Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-11] ကျွန်ုပ်တို့သည်အပြစ်များကြောင့် သေပြီးနောက်ထာဝရငရဲ ခံရသည့်သူများမဟုတ်ကြပေ (ယော ၁၃း၁-၁၁)

ကျွန်ုပ်တို့သည်အပြစ်များကြောင့် သေပြီးနောက်ထာဝရငရဲ ခံရသည့်သူများမဟုတ်ကြပေ
(ယော ၁၃း၁-၁၁)
“ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်း ရသောအချိန်ရောက်သည်ကိုသိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင် ချစ်တော်မူ၏။ကိုယ် တော်ကိုအပ်နှံမည်အကြောင်း မာရ်နတ်သည်ရှိ မုန်၏သားယုဒရှကာရုတ် ၏စိတ်နှလုံး၌အကြံပေးသွင်းနှင့်သတည်း။ထိုအခါ ညစာကိုစားကြစဉ်၊ခ မည်းတော်သည် အလုံးစုံတို့ကို သူ၏ လက်သို့အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံ တော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီး လျှင်၊ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ထိုနောက်မှရေကိုအင်တုံ၌လောင်း၍တပည့်တော်တို့၏ခြေကိုဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့်သုတ်တော်မူ၏။ ရှိမုန်ပေတရုဆီသို့ရောက်တော် မူသော အခါထိုတပည့်တော်က၊သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လောဟုမေးလျှောက်၏။ယေရှုကလည်း၊သင်သည် ငါပြု သောအမှုကိုယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။ ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်း ဆေး တော်မမူရဟုလျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင် သည်ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ရှိ မုန်ပေတရုကလည်း၊ အကျွန်ုပ် ၏ခြေကိုသာမဆေးပါနှင့်။ လက်ကို ၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော်မူပါဟု လျှောက်ပြန်၏။ယေရှုကလည်း၊ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေး ခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့ သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ကိုယ် တော် ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင် ကြယ် ဟု မိန့်တော်မူသတည်း။”
 

ဒုတိယမွေးဖွားခြင်းမခံရသေးသူမစ္ဆာဆရာများအတွက် ကျမ်းစာစ လုံးအားလုံးသည် နားလည်ရန်ခက်ခဲ၍လျှို့ ဝှက်ဆန်းကြယ်သည်။ ထို ကြောင့်သူတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတွေဖန်တီးသော အတွေးဖြင့်အနက်ဖွင့်ဆိုရန် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ကြိုးစားကြသည်။သို့ သော် သူတို့သည် မိမိကိုယ်တိုင်သွန်သင်သောအရာများကိုတောင် နားမ လည်ကြပေ။ ထိုကြောင့် သခင်ယေရှုကိုယုံကြည်သူများအကြား၌ပင် မိမိ ရရှိသောကယ်တင်ခြင်းအကြောင်းနားလည်သူများစွာရှိသည်။ 
အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။သူတို့သည် သခင်ယေရှုကို ယုံ ကြည်ပြီဟုဆိုကြသော်လည်း ရေနှင့်ဝိညာဥ်တော်သတင်းကောင်းပြောင် ပြောင်မြောက်မြောက်မသိကြသောကြောင့် ဖြစ်သည်။ ထိုသို့သောခရစ် ယာန်များသည်သခင်ယေရှုကိုယုံကြည်သောကြောင့် ဖျက်ဆီးခြင်းခံရမည် မဟုတ်ဟုထင်တတ်ကြသည်။ သို့သော် သမ္မာကျမ်းစာရှုထောင့်အရ သူ တို့သည်ရေနှင့်ဝိညာဥ်တော်အားဖြင့်မွေးဖွားခြင်းမခံရလျှင် ဖျက်ဆီးခြင်းခံ ရကြမည်ကို သူတို့သိထားရမည်။
ယေဘုယျအားဖြင့် လူတို့သည် သခင်ယေရှုကို ဘုမသိဘမသိဖြင့်ယုံ ကြည်၍ သမ္မာတရားမသိကြသော်လည်း ဖျက်ဆီးခြင်းခံရမည်မဟုတ်ဟု ထင်တတ်ကြသည်။ သို့သော် သူတို့သည် သမ္မာကျမ်းစာကိုနားမလည်၊ ကယ်တင်ခြင်းတိကျစွာမခံရကြသောကြောင့် သူတို့မှာမှားယွင်းသောယုံ ကြည်ခြင်းရှိကြောင်း နှုတ်ကပတ်တော်မှနားလည်ကြမည်မဟုတ်ပေ။ 
ထိုကြောင့် ဤသို့သောလူတို့သည် သခင်ယေရှုကိုယုံကြည်ကြသော် လည်း သမ္မာကျမ်းစာကို စားသားအတိုင်းအနက်ဖွင့်၍ မိမိဒဿဗေဒကိုအ ခြေပြုလျက်ကိုယ်တိုင်ခံယူချက်အတိုင်းသာဘာပြန်ဆိုကြသောကြောင့်သူ တို့သည် အပြစ်ဖြေလွှတ်ခြင်းမခံရဘဲ ထိုအပြစ်တရားများကြောင့် နောက် ဆုံးတွင် အပ္ပါယ်ငရဲထဲသို့ပစ်ချခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သမ္မာကျမ်း စာသည် မိမိလမ်းစဥ်အတိုင်းမဟုတ်မမှန်ဖွင့်ဟခြင်းမပြုသင့်ပေ။ သို့သော် နှုတ်ကပတ်တော်သမ္မာတရားနှင့်ဒုတိယမွေးဖွားခြင်းခံရသူသန့်ရှင်းသူများ အားဖြင့် ဘုရားကိုယ်တိုင်နှုတ်ကပတ်တော်ကိုမှန်မှန်ကန်ကန်ဖွင့်ဟရန် အချိန်စောင့်ဆိုင်းရမည် ဖြစ်သည်။ 
သခင်ယေရှုက “ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား ဘု ရားသခင်နိုင်ငံတော်သို့မဝင်ရ”(‌ယောဟန် ၃း၅)ဟုမိန့်တော်မူခဲ့သည်။ ဤ ကျမ်းချက်မှန်ကန်စွာသိရှိ၍ယုံကြည်သူများကသာလျှင် အပြစ်အားလုံးမှ လွှတ်မြောက်၍ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်လိမ့်မည်။ ရေနှင့်ဝိ ညာဥ်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် မိမိနှလုံးသားဆေးကြောစင် ကြည်ခြင်းရသောသူများသာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်လိမ့်မည်ဟု သခင်ယေရှုမိန့်တော်မူခဲ့သည်။ သို့သော်တဲတော်၌အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်တို့ဖြင့်ထင်ရှားသော သမ္မာတရားဖြစ် သည့် ဘုရားသခင်ပေးအပ်တော်မူသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်း ကို လူများက နားလည်သဘောပေါက်ခြင်းမရှိပါက သူတို့သည် မိမိအပြစ် များအတွက် ဖျက်ဆီးခြင်းခံရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည်သခင်ယေရှုကိုယုံကြည်လျက်ဖြင့်ကျွန်ုပ်တို့အပြစ်များအတွက် ဖျက်ဆီးခြင်းခံရလျှင် မည်မျှဝမ်းနည်းကြေကွဲစရာဖြစ်သနည်း။ ယ ခုချိန်တွင် ဤကမ္ဘာပေါ်တွင်မြောက်များစွာသောလူတို့သည်သခင်ယေရှုကို မိမိအသက်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံကြသော်လည်း အပြစ်များ မှလွတ်မြောက်ခြင်းအမှန်ခံရသလောဟုမေးမြန်းသောအခါ သူတို့သည် ရဲ ဝံ့စွာမဖြေနိုင်ခြင်းက ကျွန်တော့်ကို အလွန်အမင်းဝမ်းနည်းမှုဖြစ်စေသည်။  အပြစ်သားအားလုံးတို့သည် သခင်ယေရှုကို ယုံကြည်သည်ဖြစ်စေ၊ မယုံ သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် မိမိအပြစ်များအတွက် ဖျက်ဆီးခြင်းခံရကြမည် ဖြစ်သည်။ သူတို့သည် သခင်ယေရှုကိုယုံကြည်ကြ သော်လည်း လူပေါင်းမည်မျှ ဖျက်ဆီးခြင်းအမှန်ခံရလိမ့်မည်နည်း။  
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇တွင် သခင်ယေရှုကိုယုံကြည်သူများစွာ တို့သည် သခင်ယေရှုထံ ကိုယ်တော့်နာမည်ဖြင့် ပ‌ရောဖက်ပြုခြင်း၊ နတ်ဆိုး များကိုနင်ထုတ်ခြင်း၊ အံ့သြဖွယ်နိမိတ်လက္ခဏာများပြုခြင်း များပြုခဲ့သည် ဟုလျှောက်သောအခါ ကိုယ်တော်က သူတို့အား ငြင်းပယ်လိမ့်မည်ဟု ဖော် ပြထားသည်။ သခင်ယေရှုကဤသို့သောသူများထံ “သင်တို့ကို ငါအလျှင်းမ သိ။အဓမ္မအမှုကိုပြုသောသူတို့ငါ့ထံမှဖယ်ကြဟု သူတို့အား အတည့်အလင်း ငါပြောမည်”(မဿဲ ၇း၂၃)ဟု မိန့်တော်မူလိမ့်မည်။ သခင်ဟုခေါ်သူအားလုံး ကောင်းကင်နိုင်ငံတော်သို့မဝင်ရဟု သခင်ယေရှုမိန့်တော်မူခဲ့သည်။ ထိုနည်း တူ၊ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို နားမလည်သောသူများကို သခင် ယေရှုကငြင်းပယ်တော်မူလိမ့်မည်။
ယခုချိန်၌ပင်လျှင် လူများစွာတို့သည် သခင်ယေရှုကိုမှန်မှန်ကန်ကန်မ သိဘဲလျက်ယုံကြည်ကြသော်လည်း မိမိယုံကြည်မှုမှားယွင်းနေသည်ကိုမ သိကြပေ။ ထိုသို့သော်အခြေအနေက ဘုရားကို အလွန်အမင်းဝမ်းနည်းစေ တော်မူသည်။ မှားယွင်းသောယုံကြည်မှု ဘုရားကို လုံးဝငြင်းဆိုတော်မူ ကြောင်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရသည်။ ထိုကြောင့် မိမိပျက်စီး ခြင်းသို့ ဦးတည်သောသူမြောက်များစွာရှိကြောင်း တွေ့ရသည်။ 
ယနေ့သာမန်ခရစ်ယာန်များအတွက် ကျွန်ုပ်တို့နှလုံးသားညည်းတွား နေရခြင်း ဖြစ်သည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်နေသော်လည်း စစ်မှန်သောရေနှင့်ဝိညာဥ်တော်သတင်းကောင်း၏အနက်အဓိပ္ပါယ်ကိုသမ္မာ ကျမ်းစာဖော်ပြချက်နှင့်အညီ ဃဂနဏမသိကြပေ။ ထိုကြောင့် ထိုသူများ အားလုံးထံ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို အရေးတကြီး၊ အလျှင် အမြန်ဟောပြောနေရခြင်း ဖြစ်သည်။
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားကို သိရှိ၍ယုံကြည် ခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် အလွန်အမင်းအရေးကြီးသည်။ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားကို မည်သို့သိနိုင် ကြမည်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်တွင်ဖော်ပြထားသော ရေ နှင့်ဝိညာဥ်တော်သတင်းကောင်းအကြောင်းကို ကြားနာခြင်းအားဖြင့် သိ နိုင်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားသတင်းကောင်းကိုသိ၍ယုံကြည်ရ မည်။ ထိုသို့ယုံကြည်မှသာလျှင် ဘုရားသခင်က ငါ့သန့်ရှင်းသူများဟု မှည့် ခေါ်တော်မူလိမ့်မည်။ သို့မှသာ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံ တော်သို့ ကျွန်ုပ်တို့ဝင်ရောက်နိုင်လိမ့်မည်။ ယုံကြည်ခြင်းအားဖြင့် အပြစ် လွှတ်ခြင်းခံရကြလိမ့်မည်။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီး များဖြစ်လာနိုင်ကြလိမ့်မည်။
ထိုကြောင့် ခရစ်ယာန်ဘာသာက ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းရရှိသည်ဟု အဓိကဖော်ပြထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသော ဘာသာတရားများက လူတစ်ယောက်၏လုပ်ဆောင်ချက်အပြုအမူများကို တန်ဖိုးထားသည်။ သို့သော် ကယ်တင်ခြင်းသည် ဘုရားသခင်၏ဆုကျေးဇူး ဖြစ်သည်ဟု ကျမ်းစာကဖော်ပြသည်။ လူသားများ၏ကောင်းမှုကုသိုလ်မ ဟုတ်ပေ။ ထိုကြောင့် မည်သူကမျှဝါကြွားစရာမရှိ (ဧဖက် ၂း၈-၉)။ စစ်မှန် သောခရစ်ယာန်ဘာသာက ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို သိရှိ၍ ယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ်မှလွှတ်မြောက်၍ကောင်းကင်နိုင်ငံ တော်သို့ဝင်ရောက်နိုင်သောလမ်းကိုညွှန်ပြထားသည်။ 
ယနေ့ ယောဟန် ၁၃ တွင်ဖော်ပြထားသောအဓိကအကြောင်းအရာမှာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအကြောင်းဖြစ်သည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင်အသေခံတော်မူသည့်အချိန်ရောက်လာပြီဟုသိတော်မူ၍ ကိုယ်တော်သည် မိမိတပည့်တော်များ၏ခြေများကို ဆေးကြောပေးတော်မူ ခဲ့သည်။ ဤအချိန်သည် ပသခါပွဲ‌တော်မတိုင်မီဖြစ်ပျက်ခဲ့သည်။ ပသခါပွဲ တော်ကြီးသည် ယုဒလူမျိုးများအတွက် အလွန်အရေးပါသောပွဲဖြစ်သည်။ ထိုပွဲတော်နေ့မှာ ဣသရေလလူမျိုးများသည် အဲဂုတ္တုပြည်မှလွှတ်မြောက် ရသောအချိန်၊ ကျွန်ဘဝမှ လွှတ်မြောက်ရသော အချိန်ခါမယဖြစ်သော ကြောင့် ယုဒလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။ ထိုကြောင့်ဣသ ရေလလူမျိုးများသည် ဓမ္မဟောင်းကျမ်းတွင် ရှိသောပသခါပွဲကို အောက် မေ့၍ ထိုပွဲတော်ကိုအထိမ်းအမှတ်ပြရန် အတူပါဝင်ဆင်နွှဲခြင်းဖြစ်သည်။
