့် ယခင်ကဆုံ တွေ့ဘူးသောပုဂ္ဂိုလ်များစသည့်တို့ကို ပြန်မြင်ရသောအခါ သင်သည်သင် ၏ဆံပင်များသည်မဲရာမှဖြူလာသည်ကို မြင်ရမှာဖြစ်ပြီး ရုတ်တရက် ဗြုန်း ကနဲသင်၏ နောက်ဆုံးအသက်တာကို ပြန်မြင်ရမည်ဖြစ်သည်။
ကျွန်ုပ်တို့၏အသက်တာသည်သန့်ရှင်းသူများကဲ့သို့အဓိပ္ပါယ်မဲ့ သောဘဝမဖြစ်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ကျွန်ုပ်တို့ သည် ဤကမ္ဘာလောကထဲသို့မွေးဖွားလာခဲ့ကြပြီး ရေနှင့်ဝိညာဉ်အားဖြင့် ကျွန်ုပ်တို့ထံရောက်ရှိလာသောသခင်ဘုရားနှင့်ဆုံတွေ့ရကာသူ့ကိုယုံကြည် ကြသဖြင့် ကျွန်ုပ်တို့၏အပြစ်များအားလုံးမှ ခွင့်လွှတ်ခြင်းခံရသောကြောင့် ဖြစ်သည်။ကျွန်ုပ်တို့သည်မည်မျှလောက် ကံကောင်းကြပါသနည်း။ ကျေးဇူး ခံရပါသနည်း။ ကျွန်ုပ်တို့ထံသို့ရေနှင့်ဝိညာဉ်တော်အားဖြင့် ရောက်လာသ ခင်ဘုရားကြောင့်သာမဟုတ်ခဲ့လျှင် ကျွန်ုပ်တို့အားလုံးသည် ထာဝရမီးလျှံ ထဲသို့ဝင်ရောက်ပြီး ထိုဒုက္ခဆင်းရဲခြင်းများကို ခံစားကြရမည်ဖြစ်သည်။
ဤအကြောင်းကို စဉ်းစားသည့်အခါတိုင်း ဤအရာက ကျွန်ုပ်တို့ အား ခြောက်လှန့်လျှက်ရှိသည်။ ထို့နောက် ကျွန်ုပ်သည် သင်ခင်ဘုရားကို အကြိမ်ကြိမ်ကျေးဇူးတင်မိသည်။ စာတန်ကြောင့်ပေါ်ပေါက်လာသော ငရဲ သည် အလွန်ကြောက်မက်ဘွယ်ရာဌာန ဖြစ်ပြီး ခံစားရမည့်ဆင်းရ္လဲုက္ခမှာ အလွန်ကြီးမားလွန်းသဖြင့်ရင်ဆိုင်ရသူတို့အဖို့ သေရမည်ကို ပိုနှစ်သက်ကြ လိမ့်မည်။ သို့တိုင်အောင်သင်သည် ထိုကဲ့သို့လုပ်နိုင်မည်မဟုတ်ပေ။ ဤနေ ရာသည် ကန့်နှင့်မီးလျှံတို့ ထာဝရတောက်လောင်သော နေရာဖြစ်သည်။
ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်သက်ဝင်ခြင်း အားဖြင့် အပြစ်မှခွင့်လွှတ်ခြင်းခံရသူတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် က ဆုကျေးဇူးကိုပေးဆပ်သွားမှာဖြစ်ကြောင်း ကျမ်းစာကကျွန်ုပ်တို့ အား ပြောပြပါသည်။(တမန်တော်၂း၃၈)ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့၏အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းခံရသော သူ တို့၏နှလုံးသားထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ပါရှိသောသူတို့ကို ယေရှုခ ရစ်၌ ယုံကြည်ခြင်းရှိသူများဟုပြောဆိုနိုင်ပါသည်။ ထို့အပြင် ဤယုံကြည် ခြင်း မျိုးရှိသူတို့သာလျှင်ဘုရားသခင်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက် နိုင်မည်ဖြစ်သည်။(ယောဟန်၃း၅)တစ်စုံတစ်ယောက်သည်ကောင်းချီးခံစား ရသည် သို့မဟုတ်ကျိန်ခြင်းခံစားရသည်ကိုသူသည် ရေနှင့်ဝိညာဉ်သတင်း ကောင်းကိုယုံကြည်ခြင်းဖြင့်အပြစ်မှကယ်တင်ခံရခြင်း ရှိ၊မရှိအပေါ် မူတည် ၍ဆုံးဖြတ်လိမ့်မည်။
 
 
စင်ကြယ်ပြောင်လက်သော ပိတ်ချောကိုဝတ်ဆင်ခြင်း
 
မိမိတို့၏နာဂတ်ကိုထည့်သွင်းစဉ်းစားသောသူနှင့်သူတို့၏ပြဿနာ တည်းဟူသောသူတို့၏အပြစ်များမှခွင့်လွှတ်ခြင်းခံရခြင်း အကြောင်းကို အဖြေရှာလိုသူတို့သည် ဉာဏ်ပညာရှိပြီး ကောင်းချီးခံစားရသူဖြစ်သည်။ တစ်စုံတစ်ဦးသည်လောကဓံအနိမ်အမြင့်ကိုဖြတ်သန်းတွေ့ကြုံရသော ဘဝ ၌နေထိုင်ရပြီးချွတ်ယွင်းအားနည်းများနှင့် ပြည်နှက်နေသော်ငြားလည်း အ ကယ်၍သူ သို့မဟုတ် သူမသည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်း၌ ယုံကြည်ပြီး၊ အပြစ်မှခွင့်လွှတ်ခြင်းခံရလျှင်၊ သန့်ရှင်းသောဝိဘ၏ညာဉ် တော်သူ၏ နှလုံးသားသို့ဝင်ရောက်လာသောအခါ ထိုပုဂ္ဂိုလ်သည်အရာ တိုင်း၌ အလွန်အောင်မြင်သောသူအဖြစ် နေထိုင်ရလိမ့်မည်။
