Search

တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-32] ယဇ်ပရောဟိတ်ကြီးအား သန့်ရှင်းစင်ကြယ်စေသော အပြစ်ဖြေရာယဇ် (ထွက် ၂၉း၁-၁၄)

ယဇ်ပရောဟိတ်ကြီးအား သန့်ရှင်းစင်ကြယ်စေသော အပြစ်ဖြေရာယဇ်
(ထွက် ၂၉း၁-၁၄)
“သူတို့သည်ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အ ကြောင်း၊အဘယ်သို့သန့်ရှင်းစေရမည်နည်းဟူမူကား၊အပြစ်မပါသော နွားသငယ်အထီးနှင့်သိုးနှစ်ကောင်တို့ကို၎င်း၊တဆေးမပါသောဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ် သော ဂျုံမုန့်ကြွပ်တို့ကို၎င်းယူရမည်။ထိုမုန့်များကို တောင်းတလုံးထဲ ၌ ထည့်ပြီးမှ၊ နွားတကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
အာရုန်နှင့်သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့ ၍ရေချိုးရမည်။အဝတ်တန်ဆာများကိုယူ၍၊အင်္ကျီ၊ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည်။သူ၏ခေါင်းပေါ်မှာဗေါင်းကိုတင်၍၊ဗေါင်း၌သန့်ရှင်းသော သင်းကျစ်ကိုတပ်ရမည်။ထိုအခါလိမ်းစရာဆီကိုယူ၍သူ၏ ခေါင်းပေါ် ၌လောင်းသဖြင့်သူ့ကိုလိမ်းရမည်။ သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပု ရောဟိတ်အရာကိုဆိုင်ရမည်။ထိုသို့အာရုန်နှင့်သူ၏သားတို့ကို၊ယဇ်ပု ရောဟိတ်အရာ၌ခန့်ထားရမည်။ ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့်သူ၏ သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ရမည်။အသွေးကို ယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက် ညှိုးနှင့်ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။အအူကိုဖုံးသောဆီဥရှိသမျှ၊အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။နွား၏အသား၊ အရေး၊ ချေးနုကိုကား၊ တပ်ပြင်မှာ မီးရှို့ ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်၏။”
 

ယနေ့ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ်ကြီးအားစင်ကြယ်ခြင်း ဖြစ်စေသောအရာကို အာရုံစိုက်ပြန်လှည့်ကြည့်ကြပါစို့။ ဤတွင်ဘု ရားသခင်သည် မောရှေအား အာရုံနှင့်မိမိသားများမည်သို့သန့်ရှင်း စင်ကြယ်စေရမည်ကို အသေးစိတ်ကွက်ကွက်ကွင်းကွင်းမိန့်မှာတော် မူခဲ့သည်။ အငယ် ၉ တွင် “ဆေးကြောသန့်စင်စေခြင်း”စကားလုံး၏ အဓိပ္ပါယ်မှာ သန့်ရှင်းစေခြင်း၊ ပြင်ဆင်ခြင်း၊ ဆက်ကပ်ခြင်း၊ ဂုဏ်ပြု ခြင်း၊ သန့်ရှင်းမြင့်မြတ်သူအဖြစ်ဆက်ဆံခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် သန့်ရှင်းခြင်းအဓိပ္ပါယ်မှာ ဘုရားသခင်ထံဆက်ကပ်ခြင်း၊ စင်ကြယ်စေခြင်းဖြစ်သည်။ ထိုကြောင့် “ယဇ်ပရောဟိတ်ကြီးအဖြစ် သန့်ရှင်းစေခြင်း”အဓိပ္ပါယ်မှာ “ယဇ်ပရောဟိတ်ကြီး၏တာဝန်ကို ထမ်းဆောင်ရန် အခွင့်အာဏာပေးအပ်ခြင်းခံရ၍ရွေးကောက်ခြင်းခံရ သူ”ဖြစ်သည်။ ဘုရားသခင်သည် အာရုံနှင့်မိမိသားသမီးများအား ယဇ်ပရောဟိတ်အခွင့်အာဏာနှင့်ယဇ်ပရောဟိတ်ရာထူးကို ချပေး တော်မူခဲ့သည်။ သူတို့သည် မိမိလူများ၏အပြစ်များဖြေလွှတ်ရန်အ တွက် အမှုတော်ကိုထမ်းဆောင်ကြသောပုဂ္ဂိုလ်များဖြစ်ကြသည်။ 
အာရုန်သည် ယဇ်ပရောဟိတ်ကြီး၏ဝတ်လုံကိုဝတ်ဆင်၍ မိမိ ခေါင်းပေါ်တွင်သင်းကျစ်ဝတ်ဆင်ရန်နှင့်မိမိသားများအား အင်္ကျီများ ကိုဝတင်ဆင်စေရမည်ဟုဘုရားသခင်သည် မောရှေအားမိန့်မှာတော် မူခဲ့သည်။ထိုနောက် အာရုန်းသည် ယဇ်ပရောဟိတ်ကြိးအဖြစ်သန့် ရှင်းစင်ကြယ်စေရန် မိမိသားများသည်လည်းယဇ်ပရောဟိတ်အရာ ၌ခန့်အပ်ရမည်။ သူတို့သည် သန့်ရှင်းစင်ကြယ်စေရန်အတွက်နွားထီး တစ်ကောင်းနှင့်အပြစ်အနာအဆာကင်းမဲ့သောသိုးထီးနှစ်ကောင်ကို ယူလာရမည်။  ယဇ်ပရောဟိတ်ကြီး၏အရေးကြီးဆုံးသောတာဝန်မှာ အပြစ်ဖြေရာနေ့တွင် ဣသရေလတစ်မျိုးလုံး၏အပြစ်များဖြေလွှတ် ရန်အတွက် အပြစ်ဖြေရာယဇ်ပူဇော်ခြင်း ဖြစ်သည်။ ထိုသို့ပူဇော်နိုင် ရန်အတွက် အာရုန်နှင့်မိမိသားများသည် ရှေးဦးစွာမိမိအပြစ်များကို သန့်ရှင်းစင်ကယ်ရမည် ဖြစ်သည်။ ထိုကြောင့် သူတို့သည် သန့်ရှင်း စင်ကြယ်ရာနေ့တွင် မိမိအပြစ်အတွက် ရှေးဉီးစွာအပြစ်ဖြေရာယဇ်ပူ ဇော်ရခြင်း ဖြစ်သည်။ 
ဤတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည့်အရာမှာ ယဇ် ပရောဟိတ်ကြီးသည် ဘုရားသခင်ထံ‌တော်သို့အသွေးဖြင့်ယဇ်ပူဇော် ရန် ယဇ်ကောင်များမသတ်မီယဇ်ကောင်းများ၏ခေါင်းပေါ်တွင်လက် မတင်မီ ဘုရားသခင်ချမှတ်တော်မူသောယဇ်ပူဇော်ခြင်းဆိုင်ရာစနစ် နှင့်အညီ အရာအားလုံးကို မလွဲမသွေလုပ်ဆောင်ခြင်းဖြစ်သည်။ ရက် ပေါင်းခုနစ်ရက်အတောအတွင်း ယဇ်ပရောဟိတ်ကြီးသည် မိမိသန့် ရှင်းစင်ကြယ်စေရန်အတွက် မီးရှို့ရာယဇ်၊ချီလွှဲရာယဇ်နှင့် ချီးမြှောက် ရာယဇ်များနှင့်အတူ အပြစ်ဖြေရာယဇ်စသည်တို့ကို ပူဇော်ရမည်ဖြစ် သည်။
ယဇ်ပရောဟိတ်ကြီးသည် မိမိအတွက်ဖြစ်စေ၊ အိမ်သူအိမ်သား များအတွက်ဖြစ်စေ အပြစ်ပူဇော်ရာယဇ်များပြုလုပ်သကဲ့သို့  ယဇ် ကောင်မသတ်မီယဇ်ကောင်၏‌ခေါင်းပေါ်သို့ ဣသရေလလူမျိုးများ၏ အပြစ်များအားလုံးကို လက်တင်လျက် လွှဲပြောင်းပေးကာ အသွေးကို ယူဆောင်ရမည် ဖြစ်သည်။ ယဇ်ပရောဟိတ်ကြီးအဖြစ် ဘုရားသခင် ထံ‌တော်သို့ အမှုတော်ထမ်းဆောင်ရမည့်တာဝန်အတွက် သူသည် မိ မိလူများ၏အပြစ်များဖြေလွှတ်ခြင်းဖြစ်စေသော ယဇ်ပူဇော်ခြင်းများ ကိုအသေးစိတ်၊ လုံးစေ့ပတ်စေ့လေ့လာသိရှိရသည်။ ယဇ်ပရောဟိတ် ကြီးသည်ရှေ့ဦးစွာ မိမိအပြစ်များဆေးကြောသန့်စင်စေရန်အပြစ်ဖြေ ရာယဇ်ကိုပြုရခြင်းအကြောင်းမှာ မိမိလူများအတွက် အပြစ်ဖြေရာ ယဇ်ပူဇောပေးနိုင်ရန် လေ့ကျင့်သင်ယူခြင်း ဖြစ်သည်။ သူသည် ယဇ် ကောင်၏ခေါင်းပေါ်တွင်လက်တင်ခြင်းအားဖြင့်သော်လည်းကောင်း၊ အသွေးကိုယူ၍ မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင်သွန်းလောင်းခြင်းအားဖြင့် သော်လည်းကောင်း၊ ကျန်အသွေးများကို မြေပေါ်တွင်သွန်းလောင်း ခြင်းအားဖြင့်သော်လည်းကောင်း ပြုလုပ်ပေးရသည်။ 