ညစာစားပွဲတွင်သခင်ယေရှုသည်မိမိတပည့်တော်များကိုစုရုံးစေလျက် စွဲကိုင်ရန်အလွန်အ‌ရေးကြီးသောအရာတစ်ခုကို မိန့်တော်မူခဲ့သည်။ ကိုယ် တော်သည် ကားတိုင်ပေါ်တွင်အသေမခံမီ မိမိတပည့်တော်များ၏ခြေများ ကိုဆေးကြောပေးခြင်းအားဖြင့် သူတို့၏ဒုစရိုက်အပြစ်များဆေးကြောပေး ခြင်းသမ္မာတရားကို သွန်သင်တော်မူခဲ့သည်။ ပသခါပွဲတော်အဖြစ်တွင်သ ခင်ယေရှုသည် ပသခါသိုးသငယ်အဖြစ်ဖမ်းဆီးချုပ်နှောင်ခြင်းခံ၍ကားတိုင် တင်အသတ်ခံလျက်အသေခံကားသေခြင်းမှပြန်လည်ထမြောက်တော်မူ မည့်အကြောင်းကို သွန်သင်ပေးတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုက မိမိတပည့်တော်များအား သိုးသငယ်ကဲ့သို့ ယဇ်ပူဇော်ခြင်းခံ ရမည့်အ ကြောင်း၊ သူတို့၏အပြစ်များကိုလည်းဆေးကြောပေးခဲ့သည့်အကြောင်းကို သွန်သင်တော်မူခဲ့သည်။သခင်ယေရှုသည် ကားတိုင်ပေါ်တွင်အသေခံတော် မမူမီ မိမိတပည့်တော်များ၏ခြေကိုဆေးကြောပေးတော်မူခြင်းအားဖြင့် အ လွန်အရေးကြီးသည့်အပြစ်ဆေးကြောခြင်းသင်ခန်းစာကို သွန်သင်တော်မူ ခဲ့သည်။ 
 


သခင်ယေရှုသည် ပေတရု၏ခြေကိုဆေးပေးတော်မူခြင်းအကြောင်း

 
သခင်‌ယေရှုသည် တပည့်တော်များခြေကိုဆေးကြောတော်မူ၍ပေတ ရုကငြင်ဆိုသောအခါ ကိုယ်တော်မိန့်တော်မူသောစကားကိုကြည့်ကြပါစို့။ “ယေရှုကလည်းသင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရ” (ယော ၁၃း၈)။ ဤအမိန့်တော်သည် မည်မျှအရေးပါကြောက်မက်ဖွယ်ရာဖြစ်သ နည်း။ သို့သော် သခင်ယေရှုသည် မိမိတပည့်တော်များအား အပြစ်ဒုစရိုက် ဆေးကြောပေးသောယုံကြည်ခြင်းမျိုးကို အမှန်သွန်သင်လို၍ ကိုယ်တော် သည် ကားတိုင်ပေါ်တွင်အသေခံတော်မမူမီ တပည့်တော်များ၏ခြေများ ဆေးကြောပေးခြင်း ကိုယ်တော်အတွက်သော်လည်းကောင်း၊ တပည့်တော် များအတွက်သော်လည်းကောင်းမည်မျှအရေးကြီးသည်ကိုလည်း သွန်သင် လိုတော်မူသည်။ 
ထိုကြောင့် သခင်ယေရှုသည် စားသောက်ပွဲမှထ၍ မိမိဝတ်လုံကိုချွတ် ပြီးလျှင်ပုဝါကိုထုတ်ယူပြီးခါးတော်ကိုစည်းတော်မူခဲ့သည်။ ထိုနောက်ဇလုံ ထဲသို့ရေလောင်းထည့်၍တပည့်တော်များခြေကိုဆေးတော်မူခဲ့သည်။ကိုယ် တော်သည် ရှိမုန်ပေတရု၏ခြေကို‌ဆေးတော်မူသည့်အချိန်တွင် ပေတရုက ငြင်းဆိုခဲ့သည်။ ထိုနောက်ပေတရုက သခင်ယေရှုအား “ကိုယ်တော်သည် ကျွန်ုပ်၏ခြေကို ဆေးရမည်လော” ဟုငြင်းဆိုခဲ့သည်။ သခင်ယေရှုက ပေတ ရု၏ခြေကိုဆေးကြောခြင်းသည် ပေတရုက မရိုမသေပြုခြင်း၊ဘုန်းနိမ့်ခြင်း ဟုယူဆခဲ့သည်။အကြောင်းမှာ သူကသခင်ယေရှုကို ဘုရားသခင်၏သား တော်အဖြစ်သက်ဝင်ယုံကြည်၍ အစေခံခဲ့သောကြောင့်ဖြစ်သည်။ ထို ကြောင့်သူက သခင်ယေရှုခြေဆေးပေးခြင်းကိုလက်ခံရန်အလွန်ခက်ခဲခြင်း ဖြစ်သည်။ ပေတရုက သခင်ယေရှု၏ခြေတော်ကို ဆေးကြောလိုခြင်းဖြစ် သည်။ ပေတရုက သခင်ယေရှု၏ခြေကိုပို၍ဆေးကြောသင့်သည်ဟု ယူဆခဲ့ သည်။ သူ့အနေဖြင့် သခင်ယေရှုသည် သူ့ခြေဆေးကြောပေးခြင်းကို မသင့် တော်၊ လူမှုရေးအရလည်းကြည့်မကောင်း၊ရှုမကောင်းဖြစ်သည်ဟု ထင်ခဲ့ သည်။ ထိုကြောင့် ပေတရုသည် ကြောက်ရွံ့တုန်လှုပ်လျက် “ကိုယ်တော် သည် ကျွန်ုပ်၏ခြေကိုဆေးရမည်လော”ဟု ငြင်းဆိုထားခြင်း ဖြစ်သည်။
ထိုနောက် အခန်းငယ် ၇ တွင် သခင်ယေရှုက “သင်သည်ငါပြုသောအ မှုကိုယခုနားမလည်သေး။ နောက်မှသိလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ အ ဓိပ္ပါယ်မှာ “ငါယခုလုပ်ဆောင်သောအရာကို သင်နားမလည်သေး။ သို့သော် ကားတိုင်ပေါ်တွင် ငါအသေခံ၍ သေခြင်းမှရှင်ပြန်ထမြောက်လျက် ကောင်း ကင်ပေါ်သို့တက်ရောက်သောအခါတွင် သင့်ခြေဆေးခဲ့သည့်အကြောင်းကို သင်နားလည်လာလိမ့်မည်” ဖြစ်သည်။ ထိုပြင် သခင်ယေရှုက “ငါသည် သင့်ခြေကိုမဆေးလျှင် သင်သည်ငါနှင့်မစပ်ဆိုင်”ဟု မိန့်တော်မူခဲ့သည်။ အ ကယ်၍ သခင်ယေရှုသည် ပေတရု၏ခြေကိုမဆေးခဲ့လျှင် ပေတရုနှင့်သခင် ယေရှုတို့သည် တစ်ယောက်ကိုတစ်ယောက်ပတ်သက်မှုမရှိကြပေ။ တစ် ယောက်နှင့်တစ်ယောက်ပတ်သက်မှုမရှိဟုဆိုရာတွင် အဆက်အသွယ်ပြတ် ခြင်းကိုဆိုလိုသည်။ ထိုကြောင့် ပေတရုသည် ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ သခင်ယေရှု၏ရှေ့တော်၌မိမိခြေကို ချထားလျက် ခြေဆေး ခြင်းခံရတော့မည် ဖြစ်သည်။ ထိုနောက်သခင်ယေရှုသည် ပေတရု၏ခြေကို ဇလုံထဲတွင်ချထားတော်မူ၍ သူတို့၏ခြေများကိုဆေးကြောခဲ့ပြီးနောက်ပုဝါ ဖြင့်သုတ်ပေးတော်မူခဲ့သည်။
သခင်ယေရှုကပေတရုထံ “သင်၏ခြေကိုငါမဆေးရလျှင်သင်သည်ငါ နှင့်မဆက်ဆံရ”ဟု မိန့်တော်မူသောအခါ ပေတရုသည် တုန်လှုပ်၍ “ထိုသို့ ဖြစ်လျှင်ကိုယ်တော်သည်ကျွန်ုပ်နှင့်ဆက်ဆံနိုင်ရန်အတွက် ကျွန်ုပ်အားသာ ၍ဆေးကြောပေးပါ။ ကျွန်ုပ်လက်များ၊ ဦးခေါင်းနှင့်ကိုယ်ခန္ဓာတစ်ခုလုံးကို လည်းဆေးကြောပေးတော်မူပါ”ဟု လျှောက်ခဲ့သည်။ သခင်ယေရှုသည် ထို လျှောက်လဲလျက်ကိုကြားတော်မူသောအခါ “ရေချိုးပြီးသောသူမူကားခြေ ကိုသာလျှင်ဆေးကြောဖို့လိုသည်။ သူသည် လုံးဝသန့်ရှင်းပြီးသူဖြစ်သည်။ သင်တို့သည် သန့်ရှင်းကြသည်။ သို့သော် သင်တို့အားလုံးမသန့်ရှင်းပါ”ဟု မိန့်တော်မူခဲ့သည်။
သခင်ယေရှုသည် လူများမကြာခဏ နားလည်ရခက် ရှုတ်ထွေးမှုများ မိန့်တော်မူလေ့ရှိခဲ့သည်။ လူများသည် သခင်ယေရှုမိန့်တော်မူချက်များကို နားမလည်ကြသောကြောင့် နားလည်မှုလွှဲချော်သွားခဲ့သည်။ မယုံကြည်ကြ ပေ။ ထူးဆန်းသောအရာများလုပ်နေကြသည်။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းမခံရသောသူများသည် ပေတရုထံသခင်ယေရှုမိန့်တော်မူသောအရာများကို သင့်လျော်စွာနားလည် ကြလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ သန့်ရှင်းသောဝိညာဥ်တော်မရသော သူများသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုမှန်ကန်စွာနားမ လည်နိုင်ကြသောကြောင့် ဖြစ်သည်။ 
အကယ်၍လူတစ်ယောက်သည် လောကပညာနားလည်နိုင်သောအ ရည်အချင်း၊ဥာဏ်ပညာရှိသော်လည်း ထိုသူသည် သမ္မာကျမ်းစာထဲမှာဖော် ပြထားသောသမ္မာတရားကိုနားလည်နိုင်မည်မဟုတ်ပေ။ ဤသို့သောသူ များသည် နှုတ်ကပတ်တော်ကို ရှင်းလင်းစွာနားလည်သော်လည်း ရေနှင့်ဝိ ညာဥ်တော်သမ္မာတရားကိုမသိလျှင် သူတို့သည် မည်သို့ပင်ကြိုးစားအား ထုတ်နေစေကာမူ သူတို့အပြစ်များဆေးကြောပေးနိုင်သောယုံကြည်ခြင်း မျိုးကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ တွေဝေနေလိမ့်မည်။  
သခင်ယေရှုက “ရေချိုးပြီးသောသူမည်သည်ကားခြေဆေးခြင်းမှတစ် ပါးဆေးကြောရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့ သည် စင်ကြယ်သော်လည်းအချို့မစင်ကြယ်၏” (ယောဟန် ၁၃း၁၀) ဟု မိန့်တော်မူခဲ့သည်။ ဤကျမ်းချက်သည် ယနေ့မြောက်များစွာသောခရစ် ယာန်များအတွက် နားလည်ရန်အလွန်ခက်ခဲသည်။ အကြောင်းမှာ သူတို့ သည် မိမိအပြစ်များအားလုံးဆေးကြောခြင်းရှိ/မရှိဖော်ြပထားသောဤ ကျမ်းချက်ကိုနားလည်သဘောမပေါက်ကြသောကြောင့် ဖြစ်သည်။ အမှန် တကယ်၊ သူတို့သည် ဤကျမ်းချက်အားနောင်တတရားနှင့်စပ်ဆိုင်သော ဆု‌တောင်းခြင်းခံယူချက်၏အခြေခံဟူ၍သာ သတ်မှတ်ယုံကြည်ကြသည်။ ခရစ်ယာန်ဘာသာတွင် ထိုခံယူချက်အား အောလ်ထို‌‌ဒေါ့ဓမ္မခံယူချက်ဟု ခေါ်သည်။ 
သူတို့သည်ဤကျမ်းချက်အား ဤသို့ဘာသာပြန်ဆိုကြသည်။ “ကျွန်ုပ် တို့သည် သခင်ယေရှုအားမိမိကယ်တင်ရှင်အဖြစ်ယုံကြည်သည့်အချိန်ကစ ၍ ဗီဇအပြစ်အပါအဝင် ကျွန်ုပ်တို့အပြစ်များအားလုံးခွင့်လွှတ်ခြင်းရရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှအပြစ်မရှောင်ကြဥ်နိုင် ကြသောကြောင့် နေ့စဉ်ကျူးလွန်မိသောအပြစ်များလွှတ်ခြင်းအခွင့်ရရှိရန် ဘုရားသခင်ထံခွင့်လွတ်ခြင်းတောင်းလျှောက်ရမည်။ထိုသို့ဆု‌တောင်းခြင်းအားဖြင့်ကျွန်ုပ်တို့သည်အပြစ်များဆေးကြောခြင်းနိုင်၍ ဘုရားသခင်နှင့်ပြန် လည်မိတ်သာဟယဖွဲ့နိုင်ကြခြင်းဖြစ်သည်။
အဓိပ္ပါယ်မရှိပေ။ သင်သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်း အားဖြင့် နေ့စဥ်ကျူးလွန်သောအပြစ်များအမှန်ဆေးကြောနိုင်မည်လော။ သင်သတိမမူပြုမိသောအပြစ်များအတွက် ခွင့်လွှတ်ခြင်းဆုမတောင်းလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအပြစ်အတွက် ခွင့်လွှတ်ခြင်းရရှိနိုင်မည်လော။
ဘုရားသခင်၏ကိုယ်ခန္ဂာတည်းဟူသောအသင်းတော်သည် ဘုရားသ ခင်‌ပေးအပ်တော်မူသောရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည် သောသူများစုရဒးသောနေရာဖြစ်သည်။ ထိုကြောင့် သခင်ယေရှုက ကိုယ်  ခန္ဓာသည် လုံးဝစင်ကြယ်သော်လည်း တပည့်တော်အားလုံးမစင်ကြယ်ဟု မိန့် တော်မူရာတွင် ကိုယ်တော်ကိုမယုံကြည်သောယုဒရှကာရုတ်ကို ရည် ညွှန်းတော်မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် “အားလုံးမစင်ကြယ်”ဟုမိန့် တော်မူရာတွင် ယုဒရှကာရုတ်သည်ကိုယ်တော်ကို မယုံကြည်ကြောင့်သ ခင်ယေရှုသိတော်မူသောကြောင့် ဖြစ်သည်။ 
သမ္မာကျမ်းစာအတည့်အလင်းဖော်ြပထားသောသမ္မာတရား ရေနှင့်ဝိ  ညာဥ်တော်သတင်းကောင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ အားလုံးကို တစ်ကြိမ်ဆေးကြောတော်မူခြင်းအားဖြင့် ထာဝရတည်တံသော စင်ကြည်ခြင်းအမှုကို ကျွန်ုပ်တို့ယုံကြည်ရကြမည်။ ထိုကြောင့် ကျွန်ုပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုယ်နည်းကိုယ်ဟန်ဖြင့်နား လည်ရန်ကြိုးစား၍ နှုတ်ကပတ်တော်ဖွင့်ပြလိုသောအရာကိုမသိခဲ့လျှင် မှား ယွင်းသောတွင်းနက်ထဲသို့ကျဆင်းနိုင်သည်။ ယခုတွင် မြောက်များစွာသော လူတို့သည် လွှဲမှားသောအယူဝါသို့ ကျဆင်းခဲ့ကြသည်။ သူတို့သည် မိမိပိုင် ဆိုင်မှုများအားလုံးကို စွန့်လွှတ်ခဲ့ကြသည်။ အသေခံကြသည်။ သို့သော်သူ တို့သည် သခင်ယေရှုကို မှန်ကန်စွာမယုံကြည်ကြသောကြောင့် နောက်ဆုံး တွင် သူတို့သည် မိမိအပြစ်များကြောင့် ဖျက်ဆီးခြင်းခံရကြလိမ့်မည်။
 


သခင်ယေရှုသည် ကျွန်ုပ်တို့ခြေကိုဆေးကြောသည့်အကြောင်း

 
သခင်ယေရှုသည် ပေတရု၏ခြေကိုဆေးကြောတော်မူမှသာလျှင် သူသည် အဘယ်ကြောင့် သခင်ယေရှုနှင့်ဆက်ဆံနိုင်မည်နည်း။ အကြောင်း မှာပေတရုသည် မိမိတစ်သက်တာတွင် ကျူးလွန်မိသောအပြစ်များအား လုံးသခင်ယေရှုဆေးကြောမှသာလျှင် သခင်ယေရှုသည် ပေတရု၏ကယ် တင်ရှင်အမှန်ဖြစ်တော်မူမည်ဖြစ်သောကြောင့် ဖြစ်သည်။ သခင်ယေရှု သည် ဤလောကသို့ကြွလာတော်မူ၍ ယောဟန်ထံမှဗတ္တိဇံကိုခံတော်မူ ခြင်းအားဖြင့် လူသားများ၏အပြစ်ကို ယူဆောင်တော်မူခဲ့သည်။ ကားတိုင် ပေါ်တွင်အသေခံတော်မူလျက်သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ သခင်ယေရှုသည် ပေတရု၏အပြစ်များနှင့် မိမိတပည့်တော်များ၏အပြစ် များအားလုံးကို တစ်ကြိမ်တည်းဆေးကြောတော်မူခဲ့သည်။ သခင်ယေရှု သည် ဤသမ္မာတရားကို သူတို့စိတ်ထဲတွင် စွဲစွဲမြဲမြဲမှတ်ထားရန် အလိုရှိ တော်မူခဲ့သည်။ သို့သော် တပည့်တော်များသည် ကိုယ်တော်၏ခြေဆေး ကြောခြင်းကို ကိုယ်ကျင့်တရား၊နှိမ့်ချမှုကိစ္စအတွက်သာထင်မှတ်ကြသော ကြောင့် မိမိခြေများသခင်ယေရှုဆေးကြောပေးတော်မူခြင်းအကြောင်းကို နားလည်သဘောပေါက်ခြင်းမရှိကြပေ။ 
