Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 22-1] အသက်ရေစီးရာဖြစ်တည်းဟူသော ကောင်းကင်သစ်နှင့်မြေကြီးသစ် (ဗျာဒိတ်ကျမ်း ၂၂း၁-၂၁)

အသက်ရေစီးရာဖြစ်တည်းဟူသော ကောင်းကင်သစ်နှင့်မြေကြီးသစ်
( ဗျာဒိတ်ကျမ်း ၂၂း၁-၂၁ )
“တဖန်ကျောက်သလင်းကဲ့သို့ ကြည်လင်၍ ဘုရားသခင်နှင့်သိုးသူ ငယ်၏ ပလ္လင်တော်ထဲကထွက်သောအသက်ရေစီးရာမြစ်ကို ကောင်းကင် တမန်သည်ငါ့အားပြလေ၏။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ် နှစ်ဘက်၌လည်းကောင်းအသက်ပင်ရှိ၏။ထိုအသက်ပင်သည် အသီးတစ် ဆယ့်နှစ်မျိုးကိုသီးတတ်၏။မိမိအသီးကိုလည်းလတိုင်းပေးတတ်၏။အရွက် သည်လည်း လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာတို့ဖြစ်၏။ နောက်တ ဖန်ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှမရှိပေ။ ထိုမြို့၌ဘုရားသခင်နှင့် သိုးသူငယ် ၏ ပလ္လင်တော်ရှိ၍ဘုရားသခင်၏ကျွန်ုပ်တို့သည် ဘုရားဝတ်ကို ပြုကြ လိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်းနှာမတော်ရေးထား လျှက်ရှိလိမ့်မည်။ထိုမြို့၌ညမရှိရ၊ဆီးမီးကိုအလိုမရှိ၊နေ၏အရောင်ကိုလည်း အလိုမရှိ၊ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင် ခြည်တော်ကို လွှတ်တော်မူ၍သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံရကြ လတ္တံ့။ ကောင်းကင်တမန်ကလည်းဤစကားသည် သစ္စာစကား၊ ဟုတ်မှန် သောစကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကိုအစိုးရသော ထာဝရအရှင် ဘုရားသခင်သည်ကာလမကြာမြင့်မှီဖြစ်ရမည့်အမှုအရာများကို မိမိကျွန် တို့အားပြစေခြင်းငှါ ကောင်းကင်တမန်တော်ကိုစေလွှတ်တော်မူပြီ။ ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏အနာဂတ္တိစကားကို စောင့်ရှောက် သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ငါယောဟန်သည် ဤအရာများ ကို ကြားမြင်၏။ကြားမြင်ပြီးလျှင် ထိုအရာများကို ပြသောကောင်းကင် တမန်၏ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ သူကလည်းမပြုပါနှင့် ငါကားသင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏စကားကိုစောင့်ရှောက်သော သူတို့၏ လုပ်ဖော်ဆောင်ဖက် လည်းဖြစ်၏။ဘုရားသခင်ကို ကိုးကွယ်လော့ဟုပြောဆို၏။တဖန်တုံ ငါ့အား မိန့်တော်မူသည်ကားဤစာစောင်၏အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့် အကြောင်းမူကား ကာလအချိန်ရောက်လုနီးပြီ။ မတရားသောသူသည် မတ ရားသဖြင့်ပြုစေဦး၊ ညစ်ညူးသောသူညစ်ညူးစေဦး၊ ဖြောင့်မတ်သောသူ သည်ဖြောင့်မတ်စေဦး၊ သန့်ရှင်းသူသည်သန့်ရှင်းစေဦး။ ငါသည် အလျင်အ မြန်လာမည်။ ငါသည်အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီး တို့အား မိမိတို့အားမိမိတို့အကျင့်အတိုင်းဆပ်ပေးမည်။ ငါသည်အာ လဖ ဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ် ၏။ အစနှင့်အဆုံးလည်းဖြစ်၏။ အသက်ပင်နှင့်ဆိုင်၍ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊လူ့အသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာ ပျက်ခြင်းကိုနှစ်သက်၍ပြုသောသူအပေါင်းတို့သည် ရှိကြ၏။ ငါယေရှုသည် အသင်းတော်တို့အဘို့ဤအရာများကို သင်တို့အားသက်သေခံစေခြင်းငှါ ငါ၏ကောင်းကင်တမန်ကိုစေလွှတ်၏။ငါသည်ကား ဝါဒ၏အမြစ်ဖြစ်၏။ အ နွယ်လည်းဖြစ်၏။ ထွန်းတောက်သောမိုးသောက်ကြယ်လည်းဖြစ်၏။ ဝိ ညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးကလာခဲ့ပါဟုဆိုကြ၏။ကြားသောသူ ကလည်းလာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည်လာပါစေ။ အလိုရှိ သောသူသည် အဘိုးကိုမပေးဘဲအသက်ရေကိုယူပါစေ။ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား အကြင်သူသည်ဤအရာတို့၌ ထပ်၍အသစ်သွင်း၏ဤစာစောင်၌ ရေးထား သော ဘေးဒဏ်တို့ကိုသူ့အပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူ မည်။အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသော မြို့တော်နှင့်လည်းကောင်း၊ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နှုတ် ပယ်တော်မူမည်။ ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု ဤအရာ များကို သက်သေခံသောသူမိန့်တော်မူ၏။ အာမင်၊ သခင်ယေရှု ကြွလာ တော်မူပါ။ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူတော်သည်သန့်ရှင်းသူအပေါင်း တို့၌ ရှိစေသတည်း။”
 
 

အနက်ဖွင့်ကျမ်း

 
အခန်းငယ် (၁) တဖန်ကျောက်သလင်းကဲ့သို့ ကြည်လင်၍ ဘုရား သခင်နှင့်သိုးသူငယ်၏ပလ္လင်တော်ထဲကထွက်သောအသက်ရေစီးရာ မြစ်ကို ကောင်းကင်တမန်သည်ငါ့အားပြလေ၏။
ဤကျမ်းပိုဒ်တွင်ရှင်ယောဟန်အားပြသခဲ့သောအရာကို “ကျောက် သလင်းကဲ့သို့ ကြည်လင်သောအသက်ရေစီးရမြစ်”ဟု ဆိုထားပါသည်။ ရေဟူသောစကားလုံးကို ဤကမ္ဘာ၏အနက်အဓိပ္ပါယ်ချင်းတူသော ဝေါဟာ ရဖြစ်သည့် အသက်တာအဖြစ်အသုံးပြုထားသည်။ ဤကျမ်းပိုဒ်က ကျွန်ုပ် တို့အားဤအသက်ရေသည် ကောင်းကင်နှင့် မြေကြီးသစ်တည်းဟူသော သန့်ရှင်းသူတို့ ထာဝရနေထိုင်ရမည့်အရပ်မှစီး ဆင်းလာကြောင်းပြောပြပါ သည်။ သိုးသူငယ်၏ပလ္လင်မှစတင်စီးဆင်းသော အသက်ရေစီးရာမြစ်သည် ကောင်းကင်နိုင်ငံတော်ကို စိုစွတ်စေပြီးအရာအားလုံးကို အသစ်ဖြစ်စေ သည်။ ဤကျမ်းပိုဒ်ထဲ၌ “သိုးသူငယ်၏ပလ္လင်တော်” ဟုဖော်ပြသောစာ ပိုဒ်အနက်“သိုးသူငယ်”သည်ယေရှုခရစ်တည်းဟူသောလူသားတို့ကိုရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းဖြင့် လူသားတို့ ဤကမ္ဘာ၌ နေထိုင်ကြစဉ် ကယ်ဆယ်သောပုဂ္ဂိုလ်ကို ရည်ညွှန်းပါသည်။
