Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-12] သန့်ရှင်းရာဌာန၏ အဖုံးနှင့်တိုင်များ (ထွက် ၂၆း၃၁-၃၇)

သန့်ရှင်းရာဌာန၏ အဖုံးနှင့်တိုင်များ
(ထွက် ၂၆း၃၁-၃၇) 
“တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်၊ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာ တထည်ကို ချုပ်ရမည်။ ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေ စွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။ သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲ ကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ် ရမည်။ဟဂျာဟဂျုံအရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအ ဖုံးကိုတင်ထားရမည်။ကုလားကာပြင်မှာစားပွဲကို ထားရမည်။ တဲတောင် တောင်ဘက်နားမှာမီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက် နှင့်တဘက်ဆိုင်မိအောင်ထားရမည်။တဲတော်တံခါးဝ၌ ကာရန်၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ် လှယ်သောကုလားကာတထည်ကို လုပ်ရမည်။ထိုကုလားကာဘိုပ ရွှေတံစို့ နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကိုလုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေး ဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။”
 


သန့်ရှင်းရာဌာန

သန့်ရှင်းရာဌာန
သန့်ရှင်းရာဌာန၏ တိုင်များ၊ အဖုံးအကာများ၏ အရောင်တွင်ပါ သောဝိညာဉ်ရေးရာအဓိပ္ပါယ်များကိုကျွန်ုပ်ဆင်ခြင်လိုသည်။ တဲတော်တွင် ယခုကျွန်ုပ်တို့စဉ်စားရမည့်အချက်မှာ အလျား၁၃.၅ မီတာ(၄၅ပေ)နှင့် အနံ ၄.၅မီတာ(၁၅ပေ)အတိုင်းအရှည်ရှိသော အခန်းဖြစ်၍သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနဟူ၍ အခန်းနှစ်မျိုးရှိသည်။ သန့်ရှင်းရာဌာန၏အတွင်း ဘက်တွင်မီးတိုင်တစ်တိုင်၊ စားပွဲတင်မုန့်၊ နံ့သာမွှေးပလ္လင်ထားရှိသည်။ အ သန့်ရှင်းဆုံးဌာနတွင်မူ ပဋိညာဥ်သေတ္တာနှင့်ကျေးဇူးတော်ပလ္လင်တော်ထား ရှိသည်။ 
သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကိုစဥ်းစားကြည့်ပါကတဲ တော်ကို အာကရှသစ်သား အရှည် ၇၀ စင်တီမီတာ(၂.၃ပေ)နှင့်အမြင် ၄.၅ မီတာ(၁၅ပေ)တို့က ဘေးပတ်လည်တွင်ဝိုင်းရံထားလျက်ရှိသည်။ တဲတော် တံခါး၌အကာရှသစ်သားပေါ်ရွှေဖြင့် မွှမ်းမံထားသောတိုင်ငါးတိုင်ထားရှိ သည်။ တံတိုင်းအ ပြင်ဘက်မှတဲတော်သို့ဝင်ရောက်နိုင်သောတံခါးရှိသည်။ ထိုတံခါးကို အပြာရောင်၊ ခရမ်းရောင်၊ နီမောင်းသောအထည်နှင့်ပိတ် ချော အထည်တို့ဖြင့်ပြု လုပ်ထားသည်။
တဲတော်၏တံတိုင်းအပြင်ဘက်တွင် တိုင်ခြောက်တိုင်စိုက်ထူထား သည်။ထိုတိုင်၏အရှည်မှာ ၂.၂၅မီတာ(၇.၅ပေ)မြင့်သည်။  တဲတော်၏အ ရှေ့ဘက်တွင်ထားသောတန်တိုင်းဝင်ပေါက်ကိုအပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်တို့ဖြင့် ယက်လုပ်ထား၍လူတစ်ယောက်သည်တဲ တော်သို့ဝင်ရောက်နိုင်ရန်အတွက်တံတိုင်းအပြင်ဘက်ဝင်ပေါက်ကိုဖြတ်၍ သွားရပါသည်။ တဲတော်၏တန် တိုင်းတွင် မီးရှို့ရာပလ္လင်နှင့်အင်တုံရှိသည်။ 
ဤတိုင်နှစ်တိုင်ကိုဖြတ်၍ တဲတော်သို့ဝင်သောတံခါးလည်းရှိ သည်။ ထိုတံခါး၏အရှည်မှာ ၄.၅မီတာ(၁၅ပေ)မြင့်သည်။ တဲတော်သို့ဝင် သောတံခါးတွင် တိုင်ငါးတိုင် ရှိသည်။ ထိုတံခါးတိုင်ခြေစွပ်များကိုကြေးဝါ ဖြင့်ပြုလုပ်ထားသည်။ တဲတော်တန်တိုင်းသို့သွားသောဝင်ပေါက်ကဲ့သို့ တဲ တော်တံခါးကိုလည်းအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ဖြင့် ယက်လုပ်ထား၍တိုင်ငါးတိုင်၏ထိတ်ဆုံး‌ရွှေချိတ်များပေါ်တွင် ဆွဲချိတ်ထား သည်။ ဤမြင်ကွင်းသည် တဲတော်၏အတွင်းပိုင်းနှင့်အပြင်ပိုင်းခြားနားထား သောအကာအရံ ဖြစ်သည်။ 
 

ပထမဦးဆုံးစဥ်းစားရမည့်အရာမှာ တဲတော်တံခါးတွင်ရှိသော တိုင်များဖြစ်သည်။ 
 
တဲတော်တံခါးတိုင်ငါးတိုင်တို့သည် ၄.၅မီတာ(၁၅ပေ)မြင့်သည်။ ဤတိုင်များတွင်အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင် တည်း ဟူ သော အရောင် (၄)မျိုးရှိသည့် ပိတ်စကိုကာထားပါသည်။ 
ရှေးဦးစွာတဲတော်၏တံခါးတိုင် ငါးချောင်းအမြင့် ၄.၅မီတာ (၁၅ ပေ)ကိုအာရုံပြု၍စဉ်းစားကြပါစို့။ဤအရာ၏ဆိုလိုရင်းကား အဘယ်နည်း။ ထိုအရာ၏ဆိုလိုရင်းမှာ ဘုရားသခင်ကိုယ်တိုင်ကျွန်ုပ်တို့အပြစ်များကို ရှင်း ထုတ်ရန်နှင့်ကိုယ်တော်၏သားသမီးများအဖြစ်ပြုလုပ်ဖို့ရန်ကြီးမားသောအ ဖိုးအခကိုပေးဆပ်ခဲ့ခြင်းဖြစ်သည်။သင်နှင့်ကျွန်ုပ်သည်အခြေခံအားဖြင့် ခွန် အားချည့်နည်းသောသူများဖြစ်ကြောင်းသိရသဖြင့်လောကတွင်အသက်ရှင် သောအခါ ကျွန်ုပ်တို့သည် အပြစ်များစွာကျူးလွန်ကြသည်။ အဘယ် ကြောင့်ဆိုသော်သင်နှင့်ကျွန်ုပ်သည်လောကတွင်အချိန်တိုင်းအပြစ်ဒုစရိုက် ကျူးလွန်သောအဆိုးဝါးဆုံးလူသားများဖြစ်ကြ၍ ကျွန်ုပ်တို့တွင် လွန်ကျူး သောအပြစ်များစွာရှိသည်။  ဤတဲတော်တံခါး၏တိုင်များအား ဖြင့်ထိုသို့ သောလောက၏အညစ်အကြေး၊ အပြစ်များမှကယ်လွတ်ဖို့ရန် ဘုရားသခင် သည် မိမိ၌တစ်ပါးတည်းသောသားတော်ယေရှုခရစ်ကို ကျွန်ုပ်တို့၏အ ပြစ် များအတွက်အဖိုးအခအဖြစ်ယဇ်ပူဇော်ခြင်းပြုပေးတော်မူလျက် လောကအ ပြစ်မှကျွန်ုပ်တို့အား အမှန်ပင်ကယ်လွှတ်တော်မူခဲ့ပါသည်။ 
တစ်နည်းအားဖြင့် လောကတွင် ကျွန်ုပ်တို့သည် ကျူးလွန်သော ဒုစရိုက်အပြစ်များအတွက်ယေရှုခရစ်သည်ဘုရားသခင်၏ရှေ့တွင် လောက ၏အပြစ်အဖိုးအခလုံလောက်စွာပေးဆပ်ပေးတော်မူ၍ မိမိအသက်ကိုစ တေးတော်မူလျက်ကယ်တင်တော်မူခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက် သည် ဘုရားသခင်ပေးအပ်တော်မူသည့် သန့်ရှင်းသောအရာကို မရည်ရွယ် ဘဲ အပြစ်ပြုမိခဲ့သော် အပြစ်ဖြေရာယဇ်အဖို့ ဆိတ်တစ်ကောင်ကိုယူလာ၍ ဆိတ်၏တန်ဘိုးငါးပုံတစ်ပုံကိုပေါင်းထည့်ပေး၍ ယဇ်ပုရောဟိတ်ကို ပေးရ မည်(ဝတ်၊၅း၁၅-၁၆)။ဤအရာ၏ဆိုလိုရင်းမှာယေရှုခရစ်သည်သင်နှင့် ကျွန်ုပ်အားအပြစ်မှကယ်တင်ခဲ့ပြီး သင်နှင့်ကျွန်တော်တို့ကျူးလွန်ခဲ့သော အပြစ်၏အဖိုးအခကိုလိုအပ်သည်ထက်သာ၍ လုံလောက်စွာပေးဆပ်တော် မူခဲ့သည်။သခင်ယေရှုသည်လောကသို့ ကြွလာ၍ ကျွန်ုပ်တို့၏အပြစ်များကို ဖယ်ရှားပေးတော်မူသည်။မိမိကိုယ်ကိုယဇ်ကောင်အဖြစ်ပူဇော်၍ ကျွန်ုပ်တို့ ၏အပြစ်အဖိုးအခကို ပေးဆပ်ပေးတော်မူခဲ့သည်။ 
သမ္မာကျမ်းစာတွင် ဖေါ်ပြထားသော ယဇ်ပူဇော်သည့်နည်းစနစ် များဖြစ်သည့် မီးရှို့ရာယဇ်၊ မိသဟာယဇ်၊ အပြစ်ဖြေရာယဇ်တို့သည် အပြစ် ဖြေရာယဇ်ကိုပြုသောသူတို့ကျူးလွန်သောအပြစ်များကို ပြယ်ပျောက်စေ ခြင်းငှာယဇ်ကောင်၏ဦးခေါင်းအပေါ်သို့ တင်ခြင်းအားဖြင့် လွှဲပြောင်းပေးရ သည်။ ထိုသို့ကဲ့သို့ပင်တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်မိသော အခါထိုအပြစ်များကို ရှင်းထုတ်နိုင်ဖို့ရန် ဒုစရိုက်ဖြေရာယဇ်ပူဇော်ရသည်။ တစ်စုံတစ်ဦးအနေဖြင့်အခြားတစ်ယောက်အား မထင်မှတ်ဘဲထိခိုက်နာ ကျင်စေသောအခါ ပြစ်မှုအတွက်လျော်ကြေးပေး၍ ဆက်ဆံရေးပြန်လည် ကောင်းမွန်စေရန်အတွက်ဤမိသဟာယယဇ်ကို ပူဇော်ရသည်။ ထို့ကြောင့် ဤဒုစရိုက်အပြစ်ဖြေရာ ယဇ်ကိုပူဇော်သည့်အခါ ယဇ်ကောင်၏တန်ဖိုးငါးပုံ တစ်ပုံ (၂၀%)ကိုပါထပ်လောင်း၍ပေးဖို့လိုသည်။ ဤအရာသည် ဒုစရိုက်အ ပြစ်ဖြေဖို့ရန် အခြေခံလိုအပ်ချက်ဖြစ်သည်။ ဤယဇ်ပူဇော်ခြင်းသည် တစ်စုံ တစ်ယောက်က အခြားတစ်ဦးကိုမရည်ရွယ်ဘဲ ထိခိုက်မိစေသောအခါ သီး ခြားရည်ရွယ်ချက်ဖြင့်ပူဇော်ရသည့်ဒုစရိုက်ဖြေရာယဇ်ဖြစ်သည်(ဝတ်၅း၁၄၊  ၆း၇)။
သင်နှင့်ကျွန်ုပ်သည်လည်းအပြစ်ကင်းစင်ကြပါသလား။ ကျွန်ုပ်တို့ ၏အသက်တာတစ်လျှောက်လုံးတွင် အပြစ်ကျူးလွန်၍ အသက်ရှင်နေကြ သည်မဟုတ်လား။ ကျွန်ုပ်တို့သည် အာဒံ၏သားစဉ်မြေးဆက်များဖြစ် ကြ သဖြင့် ထိုအရာကိုလွှဲရှောင်၍မရပေ။ ကျွန်ုပ်တို့အသက်ရှင်နေသောအ ချိန် တွင်အပြစ်ဒုစရိုက်ပေါင်း မည်မျှကျူးလွန်ခဲ့ကြကြောင်း အပြစ်ဒုစရိုက် ကျူး လွန်လျက်အသက်ရှင်နေကြသည်ကိုတွေ့ရသည်။ဘုရားသခင်နှင့် လူကို ဆန့်ကျင်၍ မကောင်းမှုမည်မျှ ကျွန်ုပ်တို့ကျူးလွန်ခဲ့ကြသနည်း။ ဤအရာ များသည်အပြစ်များဖြစ်ကြောင်း၊ဆိုးသွမ်းနေကြောင်းအသိအမှတ်မပြုခြင်း ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာမှာ ထိုအရာများကို အပြစ် ဖြစ်သည်ဟု မေ့ပျောက်နေကြသောကြောင့် ဖြစ်သည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့သည် ဘုရားသခင်သော်လည်းကောင်း၊ အချင်းချင်းတစ်ယောက် ကိုတစ်ယောက်သော်လည်းကောင်းဆန့်ကျင်သောအပြစ်ကျူးလွန်နေကြ ကြောင်း အသိအမှတ်ပြုကာ ဘုရားရှေ့မှောက်တော်၌ အပြစ်သားများဖြစ် ကြကြောင်း ရိုးရိုးလေးဝန်ခံကြသည်။
ထိုသို့သော အပြစ်သားများကို သူတို့ကျူးလွန်သောအပြစ်မှလွတ် မြောက်စေဖို့ရန် ဘုရားသခင်သည် ယေရှုခရစ်တော်ကို ကျွန်ုပ်တို့အတွက် ဒုစရိုက်ဖြေရာယဇ်အဖြစ်စေလွှတ်တော်မူခဲ့သည်။ သခင်ယေရှု၏ယဇ်ပူ ဇော်ခြင်းအဖိုးအခအားဖြင့်ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကြောင့် အ ပြစ်ဒဏ်ခံရသဖြင့် ဘုရားသခင်သည်ကျွန်ုပ်တို့အား ကယ်တင်ခြင်းဆုကျေး ဇူးကို ပေးအပ်တော်မူခဲ့သည်။ ခမည်းတော်ဘုရားသည် မိမိသားတော်ကို လောကသို့စေလွှတ်တော်မူ၍ ဗတ္တိဇံခြင်း၊လက်ဝါးကပ်တိုင်တွင် အသေခံ ခြင်းဖြင့်အပြစ်အားလုံးမှ ကယ်တင်တော်မူ၍ မိမိလူဖြစ်စေတော်မူခဲ့သည်။ ဤသို့သော်ယဇ်ပူဇော်ခြင်းမျိုးကို မည်သည့်အရာနှင့်ကျွန်ုပ်တို့နှိုင်းတုနိုင် ကြမည်နည်း။ ကျွန်ုပ်တို့အပြစ်သားများကို အပြစ်မှကယ်တင်ရန်အတွက် သခင်ယေရှုသည်အပြစ်၏အဖိုးအခအားလုံးကိုပေးဆပ်ရန်အသေခံတော်မူ ခဲ့သည်။ထိုသို့အားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အားလောကအပြစ်များ အားလုံးမှကယ်တင်တော်မူခဲ့သည်။ဤသို့ဖြစ်ရခြင်းမျာ ဘုရားသခင်၏အံ့ ဘွယ်သောကျေးဇူးမှလွဲ၍အခြားဖြစ်နိုင်မည်လော။ ဘုရားသခင်၏မေတ္တာ တော်သည် မည်မျှနက်ရှိုင်း၊ ကျယ်ပြန့်၊ မြင့်မားသနည်း။ တဲတော်တံခါး တိုင်များသည် ၄.၅မီတာ(၁၅ပေ)မြင့်ကြောင်း ဖော်ပြရာတွင် သခင်ယေရှုခ ရစ်တော်အားဖြင့်ပေးထားသောဘုရားသခင်၏မေတ္တာတော်ကို ဖော်ပြထင် ရှားစေသည်။ကျွန်ုပ်တို့ကဲ့သို့သောအပြစ်သားများကိုအပြစ်ငရဲမှကယ်တင်တော် မူရန်အတွက် သခင်ယေရှုသည် မိမိအသက်ကိုစတေးတော်မူခဲ့သည်။ ဤ သမ္မာတရားအတွက်ကိုယ်တော့်ကိုကျေးဇူးတင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည် မိမိအပြစ်များအတွက်ပြစ်ဒဏ်ခံရန် အပ္ပါယ်ငရဲထဲသို့ သွားရမည့်သူ များဖြစ်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်အမှကယ်တင်တော်မူ ရန် မိမိအသက်ကိုစတေးတော်မူသောအခါ ကျေးဇူးတင်၍မဆုံးနိုင်ပေ။က ကျေးဇူး‌တော်ကိုချီးမွမ်းပါသည်။ယောဟန်အားဖြင့် ယေရှုသည် ဗတ္တဇံကိုခံ ယူခြင်း၊ထိုအပြစ်များကိုမိမိကိုယ်ခန္ဓာပေါ်သို့ယူဆောင်သွားတော်မူခဲ့သည်။ ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းလျက် အပြစ်ကြွေးပေးဆပ် တော်မူခဲ့သည်။ ထိုသို့အားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်တ ရားနှင့်အပြစ်ဒဏ်အားလုံးမှကယ်တင်တော်မူခဲ့သည်။ ထိုကြောင့်ဤသ တင်းကောင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။ ဤအ ရာသည် တဲတော်၏တံခါးတိုင်များပါဝင်သော ကယ်တင်ခြင်း၏ လေးနက် မှုအဓိပ္ပါယ်ဖြစ်သည်။ 
တဲတော်တံခါးတိုင်ငါးချောင်းရှိ၍တစ်ချောင်းစီသည် ၄.၅မီတာမြင့် သည်။ ကျမ်းစာထဲတွင် နံပါတ် “၅”သည် “ဘုရားသခင်၏ကျေးဇူးတော်” ကိုရည်ညွှန်းသည်။ထို့ကြောင့် ထိုတိုင်ငါးချောင်းသည် ကျွန်ုပ်တို့အား ပေး ထားသည့် ဘုရားသခင်၏ ကယ်တင်ခြင်းလက်ဆောင်ကိုဆိုလိုသည်။ ဘု ရားသခင်သည်ကျွန်ုပ်တို့ကိုချစ်တော်မူ၍ ကယ်တင်ခြင်းဝတ်လုံတော်အား ဖြင့်လွှမ်းခြုံတော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများဖြစ်နိုင်ရန် အတွက်လိုအပ်သောအရာအားလုံး အကုန်အစင်ကိုယ်တော်ပြုပေးတော်မူ ခဲ့သည်။ သမ္မာကျမ်းစာထဲတွင်ရွှေဆိုသည်မှာ - ဘုရားသခင်သည် အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်တို့အားဖြင့် ကျွန်ုပ် တို့အား ကယ်တင်တော်မူခဲ့သောယုံကြည်ခြင်းကိုရည်ညွှန်းသည်။ တစ် နည်းအားဖြင့် သမ္မာကျမ်းစာပြောသည့် ယုံကြည်ခြင်းဆိုသည်မှာသခင် ယေရှုကိုယ်တော်တိုင်ဤလောကသို့ကြွလာ၍ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့ အ ပြစ်အားလုံးကိုယူတင်ဝတ်ဆောင်ကာ လက်ဝါးကပ်တိုင်တွင်အသေခံ တော်မူလျက်သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြင့် ကျွန်ုပ်တို့အား ပြည့်စုံ သောဖြောင့်မတ်ခြင်းပေးအပ်တော်မူခဲ့သည့်“ယုံကြည်ခြင်း”ကိုဆိုလိုသည်။ ထို့ကြောင့် သန့်ရှင်းရာဌာန၏တိုင်များအားလုံးကို ရွှေဖြင့်မွမ်းမံထားခြင်း ဖြစ်သည်။ 
တဲတော်တံခါးတိုင်များ၏ခြေစွပ်ကိုကြေးဝါဖြင့် ပြုလုပ်ထားရ သည်။အကြောင်းရင်းမှာ-သခင်ဘုရားသည် ကိုယ်စားပြုတရားစီရင်ခြင်းကို ခံရသည်။ အပြစ်၏အဖိုးအခအပ္ပါယ်ငရဲထဲသို့ပစ်ချခြင်းခံရမည့်သူများကို ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းအား ဖြင့်ကယ်တင်တော်မူခဲ့သည်။ အကြောင်းမှာ - အညစ်အကြေးနှင့်ပြည့်၀၍ သေခြင်းတရားကို မလွှဲမရှောင်သာခံရမည်သူများကို မိမိလူးများ၊ အလွန် သန့်ရှင်းမြင့်မြတ်တော်မူသော ခမည်းတော်ဘုရားသခင်၏လူများဖြစ်စေ တော်မူခဲ့သည်။ ထို့ကြောင့် ရွှေဆိုသည်မှာ ဤသမ္မာတရားကို ခံယူသော ယုံကြည်ချက်ကိုရည်ညွှန်းထားခြင်းဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် တဲတော်တံခါး၏အရောင်များ၏အဓိပ္ပါယ်များကို အာရုံပြုခြင်း၊ ကျေးဇူး တင်ခြင်း၊ နှလုံးသားထဲတွင် ယုံကြည်ခြင်းများ ရှိရမည် ဖြစ်သည်။ 
 