တပည့်တော်များသည် လက်ရှိမျက်မှောက်ကာလတွင်ကျူးလွန်မိ သောအပြစ်များသာမက နောက်နောင်အနာဂတ်မှာကျူးလွန်မိမည့်အပြစ် များအားလုံးက သူတို့၏ဝိညာဥ်ရေးကို သတ်သေစေနိုင်ကြောင်း နားလည် သဘောပေါက်ရမည်ဖြစ်သည်။ ထိုကြောင့် နောင်အနာဂတ်တွင် သူတို့ ကျူးလွန်မိမည့်အပြစ်များအားလုံးကိုလည်း ယုံကြည်ခြင်းအားဖြင့် သခင် ယေရှုအပေါ်သို့တင်ထားလိုက်ပြီဖြစ်ကြောင့် သူတို့နားလည်သဘောပေါက်  ရမည် ဖြစ်သည်။ အကြောင်းမှာ ဤကိစ္စနှင့်ပတ်သက်၍ သခင်ယေရှုသည် ပေတရု၏ခြေကိုဆေးကြောခြင်းသော်လည်းကောင်း၊ တပည့်တော်များ၏ ခြေများကိုဆေးကြောပေးခြင်းသော်လည်းကောင်း ပေတရုသည် ကြီးမား သောသင်ခန်းစာကို နားလည်ရမည်။ နားလည်ခြင်းမရှိလျှင် သူသည် သခင် ယေရှုနှင့်ပတ်သက်မှု၊ ဆက်ဆံမှုမရှိပေ။ သခင်ယေရှုသည် နှစ်ခြင်းခံယူ ခြင်းအားဖြင့် ဤသမ္မာတရားကို သွန်သင်တော်မူခဲ့သည်။ သူသည် ‌ပေတရု ၏နားအားချက်၊ မပြည့်စုံမှုကြောင့်ကျူးလွန်မိသော “အပြစ်များအားလုံး” ကို ဆေးကြောတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ပေတရု၏ခြေ ကိုဆေးကြောခြင်းဖြစ်သည်။ ပေတရုသည်လည်း သခင်ယေရှုအားမိမိခြေ ကိုဆေးကြောခွင့်ပြုရမည် ဖြစ်သည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူသောအခါ မိမိအပြစ်များအားလုံး၊ အားနည်းချက်များနှင့်မပြည့် စုံမှုများကြောင့် မိမိဘဝတစ်လျှောက်တွင်ကျူးလွန်မိသောအပြစ်များအား ဆေးကြောတော်မူသည်ဟု ပေတရုယုံကြည်မှသာလျှင် သူသည် သခင် ယေရှုနှင့်ဆက်ဆံနိုင်မည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနာခြင်းအား ဖြင့် ရေနှင့်ဝိညာဥ်တော်သမ္မာတရားကို နားလည်သဘောပေါက်နိုင်သည်။ ကျွန်ုပ်တို့၏အပြစ်များအားလုံးမှစင်ကြည်စေသော အပြစ်များအားလုံးယူ ဆောင်သွားသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို သိရှိယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းရရှိသည်။ သခင်ယေရှုက “ရေ ချိုးပြီးသောသူမူကားခြေဆေးဖို့သာလိုတော့သည်”ဟု မိန့်တော်မူခဲ့သည်။ အကြောင်းမှာ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို စင်ကြယ် စေတော်မူခဲ့သည်။ ဤကြောင်းကိုယုံကြည်သောသူများသည် အပြစ်များ အားလုံးလွှတ်ခြင်းခံရသောသူများဖြစ်ကြသည်>
သခင်ယေရှုခရစ်တော်သည် ယောဒန်မြစ်၌ဗတ္တိဇံခံယူခြင်းအားဖြင့်အ ပြစ်အားလုံးကိုဆေးကြောတော်မူ၍အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သည်။ သခင်ယေရှုသည် ကားတိုင်သို့သွား၍ကားစင်တင်ခံကာအ သွေးတော်သွန်းလောင်းပြီးအသေခံလျက်သေခြင်းမှပြန်လည်ထမြောက် တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ထာ၀ရကယ်တင်ရှင်ဖြစ်တော်မူသည်။ ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းတော်မူခြင်း အားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့၏ပြည့်စုံသောကယ်တင်ရှင်ဖြစ်တော် မူသည်။ ထိုနည်းတူ၊ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် သခင် ယေရှုသည်သူ့ကိုယုံကြည်သူများအားလုံးအားယုံကြည်ခြင်းအားဖြင့် တစ်ခါ တည်းမိမိအပြစ်များအားလုံး ဆေးကြောတော်မူခဲ့သည်။
ဤသမ္မာတရားကိုသိရှိ၍ယုံကြည်သူများသည် မိမိအပြစ်ကိုလည်း ပြည့်စုံစွာဆေးကြောခြင်းခံရပြီ ဖြစ်သည်။ ဘုရားသခင်၏ရှုထောင့်မှကြည့် သော် သခင်ယေရှု၏ဖြောင့်မတ်သောလုပ်ဆောင်မှုများအားဖြင့် လူသား အားလုံးအပြစ်များအားလုံးဆေးကြောခြင်းခံရပြီးဖြစ်သည်။ကျွန်ုပ်တို့အပြစ် များအားလုံးအမှန်အကန်ဆေးကြောခြင်းခံရရန်အတွက် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အခမဲ့ပေး ထားသောဤကျေးဇူးတော်ကိုလက်ခံရမည်ဖြစ်သည်။ ယုံကြည်လက်ခံနိုင် သောကိစ္စမျိုးလား။ ဟုတ်ပါသည်။ ဤသမ္မာတရားကိုလက်ခံသောယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့‌ရေချိုးပြီးသောသူများဖြစ်လာကြသည်။
သခင်ယေရှုက ရေချိုးပြီးသောသူများသည် ခြေဆေးကြောရန်လိုအပ် သည်ဟုမိန့်တော်မူခဲ့သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည်နေ့စဥ်အပြစ်ပြု မိကြသော်လည်း သခင်ယေရှုသည် ဗတ္တိဇံခံယူ၍လုံးတကယ်တင်တော်မူခဲ့ သောအခါ ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်တော်မူပြီးဖြစ်သည်။ သ ခင်ယေရှုသည် ဗတ္တိဇံခံယူ၍ ကျွန်ုပ်တို့တစ်သက်တာအပြစ်များအားလုံးကို ဆေးကြောတော်မူခဲ့သည်။ ကျွန်ုပ်တို့နေ့စဥ်ပြုလုပ်သော ဒုစရိုက်အပြစ်များ ကိုလည်းဖြေရှင်းတော်မူပြီဖြစ်ကြောင်း သက်သေထူအသိအမှတ်ပြုပေး ခြင်းဖြစ်သည်။
ဤအကြောင်းသည် အထက်ကကျမ်းပိုဒ်ဖော်ပြလိုသောအရာဖြစ် သည်။ အမှန်အကန်ဖော်ပြရလျှင် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းခံရသောသူများပင်လျှင် ဇာတိအ အသွေးအသားဖြင့်အသက်ရှင်သောကြောင့် သူတို့ဘဝမှာအပြစ်ပြုကြလိမ့် မည်။ ထိုသတင်းကောင်းမှာ သခင်ယေရှုသည် ယောဟန်ထံမှဗတ္တိဇံခံယူ ခြင်းအားဖြင့်အပြစ်များအားလုံးကိုလက်ခံတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံချက်လောအပြစ်များကိုယူဆောင်သွားခြင်း၊ သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်း ဖြစ်သည်။ သို့သော် တန်ခိုးကြီးတော်မူသောသခင်ယေ ရှုကိုယုံကြည်ပြီးနောက် နေ့စဥ်နှင့်အမျှလူများကျူးလွန်သောအပြစ်များ အားလုံးကိုဘုရားသခင်သည်သခင်ယေရှုအပေါ်ချထားတော်မူပြီးဖြစ်သည်။
ဆင့်ကဲဆင့်ဆင်းသက်လာသောအချိန်၊ ထာ၀ရအတွက် ဘုရားသခင် သည် လူသားများ၏အပြစ်များအားလုံးကို ပထုတ်ယူဆောင်သွားခြင်းဤ လုပ်ငန်းကို တစ်ကြိမ်တည်းဖြင့် ပြည့်စုံစွာလုပ်ဆောင်မူခဲ့ပြီးဖြစ်သည်။ ထို နည်းတူ၊ သခင်ယေရှုသည် ယောဟန်ထံမှဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် တစ်ဘဝလုံးအတွက်အပြစ်များအားလုံးကို ယူဆောင်သွားခဲ့၍ ကားတိုင် ပေါ်တွင်အသေခံတော်မူစဥ် ထိုအပြစ်များအားလုံးကို သယ်ဆောင်တော်မူ ပြီ ဖြစ်သည်။ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ ၏အပြစ်များအားလုံးကို ကိုယ်တော်ဆေးကြောတော်မူခဲ့ပြီး ဖြစ်သည်။ဤ အကြောင်းကိုမသိဘဲလျက် ကျွန်ုပ်တို့သည်မည်သည့်အရာကိုယုံကြည်ကြ သနည်း။  ဤသမ္မာတရားကိုမယုံကြည်ဘဲ ဘဝတွင်ကျွန်ုပ်ကျူးလွန်သော အပြစ်များနှင့်မစုံလင်ခြင်းများအတွက် ကျွန်ုပ်တို့သည် နေ့စဥ်နေ့တိုင်း ဒုက္ခ ရောက်တတ်ကြသေးသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဤအပြစ်လွှတ်ခြင်းသမ္မာတ ရားကိုယုံကြည်ရမည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ဤလောကတွင်အ သက်ရှင်နေစဥ် တစ်ဘဝလုံးအတွက် ကျူးလွန်မိသောအပြစ်များအားလုံး ကို ယူဆောင်တော်မူခဲ့ပြီး ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ‌တော်မူ ခြင်းအားဖြင့် လောကအပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူ ခဲ့ပြီး ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် နေ့တိုင်း ကျွန်ုပ်တို့ယုံကြည်ခြင်း ဖြင့် ဤသမ္မာတရားကို အသိအမှတ်ပြုရမည် ဖြစ်သည်။
ပေတရုကဲ့သို့ ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုနှင့်ဆက်ဆံလျက် တစ်လုံးတစ်ဝဖြစ်ရမည်။ သခင်ယေရှုသည် ပေတရု၏ခြေဆေးကြောပေး တော်မူခြင်းကိုသတိရရမည်။ ကျွန်ုပ်တို့သည်လည်း နေ့စဥ်အသက်တာမှာ  သခင်ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်းနှင့်ကားတိုင်ပေါ်တွင်အသေခံတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည် ကို အသိအမှတ်ပြုယုံကြည်ရမည် ဖြစ်သည်။ သို့သော် ဤသမ္မာတရားကို မယုံကြည်သောသူများသည် သူတို့၏အပြစ်များထာဝရဆေးကြောခြင်းမခံ ရကြပေ။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်အ ပြစ်များအားလုံးဆေးကြောခြင်းမခံရသောသူများသည် သခင်ယေရှုနှင့်မ ဆက်ဆံ၊ မပတ်သက်သောသူများဖြစ်ကြသည်။ သူတို့သည် နေ့တိုင်းအပြစ် များဆေးကြောပေးရန် မရပ်မနားကြိုးစားကြသော်လည်း အပြစ်ဆေး ကြောခြင်းမခံရကြပေ။ အကြောင်းမှာ သူတို့သည် နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းအားဖြင့် အပြစ်ဆေးကြောခြင်းမခံရကြသောကြောင့် ဖြစ်သည်။ အပြစ်တစ်ခုစီတိုင်းသည် ကြောက်မက်ဘွယ်ကောင်းသောဘု ရားသခင်၏တရားစီရင်တော်မူခြင်းခံရမည် ဖြစ်သည်။ 
ထိုသို့အားဖြင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်း အားဖြင့် အပြစ်ဆေးကြောခြင်းခံရမည့်အစား နောင်တနှင့်စပ်ဆိုင်သော ဆု ‌ တောင်းခြင်းအားဖြင့်အပြစ်လွှတ်ရန်ကြိုးစားအားထုတ်သောသူများသည် သူတို့၏အပြစ်တစ်ချက်တစ်ပြားမျှဆေးကြောခြင်းမခံရကြောင်း နားလည် သဘောပေါက်သိကြပါလိမ့်မည်။ နေ့တိုင်းအပြစ်လွှတ်ခြင်းနှင့်စပ်ဆိုင် သောဆု‌တောင်းခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များဆေးကြောပေးနိုင်မည် လော။ ကျွန်ုပ်တို့သည် အပြစ်ဆေးကြောခြင်းခံရရန် နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းဖြင့် ဆုတောင်းဖြင့်အပြစ်ဆေးကြောခြင်းခံရသည်ဟု ယုံကြည်ကြသော်လည်းထိုအပြစ်များသည် အမှန်အကန်ထာဝရ ထင်းကျန် ရစ်နေသေးသည်။
 ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကိုယ် ခန္ဓာတစ်ခုလုံးဆေးကြောခြင်းခံရသောသူများသာလျှင် သူတို့အသက်တာ မှာ ခြေဆေးကြောခြင်းခံထိုက်သောသူများဖြစ်ကြသည်။ နေ့တိုင်းယုံကြည် ခြင်းအားဖြင့် မိမိအပြစ်များဆေးကြောခြင်းဖြစ်စေသောကျေးဇူးတော်ကို လွှမ်းခြုံသောသူများသာလျှင် ထာဝရစင်ကြယ်ခြင်းခံရသောသူများဖြစ်ကြ သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှု၏ဗတ္တိဇံခံယူ ခြင်းအားဖြင့် ကျွန်ုပ်တို့ဘဝတစ်သက်လုံးတွင်ကျူးလွန်မိသောအပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်ဒဏ် အားလုံးအတွက် တရားစီရင်ခြင်းခံခဲ့ပြီး ဖြစ်သည်။တစ်နည်းအားဖြင့်ဖော်ပြ ရလျှင် ကျွန်ုပ်တို့သည် မိမိအားနည်းချက်များတွင်းထဲသို့ ကျွံကျလျက် ခ လုတ်တိုက်လဲစရာ၊ သေစရာမလိုအပ်တော့ကြောင်း သခင်ယေရှုမိန့်တော် မူခဲ့သည်။ 
သခင်ယေရှုသည် တပည့်တော်များ၏ခြေဆေးကြောခဲ့ပြီးနောက်ယခု သူသည် ကားတိုင်ပေါ်တွင်အသေခံရန်၊ သေခြင်းမှရှင်ပြန်ထမြောက်ရန်နှင့် ကောင်းကင်ပေါ်သို့တက်ရောက်ရန် လိုအပ်သည်။ ယခုတွင် သခင်ယေရှု သည် တပည့်တော်များဘေးနားမှာ ကိုယ်ခန္ဓာဖြင့်ရှိတော်မမူပေ။ သို့သော် နှုတ်ကပတ်တော်ဖော်ပြသည့်အတိုင်း သခင်ယေရှုသည် ခမည်းတော်ဘု ရားသခင်၏ပလ္လင်တော်လက်ျာဘက်မှာ ထိုင်တော်မူသည်။
သို့သော် အကယ်၍သခင်ယေရှုသည် ဤအကြောင်းကို မိမိတပည့် တော်များထံမပြောဘဲ ကားတိုင်ပေါ်တွင်အသေခံတော်မူခဲ့လျှင် သူတို့သည် ဤလောကတွင် မည်သို့ကျန်ရစ်နိုင်ကြမည်နည်း။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကို မည်သို့နေရာအနှံ့ဟောပြောနိုင်မည်နည်း။ သခင်ယေရှု၏ တပည့်တော်များသည် အားနည်း၍မပြည့်စုံကြသောကြောင့် လောကမှာအ သက်ရှင်နေစဥ် အပြစ်ကျူးလွန်ကြလိမ့်မည်။ သူတို့သည် မနာလိုသဝန်တို ခြင်းအပြစ်၊ ‌‌ဒေါသ သို့မဟုတ်မုန်းတီးခြင်းအပြစ်များကျူးလွန်မိသောအခါ သူတို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နိုင်ကြမည်မဟုတ်ပေ။ သူတို့ သည်အခြားသူများထံသတင်းကောင်းကို မည်သို့ဟောပြောနိုင်ကြမည် နည်း။ သူတို့သည် ဤသို့လုပ်ဆောင်နိုင်ကြမည်မဟုတ်ပေ။ ထိုကြောင့် သခင်ယေရှုသည် မိမိတပည့်တော်များထံ ဤအပြစ်များအားလုံးကို ဆေး ကြောတော်မူခဲ့ကြောင်း၊ ကိုယ်တော်သည် သူတို့ခြေများကိုဆေးကြောပေး တော်မူခဲ့ခြင်းအကြောင်းများကို သွန်သင်တော်မူခြင်း ဖြစ်သည်။ 
 


