Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 20-1] နဂါးသည်အဆုံးမရှိသောတွင်းထဲ၌ အကျဉ်းချထားခြင်းခံရလိမ့်မည် (ဗျာဒိတ်ကျမ်း ၂၀း၁-၁၅)

နဂါးသည်အဆုံးမရှိသောတွင်းထဲ၌ အကျဉ်းချထားခြင်းခံရလိမ့်မည်
( ဗျာဒိတ်ကျမ်း ၂၀း၁-၁၅ )
“တဖန်ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်းမာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်တမ်း၍၊ အနှစ် တစ်ထောင်သို့ချည်နှောင်လေ၏။ နှစ်တစ်ထောင်မကုန်မှီတိုင်အောင် လူအ မျိုးမျိုးတို့ကိုအလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချ ပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင် ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။ပလ္လင်များငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသော အခွင့်ကိုရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကိုမကိုးကွယ်။ သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏သက်သေ ခံတော်မူချက်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် လည်ပင်းဖြတ် ခြင်းကိုခံရသော သူတို့၏ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင် ၍ အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နှင့်အတူ စိုးစံရကြ၏။ ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မှီအသက်မရှင်ကြရ။ ဤထ မြောက်ခြင်းကားပထမထမြောက်ခြင်းဖြစ်သတည်း။ပထမထမြောက်ခြင်းကို စိတ်ဝင်စားသောသူသည် မင်္ဂလာရှိသောသူ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည်ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်ဘုရား သခင်၏ ယဇ်ပရောဟိတ်ခရစ်တော်၏ ယစ်ပရောဟိတ်ဖြစ်၍ အနှစ်တစ် ထောင်ပတ်လုံးခရစ်တော်နှင့်အတူစိုးစံကြရလိမ့်မည်။ ထိုအနှစ်တစ်ထောင် ကုန်ဆုံးပြီးမှစာတန်သည် ထောင်ထဲကလွတ်သောအခွင့်ကိုရ၍ အရေအ တွက်အားဖြင့်သမုဒ္ဒရာသဲလုံးနှင့်အမျှများသောဂေါဂ၊မာဂေါတည်းဟူ သော မြေကြီးလေးမျက်နှာပေါ်မှာနေသောလူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သော ငှါလည်းကောင်း၊ စစ်တိုက်ဖို့စည်းဝေးခြင်းငှါလည်းကောင်း တက်လိမ့်မည်။ ထိုသူများတို့သည် မြေကြီးမျက်နှာအပေါ်သို့တက်၍ သန့်ရှင်းသူတို့၏တပ် ကိုလည်းကောင်း၊ ချစ်ဘွယ်သောမြို့တော်ကိုလည်းကောင်း ဝိုင်းကြ၏။ ထို အခါ ဘုရားသခင်ထံတော် ကောင်းကင်မှမီးကျ၍ သူတို့ကိုမြိုလေ၏။ သူတို့ ကိုလှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့်မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့် ရောနှောသောမီးအိုင်ထဲသို့ချပစ်လျှင်သူတို့သည်နေ့ညမပြတ်ကမ္ဘာအဆက် ဆက်ပြင်းစွာသောဝေဒနာကိုခံစားကြရလတံ့။တဖန်ကုံဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါ မြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော် ရှေ့မှာရပ်နေကြသည်ကိုငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင်တည်းဟူသောအခြားတစ်ပါးသော စာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထား ချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံကြရ၏။သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏနှင့်မရဏနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကိုအပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တ ရားစီရင်ခြင်းကို ခံကြရ၏။ ထိုအခါမရဏနှင့်မရဏနိုင်ငံကို မီးအိုင်ထဲ သို့ချပစ်လေ၏။ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။ အသက်စာ စောင်၌စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ချပစ်လေ၏။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ် (၁) တဖန်ကောင်းကင်တမန်သည် အနက်ဆုံးသော တွင်း၏သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည် ကို ငါမြင်၏။
သတင်းကောင်းအတွက် အလုပ်လုပ်ပေးကြသော သန့်ရှင်းသူများ ကို ဘုရားရှင်၏ဆုလဒ်ဖြင့်အလျော်ပေးရန်အတွက် ကျွန်ုပ်တို့၏ သခင် ဘုရားသည်နှစ်တစ်ထောင်ကာလတည်းဟူသော ခရစ်တော်၏နိုင်ငံတော် ကို လက်ဆောင်အဖြစ်သူတို့အားပေးလိမ့်မည်။ ထိုကဲ့သို့ပြုလုပ်ရန်အတွက် ပထမဦးစွာဘုရားသခင်ကသူ၏ကောင်းကင်တမန်တစ်ပါးအား နဂါးကို ဖမ်းဆီးပြီး အဆုံးမရှိသောကျမ်းထဲ၌ နှစ်တစ်ထောင်ကြာမျှ အကျဉ်းချ ထားရန်အမိန့်ပေးလိမ့်မည်။ ဘုရားသခင်သည် ဤအလုပ်ကိုပထမဦးစွာ လုပ်ရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသူများကိုခရစ်တော်၏ နှစ်တစ်ထောင်နိုင်ငံတော်၌ နေထိုင်နိုင်ရန်အတွက် ကြိုတင်၍ အထောက် အကူပေ။ နဂါးကိုဖမ်းဆီးပြီးအသူတရာနက်သော ကျင်းထဲ၌ချုပ်နှောင်ရ မည်။ ထို့နောက် ဘုရားသခင်သည်သူ၏ကောင်းကင်တမန်ကို အဆုံးမရှိ သောကျင်း၏သော့နှင့်ကြီးမားသောသံကြိုးကိုပေးအပ်ပြီးနောက်၊ သူ့အား၊ နဂါးကိုဖမ်းဆီးပြီး အသူတရာနက်သော ကျင်းထဲ၌ချုပ်နှောင်ထားရန် သူ၏ အလုပ်ကိုစတင်ဖို့အမိန့်ပေးလိမ့်မည်။
အခန်းငယ် (၂) ရှေးမြွေဟောင်း မာရ်နတ်စာတန်တည်းဟူ သော နဂါးကိုကိုင်တမ်း၍၊ အနှစ်တစ်ထောင်သို့ ချည်နှောင်လေ၏။
ထိုမြွေကြီးသည် အာဒံနှင့်ဧဝကိုကျဆုံးအောင်လှည့်ဖျားခဲ့သော မြွေကြီးဖြစ်သည်။ကျမ်းစာကထိုမြွေကိုနဂါးနှင့်စာတန်ဟုခေါ်သည်။ ဘုရား သခင်သည်ဤနဂါးကိုဖမ်းချုပ်ထားပြီး၊အခန်းမရှိသောတွင်းထဲသို့ နှစ် တစ် ထောင်ကြာမျှအကျဉ်းချထားလိမ့်မည်။ဤသို့ဖြင့် သန့်ရှင်းသူတို့သည်၊ ခရစ် တော်နှင့်အတူ နှစ်တစ်ထောင်အုပ်စိုးခြင်းကာလတွင် ငြိမ်းချမ်းစွာနေထိုင် နိုင်ကြမည်ဖြစ်သည်။
အခန်းငယ် (၃) နှစ်တစ်ထောင်မကုန်မှီတိုင်အောင် လူအမျိုးမျိုးတို့ ကိုအလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင် ထား၍ တံဆိပ်ခတ်လေ၏။အနှစ်တစ်ထောင် ကုန်ပြီးမှတဖန် ခဏလွှတ်ရ ဦးမည်။
ဤကမ္ဘာမြေပေါ်တွင် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်း ကို တည်ထောင်နိုင်ရန်အတွက်နှင့်သန့်ရှင်းသူတို့၊ သခင်ဘုရားနှင့်အတူ အနှစ်တစ်ထောင်အုပ်စိုးနိုင်ရန်အတွက်၊ဘုရားသခင်သည် နဂါးကိုအသူတ ရာနတ်သောကျင်းထဲ၌ အကျဉ်းချထားပြီး၊ သန့်ရှင်းသူများကို မလှည့်ဖျား နိုင်အောင် ကာကွယ်လိမ့်မည်။