ဘုရားသခင်ကသူ၏သန့်ရှင်းသူများကို ပေးအပ်ခဲ့သောကောင်း ကင်နှင့်မြေကြီးသစ်ထဲ၌ အသက်ရေစီးရာမြစ်သည် စီးဆင်းလျက်ရှိသည်။ ဤဥယျာဉ်သည်လှပသောရေးဆေးပန်းချီကားကဲ့သို့ကြည်လင်ပြီး သန့်ရှင်း စင်ကြယ်သည့်အတွက်၄င်းကို ထူးဆန်းသောအရာကဲ့သို့သာ ဖော်ပြနိုင် သည်။အသက်ရေစီးရာမြစ်တည်းဟူသောဘုရားသခင်ကကျွန်ုပ်တို့အားပေးအပ်သောမြစ်မှာ သာမန်ရိုးရိုးမြစ်ကဲ့သို့မဟုတ်ပါ။ သို့သော် ၄င်းရေသည်ထို နေရာတွင်ရှိသောအသက်ရှင်သောအရာအားလုံးကို ပေးသောအသက် ဖြစ် သည်။ထို့ကြောင့်အရာရာတိုင်း၌ ရှင်းသန့်သောအသက်တာသည် ဤအ သက် ရေစီးရာမြစ်နှင့်ဆက်သွယ်သည်။ ဤအသက်ရေစီးရာမြစ်၏ မြစ် ကမ်းပါးဘေး၌ နေထိုင်ကြသောသန့်ရှင်းသူများ၏အသက်တာသည် ဤရေ ကိုသောက်ပြီး ထာဝရအသက်တာ၌ပျော်မွေ့လျှက် အစဉ်ထာဝရနေထိုင် ကြရမည်။
အသက်ရေစီးရာမြစ်သည် ဘုရားသခင်နှင့်သိုးသူငယ်၏ ပလ္လင် တော်မှစီးဆင်းလာသည်။ သန့်ရှင်းသူတို့သည် ဘုရားသခင်အား မကူညီနိုင် ကြသော်လည်း ဘုရားသခင်နှင့်သိုးသူငယ်တို့၏ ကျေးဇူးတော်ကို ကောင်း ကင်နှင့်မြေကြီးသစ်၌ချီးမွမ်းကြမည်။အဘယ်ကြောင့်ဆိုသော် ဘုရားသခင် သည် သူတို့အပေါ်၌သူ၏ကျေးဇူးတော်ကိုပေးအပ်ခဲ့သော ကြောင့်ဖြစ် သည်။ သခင်ဘုရား၏ပလ္လင်တော်မှစီးဆင်းလာသော ဤအသက်တာသစ် ၏ ကရုဏာတော်အားလုံးကို ကျွန်ုပ်ကျေးဇူးတင်ပါသည်။
အခန်းငယ်(၂)မြို့လမ်းမအလယ်၌လည်းကောင်း၊ထိုမြစ်နှစ်ဘက်၌ လည်းကောင်းအသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့် နှစ် မျိုးကိုသီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည် လည်း လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာတို့ဖြစ်၏။
ကောင်းကင်ဘုံ၌ သခင်ဘုရား၏ အံ့သြဘွယ်ရာကောင်းချီးများ သည်သူ၏သန့်ရှင်းသူများအပါ် စီတန်းလျှက်ဆက်လက်ကျ ရောက်နေ သည်။ဘုရားသခင်သည်ကျွန်ုပ်တို့အားမြစ်ဘေးတစ်ဖက်တစ်ချက်၌ ပေါက် နေသောအသက်ပင်ကိုပေးလိမ့်မည်။ ၄င်းအပင်မှအသီးများကိုလည်း စား သောက်ခွင့်ပြုလိမ့်မည်။ အသက်သစ်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကို သီးလိမ့်မည်။ လစဉ်အသစ်သောအသီးများသီးတတ်၏။ အသက်တာသစ် အတွက် ခွန်အားကိုလည်း ယူဆောင်ပေးတတ်ကြောင်း နှုတ်ကပတ်တော် ကပြောပြပါသည်။ဤနေရာတွင် ၄င်း၏အရွက်များသည် လူမျိုးအပေါင်းတို့ အတွက်အနာငြိမ်းစေမည်ဖြစ်ကြောင်း ပြောပြပါသည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူ၏သန့်ရှင်းသူများကို အပ်နှင်းသောကရုဏာတော်သည်အလွန်ကြီးကျယ်ခန်းနားလှသည်။ကျွန်ုပ် တို့အားလုံးလုပ်နိုင်သည့်အရာမှာသူနှင့်ဖခမည်းတော်တို့ကိုချီးမွမ်းခြင်းသာဖြစ်ပါသည်။ယခုအခါအားလုံးသော သန့်ရှင်းသူများအနေဖြင့်ပြုလုပ်သင့် မည့်အရာမှာ သခင်ဘုရားအတွက် အဘိုးထိုက်တန်သောအရာတစ်ခုခု သူ တို့ကိုယ်တိုင်လုပ်ပေးရန် မဟုတ်ပါ။ သို့သော် သခင်ဘုရားကိုသာ သူတို့ ၏ကျေးဇူးသိသောနှလုံးသားဖြင့် ၄င်းသူတို့အား ကောင်းကင်သစ်နှင့်မြေ ကြီးသစ်နှင့် အသက်တာသစ်ကိုပေးအပ်သည့်အတွက်၄င်း ချီးမွမ်းကြရ မည်။သန့်ရှင်းသူတို့၏နှလုံးသားကို“ကျေးဇူးတင်တယ်သခင်ဘုရားဟာလေ လုယ”ဟု အော်ဟစ်စေရန်ပြုလုပ်ပေးသော ဘုရားရှင်အားကျွန်ုပ်ချီးမွမ်းပါ သည်။
အခန်းငယ်(၃)နောက်တဖန်ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှမရှိ၊ထို မြို့၌ဘုရားသခင်နှင့်သိုးသူငယ်၏ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်ုပ်တို့ သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။
ဘုရားသခင်သည် ကောင်းကင်နိုင်ငံတော်တွင် နေထိုင်လျှက်ရှိ သောသန့်ရှင်းသူများကိုကျိန်ခြင်းကိုထာဝရဖယ်ရှားပစ်သောကောင်းချီးပေး ထားသည်။ကောင်းကင်နိုင်ငံတော်၌ နေထိုင်ကြသောသန့်ရှင်းသူများသိုးသူ ငယ်အားသူတို့နှလုံးသားများ၏အလယ်ဗဟို၌ ထားရှိကြောင်း၊ သန့်ရှင်းသူ တို့အကြား၌နေသောဘုရားသခင်နှင့်သိုးသူငယ်၏ပလ္လင်တော်တို့သည်သူတို့အလယ်၌ရှိကြောင်း သန့်ရှင်းသူများက ကျွန်ုပ်တို့အားဖေါ်ပြပါသည်။ ထို့ ကြောင့်သန့်ရှင်းသူတို့၏နှလုံးသားများသည် အစဉ်သဖြင့်လှပခြင်း၊စစ်မှန် ခြင်းတို့နှင့်ပြည့်လျှံလျှက် ရှိပြီး၊သူတို့၏ဘဝသည်လည်း ပျော်ရွှင်ဝမ်း မြောက်မှုဖြင့် ပြည့်လျှက်ရှိသည်။
“ဘုရားသခင်၏ ကျွန်ုပ်တို့သည် ဘုရားဝတ်ပြုကြလိမ့်မည်”ဟူ သောကျမ်းပိုဒ်မှ-ကျွန်ုပ်တို့မြင်တွေ့ရသည်အရာမှာ-ကောင်းကင်နိုင်ငံတော် ၌နေထိုင်လျှက်ရှိကြသောသန့်ရှင်းသူတို့သည် သူ၏ဘုန်းကျက်သရေတော် ကို ဝတ်ဆင်ကြလျှက်၊သခင်ဘုရားကိုသူနှင့်အလွန်နီးကပ်စွာ ခံစားလျှက် ဝတ်ပြုကြသည်။ကျွန်ုပ်တို့၏သခင်ဘုရားနေထိုင်ရာကောင်းကင်နိုင်ငံတော် သည် အလွန်လှပပြီး ကြီးကျယ်သော နိုင်ငံတော်ဖြစ်သည်။
