Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-23] တဲတော်ဝင်း၏ တိုင်များ (ထွက်၂၇း၉-၂၉)

တဲတော်ဝင်း၏ တိုင်မျာ
(ထွက်၂၇း၉-၂၉)
“တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့်တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။ ထိုကုလား ကာဘို့တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင် တံစို့၊တိုင်တန်းတို့ကိုငွေဖြင့်ပြီးစေရမည်။ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန်အလျားအတောင်တရာရှိသောကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရ မည်။ဝင်းအနောက်ဘက် အနံ၌ကာရန်၊ အလျားအတောင်ငါးဆယ် ရှိသောကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။ ဝင်းအရှေ့ဘက်၌လည်းအနံအတောင်ငါးဆယ်ရှိရမည်။ တံခါးဝတ ဘက်တချက်၌ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာ နှင့်တကွ တိုင်သုံးတိုင်၊ခြေစွပ်သုံးခုရှိရမည်။ဝင်းတံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော ဖြင့်ပြီး၍၊ ချယ်လှယ်သောကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့ သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။ ဝင်းသည် အလျားအတောင်တရာ၊အနံငါးဆယ်၊အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချော နှင့်ကြေးဝါခြေစွပ်ဖြင့်ပြီးရမည်။အမှုတော်ထမ်းဘို့ တဲတော်အသုံးအ ဆောင်ရှိသမျှကို၎င်း၊တဲတော်တံသင်၊ဝင်းနှင့်ဆိုင်သောတံသင်ရှိသမျှ ကို၎င်း ကြေးဝါနှင့်လုပ်ရမည်။”
 

ဤကျမ်းချက်ကတဲတော်ဝင်းတွင်အသုံးပြုသောတိုင်များ၊တံခါး ဝကုလာကာ၊ဆွဲချိတ်ထားသောအဖြူရောင်ပိတ်ချော၊ ငွေတံစို့၊ ငွေ တန်းများ၊ ကြေးဝါခြေစွပ်များနှင့် ကြေးဝါချတ်များကို ရှင်းပြထားပါ သည်။ တဲတော်သည် ဘုရားသခင်ကျိန်းဝပ်တော်မူသောနေရာဖြစ် သည်။ ဝင်းပတ်လည်အရွယ်အစားမှာ ခန့်မှန်းချေ ၄၅ မီတာ(မြောက် ဘက်နှင့်တောင်ဘက်)၊ ၂၂.၅ မီတာ (အရှေ့ဘက်နှင့်အနောက်ဘက်) ဖြစ်ပါသည်။ တဲတော်သည် ခေါင်မိုးလေးဆဖုံးအုပ်ထားသောသေး ငယ်သောအဆောက်အဦးတစ်ခုဖြစ်သည်။ တဲတော်ဝင်းသည် ကြီး များသောြခံဝင်းကဲ့သို့ ကျယ်ပြန့်သည်။ 
ဝင်းတိုင်းများမှာ ၂.၂၅မီတာမြင့်၍ ခြံစည်းရိုးမှာ သစ်သား ၆၀ တိုင်ဖြင့် ကာရံထားသည်။ တံခါးကလွှဲ၍ ထောင့်အားလုံးတွင် အဖြူ ရောက်ပိတ်ချော ချိတ်ဆွဲထားပါသည်။ ခြံစည်းရိုးမှာသစ်သားတိုင် များဖြင့်ပြုလုပ်ထား၍ ထိပ်ဖျားများတွင် ငွေဖြင့်ဖုံးအုပ်လျက် ကြေး ဝါခြေစွပ်များနှင့်ပြည့်စုံသည်။ ငွေအဖုံးပေါ်တွင် ငွေဖြင့်ပြုလုပ်သော  ငွေတန်းနှစ်ခုချထားသည်။ နှစ်ဘက်စလုံးတွင် တိုင်များထောက်မရန် အတွက် ဤငွေတန်းများပေါ်တွင် ငွေဖြင့်ပြီးသောကြိုးပတ်များကို တွယ်ကပ်ထားပါသည်။ အောက်ဘက်တွင် ဤငွေကြိုးပတ်များကို ကြေးဝါချိတ်များဖြင့်တွယ်ကပ်ထားသဖြင့် တိုင်များလုံခြုံခိုင်ခံစွာဖြင့် တပ်ဆင်ထားသည်။ 
 


တဲတော်တိုင်များ၌ထင်ရှားသော ဝိညာဥ်ရေးရာ အဓိပ္ပါယ်မှာ အဘယ်နည်း။


တဲတော်ဝင်းတွင်ရှိသောတိုင်များက မည်သည့်အရာကိုဖွင့်ပြသ နည်း။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အားလုံးအား လောက အပြစ်များမှကယ်တင်တော်မူခဲ့ကြောင်း တိကျရှင်းလင်းစွာဖွင့်ပြ ထားသည်။တဲတော်ဝင်း၏သစ်သားတိုင်များသည် သင်နှင့်ကျွန်တော် ဒုတိယမွေးခြင်းခံရသောသန့်ရှင်းသူအားလုံးကို ရည်ညွှန်းသည်။ ဝင်း သစ်သားတိုင်များအောက်တွင် ကြေးဝါခြေစွပ်က မည်သည့်အရာကို ပြောသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အားအပြစ်များအားလုံးမှ ကယ်တင်တော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် မိမိအပြစ်များကြောင်းတ ရားစီရင်ခြင်းမလွဲမသွေခံရမည့်သူများဖြစ်ကြောင်း ၎င်းတို့က ဖော်ပြ ထားပါသည်။ 
တစ်ဘက်မှာ သစ်သားတိုင်များကို ငွေအမိုးဖြင့်ဖုံးအုပ်ခြင်းက ဘုရားသခင်သည် အပြစ်သားအားလုံးအား အပြာရောင်၊ခရမ်းရောင်၊ နှင့်အနီရောက်ပိတ်ချောသတင်းကောင်းဖြင့် သူတို့အပြစ်များနှင့်ဒုစ ရိုက်အပြစ်များအားလုံးမှကယ်တင်ခြင်းအားဖြင့် ကယ်တင်ခြင်းဆု ကျေးဇူးကိုပေးအပ်တော်မူခဲ့ကြောင်း ပြောပြသည်။ ငွေတန်းများကို ဤငွေအမိုးများပေါ်တွင် ထားရှိခဲ့သည်။ ငွေပတ်ကြိုးများမှာ ဤငွေ တန်းများနှင့် အောက်ခြေရှိကြေးဝါချိတ်များပေါ်တွင် တွယ်ကပ်ထား ပါသည်။ ဤအရာဖော်ပြထားသည်မှာ ကျွန်ုပ်တို့သည် မိမိအပြစ်များ ကြောင်း မလွှဲသာမရှောင် သေရမည့်သူများဖြစ်ကြသော်လည်းအပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချော၊ နှင့်အဖြူရောင်ပိတ်ချော ချည်ထည်၊ ကယ်တင်ခြင်းသတင်းကောင်း သမ္မာတရားအားဖြင့် အပြစ်လွှတ်ခြင်းဆုကျေးဇူးကို ဘုရားသခင်ပေးအပ်တော်မူကြောင်း ဖော်ပြထားပါသည်။ 
ဤနည်းလမ်းအားဖြင့်၊ တဲတော်ဝင်း၏တိုင်များက သခင်ယေရှု သည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့်နှစ် ခြင်းခံကာ အပြစ်အတွက်တရားစီရင်ခြင်းအားလုံးခံရကာ ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူလျက်ယဇ်ပူဇော်ပေးခြင်း အားဖြင့်ကယ်တင်တော်မူခဲ့ခြင်းသမ္မာတရားကို ပြသထင်ရှားစေပါ သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့က ကျွန်ုပ်တို့အပြစ်များအားလုံးမှ လုံးဝဥဿုံကယ်တင်တော်မူ၍ ဘုရားသခင်၏လူများဖြစ်စေသော အပြစ်လွှတ်ခြင်းဆုကျေးဇူးကို ပြသထားသည်။ တဲ‌တော်ဝင်းအတွက် ခြံစည်းရိုးတည်ဆောက်ရာတွင်အသုံးပြုသောသစ်သားတိုင်များသည် သခင်ယေရှုက အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချော၊ ၎င်း သည်ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်း တော်မူခြင်းအမှုတော်မြတ်အားဖြင့် အပြစ်သားများအား လောကအ ပြစ်များမှတစ်ကြိမ်တည်းပြည့်စုံစွာကယ်တင်တော်မူခဲ့ကြောင်း ဖော် ပြထားသည်။ ဤသမ္မာတရားအလွန်မှန်ကန်သောကြောင့် ဘုရားသ ခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ကမ္ဘာနေရာအနှံ့အပြားသို့ ဟောပြော သက်သေခံပါသည်။ 
 

တိုင်များအောက်တွင် ကြေးဝါခြေစွပ်များ

ဤခြံစည်းရိုးပေါ်တွင်စိုက်ထားသောတိုင်များ၏ခြေစွပ်များကို ကြေးဝါဖြင့်ပြုလုပ်ခဲ့သည်။ တိုင်များ၏ထိပ်ဖျားပေါ်တွင် အမိုးများ၊ တန်းများ၊ နှင့်တန်ဆာများအားလုံးငွေဖြင့်ပြီးစေပါသည်။ 
မာကု ၇း၂၁-၂၂ တွင် “လူအတွင်းမှထွက်သောအရာမူကား၊ လူ ကိုညစ်ညူးစေသောအရာဖြစ်၏။ လူ့အတွင်းနှလုံးထဲကမကောင်း သောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်း ခြင်း၊ လူအသက်ကိုသတ်ခြင်း၊သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူး ခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသ ရေကိုဖျက်ခြင်း၊ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း” ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် မိမိနှလုံးသား၌ ဤအပြစ်များအားလုံးတို့ဖြင့် မွေးဖွားလာကြသည်။ ထိုကြောင် ကျွန်ုပ်တို့သည် သေသည့်ထိတိုင် အောင်ဤအပြစ်များ၌အသက်ရှင်ချည်နှောင်ခြင်းခံရကြ၍ မိမိကိုယ် အပြစ်မရှောင်နိုင်ဘဲ ဤအပြစ်များကို ပြုလျက်အသက်ရှင်လိမ့်မည် ဟု ဘုရားသခင်မိန့်တော်မူခြင်း ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကို ဝန်ခံကြလျှင် ကျွန်ုပ်တို့၏အခြေခံသဘော တရားမှာ အပြစ်သားဖြစ်သောကြောင့် မလွဲသာမရှောင်သာဘဲမိမိအ ပြစ်များအတွက်တရားစီရင်ခြင်းခံရမည်သူများဖြစ်ကြကြောင်း ဝန်ခံ ရမည် ဖြစ်သည်။
အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောချည်ထည်ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပျက်သုံးနေသောအပြစ်များအား လုံးမှကျွန်ုပ်တို့ကိုကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှခံယူသောဗတ္တိဇံအားဖြင့် မိမိကိုယ်ပေါ်သို့ ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူသောကြောင့် ကိုယ်‌တော် သည် လောကအပြစ်များကို ကားတိုင်ပေါ်သို့သယ်ဆောင်၍ ထိုအ ပြစ်များအားလုံးအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်။သခင်ယေ ရှုသည် ကျွန်ုပ်တို့အား မိမိအပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့ သည်။ 
ဤအရာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၍မဆုံးနိုင်ပေ။ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့သွားရမည့်သူများဖြစ်ကြသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှရွေးနှုတ်ကယ်တင် တော်မူခြင်း ကယ်တင်ခြင်းတရားမှာ အမြင့်မြတ်ဆုံး ဖြစ်သည်။ ကောင်းကြီးမင်္ဂလာလည်းဖြစ်သည်။ ဤကမ္ဘာတစ်ခုလုံးတွင်တန်ဖိုး အရှိဆုံးသောဆုလည်းဖြစ်သည်။ ကျွန်ုပ်တို့မှာ လုပ်ဆောင်နိုင်သော အရာတစ်စုံတစ်ခုမျှမရှိသော်လည်း ဘုရားသခင်ရှေ့မှောက်တော်၌ ဒူးထောက်၍ အပြာရောင်၊ ခရမ်းရောင်၊ နှင့်အနီရောင်ပိတ်ချောချည် ထည်သမ္မာတရားအားဖြင့်ကျွန်ုပ်တို့အား ကယ်တင်ခဲ့သောသတင်း ကောင်းကိုယုံကြည်၍ ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းရမည်ဖြစ် သည်။ တဲတော်ဝင်းတိုင်များအတွက်အသုံးပြုသောပစ္စည်းများအား ဖြင့် ဘုရားသခင်သည် သခင်ယေရှု၏ကယ်တင်ခြင်းသည် ပြည့်စုံ သောသမ္မာတရားဖြစ်ကြောင်း၊အနည်းငယ်မှထပ်ဖြည့်စွပ်စရာမလို အပ်ကြောင်း သိစေတော်မူခဲ့သည်။ 
တဲတော်တည်ဆောက်ရာတွင်အသုံးပြုသောပစ္စည်းများ၏လျှို့ ဝက်နက်နဲမှုအားလုံးကို အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည် ထည်နှင့်အဖြူရောင်ပိတ်ချောရက်လုပ်ခြင်းအားဖြင့် ထင် ရှားလျက် ရှိသည်။ကယ်တင်ခြင်းလျှို့ဝှက်နက်နဲမှုမှာ အပြာရောင်၊ ခရမ်းရောင် နှင့်အနီရောင်ချည်ထည်နှင့် အဖြူရောင်ပိတ်ချောမပါဘဲ မရှင်းပြနိုင် ပေ။ ယဇ်ပူဇော်ခြင်း၏လျှို့ဝှက်ချက်အပါအဝင် တဲတော်တည် ဆောက်ပုံစနစ်အသေးစိတ်အားလုံးကိုအပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် အဖြူရောင်ချည်ထည်၌ ဖုံးကွယ်ထားပါသည်။ 
အခြေခံအားဖြင့် သင်နှင့်ကျွန်တော်တို့သည် မိမိအပြစ်များ ကြောင့် လွှဲရှောင်၍မရ အပ္ပါယ်ငရဲသို့သွားရန် ဘုရားသခင်၏ရှေ့ မှောက်တော်၌ ရှိနေသူများဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်းပြောရ လျှင် ယခုအထိတိုင်အောင် ကျွန်ုပ်တို့သည် အပြစ်ဆက်တိုက်ပြုနေ ကြသည်။ သို့သော် သခင်ယေရှုက အပြာရောင်၊ ခရမ်းရောင်နှင့်အနီ ရောင်ချည်ထည်နှင့်အဖြူရောင်ပိတ်ချောဖြင့် ပြည့်စုံသောအပြစ်များ ဖြေလွှတ်ခြင်းကိုပေးအပ်တော်မူခဲ့သည်။ ဤကယ်တင်ခြင်း ဆုကျေး ဇူးကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်း ခံစားရ ရှိကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်များအား လုံးမှ ပြည့်စုံစွာကယ်တင်တော်မူခဲ့သည်။ မိမိနိုင်ငံတော်၏ဘုန်းစည်း စိမ် ကြွယ်ဝမှုများကို အမွေစားအမွေခံဖြစ်လာရန် မိမိသားသမီးများ ဖြစ် စေတော်မူခဲ့သည်။  ဘုရားသခင်ပေးအပ်တော်မူခဲ့သသောကယ် တင် ခြင်းကလွှဲ၍ ဒုတိယမွေးခြင်းခံရသောဘုရားသခင်၏သားသမီး ဖြစ် လာနိုင်သောနည်းလမ်းတစ်လမ်းမျှမရှိပေ။ အကြောင်းမှာ ဘုရား သ ခင်သည်ကျွန်ုပ်တို့အားအပြစ်များအားလုံးမှကယ်တင်တော်မူခဲ့ သော ကြောင့်ဖြစ်သည်။ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းသည်။
ကျွန်ုပ်တို့သည် အချိန်တိုင်း ကျွန်ုပ်တို့၏စံချိန်စံညွှန်းနှင့်အညီ နေ့တိုင်းအပြစ်ပြုသောသူများဖြစ်ကြသည်ဟုယူဆကာ ကျွန်ုပ်တို့၏ ဖြစ်ခြင်းရပ်တည်မှုကို လျစ်လျူရှုတတ်ကြသည်။ ကျွန်ုပ်တို့သည်  အ ပြစ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ အပြစ်သားဖြစ်သောကြောင့်  ကျွန်ုပ်တို့လုပ်ဆောင်မှုများပေါ်မမူတည်ဘဲ မွေးစကတည်းကအပ္ပါယ် ငရဲမီးအိုင်သို့သွားမည်သူများဖြစ်ကြသည်။ သို့သော် အပြောရောင်၊ ခ ရမ်းရောင်နှင့်အနီရောက်ချည်ထည်နှင့် အဖြူရောင်ပိတ်ချောဖြင့် သ ခင်ယေရှုသည် ကျွန်ုပ်တို့ကဲ့သို့သောလူများအားအပြစ် များအားလုံး မှကယ်တင်တော်မူခဲ့သည်။ဘုရားသခင်သည်ဓမ္မဟောင်းကျမ်းတွင် ကတိပြုတော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် ဓမ္မသစ်ကျမ်းတွင် ကျွန်ုပ်တို့ထံကြွလာတော်မူခဲ့သည်။ဤနှုတ်ကပတ်တော် ကတိတော် နှင့်အညီကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်။ ကားတိုင်ပေါ်သို့ဤအပြစ်များကို သယ်ဆောင် သွားတော်မူ၍ ကားတိုင်ပေါ်တွင်အသွေးတော်သွန်း လောင်းတော် မူခြင်းအားဖြင့် အပြစ်များအားလုံး၏အခကိုပေးဆပ် ရန်ယဇ်ပူဇော် တော်မူခဲ့သည်။ ထိုသို့ဖြင့်သခင်ယေရှုသည် ကျွန်ုပ်တို့ ကိုအပြစ်အား လုံးမှကယ်တင်တော်မူ၍ကယ်တင်ခြင်းဆု‌ကျေးဇူးကို ချပေးတော်မူခဲ့ သည်။ ထိုကြောင့် သင်နှင့်ကျွန်တော်တို့သည် သခင် ယေရှုခရစ် တော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှကယ်တင်ခြင်း ဆုကျေးဇူးကို လက်ခံရရှိခြင်းဖြစ်သည်။ 
 