ဤကျမ်းပိုဒ်က “အနှစ်တစ်ထောင်ကုန်ပြီးမှတဖန်ခဏလွှတ်ရဦး မည်” ဟုဖေါ်ပြထားပါသည်။ အနှစ်တစ် ထောင်ကာလပြည်စုံသောအခါ ဘုရားသခင်သည်နဂါးကို ခေတ္တခဏလွှတ်လိမ့်မည်။ ထို့ကြောင့်သူသည် သန့်ရှင်းသူများကိုထပ်မံ၍နှိပ်စက်ညှင်းပန်းရန်စတင်သောအခါ ဘုရားသ ခင်သည်သူ့အားထာဝရငရဲသို့ပို့လိမ့်မည်။နောက်တစ်ကြိမ်မည်သည့်အခါတွင်မျှ ထပ်မံ၍ မမြင်ရတော့။
အခန်းငယ်(၄)ပလ္လင်များငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့ သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုး ကွယ် သူ၏တံဆိပ်လက်မှတ်ကိုနဖူး၌မခံ၊လက်၌မခံဘဲနေ၍ယေရှု၏ သက် သေခံတော်မူချက်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် လည်ပင်း ဖြတ်ခြင်းကို ခံရသောသူတို့၏ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
ခရစ်တော်၏နိုင်ငံတော်တွင် ဒုတိယအကြိမ် မွေးဖွားခြင်း ခံရပြီးသောခရစ်ယာန်တို့သည်တရားစီရင်ဆုံးဖြတ်နိုင်သောအခွင့်အာဏာကိုရကြလိမ့်မည်။ ဤနိုင်ငံတော်တွင် ယေရှုကိုသက်သေခံခြင်းကြောင့် မာ တုရပြုခြင်း၊ဝန်ကိုထမ်းရသောသူများ၊ သူတို့၏ယုံကြည်ခြင်းကို ကာကွယ် သောသူများ၊ သားရဲ၏အမှတ်လက္ခဏာကို လက်မခံသောသူ၏ရုပ်တုကို မကိုးကွယ်သောသူများ နေထိုင်ကြလိမ့်မည်။
သူတို့သည် အန္တီခရစ်သယ်ဆောင်လာသော ဘေးဒဏ်ကြီးကာလ ကျရောက်စဉ်အချိန်၌မာတုရပြုခြင်းခံရသောသူများဖြစ်ကြပြီး၊ ဘုရားသ ခင်သည်သူတို့အားရှင်ပြန်ထမြောက်စေလျှက်၊ အနှစ်တစ်ထောင် ကာလ အုပ်စိုးရမည်။ ခရစ်တော်၏နိုင်ငံတော်ရောက်ရှိလာချိန်တွင် ထပ်မံအသက် ရှင်ပြီး၊ ထိုနိုင်ငံတော်ကိုအုပ်စိုးကြရလိမ့်မည်၊ မည်သို့ဖြစ်စေကာမူ ပထမအ ကြိမ်ရှင်ပြန်ထမြောက်စေခြင်းကာလ၌ ပါဝင်သူများအားလုံးသည်လည်း၊ အလားတူကောင်းချီးများကို အပ်နှင်းခြင်းခံကြရလိမ့်မည်။
ဤနေရာတွင်ဘုရားသခင်က ရှင်ပြန်ထမြောက်ခြင်းနှစ်ခုပေးထား ပါသည်။ ပထမထမြောက်ခြင်းနှင့် ဒုတိယထမြောက်ခြင်းတို့ဖြစ်သည်။ နှစ် တစ်ထောင်နိုင်ငံတော်၌ နေထိုင်ကြမည့်သန့်ရှင်းသူများတို့သည်၊ ပထမ ရှင်ပြန်ထမြောက်ခြင်းကို ရထိုက်သူများနှင့်ပါဝင်ကြမည့်သူများဖြစ်သည်။ ဤပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်းကို ရယူကြသောသူတို့သည် ခရစ် တာ်၏နိုင်ငံတော်တွင်တည်းဟူသော အနှစ်တစ်ထောင်နိုင်ငံတော်တွင် လည်းပါဝင်နေထိုင်ကြမည့်သူများဖြစ်သည်ပထမချီဆောင်ခြင်းသည်သခင် ခရစ်တော်ပြနြွ်ကလာပြီးသန့်ရှင်သူအားလုံးကိုချီဆောင်စဉ် ဖြစ်ပျက်လိမ့် မည်။ (သက်သလောနိတ်ဩဝါဒစာပထမစောင် ၄း၁၅-၁၇) သို့သော် ဒုတိယချီဆောင်ခြင်းမှာမူ အနှစ်တစ်ထောင်နိုင်ငံတော်ကာလအဆုံး၌ ဖြစ် ပျက်လိမ့်မည်။အဘယ်ကြောင့်ဆိုသော် ဤအဖြစ်အပျက်သည် အပြစ်သား များကို ထာဝရသေခြင်း အပြစ်စီရင်ရန်ပြင်ဆင်သောအချိန်ဖြစ်သည်။
သန့်ရှင်းသူများကို ပေးအပ်သောအနှစ်တစ်ထောင်ကာလ အုပ်စိုး ရသော အခွင့်အာဏာသည် အနန္တတန်ခိုးရှင်ဘုရားသခင်က ပေးထား ခြင်းဖြစ်သည်။ ခရစ်တော်၏ နိုင်ငံတော်သည် သူတို့အားပေးအပ်ထားသော နိုင်ငံတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည် သခင်ဘုရား၏ ရေနှင့်ဝိညာဉ်သတင်းကောင်းကို ယုံကြည်ကြပြီး သူတို့၏အသက်တာကို ယုံကြည်ခြင်းကိုကာကွယ်ရန်အတွက် ပေးအပ်ထားသောကြောင့်ဖြစ်သည်။
အခန်းငယ်(၅)ကြွင်းသောလူသေတို့သည် ထိုအနှစ်တစ်ထောင် မကုန်မှီအသက်မရှင်ကြရ။ ဤထမြောက်ခြင်းကား ပထမထမြောက်ခြင်း ဖြစ်သတည်း။