သူ၏ညာဖက်၌အစားအစေခံလျှက်ရှိသော သခင်ဘုရား၏အစေခံ ကျွန်သည်သူ၏ဘုန်းကျက်သရေတော်အားလုံးကို နီးကပ်စွာခံစားနိုင်သည်။ ဤအကြောင်းအရာကကျွန်ုပ်တို့ကိုကောင်းကင်နိုင်ငံတော်တွင်လည်းသခင် ဘုရား၏အစေခံကျွန်များရှိနေကြလိမ့်မည်ဖြစ်ကြောင်းပြောပြပါသည်။ အ စေခံကျွန်ဟူသောစကားလုံးသည်၊ အောက်တန်းစားဖြစ်ခြင်းလက္ခဏာကို ဖေါ်ပြပါသည်။ သို့သော်လည်းကျွန်ုပ်တို့၏ဂုဏ်ကျက်သရေရှိ သောသခင် ဘုရားကို အနီးကပ်ဝတ်ပြုနိုင်သောအစေခံကျွန်များသည်လည်းကောင်း ကင်နိုင်ငံ၌ ကောင်းချီအခံစားရဆုံးသူများဖြစ်ကြသည်။ ထို့ကြောင့်သူတို့ သည်အလွန်ကြီးကျယ်ခမ်းနားပြီးနှုတ်ဖြင့်ဖေါ်ပြခြင်းငှာ အစွမ်းသာသော ခမ်းနားခြင်းမျိူးကိုဝတ်ဆင်လျှက်ရှိကြသည်။ ကောင်းကင်နိုင်ငံတော်၌သ ခင်ဘုရား၏အစေခံကျွန်ဖြစ်လာသောသူများနှင့်ဤကမ္ဘာမြေ၌လည်းအစေ ခံကျွန်ဖြစ်ခဲ့ကြသူများတို့သည်၊ကောင်းကင်ဘုံ၏ဂုဏ်ကျက်သရေများ ဆင် မြန်းခွင့်ရမည်ဖြစ်ပြီး ထိုသူတို့သည်အပျော်ရွှင်ဆုံးသော သူများဖြစ်လာကြ လိမ့်မည်။
အခန်းငယ် (၄) မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်းနာ မတော်ရေးထားလျှက်ရှိလိမ့်မည်။
သန့်ရှင်းသူနှင့်အစေခံကျွန်အားလုံးကို မည်သူပိုင်ဆိုင်လိမ့်မည် နည်း။သူတို့အားလုံးကိုသခင်ဘုရားပိုင်ဆိုင်လိမ့်မည်။ သူတို့သည် ဘုရားသ ခင်၏လူများနှင့်ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ထို့ကြောင့်ကောင်း ကင်နိုင်ငံတော်၌ ဘုရားသခင်အားအစေခံကြသူများ၏ နဖူးတွင်သခင်ဘု ရား၏အမည်မှာမရေးထိုးထားလိမ့်မည်။ သူတို့သည်ဘုရားသခင်၏ လူများ ဖြစ်လာကြသဖြင့် ဘုရားသခင်က အမြဲတမ်းကာကွယ်စောင့်ရှောက်လျှက် ကောင်းကြီးပေးမည်။ သန့်ရှင်းသူများသည်ဘုရားသခင်၏ လူများဖြစ်လာ သည်ဟူသောအဓိပ္ပါယ်မှာ သူတို့သည် အပျော်ရွှင်ဆုံးသောသူများအဖြစ် အ လွန်ခမ်းနားထည်ဝါသောသော ဂုဏ်ကျက်သရေတော်ဖြင့် လွှမ်းခြုံခံရမည် ဟုဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဖြစ်တည်ခြင်းအပေါ် ရှက်ကြောက် သောသူနှင့် သူ၏ခမ်းနားထည်ဝါခြင်းကိုလျစ်လျူရှုသောသခင်ဘုရား၏ အ စေခံကျွန်တို့သည်၊ ကောင်းကင်ဘုံ၏မြို့တော်သားဖြစ်လာနိုင်မည်မဟုတ် ပေ။
ကောင်းကင်ဘုံ၌နေထိုင်ကြသော သန့်ရှင်းသူများ၏နဖူးတွင် သ ခင်ဘုရား၏နာမည်ရေးထားလျှက်ရှိသည်။ ဤသည်မှာဘုရား သခင်က သူတို့အား၊အပ်နှင်းထာသောကောင်းချီးဖြစ်သည်။ ယခုမှစ၍သန့်ရှင်းသူ များ၏ ဘုရားသခင်၏လူများဖြစ်လာကြသည်။ထို့ကြောင့် စာတန်ကပင် လျှင်ဘုရားသခင်၏ လူများဖြစ်လာကြသောသန့်ရှင်းသူများကိုအန္တရယ် မ ပြုနိုင်တော့ပေ။ဘုရားသခင်နှင့်သူ၏လူများတို့သည်ကောင်းကင်ဘုံ၏ ခမ်း နား ထည်ဝါမူအားလုံးထဲ၌အတူတကွနေထိုင်ကြလိမ့်မည်။ သန့်ရှင်းသူတို့ သည်ဘုရားသခင်၏ ကျက်သရေတင့်တယ်သော မျက်နှာတော်ကိုနေ့စဉ် မြင်ကြရလိမ့်မည်ဆိုသည်မှာသူတို့သည် ဘုရားသခင်၏မေတ္တာတော်နှင့် အံ့သြဘွယ်ရာ ကောင်းချီးမင်္ဂလာများထဲ၌ အစဉ်အမြဲနေထိုင်ရမည်ဖြစ် သည်။
ဤနေရာတွင်သန့်ရှင်းသူများနောက်ထပ်သိရှိဖို့လိုအပ်သော အရာ တစ်ခုမှာသခင်ယေရှုနှင့်အတူ ခမည်းတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ် တော်ကိုသည်လည်း သူတို့၏မိသားစုဝင်အဖြစ်အတူ ရှိနေကြလိမ့်မည်။
အခန်းငယ် (၅) ထိုမြို့၌ညမရှိရ၊ ဆီးမီးကိုအလိုမရှိ၊နေ၏အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ထာဝရအရှင် ဘုရားသခင်သည် သူ တို့၌ရောင်ခြည်တော်ကိုလွှတ်တော်မူ၍ သူတို့သည်ကမ္ဘာ အဆက်ဆက်စိုး စံရကြလတ္တံ့။
ဤနေရာတွင်ကျမ်းစာကကျွန်ုပ်တို့အား ပြောပြသည်အတိုင်း သန့် ရှင်းသူတို့သည် သခင်ဘုရားနှင့်အတူကောင်းကင်နှင့်မြေကြီးသစ်ကို အုပ်စိုး ကြလိမ့်မည်။ ရေနှင့်ဝိညာဉ်သတင်းကောင်းကို ယုံကြည်သက်ဝင်ခြင်းဖြင့် ဘုရားသခင်၏သန့်ရှင်းသူများဖြစ်လာကြသူတို့သည် ကယ်တင်ခြင်းကို လက်ခံရရှိပြီး ၄င်းအားဖြင့်သူတို့အား သခင်ဘုရားနှင့်အတူ ကောင်းကင် ဘုံကို အုပ်စိုးနိုင်စွမ်းရှိစေပြီးဘုရားသခင်၏ ကြွယ်ဝခြင်း၊ ခမ်းနားထည်ဝါ ခြင်းနှင့်အခွင့်အာဏာရှိခြင်းတို့၌အစဉ်ထာဝရနေထိုင်စေလိမ့်မည်။ ကျွန်ုပ် တို့သည် ဤသတင်းကောင်းအားဖြင့် နောက်ထပ်တစ်ကြိမ်အံ့သြဘွယ်ရာ ဖြစ်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သတင်းကောင်းနှင့်အံ့သြ ဘွယ် တန်ခိုးနှင့်ကောင်းကြီးများကို ကျွန်ုပ်တို့ ပိုင်ဆိုင်ခွင့်ရ၍ဖြစ်သည်။
ဤကောင်းကြီးမင်္ဂလာများအားလုံးနှင့် သူ၏ဂုဏ်ကျက်သရေ တော်တို့ကြောင့် ကျွန်ုပ်တို့၏သုံးပါးတစ်ဆူဘုရားရှင်အား ဂုဏ်တော်ချီးမွမ်း ရပါသည်။ ဤကမ္ဘာပေါ်၌နေထိုင်ကြစဉ်ရေနှင့်ဝိညာဉ်၏ သတင်းကောင်း ကိုယုံကြည်ခဲ့ကြသူများသည် ကောင်းကင်နိုင်ငံတော်ကိုအုပ်စိုးကြရလိမ့် မည်။ ဤကောင်းကြီးမင်္ဂလာများသည် မည်မျှ အံ့သြဘွယ်ရာကောင်းပါသ နည်း။ ကျွန်ုပ်တို့သည် ဘုရားရှင်အားမကူညီနိုင်ကြပါ။ သို့သော် ဘုရားရှင် ကို ချီးမွမ်းနိုင်ပါသည်။ သူတို့သည်ဘုရားရှင်အား အလွန်ချီးမြှောက်သင့် ပါ သည်။ဤသည်မှာအမှန်ကန်ဆုံးနှင့်အသင့်တော်ဆုံးလုပ်ရပ်ပင်ဖြစ်ပါသည်။
သန့်ရှင်းသူများ နေထိုင်ကြသည့် ကောင်းကင်သစ်နှင့်မြေကြီးသစ် တွင် မီးခွက်များမလိုပါ။ လျှပ်စစ်မီးသီး (သို့မဟုတ်) နေရောင်လဲမလိုပါ။ အ ဘယ်ကြောင့်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တော် တိုင် ကောင်းကင်နှင့်မြေကြီးသစ်၏အလင်းရောင်ဖြစ်လာကြပြီး ထိုအရပ် တွင် ညအချိန်ရှိမည်မဟုတ်သည့်အတွက်ဖြစ်ပါသည်။ ဘုရားသခင်က သန့်ရှင်းသူများကိုသူ၏သားသမီးများကဲ့သို့ ထိုအရပ်ကိုအုပ်စိုး ရန်ခွင့်ပြု ထားသည်။ဤကောင်းချီးမင်္ဂလာများက သန့်ရှင်းသူများ သခင်ဘုရားထံမှ လက်ခံရရှိသော ကရုဏာတော်သည် မည်မျှကြီးမားကြောင်းကို ကျွန်ုပ်တို့ အား ပြန်လည်အမှတ်ရစေပါသည်။
