Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 21-2] ကျွန်ုပ်တို့၌ ဘုရားသခင်ထောက်ခံ သောယုံကြည်ခြင်းမျိုးရှိရမည် ဖြစ် (ဗျာဒိတ်ကျမ်း ၂၁း၁-၂၇)

ကျွန်ုပ်တို့၌ ဘုရားသခင်ထောက်ခံ သောယုံကြည်ခြင်းမျိုးရှိရမည် ဖြစ်
( ဗျာဒိတ်ကျမ်း ၂၁း၁-၂၇ )
 
ဘုရားသခင်သည်ကျွန်ုပ်တို့အား ကောင်းကင်သစ်နှင့် မြေကြီးသစ် ကို ပေးထားပါသည်။သင်ယခုတွေ့မြင်နေရသည့်ပထမကောင်းနှင့်မြေကြီး ယင်း၌ပါဝင်သည့် အရာအားလုံးတို့ ကွယ်ပျောက်သွားပြီးအသစ်သော ကောင်းကင်၊အသစ်သောမြေကြီးနှင့်အသစ်သောသမုဒ္ဒရာ၊အသစ်သော ဖန် ဆင်းထားသည့် စကြာဝဠာအတွင်း၌ အသစ်သောအရာများကို ပေးမည်ဟု ကျွန်ုပ်တို့ကို ပြောထား ပါသည်။ ဤအရာက ဆိုလိုသည်မှာ ပထမ ရှင်ပြန် ထမြောက်ခြင်း၌ပါဝင်သောသန့်ရှင်းသူတို့အားဘုရားသခင်က လက်ဆောင် အဖြစ်ပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤကောင်းကြီးမင်္ဂလာသည် မိမိတို့ ၏အပြစ်များခွင့်လွှတ်ခြင်းခံပြီးသောသန့်ရှင်းသူတို့ထံဘုရားသခင် အပ်နှင်း မည့် ကောင်းကြီး မင်္ဂလာဖြစ်သည်။
ဘုရားသခင်သည်ပထမရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်သောသန့် ရှင်းသူတို့အားဤကောင်းကြီး မင်္ဂလာကိုပေးမည်ဖြစ် သည်။ ဤကောင်း ကြီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်ဖြစ်သော ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယုံကြည်သောသူတို့သည် အပြစ် ခွင့်လွှတ်ခြင်း ရရှိမည် ဖြစ်သည်။ထိုနည်းဖြင့်ကျွန်ုပ်တို့သခင်ဘုန်းသည်သန့်ရှင်းသူတို့၏သတို့သား ဖြစ်လာ၏။ ယခုအချိန်မှစ၍ သတိုးသားအတွက် ပြုလုပ်ရန်ကျန်ရှိ နေသေး သောအရာတို့သည် သတိုးသမီးကို ကာကွယ်ခြင်း၊ ကောင်းကြီးပေးခြင်းနှင့် သူ့နိုင်ငံတော်၌ ထာဝရအတူ နေထိုင်စေခြင်းတို့ ဖြစ်သည်။
ဤကျမ်းပိုဒ်က သန့်ရှင်းသောမြို့တော် ယေရုရှလင်သည် သာမန် မဟုတ်ဘဲ ကောင်းကင်မှဆင်းသက်လာသည်ဟု ဆို၏။ ဤ မြို့တော်သည် လှပပြီးသတို့သားအတွက်ဆင်ယင်ထားသည့်ကောင်းကင်မှဆင်းသက် လာ သည့် မြို့တော် ဖြစ်သည်။
ဘုရားသခင်သည်သန့်ရှင်းသူတို့အတွက် သန့်ရှင်းသောမြို့ကိုပြင် ဆင်ထားပေးခဲ့ပါသည်။ ဤမြို့သည် ဘုရားသခင်၏ဗိမာန်တော် ယေရုရှ လင်မြို့ဖြစ်သည်။ဤဗိမာန်တော်သည် ဘုရားသခင်၏သန့်ရှင်းသူတို့အ တွက်သာ ပြင်ဆင်ထား၏။ ဤအရာသည် ဘုရားသခင်က ဤစကြာဝဠာ တစ်ခုလုံးကို မဖန်ဆင်းမှီကတည်းက သန့်ရှင်းသူတို့အတွက် ခရစ်တော်၌ ပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသူတို့သည် ဘုရားသခင်၏ ဆုကျေးဇူးအတွက် ကျေးဇူး ချီးမွမ်းခြင်းမှ လွဲ၍ ဘာမျှမတတ်နိုင်ပေ။
ဤအရာအားလုံးတို့(သန့်ရှင်းသူတို့သည် ဘုရားသခင်၏လူတို့ ဖြစ် လာပြီးဘုရားသခင်သည် သူတို့၏ဘုရားဖြစ်လာခြင်း)တို့သည် ဘုရားသခင် က လက်ဆောင်အဖြစ် အပ်နှင်းထားသည့် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယုံကြည်ပြီး လက်ခံရရှိသော ကောင်းကြီးမင်္ဂလာဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်၏ဗိမာန်တော်သို့ဝင်ရသောသူအားလုံး တို့ သည် ဘုရားသခင်ကိုထာဝရချီးမြှောက်မည်ဖြစ်ပြီး သမ္မာကျမ်းစာ၌ ဘုရား သခင်သည် သူတို့၏မျက်ရည်ကိုသုတ်ပေးကာသေခြင်း၊ ငိုကြွေးခြင်း၊ ဆင်း ရဲဒုက္ခခံခြင်းနှင့် ဟောင်းသောအရာတို့ရှိတော့မည် မဟုတ်ဟု ဖြစ်သည်။ ဤလက်ရှိ ကမ္ဘာကြီး၌ဝမ်းနည်းခြင်း၊ငိုကြွေးခြင်း၊နာကျင်ခြင်းနှင့် သေခြင်း တို့ရှိသော်လည်း အသစ်သောကောင်းကင်နှင့်မြေကြီး၌ ထိုအရာတို့ ကွယ် ပျောက်သွားကြမည် ဖြစ်သည်။ သခင်ဘုရားအားဖြင့် အသစ်သော ကောင်း ကင်နှင့် မြေကြီး၌ နေထိုင်ကြသူတို့သည် မိမိတို့ ချစ်သောသူများအတွက် မျက်ရည်ကျခြင်း၊ ငိုကြွေးခြင်း တဖန် ရှိတော့မည်မဟုတ်ပေ။
သန့်ရှင်းသူတို့၏ ကောင်းကင်သစ်နှင့် မြေကြီးသစ် ထဲသို့ ဝင်သော အချိန်ရောက်လာသောအခါတွင် ဝမ်းနည်းခြင်းအပေါင်းတို့သည် ကွယ် ပျောက်သွားပြီး ဘုရားသခင်နှင့်ထာဝရအတူနေရခြင်း ကောင်းကြီး မင်္ဂလာ ရောက်လာမည်ဖြစ်သည်။ဘုရားသခင်သည် ပထမကမ္ဘာကြီး၏ မပြည့်စုံမှု အပေါင်းတို့ကို ယူဆောင်သွားပြီး ပြည့်စုံစေမည် ဖြစ်သည်။
အခန်း (၂၀) ၌ ရေးသားဖော်ပြထားသည့် အနှစ်တစ်ထောင် အုပ် စိုးသောနိုင်ငံတော်ပြီးလျှင်အခန်း (၂၁)၌ ဖော်ပြထားသည့်အဓိက ကျမ်းပိုဒ် ဖြစ်သောကောင်းကင်သစ်နှင့်မြေကြီးသစ်ကို တွေ့ရမည် ဖြစ်သည်။ အခန်း (၂၀)နှင့် ပါတ်သက်သည့် အရာမှန်သမျှ ကုန်ဆုံးသွားမည် ဖြစ်သည်။ အန္တီ ခရစ်၏ခေတ် မှားယွင်းသောပရောဖက်များနှင့် သူ့နောက်လိုက်များ၊ ဘုရား သခင်ကို မယုံကြည်သူများကွယ်ပျောက်သွားမည် ဖြစ်သည်။ အနှစ် တစ် ထောင်နိုင်ငံတော်အဆုံးသတ်ခြင်းသို့ ရောက်လာပြီး သူတို့သည် မီးထဲသို့ ပစ်ချခြင်းခံရချိန်တွင် သူတို့တွေ့မြင်နိုင်သည့် တစ်ခုတည်းသော နေရာ သည် ငရဲဖြစ်သည်။
ထို့ကြောင့် အခန်း (၂၁)၌ ဘုရားသခင်က သန့်ရှင်းသူတို့ကို ပေး မည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ပြည့်စုံသောနေရာဖြစ်ပြီး အပြစ် သားများကို တွေ့မြင်နိုင်မည့် နေရာမဟုတ်ပေ။ ယခု သင်သည် သားရဲ တိ ရစ္ဆာန်ကိုတွေ့လိုပါကတိရစ္ဆာန်ဥယျာဉ်ထဲသို့သွားသကဲ့သို့ စာတန်နှင့် သူ၏ နောက်လိုက်များကိုတွေ့လိုသောသူသည် ငရဲသွားရန် လိုအပ်ပေသည်။ 