ဘုရားသခင်ထံမှ သူတို့အပြစ်အတွက် ခွင့်လွှတ်ခြင်းမခံရသူများ ဤကမ္ဘာ၌ အပြစ်သားကဲ့သို့ နေထိုင်ရသူများတို့သည် ဘုရားသခင်က သန့်ရှင်းသူများသို့ပေးမည့်ပထမထမြောက်ခြင်း၌ ပါဝင်ခွင့်ကို ဘုရားရှင်ထံ မှမရကြ။ဤကဲ့သို့သန့်ရှင်းသူများက ခရစ်တော်၏နိုင်ငံတော်၌ ပျော်ရွှင်မြူး တူးနေကြသည့်တိုင်အောင်ထိုသူတို့သည် ပထမမြောက်ခြင်းကို ရရှိကြလိမ့် မည်မဟုတ်ပေ။ ၄င်းအခါဒုတိယထမြာက်ခြင်းတွင် ပါဝင်ကြရလိမ့်မည်။ အ ကြောင်းရင်းမှာ ပထမထမြောက်ခြင်း ကောင်းချီးကိုရရှိကြသော သန့်ရှင်း သူတို့သည် ခရစ်တော်၏နိုင်ငံတော်တွင် ချမ်းသာခြင်း ဂုဏ်တော်ခံစား ရခြင်းနှင့်အတူနှစ်တစ်ထောင်ကာလအထိနေရသောအခွင့်အာဏာကိုရကြ သောကြောင့်ဖြစ်သည်။
မည်သို့ဖြစ်စေကာမူ ဘုရားသခင်သည် အပြစ်သားများကို ဒုတိယ ထမြောက်ခြင်းကိုဝင်ရောက်ခွင့်ပြုလိမ့်မည်။အဘယ်ကြောင့်နည်း။အဘယ် ကြောင့်ဆိုသော် ဒုတိယထမြောက်ခြင်းကာလတွင် ဘုရားသခင်သည် သူတို့အား သူတို့၏သေခြင်းမှနိုးထစေပြီး သူတို့၏အပြစ်များအတွက် တ ရားစီရင်လိမ့်မည်ဖြစ်သည်။သူတို့၏ကံကြမ္မာသည် ထိုကဲ့သို့သော သေခြင်း မှနိုးထပြီးသူတို့၏အပြစ်အတွက်တရားစီရင်ခံရမှာဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့် အပြစ်သားများ၏ထမြောက်ခြင်းနှင့်သန့်ရှင်းသူများ၏ ထ မြောက်ခြင်းနှစ်မျိုးလုံး၏အစီအစဉ်နှင့် အကျိုးဆက်များ ခြားနားရသည်ဆို သည်ကို ဖော်ပြခြင်းဖြစ်သည်။
ရေနှင့်ဝိညာဉ်သတင်းကောင်းကိုယုံကြည်သေူသူတို့၏ ယုံကြည် ခြင်းကြောင့် ပထမမြောက်ခြင်းတွင် ပါဝင်ခွင့်ရသော သူများမှလွဲ၍ ဘုရား သခင်သည်နှစ်တစ်ထောင်ကာလကုန်ဆုံးချိန်မတိုင်မီထိမည်သူ့ကိုမှ ထပ်မံ နေထိုင်ခွင့်ပြုမည်မဟုတ်ပေ။ထို့ကြောင့်ဖြောင့်မတ်သူတို့၏ထမြောက်ခြင်း သည် နှစ်တစ်ထောက်ကာလထိ အပြစ်သားများ၏ ထမြောက်ခြင်းမတိုင်မီ ကျရောက်လာလိမ့်မည်။ ဖြောင့်မတ်သူတို့၏ထမြောက်ခြင်းသည် သူတို့အ ဖို့ထာဝရအသက်နှင့်ကောင်းချီးခံစားရဖို့ဖြစ်ပြီးအပြစ်သားများ၏ထမြောက် ခြင်းမှာမူ သူတို့၏အပြစ်ကြောင့်ထာဝရအပြစ်ဒဏ်ကို ရရှိကြမှာဖြစ်သည်။ 
အခန်းငယ် (၆) ပထမထမြောက်ခြင်းကို စိတ်ဝင်စားသောသူသည် မင်္ဂလာရှိသောသူသန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူ သည်ဒုတိယ သေခြင်း၏လက်နှင့်ကင်းလွတ်လျက် ဘုရားသခင်၏ယဇ်ပရောဟိတ် ခရစ် တော်၏ယစ်ပရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့် အတူစိုးစံကြရလိမ့်မည်။
ကျမ်းစာက ကျွန်ုပ်တို့အားပြောပြသည်မှာ ဒုတိယသေခြင်းသည် ပထမမြောက်သူများအပေါ်အနိုင်ယူလွှမ်းမိုးနိုင်သော တန်ခိုးမရှိပေ။ ဤအ ကြောင်းအရာက ကျွန်ုပ်တို့အားပထမထမြောက်ခြင်းတွင် ပါဝင်ခြင်းသည် ကောင်းချီးခံစားရခြင်းဖြစ်ကြောင်းအဘယ်ကြောင့်ဆိုသော် သူတို့သည် လည်း နှစ်တစ်ထောင်နိုင်ငံတော်ကို အုပ်စိုးကြရမှာဖြစ်သည်။
အခန်းငယ် (၇-၈) ထိုအနှစ်တစ်ထောင်ကုန်ဆုံးပြီးမှ စာတန်သည် ထောင်ထဲကလွတ်သောအခွင့်ကိုရ၍အရေအတွက်အားဖြင့် သမုဒ္ဒရာသဲ လုံးနှင့်အမျှများသော ဂေါဂ၊မာဂေါတည်းဟူသောမြေကြီးလေးမျက်နှာ ပေါ် မှာနေသောလူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှါလည်းကောင်း၊ စစ် တိုက်ဖို့စည်း ဝေးခြင်းငှါလည်းကောင်း တက်လိမ့်မည်။