တဲတော်၌ထင်ရှားသောအပြစ်ဖြေလွှတ်ခြင်းပမာ

 
ကျွန်ုပ်တို့သည် တဲတော်တံခါးကိုဖွင့်၍ဝင်ရောက်သောအခါ မီးရှို့ရာ ယဇ်ပလ္လင်နှင့်ကြေးဝါအင်တုံကိုရှေးဦးစွာတွေ့ရသည်။ တဲတော်အားဖြင့်ပ ထမသင်ယူရမည့်သင်ခန်းစာမှာ ဘုရားသခင်ရှေ့တော်မှာကျွန်ုပ်တို့အပြစ် ပြုမိလျှင် အပြစ်တရားစီရင်ခြင်း၊အပြစ်ဒဏ်က ကျွန်ုပ်တို့ကိုစောင့်နေခြင်း ဟူသောယုံကြည်ခြင်းကို ပြင်ဆင်ပေးနေသည်။ ယုံကြည်ခြင်းဘဝမှာ မီးရှို့ ရာယဇ်ပလ္လင်ကိုကြည့်လျှင် အပြစ်အတွက်တရားစီရင်ခြင်းနှင့်သေခြင်းတ ရားစီရင်ခြင်းဖြင့်စတင်နေသည်။ ကျွန်ုပ်တို့သည် မိမိအပြစ်များအတွက်ဘု ရားသခင်ရှေ့တော်၌ တရားစီရင်ခြင်းခံရမည့်သူများဖြစ်ကြသော်လည်း သ ခင်ယေရှုသည်ဤလောကသို့ကြွဆင်းတော်မူ၍ ကျွန်ုပ်တို့အပြစ်များအား လုံးကိုယူဆောင်သွားတော်မူခဲ့သည်။ 
ဓမ္မဟောင်းကျမ်းရှိယဇ်ပူဇော်ခြင်းတွင် လက်တင်ခြင်း၊ အသွေးသွန်း လောင်းခြင်းနှင့်အသေခံခြင်းနှင့်ယဇ်ကောင်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထားရှိ၍မီးရှို့ခြင်းအားဖြင့် အပြစ် သားများ၏အပြစ်ဒုစရိုက်များလွတ်ငြိမ်း ချမ်းသာခွင့်ရရှိသည်။ ထိုနည်းတူ၊ ထိုယဇ်ကောင်သည် မီးရှို့၍တရားစီရင် ခြင်းခံရပြီဖြစ်သောကြောင့် ယဇ်ပူဇော်သောသူသည် အပြစ်လွှတ်ခြင်းအ ခွင့်ရရှိသည်။ ထိုကဲ့သို့သခင်ယေရှုသည်လည်း ကျွန်ုပ်တို့အတွက် ဤသို့ အမှုပြုတော်မူခဲ့ပြီးဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စားအသေ ခံတော်မူ၍ ယောဟန်ထံမှလက်တင်ခြင်းခံတော်မူလျက် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းအသေခံတော်မူခဲ့သည်။ သူသည် အသေခံတော် မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ၏အခကိုပေးအပ်တော်မူပြီဖြစ်သည်။ 
ကျွန်ုပ်တို့သည်‌နေ့တိုင်းအပြစ်ပြုကြသည်။ သေသည့်ထိတိုင်အောင် အပြစ်ပြုဦးမည်ဖြစ်သည်။ သင်နှင့်ကျွန်တော်တို့သည် မိမိအပြစ်များအ တွက်အသေခံခြင်းကလွဲ၍အခြားမရှိတော့ပေ။ သို့သော် ကျွန်ုပ်တို့ကဲ့သို့ သောသူများကို အပြစ်တရားများနှင့်အပြစ်ဒဏ်မှကယ်တင်ရန်အတွက် သ ခင်ယေရှုသည် ကောင်းကင်ဘုန်းစည်းစိမ်းကိုစွန့်လွှတ်၍ဤလောကသို့ကြွ ဆင်းတော်မူခဲ့သည်။ ယောဟန်ထံမှဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကိုယူဆောင်သွားတော်မူခဲ့သည်။ ကားတိုင်ပေါ်တွင်မိမိအ သက်စတေး၍ အသေခံတော်မူလျက် အသွေးတော်သွန်းလောင်းကာ သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သခင်ယေရှုသည်ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်တော်မူသည်။ကျွန်ုပ်တို့သည်မိမိအပြစ်အတွက် တရားစီ ရင်ခြင်းနှင့်အသေခံရမည် ဖြစ်သည်။ သေခြင်းဆိုင်ရာပညတ်ကိုသိရှိနား လည်သ ဘောပေါက်ခြင်းသည် ယုံကြည်ခြင်းမူလအစဖြစ်လာသည်။ 
မိမိအပြစ်များအတွက် သေရမည်ဟု သိရှိယုံကြည်သောသူများသာ လျှင် အပြစ်ဆေးကြောခြင်းရေချိုးနိုင်သောသူများဖြစ်လာနိုင်၍ ယုံကြည် ခြင်းအားဖြင့် သူတို့အပြစ်များအားလုံးကိုလွှဲပြောင်း‌ပေးခြင်းအားဖြင့်အပြစ် လွှတ်ခြင်းရရှိနိုင်သည်။ စစ်မှန်သောယုံကြည်ခြင်းသည် ဤသို့သောယုံ ကြည်မှုမှစတင်လာသည်။ ဤယုံကြည်မှုမှအစပြုသောကျွန်ုပ်တို့အားလုံး တို့သည် နေ့စဥ်နှင့်အမျှကျူးလွန်မိသောအပြစ်များအားလုံးသော်လည်း ကောင်း၊နောင်အနာဂတ်မှာပြုမိသည့်အပြစ်များအားလုံးကို သော်လည်း ကောင်းသခင်ယေရှုခရစ်တော်က ဆေးကြောယူဆောင်သွားတော်မူခဲ့သည့် ယုံကြည်ခြင်းကိုအသိအမှတ်ပြုခြင်းအားဖြင့် ဆေးကြောခြင်းခံရသောစင် ကြယ်သူများဖြစ်ကြသည်။
တဲတော်၌ယဇ်ပရောဟိတ်ကြီးနှင့်၄င်း၏သားများသည်လည်းမနက် နှင့်ညတိုင်းတွင် မီးရှို့ရာယဇ်ပူဇော်ပေးခဲ့ကြသည်။ သူတို့သည် မီးရှို့ရာ ယဇ်ကောင်ကိုပုံမှန်ယူဆောင်ခဲ့ကြသည်။ ၄င်းယဇ်ကောင်ပေါ်တွင်မိမိ လက်များတင်ခဲ့ကြသည်။ ၄င်း၏အသွေးကိုယူခဲ့ပြီးနောက် ဘုရားသခင်ထံ ပူ‌ဇော်ခဲ့ကြသည်။ ထိုအကြောင်းကြောင့် တဲတော်၌ကုလားထိုင်မချထား ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူတို့သည် အချိန်တိုင်းအဆက်မပြတ် ယဇ်ပူဇော်ခြင်းဆက်တိုက်ပြုခဲ့ကြသည်။ သူတို့သည် ထိုင်၍အနားယူရမည့် အချိန်မရှိကြပေ။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် မရပ်မနားမပြစ်ပြုနေသူများ ဖြစ်ကြ၍ ထိုအပြစ်များအတွက် ဘုရားသခင်၏တရားစီရင်တော်မူခြင်းကို ခံရမည်ဖြစ်သည်။ သို့သော် သခင်ယေရှုခရစ်တော်သည် မိမိခံယူသောဗတ္တိ ဇံနှင့်အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးမှ အပြည့်အဝ၊ ခြွင်းချက်မရှိ ကယ်တင်တော်မူခဲ့သည်။
ကျွန်ုပ်တို့သည် မိမိအပြစ်များအတွက် အသေခံမည့်သူများဖြစ်ကြ သည်ဟုခံယူခြင်းအားဖြင့် ယုံကြည်ခြင်းစတင်ရမည်။ အပြစ်သားကျွန်ုပ်တို့ ကဲ့သို့သောသူများအတွက် သခင်ယေရှုသည် ဤလောကသို့ကြွလာတော်မူ ၍ဗတ္တိဇံခံယူလျက်ကျွန်ုပ်အပြစ်များအလုံးကို တစ်ကြိမ်တည်းယူဆောင် သွားတော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကိုယူဆောင်သွားတော်မူ၍ အပြစ်အားလုံးကိုကား တိုင်ပေါ်သို့သယ်ဆောင်‌တော်မူခဲ့သည်။ မိမိအသက်စတေးတော်မူခြင်း အားဖြင့် အသွေးတော်သွန်းလောင်းလျက်ဤအပြစ်များ၏အခများကို ပေး ဆပ်တော်မူခဲ့သည်။ ထိုနောက် သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူ၍ ကျွန်ုပ်တို့၏ထာဝရကယ်တင်ရှင်ဖြစ်လာတော်မူသည်။
ရောမ ၆း၂၃ တွင် “အပြစ်၏အခကား သေခြင်းပေတည်း။ ဘုရား သခင်ပေးတော်မူသောဆုကျေးဇူးတော်ကား၊ ငါတို့သည် သခင်ယေရှုခရစ် အားဖြင့် ထာ၀ရအသက်ပေတည်း” ဟုဖော်ပြထားသည်။ ကျွန်ုပ်တို့သည်  မိမိအပြစ်များအတွက်ကြောင့် အသေခံရမည့်သူများဖြစ်ကြသည်။ သို့သော် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြည့်အဝကယ်တင်တော်မူခဲ့ သည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ် တွင်အသေခံတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် အပြစ်လွှတ်ခြင်းအခွင့်နှင့်ထာဝရအသက်ပေးအပ်တော်မူခဲ့သည်။ ဤအ ကြောင်းကို သင်ယုံကြည်သလော။ ထိုအရာသည် ကျွန်ုပ်တို့အစပြုရမည့်ယုံ ကြည်ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ၊ “ငါသည် မပြည့်စုံသောကြောင့်သခင်ယေရှု နောက်တော်သို့မလိုက်နိုင်”ဟု သင်တွေးနေသလော။ သင်သည် အလွန် ဆိုး မိုက်၍ ကလေးဆန်လွန်းသောကြောင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်း ကိုယုံကြည်သော်လည်း ရှေ့သို့ခြေလှမ်းတိုးလှမ်းရန် အလွန်ခက်ခဲ့သည်ဟု သင်ထင်နေသလော။ ထိုသို့သောတွေးတောမှုကြောင့် သင်သည် သေခြင်း သို့ပြန်လည်လှည့်သွားစေသောယုံကြည်ခြင်းမျိုးဖြစ်သည်။ 
ယခု ဟေဗြဲ ၁၀း၃၆-၃၉ကို ပြန်ကြည့်ကြပါစို့။ “ဘုရားသခင်၏ အလိုတော်ကိုတောင်ပြီးမှ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။အဘယ်ကြောင့်နည်းဟူမူကားကြွလာလတံ့သော သူသည် မဆိုင်းမလင့်ဘဲ မကြာမမြင်မီရောက်တော်မူလိမ့်မည်။ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရလိမ့်မည်။ သို့သော်လည်း ရွေးလျားလျှင် ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက် ခြင်းမရှိဟုဘု ရားသခင်အမိန့်တော်ရှိ၏။ငါတို့မူကားပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့ လျားသောသူမဟုတ်။ စိတ်ဝိညာဉ်သည်ကယ်တင်ခြင်းသို့ ရောက်အံ့သောငါ ယုံကြည်သောသူဖြစ်ကြ၏။”  ကျွန်ုပ်တို့သည် သေခြင်းသို့ပြန်လည်ဆွဲခေါ် ခြင်းခံရသောသူများမဟုတ်ဟု ဤကျမ်းချက်များကဖော်ပြထားသည်။ ဤ သမ္မာတရားကို ယုံကြည်သောသူများသည် ပြင်းထန်စွာညှဥ်းပန်းနှိပ်စက် ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့်များစွာသောအခက်အခဲများနှင့်ရင်ဆိုင်ရခြင်း စ သည်တို့ကိုကြုံတွေ့ကြသည်။ သို့သော် ကောင်းကင်နိုင်ငံတော်အမွေခံရ ခြင်းက အရွေ့မလျော့ အမြဲတမ်းစောင့်ဆိုင်နေသည်။ ကောင်းကင်ဘုံတွင် ရှိသောအရားအားလုံးတို့သည် ကျွန်ုပ်တို့အား ပိုင်ရှင်အဖြစ်စောင့်ဆိုင်းနေ သည်။ 
ဟေဗြဲ ၁ဝး၃၄-၃၅တွင်“ထိုအခါ သင်တို့သည်အကျဉ်းခံရသော သူတို့အ တွက်ကြောင့် ကြင်နာသောစိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါး လုယူဖျက်ဆီးသော်လည်း ကိုယ်သုံးစရာအဖို့ ကောင်းကင်ဘုံ၌ သဲ၍မြက်သောအမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သော စိတ်နှင့်ဝန်ခံ၏။ ထို့ကြောင့် ကြီးစွာသောအကျိုးနှင့်ယှဉ် သောသင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်” ဟုဖော်ပြထားသည်။ မှန်ပါ သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်သော သင်နှင့်ကျွန်ုပ် တို့ကို ကောင်းကင်နိုင်ငံတော်ထာဝရအမွေခံရန် စောင့်ဆိုင်းလျက်ရှိသည်။ အပြစ်မှဖြေလွှတ်ခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ကောင်း ကင်နိုင်ငံတော်ကို အမွေတော်အဖြစ်ဆုကျေးဇူးပေးအပ်တော်မူခဲ့သည်။
ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိကတိတော်အပေါ် ခိုင် ခံမှု၊ ရောင့်ရဲမှုအမြဲတမ်းရှိရန် မိန့်တော်မူခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအတွက် ကြီးမားသောဆုကျေးဇူးရရှိသောသူများဖြစ်ကြသည်ကို သိရှိလျက် သေခြင်းသို့ပြန်မလှည့်သင့်ပေ။ သို့သော် ကျွန်ုပ်တို့သည်ပို၍ခိုင် ခံ့သောယုံကြည်ခြင်းရှိရမည်။ မိမိယုံကြည်မှုကို မစွန့်လွှတ်သင့်ပေ။ ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုခံယူသောယုံကြည်ခြင်း၊ စစ် မှန်သောသမ္မာတရားကို ယုံကြည်ရမည်။ အဆုံးထိတိုင်အောင် ဝိညာဥ်တိုက် ပွဲတိုက်ခိုက်ရမည်။ ဝိညာဥ်များကိုကယ်တင်၍အောင်မြင်ခြင်းပိုင်ရမည်။  
ကျွန်ုပ်တို့သန့်ရှင်းသူများသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုခံယူ သောဤယုံကြည်ခြင်းမျိုးကို အမှန်အကန်ပိုင်ဆိုင်ရမည်။ ကျွန်ုပ်တို့သည်လောက မှာအသက်ရှင်နေစဥ် မပြည့်စုံကြသောကြောင့် နေ့တိုင်းအပြစ်ပြုနိုင်သော်လည်း ဤယုံကြည်မှုကို ကျွန်ုပ်တို့ပိုင်ဆိုင်ရမည် ဖြစ်သည်။ အကြောင်းမှာ သခင်ယေရှု သည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူ၍ကားတိုင်ပေါ်တွင်အသွေးတော်သွန်း‌လောင်း တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ကမ္ဘာကုန်ဆုံးသည့်အချိန်ထိတိုင်အောင် ရောင့်ရဲတင်း  တိမ်မှုရှိကာ ဖြောင့်မတ်စွာအသက်ရှင်နိုင်သောယုံကြည်မှုဖြစ်သည်။ ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌လာရမည်။ ဤစစ်မှန် သောသတင်းကောင်းနှင့်အတူယုံကြည်ခြင်းဖြင့်ပြေးရမည်။သတင်းကောင်း‌ ဟောပြောရမည်။ သတင်းကောင်းအတွက်စေခံလျက်အသက်ရှင်ရမည်။ သမ္မာကျမ်းစာက“ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။သို့သော်လည်းရွေ့လျော့လျှင်ငါစိတ်ဝိညာဉ်သည် ထိုသူကိုအား ရနှစ်သက်ခြင်းမရှိဟု ဘုရားသခင်မိန့်တော်မူ၏။ ငါတို့မူကား ပျက်စီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျားသောသူမဟုတ်။စိတ်ဝိညာဉ်သည် ကယ်တင် ခြင်း သိုရောက်အံ့သော ငှါ ယုံကြည်သော သူဖြစ်ကြ၏”(ဟေဗြဲ ၁၀း၃၆) ဟု မိန့်တော်မူသည်။ 
“ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့် မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရ နှစ်သက်ခြင်းမရှိဟုဘုရားသခင်အမိန့်တော်ရှိ၏။ငါတို့မူကား၊ပျက်စီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ၏”(ဟေဗြဲ ၁၀း၃၈-၃၉)။ ရေနှင့်ဝိညာဥ်တော်သသင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်အသက် ရှင်သောသူများသည် အခြားသူများအား အပြစ်များအားလုံးမှကယ်တင်နိုင် သောသူများဖြစ်ကြသည်။ ဤသို့ဖြစ်လျှင် သူတစ်ပါးကို အပြစ်များအားလုံး မှကယ်တင်နိုင်သောယုံကြည်ခြင်းရှိလျက်ဖြင့် သေခြင်းသို့ မည်သို့ပြန်လှည့် သွားနိုင်မည်နည်း။ အကယ်၍ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုစေ့စေ့ကြည့်ရှုခြင်းမပြုလျှင် ကျွန်ုပ်တို့ယုံကြည်မှုသည်ရွေ့လျော့ ပြီး နောက်ဆုံးတွင် သေခြင်းတွင်းထဲသို့ ‌ခွေးကျဝက်ကျကျဆုံးသွားမည်ဖြစ် သည်။ အပြစ်လွှတ်ခြင်းခံစားရပြီးနောက် ကျွန်ုပ်တို့၏လုပ်ငန်းတာဝန်မှာ ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်သောယုံကြည်ခြင်းဖြင့် ဆက် လက်ရှေ့သို့ပြေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားနည်းချက်ထဲမကျသင့်ပေ။ ရှေ့သို့မတိုးဘဲ အိုင်နေလျှင် နောက်ဆုံး၌ သေဆုံးကြလိမ့်မည်။
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်သောကျွန်ုပ်တို့သည် ရွေ့လျော့ဖောက်ပြန်သောသူများမဟုတ်တော့ပေ။ ကျွန်ုပ်တို့သည် အခြား သူများ၏ဝိညာဥ်များကိုကယ်တင်နိုင်သောယုံကြည်ခြင်းကိုအမျိုးအစားပိုင် ဆိုင်သောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည်ထိုသို့သောသူများဖြစ်ကြ လျှင် မိမိအားနည်းချက်များကြောင့် ရွေ့လျော့၍သေဆုံးရကြမည်နည်း။ ကျွန်ုပ်တို့မကျဆင်းနိုင်ကြပေ။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံ ကြည်သူများသည် နောက်သို့ပြန်ရွေ့လျော့၍ သေသောသူများမဟုတ်ကြ ပေ။ သင်နှင့်ကျွန်ုပ်တို့သည် မည်သို့ပင်အားနည်းနေပါစေ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို နားလည်ခြင်းအားဖြင့် ယုံကြည်သောဘဝဖြင့်အ သက်ရှင်သော ဖြောင့်မတ်သူများဖြစ်ကြသည်။
သင်နှင့်ကျွန်တော်တို့သည် မိမိယုံကြည်မှုကိုမည်သည့်နေရာမှစတင် ရမည်ကိုစဥ်းစားရမည်။ ပျက်စီးခြင်းမှရုန်းထွက်၍ယုံကြည်ခြင်းအားဖြင့်အ သက်ရှင်ရမည်။ အခြေခံအားဖြင့်၊ ကျွန်ုပ်တို့သည် မိမိအပြစ်များကြောင်း သေရမည့်သူများ ဖြစ်ကြသည်။ သို့သော် ရေနှင့်ဝိညာဥ်‌တော်သတင်း ကောင်း၊ သခင်ယေရှုသည် သင်နှင့်ကျွန်တော်တို့ အားလုံးကိုအပြစ်များ အားလုံးမှကယ်တင်သောသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်  ထာဝရ အသက်ရရှိခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့သည် အားနည်းချက်များ၊ မပြည့်စုံခြင်း များ၊ မစွမ်းဆောင်နိုင်ခြင်းများနှင့်ဆိုးသွမ်းမှုများ တစ်ရာရာခိုင်နှုန်းအသိအ မှတ်ပြုခြင်းအားဖြင့် ယုံကြည်ခြင်းအစပြုကြသည်။ လောကမှာအသက်ရှင် နေစ၍် အပြစ်ပြုသော်လည်း အပြစ်ဖြေလွှတ်ခြင်းရရှိသောသူများဖြစ်ကြ သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သခင် ယေရှုခရစ်တော်အပေါ်မှာမိမိအပြစ်များအားလုံးကိုလွှဲပြောင်းသွား၍ကိုယ် တော်၏ဗတ္တိဇံခံတော်မူခြင်းအားဖြင့်အပြစ်များအားလုံးဆေးကြောသည်ဟု ယုံကြည်ခြင်းမရှိလျှင်‌ အပြစ်ပေါ်အောင်မြင်ခြင်းမရနိုင်ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ယိမ်းယိုင်ရွေ့လျော့၍သေသောသူများမဟုတ်ဘဲ ယုံကြည် ခြင်းအားဖြင့် အတပ်အမှန်အသက်ရှင်သောသူများဖြစ်ကြသည်ဟု သေချာ စွာသိရှိနားလည်သဘောပေါက်နေကြခြင်း ဖြစ်သည်။ 
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့်အခက်အခဲအ မျိုးမျိုးရင်ဆိုင်ခြင်း၊ ခွန်အားချည့်နည်းခြင်း၊ ယုံကြည်ခြင်းသင်္ဘောပျက်ကျ ခြင်း၊ ရှေ့သို့ဆက်မတိုးနိုင်ခြင်းတို့တွင်းထဲသို့ကျဆင်း၍ ပတ်ဝန်းကျင်အ ခြေအနေများ၏ချည်နှောင်ပိတ်ပင်မှုကိုခံရနိုင်သည်။ သို့သော်ကျွန်ုပ်တို့ သည် သေရမည့်သူများမဟုတ်ကြပေ။ ထိုအကြောင်းကို သခင်ယေရှုက ပေတရုထံမိန့်တော်မူခဲ့သည်။ “ငါသည် သင့်ကိုမဆေးကြောလျှင်သင်သည် ငါနှင့်မဆက်ဆံပေ။” သခင်ယေရှုသည် ပေတရု၏အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ‌တော်မူလျက် ပေတရုတစ်သက်လုံးကျူးလွန်ခဲ့သော အပြစ်များအားလုံးကိုယူဆောင်သွား ၍ကားတိုင်ပေါ်တွင်အသေခံတော်မူခြင်း၊သေခြင်းမှရှင်ပြန်ထမြောက်တော် မူခြင်းအားဖြင့် သူ့ကိုကယ်တင်တော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်သည် လည်းသင့်ကို ကယ်တင်တော်မူ၍ အပြစ်တရားများအားလုံးနှင့်တရားစီရင် ခြင်းမှလည်းသင်နှင့်ကျွန်တော်တို့ကို ကယ်တင်တော်မူခဲ့သည်။ 
ထိုသို့ကယ်တင်တော်မမူလျှင် သင်နှင့်ကျွန်တော်တို့သည် သခင်ယေ ရှုနှင့်မည်သို့ဆက်ဆံနိုင်ကြမည်နည်း။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်း မရှိခဲ့လျှင် ကျွန်ုပ်တို့သည် မိမိအပြစ်များအားလုံးမှမည်သို့ကယ်တင်ခြင်းခံရ ၍ အခြားသူများကိုလည်းမည်သို့ကယ်တင်နိုင်ကြမည်နည်း။ ရေနှင့်ဝိညာဥ် ‌တော်သတင်းကောင်းမရှိခဲ့လျှင် ကျွန်ုပ်တို့သည် ဤအကြောင်းကိုလုပ် ဆောင် နိုင်ကြမည်မဟုတ်ပေ။ ဤသမ္မာတရားသည် ပေတရုအားသခင် ယေရှုသွန်သင်လိုသောအရာ ဖြစ်သည်။
သင်နှင့်ကျွန်တော်တို့သည် ဤအကြောင်းကိုကြားသိနားလည်သ ဘောပေါက်ခဲ့ကြသော်လည်း အမှန်အကန်မည်သို့သိနိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏မပြည့်စုံမှုကြောင့် စိတ်ပျက်မှုကို ရံဖန်ရံခါ ခံစားရပါသလော။ ကျွန်ုပ်တို့သည် မိမိအားနည်းချက်တွင်းသို့ ကျဆင်းနေသလော။ လွတ် မြောက်သလော။ 
ကျွန်ုပ်တို့သည် မပြည့်စုံခြင်းနှင့်အားနည်းချက်များကို အလွန်အမင်း မြင်တွေ့ကြသောကြောင့် မိမိကိုယ်ကို တန်ဖိုးမထား၊ မထီမဲ့မြင်ပြုတတ်ကြ သည်။ သင်သည် မိမိကိုယ်ကိုစဥ်းစား၍ “သခင်ယေရှုနောက်တော်သို့အဆုံး ထိတိုင်အောင်မည်သို့ကျွန်ုပ်လိုက်လျှောက်နိုင်မှာလဲ။ဤနေရာမှာရပ်လိုက် ရင်ကောင်းမည်ထင်တယ်။ အသင်းတော်မှထွက်သွားရင် ပိုကောင်းမည်ဟု ဘုရားအလိုတော်ရှိတယ်ဆိုတာကျွန်တော်သေချာသိတယ်”ဟု ပြောနိုင် သည်။ သခင်ယေရှုခံယူသောဗတ္တိဇံမရှိလျှင် ကျွန်ုပ်တို့အားလုံးသည် ထာဝ ရသေခြင်းတွင်းနက်ကြီးထဲသို့ကျဆင်းလျက်အဆုံးသတ်ကြလိမ့်မည်။
ကျွန်ုပ်တို့သည် မိမိအပြစ်များအတွက်ရွေးချယ်စရာမရှိအမှန်အကန် သေရမည့်သူများဖြစ်ကြသော်လည်း သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ နှင့်တရားစီရင်ခြင်းမှကယ်တင်တော်မူခဲ့သည်ဟူသောသမ္မာတရားကိုယုံ ကြည်ရမည်ဖြစ်သည်။
ကျွန်ုပ်အသွေးအသားသည် အလွန်အားနည်း၍ အပြစ်လွှတ်ခြင်းအ ခွင့်ရရှိပြီးသည့်အချိန်၌ပင်လျှင်အပြစ်တဖန်ပြုတတ်ကြသည်။ ထိုအချိန်မှာ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်သွန်းလောင်းတော်မူခြင်း အားဖြင့် ပြီးပြည့်စုံသော ထာဝရကယ်တင်ခြင်းပေးတော်မူခဲ့ကြောင်းအသိ အမှတ်ပြုရမည်။
သင်နှင့်ကျွန်တော်တို့သည် မိမိယုံကြည်မှုကိုဝန်ခံရမည်။ “အခြေခံ အားဖြင့်ဖော်ပြလျှင်ကျွန်ုပ်သည်အပြစ်များအတွက် ကျွန်တော်အသေခံရ မည်ဖြစ်သည်။ ထိုသို့အသေခံခြင်းသည်မှန်ကန်သည်။ သို့သော် သခင်ယေ ရှုသည် ဤလောကသို့ကြွလာတော်မူ၍ နှစ်ခြင်းခံယူ‌တော်မူခြင်းအားဖြင့် အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်မဟုတ်လော။သခင် ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့်ကျွန်ုပ်အပြစ်များအားလုံးလက် ခံတော်မူခဲ့သည်မဟုတ်လော။ ကားတိုင်ပေါ်တွင်အသေခံတောမူခဲ့သည်မ ဟုတ်လော။ သေခြင်းမှထမြောက်တော်မူခဲ့သည်မဟုတ်လော။ ယခုအ သက်ရှင်နေသည်မဟုတ်လော။ကျွန်ုပ်အပြစ်များကို သခင်ယေရှုခရစ်တော် ပေါ်သို့လွှဲပြောင်းခဲ့ပြီဖြစ်သောကြောင့် ကျွန်တော်သည် မည်သို့မပြည့်စုံဘဲ နေပါစေ၊ ကျွန်ုပ်မပြည့်စုံမှုများမည်သို့ပင်ထင်ရှားနေပါစေ ကျွန်ုပ်သည်အ ပြစ်တရားနှင့်ကင်းစင်သည်။ ထိုကြောင့် ကျွန်တော်သည် သေခြင်းသို့ပြန် လှည့်၍သေစရာအကြောင်းမရှိတော့ပေ။” ဤသို့ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်  မိမိအားနည်းချက်၊ မပြည့်စုံမှုများကို ဘေးချိတ်ပထုတ်ရ မည်ဖြစ်သည်။
ကျွန်ုပ်တို့သည် မနက်ဖြန်တွင် တဖန်အပြစ်ပြုမိခဲ့လျှင်တောင်မှ ရေ နှင့်ဝိညာဥ်တော်သတင်းကောင်း၌ သခင်ယေရှုခံယူခဲ့သောဗတ္တိဇံကိုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားနည်းချက်များကို အမြဲဘေးချိတ်ပထုတ် နိုင်ကြသည်။  ကျွန်ုပ်တို့ယုံကြည်ခြင်းအားဖြင့် ဝိညာဥ်ရေးရာသေခြင်းနှင့် ကင်းလွှတ်၍ ကျွန်ုပ်အားနည်းချက်များမှရောက်ရှိလာသောကျိန်ခြင်းအမင်္ဂ လာများနှင့်လည်းကင်းလွှတ်နိုင်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် “သခင်ယေရှုက ကျွန်ုပ်ကိုကယ်တင်တော်မူခဲ့တယ်။ ကွန်ုပ်အပြစ်များအားလုံးကိုကိုယ်တော်ပေါ်တင်ခဲ့ပြီဖြစ်သဖြင့် ကျွန်ုပ်မှာ မပြစ်ရှိသေးသလား။ မရှိတော့ပါ”ဟု ဝန်ခံခြင်းအားဖြင့် ဤသမ္မာတရားကို ယုံကြည်လျက် တည်ဆောက်ရမည်။ထိုကြောင့် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်မိမိအားနည်းချက်များကို ဘေးချိတ်နိုင်သည်။ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို တစ်ဖန်အတည်ပြုနိုင်သည်။ ယုံကြည်ခြင်းအား ဖြင့်ကယ်တင်ခြင်းအပြည့်အဝရရှိကြောင်း အတည်ပြုနိုင်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံနေ့တိုင်းချဥ်းကပ်နိုင်ခြင်း ဖြစ်သည်။
 


သခင်ယေရှုဗတ္တိဇံခံယူတော်မူစဥ်အပြစ်အားလုံးပျောက်သွားသည်

 
ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျား၊ ပေတရုနှင့်တပည့်တော်များ ထံသခင်ယေရှုမိန့်တော်မူသောဤစကားများသည် မည်မျှအရေးကြီးသ နည်း။ သူတို့သည် သခင်ယေရှုအသေခံတော်မူပြီးနောက်၊ အထူးသဖြင့် သူ တို့သည်အားနည်းချက်များ၌ကျွံကျနေသည့်အချိန်တွင် ရေနှင့်ဝိညာဥ်တော် သတင်းကောင်းအပေါ် မားမားမတ်မတ်ရပ်တည်နိုင်ရန်အတွက် သခင်ယေ ရှုသည် သူတို့၏ခြေများဆေးကြောပေးခြင်းဖြစ်သည်။ အကယ်၍ သခင် ယေရှုသည် ပေတရုနှင့်အခြားတပည့်တော်များ၏ခြေများကိုဆေးကြော တော်မမူခဲ့လျှင် ကိုယ်တော်သည် ကားတိုင်ပေါ်တွင်အသေခံ၍ သုံးရက် မြောက်သောနေ့၌သေခြင်းမှ ရှင်ပြန်ထမြောက်သောကာ ဘုရားသခင်၏ နိုင်ငံတော်သို့တက်ကြွသောအချိန်တွင်တပည့်တော်များထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ တပည့်တော်များသည် အားနည်း၍အပြစ်ပြုသည့် အချိန်များတွင် သူတို့သည် မည်သို့ဖြေရှင်းလိမ့်မည်နည်း။ သူတို့သည် သ ခင်ယေရှုခံယူသောဗတ္တိဇံကိုလက်ခံသောယုံကြည်ခြင်းအားဖြင့် သူတို့၏အ ပြစ်ပြဿနာများကိုဖြေရှင်းနိုင်ကြသည်။ အကယ်၍သူတို့သည် ယုံကြည် ခြင်းမရှိခဲ့လျှင် သူတို့သည် အားနည်းချက်များရှိသောအခါ ဖြေရှင်းရန်အ လွန်ခက်ခဲနိုင်လိမ့်မည်။