တဲတော် တံခါးတိုင်များ၏ ခြေစွပ်များကိုသာ ကြေးဝါဖြင့် ပြုလုပ်ထားသည်
 
တဲတော်တွင်ရှိသောတံခါးတိုင်ခြေစွပ်များကို ကြေးဝါဖြင့်သာပြု လုပ်ထားသည်။ အဓိပ္ပါယ်မှာ ဤလောကမှာ သင်နှင့်ကျွန်တော်တို့သည် အခြားသူများနှင့်ဘုရားသခင်ကိုဆန့်ကျင်သောအပြစ်များစွာ ကျူးလွန်ခဲ့သ ဖြင့် ဤအပြစ်များအတွက် တရားစီရင်ခြင်းမလွဲမသွေခံရကြမည်ဖြစ်သည်။ ကြေးဝါခြေစွပ်တွင် ဝှက်ထားသောသမ္မာတရားမှာ မီးရှို့ရာယဇ်ပလ္လင်အ ကြောင်းစဥ်းစားတွေးတောစေသည်။ ရှေးဦးစွာ အပြစ်သားတစ်ဦးသည် တဲ တော်၏တန်တိုင်းတော်သို့ဤမီးရှို့ရာယဇ်ပလ္လင်ကိုဖြတ်ကျော်၍ယဇ်ပူဇော် တဲတော်သို့ဝင်ရောက်ခြင်းအကြောင်း ဖြစ်သည်။ 
“ပလ္လင်”ဆိုသည်မှာ “အပေါ်သို့တက်ခြင်း”ဟူသော အဓိပ္ပါယ်ရှိရ သည်။ မီးရှို့ရာယဇ်ပူဇော်ခြင်းဆိုသည်မှာ အပြစ်သားအားလုံးကိုယ်စားသ ခင်ယေရှုခရစ်သည်ဗတ္တိဇံကိုခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အပြစ် သားများအားလုံးကိုယ်စားရက်ရက်စက်စက်အသေခံတော်မူသည့်သမ္မာတ ရားကိုရည်ညွှန်းထားသည်။ မီးရှို့ရာယဇ်ပလ္လင်သည် ဤအပြစ်များအတွက် အသေခံရန် လက်တင်ခြင်းအားဖြင့် အပြစ်များကိုလက်ခံဖြေရှင်းပေးသည့် ယဇ်ပူဇော်သည့်နေရာဖြစ်သည်။ယဇ်ပုရောဟိတ်များသည် မီးရှို့ရာယဇ်ပူ ဇော်သည့်နေရာမှ ယဇ်ကောင်၏အသွေးကို ယူ၍သဲမြေကြမ်းပေါ်သို့ သွန်း လောင်းကာ အသားများကို မီးရှို့ရပါသည်။ ၎င်းနေရာသည် အပြစ်ကိုယူ ဆောင်လာသည့်ယဇ်ကောင်များအသေသက်ခြင်းခံရသည့်နေရာဖြစ်သည်။ 
မီးရှို့ရာယဇ်ပလ္လင်သည် တဲတော်၏တန်တိုင်းတော်နှင့်တဲတော် ဂိတ်စပ်ကြားတွင် တည်ရှိပါသည်။ တဲတော်သို့ဝင်သောသူသည် ရှေးဦး စွာယဇ်ပလ္လင်ကိုဖြတ်သန်းသွားရသည်။ မီးရှို့ရာယဇ်ပလ္လင်ကို မဖြတ်သန်း ရဘဲ တဲတော်ထဲသို့ဝင်၍ လုံး၀မရပေ။ မီးရှို့ရာယဇ်ပလ္လင်သည် ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့်လက်ဝါးကပ်တိုင်ကို တိကျစွာဖော်ထုတ်သောအရိပ်တစ် ခုဖြစ်သည်။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်သည် ဘု ရားသခင်ရှေ့တော်မှောက်သို့ ကြွရောက်လာသောအပြစ်သားများ၏ဒုစ ရိုက်အပြစ်ဟူသမျှကို ဖယ်ရှားပေးသည်။  
အရင်ဦးဆုံးမိမိအပြစ်များကိုယူဆောင်သွား၍ မီးရှို့ရာယဇ်ပလ္လင်၌ ရပ်တန့်ခြင်းမရှိလျှင်သော်လည်းကောင်း၊ လက်တင်ခြင်းအားဖြင့်ဤအပြစ် များအားလုံးကို ယူဆောင်လျက်ယဇ်ပူဇော်ရာတွင် မိမိအပြစ်များမှလွတ် မြောက်ခြင်းခံရသည်ဟုသတိမရလျှင်သော်လည်းကောင်း၊ မည်သည့်အ ပြစ်သားမဆို ဘုရားသခင်၏ရှေ့တော်၌ မချဥ်းကပ်နိုင်ကြပေ။ဤယုံကြည် ချက်သည် ဘုရားသခင်ရှေ့တော်သို့သွား နိုင်သည့်လမ်းဖြစ်သည်။ တစ်ချိန် တည်းမှာပင်ကျွန်ုပ်တို့၏အပြစ်ဆေးကြောခြင်းကောင်းကြီးမင်္ဂလာရှိရာနှင့် အပြစ်ဒဏ်စီရင်ခြင်းခံရသည့်နေရာသို့ပို့ ဆောင်ပေးသည့်နေရာ (အပြစ်အ တွက်အသေခံခြင်း)ဖြစ်သည်။ 
ဣသရေလလူမျိုးတို့သည်အပြစ်ဖြေရာယဇ်ကိုယူဆောင်လာသည့် အခါ ရှေးဦးစွာ ယဇ်ကောင်ခေါင်းအပေါ်သို့ လက်တင်ခြင်းဖြင့် အပြစ်ကို လွှဲပြောင်းပေးရသည်။ ထိုနောက်ယဇ်ကောင်ကိုသတ်၍အသွေးများကိုယဇ် ပလ္လင်ပေါ်သို့ယူဆောင်ပြီးနောက် ကျန်သေးသောအသွေးအားလုံးကို ပလ္လင် ခြေရင်း၌ သွန်းလောင်းသည်။ မီးရှို့ရာယဇ် ပလ္လင်၏ကြမ်းပြင်သည်မြေကြီး ဖြစ်သည်။မြေကြီးသည်လူသားများ၏စိတ်နှလုံးကို ရည်ညွှန်းလိုခြင်းဖြစ် သည်။ ၎င်း၏ပြောဆိုချက်အရ ကယ်တင်ခြင်းပညတ်ချက်နှင့်အညီ သူတို့ ကိုယ်စားအသေခံ၍အပြစ်ကိုခံယူသွားသည့်ယဇ်ကောင်ကို စိတ်နှလုံးထဲ တွင် ယုံကြည်ခြင်းဖြင့်အပြစ်သားများသည်  အပြစ်များမှလွှတ်မြောက်ခြင်း ခံရသည်။ မီးရှို့ရာယဇ်မှဦးချိုက ပြောသည်မှာ ဝိညာဥ်ရေးရာတရားစီရင် ခြင်းစာအုပ်ထဲတွင်မှတ်ထားသောအပြစ်များအားလုံးကိုဖော်ပြထားသည်။ 
ဓမ္မဟောင်းကာလအပြစ်သားများသည် မီးရှို့ရာယဇ်ကောင်၏ ဦး ခေါင်းပေါ်သို့ လက်တင်၍အပြစ်ကို လွှဲပြောင်းပေးခြင်းအားဖြင့်အပြစ်လွှတ် ခြင်းခံရကြသည်။  ဤယဇ်ကောင်၏အသွေးကိုသွန်းလောင်း၍ မီးရှို့ရာယဇ် ပလ္လင်ပေါ်တွင်ယူဆောင်လာခဲ့သည်။ အကယ်၍ လက်တင်ခြင်းနှင့်အသေ ခံခြင်း၊ မီးရှို့ရာယဇ်လောင်ကျွမ်းခြင်းမရှိခဲ့လျှင် သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တော်သို့ တိုးဝင်ချဥ်းကပ်လာနိုင်ကြမည်မဟုတ်ပေ။ သူတို့သည် သန့်ရှင်းတော်မူသောဘုရားသခင်ရှေ့တော်မှောက်၌ ရောက်ရှိလာနိုင်ကြ မည်ဟုတ်ပေ။အကျဉ်းချုပ်အားဖြင့်ဆိုလျှင်ဘုရားသခင်၏ရှေ့တော်မှောက် သို့ဤယဇ်ပူဇော်သည့်နည်းစနစ်လမ်းစဉ်သမ္မာတရားမှလွဲ၍ အခြားမရှိပေ။
ထိုနည်းတူစွာ ယေရှုခရစ်၏ ဗတ္တိဇံခံယူခြင်း၊ အသေခံခြင်း၊ ကိုယ် စားပြုယဇ်အပူဇော်ခံရခြင်းတို့ကို မယုံကြည်ဘဲ၊အပြစ်ဆေးကြောခြင်းခံယူ နိုင်သည့်နည်းလမ်း၊ ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်နိုင်သည့် နည်းလမ်းမရှိပေ။ဣသရေလလူမျိုးတို့သည်မည်မျှပင်ကောင်းမွန်ပြည့်စုံပြီး အပြစ်အနာအသာကင်းသောသိုးကို ယူလာ၍ ယဇ်ပုရောဟိတ်များကို ပေး စေကာမူ၊သူတို့သည် ၎င်း၏ဦးခေါင်းအပေါ်လက်တင်ခြင်းမရှိ၊ အသွေးသွန်း လောင်းခြင်းမရှိ၊ အသေခံခြင်းမရှိလျှင် သူတို့လုပ်ဆောင်ချက်အားလုံးသည် အကျိုးမရှိအချည်းနှီးသက်သက်သာဖြစ်သည်။ 
ကျွန်ုပ်တို့ယုံကြည်မှုနှင့်ပတ်သက်၍ယောဟန်ထံမှ ယေရှု၏ဗတ္တိဇံ ခံယူတော်မူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူလျက်အပြစ်ယူဆောင်တော်မူခြင်းတို့ကိုမယုံကြည်ဘဲနေပါက ပြည့် စုံသောအပြစ်ဖြေလွှတ်ခြင်းခံရကြသည်ဟု မဆိုနိုင်ပေ။ယေရှု၏ ဗတ္တိဇံခံယူ‌ တော်မူခြင်း၊ လက်ဝါးကပ်တိုင် ပေါ်တွင်အသေခံတော်မူခြင်းသည် ခမည်း တော်ဘုရားနှင့်အပြစ်သားများ အကြေားပြန်လည်သင့်မြတ်မှုဖြစ်စေသည်။ ထိုကြောင့် အပြစ်သားများသည် မိမိဒုစရိုက်အပြစ်များမှ လွှတ်မြောက်ခြင်း ခံရကြခြင်း ဖြစ်သည်။ 
မီးရှို့ရာယဇ်ပလ္လင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်ကိုယ်တိုင် ကောင်းကင်ဘုံမှစီစဉ်တော်မူသည့်ကယ်တင်ခြင်းစီမံကိန်း၏ပုံစံဖြစ်၍ ယေ ရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူခဲ့သည်။ မောရှေသည် သိနာတောင်ပေါ် တွင် ဘုရားသခင်ဖေါ်ပြသည့်ပုံစံအတိုင်း ကယ်တင်ခြင်းစီမံကိန်းနှင့်အညီ တဲတော်ကိုဆောက်လုပ်ခဲ့သည်။ ကျွန်ုပ်တို့သည် ကျမ်းစာကိုကြည့်သော်  ဤညွှန်ကြားချက်ကိုထပ်ခါတလဲလဲ တွေ့ရလိမ့်မည်။ ထွက်၂၅း၄၀တွင် “တောင်ပေါ်မှာသင့်အားပြခဲ့ပြီးသောပုံနှင့်ညီ လျော်စွာလုပ်ခြင်းငှာ သတိပြု ရမည်”ဟုဖော်ပြထားသည်။ 
လူတို့သည်လက်ဝါးကပ်တိုင်ကိုပြုလုပ်၍သခင်ယေရှုကို  ဆွဲချိတ် ကာသတ်ခဲ့ကြသော်လည်း ဤအရာကလွှဲ၍သူတို့သည်အခြားမည်သည့်အ မှုအရာတစ်စုံတစ်ရာကိုမျှမပြုနိုင်ကြတော့ပေ။သူတို့သည် သခင်ယေရှုကို ကြိုးဖြင့် လက်နှစ်ဖက်ကိုတုတ်၍ကရနီတောင်ကုန်းသို့ခေါ် ဆောင်သွားခဲ့ ကြသည်။ဘုရားသခင်၏ရှေ့တော်မှောက်တွင် မည်သည့်အမှုကို ပြုကြမှန်း မသိဘဲ သူတို့သည်ကိုယ်တော့်ကိုလက်ဝါးကပ်တိုင်ပေါ်တွင်တင် ထားခဲ့ကြ သည်။ဘုရားသခင်၏ရှေးမဆွကတည်းက အကြံအစည်တော်မြတ်ပြည့်စုံ စေရန်အတွက် အပြစ်သားများသည် ဤအထိကိုသာလုပ်‌ဆောင်နိုင်ကြ ခြင်းဖြစ်သည်။သို့သော်ယေရှုခရစ်သည်ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းအား ဖြင့်လောကသားအားလုံး၏အပြစ်များယူဆောင်သွားတော်မူခဲ့သည်။ လက် ဝါးကပ်တိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းကာ အသေခံခြင်းအားဖြင့် ထာဝရလုံလောက်သောယဇ်ပူဇော်ခြင်းကိုတစ်ကြိမ်တည်းပြုလုပ်ပေးတော် မူခဲ့သည်။ 
ထိုနည်းတူ၊  လက်ဝါးကပ်တိုင်ပေါ်တွင် သခင်ယေရှုခရစ်အသေ မခံမီယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းသည် ကယ်တင်ခြင်းအတွက်မရှိမဖြစ် လိုအပ်၍အလွန်အရေးကြီးသောအရာတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင် သည်ဖန်ဆင်းခြင်းမတိုင်မီ မိမိချမှတ်ထားခဲ့သည့်အတိုင်း အပြစ်များကို ယူဆောင်သွားတော်မူ၍အပြစ်စီရင်ခြင်းခံတော်မူခဲ့သည်။ ယောဟန် ၃တွင် ယေရှုသည် နိကောဒင်အား ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ဟော ပြောတော်မူခဲ့သည်။ထိုကြောင့်ယေရှု၏ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင် တို့သည် သခင်ယေရှုခရစ်တော်မကြွလာမီအချိန်ကတည်းက ဘုရားသခင် ကြိုတင်ပြင်ဆင်ဆုံးဖြတ်တော်မူခဲ့သောအကြံအစည်တော်မြတ်ဖြစ်သည်။
ယောဟန် ၃း၁၆တွင် “ဘုရားသခင်၏ သားတော်ကိုယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကို ရစေခြင်း ငှါဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူသည် တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏”ဟု သခင်ယေရှုကိုယ်တော် တိုင်ဖော်ပြထားသည်။ယေရှု၏ဗတ္တိဇံခံယူခြင်းအကြောင်းကို ရှင်ပေတရုက “ထိုသို့သောဥပမာတိုင်း၊ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူ သောအားဖြင့် ငါတို့ကို ကယ် တင်တတ်၏”(၁ပေ ၃း၂၁)ဟုဖော်ပြခဲ့သည်။ “ဘုရားသခင်ပြဌာန်းတော်မူသောအလိုတော်အားဖြင့်၎င်း၊ အနာဂသံတ ဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံ ခြင်းကိုခံသောထိုယေရှုကိုသင်တို့သည်ဖမ်း ဆီး၍မတရားသော သူတို့လက်ဖြင့်လက်ဝါးကပ်တိုင်ပေါ်၌ ရိုက်၍ကွက် မျက်ကြပြီ”(တမန်၂း၂၃)။
ယေရှု၏ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းခြင်းတို့အားဖြင့် အနန္တတန်ခိုးရှင်၏ရည်ရွယ်ချက်နှင့်စီမံကိန်း ကို ပြည့်စုံစေခဲ့သည်။ ထိုနည်းတူစွာ ဤသမ္မာတရားကို စိတ်ထဲတွင် ယုံ ကြည်လက်ခံခြင်းမရှိလျှင် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရောက်နိုင်ကြ မည်မဟုတ်ပေ။ဘုရားသခင်တောင်းဆိုသည့်ယုံကြည်ခြင်းကို နားလည်သ ဘောပေါက်လက်မိမိရရပိုင်ဆိုင်ရမည် ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကိုခံယူသောယုံကြည်ခြင်းမရှိလျှင် မည်သူမျှကယ်တင်ခြင်းမ ရနိုင်ပေ။သခင်ယေရှုသည် ယောဟန်ထံမှဗတ္တိဇံခံယူခြင်း၊အပြစ်သားများ လက်သို့ကိုယ်ကိုကိုယ်အပ်နှံခြင်း၊လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းခြင်းခံရရန်ဆုံးဖြတ်ချက်ပြုတော်မမူခဲ့လျှင် အပြစ်သားများ သည် ကိုယ်တော့်ကိုကားစင်တင်သတ်နိုင်မည်မဟုတ်ကြပေ။ သခင်ယေရှု ကိုအခြားသူများက ရာရနီတောင်ကုန်းပေါ်သို့ဒရွတ်တိုက်ဆွဲချိတ်ခြင်းမ ဟုတ်ပေ။ သို့သော် သခင်ယေရှုသည် နှစ်ခြင်းခံယူတော်မူခြင်းအားဖြင့်လူ သားအားလုံးတို့၏အပြစ်များကို မိမိဆန္ဒအလျောက်ယူဆောင်သွားတော်မူ ခဲ့သည်။ ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်သားများကို မိမိအပြစ်အားလုံးမှကယ်တင်တော်မူခဲ့သည်။ 
ယေရှုယ ၅၃း၇ တွင် “ထိုသူသည် ညှင်းဆဲခြင်းနှင့်နှိမ့်ချခြင်းခံ၍ နှုတ်ကိုမဖွင့်ဘဲ နေ၏။ အသေသတ်ခြင်းငှါဆောင် သွားသော သိုးသငယ်ကဲ့ သို့ သူကိုဆောင်သွား၍ သိုးသည်အမွေးညှပ်သော သူရှေ့များမမြည်ဘဲနေ သကဲ့သို့ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏”ဟုဖော်ပြထားသည်။ ထို့ကြောင့် သခင်ယေရှုခရစ်သည် ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံ တော်မူခြင်းတို့သည်မိမိရွေးချယ်မှုပင်ဖြစ်သည်။ ထိုအရာများအားဖြင့်ကိုယ် တော်၏ဗတ္တိဇံယူခြင်းနှင့်ကားတိုင်ပေါ်တွင်သွန်းလောင််းသောအသွေးတော် ကိုယုံကြည်ခြင်းအားဖြင့် ကယ်တော်တော်မူခဲ့ပြီး ဖြစ်သည်။ သခင်ယေရှု လုပ်ဆောင်တော်မူချက်တို့ကိုအခြေပြုလျက် ဟေဗြဲသြဝါဒစာရေးသားသူ က“ထိုသို့ပူဇော်၍ ကပ်ကလအဆုံး၌ တစ်ခါတည်းကိုယ်ကို ပူဇော်သော အားဖြင့် အပြစ်များကိုသုတ်သင်ပယ်ရှင်းခြင်းငှာပေါ်ထွန်းတော်မူ၏” (ဟေ ဗြဲ ၉း၂၃)ဟုရေးသားထားသည်။ 
မီးရှို့ရာယဇ်ပလ္လင်သည် ယေရှု၏ ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံခြင်းတို့၏အရိပ်အယောင်ကိုပြသသည်။ ကျွန်ုပ်တို့ သည်ကောင်းကင်နိုင်ငံတော်နှင့်စပ်ဆိုင်သောဝိညာဥ်ဆုကျေးဇူးကို အတပ် အမှန်သက်သေခံနိုင်ကြခြင်းဖြစ်သည်။မီးရှို့ရာယဇ်ပလ္လင်တွင် အသေခံ၍ ယဇ်ပူဇော်ခြင်းသည် လူတိုင်း၏အပြစ်အတွက် ယေရှုခရစ်ဗတ္တိဇံခံယူခြင်း၊ အသေခံခြင်းတို့ကို ရည်ညွှန်းထားသည်။အခြားအရာကိုမရည်ညွှန်းပေ။ ဓမ္မ ဟောင်းခေတ်ကာလတွင်အပြစ်သားများသည်မိမိလက်များကို ယဇ်ကောင် များ၏ဦးခေါင်းပေါ်သို့တင်၍အသေသက်ခြင်းဖြင့် မိမိဒုစရိုက်များအတွက် ယဇ်ပူဇော်ခြင်းအမှုပြုခဲ့ကြသည်။ထိုနည်းတူ ဓမ္မသစ်ကာလတွင် ဘုရားသ ခင်၏သားတော်သည် ကာရနီတောင်ကုန်းပေါ်တွင်ရက်စက်သောသူများ လက်ဖြင့်အသတ်မခံမီ ယောဟန်အားဖြင့်ဗတ္တိဇံခံယူတော်မူချက်လောက အပြစ်များအားလုံးကိုယူဆောင်သွားတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေ ရှုသည် ကားတိုင်စင်ခံတော်မူလျက်အသွေးတော်သွန်းလောင်းကာအသေခံ တော်မူခြင်းဖြစ်သည်။ 
ထိုသို့ပင် ဘုရားသခင်သည် မိမိသားတော်ကိုသတ်သူလူသတ်သ မားများနှင့်မိမိအကြားငြိမ်သက်ခြင်းဖြစ်စေနိုင်ရန်အတွက် သခင်ယေရှုကို လူဆိုးများလက်ဖြင့်အသတ်ခံရန် ကြိုတင်ပြင်ဆင်ပေးတော်မူခဲ့ပြီးဖြစ် သည်။ ဘုရားသခင်သည် လက်တင်ခြင်းနှင့်အသေခံခြင်းအားဖြင့်ကယ် တင်ခြင်းပညတ်တော်ကိုစီရင်တော်မူခဲ့သည်။ ဤပညတ်တော်အတိုင်း ဘု ရားသခင်သည် ဣသရေလလူမျိုးများအားယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်  လွှတ်ငြိမ်းချမ်းသာခြင်းအခွင့်ပေးတော်မူခဲ့သည်။ 
တစ်နည်းအားဖြင့်အပြစ်သားများကိုကယ်တင်ဖို့ရန် ဘုရားသခင် ကိုယ်တိုင်မိဿဟာယယဇ်ပူဇော်ခြင်းဖြစ်တော်မူခဲ့သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသည်မည်မျှအထိနက်ရှိုင်း၊ပြည့်စုံ၊ဖြောင့်မတ်သနည်း။ဘုရား သခင်၏ညဏ်ပညာနှင့်သမ္မာတရားသည်အလွန်အံ့ဩဖွယ်ကောင်းပြီး နက် ရှိုင်းလျက်ရှိသည်။ မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင်လက်ကိုတင်၍ အသွေးသွန်း လောင်းခြင်းနှင့်လုပ်ဆောင်မှုများအားဖြင့် ပြင်ဆင်ပေးသောကယ်တင်ခြင်း ကိုမည်သူကစဥ်းစားနိုင်မည်နည်း။ ရှင်ပေါလုကဲ့သို့ပင် ကျွန်ုပ်တို့အကောင်း ဆုံးလုပ်နိုင်သောအမှုသည်အံ့ဩခြင်းသာဖြစ်သည်။ “ဘုရားသခင်၏ပညာ နှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက် တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာ သော်လည်း၊ မတွေ့မမှီနိုင်” (ရောမ ၁၁း၃၃)။ ရေ၊သွေးနှင့်ဝိညာဉ်တော်သ တင်းကောင်းသည် အပြစ်သားများကိုဘုရားသခင်ပြည့်စုံစွာကယ်တင်ပေး ခဲ့တော်မူသောတစ်ခုတည်းသောသတင်းကောင်း ဖြစ်သည်။ 
 