နှစ်တစ်ထောင်ကြာမျှ အဆုံးမရှိသော တွင်းထဲ၌ချုပ်နှောင်ထား ရမှ လွှတ်လိုက်သောနဂါးသည်သန့်ရှင်းသူတို့အား နောက်တစ်ကြိမ်ထပ်မံ ၍ ဆန့်ကျင်ကြိုးပမ်းလိမ့်မည်။ထို့ကြောင့် ဘုရားသခင်သူ့အား နောက်တစ် ကြိမ် မည်သည့်အခါမျှ ပြန်မလာနိုင်တော့မည့် ကန့်နှင့်မီးလျှံထဲသို့ ချပစ် လိမ့်မည်။ဤသို့သောတရားစီရင်ချက်အားဖြင့်နဂါးအားငရဲတွင်သာတွေ့နိုင် တော့မည်ဖြစ်သည်။ 
ထို့နောက်ကျွန်ုပ်တို့အနေဖြင့်ဤသို့မေးနိုင်ပါသည်။ ဤအကြောင်း အရာက ဒုတိယအကြိမ်မွေးဖွားခြင်း မခံရသေးသူများကိုလည်း နှစ်တစ် ထောင်နိုင်ငံတော်ထဲအထိတွေ့နိုင်မည်ဟုဆိုလိုပါသလား။အဖြေမှာ “ဟုတ် ကဲ့”ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်း (၂၀း၈)ကခရစ်တော်၏နိုင်ငံသားအထဲတွင် ကမ္ဘာမြေပေါ်မှာလူများစွာရှိသည်ဟု မှတ်တမ်းတင်ထားပါသည်။ ထိုသူတို့ သည် ဘုရားသခင်ကအသစ်ဖန်ဆင်းထားသောသူများ (သို့မဟုတ်)ကမ္ဘာမ တိုင်မီက နေထိုင်ကြသူများဖြစ်ကြသည်ကို ကျွန်ုပ်သေချာစွာ မသိကြပါ။ သို့သော်ကျွန်ုပ်တို့သိသည်မှာ ဘုရားသခင်ကသူ့တို မည်သူမည်ဝါဖြစ်သည် ကို သိနေခြင်းပင်။ ထို့နောက်သန့်ရှင်းသူများ အုပ်စိုးရန်အတွက် သမုဒ္ဒ ရာသဲလုံးနှင့်အမျှ များပြားသောလူထုကြီးရှိနေသည်။
ခရစ်တော်၏ နိုင်ငံတော်ထဲတွင် သန့်ရှင်းသူများ နေထိုင်ကြသော အခါသူတို့သည်ကမ္ဘာမြေပေါ်မှ လူအများကို ဆက်လက်မြင်တွေ့ကြ ရလိမ့်မည် ဆိုသည်မှာအမှန်ပင်ဖြစ်ပါသည်။ သူတို့သည် သန့်ရှင်းသူများကို အစေခံရန်အတွက်ရှိနေကြလိမ့်မည်။
သူတို့၏အရေအတွက်သည် သမုဒ္ဒရာသဲလုံးတမျှ များပြားကြ လိမ့်မည်။သူတို့အားလုံးသည် နဂါးနှင့်ပေါင်းစည်းကြလျှက် သန့်ရှင်းသူများ ကို နောက်တစ်ကြိမ်ထပ်မံဆန့်ကျင်ကြလိမ့်မည်။ သူတို့အားလုံးသည် ဘု ရားသခင်ကျရောက်စေသော မီးလျှံအားဖြင့်အဖျက်ဆီးခံကြရလိမ့်မည်။ ဘု ရားရှင်၏ မဟာပလ္လင်ဖြူ၏တရားစီရင်ချက်ဖြင့် ထာဝရပြစ်ဒဏ် ခတ်ခြင်းခံရပြီးအစဉ်ထာဝရလောင်နေသောမီးလျှံထဲသို့ လွှတ်ပစ်ခံရလိမ့် မည်။ ဤသို့ဖြင့်အနှစ်တစ်ထောင်နိုင်ငံတော်၏ နိဂုံးချုပ်ပိုင်းသို့ ရောက်လာ ပြီး ထိုနေရာမှနေ၍သန့်ရှင်းသူများသည် ကောင်းကင်သစ်၊ မြေကြီးသစ် တည်းဟူသောသူတို့ထာဝရနေထိုင်ရမည့်နေရာသို့ပြောင်းရွှေ့ကြလိမ့်မည်။
အခန်းငယ်(၉)ထိုသူများတို့သည် မြေကြီးမျက်နှာအပေါ်သို့တက်၍ သန့်ရှင်းသူတို့၏တပ်ကိုလည်းကောင်း၊ချစ်ဘွယ်သောမြို့တော်ကို လည်း ကောင်းဝိုင်းကြ၏။ ထိုအခါ ဘုရားသခင်ထံတော် ကောင်းကင်မှမီးကျ၍ သူတို့ကိုမြိုလေ၏။
နဂါးသည် စာတန်ဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် သူ၏သန့် ရှင်းသူများကို အဆက်ဖြတ်ဆန့်ကျင်တိုက်ခိုက်သူ များဖြစ်ကြသည်။ သူ သည်ခရစ်တော်၏နိုင်ငံတော်ထဲတွင် နေထိုင်ကြသော ကမ္ဘာမြေ၏လူသား တို့ကို လိမ်လည်လှည့်ဖြားပြီး သန့်ရှင်းသူများကို ခြိမ်းခြောက်နေသော် ငြားလည်း ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်သည့်အလျှောက် ဘုရား ရှင်သည် ကောင်းကင်မှမီးလျှံများသယ်ဆောင်လာပြီး ထိုသူတို့ကို ဝါးမြို လိမ့်မည်။ နဂါးကိုလည်းမည်သည့်အခါတွင်မျှ သန့်ရှင်းသူများနှင့် ဘုရားသ ခင်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုနိုင်ရန်အတွက် ထာဝရမီးလျှံအိုင်ထဲသို့ ပစ်ချလိမ့်မည်။