ဤတွင် ယဇ်ပရောဟိတ်ကြီးသည် မိမိအပြစ်များနှင့်မိမိလူများ ၏အပြစ်များကို မည်သို့လွှဲပြောင်းပေးရမည်ကို သိရှိခဲ့သည်။ သူသည် လက်တင်ခြင်းအားဖြင့် အပြစ်ဖြေရာယဇ်‌ခေါင်းပေါ်တွင် လက်တင်ခဲ့ သည်။ထွက်၂၉း၁၀-၁၂တွင်“ထိုနောက်၊နွားထီးတကောင်ကို ပရိသတ် စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့ သည်၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနားမှာထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ရမည်။အသွေးကိုယူ၍ယဇ်ပလ္လင်ဦးချိုတို့၌လက်ညှိုးနှင့် ထည့် ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင် ခြေရင်းနား၌ သွန်ရမည်” ဟု ဖော်ပြထားသည်။
ယဇ်ပရောဟိတ်ကြီးနှင့်မိမိသားများသည်ယဇ်ကောင်နွားထီး၏ ခေါင်းပေါ်တွင် လက်များကို မလွဲမသွေတင်ရမည် ဖြစ်သည်။ အ ကြောင်းမှာ   အာရုန်ယဇ်ပရောဟိတ်ကြီးနှင့်မိမိသားများက ယဇ် ကောင်၏ခေါင်းပေါ်တွင် လက်များတင်၍ အပြစ်များအားလုံးကိုလွှဲ ပြောင်းပေးရမည် ဖြစ်သည်။ ယဇ်ကောင်းသည် ယဇ်ပရောဟိတ်ကြီး နှင့်သူ၏သားများ၏အပြစ်များကို လက်တင်ခြင်းအားဖြင့်လက်ခံခဲ့ပြီ ဖြစ်သောကြောင့် အသွေးသွန်း၍အသေခံရသည်။ ထိုနောက် ယဇ်ပ ရောဟိတ်ကြီးသည် အသွေးကိုယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ဦးချိုများ ပေါ်တွင်အသွေးကိုသွန်းလောင်၍ကျန်အသွေးများကိုမြေပေါ်သို့ သွန် ရသည်။ သူသည်အူများကိုဖုံးအုပ်ထားသောအဆီးများ၊ အသည်းကို ဖုံးအုပ်ထားသောအဆီးမြှေးများ၊ နှင့် ကျောက်ကပ်နှစ်ခုများနှင့် အဆီ များကိုယူ၍ ပလ္လင်ပေါ်တွင် မီးရှို့ရသည်။ 
အမှတ်တမဲ့အပြစ်ကျူးလွန်သောသာမန် လူများအားလုံး၏အ ပြစ်များအတွက်အပြစ်ဖြေရာယဇ်ပူဇော်ပေးခြင်းကိစ္စမှာ သူသည် အပြစ်အနာအဆာကင်းမဲ့သောဆိတ်သငယ်တစ်ကောင်ကိုအပြစ်ဖြေ ရာယဇ်အတွက်ယူ၍ ထိုသူအပေါ်မှာ မိမိကျူးလွန်ခဲ့သောအပြစ်များ ကိုလွှဲပြောင်းပေးရသည်။ “အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်း ပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ထိုဆိတ်ကို သတ်ရမည်။ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုး နှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေး ကိုယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။  မိဿဟာယယဇ်ကောင်ဆီ ဥကိုယူသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍ ထာဝရဘုရားအား မွှေးကြိုင်စ ရာဘို့  ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊  သူ၏ အပြစ်လွတ်လိမ့်မည်” (ဝတ်ပြု ၄း၂၉-၃၁)။
လက်များတင်ခြင်းနှင့်ယဇ်ကောင်အသွေးသွန်းလောင်းခြင်းတို့ သည် ဘုရားသခင်ချမှတ်တော်မူသောယဇ်ပူဇော်ခြင်းဆိုင်ရာမရှိမ ဖြစ်လိုအပ်သောအရာများဖြစ်သည်။ ကမ္ဘာမတည်မီအချိန်ကတည်း က ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်နှင့်အနီ‌ရောင်ချည် နှင့်အဖြူရောင်ပိတ်ချော၌ဖုံးအုပ်ထားသောသမ္မာတရားဖြင့် ကျွန်ုပ် တို့အပြစ်များကို ဖယ်ရှားပေးတော်မူရန်အတွက် သခင်ယေရှုအား ဖြင့် ကြံစည်တော်မူခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူ မျိုးများအား မီးရှု့ရာယဇ်ပလ္လင်ပူဇော်သည့်အချိန်တိုင်းတွင် အတွေ့ခံ တော်မူလိမ့်မည်ဟု ကတိပြုတော်မူခဲ့သည်။ ထွက် ၂၉း၄၂ တွင် “ထိုသို့သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက် ရာအရပ်၊ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံ ခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည်” ဟုဖော်ပြ ထားသည်။ ယဇ်ပရောဟိတ်များ နံနက်တိုင်းနှင့်ညနေတိုင်းပြုသော မီးရှို့ရာယဇ်သည် ခေတ်အဆက်ဆက် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရသော ဝိညာဥ် ရေးရာဣသရေလလူမျိုးများဖြစ်သော ကျွန်ုပ်တို့မျိုးဆက်သစ်များပူ ဇော်ရသောယဇ်ဖြစ်သည်။ ဤယဇ်ပူဇော်ခြင်းပြုခြင်းအားဖြင့် ဘုရား သခင်သည် ကျွန်ုပ်တို့အား တွေ့တော်မူလိမ့်မည်ဟု ကိုယ်‌တော်မိန့် တော်မူခဲ့သည်။
 


ယဇ်ပရောဟိတ်မင်းပြုသောမီးရှို့ရာယဇ်၏အဓိပ္ပါယ်မှာ အဘယ်အရာဖြစ်သနည်း


ယဇ်ကောင်သည် မိမိခေါင်းပေါ်တွင်လက်တင်ခြင်းသောအပြစ် သားများ၏အပြစ်ဒုစရိုက်အားလုံးကိုလက်ခံခဲ့သောကြောင့် သူသည် သူတို့ကိုယ်စားအသေခံ၍ မီးရှို့ကာ ပြစ်ဒဏ်ခံရသည်။ အပြစ် ယဇ်ပူ ဇော်ခြင်းစနစ်အားဖြင့် ကျွန်ုပ်တို့ထံမှဘုရားအလိုရှိတော်မူသောအရာ မှာ “ဘုရားရှေ့တော်မှာ ကျွန်တော် အပြစ်များစွာကျူးလွန်ခဲ့တယ်။ ကျွန်တော်ဟာအပြစ်တရားစီရင်ခြင်းခံရမယ်”ဟုဝန်ခံခြင်းဖြစ်သည်။ မိမိအပြစ်များဆေးကြောသန့်စင်စေနိုင်ရန်အတွက်ကယ်တင်ခြင်းအ တွက်ဘုရားသခင်၏ပညတ်တော်နှင့်အညီ ကျွန်ုပ်တို့သည် ယဇ် ကောင်ပေါ်တွင်လက်တင်၍ အပြစ်ကိုယူကာ ထိုအသွေးကို မီးရှို့ရာ ယဇ်ပလ္လင်၏ဦးချိုများပေါ်တွင်ဖျန်း၍ ကျန်အသွေးများကိုမြေပေါ်မှာ သွန်းလျက် အသားကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရမည်ဖြစ် သည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ကျေးဇူးတော် နှင့်အညီ အပြစ်များဖြေလွှတ်ခြင်းကို ကျွန်ုပ်တို့ခံစားရရှိကြသည်။ 
