Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-13] အသန့်ရှင်းဆုံးဌာနသို့ ဝင်ခွင့်ရရှိသောသူများ (ထွက် ၂၆း ၃၁-၃၃)

အသန့်ရှင်းဆုံးဌာနသို့ ဝင်ခွင့်ရရှိသောသူများ
(ထွက် ၂၆း ၃၁-၃၃)
“တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်ဖြင့် ပြီးသော ခရေုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကု လားကာ ဆယ်ထည်ဖြင့်တဲတော်ကိုလုပ်ရမည်။ ကုလားကာသည်အလျား နှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍ ကုလားကာချင်း အလျားအနံတူ ရမည်။ကုလားကာငါးထည်စီတစပ်တည်းချုပ်ရမည်။ ကုလားကာတထည် ပြင်ဘက်မှာကုလားကာနားချင်းဆက်မှီရာ၌ကွင်းများကို ပြာသောအထည် နှင့်လုပ်ရမည်။အခြားသောကုလားကာပြင်ဘက်မှာ ကုလားကာ နားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။”
 


တဲတော်၏ အသုံးအဆောင်ပစ္စည်းများ

 
တဲတော်သည်အရောင်လေးမျိုးဖြင့်ဖုံးအုပ်ထားပြီးခေါက်ချိုးလျက် သယ်ယူနိုင်ပြုနိုင်သည့်အိမ်တစ်မျိုးဖြစ်သည်။၎င်းကိုပစ္စည်း ကိရိယာအမျိုး မျိုးဖြင့်တည်ဆောက်ထားပါသည်။(ဥပမာ- ထရံကို အကာရှသစ်သား (၄၈) ချပ်ဖြင့်ပြုလုပ်ထားသည်။ထိုပျဉ်ပြား၏အရှည်မှာ၄.၅မီတာ (၁၀ကုဗ-၁၅ ပေ) ဖြစ်၍ အနံမှာ ၆၇.၅စင်တီမီတာ(၁.၅ကုဗ- ၂.၂ ပေ)ဖြစ်သည်။ ပျဉ်ပြား အားလုံးကိုရွှေဖြင့် ကွက်ထားပါသည်။
တဲတော်ကို ဖုံးအုပ်ဖို့ရန်အောက်ပါပစ္စည်းကိရိယာများကို အသုံး ပြုထားပါသည်။ပထမကုလားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် နှင့်အဖြူရောင်ချည်ထည်ဖြင့်၎င်းဒုတိယကုလားကာကို ဆိတ်သားရေဖြင့် ၎င်း၊တတိယကုလားကာကိုသိုးသား‌ရေဖြင့်၎င်း၊စတုတ္ထကုလားတို့ကိုသဟာ ရှသားရေဖြင့်၎င်းယက်လုပ်ထားပါသည်။ 
ကျွန်ုပ်တို့လေ့လာခဲ့ပြီးသည့်အတိုင်းတဲတော်တံခါးအဖုံးကို အပြာ ရောင်၊ ခရမ်းရောင်၊အနီရောင်နှင့် အဖြူရောင်ချည်ထည်များဖြင့် ယက်လုပ် ထားပါသည်။ 
အသန့်ရှင်းဆုံးဌာနကိုဤအရောင်လေးမျိုးဖြင့် ဖုံးကွယ်ထားသ ဖြင့်၎င်းအားဖြင့်လူတို့ကိုအပြစ်မှကယ်တင်ခြင်းအတွက်သခင်ယေရှု၏လုပ် ဆောင်ချက်ကိုပေါ်လွင်ထင်ရှားစပေါသည်။အရောင်လေးမျိုးအားဖြင့် ယေ ရှုခရစ်ပေးတော်မူမည့်ဆုလဒ်လက်ဆောင်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ် ဆေးကြောခြင်း သမ္မာတရားအလင်းကို ထင်ရှားစေ၍ ထိုအရာများအားဖြင့် ယုံကြည်သူတို့ သည် ကျေးဇူးတော်ချီးမွမ်းရမည် ဖြစ်သည်။  
 

သန့်ရှင်းရာဌာန၊အသန့်ရှင်းဆုံးဌာန၏တံခါးများ၏အသုံးအဆောင် ပစ္စည်းများ
သန့်ရှင်းရာဌာန၊အသန့်ရှင်းဆုံးဌာန၏တံခါးများ၏အသုံးအဆောင် ပစ္စည်းများအသန့်ရှင်းဆုံးဌာန၏တံခါးများ၏ အသုံးအဆောင်ပစ္စည်းများအ တွက်အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ထည်များကို ရောစပ်၍ယက်လုပ်ထားသည်။ တဲတော်တံခါးများအားလုံးကိုပိတ်ချောဖြင့် ပြုလုပ်ထားသည်။လူတစ်ယောက်သည်တဲတော်တံခါးကိုဖြတ်ကျော်၍သန့် ရှင်းသောနေရာသို့သွားမည်ဆိုပါက အသန့်ရှင်းဆုံးနေရာ၏တံခါးကုလား ကာကို ဖြတ်ကျော်ရမည်ဖြစ်သည်။အသန့်ရှင်းဆုံး၏တံခါးက အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်နှင့်အဖြူရောင်အထည်တို့၌ ထင်ရှားသောကိုယ် တော်လုပ်ဆောင်ချက်လေးမျိုးအားဖြင့်သခင်ယေရှုသည် အပြစ်များဖြေ လွှတ် တော်မူပြီဖြစ်ကြောင်း ထင်ရှားစေသည်။ 
သန့်ရှင်းရာဌာနနှင့်အသန့်ဆုံးဌာနတံခါးများအတွက် အသုံးပြု သည့်အပြာရောင်၊ခရမ်းရောင်၊အဖြူရောင်ချည်ထည်မှ မေရှိယသည်လော ကသို့ကြွလာတော်မူ၍ ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်းလောင်းခြင်းနှင့် ပြည့်စုံသောကယ်တင်ခြင်းဆောင်ရွက်ချက်စသည်တို့ကိုပေါ်လွင်ထင်ရှား စေသည်။ထိုအရာများအနက်အပြာရောင်သည်သခင်ယေရှုခံယူမည့် ဗတ္တိဇံ ၏ပုံရိပ်အဖြစ်၎င်း၊ခရမ်းရောင်သည်သူ၏လောကအပြစ်များကို သယ် ဆောင်၍ပူဇော်မည့် ယဇ်ကိုပုံရိပ်အဖြစ်၎င်းပြထားခြင်းသည်။ ကျွန်ုပ်တို့၏ အပြစ်များကိုဆေးကြောဖို့ရန် ကျွန်ုပ်တို့၏သခင်သည်ဗတ္တိဇံကိုခံ၍အပြစ် ကြောင့်တရားစီရင်ခြင်းခံတော်မူခဲ့သည်။ ဤအရာသည်အသန့်ရှင်းဆုံးဌာန တံခါး၏ဆိုလိုရင်းဖြစ်သည်။ 
 

တဲတော်၏အခင်းကြမ်းပြင်
 
တဲတော်ကို သဲမြေပြင်အပေါ်တွင် တည်ဆောက်ထားပါသည်။ ဤနေရာမှ သဲမြေပြင်သည်လူတို့၏ စိတ်နှလုံးကို ဆိုလိုသည်။ တဲတော်၏ ကြမ်းပြင်သည်သဲမြေကို အသုံးပြု၍တည်ဆောက်ထားသဖြင့်  ယေရှုသည် လူသားများ၏အသွေးအသားအားဖြင့်လောကသို့ကြွလာတော်မူ၍ကျွန်ုပ်တို့၏စိတ်နှလုံးထဲမှအပြစ်များကို ဆေးကြောသုတ်သင်ဖယ်ရှားပေးတော်မူခဲ့ သည်။အကြောင်းမူကားယေရှုသည်လူသားမျိုးနွယ်တစ်ရပ်လုံး၏အားနည်း ချက်များကိုတွေ့ကြုံခံစားသွားခဲ့ရပြီးကိုယ်တော်၏ဗတ္တိဇံခံယူခြင်း၊လက်ဝါးကပ်တိုင်ပေါ်ဝယ် သွန်းလောင်းခဲ့သည့်တန်ဖိုးကြီးမားသောအသွေးတော် အားဖြင့်သူတို့အားလုံး၏အပြစ်များကို ကိုယ်တော်ဆေးကြောသုတ်သင် တော်မူခဲ့ပါသည်။သခင်ယေရှုသည် သမ္မာတရား၏တောက်ပသောအလင်း အားဖြင့် လောကကိုလင်းစေဖို့ရန်နှင့်လူတို့၏အခြေခံအပြစ်ပြဿနာကိုဖြေ ရှင်းဖို့ရန်လောကသို့ကြွဆင်းတော်မူခဲ့ပါသည်။ ယေရှုသည်စကြာ၀ဠာနှင့် အရာခပ်သိမ်းကိုဖန်ဆင်းတော်မူသောဘုရားသခင်ဖြစ်တော်မူ၍ ဤလော ကသို့ကြွလာတော်မူလျက် လူသားမျိုးနွယ်တစ်ရပ်လုံးအားသူတို့၏အပြစ် များနှင့်ကျိန်ခြင်းအမင်္ဂလာအားလုံးမှ ကယ်နှုတ်တော်မူခဲ့သောကယ်တင် ခြင်း အလင်းဖြစ်တော်မူသည်။
 