ကျွန်ုပ်တို့သည် အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင် ချည်ထည်၌ထင်ရှားသောသမ္မာတရား၊ သခင်ယေရှု၏အမှုတော်မြတ်ကို သိ ရှိခံယူသောယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားနည်းချက်များနှင့်နေ့စဥ်အ ပြစ်များကို ဖြေရှင်းရမည် ဖြစ်သည်။ သခင်ယေရှုသည် မိမိတပည့်တော် များအား သူခံယူခဲ့သောဗတ္တိဇံခံယူခြင်းတရားကိုသွန်သင်တော်မမူခဲ့လျှင် သူတို့သည် ဝိညာဥ်ရေးရာ၌ စိတ်ပျက်လျက်သေကြမည်ဖြစ်သည်။ ထိုသို့ ဆိုသော် သူတို့သည် တစ်သက်လုံး သတင်းကောင်းအတွက်ဆက်ကပ် သောယုံကြည်ခြင်းပိုင်ဆိုင်ရန် ခွန်အားရှိကြမည်ဟုတ်ပေ။ သူတစ်ပါး၏ဝိ ညာဥ်ကိုကယ်ဆယ်ရန်အတွက်လည်းဆက်ကပ်ကြမည်မဟုတ်ပေ။နောက် ဆုံးတွင် သူတို့သည် မာတုရအသေခံရကြသော်လည်း မိမိယုံကြည်မှုကို မ ကာကွယ်နိုင်ဘဲ စိတ်ပျက်လက်ပျက်သေဆုံးကြမည် ဖြစ်သည်။
သို့သော်နှုတ်တိုက်သမိုင်းသွန်သင်ချက်အရ သခင်ယေရှု၏တပည့် တော်နှစ်ပါးအားလုံးတို့သည် သတင်းကောင်းဟောပြော၍ မာတုရအသေခံ ခဲ့ကြသည်ကိုတွေ့ရသည်။ သခင်ယေရှု၏တပည့်တော်ထဲက သံသယအဝင် ဆုံးသောတပည့်တော်မှာ သောမတစ်ဦးဖြစ်သည်။ သို့သော် သောမသည် လည်း အိန္ဒိယနိုင်ငံသို့သွားရောက်၍ မာတုရအသေခံခဲ့သည်။
ထိုနောက် သခင်ယေရှု၏တပည့်တော်များသည် မာတုရအသေခံနိုင် ရန်ဤယုံကြည်မှုကို မည်သည့်နေရာမှ ရရှိခဲ့ကြသနည်း။ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် သူတို့၏ဘဝတစ်လျှောက်လုံးအပြစ်များအားလုံး ကိုယူဆောင်သွားခြင်း၊ သူတို့၏အပြစ်များအားလုံးကိုသခင်ယေရှုထံသို့လွှဲ ပြောင်းပေးခြင်းအားဖြင့် သူတို့သည် လုံးဝစင်ကြယ်နေကြခြင်း၊ သူတို့သည် ဘုရားသခင်၏သားအရင်းဖြစ်၍ကောင်းကင်နိုင်ငံ‌တော်အမွေခံသောသူ များဖြစ်ခြင်း စသောယုံကြည်မှုများကြောင့် ရောင့်ရဲမှုရရှိခဲ့ကြခြင်းဖြစ် သည်။ သူတို့သည် ထိုသို့သောယုံကြည်မှုပိုင်ဆိုင်ခဲ့ကြသောကြောင့် ဤ ကမ္ဘာပေါ်တွင် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဟောပြောနိုင်ကြ ခြင်းဖြစ်သည်။ ဘုရားသခင်သည် သူတို့ကိုခေါ်ဖိတ်တော်မူသောအခါ သူတို့ သည်နာခံ၍သွားခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့အားလုံးသည် လည်း ဘုရားသခင်အလိုတော်ရှိလျှင် ဤယုံကြည်ခြင်းအားဖြင့် မာတုရအ သေခံနိုင်ကြမည် ဖြစ်သည်။ 
ပေတရုသည် သခင်ယေရှုအား ယဇ်ပရောဟိတ် အိမ်ဝင်းအတွင်းတွင် သုံးကြိမ်တိုင်တိုင်ငြင်းဆိုသောအခါ သူသည် သခင်ယေရှုမိန့်တော်မူခဲ့သော “ငါ မင်းကိုမဆေးကြောရင် သင်နှင့်ငါနှင့်မဆက်ဆံ”အကြောင်းကို သတိရ ခဲ့သည်။ သခင်ယေရှုသည် ကောင်းကင်ပေါ်သို့တက်ကြွတော်မူပြီးနောက် ပေတရုနှင့်အခြားသောတပည့်တော်များသည် သခင်ယေရှု၏ခြေဆေး ကြောခြင်းအကြောင်းကိုနားလည်သဘောပေါက်လာခဲ့ကြသည်။ထိုကြောင့် သူတို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ပြောင်ပြောင်မြောက် မြောက်နားလည်သဘောပေါက်လျက်ယုံကြည်ကာဟောပြောခဲ့ကြသည်။
ယနေ့ခရစ်ယာန်များသည် သခင်ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်း၌ရှိ သောဤသမ္မာတရားကိုမသိကြလျှင် သူတို့သည် ယုံကြည်ခြင်းအားဖြင့်ရှင် သန်သောဘဝဖြင့်အသက်ရှင်ရန်ခက်ခဲပြီး သခင်ယေရှုကိုယုံကြည်မဟုတ် တော့ပေ။ အကယ်၍ကျွန်ုပ်တို့သည် မိမိအားနည်းချက်များချည်နှောင်မှုကို ခံရလျှင် ကျွန်ုပ်တို့သည် ဤပြဿနာကိုဖြေရှင်းရန်မစွမ်းဆောင်နိုင်ကြသ ဖြင့် စိတ်ပျက်ရကြမည်ဖြစ်သည်။ ထိုသို့စိတ်ပျက်မှုကြောင့် ကျွန်ုပ်တို့သည် ဘုရားကျောင်းသို့တက်ရောက်တော့မည်မဟုတ်တော့ပေ။ ဤအကြောင်း သည် ဘုရားသခင်၏အသင်းတော်တွင်ရှိသောသင်းသူ/သားအားလုံးအ တွက်၊ ကျွန်ုပ်တို့၏သားသမီးများအတွက် ဖြစ်သည်။
ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျား၊ သင်သည် အပြစ်တရား၏ ချည်နှောင်မှုကိုခံရလျှင် ဘုရားသခင်ကိုကိုးကွယ်နိုင်မည်လား။ ယနေ့ကယ် တင်ခြင်းစိတ်ချမှုမရသေးသောသူများပင် ဘုရားကျောင်းသို့တက်ရောက်ခဲ့ ကြသည်။ မိမိအပြစ်များအတွက် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်း များပြုကြသည်။ ဘုရားသခင်ကိုကိုးကွယ်ကြသည်။ ထိုသို့ပြလုပ်ရခြင်းအ ကြောင်းမှာ သူတို့သည် ဘာသာတရားလုပ်ဆောင်အားဖြင့်သာလျှင် သခင် ယေရှုကိုယုံကြည်သောကြောင့် ဖြစ်သည်။
သို့သော် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်သောသူများ သည် မိမိအားနည်းချက်ကြောင့် မိမိစိတ်များတွင် အပြစ်ရှိသည်ဟုခံစား၍ အပြစ်၏ချည်နှောင်မှုခံရသည်ဟု ခံစားလျှင် သူတို့သ်ည ဘုရားသခင်ရှေ့ သို့သွား၍မကိုးကွယ်တော့ပေ။ ထိုသို့သောအချိန်များတွင် ကျွန်ုပ်တို့သည် သခင်ယေရှုခံယူခဲ့သောဗတ္တိဇံကိုယုံကြည်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့်အပြစ်များအားလုံးသခင်ယေ ရှုဆောင်ယူသွားတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့်လည်းကောင်း၊ မိမိစိတ်ကို သန့်စင်အောင်ဆေးကြောရမည် ဖြစ်သည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားကိုလျစ်လျူရှုသော သာမန်ခရစ်ယာန်များသည် ယုံကြည်ခြင်းလမ်းကိုမသိကြပေ။ ထိုကြောင့် သူတို့သည် နောင်တရခြင်းနှင့်စပ်ဆိုင်သောဆုတောင်းခြင်းအားဖြင့် အပြစ် ဖြေလွှတ်ခြင်းရရှိရန် မျက်ကန်းပမာကြိုးစားတတ်ကြသည်။ လောက၏ ဘာသာတရားကိုလိုက်လျှောက်သောသူများသည် မိမိဘုရားငယ်များထံ ဤသို့ဆုတောင်းတတ်ကြသည်။ “ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်ုပ်အ ပြစ်များကိုခွင့်လွှတ်တော်မူပါ။ ကျွန်တော်နှင့်ကျွန်တော့်မိသားစုကို ကောင်း ကြီးချပေးတော်မူပါ။ ဘယ်အရာမဆိုကျွန်တော်လုပ်ဆောင်ပါ့မယ်။ ကျွန် တော်ပိုများသောအလှူငွေများပေးပါ့မယ်။ ကောင်းမှုကုသိုလ်ပြုပါမယ်။ ကျွန်တော့်အပြစ်များကိုခွင့်လွှတ်တော်မူပါ။” ထိုသို့သောသာမန်ခရစ်ယာန် များသည် သူတို့ကိုယ်ပိုင်ဖန်တီးသောဘာသာတရားနောက်သို့သာ လိုက် လျှောက်ကြသည်။ 
သခင်ယေရှုက ပေတရုထံ “သင်ယခုငါလုပ်သောအမှုအရာကို နားမ လည်သော်လည်း နောက်နောင်တွင် နားလည်ပါလိမ့်မည်။ ငါသင့်ကိုမဆေး ကြောလျှင် သင်သည် ငါနှင့်မဆက်ဆံ/မသက်ဆိုင်ပါ”ဟုပြောခဲ့သည်။ သ ခင်ယေရှုသည် တပည့်တော်များခြေဆေးကြောပြီးသည့်နောက် ဤစကား တွင်ဖုံးကွယ်ထားသောသမ္မာတရားကို သူတို့နားမလည်ကြသေးပေ။သူတို့ သည်နားမလည်ခဲ့လျှင် သခင်ယေရှုပေးအပ်တော်မူသော ရေနှင့်ဝိညာဥ် တော် အားဖြင့်ဒုတိယမွေးဖွားခြင်းခံရကြမည်မဟုတ်ပေ။ ထိုပြင်သူတစ်ပါး အားအပြစ်မှလွှတ်မြောက်စေသောလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင် ကြမည်မဟုတ်ပေ။ သခင်ယေရှုသည် ပေတရု၏ခြေကိုဆေးကြောသည့် အချိန်တွင် သူခံယူခဲ့သောဗတ္တိဇံ၏တန်ခိုးအားဖြင့် ပြည့်စုံသောကယ်တင် ခြင်းနားလည် သဘောပေါက်ခြင်းကိုသူ့အထဲမှာ မစိုက်ပျိုးသေးပါ။ ပေတရု သည် အသေခံရန် အစွမ်းဆောင်နိုင်သေးပေ။ ဘုရားသခင်၏အသင်းတော် ကို ခေါင်း ဆောင်တစ်ဦးအဖြစ် မိမိအခန်းကဏ္ဌကိုမပြည့်စုံစေသေးပါ။
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားမရှိလျှင် ကျွန်ုပ်တို့ သည်ဘုရားသခင်၏ရှေ့မှောက်တော်သို့မချဥ်းကပ်နိုင်ကြပေ။ အပြစ်တရား ကြောင့် ယုံကြည်မှုပါသောကိုးကွယ်ခြင်းကိုလည်း ပေးနိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့ဆက်တိုက်ပြုသောအပြစ်များကြောင့် ဘုရားကိုကိုးကွယ်နိုင်မည် မဟုတ်ကြပေ။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအား ဖြင့် မိမိအပြစ်များစင်ကြယ်စွာဖြေလွှတ်ခြင်းခံရသောသူများသည် ဘုရား သခင်၏အသင်းတော်သို့ တက်ရောက်နိုင်ကြသည်။ သူတို့သည် ရှိသည့်နေ ရာတွင် ယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များဆေးကြောခြင်းနိုင်ကြသည်။ ကိုယ်ခန္ဓာဆေးကြောခြင်းခံရသောသူများသည် ခြေထောက်များကိုဆေး ကြောခြင်းလိုအပ်သည်ဟု သခင်ယေရှုမိန့်တော်မူသည်အတိုင်း ကျွန်ုပ်တို့် သည် မိမိအားနည်းချက်များကြောင့် အပြစ်ပြုမိသည့်အချိန်တိုင်းတွင် သ ခင်ယေရှုဗတ္တိဇံခံယူတော်မူသောအခါ ကျွန်ုပ်တို့အပြစ်များကို ကိုယ်တော့် အပေါ်သို့လွှဲပြောင်းလိုက်ပြီဟု သိရှိလျက်ယုံကြည်ရမည်။
သခင်ယေရှုဗတ္တိဇံခံယူသည့်အချိန်တွင် ကျွန်ုပ်တို့အပြစ်များကို ကိုယ် တော့်အပေါ်သို့ လွှဲပြောင်းခဲ့သည်(မဿဲ၃း၁၅)။ ကျွန်ုပ်တို့နှလုံးသားထဲတွင် ရှိသောအပြစ်များကို သခင်ယေရှုပေါ်သို့လွှဲပြောင်းခဲ့လျှင် ကျွန်ုပ်တို့မှာအ ပြစ်ရှိသေးသလော။ ကျွန်ုပ်တို့မှာအပြစ်မရှိတော့ပေ။ အကြောင်းမှာ သခင် ယေရှုဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ် တည်း ကိုယ်တော့်ပေါ်လွှဲပြောင်းလိုက်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံ ကြည်ြခင်းအားဖြင့် အပြစ်များမှလွှတ်မြောက်၍ စင်ကြယ်သောသူများဖြစ် လာကြသည်။ကျွန်ုပ်တို့သည် စင်ကြယ်သူများဖြစ်ကြသောကြောင့် မည်သို့ မပြည့်စုံသောသူများဖြစ်ကြပါစေ ဘုရားသခင်ရှေ့တော်မှောက်တွင် ယဇ်ပ ရောဟိတ်များဖြစ်ကြသည်။ထိုကြောင့်ရေနှင့်ဝိညာဥ်တော်သတင်း ကောင်း ကိုယုံကြည်သောသူများသည် မိမိအားနည်းချက်မှ လွတ်မြောက်ကြသည်။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံချဥ်းကပ်နိုင်ကြသည်။ ယုံကြည်ခြင်း အားဖြင့် ကိုယ်တော့်အမှုတော်ကိုထမ်းဆောင်နိုင်ကြသည်။ သူတို့အပေါ် ဘုရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်းအတွက် ကျေးဇူးတော်ချီး မွမ်းနိုင်သည်။ ကိုယ်တော့်ဘုန်းတော်ကိုထင်ရှားစေသောချီးမွမ်းခြင်းများပြု နိုင်သည်။ အခြားသများထံ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဝေငှ ဟောပြောနိုင်သည်။ 
“ငါပြုသောအမှုကိုသင်သည် ယခုနားမလည်နိုင်သေး၊ နောက်မှသင် သည် နားလည်လာလိမ့်မည်။”  သင်အပြစ်လွှတ်ခြင်းပထမခံရသည့်အချိန် တွင် ဤသမ္မာတရားကို သိရှိခဲ့သလော။ သိလိမ့်မည့်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့အားလုံးသည် ဤတရားကိုကြား၍ သိရှိခွင့်ရရှိခဲ့ကြည်သည်။ သင် နှင့်ကျွန်တော်တို့သည် နေ့တိုင်းအပြစ်ပြုလျက်အားနားချက်များထင်ရှား သော်လည်း သခင်ယေရှုသည် ပေတရု၏ခြေကိုဆေးကြောသကဲ့သို့၊ ကျွန်ုပ် တို့ခြေများကိုလည်းနေ့တိုင်းဆေးကြောပေးတော်မူခဲ့သည်။
အစမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျွန်ုပ်တို့နှလုံးသား ထဲမှာရှိသောအပြစ်များနှင့် ယခုလက်ရှိအပြစ်များကို သခင်ယေရှုထံတော် သို့လွှဲပြောင်းပေးခဲ့သည်ဟု ယုံကြည်သောအခါ ဝမ်းမြောက်ကြသည်။သို့ သော် ကျွန်ုပ်တို့သည် အပြစ်ခြေလွှတ်ခြင်းခံရပြီးနောက် မိမိအားနည်းချက် များကြောင့် ချည်နှောင်ခြင်းခံရ၍ အားနည်းများထင်ရှားလျက်ရှိသည်ကို တွေ့ရကြသည်။ ထိုသို့သောအချိန်များတွင်အနာဂတ်မှာကျွန်ုပ်တို့ပြစ်မှား မည့်အပြစ်များအလုံးကိုလည်း သခင် ယေရှုဗတ္တိဇံခံယူတော်မူသည့်အချိန် တွင်ကိုယ်တော်ယူဆောင်သွားတော်မူခဲ့ကြောင်း သိရှိယုံကြည်ခြင်းအားဖြင့် ချည်နှောင်ခြင်းနှင့်အားနည်းချက် ထောက်ပြခြင်းမှလွှတ်မြောက်နိုင်ကြ သည်။