ကျွန်ုပ်တို့၏ကယ်တင်ခြင်းပြီးနောက် ကျွန်ုပ်တို့အား ပေးအပ်ထား သောကောင်းကင်ဘုံ၏ကောင်းချီးများသည် မည်မျှကြီးကျယ် ခမ်းနား ကြောင်းကိုကျွန်ုပ်တို့နားလည်သဘောပေါက်ကြရမည်။ကျွန်ုပ်တို့၏ဘုရား သခင်ကသူ၏သန့်ရှင်းသူများကို အပ်နှင်းထားသောကရုဏာတော်သည် မိုးကောင်းကင်ထက်ပို၍မြင့်မားပြီး ပို၍ကြီးကျယ်ပါသည်။ သန့်ရှင်းသူများ သည်သူတို့အားဘုရားသခင်ကပေးခဲ့သော ဤအံ့သြ ဘွယ်ရာကောင်းကြီး များက သူတို့အားကွင်း၍ ချန်ထားခံရမည်ကို ခွင့်မပြုသင့်ပါ။ သန့်ရှင်း သူများတတ်နိုင်သည်မှာ ဘုရားသခင်အား သူ၏ကြီးကျယ်မြင်မြတ်ခြင်း၊ ဘုန်းကျက်သရေရှိခြင်းနှင့်သူတို့အားအပ်နှင်းသောကောင်းကြီးများအတွက် ထာဝရကျေးဇူးတင်ခြင်းနှင့်ချီးမွမ်းခြင်းသာဖြစ်ပြီး ကြွယ်ဝခြင်း၊ ခမ်းနား ထည်ဝါခြင်းခြင်းဖြင့် ထာဝရနေထိုင်ကြရန်ဖြစ်သည်။အာမင်၊ ဟာလေလု ယ ကျွန်ုပ်တို့ဘုရားသခင်ကို ချီးမွမ်းကြလော့။
 
အခန်းငယ် (၆)ကောင်းကင်တမန်ကလည်း ဤစကားသည် သစ္စာ စကား၊ဟုတ်မှန်သောစကားဖြစ်၏။ပရောဖက်တို့၏ဝိညာဉ်ကိုအစိုးရ သော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမြင့်မှီ ဖြစ်ရမည့်အ မှုအရာ များကို မိမိကျွန်တို့အားပြစေခြင်းငှါကောင်း ကင်တမန်တော်ကို စေလွှတ် တော်မူပြီ။
“ဤစကားသည်သစ္စာစကား၊”ဟုန်မှန်သောစကားဖြစ်၏။ ဗျာဒိတ် ကျမ်းအားဖြင့်သန့်ရှင်းသူများထံဖော်ပြသောသူ၏ကတိတော်များကို ဘု ရားသခင်သည် အသေအချာပြည့်စုံစေလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည် သူ၏သန့်ရှင်းသူများကို ဘုရားသခင်၏ အစေခံ ကျွန်များမှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကြိုတင်၍အလုံးစုံ ကို ပြောပြခဲ့ပြီးဖြစ်သည်။ ဗျာဒိတ်ကျမ်းစာအုပ်ထဲမှ အဘယ်အကြောင်း အရာသည်ကောင်းကြီးအခံစားရဆုံး စကားလုံးဖြစ်သနည်း။ ဗျာဒိတ်ကျမ်း တွင် ကြောင်းကြီးပေးထားသောစကားလုံးမြောက်များစွာ ပါရှိပါသည်။ သို့ သော်ကောင်းကြီးအခံစားရဆုံးစကားခ၏လုံးမှာဘုရားသခင်သည် သန့်ရှင်း သူများကို သခင်ဘုရားနှင့်အတူကောင်းကင်နှင့်မြေကြီးသစ်ကို အုပ်စိုးခွင့် ပြုခြင်းနှင့် အခွင့်အာဏာဘုန်းကျက်သရေနှင့်အတူ နေထိုင်ခွင့်ပြုခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤအလုပ်ကို မကြာမီ သေချာပေါက်ပြည့်စုံစေမည်ဖြစ်သည်။ သန့်ရှင်းသူများသည် သူတို့၏ယုံ ကြည်ခြင်းကို ပြိုကွဲသွားမည်ကိုလည်းကောင်း၊ မျှော်လင့်ချက်ပျက်သုန်း ခြင်းထဲသို့ ကျဆင်းသွားမည်ကိုလည်းကောင်း၊ မည်သည့်အခါမှ ခွင့်မပြု နိုင်ပါ။ သန့်ရှင်းသူတို့သည်စမ်းသပ်ခံရခြင်း၊ဒုက္ခဆင်းရဲဖြစ်ရခြင်းများကိုသူ တို့ယုံကြည်ခြင်း၏မျှော်လင့်ချက်များဖြင့် ကျော်လွှားသွားမှာဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည်သူ၏ပရောဖက်ပြုချက်များ၊ကတိများကိုလုပ် ဆောင်ရန်အတွက် မျက်ကွက်လိမ့်မည်မဟုတ်ဘဲ သူ၏သန့်ရှင်းသူများနှင့် ဘုရားသခင်၏အသင်းတော်များတွင်အမှန်တကယ်ဖြစ် လာရန်ဆောင်ရွက် လိမ့်မည်ဖြစ်သည်။ကျွန်ုပ်တို့၏သခင်ဘုရားသည် ဤကမ္ဘာသို့ သူ၏အစေ ခံကျွန်များကိုစေလွှတ်ပြီး နှုတ်ကပတ်တော်ပရောဖက်ပြုချက်များကို ဟော ပြောစေခဲ့သည်။ ထို့ကြောင့်သူသည်သူ၏ သန့်ရှင်းသူများနှင့် အသင်းတော် သို့ ဤကောင်းကြီးအားလုံး အကြောင်းကို ပြောပြနိုင်ခဲ့သည်။
အခန်းငယ် (၇) ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။
ဤဗျာဒိတ်ကျမ်း၏ပရောဖက်ပြုသော နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ အားအနာဂတ်တွင်သန့်ရှင်းသူများ၏မာတုရခံရခြင်း အကြောင်းကိုပြော ပြပါသည်။ အန္တီခရစ်ကသန့်ရှင်းသူများကို ညှင်းပန်းနှိပ်စက်သောကာလ သည် ရောက်ရှိလာလိမ့်မည်ဆိုသည့်အကြောင်းနှင့် သူတို့သည်သူတို့၏ ယုံ ကြည်ခြင်းကိုသေသည့်အထိ ကာကွယ်သွားကြမည်ဆိုသည့် အကြောင်း များကို ကျွန်ုပ်တို့အားဖော်ပြပါသည်။ အဘယ်ကြောင့်ဆိုသော်ဤကိစ္စ သည်ဘုရားသခင်၏အလိုတော်အရဖြစ်သဖြင့် သန့်ရှင်းသူတို့သည် သူတို့၏ မာတုရခံရခြင်းကိုပွေ့ဖက်ကြိုဆိုကြလိမ့်မည်။ ထို့နောက်သူတို့သည် သူ တို့၏ထမြောက်ခြင်းနှင့် ချီဆောင်ခြင်းတွင် ပါဝင်ဆင်နွှဲကြလျှက်နှစ်တစ် ထောင်ကာလရောက်ရှိလာသောအခါ ခရစ်တော်၏နိုင်ငံတော်ကို အုပ်စိုး ပြီးနောက်ကောင်းကင်နှင့်မြေကြီးသစ်တွင်ထာဝရနေထိုင်ကြလိမ့်မည်။ ထို့ ကြောင့်သန့်ရှင်းသူများသည်ကျွန်ုပ်တို့၏သခင်ဘုရားကသူတို့ကိုပြောကြား သော ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယုံကြည်လျှက် သူတို့၏ ယုံကြည်ခြင်းကိုထိန်းသိမ်းကြရမည်။နောက်ဆုံးသောကာလ၌ ကောင်းကြီး အခံစားရဆုံးသော ပုဂ္ဂိုလ်သည်ကျွန်ုပ်တို့သခင်ဘုရား၏ နှုတ်ကပတ်တော် ကို ယုံကြည်ပြီးယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောသူဖြစ်သည်။
ဘုရားသခင်က သူသည်အမြန်ဆုံးပြန်လာမည်ဖြစ်ကြောင်း သူ၏ သန့်ရှင်းသူများကိုပြောပြခဲ့ပြီးဖြစ်သည်။ သခင်ဘုရားသည် ကျွန်ုပ်တိုထံသို့ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ရောက်ရှိလာလိမ့်မည်။ ဘုရားသခင်၏ ကောင်းကြီးများ ပြည့်စုံလာစေရန်အတွက်ရေနှင့် ဝိညာဉ်၏နှုတ်ကပတ် တော်တည်းဟူသော သန့်ရှင်းသူများအတွက် အပြစ်မှကယ်တင်ခြင်းကို ယူဆောင်လာသော ထိုနှုတ်ကပတ်တော်နောက်သို့ လိုက်လျှောက်ရမည်။ ကျွန်ုပ်တို့၏သခင်ဘုရားသည် ဤကမ္ဘာသို့ အမြန်ရောက်ရှိလာတော့မည် ဖြစ်သည်။