အသန့်ရှင်းဆုံးဌာန၏တိုင်များ
 
အသန့်ရှင်းဆုံးဌာန၏တိုင်များကိုအကာရှသစ်သားတိုင်လေး တိုင် ဖြင့်ပြုလုပ်ထားပါသည်။ သမ္မာကျမ်းစာထဲတွင် နံပါတ်လေးသည် ဒုက္ခ ဝေဒနာခံစားခြင်းဟုအဓိပ္ပါယ်ရရှိပါသည်။ အသန့်ရှင်းဆုံးဌာန၏တိုင်များမှ ကျွန်ုပ်တို့အားဖေါ်ပြသည်မှာ - အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူ ရောင်အားဖြင့်ပေါ်လွင်ထင်ရှားသည့်တောက်ပသောကယ်တင်ခြင်းအလင်း ကိုမယုံကြည်ဘဲသူတို့သည်ကယ်တင်ခြင်းသို့မရောက်နိုင်ကြကြောင်း ထင် ရှားစွာပြသခဲ့ပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ဆင်းရဲဒုက္ခခံရ ခြင်းအားဖြင့်ပြည့်စုံစေတော်မူသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလင်းကို တောက်ပစွာထွန်းလင်း စေကြောင်း၎င်းတို့ကထင်ရှားစေသည်။ 
အသန့်ရှင်းဆုံးဌာနသို့ဝင်လိုသူနှင့်ဘုရားသခင်ရှေ့တော်တွင်မတ်တပ်ရပ်လိုသူမည်သူမဆိုဘုရားသခင်ပြင်ဆင်ထားသည့်ကယ်တင်ခြင်း သ တင်းကောင်းတည်းဟူသောတောက်ပသည့်ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ရမည်။ သို့သော် ဘုရားသခင်ချထားတော်မူသောသ တင်းကောင်းကိုမယုံကြည်ဘဲလျက်ကိုယ်တော့်ထံ‌တော်သို့ ချဥ်းကပ်သော သူများသည် ဘုရားသခင်၏ကြောက်မက်ဘွယ်ကောင်းသောအမျက်တော် ကို ခံရကြလိမ့်မည်။ ဘုရားသခင်ရှေ့တွင်မတ်တက်ရပ်နေသောသူသည်အ ပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်အားဖြင့် ထင် ရှားခဲ့သည့်တောက်ပသောသမ္မာတရားကို ယုံကြည်ရမည်။ တောက်ပသော သမ္မာတရားအလင်းအားဖြင့်ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကိန်းဝပ် ရာအရပ်ဖြစ်သည့် အသန့်ရှင်းဆုံးနေရာသို့ရောက်ရှိလာနိုင်ကြပြီဖြစ်သည်။ 
ဓမ္မဟောင်းကျမ်းမှ အပြစ်ဆေးကြောခြင်းသတင်းကောင်းသည် အပြာရောင်၊ ခရမ်းရောင်၊အနီရောင်တို့ဖြင့် ထင်ရှားခဲ့သည့်ကယ်တင်ခြင်း သမ္မာတရားဖြစ်သည်။ဓမ္မသစ်ကျမ်းတွင်ထင်ရှားခဲ့သည့် အပြစ်ဆေးကြော ခြင်းသတင်းကောင်းအစစ်သည် ယေရှု၏ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင် ၏အသွေးတော်နှင့်သခင်ယေရှု၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြင့်ပြည့် စုံစေခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤအသန့်ရှင်းဆုံးသတင်းကောင်းကိုယုံ ကြည်ခြင်းအားဖြင့် အသန့်ရှင်းဆုံးဌာနသို့ ဝင်ရောက်ခွင့်ရရှိပြီဖြစ်သည်။
 


ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်ဖြင့် ထင်ရှားခဲ့သည့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုယုံကြည်ရမည်

 
ဟေဗြဲ၁၁း၅တွင်“ယုံကြည်ခြင်းမရှိလျှင်ဘုရားသခင်၏ စိတ်တော် နှင့်မတွေ့နိုင်။ အကြောင်းမူကားဘုရားသခင်အထံတော်သို့ချဉ်းကပ်တော်မူ သည်ကို ၎င်းယုံကြည်ရသည်”ဟုဖော်ပြသည်။ ဘုရားသခင်သည် အစဉ် အမြဲ အသက်ရှင်တော်မူလိမ့်မည်။သခင်ယေရှုသည် ထာ၀ရအသက်ကိုပေး ဖို့ရန် လူ့ဇာတိကိုခံယူတော်မူလျက်ဗတ္ကိဇံခံယူခြင်း၊ ကားစင်အတင်ခံရခြင်း၊ အသေခံ၍သေခြင်းမှရှင်ပြန်ထမြောက်ခြင်းတို့ဖြင့်ကျွန်ုပ်တို့၏ကယ်တင်ရှင် ဖြစ်လာသည်။ ကျွန်ုပ်တို့အပြစ်များအတွက်တရားစီရင်ခြင်းခံလျက်ဇာတိ ဟောင်း၏အပြစ်များအားလုံးကိုဆေးကြောပေးတော်မူခြင်းအားဖြင့် လည်း ကောင်း၊ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ခံယူသောယုံကြည်ခြင်းဝိ ညာဥ်ကိုပေးအပ်ခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်သည် ကျွန်ုပ်တို့ အား ပြည့်စုံသောသန့်ရှင်းစင်ကြယ်ခြင်းဝတ်လုံကိုခြုံစေတော်မူခဲ့သည်။ 
သခင်ယေရှုသည်ကျွန်ုပ်တို့အား အသက်သစ်ကို ဝတ်ဆင်ပေး တော်မူ၍ဘုရားသခင်ရှေ့‌တော်မှောက်သို့သွားစေတော်မူ၍ ဆုတောင်းစေ တော်မူခဲ့သည်။ ထို့ပြင် ကိုယ်တော်သည်ကျွန်ုပ်တို့အား ဘုရားသခင်၏မျက် မှောက်တော်၌ရပ်တည်နိုင်သောအခွင့်ကျေးဇူးတော်ကို ပေးတော်မူ၍ကိုယ် တော့်ကို အဗ္ဗ၊အဘဟုခေါ်ခွင့်ပေးတော်မူသည်။ ဤအရာအားလုံးသည် ဘု ရားသခင်၏ကျေးဇူးတော်ပင် ဖြစ်သည်။ ဘုရားသခင်ပေးအပ်တော်မူသော ကယ်တင်ခြင်းအားဖြင့်ရရှိနိုင်သည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် ချည်ထည်သမ္မာတရားအားဖြင့်ကျွန်ုပ်တို့အား ဤကယ်တင်ခြင်းကို ယူ ဆောင်လာခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အားယုံကြည်ခြင်း အားဖြင့်ကယ်တင်ခြင်းခံရဖို့ရန်နှင့်ကိုယ်တော့်ရှေ့တော်မှောက်တွင် မတ် တပ်ရပ်နိုင်ဖို့ ပြုလုပ်ပေးတော်မူခဲ့ပါသည်။ 
သင်နှင့်ကျွန်ုပ်မနက်ဖြန်သေဆုံးသွားခဲ့သော် ကောင်းကင်နိုင်ငံ ရောက်ဖို့စိတ်ချနိုင်မည်လား။ဤနေရာတွင်အနည်းငယ်အချိန်ယူ၍ ကျွန်ုပ် တို့၏အနာဂတ်အတွက်ဆင်ခြင်ကြပါစို့။လူတို့သည် သေဆုံးသွားသည့်အခါ ဘုရားသခင်၏တရားစီရင်ရာပလ္လင်ရှေ့တွင် မတ်တပ်ရပ်ကြသည်။  ဤအ ရာ၏ဆိုလိုရင်းမှာ-လောကတွင် ကျွန်ုပ်တို့ကျူးလွန်ခဲ့သော အပြစ်ပြဿနာ ရပ်အားလုံးကို ဖြေရှင်းချက်ပေးရမည့်အဓိပ္ပါယ်ဖြစ်သည်။ ဤပြဿနာရပ် ကိုကျွန်ုပ်တို့မည်သို့ဖြေရှင်းမည်နည်း။ ကျွန်ုပ်တို့သည်သခင်ယေရှုကို အ ကျိုးအကြောင်းမသိဘဲကယ်တင်ရှင်အဖြစ်ဇွတ်နှင့်အတင်းယုံကြည်နေမည် ဆိုလျှင်ထိုအရာသည်ဘာသာရေးကိုသာယုံကြည်ခြင်း ပင်မဟုတ်ပါလော။