မီးရှို့ရာပလ္လင်ပေါ်မှ သိုးချိုများ 
 
မီးရှို့ရာယဇ်ပလ္လင်
တဲတော်၏တန်တိုင်းတွင်ရှိသောမီးရှို့ရာယဇ်ပလ္လင်၏ ထောင့်လေး ဘက်တွင် ကြေးဝါဖြင့် ပြုလုပ်ထားသော ဦးချိုများကို တွဲချိတ်ထားသည်။ သမ္မာကျမ်းစာထဲတွင် ဤချိုများသည် အပြစ်တရားစီရင်ခြင်းကို ရည်ညွှန်း ဖေါ်ပြထားသည်(ယေရမိ ၁၇း၁၊ ဗျာ ၂၀း၁၁-၁၅)။ဤအရာကကားတိုင်၏ သတင်းကောင်းသည် သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံပေါ်တွင်အခြေ ပြုထားကြောင့် ထင်ရှားစေသည်။ ရှင်ပေါလုက ရောမ ၁း၁၆တွင် “ငါ သည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူ ကား ထိုတရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ယုံကြည် သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။”ဟုဖော်ပြထားသည်။ ၁ ကော ၁း၁၈တွင် “အကြောင်းမူကား ဆုံးရှုံး ခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရား သခင်၏ တန်ခိုးတော်ဖြစ်၏”ဟုဖော်ပြထားသည်။ 
ဤမီးရှို့ရာယဇ်ပလ္လင်ရှိ ချိုးများမှ ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့်ကယ်တင်ခြင်းသည်ကိုယ်တော်၏ဗတ္တိဇံခံယူခြင်း၊လက် ဝါးကပ်တိုင်ပေါ်တွင်အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ပြည့်စုံ စေတော်မူခဲ့ကြောင်းကွက်ကွက်ကွင်းကွင်း ထင်ရှားစေသည်။ 
 
 
မီးရှို့ရာယဇ်ပလ္လင်ထိပ်များ၌ထားသော ထမ်းပိုးနှစ်ခုများ
 
သဲကန္တရတောထဲတွင်တည်ဆောက်ထားသော တဲတော်အသုံးအ ဆောင်ပစ္စည်းများအားလုံးသည် အလွယ်တကူ ရွှေ့လျားနိုင်သည်။ ဤသို့ ပြုလုပ်ခြင်းအကြောင်းမှာ ဣသရေလလူမျိုးများသည် ခြေသလုံးဘဝဖြင့် တစ်နေရာမှအခြားတစ်နေရာသို့ ပြောင်းလဲနေသောဘဝဖြင့် ညီညွှတ်မှုရှိ ပေသည်။  သူတို့သည် ခါနာန်ပြည်၌အခြချနေထိုင်သည့်ချိန်အထိတိုင် အောင် သဲကန္တရတော၌ လည်ပတ်သွားလှည့်ရကြမည်ဖြစ်သည်။ သူတို့၏ ဘဝသည် ခရီးသွားဧည့်သည်များဖြစ်ကြသဖြင့် သဲကန္တာရတောကိုဖြတ် သန်းသွားရမည် ဖြစ်သည်။ ဘုရားသခင်သည် မီးရှို့ရာယဇ်ပလ္လင်အားဖြင့် ချိတ်ဆွဲနိုင်သောထမ်းပိုးနှစ်ခုကိုပြင်ဆင်ပေးတော်မူခဲ့သည်။ ဘုရားသခင် သည် ဣသရေလလူမျိုးများအား ရှေ့သို့ခြေလှမ်းတိုးရန်အတွက်မိန့်ပေးလို တော်မူသောအခါ ၄င်းတို့၏ယဇ်ပရောဟိတ်များသည် ထိုပလ္လင်ကိုအလွယ် တကူသယ်ဆောင်နိုင်ကြမည်ဖြစ်သည်။ 
ထွက်၂၇း၆-၇တွင် “ယဇ်ပလ္လင်ထမ်းစရာအကာရှ်သစ်သားထမ်းပိုး တို့ကိုပြုလုပ်၍ကြေးဝါနှင့်မွမ်းမံပြီးမှယဇ်ပလ္လင်ကို ထမ်းစရာဖို့တစ်ဖက် တစ်ချက်ကွင်းများ၌ လျှိုထားရမည်”ဟုဖော်ပြထားသည်။  မီးရှို့ရာ ကြေးဝါ ယဇ်ပလ္လင်၏ ဘေးတစ်ဖက်တချက်စီတွင် လျှိုစရာဖို့တွင်းလေးကွင်းကို ပြု လုပ်ထားပြီးထိုကွင်းများကိုလျှို၍ထမ်းစရာထမ်းပိုး နှစ်ချောင်းဖြင့်လျှိုထား ကာ ဣသလရေလလူမျိုးများရွှေ့ပြောင်းရမည့်နေရာသို့ လေဝိလူမျိုးများ သည် ပခုံးဖြင့်ယဇ်ပလ္လင်ကို ထမ်း၍သယ်ဆောင်သွားရကြသည်။မီးရှို့ရာ ယဇ်ပလ္လင်သည်ယေရှု၏ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တို့ကိုပေါ်လွင် ထင်ရှားစေသည်။ထိုသို့ပင် လေဝိအမျိုးသားများသည် ထမ်းပိုးနှစ်ချောင်း ဖြင့်မီးရှို့ရာယဇ်ပလ္လင်ကိုထမ်း၍သဲကန္တာရထဲသို့သယ်ဆောင်သွားခြင်းသည့်အတိုင်း ဗတ္တိဇံနှင့်လက်ဝါးကပ်တိုင်သတင်းကောင်းသည် မိမိအစေခံအား ဖြင့် ဤလောက၌ပျောက်ဆုံးသူအားလုံးကို ကယ်တင်ပေးနိုင်သောသတင်း ကောင်းဖြစ်သည်။ 
ဣသရေလလူမျိုးများသည်မီးရှို့ရာယဇ်ပလ္လင်ကိုထမ်းပိုးနှစ်ချောင်းဖြင့်လျှို၍ထမ်းကာလှည့်လည်မသွားလာမီစဉ်းစားရမည့်အချက်ရပ်နှစ်ချက်ရှိသည်။ ထိုနည်းတူရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားတွင်လည်း အပိုင်း နှစ်ပိုင်းရှိပါသည်။ပထမအပိုင်းသည် ယောဟန်ထံမှ ယေရှုဗတ္တိဇံခံယူခြင်း နှင့်အခြားတစ်ခုမှာလက်ဝါးကပ်တိုင်ပေါ်တွင်သခင်ယေရှုခရစ်အပြစ်ဒဏ်စီရင်ခံရခြင်းဟူ၍ဖြစ်သည်။ထိုအပိုင်းနှစ်ပိုင်းစုပေါင်းလိုက်မည်ဆိုလျှင်အပြစ်ဆေးကြောခြင်းဆိုင်ရာ ကယ်တင်ခြင်းသည် ပြီးပြည့်စုံမှုရှိလာပါသည်။ မီး ရှို့ရာယဇ်ပလ္လင်သည် ထမ်းပိုးနှစ်ချောင်းရှိသည်။ ထမ်းပိုးနှစ်ချောင်းဖြင့် မ ဟုတ်ဘဲထမ်းတစ်ချောင်းတည်းဖြင့် အကယ်၍ ထမ်းမည်ဆိုလျှင်ပလ္လင် သည် ဟန်ချက်မညီဖြစ်လာပြီး ထမ်း၍ရနိုင်မည်မဟုတ်ပေ။
ထိုနည်းတူ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားသည်လည်း အ ပိုင်းနှစ်ပိုင်းအားဖြင့်ဖွဲ့စည်းထားသည်။ထိုအပိုင်းနှစ်ပိုင်းမှာ ယောဟန်ထံမှ သခင်ယေရှုခရစ်ဗတ္တိဇံခံယူတော်မူခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်တွင်အ သွေးတော်သွန်းလောင်းတော်မူခြင်းတို့ဖြစ်သည်။တစ်နည်းအားဖြင့်ဗတ္တိဇံခံ ယူခြင်းနှင့်လက်ဝါး ကပ်တိုင်ပေါ်တွင် အသေခံခြင်းသည် အပြန်အလှန်အ ကျိုးပြုကြသည်။ အစိတ်အပိုင်းနှစ်ပိုင်းဖြစ်၍ ဖြောင့်မတ်သောသမ္မာတရား အတူတကွပြဌာန်းမှုဖြစ်သည်။ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်သည် အပြစ် သားများ၏အပြစ်ကိုဆေးကြောပေးသည်။ဤအပိုင်းနှစ်ပိုင်း(ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံခြင်း)၊အကယ်၍ တစ်ပိုင်း ကိုချန်လှပ်ထားမည်ဆိုလျှင်တစ်ပိုင်းလည်းအချည်းနှီးဖြစ်ပါလိမ့်မည်။ယေ ရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်သွန်းလောင်းခြင်းမပါဘဲကယ်တင်ခြင်း မရှိနိုင်ပေ။ 
သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းသည်လည်း အလွန်အရေးကြီး သည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမပါဘဲ အသေခံခြင်းသည် အ ချည်းနှီးဖြစ်၍မည်သည့်အကျိုးရလဒ်မပြနိုင်ပေ။ယေရှုခရစ်၏အသေခံခြင်း တစ်ခုတည်းကိုသာသင်သည် ယုံကြည်သောသူများကို ကိုယ်တော်ကယ် တင်တော်မူမည်မဟုတ်ပေ။မိမိကိုယ်တိုင်လည်းကယ်တင်မည်မဟုတ်ပေ။သို့သော်ခရစ်တော်၏ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင် တွင်အသွေးတော် သွန်းလောင်း၍အသေခံခြင်းနှင့်သေခြင်းတရားကို အောင်မြင်ခြင်းတို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်၍ ဘုရားသခင်ထံ‌တော်သို့ ချဥ်းကပ်သောသူများ၏စစ်မှန်သောကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်။ကိုယ် တော်သည်သူတို့အတွက် ထာ၀ရကယ်တင်သောအရှင်နှင့်ကွယ်ကာသော အရှင်ဖြစ်တော်မူသည်။ 
သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းမပါဘဲအသေခံခြင်းကြောင်း ကိုသာ ဖြန့်ဝေခြင်းသည် ဆန့်ကျင်ဘက်ပြုခြင်းနှင့်လှည့်စားခြင်းသက် သက်ဖြစ်သည်။ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမပါဘဲ လက်ဝါးကပ်တိုင် သည်ဘုရားသခင်၏ဆုံးရှုံးခြင်းသာဖြစ်လိမ့်မည်။ထိုသို့ဖြစ်လျှင် သခင်ယေ ရှုသည် ရာဇဝတ်တစ်ဦးအဖြစ်သာ အသေခံသောသူဖြစ်လိမ့်မည်။ ထို့ပြင် ဘုရားသခင်သည်လည်းလိမ်ညှာသောဘုရားဖြစ်စေပြီး နှုတ်ကပတ်တော် သမ္မာကျမ်းစာကိုလည်း ပြောင်လှောင်စရာတစ်ခု ဖြစ်စေလိမ့်မည်။ ခရစ် တော်သည် ယောဟန်ထံမှဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေ ခံခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ကိုယ်တော့်ကိုယုံကြည် သူများအတွက် စစ်မှန်သောကယ်တင်ရှင်ဖြစ်‌တော်မူသည်။ 
ပြည့်၀သော ဧဝံဂေလိတရားမှ သခင်ယေရှု၏ဗတ္တိဇံကို ချန်လှပ် ထားသောသတင်းကောင်းကို ယနေ့ခရစ်ယာန်များစွာတို့က အသုံးပြုနေဆဲ ဖြစ်သည်။ ထိုသို့ယုံကြည်မှုက ဘုရားကိုသစ္စာဖောက်ခြင်းဖြစ်သည်။လူများ စွာတို့ကိုလိမ်လည်၍သူတို့ဝိညာဥ်များကိုအပ္ပါယ်ငရဲသို့ပို့ဆောင်ပေးသည်။ ထိုသို့သောသတင်းကောင်းကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထာ၀ရ သမ္မာတရားကို လျစ်လျူရှုခြင်းနှင့်ငြင်းပယ်ခြင်းသာဖြစ်သည်။ မိစ္ဆာပရော ဖက်များသည်ခရစ်တော်၏လက်ဝါးကပ်တိုင်အကြောင်းကိုသာသွန်သင်ကြ သဖြင့် သူတို့သည် အခြားသောဘာသာတရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ ထိုကြောင့် သူတို့ယုံကြည်လိုက်လျှောက်သောသတင်းကောင်းမှ ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းအစစ်အမှန်နှင့်ကွာဟမှုရှိခြင်း ဖြစ်သည်။ 
ခရစ်ယာန်ကိုးကွယ်မှုဘာသာသည် တစ်ဆူတည်းသောဘုရားနှင့် အသက်ရှင်တော်မူသောခရစ်တော်ကိုယုံကြည်သောတစ်ခုတည်းသောဘာ သာတရားဖြစ်သည်။ သို့သော် ခရစ်ယာန်ဘာသာသည်အခြားသောဘာသာ တရားများထက်သာလွန်သည်ဟုခံယူသည်ဖြစ်စေ၊ သူတို့သည်စစ်မှန်သော သမ္မာတရားကိုကြွေးကြော်သည်ဟုပြောကြသော်လည်းရေနှင့်ဝိညာဥ်‌တော် သတင်းကောင်းကိုချန်လှပ်၍ တစ်ဆူတည်းသောဘုရားအကြောင်းကိုသာ ‌ဟောပြောနေပါက ထိုအရာသည် မေတ္တာနှင့်သမ္မာတရားနှင့်စပ်ဆိုင်သော ယုံကြည်မှုမဟုတ်ပေ။ သို့သော် လောဘတန်သောယုံကြည်မှုနှင့်တရား ဟောပြောခြင်းသာ ဖြစ်သည်။ 
 