ဘာကြောင့် တဲတော်ဝင်းတိုင်ပေါ်တွင် အဖြူရောင်ပိတ် ချောချည်ထည်ချိတ်ဆွဲထားခဲ့သနည်း


တဲတော်ဝင်းပတ်လည်တွင် တိုင်ပေါင်း ၆၀ တိုင်စိုက်ထူထားပါ သည်။ ထိုတိုင်များကို အဖြူရောင်ပိတ်ချောချည်ထည်ဖြင့်အပေါ်မှဖုံး အုပ်ထားသည်။ ဤချိတ်ဆွဲထားသောအရာများက ကျွန်ုပ်တို့အားလုံး သည်အပြစ်ကြောင့်မသန့်ရှင်းသောသူများဖြစ်ကြ၍ မိမိအပြစ်များအ တွက် အပ္ပါယ်ငရဲသို့တရားစီရင်ခြင်းခံထိုက်သောသူများဖြစ်ကြသော် လည်း သခင်ယေရှုသည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောချည်ထည်နှင့်အဖြူရောင်ပိတ်ချောတို့ဖြင့် ကျွန်ုပ်တို့အား သန့် ရှင်းစင်ကြယ်စေတော်မူခဲ့သည်ဟု ဖော်ပြသည်။ တစ်နည်းအားဖြင့်၊ ချိတ်ဆွဲထားသောအရာများဖော်ပြသည်မှာ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်အားဖြင့် ဗတ္တိဇံခံယူလျက် ကျွန်ုပ်တို့အပြစ်များအားလုံးကို တစ်ကြိမ်တည်းဆေးကြောပေးတော်မူခဲ့သောသမ္မာတရားကို ဖော်ပြ သည်။ 
သခင်ယေရှုသည် ဤလောကသို့ကြွလာတော်မူ၍ လူသားအား လုံးကိုယ်စားပြုသူ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူသော အခါ လောကအပြစ်များကို သခင်ယေရှုအပေါ်သို့ အကုန်အစင်လွှဲ ပြောင်းပေးလိုက်သည်။ ထိုကြောင့် သခင်ယေရှုသည် လောကအပြစ် အားလုံးကို လက်ခံတော်မူခဲ့သည်။ သူသည် အပြစ်များ၏အခ ပြစ် ဒဏ်ခံယူရန်အတွက် ကားတိုင်တင်အသတ်ခံ၍ အသွေးတော်သွန်း လောင်းတော်မူခဲ့သည်။  ထိုနောက်သူသည် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခဲ့သည်။ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့ပြီး နောက်ယခုတွင် ကျွန်ုပ်တို့၏အသက်ရှင်သောကယ်တင်ရှင်ဖြစ်တော် မူသည်။ဤအရာသည် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောချည်ထည်နှင့်အဖြူရောင်ပိတ်ချောချည်ထည်တို့ဖြင့် ပြည့်စုံခဲ့ပြီး သော သခင်ယေရှု၏ကယ်တင်ခြင်းဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်များအားလုံးမှသန့်ရှင်းစင်ကြယ်စေ၍ အပြစ်အနာအဆာကင်း မဲ့သောဘုရားသခင်၏လူများဖြစ်စေသောအရာမှာ သခင်ယေရှု၏ မေတ္တာတော်ပင် ဖြစ်သည်။  ဤကယ်တင်ခြင်းဆုကျေးဇူးကိုပေးအပ် ခြင်းအားဖြင့် ဤသမ္မာတရားကိုယုံကြည်သူ ကျွန်ုပ်တို့သည် ဘုရား သခင်ချစ်သောသူများအဖြစ် သခင်ယေရှုက ပြောင်းလဲပေးတော်မူ ခဲ့သည်။ 
တဲတော်တိုင်များပေါ်တွင် ချိတ်ဆွဲထားသောအဖြူရောင်ပိတ် ချောချည်ထည်သည် ဘုရားသခင်၏သန့်ရှင်းခြင်းကိုထင်ရှားစေ သည်။ ကျွန်ုပ်တို့၏သန့်ရှင်းခြင်း၊ စစ်မှန်သောယုံကြည်သူများ၏ စင်ကြယ်ခြင်ကိုလည်းဖော်ပြထားသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လိုပါက ကျွန်ုပ်တို့သည် သခင်ယေရှု ၏အမှုတော်ဖြစ်သော အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောချည်ထည်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ကိုဆေးကြော၍ သန့်ရှင်းရမည် ဖြစ်သည်။ 
ဘုရားသခင်သည် “ငါသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်”(ဝတ်ပြု ၁၁း၄၅)ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မိမိလုပ်ဆောင်ချက်များအားဖြင့် မည်သို့သန့်ရှင်းနိုင် ကြမည်နည်း။ ကျွန်ုပ်တို့သည် အပြစ်တရားကို ရှောင်လွှဲရန် မည်သို့ ကြိုးပမ်းစေကာမူမရှောင်လွှဲနိုင်ကြပေ။ ကျွန်ုပ်တို့သည် ကြိုးပမ်းအား ထုတ်ခြင်းအားဖြင့်  သန့်ရှင်းခြင်းသို့မရောက်နိုင်ပေ။ သို့သော်အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောက်ပိတ်ချောချည်ထည်ဖြင့် သခင်ယေ ရှုသည် သင်နှင့်ကျွန်တော်ကဲ့သို့သူများကို လုံးဝသန့်ရှင်းစင်ကြယ်စေ တော်မူခဲ့သည်။ ထိုကြောင့် သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင် ၏လူများဖြစ်လာနိုင်ကြခြင်းဖြစ်သည်။ နည်းလမ်းတစ်ခုတည်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကယ်တင်ခြင်းတရားကို ယုံကြည်၍ ကျွန်ုပ်တို့သည် မိမိအပြစ်များအားလုံးမှဆေးကြောခြင်းခံရခြင်းအား ဖြင့် သန့်ရှင်းသူများဖြစ်လာနိုင်သည်။ 
 