ကျွန်ုပ်အသက်တာမှာရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမသိသော အချိန်တစ်ချိန်ရှိခဲ့ဘူးသည်။ လက်ဝါးကပ်တိုင်၏အသွေးတော်ကို ဘလိုင်းကြီးယုံကြည်ခြင်းဖြင့်ကျွန်ုပ်၏အပြစ်ပြဿနာများကိုဖြေရှင်းဖို့ကြိုး စားခဲ့ပါသည်။ထိုအချိန်တွင်ကျွန်ုပ်သည် ခဲရာခဲဆစ်ယုံကြည်ခဲ့သည့်အချက် မှာ ယေရှုသည် ကျွန်ုပ်ကဲ့သို့သောလူသားများအဖို့ ကားစင်အတင်ခံရပြီး အသေခံတော်မူခြင်းအားဖြင့် အဖြစ်ပြဿနာအားလုံးကို ဖြေရှင်းပေးတော် မူခဲ့သည်ဟု ယုံကြည်ခဲ့ပါသည်။ သို့ရာတွင် ဤယုံကြည်ခြင်းဖြင့် ကျွန်ုပ် သည် နေ့စဉ်အပြစ်ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ ထိုသို့ဖြင့်များစွာ အချိန် ယူရပြီးသည့်နောက် အပြာရောင်၊ ခရမ်းရောင်၊အနီရောင်ချည်ထည်ဖြင့် ထင်ရှားခဲ့သည့်ကယ်တင်ခြင်းကိုယုံကြည်ခဲ့ပြီးနောက် ကျွန်ုပ်၏ဝိညာဉ် သည် ဒုတိယမွေးဖွားခြင်းကို ခံခဲ့ရပါသည်။ 
ယေရှုအား ကယ်တင်ရှင်အဖြစ်ဘလိုင်းကြီး ယုံကြည်သည့်အခါ တွင်ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောသုတ်သင်ခြင်းခံရပါသလား။ သန့်ရှင်းသောဘုရားသခင်ဘုရားသခင်ရှေ့တော်သို့ ချဥ်းကပ်နိုင်ဖို့ယုံကြည်  ခြင်းဆိုသည်မှာ-ကိုယ်တော့်ကိုဘလိုင်းကြီး ယုံကြည်ခြင်းအားဖြင့်မတွေ့ရ ဘဲသမ္မာတရားကိုသိမြင်ယုံကြည်ခြင်းအားဖြင့်သာတွေ့နိုင်ပါသည်။ ကျွန်ုပ် တို့သည် ယေရှုအားမိမိကယ်တင်ပိုင်ရှင်အဖြစ် မည်မျှပင် ဆာငတ်တောင့် တမှုဖြင့်ယုံကြည်စေကာမူအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်အားဖြင့် အ ပြစ်သားများကို ကယ်တင်တော်မူခဲ့သည်။ သတင်းကောင်းကိုမသိဘဲ သန့် ရှင်းသောဘုရားကိုတွေ့နိုင်မည်မဟုတ်ပေ။ ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းတစ်ခုတည်းကိုသာလက်ခံယုံကြည်သောအခါသန့် ရှင်းသောဘုရားသခင်ကိုကျွန်ုပ်တို့တွေ့နိုင်ကြသည်။ ဘုရားသခင်၏ရှေ့ တော်တွင် ကယ်တင်ခြင်းခံရသောသူအဖြစ် ရပ်တည်နိုင်ဖို့ ကျွန်ုပ်တို့တွင် မည်သည့်ယုံကြည်ခြင်းပစ္စည်းများပါဝင်ပေါင်းစပ်ထားသည့် ယုံကြည်ခြင်း လိုအပ်သနည်း။ ထိုသို့သောယုံကြည်ခြင်းမျိုးကို ကျွန်ုပ်တို့တွင် ရရှိလာ နိုင်ဖို့မည်သည့်သတင်းကောင်းမျိုးလိုအပ်သနည်း။ဤသတင်းကောင်းသည် တောက်ပသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့၏သခင်ယေရှုသည် လောကသို့ကြွလာတော်မူလျက် ယောဟန်ထံမှဗတ္တိဇံခံယူခြင်း၊ ကားစင်အတင်ခံခြင်း၊ မိမိအသွေးတော်ကို သွန်းလောင်ခြင်း၊သုံးရက်မြောက်သောနေ့တွင် သေခြင်းရှင်ပြန်ထမြောက် တော်မူခြင်းဖြင့်လောကသားများအားလုံး၏အပြစ်ကို သယ်ဆောင်၍ယုံ ကြည်သောသူတို့အတွက် ပြည့်စုံသောကယ်တင်ခြင်းကို ပြည့်စုံစေတော်မူ ခဲ့သည်။ ကျွန်ုပ်တို့၏ဝိညာဉ်ကိုသန့်ရှင်းစင်ကြယ်စေလိုလျှင် ယေရှုသည် ယောဟန်ထံမှဗတ္တိဇံခံယူခြင်း(မဿဲ၃း၁၅)နှင့် လက်ဝါးကပ်တိုင်တွင် အ သွေးတော်သွန်းလောင်ခြင်း(ယော၁၉း၃၀)အားဖြင့်သာလျှင် တောက်ပ သောသမ္မာတရားနယ်ပယ်သို့ဝင်ရောက်နိုင်ကြသည်။ ကယ်တင်ရှင်အဖြစ် တောက်ပသောရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ကြွလာတော် မူသောသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့နှလုံးသား များသည် မိုးပွင်းကဲ့သို့ ဖြူစင်နိုင်ကြမည်မဟုတ်ပေ။ 
တစ်ခါတစ်ရံအသွေးအသား၏အားနည်းချက်ကိုကြည့်ပြီး ကျွန်ုပ် တို့သည် စိတ်ပျက်ညည်းတွားသည့်အချိန်များရှိလာလိမ့်မည်။ ထိုသို့ဖြစ်စေ ကာမူရေနှင့်ဝိညာဉ်တော်သတင်းကောင်းတည်းဟူသောကိုယ်တော်၏ဗတ္တိ ဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ဆေးကြောသုတ်သင် ပေးတော်မူခဲ့ပြီဖြစ်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းရမည် ဖြစ် သည်။သင်နှင့်ကျွန်ုပ်သည်အခြားနည်းလမ်းအားဖြင့် သန့်ရှင်းသူဖြစ်လာဖို့မ ရှိဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်သာသန့် ရှင်းသူများဖြစ်လာကြပါသည်။ သခင်ယေရှုသည်ကျွန်ုပ်တို့အားအပြစ်မှ ပြည့်စုံစွာ ကယ်တင်ပေးတော်မူခဲ့ပါသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်တော်မူခဲ့သည့်တောက်ပသော သမ္မာတရားအလင်းကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် သ ခင် ယေရှုသည် ကျွန်ုပ်တို့အား လုံးဝသန့်ရှင်းသူများဖြစ်စေတော်မူခဲ့သည်။ 
သခင်ယေရှုက“တဖန်ငါဆိုသည်ကားကုလားအုပ်သည်အပ်နဖါးကိုလျှို့လွယ်၏။ငွေရတတ်သော သူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်စံ လှ၏” (မဿဲ ၁၉း၂၄)ဟုမိန့်တော်မူခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရသည်ဟု မယုံကြည် ဘဲလျက် ဝိညာဥ်ရေးရာ၌ ကြွယ်ဝချမ်းသာသူများသည် ကယ်တင်ခြင်းမရရှိ နိုင်ပေ။ဝိညာဉ်ရေးရာတွင် ဆင်းရဲသောသူများ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်လိုသူများ၊မိမိပြုသည့် ကောင်းမှုကုသိုလ်များကိုစွန့်ပစ်ပြီးဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ရာနှုန်းပြည့်အစားထိုးသောသူများသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ထာ၀ရအသက်ကိုရ ရှိနိုင်ပါသည်။  ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် တောက်ပသည့် ကယ်တင်ခြင်းအလင်းကိုလင်းစေသဖြင့် အသန့်ရှင်းဆုံးဘုရားကို ကျွန်ုပ်တို့ တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ပိုင်ကြိုးစားမှုအားဖြင့် သန့်ရှင်း သူမဖြစ်နိုင်သော်လည်း ဘုရားသခင်ပေးအပ်တော်မူသောရေနှင့် ဝိညာဉ် တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည် သန့်ရှင်းသူ များဖြစ်လာနိုင်၍ တောက်ပသောသမ္မာတရားလွှမ်းမိုးသောနေရာသို့ဝင် ရောက်နိုင်ကြခြင်းဖြစ်သည်။ 
 