ဘုရားသခင် ကျွန်ုပ်တို့ကို ပေးမည့် အသစ်သော ကောင်းကင်နှင့် မြေကြီးတို့၌သခင်ဘုရားသည်လည်းကျွန်ုပ်တို့နှင့်အတူအသက်ရှင် နေထိုင် မည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် သန့်ရှင်းသော မြို့ တော်အားစိမ်းလဲ့သောဥယျာဉ်ကဲ့သို့ပြုလုပ်ပေးထားမည်ဖြစ်သည်။ကောင်း ကင်သစ်နှင့်မြေကြီးသစ်ရောက်လာသောအချိန်တွင် ပထမကမ္ဘာ၏ မပြည့် စုံခြင်းတို့ပျောက်ဆုံးသွားပြီး သမ္မာတရားသာတည်ရှိနေကာ ပြည့်စုံသော သန့်ရှင်းသူ တို့က ထာဝရစိုးစံမည် ဖြစ်သည်။
 
 
သင်၏လက်ရှိအခြေအနေအတွက် စိတ်ပျက်အားလျော့ခြင်း မရှိပါနှင့်
 
ယခု မျက်မှောက်ခေတ်သည် မှောင်မိုက်ပြီးမျှော်လင့်ချက် ကင်းမဲ့ သောခေတ် ဖြစ်ပါသည်။ ဤလောက၌ မျှော်လင့်ချက်မရှိသော သူတို့၏ အနာဂတ်သည် မသေချာမှု များဖြင့် အဆုံးသတ်မည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဧဝံဂေလိတရားကိုဟောပြောသောအချိန်၌ပင် တစ်ခါတစ်ရံ အား နည်းခြင်း ရှိကြ၏။ ကျွန်ုပ်အသက်တာ၌ မကြာခဏဤအရာကြောင့် နှိမ့်ချ ခြင်းဖြစ်မိသည်။သို့သော်ဗျာဒိတ်ကျမ်းကို ဖတ်ပြီး ယင်း၏ ကျမ်းပိုဒ်တို့ကို ရှင်းလင်းခြင်းဖြင့် သဘောပေါက်လာသည်မှာ ဘုရားသခင်၏အစေခံ ဖြစ်သော သန့်ရှင်းသူတို့၏နောက်ဆုံးသော အချိန်အခါသည် ဝမ်းနည်းခြင်း ရှိတော့မည်မဟုတ်ပေ။ လက်ရှိဆင်းရဲဒုက္ခနှင့်ပြဿနာတို့သည် ယာယီဖြစ် ကြောင်း ကျွန်ုပ်သတိရပြီး ကျွန်ုပ်ရှေ့၌ ရှိသောတောက်ပသည့် ကမ္ဘာကြီး ရပ်တည်နေခြင်းက စိတ်နှလုံးကိုဒုက္ခရောက် စေခြင်းမျိုးမရှိပါ။
အကယ်၍ ကျွန်ုပ်တို့၏လက်ရှိ အခြေအနေကိုသာကြည့်ပါက ဧဝံ ဂေလိသတင်းကောင်းဟောပြောလျက်ကျွန်ုပ်တို့ထံရောက်လာသော အဆုံး မသတ် နိုင်သည့်ဆင်းရဲဒုက္ခတို့ဖြင့် စိတ်ဓါတ်ကျခြင်း၊ ဝမ်းနည်းခြင်းများ ဖြစ်ပေမည်။ သခင်ဘုရား၏ကောင်းကြီးမင်္ဂလာတို့သည် နီးကပ်လာပြီ ဖြစ် သောကြောင့်ကျွန်ုပ်တို့မျက်စိဖြင့်မမြင်ရသော်လည်း ကျွန်ုပ်တို့ နှလုံးသား၌ ဝမ်းမြောက်ခြင်းများနှင့်ပြည့်ဝလျက်ရှိပါသည်။ကျွန်ုပ်တို့အနေဖြင့်ဝမ်းနည်း ခြင်းဖြင့်အသက်ရှင်စရာမလိုရသောအကြောင်းအရင်းမှာကျွန်ုပ်တို့သခင်ဘု ရားသည် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကျွန်ုပ်တို့အား ပေးထားခဲ့ပြီး ဖြစ်ပါသည်။
သင်သည် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုယုံကြည်ပါသလား။ ယင်းကို သင်မတွေ့ကြုံရသေးသော်လည်း ယင်းအပေါ်အာရုံပြုကြည့် ဖူးပါ သလား။
ဤကမ္ဘာကြီး၌လည်းအချို့သောလှပသည့်နေရာရှိပါသည်။ ဤ ကမ္ဘာကြီး၌ကောင်းသော ပတ်ဝန်းကျင်အကြောင်း ကျွန်ုပ်တို့ပြောသည့် အခါသစ်ပင်ပန်းမန်နှင့်ရေချောင်း၊ လွင်ပြင်၌ရှိသော ပန်းခင်းစသည့် တို့ကို သာပြောတတ်ကြသည်။ယင်း၌ သန့်စင်သောရေစီးဆင်းစေပြီး မကောင်း သောသူများမရှိဘဲ ဘာမှ လိုအပ်ခြင်း မရှိရဟု ပြောတတ်ကြသည်။ ဤသို့ ဖြစ်ပါကယင်းသည်အလွန်ကောင်းမွန်သောနေရာဟု ကျွန်ုပ်တို့ ဆိုပေမည်။ သို့သော်ကောင်းကင်ဘုံ၌အရာတိုင်းသည် ပြည့်စုံပြီးတစ်ကမ္ဘာလုံးမှာသည့် အကောင်းဆုံးသောနေရာ ထက်ပင်သာ၍ ကောင်းမည် ဖြစ်သည်။
ထိုသို့ဆိုသော်မေးခွန်းမှာအလွန်အင်မတန်ပြည့်စုံစွာတည်ဆောက် ထားသောသန့်ရှင်းသော မြို့တော်ကို ကောင်းကင်ဘုံမှ မည်သူတို့အတွက် ဘုရားသခင်ကသယ်ဆောင်လာရန် ပြင်ဆင်ထားသနည်း။ ဘုရားသခင် သည် အခြားသောသူများအတွက် မဟုတ် သန့်ရှင်းသော သူတို့အတွက်ပင် ဖြစ်သည်။ ဤအတွက်ကြောင့်ပင်ကျွန်ုပ်တို့အားလုံးသည် ပထမ ကောင်း ကင်နှင့်ပါတ်သက်သည့်အရာအားလုံးတို့ကို မေ့ပစ်နိုင်ရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အခန်း (၂၁)၌ ရေးသားဖော်ပြထားသည့်လာမည့် ကောင်း ကင်သစ်နှင့်မြေကြီးသစ်တွင် ဘုန်းတော်ဖြင့်ရှင်သန်ရမည်ဖြစ်ပြီး သခင်ဘု ရားသည် ကျွန်ုပ်တို့နှင့်ထာဝရအတူနေထိုင်မည် ဖြစ်သည်။ ထိုသို့ ပြုလုပ် ရန် ဘုရားသခင်သည်ကျွန်ုပ်တို့အားသူ့သားတော်ယေရှုခရစ်ကို စေလွှတ် ခြင်းဖြင့် ကယ်တင်ပြီး၊ကျွန်ုပ်တို့ကို ရှင်ပြန်ထမြောက်စေကာ ချီဆောင်ခြင်း ပြုမည်ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းခံပြီးသောယေရှု၏ ခန္ဓာကဲ့သို့ သော ပြည့်စုံသည့်ခန္ဓာဖြင့်နေခြင်းက ပြည့်စုံသောသဏ္ဍာန်ကို ပုံဆောင်ပြီး ကျွန်ုပ်တို့ကို စောင့်မျှော်နေသောကောင်းကြီးမင်္ဂလာကို ဖော်ပြသည်။
ကျွန်ုပ်တို့အားကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ပေးရန်အတွက် ဘုရားသခင်သည် သင်နှင့်ကျွန်ုပ်အား ဤလောက၌မွေးဖွားပြီး ကယ်တင် ခြင်းကိုပေး၏။ အကယ်၍သန့်ရှင်းသူတို့သည် ဘုရားသခင်၏ ကြွယ်ဝသော ကြည့်ရှုစောင့်ရှောက်ပုံကို သတိရပြီးနေထိုင်အသက်ရှင်ပါက စိတ်ဓါတ် ကျခြင်း၊ဆင်းရဲဒုက္ခအတွက်ဝမ်းနည်းခြင်းများမရှိဘဲနေထိုင် အသက်ရှင်နိုင် မည် ဖြစ်ပါသည်။ သခင်ဘုရားကျွန်ုပ်တို့အတွက် ပြုခဲ့သည့်အရာနှင့် အနာ ဂတ်၌ပြုမည့်အရာတို့ကို ကြည့်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်အပြု သဘော ဖြင့် ရှင်သန်နေထိုင်နိုင်ပါသည်။
သို့သော်အကယ်၍ကျွန်ုပ်တို့အသက်တာကိုသာကြည့်ပြီးမျှော်လင့် ချက်မဲ့သောနိုင်ငံရေးအခြေအနေ၊စီးပွားရေးနှင့်ဤလောက၏လူမှု ပတ်ဝန်း ကျင်ကို ကြည့်မည်ဆိုပါက ရွေးချယ်စရာမရှိဘဲစိတ်ဓါတ်ကျနေမည် ဖြစ် သည်။သင်နှင့်ကျွန်ုပ်မှာဘုရားသခင်ကအသစ်သောကောင်းကင်နှင့်မြေကြီး ကို ကျွန်ုပ်တို့ကိုပေးထားပြီး ထိုကောင်းကင်သည် ကျွန်ုပ်တို့ပိုင်သည့် အရာ ဖြစ်ကြောင်း ဘယ်သောအခါမျှ မမေ့သင့်ပေ။ ဤအရာသည် အစစ်အမှန် ဖြစ်ပါသည်။ဤအရာသည်တကယ့်အစစ်အမှန်ဖြစ်ပါသည်။ဤ အရာသည် တကယ့်အဖြစ်မှန်ပင် ဖြစ်သည်။ လောကကသင့်ကို ဝမ်းနည်းစေရန် ကြိုး စား နေလျှင်ပင်လဲကျသွားခြင်းမရှိဘဲသခင့်ကိုသာကြည့်ပါ။ သခင်ဘုရား သည်သူ၏သန့်ရှင်းသူတို့အားကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ပေးသည် ဆိုသည့်အရာကို ယုံကြည်ပါ။