အခန်းငယ်(၁၀)သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း သားရဲ နှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင် သူတို့ သည် နေ့ညမပြတ်ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝ္လေနာကို ခံစားကြ ရလတံ့။
နဂါးကိုကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ပစ်ချခြင်းဖြင့်ဘုရားသ ခင်သည် နဂါးအားနေ့ညမပြတ်ညှင်းဆဲခြင်းကို ခံစေရန် အသေအချာပြု လုပ်ခဲ့သည်။ဤဆုံးဖြတ်ချက်သည် ဘုရားသခင်၏ဖြောင့်မတ်သော တရား စီရင်ချက်ဖြစ်ပြီး ၄င်းပစ်ဒဏ်မှာ နဂါးနှင့်သူ့နောက်လိုက်များအတွက် ထိုက်တန်သောပြစ်ဒဏ်ဖြစ်သည်။
အခန်းငယ်(၁၁)တဖန်ကုံဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင် နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။
သန့်ရှင်းသူများအတွက် အကျိုးကျေးဇူးရှိသော နှစ်တစ်ထောင်ကာလပြည့် စုံသွားသောအခါ ဘုရားသခင်သည် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ဆက်လက်ဖန်ဆင်းပြီးထိုနေရာတွင်သူတို့နှင့်အတူ ထာဝရနေထိုင်လိမ့် မည်။ ဤလုပ်ငန်းများပြီးစီးခြင်းဖြင့် ဘုရားသခင်သည် သူလုပ်ဆောင်ရ မည့်အလုပ်အားလုံးကို ၄င်းတို့၏နိဂုံးချုပ်နှင့် နောက်ဆုံးလုပ်ငန်းပိတ် ခြင်းအထိ ပြီးစီးစေခဲ့သည်။ နောက်ဆုံးပိတ်လုပ်ငန်းဖြစ်သော အပြီးသတ် ခြင်းသည်သခင်ဘုရား၏တရားသူကြီးအဖြစ်ပလ္လင်တော်ပေါ်၌ ထိုင်နေခြင်း ပင်ဖြစ်ပြီး သူ၏နောက်ဆုံးတရားစီရင်ချက်မှာ အပြစ်သားများအတွက် ဖြစ် စေသည်။ လုပ်ဆောင်ချက်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားသည့် အတိုင်းတရားစီရင်ပြီးအသက်စာစောင်တွင် စာရင်းဝင်ထားသူမှအပ အား လုံး တရားစီရင်ခြင်းခံရမည်။ 
ဘုရားသခင်၏ တရားစီရင်ခြင်းသည် ဤအပြစ်သားများအပေါ် တရားစီရင်ခြင်းဖြင့်အဆုံးသတ်လိမ့်မည်။ ထို့နောက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ပိုင်နက်သည် စတင်လိမ့်မည်။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ပထမကမ္ဘာနှင့်ပထမကောင်းကင်ကိုပျောက်ကွယ်စေမည်။ဒုတိယကောင်း ကင်သစ်နှင့်မြေကြီးသစ်ကို ဖန်ဆင်းပြီးသန့်ရှင်းသူများကို ဤကောင်းကင် နိုင်ငံတော်တွင် နေထိုင်ခွင့်ပြုမည်။ ဘုရားသခင်၏အသက်စာစောင်နှင့် တရားစီရင်ရာစာစောင်တွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်သည် လူစုတစ်စုကိုကောင်းကင်သစ်နှင့်မြေကြီးသစ်အားပေးပြီး အခြားလူစုကို ငရဲတည်းဟူသောအပြစ်ဒဏ်ပေးလိမ့်မည်။
အခန်းငယ်(၁၂)သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နေကြသည်ကိုငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အ သက်စာစောင်တည်းဟူသောအခြားတစ်ပါးသောစာစောင်ကို လည်းဖွင့် လေ၏။သေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစာစောင်တို့၌ ရေး ထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံကြရ၏။