ကျွန်ုပ်တို့သည် ဘာသာတရားနှင့်ဓမ္မအယူဝါဒကိုစွန့်လွှတ်ရမည်
 
ယေရှုက “ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရား သခင်၏နိုင်ငံတော်ကိုမမြင်ရ”(ယော ၃း၃)ဟု မိန့်တော်မူသည့်အခါ နိကော ဒင်သည်  “အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည် နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကိုခံနိုင်ပါမည်လော” (ယော ၃း၄)ဟူသော မေးခွန်းဖြင့်ပြန်၍တုန့်ပြန်ခဲ့ပါသည်။
ဒုတိယမွေးခြင်းကိုမခံရသေးသူများအနေဖြင့်ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့် ဒုတိယမွေးဖွားခြင်းသည် ဖြစ်နိုင်မည်မဟုတ်ဟု ယူဆထား ကြပါသည်။ တစ်ခါတစ်ရံ သခင်ယေရှု၏တပည့်တော်များပင်လျှင် ကိုယ် တော့်စကားကို နားမလည်ကြဘဲ သံသယရှိခဲ့ကြပါသည်။ ထို့ကြောင့်သခင် ယေရှုသည် မိမိတပည့်တော်များထံ“သူတို့ကို ကြည့်ရှု၍ဤအမှုကို လူမ တတ်နိုင်။သို့သော်လည်း ဘုရားသခင်သည်ခပ်သိမ်းသောအမှုတို့ကိုတတ် နိုင်တော်မူသည်”(မဿဲ၁၉း၂၆)ဟုမိန့်တော်မူခဲ့သည်။ ဘာသာရေးကိုယုံ ကြည်ချက်ဖြင့်ကောင်းကင်နိုင်ငံသို့မဝင်ရောက်နိုင်ကြောင်း၊ ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်သာလျှင် ဝင်ရောက်နိုင် ကြောင်းရည်ညွှန်းလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်မိမိကိုယ်ကိုသန့်ရှင်းသူ များဖြစ်ဖို့မလုပ်နိုင်ကြသော်လည်းသခင်ယေရှုသည် လောကသို့ကြွလာ တော်မူလျက် ဗတ္တိဇံခံယူခြင်း၊ ကားစင်အတင်ခံခြင်း၊ သေခြင်းမှ ရှင်ပြန် ထမြောက်ခြင်းတို့အားဖြင့် လောကအပြစ်များအားလုံးကို ယူတင်ဝတ် ဆောင်‌တော်မူခဲ့သည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထာ ဝရယူဆောင်သွားတော်မူ၍ ထွန်းလင်းတောက်ပသောကယ်တင်ခြင်းအ လင်းကိုပေးအပ်တော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် ထိုသူတို့ကို မိမိနိုင်ငံတော်ထဲသို့ ဝင်ခွင့်ပြုတော်မူခြင်း ဖြစ်သည်။ 
တဲတော်၏ပစ္စည်းများအဖြစ်အသုံးပြုထားသည့် အပြာရောင်၊ ခ ရမ်းရောင်နှင့် အနီရောင်ချည်ထည်ဖြင့် ထင်ရှားခဲ့သည့်သမ္မာတရားသည် ဓမ္မသစ်ကျမ်းထဲတွင်ယေရှုဆောင်ရွက်ခဲ့သည့်ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းအံဂွင်ဝင်ကျတူညီသောသမ္မာတရားဖြစ်သည်။ တစ်နည်းအားဖြင့်၊ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ထည်တွင်ထင်ရှားသောသမ္မာ တရားသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းနှင့်အတူတူပင် ဖြစ်သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်အထည်တို့သည် ကယ်တင်ခြင်းအ ရိပ်အယောင်ကိုပြသခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်သည် ဤ အရိပ်အယောင်ကိုအတပ်အမှန်ပုံဆောင်ထားသည်။  
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဖြင့်ကျွန်ုပ်တို့သည်တောက်ပ သည့်ကယ်တင်ခြင်းသမ္မာတရားကို ရှာဖွေတွေ့ရှိနိုင်ကြသဖြင့် ထိုသမ္မာတ ရားကိုစိတ်ချလက်ချယုံကြည်နိုင်သည်။ ကစားနေသည့် နို့စို့ကလေးသည် မိခင်၏လက်မောင်းပေါ်တွင် အပြည့်အဝ အိပ်စက်အနားယူနေသကဲ့သို့ တောက်ပသောရေနှင့်ဝိညာဥ်တော်သတင်းကောင်း၌ငြိမ်သက်ခြင်းရှိသည်။ သတင်းကောင်း၏အသန့်ရှင်းဆုံးအလင်းကိုတွေ့ရှိခြင်းအားဖြင့် အသန့်ရှင်း ဆုံးသောဘုရားသခင်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်ခြင်းဖြစ်သည်။ ရေနှင့် ဝိညာဥ် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်ဘုရားသခင်ပေးအပ်တော်မူသော ကယ်တင်ြခင်းကိုကျွန်ုပ်တို့ရှာဖွေတွေ့ရှိနိုင်ကြသည်။ ဘုရားသခင်ပေးအပ် တော်မူသောဤကယ်တင်ခြင်းကိုယုံကြည်သူအားလုံးသာလျှင် ထာဝရငြိမ် သက်ခြင်းရရှိခံစားနိုင်သည်။ 
အတိုချုပ်အားဖြင့် အသန့်ရှင်းဆုံးရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသန့်ရှင်းဆုံးသောဌာန သို့ဝင်နိုင်မည် ဖြစ်သည်။ တောက်ပသောရေနှင့် ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့်သာအပြစ်လွှတ်ခြင်းအခွင့် ရရှိနိုင်ပါသည်။ သခင်ယေရှုသည် ဤလောကသို့ကြွလာ၍ သတင်းကောင်း သမ္မာတရား တည်းဟူသောဗတ္တိဇံခံယူခြင်းနှင့်လက်ဝါးကပ်တိုင်အားဖြင့်တစ်ကြိမ်တည်း ကျွန်ုပ်တို့၏အပြစ်ကိုဆေးကြောသုတ်သင်ခဲ့ပါသည်။ယခု ကိုယ်တော်သည် အပြာရောင်၊အနီရောင်၊ခရမ်းရောင်နှင့်အဖြူရောင်ချည်ထည်အားဖြင့်ကတိ ပေးခဲ့သည့်အရာကိုပြည့်စုံစေခဲ့ပါသည်။ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားအားဖြင့်ကယ်တင်တော်မူခဲ့သည့်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ရ မည်။ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့်သာကျွန်ုပ်တို့သည်ထာ၀ရအသက်ရရှိကာကောင်းကင်ဘုံသို့ဝင်ရောက်နိုင်ကြသည်။ 