ကြေးဝါခြေစွပ်နှင့်ကြေးဝါတံစို့

တိုင်များ၏ထိပ်ဖျားကို ငွေဖြင့်မွမ်းမံထားခဲ့သည်။ ငွေတန်းများ နှင့်ငွေပတ်ကြိုးများကို တိုင်များပေါ်တွင်တစ်ခုနှင့်တစ်ခုချိတ်ဆက် ၍တပ်ဆင်ထားသည်။ တိုင်တစ်ခုစီတိုင်းသည် ကြေးဝါခြေစွပ်သို့ စိုက်ထူထားခဲ့သည်။ တဲတော်ပတ်လည်ခြံစည်းရိုးတိုင်တစ်ခုစီတိုင်း အထက်မှအောက်သို့ ကြေးနီတံစိုးနှစ်ခုစီဖြင့် တွဲကပ်ထားခဲ့သည်။ 
ဤအရာက ကျွန်ုပ်တို့သည် မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲ သို့တရားစီရင်ခြင်းခံရမည်သူများဖြစ်ကြသော်လည်း ဘုရားသခင် သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှရွေးနုတ်ခဲ့သောကယ်တင်ခြင်း ဆုကျေးဇူးအားပေးအပ်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား မိမိသန့် ရှင်းသောသူများဖြစ်စေတော်မူခဲ့သည်ဟု ပြသခဲ့သည်။ ဘုရားသခင် သည် ဤကယ်တင်ခြင်းကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့အားသန့် ရှင်းသူများဖြစ်စေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့် ကျေးဇူးတော်မချီးမွမ်း၊ ကျေးဇူးမတင်ဘဲမနေနိုင်ကြပေ။အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်နှင့် အဖြူရောင်ပိတ်ချောချည်ထည်သမ္မာ တရားနှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်ကိုယုံကြည်ခဲ့ပြီးနောက်  ကျွန်ုပ်တို့သည် ဘုရားသခင်၏နာမတော်ကိုချီးမွမ်း၍ ဤနှုတ်ကပတ် တော်ကိုလည်း ဟောပြောရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့အပြစ်မပြုလုပ်သောနေ့အမှန်ရှိသလော။လုံးဝမရှိပေ။ ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည် ၍ဒုတိယမွေးခြင်းခံရသောကျွန်ုပ်တို့သည်လည်း နေ့တိုင်းအပြစ်ကျူး လွန်နေကြသည်။ လူတစ်ယောက်က အနည်းငယ်ရန်လိုသောအခါ တွင်ဖြစ်စေ၊ မရင်းနှီးသည့်အချိန်တွင်ဖြစ်စေ ထိုသူတို့ကို ကျွန်ုပ်တို့ မုန်းတီး၍ ကျိန်ဆဲကြသည်။ သင်သည် စိတ်တည်ငြိမ်စွာဖြင့်ကား မောင်းနှင်သောအခါလူတစ်ယောက်သည် ရုတ်တရက်လာ၍ မတော် တဆယာဥ်တိုက်မှုဖြစ်လုနီးပါးဖြစ်သည့်အခါ ထိုနမှော်နမဲ့ယာဥ် မောင်းကို စိတ်မဆိုးဘဲနေခဲ့သလော။  ကျွန်တော်အနေဖြင့် ထိုသူကို ကားဟွန်းကျယ်လောင်စွာမရပ်မနားတီး၍ဆဲဆိုပါလိမ့်မည်။သို့သော် ဤလုပ်ဆောင်ချက်သည် မှန်ကန်သလော။ လုပ်ဆောင်ရန်မှန်ကန် သောအရာလုံးဝမဟုတ်ပေ။ သို့သော် အပြစ်တစ်စုံတစ်ခုမျှမကျူး လွန်သောသူမရှိခြင်းသည် ပြဿနာပင် ဖြစ်သည်။ 
ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များကြောင့် ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ရှေ့ရှုသွားရမည်သူများဖြစ်ကြသည်။ သို့သော် ဘုရားသ ခင်သည် ကျွန်ုပ်တို့အား “ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်း သစ်တွင် ငါတို့သည် သန့်ရှင်းရာဌာနထဲသို့ အသွေးတော်ကိုအမှီပြု၍ အဆီးအတားမရှိဝင်ရသောအခွင့်ရှိသည်”(ဟေဗြဲ ၁၀း၂၀)။ ခမည်း တော်ဘုရားသခင်၏အလိုတော်နှင့်အညီ သခင်ယေရှုခရစ်တော်အား ဖြင့် ပြည့်စုံခဲ့ပြီးသော ဘုရားသခင်၏ဆုကျေးဇူးတော်ပင် ဖြစ်သည်။ 
ဘုရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်းဆုကျေးဇူးမှာ အဘယ်အရာနည်း။ တဲတော်ချည်ထည်ဖြစ်သော အပြာရောင်၊ခရမ်း ရောင်နှင့်အနီရောင်ပိတ်ချောနှင့် အဖြူရောင်ပိတ်ချောချည်ထည်ဖြင့် ပြည့်စုံသောကယ်တင်ခြင်းဆုကျေးဇူးကို ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုမချီးမွမ်းဘဲနေနိုင်ကြမည်လော။ စစ် မှန်သောကယ်တင်ခြင်းကိုကျွန်ုပ်တို့ရရှိသောအခါ ကျွန်ုပ်တို့နှလုံး သားထဲမှာ ငြိမ်သက်ခြင်းမရဘဲမည်သို့နေနိုင်မည်နည်း။ ကျွန်ုပ်တို့ ကယ်တင်ခြင်းသည် ရွှေသို့မဟုတ်ငွေဖြင့်ဝယ်ယူ၍မရနိုင်ပေ။ မနက် ခေတ္တခဏပေါ်ပြီးနောက် ပျောက်ကွယ်သွားသော နှင်းရည်ကဲ့သို့မ ဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့သည် ထာဝရ ပြည့်စုံစွာကယ်တင်ခြင်း ရရှိကြသည်။ ဘုရားသခင်သည် အပြစ်များကိုအလွန်ချစ်တော်မူ သောကြောင့် ကယ်တင်ခြင်းကျေးဇူးကို အခမဲ့ပေးအပ်တော်မူခဲ့ သည်။ ဤဆုကျေးဇူးအားဖြင့် ယုံကြည်သူကျွန်ုပ်တို့အား ဖြောင့်မတ် ခြင်းဝတ်လုံတော်ဖြင့်လွှမ်းခြုံတော်မူခဲ့သည်။ 
တဲတော်ဝင်းခြံစည်းရိုးတွင်အသုံးများကြားတွင် မြေကြီးနှင့်ထိ တွေကသော ခြေစွပ်များအားလုံးနှင့်တံစို့များမှာ ကြေးဝါဖြင့်ပြုလုပ် ထားသည်။ သို့သော် တိုင်များထိပ်တွင်အသုံးပြုသောအမိုးမှာ ငွေဖြင့် ပြုလုပ်ထားသည်။ ဤအရာများအားလုံးက ကျွန်ုပ်တို့သည် အပ္ပါယ် ငရဲသို့သွားမည်သူများဖြစ်ကြသော်လည်း ဘုရားသခင်ပေးအပ်တော် မူသောကယ်တင်ခြင်းဆုကျေးဇူးရရှိခြင်းအားဖြင့်ဘုရားသခင်၏သား သမီးများဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးသည် နှုတ်ကပတ် တော်ကိုယုံကြည်ခြင်းအားဖြင့် ဤဆုကျေးဇူးလက်ခံရရှိခဲ့ကြသည်။  ကျွန်ုပ်တို့ရရှိသောအပြစ်များမှဤကယ်တင်ခြင်းသည် ပေးအပ်ခဲ့ပြီး ကြောင်း မည်သို့သေချာစွာသိရှိနိုင်မည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အားပေးအပ်တော်မူသောဆုကျေးဇူးဖြစ်သည်။ ဘယ်တော့ မှမပြောင်းလဲသော သေချာသောကယ်တင်ခြင်းနှင့်ကောင်းကြီးမင်္ဂ လာဖြစ်သည်။ကျွန်ုပ်တို့သိရှိခဲ့ကြသောကြောင့် ဘုရားသခင်ကို ကျေး ဇူးတင်၍မဆုံးနိုင်ပေ။
သင်နှင့်ကျွန်တော်တို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းရရှိ ခြင်းမှာ အကောင်းဆုံးသောဘုရားသခင်၏ဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့ကယ်တင်ခြင်းသည် မပြည့်စုံသောအရာမဟုတ်ပေ။ ကျွန်ုပ် တို့အားနည်းချက်များထင်ရှားသောအခါ ပြန်လည်ပျောက်ကွယ်သွား သောအရာလည်းမဟုတ်ပေ။ ယိုယွင်းပျက်စီးသောသင်နှင့်ကျွန်တော် ကဲ့သို့သောသူများအတွက် သခင်ယေရှုသည် ဤလောကသို့ကြွလာ တော်မူ၍ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ချည်ထည်င့်အဖြူ ရောင်ပိတ်ချောဖြင့်ကယ်တင်ခြင်းဆုကျေးဇူးကိုကျွန်ုပ်တို့ အားပေး အပ်တော်မူခဲ့သည်။ ဤသမ္မာတရားကိုယုံကြည်သောသူများသည် မိမိအပြစ်များအားလုံးမှ ထာဝရကယ်တင်ခြင်းရရှိသောသူများ ဖြစ် ကြသည်။အပြစ်သားများအတွက် ဘုရားသခင်ပေးအပ်တော်မူ သော ကယ်တင်ခြင်းသည် ပြည့်စုံသောကြောင့်လည်းကောင်း၊ ကိုယ် တော် သည်ကျွန်ုပ်တို့မပြည့်စုံမှုများ၊အားနည်းချက်များနှင့်အသွေးအသားအ ပြစ်အနာအဆာများကို ယူဆောင်သွားတော်မူသောကြောင့် လည်း ကောင်း ကျွန်ုပ်တို့သည် အပြစ်မပြုလုပ်နိုင်ရန်အတွက် ကိုယ်တော် သည် အကောင်းပကတိဖြစ်စေတော်မူခဲ့သည်။ အပြာရောင်၊ခရမ်း ရောင်နှင့်အနီရောင်ချည်ထည်နှင့်အဖြူရောင်ပိတ်ချောကိုသေချာ စွာ သိရှိ၍ယုံကြည်သောသူများသည်ထာဝရပြည့်စုံစွာကယ်တင်ခြင်း ရရှိ ကြသည်။ 
ဘုရားသခင်ပေးအပ်တော်မူသောဤကယ်တင်ခြင်းဆုကျေးဇူး မည်သို့တန်ဖိုးရှိကာမြင့်မြတ်သနည်း။ ဤကယ်တင်ခြင်းဆုကျေးဇူး အတွက် ဘုရားသခင်ကိုကျေးဇူးတင်၍မဆုံးနိုင်ပေ။ အကြောင်းမှာ ဤဆုကျေးဇူးက ကျွန်ုပ်တို့နှလုံးသားများကို ချမ်းသာစေ၍ ငြိမ်သက် ခြင်းနှင့်ကောင်းကြီးမင်္ဂလာများစွာချပေးသောကြောင့် ဖြစ်သည်။ သ ခင်ယေရှုသည် ကျွန်ုပ်တို့နှလုံးသားကို သက်သာစေတော်မူခဲ့သည်။ ကိုယ်တော်က “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြ လော့။ ငါသည်ချမ်းသာပေးမည်” (မဿဲ ၁၁း၂၈)ဟု မိန့်တော်မူခဲ့ သည်။ ဘုရားသခင်သည် ကျွန်ုပ်အပြစ်များအားလုံးမှလွှတ်မြောက် ရန်ဤဆုကျေးဇူးကိုပေးအပ်တော်မူသောကြောင့် အလွန်ကျေးဇူး တော်ကြီးလှပေသည်။ 
ကျွန်တော်အပါအဝင် သင်တို့အားလုံးသည် ဘုရားသခင်အ တွက်အလွန်တန်ဖိုးကြီးသည်ဟု ကျွန်တော်ယုံကြည်သည်။ ကိုယ် တော်သည် သင်နှင့်ကျွန်တော်တို့အား အပြာရောင်၊ခရမ်း‌ရောင်နှင့်အ နီရောင်ပိတ်ချောနှင့်အဖြူရောင်ပိတ်ချောသတင်းကောင်းဖြင့် ကယ် တင်တော်မူခဲ့သည်။ ဤနှုတ်ကပတ်တော်ကိုယုံကြည်သူအားလုံးအ ပေါ် ဤကယ်တင်ခြင်းဆုကျေးဇူးကို ဘုရားသခင်ပေးအပ်တော်မူခဲ့ သည်ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံ ကြည်သောကြောင့် သင်သည်လည်း ဘုရားသခင်အတွက် အလွန် တန်ဖိုးရှိသောသူဖြစ်သည်ဟု ကျွန်တော်ယူဆယုံကြည်မိပါသည်။ 
နောက်ဆုံးအနေဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏လုပ်ငန်းအ တွက် ကျွန်ုပ်တို့ခွန်အားကျော်လွန်၍ကြိုးစားသောအခါ အလွန်စိတ် ပျက်၊ရင်လေးပင်ပန်းမှုခံစားသောအချိန်များစွာရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည်ကိုယ်ခန္ဓာပင်ပန်းနွယ်မှုခံစားရချိန်မျိုးတွင် ကျွန်တော့် လုပ်ဆောင်ဖက်များကို ခွန်အားပေးနှစ်သိမ့်လိုပါသည်။ သို့သော် အ သွေးအသားခွန်အားပေးနှစ်သိမ့်ခြင်းအားဖြင့်ကျွန်ုပ်တို့သည် ခွန်အား မရနိုင်သည်ကို ကျွန်တော်ကောင်းကောင်းသိခဲ့သည်။ ကျွန်ုပ်တို့၏ စစ်မှန်သောနှစ်သိမ့်ခြင်းကို ဘုရားသခင်ပေးအပ်တော်မူသည် သေ ချာသောကယ်တင်ခြင်းဆုကျေးဇူးကိုသတိရခြင်းအားဖြင့် ကျွန်ုပ်တို့ ခွန်အားရရှိနိုင်ကြသည်။ ထိုငြိမ်သက်ခြင်းကို လောကီသားများကမ သိကြပေ။ ကျွန်ုပ်တို့နှလုံးသားထဲတွင် ဘုရားသခင်ပေးအပ်တော်မူ သောဝိညာဥ်ရေးရာကောင်းကြီးမင်္ဂလာများဖြင့် ကျေနပ်ရောင့်ရဲမှု နှင့်ခွန်အားများရရှိနိုင်သည်။ ဘုရားသခင်ပေးအပ်တော်မူသောဤ ကယ်တင်ခြင်းဆုကျေးဇူးအားဖြင့် ကြီးမားသော ဆုလဒ်များနှင့် ကောင်းကြီးမင်္ဂလာများရရှိခံစားရသောကြောင့် ကျွန်ုပ်တို့နှလုံးသား များသည် ငြိမ်သက်ခြင်းနှင့်ကောင်းကြီးမင်္ဂလာများစွာရရှိခံစားနိုင် ကြသည်။ ထိုကောင်းကြီးမင်္ဂလာြငိမ်သက်ခြင်းကို လောကီသားများ ကမသိကြပေ။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအပေါ်သို့ ပြည့်စုံသောဆု ကျေးဇူးများကိုချပေးတော်မူခဲ့သည်။ ထိုဆုကျေးဇူးသည် လောကီ သားများကမသိသောအကြီးမားဆုံးသောဆုကျေးဇူးဖြစ်သည်။ အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်နှင့်အဖြူရောင်ပိတ်ချောသမ္မာတ ရားမယုံကြည်ဘဲ ဘာသာတရားကိုသာကိုင်းရှိုင်းခြင်းအားဖြင့်အပြစ် ကင်းစင်သည်ဟုကြွေးကြော်သောသူအချို့ရှိသည်။ သို့သော်သူတို့၏ ဘာသာတရားကိုင်းရှိုင်းမှုများသည် ရေငွေ့ပမာခေတ္တခဏကွယ် ပျောက်သွားသည်။ သူတို့သည် အနည်းငယ်သောအပြစ်ပြုမိသည့် အချိန်၌ဖြစ်စေ၊ အနည်းငယ်ခက်ခဲမှုတွေ့ကြုံရသောအချိန်၌ဖြစ်စေ မိမိအတွေးတွင်ရှိသောြငိမ်သက်ခြင်းကို ရေငွေ့ပမာ လွင့်လက်ကွယ် ပျောက်သွားပါသည်။ 
သို့ရာတွင် ဘုရားသခင်ချပေးတော်မူသော အပြာရောင်၊ခရမ်း ရောင်နှင့်အနီရောင်နှင့်အဖြူရောင်ပိတ်ချောချည်ထည် ကယ်တင် ခြင်းကိုယုံကြည်သောသူများအတွက်မူ အခက်အခဲပို၍ရင်ဆိုင်ရလေ လေ သူတို့စိတ်ထဲတွင် ငြိမ်သက်ခြင်းပို၍ ထွန်းလင်းလေလေဖြစ်ပါ သည်။ ခြေနင်းခြင်းခံရသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ၊ ငိုကြွေး သည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ ကျွန်ုပ်တို့၏နှလုံးသားများ၌ ဘု ရားသခင်ချပေးတော်မူသောကယ်တင်ခြင်းကြောင့် ကျေးဇူးတော်ချီး မွမ်းခြင်းများစီးဆင်းလာပါသည်။ ကျွန်ုပ်တို့အားလုံးသည် လုံးဝကယ် တင်ပြီးသောသူများဖြစ်ကြသည်။ အဲဂုတ္တုပြည်သို့ပြန်မလှည့်ကြ တော့ပေ။ အပြစ်တရားများနှင့်တရားစီရင်ခြင်းများပြန်လည်မခံစား ရတော့ပေ။ ဘုရားသခင်ချပေးတော်မူသောဤကယ်တင်ခြင်းသမ္မာ တရားကိုသိရှိယုံကြည်သောသူကျွန်ုပ်တို့အား ဘုရားသခင်ကောင်း ချီးချပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို အပြည့်အဝကျေးဇူးတင်ရမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံယုံကြည်ခြင်းအားဖြင့် ကျေးဇူးတင်ကြခြင်းဖြစ်သည်။
အပြာရောင်၊ခရမ်းရောင်နှင့် အနီရောင်ပိတ်ချောဤကယ်တင် ခြင်းကို ကျွန်တော်လက်ခံရရှိခြင်းကြောင့်လည်းကောင်း၊ ဘုရားသ ခင်သည်ကျွန်တော့်ချစ်၍ ကောင်းကြီးများစွာ ပေးတော်မူ‌သော ကြောင့်လည်းကောင်း၊ ကျွန်တော်မထိုက်တန်သော်လည်း ဤတန်ဖိုး ကြီးသောသတင်းကောင်းကို ဟောပြောစေသောကြောင့်လည်း ကောင်း၊ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍မဆုံးနိုင်ပေ။ ဘုရား သခင်သည်ကျွန်တော့်အားကယ်တင်ခြင်းသတင်းကောင်းအတွက် အ သက်ရှင်ခွင့်ပေးတော်မူသောကြောင့် ကိုယ်တော့်ကို နေ့ရက်စဥ်တိုင်း ကျေးဇူးတင်၍မကုန်ဆုံးနိုင်ပေ။ အမြဲတမ်းကျေးဇူးတော်ချီးမွမ်းရ မည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော့်အားကြီးမားသောကယ် တင်ခြင်းဆုကျေးဇူးကိုချပေးတော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ကျွန်ုပ်နှလုံးသားမှကျေးဇူးတော်ချီးမွမ်းရန်ကြိုးစား သောအခါ ဘာသာစကားနှင့်အခြားခိုင်းနှိုင်းဖော်ပြချက်များမလုံ လောက်သည်ကို ကျွန်တော်သိခဲ့သည်။ 
ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောနှင့်အဖြူရောင်ပိတ်ချောအထည်သတင်းကောင်းဖြင့် ထင်ရှား သောကယ်တင်ခြင်းကို ယုံကြည်သောသူများဖြစ်ကြသည်။ သင့်အ တွက် သခင်ယေရှုသည် ဤလောကသို့ဖွားမြင်ခြင်းခံ‌တော်မူခဲ့သည်။ အသက် ၃၀ ရှိသောအခါ ဗတ္တိဇံဆရာယောဟန်အားဖြင့်ဗတ္တိဇံခံယူ၍ သင့်အပြစ်အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကားတိုင်ပေါ် တွင် ဤအပြစ်များကိုသယ်ဆောင်သွား၍ အသွေးတော်သွန်းလောင်း ကာအသေခံ‌တော်မူခဲ့သည်။ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့ သည်။ ယခုတွင်ကိုယ်တော်သည် ခမည်းတော်ဘုရားသခင်၏ပလ္လင် လက်ယာဘက်တွင် စိုးစံတော်မူခဲ့သည်။ ယုံကြည်ခြင်းအားဖြင့်လက် ခံသောသူများပေါ် သခင်ယေရှုခရစ်တော်သည် ပြည့်စုံသောကယ် တင်ခြင်းကျေးဇူးကိုချပေးတော်မူခဲ့သည်။ ဤယုံကြည်မှုကိုကျွန်ုပ်တို့ မစွန့်လွှတ်ခဲ့လျှင် ကျွန်ုပ်တို့တစ်ကြိမ်ရရှိခဲ့သောဤကယ်တင်ခြင်းကို ဘယ်တော့မှ ယိုယွင်းပျက်စီးလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် အ ပြစ်များစွာရှိသော်လည်းကောင်း၊ အမှားများစွာပြုမိသော်လည်း ကောင်း၊ ကျွန်ုပ်တို့သည် ပြည့်စုံသောကယ်တင်ခြင်းဆုကျေးဇူးက ဘုရားသခင်၏လူများအဖြစ် လွှမ်းခြုံခြင်းခံရကြပါသည်။ 
 