ဗျာဒိတ်ကျမ်း ၁၉း၄-၅ က “အသက်ကြီးသောသူနှစ်ဆယ့်လေးပါး နှင့်သတ္တဝါလေးပါးတို့သည်ပြပ်ဝပ်၍ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျှက်၊အာမင်၊ဟာလေလုယာဟုလျှောက်ဆို ကြ ၏။ ပလ္လင်တော်ပေါ်ကထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်း တို့၊ဘုရားသခင်ကိုကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ဘု ရားသခင်ကို ချီးမွမ်းကြလော့ဟုဆိုသတည်း။”
ဤနေရာတွင်ကျမ်းပိုဒ် “ကြောက်ရွံ့သောသူ”သည်၊ ယေရှုခရစ် တော်၏နှုတ်ကပတ်တော်ကိုနှလုံးသား၌လက်ခံပြီး၊ သူ၏ လမ်းပြပို့ဆောင် မူအတိုင်း နေထိုင်ရန်ဆိုလိုပါသည်။ သူတို့၏အပြစ်များမှ ခွင့်လွှတ်ခြင်းခံ ရသူသာလျှင်၊ ကောင်းကင်နိုင်ငံတော်ထဲ၌ဘုရားသခင်ကိုမြင်ရပြီး၊ ကျေးဇူး တော်ချီးမွမ်းကြလိမ့်မည်။ သို့သော်လည်းသူတို့၏အပြစ်မှ ခွင့်လွှတ်ခြင်းမခံ ရသေးသော သူတို့သည် မီးတောက်မီးလျှံနှင့် ငရဲထဲ၌ဒုက္ခဆင်းရဲခံရမှာ ဖြစ် ပြီး၊ ဘုရားသခင်ကိုကျိန်ဆဲကြလိမ့်မည်။
အခန်းငယ် ၆-၉ သို့ဆက်ကြပါစို့။ “တဖန်ဟာလေလုယာအနန္တ တန်ခိုးနှင့်ပြည်စုံတော်မူသောထာဝရအရှင်ငါတို့ဘုရားသခင်သည် စိုးစံ တော်မူ၏။ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ ဂုဏ်တော်ကိုချီးမွမ်း ကြကုန်အံ့။ အကြောင်းမူကား၊ သိုးသူငယ်၏မင်္ဂလာဆောင်ပွဲ ကိုခံချိန်ရှိပြီ။ သူ၏မိန်းမသည်ကိုယ်ကိုတန်ဆာဆင်ပြီဟု စည်းဝေးသောသူ အများ၏ အသံ၊ သမုဒ္ဒရာသံပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမ သည်စင်ကြယ်ပြောင်လက်သော ပိတ်ချောကိုဝတ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း။ ကောင်းကင်တမန်ကလည်း၊သိုးသူငယ်၏မင်္ဂလာဆောင်ပွဲသို့ခေါ်ဘိတ်ခြင်း ကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၄င်း၊ ဤစ ကား သည်ဘုရားသခင်၏နှုတ်တော်ထွက်စင်စစ်ဖြစ်၏ဟူ၍ ၄င်းငါအား ပြောဆို၏။”
ဤနေရာတွင်ရှင်ယောဟန်သည်ဘုရားသခင်၏ ဂုဏ်တော်ကို ချီး မွမ်းသောအသံကို ကြားခဲ့ရကြောင်းပြောပြပါသည်။ ကြီးမားသောလူ ထု ကြီး၏အသံ၊ သရာဟုကြီး၏အသံ၊ ပြင်းစွာသောမိုးကြိုးအသံထိုကဲ့သို့ရှင် ယောဟန်ကြားခဲ့ရကြောင်း ဖေါ်ပြထားပါသည်။ ထိုအသံတို့သည်အခြားအ သံများမဟုတ်ဘဲ၊ အပြစ်မှခွင့်လွှတ်ခြင်းခံရသောသူများ တစ်စုတစ်ဝေး တည်းနှင့်ဘုရားဂုဏ်တော်ကိုချီးမွမ်းကြသောအသံဖြစ်သည်။ဤချီးမွမ်းသံတို့သည်ပထမဦးစွာ၊အနန္တတန်ခိုးရှင်ဘုရားသခင်၏စိုးမိုးမူအောက်သို့ ဝင် ရောက်ခွင့်ရရှိသည့်အတွက်ချီးမွမ်းသောအသံဖြစ်ပြီး၊ ထိုသူတို့သည်ဘုရား ရှင်၏အုပ်စိုးမူခံယူလျှက်သူနှင့်အတူ သူ၏ဂုဏ်တော်ကိုခံစားနေထိုင်ကြ ရလိမ့်မည်။ ဤအရာအားလုံးကသန့်ရှင်းသူများကို အလွန့်အလွန်ပျော်ရွှင် ခြင်းဖြင့် ဝမ်းမြောက်ခြင်းဖြစ်စေပြီး၊သူတို့သည်ဘုရားရှင်ကို ကြီးစွာချီးမွမ်း ကြလိမ့်မည်။ထိုကြောင့်သူတို့က “ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန် အံ့။ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့ဟု အော်ဟစ်ကြ လိမ့်မည်။”
ဒုတိယအမျက်အနေဖြင့်၊ သန့်ရှင်းသူတို့သည် သူတို့၏ချီးမွမ်းသံကို “အကြောင်းမူကား၊ သိုးသူငယ်၏မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ၊ သူ၏မိန်းမ သည် ကိုယ်ကို တန်ဆာဆင်ပြီ။ ထိုမိန်းမသည်စင်ကြယ်ပြောင်လက်သော ပိတ်ချောကိုဝတ်ဆင်ရသောအခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူ တို့၏ ဖြောင့်မတ်ခြင်းဖြစ်သတည်း”ဟု ဆက်လက်အော်ဟစ်ကြလိမ့်မည်။ ဤအရာကဘာကိုဆိုလိုပါသနည်း။ ဤအရာကခရစ်တော်သည်၊ သူကတိ ပြုထားသည့်အတိုင်း လူသားတို့ထံဒုတိယအကြိမ်ပြန်ကြွလာမည်ဖြစ် ပြီး၊ သူ့အားယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်လက်ခံရရှိသူများ နှင့် လက်တပ်လျှက်၊ သူတို့နှင့်အတူထာဝရနေထိုင်လိမ့်မည်။
