Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-24] မီးရှို့ရာယဇ်ပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၍ ကြေးဝါဖြင့်မွမ်းမံသည် (ထွက် ၃၈း၁-၇)

မီးရှို့ရာယဇ်ပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၍ ကြေးဝါဖြင့်မွမ်းမံသည်
(ထွက် ၃၈း၁-၇)
“တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်း လေးထောင့်ဖြစ်သောမီးရှို့ရာယဇ်ပလ္လင်ကိုအကာရှသားနှင့်လုပ်လေ ၏။ အမြင့်လည်းသုံးတောင်ရှိ၏။ ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကိုအကာရှသားနှင့်လုပ်၍ကြေးဝါနှင့်မွမ်းမံလေ၏။ အိုးနှင့်တကွတူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိ သောယဇ်ပလ္လင်နှင့်ဆိုင်သော၏တန်ဆာရှိသမျှတို့ကိုကြေးဝါနှင့်လုပ်လေ၏။ကြေးဝါဆန်ခါကိုလုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ် ၌ထား၍၊ထမ်းဘိုးထားရာ ဆန်ခါလေးထောင့်၌ တပ်ရသောကြေးဝါ လေးကွင်းကို သွန်းလေ၏။အကာရှသားထမ်းဘိုးတို့ကိုလုပ်၍ ကြေး ဝါနှင့် မွမ်းမံပြီးမှ၊ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်း များ၌လျှိုထားလေ၏။ထိုယဇ်ပလ္လင်ကိုအပေါ်အောက်ဟင်းလင်းဖြစ် စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။”
 


အပြစ်သားအားလုံးသည် မီးရှို့ရာယဇ်ပလ္လင်သို့ ယဇ်ကောင်ယူဆောင်ရမည်


ဣသရေလလူမျိုးများအကြားအပြစ်သားများသည် မိမိအပြစ် များကိုလွှဲပြောင်းရမည် ဖြစ်ည်။ သူတို့သည် တဲတော်သို့ယဇ်ကောင် ယူလာ၍ ၎င်း၏ဦးခေါင်းပေါ်သို့လက်တင်ခြင်းအားဖြင့် မိမိအပြစ်များ ကို လွှဲပြောင်းပေးရမည်။ အသွေးကိုယူပြီးနောက် ယဇ်ပရောဟိတ် ထံသို့ပေးအပ်ရမည် ဖြစ်သည်။ ယဇ်ပရောဟိတ်သည် မိမိတာဝန်အ ရ ယဇ်ကောင်၏အသွေးကို မီးရှို့ရာယဇ်ပလ္လင်ဦးချိုပေါ်တွင်ထည့်ခဲ့ သည်။ အဆီနှင့်အသားများကိုယဇ်ပလ္လင်ပေါ်တွင်ချထားခဲ့သည်။ ထို နောက်မီးရှို့၍ ဘုရားသခင်အတွက် ချိုသာသောမွှေးကြိုင်ရနံ့ဖြစ်လာ သည်။ ယဇ်ပရောဟိတ်ကြီးသည် ယဇ်ကောင်ပေါ်တွင် မိမိလက်များ ကိုတင်၍ အပြစ်ဖြေလွှတ်ခြင်းရရှိရန်အတွက် မီးရှို့ရာယဇ်ပလ္လင်ရှေ့ တွင် တိရစ္ဆာန်အပေါ်သို့ အပြစ်များလွှဲပြောင်းပေးခဲ့သည်။ ဤအရာ သည် မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် အပြစ်ဖြေလွှတ်ခြင်းယဇ်ပူဇော်ခြင်း ဖြစ်သည်။ မီးရှို့ရာယဇ်ကိုအကာရှသစ်သားဖြင့်ပြုလုပ်၍ ကြေးဝါဖြင့် မွှမ်းမံထားသည်။ အပြစ်ဖြေလွှတ်ခြင်းယဇ်ကို လက်တင်ခြင်းနှင့်အ သွေးသွန်းလောင်းခြင်းအားဖြင့် ပူဇော်ပသခဲ့ပါသည်။ 
ကမ္ဘာမတည်မရှိမီအချိန်ကတည်းက ဘုရားသခင်သည် လူသား အားလုံးအတွက်လက်တင်ခြင်းနှင့်အသွေးသွန်းလောင်းခြင်းအားဖြင့် မိမိအပြစ်များအားလုံးမှလွှတ်မြောက်ရန် ကယ်တင်ခြင်းနည်းလမ်း ကို စီမံတော်မူခဲ့ပြီး ဖြစ်ပါသည်။ 
ခမည်းတော်ဘုရားသခင်သည် ကယ်တင်ခြင်းအမှုကိုစီစဥ်တော် မူခဲ့ပြီးနောက် မိမိတစ်ပါးတည်းသောသားတော်ကို ဤလောသို့စေ လွှတ်တော်မူခဲ့သည်။  ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းစေတော်မူခဲ့သည်။  ထို ကြောင့်သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံတော်မူခြင်းအားဖြင့် လူ သားအား လုံးတို့၏အပြစ်များအားလုံးကို လက်ခံတော်မူခဲ့သည်။ ဤ အရာသည် ဓမ္မဟောင်းကျမ်းတွင်ရှိသောလက်တင်ခြင်းများနှင့်အတူ တူပင်ဖြစ်သည်။လောကအပြစ်များအားလုံးအတွက် တရားစီရင်ခြင်း အားလုံးကို သခင်ယေရှုသည် မိမိပခုံးပေါ်တွင် တင်ထမ်းတော်မူ၍ ကျွန်ုပ်တို့ကိုယ်စားကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း တော်မူခဲ့သည်။ 
‌ကြေးဝါဖြင့်မွမ်းမံသောမီးရှို့ရာယဇ်ပလ္လင်က ဘုရားသခင်သည် လူသားများ၏နှလုံးသားကျောက်ပြားပေါ်တွင် ရေးထားသောအပြစ် အားလုံးအတွက် မလွဲမသွေတရားစီရင်တော်မူလိမ့်မည်ကို သွန်သင် ထားပါသည်။ ထိုကြောင့် အပြစ်သားအားလုံးသည် မိမိအပြစ်များကို ယဇ်ကောင်း၏ဦးခေါင်းပေါ်တွင် လက်တင်ခြင်းအားဖြင့် လွှဲပြောင်း ပေးရသည်။လည်ပင်းကိုဖြတ်၍ အသွေးကိုယူကာ မီးရှို့ရာယဇ်ပလ္လင် ဦးချိုများပေါ်တွင် တိရစ္ဆာန်၏အသွေးကို ယဇ်ပရောဟိတ်က သွန်း လောင်းခဲ့သည်။ ဤသို့ဖြင့် ကြေးဝါဖြင့်မွမ်းမံသောမီးရှို့ရာယဇ်ပလ္လင် က သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးထမ်းဆောင်တော် မူခဲ့ကြောင်းနှင့် ကျွန်ုပ်တို့ကိုယ်စားအပြစ်များအားလုံးအတွက်ကား တိုင်ပေါ်တွင် အသေခံတော်မူခဲ့ကြောင်း ကျွန်ုပ်တို့အားလုံးကို ဖွင့်ပြ ခဲ့ပါသည်။ 
 
 

မီးရှို့ရာယဇ်ပလ္လင်၏အရေးပါမှု


ဘုရားသခင်ထံ‌တော်သို့ တိရစ္ဆာန်ဖြင့်ယဇ်ပူဇော်သောအချိန် တိုင်းတွင် အသားများကို အပိုင်းပိုင်းဖြတ်၍ မီးဖြင့်လောင်ကျွမ်းစေ ရန်အတွက် မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ချထား၍ လောင်ကျွမ်းစေ၍  ဘုရားသခင်အတွက် မွှေးကြိုင်သောရနံ့ဖြစ်လာခဲ့သည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူတော်မူ၍ ကျွန်ုပ်တို့အပြစ်များ အားလုံးအတွက် ကျွန်ုပ်တို့ကိုယ်စား အသေခံတော်မူခဲ့သည်။ ခမည်း တော်ဘုရားသခင်သည် အပြစ်သားများအားလုံးအတွက် ထာဝရယဇ် ပူဇော်ခြင်းဖြစ်သော သခင်ယေရှု၏အပြစ်အနာအဆာကင်းမဲ့သော ယဇ်ပူဇော်ခြင်းကို မြတ်နိုးလက်ခံတော်မူခဲ့သည်။ 
မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ပူဇော်သောယဇ်ပူဇော်ခြင်းက ဘု ရားသခင်သည်အပြစ်သားအားလုံး၏အပြစ်များအားလုံးမှ သူတို့အား လုံးကိုကယ်တင်တော်မူခဲ့သည်ဟုပြသသည်။ ထို့ပြင် ဘုရားသခင် သည် အပြစ်အားလုံးမှမည်သို့ကယ်တင်တော်မူခဲ့ကြောင်းကိုလည်း ပြသသည်။ အခြားတစ်ဘက်တွင် မီးရှို့ရာယဇ်ပလ္လင်က အပြစ်များ နှင့်တရားစီရင်ခြင်းအားလုံးမှ လူသားမျိုးနွယ်စု၏ကယ်တင်ခြင်းကို ထင်ရှားစေပါသည်။ အပြစ်သားအားလုံးသည် ကန့်နှင့်မီးဖြင့်ရော သောအပ္ပါယ်ငရဲမီးအိုင်သို့ပစ်ချခြင်းခံရမည်ဖြစ်ကြောင်း ထင်ရှားစေ သည်။အပြစ်သားအားလုံးသည်မိမိအပြစ်များအားလုံးမှ မည်သို့ကယ် တင်ခြင်းခံရမည်ကိုလည်း ဤအရာကထင်ရှားစေသည်။ ဤသို့ဖြင့်၊  အပြစ်ရှိသောသူအားလုံးသည် အပ္ပါယ်ငရဲသို့ပစ်ချခြင်းခံရမည်ဖြစ် သောကြောင့် အပြစ်သားအားလုံးသည် ဘုရားသခင်၏ဂရုဏာတော် ကို မလွဲမသွေရှာဖွေတွေ့ရှိရမည် ဖြစ်သည်။ 
