Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 20-2] ကျွန်ုပ်တို့သည်သေခြင်းမှ အသက်ရှင်ခြင်းသို့မည်သို့ ကူးပြောင်းနို (ဗျာဒိတ်ကျမ်း ၂၀း၁-၁၅)

ကျွန်ုပ်တို့သည်သေခြင်းမှ အသက်ရှင်ခြင်းသို့မည်သို့ ကူးပြောင်းနို
( ဗျာဒိတ်ကျမ်း ၂၀း၁-၁၅ )
 
ဘုရားသခင် ကျွန်ုပ်တို့အား မိန့်မှာခဲ့သည်မှာ ဤကမ္ဘာမြေကြီးကို ကွယ်ပျောက်သွားစေချိန်၌ ကျွန်ုပ်တို့အားကောင်းကင်သစ်နှင့် မြေကြီးသစ် ကိုပေးပြီး ဤကမ္ဘာမြေကြီး၌ နေထိုင်အသက်ရှင်ခဲ့ပြီး သူ/သူမ၏ သင်္ချီုင်း၌ အိပ်ပျော်ခဲ့ကြသောအပြစ်သား အားလုံးတို့ကို ရှင်ပြန် ထမြောက်စေမည်ဟု ဖြစ်သည်။ အခန်းငယ် (၁၃) ၌ “သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့်မရဏနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏” ဟုဆို၏။ သေခြင်းရောက်ပြီး မီးရှို့ခံရသောခန္ဓာတို့သည် မှတ်မိနိုင်သောပုံသဏ္ဍာန်မရှိတော့စဉ် ရေထဲ၌ကျသော လူ၏ခန္ဓာသည် လည်း ငါးတို့၏ဝါးစားခြင်းခံရမည် ဖြစ်သည်။ သို့ဖြစ်သည့်တိုင် ကျမ်းစာက ကျွန်ုပ်တို့ကို ပြောထားသည်မှာဘုရားသခင်သည် လူအပေါင်းတို့အား အ သက်ပြန်လည် ရှင်သန်စေပြီး သူတို့သည် စာတန်အားဖြင့် ဝါးမြိုခြင်း၊ ငရဲ အားဖြင့် သေခြင်း(သို့မဟုတ်)သေခြင်း တိုင်အောင် လောင်ကျွမ်းခြင်း၊ ငရဲ (သို့မဟုတ်) ကောင်းကင်သို့စေလွှတ်ရန် တရားစီရင်ရမည် ဖြစ်သည်။
ဘုရားသခင်သည် အသက်စာစောင်ကိုမဖွင့်မှီတွင်ထာဝရ ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရောက်မည့်သူများ၏အမည်များကို ရေးသားထားပြီး ဖြစ်သည်။ငရဲသို့ကျခံရမည့်သူများ၏အပြစ်များနှင့် အကျင့်များကို ရေးမှတ် ထားသည့် စာအုပ်လည်း ရှိသည်။ ဤအကျင့်များကို မှတ်သားထားသည့် စာအုပ်၌ တစ်စုံတစ်ဦးအနေဖြင့်ဤကမ္ဘာမြေကြီး၌ နေထိုင် အသက်ရှင်စဉ် ကျူးလွန်ခဲ့သောအပြစ်များကို ရေးမှတ်ထားသည်။ ဤအရာအားလုံး တို့ သည် ဘုရားသခင်၏သတ္တဝါအပေါင်းတို့အပေါ် ကြည့်ရှု စောင့်ရှောက်ခြင်း ၌ ခွဲဘို့မှတ်သားခဲ့ပြီး ဖြစ်သည်။
 