တဲတော်ဝင်း၏တိုင်များပေါ်တွင် ချိတ်ဆွဲထားသော အဖြူရောင်ပိတ်ချောချည်ထည်


အချိန်ခဏအတွင်းချိတ်ဆွဲထားသော အဖြူရောင်ပိတ်ချော ချည်ထည်ကို စဥ်းစားကြပါစို့။ ဤချိတ်ဆွဲထားသောအဖြူရောင် ပိတ်ချောချည်ထည်တို့သည် နိုင်လွန်ဖြင့်မပြုလုပ်ခဲ့ပေ။ သို့သော်၎င်း တို့သည် အဖြူရောင်ပိတ်ချောချည်ထည်ရက်လုပ်ထားသောချည် သားဖြစ်သည်။အကယ်၍သင်သည် သဲကန္တရာအခြေအနေတွင် အဖြူ ရောင်ချည် ထည်ချိတ်ဆွဲမည်ဆိုပါက အချိန်တန်လာသောအခါ ညှိုး နွမ်းပျက်စီးသွားပါလိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုဖြူ သောအဖြူရောင်ချည်များကို အချိန်တန်လျှင်ညစ်ညမ်းစေတော်မူ လိမ့်မည်ဟုမသိဘဲ အကြောင်းပြချက်မရှိဘဲ ထားခဲ့တောမည်လော။ ဘု ရားသခင်သည် ယုံကြည်ခြင်းအားဖြင့်ဤဆုကျေးဇူးကိုလက်ခံသူ ကျွန်ုပ်တို့အပေါ်ချပေးတော်မူသောကယ်တင်ခြင်းဆုကျေးဇူးကိုထင် ရှားစေရန်အတွက် အဖြူရောင်ပိတ်ချောချည်ကိုများကိုချိတ်ဆွဲရန် ဣသရေလလူမျိုးများအားချိတ်ထားရန် မိန့်မှာတော်မူခဲ့သည်။ ဘု ရားသခင်သည် ကျွန်ုပ်တို့အား ညစ်ညမ်းသောအပြစ်များအားလုံးမှ လုံးဝစင်ကြယ်စွာကယ်တင်တော်မူခဲ့ကြောင်းကျွန်ုပ်တို့ နှလုံးများမှာ တိကျစွာသိရှိ၍မှတ်ထားရမည် ဖြစ်သည်။ 
ဘုရားသခင်သည် ဣသရေလလူမျိုးများအားအဖြူရောင်ပိတ် ချောအထည်များကိုချိတ်ဆွဲရန် မိန့်မှာတော်မူခဲ့သည်။ ချိတ်ဆွဲထား သောအဖြူရောင်၌ထင်ရှားသောပြည့်စုံသည့်ကယ်တင်ခြင်းကို မြင် တွေ့ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်း၍ အမြဲတမ်းကျေးဇူးတင်ရမည်ဖြစ်သည်ကို ပြဌာန်းထား သည်။ဤအဖြူရောင်ပိတ်ချောချည်ထည်ချိတ်ဆွဲခြင်းအားဖြင့်ဘုရား သခင်သည် ကယ်တင်ခြင်းဆုကျေးဇူးကို ပြည့်စုံစွာပေးအပ်တော်မူခဲ့ သည်။ဘုရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်းသည် ဤအ ဖြူရောင်ပိတ်ချောချည်ထည်နှင့်တူသည်။ 
ကျွန်ုပ်တို့သည် အပြစ်ကြောင့် လွှဲရှောင်၍မရ အပ္ပါယ်ငရဲသို့ သွားက ညစ်ညမ်းပျက်စီးသောသူများအမှန်ဖြစ်ကြပါသည်။ ကျွန်ုပ် တို့သည် တစ်နေ့တာအတွက် ကြိမ်ဖန်များစွာ ကျွန်ုပ်တို့စိတ်များကို ဆေးကြောရမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံးသား များကို လုံးဝဖြူစင်စေတော်မူခဲ့သည်။ တနည်းအားဖြင့်၊ ဘုရားသခင် သည် လူသားများအားလုံးကို ကယ်တင်တော်မူခဲ့ပြီး ဖြစ်သည်။ ဘု ရားသခင်၏တန်ခိုးတော်သည် ယိုယွင်း၊ ပျက်ဆီး၊ ဆွေးမြေ့သူကျွန်ုပ် တို့အား  မိမိသန့်ရှင်းသူများဖြစ်စေတော်မူသောကြောင့် အလွန်ကြီး မား၍အံ့ဩစရာဖြစ်ပါသည်။ 
ယနေ့ဤရေနှင့်ဝိညာဥ်တော်သတင်းကောင်းကို ယုံကြည်သူ သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်ထံတော်မှလာသောဤပြည့် စုံသော ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိသောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် နှလုံးသားမှအပြစ်များအားလုံးလုံးဝဆေးကြောခြင်းခံ ရသောသူများဖြစ်၍ မိုးပွင်းကဲ့သို့ဖြူစင်သူများဖြစ်ကြသည်။
သင်နှလုံးသားထဲတွင် အပြစ်ရှိသေးသလား။ မရှိတော့ပေ။ တဲ တော်ဝင်းခြံစည်းရိုးပေါ်တွင် သန့်ရှင်းသောပိတ်ချောဆွဲချိတ်ထား သည့်အတိုင်း သင့်နှလုံးသားများအားလုံးသည် ဖြူစင်ကြသည်။ သင် နှင့်ကျွန်တော်တို့သည် လုံးလုံးလျားလျားဖြူစင်လာကြသည်။ ကျွန်ုပ် တို့သည် မိမိအပြစ်များကြောင့် တရားစီရင်ခြင်းအမှန်အကန်ခံရမည့် သူများဖြစ်ကြသော်လည်းကျွန်ုပ်တို့သည်ကယ်တင်ခြင်းခံရကြသည်။ ဤကယ်တင်ခြင်းသည် ကျွန်ုပ်တို့ကောင်းမှုကုသိုလ် သို့မဟုတ်သစ္စာ စောင့်သိမှုမှရောက်လာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှလာသည်။ တဲ‌တော်တိုင်များ၏ကြေးဝါတံစို့ပေါ်တွင် ငွေပတ်ကြိုး များချိတ်၍ ငွေခေါင်မိုးပေါ်သို့တွဲထားသကဲ့သို့ ဘုရားသခင်၏ကျေး ဇူးတော်သည် ကိုယ်တော့်တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့ကိုလွှမ်းခြုံ ထားပါသည်။ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့သွား၍တရားစီရင်ခြင်းခံ ရမည်သူများဖြစ်ကြသော်လည်း ဘုရားသခင်၏ကယ်တင်ခြင်းဆု ကျေးဇူးတော်အားဖြင့် ဘုရားသခင်လွှမ်းခြုံပေးသောအရာကိုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ကယ်တင် ခြင်းရရှိခဲ့ပြီးသောသူများဖြစ်လာကြသည်။ ဤအရာသည် တဲတော် ဝင်းခြံစည်းရိုး၌ထင်ရှားသောသမ္မာတရားဖြစ်သည်။ 
တဲတော်ဝင်း၏ တိုင် ၆၀ တိုင်သည် စစ်မှန်သောယုံကြည်သူ ကျွန်ုပ်တို့ကို ရည်ညွှန်းထားသည်။ တစ်နည်းအားဖြင့်၊ ဤတိုင်များ တစ်တိုင်စီတိုင်းသည်ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းကို ရည်ညွှန်းသည်။ ဘုရားသခင်၏လူများမဖြစ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏အိမ် တော်သို့ဝင်ခွင့်မရပေ။ သို့သော်ဘုရားသခင်သည် ကျွန်ုပ်တို့ကဲ့သို့ သောမထိုက်တန်သောသူများအပေါ် မိမိကယ်တင်ခြင်းဆုကျေးဇူးကို ချပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ဤလောကသို့ကြွလာတော် မူ၍ ကယ်တင်ခြင်းဆုကျေးဇူးကိုပြည့်စုံစေတော်မူခဲ့သည်။ ဤသမ္မာ တရားဆုကျေးဇူးကိုလည်းချပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤ သမ္မာတရားသိရှိယုံကြည်သောအခါ လုံးဝကယ်တင်ခြင်းခံရ၍ ဘယ် တော့မှကျိန်ခြင်းအမင်္ဂလာကိုမခံရသော မိမိလူများဖြစ်စေတော်မူခဲ့ ပါသည်။ 
အလွန်အံ့ဩဖွယ်ကောင်းသောကောင်းကြီး မင်္လာတစ်ပါးဖြစ် သည်။ တဲတော်ဝင်းတိုင်များကဲ့သို့ ကျွန်ုပ်တို့သည် တစ်ကိုယ်တော် ရပ်တည်ပါက ယိုင်လဲသွားမည် ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်သူများ သည် ကျေးဇူးတော်အောက်၌ စည်းလုံးလျက် အပြာရောင်၊ခရမ်း ရောင်၊အနီရောင်ချည်ထည်နှင့်အဖြူရောင်ပိတ်ချောကိုယုံ ကြည်ကြ သောကြောင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှကယ်တင်ခြင်း ရရှိခဲ့ပြီး နောက် မယိုင်လဲကျသည့်အကြောင်းရင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့သွားရမည့်သူများဖြစ်ကြသော်လည်းအပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်ထည်နှင့် အဖြူရောင်ပိတ်ချော နှုတ်က ပတ်တော်အားဖြင့် ဘုရားသခင်ကျွန်ုပ်တို့အပြစ် များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည်ဟု ယုံကြည်ကြသောကြောင့် အပြစ် ၏တရားစီရင်ခြင်းအားလုံးမှ ကျွန်ုပ်တို့သည် လုံးလုံး လျားလျား ကယ်တင်ခြင်းရရှိခဲ့ကြသည်။ဤယုံကြည်မှုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့မှောက်တော်တွင် မည်သည့်အချိန်မဆို ရပ်တည် ၍ကျေးဇူးတော်ကိုချီးမွမ်းကာအမှုဆောင်ထမ်းဆောင်လျက်ဤကယ် တင်ခြင်းဆုကျေးဇူးအတွက် အမြဲတမ်းကျေးဇူးတင်နိုင်ကြ ခြင်းဖြစ် သည်။ 
ကျွန်ုပ်တို့သည် အသွေးအသားနှင့် အသက်ရှင်နေကြသော ကြောင့် ခလုတ်တိုက်ချော်လဲသောအချိန်များစွာရှိသည်။ ကျွန်ုပ်တို့ သည် အပြစ်များအားလုံးနှင့်တရားစီရင်ခြင်းမှကယ်တင်ခြင်းခံရကြ သည်ဟုယုံကြည်ကြသော်လည်း စိတ်ပျက်မှုများခံစား၍ ငြီးငွေ့ကာ ဘာကြောင့်အသက်ရှင်ရသနည်းဟု စိတ်တွေဝေသောအချိန်များစွာ ရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဇာတိအတွေးများကြောင့် ခြောက်လှန့်ခြင်းခံစားရကြသော်လည်းကယ်တင်ခြင်းရရှိခဲ့ပြီးနောက် ဘုရားသခင်ထံတော်မှထွက် ခွါခြင်းမရှိဘဲ မယိမ်းယိုင်သောယုံကြည် ခြင်းဖြင့် အသက်ရှင်နိုင်ခြင်းမှာ ကျွန်ုပ်တို့ဖြစ်ခဲ့သည့်အကြောင်းကို ပြန်လည်စဥ်းစားသောအခါ ဘုရားသခင်ချပေးသနားတော်မူသော ကယ်တင်ခြင်းဆုကျေးဇူးနှင့်‌ရွေးနုတ်ခြင်းကျေးဇူးတော်အတွက် ဘု ရားသခင်ကိုပို၍ကျေးဇူးတင်နိုင်ကြသည်။  
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအပေါ်မား မားမတ်မတ်ရပ်တည်နိုင်ကြခြင်းဖြစ်သည်။ လောကဓံအားလုံးကြား မှာ စစ်မှန်သောသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ခိုင်ခံ့စွာရပ်တည်နိုင်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ဒုစရိုက် ဖြင့်ပြည့်နေကြသော်လည်း ဘုရားသခင်ပေးအပ်တော်မူသော ပြည့် စုံသောကယ်တင်ခြင်းအတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုရေ တွက်ချီးမွမ်းနိုင်ကြခြင်း ဖြစ်သည်။ ဤကယ်တင်ခြင်းကျေးဇူးတော်၊ ကိုယ်တော့်ရှေ့မှောက်တွင်မားမားမတ်မတ်ရပ်တည်ခြင်း၊ နှင့် ယဇ်ပ ရောဟိတ်အမှုများသစ္စာရှိစွာဖြင့် ထမ်းဆောင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိသားသမီးဖြစ်ရသောအခွင့်ချပေးတော်မူသော ကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ကျွန်ုပ်တို့ သည် မိမိယုံကြည်မှုအပေါ် ခိုင်ခံ့မြဲမြံစွာ မားမားမတ်မတ်ရပ်တည်စေ နိုင်သောအရာမှာဘုရားသခင်ချပေးတော်မူသောကြီးမားသောကယ် တင်ခြင်းဆုကျေးဇူးနှင့်ကျေးဇူးတော်ကို ကျွန်ုပ်တို့ရရှိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ဖြစ်ခြင်းအခြေခံသဘောတရားကို သိရှိပါက အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောနှင့်အဖြူရောင်ပိတ် ချောချည်ထည်နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ချပေးတော်မူ သော အပြစ်လွှတ်ခြင်းကိုလက်ခံ၍ ဘုရားသခင်အတွက်စေခံရမည် ဖြစ်သည်။ 
ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် ဤကြောင်းကို မိမိနှလုံးများ ဖြင့်သိရှိနားလည်သဘောပေါက်ကာလက်ခံသောအခါ ကျွန်ုပ်တို့ယုံ ကြည်မှုသည် ဘယ်တော့်မှမတုန်လှုပ်ပေ။ ပို၍ခိုင်ခံလာခဲ့သည်။ လူ များက ဖြားယောင်းသွေးဆောင်များမည်သို့ပင် ပုံအပ်နေပါစေ၊ ပြည့် စုံခြင်းမရှိဟု မည်သို့ပင် အတင်းအဖျင်းပြောနေပါစေ သူတို့သည် ကားတိုင်ပေါ်၌ တန်ဖိုးရှိသောအသွေးတော်ကိုသာယုံကြည်ကြသော ကြောင့် ထိုသို့ပြောခြင်းဖြစ်သောကြောင့် ကျွန်ုပ်တို့ယုံကြည်မှုသည် ယိမ်းယိုင်ပြိုလဲခြင်းမရှိပေ။ ကျွန်ုပ်တို့ဇာတိမှာအခြေခံအားဖြင့် ဆိုး သွမ်းကြသော်လည်း အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောနှင့်အဖြူရောင်ပိတ်ချောချည်ထည်အားဖြင့် ဘုရားသခင်ကယ် တင်တော်မူသောသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် လှည့်ဖြားမှု များကိုရဲဝံ့စွာတိုက်ခိုက်နိုင်၍ ယုံကြည်ခြင်းအားဖြင့် မားမားမတ်မတ် ရပ်တည်နိုင်ကြခြင်း ဖြစ်သည်။ 
ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဤလှည့်ဖြားမှုများကို “ဘာ လဲ။ ငါတို့သည် ကားတိုင်ပေါ်အသွေးတော်အားဖြင့်သာလျှင်ကယ် တင်ခြင်းခံရသလား။ အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ဖြင့် ပြည့် စုံသောကယ်တင်ခြင်းအချက်အလက်မှတစ်ခုကိုချန်ထားပါက ငါတို့ ဝါကြွားစရာတစ်ခုမှမရှိပေ။ ဒီလိုဖြစ်ခြင်းဟာ လုံးဝအဓိပ္ပါယ်မရှိပါ” ဟု ပြောခြင်းအားဖြင့် ခုခံတိုက်လှန်နိုင်ကြသည်။ 
သို့သော် အကယ်၍ ဘုရားသခင်ပေးအပ်တော်မူသော ကယ် တင်ခြင်းကျေးဇူးတော်မှ ကျွန်ုပ်တို့ထွက်ခွါနေပါက ကျွန်ုပ်တို့ဖြစ်နေ သောအခြေအနေကို မြင်တွေ့သိရှိနိုင်မည်မဟုတ်ပေ။ ထိုသို့မသိပါ က ကျွန်ုပ်တို့သည် မိမိကိုယ်ကို စိတ်ချလက်ချဖြစ်၍ ဝါကြွား၍ နောက်ဆုံးတွင်အပြစ်ဒုစရိုက်သို့ကျဆင်းပါလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိဖြစ်ခြင်းကိုကြည့်သော ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူး တော်သည် ပို၍ကြီးမားကြောင်းတွေ့ရသည်။ ထိုကြောင့် “အစဥ်မ ပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ မခြားမလပ်ဆုတောင်းပဌာနပြုကြ လော့။အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည်ထိုသို့ကျင့်စေခြင်းငှါယေရှုခရစ်၌ဘုရားသခင်အလိုတော် ရှိ”(၁သက် ၅း၁၆-၁၈) ဟူသောဘုရားသခင်၏အမိန့်တော်ကိုကြွေး ကြော်နိုင်ပါသည်။ 
တိုင်တစ်ခုစီတိုင်ကို ငွေပတ်ကြိုးများဖြင့်ထောက်မ၍ ကြေးဝါ တံစို့များပေါ်တွင်ချည်ထားသည်နည်းတူ သခင်ယေရှုသည် ကျွန်ုပ်တို့ အတွက် ကျိန်ခြင်းအမင်္ဂလာအားလုံးကိုယူဆောင်သွားတော်မူသည် ဟု ကျွန်ုပ်တို့ယုံကြည်သောကြောင့် ဘုရားသခင်၏ရှေ့မှောက်တော် တွင် မားမားမတ်မတ်အမှန်အကန်ရပ်တည်နိုင်ကြခြင်းဖြစ်သည်။ ထို ကြောင့်ကျွန်ုပ်တို့ ခလုတ်ထိလှဲကျသည့်အချိန်၌ပင်လျှင် ငွေပတ်ကြိုး များကကျွန်ုပ်တို့ကို ခိုင်ခံ့စွာဆုပ်ကိုင်ထားသောကြောင့် ကျွန်ုပ်တို့မ ပြိုလဲဘဲမားမားမတ်မတ်ရပ်တည်နိုင်ကြသည်။ ငွေပတ်ကြိုးတစ်ခုစီ တိုင်ကို တန်းပေါ်တွင် တွယ်ကပ်ထား၍ တံစို့များကတိုင်များကို ခိုင် ခံ့စွာဆုပ်ကိုင်ထားသည့်အတိုင်း ကျွန်ုပ်တို့သည် မိမိဖြစ်ခြင်းကိုနှလုံး သားဖြင့်အသိအမှတ်ပြုကြသောကြောင့်လည်းကောင်း၊ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောနှင့် အဖြူရောင်ပိတ်ချောအားဖြင့် ကယ်တင်ခဲ့သောဘုရားသခင်၏ကျေးဇူးတော်ကြောင့်လည်း‌ကောင်း၊   ကျွန်ုပ်တို့သည် တစ်ယောက်တည်းရပ်တည်ခြင်းမဟုတ်ပေ။ဤအ ကြောင်းကြောင့် ကျွန်ုပ်တို့သည် မားမားမတ်မတ်ရပ်တည်၍ ဘယ် ညာသို့မယိမ်းယိုင်ဘဲနေနိုင်ကြခြင်း ဖြစ်သည်။ 
ဘုရားသခင်ချပေးတော်မူသော ပြည့်စုံသောကယ်တင်ခြင်း ကျေးဇူးတော်ကြောင့်လည်းကောင်း၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်း တရားကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် ရှေ့၌လည်းကောင်း၊ နောက်ဘက်သို့လည်းကောင်း၊ ဘေးဘက်သို့လည်းကောင်းမလဲကျ ဘဲ ကြေးဝါခြေစွပ်ပေါ်တွင် မားမားမတ်မတ်ရပ်တည်နိုင်ကြသည်။  ကြေးဝါခြေစွပ်က ကျွန်ုပ်တို့အား အပ္ပါယ်ငရဲသို့ အခြေခံအားဖြင့်သွား ရမည်ကို ပြဌာန်းထားသည်။ ကျွန်ုပ်တို့သည်  အပ္ပါယ်ငရဲမီးအိုင်မှ ကယ်တင်ခြင်းခံရပြီးသူများဖြစ်ကြောင်း သတိရခြင်းအားဖြင့် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ယုံကြည်ခြင်းအားဖြင့် မားမားမတ် မတ် လုံခြုံစိတ်ချစွာဖြင့် ရပ်တည်နိုင်ကြခြင်း ဖြစ်သည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ အလွန်ကောင်းမွန်သော ကယ်တင်ခြင်းသမ္မာတရားဖြစ်သည်။ မရေတွက်နိုင်သောကျမ်းစာ သင်ကျောင်းသို့သွား၍ လောက ဘွဲ့ဒီဂရီများစွာ ဆွတ်ခူးခြင်းအား ဖြင့် ကယ်တင်ခြင်းမရနိုင်ကြပေ။  ဤအရာသည် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ထိုကြောင့် အပြာရောင်၊ ခရမ်းရောင် နှင့်အနီရောင်ပိတ်ချောနှင့် အဖြူရောင်ပိတ်ချောချည်ထည်သမ္မာတ ရားကိုသိရှိခြင်းမရှိသော သီအိုလျော်ဂျီပညာရှင်များသည် မကြာခင် ပြိုလဲပျက်စီးသွားမည့် သဲပေါ်တွင် အိမ်ဆောက်သောသူများနှင့်တူပါ သည်။ စစ်မှန်သောယုံကြည်ခြင်း၏အခြေခံအုတ်မြစ်မှာ ကြီးမားမာ ကျောသောကျောက်ဆောင်ကြီးပေါ်တွင် အခြေချနေထိုင်ရမည်ဖြစ် သည်။ 
 