ဘုရားသခင်က အရာအားလုံးကို အသစ်ပြုပြင်မည်ဟု မိန့်တော် မူခဲ့သည်။ သူသည် ယောဟန်အား ဤစကားတို့ကို ရေသားရန်မိန့်တော် မူခဲ့သည်။ ဤစကားတို့သည် သစ္စာနှင့်ပြည့်သောစကားတို့ ဖြစ်သည်။ ပထ မရှင်ပြန်ထမြောက်ခြင်း၌ပါဝင်သောသူတို့သည် ဘုရားသခင် ပြုလုပ်ထား သည့် အရာအားလုံးအသစ်ဖြစ်သောနေရာ၌နေထိုင်ရသော ကောင်းကြီးကို ခံစားရမည်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့ စိတ်ကူးဖြင့်ပင် တွေးကြည့် နိုင်သည့်အရာမဟုတ်ဘဲဘုရားသခင်က သူ၏သန့်ရှင်းသူတို့အတွက်ပြင် ဆင်ထားသည့်အရာဖြစ်သည်။ သန့်ရှင်းသူတို့နှင့်အရာအားလုံးတို့သည် ဤ အမှုအတွက် ထားရေ ချီးမွမ်းနေကြမည် ဖြစ်သည်။
“ယုံကြည်ခြင်းသည် မမြင်ရသေးသောအရာတို့ကို မျက်မှောက် ပြု သည်ဟု ကျမ်းစာ၌ ပြောထားပါသည်။” (ဟောမြဲ ၁၁း၁) 
အခြားစကားလုံးဖြင့်ဆိုသော် ဤအရာများကို ကျွန်ုပ်တို့မမြင်ရ သော်လည်းအမှန်တကယ် ဖြစ်သောအရာများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မျှော်လင့်ခြင်းထားနိုင်သည် ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရ၏။ ကျွန်ုပ်တို့ကယ်တင်ခြင်းရပြီးနောက် လိုအပ်ချက်များ မရှိသည့်ပြည်စုံသောနေရာကိုလိုချင်သောကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့အတွက် ဤမျှော်လင့်ခြင်းကိုပြည်စုံစေပါသည်။ ကျွန်ုပ်တို့၏ မျှော်လင့် ခြင်းသည် မှန်ကန်သောကြောင့် မျှော်လင့်သောအရာမှန်သမျှတို့ ဖြစ်လာ ပေမည်။
အခန်း(၁၀)၌ ဘုရားသခင်သည် ကောင်းကင်တမန်အားဖြင့် ယော ဟန်ကိုစကားပြောချိန်သမုဒ္ဒရာနှင့်မြေကြီးပေါ်မှာ ရပ်လျှက်နေသည့် အရာ တို့ကိုရေးချရန် ပြင်ဆင်ချိန် ဘုရားသခင်က သူကိုမရေးရန် ပြောခဲ့သည်။ သခင်ဘုရားစကားပြောသည့်အရာများထဲ၌ ရေးရန်ခွင့်မပြုသောအရာတို့ ရှိပြီးထိုအရာတို့အားသန့်ရှင်းသူတို့၌သာဖွင့်ပြမည့်နက်နဲသောအရာတို့ ဖြစ် သည်။
ဤနက်နဲသောအရာသည်အခြားမဟုတ်ဘဲ ကျွန်ုပ်တို့၏ချည် ဆောင်ခြင်းဖြစ်သည်။ မည်သည့်အချက်၌ ကျွန်ုပ်တို့၏ ချည်ဆောင်ခြင်း ဖြစ်မည်ကိုသိရန် ဘုရားသခင်၏တံပိုးခုနှစ်ခုသည် ဤနက်နဲသော အရာ အတွက်သဲလွန်စဖြစ်ကြောင်း သဘောပေါက်နိုင်သည်။ ထိုသို့ဆိုသော် မည် သည့်အချိန်၌ တံပိုးမှုတ်သံကြားရမည်နည်း။ ခုနှစ်နှစ်ဘေးဒဏ်ကြီး၏ ပထ မသုံးနှစ်ခွဲကာလပြီးဆုံးခါနီးတွင်ဖြစ်သည်။ဤအချိန်၌သန့်ရှင်းသူတို့ရှင်ပြန် ထမြောက်ပြီးချီဆောင်ခြင်းဖြစ်လာမည်ဖြစ်သည်။ချီဆောင်ခြင်းပြီးသောအ ခါအမျက်တော်ခွက်ဖလားခုနှစ်ခုဆက်တိုက်ထွက်ပေါ်လာမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ချို့ကကျွန်ုပ်သည် နှိုးထမှုအမည်းအတွေ တစ် ခုအား “အာရှိပြည်၌ရှိသောအသင်းတော်ခုနှစ်ပါး”ဟု အမည်ပက်၍ ပြုလုပ် ခဲ့သည်။ထို့အပြင်အရှိပြည်၌ရှိသောအသင်းတော်ခုနှစ်ပါးနှင့်ပက်သက်၍စာ အုပ်လည်းရေးခဲ့၏။ ယင်းတို့ထဲမှတော်တော်များများကို ဤနေရာ၌ ဆွေး နွေးထားသည်။စာအုပ်ထဲရှိတရားဟောချက်များကို ကြည့်သောအခါ အချိန် တို့ ပြောင်းလဲခြင်း မရှိကြောင်းတွေ့ရ၏။
ဘုရားသခင်ကသင်နှင့်ကျွန်ုပ်အတွက် ပြင်ဆင်ထားသည့် ကောင်း ကင်သစ်နှင့်မြေကြီးသစ်၌ သင်နေထိုင်အသက်ရှင်လိုပါသလား။ ဤလော က၏မပြည်စုံသောအရာတို့ကို ထိုနေရာ၌တွေ့ရမည်မဟုတ်ပေ။ ဘုရားသ ခင်ကအရာအားလုံးတို့ကိုအသစ်ပြုပြင်မည်ဟု ဆိုသောအချိန်တွင် အချို့ သော သူတို့က သူသည်ရှိပြီးသောအရာတို့ကို ပြောင်းလဲစေမည်ဟု အနက် ဖွင့် ကြသည်။ သို့သော်အခန်း (၂၁)နှင့် ရှေ့ဆက်ပြောထားသည့်ကျမ်းပိုဒ် တို့၌ အတိတ်ကိစ္စအရာနှင့်လုံးဝခြားနားပြီးလုံးဝအသစ် ဖြစ်မည်ဟု ဆို၏။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသောသူတို့သည် ကောင်းကင်သစ်နှင့်မြေ ကြီး သစ်တွင်ပါဝင် ကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်ဂုဏ်ရည်တို့ကိုလည်းခံစားရသောသူများဖြစ်သောကြောင့် ဖြစ် သည်။ အခြားစကားလုံးဖြင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ ပိုင်နက်၌ ပါဝင်ခွင့်ရသောသူတို့ ဖြစ်သောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် ရုပ်ဝတ္ထုများအပေါ်၌သာတွေးတောနေခြင်းထက် ဝိညာဉ်နေရာတို့ကိုတွေးတောသင့်ပါသည်။သင်သည်ဘုရားသခင်ပြောထား သည့်အရာများပြည့်စုံခြင်း မရှိသေးသော်လည်း ပြည့်စုံလာမည် ဖြစ်သည့် အရာတို့အပေါ် ယုံကြည်သောအစေခံဖြစ်စေဖို့ရန် ကျွန်ုပ်ဆုတောင်းသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့ကိုကြီးမားသောကောင်းကြီးမင်္ဂလာပေးခဲ့သည်။
ရေငတ်သော သူတို့အတွက်အခမဲ့ သက်စမ်းရေကို ပေးမည်ဟု ဘုရားရှင်မိန့်မူခဲ့ပါသည်။ ဤစကားသည်ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ရည်ညွှန်းခြင်းမရှိပေ။ ဘုရားသခင်သည် သူတို့၏ရေဆာခြင်းမှ ကယ်တင်ရန်ဤလောက၌ဧဝံဂေလိတရားကိုပေးပြီး ၄င်းတို့အပြစ်မှ ကယ် တင်ခြင်းသည်လည်း အသက်ရေကို သောက်သုံးခြင်းကဲ့သို့ဖြစ်သည်။ သို့ သော် ဤနေရာ၌ ဤကျမ်းပိုဒ်က ဤအတွက်သာရည်ညွှန်းထားသည် မ ဟုတ်ဘဲ ကောင်းကင်သစ်နှင့်မြေကြီးသစ်၌ သောက်သုံးရမည့် အမှန်တ ကယ်ဖြစ်သောရေစစ်စစ်ကိုရည်ညွှန်းသည်။သောက်သုံးသောသူတို့၏ ခန္ဓာ သည် သခင့် ခန္ဓာကဲ့သို့ ဖြစ်ပြီး ထာဝရသူနှင့်အတူ နေရမည် ဖြစ်သည်။