 
သခင်ဘုရား၌ စာအုပ်နှစ်မျိုးရှိ၏
 
ဘုရားသခင်သည် သူ၏တရားမျှတသော မှတ်ကျောက် အားဖြင့် လူတို့အား အထူးသီးသန့်အမျိုးအစားဖြင့် နှစ်ဖွဲ့ခွဲထားခဲ့ပြီး ဖြစ်ပါသည်။ သေသောသူ အပေါင်းတို့သည် ရှင်ပြန်ထမြောက်ပြီး သူ၏စာအုပ်နှစ်အုပ် ရှေ့တွင်ရပ်ကာ တရားစီရင်ခြင်းခံရန် ဘုရားသခင်အားဖြင့် ဆုံးဖြတ်ထား ပြီး ဖြစ်သည်။ အသက်စာစောင်၌ ဤလောက၌ နေ့စဉ်တွင် ယေရှုအား ယုံကြည်ပြီး မိမိ၏အပြစ်များ ခွင့်လွှတ်ခြင်းခံပြီး ဖြစ်သည့် သူများ၏အ မည်များသာ ရေးသားထားပြီး ကောင်းကင်သို့ ဝင်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်၏ နောက်ဆုံးသောတရား စီရင်ခြင်း သည် တစ်စုံတစ်ဦး၏အမည်နာမမည်သည့်စာအုပ်တွင်း ရေးမှတ်ထား သည် ဆိုသည့်အရာပေါ်၌ မူတည်၏။ အခြား စကားလုံးအားဖြင့် ဆိုသော် ဘုရားသခင်သည် မည်သူကို ကောင်းကင်သို့ ဝင်စေပြီးမည်သူ့ကို ငရဲသို့ ပစ်ချမည်ကို သတ်မှတ် ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် ဘုရားသခင်သည် သေသောသူအပေါင်းတို့အား အ သက်ပြန်လည်ရှင်သန်စေပြီး ဤစာအုပ် နှစ်အုပ်ထဲမှ မည်သည့် စာအုပ်၌ သူတို့၏အမည်ကို ရေးမှတ်ထားကြောင်း ကြည့်ရန် သူ့ စာအုပ်ကို ဖွင့်မည် ဖြစ်သည်။ ထို့နောက် သူသည်အသက် စာစောင်၌တွေ့ရသည့်အမည် ပိုင် ရှင်များကို ကောင်းကင်နိုင်ငံသို့ ပို့ပြီး ယင်းနှင့်ဆန့်ကျင်စွာပင် အသက် စာစောင်၌ မတွေ့ရသူများကို ငရဲသို့ပစ်ချမည် ဖြစ်သည်။ကျွန်ုပ်တို့ အနေ ဖြင့် ဤဘုရားသခင်အားဖြင့် တည်ထားပြီးသော အမှန်တရားကို သိရှိ ယုံ ကြည်ရန် လိုအပ်ပါသည်။
မည်သူ့ကို ငရဲသို့ပစ်ချပြီးမည်သူကိုကောင်းကင်သို့စေလွှတ် ရမည် ကို ဆုံးဖြတ်ရန် ဘုရားသခင်သည် သေသောသူအပေါင်းကို ရှင်ပြန် ထမြောက်စေပြီး တရားစီရင်မည် ဖြစ်သည်။ ဘုရားသခင်သည် သူတို့၏ အမည်များသည် အသက်စာစောင် (သို့မဟုတ်) အကျင့်စာစောင် (တရား စီရင်မည့်စာအုပ်) ၌ ရေးထားသည့်အပေါ်တွင်မူတည်၍ တရားစီရင်မည့် အကြောင်း သူကိုယ်တိုင် ဆုံးဖြတ်ထားပါသည်။
သူ့ အရှေ့၌ ရပ်ကြမည့်သူအပေါင်းတို့ အတွက် ဘုရားသခင်သည် နေရာနှစ်နေရာတည်ထားခဲ့ပြီး ဖြစ်ပါသည်။ ယင်းတို့သည်အခြား မဟုတ် ဘဲကောင်းကင်နှင့်ငရဲဖြစ်ပါသည်။ငရဲသည်ကန့်နှင့်မီးလောင်ကျွမ်းနေသော မီးအိုင် ဖြစ်သည်။အသက်စာစောင်၌ ရေးသားထားသူတို့သည် ကောင်းကင် နိုင်ငံ၌ကြိုဆိုပြီး အသက်စာစောင်၌ရေးသားခြင်း မခံရသူတို့သည် ငရဲမီး အိုင်ထဲပစ်ချခံရမည်ဟု ဘုရားသခင်သည် ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်သည်။
ကောင်းကင်ဘုံ၌ အသက်စမ်းရေစီးဆင်းသည့် နေရာဘေး၌ အ သက်ပင် ရှိပြီးရာသီအလိုက်မတူညီသော အသီးဆယ့်နှစ်မျိုး သီးလျက် ရှိ သည်။ ဤလှပသော ကောင်းကင်ဘုံ၌ သန့်ရှင်းသူတို့သည် နာကျင်ခြင်းနှင့် ရောဂါများ မရှိဘဲဘုရားသခင်နှင့် အတူ ထာဝရ ပျော်ရွှင်ကြမည် ဖြစ်သည်။ ဘုရားသခင်သည် ဤကောင်းကင်အား သန့်ရှင်းသူတို့ထံ ပေးရန် ဆုံးဖြတ် ထားပြီး ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ရမည်ဖြစ်သည်။
အခြားတစ်ဖက်၌ ယေရှုကို မယုံကြည်သောသူတို့သည်၊ ၄င်း တို့၏အမည်အားအကျင့်စာစောင်၌ ရေးသားထားမည် ဖြစ်သည်။ အပြစ် သားသည် ဤလောက၌နေထိုင်စဉ်တွင်း ပြုလုပ်ခဲ့သော အကျင့်အားလုံးကို စာစောင်၌ မှတ်သားထားပြီး ဖြစ်သောကြောင့် သူတို့၏ယေရှုအပေါ် မယုံ ကြည်ခြင်းအတွက်စီရင်သည့်အနေဖြင့် ဘုရားသခင်သည် ၄င်းတို့အားငရဲ သို့ပစ်ချမည်ဖြစ်သည်။ ဤနေရာ၌အရေးကြီးသည်မှာ သင်သည် မည်သည့် စာအုပ်၌ ရေးသားထားခြင်းခံရသနည်း၊ ဆိုသည့်အရာဖြစ်သည်။
လောက၌ အသက်ရှင်စဉ်တွင် ကျွန်ုပ်တို့သဘောပေါက်ထားသင့် သည်မှာ ဤနေရာသည် အဆုံးသတ်မဟုတ် ကြောင်းကို ဖြစ်သည်။ ဆာလံ ၉၀း၁၀ ကကျွန်ုပ်တို့အားအကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ် ခုနှစ် ဆယ်အတိုင်း အရှည် ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ့်ပြည့်သော်လည်း၊ ဝါးကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက် သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် တွေ့ကြ ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤလောက၌ အသက် ၇၀ဘယ်သို့ ၈၀ သို့ ရှင်သန် နေထိုင် ရလျှင်ပင်မကြာမှီပင် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ ရပ်ကြရမည် ဖြစ် သည်။ ထို့ကြောင့်ဘုရားသခင်ရှေ့၌ကျွန်ုပ်တို့ရပ်ကြသောအချိန်တွင် ကျွန်ုပ် တို့ အမည် ရေးထားသည့်စာအုပ်အတိုင်း အသက် စာစောင် (သို့) အကျင့် စာစောင် (တရားစီရင်ခြင်းစာအုပ်) ကောင်းကင်၌ကြိုဆိုခြင်းခံရမည် (သို့) ငရဲသို့ပစ်ချခြင်းခံရမည်ဟုဆုံးဖြတ်မည် ဖြစ်သည်။ ဤလောက၌ အသက် ရှင် ရခြင်း သည်သာအရာအားလုံး ဖြစ်သည်ဟု မတွေးသင့်ပေ။
 
 