ကယ်တင်ခြင်းခံရပြီးနောက် သန့်ရှင်းသူတို့သည် ဘုရားသခင်၏ ကောင်းကြီးဖြစ်သောနှုတ်ကပတ်တော် တည်းဟူသောသူတို့အား ကတိ ပေထားသည့် နှုတ်ကပတ်တော်ကို စွဲကိုင်ထားရမည်။ ထို့နောက် သူတို့၏ ယုံကြည်ခြင်းကိုထိန်းသိမ်းထားရမည်။အကယ်၍ တစ်ချိန်ချိန်၌ သူတို့၏နှ လုံးသားတွင် သခင်ဘုရား၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းပျောက်ဆုံး ခဲ့ပါက သူတို့သည် အရာရာကို ဆုံးရှုံးကြလိမ့်မည်။ ဤသည်မှာ သူတို့သည် သခင်ဘုရား၏နှုတ်ကပတ်တော်၌ ယုံကြည်ခြင်းကို ကာကွယ်ဖို့လိုအပ် ရသည့်အကြောင်းရင်းပင်ဖြစ်သည်။ တခြားနည်းဖြင့်ပြောရလျှင် ဘုရားသ ခင်က သန့်ရှင်းသူများအား သူတို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းထား ကြရန် ပြောပါသည်။
အခန်းငယ် (၈) ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်ထိုအရာများကိုပြသောကောင်းကင်တမန်၏ခြေရင်း၌ ကိုး ကွယ်အံ့သောငှါ ပြပ်ဝပ်၏။
၄င်းသည် သခင်ဘုရား၏ ပရောဖက်ပြုသောနှုတ်ကပတ်တော်ကို ဖြန့်ချီပေးသောပရောဖက်နှင့် သန့်ရှင်းသူဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် တို့သည်သူပြောသည့်အတိုင်းလုပ်ဆောင်တော်မူသော ဘုရားသခင်၏ နာမ တော်ကို ချီးမွမ်းကြရမည်။ ထို့နောက်သူတို့သာ ကိုးကွယ်ပြပ်ဝပ်ကြရမည်။ အချို့သောသူတို့သည် အကြိမ်များစွာပင်သူတို့ကိုယ်သူတို့ ဘုရားသခင်ကဲ့ သို့အမြင့်သို့ပေါ်ထွက်ရန်ကြိုးပန်းကြသည်။ ထို့နောက် ဘုရားကဲ့သို့ ပြုမူ တတ်ကြသည်။ သူတို့သည်ထိုကဲ့သို့ အလွန်လုပ်တတ်ကြသည်။အဘယ် ကြောင့်ဆိုသော်လူလိမ်များ(သို့မဟုတ်)မိစ္ဆာပရောဖက်များ ဖြစ်ကြ သော ကြောင့်ဖြစ်သည်။ဘုရားသခင်တစ်ပါးတည်းသာလျှင်ချီးမွမ်းခြင်း၊ကိုး ကွယ် ခြင်းနှင့် ဂုဏ်ကျက်သရေတော်ချီးမွမ်းခံယူထိုက်သူနှင့် ခစားထိုက်သူဖြစ်ပါ သည်။ 
အခန်းငယ် (၉) သူကလည်းမပြုပါနှင့် ငါကားသင်၏လုပ်ဖော် ဆောင်ဖက်ဖြစ်၏။သင်၏အစ်ကိုပရောဖက်တို့နှင့်ဤစာစောင်၏ စကားကို စောင့်ရှောက်သောသူတို့၏လုပ်ဖော်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင် ကို ကိုးကွယ်လော့ဟုပြောဆို၏။
ဘုရားသခင်၏ စစ်မှန်သောပရောဖက်ဖြစ်လာရန် ကျွန်ုပ်တို့ဘာ လုပ်ရမည်နည်း။ပထမဦးစွာသခင်ဘုရားပေးထားသော ရေနှင့်ဝိညာဉ်သ တင်းကောင်း၏နက်နဲသောအရာ၌ ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ်သည်။ ထို့ နောက် ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများသန့်ရှင်းသူများဖြစ်လာကြပြီး တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုမောင်နှမဖြစ်လာကြမည်။ ဤအရာပြီးမှသာ ဘုရားသခင်သည်သူတို့အား သူ၏လုပ်ငန်းဖြင့် တာဝန်ပေးနိုင်မည်ဖြစ် သည်။ဘုရားသခင်၏အစေခံကျွန်များဖြစ်လာကြသူတို့သည်လည်း သူ၏ နှုတ်ကပတ်တော်၌ ယုံကြည်ပြီးသူတို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းကြရ မည်။ဤသူတို့မှာသူတို့၏ဂုဏ်ကျက်သရေအားလုံးကို သူတို့အတွက် မထား ဘဲ ဘုရားသခင်အားပေးအပ်ကြသူများဖြစ်သည်။ ကျွန်ုပ်တို့၏ ဘုရားသခင် သည် ကိုးကွယ်ခြင်းနှင့်ဂုဏ်တော်ချီးမွမ်းခြင်းကို ဤကမ္ဘာပေါ်ရှိ လူတိုင်းထံ မှ ခံယူထိုက်သောဘုရားဖြစ်သည်။ ဟာလေလုယ။
အခန်းငယ် (၁၀) တဖန်တုံ ငါ့အားမိန့်တော်မူသည်ကား ဤစာ စောင်၏အနာဂတ္တိစကားကိုတံဆိပ်မခတ်နှင့်အကြောင်းမူကား ကာလအ ချိန် ရောက်လုနီးပြီ။
ဗျာဒိတ်ကျမ်းထဲတွင်ရေးထားသောနှုတ်ကပတ်တော် ကတိများကို လျှို့ဝှက်ပြီး ထိန်းသိမ်းမထားရပါ။အဘယ်ကြောင့်ဆိုသော် ၄င်းအရာများ သည် မကြာမီပြည့်စုံတော့မည်ဖြစ်သည်။ ၄င်းသည် လူတိုင်းအဖို့ သက် သေခံဖြစ်ရမည်။အာမင်။ဗျာဒိတ်ကျမ်းထဲရှိပရောဖက်ပြုထားသော နှုတ်က ပတ်တော်များကို ကျွန်ုပ်တို့အားလုံး ယုံကြည်လျှက် ဟောပြောကြပါစို့။
အခန်းငယ် (၁၁) မတရားသောသူသည် မတရားသဖြင့် ပြုစေဦး၊ ညစ်ညူးသောသူညစ်ညူးစေဦး၊ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး၊ သန့်ရှင်းသူသည် သန့်ရှင်းစေဦး။
သခင်ဘုရားပြန်ကြွ လာမည့် နေ့ရက်ကာလ နီးကပ်လာသောအခါ သူသည်အပြစ်ကျူးလွန်ရန်ရှာနေသူသည် ကျူးလွန်ပြီး နောက် ဆက်လက် ကျူးလွန်စေရန်သန့်ရှင်းသောသူသည် ဆက်လက်သန့်ရှင်းစေရန်နှင့်ညစ် ညူးသောသူအားလည်းဆက်လက်ညစ်ညူးစေရန် ခွင့်ပြုလိမ့်မည်။ နောက် ဆုံးသောကာလစေ့ရောက်လာသောအခါသခင်ဘုရား၏ ရေနှင့်ဝိညာဉ်ဆိုင် ရာသတင်းကောင်းကို ယုံကြည်ခြင်းဖြင့်နှလုံးသားများ အပြစ်ကင်းလာ သောသူတို့သည် ဤကမ္ဘာပေါ်၌ သတင်းကောင်းအတွက် ဆက်လက်အ စေခံကြမည်ဖြစ်ပြီး ဘုရားသခင်ကပေးထားသောသူတို့၏ သန့်ရှင်းခြင်းကို ထိန်းသိမ်းထားလျှက် သူတို့၏အသက်တာကို ယုံကြည်ခြင်းနှင့် အသက်ရှင် နေကြသူတို့သည်လည်းထိုကဲ့သို့ပင်ဆက်လက်နေထိုင်ကြလိမ့်မည်။ ကျွန်ုပ် တို့တွင် ယခုရှိထားသောယုံကြည်ခြင်းကို ထိန်းသိမ်းထားရန်ကျွန်ုပ်တို့၏ သခင်ဘုရားကမှာထားပါသည်။ 
အခန်းငယ်(၁၂)ငါသည် အလျင်အမြန်လာမည်။ ငါသည်အကျိုး အပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အားမိမိတို့အ ကျင့်အတိုင်းဆပ်ပေးမည်။