သီအိုလျော်ဂျီဟူသည်မှာ အဘယ်နည်း

အကျယ်တဝင့်ဖော်ပြရလျှင် သီအိုလျော်ဂျီကို အဓိကအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်သည်။ ၎င်းတို့မှာ theocentric သီအိုလျော်ဂျီနှင့် anthropocentric သီအိုလျော်ဂျီတို့ဖြစ်ကြသည်။ ဤနှစ်ခုစလုံး သို့ မဟုတ် တစ်ခုကို ကျမ်းစာသင်ကျောင်းများတွင် သင်ယူကြသည်။ Theocentrism ဟုဆိုရာတွင် နှုတ်ကပတ်တော်အပေါ် အတည့်အ လင်းအခြေပြုသောယုံကြည်ခြင်းဖြစ်သည်ဟု ရိုးရိုးလေးဆိုနိုင်သည်။ Anthropocentrism ဟုဆိုရာတွင် နှုတ်ကပတ်တော်ပေါ် လူများ၏ အတွေးအခေါ်များကိုထည့်သွင်းထားသောယုံကြည်ခြင်း ဖြစ်သည်။ Anthropocentric သီအိုလျော်ဂျီသမားများသည် ကျမ်းစာဖော်ပြ သောအကြောင်းအရာများကို စိတ်ဝင်စားခြင်းမရှိကြပေ။ သို့သော် သူတို့၏ကျမ်းစာရပ်တည်မှုအခြေအနေမှာ ကျမ်းစာအကြောင်းနှင့် ပတ်သက်၍ အခြားကျမ်းတတ်ပုဂ္ဂိုလ်များဖွင့်ဆိုသောအနက်ဖွင့်ဆို ချက်နှင့်အမြင်ကို လိုက်လျှောက်လက်ခံခြင်းမပြုဘဲ မိမိကိုယ်ကို လေ့လာသုံးသတ်ထားပါသည်။ ထိုကြောင့်၊ anthropocentric သီအို လျော်ဂျီသမားများသည် စစ်မှန်သောဓမ္မခံယူချက်စွဲကိုင်သူများဖြစ် သည်ဟု မဆိုနိုင်ပေ။ 
သာမန်အားဖြင့်၊ သီအိုလျော်ဂျီကိုလေ့လာသောသူများက မိမိ လေ့လာသောသီအိုလျော်ဂျိအမြင်များသည်သာလျှင်မှန်ကန်ကြောင်း ထောက်ခံတတ်ကြသည်။ ဥပမာအားဖြင့်၊ ဥပုသ်နေ့ကိုသာ အဓိက အရေးကြီးဆုံးထားသော စနေနေ့ဥပုသ်နေ့အသင်းတော်သို့တက် ရောက်လူများစွာရှိသည်။တစ်ဘက်တွင် The Presbyterian အသင်း တော်က ကာလ်ဗီးနီးယမ်းခံယူချက်ငါးချက်ကိုသာထောက်ခံသည်။ အခြားသာဓကတစ်ခုမှာ Arminianism ခံယူချက်ဖြစ်သည်။ သူတို့ ထောက်ခံချက်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကယ်တင် တော်မူခဲ့သော်လည်းလူများသည်မိမိဆန္ဒဖြင့် ဤအချက်ကိုယုံကြည် ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဖော်ပြရလျှင် Arminianism တို့ရပ် တည်သော သီအိုလျော်ဂျီအမြင်သည် ကျမ်းစာကို လူသားရှုထောင့်မှ ကြည့်၍အနက်ဖွင့်ဆိုခြင်း ဖြစ်သည်။ 
တစ်ဘက်တွင် ကာလ်ဗီးနီးယမ်းခံယူချက်ငါးခုတို့ကိုကြည့်လျှင် သူတို့၏ယုံကြည်ခံယူချက်သည် theocentric ဖြစ်သည်ကိုတွေ့ရ သည်။ အလွန်မှားယွင်းသောခံယူချက်ဖြစ်သည်။ အကြောင်းမှာ ကာလ်ဗီးနီးယမ်းတို့က ကြိတင်ရွေးကောက်ခြင်း၊ ခွဲခန့်မှတ်သားခြင်း သည်သမ္မာတရားဓမ္မခံယူချက်ဖြစ်သည်ဟု ဆိုကြသည်။ သူတို့က “သင်မမွေးမီ ဘုရားသခင်သည် လူအချို့ကို မိမိလူများဖြစ်ရန် ရွေး ကောက်တော်မူခဲ့သည်။ အခြားသူများသည် ရွေးကောက်ခြင်းမခံရ ကြပေ။ ရွေးကောက်ခြင်းသည် ဘုရားသခင်၏အချုပ်အခြာအာ ဏာတော်ြဖစ်သည်”ဟု ငြင်းဆိုထားပါသည်။ ဘုရားသခင်၏နှုတ်က ပတ်တော်က ဤသို့သောယုံကြည်ခြင်းမျိုးကို မထောက်ခံပေ။ 
ထိုကြောင့် ကျွန်ုပ်တို့သည် ဤorthodox ခရစ်ယာန်ဓမ္မတွေး ခေါ်မှုများကို ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်နှိုင်းယှဥ်သောအခါ  သူတို့၏ခံယူချက်သည် သမ္မာကျမ်းစာနှင့်မတူညီကြောင်းတွေ့ရပါ သည်။ အချို့သောခံယူချက်များမှာ သမ္မာတရားနှင့်အလွန်နီးကပ်မှုရှိ သည်။ သို့သော်ယနေ့ ဘာသာရေးအဖွဲ့အစည်းအများစုတွင်ရှိသော ခရစ် ယာန်ဓမ္မသီအော်လျော်ဂျီခံယူချက်များသည် ကျမ်းစာသမ္မာတ ရားများနှင့်မတူပေ။သူတို့၏ဓမ္မတွေးခေါ်မှုအချို့တို့မှာ ကျမ်းစာသမ္မာ တရားနှင့်ညီညွတ်သော်လည်း သူတို့၏အဓိကသွန်သင်မှုများမှာ ဘု ရားသခင်၏နှုတ်ကပတ်တော်နှင့်နီးစပ်မှုသာရှိ၍မှားယွင်းနေကြောင်း တွေ့ရသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဤကဲ့သို့သောမှားယွင်း သောဓမ္မခံယူချက်များကို မလေ့လာ၊ မကျင့်ဆောင်ကြခြင်းဖြစ် သည်။ 
 