ပထမအနေဖြင့်၊ ကျွန်ုပ်တို့သည် ကာယကံနှင့်မနောကံတို့ဖြင့် အပြစ်များအားလုံးကျူးလွန်နေကြကြောင်း ဘုရားသခင်ရှေ့တော်၌ အသိအမှတ်ပြုရမည် ဖြစ်သည်။ ဤအပြစ်များအတွက် လွှဲရှောင်၍မ ရဘဲ တရားစီရင် ခြင်းခံရမည်ဟု ကျွန်ုပ်တို့အသိအမှတ်ပြုရမည်ဖြစ် သည်။ သို့သော် ဘုရားသခင်ချပေးတော်မူသောပြည့်စုံသောကယ် တင်ခြင်းအတွက် ဘုရားသခင်ကို အလွန်အမင်းကျေးဇူးတင်ကြပါ သည်။ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၌တစ်ပါးတည်းသောသား တော်ကို စွန့်တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူ ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကိုယူဆောင်တော်မူခဲ့၍ ကိုယ်တော့်ကိုယုံကြည်သောသူများသည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ရစေရန်အတွက် ကားတိုင်ပေါ်တွင်အသေခံ‌တော်မူ ခြင်းအားဖြင့်ထိုအပြစ်များအားလုံးကို အသေခံခြင်းအားဖြင့်ပြစ်ကြွေး များပေးဆပ်တော်မူခဲ့သည်။ 
ယဇ်ပူဇော်ခြင်းစနစ်တွင်လက်တင်ခြင်းနှင့်အသွေးသွန်းလောင်း ခြင်းအားဖြင့် ယဇ်ပူဇော်ြခင်းပြုရပါသည်ဟု ဖော်ပြထားသည်။ ဤအ ရာက ကျွန်ုပ်တို့အပြစ်များအားလုံးလွှဲပြောင်းပေးသောယုံကြည်ခြင်း သက်သေဖြစ်သဖြင့် ထိုအရာကို ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်သည်။  အပြစ်သားအားလုံးသည် ယဇ်ကောင်၏ခေါင်းပေါ်တွင် မိမိလက်များ ကိုတင်ခြင်းအဓိပ္ပါယ်မှာ မိမိအပြစ်များကို ထိုယဇ်ကောင်ပေါ်သို့လွှဲ ပြောင်းပေးလိုက်ခြင်း ဖြစ်သည်။ ယဇ်ပရောဟိတ်မင်းသည်လည်း “ကျွန်တော်ဘုရားရှေ့မှာအပြစ်ရှိပါတယ်။ အဲဒီအပြစ်ကြောင့်အသေ ခံရမယ်”ဟု အပြစ်ဖြေရာယဇ်ပူဇော်သည့်အချိန်တွင် ဝန်ခံရပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အားအပြစ်မှကယ်နုတ်တော်မူ ရန် ပြစ်ကြွေးအားလုံးပေးဆပ်ပေးတော်မူခဲ့ပြီဟု ယုံကြည်ခြင်းအား ဖြင့်သော်လည်းကောင်း၊ ဤယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်ဖြေလွှတ် ခြင်းရရှိရန်ဘုရားသခင်လုပ်ဆောင်ပေးတော်မူခဲ့သည်ဟု ယုံကြည် ခြင်းအားဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိ နိုင်သည်။ 
ဘုရားသခင်သည် “အဲဒီနေရာတွင် ငါမင်းတို့ကိုတွေ့မည်”ဟု မိန့်တော်မူခဲ့သည်။ ယဇ်ပရောဟိတ်ကြီများနှင့်အတူ သာမန်လူအား လုံးကိုတွေ့တော်မူမည်ဟု ဘုရားမိန့်တော်မူခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံး၏အပြစ်များကို ဖြေလွှတ်တော် မူ၍ မိမိလူများဖြစ်စေတော်မူလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့တွေ့ဆုံတော်မူမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းအကြံအစည်ရှိတော်မူသောကြောင့် ကိုယ်‌တော်တိုင်ချမှတ်တော်မူသောယဇ်ပူဇော်ခြင်းစနစ်နှင့် အညီအ ပြစ်ဖြေရာယဇ်ပူဇောသောသူများကို ဘုရားသခင်သည်အမှန်အကန် တွေ့ဆုံတော်မူလိမ့်မည်။ လူသားများသည် အပြစ်သားများဖြစ်မွေး ဖွားခဲ့ကြကြောင်းနှင့်အပ္ပါယ်ငရဲသို့သွားရမည်ဖြစ်ကြောင်း ဘုရားသိ တော်မူခဲ့သည်။ ဘုရားသခင်သည် ကယ်တင်ခြင်းအတွက်ယဇ်ပူဇော် ခြင်းစနစ်၌ထင်ရှားသောဂရုဏာတရားတော်နှင့်အညီ ကျွန်ုပ်တို့အ ပြစ်များအားလုံးကိုဆေးကြောရန်နှင့်မိမိသားသမီးများဖြစ်လာရန် အ တွက် ဘုရားသခင်အလိုတော်ရှိသည်။ ဘုရားသခင်သည် ယဇ်ပူဇော် ခြင်းစနစ်ကိုထူထောင်တော်မူခဲ့သောကြောင့် မရေတွက်နိုင်သောဣ သရေလလူများသည် ယဇ်ကောင်ပေါ်လက်တင်ခြင်းအားဖြင့် မိမိအ ပြစ်များကို လွှဲပြောင်းနိုင်ခဲ့ကြသည်။ 
ဣသရေလလူမျိုးများသည် ယဇ်ကောင်အပေါ်အပြစ်လွှဲပြောင်း ပေးနိုင်သောနည်းလမ်းမှာ “လက်တင်ခြင်း”နည်းစနစ်ဖြစ်သည်။  ဣ သရေလလူမျိုးများသည်ဘုရားသခင်၏ပညတ်တော်ကိုအကြိမ်ပေါင်း များစွာချိုးဖောက်ခဲ့ကြ၍ အပြစ်များအားလုံးကျူးလွန်ခဲ့ကြသည်။သို့ သော် သူတို့သည် “လက်တင်ခြင်း”နည်းစနစ်အားဖြင့် ယဇ်ကောင် ပေါ်သို့ သူတို့၏ဒုစရိုက်အပြစ်များအားလုံးကို လွှဲပြောင်းပေးနိုင်ခဲ့ကြ သောကြောင့်သူတို့သည် မိမိအပြစ်များအားလုံးကို ဆေးကြောနိုင်ကြ ခြင်း ဖြစ်သည်။ ဤသို့ပြုခြင်းအားဖြင့် ဘုရားသခင်သည် ကိုယ်တော့် ကို ယုံကြည်သောဣသ‌ရေလလူမျိုးများနှင့်အတူ ကိန်းဝပ်တော်မူ၍ သူတို့၏ဘုရားဖြစ်တော်မူသည်။ သူတို့ကိုလမ်းပြတော်မူသည်။ ကောင်းကင်ဆိုင်ရာကောင်းကြီးမင်္ဂလာများနှင့်အတူ လောကကြွယ် ဝခြင်းကောင်းကြီးမင်္ဂလာများကိုလည်း ချပေးတော်မူသည်။ ဤ ကောင်းကြီးမင်္ဂလာများသည် တဲတော်၏ယဇ်ပူဇော်ခြင်းစနစ်ကိုယုံ ကြည်ခြင်းအားဖြင့် အစစ်အမှန်ရရှိခံစားနိုင်ကြသည်။ 