မီးရှို့ရာယဇ်ပလ္လင်တွင် ထားရှိသောယဇ်ကောင်တိရစ္ဆာန်တစ် ကောင်စီတိုင်းသည် အပြစ်သားများ၏လွန်ကျူးသောအပြစ်ဖြစ်၍သူ တို့အတွက်အပြစ်ဒဏ်ခံကြသည်။ တစ်နည်းအားဖြင့်၊ လက်တင်ခြင်း အားဖြင့် ယဇ်ပူဇော်ခြင်းခံသောတိရစ္ဆာန်သည် လူတစ်ယောက်၏အ ပြစ်များကို လက်ခံခဲ့၍ ထိုသူ၏နေရာတွင် မိမိအသွေးတော်သွန်း လောင်းခဲ့သည်။  ထိုအပြစ်တရားစီရင်ခြင်းသည် အပြစ်သားတွေ့ကြုံ ရမည့်ပြစ်ဒဏ်ဖြစ်သည်။ တဲတော်တွင်ရှိသောမီးရှို့ရာယဇ်ပလ္လင်က သခင်သည်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ဤလောက၏အပြစ် များအားလုံးကိုလက်ခံတော်မူ၍ ကျွန်ုပ်တို့နေရာတွင် အသွေးတော် သွန်းလောင်းတော်မူခြင်းကို သွန်သင်သည်။ 
တဲတော်တွင်ရှိသောအသုံးအဆောင်ပစ္စည်းအားလုံးက ဘုရား သခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းမည်သို့ပြည့်စုံစေ တော်မူသည်ကို ပြသထင်ရှားစေသည်။ ထိုကြောင့် သင်၏ကယ်တင် ခြင်းကို တိကျသေချာစွာသိရှိနိုင်ရန်အတွက် တဲတော်၏အသုံးအ ဆောင်ပစ္စည်းများတွင်ထင်ရှားသောသမ္မာတရားကို မှန်ကန်စွာ ယုံ ကြည်ခြင်း ဖြစ်သည်။ သင့်ကယ်တင်ခြင်းလိုင်းကို မည်သို့ယူဆောင် လာသင့်သနည်း။ အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်ပိတ်ချော၊ နှင့်အဖြူရောင်ပိတ်ချော၌ဖုံးအပ်ထားသော ကယ်တင်ခြင်းသမ္မာတ ရားကိုယုံကြည်ခြင်းအားဖြင့် သင်သည် ကယ်တင်ခြင်းလိုင်းကိုတိကျ စွာယူဆောင်သိရမည်ဖြစ်သည်။ ဤသို့သော်ယုံကြည်ခြင်းကိုပိုင်ဆိုင် သောသူများသာလျှင် ဘုရားသခင်၏‌ဖြောင့်မတ်ခြင်းသို့အမှန်ဝင် ရောက်နိုင်၍ တင့်လျော်သောယုံကြည်ခြင်းဖြင့်အသက်ရှင်နိုင်ကြ ခြင်းဖြစ်သည်။ 
အပြစ်သားများသည် သန့်ရှင်းရာဌာနသို့ဝင်ရောက်နိုင်ရန်အ တွက် မိမိအပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ပေးရမည့် ယဇ်ပူဇော် ခြင်းကို ဘုရားသခင်ပြင်ဆင်ပေးတော်မူခဲ့သည်။ အပြစ်သားများ သည် မိမိအပြစ်များအားလုံးမှကယ်တင်နိုင်ရန်အတွက် သူတို့ကိုယ် စားပြစ်ကြွေးပေးဆပ်ရန် ယဇ်ပရောဟိတ်ကြီးက ယဇ်ပူဇော်ခြင်းအ မှုပြုပေးခဲ့ကြသည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်း၌သားတော် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခငသ်ည် ကယ်တင်ခြင်းက တိတော်ပြည့်စုံစေတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဥ်တော်သတင်းကောင်းသမ္မာတရားကိုယုံကြည်၍ ဤယုံကြည် ခြင်းအားဖြင့် အသက်ရှင်ရမည် ဖြစ်သည်။ ယခုတွင် သင့်ယုံကြည်မှု သည်ရေနှင့်ဝိညာဥ်တော်သတင်းကောင်း၌ချထားသလော။သင်သည် အပြစ်များအားလုံးမှကယ်တင်ခြင်းရရှိရန် ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကို ယုံကြည်ရမည် ဖြစ်သည်။ အပြာရောင်၊ ခရမ်းရောင် နှင့်အနီ‌ရောင်ပိတ်ချောသက်သေခံသည့် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းနှုတ်ကပတ်တော်ကိုသင်ယုံကြည်လျှင် စစ်မှန်သောအပြစ် လွှတ်ခြင်းအခွင့်ရရှိနိုင်ပါသည်။ ဓမ္မဟောင်းကျမ်း၏တဲတော်၌ဖွင့်ပြ သောအပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောအားဖြင့် ထင် ရှားသောကယ်တင်ခြင်းသမ္မာတရားမှာ ဓမ္မသစ်ကျမ်းတွင်ထင်ရှား သော ရေနှင့်ဝိညာဥ်တော်သတင်းကောင်း၌ပါဝင်သောအရာအားလုံး ဖြစ်သည်။ သင်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအတွက် ရပ်တည်သလား။သို့မဟုတ်သင်သည်ကားတိုင်ပေါ်တွင်အသွေးတော် ကိုသာ အဓိကထားသောသတင်းကောင်းကိုသာ ပွေ့ပိုက်ထားသ လော။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံ၍ ကျွန်ုပ်တို့အတွက်အ သွေးတော်သွန်းလောင်းတော်မူခဲ့သည်ဟု ကြွေးကြော်သောသတင်း ကောင်းကို သင်ယုံကြည်သလော။ 
ဓမ္မဟောင်းခေတ်ကာလတွင် တဲတော်၏ယဇ်ပူဇော်ခြင်းစနစ် မှာ လောကအပြစ်များမှာ ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့သော ဘုရားသခင်၏ကယ်တင်ခြင်းပဋိညာဥ်ကတိတော်ဖြစ်ပါသည်။ တဲ တော်တံခါးအတွက်ရက်လုပ်ထားသော အပြာရောင်၊ ခရမ်း‌ရောင်နှင့် အနီရောင်နှင့်အဖြူရောင်ပိတ်ချောအားဖြင့် ကယ်တင်ခြင်းအစီအစဥ် ကို ဘုရားသခင်ဖွင့်ပြတော်မူခဲ့သည်။ ဤတံခါးဝဖြင့်ဝင်ရောက်လို သောသူများသည် ဤအသုံးအဆောင်ပစ္စည်းများ၌ထင်ရှားသော သမ္မာတရားကို ယုံကြည်ရမည် ဖြစ်သည်။ ဤသို့ဖြင့်၊ တဲတော်၌ယဇ် ပူဇော်ခြင်းအားဖြင့်လည်းကောင်း၊ယဇ်ကောင်ပေါ်တွင်လက်တင်ခြင်း အားဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် ထိုယဇ်ကောင်ပေါ်သို့ အပြစ်များလွှဲပြောင်းပေးခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်ထံ ‌တော်သို့ ယဇ်ကောင်၏အသွေးများဆက်ကပ်ခြင်းအားဖြင့် သော် လည်းကောင်း ဘုရားသခင်သည် ဣသရေလလူမျိုးများအား ကယ် တင်‌တော်မူခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းမှာ အပြစ် များလွှတ်ခြင်းရရှိကြောင်းဖော်ပြသောစံချိန်စံညွှန်းဖြစ်သည်။ ထို ကြောင့် ဤသတင်းကောင်းကိုသိရှိယုံကြည်သောသူများကသာလျှင် ဘုရားသခင်၏လူများဖြစ်နိုင်ကြသည်။ ထိုကြောင့် ဤအရာကိုယုံ ကြည်သောသူများသည် ဘုရားသခင်၏လူတစ်ဦးဖြစ်သည်။ တဲတော် ဝင်းတံခါး၌အသုံးပြုသော အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင် ပိတ်ချော၌ထင်ရှားသောသမ္မာတရားသည် ဓမ္မသစ်ကျမ်း၌ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်း ဖြစ်သည်။ သခင်ယေရှုက ယောဟန် အခန်းကြီး ၃ တွင် နိကောဒင်ထံ “ဒုတိယမွေးခြင်းကိုမခံသောသူမည် သည်ကား၊ ဘုရားသခင်၏နိုင်ငံ‌တော်ကိုမမြင်ရဟု ငါအမှန်အကန်ဆို သည်”ဟု မိန့်တော်မူခဲ့သည်။ ဤနေရာတွင် ရေ သည် ဗတ္တိဇံယော ဟန်ထံမှသခင်ယေရှုရရှိသောဗတ္တိဇံကို ရည်ညွှန်းထားသည်ဟုကျွန်ုပ် တို့အားလုံးဆွဲကိုင်ရန်အတွက်အလွန်အရေးကြီးသည်။ ‌ရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို ကျွန်ုပ်တို့သိရှိနားလည်သဘောပေါက်မှသာ လျှင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာအရပ်သို့ ဝင်ရောက်နိုင်သည်။ 
 


လူတိုင်းက မိမိအပြစ်များအတွက် မလွဲမသွေတရားစီရင် ခြင်းခံရမည်ဟုနားလည်သဘောပေါက်ရမည်