ထိမ်းမြား လက်ထပ်ခြင်းသည် သတို့သားနှင့်သတို့သမီးတို့ပေါင်း စည်းခြင်းဖြစ်သည်။ဤကမ္ဘာတနည်းအားဖြင့် ပြောရလျှင် ယေရှုဤကမ္ဘာ သို့ပြန်ကြွလာသောအခါ၊ သူသည် ရေနှင့်ဝိညာဉ်အားဖြင့် ဒုတိယအကြိမ် မွေးဖွားခြင်းခံရပြီးသူတို့ကိုလက်ခံလျှက်သူတို့နှင့်အတူနေလိမ့်မည်။ ဤအ ရာကဆိုလိုသည်မှာသူသည်သူ၏နှစ်တစ်ထောင်နိုင်ငံတော်ကိုထည်ထောင် ပြီး၊ကောင်းကင်နှင့်မြေကြီးသစ်တွင် သန့်ရှင်းသူများနှင့်အတူအစဉ်ထာဝရ နေထိုင်လိမ့်မည်။ သတို့သားနှင့်အတူနေထိုင်သည့် သတို့သမီးဂုဏ် ကျက် သရေသည် အလွန်ကြီးကျယ်ခမ်းနားလွန်းသဖြင့် စာဖြင့် ရေးသားဖေါ် ပြခြင်းငှါမစွမ်းသာပေ။ ဤအရာများကိုစဉ်စားခြင်းဖြင့် ကျွန်ုပ်တို့၏နှလုံး သားသည် ပျော်ရွှင်ခြင်းဖြင့်ပြည့်ဝလာသည်။
ယေရှုခရစ်တော်၏အုပ်စိုးမူဤကမ္ဘာသို့ရောက်ရှိလာသောအခါ၊ သူ၏သတို့သားသည်အလွန်အမင်း ပျော်ရွှင်လွန်းသဖြင့် စာအားဖြင့်ဖော်ပြ နိုင်စွမ်းမရှိပေ။သိုးထိန်းကောင်း၏စိုးမိုးမှုခံရသောအခါသူတို့မည်မျှလောက် ပျော်ရွှင်ကြမည်နည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်သည် အ ကြွင်းမဲ့ကောင်းမြတ်ခြင်းနှင့် ပြည့်စုံသောသတို့သမီးဖြစ်သည်။ ထို့ကြောင့် သူသည် အကြွင်းမဲ့ကောင်းမြတ်ခြင်း၊ စုံလင်ခြင်းတို့ဖြင့် အုပ်စိုးတော်မူ လိမ့်မည်။ သူသည်ကောင်းကင်နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်လိမ့်မည်။
 
 

သတင်းကောင်းတစ်ခုတည်းကသာ သင့်ကိုကောင်းကင်ဘုံအတွက် အ ရည်အချင်းပြည့်မှီစေမည်

 
လူတစ်ယောက်အတွက် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်နှင့် ကောင်းကင်ဘုံသို့ဝင်ရောက်ရန်အတွက် သူ(သို့မဟုတ်) သူမတို့သည် ယေ ရှု၏ရေနှစ်ခြင်းခံယူခြင်းနှင့်အသွေးသွန်းလောင်းခြင်း တစ်ခုတည်းကိုသာ ယုံကြည်ခြင်းရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏သခင်ဘုရား သည်အပြစ်သားအားလုံးတို့၏အပြစ်များကိုကယ်တင်ရန်အတွက်ဤကမ္ဘာ သို့လာရောက်ခဲ့ရာ၌ လူသားတို့၏အပြစ်အားလုံးကို သူ့အပေါ်တင်ယူပြီး ရှင်ယောဟန်၏ရေနှစ်ခြင်းကိုခံယူခဲ့သောကြောင့်ဖြစ်သည်။ သူ၏ရေနှစ် ခြင်းကိုခံယူပြီးနောက်ခရစ်တော်သည် ကျွန်ုပ်တို့၏ကိုယ်စား လက်ဝါးကား တိုင်၌ အသေသတ်ခြင်းခံယူခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးအတွက် ယင်းကဲ့သို့ စီရင်ချက်ခံရပြီးနောက် သေခြင်းမှပြန်လည်ထမြောက်ခဲ့သည်။ ထို့နောက်ယုံကြည်သူများအတွက် ထာဝရကယ်တင်သော အရှင်သခင် ဖြစ် လာသည်။
သခင်ဘုရားသည်ကမ္ဘာသို့ပြန်ကြွလာလိမ့်မည်ဖြစ်ပြီးယုံကြည် ခြင်းအားဖြင့် သူ၏သတို့သမီးများဖြစ်လာကြသောသူ၏လူများကို ပွေ့ဖက် လျှက်သူတို့နှင့်အတူထာဝရနေထိုင်လိမ့်မည်။ သူ၏သတို့သမီးများ ဖြစ်လာ ကြသူတို့သည် ထိုအခါသခင်ဘုရားနှင့်အတူ ကမ္ဘာသစ်၌ နေထိုင်လျှက်ရှိ ကြပြီး ဂုဏ်ကျက်သရေနှင့် ချီးမွမ်းခြင်းတို့သည်သူတို့အတွက်ကောင်းချီး ဖြစ်လိမ့်မည်။ ထို့နောက် ဘုရားသခင်၏ကယ်တင်ခြင်းခံရပြီးသော သားသ မီးတို့သည်ယေရှုခရစ်တော်ကို ချီးကျူးခြင်းဖြင့်သူ၏နာမတော်အား ထာဝရ ချီးမွမ်းကြလိမ့်မည်။ ဘုရားသခင်၏အုပ်စိုးမှုကို ခံကြရမည်ဖြစ် သောဤ သူတို့သည်ပျော်ရွှင်ဝမ်းမြောက်မှုကြောင့် သတို့သားအား သူ၏ဂုဏ်တော် ကိုချီးမွမ်းကြလိမ့်မည်။