ဘုရားသခင်သည် တဲတော်၏ယဇ်ပူဇော်ခြင်းလုပ်ဆောင်ချက် များအားလုံးကို ချမှတ်တော်မူခဲ့သည်။ ဘုရားသခင်ချမှတ်တော်မူ သောစနစ်နှင့်အညီ ဣသရေလလူမျိုးများသည် ယဇ်ကောင်ပေါ်တွင် လက်တင်ခြင်းအားဖြင့် သူတို့အပြစ်များအားလုံးမှစင်ကြယ်ခြင်းရရှိ နိုင်၍ သူတို့အပြစ်များကို ထိုယဇ်ကောင်ပေါ်တွင် လွှဲပြောင်းပေးနိုင် ကြသည်။ လက်တင်ခြင်းတန်ခိုးယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ထံ တော်သို့ချဥ်းကပ်တိုးဝင်သောသူများအားလုံးနှင့် အသွေးအားဖြင့်မိမိ အပြစ်များဆေးကြောသန့်စင်စေသောသူများကို ဘုရားသခင်လက်ခံ တော်မူ၍ ဤသမ္မာတရားကိုယုံကြည်သောသူများသည် သန့်ရှင်း သောဘုရားသခင်နှင့်အတူလျှောက်လှမ်းနိုင်ကြသည်။လက်တင်ခြင်း နှင့်အသွေးသွန်းလောင်းခြင်းတို့နှင့်အတူ ယဇ်ပူဇော်ခြင်းမရှိလျှင်ဘု ရားသခင်သည် ဣသရေလလူမျိုးများနှင့်အတူ ကိန်းဝပ်တော်မူခြင်း မရှိပေ။ဣသရေလလူမျိုးများသည် မည်သို့မပြည့်စုံ၍ မြောက်များစွာ  သောအပြစ်များကျူးလွန်နေပါစေ ကယ်တင်ခြင်းအတွက်ဘုရားသ ခင်ချမှတ်တော်မူသော ယဇ်ပူဇော်ြခင်းပညတ်-အပြစ်ဖြေရာယဇ်၏ ခေါင်းပေါ်တွင်လက်တင်ခြင်းနှင့် အသွေးသွန်းလောင်းခြင်းအားဖြင့် ဘုရားသခင်သည် သူတို့နှင့်အတူ ကိန်းဝပ်တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်သည် ယဇ်ကောင်၏ခေါင်းပေါ်တွင်လက် တင်၍အသွေးသွန်းလောင်းခြင်းအားဖြင့် အပြစ်များဖြေလွှတ်တော်မူ ၍ကယ်တင်ခြင်းပေးအပ်‌တော်မူသည်ဟု နားလည်သဘောပေါက်ရ မည် ဖြစ်သည်။ 
ယဇ်ပရောဟိတ်များသည် နံနက်နှင့်ညနေတိုင်းတွင် မီးရှို့ရာ ယဇ်ပူဇော်ရမည် ဖြစ်သည်။ သူတို့သည် နံနက်နှင့်ညနေယဇ်ပူဇော်ရ သည့်အကြောင်းမှာ မိမိအပြစ်များအတွက် နံနက်ပိုင်းတွင် မီးရှို့ရာ ယဇ်ပြုပြီးသည့်နောက် သူတိုသည် နေ့အချိန်တွင် ပို၍များပြားသော အပြစ်များကို ကျူးလွန်နိုင်ကြသည်။ ထိုကြောင့် သူတို့သည် ညနေ ပိုင်းတွင် အပြစ်ဖြေရာယဇ်ပူဇော်ခြင်းအားဖြ်င့ သူတို့အပြစ်များပြန် လည်လွှဲပြောင်းရန်နှင့် ဆေးကြောရန်မရှိမဖြစ် လိုအပ်နေသော ကြောင့်ဖြစ်သည်။နေ့တိုင်းမီးရှို့ရာယဇ်ပူဇော်ခြင်းက သခင်ယေရှု သည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိ ဇံခံယူခြင်းအားဖြင့် လောကအပြစ်များကိုယူဆောင်သွားကာ ကား တိုင်ပေါ်တွင်အသေခံတော်မူလျက် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်သည့်အကြောင်းကို သတိရ၊ ယုံကြည်သောယုံ ကြည်ခြင်းကို ဣသရေလလူမျိုးများအား သတိပေး သိစေလိုသော ကြောင့် ဖြစ်သည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့အားလုံးသည် နေ့တိုင်းမရပ် အနားအပြစ်ဆက်တိုက်ပြုနေကြသောကြောင့်နံနက်နှင့်ညနေအချိန် တိုင်းတွင် ယုံကြည်ခြင်းယဇ်ပူဇော်ရမည် ဖြစ်သည်။ ဓမ္မဟောင်း ခေတ်ကာလတွင်ပြုသောယုံကြည်ခြင်းယဇ်ပူဇော်ခြင်းသည် ဓမ္မသစ် ခေတ်ကာလတွင် ဗတ္တိဇံယောဟန်ထံမှသခင်ယေရှုရရှိခဲ့သောဗတ္တိဇံ နှင့်အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် မိမိနှလုံးသားမှမသန့်ရှင်း သောအရာများကို ဆေးကြောသန့်ရှင်းစေခြင်းနှင့်ဆင်တူသည်။ 
ကျွန်ုပ်တို့ကယ်တင်ရှင်သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ဆေးကြောပေးတော်မူခဲ့သည်ဟုယုံကြည်သောနှလုံးသား ထဲရှိယုံကြည်မှုကို ဘုရားသခင်မြင်တွေ့တော်မူသောအခါ ခမည်း တော်မူဘုရားသခင်သည်ကျွန်ုပ်တို့ကိုတွေ့တော်မူသည်။ ဓမ္မဟောင်း ကျမ်း၏ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ သခင်ယေရှုခရစ်တော်သည် မိ မိအချိန်နှင့်အညီ ဤလောကသို့ကြွလာတော်မူ၍ ဓမ္မသစ်ခေတ်ကာ လအစပြုသောအခါ ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို လက်ခံတော်မူသည်(မဿဲ ၃း၁၅)။ ထိုကြောင့် သခင်ယေရှုက “ဗတ္တိဇံ၊ ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏” (မဿဲ ၁၁း၁၂)ဟုမိန့်တော်မူ ခဲ့ခြင်း ဖြစ်သည်။ ဤသတင်းကောင်းသမ္မာတရားကိုယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှလွှတ်မြောက်၍ ပြည့်စုံ စွာ သန့်ရှင်းစင်ကြယ်နိုင်ကြခြင်း ဖြစ်သည်။ 
သခင်ယေရှုခရစ်တော်သည် ဤလောကသို့ကြွလာတော်မူခဲ့ သော်လည်း လူများသည် အပြစ်များကိုမရေတွက်နိုင်လောက်အောင် ကျူးလွန်ခဲ့ကြသည်။ ကျွန်ုပ်တို့ခရစ်ယာန်များသည်လည်း သခင်ယေ ရှုခရစ်တော်ကိုမသိမီနှင့်သိပြီးသောအချိန်များတွင် မရေတွက်နိုင် သောအပြစ်များစွာကျူးလွန်ကြသည်။သို့ရာတွင် သခင်ယေရှုခရစ် တော်သည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်ထံမှခံ ယူသောဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင်အသွေးတော်အားဖြင့် လောက အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည်။ ထိုကြောင့် ဘု ရားသခင်သည် ဣသရေလလူမျိုးများအား မီးရှို့ရာယဇ်အားဖြင့်တွေ့ တော်မူမည်ဟုမိန့်တော်မူသောအခါ ဘုရားသခင်သည် ရေနှင့်ဝိညာဥ်  တော်သတင်းကောင်းကိုယုံကြည်သူများကိုသာတွေ့လိမ့်မည်ဟု ဆို လိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်ဖြင့်မိမိအပြစ်များအားလုံးကိုအမှန်အကန် ဆေးကြော ခဲ့သည်ဟုယုံကြည်သောသူများကို အလွန်ချစ်တော်မူသည်။ သို့သော် ဤသမ္မာတရားကိုငြင်းပယ်သောသူများကို ကိုယ်တော်သည် ချစ် တော်မမူပေ။ 