မာကု ၇း၂၁တွင်ဖော်ပြထားသည့်အတိုင်း လူတိုင်းသည် မိမိနှ လုံးသားမှထွက်လာသော အပြစ်ဆယ့်နှစ်မျိုးအတူတူရှိကြသည်။ပထ မအနေဖြင့်၊ လူတစ်ဦး၏ဆိုးညစ်သောအတွေးအခေါ်များသည် ဘု ရားသခင်ရှေ့မှောက်တော်၌အပြစ်ဖြစ်ပါသည်။လူ့အသက်သတ်ခြင်း၊ မတရားမေထုံ၌မှီဝဲခြင်း၊ခိုးခြင်း၊လောကလွန်ကျူးခြင်း၊ ဆိုးသွမ်းခြင်း၊ မာန်မာနထောင်လွှားခြင်းနှင့်မိုက်မဲခြင်းတို့သည် အပြစ်များဖြစ်ကြ သည်။ လူများ၏နှလုံးသားများတွင်ရှိသောဆိုးညစ်သောအတွေးအ ခေါ်များမှာ ဘုရားသခင်၏သန့်ရှင်းခြင်းကိုဆန့်ကျင်သော အပြစ်၏ ဇစ်မြစ်ဖြစ်သည်။ ဘုရားသခင်သည် အာဒံအား မိမိပုံသဏ္ဌာန်‌တော် နှင့်အညီ ထာဝရအသက်ရှင်ရန်ဖန်ဆင်းတော်မူခဲ့သော်လည်း အာဒံ သည် ဘုရားသခင်ကို ဆန့်ကျင်သောအပြစ်ကျူးလွန်ခဲ့သည်။ ထို ကြောင့် အာဒံမှဆင်းသက်လာသောကျွန်ုပ်တို့အားလုံးသည် အပြစ် သားများဖြစ်မွေးဖွားခဲ့ကြ၍ ဘုရားသခင်၏တရားစီရင်ခြင်းမှ မလွတ် မြောက်နိုင်ကြပေ။ကျွန်ုပ်တို့အားလုံးသည်ပထမအာဒံထံမှဆင်းသက် လာသူများဖြစ်ကြသောကြောင့် အပြစ်ကျူးလွန်တတ်သောဇာတိသ ဘောကို အမွေဆက်ခံခဲ့ကြ၍ ကျွန်ုတို့စိတ်နှင့်လုပ်ဆောင်ချက်များ အားဖြင့် ဘုရားသခင်၏သန့်ရှင်းခြင်းကို ဆန့်ကျင်ကြသည်။ ထို ကြောင့်ကျွန်ုပ်တို့သည် သေသည့်ထိတိုင်အောင် အပြစ်ဒုစရိုက်ကျူး လွန်နေကြခြင်း ဖြစ်သည်။ လူသားအားလုံးသည် ဇာတိအားဖြင့် မိမိ စိတ်၌ မကောင်းဆိုးဝါးရှိကြသည်။ သူတို့သည် ဘုရားသခင်၏သန့် ရှင်းခြင်းကိုစိန်ခေါ်သောစာတန်၏ လွယ်ကူစွာလှည့်ဖြားသွေးဆောင် ခြင်းကို မခုခံနိုင်ဘဲ ကျဆင်းသွားခဲ့ကြသည်။ 
ထိုကြောင့် ဘုရားသခင်သည် လူသားများ၏နှလုံးမှထွက်လာ သောအရာမှာဆိုးညစ်ခြင်းသက်သက်ဖြစ်သည်ဟုမိန့်တော်မူခဲ့သည်။ လူသားအားလုံးသည် ယိုယွင်းပျက်စီးသောအပြစ်သားများဖြစ်ကြ၍ မာကု အခန်းကြီး ၇ တွင် စာရင်းပြုစုထားသောအပြစ်ဆယ့်နှစ်မျိုး ဖြစ်သောလူ့အသက်သတ်ခြင်း၊သူ့မယားကိုပြစ်မှားခြင်း၊ခိုးခြင်း၊လောဘကျူးလွန်ခြင်း၊မတရားသောမေထုံ၌မှီဝဲခြင်း၊ မိုက်မဲခြင်းစသည်တို့ ဖြင့် ပြည့်နေကြသည်။ လူသားအားလုံး၏အခြေခံသဘောတရားမှာ မကောင်းသောအတွေးအခေါ်တို့ဖြင့် ပြည့်နေကြသည်။ မရေတွက် နိုင်သော လူများသည် မိမိဘာသာတရားကိုင်းရှိုင်းမှုဖြင့် ဘုရားသခင် ၏သန့်ရှင်းမှုကို စိန်ခေါ်နေသည်။  ထိုကြောင့် ကျွန်ုပ်တို့သည် မိမိအ ပြစ်များအတွက် ဘုရားသခင်၏တရားစီရင်ခြင်းဒဏ်ကို မလွဲမသွေ ခံ ရကြမည် ဖြစ်သည်။ ထိုအကြောင်းကြောင့် တဲတော်၌ နေ့စဥ်နေ့ တိုင်း မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် တိရစ္ဆာန်ကိုအသုံးပြု၍ ယဇ်ပူဇော် ကြခြင်း ဖြစ်သည်။ တဲတော်ဝင်းမှာ အသားလောင်ကျွမ်းခြင်းအံနှင့် မီးခိုးငွေ့များဖြင့် အမှန်အကန်ပြည့်ဝနေကြသည်။ 
 


ကျွန်ုပ်တို့သည်  ကြေးဝါအင်တုံ၌ရှိသောရေဖြင့် ကျွန်ုပ်တို့ ၏အညစ်အကြေးများကို ဆေးကြောရမည်


ဓမ္မဟောင်းကျမ်းရှိယဇ်ပရောဟိတ်များကို နေ့စဥ်နေ့တိုင်းအ သား လောင်ကျွမ်းခြင်းအနံဆိုးနှင့်မဲနေသောမီးခိုးငွေ့များက ဝိုင်းရံ  လျက်ရှိသည်။ ထိုကြောင့်သူတို့သည် သန့်ရှင်းရန် မဖြစ်နိုင်ကြပေ။ သူတို့၏မျက်နှာများမှာ မီးခိုးငွေ့များဖြင့် မည်းနေ၍ ကိုယ်ခန္ဓာများ သည် မီးခိုးငွေ့ဖြင့် ဖုံးလွှမ်းထားသည်။  ထိုအကြောင်းကြောင့် တဲ တော်ဝင်း၌ရှီသောကြေးဝါအင်တံလိုအပ်ခြင်းဖြစ်သည်။ သူတို့သည် အင်တုံတွင်ရှိသောရေဖြင့် ဆေးကြောကြသည်။ ယဇ်ပရောဟိတ် များသည် နေ့တိုင်း ကြေးဝါအင်တံတွင်ရှိသော‌ရေဖြင့် မိမိအညစ်အ ကြေးများကို ဆေးကြောခဲ့ကြသည်။
တဲတော်တွင်ရှိသောကြေးဝါအင်တံသည် ဓမ္မသစ်ခေတ်တွင် ဗတ္တိဇံယောဟန်မှဗတ္တိဇံခံယူခြင်းအားဖြင့် ဤလောကအပြစ်များ အားလုံးကို ဆေးကြောခဲ့သော သခင်ယေရှု၏လုပ်ဆောင်ချက်ကို ရည်ညွှန်းသည်။ 
ဓမ္မဟောင်းကျမ်းရှိယဇ်ပရောဟိတ်များသည် တဲတော်တွင်ထား ရှိသည့်ကြေးဝါအင်တုံတွင်ရှိသောရေဖြင့်မိမိကိုယ်ခန္ဓာကိုဆေးကြော သန့်စင်ခြင်းသည် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်း ကဲ့သို့ ကယ်တင်ခြင်းအမှုအတွက်အလွန်အရေးကြီးသော သခင်ယေ ရှုခရစ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းကို ရည်ညွှန်းသည်။ ဗတ္တိဇံ ယောဟန်ထံမှသခင်ယေရှုခံယူတော်မူသော ဗတ္တိဇံခံယူခြင်းသည် ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောသန့်စင်ရန်အတွက် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ ဗတ္တိဇံခံယူခြင်းမရှိလျှင် စင်ကြယ်ခြင်း မရှိနိုင်ပေ။ ယဇ်ပရောဟိတ်များသည်တဲတော်ကြေးဝါအင်တုံသို့သွား ခြင်းအားဖြင့် မိမိစင်ကြယ်မှုကို ထိန်းသိမ်းနိုင်၍ တဲတော်၌အမှုတော် ဆောင်ရွက်ခဲ့ပြီးနောက် မိမိကိုယ်ကို ဆေးကြောနိုင်ကြသည်။ 
ယဇ်ပရောဟိတ်များသည် ကြေးဝါအင်တံ၌ မိမိအညစ်အကြေး များကိုဆေးခြင်းခြင်းက လူတစ်ယောက်သည် အပြစ်သားဖြစ် ကြောင်းဝန်ခံ၍ လူတိုင်းသည် မိမိအပြစ်များအတွက် ဘုရားသခင်၏  တရားစီရင်ခြင်းပြစ်ဒဏ်ကိုခံရမည်ဟု အသိအမှတ်ပြရမည်ကို ရည် ညွှန်းထားသည်။ သင်သည် သင့်အပြစ်များကြောင့် အပ္ပါယ်ငရဲသို့ တရားစီရင်ခြင်းခံ၍ ပစ်ချခြင်းခံရမည်သူဖြစ်ကြောင်း ဘုရားသခင်ထံ ဝန်ခံသောအခါ ကယ်တင်ခြင်းလမ်းသည် ဖွင့်လှစ်သည်။ ဘုရားသ ခင်ကျိန်းဝပ်တော်မူရာသို့ သင်ဝင်ရောက်နိုင်သောနည်းလမ်းတစ်ခု မှာ သင့်အပြစ်များကိုဝန်ခံ၍ သခင်ယေရှုသည် သင့်အတွက်ပြုလုပ် ခဲ့ပြီးသောကယ်တင်ခြင်းသမ္မာတရားကိုယုံကြည်ခြင်း ဖြစ်သည်။ မေ ရှိယသည် သင်နှင့်ကျွန်တော်တို့အား လောကအပြစ်များအားလုံးမှ ကယ်တင်တော်မူရန် ဤလောကသို့အမှန်ကြွလာတော်မူခဲ့သည်။  ကိုယ်တော်သည်ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ် တော်သည် ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်တွင် တရားစီ ရင်ခြင်းခံ‌တော်မူခဲ့သည်။ ဤအရာသည် ရေနှင့်ဝိညာဥ်တော်ကယ် တင်ခြင်းသမ္မာတရားဖြစ်သည်။ ကျွန်ုပ်တို့ခံယူယုံကြည်ရမည့်ကယ် တင်ခြင်းသမ္မာတရားဖြစ်သည်။ 
လူတိုင်းသည် မကောင်းသောအတွေးများကို သိုမှီးကြသည်။ ထို ကြောင့် လူတိုင်းသည် သူတပါးကို ထိခိုက်နာကျင်စေရန် မကောင်း သောဆန္ဒရှိကြသည်။ သူတို့ကို နာကျင်စေ၍ သတ်ဖြတ်နေကြသည်။ လူသများသည် ဆိုးသွမ်း၍ ပျက်စီးနေကြသည်ကို သင်အသိအမှတ် ပြုရမည် ဖြစ်သည်။ ဘာကြောင့် လူသားများသည် အလွန်ဆိုးသွမ်း နေကြသနည်း။ သူတို့သည် ပကတိအားဖြင့် လူဆိုးဂိုဏ်းများဖြစ်ကြ သောကြောင့် ဖြစ်သည်။ သူတို့သည် မကောင်းသောအတွေးအခေါ် များကို သိုမှီးလျက် အမြဲတမ်းအပြစ်ကျူးလွန်နေကြသည်။ လူသား များသည် အချိန်တိုင်းတွင် အပြစ်ဆယ့်နှစ်မျိုးအားလုံးကို ကျူးလွန် နေကြသောကြောင့် သူတို့သည် မည်သည့်အချိန်မဆို ပေါက်ကွဲနိုင် သောဗုံးနှင့်တူသည်။ တကယ်တန်းကျတော့ သူတို့သည် အချိန်တိုင်း တွင် ဆိုးသွမ်းမှုများ ကျင့်နေကြသည်။ အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် လှည့်စားနေကြသည်။ ခိုးနေကြသည်။ အိမ်ထောင်ရေး ဖောက်ဖြန်မှုနှင့်မတရားသောမေထုံပြုနေကြသည်။ ဘုရားသခင်၏ ဘုန်းတော်ကို မထီမဲ့မြင်ပြုကြသည်။ မိုက်မဲမှုနှင့်ရူးသွပ်မှုကိုနှစ်သက် နေကြသည်။ ဇာတိအားဖြင့် လူဆိုးဂိုဏ်များဖြစ်ကြသောကြောင့် လူ သားများသည် မကောင်းသောအတွေးအခေါ်များ အမြဲတမ်းရှိ၍သူတို့ ဘဝတစ်လျှောက် ဘုရားသခင်၏သန့်ရှင်းခြင်းကို စိန်ခေါ်ကြသည်။ 
 


ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်မှောက်၌ မည်မျှဆိုးကြ သနည်း


လူတိုင်းသည် တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် မွေးဖွားလာ ကြသည်။လူသားများမှာ ဆဲလ်ကုဋေပေါင်းများစွာရှိ၍ ဤမရေတွက် နိုင်သော ဆဲလ်တစ်ခုစီတိုင်းသည် အတ္တ၊တစ်ကိုယ်ကောင်းဆန်၍ ဆဲလ်တစ်ခုနှင့်တစ်ခု ဆက်စပ်မှု၊ လုပ်ပိုင်ခွင့်အာဏာမတူညီကြပေ။ ထိုကြောင့် လူသားများသည် တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် မွေးဖွားလာကြသည်။ လူတိုင်းသည် ယခုကဲ့သို့ တစ်ကိုယ်ကောင်း ဆန်ဖို့ မျိုးရိုးဗီဇဆိုင်ရာအစီအစဥ်များရှိကြသောကြောင့် လူမှုရေးစံ ချိန်စံညွှန်းများနှင့် လူတစ်ဦး၏ကိုယ်ကျင့်တရားအတွက် ကျင့်ဝတ် ချမှတ်ခြင်းမရှိမပါက မည်သူမည်ဝါမျှ ဤလောကတွင် အသက်ရှင် နိုင်ကြမည် မဟုတ်ပေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်အ ကုန်သတ်ကြမည် ဖြစ်သည်။ သူတို့သည် လူမှုရေး စည်းမျည်းစည်း ကမ်းများချထားသောကြောင့် တစ်ယောက်နှင့်တစ်ယောက်အပြန် အလှန်ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။ လူသားများ၏ပျက်စီးရာပျက် စီးကြောင်းမကောင်းဆိုးဝါးများလျော့နည်းစေရန်နှင့် ပို၍ပူးပေါင်း လုပ်ဆောင်နိုင်ရန်အတွက် လူမှုစံချိန်စံညွှန်း၊ စည်းမျဥ်းစည်းကမ်း များချမှတ်ထားခြင်း ဖြစ်သည်။ အကျဥ်းအားဖြင့်၊ လူသားများသည် ဗီဇအားဖြင့် ဆိုးသွမ်း၍ အပြစ်ပြုနေကြသောကြောင့် လူမှုရေးစံချိန် စံညွှန်းများနှင့်ဥပဒေများထုတ်ပြန်၍ သူတို့၏ကိုယ်ကျင့်တရားကို ထိန်းချုပ်စေ၍ မကောင်းသောလုပ်ဆောင်မှုများကို လျော့နည်းသွား ခြင်း ဖြစ်သည်။ လောကမှာ မကောင်းဆိုးသွမ်းမှုတွေ ပိုများလေလေ လူမှုရေးစံချိန်စံညွှန်းများနှင့်တရားဥပဒေများ ထုတ်ပြန်ခြင်းသည်ပို၍ လိုအပ်လေလေဖြစ်ပါသည်။ 
အကယ်၍ သင်သည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင် ရှင်အဖြစ်ယုံကြည်လက်ခံလို၍ ခမည်းတော်ဘုရားသခင်ကျိန်းဝပ် တော်မူသောဌာနသို့တိုးဝင်ချဥ်းကပ်လိုပါက သင်သည် ဗီဇအားဖြင့် အပြစ်သားဖြစ်ကြောင်းကို ရှေးဦးစွာ နားလည်သဘောပေါက်ရမည်။ သင်သည် အပ္ပါယ်ငရဲသို့သွားရမည် ပျက်သုံးသွားသွားခဲ့သောအပြစ် သားဖြစ်သည်ကို ဝန်ခံရမည်။ ထိုနောက် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုယုံကြည်ရမည် ဖြစ်သည်။ သင်သည် သခင်ယေရှုခရစ် တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ သင့်အပြစ်များအားလုံးဖြေ လွှတ်ခြင်းရရှိရမည် ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၍ လူသားများသည် လုံးလုံးလျားလျားဆိုးသွမ်းနေကြသည်။ ထိုကြောင့် လူသားများသည် အချိန်တိုင်းတွင် အပြစ်ပြုခြင်းကလွဲ၍ အခြားမည် သည့်အရာကိုမျှမလုပ်နိုင်ကြပေ။ လူသားများသည် ဘုရားသခင်၏ပုံ သဏ္ဌာန်တော်နှင့်အညီဖန်ဆင်းထားသောသူများဖြစ်ကြသော်လည်း ဘုရားသခင်၏သန့်ရှင်းမှုကို မထီမဲ့ပြင်ပြုနေကြသည်။ ထိုကြောင့် သူတို့သည်သခင်ယေရှုခရစ်တော်ပေးအပ်တော်မူသောရေနှင့်ဝိညာဥ် တော်သတင်းကောင်းကို လုံးဝယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ် တင်ခြင်းရရှိနိုင်ကြသည်။ သင်သည် သခင်ယေရှုခရစ်တော်၏ဖြောင့် မတ်ခြင်းကိုကြည့်၍ နားလည်သဘောပေါက်ကာယုံကြည်မှသာလျှင် ကယ်တင်ခြင်းအဆင့်သို့‌ရောက်ရှိနိုင်မည် ဖြစ်သည်။ သင်သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကိုရှာဖွော၍ ကိုယ်တော့်ကျေးဇူးတော်ကို ယုံကြည်ရမည်။ “ကိုယ်တော်၊ ကျွန်တော်သည် ဆိုးသွမ်းသောသူဖြစ် တယ်။ ကျွန်တော်အချိန်တိုင်း ပြစ်မှားသောအပြစ်များစွာရှိတယ်။ အ ပြစ်ကျူးလွန်တယ်။ ဒါကြောင့် အပ္ပါယ်ငရဲသို့သွားရန် ထိုက်တန် တယ်။ ဒါကြောင့် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် ကိုယ် တော်ချပေးတော်မူသောကယ်တင်ခြင်းကို မရှိမဖြစ်လိုအပ်ခြင်းဖြစ် တယ်။ ကိုယ်တော်သည် ကျွန်တော့်ကို ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းအားဖြင့်ကယ်တင်တော်မူခဲ့တယ်” ဟု ပြောရမည် ဖြစ်သည်။ မိမိအားနည်းချက်များနှင့်အပြစ်ကျူးလွန်ခြင်းများ ဝန်ခံသောသူများ သာလျှင် သခင်ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်နိုင်ပါ သည်။ 
ထိုကြောင့် ဆိုကရေးတီးက သူ၏ရေခိုးခန်းရံနံပေါ်တွင် “မိမိ ကိုယ်ကိုသိပါ”ဟူသောစသားကို ကဗ္ဗည်းထိုးထားခြင်း ဖြစ်သည်။ သူ သည် မိမိစိတ်ထဲတွင် ရှိသောမပြည့်စုံခြင်း၊ အပြစ်တရားများကိုသိရှိ သောသောကြည် မိမိကိုယ်ကို သိရန်အတွက် ရိုးရိုးလေးဖြင့်ပြော ကြားနေခြင်းဖြစ်သည်။ ထိုကြောင့် ဆိုကရေးတီးက လူအချို့ မှာ လူ ကြီးလူကောင်းနှင့်ပညာရှိဟန်ဆောင်ခြင်း၊ မိမိဖြောင့်မတ်ခြင်းကို ထင်ရှားလိုသောသူကိုမြင်တွေ့သောအခါ သူက “သင့်ကိုယ်သင်ရှေး ဦးစွာသိပါ”ဟုချိုသာစွာအကြံပြုလိုက်ခြင်း ဖြစ်သည်။ ဤရိုးရှင်းသော အဆိုကြောင့် ယနေ့ထိုတိုင်အောင် ဆိုကရေးတီးသည် ဒသဗေဒပညာ ရှင်ကြီးဟု သတ်မှတ်ခြင်းခံရသည်။ 
သင်သည် မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းနားလည်သ ဘောပေါက်ခြင်း၊ ဤအပြစ်များ၏အခများကြောင့်အပ္ပါယ်ငရဲသို့ပစ် ချခြင်းခံရမည်သူဖြစ်ကြောင်း သိရှိခြင်းနှင့် သင့်နှလုံးသားတွင် အပြစ် အားလုံးရှိကြောင်းဝန်ခံခြင်းသည် မည်မျှအရေးကြီးသည် ကျွန်တော် အထူးတလှယ်တင်ပြလိုခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ရှေ့ တော်မှောက်တွင် ပျက်သုံးသောအပြစ်သားဖြစ်ကြောင်းပထမဦးဆုံး နားလည်သဘောပေါက်ခြင်းနှင့် အပ္ပါယ်ငရဲသို့ခြေဦးတည့်နေကြောင်း သိရှိခြင်းမရှိပါက ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမှန်အကန်ဆုပ် ကိုင်နိုင်မည်မဟုတ်ပေ။ ဤကဲ့သို့၊ လူတိုင်းသည် မိမိပြစ်များကို ရှေး ဦးစွာ သိရှိဝန်ခံရမည် ဖြစ်သည်။ မီးရှို့ရာယဇ်ပလ္လင်ကို အကာရှသစ် သားဖြင့်ပြုလုပ်၍ ၎င်း၏အပြင်ဘက်ကို ကြေးဝါဖြင့် မွမ်းမံထားသည်။ ဤအရာက လူတိုင်းသည် မိမိအပြစ်များအတွက် တရားစီရင်ခြင်းခံရ ၍ အပြစ်သားအားလုံးသည် အပ္ပါယ်ငရဲသို့သွားသောလမ်းမှမလွဲရှောင် နိုင်ကြောင်း ပြဌာန်းထားပါသည်။ သို့သော် မိမိသည် အကူအညီကင်း မဲ့သူဖြစ်ကြောင်း အမှန်အကန်သိရှိသောသူများသည် သခင်ယေရှု၏ ဖြောင့်မတ်ခြင်းကို ကြည်ညို၍ ကိုယ်တော့်မေတ္တာတော်ကို ယုံကြည် နိုင်သည်။ 