မီးရှို့ရာယဇ်ပလ္လင်တည်ရှိသောနေရာ
 
မီးရှို့ရာယဇ်ပလ္လင်တည်ရှိသောနေရာတည်းဟူသော တဲတော်၏ တန်တိုင်းတော်နေရာ အကြောင်းကို တစ်ဖန်စဉ်းစားကြပါစို့။ တဲတော်တွင် အသုံးပြုသည့် ပရိဘောဂများတွင် မီးရှို့ရာယဇ်ပလ္လင်သည် အကြီးဆုံးဖြစ် သည်။ ထိုနေရာသည် တဲတော်အတွင်းအသုံးပြုသောတန်ဆာပလာများမှ ပထမဆုံးနေရာလည်း ဖြစ်သည်။ ယဇ်ပရောဟိတ်များသည် ကိုးကွယ်ရန် သန့်ရှင်းသောနေရာသို့ဝင်ရောက်သောအခါ ထိုနေရာကိုဖြတ်သန်းရသည်။ မီးရှို့ရာယဇ်ပလ္လင်သည် ဘုရားသခင်အားယုံကြည်ခြင်းအ စပြုသည့်နေရာ ဖြစ်၍ သူ့ကိုချဉ်းကပ်သည့်အခါ ကိုယ်တော်၏အလိုတော်အတိုင်းလိုက် လျှောက်ရမည် ဖြစ်သည်။တစ်နည်းအားဖြင့် မီးရှို့ရာယဇ်ပလ္လင်သည်ယုံ ကြည်သူတို့၏အဖြစ်ပြဿနာများကို ဖြေရှင်းပေးသည့် သမ္မာတရားထင် ရှားစေသည့်နေရာဖြစ်ပြီး ယေရှု၏ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းနှင့်လက် ဝါးကပ်တိုင်ကိုလက်ခံယုံကြည်ခြင်းမရှိဘဲမည်သူမည်ဝါတစ်ဦးတစ်ယောက် မျှဘုရားသခင်ထံသို့မချဥ်းကပ်နိုင်ကြပေ။ 
အပြစ်မှကယ်တင်ပေးသောဘုရားသခင်၏သားတော်၏ဗတ္တိဇံခံယူခြင်းနှင့်အသေခံတော်မူခြင်းကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံ‌တော် သို့ချဥ်းကပ်နိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်သားတော်၏ဗတ္တိဇံခံယူခြင်း နှင့်အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ်မှကယ်တင်ခြင်းရ ရှိ၍အသစ်သောအသက်တာရရှိခံစားနိုင်သည်။အကြောင်းမှာရေနှင့်ဝိညာဉ် တော်သတင်းကောင်းသည် အလွန်အရေးပါအရာရောက်ခြင်း၊ အခြေခံကျ ခြင်း၊အလွန်ပြည့်စုံခြင်းရှိသဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် စဉ်ဆက်မ ပြတ်ထပ်ခါတလဲလဲ အာရုံပြုဆင်ခြင်စရာဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသ တင်းကောင်းကိုအသိအမှတ်ပြု၍ယုံကြည်ရမည်။ ကျွန်ုပ်တို့သည် အပ္ပါယ် ငရဲထဲသို့ကျသောသူများဖြစ်ကြသည်ကိုမိမိနှလုံးသားထဲမှာ ယုံကြည်ရမည် ဖြစ်သည်။ ထိုပြင် ယုံကြည်ရမည်မှာ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ၍အပြစ်များအားလုံးကိုယူဆောင်သွားတော်မူကြောင်းနှင့် ကားတိုင်ပေါ် တွင်အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ  အားလုံးအတွက် အပြစ်ကြွေးဆပ်ပေးတော်မူခြင်း ဖြစ်သည်။ 
မီးရှို့ရာယဇ်ပလ္လင်နှင့်အတူ တဲတော်တံခါးတိုင်၏ ခြေစွပ်များသည် ကြေးဝါနှင့်ပြုလုပ်ထားသဖြင့် ထိုအရာမှကျွန်ုပ်တို့သည်အပြစ်နှင့်စွန်းကွက် သောသူများဖြစ်၍ငရဲသို့ ပစ်ချခြင်းခံထိုက်သောသူများဖြစ်သည်ကို ထင် ရှားစေပါသည်။ ဘုရားသခင်၏ တရားစီရင်တော်မူချက်အရ “အပြစ်တရား ၏အခကားသေခြင်းပေတည်း”ဟုဖေါ်ပြထားသည်။ ထိုကြောင့် ကျွန်ုပ်တို့ အားလုံးသည် မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲထဲသို့ သွားထိုက်သူများဖြစ် ကြသည်။ 
ထိုကဲ့သို့ နိမ့်ကျလျက်ရှိသော ကျွန်ုပ်တို့အား ကယ်တင်ဖို့ရန်သော် ၎င်း၊ ငရဲသို့အမှန်အကန်ကျမည့်သူများအား ကျွန်ုပ်တို့၏အပြစ်တရားစီရင် ခြင်းမှ လွတ်မြောက်ဖို့ရန် သခင်ယေရှုသည် လူဇာတိအဖြစ်ခံယူကာ လော ကသို့ကြွလာပြီးလူသားများ၏အပြစ်အားလုံးကိုယူဆောင်ရန်ဗတ္တိဇံခံယူ၍လောကသားအားလုံး၏အပြစ်များကိုလက်ဝါးကပ်တိုင်သို့သယ်ဆောင်ကာ  အသွေးတော်သွန်းလောင်းတော်မူလျက်အပြစ်တရားအတွက် တရားစီရင် ခြင်းခံတော်မူခဲ့သည်။ဤသမ္မာတရားကိုယုံကြည်သောသူသာလျှင် ဘုရား သခင်၏စစ်မှန်သောအသင်းတော်ကို ဆက်သွယ်နိုင်ပြီး၊ ဘုရားသခင်၏  သားသမီးများဖြစ်လာနိုင်သည်။ တဲတော်တံခါး၏တိုင်များနှင့် ကာရံထား သည့်မျက်နှာပြင်များသည် ဤယုံကြည်ခြင်းကို ယုံကြည်သောသူများသာ လျှင် ဘုရားသခင်၏လူများဖြစ်နိုင်၍ ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက် နိုင်လိမ့်မည်ဟု ဖော်ပြထားသည်။ 
 


တဲတော်တံခါးမျက်နှာပြင်အရောင်လေးမျိုးအားဖြင့်ပေါ်လွင်ထင်ရှား ခဲ့သည့်သမ္မာတရားကို ကျွန်ုပ်တို့ယုံကြည်လက်ခံရမည်

ခြံဝင်းတံခါး
သခင်ယေရှုသည် လောကသို့ကြွလာ၍ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်အားဖြင့် အမှုတော်ဆောင်ရွက်ကာ ကျွန်ုပ်တို့ အားကယ်တင်ခဲ့သည်ကို သင်သည်ယုံကြည်ပါသလား။ ခရမ်းရောင်ဟူ သည်မှာ သခင်ယေရှုသည် ဘုရားဖြစ်တော်မူခြင်းကိုပြသသည်။ အပြာ ရောင်ဟူသည်မှာသခင်ယေရှုသည် လူဇာတိကိုခံယူချက်ဤလောကမှာ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များအားလုံးယူဆောင်သွားတော်မူ ခြင်းကိုပြသသည်။နီမောင်းသောအရောင်ဟူသည်မှာယေရှုခရစ်တော်သည်  အပြစ်အားလုံးကိုလက်ခံတော်မူ၍ မိမိကိုယ်ခန္ဓာအား ယဇ်ကောင်အဖြစ် အသေခံတော်မူခဲ့သည်။ ဗတ္တိဇံခံယူခြင်းနှင့်အသေခံခြင်းကို ယုံကြည်ခြင်း သည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသည်။ သခင်ယေရှုသည် သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ထိုသို့အားဖြင့် သင်နှင့်ကျွန်တော် တို့ကို ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သည်။ 
ဤသမ္မာတရားကို မှန်ကန်စွာယုံကြည်သောသူတို့သာလျှင် ဘုရား သခင်အသင်းတော်၏လုပ်ဆောင်ဖက်များဖြစ်နိုင်သည်။တဲတော်တံခါးတိုင် များသည်အမှုတော်ဆောင်များကိုရည်ညွှန်းသည်။ ဤနည်းလမ်းအားဖြင့် ယုံကြည်သောသူများသာလျှင် ဘုရားသခင်၏လူများဖြစ်နိုင်သည်ကို ထင် ရှားစေသည်။ ဤသို့သောသူများကို ဘုရားသခင်၏အမှုတော်ဆောင်များ နှင့်တိုင်များအဖြစ်ဘုရားသခင်အသုံးပြု‌တော်မူသည်။
အဖြူရောင်အထည်က ဘုရားသခင်၏လူများဖြစ်လာသောသူများ သည် ဖြောင့်မတ်သောသူများဖြစ်ကြသည်ဟု ဖော်ပြထားသည်။ သူတို့ သည်မိမိနှလုံးသားများထဲမှာအပြစ်လုံးဝကင်းစင်သောသူများဖြစ်ကြသည်။အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်သမ္မာတရားကို ယုံကြည် သောသူသည်အပြစ်ဆေးကြောခြင်းခံရ၍ ဖြောင့်မတ်သောသူများဖြစ်ကြ သည်။ကျွန်ုပ်တို့၏သခင်သည်လောကသို့ကြွလာ၍ ယောဟန်ထံမှ ဗတ္တိဇံခံ ၍လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းဖြင့်အပြစ်သား များကို ကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုသည် မိမိအသက်တော်ကို စတေးတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကိုကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ် တို့သည် ရေနှင့်အသွေးတော်အားဖြင့်ကြွလာတော်မူသောသခင်ယေရှုကို ယုံကြည်ရမည် ဖြစ်သည် (၁ယော ၅း၆)။
ခရမ်းရောင်ချည်သည်ယေရှု၏ ဘုရင့်တကာ့ဘုရင်ဖြစ်တော်မူခြင်း ကိုရည်ညွှန်းသည်။တစ်နည်းအားဖြင့် သခင်ယေရှုသည် အပြစ်အနာဆာ နှင့်ပြည့်စုံသောကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူကြောင်းနှင့် ဘုရား သ ခင်၏လူများဖြစ်စေတော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်သည်။ယ ခုဤသမ္မာတရားကို မိမိနှလုံးသားထဲယုံကြည်ခြင်းတစ်ခုတည်းသာလျှင် ကယ်တင်ခြင်းသို့ပို့ဆောင်ပေးသောယုံကြည်ခြင်း ဖြစ်သည်။ ထိုယုံကြည် ခြင်းအားဖြင့်ကျွန်ုပ်တို့သည်အပြစ်ကင်းစင်သောဖြောင့်မတ်သူများဖြစ် လာ နိုင်ကြသည်။ ဤယုံကြည်ခြင်းဆုကျေးဇူးပေးအပ်တော်မူသောဘုရား သ ခင်ကိုကျေးဇူးတင်ပါသည်။ဘုရားသခင်ကယုံကြည်ခြင်းဆုကျေးဇူးပေးအပ် တော်မူသဖြင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရရှိခြင်းဖြစ်သည်။ 
အမှန်အားဖြင့်ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြစ်လာသည့် ဤသမ္မာတ ရားသည် ဘုရားသခင်ထံမှလာသောဆုကျေးဇူးတစ်ခုပင်ဖြစ်သည်။ အပြစ် ထဲမှကျွန်ုပ်တို့အားကယ်တင်ခဲ့သောအရာသည်လည်းဘုရားသခင်၏ လက် ဆောင်ဖြစ်သည်။ ကျွန်ုပ်တို့မထိုက်တန်ခြင်းမရှိသော်လည်း သခင်ယေရှု သည်မိမိမြင့်မြတ်သောအသက်တော်ကိုစတေးတော်မူလျက် မိမိအပြစ်များ မှကယ်တင်တော်မူခဲ့သည်မဟုတ်လော။အကြောင်းမူကားယေရှုသည် ဗတ္တိ ဇံကိုခံ၍လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံကာသေခြင်းမှရှင်ပြန်ထမြောက် ခြင်းဖြင့်ကျွန်ုပ်တို့အားကယ်တင်ခြင်းဆုကျေးဇူးကိုပေးတော်မူခဲ့သည်။ ထို သို့အားဖြင့် ကယ်တင်ခြင်းဆုကျေးဇူးတော်ကိုပေးအပ်တော်မူခဲ့သည်။ ယခု တွင် ဤသတင်းကောင်းကိုယုံကြည်သောသူများအားလုံးတို့သည် ကယ် ခြင်းဆုကျေးဇူးကိုခံရ၍ဘုရားသခင်၏လူများဖြစ်လာနိုင်ကြသည်။ ကျွန်ုပ် တို့သည် ကောင်းမှုကုသိုလ်အားဖြင့်ကယ်တင်ခြင်းမရနိုင်ကြပေ။  အပြာ ရောင်ချည်၊ ခရမ်းရောင်၊အနီရောင်၊ အဖြူရောင်ချည်အားဖြင့်ကြွလာတော် မူသည့်ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်သာကယ်တင်ခြင်းရ ရှိနိုင်သည်။ ဤကယ်တင်ခြင်းသည်ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ဆုကျေးဇူးတော် ပင်ဖြစ်သည်။ 
သခင်ယေရှုကိုယုံကြည်ခြင်းသည် “ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲထဲ သို့သွားရမည့်သူများ”ဖြစ်သည်ဟုရှေးဦးစွာ ယူဆခြင်းအားဖြင့်စတင်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်ကျူးလွန်သောသူများဖြစ်ကြ ကြောင်းရှေးဦးစွာအသိအမှတ်ပြုဝန်ခံလျှင် သခင်ယေရှုသည် ကျွန်ုပ်တို့အ ပြစ်မျာအတွက် ဒုစရိုက်အပြစ်အတွက်ယဇ်ကောင်ဖြစ်လာတော်မူကြောင်း ယုံကြည်နိုင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ပြုလျက်ပင် ကယ်တင် ခြင်းရရှိနိုင်ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည်ကျွန်ုပ်တို့ကိုယ်စားအသေ ခံတော်မူလျက်ယဇ်ပူ‌ဇော်ပေးတော်မူခဲ့ပြီဖြစ်သောကြောင့်  ကယ်တင်ခြင်း ဆုကျေးဇူးတော်သည်ကျွန်ုပ်တို့လက်ခံရရှိနိုင်ကြခြင်းဖြစ်သည်။ကိုယ်တော့် ကိုယုံကြည်ခြင်းအားဖြင့်သာလျှင်ကယ်တင်ခြင်းရရှိခဲ့သလော။ ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်၏လူများဖြစ်လာခဲ့ကြသလော။ ဤသို့သောယုံ ကြည်ခြင်းမျိုးကိုကျွန်ုပ်တို့အမှန်ပိုင်ဆိုင်ကြသလော။ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့လုပ်ဆောင်ချက်မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သည် ဟု ကျွန်ုပ်တို့အမှန်ဝန်ခံကြသလော။ ဘုရားသခင်ပေးအပ်တော်မူသော ကယ်တင်ခြင်းဆုကျေးဇူးကို ယုံကြည်လက်ခံခြင်းမပြုမီကျွန်ုပ်တို့သည် ငရဲ သို့သွားမည့်သူများဖြစ်ကြကြောင်းဝန်ခံပါသလား။ဤအချက်များကို ကျွန်ုပ် တို့သည် နောင်တစ်ကြိမ်ဆင်ခြင် ဖို့လိုသေးသည်။ 
 