ဤစစ်မှန်သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြော လာခဲ့သည်မှာ အနှစ် (၃၀)ကျော် သွားပြီဖြစ်သဖြင့် ကမ္ဘာနေရာအနှံ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဤသမ္မာတရားကို နောက်ဆုံးကာလတွင် ဖြန့်ဝေ ဖို့ဘုရားသခင်ပြင်ဆင်ပေးတော်မူခြင်းဖြစ်သည်။ဗျာဒိတ်ကျမ်းတွင် ကျွန်ုပ် တို့၏သခင်ယေရှုသည် နောက်ဆုံးကာလတွင် မရေမတွက်နိုင်လောက် အောင်များစွာသောလူတို့သည် မိမိအပြစ်မှကယ်တင်ခြင်းရရှိကြလိမ့်မည် ဟုမိန့်တော်မူခဲ့သည်။ဘေးဒဏ်ကြီးကာလတွင်လူများစွာတို့သည် မိမိတို့၏ ယုံကြည်ခြင်းကိုကာကွယ်သည့်အနေဖြင့် မာတုရအသေခံကြပါလိမ့်မည်ဟု ပြောခဲ့သည်။ဘေးဒဏ်ကြီးကာလနောက်ဆုံးပိုင်းတွင်ယုံကြည်သူများသည် ဘုရားသခင်ကိုကိုးစားခြင်းနှင့်မာတုရအဖြစ်အသတ်ခံရခြင်းအားဖြင့် မိမိယုံ ကြည်မှုကိုထင်ရှားစေကြလိမ့်မည်။ တစ်နည်းအားဖြင့်ကျွန်ုပ်တို့၏သခင် သည် နောက်ဆုံးကာလတွင် ဝိညာဉ်များစွာကို ရိတ်သိမ်းဖို့အာရုံစူးစိုက်မှု ရှိလာသည်။ ဘုရားသခင်၏အစီအစဉ်မှာ-အပြစ်အားလုံးမှ ကယ်တင်ခြင်း ဆုကျေးဇူးကိုရရှိရန်အတွက် သမ္မာတရားသတင်းကောင်းကို အတပ်အမှန် ယုံကြည်ရမည် ဖြစ်သည်။ 
သင်သည်ယခုရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကြားနာ၍  အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရသဖြင့် ကျေးဇူးတော်ချီးမွမ်းစရာပင် ဖြစ် သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဘုရားသခင်ပေးအပ်တော်မူ ပြီဖြစ်သောကြောင့်ဘုရားသခင်ဘုန်းကြီး‌တော်မူပါစေ။ရေနှင့် ဝိညာဉ်တော် သတင်းကောင်းကိုကျွန်ုပ်တို့ မကြားဘဲနေလျှင် မည်သို့ ဖြစ်သွားလိမ့်မည် နည်း။သို့သော်ယခုတိုင်အောင်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုလက် မခံသေးသူများ ရှိနေသေးသည်ကိုတွေ့ရပါသည်။ ဤသမ္မာတရားသည် လူ တစ်ယောက်၏ စိတ်ထဲတွင် အလွယ်တကူဝင်နိုင်မည်မဟုတ်ပေ။  
ကမ္ဘာပေါ်တွင် ခရစ်ယာန်များရှိနေကြသော်လည်း ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို မသိသေးသူ (သို့) မယုံကြည်သေးသူပေါင်းများစွာ ရှိနေသေးကြောင်းသိရပါသည်။ အပြစ်မှလွတ်စေနိုင်သည့် သတင်းကောင်း သမ္မာတရားကို အဘယ်သို့ မျက်ကွယ်ပြုထားနိုင်ကြပါသနည်း။ ဤအ ကြောင်းကြောင့် ဘုရားသခင်သည် ဤစစ်မှန်သောသတင်းကောင်းကို စာ ပေအားဖြင့် ဟောပြောခွင့်ပေးခြင်းဖြစ်သည်။ 
ကမ္ဘာနှင့်အဝှမ်းကျွန်ုပ်တို့ဖြန့်ဝေသည့်ကယ်တင်ခြင်း သတင်း ကောင်းကိုယုံကြည်လက်ခံလာကြကြောင်းလူအများအပြားတို့ကသက်သေ ခံလာကြပါသည်။ သူတို့သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မသိမီ လက်ဝါးကပ်တိုင်၏အသွေးတော်တစ်မျိုးတည်းကိုသာ သိကြသော်လည်း ယခုအခါရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို ရှင်းလင်းစွာ သဘောပေါက်ပြီး ယုံကြည်ခွင့်ရရှိသောကြောင့် ကျေးဇူးတော်ချီးမွမ်းကြပါ သည်။ယေရှုသည်ယောဟန်ထံမှဗတ္တိဇံခံယူတော်မူခြင်း၏ထူးခြားအဓိပ္ပါယ်ရှိခြင်းကို ယခင်ကမသိခဲ့ကြသော်လည်း ယခုတွင်သိကြကြောင်းသက်သေ ခံကြသည်။ ယခုတွင်သူတို့သည် ဤသတင်းကောင်းကိုယုံကြည်၍ ဘုရား သခင်အားကျေးဇူးတင်၍မဆုံးနိုင်တော့ပေ။ 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မြင်တွေ့ နိုင်သကဲ့သို့ တဲတော်ရှိတန်တိုင်းတော် တံခါးအဖုံးအကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်ဖြင့် ယက်လုပ်ထားကြောင်း ကိုလည်းတွေ့နိုင်ပါသည်။ဤအရောင်လေးမျိုးတို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှင့်အတူတူပင်ဖြစ်သည်။ တောက်ပသော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းသည်သန့်ရှင်းရာဌာနတံခါးပြင်အဖြစ်ထင်ရှားခဲ့သကဲ့ သို့အသန့်ရှင်းဆုံးဌာနတံခါးအဖုံး၊အကာအဖြစ်လည်းထင်ရှားခဲ့သဖြင့် ပုံစံ အားဖြင့်တူညီမှုရှိပါသည်။တဲတော်၏အဖုံးအကာများကိုလည်း အရောင် လေးမျိုးအားဖြင့်ယက်လုပ်ထားသည်။(အပြာရောင်၊ခရမ်းရောင်၊အနီရောင် နှင့်အဖြူရောင်) ဤသမ္မာတရားမှ ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ရည် ညွှန်းထားပါသည်။ ထို့ကြောင့် ယေရှုက သူသည် ကောင်းကင်နိုင်ငံသို့သွား ရာလမ်းခရီးဖြစ်ကြောင်းမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ လောကသို့ကြွလာ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်သားများကို ယူဆောင် တော်မူခဲ့သည်။ ထိုကြောင့် ယုံကြည်သူများကိုအပြစ်ကင်းစင်ဖြောင့်မတ်သူ များဖြစ်စေတော်မူခဲ့သည်။ 
ကောင်းကင်ဘုံသို့သွားရမည့်လမ်းသည် ယေရှု၏ဗတ္တိဇံနှင့်အ သွေးတော်ကိုယုံကြည်ခြင်းတွင်တွေ့ရသည်။အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူ ရောင်ချည်ထည်အားဖြင့်ယေရှုသည့် ကျွန်ုပ်တို့အားအပြစ်မှ ပြည့်စုံစွာကယ်တင်တော်မူခဲ့ပါသည်။ ဤသမ္မာတရားကို မည်သည့်နေရာ တွင် တွေ့ရမည်ဟု သင်ထင်သနည်း။ အကယ်၍ သင်သည်ယေရှုခရစ်၏ ဗတ္တိဇံခံယူခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်မှအသွေးတော်ကို ယုံကြည်မည် ဆိုလျှင် အပြစ်အားလုံးမှ ကယ်တင်ခြင်းခံရပြီး တစ်ကြိမ်တည်းကယ်တင် ခြင်းရရှိခြင်းအားဖြင့်ထာဝရလွှတ်မြောက်သူများဖြစ်လာနိုင်သည်။ 