လူသားအားလုံးတို့သည်ဖန်ဆင်းခြင်းစတင်ကတည်းကပင် အဖြစ် အပျက်စတင်စောင့်စားခဲ့ကြသည်။ ဤအဖြစ်အပျက်တို့သည် ယေရှုခ ရစ်ပြန်လည်ကြွရောက်လာသောအခါသန့်ရှင်းသောဝိညာဉ်တော်ရရှိပြီးသူများကို ချီဆောင်ပြီး သူနှင့်အတူနေထိုင်စေလိမ့်မည်။ဘုရားသခင်သည် လူ သားတို့အတွက် ကမ္ဘာသစ်ကိုပြုလုပ်ခဲ့ပြီး ယင်းကမ္ဘာသစ်ကကျွန်ုပ်တို့ကို စောင့်စားလျက်ရှိနေသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့ အသက်ရှင်နေထိုင် ရန်အတွက် ဤကမ္ဘာကြီးထဲ့သို့ မွေးဖွားလာရခြင်းဖြစ်သည်။ 
အဓိကကျမ်းပိုဒ်က ကျွန်ုပ်တို့ကိုပြောပြသည့်အတိုင်း “သူ၏မိန်း မသည် ကိုယ်ကိုတန်ဆာဆင်ပြီး စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကိုရ၏။”ဘုရားသခင်သည် ယေရှုခရစ်ကို ယုံကြည် သောသူတို့အား စင်ကြယ်ပြောင်လက်သောဝတ်လုံဖြင့်ဝတ်ဆင်စေ၏။ တ နည်းဖြင့်ပြောရလျှင်ဤနှုတ်ကပတ်တော်၌ယုံကြည်သောသူသည် အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီး သူတို့၏နှလုံးသားများသည် နှင်းကဲ့သို့ပြောင်းလဲလာ ကြလိမ့်မည်။
ဤကဲ့သို့ပင်ယေရှုခရစ်၏သတို့သမီးတို့သည်ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းဖြင့် ရှေးမဆွကပင် ကြိုတင်ပြင်ဆင်ခဲ့ကြပြီးဖြစ်သည်။ ဤ ကမ္ဘာ၌နေထိုင်စဉ် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ကြားနာခြင်း ဖြင့် ယုံကြည်ကြသူတို့သည် ယေရှုခရစ်၏သတို့သမီးကဲ့သို့ ဒုတိယအကြိမ် မွေးဖွားခြင်းခံနိုင်ကြပါသည်။ ဤယုံကြည်ချက် သင့်ကိုခရစ်တော်၏ သတို့ သမီးဖြစ်စေပြီး ဤယုံကြည်ချက်ကပင် သင့်အားကောင်းကင်ဘုံသို့ဝင် ရောက်နိုင်ခွင့်အရည်အချင်းပေးအပ်မှာဖြစ်သည်။
 
 
မျှော်လင့်ခြင်းဖြင့် စောင့်စားနေကြသူများ
 
အဓိကကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာ “သိုးသူငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။” မည်သို့သောယုံကြည်ခြင်းအမျိုးအစားကသူတို့၏အပြစ်များမှခွင့်လွှတ်ခြင်း ခံရသူတို့ကိုအသက်ရှင်စေမည်နည်း။မင်္ဂလာသတို့သားဖြစ်သောယေရှုနှင့်ဆုံတွေ့ကြသောသတို့သမီးတို့သည် ခမ်းနားထည်ဝါစွာနေထိုင်ရင်း မင်္ဂလာ သတို့သားနှင့် ပေါင်းဖက်ရမည့်နေ့ကိုယုံကြည်ခြင်း၊ မျှော်လင့်ခြင်း အသက် တာဖြင့် မျှော်လင့်စောင့်စားကြရမည်။
ကမ္ဘာကြီးသည်မှောင်သထက်မှောင်လာလင့်ကစားကယ်တင်ခြင်း ခံရပြီးသော သတို့သမီးများအတွက် မျှော်လင့်ချက်ရှိနေဆဲပင်ဖြစ်သည်။ ဤမျှော်လင့်ချက်ဆိုသည်မှာခရစ်တော်က သူ၏သတို့သမီးအတွက် ပြင် ဆင်သောကမ္ဘာသစ်နှင့်ကောင်းကင်သစ်ပေါ်လာမည့်နေ့ပင်ဖြစ်ပြီး သူသည် ပြန်လာပြီးအားလုံးကို ချီဆောင်သွားလိမ့်မည်ဖြစ်သည်။ မင်္ဂလာသတို့ သားသည်သူ၏သတို့သမီးများအားလုံးကို ရှင်ပြန်ထမြောက်စေမည်။ ထို့ နောက်သူတို့အားထာဝရအသက်ကိုပေးလိမ့်မည်။မင်္ဂလာဆောင်သတို့သား နှင့်သတို့သမီးများတို့ ထာဝရနေထိုင်ရမည့် ကမ္ဘာမှာ မကောင်းမှုနှင့်ကင်း ဝေးသောအပြစ်လုံးဝမရှိတော့သော ဘာတစ်ခုမှမချို့တဲ့သော အရပ်ဒေ သဖြစ်သည်။ မင်္ဂလာသတို့သမီးများဤနေ့ကိုသာ စောင့်မျှော်နေကြသည်။ ဤသည်မှာ ကျွန်ုပ်တို့၏အပြစ်များအားလုံးမှ ခွင့်လွှတ်ခြင်းခံရသော ကျွန်ုပ် တို့အားလုံး ယင်းကဲ့သို့သောယုံကြည်ခြင်းနှင့်မျှော်လင့်ချက်ဖြင့် အသက်ရှင် နေ ထိုင်ရမည့်အကြောင်းပင် ဖြစ်သည်။ 