ဤအချိန်၌ ခရစ်တော်၏တရားစီရင်ချက်သည် နောက်ဆုံးသော ပြစ်ဒဏ်အဖြစ် ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသ ခင်သည် သူ၏နောက်ဆုံးစီရင်ချက်ကို အပြစ်သားများအပေါ် ချမှတ်ရာ၌ ငရဲတည်းဟူသောပြစ်ဒဏ်ဖြင့်ချမှတ်လိမ့်မည်။သူတို့အားလုံးသည် သူတို့၏ လုပ်ဆောင်ချက်နှင့်အညီတရားဆုံးဖြတ်ချက်စာအုပ်ပါမှတ်းတမ်းအရ စီ ရင်ဆုံးဖြတ်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့် အပြစ်သားများသည် နှစ်ခါပြန် သေရမည်။ သူတို့၏ဒုတိယသေခြင်းသည်ကျမ်းစာ၌ဖော်ပြကာ ထာဝရ သောခြင်းတည်းဟူသော ငရဲ၌ဒုက္ခဆင်းရဲခံရခြင်းဖြစ်သည်။ အပြစ်သား များသည် ငရဲတည်းဟူသောပြစ်ဒဏ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်သူတို့သည် ဤကမ္ဘာမြေ၌ နေထိုင်ကြစဉ် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်း၏နှုတ်ကပတ်တော်ကိုရှာဖွေသင်ယူလျှက် ၄င်းကိုယုံကြည် ကြရမည်။ ဤနည်းဖြင့်သူတို့၏နာမည်များကို အသက်တာမှတ်တမ်း စာအုပ်တွင် ရေးမှတ်ခံရခြင်းတည်းဟူသော ကောင်းချီးကို လက်ခံရရှိနိုင် မှာဖြစ်သည်။
အခန်းငယ် (၁၃) သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ် ပေး၏။ မရဏနှင့်မရဏနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကိုအပ် ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံကြရ၏။
“သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကိုအပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကိုအပ်ပေးကြ၏။” သမုဒ္ဒသည် မိမိ၌ရှိသောလူသေတို့ကိုအပ်ပေး၏။ မရဏနှင့်မရဏနိုင်ငံ သည်လည်းမိမိတို့၌ရှိသောလူသေတို့ကိုအပ်ပေးကြ၏အဆိုပါကျမ်းပိုဒ် အရ အပြစ်သားအားလုံးတို့သည် သူတို့အတွက် နောက်ဆုံးသော စီရင်ချက်ကို လက်ခံကြရမည်ဖြစ်သည်။
ဤကျမ်းပိုဒ်၌ ဖော်ပြထားသောမရဏနှင့်မရဏနိုင်ငံဟူသော အ ရပ်သည်အထူးသဖြင့်စာတန်၏လိမ်လည်လှည့်ဖြားမှုဖြင့်သူ၏အုပ်စိုး ထိန်း ချုပ်မှုအောက်သို့ အသက်ရှင်လျှက်ရောက်ရှိကြသော စာတန်၏အစေ ခံကျွန်များကိုဘုရားသခင်ကိုဆန့်ကျင်ကြသောကြောင့် သူတို့အား အကျဉ်း ချထားမည့်အရပ်ကို ရည်ညွှန်းပါသည်။ ဤကျမ်းပိုဒ်က ဘုရားသခင်က သူတို့၏အပြစ်အတွက် ချမှတ်ခဲ့သောပြစ်ဒဏ်ကို အခိုက်အတန့် ရွှေ့ဆိုင်းခဲ့ ပြီးနောက်ယခုအခါသူတို့၏နောက်ဆုံးသောတရားစီရင်ရမည့်အချိန်ရောက် ရှိလာပြီ ဖြစ်ကြောင်း ပြောပြပါသည်။
သို့ဖြစ်၍လူများတို့သည်မည်သည့်အရပ်ဒေသတွင် နေထိုင်ကြ သည်ဖြစ်စေ၊ သူတို့အားမည်သူက ပိုင်ဆိုင်သည်ဆိုသည့်အချက်သည် အ လွန်အရေးကြီးကြောင်း နားလည်သဘောပေါက်ကြရမည်။ ဤကမ္ဘာပေါ်၌ နေထိုင်စဉ်ကစာတန်အတွက်အလုပ်လုပ်ပေးခဲ့ကြသူတို့သည် သေခြင်းမှနိုး ထလာသောအခါ အပြစ်ဒဏ်ခံရမည့် ထမြောက်ခြင်း၌ပါဝင်ပြီး သူတို့၏ နောက်ဆုံးသောတရားစီရင်ခြင်းကို ရရှိကြမည်ဖြစ်သည်။ သို့သော် ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို အစေခံကြသူတို့သည် ထာဝရအသက် ဖြင့်ထမြောက်ခြင်းကို ခံရပြီး ကောင်းချီးလည်း ခံစားရမည်ဖြစ်သည်။
အခန်းငယ် (၁၄) ထိုအခါမရဏနှင့်မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။