ဤဓမ္မသစ်ခေတ်ကာလတွင် ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည် ဘုရားသခင်ကိုတွေ့ နိုင်ကြမည် ဖြစ်သည်။ ဓမ္မဟောင်းခေတ်ကာလတွင် အပြာရောင်၊ခ ရမ်းရောင်နှင့်အနီရောင်ချည်နှင့်အဖြူရောင်ပိတ်ချော၌ထင်ရှားသော သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းအခွင့်ရရှိ ကြသည်။ လက်တင်ခြင်းနှင့်အသွေးသွန်းလောင်းခြင်းတို့သည် ပြည့် စုံသောကယ်တင်ခြင်းဖွဲ့စည်းတည်ထောင်ရန် စည်းလုံးပေါင်းစည်း ထားသောခံယူချက်နှစ်ပါးဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသ ခင်၏ပြည့်စုံသောကယ်တင်ခြင်းကိုအသေးစိတ်၊ ပြည့်စုံစွာပရောဖက် ပြုထားခဲ့ပြီး ဖြစ်ပါသည်။ ဓမ္မသစ်ကျမ်းသည် ထိုပရောက်များ၏ပြည့် စုံခြင်းနှင့်ကတိတော်နှင့်ဆိုင်သောသတင်းကောင်းပြည့်စုံခြင်း ဖြစ်ပါ သည်။ ထိုကြောင့်၊ ဟေဗြဲ ၁း၁-၂ တွင် “ရှေးလွန်လေပြီးသောအခါ ပ ရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလ အခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထို သားတော်ကို အလုံးစုံတို့၏အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏” ဟု ဖော်ပြထားသည်။
သခင်ယေရှုသည် ဘုရင့်တကာတို့၏ဘုရင် တန်ခိုးကြီးသောဘု ရားဖြစ်တော်မူသည်။ သို့သော် ကိုယ်တော်သည် ဤလောကသို့ကြွ လာတော်မူ၍ လူ့ဇာတိကိုခံယူတော်မူခဲ့သည်။ ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင်အသေခံတော်မူသည်။သေခြင်းမှရှင်ပြန်ထမြောက် တော်မူခဲ့သည်။ ထိုသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအား လုံးကိုဆေးကြောတော်မူ၍ အပြစ်တရား၏တရားစီရင်ခြင်းအားလုံး မှကယ်တင်တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြောင့် မတ်သူများဖြစ်စေတော်မူသော ဤသတင်းကောင်းကိုယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ်ကင်းစင်သူများဖြစ်ကြသည်။ ယခု တွင် ကျွန်ုပ်တို့သည် စိတ်နှလုံးဖြူစင်စွာရှာဖွေသော အပြစ်ဖြေလွှတ် ခြင်းရရှိနိုင်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များအားလုံးဆေးကြော ခြင်းခံရရန်ကြိုးစားရှာဖွေခဲ့ကြသည်။ ဘုရားသခင်သည် လက်တင် ခြင်းယဇ်ပူဇော်ခြင်းနှင့်အသွေးသွန်းလောင်းခြင်းဖြစ်သော သခင်ယေ ရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင်အသွေးတော်၊ ရေနှင့်ဝိညာဥ်တော် သတင်းကောင်းအားဖြင့် ထာဝရလုံလောက်သော အပြစ်ဆေးကြော ခြင်းကို တစ်ကြိမ်တည်းပြုလုပ်ပေးတော်မူခဲ့သည် (၁ယော ၅း၆-၈)။ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေး တော်မူသည်ခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်သောအခါ ကိုယ်တော်က ကျွန်ုပ်တို့အား မိမိလူများဖြစ်စေတော်မူ၍ တွေ့တော်မူသည်။ 
 


လက်တင်ခြင်း၏အရေးပါမှု


ဝတ်ပြု ၁း၁-၄ တွင် “ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊ သင် သည်ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလို လျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့ ၍ ဆက်ရမည်။ နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိ သတ်စည်းဝေးရာတဲတော်တံခါးအနားမှာ ဆက်ရမည်။  ပူဇော်သော နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည် အကြောင်း လက်ခံတော်မူမည်” ဟုဖော်ပြထားသည်။ 
အခန်းငယ် ၄ ကို အာရုံစိုက်ကြပါစို့။ “ပူဇော်သော နွား၏ခေါင်း ပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။”  တစ်နည်းအားဖြင့်၊ အပြစ်သားတစ်ဦးသည် ယဇ်ကောင်ပေါ်မှာလက်တင်ပြီးနောက် ယဇ်ပူဇော်ခြင်းအမှုပြုလုပ် သောအခါ ဘုရားသခင်သည် ထိုယဇ်ပူဇော်ခြင်း၌ ဝမ်းမြောက်ပီတိ ဖြစ်တော်မူခဲ့သည်။ အပြစ်သား၏လက်သည် မည်သူ့ပေါ်တွင်တင် ထားခဲ့သနည်း။ ယဇ်ပူဇော်သောယဇ်ကောင်၏ခေါင်းပေါ်တွင် တင်ခဲ့ သည်။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုး များ၏အပြစ်များကို ဖယ်ရှားပေးမည်ဟု ကတိပြုတော်မူခဲ့သည်။ ထို ကြောင့် ဓမ္မဟောင်းကျမ်းတွင် ယဇ်ကောင်၏ခေါင်းပေါ်တွင် လက် တင်ခြင်းဖြစ်သည်။ သို့သော် ဓမ္မသစ်ကျမ်းတွင် မည်သို့ပြုလုပ်သ နည်း။ ဓမ္မသစ်ခေတ်ကာလတွင် စစ်မှန်သောယဇ်ကောင်မှာ မည်သူ ဖြစ်သနည်း။ အခြားသူမဟုတ် လူသားအားလုံး၏ကယ်တင်ရှင်ဖြစ် တော်မူသောသခင်ယေရှုခရစ်တော်ပင် ဖြစ်တော်မူသည်။ သခင်ယေ  ရှုခရစ်တော်သည် လူသားများအားလုံး၏အပြစ်များကိုဖယ်ရှားပေး တော်မူသော ယဇ်ကောင်ဖြစ်တော်မူသည်။ လူတစ်ဦးကြောင့် လူ သားအားလုံးသည် အပြစ်သားများဖြစ်ကြသည်။ သို့သော်သခင်ယေ ရှုခရစ်တော်အားဖြင့် လူသားအားလုံးသည် အပြစ်များအားလုံးမှသန့် ရှင်းစင်ကြယ်ခြင်းရရှိ၍ ထာဝရအသက်ရရှိကြသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှု၏ခေါင်းပေါ် သို့လက်တင်၍ ကျွန်ုပ်တို့အပြစ်များအားလုံးလွှဲပြောင်းပေးရမည်ဖြစ် သည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်လက်ခံတော် မူသောယဇ်ပူဇော်ခြင်းအားဖြင့် စစ်မှန်သောယုံကြည်ခြင်းကိုယ်‌တော့် ခေါင်းပေါ်မှာ လက်တင်ရမည် ဖြစ်သည်။ သခင်ယေရှုက မဿဲ ၁၁း ၁၂ တွင်အကြမ်းဖက်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏နိုင်ငံတော် ကို အတင်းအဓမ္မသိမ်းယူနိုင်သည်ဟု မိန့်တော်မူခဲ့သည်။ လက်တင် ခြင်းအားဖြင့် ယဇ်ကောင်းပေါ်သို့အပြစ်များအားလုံးကိုလွှဲပြောင်းပေး နိုင်သောကြောင့် ဘုရားသခင်သည် ယုံကြည်ခြင်းယဇ်ပူဇော်ခြင်းကို ဝမ်းမြောက်စွာလက်ခံ‌တော်မူသည်။ဗတ္တိဇံယောဟန်သည် သခင်ယေ  ရှု၏ခေါင်းပေါ်သို့မိမိလက်ကိုတင်လျက် လူသားများအားလုံး၏အပြစ် များကို လွှဲပြောင်းလိုက်ပြီဖြစ်သောကြောင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် ရက်စက်စွာအသေခံတော်မူခြင်းကို စိတ်နှလုံးအ ကြွင်းမဲ့ယုံကြည်သောသူအားလုံးကို ဘုရားသခင်သည် အပြစ်မှဆေး ကြောသန့်ရှင်းစေတော်မူ၍အပြစ်တရားစီရင်ခြင်းမှကယ်နှုတ်တော်မူ ခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူသောအခါ ကျွန်ုပ် တို့အပြစ်များအားလုံးကိုယ်တော့်အပေါ်သို့လွှဲပြောင်းပေးလိုက်ပြီဖြစ် သောကြောင့် ကျွန်ုပ်တို့သည် လွှတ်မြောက်ခြင်းရရှိခြင်းဖြစ်သည်။ 