တနည်းအားဖြင့်ပြောရမည်ဆိုလျှင်ကျွန်ုပ်တို့၏ သခင်ဘုရားသည် မကြာမီကြွလာတော့မည်ဖြစ်ပြီး ရေနှင့်ဝိညာဉ်၏သတင်းကောင်းကို အ စေခံလျှက်ပျံ့နှံ့စေရန်လုပ်ဆောင်ကြသောသန့်ရှင်းသူများကို သူတို့၏စွန့် လွှတ် အနစ်နာခံမှုအတွက်ဆုလဒ်အဖြစ်ပရဒိသုခဘုံကို ကောင်းကင်သစ် နှင့်မြေကြီးသစ်ပေါ်တွင်ပေးအပ်လိမ့်မည်။ ဗျာဒိတ်ကျမ်းထဲရှိ ပရောဖက် ပြုချက်နှုတ်ကပတ်တော်တို့ကိုသန့်ရှင်းသူများက ယုံကြည်လက်ခံကြသော အခါသူတို့၏မျှော်လင့်ချက်ကို သခင်ဘုရားထံ ထားရှိခြင်းဖြင့် နောက်ဆုံး သောကာလမကုန်ဆုံးမီအထိသူတို့၏ယုံကြည်ချက်ကို သူတို့ဖာသာကာ ကွယ်နိုင်စွမ်းရှိကြလိမ့်မည်။သခင်ဘုရားသည်သန့်ရှင်းသူများ၏ လုပ်အား ကိုအလွန်တရာများပြားသောကောင်းကြီးများဖြင့် ဆုချီးမြှင့်မှာဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ယုံကြည်ထားရမည်။အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ၏သခင်ဘုရားသည်ကရုဏာစိတ်ရှိသော မွန်မြတ်သောဘုရား ဖြစ်သော ကြောင့် ဖြစ်သည်။
အခန်းငယ် (၁၃) ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။
ကျွန်ုပ်တို့၏ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အစဖြစ်၍ အဆုံးလည်း ဖြစ်၏။သူသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်၏။ ထို့အပြင် သူကိုယ်တိုင် သာကျွန်ုပ်တို့၏အားပေးနိုင်သောကယ်တင်ခြင်းကို ကျွန်ုပ်တို့အတွက် ပြည့် စုံစေသော တစ်ဆူတည်းသောဘုရားဖြစ်သည်။ စင်္ကြာဝဠာတစ်ခုလုံးတွင်ရှိ သော သမိုင်းစဉ်များသည် ၄င်းကောင်းကင်နှင့်မြေကြီးနှစ်ခုလုံး၏ သမိုင်းစဉ်များသည် ၄င်းသခင်ဘုရားထံမှ စတင်ဖြစ်ပျက်ခဲ့ပြီးသူအားဖြင့် အဆုံးသတ်ကြလိမ့်မည်။
အခန်းငယ် (၁၄) အသက်ပင်နှင့်ဆိုင်၍ မြို့တံခါးအတွင်းသို့ ဝင်အံ့ သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်ုပ်တို့အားပြောခဲ့ သောအရာတိုင်းသည်အမှန်တရားချည်းသာဖြစ်သည်။ သန့်ရှင်းသူတို့သည် သူ၏နှုတ်ကပတ်တော်၌ယုံကြည်ကြလျှက်ထိုနှုတ်ကပတ်တော်တို့ကိုဟော ကြားလျှက်ကာကွယ်လျှက်ရှိကြ၏။ဤအတိုင်းသူတို့အမှန်ပင်လုပ်ဆောင်ခဲ့ ကြသည်။အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ကသူ၏သန့်ရှင်း သူများအား ပြောခဲ့သောနှုတ်ကပတ်တော်နှင့် စင်္ကြာဝဠာတစ်ခုလုံးရှိ အရာ အားလုံးတို့သည် တိကျမှန်ကန်ကြသည်။
ဤသည်မှာသန့်ရှင်းသူများနှင့် ဘုရားသခင်၏ အစေခံကျွန်များက သခင်ဘုရား၏နှုတ်ကပတ်တော်ကို သူတို့စိတ်နှလုံးထဲ၌ ထိန်းသိမ်းရသည့် အကြောင်းရင်းပင်ဖြစ်သည်။သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို ပို၍ပြင်းပြင်းထန်ထန်ယုံကြည်ခြင်းဖြင့် သူတို့၏ယုံကြည်ခြင်းကို ကာ ကွယ်ကြသည်။ ထို့ကြောင့်သူတို့သည် ကောင်းကင်သစ်နှင့်မြေကြီးသစ်၌ ပေါက်ရောက်လျှက်ရှိသော အသက်သစ်ပင်၏ အသီးကိုစားရသောအခွင့် ရရှိကြလိမ့်မည်။
အခန်းငယ် (၁၅) ပြင်၌ကားခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊လူ့အသက်ကိုသတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့ သည် ရှိကြ၏။
အထက်ပါကျမ်းပိုဒ်၌ ဖော်ပြထားသောသူများသည် ရေနှင့်ဝိညာဉ် ၏သတင်းကောင်းကို ယုံကြည်ခြင်းမရှိသောသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည်နောက်ဆုံးကာလတိုင်အောင်ဒုတိယအကြိမ်မွေးဖွားခြင်း မခံကြ ရချေ။ အန္တီခရစ်နှင့် သူ၏နောက်လိုက်တို့သည် သူ၏အမှတ်လက္ခဏာနှင့် နိမိတ်လက္ခဏာများဖြင့်လူတို့အားလှည့်စားကြပြီးအန္တီခရစ်သည်ကယ်တင် ရှင်ဖြစ်၏ဟူသော အတုအယောင်ကြေငြာချက်များကို အကြိမ်ကြိမ်ကြေ ငြာလျှက်သူတို့အားလှည့်စားကြသည်။ သူတို့သည် လူတို့အားသူတို့ပျက် စီးခြင်းဆီတို့ နီးဆောင်ကြလျှက်အန္တီခရစ်ကို ကိုးကွယ်စေကြသည်။ ကျွန်ုပ် တို့၏သခင်ဘုရားကထိုသူများအားသန့်ရှင်းသောမြို့တော်၏တံခါးဝ အပြင် ဖက်၌ထိန်းသိမ်းထားသည်။ ထို့ကြောင့်သူတို့သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်သို့မည်သည့်အခါတွင်မျှဝင်နိုင်ကြမည်မဟုတ်ပေ။ သခင်ဘုရား ၏မြို့တော်သည် ရေနှင့်ဝိညာဉ်၏သတင်းကောင်းကို ယုံကြည်လျက် သူတို့ ၏ယုံကြည်ခြင်းကို ကာကွယ်ကြသူများကိုသာ ဖွင့်လှစ်ပေးထားသည်။
အခန်းငယ် (၁၆) ငါယေရှုသည်အသင်းတော်တို့အဘို့ ဤအရာ များကို သင်တို့အားသက်သေခံစေခြင်းငှါ ငါ၏ကောင်းကင်တမန်ကို စေ လွှတ်၏။ ငါသည်ကားဝါဒ၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်း တောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။
ဘုရားသခင်၏အသင်းတော်နှင့်သန့်ရှင်းသူများအဘို့အလို့ငှါဘုရား သခင်သည်ကျွန်ုပ်တို့ထံသို့ ဘုရားသခင်၏အစေခံကျွန်များကို စေလွှတ်ခဲ့ သည်။ ထို့နောက်သူသည်သူတို့အားနောင်ဖြစ်ပေါ်လာမည့် အရာအားလုံး ကို သူတို့အားသက်သေခံစေသည်။ဤအရာများကို သူတို့အားသက်သေခံ စေသောသူမှာယေရှုခရစ်တော်ဖြစ်သည်။ သန့်ရှင်းသူတို့၏ ကယ်တင်ရှင် ဖြစ်သော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်၏။
အခန်းငယ် (၁၇) ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်းလာခဲ့ပါဟုဆိုပါစေ။ ရေငတ် သောသူသည်လာပါစေ။အလိုရှိသောသူသည် အဘိုးကိုမပေးဘဲ အသက်ရေ ကိုယူပါစေ။