ကျွန်ုပ်တို့၏အပြစ်လွှတ်ခြင်းသည် ဘုရားသခင်ထံတော်ပါး မှလာသောဆုကျေးဇူးဖြစ်သည်


ဘုရားသခင်၏နှုတ်ကပတ်တော်ကို အမှန်ယုံကြည်သူများအား ဘုရားသခင်သည် မိမိဆုကျေးဇူးကို ကယ်တင်ခြင်းအဖြစ်သူတို့အ ပေါ်ချပေးတော်မူခဲ့သည်။ 
တဲတော်ဝင်းခြံစည်းရိုးများမှာ သစ်သားတိုင် ၆၀ တိုင်ဖြင့်တည် ဆောက်ထားသည်။ ဤတိုင်များ၏ထိပ်တွင် ငွေပြားဖြင့်ဖုံးအုပ်ထား သည်။ အောက်ခြေတွင် ကြေးဝါခြေစွပ်များချထားသည်။ တိုင်တစ် တိုင်စီတိုင်ကို ငွေပတ်ကြိုးဖြင့် တစ်တိုင်ပြီးတစ်တိုင်ဆက်၍ချည် ထားသည်။ မြေကြီးသို့နစ်ဝင်သောကြေးဝါတံစို့များပေါ်တွင်ချည် ထားသည်။ သစ်သားတိုင်တစ်တိုင်နှင့်တစ်တိုင်တို့၏အကွာအဝေးမှာ  ၅ ကုဗ သို့မဟုတ် ၂.၂၅မီတာရှိ၍ ဤတိုင်များပေါ်တွင် အဖြူရောင် ပိတ်‌ချောချည်ထည်များချိတ်ဆွဲထားပါသည်။ 
တိုင်များကို ဤကြေးတံစို့များဖြင့် ခိုင်ခံ့စွာချည်ထား၍ ငွေပတ် ကြိုးများဖြင့် တစ်တိုင်နှင့်တစ်တိုင် ခိုင်ခံ့စွာ ဆက်နွယ်ထားသဖြင့်  ချိတ်ထားသောအဖြူရောင်ပိတ်ချောအထည်သည် မိမိနေရာမှမရွေ့ လျားနိုင်ကြပေ။ ခိုင်မြဲစွာစိုက်ထားသည့်သစ်သားများပေါ်တွင် အဖြူ ရောင်ပိတ်ချောများချိတ်ဆွဲထားသဖြင့် ချိတ်ထားချက်များအရွေ့ လျားဘဲ ခိုင်ခံ့စွာ ချိတ်ဆွဲသည်။ ၎င်းတို့သည် မိမိနေရာတွင် အတည် တကျတည်ရှိရန် ခိုင်ခံ့စွာချည်နှောင်ထားပါသည်။ 
အဖြူရောင်ပိတ်ချောချိတ်ဆွဲခြင်းသည် ဘုရားသခင်၏သန့်ရှင်း စင်ကြယ်ခြင်းနှင့်ဖြောင့်မတ်ခြင်းကိုရည်ညွှန်းသည်။ တစ်နည်းအား ဖြင့်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းက လူများအားယုံကြည်ခြင်းခိုင် ခံစေခဲ့၍နောက်တဖန် မလှုပ်ရှားတော့ပေ။ ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ယုံကြည်ခြင်းသည် မပြောင်းလဲမရွေ့လျော့သောဘုရားသ ခင်၏ကျေးဇူးတော်က ခိုင်ခံ့စေပါသည်။ ဘုရားသခင်သည် ဤပြည့် စုံသောကယ်တင်ခြင်းကို ဆုလဒ်အဖြစ်ကျွန်ုပ်တို့အားပေးအပ်တော်မူ ခဲ့သည်။ အလွန်ဝမ်းမြောက်စရာဖြစ်သည်။ ထိုကြောင့် သင်နှင့်ကျွန် တော်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိကြသည်။ 
တစ်ဘက်တွင် ယနေ့ ကမ္ဘာပေါ်တွင်ရှိသောခရစ်ယာန်များကို ကြည့်သော်သူတို့ကိုရယ်မော၊ လှောင်ပြောင်၊ ဝမ်းနည်းစရာဖြစ်သည် ကိုတွေ့ရသည်။ သူတို့သည် ဘုရားသခင်ကိုယုံကြည်ကြသည်ဟုဆို ကာနှုတ်ကပတ်တော်ကိုဟောပြောကြသော်လည်း စစ်မှန်သောခရစ် ယာန်ဘာသာ၌ အရေးကြီးဆုံးသောအခြေခံသဘောတရားများကို တောင်မှန်ကန်စွာမသိကြသောကြောင့် သူတို့ကြောင့် ကျွန်တော်အ လွန်ဝမ်းနည်း၍စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ 
မကြာသေးမီက၊ ကျွန်ုပ်တို့အခြေခံပညာအထက်တန်းကျောင်း သူ/သားအများစုသည် မိမိသင်ခန်းစာများနှင့်ပတ်သက်၍အခြေခံ သ‌ဘောတရားများ၌အားနည်းနေကြသဖြင့် များစွာတို့သည်စိုးရိမ်ပူ ပန်နေကြသည်။ တကယ်တန်းကျ‌တော့ အခြေခံသဘောတရားများ ကိုလျစ်လျူရှုသော ကျောင်းသူ/သားများသည် မိမိသင်ယူလေ့လာ သောသင်ခန်းစာ၌ အောင်မြင်မှုလုံးဝရရှိကြလိမ့်မည်မဟုတ်ပေ။ ထို ကြောင့်၊ ကောလိပ်ကျောင်းသူ/သားများသည် မိမိသင်ရိုးညွှန်းတမ်း ကိုလေ့လာ၍ မိမိသင်ခန်းစာအတွက် ကြိုတင်ပြင်ဆင်မည်ဆိုပါက တက္ကသို့ကျောင်းများသည်ကျောင်းသူ/သားများ လေ့လာရမည့်ပညာ မမိတ်ဆက်မီ သင်ယူရမည့်အခြေခံဘာသာများ၏အခြေခံသဘော တရားများကို ကောင်းမွန်စွာနားလည်သဘောပေါက်ကြကြောင်း သေချာစွာသိရမည် ဖြစ်သည်။ ကြိုးပမ်းမှုအားလုံးတို့သည် အချိန် တိုင်းအောင်မြင်မှုမဟုတ်ပေ။ 
ဤအကြောင်းအရာကို ကျွန်တော်ဟောပြောရခြင်းအကြောင်း မှာ လောကနိယာမမှာ အခြေခံသဘောတရားများကို ကောင်းမွန်စွာ မသိဘဲလျက် ဤလောကပညာကို သင်ယူခြင်းမရှိနိုင်သည်ကို ရှင်း ပြလိုသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်သောအခါ  ခိုင် မာသောအုတ်မြစ်မရှိလျှင် ယုံကြည်မှုမှားယွင်းနိုင်သည်။ စစ်မှန်သော ယုံကြည်ခြင်းဟူသည်မှာ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ် ချောနှင့်အဖြူရောင်ပိတ်ချောကိုယုံကြည်ခြင်းဖြစ်သည်။ ဤအခြေခံ ယုံကြည်ခြင်းမရှိပါက အခြားသောအရာအားလုံးသည် အချည်းနှီး သက်သက်ဖြစ်သည်။ အစောပိုင်းတွင် လူူများသည် ဝမ်းမြောက်၍ ဘုရားသခင်ထံသို့ ဆက်ကပ်နိုင်ပါသည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်သဖြင့် အပြစ်ကင်းစင်ကြောင်းပြောနိုင်သည်။ သို့သော်အ ချိန်အနည်းငယ်ကြာလာသောအခါ သူတို့သည် မိမိ‌ဖြောင့်မတ်ခြင်း၊ ပျော်ရွှင်ခြင်းများကို ရေခိုးရေငွေ့ပမာ လေထဲတွင် ကွယ်ပျောက်လွင့် ပယ်သွားပါသည်။ သူတို့အစွမ်းသတ္တိတို့ကိုလည်း သုတ်သင်ပယ်ရှင်း သွားပြီးဖြစ်ပါသည်။ သူတို့သည် မိမိနှလုံးသားထဲမှာကျန်ရစ်သောအ ပြစ်များကြောင့် ဘုရားသခင်အပေါ်မိမိယုံကြည်မှုများကို စွန့်လွတ် ကြပါသည်။ ဤအရာများအားလုံးဖြစ်ပျက်ရသည့်အကြောင်းရင်းမှာ သူတို့သည် ခရစ်ယာန်ယုံကြည်ခြင်း အခြေခံသဘောတရားများမသိ ခြင်းကြောင့် ဖြစ်သည်။ 
သင်တို့ကြားတွင် မစွမ်းဆောင်နိုင်သူရှိသလား။ ခြေထောက်နာ ကျင်သောသူများသည် လှေကားပေါ်သို့တက်ခြင်းသည် အခက်ခဲဆုံး ဖြစ်ပါသည်။ သူတို့သည် လှေကားပေါ်သို့တက်ရန်ကြိုးစားအားထုတ် သောအခါ လူတစ်ယောက်က သူတို့ကိုကူညီမစလျှင် သူတို့သည် ကျေးဇူးမတင်ဘဲနေမည်လော။ သို့သော် အချို့မှာ မစွမ်းဆောင်နိုင် သော်လည်း စိတ်ဆိုးမာန်ဆိုး၊ အမျက်ဒေါသဖြင့်နေတတ်ကြသည်။ “ငါတစ်ယောက်တည်းထားခဲ့လိုက်ပါ။ ငါတစ်ယောက်တည်းမနိုင် တော့ပါ”ဟုပြောတတ်ကြသည်။ ယေဘုယျအားဖြင့်၊ မစွမ်းဆောင်သူ များသည် မိမိကိုယ်ကို အလွန်အထင်ကြီး၍ ခေါင်းမာကြသည်။ကိုယ် ခန္ဓာအစိတ်အပိုင်းများချို့တဲ့မစွမ်းဆောင်နိုင်သောအခါ စိတ်သည် လည်းမစွမ်းဆောင်နိုင်ပေ။ ထိုကြောင့် သူတို့မိမိညံ့ဖျင်းမှု၊ ဆုံးရှုံးမှုနှင့် ပျက်စီးမှုခံစားရခြင်းအားဖြင့် စိတ်နှလုံးမာကျောနိုင်ကြသည်။ သူတို့ တွင် သူတစ်ပါး၏ကြင်နာမှုကိုမယူလိုသည့်စိတ်သဘောရှိသည်။ သို့ သော်သူတို့သည်မိမိစိတ်ထဲတွင်မစွမ်းဆောင်နိုင်သူများဖြစ်ကြသည်။
သူတို့သည် မိမိမစွမ်းနိုင်သောအားနည်းချက်များကြောင့် စိတ် ဓါတ်ကျဆင်းဖို့မလိုအပ်ပေ။ သူတို့သည် မိမိမစွမ်းဆောင်နိုင်မှုများ ကြောင့် စိတ်တင်းတိမ်မှုမရှိကြပေ။ သို့သော် သူတို့၏ရောင့်ရဲတင်း တိမ်မှုမရှိခြင်းမှာအပြစ်မဟုတ်ပေ။ သို့သော် သူတို့သည် မိမိကိုယ်ကို မိမိမစွမ်းဆောင်နိုင်မှုစိတ်ကြောင့် မိမိစိတ်ထဲတွင် ပုံပျက်အတွေးအ ခေါ်မျိုးများအားလုံးပေါ်ပေါက်နေလျှင်လည်းကောင်း၊ မရေတွက်နိုင် သောနိမ့်ကျသောရှုပ်ထွေးမှုသို့ ဤမကောင်းသောခံစားချက်များခွင့် ပြုနေလျှင်လည်းကောင်းသူတို့သည်မိမိနှလုံးသားများ၌မစွမ်းဆောင် နိုင်မှုကို အမှန်အကန်နေရာယူ‌တော့မည် ဖြစ်သည်။ အကယ်၍သင် သည် မစွမ်းဆောင်နိုင်သူဖြစ်ပါက သင်လုပ်ဆောင်ရမည့်အရာအား လုံးမှာ သင်ဖြစ်နေသည့်အရာကို မိမိကိုယ်ကိုအသိအမှတ်ပြု၍ အကူ အညီလိုအပ်သောအခါ အကူအညီတောင်းခံလျက် သင်တတ်နိုင်သ ရွေ့ မိမိကိုယ်ကို မားမားမတ်မတ်ရပ်တည်ပါ။ 
ကျွန်တော်မသိသောအရာ သို့မဟုတ်အကူအညီလိုအပ်သော အချိန်ရှိသောအခါတိုင်းမှာ သူတစ်ပါးထံသွား၍ အကူအညီတောင်းခံ ပါသည်။ ကျွန်တော့်အားနည်းချက်ကြောင့် သူတပါးထံသို့အကူအညီ တောင်းခံခြင်း ဖြစ်သည်။ 