တဲတော်သည် ယေရှုကို အသေးစိတ်ပုံတူဖော်ပြခြင်း

 
တဲတော်ဖြင့်ပေါ်လွင်ထင်ရှားခဲ့သော သမ္မာတရားသည်မှားယွင်း သောပရောဖက်များ၏နှုတ်ကိုပိတ်စေနိုင်ခဲ့ပါသည်။ကျွန်ုပ်တို့သည်တဲတော် နှုတ်ကပါတ်တော်ကိုဖွင့်သည့်အခါထိုအကြောင်းကို သူတို့ရှေ့မှောက်တွင် ပြောဆိုသည့်အခါ သူတို့၏လှည့်ဖြားမှုအားလုံးသည်ပေါ်လွင်လာပါသည်။
တဲတော်တံခါးတိုင်အားလုံးကို ရွှေဖြင့်မွမ်းမံထားပါသည်။ ဤအရာ မှတဲတော်သည်မည်သည့်လူမျိုးတွင်ပင်မရှိကြောင်းပြသလျက်ရှိသည်။ တဲ တော်အတွင်းရှိအသုံးအဆောင်ပစ္စည်းအားလုံးကိုရွှေဖြင့်မွမ်းမံထားပါသည်။ တဲတော်တံခါး၏တိုင်များတွင် ရွှေဖြင့်မွမ်းမံထားသကဲ့သို့ ထိပ်အုပ်များကို လည်းရွှေဖြင့်ပြုလုပ်ထားသည်။သို့သော်တိုင်များ၏ခြေစွပ်ကိုမူ ကြေးဝါဖြင့် ပြုလုပ်ထားသည်။ဤအရာမှသင်နှင့်ကျွန်ုပ်သည် အပြစ်စွန်းကွက်၍ အပြစ် ရှိသဖြင့်ငရဲကျဖို့ ထိုက်တန်သူများဖြစ်ကြောင်း ဖေါ်ပြပါသည်။ ဤအချက် သည် မှန်ကန်မှုရှိသည်မဟုတ်လော။ ဤအကြောင်းအရာသည် သတိ ထား ရမည့်အချက်မဟုတ်လော။သင်၏နေ့စဉ်ကျူးလွန်သောအပြစ်များကြောင့် သင်သည်လည်းငရဲသို့အမှန်ကျထိုက်သောသူဟုသင်ယုံကြည်သလော။သင် ၏အပြစ်ကြောင့်သင်သည်ငရဲသို့ကျထိုက်သည်ဟုဆုံးဖြတ်ခြင်းမှာဘုရားသ ခင်၏တရားမျှတသောဆုံးဖြတ်ချက်ဖြစ်သည်။ဤတရားစီရင်ခြင်းကို သင် လက်ခံသလော။ လက်ခံရမည်။သင်သည် ဦးနှောက်ဖြင့်မလက်ခံဘဲလျက် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည် ဖြစ်သည်။ 
ကျမ်းစာထဲတွင်“ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါစိတ်နှလုံးဖြင့် ယုံ ကြည်ရမည်။ကယ်တင်ခြင်းသို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏”(ရောမ ၁၀း၁၀)ဟုဖော်ပြထားသည်။ကျွန်ုပ်တို့သည် ငရဲသို့ကျထိုက်သောသူများ အဖြစ် မိမိနှသားမှအသိအမှတ်ပြုလိုက်သည့်အခါ အပြာရောင်၊ခရမ်းရောင်၊ အနီရောင် နှင့်အဖြူရောင်ချည်များ၌ကိုယ်တော့်လုပ်ငန်းများအားဖြင့် ပြည့် စုံသောကယ်တင်ခြင်းဆုကျေးဇူးရရှိခြင်းအားဖြင့် သခင်ယေရှု၏ကယ်တင် ခြင်း သမ္မာတရားကိုကျွန်ုပ်တို့ယုံကြည်မှသာလျှင် သန့်ရှင်းသောနေရာသို့ ဝင် ရောက်၍နေထိုင်နိုင်ပါသည်။ကျွန်ုပ်တို့ထက်သာ၍မြင့်မြတ်သောသခင် ယေရှုသည်ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်း၍အသေခံတော်မူခြင်းအားဖြင့် အပြစ်များ ကို ယူဆောင်သွား‌တော်မူခဲ့သည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးကို ဆေးကြောတော်မူ၍ အပြစ်တရား၏တရားစီရင်ခြင်းမှကယ်တင် တော်မူခဲ့သည်။ ကျွန်ုပ်တို့အားအပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်၊ အ ဖြူရောင် ချည်ထည်ဖြင့်ကျွန်ုပ်တို့ကိုကယ်တင်တော်မူ၍ ဖြောင့်မတ်သော သူများ ဖြစ်စေတော်မူခဲ့သည်။  
ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ဤအကြောင်းကို အမှန်အ ကန်ယုံကြည်ရမည်။ဤသမ္မာတရားကို စိတ်နှလုံး အကြွင်းမဲ့ယုံကြည်သော သူများသာလျှင်ဘုရားသခင်၏လူများနှင့် အမှုတော်ဆောင်များဖြစ်လာနိုင် ကြသည်။ဤသမ္မာတရားကိုလက်ခံခြင်းတစ်ခုတည်းသာလျှင်လူ့ဥာဏ်အား ဖြင့်တီထွင်ထားသောသမ္မာတရားသည် စစ်မှန်သောသမ္မာတရားမဟုတ် ပေ။“အာမလေး၊တဲတော်မှာဒီလိုအဓိပ္ပါယ်ရှိရဲ့လား။ကျွန်ုပ်တို့အသင်းတော် မှာအပြာရောင်၊ခရမ်းရောင်၊အနီရောင်၊အဖြူရောင်ချည်အကြောင်းကိုကျွန်  တော်မကြာခဏကြားဖူးတယ်။ အနက်ဖွင့်တာကျရင်တော့ အဲဒီလိုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။”ဤအကြောင်းကိုယခုထိတိုင်အောင်သင့်အတွေး သည်သမ္မာတရားဖြစ်သည်ဟုသင်ယုံကြည်နေသေးလျှင် ယခုချိန်သည်သင့် အတွက် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုသင့်နှလုံးသား၌ယုံကြည်ရ မည်အချိန်ဖြစ်ပါသည်။ 
တဲတော်၏တံခါးတိုင်ခြေစွပ်များကို ကြေးဝါဖြင့်ပြုလုပ်ထားသည်။ သို့သော် ကြေးဝါခြေစွပ်များကို တဲတော်၏တံခါးတိုင်ငါးတိုင်အတွက်သာအ သုံးပြုထားသည်။ အသန့်ရှင်းဆုံးကုလားကာတိုင်းများမှာ ကြေးဝါခြေစွပ်မ ရှိပေ။ သို့သော် ဤတိုင်များ၏ခြေစွပ်များအားလုံးကို ငွေဖြင့်ပြုလုပ်ထားပါ သည်။ ကျမ်းစာထဲမှာ ငွေဟူသည်မှာ ဘုရားသခင်၏ဆုကျေးဇူးတော်အ ဖြစ်ဖော်ပြထားသည်။ ရွှေဟူသည်မှာ အတွင်းနှလုံးသား၌ခံယူသောစစ်မှန် သောယုံကြည်ခြင်းပင် ဖြစ်သည်။ တစ်ဘက်မှာ ကြေးဝါဟူသည်မှာ အပြစ် တရားစီရင်ခြင်းကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့သည် မိမိအပြစ်များအတွက် ဘုရားသခင်၏တရားစီရင်တော်မူခြင်းကိုခံစားရကြမည်လော။ ကျွန်ုပ်တို့ အားလုံးတို့သည် ဘုရားရှေ့မှောက်တော်နှင့်လူများရှေ့တွင် မိမိအပြစ်အနာ အဆာအတွက် တရားစီရင်ခြင်းခံရကြမည်ဖြစ်သည်။ မြော်လင့်ချက်ကင်းမဲ့ နေခြင်းလော။ သင်သည် တရားစီရင်ခြင်းခံရမည့်သူဖြစ်သည်ဟုကျွန်တော် မဆိုလိုပေ။ကျွန်တော်ကိုယ်တိုင်ကဘုရားရှေ့တော်မှောက်တွင် တရားစီရင် ခြင်းခံထိုက်သောသူဖြစ်သည်ဟု ကျွန်တော်ဝန်ခံခြင်းြဖစ်သည်။ ဤမေး ခွန်းကို သင်တစ်ယောက်တည်းသာမေးမြန်းခြင်းမဟုတ်ဘဲ မိမိကိုယ်ကို လည်းမေးမြန်းခြင်းသာ ဖြစ်သည်။ ကျွန်တော်သည် မိမိအပြစ်အနာအဆာ များအတွက် ဘုရားရှေ့တော်မှောက်၌ ဘုရားပညတ်တော်နှင့်အညီ ဘုရား သခင်၏တရားစီရင်တော်မူခြင်းကို ခံထိုက်သူဖြစ်ကြောင်းနှင့်မိမိအပြစ်များ ကြောင့်အပ္ပါယ်ငရဲသို့သွားရမည်သူဖြစ်ကြောင်း ကျွန်တော်အပြည့်အဝနား လည်သဘောပေါက်ခဲ့သည်။ 
ကျွန်တော်ကဲ့သို့လူဆိုးများအတွက် သခင်ယေရှုသည် ဤလောက သို့ကြွလာတော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် လူသားတစ်ဦးအဖြစ် လူ့ဇာတိကိုခံယူတော်မူခဲ့သည်။ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကားတိုင်ပေါ်တွင်အသေခံတော် မူခြင်းအားဖြင့် ကျွန်ုပ်အပြစ်များအားလုံးအတွက် တရားစီရင်ခြင်းခံတော်မူ ခဲ့သည်။ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ပြည့် စုံသောကယ်တင်ရှင်ဖြစ်လာသည်။ ဤအရာသည် ကျွန်ုပ်၏ယုံကြည်ချက် ဖြစ်သည်။ ကျွန်တော်ထိုသို့ယုံကြည်သောအခါ ရှေးမဆွကတည်းက ဘုရား သခင်ကြိုတင်ပြင်ဆင်‌တော်မူခဲ့သောကယ်တင်ခြင်းအကြောင်း အားလုံး ပြည့်စုံခဲ့သည်။ ဤအကြောင်းကို ကျွန်ုပ်နှလုံးသားအကြွင်းမဲ့ယုံကြည်လက် ခံသောအခါ ထိုအကြံအစည်တော်ကယ်တင်ခြင်းပြည့်စုံလာသည်။ 
သင်၏စိတ်နှလုံးသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဤသမ္မာ တ ရားကိုယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်အားဖြင့် ကမ္ဘာမတည်မရှိမီ ဘု ရား သခင်ပြင်ဆင်တော်မူသောကယ်တင်ခြင်းသည်သင့်နှလုံးသားထဲမှာ ပြည့်စုံ လာခြင်းဖြစ်သည်။ သင်၏စိတ်နှလုံးသားထဲတွင် ဘုရားသခင်၏အ ကြံအ စည်တော်ကိုယုံကြည်သောအခါဘုရားသခင်၏လူများအတွက်ကိုယ် တော့် အကြံအစည်တော်များကို ပြည့်စုံပါသည်။ စစ်မှန်သောကယ်တင်ခြင်းအ ကြောင်းကို သင့်နှလုံးသားထဲမှာယုံကြည်ခြင်းရှိလာသောအခါသင့်နှလုံး သားထဲ၌စစ်မှန်သောကယ်တင်ခြင်းရောက်ရှိလာပါသည်။ ကယ်တင်ခြင်း သည်ဇာတိအသွေးအခေါ်အားဖြင့်မရနိုင်ပေ။ကယ်တင်ခြင်းသည် ဓမ္မပညာ အတွေးအခေါ်သီဩလော်ဂျီခံယူချက်မှရောက်လာမည်မဟုတ်ပေ။သို့သော် သမ္မာတရားကို ယုံကြည်ခြင်းတစ်ခုတည်းမှသာရောက် လာနိုင်သည်။
 


ကမ္ဘာမတည်မရှိမီအချိန်ကတည်းက သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းအမှုကြိုတင်ပြင်ဆင်ခြင်း