ယေရှုကို တစ်ခြားနည်းလမ်းအားဖြင့် ယုံကြည်ခြင်းနှင့် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းအားဖြင့် တိကျစွာ ယုံကြည်ခြင်းတို့အကြားမည် သည့်ထူးခြားမှုရှိသနည်း။ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့်သခင် ယေရှုသည်အပြစ်သားများကိုအပြစ်မှကယ်တင်တော်မူခဲ့သည်ဟု ယုံကြည် မှသာသင်သည်မှန်ကန်သောယုံကြည်ခြင်းရရှိသည်။ယေရှုခရစ်သည် ဗတ္တိ ဇံခံယူတော်မူ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်း အားဖြင့် အပြစ်သားများကို ကယ်တင်တော်မူခဲ့သည်။ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းရရှိဟုယုံကြည် ခြင်းသည် သခင်ယေရှုအားယုံကြည်၍ကယ်တင်ရှင်အဖြစ်လက်ခံခြင်းဖြစ် သည်။ သခင်ယေရှု၏နာမတော်ကိုယုံကြည်ခြင်းသည် မိမိအပြစ်ကိုကိုယ် တော့်အပေါ်သို့တင်၍ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်လိမ့်မည်ကိုမဆို လိုပေ။ 
ယေရှုခရစ်သည် ကျွန်ုပ်တို့အတွက် ယောဟန်ထံမှ ဗတ္တိဇံကိုခံ ယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်း၊ အပြစ် အားလုံးအတွက် တရားစီရင်ခြင်းခံတော်မူခြင်းနှင့်သေခြင်းမှ ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ဆေးကြောခံရပြီး ဘုရားသခင်၏ သားသမီးများဖြစ်စေပါသည်။  ရေနှင့်ဝိညာဉ်တော်သတင်းကောင်းတည်း ဟူသော အသန့်ရှင်းဆုံးသောသတင်း‌ကောင်းကို မယုံကြည်သောသူများ သည် ဒုတိယမွေးဖွားခြင်း မခံရသေးသောသူများဖြစ်ကြသောကြောင့် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ကြမည်မဟုတ်ကြပေ။ 
တဲတော်၍ထင်ရှားခဲ့သည့်တောက်ပသောရေနှင့်ဝိညာဉ် တော်သ တင်းကောင်းအလင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် လောကတွင် အသက်ရှင်စဉ်အသန့်ရှင်းဆုံးသောယုံကြည်ခြင်းကိုရရှိနိုင်ပါသည်။ကျွန်ုပ် တို့ပြုလုပ်သည့်ကုသိုလ်ကောင်းမှုသည်လုံလောက်မှုမရှိပေ။ ဤသို့သော ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများအဖြစ်မည် သို့ပြောနိုင် ကြမည်နည်း။ကျွန်ုပ်တို့သည်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့်သန့်ရှင်းသူများဖြစ်လာပြီးမှ အပြစ်ကိုမည်သို့ဆက်၍ ကျူးလွန်နိုင်ဦးမည်နည်း။ လူအချို့ကကျွန်ုပ်တို့သည် ဇာတိအ သွေးအသား ဖြင့်အသက်ရှင်၍အပြစ်ပြုနေသည့်အချိန်မှာအပြစ်နှင့်ကင်းစင်သောသူများ ဟုမည်သို့ပြောနိုင်သနည်းဟုအံ့သြတွေဝေလျက်ရှိကြသည်။ 
သို့ရာတွင် ထိုအတွေးအခေါ်သည် သူတို့၏ လူ့အတွေးအခေါ် သက်သက်သာဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည် သောသူတို့သည်လည်းလူသားများပင်ဖြစ်နေကြသဖြင့် မပြည့်စုံသောခန္ဓာ ကိုယ်ဖြင့် အသက်ရှင်ကြရသဖြင့် လောကမှာအသက်ရှင်နေစဥ်သေသည့် အထိတိုင်အောင်အပြစ်ပြုရကြလိမ့်မည်။ သို့သော် သူတို့သည် သခင်ယေရှု ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်မှရသောပြည့်စုံသည့် ကယ်တင်ခြင်း အားဖြင့်လက်ရှိအပြစ်အားလုံးနှင့်အနာဂတ်မှာကျူးလွန်မည့်အပြစ်အားလုံး တို့မှ လွှတ်မြောက်ခြင်းခံရကြကြောင်း သူတို့သည်ယုံကြည်ကြသည်။ 
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည် အားဖြင့် ထင်ရှားခဲ့သည့်သခင်ယေရှုပေးအပ်တော်မူသော ကယ်တင်ခြင်း အကြောင်းကြောင့် ကျွန်ုပ်တို့သည် ဤလောကတွင်အသက်ရှင်နေစဥ်ဝိ ညာဥ်ရေးရာနှင့် စပ်ဆိုင်သောယုံကြည်ခြင်း နှုတ်ကပတ်တော်ကိုရရှိ၍အ သန့်ရှင်းဆုံးသောယုံကြည်ခြင်းအားဖြင့်အသက်ရှင်နိုင်ကြခြင်း ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို ခံယူနိုင်သောယုံကြည် ခြင်းကိုသခင်ယေရှုသည်ပေးအပ်တော်မူပြီဖြစ်သဖြင့် ကျွန်ုပ်တို့ယုံကြည်နိုင် ကြခြင်း ဖြစ်သည်။ သခင်ယေရှုကိုကျွန်ုပ်တို့ယုံကြည်ကြသောကြောင့် အ ချင်းချင်းတစ်ယောက်ကိုတစ်ယောက်မိဿဟာယဖွဲ့နိုင်ကြ၍ ဘုရားသခင် အတွက်အစေခံနိုင်၍ အချင်းချင်းချစ်နိုင်ကြခြင်းဖြစ်သည်။ ထိုနေရာများ တွင် စစ်မှန်သောပျော်ရွှင်ခြင်းတွေ့ရသည်။ 
ဤဧဝံဂေလိသတင်းကောင်းအတွက် ကျွန်ုပ်တို့သည် ကျေးဇူး တော်ကိုချီးမွမ်းရမည် ဖြစ်သည်။ ကျွန်ုပ်သည် ဤရေနှင့်ဝိညာဉ်တော် သ တင်းကောင်းကိုသိမြင်ယုံကြည်လာခြင်းသည် မည်မျှအထိ အံ့ဩဖွယ်ရာ ကောင်းပါသနည်း။ ယေရှု၏ဗတ္တိဇံခံယူခြင်းကို နှုတ်ကပတ်တော်အားဖြင့် အနည်းငယ်မျှ မသိဘဲနေသည့်အချိန်တွင် ဘုရားသခင်သည် ကျွန်ုပ်၏စိတ် နှလုံးထဲသို့ရေနှင့်ဝိညာဉ်တော်သတင်းကောင်းခံယူသော ယုံကြည်ခြင်းကို ထည့်သွင်းပေးတော်မူခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ကောင်းကင်ဆိုင်ရာကောင်းချီး မင်္ဂလာများခံစားရရှိနိုင်ကြခြင်း ဖြစ်သည်။  
 

ကျွန်ုပ်စိတ်ထဲမှာစစ်မှန်သောသတင်းကောင်းကြောင့် စစ်မှန်သော ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းဟောပြောနိုင်သည်
 
သမ္မာကျမ်းစာကိုဖတ်ရှုနေစဉ်ကျွန်ုပ်စိတ်ထဲသို့ပေါ်လာသော မေး ခွန်းမှာ- ယေရှုသည်အဘယ်ကြောင့် ဗတ္တိဇံကိုခံယူတော်မူခဲ့ရသနည်း။ ဤ မေးခွန်းပေါ်လာသဖြင့် ၎င်း၏အဖြေကိုတွေ့ဖို့ရန် သမ္မာကျမ်းစာတစ်အုပ် လုံးကိုရှာဖွေသော်လည်း သွန်သင်ပေးနိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ခဲ့ ရပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသိသည့်အထိ ဤအကြောင်းကို ကျွန်တော်အလွန်အမင်း စိတ်ဝင်စားမိခဲ့သည်။ 