ကျွန်ုပ်တို့ သခင်ဘုရားသည် ဤအရာတို့အား အစအဦးကတည်း ကပင် စီမံပြီးပြည့်စုံစေခဲ့ပြီး ဖြစ်ပါသည်။ သခင်ပြုခဲ့သည့်အရာတိုင်းသည် သူ့အတွက်နှင့် သူ၏သန့်ရှင်းသူတို့အတွက် ဖြစ်သည်။ ထိုသို့ပင် သန့်ရှင်း သူတို့သည် ခရစ်တော်၏လူများဟု ဘုရားသခင်ကိုယ်တိုင်က ခေါ်ပြီး သူ့အ စီအမံအတိုင်းဘုရားသခင်၏သားသမီးအစစ်အမှန်ဖြစ်လာကြသည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသူ ဖြစ်လာ ကြ သူတို့သည် သခင်ဘုရားကို ထာဝရချီးမွမ်းခြင်းမှလွဲ၍ ဘာမျှလိုအပ်မှု မရှိကြောင်းသိမြင်လာကြမည်ဖြစ်သည်။
သခင်ဘုရားပြောသည့်အတိုင်း“ငါသည်ရေငတ်သောသူတို့ကို အခ မဲ့အသက်စမ်းရေကိုပေးမည်ဟုဆို၏။” သူသည်သန့်ရှင်းသူတို့အား အသက် စမ်းရေကိုပေးပြီး ထာဝရအသက်ဖြင့် ရှင်သန် စေခဲ့ပါသည်။ ဤအရာသည် ဘုရားသခင်ကသန့်ရှင်းသူတို့အပေါ်ကောင်းကြီးပေးသော အကြီးမြတ်ဆုံး သောအရာဖြစ်သည်။ ယခုတွင်သန့်ရှင်းသူတို့သည်ကောင်းကင်သစ်နှင့် မြေ ကြီးသစ်၌ ထာဝရနေထိုင်ပြီးအသက်စမ်းရေမှ ရေကိုသောက်သုံးကာ ဘယ် သောအခါမျှ ရေဆာတော့မည်မဟုတ်ပေ။ အခြားစကားလုံးဖြင့် ဆိုသော် သန့်ရှင်းသူတို့သည်ဘုရားသခင်ထာဝရဘုန်းတော်ဖြင့်နေထိုင်သည့်အတိုင်း ဘုရားသခင်၏သားသမီးများအဖြစ် ထာဝရအသက်ရရှိမည် ဖြစ်သည်။ ဤ ကြီးမြတ်သောကောင်းကြီးမင်္ဂလာကို ပေးသောဘုရားသခင်ကိုကျေးဇူးချီး မွမ်းပါသည်။
 
 

စစ်မှန်သော ဧဝံဂေလိကို ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို လောကအား အောင်နိုင်စေ၏

 
တမန်တော်ယောဟန်သည် ယခုသူ၏မျက်မှောက်အချိန်သို့ လှည့် ပြန်၏။ “အောင်မြင်သောသူတို့သည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါ သည် သူ၏ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏ သားဖြစ်လိမ့်မည်” (အငယ် ၇)။ ဤနေရာ၌ “အောင်မြင်သောသူ” ဆိုသည်မှာ သခင်ဘုရား ပေးထားသည့်ယုံကြည်ခြင်းကို ကွယ်ကာသောသူတို့ကို ဆိုလို၏။ ဤယုံ ကြည်ခြင်းက သန့်ရှင်းသောသူတို့အား စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဒုက္ခအ ပေါင်းတို့ကိုအောင်မြင်စေပါသည်။ ကျွန်ုပ်တို့၏ဘုရားသခင်ပေါ်ယုံကြည် ခြင်းနှင့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပေါ်ယုံကြည်ခြင်းကလောက၏ အပြစ်များအပေါ် အောင်နိုင်ခြင်း၊ဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ် မြောက်ခြင်း၊ ကျွန်ုပ်တို့၏ ရန်သူနှင့်ကျွန်ုပ်တို့၏ အားနည်းချက်များ အပေါ် အောင်နိုင်ခြင်းနှင့် အန္တီခရစ်၏ညှင်းပန်းနှိပ်စက်ခြင်းတို့အပေါ် အောင်နိုင် ခြင်း ကို ဖြစ်စေပါသည်။
အရာအားလုံးတို့အပေါ်အောင်မြင်ခြင်းပေးသည့်ကျွန်ုပ်တို့၏သခင် ဘုရားအပေါ် ကျွန်ုပ်ကျေးဇူးချီးမွမ်းပါသည်။ သခင်ဘုရားကို ယုံကြည်သော သန့်ရှင်းသူတို့သည်အန္တီခရစ်ကို အောင်မြင်နိုင်၏။ အကြောင်းမှာ ကျွန်ုပ်တို့ သခင်ဘုရားသည် ယုံကြည်သောသူတိုင်းအားမိမိတို့၏ရန်သူကို တိုက်ခိုက် ရာ၌အောင်မြင်သောယုံကြည်ခြင်းကို ပေးထားသောကြောင့် ဖြစ်သည်။ သ ခင်ဘုရားသည် ယခုယုံကြည်ခြင်းဖြင့် လောကနှင့်အန္တီခရစ်ကို အောင်နိုင် သောသန့်ရှင်းသူတို့အား ကောင်းကင်သစ်နှင့်မြေကြီးသစ်သို့ ဝင်ရောက်ခွင့် ပေးပါသည်။ ဤခိုင်ခန့်သော ယုံကြည်ခြင်းကို ပေးသည့်သခင်ဘုရားကို ကျွန်ုပ်ကျေးဇူးတင်လှပါသည်။
ဘုရားသခင်ကအောင်မြင်သောသူတို့အားငိုကြွေးခြင်း၊ ဝမ်းနည်း ခြင်းမရှိတော့သည့်ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို အမွေခံစေမည်ဟု မိန့်တော်မူ၏။ အောင်မြင်သောသူတို့ကသာယင်းကို လက်ခံရန် ထိုက် တန်၏။ ဤအောင်မြင်သောယုံကြည်ခြင်းသည်သခင်ဘုရားပေးထားသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ယုံကြည်ခြင်းဖြစ်သည်။ ဤယုံကြည် ခြင်း သာလျှင် ကျွန်ုပ်တို့၏အပြစ်၊ အားနည်းချက် လောကီနှင့်အန္တီခရစ်ကို အောင်နိုင်၏။
အန္တီခရစ်ကို အောင်နိုင်သည့်ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် ဆု လက်ဆောင်အနေဖြင့် ကျွန်ုပ်တို့သည်မကြာမှီပင်ကောင်းကင်သစ်နှင့် မြေ ကြီးသစ်ကိုရမည်ဖြစ်သည်။ဤကောင်းကြီးမင်္ဂလာအပေါင်းတို့ကို ယုံကြည် ခြင်းဖြင့်သာရသောကြောင့်ကျွန်ုပ်တို့ကို ဆန့်ကျင်တိုက်ခိုက်သော အန္တီခ ရစ်က ကျွန်ုပ်တို့ယုံကြည်ခြင်းကို ယူဆောင်ရန် ကြိုးစားလျှက်ပင် ရန်သူ၏ အစီအမံအားလုံးကို ယုံကြည်ခြင်းဖြင့်အောင်နိုင်မည် ဖြစ်သည်။ အောင်မြင် သောသူသည်အခြားသောသူများကမည်သို့ပြောနေပါစေသခင်ဘုရားက သူ တို့အပြစ်များကို ယူဆောင်သွားသည်ဆိုသော အရာ၌ယုံကြည်ခြင်း ရှိ၏။ ဒုတိယအကြိမ်မွေးဖွားပြီးခံပြီးသောကျွန်ုပ်တို့သည်နောက်ဆုံးသော ကာလ ၌အသက်ရှင်သည့်အတိုင်းအန္တီခရစ်၏စီမံမှုများကို ယုံကြည်ခြင်းဖြင့်အောင် နိုင်ရမည် ဖြစ်သည်။ 
သခင်ဘုရားသည်ကျွန်ုပ်တို့ကိုကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ပေးသည့်အပြင် ကြွယ်ဝခြင်းနှင့် ဘုန်းအာနုဘော်ကိုလည်း ပေးသည် ဆို သောယုံကြည်ခြင်းအားဖြင့်တိုတောင်းသောဆင်းရဲဒုက္ခကိုအောင်မြင် နိုင်ပါ သည်။ကျွန်ုပ်တို့၌သာ၍ကောင်းသောကမ္ဘာကြီးကစောင့်နေချိန်တွင် ဤဧဝံ ဂေလိအပေါ် ယုံကြည်ခြင်းကို ဖျက်စီး သစ္စာဖောက်မည်လော။ အကယ်၍ ဒီကနေ့သာ အသက်ရှင်ပြီးမနက်ဖြန်၌သာ၍ ကောင်းသောအရာများ၊ အံ့ သြဖွယ်ကောင်းမွန်သောအရာများစောင့်ကြိုနေသည်ဆိုပါကဒီကနေ့ဆင်းရဲ ဒုက္ခကိုမခံနိုင်ဘဲ နေပါမည်လား။ ကျွန်ုပ်တို့ အားလုံးခံနိုင်ပါသည်။