ယနေ့ခေတ်ကာလတွင် နေထိုင်ကြသော သတို့သမီးများတို့သည် အထူးသဖြင့်သွေးအသားအရာ၌ ချို့ယွင်းချက်များ များစွာရှိနေကြပါသည်။ သို့သော် ကောရိန္သုဩဝါဒစာပထမဆောင် (၁၃း၁၃) က ကျွန်ုပ်တို့အား ပြောပြသည်မှာ “ယခုတွင်ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံး ပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း”ဟူ၍ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မင်္ဂလာဆောင်သ တို့သားသည် သူ၏သတို့သမီးကိုချစ်၏။သူသည် သူ၏ရေနှစ်ခြင်းခံယူခြင်း ဖြင့် သူတို့၏အပြစ်အလုံးစုံမှ စင်ကြယ်စေမည်ဖြစ်ပြီး သူတို့အားပြည့်စုံ သော သတို့သမီးအဖြစ် လက်ခံမည်ဖြစ်သည်။
ဤကမ္ဘာကြီးသည် သူ၏နောက်ဆုံးကျဆုံးခြင်းသို့ ရှေ့ရှုလျက်ရှိပြီး မျှော်လင့်ချက်တစ်စုံတစ်ရာမျှမကျန်ရှိတော့ပေ။ သို့သော် အရာရာတိုင်း သည်ပျက်စီးခြင်းသို့အစဉ် ရှေ့ရှုနေစေကာမူ မင်္ဂလာသတို့သမီးများအဖို့မှာ မူသူတို့၏အထူးမျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြရမည်။ ဤမျှော်လင့် ချက်ပြည့်စုံသောနေ့ရက်သည် ကျွန်ုပ်တို့အဖို့ ယခုအခါနီးကပ်နေပြီဖြစ် သည်။ ကမ္ဘာတစ်ဝှမ်းလုံးသည် ယခုအခါမြေငလျင်လှုပ်ခြင်းဖြင့် အစိပ်စိပ် အမွှာမွှာပြိုကွဲမည့် အန္တရာယ်နှင့်နီးကပ်လျက်ရှိသည်။ ဤကမ္ဘာပေါ်ရှိ အ ရာတိုင်းသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ရှေးခေတ်ဒိုင်နိုဆော သတ္တဝါမျိုးကဲ့သို့ ပျောက်ကွယ်သွားရမည့် နေ့ရက်များ နီးကပ်လာပြီဖြစ် သည်။ ဤကမ္ဘာကြီးသည်ရုတ်ခနဲ အလွယ်တကူပြိုကျသွားလိမ့်မည်ဖြစ် သည်။
မည်သို့ပင်ဖြစ်စေကာမူ မင်္ဂလာသတို့သမီးတိုင်းသည် မျှော်လင့် ချက်ရှိပြီး အချိန်ကာလစေ့ရောက်လာသောအခါ မင်္ဂလာသတို့သမီးများ၏ ခန္ဓာတို့သည်ပြည့်စုံသောခန္ဓာသို့ ပြောင်းလဲလာကြပြီး သူတို့၏မင်္ဂလာ ဆောင်သတို့သားဖြစ်လာမည့်သူတည်းဟူသော သခင်ဘုရားနှင့်အတူ အ စဉ်ထာဝရ နေထိုင်ကြရလိမ့်မည်။ ထို့ကြောင့် မင်္ဂလာသတို့သမီးတို့သည် ဤခေတ်ရှိလူအပေါင်းတို့ထံရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ပို၍ သစ္စာရှိစွာဖြင့် ဟောပြောကြရမည်။
 
 

ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်၌ ယုံကြည်ကြပါစို့

 
သခင်ယေရှုက ရှင်ယာဟန် ၃း၅ဖြင့် ကျွန်ုပ်တို့အားပြောပြသည်မှာ “ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား ဘုရားသခင်နိုင်ငံသို့ မဝင်ရဟုငါအမှန်အကန်ဆို၏။”ထို့နောက်ရေနှင့်ဝိညာဉ်၏ သတင်းကောင်း ဆိုသည်မှာအဘယ်နည်း။ ပထမဦးစွာကျမ်းစာက ကျွန်ုပ်တို့အားပြော သည်မှာ ရေသည်ယေရှု၏ နှစ်ခြင်းခံခြင်းကို ထင်ရှားစွာရည်ညွှန်းပါသည်။ ၄င်းအပြင်ကယ်တင်ခြင်းနှင့် ဆန့်ကျင်ဖက်ပုံစံဖြစ်သည်။
သင်ယေရှုသက်တော်(၃၀) ပြည့်သောအခါ သူသည် ဂျော်ဒန်မြစ်၌ ဣသရေလလူတို့အား နှစ်ခြင်းပေးနေသော ရှင်ယောဟတ်ထံသွားခဲ့သည်။ နှစ်ခြင်းဆရာရှင်ယောဟန်သည် လူသားတို့ကိုကိုယ်စားပြုသူနှင့် ဓမ္မ ဟောင်းကျမ်း၏နောက်ဆုံးသော ယဇ်ပရောဟိတ်ဖြစ်ကြောင်း ယေရှုက ကျွန်ုပ်တို့အားပြောပြပါသည်။ ဤယောဟန်နှင့်တွေ့ဆုံခြင်း၌ ယေရှုမည်သူ ၏နှစ်ခြင်းကိုသူ့ထံ၌ ခံယူခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအလုံး စုံကို ပြည့်စုံစေခဲ့သည် (မသဲ ၃း၁၅၊ ၁၁း၁၁-၁၄) ယေရှုခံယူသောနှစ်ခြင်းမှာ ခရစ်တော်ထံသို့ကမ္ဘာ၏အပြစ်အလုံးစုံသို့ ကျရောက်သော