ဤကမ္ဘာပေါ်၌ရှိကြသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ကို ဆာငတ်လျှက်ရှိကြသောသူတို့အား ကျွန်ုပ်တို့၏သခင်ဘုရားသည် သူတို့အားအသက်ရေတည်းဟူသောနှုတ်ကပတ်တော်ထဲသို့ ဖိတ်ခေါ်လျှက် ရှိသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်လျှက်ရှိသော မည်သူ့ကိုမဆိုသခင်ဘုရားဆီသို့ လာရောက်စေသောကောင်းကြီး ပေးထား လျက်ရှိသည်။ဘုရားရှင်ပေးသောရေနှင့်ဝိညာဉ်သတင်းကောင်း၌ယုံကြည်ခြင်းဖြင့် အသက်ရေကို ထိုနည်းဖြင့်သောက်စေသည်။ ဤသည်မှာ ကျွန်ုပ် တို့၏ ဘုရားသခင်ကလူတိုင်းအားယေရှုခရစ်တော်ထံသို့ လာကြဟုပြောရ သည့်အကြောင်းရင်းဖြစ်သည်။ ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်း၏ စစ်မှန်ခြင်းကိုလူတိုင်းအခမဲ့ရယူနိုင်ကြသည်။သို့သော် ဤဆန္ဒမျိုး မရှိသော သူများအတွက်မူအသက်ရေကို ချန်ထားလျှက်ရှိသည်။ အကယ်၍သင်၌ ဆန္ဒရှိပါကသင်သည်လည်းသခင်ဘုရားပေးထားသောအသက်ရေကိုရေနှင့် ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ရရှိနိုင်ပါသည်။
အခန်းငယ်(၁၈) ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတို့အားငါသက်သေခံသည်ကားအကြင်သူသည်ဤအရာတို့၌ထပ်၍ အသစ်သွင်း၏ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို သူ့အပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။
ကျမ်းစာသည်ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၏။ ထို့ကြောင့် ဤနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ထဲမှနှုတ်ယူခြင်းသောလည်းကောင်း၊ ဖြည့်စွက်ခြင်း သော်လည်းကောင်း၊မပြုလုပ်နိုင်ပါ။ ဤကျမ်းပိုဒ်က ကျွန်ုပ်တို့အားပြောပြ သည်မှာ ကျမ်းစာထဲရှိနှုတ်ကပတ်တော်များမှာ ဘုရားသခင်၏ နှုတ်တော် ထွက်များဖြစ်ကြသောကြောင့် အမှန်တရား၏ နှုတ်ကပတ်တော်ရေးသား ချက်တို့ကို ဖြည့်စွက်ခြင်း (သို့မဟုတ်) နှုတ်ပယ်ခြင်းဖြင့် မည်သူမျှ ဤနှုတ် ကပတ်တော်ကို ယုံကြည်ကြမည်မဟုတ်သည်သာမက အမှန်တရားရေး သားချက်များကို ချန်လှပ်၍လည်း ယုံကြည်ကြမည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့အထူးဂရုစိုက်ကြရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း သည် ဘုရားရှင်မြွက်ကြားသည့်နှုတ်တော်ထွက်များ ဖြစ်ကြသဖြင့် အလွန် အရေးကြီးပါသည်။မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သည့်အခါတွင်မျှ အရေးမကြီးသော အရာကဲ့သို့ ချန်လှပ်ထားခြင်းမပြုရပါ။
ယခုတိုင်အောင်လူတို့သည် သခင်ဘုရားထံမှလာသော ရေနှင့်ဝိ ညာဉ်၏သတင်းကောင်းကို ဆက်လက်၍လျစ်လျူရှုလျက်ရှိကြသည်။ ဤ သည်မှာ ၄င်းတို့ယခုတိုင်အောင်သူတို့၏အပြစ်များမှမလွှတ်မြောက် ကြ သေးသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် သူတို့အားလုံး အပြစ်သား အဖြစ်ဆက်လက်ရပ်တည်နေရသနည်း။ အဘယ်ကြောင့် သူတို့၏ပျက်စီး ခြင်းထဲသို့ ရှေ့ရှုနေကြရပါသနည်း။ ယေရှုကို သူတို့၏ကယ်တင်ရှင်ကဲ့သို့ ယုံကြည်ကြရန် သူတို့အခိုင်အမာပြောဆိုနေကြသည့်တိုင်အောင် အဘယ် ကြောင့်အပြစ်မှ မလွှတ်မြောက်ကြသေးသနည်း။ အပြစ်သားများအပြစ်မှ လွတ်မြောက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏သခင်ဘုရားက သူတို့အား သူ၏ အသွေးနှင့်ရေကိုပေးခဲ့ပြီးဖြစ်သည်။ (ရှင်ယောဟန်သြဝါဒစာပထမစောင် ၅း၄-၅၊ ရှင်ယောဟန်ခရစ်ဝင် ၃း၃-၇)၊ ယနေ့တိုင်အောင် လူအများတို့က လက်ဝါးကားတိုင်ပေါ်၌ သွန်းခဲ့သောယေရှု၏အသွေးကိုသာ အရေးပါသည့် နေရာ၌ထားရှိကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏အပြစ်များမှ မ လွတ်မြောက်နိုင်ဘဲရှိကြဆဲဖြစ်သည်။ထို့ကြောင့်ဗျာဒိတ်ကျမ်းထဲ၌ရေးသား ထားသော ကပ်ရောဂါဘေးအားလုံးနှင့် ရင်ဆိုင်ကြရလိမ့်မည်။
ယေရှုကို ယုံကြည်ရန်အခိုင်အမာပြောဆိုနေကြသောသူများနှင့် ခရစ်တော်သည်တစ်ကမ္ဘာလုံး၏အပြစ်များကို ယောဟန်ထံမှ ရေနှစ်ခြင်းခံ ယူခြင်းဖြင့်တာဝန်ယူခဲ့ခြင်းကို ယခုတိုင်အောင် လစ်လျူရှုသောသူတို့သည် ငရဲတည်းဟူသော ကြောက်မက်ဘွယ်ရာအပြစ်ဒဏ်ထက် ပို၍ပင်ရင် ဆိုင်ကြရလိမ့်မည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့ အားသခင်ဘုရားကပေးအပ်သောရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို မယုံကြည်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သူတို့သည် ယခုတိုင် ဒုတိယအကြိမ်မွေးဖွား ခြင်းမခံကြရချေ။ သခင်ဘုရားကပေးအပ်သော ရေနှင့်ဝိညာဉ်၏ သတင်းကောင်းကို လျစ်လျူရှုသောသူတစ်စုံတစ်ဦးသည် ထာဝရတောက်လောင်နေသောမီးအိုင်အတွင်းသို့ ဝင်ရောက် ကြရမည်ဖြစ် ပြီး မဆုံးနိုင်သောဒုက္ခဆင်းရဲများခံစားရလိမ့်မည်။ထိုကဲ့သို့သော သူများအ တွက် နောင်တ၏နေ့ရက်များသည် မလွှဲမသွေရောက်ရှိလာလိမ့်မည်ဖြစ် သည်။
အခန်းငယ်(၁၉) အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကိုနှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်း ကောင်း၊သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့် ကို ဘုရားသခင်နှုတ်ပယ်တော်မူမည်။