သမ္မာကျမ်းစာထဲ၌သန့်ရှင်းသူတို့ စိတ်ထဲတွင် အမြဲထားရမည့် မရှိ မဖြစ်သောသီလမှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်ချစ်ခြင်း ဖြစ်သည်။ ဘု ရားသခင်သူတို့အတွက် ပေးထားသောကောင်းကြီးမင်္ဂလာတို့သည် အမှန် တကယ်ဖြစ်သည်ဟု မျှော်လင့်သောသူတို့သည်သူတို့၏လက်ရှိ ဆင်းရဲဒုက္ခ ကိုသာ၍ခံစားနိုင်ကြသူများ ဖြစ်သည်။ နောက်ဆုံးသောကာလ၏ ဆင်းရဲ ဒုက္ခသည် ခဏသာအတွင်းသာဖြစ်သောကြောင့် ဘုရားသခင်သည် လွတ် မြောက်ရန်လမ်းကို ပြင်ဆင်ပေးထားသောကြောင့် ကျွန်ုပ်တို့ တည်နေနိုင် ကြပါသည်။ဤအချိန်ကတည်းမှစ၍သင့်ကိုလည်းအသစ်သောကောင်းကင် နှင့် မြေကြီးသို့ဝင်ပြီး ယုံကြည်ခြင်းနယ်ပယ်၌ အသက်ရှင်စေလိုသည့် မျှော် လင့်ချက်ရှိပါသည်။
ယုံကြည်ခြင်းနယ်ပယ်၌ ဤစကားအားလုံးတို့သည် သင်၏ ခန္ဓာ ကိုယ်ထက် သင့်နှလုံးသား၌ယုံကြည်ခြင်းဖြင့်ထိတွေ့ရန် လိုအပ်သည်။ ဤ သို့ဖြစ်ပါက သင့်နှလုံးသား၌ ခိုင်မာလာပြီးအသစ်သော ခွန်အားရကာ မျှော် လင့်ခြင်းလည်း ရှိလာမည် ဖြစ်သည်။
နောက်ဆုံးသော ကာလ၌သန့်ရှင်းသူအားလုံးတို့သည် မာတုရ ခံရ မည်ဖြစ်သည်။ ကောင်းကင်သစ်နှင့်မြေကြီးသစ်၌ ထားသော မျှော်လင့်ခြင်း အားဖြင့်ကျွန်ုပ်တို့သည်အသစ်သောခွန်အားရကာမာတုရကို ခံနိုင်ကြသည်။
ဘုရားသခင်သည် သူ၏အနှစ်သာရ၌ သမ္မာတရားနှင့် ပြည့်ပြီး ချစ် ခြင်းမေတ္တာဘုရားဖြစ်ပါသည်။ ထိုသို့ဆိုသော် အခြေခံအားဖြင့် ဘုရားသ ခင်ရှေ့၌ ကြောက်တတ်သော သူတို့သည် အဘယ်သူများ ဖြစ်ပါသနည်း။ ဤသူတို့သည်ဗီဇအပြစ်အားဖြင့် ဖွားမြင်ပြီးရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြင့် အပြစ်များဆေးကြောခြင်းမခံရသေးသူတို့ ဖြစ်သည်။ သူတို့ သည် ဘုရားသခင်ထက်နတ်ဆိုးကိုသာ ကိုးကွယ်သောကြောင့် စာတန်၏ အစေခံဖြစ်ကြသည်။ ယင်းသို့ ဖြစ်ခြင်းမှာ ၄င်းတို့သည် ဘုရားသခင် ရှေ့၌ စာတန်ကိုကိုးကွယ်ပြီးအလင်းထက်အမှောင်ကိုချစ်ကြသောကြောင့် ဘုရား သခင်ရှေ့၌ ကြောက်တတ်ကြခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့၌ ကြောက် တတ် ကြသူတို့သည် ကန့်နှင့်လောင်ကျွမ်းနေသောမီးအိုင်ထဲ ပစ်ချခြင်း ခံရ မည် ဖြစ်သည်။
ဤလူတို့သည် သူတို့ကိုယ်တိုင်မှောင်မိုက်၌ နေကြပြီးသူတို့၏ နှ လုံးသားထဲ၌ရှိသောအပြစ်ကြောင့်ဘုရားသခင်ကိုကြောက်တတ်ခြင်း ကလွဲ ၍အခြားလမ်းမရှိတော့ပေ။ အမှောင်ကို ချစ်ပြီး စာတန်ပိုင်သောဝိညာဉ် တို့ သည်လောက၏အလင်းဖြစ်သည့် ယေရှုရှေ့၌ ကြောက်တတ်ကြသည်။ ဤ အတွက်ကြောင့် ၄င်းတို့သည်သူတို့၏မကောင်းမှုနှင့် အားနည်းချက်များကို ဘုရားသခင်ရှေ့သို့သယ်ဆောင်ပြီးသူ့ထံမှ အပြစ်ခွင့်လွှတ်ခြင်းခံယူရန်လို အပ်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်သော သူတို့ သည် သူ့ရှေ့၌ ကြီးမားသောအပြစ်သားများနှင့်ရန်သူများ ဖြစ်ပါသည်။
သူတို့၏ဝိညာဉ်သည် စက်ဆုပ် ရွံရှာဘွယ် ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ကာအမျိုးမျိုးသောအပြစ်တို့ကို ကျူးလွန်ပြီး ရုပ်ထုကိုးကွယ် ခြင်း ကြောင့်ဖြောင့်မတ်သောဘုရားသခင်၏တရားစီရင်ခြင်းဖြင့်ကန့်နှင့် လောင် သောမီးအိုင်ထဲသို့ပစ်ချခြင်းခံကြရမည် ဖြစ်သည်။ ဤအရာသည် ၄င်းတို့၏ ဒုတိယမသေခြင်းအဖြစ် ဆုံးမခံရခြင်း ဖြစ်သည်။
ဒုတိယသေခြင်းသည် ငရဲသို့စေလွှတ်ခံရမည့်သူတို့အတွက် စီရင် ချက်ဖြစ်ပြီးဤသူတို့သည်ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက် ဆုပ် ရွံရှာဘွယ်သောသူ၊ ရုပ်ထုကိုးကွယ် သောသူ၊ သစ္စာဖျက်သော သူတို့ ဖြစ်ကာ ဘုရားသခင်ကို ယခုမယုံကြည်ကြသူနှင့် အန္တီခရစ်အပါအဝင် သူ့ နောက်လိုက်များဖြစ်ကြသည်။ သူ့ကိုမယုံကြည်သောသူတို့သည် ဒုစရိုက် ကို အပြုဆုံးသောသူဖြစ်သည်။ ဤမကောင်းသော သူတို့သည်ကန့်နှင့် လောင်သော မီးအိုင်အတွင်းသို့ပစ်ချခြင်းခံရမည်ဟု ကျမ်းစာက ကျွန်ုပ်တို့ ကိုပြောထားပါသည်။ထို့ကြောင့်ပင်ကျမ်းစာကယင်းကို ဒုတိယသေခြင်းဟု ခေါ်ခြင်း ဖြစ်သည်။
လုပ်ဆောင်ချက်၏ရလဒ်အခြေခံဘာသာရေးသင်တန်းများအလားတမန်များနှုတ်ဖြင့် ရွတ်ဆိုရသောအယူဝါဒဖြစ်ခဲ့သည်။ ထိုအကြောင်း ကြောင့်ကျမ်းစာအရဧဝံဂေလိတရားအရပို၍ တင်းကျပ်လာသည်။ တနည်း အားဖြင့်ဧဝံဂေလိတရားသည်တန်ခိုးနှင့်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ၄င်း၊ပြည့်စုံသောတရားကို မှားယွင်းသောဧဝံဂေလိတရားဖြင့် အစားထိုး လာခဲ့သည်။
ဘုရားသခင်ကို မယုံကြည်သောသူတို့သည် တဖန်ထမြောက်ပြီး ကန့်နှင့် လောင်သောမီးအိုင်အတွင်းသို့ ပစ်ချခြင်းခံရမည် ဖြစ်သည်။ ငရဲမီး ထဲ၌ ထာဝရဆင်းရဲဒုက္ခခံရမည့် ဒုတိယရှင်ပြန်ထမြောက်ခြင်းသည် ဤမ ယုံကြည် သောသူအားလုံးတို့အတွက်ထားခြင်းဖြစ်သည်။
ဘေးဒဏ်ကြီး ခုနှစ်ခုပြီး အမျက်တော် ခွက်ဖလား လိုက်လာပြီး သည်နှင့် တစ်ပြိုင်နက်အနှစ်တစ်ထောင်အုပ်စိုးသောကာလ ရောက်လာပြီး ယင်းကာလပြီးဆုံး ပြီးနောက်တွင်သန့်ရှင်းသူတို့သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်သို့ဝင်ရမည် ဖြစ်သည်။ သိုးသူငယ်၏သတို့သမီးကို သင့်အား ပြမည်ဆိုသည့်စကားစုမှသတို့သမီးသည်ယေရှုခရစ်အားဖြင့်ပေးထားသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်သောသူတို့ကို ရည်ညွှန်းပါ သည်။
 
 

သန့်ရှင်းသောမြို့တော်၏လှပခြင်းနှင့် ဂုဏ်ကျက်သရေသည် စာဖွဲ့မမှီ နိုင်အောင်ဖြစ်သည်

 