လုကာ ၁၈း၁၀-၁၄ကို ကြည့်ကြပါစို့။ “လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တ ယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။  ဖာရိရှဲ သည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ် မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့ သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။အကျွန်ုပ် သည် ခုနှစ်ရက်တွင်နှစ်ရက်အစာရှောင်ပါ၏။ဥစ္စာရှိသမျှတို့ကို ဆယ် ဘို့တဘို့ လှူပါ၏ဟူ၍ဆုတောင်းပဌနာပြု၏။အခွန်ခံမူကား၊ အဝေး ကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊အို ဘုရားသ ခင်၊အပြစ်များသော အကျွန်ုပ်ကိုသနားခြင်းကရုဏာစိတ် ရှိတော်မူပါ ဟုဆုတောင်းလေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အ ပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အ ကြောင်းမူကား၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား၊နှိမ့် ချခြင်းသို့ရောက် လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်း သို့ရောက်လတံ့ဟု မိန့်တော်မူ၏။”
သခင်ယေရှုခေတ်ကာတွင်အသက်ရှင်သူဖါရိရှဲတို့သည် အပြစ် ပန်းသဏ္ဌာန်အားဖြင့် ဘာသာတရားကိုကိုင်းရှိုင်းကြသည်။ သိက္ခာရှိ စွာဖြင့်အသက်ရှင်ရန် လူတိုင်းကိုသွန်သင်ခဲ့ကြသည်။ သို့သော် သူတို့ သည်ခိုးမှု သို့မဟုတ် မတရားသောမေထုံကို ကျုးလွန်ခဲ့ကြသလော။  မကျူးလွန်ခဲ့ကြပေ။ ဖါရိရှဲတို့သည် အပြင်ပန်းသဏ္ဌာန်အားဖြင့် လူ ကောင်းအဖြစ်ဟန်ဆောင်ကြသော်လည်း လူမမြင်သောနေရာများ တွင် သူတို့သည် အခြားသူများထက်ပို၍ အပြစ်ကို ကျူးလွန်ခဲ့ကြပါ သည်။ ထိုသို့ဖြစ်လင့်ကစား၊ သူတို့သည် မိမိကိုယ်ကို အပြစ်ကင်းမဲ့ သည်ဟုယုံကြည်ကြ၍ သူတို့ပတ်ဝန်းကျင်ရှိလူများထံသို့ လူကောင်း  များအဖြစ်ဟန်ဆောင်ကြသည်။ဤသို့သော ပျက်စီးသောအပြစ်သား များသည် ဘုရားသခင်၏သန့်ရှင်းခြင်းကို စိန်ခေါ်နေကြသည်။ 
အခွန်ခံသူ၏ဆုတောင်းချက်မှာ ဖါရိရှိတစ်ဦး၏ဆုတောင်းခြင်း နှင့်မတူပေ။ အခွန်ခံသူသည် အပြစ်သားဖြစ်ကြောင့် လူတိုင်းက သိရှိ ကြသည်။ အခွန်ခံသူသည် ဘုရားသခင်ရှေ့တော်သို့ရောက်လာသော အခါ သူသည် မိမိခေါင်းကိုထောင်၍ ကောင်းကင်ပေါ်သို့မကြည့်ဝံ့ဘဲ မိမိရင်ဘက်ကို ရိုက်လျက် “ဘုရားသခင်သည် ကျွန်ုပ်သည်အပြစ် သားဖြစ်ပါ၏။ သနားတော်မူပါ”ဟု ဆုတောင်းခဲ့သည်။ ထိုနောက် ဘု ရားသခင်သည် ဂရုဏာ‌တော်တောင်းခံသော အခွန်ခံ၏ဆုတောင်းသံ ကိုနားညောင်းတော်မူ၍ သူသည် ရေနှင့်ဝိညာဥ်တော်သမ္မာတရားကို ယုံကြည်ခဲ့သောကြောင့် မိမိအပြစ်များအားလုံးမှ ကယ်လွှတ်တော်မူ ခဲ့သည်။ တစ်ဘက်တွင် ဖါရိရှဲသည် ဘုရားသခင်၏အမြင်မှာ အပြစ် ဒုစရိုက်ကျူးလွန်သောသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ ဘုရားသခင် သည် အခွန်ခံအား ဖြောင့်မတ်သူအဖြစ် လက်ခံတော်မူ၍ ဖါရိရှိကိုမူ လက်ခံတော်မမူခဲ့ပေ။ 
ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းရရှိရန်အတွက် မိမိကောင်းမှုကု သိုလ်အားဖြင့်မဟုတ်ဘဲ၊ မိမိနှလုံးသားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကိုယုံကြည်ခြင်းအားဖြင့်သာလျှင်ရရှိသည်။ကျွန်ုပ်တို့လုပ်ဆောင် ချက်များအားလုံးသည် ဘုရားသခင်၏သန့်ရှင်းခြင်းကိုအမြဲတမ်းစော် ကားကြသောကြောင့် အချိန်တိုင်းအပြစ်ကျူးလွန်နေကြသည်။ ထို ကြောင့်  ကျွန်ုပ်တို့သည် မိမိအပြစ်များအတွက် အပ္ပါယ်ငရဲသို့ တရား စီရင်ခြင်းခံရမည့်သူများဖြစ်ကြသည်။ ဣသရေလလူမျိုးများ၏အပြစ် များအတွက်မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် အသတ်ခံရသော ယဇ်ကောင် ကဲ့သို့ဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြ ကြောင်း ဘုရားသခင်ထံဝန်ခံရမည်။ သခင်ယေရှုခရစ်တော်တစ်ပါး တည်းကိုသာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအား လုံးနှင့်တရားစီရင်ခြင်းမှ ကယ်တင်ခြင်းရရှိသည်။ 
ကျွန်ုပ်တို့သည် ကြေးဝါဖြင့်မွမ်းမံသောမီးရှို့ရာယဇ်ပလ္လင်မှ ထွက်လာသော မီးနှင့်မီးခိုးငွေ့များကိုကြည့်သောအခါ ဘုရားအမြင် မှာ ကျွနု်ပ်တို့သည် မိမိအပြစ်များအကြောင့် အပ္ပါယ်ငရဲမီးအိုင်သို့ သွားရမည့်အပြစ်သားများဖြစ်ကြသည်ကို တွေ့ရသည်။ သင်တို့အား လုံးတို့သည် ဤအကြောင်းအရာကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။ သို့မှသာလျှင် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့်ယဇ်အ သွေးတော်ကိုယုံကြည်ခြင်းအားဖြင့်သင့်အပြစ်များနှင့် အပြစ်အတွက် အပြစ်တရားစီရင်ခြင်းအားလုံးမှ လုံးဝရွေးနှုတ်ကယ်တင်ခြင်းရရှိနိုင် ပါသည်။ သခင်ယေရှုခရစ်တော်သည် သင့်အပြစ်အားလုံးမှကယ် တင်ခြင်းရရှိနိုင်ရန် ယဇ်ပူဇော်ခြင်းအမှုပြုတော်မူခဲ့ပြီး ဖြစ်ပါသည်။ သို့သော် သင်သည် ဘုရားသခင်ထံတော်သို့အပြစ်သားဖြစ်ကြောင်း နှင့်သင့်အပြစ်များအတွက်တရားစီရင်ခြင်းခံရမည်သူဖြစ်ကြောင်းဝန် ခံခြင်းမပြုလျှင်ဤကယ်တင်ခြင်းကိုစိတ်နှလုံးဖြူစင်၊ စိတ်အားထက် သန်စွာ သင်မကြည့်နိုင်ပေ။ သင်သည် ကယ်တင်ခြင်းသို့ရောက်နိုင် ကြောင်းမိမိနှလုံးသားအားလုံးဖြင့် ကယ်တင်ခြင်းသမ္မာတရားကိုယုံ ကြည်သောအခါတွင်ဖြစ်စေ၊ သင့်အပြစ်များနှင့်တရားစီရင်ခြင်းအား လုံးတို့မှလွတ်မြောက်၍ ဘုရားသခင်၏မေတ္တာတော်ကို လက်ခံနိုင် ကြသည်။ သို့သော် အထက်တွင်ဖော်ပြထားသည့်အတိုင်း သင်သည် ကယ်တင်ခြင်းသမ္မာတရားကို မယုံကြည်မှီ သင်၏အဖြစ်အမှန်ကို ရှေးဦးစွာနားလည်သဘောပေါက်၍ ဘုရားသခင်၏ရှေ့မှောက်တော် တွင် သင်သည်အပြစ်သားဖြစ်ကြောင်းနှင့် အပြစ်ကျူးလွန်ကြောင်း ရိုးသားဖြူစင်စွာ ဝန်ခံရမည် ဖြစ်သည်။ မိမိအပြစ်များဝန်ခံသောသူ အားလုံးသာလှင် ဘုရားသခင်၏သန့်ရှင်းခြင်းနှင့်တရားမျှတခြင်းကို အမှန်အကန်အသိအမှတ်ပြုသူများဖြစ်ကြသည်။ တနည်းအားဖြင့်၊ ဘုရားသခင်သည် လုံးဝဖြောင့်မတ်တော်မူကြောင်း၊ ဖြူစင်တော်မူ ကြောင်းနှင့်သမ္မာတရားနှင့်ပြည့်စုံတော်မူကြောင်း၊ သင်သည် ဘုရား အမြင်မှာ မတရား၊ ညစ်ညမ်း၊ ဆိုးသွမ်းသူဖြစ်ကြောင်း ရှေးဦးစွာဝန်ခံ သောအခါ သခင်ယေရှု၏ဗတ္တိဇံခံခြင်းနှင့်အသွေးတော်ကိုယုံကြည် ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းရရှိနိုင်ပါသည်။ 