အသက်စာစောင်၌ အမည်ရေးထားခြင်းခံရသူ

 
ရှင်လုကာခရစ်ဝင် ၁၆း၁၉-၂၆ ကိုကြည့်ကြပါစို့။ သားရဲနှင့် သူ၏ ရုပ်တုကိုမကိုးကွယ်။ “သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲ နေ၍ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင့် လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နှင့်အတူ စိုးစံ ရကြ၏။ ကြွင်းသောလူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မှီအ သက်မရှင်ကြရ။ ဤထမြောက်ခြင်းကား ပထမထမြောက်ခြင်းဖြစ်သ တည်း။ပထမထမြောက်ခြင်းကို စိတ်ဝင်စားသောသူသည် မင်္ဂလာရှိသော သူ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည်ဒုတိယသေခြင်း၏ လက် နှင့်ကင်းလွတ်လျက် ဘုရားသခင်၏ယဇ်ပရောဟိတ်ခရစ်တော်၏ ယစ်ပ ရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နှင့်အတူ စိုးစံကြရ လိမ့်မည်။ထိုအနှစ်တစ်ထောင်ကုန်ဆုံးပြီးမှစာတန်သည်ထောင်ထဲကလွတ် သောအခွင့်ကိုရ၍ အရေအတွက်အားဖြင့်သမုဒ္ဒရာသဲလုံးနှင့်အမျှများသော ဂေါဂ၊မာဂေါတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာနေသော လူအမျိုး မျိုးတို့ကိုလှည့်ဖြားအံ့သောငှါလည်းကောင်း၊ စစ်တိုက်ဖို့စည်းဝေးခြင်းငှါ လည်းကောင်း တက်လိမ့်မည်။ထိုသူများတို့သည် မြေကြီးမျက်နှာအပေါ်သို့ တက်၍သန့်ရှင်းသူတို့၏တပ်ကိုလည်းကောင်း၊ချစ်ဘွယ်သော မြို့တော်ကို လည်းကောင်းဝိုင်းကြ၏။ ထိုအခါ ဘုရားသခင်ထံတော် ကောင်းကင်မှမီး ကျ၍ သူတို့ကိုမြိုလေ၏။သူတို့ကိုလှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲ နှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင် သူတို့ သည်နေ့ညမပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသောဝ္လေနာကို ခံစားကြရ လတံ့။တဖန်ကုံဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာထိုင် တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကိုငါမြင်၏။ စာ စောင်များကို ဖွင့်ထား၏။”
ဤကျမ်းပိုဒ်အားဖြင့်ငရဲနှင့်ကောင်းကင်သည်သေချာပေါက် တည် ရှိနေကြောင်းကို ယေရှုကကျွန်ုပ်တို့ကိုသွန်သင်ထားပါသည်။ ဤကျမ်းပိုဒ် အတွင်း၌ ပါသောသူဌေးကြီးကဲ့သို့ပင် များစွာသော လူတို့သည်ကောင်း ကင်၌ ငရဲတည်ရှိနေကြောင်းကဲ့သို့ပင် များစွာသောလူတို့သည် ကောင်း ကင်နှင့် ငရဲတည်ရှိနေကြောင်းကို မယုံကြည်ကြပေ။ အာဗြဟံသည် ယုံ ကြည်ခြင်း၏ဖခင်ဖြစ်သည်။ယင်း၌သူတောင်းစားလာဇရုသည်အာဗြဟံ၏ ရင်ခွင်၌သယ်ဆောင်သွားခြင်းခံရသည်ဆိုခြင်းမှာအာဗြဟံသည် ဘုရား သ ခင်၏ နှုတ်ကပတ်တော်ကိုယုံကြည်သည့်အတိုင်းလာဇာရု သည်လည်းယေ ရှုအား သူ၏ကယ်တင်ရှင်အဖြစ် လက်ခံသောကြောင့် သူ၏အပြစ်များ ခွင့် လွတ်ခြင်းရပြီးကောင်းကင်သို့သွားခဲ့ပါသည်။ ဤလောက၌ နေထိုင် နေစဉ် လာဇာရုနှင့်သူဌေးကြီးအကြောင်းကိုကျွန်ုပ်တို့ဆင်ခြင်းပြီးနက်နဲစွာတွေး တော သင့်ပါသည်။ 
ဤလောက၌ နေသောသူ အားလုံးတို့အတွက် ဤအသက်တာ၌ သာ အရာအားလုံးမဟုတ်ကြောင်းကို ဘုရားသခင်က ပြောထားပါ သည်။တစ်စုံတစ်ယောက်သည် ဤလောက၌ မည်မျှပင် ကြိုးစားရုန်းကန် ခဲ့သည်ဖြစ်စေ သူ/သူမအနေဖြင့် ၇၀-၈၀ နှစ်ခန့်မျှသာ အသက်ရှင် ပြီးကျန်ခဲ့မည့် အရာများသည် ဝမ်းနည်းခြင်း သက်သက်သာ ဖြစ်ပေမည်။
ထို့ကြောင့် ကျွန်ုပ်တို့၏လောက၌ အသက်ရှင် နေထိုင်စဉ်အတွင်း သေပြီးနောက်ပိုင်းအတွက်ပြင်ဆင်သင့်ပါသည်။ထိုအပြင်ကျွန်ုပ်တို့၏ သား သမီးများထံသို့ ယုံကြည်ခြင်းကို လွှဲပြောင်းပေးသင့်သည်။ သို့မှသာ သူ တို့သည်လည်းကောင်း၊ မည်သည့်နေရာသို့ ရောက်နိုင်မည်ဖြစ်သည်။ လူ တစ်ဦးသည်ဤလောက၌အသက်ရှင်ပြီးနောက်ဆုံးသောကာလတွင်ဘုရား သခင်ရှေ့၌ရပ်ပြီး ငရဲ၌ပစ်ချခံရပါကမည်မျှဝမ်းနည်းကြေကွဲဖွယ် ကောင်း မည်နည်း။
ဘုရားသခင် ဆုံးဖြတ်ထားပြီးသောအရာကို မည်သူကမျှ ပြောင်း လဲစေခြင်းမလုပ်နိုင်ပေ။ အကျင့်စာစောင်၌ရေးသားခြင်း ခံရသူအားလုံးတို့ သည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရပေလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုသော် ကျွန်ုတို့အတွက်ငရဲမီးအိုင်ကို ရှောင်းရှားရန်နည်းလမ်းတစ်ခုသာရှိ၏။ ယင်း သည် ကျွန်ုပ်တို့အမည်များအသက် စာစောင်တွင်ရေးသားထားကြောင်း သေချာရန် ဖြစ်သည်။ ကျွန်ုပ်တို့အများအသက်စာစောင်တွင် ရေးသား ထားကြောင်းသေချာရန်ဖြစ်သည်။ကျွန်ုပ်တို့အတွက် အခြားလမ်းမရှိဘဲအ သက်စာစောင်၌အမည်ရေးသားထားခြင်းအားဖြင့်သာလျှင်ဖြစ်နိုင်ပါသည်။
ထို့သို့ဆိုသော် ကျွန်ုပ်တို့၏အမည်များသည် အဘယ်နည်းဖြင့် ရေး သားထားနိုင်ပါမည်နည်း။လာဖာရုသည်အာဗြဟံ၏ရင်ခွင်ထဲ၌သယ်ဆောင် သွားခြင်းခံရသကဲ့သို့ကျွန်ုပ်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်အား ဖြင့် သူ၏ဖြောင့်မတ်သောအမှု ကိုသိပြီး (ရောမ ၅း၁၈) ယုံကြည်ခြင်း အား ဖြင့် အပြစ်ခွင့်လွတ်ခြင်းခံရန် လိုအပ်ပါသည်။ ထိုသို့ဖြင့်မှသာ ကျွန်ုပ် တို့သည်ကောင်းကင်သို့ဝင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏အမည်အား အသက် စာစောင်တွင်ရေးသားခြင်းခံရန်အတွက်ယေရှုကို ကျွန်ုပ်တို့ယုံကြည် ရမည် ဖြစ်သည်။ ယေရှုသည် ဘုရားသခင် ဖြစ်ပြီး ကျွန်ုပ်တို့၏ မေရှိယ ဖြစ်သည်။     မေရှိယဆိုသည်မှာအပြစ်၌လဲကျသောသူတို့ကိုကယ်တင်သူဟု ခေါ်သည်။ကျွန်ုပ်တို့၏အပြစ်များကြောင့်ငရဲသို့ပစ်ချခြင်းခံရန်ချီ နှောင်ထား သူတို့ကိုယေရှုကသာလျှင်ကယ်တင်နိုင်ပါသည်။လောက၌ရှိ သောလူများ ထဲတွင်ဘုရားသခင်၏ရှေ့၌အပြစ်မကျူးလွန်ဖူးသူတစ်ရာရာခိုင်နှုန်းအကျင့် ၌သန့်ရှင်းသူရှိပါသလား။မည်သူမျှမရှိပေ။ကျွန်ုပ်တို့ သဘောပေါက်ထားရ မည်မှာကျွန်ုပ်တို့၌ပြစ်မှားခြင်းများနှင့်ပြည့်သောကြောင့်အပြစ်မှလဲကျခြင်း မှလွဲ၍ ကျွန်ုပ်တို့ မတတ်နိုင်ဘဲငရဲ၌ ပစ်ချခြင်း ခံရန် ချည်နှောင်ထားသူတို့ ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။
ယေရှု ဆိုသည့်အမည်မှာ “မိမိလူတို့၏အပြစ်မှကယ်တင် မည့်သူ” ဟုအဓိပ္ပါယ်ရ၏။ (မဿဲ ၁း၂၁) ထို့ကြောင့် ကျွန်ုပ်တို့သည်ယေရှု ဤ လော ကသို့ကြွလာပြီးသူ၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ကယ် တင်ခဲ့သည်ဆိုသောသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် သာလျှင် ကောင်းကင်သို့ ဝင်နိုင်ပါသည်။
 