ဤစာပိုဒ်က ကျွန်ုပ်တို့အားပြောပြသည်မှာ ဘုရားသခင်၏ရှေ့၌ လူတို့၏အပြစ်အတွက်တရားစီရင်ခြင်းဆိုသည်မှာ စာတန်၏ ဖက်တွင်ရပ် တည်ခြင်းဖြင့် ကျူးလွန်သောအပြစ်များအတွက် တရားစီရင်ခြင်းဖြစ်သည်။ လူတို့အား စာတန်ထံသို့ခေါ်ဆောင်သွားသော လူဆိုးများအတွက် အပြစ် ဒဏ်ကချန်လှပ်ထားသော ပြစ်ဒဏ်မှာ မီးရေအိုင်ထဲသို့ချပစ်ခြင်းဖြစ်သည်။ ဘုရားသခင်က အပြစ်သားများအတွက် ချပေးသောသေခြင်းသည်ဒုတိ ယသေခြင်းဖြစ်ပြီး ပြစ်ဒဏ်မှာမီးလျှံအိုင်ပင်ဖြစ်သည်။ ဤနေရာတွင် ကျမ်း စာကဖော်ပြသော သေခြင်းမှာ ရိုးရိုးသာမန်ပျောက်ကွယ်သွားခြင်းမျိုးမ ဟုတ်ဘဲရဲရဲတောက်လောင်နေသောငရဲ၌ ထာဝရခံစားနေရသော အပြစ် ဒဏ်မျိုးဖြစ်သည်။
ကျမ်းစာကပြောသော ကယ်တင်ခြင်းဆိုသည်မှာ လက်ရှိအချိန်မ ဟုတ်ပါ။ ထာဝရဖြစ်ပါသည်။ ဤကမ္ဘာလောက၌ နေထိုင်စဉ် ရေနှင့်ဝိ ညာဉ်သတင်းကောင်းကို ယုံကြည်သောသူသည် ထာဝရကောင်းကင်နိုင်ငံ သို့ ဝင်ရောက်ပြီးအစဉ်အမြဲပျော်ရွှင်စွာ နေထိုင်ရမည်ဖြစ်သည်။ ရေနှင့်ဝိ ညာဉ်သတင်းကောင်းကို ယုံကြည်သောသူတို့၏ဆုလဒ်နှင့် မယုံကြည်သူ များအတွက်ပေးထားသောပြစ်ဒဏ်တို့၏ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကွာဟချက် ကြီးမားသကဲ့သို့ ခြားနားလှပါသည်။
အခန်းငယ် (၁၅) အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိ သမျှတို့ကိုလည်း မီးအိုင်ထဲသို့ချပစ်လေ၏။
အသက်စာစောင်တွင် တစ်စုံတစ်ယောက်၏ နာမည်ရေးသားခြင်း ရှိ၊ မရှိဆိုသည်မှာသူတို့သည် ရေနှင့်ဝိညာဉ်သတင်းကောင်းကို ယုံကြည် ခြင်းရှိလျက် သူတို့၏အပြစ်များသည် ခွင့်လွှတ်ခံရပြီး နှင်းကဲ့သို့ဖြူကာ သူတို့သည်အသင်းတော်သို့အချိန်မှန်သွားသူ ဟုတ်မဟုတ်ကို ထည့်သွင်း မစဉ်းစားဘဲ (သို့မဟုတ်) သူတို့၏အသင်းတော်သည် ရှေးရိုးစွဲအသင်းတော် (သို့မဟုတ်)အများနှင့်ဆန့်ကျင်ဖက် အယူရှိသောအသင်းတော်ဟုတ် မဟုတ်စသည့်တို့ အပေါ်အခြေခံခြင်း မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ နာမည်သည်သခင်ဘုရား၏အသက်စာစောင်၌ နာမည်ရေးထားခြင်းမရှိ လျှင် ထိုသူသည် ချွင်းချက်မရှိ မီးအိုင်ထဲသို့ ချပစ်ခြင်းခံရလိမ့်မည်။
ကမ္ဘာ၏ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များသည် သူတို့၏အပြစ်မှ ကယ်တင်ခံရခြင်းကိစ္စထက် ဘာသာရေးဆိုင်ရာအခမ်းအနား အစီအစဉ် များကို ပို၍အရေးတကြီးထားရှိပြီး၄င်းဖက်တွင် ပို၍စိတ်ယိုင်း ယိုင်လျက်ရှိ ကြသည်။ သို့သော် ဘုရားသခင်၏ရှေ့မှောက်၌ ရပ်နေရသည့်အချိန် ရောက်လာသည့်အခါ တစ်စုံတစ်ဦး၏နှလုံးသားတွင် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းတည်းဟူသော ယေရှုပေးထားသည့်အရာကို မတွေ့မမြင် ရသည်ရှိခဲ့သောဤပုဂ္ဂိုလ်၏နာမည်သည်အသက်စာစောင်ထဲတွင်ရေးသွင်း ခံရမည်မဟုတ်ပေ။ ၄င်းအပြင်ထိုသူ/သူမတို့သည် ခရစ်ယာန်ကောင်းတစ် ယောက်ဖြစ်စေကာမူ မီးအိုင်ထဲသို့ ပစ်ချခံရမည်ဖြစ်သည်။ 
ထို့ကြောင့် ဤကမ္ဘာမြေပေါ်တွင် သင်နေထိုင်စဉ် သင်၏အပြစ် အလုံးစုံကိုပျောက်ကွယ်စေမည့် သခင်ဘုရား၏ ရေနှင့်ဝိညာဉ်သတင်း ကောင်းကို သင်၏နားဖြင့်ကြားနာပြီး၄င်းအပေါ်တွင် သင်၏နှလုံးသားအား လုံးဖြင့် ယုံကြည်ရမည်။ ထို့နောက် သင်သည် အသက်စာစောင်၌ သင့်နာ မည်ရေးထိုးခံရခြင်းတည်းဟူသော ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ခံစားရမည်ဖြစ်သည်။