အထူးသဖြင့်မဿဲ ၃း၁၃-၁၇ကိုကြည့်သော် သခင်ယေရှုသည် ယောဟန်ထဲမှဗတ္တိဇံမခံမှီ ဤသို့မိန့်ဆိုခဲ့သည်။ “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့် သင်သည်ဖြစ်၍ ယခုအခွင့်ပေးပါ။” သို့သော် ဆိုလို ရင်းကိုဘယ်သောအခါမျှ ကျွန်ုပ်နားမလည်ခဲ့ပေ။ ထို့ကြောင့် ယေရှုသည် ယောဒန်မြစ်တွင် ယောဟန်ထံမှအဘယ်ကြောင့် ဗတ္တိဇံကို ခံယူ‌တော်မူခဲ့ ကြောင်းအခြားသူများကို မကြာခဏမေးမြန်းခဲ့ပါသော်လည်း ပြည့်စုံစွာ အ ဖြေပေးနိုင်သူကိုမတွေ့ခဲ့ရပေ။ သို့သော်လည်း ယောဟန် ထံမှယေရှုဗတ္တိဇံ ခံရသည့်ရည်ရွယ်ချက်ကို ဘုရားသခင်သည် ကျွန်ုပ်နားလည်ခွင့်ပေးအပ် တော်မူခဲ့ပါသည်။ မျက်စိကန်းသူသည် ပြန်မြင်ရသကဲ့သို့ဤအရာအားဖြင့် ကျွန်ုပ်၏ဝိညာဉ်ရေးရာနှိုးထမှုရရှိလာခဲ့ပါသည်။ မဿဲ ၃း၁၃-၁၇ကို ကျွန်ုပ် သဘောပေါက်ပြီးသည်နောက် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင် ချည်ထည်ဖြင့်ပေါ်လွင်ထင်ရှားခဲ့သည့် သမ္မာတရားအားဖြင့်ကျွန်ုပ်သည် မိ မိအပြစ်များမှလွှတ်မြောက်ခွင့်ရရှိကြောင်းသိခဲ့ရသည်။ 
ဤသမ္မာတရားကိုမစွဲကိုင်မီကျွန်ုပ်သည်လက်ဝါးကပ်တိုင်မှခရစ်တော်၏အသွေးတော်တစ်မျိုးတည်းကိုသာ ယုံကြည်ထားသဖြင့် ကျွန်ုပ်၏ အပြစ်သည်လည်းဖယ်ရှားခြင်းမရှိနိုင်သေးပေ။ ထိုကြောင့် ကျွန်ုပ်သည်အ ပြစ်သားပင်ဆက်၍ဖြစ်ခဲ့ရပါသည်။ထိုအချိန်တွင်ကျွန်ုပ်သည် ယေရှု၏အ သွေးတော်တစ်မျိုးတည်းအားဖြင့်သာ အပြစ်ဆေးကြောခြင်းခံရသည်ဟု ကျွန်ုပ်ယုံကြည်ခဲ့သော်လည်း ကျွန်ုပ်၏အပြစ်များသည် ကျွန်ုပ်စိတ်ထဲတွင် ဆက်လက်တည်ရှိနေဆဲပင် ဖြစ်သည်။ ကျွန်ုပ်သည်ယေရှု၏ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းကိုလုံး၀မေ့လျော့ထားခဲ့ပြီး လုံး၀အပြစ်ကင်းစင်စေ ရန်ပြုလုပ်ခဲ့ပြီးသည့်အရာကိုမယုံကြည်ဘဲရှိခဲ့ပါသည်။သို့သော်ဘုရားသခင် သည် အမှောင်ခန်းထဲတွင် အလင်းရောင်ပေါ်လာသကဲ့သို့ အပြစ်ဆေး ကြောသည့် တောက်ပမှုအလင်းကို ကျွန်ုပ်၏စိတ်ထဲသို့ဖေါ်ပြခဲ့ပါသည်။ “အား၊ယောဟန်ထံမှယေရှုဗတ္တဇံခံ ယူ‌တော်မူခြင်းသည် ဓမ္မဟောင်းကာလ ယဇ်ကောင်များအပေါ်သို့လက်တင်ခြင်းနှင့်နီးကပ်စွာ ဆက်သွယ်နေလား။ ဒါကြောင့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည်စစ်မှန်သောသတင်းဖြစ် နေပါလား။”
ထို့နောက်မည်သည့်အရာကို ဆက်လက်ဖြစ်ပေါ်လာခဲ့သနည်း။ ကျွန်ုပ်အသိအမှတ်ပြုခဲ့သည့်အရာအပေါ်အံ့ဩလျက်ဤသမ္မာတရားကိုသိပြီးသည့်နောက်စိတ်ထဲတွင်ကြီးမားသည့်ရှုပ်ထွေးမှု ဖြစ်ပေါ်လာခဲ့ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသာ သတင်းကောင်းအစစ်အမှန်ဖြစ် ၍အခြားသတင်းကောင်းမရှိခဲ့လျှင်ကမ္ဘာပေါ်တွင်မည်သို့ဆက်ဖြစ်လိမ့်မည် နည်း။သတင်းကောင်းခံယူသောအသင်းတော်များ၏ယုံကြည်မှုသည် သမ္မာ ကျမ်းစာနှင့်ညီညွတ်ကြောင်း ကျွန်တော်တွေးတောမိခဲ့သည်။ သို့သော်ယခု တွင် ကျွန်ုပ်နားလည်ထားသည်မှာ-ရေဝိညာဉ်တော်သတင်းကောင်း မှလွှဲ၍ အခြားသောသတင်းများသည်မှားယွင်းမှုရှိပြီးစာတန်ထံမှ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သဘောပေါက်လာခဲ့ပါသည်။ 
ထိုသို့ကျွန်ုပ်လုပ်ဆောင်ခဲ့ပြီးနောက် ဤစစ်မှန်သော ယုံကြည် ခြင်းတည်းဟူသောရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှတပါးအခြားဟော ပြောစရာမရှိတော့ပေ။ ဤအရာအတွက် အချို့တို့သည် ကျွန်ုပ်အား ဝေဖန် ကြပါသည်။ဘုရားသခင်သည် စိတ်တိုတတ်သောလူတစ်ယောက်၊ ကျွန် တော့်ကိုဖွင့်ပြတော်မူသောအရာမှာ အပြာရောင်၊ အနီရောင်၊ခရမ်း ရောင် အားဖြင့်ထင်ရှားခဲ့သည့်ကယ်တင်တင်းသမ္မာတရားတို့သည်စစ်မှန် သောသ တင်းကောင်းဖြစ်သည်။ ဤသမ္မာတရားသည် စစ်မှန်သောသတင်း ကောင်း ဖြစ်သည်ဟုယုံကြည်ရန်နှင့်ဟောပြောရန် ဘုရားသခင်သည်အခွင့် ပြုတော် မူခဲ့သည်။ ဤလောကမှာ တူညီသောသတင်းကောင်းများစွာရှိသည်။ သို့ သော်စစ်မှန်သောသတင်းကောင်းမှာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်း ဖြစ်သည်။ ထိုကြောင့် ကျွန်တော်သည် ကမ္ဘာနေရာဒေသအသီး သီးသို့ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ဟောပြောရန် ဆုံးဖြတ်ချက် ချမှတ် ထားခြင်း ဖြစ်သည်။ 
အပြစ်ဆေးကြောခြင်းသမ္မာတရားဟောပြောခြင်းကို စဥ်းစား သည့်အခါတွင်လည်းကောင်း၊ အသန့်ရှင်းဆုံးရေနှင့်ဝိညာဥ်တော်သတင်း ကောင်းသိရှိယုံကြည်ဖြန့်ဝေသောအခါတွင်လည်းကောင်း ဘုရားသခင် သည် ကြီးမားစွာကောင်းကြီးမင်္ဂလာချပေးတော်မူကြောင်းနားလည်သ ဘောပေါက်ခဲ့ရသည်။ကျွန်တော်ယုံကြည်မှုမှာသခင်ယေရှုသည် ယောဟန် ထံမှဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူ၍ ကျွန်ုပ်အပြစ်အားလုံးလုံးဝပျောက်ကွယ်သွားခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသည် စစ်မှန်သောသမ္မာတရားဖြစ်၍ဘု ရားသခင်သည် ဤသတင်းကောင်းကိုပေးအပ်တော်မူသောကြောင့်ကျေးဇူး တင်ပါသည်။ ကျွန်တော်သည် ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကိုအလွန် အမင်းခံစားရသောသူဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံ ကြည်သူသင်တို့အားလုံးသည်လည်း ကောင်းချီးခံစားရသောသူများဖြစ်ကြ သည်။ 