ထိုအကြောင်းကိုသိသူတစ်ယောက်က ရှင်းပြ၍ကူညီသောအခါ ဤပုဂ္ဂိုလ်ကိုကျွန်တော်ကျေးဇူးတင်သည်။ ကျွန်ုပ်တို့သည် ကိုယ်ကာ ယဖြင့် အမှားကျူးလွန်နိုင်သော်လည်း ထိုအရာက ကျွန်ုပ်တို့နှလုံး သားများတွင် မစွမ်းဆောင်နိုင်ရန်၊ စိတ်ဓါတ်ကျဆင်းရန် လုပ်ဆောင် စရာအကြောင်းမရှိပေ။ ထိုကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာ အားလုံးမှာ ကျွန်ုပ်တို့အမှားကျူးလွန်ခြင်းများသိရှိခြင်း၊ ဤအမှား လွန်ကျူးမှုများပြန်လည်ကောင်းမွန်စေသောအပြာရောင်၊မီးခိုးရောင် နှင့်အနီရောင်ပိတ်ချောနှင့် အဖြူရောင်ပိတ်ချောကယ်တင်ခြင်းဖြစ် သော ရေနှင့်ဝိညာဥ်တော်သခင်ယေရှု၏သတင်းကောင်းကိုယုံကြည် ကာဤသတင်းကောင်းအားသက်သရောဟောပြောရမည် ဖြစ်သည်။  သခင်ယေရှု၏ဤသတင်းကောင်းအားဖြင့် ကျွန်ုပ်တို့ဂုဏ်ယူ၍ ကျေး ဇူးတော်ချီးမွမ်းနိုင်ကြခြင်း ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်ပေးအပ်တော်မူသောကယ်တင်ခြင်းဆုကျေးဇူးကိုကျွန်ုပ်တို့ရရှိ ကြသောကြောင့်ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာများအားလုံးမှာ  ဘု ရားသခင်ကိုကျေးဇူးတင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤကယ် ခြင်းခြင်းဆုကျေးဇူးအားလုံး၌အနားယူ နိုင်ပါသည်။ အချင်းချင်းချစ် နိုင်ပါသည်။ ညီညွတ်နိုင်ပါသည်။ 
ဤသို့ဖြစ်ခြင်းမှာ ယနေ့ခရစ်ယာန်များသည် ယုံကြည်ခြင်းခြေ ခံသဘောတရားများ၌အားနည်း၍ သူတို့၏ယုံကြည်ခြင်းသည် တိကျ သောဦးတည်ချက်မရှိယိမ်းယိုင်နေသောကြောင့် ဖြစ်သည်။ သခင် ယေရှုသည် အပြာရောင်၊ခရမ်းရောင်၊နှင့်အနီရောင်ပိတ်ချောနှင့်အဖြူ ရောင်ပိတ်ချောတို့ဖြင့် သင်နှင့်ကျွန်တော်တို့ကိုကယ်တင်တော်မူခဲ့ သည်။ ဤအရာကိုသိရှိယုံကြည်ခြင်းသာလျှင် ကျွန်ုပ်တို့သည် ကယ် တင်ခြင်းဆုကျေးဇူးကိုရရှိ၌ ကျန်းမာပကတိဖြစ်သည်။ ပထမပိုင်း တွင်ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့သွားရမည့်သူများဖြစ်ကြပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပြည့်စုံသောကယ်တင် ခြင်းဆုကျေးဇူးကိုချပေးတော်မူ၍မိမိသားသမီးဖြစ်စေခဲ့သည်။ကျွန်ုပ် တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဆုကျေးဇူရရှိခဲ့ပြီဖြစ် သောကြောင့်  ဘုရားသခင်၏လူများအဖြစ်အသက်ရှင်နေပါက ဤ ယုံကြည်ခြင်းဘောင်အတွင်းတွင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် နှင့်အောင်မြင်စွာ အသက်ရှင်နိုင်ကြသည်။
ကျွန်တော်ဒုတိယမွေးဖွားခံခဲ့ပြီးနောက် ကျွန်ုပ်စိတ်ထဲမှာအရင် ကမကြုံခဲ့ဘူးသော အမှုသစ်နှစ်ခုပြောင်းလဲမှုရှိခဲ့သည်။ အရင်က ကျွန်တော်ဟန်ဆောင်၍ သူတစ်ပါးကို ချစ်ခဲ့သည်။ သူတို့ကို အခြေ အနေမဲ့ ချစ်ဟန်ပြသည်။ သို့သော် ကျွန်ုပ်စိတ်ထဲမှာ သူတို့ကိုမုန်းတီး ခဲ့သည်။ သို့သော် ယခု ကျွန်တော် သူတစ်ပါးကို စိတ်နှလုံးအကြွင်းမဲ့ အမှန်ချစ်တတ်လာပါသည်။ ဘုရားသခင်သည် မိမိပြည့်စုံသောကယ် တင်ခြင်း ဆုကျေးဇူးပေးအပ်တော်မူခဲ့သောကြောင့်လည်းကောင်း၊ ဤသတင်းကောင်းသည်အလွန်တန်ဖိုးရှိသောကြောင့်လည်းကောင်း၊ ထိုအရာကိုယုံကြည်သူအားလုံးသည် ကျွန်တော့်မျက်စိမှာ မြင့်မြတ် ၍ချစ်စရာကောင်းသည်။ ကျွန်တော်မကြိုးစားသော်လည်း သူတို့ကို အမှန်အကန်ချစ်နိုင်သည်။ 
ဒုတိယပြောင်းလဲမှုမှာ အတိတ်ကနှင့်မတူပေ။ ကျွန်တော်သည် သူတစ်ပါး၏ခံစားချက်များကို နားစွင့်နိုင်ခဲ့သည်။ အတိတ်တွင် သူ တစ်ပါးကို ခွင့်မလွှတ်တတ်ပေ။ ကျွန်တော့်အပေါ်အမှားတစ်ခုခုပြုမိ ခဲ့လျှင် ထိုသူကိုချက်ချင်းပေါက်ကွဲကာ ကြမ်းတမ်းစွာြငင်းဆိုခဲ့သည်။  သို့သော်ယခုတွင် လူတိုင်း၏အားနည်းချက်ကို ကျွန်တော်ကြည့်ရန်၊ သူတို့နှင့်ဆက်ဆံသောအခါ ပို၍သတိချပ်ရန်၊ သူတို့အကွယ်အကာ လိုအပ်က ကာကွယ်ပေးရန်နှင့် သူတို့ကိုဆုံးမသွန်သင်စရာလိုအပ်ပါ က ဆုံးမရန်အတွက် သင့်တော်သောအရာအားလုံးဖြင့်ပြန်လည်တုန့် ပြန်တတ်ရန် နားလည်သဘောပေါက်ခဲ့သည်။ အားနည်းချက်ရှိသူ များနှင့်အပြစ်ကျူးလွန်သူများသည် မိမိနှလုံးသားများကို ခက်ထန် စေနိုင်ပါသည်။ ထိုကြောင့် ကျွန်တော်သည် သူတို့ကိုတိတ်ဆိတ်စွာ ဖြင့် ကူညီရန်ကြိုးပမ်းသောအခါ သူတို့၏အားနည်းချက်ကို ပို၍သတိ ချပ်ရမည်ဖြစ်သည်။ သူတို့သည် အကူအညီပေးရန် အလွန်လိုအပ်ကြ သည်ဟု ကျွန်တော်သိသော်လည်း သူတို့ကို မကူညီသင့်သောအချိန် များစွာရှိသည်။ လူများသည် အားနည်းသောသူများဖြစ်ကြသော ကြောင့် ဤအရာများကို ကျွန်တော်သတိထားရမည် ဖြစ်သည်။ သို့ သော် ကျွန်တော်သည် ယုံကြည်ခြင်း၌ အချိန်တိုင်း စိတ်အားထက် သန်၍ရဲရင့်ခြင်းရှိသေးသည်။
သူတပါးသည်အားနည်းကြသောကြောင့် သူတစ်ပါးကို အချိန် တိုင်းဆဲဆိုခြင်းမပြုသင့်ပေ။ သို့သော် သူတို့ကို ရိုးရိုးလေးခွင့်လွှတ် မည့်အစား အတည့်အလင်းဆုံးမရန် လိုအပ်သောအချိန်များလည်းရှိ ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သူတို့၏လိုအပ်မှုများကို ပို၍သ တိထားရမည် ဖြစ်သည်။ သို့သော်ယုံကြည်ခြင်းကိုကြည့်ရမည်။သူတို့ ကျွန်ုပ်တို့အချစ်သည် သေချာရမည်။ ပြည့်စုံရမည်။ မှန်ကန်ရမည်။ ခိုင်ခံ့ရမည် ဖြစ်သည်။ ဇာတိရှုထောင့်ဖြင့် မိမိပတ်ဝန်းကျင်အခြေအ နေကိုကျွန်ုပ်တို့ကြည့်လျှင် မြင်တွေ့သမျှအရာအားလုံးသည် ပူဆွေး မှုများပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပထမနေရာတွင် အားနည်း၍ မ ပြည့်စုံကြသောကြောင့် ကျွန်ုပ်တို့ဇာတိအရာများကိုသာတွေး၍စိတ် ပူပန်နေပါက နေ့စဥ်နေ့တိုင်း စိတ်ပူပန်ခြင်းနှင့်လောကအရာများ အားဖြင့်သာအချိန်ကုန်ဆုံးသွားမည် ဖြစ်သည်။ သို့သော် ဘုရားသ ခင်ပေးအပ်တော်မူသော ပြည့်စုံသည်ယုံကြည်ခြင်းဖြင့်ကျွန်ုပ်တို့ရပ် တည်သောအခါ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများနှင့်လောကအရာများ အားလုံးသည် ပျောက်ကွယ်သွားသည်။ သခင်ယေရှုသည် မပြည့်စုံ၊ အပြစ်အနာအဆာရှိသောသူများကို အပြာရောင်၊ ခရမ်း‌ရောင်၊နှင့်အ နီရောင်နှင့်အဖြူရောင်ပိတ်ချောတို့ဖြင့်ကယ်တင်တော်မူခဲ့သည်။သူ သည် ကျွန်ုပ်တို့အား အသုံးတော်ခံသောတန်ဆာပလာဖြစ်စေတော် မူခဲ့သည်။ ဤအရာသည် ယုံကြည်ခြင်းအတွက်ခွန်အားဖြစ်သည်။ ဤအရာကလွဲ၍ ခွန်အားဖြစ်စေသောအရာတစ်ခုမှမရှိပေ။ 
ကျွန်ုပ်တို့နှလုံးသားများ၏ခွန်အားသည် ကျွန်ုပ်တို့နှလုံးသား များ၌ ဘုရားသခင်ပေးအပ်တော်မူသော ပြည့်စုံသည်ကယ်တင်ခြင်း ဆုကျေးဇူးမှလာသည်။ ဇာတိပကတိမှလာသောခွန်အားမှာ မတည် မြဲဘဲ ခေတ္တပျောက်ကွယ်သွားပါသည်။ သို့သော် ဇာတိကတိအားဖြင့် အားပေးနှစ်သိမ့်ခြင်းမပြုရမည်ကိုမဆိုလိုပေ။ ကျွန်ုပ်တို့သည် မိမိညီ အစ်ကိုမောင်နှမများကို ဇာတိအားဖြင့် ခွန်အားပေးတိုက်တွန်းပေးရ မည်ဖြစ်သ်ည။ 
ကျွန်ုပ်တို့သည် အားနည်းသောသူများဖြစ်သောကြောင့် သခင် ယေရှုခရစ်တော်သည် ဤလောကသို့ကြွဆင်းတော်မူ၍ ကျွန်ုပ်တို့ အားလုံးဝကယ်တင်တော်မူခဲ့သည်။ လာဇရုသေ၍ ၎င်းကညီမများ ဖြစ်သော မာရိနှင့်မာသနှင့်အိမ်နီးချင်းများငိုကြွေးခြင်းနှင့်သခင်ယေ ရှုငိုကြွေးတော်မူခြင်းတို့ကို ကျမ်းစာကဖော်ပြထားသည်။ တစ်နည်း အားဖြင့်၊ သခင်ယေရှုသည် သူတို့အပြစ်များကြောင့် စိတ်ပျက်လက် ပျက်သေရမည်လူများကို မြင်တွေ့တော်မူသောကြောင့် သူတို့အ ပေါ် ဂရုဏာတက်ရောက်တော်မူခဲ့သည်။ ခမည်းတော်၏အလိုတော်အ တိုင်း သခင်ယေရှုသည် ကြွလာတော်မူသည်။ ကိုယ်တော်က “ငါ သည်ရှင်ပြန်ထမြောက်ခြင်းနှင့်အသက်ရှင်ခြင်းအကြောင်းဖြစ်၏” (ယောဟန် ၁၁း၂၅) ဟုမိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့ အပြစ်ကြောင့်သေရမည်သူများကို ကယ်တင်တော်မူခဲ့သည်။ ကိုယ် တော်သည် ကျွန်ုပ်တို့၏စိတ်နှင့်ကိုယ်ခန္ဓာကို အားပေးနှစ်သိမ့်ပေး တော်မူခဲ့သည်။ 
သင်နှင့်ကျွန်တော်တို့သည် ဝိညာဥ်နှင့်ကိုယ်ခန္ဓာနှစ်ပါးစလုံးရှိ ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအားဖြင့် ခက်ခဲကြမ်းတမ်းသော အချိန်များဖြင့်ရင်ဆိုင်နေရသောအခါ ကိုယ်ခန္ဓာနှင့်ဝိညာဥ်ရေးရာ အားဖြင့် အားပေးနှစ်သိမ့်မှု လိုအပ်သည်။ ကျွန်ုပ်တို့မှာ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်နှင့်အဖြူရောင်ပိတ်ချောတို့ကိုလိုအပ်သည်။ ဤသို့ဖြင့်၊ ဘုရားသခင်ပေးအပ်တော်မူသောကယ်တင်ခြင်းကျေးဇူး ယုံကြည်ခြင်း၌ဝမ်းမြောက်မှုကိုသိရှိခြင်း၊ ကယ်တင်ခြင်းဆုကျေးဇူး စောင့်ရှောက်ခြင်း၊ ဤဆုကျေးဇူးလက်ခံရရှိသောသူများဖြစ်ကြ သည်ကို တဖန်မိမိကိုယ် သိစေခြင်းအားဖြင့် ခရစ်တော်၌ကျွန်ုပ်တို့ နှလုံးသားများ ဝမ်းမြောက်နိုင်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနိုင်ကြခြင်းဖြစ်သည်။  