 
ထိုသို့ဆိုသောမည်သူသည် ငရဲမီးအိုင်ထဲ၌ ပစ်ချခံရမည်နည်း
 
မည်သူသည်ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံရမည်ကိုဗျာဒိတ်ကျမ်း၂၁း၈ ၌ ကျွန်ုပ်တို့ကို ဖော်ပြထားပါသည်။ “ဘုရားသခင်သည် ပထမရှင်ပြန် ထမြောက်ခြင်း၌ ပါဝင်သောသန့်ရှင်းသူတို့အား ဤကောင်းကြီး မင်္ဂလာကို ပေးမည်ဖြစ်သည်။ ဤကောင်းကြီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်ဖြစ် သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သောသူတို့သည် အပြစ်ခွင့်လွှတ်ခြင်းရရှိမည်ဖြစ်သည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့သခင်ဘုန်း သည် သန့်ရှင်းသူတို့၏သတို့သား ဖြစ်လာ၏။ ယခုအချိန်မှ စ၍သတို့ သား အတွက် ပြုလုပ်ရန် ကျန်ရှိနေသေးသော အရာတို့သည် သတိုးသမီးကို ကာ ကွယ်ခြင်း၊ ကောင်းကြီးပေးခြင်းနှင့် သူ့နိုင်ငံတော်၌ ထာဝရအတူ နေထိုင် စေခြင်းတို့ ဖြစ်သည်။”
ပထမဦးစွာ “ကြောက်တတ်သောသူ”ဆိုသည့် ဝေါဟာရအားဖြင့် ကျမ်းစာက မည်သူ့ကိုရည်ညွှန်းသနည်း။ ဤအရာသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့်အပြစ်ခွင့်လွှတ်ခြင်းမရရှိသောကြောင့် ယေရှု ကို ယုံကြည်သော်လည်း ဘုရားသခင်ရှေ့၌ ကြောက်ရွံ့ကြသည့် အမည်ခံ ခရစ်ယာန်များကို ရည်ညွှန်းပါသည်။ထိုသို့သော သူများသည် ငရဲမီးအိုင်ထဲ သို့ ပစ်ချခံရမည်ဟု ဘုရားသခင်ဆုံးဖြတ်ပြီးဖြစ်သည်။ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ လူ့အသက်ကိုသတ်သောသူ၊မတရားသော မေ ထုံကို မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာ ဖျက်သောသူ အားလုံးတို့သည်လည်း ငရဲ၌ ကျမည်ဟု ဆိုထား၏။
ကိုးရီးယားနိုင်ငံ၌ ရိုးရာဓလေ့ ထုံးစံအတိုင်း ရုပ်ထုကိုးကွယ်သူ များစွာရှိကြ၏။ယခုအချိန်ထိပင် ဘုရားသခင်ဖန်ဆင်းထားသည့် ရုပ်တုတို့ ရှေ့၌ ဦးညွှတ်ပြီးဆုတောင်းကြသည်ကို တွေ့မြင်ရသည်မှာ မထူးဆန်းပေ။ လူတို့ထိုသို့ပြုရခြင်းမှာမသိသောကြောင့် ရူးမိုက်ကြသောကြောင့် ဖြစ် သည်။ အသက်မရှိသော ရုပ်တုအားဘုရားအဖြစ်လူတို့က ကိုးကွယ် ကြ သောအခါ ဘုရားသခင်မုန်းတီး၏။ 
ဘုရားသခင်သည် လူအားသူနှင့်သဏ္ဍာန်တူ ဖန်ဆင်းခဲ့သည် (ကမ္ဘာ ၁း၂၇)။ လူတို့သည် ဖန်ဆင်းခြင်းလုံးတို့၏ သခင်လည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သဏ္ဍာန်ရှိသောကြောင့် ဘုရားသခင် ကိုယ် တိုင် ထာဝရတည်ရှိသည့်အတိုင်း ကျွန်ုပ်တို့လည်း ထာဝရတည်၏။ သေပြီး နောက်ပိုင်းတွင်ကျွန်ုပ်တို့အတွက်ထာဝရလောကကမ္ဘာကြီးရှိ၏။ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ပါးတည်းသော ထာဝရဘုရားကို ကိုး ကွယ်ရန် ပြောခြင်းဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်ဖန်ဆင်း ထား သည့် အရာရှေ့၌ ဦးညွှတ်သောအခါမည်သည့် အရာဖြစ်လာ မည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင် အမုန်းဆုံး ဖြစ်သည့် ရုပ်တု ကိုးကွယ်ခြင်းကို ပြုပြီး ဘုရားသခင်ကို ပစ်မှားနေကြမည် ဖြစ်သည်။ လူတို့သည် အလွန် အင်မတန်ရူးမိုက်နိုင် ကြပါသည်။ ဤသို့သော မှားယွင်းသည့် ယုံကြည်ခြင်း ရှိသူတို့သည် ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံရမည်ကို ကျွန်ုပ်တို့ သဘောပေါက် ထားသင့်ပေသည်။ 
ငရဲမီး အိုင်ထဲသို့ ပစ်ချခြင်းခံရသူတို့သည် နှစ်ကြိမ်သေကြရမည် ဖြစ်သည်။ဤအရာသည် ဘုရားသခင် ကိုယ်တော်တိုင် ဆုံးဖြတ်ထားသည့် အရာဖြစ်ပါသည်။ပထမသေခြင်းသည် ၄င်းတို့ ဤလောက၌နေထိုင် အ သက်ရှင်ခြင်း နောက်ပိုင်း၌ဖြစ်ပြီး၊ လောက၌ အသက်ရှင်ကြသော သူတို့ သည် အဆုံး၌သေကြရမည်သာ ဖြစ်သည်။
ဤနည်းဖြင့် တစ်ကြိမ်သေပြီး နောက်တွင် ဘုရားသခင်ရှေ့၌ အ ပြစ်သားအဖြစ်လူတို့ ရပ်ကြချိန်၌ ဒုတိယသေခြင်း ရောက်လာပြီး ယင်း သည် ထာဝရဖြစ်ပြီး ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရမည် ဖြစ်သည်။ ထိုနေ ရာ၌ သူတို့သည်သေခြင်းကို တောင့်တကြသော်လည်း သေခြင်းသည် ၄င်း တို့ထံမှ ထွက်ပြေးသွားမည် ဖြစ်သည်။ 