အကယ်၍ သင်သည် မိမိကိုယ်ကိုဘုရားသခင်ရှေ့မှောက်တော် တွင် ဖြောင့်မတ်သောသူအဖြစ် ထင်မှတ်သော ဖါရိကဲ့သို့ မိမိအပြစ် ကိုမမြင် ဖြောင့်မတ်သူဖြစ်သည်ဟု ခံစားရပါက သင်သည် မှားယွင်း သောခံယူချက်အပေါ်တွင် ရပ်နေသူဖြစ်သည်ဟု နားလည်သဘော ပေါက်သင့်သည်။ 
ဘုရားသခင်၏ကျေးဇူးတော်ရှာဖွေတွေ့ရှိခြင်းမရှိပါက ဘုရား သခင်၏ပစ်ပယ်တော်မူခြင်းခံရလိမ့်မည်။ သို့သော် သင်သည် အခွန် ခံကဲ့သို့ဖြစ်ပါက သင်သည် မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲသို့တ ရားစီရင်ခြင်းခံရမည့် အပြစ်သားဖြစ်ကြောင်းဝန်ခံ၍ နှိမ့်ချသောစိတ် ဖြင့် ဘုရားသခင်ထံတော်မှ ဂရုဏာတော်ခံစားရရှိနိုင်သည်။ အတပ် အမှန်ပြောပါက၊ အခွန်ခံသူကဲ့သို့ နှိမ့်ချခြင်းရှိသူအားလုံးသည် ခမည်း တော်ဘုရားသခင်သည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းအားဖြင့် သူတို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူ၍ တစ်ပါးတည်း သောသားတော်သခင်ယေရှုခရစ်တော်တော်ကိုစေလွှတ်တော်မူခြင်း အားဖြင့် သူတို့ကိုကယ်တင်တော်မူခဲ့သည်။ 
ဤလောကမှာမရေတွက်နိုင်သောသူများစွာရှိကြသော်လည်း အဓိအားဖြင့် လူတန်းစားနှစ်မျိုးဖြင့် ပိုင်းခြားနိုင်သည်။ အပြစ်လွှတ် ခြင်းခံရသောသူများနှင့်အပြစ်လွှတ်ခြင်းမခံရသောသူများတို့ဖြစ်ကြ ပါသည်။ ပထမလူတန်းစားများသည် မိမိပျက်စီးခြင်းကိုသိ၍ ငရဲသို့ သွားရမညဘ်သူများဖြစ်ကြသည်ကို ဝန်ခံသောကြောင့် ဘုရားသခင် ၏ဂရုဏာ‌တော်ကိုခံစားရကြသည်။ ဤသို့သောသူများသည် သခင် ယေရှုခရစ်တော်၏ကယ်တင်ခြင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ် လွှတ်ခြင်းအခွင့် ခံစားရရှိကြသည်။ သူတို့သည် ဘုရားသခင်ကို အသိ အမှတ်ပြု၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့်သစ္စာ တော်များကို ယုံကြည်ကိုးစားကြသည်။ ဒုတိယလူတန်းစားတို့သည် မိမိအပြစ်များဖြေလွှတ်ခြင်းခံစားရန် ငြင်းပယ်ကြသည်။ သို့သော် သူ တို့သ်ည သူတို့သည် အပြစ်သားများဖြစ်ကြကြောင်း ဝန်ခံရန် သခင် ယေရှုခရစ်တော်သည် ကယ်တင်ရှင်ဖြစ်တော်မူကြောင်းမယုံကြည် ကြသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင် သည် အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်ပိတ်ချောသမ္မာတရား ဖြင့် သင့်အပြစ်အားလုံးကို လုံးဝဖြူစင်အောင်ဆေးကြောသန့်ရှင်းစေ တော်မူကြောင်း သင်ယုံကြည်ရမည်။ ဤမယိမ်းယိုင်သောယုံကြည် ခြင်းပိုင်ဆိုင်သောသူများသာလျှင် စစ်မှန်သောကယ်တင်ခြင်းအဆင့် သို့ရောက်ရှိနိုင်ခဲ့ကြသည်။ 
မီးရှို့ရာယဇ်ပလ္လင်ကိုကြေးဝါဖြင့်မွမ်းမံခြင်းသည်ကျွန်ုပ်တို့သည် မိမိအပြစ်များကြောင့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းကို ခံရ မည်သူများဖြစ်ကြသော်လည်း သခင်ယေရှု၏ဗတ္တိဇံနှင့်အသေခံ တော်မူခြင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ဆေးကြောသန့်စင်စေတော်မူခဲ့ကြောင်းထင်ရှားစေပါသည်။ သို့သော် သင်သည် သခင်ယေရှုကို သင့်ကယ်တင်ရှင်အဖြစ်ယုံကြည်၍ယုံ ကြည်ခြင်းကိုမဝန်ခံမီ သင်သည် မရေတွက်နိုင်သောကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းဒဏ်ကို ထိုက်တန်ကြောင်း သင်ရှေးဦးစွာဝန်ခံရမည် ဖြစ်သည်။ ကြေးဝါဖြင့် မွမ်းမံသောမီးရှို့ရာယဇ်ပလ္လင်ပေါ်တွင်လောင်ကျွမ်းသော ယဇ်ကောင် ကဲ့သို့ဖြစ်သည်။  သင်သည် ကယ်တင်ခြင်းရရှိရန်အတွက် သခင်ယေ ရှုခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင်သွန်းလောင်းသောအသွေး တော်ကို အမှန်အကန်ရှေးဦးစွာနားလည်သဘောပေါက်ကာ အပြစ် သားဖြစ်ကြောင်းဝန်ခံပါက  ဘုရားသခင်၏လူများအမှန်အကန်ဖြစ် လာနိုင်ပါသည်။
 


သခင်ယေရှု၏အသွေးတော်ကိုသာယုံကြည်ခြင်းသည် မလုံလောက်ပေ


သင်တို့အချို့တို့သည် “ငါသည် သခင်ယေရှု၏အသွေးတော်ကို ယုံကြည်ခဲ့တယ်၊ ဒါပေမဲ့ သိက္ခာတော်ရဆရာ ဂျောင်းက အဘယ် ကြောင့် ငါ့အပြစ်တွေကို ဝန်ခံခိုင်းရတာလဲ။ ကျွန်တော့်မှာအပြစ်အ နည်းငယ်တော့ရှိပါတယ်။ သို့သော် ထိုအပြစ်များအတွက် ဘုရားသ ခင်ရဲ့တရားစီရင်ခြင်းကို ကျွန်တော်ခံရမည်မဟုတ်ပါ။ ကျွန်တော့်အ တွေးအားလုံး၊အကြံအားလုံးနှင့်လုပ်ဆောင်မှုအားလုံးတို့သည် အပြစ် စီရင်ခြင်းခံရမည်ဟု ကျွန်တော်မထင်ထားပါ” ပြောတတ်ကြသည်။ အကယ်၍သင်သည် ယခု ဤသို့တွေးတောပါက သင်သည်ဖါရိရဲကဲ့ သို့ အမှားပြုနေခြင်းဖြစ်သည်ကို သင်နားလည်သဘောပေါက်ရမည်။ သင်သည် မိမိကိုယ်ကိုဤသို့ခွင့်လွှတ်ခြင်းအားဖြင့် ကြီးမားသောအ မှားကိုပြုနေခြင်း ဖြစ်သည်။ 
အပြစ်၏အခကားသေခြင်းပေတည်းဟု ကျမ်းစာက ရှင်းလင်း စွာဖော်ပြထားသည်။ ဘုရားအမြင်မှာ ငယ်သောအပြစ်ဖြစ်စေ၊ကြီး သောအပြစ်ဖြစ်စေ အပြစ်အားလုံးသည် အတူတူပင် ဖြစ်သည်။ ဘု ရားသခင်၏အမြင်မှာအပြစ်ရှိသောသူအားလုံး၊ အသေးငယ်ဆုံးသော   အပြစ်တောင်မှ ဤအပြစ်အတွက် တရားစီရင်ခြင်းခံရ၍ အပ္ပါယ်ငရဲ သို့သွားရမည် ဖြစ်သည်။ အပြစ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အပြစ်ရှိနေသရွေ့ သန့်ရှင်းတော်မူသောဘုရား၏အမြင်မှာသင်သည် အခြားအပြစ်သားနှင့်အတူတူပင် ဖြစ်သည်။ 
အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူသော ကြောင့် ကြီးသောအပြစ်ဖြစ်စေ၊ အလွန်သေးငယ်သောအပြစ်ဖြစ်စေ အပြစ်ဟူသမျှအားလုံး ခွင့်လွှတ်တော်မမူသောကြောင့် ဖြစ်သည်။ ထို ကြောင့် ဘုရားသခင်သည် ခြွင်းချက်မရှိဘဲ အပြစ်ဟူသမျှအားလုံး တရားစီရင် ရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့မှောက်တော်တွင် ကျွန်ုပ်တို့ဘ ဝများကို ရိုးသားစွာဖွင့်ပြသောအခါ အားလုံးသည် အပြစ်အနည်းငယ် စီကျူးလွန်ကြောင်း ထင်ရှားသည်။ အကယ်၍သင်သည် အနည်းငယ် အပြစ်ကျူးလွန်သည်ဟုဆိုပါက လောကသတ်မှတ်ချက်စံချိန်စံညွှန်း ကိုကြည့်၍ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု ယူဆခြင်းသာဖြစ်သည်။  ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် အပြစ်အကြောင်းနှင့်ပတ်သက် ၍မည်သို့သတ်မှတ်တော်မူသည်ကို သင်မသိသောကြောင့် ဘုရားသ ခင်၏တရားစီရင်‌တော်မူခြင်းနှင့်ပြစ်ဒဏ်များကို ပြည့်စုံစွာ သင်မသိ သောကြောင့် ဖြစ်သည်။ တနည်းအားဖြင့်၊ သင်သည် ဘုရားသခင်၏ စံချိန်စံညွှန်းထက် သင်၏ထင်မြင်ယူဆချက်နှင့်ကိုယ်တိုင်နှစ်သက် သောစံချိန်စံညွှန်းကိုသာအခြေခံသောကြောင့် မိမိကိုယ်ကိုအပြစ်မရှိ ဟု ယူဆခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် အမှားကြီးမှားယွင်း နေပါသည်။ ထိုကြောင့် သင်သည် ဘုရားသခင်၏ပညတ်တော်ကို ဆန့်ကျင်မှုရှိ/မရှိ မိမိကိုယ်ကိုဆန်းစစ်ရမည် ဖြစ်သည်။ “ဘုရားသ ခင်ရဲ့အမြင်မှာ ကျွန်တော်မည်သို့ထင်ရှားသလဲ။ ဘုရားသခင်မြင် တော်မူသောအခါ တရားစီရင်ခြင်းနှင့်ကင်းလွှတ်သောသူအဖြစ်ထင် ရှားခဲ့သလား။ အချိန်တိုင်း အပ္ပါယ်ငရဲသို့ပို့ဆောင်ပေးမည့်မရေတွက် နိုင်သောအပြစ်များစွာ ကျွန်တော်ကျူးလွန်ခဲ့သလား”ဟု မိမိကိုယ် ကိုမေးရမည်။ ဤသို့ဖြင့်၊ သင့်အပြစ်၏အခအတွက် အပ္ပါယ်ငရဲမီး အိုင်သို့ပစ်ချခြင်းခံသောအပြစ်သားဖြစ်ကြောင်း သင်သည် ဘုရားသ ခင်၏ရှေ့မှောက်တော်၌မိမိကိုယ်ကိုဆန်းစစ်၍ တိကျစွာနားလည်း သဘောပေါက်ရမည် ဖြစ်သည်။ 
ယုံကြည်ခြင်းအားဖြင့် မပြုသောအရာအားလုံးသည် ဘုရားရှေ့ တော်၌အပြစ်ဖြစ်ကြောင်း(ရောမ ၁၄း၂၃)လက်ခံအသိအမှတ်ပြုနိုင် ရန် သင့်အတွက် ခက်ခဲသည်။ သင်သည် ဤသို့သောအပြစ်များကို ကျူးလွန်သောအခါဤအပြစ်များအတွက် သင်သည် တရားစီရင်ခြင်း ခံရမည် ဖြစ်သည်။ ထိုသို့နားလည်ပြီးနောက် ဘုရားသခင်သည် အ ပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောနှင့်အဖြူရောင်ပိတ် ချောဖြင့် သင့်အပြစ်များအားလုံးမှ သင်ကဲ့သို့သော ပျက်စီးနေသော အပြစ်သားများကို ကယ်တော်မူခဲ့သည်ဟူသော ကယ်တင်ခြင်းသမ္မာ တရားကိုသိရှိ၍ဆုပ်ကိုင်ခဲ့ပြီးနောက် သင်သည် အပြစ်များလွှတ်ခြင်း အခွင့်ခံရသည်ဟု ထိုအချိန်တွင် ပြောကြားနိုင်ပါသည်။
တဲတော်၌ အသေးစိတ်ဖော်ပြထားသောဘုရားသခင်၏နှုတ်က ပတ်တော်ကိုကျွန်ုပ်တို့ကြည့်သောအခါ “ဘုရားသခင်၊ ကျွန်ုပ်တို့သည် မိမိအပြစ်များကောာင့် အပ္ပါယ်ငရဲသို့သွားရမည့်သူများဖြစ်ကြတယ်။ ကျွန်ုပ်တို့သည် အချိန်တိုင်းအပြစ်ဒုစရိုက်ကျူးလွန်နေကြတယ်။ဒါပေ မဲ့ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန်ဗတ္တိဇံခံယူ၍ အသွေး တော်သွန်းလောင်းခြင်းအားဖြင့် အပြစ်များအားလုံးနှင့်တရားစီရင် ခြင်းတို့မှ လုံးဝကယ်တင်တော်မူခဲ့တယ်။ ရေနှင့်ဝိညာဥ်တော်ကယ် တင်ခြင်းသမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံး သည် အပြစ်များအားလုံးနှင့်ပြစ်ဒဏ်များမှကယ်တင်ခြင်းခံရကြပါ တယ်။ ကျွန်ုပ်တို့အားလုံးသည် အမှန်မှာတော့ အပ္ပါယ်ငရဲသို့သွားရ မည့်သူများဖြစ်ကြပါတယ်။ သို့သော် ကိုယ်တော့်ကိကျေးဖူးတင်ပါ တယ်။ ကိုယ်တော်ချမှတ်တော်မူသောယဇ်ပူဇော်ခြင်းစနစ်ကိုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ကယ်တင်ခြင်းခံရ ကြသည်။ ကိုယ်တော်ချပေးတော်မူသော ကယ်တင်ခြင်းဆုကျေးဇူး ကို ကျွန်ုပ်တို့ယုံကြည်ကြပါတယ်။ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သောအ ရာတစ်ခုမှာ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်၍ ကိုယ် တော့်ကျေးဇူးတော်ကိုချီးမွမ်းခြင်းသာ ဖြစ်ပါတယ်”ဟု ဝန်ခံပြောဆို ရကြမည် ဖြစ်ပါသည်။ 
ဤလောကမှာ ခရစ်တော်၏ဖြောင့်မတ်ခြင်းသို့မလာသေးသူ မ ရေတွက်နိုင်လောက်အောင် များပြားနေသေးသည်။ လူပေါင်းများစွာ တို့သည် ကယ်တင်ခြင်းသမ္မာတရားကို လျစ်လျူရှုကြသည်။ အပြာ ရောင်၊ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောအားဖြင့် ဘုရားသခင်သည် အပြစ်သားများအား လောကအပြစ်များအားလုံးမှကယ်တင်တော်မူ ခြင်းကို နားမလည်ကြပေ။ ဤလူများက မိမိသည်အပြစ်သားဖြစ်ကြ သည်ကိုမစဥ်းစားကြပေ။ သူတို့သည် မိမိအပြစ်ကြောင့် တရားစီရင် ခြင်းခံရာသို့ ဦးတည်သည်ကိုလည်း နားမလည်ကြပေ။ သူတို့သည် အချိန်တိုင်းတွင် မရေတွက်နိုင်လောက်အောင်များပြားသောအပြစ် ကျူးလွန်ကြသော်လည်း ပျက်စီးသောအပြစ်သားများဖြစ်ကြသည် ကိုလည်းကောင်း၊မိမိကိုယ်ကိုလှည့်စားနေကြသည်ကိုလည်းကောင်း မသိကြပေ။ ထို့ပြင်၊ သူတို့သည် ဘုရားအတွက် ကောင်းသောအမှုပြု လုပ်သည်ဟု မိမိကိုယ်ကို မှားယွင်းစွာတွေးတော၍ သူတို့၏ကောင်း သောအကျင့်ကို ထင်ရှားစေရန် စိတ်အားထက်သန်လာကြသည်။ သူ တို့သည် ဘုရားသခင်ထံချဥ်းကပ်သောအခါ သူတို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းတရားထက် မိမိဖြောင့်မတ်ခြင်းတရားကိုသာ ပို၍ ယူဆောင်လိုကြသည်။ သူတို့အတ္တသဘောဆောင်သောမိမိကိုယ်ကို ဖြောင့်မတ်ခြင်းအားဖြင့် သူတို့သည် အပြစ်ပြုသော်လည်း အပ္ပါယ်င ရဲသို့သွားရမည်မဟုတ်ကြောင်း ယူဆကြပါသည်။ သူတို့သည်အပ္ပါယ် ငရဲသို့မသွားရဟု လုံးဝစိတ်ချဖြစ်ခဲ့ရကြသည်။ သူတို့သည် အပြစ်အ နည်းငယ်သာပြုကြသောကြောင့် ထိုအပြစ်များဖြေလွှတ်ခြင်းခံရကြ လိမ့်မည်ဟု မိမိကိုယ်ကို ထင်မှတ်တတ်ကြသည်။ 
သခင်ယေရှုကိုယုံကြည်ကြသော်လည်း သူတို့အထဲမှာအပြစ်အ နည်းငယ်ရှိသေးကြောင်းကိုလည်းကောင်း၊ နောင်တတရားနှင့်စပ် ဆိုင်သောဆုတောင်းခြင်းများအားဖြင့် ထိုအပြစ်များကို လွယ်ကူစွာ ဆေးကြောနိုင်သည်ကိုလည်းကောင်း၊ သူတို့သည် တစ်နည်းတစ် လမ်းအားဖြင့် စင်ကြယ်နိုင်ကြသည်ကိုလည်းကောင်း၊ ထိုသို့အားဖြင့် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ကြသည်ကို လည်းကောင်း၊ ယုံကြည်သူ ကမ္ဘာပေါ်မှာ ခရစ်ယာန်မြောက်များစွာအမှန်အကန်ရှိ သေးသည်။ အပြစ်ရှိသေးသော်လည်း သခင်ယေရှုကိုယုံကြည်ကြ သောကြောင့် ဘုရားသခင်သည် တရားစီရင်ခြင်းပြုတော်မမူဟုယုံ ကြည်သူခရစ်ယာန်များစွာရှိသေးသည်။ သို့သော် လူများစွာတို့သည် ဤကဲ့သို့ ယုံကြည်ကြသော်လည်း သူတို့အားလုံးသည် အပ္ပါယ်ငရဲသို့ သွားရန် ရှေ့ရှုနေကြသည်။ သင်သည် တဲတော်၌ထင်ရှားသောအပြာ ရောင်၊ ခရမ်းရောင်နှင့်အနီရောင်ပိတ်ချောနှင့်အဖြူရောင်ပိတ်ချော နက်နဲသောကယ်တင်ခြင်း အမှန်မသိဘဲ အပ္ပါယ်ငရဲသို့မသွားရဟု  ယူဆခြင်းသို့မဟုတ်သခင်ယေရှု၏ဗတ္တိဇံကိုမယုံကြည်ဘဲ သခင်ယေ ရှုအသေခံတော်မူခြင်းကိုသာယုံကြည်ခြင်းသည် မှားယွင်းသောယုံ ကြည်ခြင်းနှင့်မပြည့်စုံသောယုံကြည် ခြင်းသာဖြစ်ပါသည်။ ဤကဲ့သို့ သင့်နှလုံသားထဲမှာအပြစ်ရှိလျက်ပင် အပ္ပါယ်ငရဲသို့မရောက်ရပါဟု ထင်လျှင် သခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်အဖြစ်ယုံကြည် သော်လည်း သင်သည် ဘုရားသခင်၏စင်ကြယ်ခြင်းကို စိန်ခေါ်နေ ခြင်းသာဖြစ်သည်။ အပ္ပါယ်ငရဲသည် ဘုရားသခင်၏တရားစီရင်ခြင်း ရင်ဆိုင်ရသော မယုံကြည်သူများသော လောဘကျူးလွန်သူများအ တွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