 
ကယ်တင်ခြင်းသည် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့်ကျွန်ုပ်တို့ အားပေးအပ်တော်မူသောဆုကျေးဇူးတစ်ပါးဖြစ်သည်။ဤကယ်တင်ခြင်းတရားပြည့်စုံခဲ့သည်မှာ အနှစ် (၂၀၀၀) ပင်ကြာမြှင့်ခဲ့ပြီးဖြစ်သည်။ ဤကယ် တင်ခြင်းဆုကျေးဇူးနှင့်ကင်းကွာသူတစ်စုံတစ်‌ယောက်မျှမရှိပေ။အကြောင်း မှာ သခင်ယေရှုသည် လူသားအားလုံး၏အပြစ်များကိုဖယ်ထုတ်ပေးတော် မူရန်အတွက်ဘုရားသခင်၏ကယ်တင်ခြင်းအကြံအစည်တော်မြတ်ကို ပြည့် စုံစေတော်မူပြီးဖြစ်သည်။ ထိုကြောင့် ဤကယ်တင်ခြင်းခြင်းစိတ်နှလုံးသား ဖြင့်ယုံကြည်သောသူများအားလုံးဘုရားသခင်၏သားသမီးဖြစ်ရသောအခွင့် ရရှိကြသည်။ သူတို့၏အပြစ်များအားလုံးကို မိုးပွင့်ပမာဖြူစင်အောင်ဆေး ကြောတော်မူခဲ့သည်။သူတို့အားလုံးသည်အပြစ်လွှတ်ငြိမ်းချမ်းသာခွင့်အခမဲ့ ခံစားရရှိခဲ့ကြသည်။ 
သို့သော်လည်းအပြစ်ဆေးကြောခြင်းမခံရသေးသူ ကမ္ဘာပေါ်တွင် များစွာကျန်ရှိသေးသည်ကို တွေ့ရသည်။ ဤလူများသည် မည်သူများဖြစ် ကြသနည်း။ ဤသမ္မာတရားကိုသိသော်လည်း မယုံကြည်သောသူများ ဖြစ် ကြသည်။ သူတို့သည် ငရဲသို့ကျခံရမည့်သူများဖြစ်ကြောင်း စိတ်နှလုံးအ ကြွင်းမဲ့ဝန်ခံခြင်းမပြုသောသူများနှင့် ရေ၊အသွေးတော်နှင့်ဝိညာဉ်တော်သ တင်းကောင်းကို အသိအမှတ်မပြုသေးသောသူတို့အား သခင်ယေရှုသည် မည်သည့်အမှုကိုမျှပြုတော်မမူပေ။
မိမိတို့အပြစ်ကြောင့်တရားစီရင်ခြင်းခံရပြီးအပ္ပါယ်ငရဲသို့ပစ်ချခြင်း ခံထိုက်သောသူများအဖြစ်အသိအမှတ်ပြုကာမိမိအပြစ်ကိုသိရှိသောသူများ သာလျှင်ဘုရားသခင်၏ကယ်တင်ခြင်းခံရမည်ဖြစ်သည်။အပြာရောင်၊ခရမ်း ရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်များဖြင့်ကာရံဖုံးအုပ်ထားသော တဲတော်တံခါးဝင်ပေါက်တိုင်ငါးတိုင်တို့သည် မည်သည့်နေရာသို့ရောက်ရှိခဲ့ သနည်း။၄င်းတို့သည်ကြေးဝါခြေစွပ်အထိရောက်သွားခဲ့သည်။ သင်နှင့်ကျွန် တော်တို့သည်မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲထဲသို့ သွားရမည်ဖြစ်သည်။ ဤအချက်အလက်များကို လက်ခံနိုင်မှသာလျှင် ကယ်တင်ခြင်းရောက်ရှိ သည့်အဆင့်သို့ရောက်သွားလိမ့်မည်။“ဘုရားသခင်သည် လောကီသားတို့ ကို ချစ်တော်မူ၏”ဟု မိန့်တော်မူခဲ့ရာတွင် သင်နှင့်ကျွန်ုပ်အတွက် သခင် ယေရှုသည်ဤလောကသို့ကြွလာတော်မူ၍ယောဟန်မှ ဗတ္တိဇံကိုခံယူကာ   မိမိအသွေးတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်သွန်းလောင်း၍ ယဇ်ပူဇော် ခြင်းဖြင့်ကျွန်ုပ်တို့အားအပြစ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူခဲ့သည်။ 
ထိုသို့ပင် သင်နှင့်ကျွန်ုပ်သည် အတွင်းနှလုံးသားမှရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုအတပ်အမှန်ယုံကြည်ရမည်။ အနည်းဆုံးတစ်ကြိမ် ကျွန်ုပ်တို့၏အတွင်းနှလုံးသားမှ အသိအမှတ်ပြုရမည်မှာ “ကျွန်တော်ဟာ အပ္ပါယ်ငရဲသွားရမည့်သူဖြစ်ပေမဲ့ သခင်ယေရှုသည် ရေနှင့်ဝိညာဥ်တော် အားဖြင့် ကျွန်တော့်ကိုကယ်တင်တော်မူခဲ့တယ်" ဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့သည် စိတ်ထဲတွင် ကယ်တင်ခြင်းခံရပြီဟု ယုံကြည်ရမည်။ ရောမ ၁ဝး၁၀တွင်“ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏”ဟုဖော်ပြထားသည်။ 
ကျွန်ုပ်တို့သည် မိမိအတွင်းစိတ်နှလုံးသားတွင် မိမိကယ်တင်ခြင်း ကိုအမှန်ယုံကြည်၍ “သခင်ဘုရားသည် အပြာရောင်၊ ခရမ်းရောင်၊အနီ ရောင်နှင့်အဖြူရောင်ချည်ထားအားဖြင့်ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ပြီ။ ကျွန် တော်ဟာ အပြစ်ဒဏ်ခံရမည့်သူ၊  ငရဲသို့ကျထိုက်သူဖြစ်ပေမယ့် သခင်ဘု ရားဟာကျွန်တော့ကိုယ်စားအပြစ်များကို သယ်ဆောင်ကာကိုယ်စားပြုအ သေခံတော်မူခဲ့တယ်။ သခင်ယေရှုသည်ကျွန်တော့်ကို ပြည့်စုံစွာကယ်တင် တော်မူခဲ့တယ်။ ဘုရားသခင်သည် ကျွန်တော့်အား ကိုယ်တော့်သားသမီး ဖြစ်စေတော်မူခဲ့တယ်”ဟု မိမိနှုတ်ဖြင့်ဝန်ခံရမည်။ ဤနည်းလမ်းအားဖြင့် ကျွန်ုပ်တို့အတွင်းနှလုံးသားမှယုံကြည်ကာမိမိနှုတ်ဖြင့်ဝန်ခံရမည်။ သင်ယုံ ကြည်ပါသလား။
သင်သည် အပြာရောင်၊အနီရောင်၊ခရမ်းရောင်၊ အဖြူရောင်သမ္မာ တရားကိုယုံကြည်သူဖြစ်ပြီး (သို့) ဤနည်းလမ်းဖြင့် သခင်ယေရှုသည် သင့် ကိုကယ်တင်ပြီဟုယုံကြည်ပြီဖြစ်သော်လည်း မည်သည့်နည်းဖြင့်မဆို ငါ သည် ငရဲသို့ကျထိုက်သောသူဖြစ်ကြောင်း မိမိကိုယ်ကို မိမိအသိအမှတ် ပြုခြင်းမရှိဘဲ ဖြစ်နေသေးပါသလား။ သမ္မာကျမ်းစာက “အဘယ်ကြောင့် နည်းဟူမူကား၊လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ”(ရောမ၆း၂၃)ဟုဖော်ပြသည်။စစ်မှန်သောယုံကြည်ခြင်း  ဟူသည်မှာလူတိုင်းအပြစ်ရှိကြသောကြောင့်အပ္ပါယ်ငရဲထဲသို့သွားရမည်ဖြစ် ခြင်း၊ သခင်ယေရှုဤလောကသို့ကြွလာတော်မူခြင်း၊ ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ်တွင်အသေခံတော်မူခြင်း၊ သေခြင်းမှတဖန်ရှင်ပြန်ထ‌မြောက် တော်မူခြင်း၊ စသည်အားဖြင့် ကျွန်ုပ်တို့အား ပြည့်စုံသောဖြောင့်မတ်သူများ ဖြစ်စေသည်။ 
ဤကယ်တင်ခြင်းသည်မည်မျှအထိအံ့ဩဖွယ်ကောင်းသနည်း။ အံ့ ဩဖို့သက်သက်ဖြစ်မလား။ တဲတော်ကို ဖြစ်သလိုဆောက်၍မရဘဲ ဘုရား သခင်၏နှုတ်ကပတ်တော်ထဲတွင် အသေးစိတ်ဖေါ်ပြထားသည့်အတိုင်း ဆောက်လုပ်ရသည်။တဲတော်အားဖြင့် ဘုရားသခင်ကြိုတင်ဖွင့်ပြတော်မူ သည်မှာမိမိမြင့်မြတ်သောဘဝကိုပေးအပ်တော်မူခြင်းအားဖြင့်ကျွန်ုပ်တို့ ကို ကယ်တင်ခြင်းအကြောင်းဖြစ်သည်။  တဲတော်အားဖြင့်သူပြောပြခဲ့သည် မှာ ယေရှုသည်ဗတ္တိဇံခံယူခြင်း၊လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍မြင့် မြတ် သောကယ်တင်ခြင်း ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် ဤအ ကြောင်းကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ထားရမည်။ သင့်အတွက် ကယ် တင်ခြင်းကိုမည်သူပေးနိုင်မည်နည်း။ သင်ကဲ့သို့ လူ့ဇာတိကိုခံယူ၍ လော ကသို့ကြွလာခဲ့သော ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်သာလျှင်သင်သည် ကယ်တင်ခြင်းခံရနိုင်သည်။ 
အကယ်၍ သင့်ကိုယ်စားအခြားတစ်ယောက်သည် သင်၏အပြစ် ကိုသယ်ဆောင်၍တရားစီရင်ခြင်းခံရမည်ဆိုလျှင်သင်သည်အလွန်ပင်ကျေး ဇူးတင်မည်ဖြစ်သည်။ယခုမူကား၊သိန်းသန်းမကသာ၍ တန်ဖိုးကြီးမားသော ယဇ်ကိုကျွန်ုပ်တို့အတွက်ပူဇော်ပေးခဲ့သည့်သခင်ယေရှုအား မည်မျှလောက် ကျေးဇူးတင်သင့်ပါသနည်း။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အ ဖြူ ရောင်ချည်ထည်ဖြင့် သခင်ဘုရားပေးခဲ့သည့်အဖိုးတန်ကြီးမားသောကယ်  တင်ခြင်းဆုကျေးဇူးအားမည်မျှအထိကျေးဇူးတင်သင့်ပါသနည်း။မည်မျှတန် ဖိုးကြီးမားသနည်း။ကျွန်ုပ်တို့သည်အဘယ်ကြောင့်စိတ်ထဲတွင် မယုံကြည်  ဘဲနေနိုင်ကြမည်နည်း။
ဤအကြောင်းကြောင့် အပြစ်၏သဘောသဘာ၀ကို သဘော ပေါက်သောသူတိုင်းဤသမ္မာတရားကို ယုံကြည်ရမည်။ လူတစ်ယောက် သည်လွှဲရှောင်၍မရဘဲ ငရဲသို့အမှန်အကန်ကျမည်ဟုခံယူထားလျှင် ထိုသူ သည်ဤသမ္မာတရားကိုယုံကြည်ဖို့အရည်အချင်းပြည့်မှီ သောသူဖြစ်သည်။ ဘုရားသခင်၏တန်ဖိုးရှိသော ကယ်တင်ခြင်းကိုယုံကြည်ခြင်းဖြင့်လက်ခံရ မည်။ စိတ်နှလုံးထဲတွင် ဤသမ္မာတရားကို ယုံကြည်သောသူသည် ဘုရား သခင်အသင်းတော်၏အမှုတော်ဆောင်ဖြစ်နိုင်သည်။ 
သူတို့၏သေးငယ်သော အစွမ်းအစဖြင့် ဝါကြွားစရာအကြောင်းမရှိ ပေ။ကျွန်ုပ်တို့အစွမ်းအစများသည် ကမ္ဘာပေါ်တွင်ထင်ပေါ်ကျော်ကြားသော  သူများ၏အစွမ်းအစများနှင့်နှိုင်းယှဥ်ပါက ဘာမျှမဟုတ်ပေ။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် သန့်ရှင်း၍ပြည့်စုံတော်မူသောဘုရား၊ အနန္နတန်ခိုးရှင် ဘုရားသခင်၏ရှေ့တော်မှောက်တော်တွင် မည်သို့ဝါကြွားနိုင်ကြမည်နည်း။ ကိုယ်တော့်ရှေ့မှာ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သောအရာအားလုံးမှာ ကျွန်ုပ် တို့သည်မိမိအပြစ်တရားကြောင့် မလွှဲသာမရှောင်သာသေရမည့်သူများဖြစ် ကြသော်လည်း သခင်ယေရှုသည်ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်ဝန် ခံခြင်းပင် ဖြစ်သည်။ 
ကျမ်းစာက “အပြစ်တရား၏အခကားသေခြင်းပေတည်း။ ဘုရား သခင်ပေးတော်မူသောဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့် ထာဝရအသက်ပေတည်း”(ရောမ ၆း၂၃)ဟု ဖော်ပြထားသည်။ ကျွန်ုပ် တို့သည် မိမိအပြစ်အတွက် သေခြင်းအဖိုးအခပေးဆပ်ရမည် ဖြစ်သည်။ သို့ သော် ငရဲထဲသို့ဆင်းသွားရမည့်ကျွန်ုပ်တို့ကို သခင်ယေရှုသည်ကယ်တင် တော်မူသောကြောင့် ဤယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော် သို့ ယခုဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။ ဤယုံကြည်ခြင်းကိုစွန့်လွှတ်မည် ဆို ကပါကျွန်ုပ်တို့သည်အကြိမ်ပေါင်းတစ်ရာအပ္ပါယ်ငရဲထဲသို့သွားရောက် ရကြ မည်ဖြစ်သည်။မှန်ကန်သည်မဟုတ်ဘူးလား။ အလွန်မှန်ကန်သည်။  ကျွန်ုပ် တို့အားလုံးသည်အပ္ပါယ်ငရဲထဲသို့ပစ်ချခြင်းခံထိုက်သူများဖြစ်ကြသည်။ 
သို့သော် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံတော်မူသောကြီးမြတ်တော်မူ သည့်သခင်ယေရှုသည် ဤလောကသို့ကြွလာတော်မူ၍ဗတ္တိဇံခံတော်မူခဲ့ သည်။ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍တရားစီရင်ခြင်းခံ တော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခုတွင် အပ္ပါယ်ငရဲမှလွှတ် မြောက်ခြင်းခံရကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် မိမိအသက် ကိုပေးအပ်တော်မူပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းအ ခွင့်ရရှိကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ သခင်ယေရှုသည် ထာဝရ လုံလောက်သောပြစ်ကြွေးပေးဆပ်ခြင်းကို တစ်ကြိမ်တည်းပေးဆပ်ပေး တော်မူကြောင်းကိုလည်းကောင်း၊ ထိုသို့အားဖြင့် ကယ်တင်ခြင်းဆုကျေးဇူး ပေးအပ်တော်မူသည်ကိုလည်းကောင်း မယုံကြည်ဘဲမည်သို့နေနိုင်ကြမည် နည်း။ ဖြောင့်မတ်သောသူများဖြစ်လာနိုင်ရန် မည်သို့ငြင်းပယ်နိုင်ကြမည် နည်း။ဤအကြောင်းကိုသင်မည်သို့မယုံကြည်ဘဲနေနိုင်မည်နည်း။ တဲတော် တံခါးတိုင်းများသည် ရွှေဖြင့်မွမ်းမံသည့်အတိုင်း ကျွန်ုပ်တို့စိတ်နှလုံးသား များကိုလည်း ယုံကြည်ခြင်းဖြင့်မွှမ်းမံရစ်ပတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည်မိမိကိုယ်ကိုယုံကြည်ခြင်းဖြင့် ပြည့်စုံစွာလွှမ်းခြုံရမည် ဖြစ်သည်။နှလုံး သားအကြွင်းမဲ့ဖြင့်ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုကျွန်ုပ်တို့ယုံကြည် ရမည်ဖြစ်သည်။ ဤစစ်မှန်သောကယ်တင်ခြင်းကိုစိတ်နှလုံးသားဖြင့် ယုံ ကြည်ခြင်းမရှိခဲ့လျှင် ဘုရားသခင်၏ရှေ့မှောက်တော်သို့မချဥ်းကပ်နိုင်ပေ။ 
ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲထဲသို့သွားရမည့်သူများဖြစ်ကြသည်ဟု ယုံကြည်ခြင်းအားဖြင့်သိရသည်။ ဘုရားသခင်၏ရှေ့တော်မှောက်၌ ဖြောင့် မတ်သောသူများဖြစ်လာနိုင်ခြင်းသည်လည်း ယုံကြည်ခြင်းအားဖြင့် ဖြစ် သည်။တစ်နည်းအားဖြင့်ဆိုသော် အပြစ်သားများသည် ရေနှင့်အသွေးတော် အားဖြင့် သခင်ယေရှုသည်ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့သည်ဟု ယုံ ကြည်ခြင်းအားဖြင့် မိမိအပြစ်များမှလွှတ်မြောက်ခြင်းရရှိနိုင်ကြသည်။ ထို ကြောင့် နှုတ်ကပတ်တော်ထဲတွင် “လူသည်တစ်ခါတည်းသေ၍ထိုနောက် မှတရားစီရင်တော်မူခြင်းကိုခံရသည်”(ဟေဗြဲ ၉း၂၇)ဟုဖော်ပြထားသည့်အ တိုင်းပြည့်စုံလာခဲ့သည်။ 
ကျွန်ုပ်တို့လောကတွင် တစ်ကြိမ်သာမွေးဖွါးခြင်းခံရပြီး ကျွန်ုပ်တို့ သည်အပြစ်ကြောင့်တရားစီရင်ခြင်းခံခဲ့ကြရသည်။သို့ရာတွင် ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်ကျွန်ုပ်တို့အား ကယ်တင်ခြင်း လက်ဆောင်ကိုပေးတော်မူခဲ့သည်။ကျွန်ုပ်တို့၏အတွင်းနှလုံးသားမှရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘု ရားသခင်၏သားသမီးများဖြစ်လာနိုင်ကြသည်။ ယုံကြည်သူတိုင်းအတွက် အခြေအနေနှင့်မသက်ဆိုင်သည့်မိမိမေတ္တာကယ်တင်ခြင်းကို ဘုရားသခင် သည်ပေးအပ်တော်မူခဲ့သည်။သို့သော်ကိုယ်တော်သည် ဤသတင်းကောင်း ကို မယုံကြည်သောသူများအားမိမိမယုံကြည်ခြင်းအပြစ်ကြောင့် တရားစီ ရင်တော်မူလိမ့်မည်။ 
 
 
ဤကယ်တင်ခြင်းအချက်နှစ်ချက်ကို ကျွန်ုပ်တို့သည်ယုံကြည်ရမည် 
 
ကျွန်ုပ်တို့သည်အပြစ်ကြောင့်တရားစီရင်ခြင်းခံဖို့ရန်နှင့် သေဒဏ် အပြစ်ပေးခြင်းခံရဖို့သတ်မှတ်ခြင်းခံရပြီးသော်လည်း အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင် နှင့်အဖြူရောင်ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည်ကြိုတင်စီမံဆောင်ရွက်တော်မူခဲ့ပြီး ကျွန်ုပ်တို့၏အပြစ် ဆေးကြောခြင်းကိုပေးတော်မူခဲ့ပြီ။ကျွန်ုပ်တို့မှန်ကန်စွာဝန်ခံရမည်မှာ“ကျွန် တော်အပ္ပါယ်ငရဲသို့သွားဖို့ သတ်မှတ်ခြင်းခံရသောသူဖြစ်တယ်”ဖြစ်သည်။ ထပ်မံ၍ထိုသို့လည်းဝန်ခံရမည်မှာ “ဒါပေမယ့်ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်အားကယ်တင်ခဲ့ပြီဆိုတာ ငါယုံ ကြည်တယ်”ဖြစ်သည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊အဖြူရောင် သမ္မာတရားတည်းဟူသောရေနှင့် ဝိညာဉ်တော်နှင့် အသွေးတော်သတင်း ကောင်းအားကျွန်ုပ်တို့ယုံကြည်ရမည်။ကျွန်ုပ်တို့သည်အတွင်းနှလုံးသားဖြင့် ဤသမ္မာတရားကိုယုံကြည်လက်ခံခြင်းအားဖြင့်ကယ်တင်ခြင်းခံရပါသည်။သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကယ်တင်ခြင်းခံရပါသည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့သည်ကယ်တင်ခြင်းရရှိကြသည်။ သခင်ယေရှုသည် အပြာရောင်၊ခရမ်း ရောင်၊ အနီရောင်ချည်နှင့် အဖြူရောင်ခြည်တို့ဖြင့်ရက်သောအထည်အား ဖြင့်အပ္ပါယ်ငရဲသို့သွားမည့်လူသားအားလုံးကို ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်သောအခါသာလျှင် လူများသည် ဘုရားသခင်၏လူများဖြစ်နိုင်ကြ သည်။ သင်ယုံကြည်သလား။ အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်နှင့် အဖြူရောင်ချည်ထည်တို့ယုံကြည်ခြင်းသည်သာလျှင် စစ်မှန်သောယုံကြည် ခြင်း ဖြစ်သည်။ 
တဲတော်တံခါးအကာအရံ၌ထင်ရှားသောဝိညာဥ်ရေးရာအနက် အ ဓိပ္ပါယ်မှာဤအရာပင် ဖြစ်သည်။ သင်ယုံကြည်သလား။ လူများသည်ဤ သမ္မာတရားကိုစိတ်နှလုံးအကြွင်းမဲ့ယုံကြည်မှသာလျှင် သူတို့သည် စစ်မှန် သောယုံကြည်ခြင်းအကြောင်းကို မှန်ကန်စွာဟောကြားနိုင်လိမ့်မည်။ စစ် မှန်သောယုံကြည်မှုသည် နှလုံးသားအကြွင်းမဲ့မဟုတ်၊ နှုတ်ဖြင့်ဝန်ခံသော သမ္မာတရားမဟုတ်ပေ။ သို့သော် ဤအရာသည် လူတစ်ယောက်က သမ္မာ တရားကိုအကြွင်းမဲ့ယုံကြည်လက်ခံပြီးမိမိယုံကြည်မှုကို မိမိနှုတ်ဖြင့်ဝန်ခံမှ သာလျှင်စစ်မှန်သောယုံကြည်မှုပင် ဖြစ်သည်။ သင်တို့အားလုံးတို့သည်အ ပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်အထည်ဖြင့် ထာဝရကယ်  တင်သောကယ်တင်ခြင်းအကြောင်းကို ကျွန်ုပ်တို့ယုံကြည်ရမည်။
ကျွန်ုပ်တို့သည် ဘုရားသခင်အားမည်သို့ပင်အစေခံစေကာမူ လုံ လောက်စွာကျေးဇူးတင်နိုင်မည်မဟုတ်ကြပေ။ ကျွန်ုပ်တို့၏ကယ်တင်ခြင်း ကို မည်သို့မေ့လျော့နိုင်ကြမည်နည်း။ အပ္ပါယ်ငရဲထဲသို့ကျမည့်ကျွန်ုပ်တို့ အားလုံးကို အပြစ်များမှ ဘုရားသခင်ကယ်တင်တော်မူခဲ့ကြောင့် ကျွန်ုပ်တို့ သည်မည်ကဲ့သို့ မေ့လျော့နိုင်ကြမည်နည်း။ ကျွန်ုပ်တို့အပြစ်အနာအဆာ များနေ့စဥ်နှင့်အမျှထင်ရှားသောကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို မည်သို့မေ့လျော့နိုင်ကြမည်နည်း။ ဤသတင်း ကောင်းကလွှဲ၍ အခြားကယ်တင်နိုင်သောသတင်းကောင်းမရှိသောကြောင့် ဤသတင်းကောင်းကို ကျွန်ုပ်တို့လျစ်လျူရှုနိုင်ကြမည်နည်း။ ကျွန်ုပ်တို့ သည် အစဥ်အမြဲကျေးဇူးတင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အစဥ်အမြဲ ဝမ်းမြောက်ခြင်းရှိကြသည်။ ကိုယ်တော့်နာမတော်ကိုအစဥ်အမြဲချီးမွမ်းနိုင် ကြသည်။
ဤသမ္မာတရားကိုမသိသောသူများက ဘုရားသခင်သည် လူသား များကို ကစားစရာအရုပ်များကဲ့သို့ဖန်ဆင်းတော်မူ၍ သူတို့နှင့်အပျော်အပါး ကစားတော်မူသည်ဟု ပြောတတ်ကြသည်။ ဘုရားကိုဆန့်ကျင်၍ “ဘုရား ငြီးငွေ့နေပြီ။ ကိုယ်တော်သည်မိမိအရုပ်ကလေးများကိုဖန်ဆင်းတော်မူ၍ ကျွန်ုပ်တို့နှင့်ကစားတော်မူတယ်။ ကျွန်ုပ်တို့ အပြစ်ကျူးလွန်ကြမည်ကို ကိုယ်တော်သိတော်မူတယ်။ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်ပြုလုပ်ခြင်း ကို စောင့်ကြည့်နေတော်မူတယ်။ ယခုကိုယ်တော်သည် အပြစ်သားများကို ကယ်တင်တော်မူခဲ့တယ်ဟု မိန့်တော်မူတယ်။ ကျွန်ုပ်တို့အား ကစားစရာအ ရုပ်ပမာကစားနေတယ်မဟုတ်လော။ ကိုယ်တော်သည် ကျွန်ုပ်တို့အားဖန် ဆင်းတော်မူ၍ကိုယ်တော်စိတ်ထဲမှာရှိသည့်အတိုင်း မိမိစိတ်ကြိုက်ကစား တော်မူတယ်။ ဘုရားသခင်သည် မိမိအရုပ်ကလေးများနှင့်ကစားတော်မူခဲ့ သည်မဟုတ်လော”ဟုလူပေါင်းများစွာတို့က တွေးတော်စဥ်းစားကြသည်။  သူတို့သည်ဘုရားသခင်ကိုဆန့်ကျင်၍တွေးတောနေကြသည်။ ဘုရားသခင် သည် လူသားများကိုချစ်တော်မူလျှင် ပြည့်စုံသောလူသားများအဖြစ်ဖန် ဆင်းသင့်သည်ဟု တွေးကြသည်။ သို့သော် ယခုဘုရားသခင်သည် လူသား များအား မပြည့်စုံ၊ အပြစ်သားများဖြစ်စေတော်မူခဲ့သည်။ လူပေါင်းများစွာ တို့သည် ဘုရားသခင်၏စိတ်တော်ကိုလျစ်လျူရှုလျက် ဘုရားသခင်ကို လက်ညှိုးထိုးကြကာအပြစ်တင်ကြသည်။ 
 

ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူသည်
 
သစ်ပင်များနှင့်တိရစ္ဆာန်များကဲ့သို့ လူသားအားလုံးကိုဘုရားသခင် ဖန်ဆင်းတော်မူခဲ့သည်။သို့သော် ဘုရားသခင်သည် လူသားကို သစ်ပင်များ နှင့်ပန်းပင်များနှင့်တူအောင်ဖန်ဆင်းတော်မမူခဲ့ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမဖန်ဆင်းမီ မိမိသားတော်သခင်ယေရှုခရစ်တော်အားဖြင့် မိမိ လူများကိုဖန်ဆင်းရန်ဆုံးဖြတ်တော်မူ၍ မိမိဘုန်းတော်ကိုမျှဝေခံစားခွင့်ပြု တော်မူခဲ့သည်။ ဤအကြောင်းသည် ကျွန်ုပ်တို့အားဘုရားသခင်ဖန်ဆင်း တော်မူခြင်း၏ရည်ရွယ်ချက်ဖြစ်သည်။ လူကိုဖန်ဆင်းခြင်းရည်ရွယ်ချက်မှာ အခြားဖန်ဆင်းထားသောအရာများနှင့်မတူပေ။ ဘုရားသခင်သည် လူကို ဖန်ဆင်းတော်မူခြင်း၏ရည်ရွယ်ချက်မှာအဘယ်နည်း။ဘုန်းအနုဘော်တော် နှင့်ပြည့်စုံသောမိမိကောင်းကင်နိုင်ငံတော်၌ အစဥ်အမြဲနေထိုင်ရန်အတွက် လူကိုဖန်ဆင်းခြင်းဖြစ်သည်။ သစ်ပင်များနှင့်တိရစ္တာန်များသည် ဘုရားသ ခင်၏ဘုန်းတော်ကိုထင်ရှားစေရန်အတွက် ဖန်ဆင်းခြင်း ဖြစ်သည်။လူသား ကိုဖန်ဆင်းခြင်းအတွက်ဘုရားသခင်၏ရည်ရွယ်ချက်မှာ သူတို့သည် အပြစ် သားများဖြစ်ကြကြောင်းသိရှိရန်၊ ဖန်ဆင်းရှင်က သူတို့ကို ကယ်တင်ပေး သောကယ်တင်ရှင်ဖြစ်တော်မူကြောင်းအသိအမှတ်ပြုကာ ယုံကြည်ရန်ဖြစ် ပါသည်။သို့မှာသာလျှင်သူတို့သည်အနာဂတ်တွင် ဘုရားသခင်၏နိုင်ငံတော်  သားဖြစ်လျက် ထိုနိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြမည် ဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ရုပ်ဝတ္ထုများ သို့မဟုတ် ကစားစ ရာများအဖြစ်ဖန်ဆင်းတော်မမူခဲ့ပေ။ သို့သော် ကျွန်ုပ်တို့သည် ဖန်ဆင်းရှင် အားအသိအမှတ်ပြုခြင်း၊ ကယ်တင်ရှင်ကိုယုံကြည်ခြင်းနှင့်ရေနှင့်ဝိညာဥ် တော်သတင်းကောင်းအားဖြင့်ဒုတိယမွေးဖွားခြင်းခံရခြင်းအားဖြင့် ဘုရား သခင်၏သားသမီးများဖြစ်ရန်ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူခြင်း ဖြစ်သည်။  ထိုကြောင့်ဤဖန်ဆင်းခြင်း၏ရည်ရွယ်ချက်နှင့်အညီ ကျွန်ုပ်တို့သည် ဘုရား ဘုန်းတော်ကိုရရှိခံစားပျော်ရွှင်နိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤ လောကမှာ ဘုရားသခင်၏နိုင်ငံတော်၌ ပျောက်ဆုံးသောဝိညာဥ်များထံသို့ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောနိုင်ခြင်းအားဖြင့်အစေခံနိုင်ကြ ခြင်း ဖြစ်သည်။ လူသားများအတွက် ဘုရားသခင်၏အခြေခံကျသောရည် ရွယ်ချက်မှာမည်သည့်အရာဖြစ်သည်ဟု သင်ယူဆပါသနည်း။ လူသားများ သည် ဘုရားသခင်၏ခန်းနားထည်ဝါသောဘုန်းတော်၌ထာဝရပျော်ရွှင်ခြင်း သည် ဘုရားသခင်၏အကြံအစည်တော်မြတ်ပင် ဖြစ်သည်။ ထိုကြောင့် လူသားများအားဘုရားသခင်ဖန်ဆင်းတော်မူခြင်း၏ရည်ရွယ်ချက်မှာ မိမိ လူများဖြစ်လာရန်နှင့် မိမိဘုန်းတော်၌ပါဝင်ခွင့်ရရှိရန်အတွက် ဖြစ်သည်။ 
ကျွန်ုပ်တို့ဘာကြောင့်မွေးဖွားခဲ့ကြသနည်း။ ဘာဝ၏ရည်ရွယ်ချက် မှာအဘယ်နည်း။ သင်မည်သည့်နေရာမှလာ၍မည်သည့်နေရာသို့ဦးတည် သနည်း။ လူပေါင်းများစွာတို့သည် ဤဒသဗေဒဆန်သောမေးခွန်းများကို မ ဖြေကြားနိုင်ကြသောကြောင့် သူတို့သည် မိမိပြဿနာများကို မိမိကိုယ်တိုင် ဖြေရှင်းရန်ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ သူတို့သည် အနာဂတ်ကိုမသိကြ သောကြောင့် ဗေဒင်ဆရာနှင့် မှော်ဆရာများထံသွားရောက်မေးမြန်းတတ် ကြသည်။ ဤလုပ်ဆောင်ချက်များအားလုံးသည် ကျွန်ုပ်တို့ကိုဖန်ဆင်း တော်မူသောဖန်ဆင်းရှင်ဘုရားသခင်ကိုအသိအမှတ်မပြုခြင်း၊ ကိုယ်တော် ပေးအပ်တော်မူသောကယ်တင်ခြင်းကိုမယုံကြည်ခြင်းပင် ဖြစ်သည်။ 
သို့သော် ဘုရားသခင်သည် မိမိသားသမီးများအား အခြားဖန်ဆင်း ထားသောအရာအားလုံးနှင့်မတူညီဘဲ ထူးခြားစွာ ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင်သည်ရေနှင့်ဝိညာဥ်တော်အားဖြင့်ကယ်တင်တော်မူခဲ့သည်။ အ ပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်နှင့်အဖြူရောင်အထည်တို့ကို ဖန်ဆင်း ခြင်းမရှိမီ အချိန်ကတည်းက ကယ်တင်ခြင်းအတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်၌ထင်ရှားသောကယ်တင် ခြင်းနိယာမအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းရည် ရွယ်ချက် ပြည့်စုံစေတော်မူပြီး ဖြစ်သည်။ 
ထိုကြောင့် သခင်ယေရှုခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူ သောထာဝရအသက်၏ရည်ရွယ်ချက်ကို ယခု ကျွန်ုပ်တို့သိရှိယုံကြည်ရမည် ဖြစ်သည်။ ဤအကြောင်းကိုကျွန်ုပ်တို့မသိခဲ့လျှင် ဘဝ၏လျှို့ဝှက်ကိုမဖွင့် ပြဘဲ ဖုံးကွယ်နေဦးမည် ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဤလောက ၌ မွေးဖွားခဲ့သနည်း။ ဘာကြောင့်အသက်ရှင်ရမည်နည်း။ ဘာကြောင်းစား သောက်ရမည်နည်း။ ဘာကြောင့် ကောင်းမှုကုသိုလ်ဖြင့်အသက်ရှင်ရမည် နည်း။ အသက်ရှင်ခြင်းနှင့်သေခြင်း၊ အိုမင်းခြင်းနှင့်ဖျားနာခြင်း ပြဿနာကို မည်သို့ဖြေရှင်းရမည်နည်း။ မိမိအပြစ်အတွက် ဘာကြောင့် အပ္ပါယ်ငရဲထဲ သို့သွားရကြမည်နည်း။ ဘာဝသည် အဘယ်ကြောင့် ဝမ်းနည်းကြေကွဲစရာ ဖြစ်သနည်း။ ဘာဝသည်အဘယ်ကြောင့် နာကျင်သနည်း။ ဤသို့သောမေး ခွန်းများအားလုံးကို သခင်ယေရှုခရစ်တော်၌ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သော ရေနှင့်အသွေးတော်သတင်းကောင်းအားဖြင့် ဘုရားသခင်ထံတော်မှ တွေ့ ရှိနိုင်ပါသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား လောကတွင် မွေးဖွားခွင့်ပေး တော်မူလျက် မောပန်းခက်ခဲသော အသက်တာများကြားမှ ဘုရားသခင်၏ နိုင်ငံတော်ကိုမျှော်လင့်ဖို့အခွင့်ပေးကာကျွန်ုပ်တို့၏အပြစ်များကြောင့် သင် နှင့်ကျွန်ုပ်သည်ငရဲသို့ကျမည့်အနေအထားမှကျွန်ုပ်တို့ကိုကယ်တင်၍ ထာဝ ရအသက် ရရှိပိုင်ခွင့်ပေးအပ်တော်မူခြင်းဖြစ်သည်။ကျွန်ုပ်တို့သည်ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကိုယုံကြည်သောအခါဘ၀၏ ပဟေဋိအားလုံး ကိုဖြေရှင်းနိုင်ပါသည်။ 
 