လူတိုင်းသည်သေခြင်းမကြုံတွေ့ဘဲ ထာဝရအသက်ရှင်လိုကြပါ သည်။ အမှန်တကယ်တွင် လူတို့သည် သူတို့ ဆန္ဒရှိသည့် အတိုင်းထာဝရ တည်နေကြပါသည်။ထို့ကြောင့် တစ်စုံတစ်ယောက်သေသောအချိန်တွင် ကျမ်းစာအတွင်း၌သေသည်ဟုမရေးဘဲအိပ်ပျော်သည်ဟုသာ ရေးသားထား ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အား ငရဲမီးအိုင်တွင်းသို့ ပစ်ချမည့် ဒုတိယ သေခြင်းမှထွက်ပြေးသင့်ပါသည်။အသက်စာစောင်၌ ကျွန်ုပ်တို့ အမည်ရေးသားခြင်းရှိရန်မည်သည့်အရာကိုလုပ်ရမည်ဖြစ်ကြောင်း သိထား ရမည်ဖြစ်သည်။အသက်စာစောင်၌ အမည်ရေးထားခြင်းရှိရန် ယေရှုကို မှန် ကန်စွာ ယုံကြည်ရမည် ဖြစ်သည်။
လူတို့ မကြာခဏတွေးထင်ပြီး ပြောတတ်ကြသည်မှာ ယေရှု၊ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်နှင့်မိုဟာမက်တို့သည် လူများဖြစ်ကြပြီး ကောင်းသူကဲ့သို့နေ ထိုင်ခြင်းသည် ကောင်းမွန်၏ဟုသာ ဖြစ်သည်။ သူတို့သည် ယေရှုကိုသာ ယုံကြည်ရမည်ဟု ကျွန်ုပ်တို့အထပ်ထပ်ပြောနေသည်ကို မယုံကြည်နိုင် ကြ ခြင်းဖြစ်သည်။ သို့သော်ယင်းတို့သည်မှားယွင်းသောအတွေးများ ဖြစ်ကြ သည်။ သင်နှင့် ကျွန်ုပ်လောက၌ရှိသောအရာအားလုံးတို့သည် ဘုရားသခင် ရှေ့၌ ဖန်ဆင်းခြင်းခံထားသည့်အရာများသာ ဖြစ်ပါသည်။ သို့သော် ယေရှု ၏ ဖွားမြင်ခြင်းလောက၌ အသက်ရှင်ခြင်းတို့ကိုပြန်လည် စဉ်းစား ကြည့် သောအခါ သူသည် အခြားသောသူများကဲ့သို့ မဟုတ်ကြောင်း သိနိုင်ပါ သည်။ သူသည် လောကသို့လူ့ဇာတိခံယူပြီး ကျွန်ုပ်တို့အပြစ် အားလုံးတို့ကို ဗတ္တိဇံဖြင့် ခံယူပြီး ကျွန်ုပ်တို့ ကိုယ်စားအပြစ်ဒဏ်ခံယူကာ အပြစ်မှ ရွေး ကောက်ခြင်းအမှုကို ပြီးစီးစေခဲ့သည့် ဘုရားသခင် ဖြစ်သည်။
ခရစ်တော်၏ ဖွားမြင်ခြင်းသည် လူတို့၏ သာမန် ဖွားမြင်ခြင်းနှင့် မတူညီပေ။ ကလေးငယ်တို့သည် အမျိုးသားနှင့်အမျိုးသမီးပေါင်းခြင်း အား ဖြင့် ဖွားမြင်ကြသည်။လောက၌ရှိသောသူတို့သည် ဤနည်းအတိုင်း ဖွား မြင်ခဲ့ကြသည်။ သို့သော် ယေရှုသည် အမျိုးသားနှင့်မဆက်ဆံဖူးသော အပျို ကညာအားဖြင့် ဖွားမြင်ခဲ့ပါသည်။ ကျွန်ုပ်တို့ လူသားများကို ကယ်တင်ရန် အတွက်နှင့်လွန်ခဲ့သည့်နှစ်ပေါင်း (၇၀ဝ)ခန့်ကတည်းက ပရောဖက် ဟေရှာ ယ အားဖြင့် ကြိုတင်ပြောခဲ့သည်။ အပျိုကညာ၌သူငယ်တော် (ဟေရှာယ ၇း၁၄) ဖွားမြင်မည်ဆိုသောအရာကို ပြည့်စုံစေခဲ့သည်။လောက၌ နေထိုင် စဉ်တွင်သူသည်သေသောသူကိုရှင်စေပြီးနာမကျန်းဖြစ်သောသူကို ကျန်းမာ စေကာလောက၏အပြစ်အားလုံးတို့ကိုလည်းကွယ်ပျောက်သွားစေပါသည်။ 
စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းရှင်ဘုရားသခင် ကိုယ်တော်တိုင် ဤလောကသို့ ကြွလာပြီးလူတို့ အပြစ်မှကယ်တင်ရန် လူ့ဇာတိကို ခံယူ ခဲ့သည့်ယေရှုကို ကျွန်ုပ်တို့ယုံကြည် ရသည့် ပထမအကြောင်း အရင်းသည် သူသည်ဘုရားဖြစ်သည်။ ဒုတိယသူသည် ကျွန်ုပ်တို့အပြစ်အားလုံးကို သယ် ဆောင်သွားပြီး အသက်စာစောင်၌အမည် ရေးထားသောကြောင့် ဘုရားသ ခင်၏အပြစ်မဲ့သောသားသမီးများဖြစ်စေသောကြောင့် ဖြစ်သည်။ ဤလော က၌ တစ်ကြိမ်မွေးဖွားသည်နှင့်ကျွန်ုပ်တို့သည်သေရမည်ဖြစ်ပြီး သေပြီး လျှင် တရားစီရင်ခြင်း ခံရမည် ဖြစ်သည်။ 
သို့သော်ယေရှုသည် ဤလောကသို့ကြွလာပြီး ယောဟန်ထံမှ ခံယူ သည့် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏အပြစ် အားလုံးတို့ကို ခံယူပြီး ကျွန်ုပ်တို့ ကိုယ်စားအသေခံခဲ့သောကြောင့် သူ့ကိုယုံကြည်သော သူတို့သည် ထာဝရ ကောင်းကင်နိုင်ငံ၌ထာဝရကြုံခွင့်ရမည် ဖြစ်သည်။ အခြားသော စကားလုံး အားဖြင့်ဆိုသော် ကျွန်ုပ်တို့အပြစ်ကို ဆေးကြောပေးရန်အတွက် ဘုရားသ ခင် ကိုယ်တော်တိုင်ပြုခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့ ကယ်တင်ရှင် ဖြစ်လာ သည့် ယေရှုခရစ်ကို ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်သည်။
ယေရှုသည် လူသားသက်သက်မျှသာ မဟုတ်ပေ။ ဘုရားသခင် သူသည် လူတို့ကိုကယ်တင်မည်ဆိုသောကတိတော်ကြောင့် ဤကတိ တော်ပြည့်စုံစေရန်အတွက်အပျိုကညာအားဖြင့် ဤလောကသို့ ယေရှုကို စေလွှတ်သောကြောင့် ကျွန်ုပ်တို့အားလုံးကို အပြစ်မှကယ်တင်သော ကြောင့် ဘုရားဖြစ်သည့် ယေရှုခရစ်ကို ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ်သည်။ ယေရှုကိုမှန်ကန်စွာယုံကြည်သောအချိန်တွင် ကျွန်ုပ်တို့၏ အမည်များသည် အသက်စာစောင်၌ရေးထားပြီးဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိ ယအကြိမ်မွေးဖွားခြင်းခံသောသူသာလျှင် ကောင်းကင်နိုင်ငံကို တွေ့မြင်နိုင် မည်ဟုဆို၏။ ကျွန်ုပ်တို့အားလုံး ယေရှုကိုယုံကြည်ရမည်ဖြစ်သည်။
 