ထာဝရပေးဆပ် ခြင်းဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယေရှု၏လူ့ဇာတိခံယူခြင်း၊ သူ၏နှစ်ခြင်းခံယူခြင်း၊သူ၏အသွေးတော်သွန်းပြီးလက်ဝါးကားတိုင်၌ အ သေခံခြင်း၊ သူ၏ရှင်ပြန်ထမြောက်ခြင်းနှင့် သူ၏ကောင်း ကင်သို့တက်ခြင်း၊ ဤအကြောင်းအရာအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ဖြစ် သည်။ ယေရှုသည် ဤကမ္ဘာမြေသို့ရောက်ရှိလာပြီး ရေနှင့်ဝိညာဉ်တော်ဖြင့် သူ/သူမတို့၏အပြစ်များကို တစ်ကြိမ်တည်းနှင့် အားလုံးပျောက်စေသည်ကို ယုံကြည်သောသူ/သူမသည် ဖြောင့်မတ်သောသူဖြစ်လာနိုင်ပြီး အပြစ်မှ လွတ်မြောက်ကာ ခရစ်တော်၏မင်္ဂလာဆောင် သတို့သမီးဖြစ်လာနိုင် သည်။ ဤအရာသည်လူ၏တွေးတောကြံဆချက်ဖြင့် ပြည့်စုံလာနိုင်သော အရာမဟုတ်။ သို့သော် ဤအရာသည် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသောအကြံအစည်ဖြစ်သည်။
ရေ၊သွေးနှင့်သန့်ရှင်းသောဝိညာဉ်တော်တို့သည် လူသားတို့၏အ ပြစ်မှ ကယ်တင်ရန်အတွက် အခြေခံကြသော အစိပ်အပိုင်းသုံးခုဖြစ်သည်။ ထို့အပြင်ဤအရာအားလုံးအနက် မည်သည့်အခါတွင်မျှ တစ်ခုမျှချို့ယွင်း၍ မရပါ။ကျမ်းစာကဤအချက်ပေါ်တွင် တိကျပြတ်သားစွာဖြင့် ရှင်ယောဟန် သြဝါဒစာပထမစောင်တွင် အသေးစိပ်ဖော်ပြထားသည်။ ဤအခြေခံသ ဘောတရားဖြစ်သော ရေ၊ သွေးနှင့်သန့်ရှင်းသောဝိညာဉ်တော်တို့သည် အမြဲတမ်းတစ်ခုဖြစ်ပြီး အကယ်၍ တစ်ခုခုချို့တဲ့နေပါက ကျွန်ုပ်တို့၏ အ ပြစ်မှကယ်တင်ခြင်းသည် လုံးလုံးပြည့်စုံနိုင်မည်မဟုတ်သည့်အပြင် အ တည်ပြု၍ မရနိုင်ပါ။
ဤအမှန်တရားကို ကျွန်ုပ်တို့သိရှိပြီး ယုံကြည်လာသောအခါ ပြည့် စုံသောကယ်တင်ခြင်းသည် ဤရေ၊သွေးနှင့်သန့်ရှင်းသော ဝိညာဉ်တော် သုံးမျိုးကို ယုံကြည်ခြင်းဖြစ်ကြောင်းသိရှိလာမည်။ ထို့နောက် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့အားကယ်တင်သောယေရှု၏ချစ်ခြင်းမေတ္တာကို ကောင်းစွာ နားလည်သဘောပေါက်ပြီးလက်ခံလာနိုင်မည်ဖြစ်သည်။ဤသို့ဖြင့် ကျွန်ုပ် တို့၏နှလုံးသားများသည်လည်း အမှန်တကယ်ပင် အပြစ်နှင့်လုံးဝကင်းစင် လာမည်ဖြစ်သည်။ ကျမ်းစာကတမန်တော် (၂း၃၈) တွင် ဤကဲ့သို့ က တိပြုထားပါသည်။ “ပေတရုကလည်း သင်တို့၏အပြစ်ကို လွှတ်စေခြင်းငှါ နောင်တရ၍တစ်ယောက်မှမကြွင်း၊ ယေရှုခရစ်၏နာမ၌ဗတ္တိဇံကို ခံကြ လော့။ သို့ပြုလျှင်သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူး တော်ကို ခံကြရလိမ့်မည်။”
သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အားရရှိနိုင်စွမ်းသော နှုတ်ကပတ်တော်မှာမည်သည့်အရာနည်း။ ဤအရာမှာအခြားမဟုတ်ပါ။ ခရစ်တော်၏နှစ်ခြင်းခံခြင်း (ရေ)၊ ကားတိုင်၌သူ၏အသေခံခြင်း (အသွေး) နှင့် သူ၏ဘုရားဖြစ်ခြင်းတည်းဟူသော ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွ သွားခြင်း (သန့်ရှင်းသောဝိညာဉ်တော်) တည်းဟူသော နှုတ်ကပတ်တော် ပင်ဖြစ်ပါသည်။ ဤကယ်တင်ခြင်း နှုတ်ကပတ်တော်သည် မောရှေရေး သားစီရင်သောကျမ်းနှင့်ဓမ္မဟောင်းရှိအခြားပရောဖက်များက အမှန်တ ကယ် ပရောဖက်ပြုခဲ့ကြပြီးဖြစ်သည်။ ထို့နောက်ဓမ္မသစ်ကျမ်းရှိ သတင်း ကောင်း (၄) ခုက အားလုံးကိုသက်သေခံပြီး ပြည့်စုံစေခဲ့ပြီးဖြစ်ပါသည်။ ထို့အတူဟေဗြဲသြဝါဒစာ၌ အသေးစိတ်ဖော်ပြထားသော “တစ်ကြိမ်တည်း ကိုယ်စားအသေခံခြင်းဖြင့် ပြည့်စုံစေသော ထာဝရကယ်တင်ခြင်း” ပင်ဖြစ် ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြင့်လက်ခံရရှိသော ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို ထပ်ခါတလဲလဲ သက်သေခံလျက်ရှိသည်။