ဘုရားသခင်သည် ဣသရေလလူမျိုးများအားယဇ်ပူဇော်ခြင်းစ နစ်ကိုချပေးတော်မူခဲ့သည်။ ၎င်းသည် သခင်ယေရှုခရစ်တော်က မိမိ ကိုယ်ခန္ဓာဖြင့်ဆက်ကပ်ခဲ့သောထာဝရယဇ်ပူဇော်ခြင်းကို အရိပ်အ ယောင်ပြသထင်ရှားစေခဲ့သည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှုခရစ် တော်သည် မိမိဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ်တွင်အသွေးတော် သွန်းလောင်းခြင်းအားဖြင့် ဤယဇ်ပူဇော်ခြင်းစနစ်၌ ကတိပြုထား သောကယ်တင်ခြင်းပညတ်တော်ကိုပြည့်စုံစေတော်မူခဲ့သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့်အားအနှိုင်းမဲ့မေတ္တာတော်ဖြင့်ချစ်တော်မူ၍ မိမိ ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူလျက် ကယ်တင်တော် မူခဲ့သည်။ ယခုတွင် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ် တွင်အသွေးတော်သွန်းလောင်းခြင်းကို ယုံကြည်ခြင်းအားဖြင့် လူ သားအားလုံးကယ်တင်ခြင်းရရှိနိုင်သည်။ 
သဗ္ဗေညုတ္တဉာဏ်တော်ရှင်ဘုရားသခင်သည် ဖန်ဆင်းခြင်းမ တိုင်မီအချိန်ကတည်းက အပြစ်သားများအတွက် ပြည့်စုံသောကယ် တင်ခြင်းကို ကြံစည်တော်မူခဲ့၍ မိမိအချိန်နှင့်အညီ မှန်ကန်စွာပြည့်စုံ စေ‌တော်မူခဲ့သည်။ ဘုရားသခင်၏အကြံအစည်တော်နှင့်အညီ ဗတ္တိဇံ ယောဟန်သည် သခင်ယေရှုမမွေးဖွားမီ ခြောက်လခန့်တွင် မွေးဖွား ခဲ့သည်။ ဗတ္တိဇံယောဟန်သည် လူသားအားလုံးထက် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သခင်ယေရှုကိုယ်တော်တိုင် “ငါအမှန်ဆိုသည် ကား၊မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ် သောသူ တယောက်မျှ မပေါ်မထွန်းသေး” (မဿဲ ၁၁း၁၁) ဟု မိန့် တော်မူခဲ့သည်။ တစ်နည်းအားဖြင့်၊ ဗတ္တိဇံယောဟန်သည် လူသား အားလုံးကိုယ်စားပြုသည်။ ဗတ္တိဇံယောဟန်သည် မောရှော၊ ဧလိယ၊ နှင့်ပရောဖက်‌ဟေရှယတို့ထက်ပို၍ကြီးမြတ်သော ဘုရားသခင်၏အ စေခံဖြစ်သည်။ များစွာသောလူများက ဗတ္တိဇံယောဟန်သည် တော၌ တရားကျင့်သောသူအဖြစ်အသက်ရှင်ခဲ့သူအဖြစ်သာ ယူဆကြသည်။ သို့သော် သူသည် လူသားအားလုံးကို ကိုယ်စားပြုရန် ဘုရားသခင် စေလွှတ်သောသူဖြစ်သည်။ ဗတ္တိဇံယောဟန်သည် ဤကမ္ဘာပေါ်တွင် ရှိသောလူသားအားလုံးထက် အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ယဇ်ပရောဟိတ်ကြီးအာရုံ၏မိသားစုဝင်မှဆင်းသက်လာခဲ့ သည် (လုကာ ၁း၅-၇)။ရှင်ဘုရင်များသည် ဘုရင့်အမျိုးအနွယ်မှမွေး ဖွားလာခဲ့သည့်နည်းတူ၊ဗတ္တိဇံယောဟန်၊ နောက်ဆုံးယဇ်ပရောဟိတ်  သည်လည်း ပထမဦးဆုံးယဇ်ပရောဟိတ်ကြီးအာရုန်၏မိသားစုမှဖွား မြင်၍ လူသားအားလုံးကိုကိုယ်စားပြုသည်။ သူသည် သခင်ယေရှု ကို ယောဒန်မြစ်တွင် ဗတ္တိဇံပေး၍ လူသားအားလုံး၏အပြစ်များကို လွှဲ ပြောင်းပေးလိုက်သည်။ ဗတ္တိဇံယောဟန်သည် ဤကမ္ဘာပေါ်တွင်အ ကြီးမြတ်ဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် လူအချို့က မေးခွန်း ထုတ်၍ မယုံကြည်ကြပေ။ “ကျမ်းစာထဲတွင် ဗတ္တိဇံယောဟန်သည် ယဇ်ပရောဟိတ်ကြီးဖြစ်သည်ဟု ဖော်ပြသောကျမ်းချက်သလား။”
ဗတ္တိဇံယောဟန်သည် လူသားအားလုံးကိုယ်စားပြုကြောင်းနှင့် ယဇ်ပရောဟိတ်ကြီးဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသောကျမ်း ချက်ဖြင့် ကျွန်တော်ဖြေပါရစေ။ ကျမ်းစာထဲတွင် “ယောဟန်မ ရောက်တိုင်အောင်ပညတ္တိကျမ်း၊အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမ ဩဝါဒပေးကြ၏။သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတံ့သော ဧလိယဖြစ်သတည်း” (မဿ ၁၁း၁၃-၁၄)။ ဘုရားသ ခင်သည် ဧလိယကိုစေလွှတ်တော်မူသည်ဟု မလာခိ ၄း၅ တွင် တွေ့ ရသည်။ ဤဧလိယသည် အခြားသူမဟုတ်ဘဲ ဗတ္တိဇံယောဟန်ဖြစ် သည်ဟု သခင်ယေရှုကိုယ်တော်တိုင်မိန့်တော်မူခဲ့သည်။ ဗတ္တိဇံယော ဟန်သည် အာရုန်အမျိုးမှဆင်းသက်လာခဲ့၍ ယဇ်ပရောဟိတ်အခန်း ကဏ္ဌကို ပြည့်စုံစေခဲ့သည်။ 
ဓမ္မဟောင်းကျမ်းတွင်ယဇ်ကောင်၏ခေါင်းပေါ်သို့လက်တင်ခြင်း အားဖြင့် အပြစ်သားသည် မိမိအပြစ်များကိုလွှဲပြောင်းလိုက်သောအ ခါ ထိုယဇ်ကောင်ကိုသတ်၍ အသွေးသွန်းလောင်းကာမီးရှို့ရပါသည်။ အပြစ်ဖြေလွှတ်ရန် ကြိုးစားရှာဖွေသောသူများသည် ယဇ်ကောင်၏ ခေါင်းပေါ်တွင် မလွဲမသွေ လက်တင်၍ မိမိအပြစ်များကို လွှဲပြောင်း ပေးရမည် ဖြစ်သည်။လူများသည် ယဇ်ကောင်၏ခေါင်းပေါ်တွင်လက်  တင်သောအခါ မိမိအပြစ်များကို ထိုယဇ်ကောင်ပေါ်သို့လွှဲပြောင်းပေး လိုက်ခြင်းကိုဆိုလိုသည်။ အပြစ်ဖြေရာနေ့တွင် ယဇ်ပရောဟိတ်ကြီး အာရုန်သည် ဆိတ်၏ခေါင်းပေါ်တွင် လက်တင်၍ ဣသရေလလူမျိုး များ၏တစ်နှစ်တာအပြစ်များကို လွှဲပြောင်းခဲ့ပါသည်။ ဤတွင် လက် တင်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ ဝိညာဥ်ရေးရာရှုထောင့်မှဖော် ပြရလျှင် အပြစ်လွှဲပြောင်းပေးခြင်းကို ဆိုလိုသည်။ ဗတ္တိဇံယောဟန် သည် သခင်ယေရှုကို ဗတ္တိဇံပေး၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို လွှဲပြောင်းပေးခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံခြင်းအားဖြင့် လူ သားများ၏အပြစ်များအားလုံးကိုလက်ခံတော်မူပြီးနောက် ကားတိုင် ပေါ်တွင်အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူကာကျွန်ုပ်တို့အပြစ်များကိုယူ ဆောင်သွားပြီးဖြစ်သည်။ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူ၍ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ပြည့်စုံသောကယ်တင်ရှင် ဖြစ်တော်မူသည်။ 