 

ကောင်းကင်လမ်း ဖြစ်လာသည့်ယေရှု

 
ထို့ကြောင့် ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို မည်သို့ ပျောက်ကွယ်သွားစေကြောင်းကို မှန်ကန်စွာ ယုံကြည်ရမည် ဖြစ်သည်။ ဤ လောကသို့ ကြွလာပြီးယေရှုသည် ယော်ဒန်မြစ်၌ ယောဟန်အားဖြင့် ဗတ္တိဇံ ခံယူခဲ့သည် (မဿဲ ၃း၁၃-၁၇)။ယောဟန်ထံမှ ဗတ္တိဇံကိုခံယူ ခဲ့သော ကြောင့် လူတို့၏အပြစ်(သင်နှင့် ကျွန်ုပ် အပြစ် အပါအဝင်) အားလုံးတို့ကို ယူဆောင် သွားနိုင်ပါသည်။ ယောဟန်၏လက်အားဖြင့် လူတို့၏ကိုယ်စား ဖြစ်သောယေရှုသည်သူ့ထံသို့အပြစ်အားလုံးသယ်ဆောင်သွား၏။ယောဟန် အားဖြင့်လောက၏အပြစ်အားလုံးကိုသူ့ထံသို့ယူဆောင်ပြီးနောက် လက်ဝါး ကပ်တိုင်တွင်အသေခံခဲ့သည်။သူသည် သုံးရက်မြောက်သောနေ့၌ သေခြင်း မှ ရှင်ပြန် ထမြောက်ခဲ့သည်။
သူ့ကိုယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရမည် ဟု ကျွန်ုပ်တို့သခင်က ကတိပေးထားခဲ့ပါသည်။ ယေရှုသည် မိမိ၏ အပြစ် များကို သယ်ဆောင် သွားပြီး ကားတိုင်ပေါ်၌ ကိုယ်စား အပြစ်စီရင်ခြင်း ခံခဲ့ ကြောင်း ယုံကြည်သောသူအပေါင်းတို့သည် ငရဲမီးအိုင်သို့ပြစ်ချခြင်း မခံရ ဘဲ အသက်စာစောင်၌ ရေးသားခြင်း ခံရမည်ဟု ဆို၏။
ယောဟန် ၁၄း၆ ၌ ယေရှုက “ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာ တရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ် သူမျှ ခမည်းတော်ထံမရောက်ရ”ဟု ဆို၏။ကောင်းကင်လမ်း ဖြစ်လာသည့် ယေရှုကို လူအပေါင်းတို့ ယုံကြည်ရမည်ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်။ယေရှုသည်သာလျှင် သမ္မာတရား ဖြစ်ပေ၏။ ယေရှု သည်သာလျှင် အသက်သခင် ဖြစ်သည်။ ကျွန်ုပ်တို့၏အမည်များ အသက် စာစောင်၌ ရေးသားခြင်းခံရပြီး ကောင်းကင်နိုင်ငံ၌ ကြိုဆိုခြင်း ခံရရန် အ တွက် ယေရှုကို ယုံကြည်ရမည် ဖြစ်သည်။
ယေရှုသည်ယောဟန်ထံမှဗတ္တိဇံခံခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ် အားလုံးတို့ကို သူ့အပေါ်အမှန်တကယ်တင်ဆောင်သောကြောင့် သူသည် ကျွန်ုပ်တို့၏ အပြစ်ပြေခြင်းမင်္ဂလာဖြစ်လာခဲ့ပြီး ကယ်တင်ရှင်ဖြစ်လာ သည်။ ထို့အပြင် ယေရှုသည်ကျွန်ုပ်တို့၏ကယ်တင်ရှင်အား လက်ဝါးကပ် တိုင်၌ အသေခံပြီး အပြစ်ကြွေး ပေးဆပ် သောကြောင့် သင်နှင့်ကျွန်ုပ်သည် ယခု ကောင်းကင် နိုင်ငံတော်သို့ ဝင်နိုင်ပြီ ဖြစ်သည်။
မည်သူသည်ငရဲသို့ ပစ်ချခံရမည်ဖြစ်ကြောင်း ယေရှုက ဆုံးဖြတ် ချက် ပေးသည်။ မယုံကြည် သူနှင့်ကြောက်ရွံ့သောသူတို့သည် ငရဲမီးအိုင် ထဲသို့ပစ်ချခံရမည်ဖြစ်သည်။ သူတို့၏မယုံကြည်ခြင်းကြောင့် သူတို့ကိုသာ ငရဲသို့ ပစ်ချခြင်းပြုမည်မဟုတ်ဘဲ သူတို့၏ သားသမီးများသည်လည်း ထို နည်းလမ်း လိုက်သောကြောင့်ငရဲသွားမည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ ခန္ဓာနှင့်ဝိညာဉ်ရေးရာကောင်းခြင်းအတွက်လူအပေါင်းတို့သည်ယေရှုခရစ်၌ အပြည့်အဝယုံကြည်ရမည် ဖြစ်သည်။
 
 

အကယ်၍ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်း မပြုခဲ့ပါက အဘယ်နည်း

 
ဘုရားသခင်သည်သာလျှင်လူအပေါင်းတို့ အပေါ်ကောင်းကြီးနှင့် ကျိန်ခြင်းပေးသူ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သူ့ကို ယုံကြည် ရမည်ဖြစ် သည်။ လူတို့၏အသက်တာသည်ဝမ်းနည်းစရာကောင်းပြီး အဘယ်ကြောင့် တိုင်းနိုင်ငံတို့လဲကျကြောင်း သင်သိ ပါသလား။ ယင်းသည် ဘုရားသခင်က ရုပ်ထုကိုးကွယ်သော သူနှင့်သူတို့၏မျိုးဆက်များကို မုန်းသောကြောင့် ဖြစ် သည်။ သို့သော် ဘုရားသခင်ကို ချစ်ပြီးအစေခံကာ သူ၏အမိန့်တော်ကို နာခံသူတို့အား ကောင်းကြီး ပေးမည်ဟု ဆိုထား၏ (ထွက် ၂၀း၅-၆)။
ဤအရာက အကယ်၍ တစ်စုံတစ်ဦးသည် ယေရှုကို ယုံကြည်ပါက အခြေအနေပေါ်မူတည်ခြင်းမရှိဘဲ ကောင်းကြီးခံစားရမည်ဟု ပြောခြင်း မ ဟုတ်ပေ။ အခြားစကားလုံးဖြင့်ဆိုသော် အကယ်၍ လူတို့ယေရှုကို ယုံ ကြည်ပါကဘုရားဖြစ်သည့်သူကိုယ်တိုင်လောကသို့ကြွလာပြီး ဗတ္တိဇံအား ဖြင့် အပြစ်အားလုံးကို ယူဆောင်ကာအပြစ်သား၏နေရာ၌ လက်ဝါးကပ် တိုင်တွင်အသေခံပြီးသူတို့၏ ကယ်တင်ရှင်ဖြစ်လာကြောင်း ယုံကြည် ပါက သူသည် ယုံကြည်သောသူတို့၏အမျိုးစဉ်ဆက်ထောင်းသောင်း တိုင်အောင် ကောင်းကြီးပေးမည်ဟု ဆို၏။
သို့သော်တစ်ချိန်တည်းမှာပင်ဘုရားသခင်သည်ယေရှု၌ မယုံကြည် သောမျိုးဆက်တတိယ၊စတုတ္ထတိုင်အောင်ကျိန်ခြင်းပြုမည်ဟုမိန့်မူထား၏။ ဤအတွက်ကြောင့် လူအပေါင်းသည်ယေရှုကို ယုံကြည်ပြီး ရေနှင့် ဝိညာဉ် တော် အားဖြင့်ဒုတိယအကြိမ် မွေးဖွားခြင်းခံရမည် ဖြစ်သည်။ ထိုသို့ ယုံ ကြည်သောသူတို့သည်သူတို့၏အပြစ်များအားလုံး ခွင့်လွှတ်ခြင်းခံရပြီး ထာ ဝရအသက်ကိုရကာကောင်းကင်သို့ဝင်ပြီးအာဗြဟံထံ၌ ပေးသောကောင်း ကြီးအပေါင်းကိုလည်းလောက၌အသက်ရှင်စဉ်တွင်ခံယူရမည်ဟုဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကိုတည်ပြီး ကျွန်ုပ်တို့၏ အ သက်တာသည်လည်း ရေးသားထားသည့်အတိုင်း ရှင်သန်ရမည် ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်သောသူတို့သည် ငရဲမီးအိုင်သို့ ပစ်ချခံရပြီး ယုံ ကြည်သောသူတို့သည် အသက်စာစောင်၌ရေးသားခြင်း ခံရကာ အသစ် သော ကမ္ဘာမြေကြီး၌ကြိုဆိုခြင်းခံရမည်ကိုသတိရသင့်ပါသည်။ ယုံကြည် သော ကျွန်ုပ်တို့သည် ပြန်လည် အသက်ရှင်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဒုတိယ အကြိမ်မွေးဖွားခြင်းသည်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအား ဖြင့်သာ ဖြစ်နိုင်ပါသည်။
ရေမရှိဘဲ မည်သူမျှ အသက်မရှင်နိုင်သောကြောင့် အသွေးတော် သတင်းကောင်း၌ ရေသတင်းကောင်းလဲ လိုအပ်ပါသည်။ ယေရှုဗတ္တိဇံခံ ယူချိန်တွင် သူသည် ကျွန်ုပ်တို့၏အပြစ်အားလုံးသူ့အပေါ်၌တင်ခဲ့သည်။ သူ သည် ရေထဲသို့နှစ်ပြီး ရေထဲမှပြန်လည်ထွက်ပေါ်လာခဲ့သည်။ ဤအရာ သည် သူ၏ ကားတိုင်ပေါ်တွင် သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို ဆိုလို ပါသည်။အခြားသောစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့၏သခင်သည် ကျွန်ုပ် တို့နေရာ၌ကျွန်ုပ်တို့အပြစ်အားလုံးအတွက်စီရင်ခြင်းခံခဲ့သည်ဟု ဖြစ်သည်။ ထို့အပြင် ရေထဲမှထွက်ပေါ်လာခြင်းသည် သူ၏ရှင်ပြန်ထမြောက် ခြင်းကို ဆိုလို၏။ဤအရာသည်ယုံကြည်သောကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းကို လည်း ဆိုလိုပါသည်။
ယေရှုသည် ကျွန်ုပ်တို့၏ အပြစ် အားလုံးတို့ကို ဗတ္တိဇံ အားဖြင့် ယူဆောင် သွားသည်ဟု ကျွန်ုပ်တို့ ယုံကြည် ပါသည်။ အကယ်၍ ယေရှုသည် ဗတ္တိဇံကို ခံယူခဲ့ခြင်းမရှိပါက ဘာဖြစ်ခဲ့ မည်နည်း။ ကျွန်ုပ်တို့ အတွက် ငရဲမီးအိုင် ထဲမှ ထွက်ပြေးရန် လမ်းစ ရှိမည် မဟုတ်ပေ။ မိုးရွာခြင်း မရှိဘဲ ဤလောက၌ မည်သူမျှ အသက်ရှင်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုနည်းအတိုင်းပင် ယေရှု၏ဗတ္တိဇံသည် ကျွန်ုပ်တို့ အတွက်အ လွန်အရေးကြီးပါသည်။ ထို့အပြင် သူ၏လက်ဝါးကားတိုင်ပေါ်၌ အသေခံ ခြင်းသည်လည်းတူညီစွာပင်အရေးပါ၏။ သူသည် ကျွန်ုပ်တို့နေရာ၌ တရား စီရင်ခြင်း ခံရ၏။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျိန်ခြင်းနှင့် တရား စီရင်ခြင်းမှလွတ်မြောက်လိုပါက ယေရှုအား အပြည့်အဝယုံကြည် ရမည် ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့အပြစ်များသန့်စင်ခြင်းသို့ ရောက် လိုပါက ကျွန်ုပ်တို့အပြစ်အားလုံးသည် ယေရှုဗတ္တိဇံခံသောအချိန်၌ သူ့ထံ ရောက်သွားကြောင်း ယုံကြည်ရမည် ဖြစ်သည်။ 