ကျွန်ုပ်တို့အနက် တစ်စုံတစ်ဦးသောသူ၏ ခရစ်ယာန်ယုံကြည် မှုထဲတွင်ယေရှုသည်ရှင်ယောဟန်ထံ၌ ရေနှစ်ခြင်းခံယူခြင်းဖြင့် လူသား အားလုံး၏အပြစ်ကိုသူ့အပေါ်သို့ ကျရောက်စေပြီးတစ်ချိန်တည်းမှာပင် လက်ဝါးကားတိုင်၌ အသေခံခြင်းဖြင့် အပြစ်များအားလုံးကို စင်ကြယ် စေပြီးဟူသောခံယူချက်ကို ဘေးဖယ်ထားသောသူရှိပါသလား။ ထို့ကဲ့သို့ရှိခဲ့ လျှင် ၄င်းတို့သည်သန့်ရှင်းသောမြို့တော်သို့ ဝင်ရောက်ခွင့်ကို လက်လွှတ် ဆုံးရှုံးရမည်မှာသေချာသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် လူ သားအားလုံး၏အပြစ်များကို သူ့အပေါ်တင်ယူရန်အတွက် နှစ်ခြင်းဆရာ ယောဟန်ထံခံယူခဲ့သော ကျွန်ုပ်တို့သခင်ဘုရား၏ ရေနှစ်ခြင်းကို မယုံ ကြည်သောကြောင့်ဖြစ်သည်။ နောက်ဆုံး၌သူတို့သည် သခင်ဘုရားပေး ထားသော ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို မသိကျိုးကျွန်ပြုသော ပြစ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။
ထို့ကြောင့် ခရစ်ယာန်တို့သည် သူတို့၏နှလုံးသားထဲ၌ ယေရှုသည် ယောဟန်ထံ၌နှစ်ခြင်းကိုလက်ခံခြင်းဖြင့် လူသားအားလုံး၏ အပြစ်များကို သူ့အပေါ်ခံယူပြီးပြီဟူသောသစ္စာတရားကို ခံယူထားရမည်ဖြစ်သည်။ ထိုကဲ့ သို့ခံယူခြင်းမပြုခဲ့သော သူတို့သည်သခင်ဘုရားပေးထားသော သန့်ရှင်း သောမြို့တော်သို့ ဝင်ရောက်ခွင့်တည်းဟူသော ဂုဏ်တော်မှဖယ်ထုတ်ခြင်း ခံရမည်။အကယ်၍သင်သည်ယေရှုအားသင်၏ကယ်တင်ရှင်အဖြစ်ယုံကြည် လက်ခံပါက ထိုအချိန်မှစ၍သင်သည်သင်၏အပြစ်အားလုံးမှ သန့်စင်သွား ပြီဖြစ်သည်။ ယေရှုသည်ဤကမ္ဘာသို့ကြွလာပြီး တစ်ကမ္ဘာလုံးရှိ လူသား တို့၏အပြစ်အလုံးစုံကိုကယ်တင်ရန်အတွက်ရှင်ယောဟန်အားဖြင့်ယောဒန် မြစ်တွင် ရေနှစ်ခြင်းခံခဲ့ပြီးဖြစ်သည်ကို သင်၏နှလုံးသားထဲ၌ စိတ်ပါလက် ပါ ယုံကြည်ပါ။ ထိုနည်းဖြင့်ယေရှုသည် လူသားအားလုံးတို့ ကျူးလွန်ခဲ့ သောအပြစ်များကိုသူ့ကိုယ်တိုင်တစ်ကြိမ်တည်းသူ့အပေါ်ခံယူခဲ့ခြင်းဖြင့်လူ သားတို့၏အပြစ်အားလုံးကိုကင်းစင်စေပြီဖြစ်ကြောင်းကိုသင်နားလည်လိမ့် မည်။ ထို့နောက်သင်၏ညစ်ညမ်းမှုအားလုံးကို သန့်စင်စေနိုင်သော စမ်း ရေချောင်းသည် ကျွန်ုပ်တို့သခင်ဘုရား ခံယူခဲ့သော ရေနှစ်ခြင်းခံယူခြင်း ပင်ဖြစ်သည်။ထို့ကြောင့် တစ်ကမ္ဘာလုံးရှိ ကျွန်ုပ်တို့အပြစ်များကို သူ့အပေါ် ခံယူပြီး ကျွန်ုပ်တို့အပြစ်အားလုံး၏အဖိုးအခကို သူ၏အသေခံခြင်းဖြင့် ပေး ချေရန်အတွက်သခင်ဘုရားသည်လက်ဝါးကားတိုင်၌ သူ၏အသွေးကို သွန်း လောင်းပြီး အသေခံခဲ့သည်။
ယေရှုက ယောဟန်ထံ၌ ခံယူခဲ့သောနှစ်ခြင်းသည် ကျွန်ုပ်တို့အ ပြစ်မှကယ်တင်ခြင်းကို အတည်ပြုပေးသောအထောက်အထား သက်သေ ဖြစ်သည်။ရှင်ပေတရုသြဝါဒစာပဌမစောင်၃း၂၁ကကျွန်ုပ်တို့ကို“ထိုသို့သော ဥပမာအတိုင်း ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသော အားဖြင့် ငါတို့ကိုကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော် ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို ကိုယ်ကိုကိုယ်သိသောစိတ်ကြည် လင်၍ ဘုရားသခင်ရှေ့၌ဝန်ခံခြင်းကို ဆိုလိုသတည်း” ဟုပြောပြထားပါ သည်။သခင်ယေရှုသည်တစ်ကမ္ဘာလုံး၏အပြစ်များကို လက်ဝါးကပ်တိုင်သို့ သယ်ဆောင်ခဲ့ပြီးလူသားတို့၏အပြစ်များအတွက် အဘိုးအခအဖြစ် သူ၏ အသေခံခြင်းကိုကျွန်ုပ်တို့ကိုယ်စား ပေးချေနိုင်ရန်အတွက် အသွေးသွန်း ခဲ့သည်။
ဤသည်မှာ ဘုရားသခင်က လူသားတစ်ရပ်လုံးကို သူ၏နှုတ်က ပတ်တော်ဖြင့် ဤကျမ်းပိုဒ်အခန်းကြီး (၁၉)တွင် ထပ်မံသတိပေး ရခြင်း အကြောင်းရင်းဖြစ်သည်။ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်၏သ တင်းကောင်းနှုတ်ကပတ်တော်ကို ၄င်းဖော်ပြထားသည့်အတိုင်း ထပ်မံဖြည့် စွက်ခြင်းသော်လည်းကောင်း၊ နှုတ်ယူခြင်းသော်လည်းကောင်း၊ မပြုလုပ်ဘဲ ယုံကြည်ရမည်။
အခန်းငယ်(၂၀)ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ဟု ဤအ ရာများကိုသက်သေခံသောသူမိန့်တော်မူ၏။ အာမင်၊ သခင်ယေရှု ကြွ လာတော်မူပါ။
ကျွန်ုပ်တို့သခင်ဘုရားသည် ဤကမ္ဘာသို့မကြာမီပြန်ကြွလာတော့ မည်။သခင်ဘုရားကိုယုံကြည်ခြင်းဖြင့် အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းခံ ရပြီးသောသန့်ရှင်းသူတို့သည်သခင်ဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်းကို စိတ်အားထက်သန်စွာစောင့်ကြိုနေကြရမည်။အဘယ့်ကြောင့်ဆိုသော် ရေ နှင့်ဝိညာဉ်ဆိုင်ရာသတင်းကောင်းကို ယုံကြည်သူတို့သည် ယခုပင်လျှင် သ ခင်ဘုရားနှင့်တွေ့ဆုံရန်ပြင်ဆင်ထားကြပြီးဖြစ်သည်။ သူတို့အားလုံးသည် သန့်ရှင်းသူများသို့ပေးထားသောသခင်ဘုရား၏ကတိဖြစ်သည်။ သူ၏ ကောင်းချီးများဖြင့် သူတို့အားဝတ်ဆင်စေမည့် ကောင်းချီခံစားရန်သခင် ဘုရားပြန်ကြွလာမည်ကို စောင့်ဆိုင်းလျှက်ရှိကြပါသည်။ ထို့ကြောင့်သန့် ရှင်းသူတို့သည် သခင်ဘုရားဒုတိယအကြိမ်ပြန်ကြွလာမည်ကို ကျေးဇူး တော်ချီမွမ်းခြင်းနှင့်ယုံကြည်ခြင်း၌တည်လျှက် စိတ်အားထက်သန်စွာ မျှော် လင့်နေကြသည်။
အခန်းသယ် (၂၁) ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်းတမန်တော်ရှင်ယောဟန်သည် ဗျာ ဒိတ်ကျမ်းစာအုပ်ကို ကျွန်ုပ်တို့၏သခင်ဘုရားယေရှုခရစ်တော်ထံမှ ကျေး ဇူးတော်သည် ဘုရားသခင်ပေးသော သန့်ရှင်းသောမြို့တော်သို့ဝင်ရောက် ရန်ဝင်ရောက်ရန် ဆန္ဒရှိသူများအပေါ်သို့ ကောင်းချီးပေးခြင်းဖြင့် နိဂုံးချုပ် ထားပါသည်။ ယေရှုခရစ်တော်ကိုယုံကြည်ခြင်း၌ပျက်ကွက်မှုမရှိဘဲ အစဉ် သဖြင့်သစ္စာရှိခြင်းဖြင့် သန့်ရှင်းသောမြို့တော်သို့ ဝင်ခွင့်ရသော သန့်ရှင်းသူ များကဲ့သို့ ထိုမြို့တော်သို့ကျွန်ုပ်တို့လည်းဝင်ရောက်ကြပါစို့။