အပ္ပါယ်ငရဲသို့ဦးတည့်နေကြသော်လည်း မိမိကိုယ်ကိုမသိသော ရူးမိုက်သောအပြစ်သားများစွာရှိခြင်းသည် အလွန်ဝမ်းနည်းစရာပင် ဖြစ်သည်။ သို့သော် ကျမ်းစာက “ဘယ်ကြောင့်နည်းဟူမူကား၊ လူအ ပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဘုရားသခင်ရှေ့တော်၌ အသရေပျက် ကြပြီ”(ရောမ ၃း၂၃) ဟု ဖော်ပြထားသည်။ လူသားအားလုံးသည် အပြစ်သားများဖြစ်၍အပြုကျူးလွန်ကြသောကြောင့် အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရကြမည် ဖြစ်သည်။ ဘုရားသခင်၏ဘုန်းတော်မှာအခြား သောအရာမဟုတ်၊ ရေနှင့်ဝိညာဥ်တော်အားဖြင့်ကြွလာတော်မူသော သခင်ယေရှုခရစ်တော်ပင် ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သော ခရစ်ယာန်များစွာရှိကြသော်လည်း ရေ၊အသွေးနှင့်ဝိညာဥ်တော်အား ဖြင့်ကြွလာသော သခင်ယေရှုကို အမှန်အကန်မသိကြသောကြောင့် အများစုမှာ ကယ်တင်ခြင်းမခံရကြပေ။ သူတို့သည် အပြာရောင်၊ခ ရမ်းရောင်နှင့်အနီရောင်ပိတ်ချောဖြင့်ကြွလာတော်မူသောသခင်ယေ ရှုခရဏ်တော်ကိုမသိ၊ အယုံကြည်ကြသောကြောင့်မိမိအပြစ်များ အားလုံးမှဆေးကြောခြင်းမရှိကြသောကြောင့် တောက်ပသောဘု ရားသခင်၏အိမ်တော်သို့ဝင်ခွင့်မရကြပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်သို့ဝင်ခွင့်မရပါက ဘုရားသခင်၏နိုင်ငံတော်သို့ ပါဝင်ခွင့် သည် လုံးဝမဖြစ်နိုင်ပေ။ သင်သည် နောက်ဆုံးတွင် အပ္ပါယ်ငရဲသို့ ပစ်ချခြင်းကို အမှန်ခံရကြလိမ့်မည်။ 
ထိုကြောင့်၊ သင်သည် သခင်ယေရှုခရစ်တော်ကို သင့်ကယ်တင် ရှင်အဖြစ်ယုံကြည်သော ခရစ်ယာန်တစ်ဦးဖြစ်သော်လည်း ဒုတိယ မွေးဖွားခြင်းကိုအမှန်မခံရပါက သင့်အပြစ်များအတွက် အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရမည်ဟုသင်ဝန်ခံရမည်ဖြစ်သည်။ ဤအချက်ပေါ်မူတည် ၍ သခင်ယေရှုခရစ်တော်ကို သင့်တော်စွာ ယုံကြည်လိုက်ပါ။ ဘုရား သခင်၏ပညတ်တော်က အပြစ်၏အခကားသေခြင်းဖြစ်သည်ဟု ဖော် ပြထားသည်။ ဤဘုရားသခင်၏ပညတ်တော်ကို သင်အသိအမှတ်ပြု ၍ ချီတုန်ချတုန်မပြုဘဲ ယုံကြည်ရမည် ဖြစ်သည်။ အကယ်၍သင် သည် မိမိအပြစ်များကြောင့် အပ္ပါယ်ငရဲသို့ တည့်တည့်ဦးတည်သွားရ မည်သူဖြစ်ကြောင်းဝန်ခံခြင်းရှိမှသာလျှင် ဘုရားသခင်ချပေးတော်မူ သောရေနှင့်ဝိညာဥ်တော်သတင်းကို ယုံကြည်နိုင်မည် ဖြစ်သည်။ ဘု ရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးမှာ အပြစ်များဖြေလွှတ်ခြင်း ဖြစ်သည်။ ဤဆုကျေးဇူးကို သခင်ယေရှုခရစ်တော်၏ဗတ္တိဇံ၊ ကား တိုင်ပေါ်တွင်အသေခံတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်တော်မူခြင်းကို ယုံကြည်သောသူများပေါ်တွင် အပြည့်အဝ အပ်နှင်းထားပါသည်။
အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကယ်တင်ခြင်းနှင့်ရွေးနှုတ်ခြင်း သည် မိမိကိုယ်မှမလာပေ။ ဘုရားသခင်၏‌ကျေးဇူးတော်ကြောင့်ဖြစ် သည်။ ကိုယ်ပိုင်ရွေးချယ်မှုဖြင့် မည်သူမည်ဝါကမှ ဤလောကသို့မ မွေးဖွားခဲ့ကြပေ။ သို့သော် ဘုရားသခင်သည် မိမိသားသမီးများဖြစ် လာရန် ဤလောကသို့ မွေးဖွားခွင့်ပြုတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင်အသေခံတော်မူခြင်းနှင့်ရှင် ပြန်ထမြောက်တော်မူခြင်းကိုယုံကြည်ပါက ကယ်တင်ခြင်းအဆင့်သို့ ရောက်နိုင်ရန် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအရာဖြစ်သော ကြောင့် ကျွန်ုပ်တို့သည် ဤသမ္မာတရားယုံကြည်ရမည် ဖြစ်သည်။
အပြစ်၏အခကားသေခြင်းဖြစ်သည်ဟု ဘုရားသခင်၏ပညတ် တော်က ကြွေးကြော်ခဲ့သည်။ သို့သော် ဘုရားသခင်သည် သခင်ယေ ရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ကျွန်ုပ်တို့အားပေးရန်ပြင် ဆင်တော်မူခဲ့သည်။ဘုရားသခင်သည် မီးရှို့ရာယဇ်ပလ္လင်အား အကာ ရှသစ်သားဖြင့်ပြုလုပ်ရန်၊ ကြေးဝါမွမ်းမံရန်နှင့် ၎င်းပေါ်မှာမီးထွန်းညှိ ရန်မိန့်မှာတော်မူခဲ့သည်။ ဤအရာက အပြစ်၏အခကားသေခြင်းပေ တည်းဟူသောတရားကို ပြဌာန်းထားသည်။ အပြစ်အားလုံးသည် ထာဝရတရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။ ဤဘုရားသခင်တည် ထောင်တော်မူသောပညတ်တော်သည် မည်သူကမှ မဖျက်ဆီး၊ မ ပြောင်းလဲနိုင်ကြပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် အကူအညီမဲ့အပြစ် သားများဖြစ်ကြကြောင်း မိမိကိုယ်ကိုဝန်ခံ၍ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသမ္မာတရားလက်ခံရရှိရမည် ဖြစ်သည်။ ကျွန်ုပ်တို့အ တွက် ဘုရားသခင်တည်ထောင်၍ပြည့်စုံစေတော်မူသော ပညတ်ဟူ သမျှကို အသိအမှတ်ပြု၍ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏တာဝန် ဖြစ်သည်။ 
သင်သည် တဲတော်အကြောင်းနှင့်မှန်ကန်သောယုံကြည်ခြင်းကို တိကျမှန်ကန်စွာနားလည်သဘောပေါက်လျှင် ဘုရားသခင်သည်သင့် အပြစ်များအားလုံးမှကယ်တင်ရုံသာမက ဤအပြစ်များအားလုံးမှ  လွတ်မြောက်ရသောအခွင့်ပေးတော်မူလိမ့်မည်။ ထို့ပြင်ကောင်းကြီး မင်္ဂလာအကုန်အစင်ချပေးတော်မူပါလိမ့်မည်။ သို့သော် သင်သည် အ ပြစ်များစွာရှိလျက်ပင် အပြစ်မရှိဟုထင်မှတ်ခြင်း၊ အပြစ်ဒုစရိုက်လုံးဝ မကျူးလွန်သူအဖြစ်ထင်မှတ်ခြင်း၊သင်ပြုသောကောင်းမှုကုသိုလ်များ   ကိုရေတွက်၍ အပြစ်အနည်းငယ်ကိုသာကျူးလွန်ခဲ့သည်ဟုယူဆ ခြင်းရှိကာ အပြစ်ရှိကြောင်းငြင်းပယ်နေပါက ဘုရားသခင်၏ပညတ် တော်နှင့်ဆိုင်သောအမျက်တော်သည် သင့်ဝိညာဥ်ကို တရားစီရင် တော်မူလိမ့်မည်။ 
သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူသည်။ သင်သည် သခင်ယေရှုအားမိမိကယ်တင်ရှင်အဖြစ်ယုံကြည်၍ ဘုရားသခင် ပြည့်စုံစေတော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကိုးစား ပါက သင့်အပြစ်များအားလုံးမှ လွတ်မြောက်ခြင်းအခွင့်ခံရလိမ့်မည်။ သငသည် ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအား ဖြင့် အသင့်အပြစ်များအားလုံးတစ်ကြိမ်လွတ်မြော်သောအခါ သင် သည် ဘုရားသခင်၌ အစဥ်အမြဲ နေရာယူအမှန်အကန်ကျိန်းဝပ်နိုင် လိမ့်မည်။ 
တဲတော်ယဇ်ပူဇော်ခြင်းစနစ်၌ ဖုံးအုပ်ထားသော ကယ်တင်ခြင်း သမ္မာတရားအားဖြင့် အပြစ်များအားလုံးနှင့်သေခြင်းမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သော သခင်ယေရှုခရစ်တော်အပေါ် ကျေးဇူးတင်၍ ဘု ရားသခင်၏နာမတော်ကို ချီးမွမ်းပါသည်။