ယေရုရှလင်မြို့တော်သည် သန့်ရှင်းသောသူတို့၏၄င်းတို့ သတို့ သားဖြင့် အတူနေမည့်သန့်ရှင်းသောမြို့တော်ကို ရည်ညွှန်းပါသည်။ ယင်း သည်အတွင်း၌ခမ်းနားထည်ဝါလှပြီးအပြင်ပိုင်းတွင်အဖိုးတန်သောကျောက် မျက်တို့ဖြင့် တန်ဆာဆင်ထားပြီးသန့်ရှင်းလှပ၏။ ကောင်းကင်တမန်သည် ယောဟန်အားသခင်ယေရှု၏သတို့သမီးသည် သူမ၏သတို့သားနှင့် နေထိုင် မည့် နေရာကို ဖော်ပြခဲ့ပါသည်။
အဖိုးတန် ကျောက်မျက်များဖြင့်တည်ဆောက်ထားသော နန်း တော်၌နေထိုင်ခြင်းကို စဉ်းစားကြည့်ပါ။ ဤမြို့တော်ကြီးသည် မတူညီ သော အဖိုးတန်ကျောက်မျက်ဆယ့်နှစ်မျိုးဖြင့် တည်ထားပြီး သိုးသူငယ်၏ သတို့သမီးတို့သည် ထာဝရနေထိုင်ရမည် ဖြစ်သည်။ မြို့တော်သည် သိုးသူ ငယ်၏သတို့သမီးထံသို့ အပ်နှင်းမည့်ဘုရားသခင်၏ဆုလက်ဆောင် ဖြစ် သည်။ဤကျမ်းပိုဒ်တို့ကယေရုရှလင်မြို့တော်ကြီးသည်တောက်ပပြီးယင်း၏ အလင်းသည်ကျောက်မျက်၏ အလင်းကဲ့သို့ဖြစ်ပြီး ကျောက်သလင်း ကဲ့သို့ ကြည်လင်၏။
ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့အတွင်း၌ နေထိုင်သော သူများနှင့် အတူတကွရှိ၏။ ဘုရားသခင်ရှိနေရာအရပ်သည် အလင်းဖြစ်ပြီး မိမိအပြစ် များနှင့်မှောင်မိုက်ခြင်းများကိုဆေးကြောပြီးသူတို့သာလျှင်ဝင်ရောက် နိုင်ပါ သည်။ထိုသို့ဝင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယုံကြည်ရမည် ဖြစ်သည်။
ဤကျမ်းပိုဒ်၌ မြို့တော်သည် မြင့်သောမြို့ရိုးတို့ဖြင့် ဂိတ်ပေါက် ဆယ့်နှစ်ခုရှိသည်ဟု ဆို၏။ ထို့အပြင် ဂိတ်များ အပေါ်၌ ဣသရေလ လူမျိုး ဆယ့်နှစ်မျိုးတို့၏အမည်များကိုရေးသားထား၏။ ဘုရားသခင်က ကြီးမြတ် ပြီးမြင့်သောမြို့ရိုးရှိသည့်ဤမြို့တော်ကို သူ့လူများအတွက် တည်ဆောက် ထားသည်ဟု ဆို၏။
ဤအရာကသန့်ရှင်းသောမြို့တော်သို့ဝင်ရောက်ရန်ခက်ခဲကြောင်း ကို ဖော်ညွှန်းထားသည့် အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့၏ အပြစ် အားလုံးမှ ကယ်တင်ခြင်းသည် လူတို့၏ကြိုးစားခြင်း (သို့မဟုတ်) ဘုရားသ ခင်ဖန်ဆင်းထားသည့်အရာတို့ဖြင့် မဖြစ်နိုင်ဟု ဖြစ်သည်။ ကျွန်ုပ်တို့ အပြစ် မှ ကယ်တင်ခြင်းခံရပြီးသန့်ရှင်းသောမြို့တော်သို့ ဝင်ရန်အတွက် ယေရှု၏ တမန်တော်တို့၌ရှိသောရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည် ရမည်ဖြစ်သည်။ထိုကဲ့သို့ပင် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို မယုံ ကြည်သောသူတို့သည် သန့်ရှင်းသော မြို့တော်သို့ ဝင်နိုင်မည်မဟုတ်ပေ။
မြို့တော်သည် ထာဝရဘုရားသခင်ခန့်အပ်ထားသည့် ကောင်းကင်တမန် ဆယ့်နှစ်ပါးဖြင့် စောင့်နေ၏။ ၄င်းတို့၏ နာမတို့ကို ရေးထားပြီး ဆိုသည့် စကားစုသည် အခြားသောစကားလုံးဖြင့်ဆိုသော် မြို့တော်ကို ပိုင်ဆိုင် သော သူတို့ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု ဆို၏။ ပိုင်သူတို့မှာ ဘုရား သခင်နှင့် သူ၏သားသမီးတို့ ဖြစ်ပါသည်။
ဤသန့်ရှင်းသောမြို့တော်သည်အရှေ့၊အနောက်၊ တောင်၊ မြောက် လေးဘက်လေးယံ၌ဂိတ်သုံးခုစီ ရှိပါသည်။သခင်ဘုရားက ဤနေရာ၌ ဂိတ် သုံးခုကို ရည်ညွှန်းထားသည်မှာ ကျွန်ုပ်တို့ကို ယုံကြည်သည့် ဧဝံဂေလိကို ဆိုလိုသည်ဟု ကျွန်ုပ် သေချာ ပြောနိုင် ပါသည်။ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင်၅း၇-၈၌ဖော်ပြထားသည်မှာဧဝံဂေလိ၌ကောင်းကင်နှင့် မြေကြီး တွင် သက်သေသုံးပါးရှိသည်ဟု ဆို၏။ ကောင်းကင်နှင့်မြေကြီး၌ ရှိသော ဤသက်သေသုံးခုကိုယုံကြည်သောသူတို့သာလျှင်ကောင်းကင်သို့ ဝင်နိုင်ပါ သည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော ကျွန်ုပ်တို့သည် သုံးပါးတစ်ဆူ ဘုရားနှင့်သူ၏ရေ၊အသွေးနှင့်ဝိညာဉ်တော်အားဖြင့် ကယ်တင်သည့်ဖြောင့် မတ် သည့် အမှု၌ ယုံကြည် ပါသည်။
လုပ်ဆောင်ချက်၏ ရလဒ်အခြေခံဘာသာရေး သင်တန်းများအ လား တမန်တော်များနှုတ်ဖြင့် ရွတ်ဆိုရသောအယူဝါဒဖြစ်ခဲ့သည်။ ထိုအ ကြောင်းကြောင့်ကျမ်းစာအရဧဝံဂေလိတရားအရ ပို၍ တင်းကျပ်လာသည်။ တနည်းအားဖြင့်ဧဝံဂေလိတရားသည်တန်ခိုးနှင့်၄င်း၊သန့်ရှင်းသောဝိညာဉ်တော်နှင့်၄င်း၊ပြည့်စုံသောတရားကိုမှားယွင်းသောဧဝံဂေလိတရားဖြင့်အစား ထိုးလာခဲ့သည်။
ဖာလုံ ဂရိဘာသာစကား၌ “Stadion”သည် ယနေ့ တိုင်းတာမှုနှင့် ဆိုပါက၆၀ဝလက္မ (၁၈၅ မီတာ)အကွာအဝေးအတွက်ဖြစ်သော တစ်ယူနစ် ဖြစ်သည်။ကျမ်းစာကမြို့တော်၏ စတုရန်းလေးထောင့် တစ်ခုစီတိုင်း ၂၂၂၀ ကီလိုမီတာ(၁၃၉၀ မိုင်)ရှိသည်ဟု ဆိုခြင်းဖြစ်သည်။ ယင်း၏ အနံ၊ အလျား၊ အမြင့်သည်လည်း အတူတူပင်ဖြစ်သည် ဟုဖော်ပြထား၏။ မြို့တော်၏ ကြီးကျယ်ခမ်းနားခြင်းကဘုရားသခင်၏မြို့တော်သည် မည်မျှ ကြီးကျယ်၍ ခမ်းနားကြောင်း ပြောနေခြင်းဖြစ်သည်။
ကျမ်းစာနှင့်ဆိုင်သောနံပါတ်လေးသည် ဆင်းရဲဒုက္ခနံပါတ်ဖြစ် သည်။ သခင်ဘုရားကျွန်ုပ်တို့ကို တောင်းဆိုသည့်ယုံကြည်ခြင်းသည် လူ တိုင်း၌ရှိနိုင်သောယုံကြည်ခြင်းကဲ့သို့မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ယုံကြည်သောသူ၌သာလျှင် ရှိနိုင်၏။ ယင်းတို့၏ကိုယ်ပိုင် အတွေး ဖြင့် အပြည့်အဝနားလည်နိုင်ခြင်း မရှိလျှင်ပင် ယုံကြည်၏။
ခရစ်ယာန်အနေဖြင့် ယေရှု၏လက်ဝါးကားတိုင်ကို ယုံကြည်ပြီး ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သည်ဆိုခြင်း သက်သက်က ကောင်း ကင်နိုင်ငံသို့ ဝင်နိုင်စေခြင်းမရှိပေ။ သခင်ဘုရားပြောသည့်အတိုင်းပင် သူ/ သူမသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်း မရှိပါက ကောင်းကင်နိုင်ငံသို့မဝင်နိုင်ဟုဖြစ်သည်။ လူတို့သည် ယေရှုက လောက၏ အပြစ်အားလုံးတို့အားသူ၏ဗတ္တိဇံခံခြင်းဖြင့်ယူဆောင်သွားပြီးကားတိုင်ပေါ် ၌သူ၏အသွေးသွန်းကာသူတို့နေရာ၌အသေခံခဲ့သည်ကိုယုံကြည်မှသာလျှင် ဒုတိယအကြိမ် မွေးဖွားခြင်း ခံရပါမည်။