ဤနည်းအားဖြင့် ဣသရေလလူမျိုးများသည် ဘုရားသခင်ထံ တော်သို့ယဇ်ပူဇော်ခြင်းအမှုပြုကြသောအခါ ယဇ်ကောင်၏ခေါင်း ပေါ်တွင် လက်တင်ခဲ့ကြသည်။ ဣသရေလလူမျိုးများသည် ဘုရား သခင်ကိုဆန့်ကျင်၍အပြစ်ကျူးလွန်သောအခါ အပြစ်သားများဖြစ် လာခဲ့ကြသည်။ ထိုကြောင့် သူတို့သည် အပြစ်ဖြေရာယဇ်ကိုဘုရား သခင်ထံသင့်တော်စွာပြုနိုင်ရန်အတွက် ယဇ်ကောင်၏ခေါင်းပေါ်သို့ လက်တင်၍ မိမိအပြစ်များအားလုံးကို လွှဲပြောင်းပေးရသည်။ ယဇ် ကောင်၏ခေါင်းပေါ်သို့လက်တင်၍သတ်ခဲ့ပြီးနောက် မီးရှို့သောပ ညတ်နှင့်အညီယဇ်ပူဇော်ခြင်းကို ဘုရားသခင်လက်ခံတော်မူသည်။ ဤသို့ဖြင့် ဣသရေလလူမျိုးများသည်  ဤပညတ်တော်နှင့်အညီ ယဇ်ကောင်ပေါ်တွင်လက်များတင်လျက် ပညတ်တော်နှင့်အညီယဇ် ပူဇော်ခြင်းပြုသောအခါဘုရားသခင်သည်သူတို့ကိုတွေ့တော်မူသည်။ ယဇ်ကောင်သည် လက်တင်ခြင်းအားဖြင့် သူတို့အပြစ်များကိုလက်ခံ ခဲ့သဖြင့် အပြစ်များအတွက် ရက်စက်စွာ တရားစီရင်ခြင်းခံရသည်။ ထိုကြောင့်ဘုရားသခင်သည်  ဤယဇ်ပူဇော်ခြင်း၌တွေ့ရသောဘုရား သခင်၏ကျေးဇူးတော်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံတော် သို့ချဥ်းကပ်သောသူများကို ဘုရားသခင်တွေ့တော်မူခဲ့သည်။ ဤသို့ ဖြင့် ယဇ်ပူဇော်ခြင်းပြုသောကြောင့် ဘုရားသခင်သည် အလွန်ဝမ်း မြောက်တော်မူသည်။ ထိုကြောင့် ဘုရားသခင်သည် မည်သူမည်ဝါမျှ အပပ္ပါယ်ငရဲသို့မပို့တော့်ဘဲ ကျေးဇူးပြုတော်မူခြင်း ဖြစ်သည်။ 
ဤသို့ဖြင့်၊ ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောသန့်စင်စေ သောအရာမှာ သခင်ယေရှုခံယူတော်မူသောဗတ္တိဇံနှင့်ကားတိုင်ပေါ် တွင် အသွေးတော်ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သ ခင်ယေရှုခရစ်တော်သည် လောကအပြစ်များအားလုံးကိုဖယ်ရှားပေး ရန်ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ ကျွန်ုပ်တို့အပြစ် များကို ယူဆောင်သွားတော်မူလျက် ကားတိုင်ပေါ်တွင် အသေခံကာ ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်။ သခင် ယေရှုသည် ဗတ္တိဇံခံယူတော်မူ၍ ကျွန်ုပ်တို့အပြစ်များကိုယူဆောင် တော်မူ၍ ကားတိုင်ပေါ်တွင် ပြစ်ကြွေးပေးဆပ်တော်မူခဲ့ပြီဖြစ်သော ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်မှကယ်နှုတ်တော်မူခဲ့ သည်။ ထိုကြောင့်၊ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကိုယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများနှင့်သခင်ယေရှုခရစ် တော်ကိုတွေ့ဆုံသောသူများအဖြစ်ဒုတိယမွေးဖွားခြင်း ခံနိုင်သည်။ ရေနှင့်ဝိညာဥ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် လည်း ကောင်း၊ သခင်ယေရှု၏ဖြောင့်မတ်သောလုပ်ဆောင်ချက်များအား ဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့အားလုံးသည် သန့်ရှင်းသောဘုရား ကိုတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ဤသမ္မာ တရားကိုယုံကြည်သူ ကျွန်ုပ်တို့များ၏ထာဝရကယ်တင်ရှင်ဖြစ်လာ တော်မူခဲ့သည်။ 
ကျွန်ုပ်တို့သည် သန့်ရှင်းတော်မူသောဘုရားကိုအမှန်အကန် တွေ့ရမည်။ အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်ချည်အားဖြင့်ကြွ လာသော သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကိုတွေ့နိုင်ကြသည်။ ဘုရား သခင်ကိုတွေ့ဆုံရန်ရှာဖွေသောသူများသည် နှုတ်ကပတ်တော်ကို ကြား၍ ဘုရားသခင်ချပေးတော်မူသော လက်တင်ခြင်းနှင့်အသွေး သွန်းလောင်းခြင်းပါဝင်သော ယဇ်ပူဇော်ခြင်းစနစ်ကိုယုံကြည်ခြင်းရှိ ရကြမည်။ သူတို့သည် မိမိကလေးစိတ်အတွေးဖြင့်ဤအရာကိုပြည့် စုံစွာနားလည်သဘောပေါက်နိုင်မည်မဟုတ်ပေ။ အနည်းငယ်သံသ ယဝင်နိုင်သည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံရန်စိတ်နှလုံးသားဖွင့်ဟလျက် အသိအမှတ်ပြုရမည်။ ဘုရား သခင်၏နှုတ်ကပတ်တော်သည်မှန်ကန်ကြောင်းသူတို့က ယုံကြည် ခြင်းရှိရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် မိမိအတွေးအခေါ်များဖြင့် ဘုရားသခင်ကိုမယုံ ကြည်ရပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာ တရားပေါ်တွင် မားမားမတ်မတ်ရပ်တည်ရမည်။ ဤနှုတ်ကပတ် တော်ကိုအခြေပြုရမည်။ စစ်မှန်သောသတင်းကောင်းနှင့်မှားယွင်း သောသတင်းကောင်းကို သေချာစွာပိုင်းခြားသိမြင်တတ်ရမည်။ ကျွန်ုပ်တို့သည် မိမိအတွေးအခေါ်များကိုသာ အားမကိုးသင့်ပေ။ မိမိ ပညာနှင့်ဘွဲ့ကိုသာ မှီခိုခြင်းမပြုသင့်ပေ။ ကျွန်ုပ်တို့အတွေးအခေါ် များသည် မှန်ကန်မှုမရှိပေ။ လူသားမျာသည် အလွန်အားနည်းနေ ကြသည်။ ခေါင်းမာကြသည်။ ဘုရားသခင်ရှေ့တော်၌ စိတ်မောက် မာနေကြသည်။ သူတို့သည် မိမိဖြောင့်မတ်ခြင်းနှင့်အတွေးအခေါ် များကိုရှေ့တန်းတင်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနောက် ကွယ်တွင် ချန်ထားတတ်ကြသည်။ ဘုရားရှေ့တော်၌မိမိနှလုံးသား များဖွင့်လျှစ်ခြင်းနှင့်နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းသည် အသက် နှင့်ကောင်းချီးမင်္ဂလာများအတွက် စစ်မှန်သောလမ်းဖြစ်သည်။ 