သင်နှင့်ကျွန်ုပ်အတွက် ဘုရားသခင်မှာကြီးမားသောအကြံအစည် တော်မြတ်ရှိတော်မူသည်
 
ဘုရားသခင်သည် မိမိအကြံအစည်တော်အတိုင်း မိမိသား‌တော်သ ခင်ယေရှုခရစ်တော်ဤလောကသို့စေလွှတ်တော်မူ၍ ဗတ္တိဇံခံစေခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို မိမိမြင့်မြတ်သောကိုယ်ခန္ဓာပေါ်သို့ယူ ဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့ကိုယ်စားအပြစ်စီရင်ခြင်းကိုခံတော် မူလျက်အသေခံတော်မူခဲ့သည်။ ထိုသို့အားဖြင့် မိမိအပြစ်များအားလုံးအ တွက် တရားစီရင်ခြင်းနှင့်ကျိန်ခြင်းခံရမည်သူ၊ ထာဝရပျက်စီးခြင်းခံရမည့် သူများကို ကယ်တင်တော်မူခဲ့သည်။ ယခုတွင် ဤသမ္မာတရားကို ကျွန်ုပ်တို့ ယုံကြည်ရမည်။ထာဝရပျက်စီးခြင်းမှဘုရားသခင်၏သားတော်ကောင်းကင် နိုင်ငံတော်သို့ပို့ဆောင်ပေးတော်မူဘုရားသခင်ကို ကျေးဇူးတင်ရမည် ဖြစ် သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ထံတော်မျလာသောကယ်တင် ခြင်း သမ္မာတရားသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဖြစ်သည်။ ထိုတ ရားကိုအပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်နှင့်အဖြူရောင်အထည်တို့ ဖြင့် ထင်ရှား၍ တဲတော်တံခါးများပေါ်တွင် ဆွဲချိတ်ထားသည်။ 
တဲတော်တံခါးများ၏ ကြေးဝါတိုင်ခြေစွပ်မှာ ကျွန်ုပ်တို့၏အပြစ်နှင့် ဆိုင်သောသဘောသဘာ၀ကိုပေါ်လွင်ထင်ရှားစေပြီးရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့်သခင်ယေရှု၏အသွေးတော်ကို ကျွန်ုပ်တို့အားယုံကြည်စေ သည်။တဲတော်တံခါးတိုင်များနှင့်အပြာရောင်၊ခရမ်းရောင်၊အနီရောင်၊ အဖြူ ရောင်ချည်ထည်များသည်ကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၏ ကျေးဇူးပလ္လင်တော်ကိုထင်ရှားစေသည်။ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ ကျရမည်သူများဖြစ်ကြသော်လည်းသခင်ယေရှုခရစ်တော်၏မြင့်မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တို့အားအပြစ်ဒဏ်မှလွှတ်မြောက်စေတော် မူခဲ့သည်။ ထိုသို့ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်အားဖြင့် ကျွန်ုပ်တို့သည်အပြစ်အားလုံးမှကယ်တင်ခြင်းခံရကြသည်။ သင်သည် လည်း ထိုသို့ယုံကြည်ပါသလား။
တဲတော်တွင် ထင်ရှားခဲ့သည့်သမ္မာတရားကိုသင်သည်ယုံကြည်ပါ သလား။ သင်နှင့်ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာခံစားသောသူများဖြစ် ကြသည်။လူများစွာတို့သည်ငရဲသို့သွားနေကြစဥ်ကျွန်ုပ်တို့သည် သမ္မာတ ရားကိုတွေ့၍ယခုခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသည် စစ်မှန်သော ကောင်းကြီးမင်္ဂလာဖြစ်သည်။ ကျွန်ုပ်တို့မွေးဖွားလာခဲ့ရသည့် ဤကမ္ဘာ လောကတွင်အ မှန်အားဖြင့်ကျွန်ုပ်တို့သည်တန်ဖိုးမဲ့သူများ၊အသုံးမကျသူ များဖြစ်သည်အား လျော်စွာမလွဲသာမရှောင်သာဘဲ အပြစ်ပြုကြသဖြင့်င ရဲထဲသို့သွားမည့်သူများဖြစ်ကြသည်။ ကြောက်စိတ်ဖြင့်အသက်ရှင်လျက် အပ္ပါယ်ငရဲထဲသို့ပစ် ချခြင်းခံရမည့်သူများဖြစ်ကြသည်။သို့သော်သခင်ယေ ရှုသည်လောကသို့ ကြွလာ၍ ဗတ္တိဇံခံယူကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီး သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်ုပ်တို့အား အပြစ် များမှ ထာ၀ရကယ်တင်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် အပြစ်ကြောင့် ငရဲသို့ကျရမည့်သူများ ဖြစ်ကြသည်။လုပ်ဆောင်နိုင်သောအရာတစ်စုံတစ်ခု မှမရှိပေ။ သို့ရာတွင် ကျွန်ုပ်တို့သည် တန်ဖိုးကြီးသောသူ၊ အသုံးဝင်သော သူဖြစ်စေ၍အမှုတော်ထမ်းဆောင်နိုင်ကြသည်။ ထိုအရာများအတွက် ‌ကျေး ဇူးတော်ချီးမွမ်းခြင်း ကလွှဲ၍အခြားလုပ်ဆောင်စရာမရှိတော့ပေ။ 
သန့်ရှင်းရာဌာနသို့ဝင်နိုင်သောသူသည် ထာ၀ရအတွက် တစ်ကြိမ် အပြစ်ဆေးကြောခြင်းခံရပြီးသော သူဖြစ်သည်။ ကျွန်ုပ်တို့၏သခင်ဘုရား သည်ကျွန်ုပ်တို့၏အတိတ်ကအပြစ်များကိုသာ ဆေးကြောပေးခြင်း သက် သက်မဟုတ်ဘဲ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အသက်တာတစ်ခုလုံးအ အပြစ်များကိုယူတင်ဆောင်ရွက်ကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ ခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်များကိုထာ၀ရကာလအတွက်ရှင်းလင်း ပေး ပြီးဖြစ်သည်။ ထို့ကြောင့်တစ်ကြိမ်တည်းပြည့်စုံခဲ့သောကယ်တင်ခြင်းကိုယုံ ကြည်သောသူတို့သာ ယဇ်ပုရောဟိတ်များ၏ ယုံကြည်ခြင်းကိုရရှိကြသဖြင့် ထိုသို့သောသူတို့သာသန့်ရှင်းရာဌာနသို့ ဝင်ခွင့်ကိုရရှိကြခြင်းဖြစ်သည်။ 
တဲတော်နည်းစနစ်အရ တိတိကျကျပြောရပါမူ ယဇ်ပုရောဟိတ် အကြီးမှလွဲ၍ သာမာန်ယဇ်ပုရောဟိတ်များသည် အသန့်ရှင်းဆုံးဌာနသို့ဝင် ခွင့်မရှိကြပေ။ထာ၀ရယဇ်ပုရောဟိတ်သည်ယေရှုမှလွှဲ၍အခြားမရှိပေ။ယေ ရှုခရစ်တော်ကို ယုံကြည်သောသူသည်သာကယ်တင်ခြင်းရရှိပြီး ဘုရားသ ခင်၏အိမ်တော်သို့ဝင်နိုင်ပြီး ယေရှုခရစ်နှင့်အတူအသန့်ရှင်းဆုံးဌာနသို့ တိုင် ဝင် ရောက်ခွင့်ရှိသည်။ 
“ထိုအပြင်တို့ကိုလွှတ်ပြီးလျှင်နောက်တစ်ဖန်အပြစ်ဖြေလွှတ်သော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။ ထို့ကြောင့်ညီအစ်ကိုတို့ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသောကုလားကာအားဖြင့်ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်းသစ်တွင်ငါတို့သည်သန့်ရှင်းရာဌာနထဲသို့အသွေးတော် ကိုအမှီပြု၍ အတားအဆီး မရှိဝင်ရသော အခွင့်ရှိသဖြင့်၎င်းဘုရားသခင်၏ အိမ်တော်ကိုအုပ်စိုးသောယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ငါတို့သည် သစ္စာ နှင့်ပြည့်စုံသောသဘောရှိ၍ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်းရှိတည် လျက်၊စိတ်နှလုံးကိုသံဝေဂတရားနှင့်လွတ်အောင်ဖြန့်ခြင်း၊ ကိုယ်ကာယကို လည်းကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်း ကပ်ကြကုန်အံ့”(ဟေဗြဲ ၁ဝး၁၈-၂၂)။ မိမိကိုယ်ကိုမိမိဆိုးသွမ်းသောသူများ ဖြစ်သဖြင့် ငရဲသို့သွားဖို့သတ်မှတ်ခြင်းခံရသောသူများအဖြစ် အသိအမှတ် ပြုပြီး၊ သူတို့၏အပြစ်များကိုရေသန့်(ယေရှု၏ဗတ္တိဇံခံခြင်း)နှင့်ယေရှု၏အ သွေးတော်ဖြင့်အပြစ်ဆေးကြောသန့်ရှင်းခြင်းခံရသော သူတို့သည် ဘုရား သခင်၏နိုင်ငံတော်တွင် သူနှင့်အတူ ဝင်ရောက်၍ထာဝရဝင်စားလိမ့်မည်။ 
ကျွန်ုပ်တို့၏အပြစ်အားလုံးကိုနေ့တိုင်နောင်တရလျက် ဆေးကြော ခြင်းခံရပြီဟုဝန်ခံခြင်းကြောင့်အပြစ်လွှတ်ခြင်းမရပေ။သို့သော်သခင်ယေ ရှုသည် ဤလောကသို့ကြွလာတော်မူ၍ လောကအပြစ်အားလုံးကို တစ် ကြိမ်တည်းသယ်ဆောင်သွားကာဗတ္တိဇံကိုခံယူလျက်လက်ဝါးကပ်တိုင်ပေါ် တွင်အပြစ်အတွက် ဒဏ်ခတ်တော်မူခြင်းခံတော်မူပြီး အပြစ်များအားလုံး ကို ဖယ်ရှားပေးတော်မူခဲ့သည်။ “အလုံးစုံသောပညတ်တရားကို အကုန်အ ဝင်အကျင့်သင့်သည်ဖြစ်သည်။” သခင်ယေရှုသည်ဗတ္တိဇံကိုခံရ၍ လောက လူသားအားလုံး၏ အပြစ်ကိုယူတင်ဆောင်ရွက်ကာ လက်ဝါးကပ်တိုင်ပေါ် တွင်ထမ်းရွက်တော်မူခဲ့သည်။  သေခြင်းမှတစ်ဖန်ထမြောက်ခြင်းအားဖြင့် တစ်ကြိမ်တည်းဖြင့်အားလုံးအတွက် ကယ်တင်ခဲ့ပါသည်။ ဤသမ္မာတရား ကို စိတ်နှလုံးအကြွင်းမဲ့ယုံ ကြည်လက်ခံသောသူတို့သည်သာသန့်ရှင်း ရာ ဌာနသို့ဝင်ရောက်ခွင့်ရှိသည်။သခင်ဘုရားသည်ကျွန်ုပ်တို့အားတစ်ကြိမ်တစ်ခါတည်းဖြင့်ကယ်တင်ခဲ့ပြီးကျွန်ုပ်တို့အသက်တာတစ်ခုလုံးနှင့်လောကတစ် ခုလုံး၏အပြစ်အားလုံးကိုယူတင်ဆောင်ရွက်ကာတစ်ကြိမ်တည်းဖြင့် အပြစ် ကိုဆေးကြောပြီဆိုသည့်အချက်ကိုကျွန်ုပ်တို့ယုံကြည်ခြင်းအားဖြင့်သန့်ရှင်း ခြင်းသို့ရောက်ရှိကြသည်။ 
သခင်ယေရှုဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့လောကသားအားလုံး၏ အပြစ်ကိုတစ်ခါတည်းယူတင်ဆောင်ရွက်ခဲ့သည့်ကိုသင်သည်ယုံကြည်ပါသ လား။ ယေရှုသည်လောက၏အပြစ်များကိုယူဆောင်သွား၍လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံကသေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ထိုသို့အားဖြင့် သခင်ယေရှုသည် ပြည့်စုံသောကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်တော်မူသလော။မိမိအသက်(၃၃)နှစ်အသက်တာခရီးအတွင်း ကျွန်ုပ်တို့ အပြစ်များအားလုံးကို ထာဝရယူဆောင်သွားတော်မူခဲ့သည်။ လုံးလုံးလျား လျားပျောက်ကွယ်သွားစေတော်မူခဲ့သည်။ တစ်စက်တစ်မျှင်မျှချန်ထား တော်မမူခဲ့ပေ။ ဤအကြောင်းကို ကျွန်တော်စိတ်နှလုံးအကြွင်းမဲ့ယုံကြည် လက်ခံခဲ့သည်။ သခင်ယေရှုဗတ္တိဇံခံတော်မူစဥ် လူသားအားလုံး၏အပြစ် အားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သည်။ ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်အပြစ်များအား လုံးအတွက် တစ်ကြိမ်တည်းအပြစ်ဒဏ်ခံတော်မူခဲ့သည်။ကိုယ်တော်သည် တစ်ကြိမ်တည်းသေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ ၏ပြည့်စုံသောကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်။ဤယုံကြည်မှုအားဖြင့်ကျွန် တော်သည် မိမိအပြစ်အားလုံးမှကယ်တင်ခြင်းရရှိခဲ့သည်။ 
ဤသမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်း ကင်နိုင်ငံတော်သို့ဝင်ခွင့်ရရှိကြသဖြင့်ကျွန်ုပ်တို့သည်လောကတွင် အသက် ရှင်နေစဉ်ကာလအတွင်သမ္မာတရားကိုနေ့စဉ်အာရုံပြု၍ ဆင်ခြင်ရမည်ဖြစ် သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်နေစဉ်မှာပင်သခင်ဘု ရားသည်ကျွန်ုပ်တို့အပြစ်ကို သယ်ဆောင်သွားသောကြောင့် ဖြစ်သည်။ သို့ သော်ကျွန်ုပ်တို့သည်အပြစ်ကျူးလွန်သည့်အခါတိုင်းပြန်လည်တောင်းပန်ရမည်။ ကျွန်ုပ်တို့သည်စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ထားရမည့်အချက်မှာ သ ခင်ဘုရားသည် ဗတ္တိဇံခံယူခြင်းအားဖြင့်ထိုအပြစ်အားလုံးကို သယ် ဆောင် သွားတော်မူခဲ့သည်။ သခင်ယေရှုသည်တစ်ကြိမ်တည်းဖြင့် လောကအား လုံး၏အပြစ်များကိုသယ်ဆောင်သွားပြီဟု ထပ်မံအသိအမှတ်ပြုယုံကြည်ရ မည်ဖြစ်သည်။အကြောင်းမှာ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ထပ်ခါတလဲလဲစားမြုံ့မပြန်ဘဲ နေလျှင် ကျွန်ုပ်တို့၏စိတ်နှလုံး သည်ညစ်ပတ်သွားနိုင်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သခင်ယေရှု သည်ကျွန်ုပ်တို့မကျူးလွန်ရသေးသည့် အပြစ်များကိုပင် သယ်ဆောင်သွား ပြီဖြစ်သဖြင့် ကျွန်ုပ်တို့၏အားနည်းချက်ပေါ်လာသောအခါ အပြာရောင်၊ ခ ရမ်းရောင်၊အနီရောင်၊အဖြူရောင်ချည်ထည်အားဖြင့်မိမိအမှုတော်မြတ်လုပ် ငန်းကို ကျွန်ုပ်တို့သည် ကျေးဇူးတော်ချီး မွမ်းရမည်။ 
သခင်ယေရှုသည် ဤလောကသို့ကြွလာတော်မူ၍တစ်ကြိမ်တည်း ဖြင့်လောကသားများ၏အပြစ်အားလုံးကို ယူတင်ဆောင်ရွက်ခဲ့ပြီဟု ကျွန်ုပ် တို့အားလုံးယုံကြည်ရမည်။တစ်ကြိမ်တည်းဖြင့်ယေရှုခရစ်အပေါ်သို့ကျွန်ုပ် တို့၏အပြစ်အားလုံးကိုကိုယ်တော်အပေါ်သို့တင်၍ဗတ္တိဇံခံယူခြင်းဖြင့်လော က သာအားလုံး၏အပြစ်ကို လက်ခံတော်မူခဲ့ပါသည်။ ယေရှုသည်ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံခြင်းဖြင့်ကျွန်ုပ်တို့အားထာ၀ရကယ်တင် ခြင်းကိုပေးအပ်တော်မူခဲ့သည်။ဤသမ္မာတရားကို ကျွန်ုပ်တို့သည် စိတ်ချ လျက်အခိုင်အမာယုံကြည်ရမည်။ ကျွန်ုပ်တို့၏သခင်ယေရှုမိန့်တော်မူချက် အရယောဟန်ထံမှခံရသောဗတ္တိဇံခံကိုအခိုင်အမာယုံကြည်ခြင်းအားဖြင့်ဘု ရားသခင်၏နိုင်ငံတော်ကို ကျွန်ုပ်တို့ရယူပိုင်ဆိုင်ခွင့်ရှိသည်။ ယေရှုက “ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ယခုတိုင်အောင်ကောင်း ကင်နိုင်ငံ တော်ကိုအနိုင်အတက်ပြုကြ၏။အနိုင်အတက်ပြုသောသူတို့သည်လည်းလုယူဝင်စားရကြ၏” (မဿဲ ၁၁း၁၂)ဟုမိန့်တော်မူ၏။ ကျွန်ုပ်တို့၏ ခန္ဓကိုယ်၊ အတွေးအခေါ်များ၊စိတ်၊အသွေးအမားများတွင်ရှိသည့်အားလုံးသော အပြစ် အညစ်အကြေးကို ဤယုံကြည်ခြင်းအားဖြင့် ဆေးကြောခြင်းခံယူရ ရှိကြ ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဗတ္တိဇံခံယူ ခြင်း အားဖြင့်ယူတင်ဆောင်ရွက်ကာအပြစ်ကြောင့် တရားစီရင်တော်မူခြင်းကိုခံ ယူလျက်အားလုံးသောအပြစ်မှကယ်တင်ခံရပြီး ဘုရားသခင်၏နိုင်ငံတော် သို့ဝင်ရောက်ခွင့်ပေးတော်မူခဲ့သည်။
အကယ်၍သင်သည် ဤယုံကြည်ခြင်းသာရရှိထားမည်ဆိုလျှင် မည်မျှပင်မပြည့်စုံသောသူဖြစ်စေကာမူ သင်သည် ယုံကြည်သောလူစုအ ဝင်ဖြစ်သည်။သင်သည်ချို့တဲ့သောသူဖြစ်စေကာမူသခင်ယေရှုသည်ပြည့်စုံ စွာကယ်တင်‌တော်မူခဲ့ပြီဖြစ်သဖြင့် ဤအရာကို သင်သည်ယုံကြည်ရမည်။ သခင်ယေရှုသည် ထာ၀ရအသက်ရှင်နေသဖြင့်ကျွန်ုပ်တို့၏ကယ်တင်ခြင်း သည်လည်း ထာ၀ရအသက်ရှင်နေလိမ့်မည်။ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သော အရာအားလုံးသည် ယေရှုခရစ်အနေဖြင့် ကျွန်ုပ်တို့အားပေးတော်မူသည့် ကယ်တင်ခြင်းကိုရရှိကြသောကြောင့် ဖြစ်သည်။ ထိုအရာသည် မှန်ပေ၏။ ကျွန်ုပ်တို့သည်စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိ ခြင်းဖြစ်သည်။ 
သခင်ယေရှုသည်ကျွန်ုပ်တို့၏ပြည့်စုံသောကယ်တင်ရှင်ဖြစ်သဖြင့်ကျွန်ုပ်တို့၏အပြစ်ပြဿနာအားလုံးကိုဖြေရှင်းပေးတော်မူခဲ့သည်။ကျွန်ုပ်တို့၏သခင်ယေရှုသည် ဗတ္တိဇံကိုခံယူ၍လက်ဝါးကပ်တိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းကာတစ်ကြိမ်အသေခံပြီးသေခြင်းမှ ရှင်ပြန်ထမြောက် လျက် ကျွန်ုပ်တို့အားထာ၀ရကယ်တင်ခြင်းကိုပေးတော်မူသည်ဟုသင်ယုံ ကြည်ပါသလော။ဤကယ်တင်ခြင်းသည်မည်မျှ အံ့ဩဖွယ်ရာကောင်းပါ သနည်း။ ကျွန်ုပ်တို့၏အကျင့်သည် ပြည့်စုံမှုမရှိစေကာမူဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ဝင်ခွင့်ရရှိတာသူများ ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်၏နိုင်ငံတော် သို့ဝင်စားခြင်း၊ ဘုရားသခင်၏ဘုန်းတန်ဖိုးအရှိန်အဝါ နက်နဲမှုတွင် ဝမ်း မြောက်ခြင်းရှိလိမ့်မည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် သော သူသည် ကယ်တင်ခြင်းခံရသောသူများဖြစ်ကြသည်။ သို့သော် ဤယုံ ကြည်ခြင်းမရှိပါက ဘုရားသခင်၏နိုင်ငံတော်သို့ မည်သူကမှ ခြေလှမ်းလှမ်း ခွင့်မရှိပေ။ 
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည်ထည်ဖြင့် ကျွန်ုပ်တို့အားကယ်တင်ခဲ့သည့် သမ္မာတရားကို ယေရှုခရစ်အားဖြင့် ဘုရား သခင်သည် ကမ္ဘာမတည်မရှိမီအချိန်ကတည်းကကြိုတင်ကြံစည်တော်မူခဲ့ ပြီးဖြစ်သည်။ဘုရားသခင်သည် ကျွန်ုပ်တို့အားကယ်တင်ဖို့ ရန်ဆုံးဖြတ် တော်မူခဲ့သဖြင့်သူသည်ဤလောကသို့ကြွလာ၍ဗတ္တိဇံကိုခံခြင်းဖြင့် လော ကသားများ၏အပြစ်တစ်ကြိမ်တည်းဖြင့်သယ်ဆောင်ကာလောကသားများ၏အပြစ်ကိုလက်ဝါးကပ်တိုင်ပေါ်သို့ တစ်ကြိမ်တည်းတရားစီရင်တော်မူ ခြင်းခံတော်မူခဲ့သည်။ တစ်ကြိမ်တည်းသေခြင်းမှထမြောက်တော်မူခဲ့သည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့အားထာတရကယ်တင်ခြင်းပေးအပ်တော်မူခဲ့သည်။ ဤ အရာသည် သူ၏အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည် ထည်အမှုတော်မြတ်လုပ်ငန်းဖြင့် ပြုလုပ်ထားသည့်ကျွန်ုပ်တို့၏ကယ်တင် ခြင်းဖြစ်၍ဤကယ်တင်ခြင်းကိုကျွန်ုပ်တို့ယုံကြည်ရမည်။ ထိုသို့ပြုလုပ်မှ သာကျွန်ုပ်တို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင်၏ပြည့်စုံသော လူဖြစ်ကြ လိမ့်မည်။ ထိုသို့ဖြစ်မှသာလျှင် ကျွန်ုပ်တို့သည်ဘုရားသခင်၏အမှုတော် ဆောင်ဖြစ်လာနိုင်လိမ့်မည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပြည့်စုံ သောဘုရားသခင်၏နိုင်ငံတော်ထဲသို့ဝင်၍ထာ၀ရအသက်ရှင်ကြလိမ့်မည်။ 
ပြည့်စုံသောဘုရားသည် ကျွန်ုပ်တို့အားပြည်စုံစွာကယ်တင်တော်မူ ခဲ့သည်။သို့သော်အသွေးအသား၏ ချွတ်ယွင်းချက်ကြောင့် နေ့စဉ်အသက် တာတွင် ကျွန်ုပ်တို့သည် မပြည့်စုံသူများဖြစ်ကြသည်။ သို့ရာတွင် မည်သို့ ဖြစ်လာကြသနည်း။ သခင်ဘုရားသည် ဗတ္တိဇံခံယူတော်မူသည့်အခါ ကျွန်ုပ် တို့၏အပြစ်အားလုံးကိုယူဆောင်သွားတော်မူပြီမဟုတ်လော။ ကိုယ်တော် အမှန်ယူဆောင်သွားတော်မူခဲ့သည်။အကြောင်းမှာ ကျွန်ုပ်တို့၏သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူသည့်အခါ ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူတင် ဆောင်ရွက်ခဲ့ပြီဖြစ်သဖြင့်ကိုယ်တော်၏ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့ ၏အပြစ်အားလုံးသည်သူ့အပေါ်သို့ရောက်ရှိသွားကြောင်း ကျွန်ုပ်တို့အသိ အမှတ်ပြုသည်။ ယေရှုထံသို့ သင်၏အပြစ်အားလုံးလွဲပြောင်းပေးလိုက်ပြီ ဆိုသည့်အချက်ကို သင်အသိအမှတ်ပြုပါသလား။ ထိုသို့ပြုလုပ်ခြင်းအား ဖြင့် ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကိုယူတင်ဆောင်ရွက်ကာ လောကအပြစ် အားလုံးအားလက်ဝါးကပ်တိုင်ကိုထမ်းလျက်ကားစင်ပေါ် တွင်အတင်ခံရသဖြင့်ဘုရားသခင်၏ကယ်တင်ခြင်း အကြံအစည်များအား လုံးပြည့်စုံစေတော်မူခဲ့သည်။ကျွန်ုပ်တို့သည်မပြည့်စုံကြသော်လည်း ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြခြင်း ဖြစ် သည်။ မည်သည့်အရာကိုယုံကြည်သနည်း။ ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ထည် ဖြစ်သောကိုယ်တော်၏အ မှုတော်မြတ်လုပ်ငန်းကို ယုံကြည်ခြင်းအားဖြင့်ဘုရားသခင် နိုင်ငံတော်ထဲ သို့ ဝင်ရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည်အပြစ်ဆေးကြောခြင်းခံရပြီးသည်နောက် အသင်း တော်ထဲတွင် ကောင်းသောယုံကြည်ခြင်းနှင့် ကောင်းသောအလုပ်ကိုလုံ လောက်စွာမပြုနိုင်ကြပေ။ဘုရားသခင်၏အသင်းတော်သည်သယူတန်အာ ဏာကိုအသုံးပြုလျက်အုပ်ချုပ်သည့်နေရာမဟုတ်ပေ။ သို့သော် ယုံကြည် ခြင်းအားဖြင့်ဖေးမသောနေရာပင် ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ အသင်းတော်၌ ကျွန်ုပ်တို့အားနည်းချက်ကိုသိသောအခါမှသာလျှင်ယုံကြည် ခြင်းအားဖြင့် သခင်ယေရှုနောက်သို့လိုက်နိုင်ကြပါလိမ့်မည်။ အသင်းတော် သည် ဒဏ်ရာရသောသူများကိုပြုစုကျန်းမာခြင်းပေးသောနေရာဖြစ်သည်။ ကောင်းကင်နိုင်ငံတော်သည် ကလေးသူငယ်များပင်လျှင်  “မြွေဆိုး၏တွင်း ထဲသို့လက်ကိုနှိုက်၍”(ဟေရှာယ ၁၁း၈) နေထိုင်သည့်နေရာြဖစ်သည်။ ပိုး ထိအဆိပ်တက်ခြင်းမရှိပေ။ ဤလောကမှာပါရဒိသုခခံစားနိုင်သောနေရာ သည် ဘုရားသခင်၏အသင်းတော်ပင် ဖြစ်သည်။ 
ထိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်ဘုရားသခင်၏နိုင်ငံတော် ထဲသို့ဝင်ရပါသည်။ အသင်းတော်သည် ကောင်းကင်နိုင်ငံတော်ဝင်ရောက် သူများယုံကြည်ခြင်း၌ခိုင်ခံစွာနေသောနေရာပင် ဖြစ်သည်။ သင့်နှလုံးသား ထဲမှာဤသမ္မာတရားအကြောင်းကို ယုံကြည်သလော။ ကျွန်တော်ယုံကြည် ၍ဘုရားသခင်ထံ‌‌တော်သို့ကျေးဇူးတင်ရခြင်းဖြစ်သည်။  
ကျွန်တော်သည် ဤသတင်းကောင်းအတွက် အစေခံနိုင်သော ကြောင့်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတတ်ခြင်း ဖြစ်သည်။ ကျွန်ုပ် သည်ဤသမ္မာတရားအတွက်အသက်ရှင်လျက်ရှိပြီးအပြာရောင်၊အနီရောင်၊ ခရမ်းရောင်၊အဖြူရောင်ချည်ထည်သမ္မာတရားကိုမသိသေးသူပေါင်းများစွာတို့အားဤသတင်းကောင်းကိုဟောပြောနေရခြင်းဖြစ်သည်။သို့ရာတွင်ယခု အခါ ဤသတင်းကောင်းကို အစေခံသလော၊ မခံသလောမေးခွန်းကိုမမေး  သင့်ပေ။ သင်လိုအပ်သောအရာမှာ  ဤသတင်းကောင်းကိုရှေးဦးစွာယုံ ကြည်ခြင်း ဖြစ်သည်။ 
သခင်ယေရှုသည် သင့်အပြစ်အားလုံးမှထာဝရလုံလောက်သော ကယ်တင်ခြင်းကိုတစ်ကြိမ်တည်းပူဇော်ပေးသောအားဖြင့် သင့်အပြစ်အား လုံးမှကယ်တင်ခြင်းရရှိနိုင်သောသမ္မာတရားကို သင်တို့အားလုံး ယုံကြည် နိုင်ကြပါစေဟု ကျွန်တော်မြော်လင့်ဆုတောင်းပေးနေသည်။