ခရစ်ယာန် ယုံကြည်ခြင်းသည် လူတို့ကိုတုန်လှုပ် ကြောက်ရွံ့စေ သည့် ဘာသာရေးမျိုးမဟုတ်ပေ။ အယောက်တိုင်းသည် ယေရှုကို ယုံကြည် ရမည်ဖြစ်သည်။ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသူတို့သည်ဒုတိယ အကြိမ် မွေးဖွားခြင်းခံပြီးသောအသင်းတော်သို့လာပြီးယုံကြည်ခြင်း၌သာ၍ ခွန်အား ကောင်းလာရန် လိုအပ်သည်။
အချို့သော သူတို့ကတစ်စုံတစ်ဦးသည်ယေရှုကိုယုံကြည်ပြီး ကယ် တင်ခြင်းရရန် ကောင်းသောအကျင့်ကို ကျင့်ရမည်ဆိုသည့် ပြောဆိုချက် သည် လိမ်ညာမှုဖြစ်သည်။ ကျွန်ုပ်တို့သည် သီလနှင့်ပြည့်သော ခရစ်ယာန် များအဖြစ်ကောင်းသောအကျင့် ကျင့်ရမည်မှာအမှန်ပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ကယ်တင်ခြင်း အခြေခံပြဿနာနှင့် ပတ်သက်ပါက ကျွန်ုပ်တို့၏ သဘောသဘာဝသည်အလွန်အင်မတန်ဆိုးဝါးသောကြောင့် မည်သူ တစ်ဦး တစ်ယောက်မျှ (၁၀ဝ)ရာခိုင်နှုန်းပြည့်စုံခြင်းဖြင့်အသက်မရှင်နိုင်ပေ။ ဤအ တွက်ကြောင့်အကျင့်အားဖြင့် ကယ်ဆယ်ခြင်းရောက်နိုင်သည် ဆိုသော သူ များသည် လိမ်ညာသူများဖြစ်ပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မ သိဘဲ လူတို့ကို လိမ်ညာသောသူများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည်အခြေခံအားဖြင့်အပြစ်ပြုတတ်ကြကြောင်းသဘော ပေါက်ပြီးယေရှုခရစ်သည် ဗတ္တိဇံအားဖြင့် အပြစ်ကိုခံယူပြီး ကားတိုင်ပေါ်၌ သယ်ဆောင်သွားကြောင်းကို နှုတ်ကပတ်တော်အတိုင်းလက်ခံပြီး ယုံ ကြည်မှသာလျှင် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်ပြီး ကောင်းကင်သို့ ဝင်ရန်အရည်အချင်းမှီသူများဖြစ်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ် တို့အတွင်း၌ကျိန်းဝပ်ပြီးလမ်းပြခြင်းမပြုမှီတွင်မည်မျှပင် ကြိုးစားစေကာမူ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်မျှကောင်းနိုင်မည်မဟုတ်ပေ။
ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ပယ်ပျောက်စေ ခြင်းအားဖြင့်ကျွန်ုပ်တို့ကိုကယ်တင်ပါသည်။ ကျွန်ုပ်တို့အားငရဲမီးအိုင် ထဲသို့ ပစ်ချခြင်း ပြုမည့်အစားသူသည် ကျွန်ုပ်တို့၏အမည်နာမကို အသက် စာ စောင်၌ရေးသားထားပြီးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ပေးကာ သတို့ သား အတွက် ပြင်ဆင်သောသတိုးသမီးကဲ့သို့ပင် သူသည် ကျွန်ုပ်တို့အား အသန့်ရှင်းဆုံးသောအိမ်၊ဥယျာဉ်နှင့်ပန်းမန်များကိုပေးခဲ့ပါသည်။ ထို့နောက် ကျွန်ုပ်တို့ထံမှ အနာရောဂါအပေါင်းတို့ကို ဖယ်ရှားပြီး ကျွန်ုပ်တို့နှင့် အတူ ကောင်းကင်၌ ထာဝရနေထိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏လာမည့် အ သက်တာအတွက် ယေရှုကို ယုံကြည်ရမည်ဖြစ်သလို ယခုအသက်တာ အ တွက်လည်းယုံကြည်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏သားသမီးများ အတွက် လည်း ကျွန်ုပ်တို့ ယုံကြည်ရမည် ဖြစ်သည်။
ဘုရားသခင်သည် ပထမရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်သော သန့် ရှင်းသူတို့အားဤကောင်းကြီးမင်္ဂလာကိုပေးမည်ဖြစ်သည်။ ဤကောင်းကြီး မင်္ဂလာသည် ယေရှုခရစ်အားဖြင့်ဖြစ်သောရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကိုယုံကြည်သောသူတို့သည်အပြစ်ခွင့်လွှတ်ခြင်းရရှိမည် ဖြစ်သည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့သခင်ဘုန်းသည် သန့်ရှင်းသူတို့၏သတို့သား ဖြစ်လာ ၏။ ယခုအချိန်မှ စ၍သတိုးသားအတွက် ပြုလုပ်ရန် ကျန်ရှိနေသေးသော အရာတို့သည် သတိုးသမီးကိုကာကွယ်ခြင်း၊ ကောင်းကြီးပေးခြင်းနှင့် သူ့နိုင် ငံတော်၌ ထာဝရအတူ နေထိုင်စေခြင်းတို့ ဖြစ်သည်။
သင်သည် ကောင်းကင်ဘုံ၌ကြိုဆိုခြင်း ခံလိုပါသလား (သို့မဟုတ်) ငရဲ၌ ပစ်ချခြင်းခံလိုပါသလား။ ယေရှုကို ယုံကြည်သောကြောင့်သင်သည် အချို့သော ဆင်းရဲဒုက္ခပြဿနာများကိုကြုံတွေ့ရမည်ဆိုလျှင်ပင် ယုံကြည် ရမည် ဖြစ်သည်။ ထိုသို့ ပြုခြင်းဖြင့် သင်နှင့်သင့် သားသမီးများ ကောင်းကြီး ခံစားရမည် ဖြစ်သည်။ ကျွန်ုပ်ချစ်သောသန့်ရှင်းသူတို့သူ၏ နှုတ်ကပတ် တော်အားဖြင့်ဘုရားသခင်သည်ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကိုဟောပြောပြီး ကျွန်ုပ်တို့ မိသားစုများကယ်တင်ခြင်းအတွက် လည်းစဉ်းစားသင့်ကြောင်းပြောထား၏။တစ်စုံတစ်ဦး၏ခန္ဓာပိုင်းနှင့်ဝိညာဉ် ပိုင်း ကောင်းမွန်စေရန်အတွက် ယေရှုခရစ်ကို အပြည့်အဝယုံကြည်ရမည် ဖြစ်သည်။