ဤကောင်းကြီးမင်္ဂလာအလုံးစုံတို့ကို ဘုရားသခင်ကပေးထား တော်မူကြောင်းကျွန်ုပ်တို့ယုံကြည်ပါသည်။တမန်တော်ပေါလုက“ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်းငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်အကျိုးမဲ့ခံရသည်မဟုတ်”(၁ကော ၁၅း၁၀) ဟုမိန့် တော်မူခဲ့သည်။ ကျွန်ုပ်တတ်နိုင်၍မဟုတ်။ ဘုရားသခင်ပေးအပ်တော်မူ၍ သာကယ်တင်ခြင်းရရှိကြသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းမိပါသည်။ဘုရားသ ခင်၏အသင်းတော်အတွင်း၌သာ အပြာရောင်၊ခရမ်းရောင်၊အနီရောင်၊ချည် ကြိုးအားဖြင့်ထင်ရှားခဲ့သည့်သတင်းကောင်းသမ္မာတရားကိုကြားရခြင်းဖြစ်ကြောင်းသင်ရိုးသားစွာဝန်ခံနိုင်မည်လား။ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်ချည်ကြိုး၊ အဖြူရောင်အားဖြင့် ထင်ရှားခဲ့သည့်နှုတ်ကပတ်တော်ကို ယုံကြည်သောသူသာ မိမိစိတ်ထဲမှအပြစ် ဆေးကြောခြင်းခံရမည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ဧဝံဂေလိသတင်းကောင်းသမ္မာတရားဟု သတ်မှတ်၍ ယုံကြည်ခြင်းမရှိသော သူတို့၌ အဘယ်သို့ဖြစ်လိမ့်မည်နည်း။ ထိုသူတို့အတွက်မူရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ပျင်းရိငြီးငွေ့ ဖွယ်ဖြစ်လိမ့်မည်။ 
အသန့်ရှင်းဆုံး၊ဌာန၏တံခါးကုလားကာ အပြာရောင်၊ အနီရောင် ချည်ကိုခံယူသောယုံကြည်ချက်သင်မှာရှိပါသလား။ဤစကားကို သင်ကြား ဘူးခဲ့သည်ဟု ယူဆပါသလား။ သင်စမ်းစစ်ရမည့်အရာမှာ သင့်နှလုံးသား ထဲမှာ ဤသမ္မာတရားရှိ/မရှိ စစ်ဆေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ယ ခုတွင် သမ္မာကျမ်းစာဖော်ပြထားသည်နှင့်အညီ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကို သင်ယုံကြည်ရမည် ဖြစ်သည်။ သို့မှသာလျှင် သင်သည်ဘုရား သခင်၏အသင်းတော်သို့ကြွလာနိုင်၍ နှုတ်ကပတ်တော်ကြားနာရကာ၊ ကောင်းကင်နိုင်ငံ‌တော်သို့ဝင်ရောက်နိုင်လျက် ကောင်းကြီးမင်္ဂလာခံစား လာနိုင်လိမ့်မည်။ 
အကယ်၍သင်သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမသိ၊ စစ်မှန်သောယုံကြည်ခြင်းမရှိ၊ ကောင်းကင်နိုင်ငံ‌တော်သို့ဝင်ရောက်ခြင်းမရှိ ခဲ့သော် သင်သည် လူတွေတီထွင်ဖန်တီးထားသော ပုံပြင်ဒဏ္ဌာရီကိုသာ နားထောင်ယုံကြည်ခြင်းသာ ဖြစ်လိမ့်မည်။ ထိုသို့ယုံကြည်လျှင် ဘာအကျိုး ကျေးဇူးခံရမည်နည်း။ သင်ယုံကြည်သောသတင်းကောင်းသည် ဤရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းမဟုတ်ခဲ့လျှင် သင်သည် ဘုရားသခင်၏ရှေ့ တော်မှောက်၌မည်သို့ရပ်တည်နိုင်မည်နည်း။ ဘုရားသခင်၏နှုတ်ကပတ် တော်နှင့်သင့်ယုံကြည်ခြင်းသည် တစ်ထပ်တည်းညီညွတ်မှုရှိရမည်။ တမန် တော်ရှင်ပေါလု၏ယုံကြည်ခြင်းသည် သင့်ယုံကြည်ခြင်းနှင့် တူညီရမည်။ ပေတရုယုံကြည်သောရေနှင့်ဝိညာဥ်‌တော်သတင်းကောင်းသည် ကျွန်ုပ်တို့ ယုံကြည်သောသတင်းကောင်းနှင့်အတူတူပင် ဖြစ်သည်(၁ပေ ၃း၂၁)။
ယခုနောက်ဆုံးကာလတွင်ဘုရားသခင်သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအစစ်အမှန်ကို ကျွန်ုပ်တို့အားယုံကြည်ခွင့်ပြုထားသဖြင့် အလွန်ပင်ကျေးဇူးတော်ချီးမွမ်းပါသည်။ သင်သည် ကျွန်ုပ်တို့၏စာအုပ်ဖြင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကိုကိုင်၍အခြားသူများတို့အားဝေငှမည်ဆိုလျှင်သူတို့သည်လည်း အပြစ်ဆေးကြောခြင်းကိုခံရ၍ဘု ရားသခင်ကို ကျေးဇူးတင်ပြီးပျော်ရွင်မှုကိုခံစားကြရလိမ့်မည်။ တဲတော်တွင် အသုံးပြုသည့် တန်ဆာပလာအားလုံးသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောခဲ့သည့် သခင်ဘုရား၏ကယ်တင်ခြင်းကိုအသေးစိတ်ပုံတူကူး ခြင်းဖြစ်ကြောင်းကျွန်ုပ်တို့နားလည်နိုင်ကြသည်။ ထိုကြောင့်ကျွန်ုပ်တို့သည် ဤသမ္မာတရားအတွက်ဘုရားသခင်ကိုကျေးဇူးတင်ကြခြင်းဖြစ်သည်။ 
ကျွန်ုပ်တို့သည် အသန့်ရှင်းဆုံးဌာန၏ အဖုံးကိုဖော်ပြသည့် သမ္မာ တရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရပြီးကောင်းကင်နိုင်ငံသို့ ဝင်ခွင့်ရရှိကြပါသည်။ထိုမျှမကသေးဘဲအပြာရောင်၊ခရမ်းရောင်၊ အနီရောင် နှင့်အဖြူရောင်ချည်ထည်အားဖြင့် ပြုလုပ်ထားသည့်အပြစ်ဆေးကြောခြင်း သမ္မာတရားကိုကမ္ဘာအနှံ့သို့ဟောပြောရန် ကျွန်ုပ်တို့သည် တာဝန်အပ်နှင်း ခြင်းခံရကြသည်။ ကျွန်ုပ်တို့အနေဖြင့် မိမိတာဝန်ကိုလေးစားသည့်အနေ ဖြင့် တစ်ဦးချင်းစီအားအပ်ပေးထားသည့် အလုပ်ကိုသစ္စာရှိစွာလုပ်ဆောင် ပါက ကျွန်ုပ်တို့သစ္စာစောင့်သိမှုအပေါ် ဘုရားသခင်သည် ကောင်းကြီးမင်္ဂ လာကြွယ်ဝစွာချပေးတော်မူလိမ့်မည်။ 
ကျွန်ုပ်သည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ တဲ တော်၏တန်တိုင်းတော်တံခါးကုလားကာအတွက် ပြုလုပ်ထားသည့်အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်ဖြင့် ထင်ရှားခဲ့ သည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အသန့်ရှင်းဆုံးဌာန၏ကု လားကာကို ယက်လုပ်ထားသည့်အရောင်လေးမျိုးပါသည့်ချည်ထည်နှင့်တူ ညီနေသည်။ ထိုယုံကြည်မှုကို ပေးအပ်တော်မူသောဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းပါသည်။ ယခုခါ သင်သည်လည်းယုံကြည်ခြင်းအားဖြင့် အ ပြစ်အားလုံးကိုဆေးကြောခြင်းခံသောသူဖြစ်ဖို့၊ဘုရားသခင်အစဉ်အမြဲကျိန်း ဝပ်တော်မူသည့်အသန့်ရှင်းဆုံးဌာနသို့ ဝင်နိုင်သောသူဖြစ်ဖို့ရန်အတွက်  ကျွန်ုပ်စိတ်နှလုံးကြည်ဖြူစွာဖြင့်မြော်လင့်မိသည်။ သင်၏ယုံကြည် ခြင်း သည် ဤသမ္မာတရားအပေါ်မားမားမတ်မတ်ရပ်တည်သလော။