မြို့သည်လည်း ကြည်လင်သော ဖန်နှင့်တူသော ရွှေစင် ဖြစ်သည် ဆိုခြင်းကရွှေကဲ့သို့သောယုံကြည်ခြင်း၊ဆိုလိုသည်မှာ ဘုရားသခင်ကို အမှန် တကယ် ယုံကြည်သူတို့သာလျှင် ဝင်နိုင်သည်ဟု ဖြစ်သည်။
မြို့တော်နံရံများ၏အုပ်မြစ်များသည် အဖိုးတန်သောကျောက်မြက် မျိုးစုံဖြင့် တန်ဆာဆင်ထားသည်။ ဤအကြောင်းအရာကကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့သည်လည်း၊ကျွန်ုပ်တို့သခင်ဘုရား၏နှုတ်ကပတ်တော်မှလာသော ယုံကြည်ခြင်း၏ကွဲပြားသောလက္ခဏာသွင်ပြင်များမှ ခွန်အားများရယူနိုင် ကြကြောင်းပြောပြနေပါသည်။ကျွန်ုပ်တို့တွင် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းသို့မဟုတ် ကောင်းကင်ဘုံနှင့် နှစ်တစ်ထောင်နိုင်ငံတော်တို့အပေါ် ထားရှိသော ယုံကြည်ခြင်းမျိုးသာမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ယုံကြည်ချက် သည်စည်ကမ်းတကျဖြစ်ရမည်။ ဤကဲ့သို့သောကျင့်သာရသည့် ယုံကြည်မူ မျိုးသည်လည်း၊လက်ရှိဆင်းရဲဒုက္ခများကိုကြံကြံခံခံစားနေစဉ်မှာပင် ဘုရား သခင်၏နှုတ်ကပတ် တော်မှတဆင့်ရောက်လာခြင်းဖြစ်သည်။
ဘုရားသခင်သည်သန့်ရှင်းသူများကို သူတို့၏အပြစ်များကိုခွင့် လွှတ်ခြင်းတည်းဟူသောကောင်းချီးကိုသာပေးသည်မဟုတ်။ သူတို့၏မျော် လင့်ချက်များကိုပါ ပြည်စုံစေသောကောင်းချီးကိုပါပေးသည်၊ ယင်းကောင်း ချီးသည်သူတို့၏အပြစ်များမှခွင့်လွှတ်ခြင်းခံရသူများကိုနှစ်တစ်ထောင်နိုင်ငံ တော်နှင့်ကောင်းကင်သို့ဝင်ရောက်စေလိမ့်မည်။ ကျွန်ုပ်တို့သည်သန့်ရှင်းသူ များအနေဖြင့်၊ ဝမ်းနည်းမူများပူဆွေးမူများအစဉ် ကြုံတွေ့နေစဉ်မှာ ပင် ကျွန်ုပ်တို့အားကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုဝင်ရောက်နိုင်ရန်အတွက် အရည်အချင်းပြည့်မှီ စေသောဘုရားရှင်ကို ကျေးဇူးတင်ရန်သာရှိပါသည်။
လုပ်ဆောင်ချက်၏ရလဒ်မှာ အခြေခံဘာသာရေးသင်တန်းများအလားတ မန်တော်များနှုတ်ဖြင့်ရွတ်ဆိုရသောအယူဝါဒဖြစ်ခဲ့သည်။ ထိုအကြောင်း ကြောင့်ကျမ်းစာအရဧဝံဂေလိတရားအရ ပို၍တင်းကျပ်လာသည်။ တနည်း အားဖြင့် ဧဝံဂေလိတရားသည်တန်ခိုးနှင့်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော် နှင့်၄င်း၊ ပြည့်စုံသောတရားကိုမှားယွင်းသောဧဝံဂေလိတရားဖြင့် အစားထိုး လာခဲ့သည်။-
သန့်ရှင်းသော မြို့တော်သို့ဝင်ရောက်ကြမည့် သန့်ရှင်းသူတို့သည်၊ ဤကမ္ဘာတွင်နေထိုင်စဉ် အလွန်စိတ်ရှည်သည်းခံခြင်းရှိရန် လိုအပ်ပါသည်။ သူတို့၏ယုံကြည်ချက်ကိုဗဟိုပြု၍ခိုင်မာစွာ ကျောက်ချရပ်နားဖို့လိုအပ်ပါ သည်။တခြားနည်ဖြင့်ပြောရလျှင်ဘုရားသခင် ပြောကြားသောနှုတ် ကပတ် တော်အမှန်တရား၌ ယုံကြည်သူတို့သည်၊ သူတို့၏ယုံကြည်ခြင်းကို ကြီးမား သောဇွဲလုံးလ့ဖြင့် ကာကွယ်ထားရန် လိုအပ်ပါသည်။နောက်ဆုံးသောကာ လစေရောက်သောအခါ၊ ယုံကြည်ခြင်း၏ပြိုင်ဖက်ဖြစ်သော အန္တီခရစ်၏ ခေတ်သည်ရောက်ရှိလာလိမ့်မည်။
စာတန်၏ အစေခံကျွန်ကဲ့သို့ဖြစ်သောအန္တီခရစ်သည်၊ ယုံကြည် ခြင်းရှိသောလူအများကို အကြီးအကျယ်နှိပ်စက်ညှင်းပန်းပြီးသူ တို့၏ယုံ ကြည်ခြင်းကိုသစ္စာဖေါက်စေရန်နည်းလမ်းရှာကြလိမ့်မည်။ အကယ်၍လူ အပေါင်းတို့သည်အန္တီခရစ်ဖက်တွင်ရပ်တည်ပြီးသူတို့၏ယုံကြည်ခြင်းကိုစွန့် လွှတ်ခဲ့ကြလျှင်အနှစ်တစ်ထောင်နိုင်ငံတော်နှင့် ကောင်းကင်ဘုံသည်သူတို့ လက်တစ်ကမ်းသို့ ရောက်လာမည်မဟုတ်ပေ။ သို့သော်သူတို့အားလုံးသည် လည်း၊ စာတန်နှင့်အတူအပပ္ပါယ်ရဲထဲသို့ပစ်ချခံရမည်ဖြစ်သည်။
ထို့ကြောင့် နှိပ်စက်ညှင်းပန်းခြင်းနှင့် နောက်ဆုံးကာလ၏ကပ်ရော ဂါဘေးများဖြတ်သန်းရာလမ်းကြောင်းအလယ်တွင်ကျွန်ုပ်တို့ အားလုံးသည်၊ ကျွန်ုပ်တို့၏ယုံကြည်ချက်ကိုကာကွယ်ဖို့ သန္နိဌါန်ချမှတ်နိုင်ရန် ကျွန်ုပ်တို့ကို ကတိနှင့် ပေးသောဇွဲလုံးလဝိရိယလိုအပ်ပါသည်။ ဤကဲ့သို့သောမတွန့် မဆုတ်သောဇွဲလုံးလဝိရိယတို့အားကျွန်ုပ်တို့ကိုကောင်းကင်သစ်နှင့်မြေကြီး သစ်ဆီသို့ ပို့ဆောင်ပေးလိမ့်မည်။
ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင်နေထိုင်ရခြင်းသည် ဘုရားသ ခင်၏လက်ရုံးတော်နှင့် ပွေ့ဖက်ခံရသော အသက်တာနှင့်တူညီသည်။ အ ဘယ့်ကြောင့်ဆိုသော်ကမ္ဘာသစ်၏အလင်းဖြစ်လာသော ယေရှုခရစ်တော် သည် ဤသန့်ရှင်းသောကမ္ဘာကိုသူ၏အလင်းဖြင့် တောက်ပစေမည်။ ဤ အရပ်ဒေသတွင်အလင်းရောင်တောက်ပရန်အတွက်နေသော်၄င်း၊ လသော် ၄င်းမလိုအပ်ချေ။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖန်ဆင်း ရှင်နှင့် တရားသူကြီးဖြစ်သကဲ့သို့ ကောင်းကင်နှင့် မြေကြီးသစ်၌သူသည် ကျွန်ုပ်တို့နှင့်အတူနေထိုင်သော ဘုရားသခင်ဖြစ်သည်။ သူအားဖြင့်ကျွန်ုပ် တို့သည်ကောင်းကင်ဘုံသို့ဝင်ရောက်နိုင်ပြီး၊ သူ့အားဖြင့်ကောင်းချီးများစီး ဆင်းလာစေသည်။ သန့်ရှင်းသူများသည်ဘာမျှလုပ်စရာမရှိသို့သော် အမြဲ တမ်းဤသခင်ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းနေရမည်။
King James Version ကျမ်းစာအုပ်အခန်းငယ် (၂၄) ၌ အောက် ပါအတိုင်းရေးထားပါသည်။ လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကိုအမှီံ ပြု၍သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအ သရေကို ထိုမြို့ထဲသို့ဆောင်ခဲ့ကြလိမ့်မည်။ ဤနေရာ၌ကမ္ဘာ၏ဘုန်းကျက် သရေကို ကောင်းကင်သို့ယူဆောင်ကြသည်။ ဤအကြောင်းအရာက ပထ မကမ္ဘာကိုအုပ်စိုးသောသူများချမ်းသာကြွယ်ဝစဉ်က၊ သူတို့၏ ချမ်းသာခြင်း ကို ကောင်းကင်နှင့်မြေကြီးသစ်သို့ သယ်ဆောင်သွားမည်ဟုဆိုလိုခြင်းမ ဟုတ်ပါ။ ဤနေရာတွင်ရည်ညွှန်းထားသော ကမ္ဘာမှာနှစ်တစ်ထောင် နိုင်ငံ တော်နှင့် ကောင်းကင်ဘုံရှိရာကမ္ဘာဖြစ်သည်။
