Search

Studie over de Tabernakel

ရွှေမီးတိုင်

ရွှေမီးခုံ
 
ရွှေမီးတိုင်ကို ဖြူစင်သောရွှေအခွက်တစ်ဆယ်ဖြင့်ပြုလုပ်ထားပါသည်။ ရွှေစင်တစ်ခုပေါ်တွင် ရွှေစင်ဆယ်ခုစီ တပ်ဆင်ထားကာ တစ်ခုချင်းစီတိုင်း၏ဘေးနှစ်ဘက်ပေါ်တွင် အလက်သုံးခုစီရှိသည်။ သံရိုးထိပ်နှင့်အခက် ခြောက်ခုပေါ်မှာ မီးတိုင် ခုနစ်တိုင်ရှိသည်။ ရွှေမီးတိုင်တို့သည် ရွှေစင်ဆယ်ခုဖြင့်ပြုလုပ်ထားသောကြောင့် ကိုင် တွယ်ရန် အလွန့်အလွန်လှပ၍ကြည်နိုးစဖွယ်ဖြစ်သည်။
ရွှေမီးတိုင်ထိပ်ပေါ်တွင် ဆီဖြည့်ထားသောမီးတိုင်ခုနစ်တိုင်ရှိသည်။ ၎င်းသည် သန့်ရှင်းရာဌာနကိုအစဥ်အမြဲ ထွန်းလင်းတောက်ပစေရန်အတွက် ဖြစ်သည်။ 
သန့်ရှင်းရာဌာနတွင်ရွှေမီးတိုင်သည် အစဥ်တိုင်းတောက်ပစွာထွန်းလင်းသကဲ့သို့၊ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးဖြစ်ရသောသူများသည် လူသားများကိုအပြစ်မှကယ် တင်ပေးသောကယ်တင်ခြင်းအလင်းကို ဤကမ္ဘာပေါ်တွင်တောက်ပစွာလင်းရမည် ဖြစ်သည်။ တစ်နည်းအား ဖြင့်၊ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့်အပြစ်လွှတ်ခြင်းခံရသောသူများသည် ကယ်တင်ခြင်းအလင်း ကိုပေးသောမီးတိုင်၏အခန်းကဏ္ဌကိုပြည့်စုံစေနိုင်မည်ဖြစ်သည်။ ထိုကြောင့် အခြားသူများသည် ဤသမ္မာတ ရားကိုသိရှိ၍ အပြစ်ဖြေလွှတ်ခြင်းအခွင့်ရရှိခံစားရကြလိမ့်မည်။ 
ရွှေမီးတိုင်မှာ ပန်းများ၊ တန်ဆာဆင်အလှများနှင့်ဖလားများရှိသည်။ ဘုရားသခင်က ရွှေမီးတိုင်ပေါ်တွင်မီးတိုင် ခုနစ်တိုင်ချပေးရန်မိန့်တော်မူသည့်အတိုင်း မီးတိုင်ကိုမီးငြိထွန်းသောအခါ သန့်ရှင်းရာဌာနတွင် အချိန်တိုင်းအ လင်းရရှိသည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောသူများသည် ဘုရား  သခင်၏အသင်းတော်ကိုတည်ဆောက်ခြင်းနှင့်လောကအလင်းကိုလင်းစေခြင်းကို ဆိုလိုသည်။ သန့်ရှင်းရာဌာန တွင်မီးတိုင်အလင်းသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းဖြစ်သည်။ ဤလောကအမှောင်ထုကြီးကိုဖယ်ရှား ပေးခဲ့သည်။
The New Life Mission

Doe mee aan ons onderzoek

Hoe heeft u over ons gehoord?