တဲတော်တိုင်များကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံး၏ အထဲမှာ ယုံကြည်ခြင်းကို ခိုင်ခံ့စွာ စိုက်ပျိုးတော်မူခဲ့သည်။ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ရန် မိန့်တော်မူခဲ့သ်ည။ ကျွန်ုပ်တို့သည် နေ့ တိုင်း ကိုယ်ခန္ဓာအားဖြင့် အပြစ်ကျူးလွန်ကြသော်လည်း ကျွန်ုပ်တို့နှ လုံးသားများထဲမှာ ဘုရားသခင်၏ကယ်တင်ခြင်းကို နက်ရှိုင်းစွာတန် ဖိုးထားနိုင်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်တရား၏တရားစီရင်ခြင်း ခံထိုက်သူများဖြစ်သည်ကိုနားလည်ရမည်။ယခုတွင် သင်သည်လည်း တဲတော်ဝင်းခြံစည်းရိုး၌ထင်ရှားသောကယ်တင်ခြင်းသမ္မာတရားကို နားလည်သဘောပေါက်နိုင်သည်။ 
ယခုတွင်သင်သည်လည်း အရှေ့ဘက်ခြမ်းတွင်တည်ထား သောတဲတော်ဝင်းတံခါးကို ဖွင့်၍ဝင်ရောက်နိုင်သည်။ သင်သည် တဲ တော်ဝင်းတံခါးကိုဖွင့်၍ဝင်ရောက်သောအခါ သင်ပထမဦးဆုံးဖြတ် ကျော်ရမည့်အရာတစ်စုံတစ်ခုရှိသည်။ အဘယ်အရာဖြစ်သနည်း။ အ ခြားသောအရာမဟုတ်ဘဲ မီးရှို့ရာယဇ်ပလ္လင်ပင် ဖြစ်သည်။ 
သင်သည် ယုံကြည်ခြင်းအားဖြင့် မီးရှို့ရာယဇ်ပလ္လင်ကိုဖြတ် ကျော်သောအခါ ကြေးဝါအင်တုံရှိလိမ့်မည်။ ဤအင်တုံကိုဖြတ် ကျော်သောအခါ နောက်ဆုံးတွင် တဲတော်ဖြစ်သော ဘုရားသခင်၏ အိမ်တော်သို့ဝင် ရောက်ပါလိမ့်မည်။ဤရာကိုယုံကြည်ခြင်းအားဖြင့် ကြည့်သောအခါ ဤအရာများအားလုံးသည် လွယ်ကူစွာ ပြည့်စုံခဲ့ သည်။ တဲတော်နှုတ်ကပတ်တော်သည် အစပိုင်းတွင် အလွန်ခက်ခဲ့ ဟန်တူသော်လည်း သင်နှင့်ကျွန်တော်အတွက် နားလည်သဘော ပေါက်ရန် အလွန်လွယ်ကူပါ သည်။ယုံကြည်ခြင်းအခြေခံအုတ်မြစ် သည်အလွန်ခိုင်ခံ့သည်။ ကျွန်ုပ်တို့ပိုင်ဆိုင်ခဲ့သောယုံကြည်ခြင်း၏အ ခြေခံသဘောတရားကို မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ကယ်တင် ခြင်းသည် အလွန်တန်ဖိုးကြီးသောကြောင့် တဲတော်တည်ဆောက် ခြင်းအားဖြင့် ဘုရားသခင်သည် ထိုအရာကို လူတိုင်းနားလည်သ ဘောပေါက်နိုင်ရန် ပြုတော်မူခဲ့သည်။သို့သော် လူများသည် မိမိကိုယ် တိုင်တွေးခေါ်မှုဖြင့် တဲတော်နှုတ်ကပတ်တော်များမှားယွင်းစွာဘာ သာမပြန်ဆိုရန်အတွက် ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများ သည် ထိုအကြောင်းကို မမြင်တွေ့နိုင်ရန် ဘုရားသခင်ဖုံးအုပ်တော်မူ ခဲ့သည်။ ထိုကြောင့် သီအိုလျော်ဂျီကျမ်းတတ်ပုဂ္ဂိုလ်များအနေဖြင့်၊ အကယ်၍သူတို့သည် ယုံကြည်ခြင်းအခြေခံသဘောတရားကိုမှန် ကန်စွာနားမလည်ခဲ့ပါက အပြာရောင်၊ ခရမ်းရောင်၊အနီရောင်နှင့်အ ဖြူရောင်ပိတ်ချောများ တဲတော်ဝင်းတံခါး၏ဝိညာဥ်ရေးရာအနက် အဓိပ္ပါယ်ကို ဘုရားသခင်သည် လှည့်ဖြားသူများမှဤသမ္မာတရားကို ဖုံးအုပ်တော်မူသောကြောင့် သူတို့သည် ဤအကြောင်းကို ဟောပြော ကြလိမ့်မည်မဟုတ်ပေ။ 
အပြာရောင်ပိတ်ချောမှာ ဗတ္တိဇံယောဟန်မှသခင်ယေရှုခံယူ တော်မူသော ဗတ္တိဇံကို ရည်ညွှန်းသည်။ ကိုယ်တော်သည် လက်တင် ခြင်းခံယူ၍ဗတ္တိဇံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သည်။ အနီရောင်ပိတ်ချော်မှာ ကျွန်ုပ်တို့အပြစ် များအားလုံးအတွက် ကားတိုင်ပေါ်တွင် သခင်ယေရှုခရစ်တော်အ သေခံတော်မူ၍အသွေးတော်သွန်းလောင်းခြင်း၊ ယဇ်ပူဇော်ခြင်းကို ရည်ညွှန်းထားသည်။ ခရမ်းရောင်ပိတ်ချောသည် သခင်ယေရှုသည် ဘုရားဖြစ်တော်မူခြင်းကို ထင်ရှားစေသည်။ အဖြူရောင်ပိတ်ချောမှာ လူသားအားလုံးအပေါ်ဘုရားသခင်ကတိပြုတော်မူသော ကယ်တင် ခြင်းနှုတ်ကပတ်တော် ဖြစ်သည်။ ရေနှင့်ဝိညာဥ်တော်အားဖြင့်ဒုတိယ မွေးဖွားခြင်းမခံရသေးသောသူများသည် တဲတော်တံခါး၌ ဘုရားသ ခင်ဖွင့်ပြတော်မူသော သမ္မာတရားကို တိကျစွာ လုံးဝမပြောနိုင်ပေ။ 
ဘုရားသခင်သည် လူသားအစကတည်း-အာဒံနှင့်ဧဝနှင့်မိမိအ စေခံများအားလုံးထံ “သင်တို့ကိုကယ်တင်ရန် ရေ၊အသွေးနှင့်ဝိညာဥ် အားဖြင့်သင်တို့ဆီသို့ငါလာ၍ အမှန်အကန်ကယ်တင်တော်မူလိမ့် မည်” ဟု ကတိပြုတော်မူခဲ့သည်။ ဤနှုတ်ကပတ်တော်အရ၊ သခင် ယေရှုခရစ်တော်သည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံခံကာ အသွေးတော်သွန်းလောင်းကာအသေခံတော်မူခဲ့သည်။ သေခြင်းမှ ပြန်လည်ထမြောက်တော်မူ၍ ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့ သည်။ အဖြူရောင်ပိတ်ချော်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်က တိတော်ြဖစ်သည်။ နှုတ်ကပတ်တော်၏ပြည့်စုံခြင်း ဖြစ်သည်။ အပြာ ရောင်၊ ခရမ်းရောင်နှင့်အနီနောက်ပိတ်ချောတို့သည် သခင်ယေရှုခ ရစ်တော်၏ဗတ္တိဇံခံယူတော်မူခြင်း၊ သူသည် ဘုရားဖြစ်တော်မူခြင်း၊ လောကအပြစ်များကိုသယ်ဆောင်ခြင်းနှင့် ကားတိုင်ပေါ်တွင်အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များအားလုံးအ တွက် တရားစီရင်ခြင်းပြစ်ဒဏ်ခံယူတော်မူခြင်းကို ဖော်ပြသည်။ ကိုယ်တော်သည် သေခြင်းမှပြန်လည်ထမြောက်တော်မူခြင်းအားဖြင့် သခင်ယေရှုခရစ်တော်ကကယ်တင်တော်မူခဲ့ကြောင်း ၎င်းတို့ကဖော် ပြသည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောမှာ အခြား ယူဆချက်များ၊ထင်ရာမြင်ရာများထည့်သွင်းခြင်းမလိုအပ်သော ထာ ဝရကယ်တင်ခြင်းသမ္မာတရားကို ဖြစ်သည်။ 
ဘုရားသခင်သည် သင်နှင့်ကျွန်တော်တို့အပေါ်ကယ်တင်ခြင်း ဆုကျေးဇူးကိုချပေးတော်မူခဲ့သည်။ တိုင်များ၏ထိပ်ဖျားများကို ငွေ ဦးထုတ်ခြင်းမွမ်းမံထားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော် မှကယ်တင်ခြင်းဆုကျေးဇူကိုလက်ခံရရှိသောသူများဖြစ်ကြသည် ကို အစဥ်အမြဲသတိရရမည် ဖြစ်သည်။ အကြောင်းမှာ ဤဆုကျေးဇူးကို ရရှိခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများ၊ အပြစ်ကင်းစင် သောသူများ၊ ဘုရားသခင်၏လူများဖြစ်ကြသည်။ ဘုရားသခင်ဆု ကျေးဇူးကလွှဲ၍ ကျွန်ုပ်တို့မှာ ဝါကြွားနိုင်သောအရာတစ်စုံတစ်ခုမျှမ ရှိတော့ပေ။ ကျွန်ုပ်တို့မှဝါကြွားစရာတစ်ခုတည်းရှိသည်။ ၎င်းမှာ ကျွန်ုပ်တို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရာင်နှင့်အဖြူရောင် ပိတ်ချောယုံကြည်သောဘုရားသခင်၏သားသမီးများဖြစ်လာကြခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းသားဖြင့်သာလျှင် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင် တော်မူခဲ့သောကြောင့် ဤသို့ဖြစ်နိုင်ခြင်း ဖြစ်သည်။ ထိုကြောင့်၊ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ရမည်။ ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏လူများဖြစ်နိုင်ရန် ဘုရား သခင်သည် ကယ်တင်ခြင်းဆုကျေးဇူးကိုပေးအပ်တော်မူခဲ့သော ကြောင့် ကျွန်ုပ်တို့သည်အပြစ်လွှတ်ခြင်းအခွင့်ရရှိသည်ဟု ယုံကြည် ရမည် ဖြစ်သည်။ ယနေ့နှင့်နောင်ကာလတွင် ကျွန်ုပ်တို့သည် ဤယုံ ကြည်ခြင်းအားဖြင့် အမြဲတမ်းအသက်ရှင်ရမည် ဖြစ်သည်။ 
ယခုချိန်သည် တဲတော်အကြောင်းကိုနှင့်ပတ်သက်သောဤ နှုတ်ကပတ်တော်အကြောင်းကို ဟောပြောရန် အသင့်လျော်ဆုံးအ ချိန်ဖြစ်ပါသည်။ ဘာမျှအဓိပ္ပါယ်မရှိသော pre-tribulation rapture ဘေးဒဏ်ကြီးကာလမတိုင်မီခံယူချက်အားဖြင့် လူများစွာတို့သည် စိတ်တွေဝေ၍ အချိန်ကုန်ဆုံးစေခဲ့ကြသည်။ သို့သော် ဘုရားသခင် သည် ဤအချိန်တွင် ဗျာဒိတ်ကျမ်းနှုတ်ကပတ်တော်ကိုဟောပြော ရန် သင့်လျော်သောအချိန်ပေးအပ်တော်မူခဲ့သည်။ ဤအရာအားဖြင့် မှားယွင်းသောယုံကြည်ခြင်းစွဲကိုင်သောသူများသည် စစ်မှန်သောယုံ ကြည်ခြင်းသို့ ပြန်လှည့်နိုင်ပါသည်။ ထိုနည်းတူ ယခုခေတ်ကာလ တွင် ကျွန်ုပ်တို့သည်အပြာရောင်၊ ခရမ်းရောင်နှင့်အနီ‌ရောင်ပိတ်ချော နှင့်အဖြူရောင်ပိတ်ချောယုံကြည်ခြင်းကိုဟောပြောရမည့်အချိန်ဖြစ် ပါသည်။ 
ကျွန်ုပ်တို့သည်ဘုရားသခင်ထံတော်မှကယ်တင်ခြင်းဆုကျေးဇူ ကိုလက်ခံရရှိခဲ့ကြသောကြောင့် ဤကယ်တင်ခြင်းဆုကျေးဇူးဝေငှ ဟောပြောသက်သေခံဖြန်ဝေခြင်းသည် ပျော်ရွှင်စရာအကောင်းဆုံး ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ 
ဘုရားသခင်၏ဂုဏ်တော်ကို ကျွန်တော်ချီးမွမ်းသည်။