သို့သော်လည်းအပြစ်နှင့်ပြည့်လျှက်ရှိသောဤကမ္ဘာပေါ်ရှိ လူတိုင်း သည် ဘုရားသခင်ရှေ့၌အဆင့်မမီချို့တဲ့လျက်ရှိသော အသွေးအသားခန္ဓာ ကိုယ်ဖြင့် နေထိုင်ကြလျှက်ရှိသဖြင့်သူ/သူမတို့သည် ဘုရားသခင်ကပေး အပ်သော အပြစ်မှခွင့်လွှတ်ခြင်းကို လက်ခံရမည်ဖြစ်သည်။ ထို့နောက် သူ/သူမတို့၏တစ်ဦးချင်းအသက်တာတွင်မျှော်လင့်ချက်ကို ကောင်းကင်ဘုံ ၌ခ၏ထားရှိလျက် အသက်ရှင်နေထိုင်ကြရမည်ဖြစ်သည်။ ဤကျေးဇူး တော်ကို ကျွန်ုပ်တို့အားလုံးသည်အခမဲ့ရရှိကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ သခင်ဘုရားပြန်လာလိမ့်မည်။ သူ၏နိုင်ငံတော်တည်ထောင်လိမ့်မည်ဟူ သောနှုတ်ကပတ်တော်ကိုယုံကြည်လျှက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်အ စစ်ကို ၄င်းအပေါ်၌ထားရှိလျှက် အသက်ရှင်ကြပါစို့။ ဤမျှော်လင့်ချက်ဖြင့် ကျွန်ုပ်တို့အသက်ရှင်နေရမည်။ ဤအကြောင်းအရာသည် ကျွန်ုပ်စိတ်အား ထက်သန်စွာယုံကြည်သော အရာဖြစ်ပါသည်။
ဤကမ္ဘာတွင် အပြစ်မည်ကဲ့သို့ပျံ့နှံ့သွားသည်ကို သင်သိ ပါသလား။ နောဧ၏ရေလွှမ်းမိုးသောခေတ်နှင့်နှိုင်းယှဉ်လိက်ပါက ယနေ့ ခေတ်၏အပြစ်သည် ပို၍ပျံ့နှံ့လျှက်ရှိနေသည်။လူသားတို့၏ အတွေးအမြင် သည် အမြဲတမ်းအလွန်ဆိုးဝါးလှကြောင်းနောဧခေတ်ကာလ၌ မြင်တွေ့နိုင် ပါသည်။ ဘုရားသခင်သည်ဤပထမကမ္ဘာကြီးကို ရေလွှမ်းမိုးစေပြီး ဖျက် ဆီးရန်ဆုံးဖြတ်ခဲ့သည်။ ထို့နောက် နောဧအားသင်္ဘောကိုတည် ဆောက်ရန် ပြောခဲ့သည်။ သူ၏နှုတ်ကပတ်တော်ကို ယုံကြည်သောသူတို့သည် သင်္ဘော ထဲသို့ ဝင်ခြင်းဖြင့် ရေလွှမ်းမိုးမှုခံရခြင်းမှလွတ်မြောက်ခဲ့ကြသည်။
ဘုရားသခင်ကသူသည် ကမ္ဘာကြီးရေဖြင့် တရားစီရင်မည်ဖြစ် ကြောင်း အတိအကျပြောခဲ့သည့်တိုင်အောင် သူ၏နှုတ်ကပတ်တော်အား နောဧ၏မိသားစုရှစ်ဦးကသာ ယုံကြည်ခဲ့ကြသည်။ ထို့နောက် သူတို့သည် နှစ်တစ်ရာကျော်ကြာမျှသင်္ဘောကိုတည်ဆောက်ပြီးရေလွှမ်းမိုးမှုမှ လွတ် မြောက်ရန် အထဲသို့ဝင်ခဲ့ကြသည်။ သင်္ဘောကိုသူတို့လုပ်ပြီးသောအခါ ဘု ရားသခင်သည်ပထမကမ္ဘာထဲသို့ သူ၏တရားစီရင်ချက်ကို ချမှတ်ရန်စ တင်ခဲ့သည်။ ရုတ်တရက်မိုးကောင်းကင်သည် အမှောင်သို့ပြောင်းလဲသွား သည်။ ထို့နောက်ပြင်းထန်သောမိုး စတင်ရွာသွန်းတော့သည်။ တစ်နာရီ ခန့်အကြာတွင်းရေသည် သုံးထပ်တိုက်အမြင့်သို့ ရောက်ရှိလာတော့သည်။ မိုးသည် ရက်ပေါင်း (၄၀) ရွာခဲ့သဖြင့် ကမ္ဘာတစ်ဝှမ်းလုံးသည် ရေအောက် သို့နစ်မြုပ်သွားတော့သည်။
ကမ္ဘာသစ်ပေါ်လာလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် သင်္ဘောထဲ သို့နောဧ၏မိသားစုဝင် ရောက်ကြသကဲ့သို့ သင်နှင့်ကျွန်ုပ်တို့သည်လည်း ဤခေတ်၌မျှော်လင့်ချက်ဖြင့် အသက်ရှင်နေရမည်။ သူတို့သည် နှစ် ပေါင်းတစ်ရာကျော်ကြာမျှသင်္ဘောကိုတည်ဆောက်ကြခြင်းမှာ သူတို့သည် ဘုရားကိုယုံကြည်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း သတင်း ကောင်းကိုဇွဲရှိရှိနှင့်ဟောပြောရမည်ဟု ယုံကြည်ပါသည်။ ဘုရားသခင်က နောဧအား “သင်္ဘောကို ကိုယ်အဖို့တည်လုပ်လော” ဟု ပြောခဲ့ပါသည်။ (ကမ္ဘာ ၆း၁၄)ဤနှုတ်ကပတ်တော်က ကျွန်ုပ်တို့အား ကျွန်ုပ်တို့အဖို့ ကျွန်ုပ် တို့၏ ယုံကြည်ခြင်းကို ကာကွယ်ရမည်ဟု ပြောပြနေပါသည်။ ပထမဦးစွာ ကျွန်ုပ်တို့သည် မိမိကိုယ်ကို သခင်ဘုရားထံဆက်ကပ်ရမှာဖြစ်ပြီး ထို့ နောက် သတင်းကောင်းကို ဟောပြောရမည်ဖြစ်သည်။