ထိုနောက်ဖြောင့်မတ်သောသူများသည် လွှတ်လပ်စွာအပြစ်ပြုနိုင်က မည်လော။ မပြုနိုင်ကြပေ။ ရောမ ၁း၁၇ တွင် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြလိမ့်မည်”ဟု ဖော်ပြထားသည်။ လူ အချို့တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဆန့်ကျင်ဘက်ပြု တတ်ကြသည်။ သူတို့က “ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်း သောအကျင့်ကို ကျင့်ကြကုန်အံ့” (ရော ၃း၈) ဟုမိုက်ကန်းစွာဆိုတတ်ကြ သည်။ ဒုတိယမွေးဖွားခြင်းခံပြီးသောသူများသည် အပြစ်လွှတ်ခြင်းအခွင့်ရရှိ ခဲ့ပြီးနောက် လွတ်လပ်စွာအပြစ်ပြုနိုင်ကြမည်လော။ မပြုနိုင်ကြပေ။
ညီအစ်ကိုမောင်နှမများခင်ဗျား၊ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ခဲ့ပြီးနောက်အပြစ်ရှိသေးသလော။ မရှိသလော။ လုံးဝမရှိတော့ပေ။  ကျွန်ုပ်တို့မှာအားနည်းချက်ရှိလျှင် ယုံကြည်ခြင်းပြည့်စုံသလော။ မပြည့်စုံသ လော။ ကျွန်ုပ်တို့ ပြည့်စုံကြသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာတစ်လုံးသန့်ရှင်းပြီးခဲ့ သည်ဟု သခင်ယေရှုမိန့်တော်မူခဲ့သည်။ အကြောင်းမှာ ကိုယ်တော်၏ဗတ္တိဇံ ခံယူခြင်း၊ အသွေးတော်သွန်းလောင်းတော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထ‌ မြောက်တော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အား စင်ကြည်ခြင်းကိုပြည့်စုံစွာပေး အပ်တော်မူပြီ ဖြစ်သောကြောင့် ဖြစ်သည်။ 
ကျွန်ုပ်တို့သည်လည်း သခင်ယေရျုကိုယုံကြည်ခဲ့ပြီးနောက် ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်း၏တန်ခိုးတော်ကို သိရှိခဲ့ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်း၏တန်ခိုးတော်ကိုနေ့စဥ် ဘဝမှာ လက်တွေ့အသုံးပြုရမည် ဖြစ်သည်။  ဤယုံကြည်မှုကိုနေ့စဥ်အသုံး ချသောအခါ မောပန်းမှုနှင့်ခက်ခဲမှုများ ကြုံတွေ့နိုင်သည်။ အချိန်မည်မျှကြာ လိမ့်မည်ကို ကျွန်ုပ်တို့သိလိုကြသည်။ သို့သော် ဤအချိန်ခါမယတွင် ကျွန်ုပ် တို့သည် မည်သည့်နေရာသို့ တစ်ဖန်ပြန်သွားရကြမည်နည်း။ ကျွန်ုပ်တို့ သည်မိမိအပြစ်များအတွက်အသေခံမည့်သူများဖြစ်သော်လည်း သခင်ယေရှု သည် ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ်တွင်အသေခံ တော်မူခြင်းနှင့်သေခြင်းမှ ပြန်လည်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များကိုယူဆောင် တော်မူ၍အပြစ်များအားလုံးမှာ ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်ခြင်း ဖြင့်သခင်ယေရှုထံပြန်လှည့်ရမည်ဖြစ်သည်။
ယဇ်ပရောဟိတ်များသည်တဲတော်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုနေ့ တိုင်းပြုကြ၍ ထိုသို့ပြုပြီးနောက် သူတို့သည် ကြေးဝါအင်တုံသို့သွားပြီး သူ တို့လက်များနှင့်ခြေထောက်များကိုဆေးကြောခဲ့ကြသည်။ထိုနည်းတူ၊ကျွန်ုပ် တို့သည် သခင်ယေရှု၏မေတ္တာတော်ကိုရှေးဦးစွာစဥ်းစားလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်မေတ္တာကိုပြန်လည်တုံ့ပြန်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် အခြေခံအားဖြင့်သေရမည်။ သို့သော် သခင်ယေရှုသည် လက်ဝါးကပ် တိုင်ပေါ်တွင်ကျွန်ုပ်တို့အပြစ်များအားလုံးကို အသေခံတော်မူခြင်းအားဖြင့် အပြစ်အားလုံးကို ယူဆောင်သွား၍ဆေးကြောတော်မူခဲ့သည်။ သခင်ယေရှု သည် အပြစ်တရား၏တရားစီရင်ခြင်းကို အဆုံးထိတိုင်အောင်လုပ်ဆောင် တော်မူခဲ့သည်။ထိုနည်းအတိုင်း၊သခင်ယေရှုသည်ဗတ္တိဇံခံယူ၍အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များအားလုံးနှင့်သေခြင်းတရားမှ ပြည့်စုံစွာကယ်တင်တော်မူခဲ့သည်။
ကျွန်ုပ်တို့ သေရမည့်သူများ ဤအကြောင်းကိုခံယူသောယုံကြည်ခြင်း အားဖြင့်ဘုရားသခင်၏ရှေ့မှောက်တွင် ချဥ်းကပ်နိုင်ရန်ကယ်တင်ပေးသော ဤမေတ္တာကို မိမိနှလုံးသားထဲမှာ ကဗည်းထိုးမှတ်တမ်းတင်အပ်သည်။ ကျွန်ုပ်တို့သည် သေရမည့်သူများဖြစ်ကြသော်လည်း သခင်ယေရှုကြောင့် ပြည့်စုံစွာကယ်တင်ခြင်းခံရ၍ ဘုရားသခင်၏ဖြောင့်မတ်သောသားသမီး များဖြစ်လာနိုင်ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည် ထိုသို့သောယုံကြည် ခြင်းကိုချပေးတော်မူပြီဖြစ်သောကြောင့် ဤသို့သောယုံကြည်ခြင်းမျိုးကို ကျွန်ုပ်တို့အမြဲတမ်းမပိုင်ဆိုင်သင့်ပေဘူးလား။ 
ကျွန်ုပ်တို့သည် ဤလောကမှာခေတ္တခဏအသက်ရှင်ပြီးနောက်ထွက် သွားမည့်ဧည့်သည်အဂန္တုများဖြစ်ကြသည်။ “ဧည့်သည်များ”ဟုဆိုရာတွင် ခရီးသွားလာသူများကို ဆိုလိုသည်။ ခရီးသွားလာသူဟုဆိုရာတွင် တစ်နေ ရာမှအခြားတစ်နေရာသို့ ပြောင်းရွှေ့သောသူများကိုဆိုလိုသည်။ ကျွန်ုပ်တို့ သည် တစ်နေရာတွင် ခေတ္တခဏသာနေထိုင်၍ ကျွန်ုပ်တို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များပြီးဆုံးသွားသောအခါ အခြားနေရာတစ်နေရာသို့ထွက် ခွါသွားမည့်ခရီးသည်များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဤလောကမှခေတ္တ ခဏအသက်ရှင်ပြီးနောက်ကောင်းကင်နိုင်ငံ‌တော်သို့ပြန်သွားမည့်ဧည့်သည် အာဂန္တုများဖြစ်သည်။ ကျွန်ုပ်တို့သည် ဤလောကမှာ  ဧည့်သည်များအ ဖြစ်နေထိုင်၍ကောင်းကင်နိုင်ငံတော်သို့သွားရမည့်သူများဖြစ်ကြသည့်အ ချိန်တွင်  ကျွန်ုပ်တို့ လုံးဝမကြုံတွေ့ချင်တော့သည့်အတွေ့အကြုံများနှင့် ဖျောက်ဖျက်လိုသောအရာများရှိနိုင်သည်။ ဇာတိပိုင်းဆိုင်ရာနှင့်ဝိညာဥ်ရေး ရာများတွင် ကျွန်ုပ်တို့ မကြုံတွေ့ချင်သောအရာများစွာရှိသည်။ ဤသို့အ ဖြစ်မျိုးကြုံတွေ့နေရခြင်းမှာ သင်သည် အ‌ခြေအနေကောင်းသော်လည်း၊ ပတ်ဝန်းကျင်၏အခြေအနေဆိုးသွမ်းမှုကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် သင့်ပတ်ဝန်းကျင်အခြေအနေသည်ကောင်းသော်လည်း သင့်ဇာတိစိတ်ထ ကြွပြီး ဆိုးသွမ်းသောအတွေးများဝင်ရောက်လာခြင်းကြောင့်လည်းဖြစ်နိုင် သည်။
ကျွန်ုပ်တို့သည် ဤသို့သောအခြေအနေမျိုးကြုံတွေ့နိုင်သဖြင့် သခင် ယေရှုက ကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်သောစကားများကို ပေးအပ် တော်မူခဲ့သည်။“သင်တို့သည်ယခုမသိကြသေးသော်လည်း နောက်ပိုင်းတွင် နားလည်လာကြလိမ့်မည်”။ ယခုကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ဧည့် သည်များပမာအသက်ရှင်သည့်နည်းတူ၊ မစုံလင်မှုများစွာထင်ရှားနေပါစေ၊ အားနည်းချက်များစွာက ချည်နှောင်နေပါစေ၊ ပတ်ဝန်းကျင်ဖိဆီးမှုကိုခံရနေ ပါစေ၊သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်‌တော်ပေါ်တွင်အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့်ဤအရာများအားလုံးကိုယူဆောင်သွားပြီ ဟု ယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်မြောက်ခြင်းအခွင့် လုံးလုံးလျားလျား ရရှိခြင်း ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းအခွင့်ကို ပြည့်စုံစွာရရှိခဲ့ကြသည်။
တဲတော်ကိုကြည့်လျှင် မည်သို့ပြည့်စုံစွာ၊ ပီပြင်စွာ ချယ်လှယ်ထား သည်ကိုတွေ့ရသည်။ မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် တွေ့ရသည်အတိုင်းအပြစ် ၏အခသည် သေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် နေ့တိုင်းအပြစ်ပြုကြသော ကြောင့် ကျွန်ုပ်အပြစ်များအတွက် နေ့တိုင်းတရားစီရင်ခြင်းခံ၍ သေရမည် ဖြစ်သည်။ မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင်တွေ့ရသည့်သမ္မာတရားက သခင်ယေ ရှုခရစ်တော်သည် ယဇ်ကောင်သိုးသငယ်အဖြစ်ကြွလာတော်မူ၍ လက်တင် ခြင်းခံကာ ကျွန်ုပ်တို့ကိုယ်စားအသေခံတော်မူသည်ကိုပြသသည်။ မီးရှို့ရာ ယဇ်ဖြတ်ကျော်ပြီးနောက် ကြေးဝါအင်တုံကိုတွေ့ရသည်။ ထိုအရာကနေ့စဥ် နေ့တိုင်း ကျူးလွန်မိသောကျွန်ုပ်တို့အပြစ်များကို ဆေးကြောစင်ကြယ်စေ သော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ထင်ရှားစေသည်။ ရေနှင့်ဝိ ညာဥ်‌တော်ဤသတင်းကောင်းသည် ဗီဇအပြစ်နှင့်ဒုစရိုက်အပြစ်များမှကယ် တင်ပေးသော ပြည့်စုံသည့်သမ္မာတရားကို ဖြစ်သည်။
သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ပေးထားတော်မူသော ကျေးဇူးတော်မှာ အဘယ်နည်း။ အပြစ်လွှတ်ခြင်းနှင့်ထာဝရအသက်ဖြစ် သည်မဟုတ်လော။သခင်ယေရှုသည်ကျွန်ုပ်တို့ကို ပြည့်စုံစွာကယ်တင်တော် မူခဲ့သည်။ မိမိအပြစ်များအတွက် အချိန်တိုင်းအသေခံရမည့်သူဖြစ်သော ကျွန်ုပ်တို့အားလုံးကို သခင်ယေရှုက အပြည့်အဝကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့ဘဝတစ်ခုလုံးမှာ ကျူးလွန်မိသည့်အပြစ်များအားလုံးကို သခင် ယေရှုသည်ကျွန်ုပ်တို့ခြေများကိုဆေးကြောပေးခြင်းဖြစ်သည် ရေနှင့်ဝိညာဥ် တော်သတင်းကောင်းနှင့်နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဆေး ကြောစင်ကြယ်စေခဲ့ပြီး ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူသည့်အချိန် တွင် ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်သွား၍  ကျွန်ုပ်တို့တစ်သက်လုံး ပြစ်မှားသောအပြစ်များအားလုံးကို ကိုယ်တော်၊ သခင်ယေရှုအပေါ်လွှဲ ပြောင်းပြီ ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များကိုယူဆောင်သွား၍ ကားတိုင်ပေါ် တွင် တရားစီရင်ခြင်းခံလျက်အသေခံတော်မူခဲ့သည်။ သေခြင်းမှရှင်ပြန်ထ မြောက်တော်မူ၍ ကျွန်ုပ်တို့၏ပြည့်စုံသောကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်။  သခင်ယေရှုခရစ်တော်ကို ဤသို့လုံးဝဥဿုံယုံကြည်သောအခါ ကျွန်ုပ်တို့ သည်အပြစ်လွှတ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့အသွေးအသားသည်မပြည့်စုံ သော်လည်း ပြည့်စုံသောယုံကြည်ခြင်းရှိသောအခါ ကျွန်ုပ်တို့သည် ဝိညာဥ် ရေးရာကောင်းကြီးမင်္ဂလာဖြင့်အသက်ရှင်၍ ဘုရားသခင်၏နိုင်ငံ‌တော်သို့ ဝင်ရောက်နိုင်ကြလိမ့်မည်။
 

ယခုသင်သည် ပေတရုနှင့်ခြားနားသလော။
 
သခင်‌ယေရှုသည် ပေတရု၏ခြေကိုဆေးကြောပေးတော်မူသကဲ့သို့ သင့်ခြေကိုလည်းဆေးကြောပေးခဲ့သလော။သခင်ယေရှုသည် ကျွန်ုပ်တို့ခြေ များကိုနေ့တိုင်းဆေးကြောပေးတော်မူခဲ့သည်။ ဤအကြောင်းကြောင့်သခင် ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထိုအပြစ်များကြောင့် သူသည် ကျွန်ုပ်တို့ ကိုယ်စားကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ပြီးနောက် သုံးရက်မြောက် သောနေ့တွင်သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ထိုနည်းတူ၊ကိုယ် တော်၏ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းတော် မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့ ၏ပြည့်စုံသောကယ်တင်ရှင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ခရစ်တော်ကို ဤသို့လုံးဝဥဿုံယုံကြည်ကြသည်။
ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်ကိုးကွယ်သည်။ ကိုယ်တော်၏အမှု တော်ကိုလည်း ယုံကြည်ခြင်းအားဖြင့်ထမ်းဆောင်သည်။ ကျွန်ုပ်တို့အပြုအ မူများသည် မပြည့်စုံနိုင်ပေ။ ကျွန်ုပ်တို့ကိုပြည့်စုံစေသောအရာမှာ ယုံကြည် ခြင်းဖြစ်သည်။ထိုကြောင့်ကျွန်ုပ်တို့က ရေနှင့်ဝိညာဥ်တော်သတင်းကောင်း ကိုယုံကြည်ခြင်းခြင်းအားဖြင့် သခင်ယေရှု၏တပည့်တော်များအဖြစ်အ သက်ရှင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းသင်္ဘောပျက်၍ သေခြင်းသို့နောက်ပြန်လှည့်သောသူများမဟုတ်ကြပေ။ ကျွန်ုပ်တို့သည် မ ပြည့်စုံကြသော်လည်းယုံကြည်ခြင်းအားဖြင့် ရှေ့သို့ပြေးနိုင်၍ ယုံကြည်ခြင်း အားဖြင့်ပို၍ရှေ့သို့တိုး၍ ပြေးရမည် ဖြစ်သည်။ “ယုံကြည်သောသူသည် ဖြောင့်မတ်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားကိုရှေးဦးစွာရှာကြလော့။” ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူများဖြစ်ကြသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အခြားသူများ၏ဝိညာဥ်များကို ကယ်တင်နိုင်သောသူများ ဖြစ်ကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် အခြားသူများကယ်တင်ခြင်းဘု ရားသခင်ပေးအပ်တော်မူသောအမှုတော်အတွက် မိမိကိုယ်ကိုမဆက်ကပ် လျှင် သေခြင်းတွင်းထဲသို့ကျဆင်းသွား၍ဝမ်းနည်းစိတ်ပျက်မှုခံရကာ ကျွန်ုပ် တို့အပြစ်များ၌နောက်ဆုံးနိဂုံးချုပ်သွားမည်ဖြစ်သည်။
အပြစ်ကင်းစင်သောသူများသည် ဖြောင့်မတ်ခြင်းလုပ်ဆောင်ချက်၌ ပျော်ရွှင်ခြင်းရှိကြသည်။ သူတို့သည် အခြားသူများဝိညာဥ်ကိုကယ်တင် သောဘုရားသခင်၏သတင်းကောင်းဟောပြောခြင်း၌ ပျော်ရွှင်ကြသည်။ သို့သော် အပြစ်ရှိသောသူများသည် မှန်ကန်သောအရာများလုပ်ဆောင်ခြင်း ၌ပျော်ရွှင်ခြင်းမရှိကြပေ။ အပြစ်လွှတ်ခြင်းခံရသောသူများသည် သူတို့၏ ဝိညာဥ်ရေးရာအစာအာရအတွက် မှန်ကန်သောအရာများလုပ်ဆောင်ကြ သည်။ ကမ္ဘာနေရာအနှံ့အပြားသို့သတင်းကောင်းဟောပြောခြင်းသည် အ ခြားသူများ၏ဝိညာဥ်ကိုကယ်တင်ပေးသောမှန်ကန်သောလုပ်ဆောင်ချက် ဖြစ်သည်။ သို့သော် ထိုနည်းတူစွာ ဤအရာသည်လည်းကျွန်ုပ်တို့အတွက် ဝိညာဥ်အစာဖြစ်လာသည်။ မှန်ကန်သောအရာကိုလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့စိတ်နှလုံးထဲတွင် ဝိညာဥ်တော်နှင့်ပြည့်ဝလာ၍ အသစ်သောခွန် အားပေါက်ဖွားလာခဲ့သည်။ ကျွန်ုပ်တို့စိတ်ဝိညာဥ်များသည် တိုးတက်ကြီး ထွားရင့်ကျက်လျှင် ကျွန်ုပ်တို့သည် ပို၍ရဲရင့်လာမည်။ ထိုကြောင့် အာြဗဟံ ကဲ့သို့ အသက်ရှင်နိုင်ရန်အတွက် သော်လည်းကောင်း၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံစားနိုင်ရန်အတွက်သော်လည်းကောင်း၊အခြားသူများ ထံဤကောင်းကြီးမင်္ဂလာများလက်ဆင့်ကမ်းနိုင်ရန်အတွက်သော်လည်း ကောင်းကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရား၊ မှန်ကန်သောအရာနှင့်ကယ် တင်ခြင်းသတင်းကောင်းဟောပြောခြင်းကို ချစ်မြတ်နိုးရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခွန်အားချည့်နည်းနေကြသော်လည်း ဤဖြောင့်မတ်ခြင်း လုပ်ငန်းကို ဆက်လက်လုပ်ဆောင်မပြုလျှင်ကျွန်ုပ်တို့ဝိညာဥ်သည်သေဆုံး လိမ့်မည်။ဘုရားသခင်၏ဖြောင့်မတ်ခြင်းအမှုတော်ကို လုပ်ဆောင်ခြင်းမပြု   လျှင် ကျွန်ုပ်တို့သည် ဝိညာဥ်ရေးရာ၌ အမှန်သေဆုံးလိမ့်မည်။ ထိုကြောင့် သခင်ယေရှုက“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ထိုသူတို့သည် ဝပြောခြင်းသို့ရောက်လာ ကြလတံ့”(မဿဲ ၅း၆)။ အပြစ်လွှတ်ခြင်းခံရ၍သခင်ယေရှုသည် မိမိအပြစ် များအားလုံးကို အကုန်အစင်ဆေးကြောခဲ့သည်ဟုယုံကြည်သောသူတို့ သည်ဘုရားသခင်ကို မြင်ရကြလိမ့်မည်။ သူတို့သည် ဘုရားကိုယုံကြည်ကြ သည်။ နောက်တော်သို့လိုက်ကြသည်။ ကမ္ဘာ့နေရာအနှံ့အပြားသို့ ကောင်း ကင်ဆိုင်ရာကောင်းကြီးမင်္ဂလာများ ဟောပြောဝေငှကြသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ပြည့်စုံသူဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များကြောင့် သေရကြမည် ဖြစ်သည်။ သို့သော် သခင် ယေရှုသည် ဤလောကသို့ကြွလာ၍ဗတ္တိဇံခံယူကာ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့ကိုယ်စားအသေခံတော်မူလျက် ထိုအားဖြင့် ပြည့်စုံစွာကယ်တင် တော်မူခဲ့သည်။ ဤအရာသည် သမ္မာတရားဖြစ်သည်။ ကောင်းကင်နိုင်ငံ တော်သို့ဝင်ရောက်မည့်လမ်းဖြစ်သည်။ ဤနည်းလမ်းသည် ယုံကြည်ခြင်း ကိုဖော်ပြသောလမ်းဖြစ်သည်။ ဤလမ်းကလွှဲ၍အခြားလမ်းမရှိတော့ပေ။ ကျွန်ုပ်တို့သည်ကောင်းမှုကုသိုလ်ဖြင့်ကောင်းကင်နိုင်ငံတော်သို့မဝင်ရောက် နိုင်ကြပေ။ ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုခဲ့သောအရာကို နားလည်သ ဘောပေါက်ယုံကြည်ခြင်းအားဖြင့်သာလျှင် ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက်နိုင်မည် ဖြစ်သည်။
အဓိကအားဖြင့် အကယ်၍ ကျွန်ုပ်တို့သည် လူစုအမျိုးအစားနှစ်မျိုးခွဲ ခြားလျှင်မှန်ကန်သောအရာအတွက် လုပ်ဆောင်သူများနှင့်အဆိုးအတွက် လုပ်ဆောင်သူများဖြစ်ကြသည်။ အဆိုးအတွက်အသုံးခံသောသူများသည် အပြစ်လွှတ်ခြင်းကို သင့်လျှော်စွာမခံစား၊မရရှိသောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုခဲ့သောအရာများကိုယုံကြည်ခြင်းအားဖြင့်  ကျွန်ုပ်တို့သည် ဖြောင့်သောသူများဖြစ်လာနိုင်ကြသည်။ သို့သော် အပြစ် လုံးဝလွှတ်ခြင်းမခံရသေးသောသူများသည် မည်သို့ပင်ဆန္ဒရှိနေပါစေ၊ နတ် ဆိုးများ၏အသုံးခံတန်ဆာပလာဖြစ်ကြသည်။
ဤအချိန်နာရီ၌ ဘုရားသခင်သည် ပြည့်စုံသောကယ်တင်ခြင်း၊ ပြည့် စုံသောယုံကြည်ြခင်းနှင့်ပြည့်စုံသောအပြစ်လွှတ်ခြင်းပေးအပ်တော်မူပြီးဖြစ် သည်။ ဤသတင်းကောင်းကိုသင်ယုံကြည်သော်လည်း သင့်ကောင်းမှုကု သိုလ်သည်မပြည့်စုံသေးသလော။သို့မဟုတ်အကြောင်းအမျိုးအမျိုးကြောင့် ကျွန်ုပ်တို့နှလုံးသားများသည် နောက်ပြန်လှည့်ကြသလော။ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်ဖြစ်သောကြောင့် အခြားပြောစရာမရှိတော့ပေ။ သင့်မစုံလင်ခြင်းနှင့်အားနည်းချက်ကို လျစ် လျူရှုသူ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ဤအရာများအားလုံး ကို ယူဆောင်သွားတော်မူခဲ့ပြီး ဖြစ်သည်။
ကျွန်ုပ်တို့သည် နေ့တိုင်းမစုံလင်ကြောင်းဖော်ပြသောသာဓကတစ်ခု ကိုကျွန်တော်ဖော်ပြပါရစေ။ တစ်ခါတစ်ရံကျွန်ုပ်တို့သည် အတူတကွဘော လုံးကစားတတ်ကြသည်။ ဘောလုံးသည် ဂိုးတိုင်နားသို့အဝေးမှရောက်ရှိ လာသောအခါ ကျွန်ုပ်တို့အဖွဲ့သားများဒုက္ခရောက်၊ ပြာယာခတ်တတ်ကြ သည်။ ထိုအချိန်တွင် ကျွန်တော်က လက်ဖြင့်ပုပ်ပစ်လိုက်သည်။ သို့မဟုတ် လက်ဖြင့်ဖမ်းလိုက်သည်။ကျွန်တော်ဂိုးသမားလော။မဟုတ်ပေ။ ကျွန်တော် အနိုင်ယူလိုသောကြောင့်သာဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၊ ဆရာသမား များ၊ သန့်ရှင်းသူများနှင့်ဘုရားသခင်အမှုတော်ဆောင်များအားလုံးတို့သည် အရာရာ၌ အောင်မြင်ခြင်းပန်းတိုင်သို့ရောက်လို၊အနိုင်ယူလိုကြသည်။ သင် သည်မည်သို့အနိုင်ယူရမည်ကို မသိနိုင်ပေ။ ကျွန်ုပ်တို့အားလုံးသည် မှား ယွင်းစွာကစားကြသည်။ကစားပွဲကိုအနိုင်ရဖို့နည်းလမ်းမျိုးစုံအားဖြင့်အချင်း ချင်းတိုက်ခိုက်ကြပြီးဘောလုံးကစားသည့်အားကစားနည်းစနစ်မှလွဲ၍လူတို့၏စစ်မှန်သောအပြုအမူကို ဖေါ်ပြပေးနိုင်သောအရာမရှိပါ။ ကျွန်ုပ်တို့၏ အဖွဲ့သည်ဒုက္ခရောက်နေလျှင်မသမာသည့် နည်းလမ်းကို သုံးဖို့ဝန်မလေးကြ ဘဲ မရမက နိုင်ဖို့ကြိုးစားလေ့ရှိသည်။ 
ဤသို့မှားယွင်းမှုအားလုံးပြုသောအခါ မိမိကိုယ်ကို ခွင့်လွှတ်နိုင် သော်လည်း အခြားအသင်းပြိုင်ဖက်အသင်းမှ ထိုသို့မှားယွင်းခဲ့သောဒိုင်လူ ကြီးကို ခရာမှုတ်ခိုင်း၍ အဝါကဒ်ထုတ်နိုင်မည်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့၏သဘောထားအမှန်ပင် ဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက် လည်းအဓိပ္ပါယ်များစွာမရှိပါ။ကျွန်ုပ်တို့သည် ကိုယ့်ဘက်က(သို့) ကိုယ်အ သင်းအနိုင်ရဖို့သာ အစဉ်အမြဲလိုချင်ကြပြီး ကျွန်ုပ်တို့ဖက်က အကျိုးအမြတ် ကိုသာလိုချင်ကြသည်။ ဘုရားသခင်သည် ထိုကဲ့သို့ စိတ်ဓါတ်ရှိသောကျွန်ုပ် တို့ကိုကယ်တင်ခဲ့သည်။ကျွန်ုပ်တို့သည်တရားမဲ့ဖြစ်ခြင်း၊အပြစ်နှင့်စွန်းကွက် ခြင်းရှိသော်လည်းကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အသိအမှတ်ပြုသဖြင့် ကျွန်ုပ် တို့သည် အပြစ်နှင့်စွန်းကွက်ခြင်းမရှိသည့် ဒုတိယမွေးဖွားခြင်းခံရ သူတို့ဖြစ် သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များမှလုံး၀ကယ်တင်တော်မူခဲ့ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုအား ကယ်တင်ရှင်၊ အရှင် သခင်ဟုခေါ်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ် သည်။“ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်” (မဿဲ ၁၆း၁၆)။ ဘုရားသခင် ပေးသောဆုကျေးဇူးကို သခင်ယေရှုကလက်ခံအသိအမှတ်ပြုတော်မူသည်။ ဤနေရာတွင် ခရစ်တော်ဆိုလိုသည့် စကားလုံး၏အဓိပ္ပါယ်မှာ ကိုယ်တော် သည် မိမိအသက်ကိုစတေးတော်မူလျက် အပြစ်များအားလုံးကို လွှင့်ပစ်ပေး တော်မူခဲ့သည်။ ယေရှုခရစ်သည် အသက်ရှင်သောဘုရား၏သားတော်ဖြစ် သည်။သခင်ယေရှုသည် ဘုရားသခင်၏သားတော်၊ ကျွန်ုပ်တို့၏ကယ်တင် ရှင်အဖြစ်ကျွန်ုပ်တို့အားပြည့်စုံစွာ ကယ်တင်ခဲ့သည်။ ထို့ကြောင့် သင်၏စိတ် ထဲတွင်ချွတ်ယွင်းချက်၊အားနည်းချက်ရှိသဖြင့် ဧဝံဂေလိတရားကို အစေခံဖို့ မထိုက်တန်ပါဟု ခံစားသော်လည်း ရဲရင့်ခြင်းအခွင့်ရှိ သည်။ 
သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ခန္ဓာတို့သည် နောက်ဆုတ်၍ ရှက် ကြောက်ဖွယ်ရာကောင်းသည်။ သို့သော် ယုံကြည်ခြင်းအားဖြင့် အားဖြည့်၍ ရှေ့သို့တည့်တည့်သွားနိုင်ရန် ရဲရင့်ခြင်းရှိလာသည်။ ဘုရားသခင်ပေးထား သည့် ယုံကြည်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်သူဖြောင့်သောပုဂ္ဂိုလ် များဖြစ်လာသည်။ကျွန်ုပ်အားကြည့်ပါ။ကျွန်ုပ်တို့သည် ဇာတိ၌ပြစရာတစ်စုံ တစ်ခုမျှမရှိပေ။ ကျွန်ုပ်သည် ကမ္ဘာ့နေရာအနှံသို့သွား၍ ဧဝံဂေလိတရားမ ဟောဘဲနေသလော။ သင်သည်လည်း ဤသို့ဖြစ်သလော။ မိမိကိုယ်ကိုပြည့် စုံသည်ဟု ထင်မှတ်သောသူများသည် ဟန်ဆောင်သူများ၊ စိတ်တိုတတ် သောသူများဖြစ်ကြသည်။အပြစ်သားများသည်ဟန်ဆောင်သူများဖြစ်သည်။ ဟန်ဆောင်သောသူသည်လည်းသင်နှင့်တူညီသဖြင့်သူတို့သည်ကောင်းမြတ် ခြင်း၊သမ္မာစီရင်ခြင်းနှင့်သန့်ရှင်းခြင်းမည်သို့ရှိနိုင်မည်နည်း။ ခရစ်ယာန်အ သိုင်းအဝိုင်းတွင်မိမိကိုယ်ကို သန့်ရှင်းကြောင်းပြသသူတို့သည် ဟန်ဆောင် တတ်သူ၊ မသမာပြုသူတို့ဖြစ်ကြောင်း သိနိုင်သည်။ 
ကျွန်ုပ်တို့၏ ဘုရားသခင်က ပြည့်စုံစွာကယ်တင်တော်မူခဲ့သည်။ ဤပြည့်စုံသောဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုလွှဲပြောင်းအပ်ပေးခြင်းခံရသဖြင့် ယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့ပြည့်စုံသော သူများဖြစ်သောကြောင့် ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိတရားကို ကျွန်ုပ်တို့သည် အစေခံနိုင်ကြခြင်း ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကယ်တင်ခြင်းခံရ၍ကမ္ဘာမ တည်မရှိမီကယ်တင်ခြင်းသမ္မာတရားအားဖြင့်ကြိုတင်စီမံကိန်းရေးဆွဲသည် ဖြစ်၍ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ရမည်။ သခင်ယေရှုသည် ဗတ္တိဇံ ခံ၍လက်ဝါးကပ်တိုင်ပေါ်တွင်အသွေးတော်သွင်းလောင်းခဲ့ခြင်းဖြင့်ကျွန်ုပ်တို့ ၏အပြစ်အားလုံးကိုဆေးကြောခဲ့သည်။ ဤသမ္မာတရားကို သင်တို့သည် လည်း ယုံကြည်မည်ဟု ကျွန်ုပ်မြော်လင့်မိသည်။