သန့်ရှင်းသူများသည် ကယ်တင်ခြင်းခံရပြီးနောက် သူတို့၏တူ ညီသောအပြုအမှုများနှင့်အတူတကွ အနှစ်တစ်ထောင်နိုင်ငံတော်သို့ ဝင် ရောက်ကြလိမ့်မည်ဖြစ်သော်ငြားလည်း၊ သူတို့ကိုမတူညီသော အခွင့်အာ ဏာများ ပေးအပ်ထားသည်။ အချို့တို့သည်မြို့ကြီးဆယ်မြို့ကို အုပ်စိုးရပြီး၊ အခြားသူမှာငါးမြို့သာ စိုးမိုးရသည်ပထမကမ္ဘာတွင် နေစဉ်က သတင်း ကောင်းကိုဟောပြောကြစဉ်ကသူတို့၏ကြိုးပမ်းအားထုတ်မူအပေါ်မူတည်၍ ယင်းသို့ အခွင့်အာဏာကွဲပြားလျှက လက်ခံရခြင်း ဖြစ်သည်။
အခန်းငယ်(၂၄)က ကျွန်ုပ်တို့ကိုပြောပြသောအရာမှာ- ခြားနား သောအခွင့်အာဏာများရှိကြသည်။ ထိုရှင်ဘုရင်တို့သည် ကောင်းကင်သစ် နှင့်မြေကြီးသစ်သို့ ပြောင်းရွှေ့သွားကြလိမ့်မည်။ တခြားနည်းဖြင့်ပြောရ လျှင် အနှစ်တစ်ထောင်နိုင်ငံတော်ကိုအုပ်စိုးနေကြသူတို့သည်၊ ကောင်းကင် သစ်နှင့်မြေကြီးသစ်သို့ ဘုရင်ကဲ့သို့ဝင်ရောက်ကြပြီး၊ သခင်ဘုရား၌သူတို့ ယုံကြည်ခြင်းနှင့် သူတို့၏ဘုန်းအသရေတို့ကိုယူဆောင် လာကြသည်။ ထို့ ကြောင့်ကျွန်ုပ်တို့အားလုံးယခုနေထိုင်ကြသောပထမကမ္ဘာ၌ မည်သည့်အ ရာမျှလုပ်ရန် မရှိပါ။
အဘယ့်ကြောင့်ဆိုသော်သန့်ရှင်းသောမြို့တော်တည်ရှိရာ ကောင်း ကင်သစ်နှင့်မြေကြီးသစ်သည်သန့်ရှင်းသောအလင်းရောင် နှင့်ပြည်စုံပြီးဖြစ် သည်။ဤနေရာတွင်မရှိနိုင်ပါ၊မည့်သည့်မကောင်းဆိုးဝါးမှမရှိပါ။ ဤကမ္ဘာရှိ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူများကဲ့သို့ပင် ရေနှင့်ဝိညာန်ဆိုင်ရာ သ တင်းကောင်းကိုမသိသေးသောသူတို့သည်၊ ညစ်ညမ်းသောသူ၊ စက်ဆုပ်ရွံ့ ရှာဖွယ်ရာကောင်းသူနှင့်လိမ်လည်သူဖြစ်ကြသည်။ ထို့ကြောင့်ထိုသူတို့ သည် သန့်ရှင်းသောမြို့တော်သို့ဝင်ခွင့်မရကြပေ။အဘယ့်ကြောင့်ဆိုသော် ရေနှင့်ဝိညာန်သတင်းကောင်းကိုယုံကြည်သောသူ မည်သူ့မဆိုကောင်းကင် ဘုံသို့ဝင်နိုင်သည်။ဤရေနှင့်ဝိညာန်တို့၏သတင်းကောင်းသည်ကောင်းကင် သို့ ဝင်ရာသော့ဖြစ်ပြီးအပြစ်မှခွင့်လွှတ်ခြင်းခံရာသောဖြစ်သည်။ ဘုရားသ ခင်ကသင့်အား ဤသော့ကိုပေးကြောင်း သင်အသိအမှတ်ပြုပြီး ယုံကြည် လာသောအခါ သင့်၏အမည်သည်အသက်စာစောင်တွင် ရေးသွင်းခြင်းခံရ မည်ဖြစ်ကြောင်းကို သင်နားလည်သဘောပေါက်ရမည်။ ထို့နောက်ဤသ တင်းကောင်းကိုသင်လက်ခံလျှင်သင်သည်ဤသန့်ရှင်းသောမြို့တော်သို့ဝင် ရသောအခွင့်တည်းဟူသောကောင်း ကြီးကိုသင်သည် ဝတ်ဆင်ရလိမ့်မည်။
သန့်ရှင်းသောမြို့တော်သည်ကျွန်ုပ်တို့အားရှေးမဆွကပင်ပေးအပ်ထားပြီး ဖြစ်သည်ကိုယုံကြည်ပါ။ ထို့နောက်သင့်အသက်တာကိုလည်း မျှော်လင့် ချက်နှင့်ကိုက်ညီစွာ အသက်ရှင်စေပါ။
အဘယ်ကြောင့်ဆိုသော်မျက်မှောက်ကာလ၌ ကျွန်ုပ်တို့ရင်ဆိုင်ရ သောအရာအားလုံးသည် လောကီကမ္ဘာ၏တန်ခိုးဖြတ်သည့် နည်းစနစ်ဖြင့် တိုင်းထွာခံရလျှက်ရှိသဖြင့်ကျွန်ုပ်တို့သည်စစ်မှန်သောပျော်ရွှင်မှု ဆိုသည် ကို အဘယ်စစ်စစ်ကောင်းစွာ နားလည်သဘောပေါက်ခြင်း မရှိကြပေ။ သို့ သော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏တိုင်းထွာမှုပေတံဖြင့် တိုင်းတာ သောအခါ၊ ကောင်းကင်ဘုံကို လက်ဝယ်ပိုင်ဆိုင်သောသူသည် စစ်မှန်သော ပျော်ရွှင်ဝမ်းမြောက်နေသူတစ်ဦးဖြစ်ကြောင်း၊ ကျွန်ုပ်တို့နားလည် သဘော ပေါက်နိုင်ပါသည်။အဘယ့်ကြောင့်နည်း။အဘယ့်ကြောင့်ဆိုသော် ကမ္ဘာ၏ ပစ္စည်းအားလုံးသည် အနှေးနှင့်အမြန်ပျောက်ကွယ်သွားကြမည် ဖြစ်သည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို မည်သည့်နေရာတွင်မှမထားရှိရန် ကျွန်ုပ်တို့ အားကမ်းလှမ်းလျှက်ရှိနေပါသည်။ ယင်အရာများအားလုံးတို့သည်၊ သူသ ခင်၏အစီအစဉ်နှင့်အညီသူတို့၏အဆုံး၌ ဘေးဒဏ်ကြီးကာလနှင့် ကပ်ရော ဂါဘေးများကျရောက်ပြီးပျောက်ကွယ်သွားကြလိမ့်မည် ဖြစ်သည်။ အတွေး အသား၏ယင်းကဲ့သို့သောလောကီအရာများအပေါ်မျှော်လင့်ချက်ထားခြင်း သည်၊ ဘာမျှမရှိခြင်းထက် ပို၍ မိုက်မဲ့ရာကျသည်။ ယင်းအရာများသည် ဆွေးမြေ့ပြီး ပြာအဖြစ်သို့ လောင်းကျွမ်းသွားကြမည် ဖြစ်သည်။
သို့သော်မတူညီသည့်အချက်မှာ- ကောင်းကင်ဘုံ၏ထာဝရနိုင်ငံ တော်သို့ သူတို့၏မျှော်လင့်ချက်ကိုထားရှိသူတို့သည်၊ ယင်းအရာများသည် ဆွေးမြေ့သွားခြင်း၊ လောင်းကျွမ်းသွားခြင်းရှိမှာမဟုတ်၊ ကောင်းကြီးခံ စားရ သူများဖြစ်လာကြမည်။အပြစ်မရှိသောသူများသာ၊ ဘုရားသခင်ပြင်ဆင်ပေး သောသန့်ရှင်းသောယေရှုစလင်မြို့တော်သို့ဝင်ရောက်နိုင်ကြမည်၊ ဤကမ္ဘာ ပေါ်တွင်အပျော်ရွှင်ဆုံးသောသူများမှာ၊ ကောင်းကင် ဘုံကိုလက်ဝယ်ပိုင် ဆိုင်ထားသူများ၊သူတို့၏အပြစ်များအားလုံးကို ခွင့်လွှတ်ခံရပြီး စင်ကြယ် သောသူများဖြစ် ကြသည်။
ဘုရားသခင်၏ကောင်းကြီးပေးခြင်းဖြင့် ကျွန်ုပ်တို့အသက်တာကို ရှင်သန်စေရမည်။ကောင်ကင်နှင့် မြေကြီးအသစ်ကိုရရှိသည့်အတွက် သူ၏ ဂုဏ်တော်ကိုချီးမွမ်းကြသူများနှင့် မိမိကိုယ်ကိုမိမိစစ်မှန်သော သတင်း ကောင်းဟောပြောရန် အပ်နှံသောသူများသည်၊ ဝိညာန်တစ်ခုစီနှင့်ဝိညာဉ် တိုင်းကို ကောင်းကင်ဘုံသို့ဝင်ရောက်စေနိုင်ကြမည်ဖြစ်သည်။
ယင်းကဲ့သို့သောကောင်းချီးများဖြင့်ကျွန်ုပ်တို့အသက်ရှင်ကြပါစို့။ဘုရားသခင်ကကျွန်ုပ်တို့ကိုချစ်ပါစေ။ဘုရားသခင်၏ရှေ့မှောက်၌ကျွန်ုပ်တို့ရပ်လျက်နေကြသောအခါ၊သူ၏လက်ရုံးတော်ဖြင့်ကျွန်ုပ်တို့အား ပွေ့ဖက် ခြင်းကိုခံယူလျက် ထာဝရအသက်ရှင်ကြပါစို့။