ဒုတိယအကြိမ်မွေးဖွားခြင်းခံရသူများအဖို့ မျှော်လင့်ချက်ရှိသော် ငြားလည်း သတင်းကောင်းကိုမယုံကြည်သူများအဖို့မူ မျှော်လင့်ချက်မရှိပါ။ သတင်းကောင်းကိုမယုံကြည်သောဤလူများအဖို့ မျှော်လင့်ချက်ပျက်သုဉ်း ခြင်း ရှိနေပါသည်။ လူအပေါင်းတို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ရန် ဂရုမစိုက်ဘဲရှိနေကြစေကာမူ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းဖြင့် သူတို့အပေါ်ဆက်လက်၍ ဟောပြောနေရ မည်ဖြစ်သည်။ လက်ရှိခေတ်သည်လူတို့အနေဖြင့်ဤစစ်မှန်သောသတင်းကောင်းကိုအဖြစ် နိုင်ဆုံး အမြန်ဆုံး ယုံကြည်နေရမည့်ခေတ်ကာလအမျိုးအစားဖြစ်ပါသည်။ ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းကို ယုံကြည်သောသူတို့သည် ပျောိရွှင်ခြင်းရရြှိမည်ဖြစ်ပြီး ဤသတင်းကောင်းကို မယုံကြည်သောသူ များမှာမူ ကျိန်ခြင်းခံရမှာဖြစ်သည်။ နောက်ပိုင်းတွင်သတင်းကောင်းကို ယုံ ကြည်ခြင်းမရှိသောသူသည် ဘုရားသခင်၏ထာဝရတရားစီရင်ခြင်းကို ခံရ လျှက် ငရဲထဲသို့လွှင့်ပစ်ခြင်းခံရသော လူနုံလူအဖြစ်လိမ့်မည်။
သင်၏မျှော်လင့်ချက်ကို မဆုံးရှုံးပါစေနှင့် အကယ်၍ဖြောင့်မတ် သောသူတို့သည် အမြဲတမ်းသူတို့၏မျှော်လင့်ချက်ကို ပျောက်ဆုံးစေမည်ဆို လျှင်သူတို့အားသေခြင်းတစ်ခုတည်းကသာ စောင့်ကြိုနေလိမ့်မည်။ အ ကယ်၍ ကျွန်ုပ်တို့တွင်မျှော်လင့်ချက်မရှိတော့ပါက ကျွန်ုပ်တို့သည် လိုအင် ဆန္ဒမရှိတော့ဘဲ (သို့မဟုတ်) စိတ်ဝင်စားစရာမရှိတော့ဘဲအသက်ဆက်ရှင် ရန် မည်သည့်အကြောင်းမျှရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် မျှော်လင့် ချက်ဖြင့် အသက်ရှင်ကြပါစို့။
ယနေ့ခေတ်ကာလတွင် ယေရှုကိုယုံကြည်ပြီး ဒုတိယမွေးဖွားခြင်း ခံရပြီးသူတို့သာစစ်မှန်သောပျော်ရွှင်သူ တစ်ဦးဖြစ်လိမ့်မည်။ လူသားတို့ အဖို့မှာအပြစ်မှခွင့်လွှတ်ခြင်းကိုရရှိဖို့ မျှော်လင့်ခြင်းသာ ကျန်ရှိပါတော့ သည်။တနည်းအားဖြင့်ဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်ကို မျှော်လင့်ဖို့မှ တစ်ပါးအခြားမျှော်လင့်စရာ မရှိတော့ခြင်းပင်ဖြစ်သည်။ လူတို့သည်သူတို့ အပြစ်အားလုံးကို ခွင့်လွှတ်ခြင်းခံရသောအခါမှသာ သူတို့တွင် မျှော်လင့် ချက်ရှိနိုင်ပြီးအမြဲတမ်းပျော်ရွှင်စွာနေထိုင်နိုင်ကြမှာဖြစ်သည်။ အကယ်၍ အပြစ်မှခွင့်လွှတ်ခြင်းမခံရပါက သူတို့အဖို့ ဖျက်ဆီးခံရခြင်းက စောင့်ကြို လျက်ရှိပါသည်။အဘယ်ကြောင့်ဆိုသော် သူတို့သည် သန့်ရှင်းသောဝိညာဉ် တော်ကိုလက်ခံရရှိခြင်းမရှိသောကြောင့်ဖြစ်သည်။
ကျွန်ုပ်ယနေ့ကမ္ဘာကြီးတွင် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင် နိုင်ရခြင်းမှာ ကျွန်ုပ်၏အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းခံရသော ကြောင့်ဖြစ် သည်။ သင်သည်လည်း ဤမျှော်လင့်ခြင်းမျိုးဖြင့် အသက်ရှင်နေထိုင်ရန်မှာ ကျွန်ုပ်၏မျှော်လင့်ချက်နှင့်ဆုတောင်းချက်ဖြစ်ပါသည်။သင်သည် ဤကမ္ဘာ ကြီး၏ အချီးနှီးအတွေးအခေါ်များနှင့် ပါတ်သက်ဆက်နွယ်မှုမရှိစေဘဲ ယင်းအစားသင်၏အသက်တာကိုပညာရှိသောသတို့သမီးကဲ့သို့ အသက်ရှင် စေပြီး သင်၏အပေါင်းအသင်းများ ညီအစ်ကိုမောင်နှမများကို ချစ်ခင်လျှက် သူတို့အားခရစ်တော်၌ခိုင်မြဲစွာရပ်တည်နိုင်ဖို့ရန်ကူညီရင်း သင်၏ယုံကြည် ခြင်းကိုမပျောက်ဆုံးစေဘဲ မင်္ဂလာဆောင်သတို့သားကို စောင့်စားလျက် နောက်ဆုံး၌သင့်အားလာရောက်၍ခေါ်ဆောင်သောအခါသူနှင့်တွေ့ဆုံကြစေရန် ကျွန်ုပ်ဆုတောင်းပါသည်။