Search

Często Zadawane Pytania na temat Wiary Chrześcijańskiej

Temat 4: Często zadawane pytania od czytelników naszych książek

4-5. လူတစ်ဦးကယ်တင်ခြင်းရရှိပြီနောက် ထာဝရတည်တံ့သလော။

ကောင်းပြီ၊ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည်ဟု သင်သိနိုင်သည်။ တစ်နည်းအား ဖြင့်၊ သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်တော်ကိုယုံကြည်သောအခါ ကျွန်ုပ် တို့သည် ဒုတိယမွေးခြင်းရရှိ၍ ဖြောင့်မတ်သူများဖြစ်လာနိုင်ကြသည်။ 
အရေးကြီးဆုံးမှာကျွန်ုပ်တို့သည် မိမိနှလုံးသားဖြင့် သမ္မာတရား ကိုယုံ ကြည် ခြင်းရှိ၊မရှိဖြစ်သည်။ ကျမ်းစာတွင် “ ဖြောင့်မတ်ရာသို့ ရောက်ခြင်း ငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏”(ရောမ ၁၀း၁၀)ဟုဖော်ပြထားသည်။ ကျွန်ုပ် တို့သည် စစ်မှန်သောကယ်တင်ခြင်းသတင်းကောင်းကို စိတ်နှလုံးဖြူစင်စွာ ဖြင့်ဝန်ခံယုံကြည်လာသည်နှင့်တစ်ပြိုင်တည်း သန့်ရှင်းသောဝိညာဥ်တော် သည်ကျွန်ုပ်တို့နှလုံးသား၌ ကိန်းဝပ်တော်မူခဲ့သည်။ ထိုနောက် သန့်ရှင်း သောဝိညာဥ်တော်သည် ကျွန်ုပ်တို့ကို အုပ်စိုးတော်မူခဲ့သည်။ 
စစ်မှန်သောသတင်းကောင်းကိုလက်ခံနေသရွေ့ သင်ကယ်တင်ခြင်းဆုံးရှုံးရ လိမ့်မည်မဟုတ်ပေ။ သို့သော် အကယ်၍လူတစ်ဦးသည် သတင်းကောင်းကို တစ်နည်းတစ်လမ်းအားဖြင့်ငြင်းပယ်ပါက ထိုသူသည် “သေခြင်းသို့ပို့ ဆောင်သောအပြစ်”(၁ယော ၅း၁၆)ကျူးလွန်ခြင်း ဖြစ်သည်။ စစ်မှန်သော သတင်းကောင်းငြင်းပယ်သောသူများသည် ဒုတိယမွေးဖွားခြင်းမခံယူနိုင် ပေ။ အကြောင်းမှာ ထိုသူသည် ကယ်တင်ခြင်းသတင်းကောင်းနားမလည် ဘဲ စိတ်ရှုပ်ထွေးနေရသောကြောင့် ဖြစ်သည်။ 
သို့သော် ကျမ်းစာက နောက်ဆုံးသောကာလတွင် ယုံကြည်ခြင်းသ င်္ဘော ပျက်ကြလိမ့်မည်(၂သက် ၂း၃)ဟု မိန့်ဆိုသည်။ မဿဲ ၁၃း၃-၉တွင် “ ထိုအခါဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုး စေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။အစေ့ကို ကြဲ သည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက် ပေါများသောအရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက် ခြင်းအပင်ပေါက်သော်လည်း၊နေထွက်သောအခါ ပူလောင်သည်ဖြစ် ၍အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။အ ချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည်ကြီး ပွား၍ ညှဉ်းဆဲကြ၏။အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တရာပွားများ၍ အသီးသီးကြ၏။ကြားစရာနားရှိသောသူ မည်သည်ကားကြားပါစေဟု မိန့်တော်မူ၏”ဟုဖော်ပြထားသည်။ 
ဤကျမ်းချက်က ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို အစပိုင်းတွင်ယုံ ကြည်ကြသော်လည်းအဆုံးထိတိုင်အောင်မယုံကြည်လျှင် ကယ်တင်ခြင်း အမှန်ဆုံးရှုံးရလိမ့်မည်ဟု ဖော်ပြထားသည်။ ကျမ်းစာက “အဆုံးထိတိုင် အောင်ကြည်တည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်”(မဿဲ၂၄း၁၃) ဟုမိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အဆုံးထိတိုင်အောင်သည်းခံလျက် သတင်းကောင်းကိုယုံကြည်ခြင်းရှိ၍ လောကမှာ စစ်မှန်သောသတင်း ကောင်းသည် စစ်မှန်သောသတင်းကောင်းဖြစ်သည်ဟုအသိအမှတ်ပြုလျှင် ကျွန်ုပ်တို့ကယ်တင်ခြင်းသည် အကျိုးဖြစ်ထွန်းပါလိမ့်မည်။ ယေဇကျေလ ၃၃း၁၂-၁၆ကိုကြည့်ပါ။ 
ထိုကြောင့် သင့်ကယ်တင်ခြင်းသည် စစ်မှန်သောသတင်းကောင်းယုံကြည် ခြင်းဖြစ်လျှင်အကျိုးတက်ရောက်မှုများစွာဖြစ်ထွန်းသည်။ ထိုကြောင့်ဘုရား သခင်က “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့် မည်”(ရောမ ၁း၁၇၊ ဟာဗက္ကုတ် ၂း၄)ဟု မိန့်တော်မူခဲ့သည်။ သင်သည် ကျွန် တော်ဖြေကြားသောအဖြေကိုနှစ်သက်၍ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်း၌ မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မည်ဟု မြော်လင့်ပါသည်။
The New Life Mission

Weź udział w naszej ankiecie

Skąd się o nas dowiedziałeś?