ယဇ်ပရောဟိတ်ကြီးများက သန့်ရှင်းစင်ကြယ်စေရန် မိမိအပြစ် အတွက်အပြစ်ဖြေရာယဇ်ကိုနွားသူငယ်ဖြင့်ပူဇော်သောအခါအူများဖုံး အုပ်သောအဆီများ၊ အသည်းတွယ်ကပ်သောဆီဥများ၊နှင့် ကျောက် ကပ်များနှင့်အဆီးများကိုထုတ်ယူ၍ ပလ္လင်ပေါ်တွင်မီးရှို့ရမည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ နွားအသားများနှင့်အရေခွံနှင့်အရိုး များကို တပ်ပြင်ဘက်မှာ မီးရှို့ရမည်။ ဘုရားသခင်သည် မောရှေထံ မိန့်မှာတော်မူသည့်အတိုင်း ယဇ်ပရောဟိတ်ကြီးသည် ယဇ်ပူဇော်ရ မည် ဖြစ်သည်။ မီးရှို့ရာယဇ်ပူဇော်သောအခါ ယဇ်ပရောဟိတ်ကြီး သည် အပြစ်အနာအဆာကင်းမဲ့သော သိုးထီးတစ်ကောင်းကို ယဇ် ကောင်အဖြစ်ယူလာ၍ ၎င်း၏ခေါင်းပေါ်တွင် လက်တင်ခဲ့သည်။ ယဇ် ပရောဟိတ်ကြီးသည် မိမိအတွက်နှင့်အိမ်သူအိမ်သားများအတွက် နံ နက်နှင့်ညနေတွင် ဤသို့သောယဇ်ကောင်၏ခေါင်းပေါ်တွင် လက် တင်ရသည်။ လည်ပင်းကိုဖြတ်၍ အသွေးကိုယူဆောင်ပြီးနောက်မီး ရှို့ရာယဇ်ပလ္လင်၏ဦးချိုများပေါ်တွင် ဤအသွေးကိုထားခဲ့သည်။ ထို နောက် တပ်ပြင်တွင် မသန့်ရှင်းသောအစိတ်အပိုင်းများဖြစ်သော အ ရိုးနှင့်ခေါင်းစသည်အားလုံးကို မီးရှို့ရမည်။ သို့သော် ထုတ်ယူထား သောအစိတ်အပိုင်းများကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရမည်။ ယဇ်ပရောဟိတ်ကြီး၏သန့်ရှင်းစင်ကြယ်ရန်ပူဇော်သောမီးရှို့ရာယဇ် ကိုလည်း ဤနည်းလမ်းအတိုင်းပူဇော်ရသည်။ 
အထူးသဖြင့်၊ ယဇ်ပရောဟိတ်ကြီး၏သန့်ရှင်းစင်ကယ်ခြင်းပြု သည့်အချိန်တွင် ဘုရားသခင်ရှေ့တော်၌ ယဇ်ကောင်၏အဆီအနှစ် များအားလုံးမီးရှို့ရသည်။ ယဇ်ကောင်ဆီဥ၏အမွှေးအကြိုင်ကို ဘု ရားသခင်သည်နှစ်သက်တော်မူသည်။ ထိုသို့ယဇ်ပူဇော်ခြင်းသည် ဒု တိယမွေးဖွားခြင်းရရှိရန်အတွက် ဘုရားသခင်ချမှတ်တော်မူခဲ့သော ယဇ်ပူဇော်ခြင်းစနစ်နှင့်နှုတ်ကပတ်တော်ဖြင့် ညီညွတ်သောကြောင့်  ဘုရားသခင်လက်ခံတော်မူခြင်း ဖြစ်သည်။ 
တစ်နည်းအားဖြင့် ဤတွင် ဆီဥသည် သန့်ရှင်းသောဝိညာဥ် တော်ဘုရားကို ထင်ရှားစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ယဇ်ပူဇော်ခြင်းစနစ်ကိုချပေးတော်မူခဲ့သည်။ ဤယဇ်ပူဇော်ခြင်းစနစ် နှင့်အညီကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူခဲ့သည်။  ယဇ်ကောင်၏ခေါင်း ပေါ်တွင် လက်တင်ခြင်းအားဖြင့် ယဇ်ကောင်ကိုသတ်ရသည်။ မီးရှို့ ရာယဇ်ပလ္လင်ပေါ်တွင်အသားကိုမီးရှို့ခြင်းအားဖြင့်ယဇ်ပူဇော်ရသည်။ ဤသို့ဖြင့် ဘုရားသခင်ချမှတ်ပေးတော်မူသောယဇ်ပူဇော်ြခင်းစနစ် နှင့်အညီ ယဇ်ပူဇော်ခြင်းအမှုပြု၍ ကိုယ်တော့်ကိုယုံကြည်မှသာလျှင် ဘုရားသခင်သည် ဝမ်းမြောက်စွာလက်ခံတော်မူသည်။ 
ထွက် ၂၉း၁၀ တွင် “ထိုနောက်၊ နွားထီးတကောင်ကို ပရိသတ် စည်းဝေးရာတဲတော်ရှေ့သို့ဆောင်ခဲ့၍၊အာရုန်နှင့်သူ၏ သားတို့သည်၊ မိမိတို့  လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်” ဟုဖော်ပြသည်။ ဤအရာသည် ဘုရားသခင်၏အမိန့်တော်ြဖစ်သည်။ ထိုပြင်၊ ယဇ်ပ ရောဟိတ်ကြီးသည် သန့်ရှင်းစင်ကြယ်ခြင်းအမှုပြုသည့်အချိန်အ တောအတွင်း ချည်ငါးမျိုးစပ်ရက်ထားသော သင်တိုင်းကို မပျက်မ ကွက်ဝတ်ဆင်ရသည်။ ချည်ငါးမျိုးမှာ ရွှေ၊ အပြာရောင်၊ခရမ်းရောင်၊ အနီရောင်ချည်နှင့်အဖြူရောင်ပိတ်ချောတို့ဖြစ်သည်။ ရွှေချည်မှာ ယုံ ကြည်ခြင်းကိုဆိုလိုသည်။ အပြာရောင်ချည်မှာ ဓမ္မ‌ဟောင်းခေတ်ကာ လတွင်လက်တင်ခြင်းကဲ့သို့သော သခင်ယေရှုခရစ်တော်ခံယူထား သည့်ဗတ္တိဇံကို ရည်ညွှန်းသည်။ ခရမ်းရောင်ချည်မှာ သခင်ယေရှု သည် ဘုရားသခင်၏သား‌တော်၊ ဘုရားနှင့်ကယ်တင်ရှင်ဖြစ်တော်မူ ခြင်းကိုရည်ညွှန်းသည်။ အနီရောင်ချည်မှာ သခင်ယေရှုခရစ်တော်ပြု လုပ်ခဲ့ပြီးသောယဇ်ပူဇော်ခြင်းကိုရည်ညွှန်းသည်။ အဖြူရောင်ပိတ် ချောမှာ ကျွန်ုပ်တို့အားအပြစ်မဲ့ဖြစ်စေသော ဘုရားသခင်၏နှုတ်က ပတ်တော်ကိုရည်ညွှန်းသည်။ ရွှေ‌ရောင်ချည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကိုဖြေလွှတ်ပေးတော်မူ၍ ကျွန်ုပ်တို့နှလုံးသား များအားမိုးပွင့်ပမာဖြူစင်စေသောယုံကြည်ခြင်းကို ထင်ရှားစေသည်။ ဤယုံကြည်မှုကို ကျွန်ုပ်တို့ရှိရမည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်ကားတိုင်ပေါ်တွင်အသွေးတော်အားဖြင့် ဘုရားသခင် သည် ကျွန်ုပ်တို့အပြစ်များကိုဖယ်ရှားပေးတော်မူခဲ့သည်ဟု ယုံကြည် ရမည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အား ဘုရားသခင်မိန့် တော်မူခဲ့သည့်အတိုင်းဖြစ်စေ၊ ကျွန်ုပ်တို့အပြစ်များအားလုံးမည်သို့ ဖယ်ရှားပေးတော်မူခြင်းနှင့်အညီ တိကျစွာယုံကြည်ရမည် ဖြစ်သည်။  ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ဘုရားသခင်ချစ်ထားတော်မူ ခဲ့သောယဇ်ပူဇော်ရာစနစ်နှင့်အညီလည်းကောင်း၊ ယဇ်ပူဇော်ရာစနစ် ကိုပြည့်စုံစုံစေသူသခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးမည်သို့ဖယ်ရှားပေးတော်မူသည်ကိုလည်းကောင်း ဘုရားသ ခင်ကိုယုံကြည်ရမည်ဖြစ်သည်။ 
လူများစွာတို့က “ဘာလို့အခုလို မင်းက မယုံကြည်ရသလဲ။ မင်း က ဘာလို့မ‌ရောင့်မရဲဖြစ်နေရတာလဲ။ အဲဒီလိုဖြစ်ရခြင်းအကြောင်း မှာ မင်းမှာရှိတဲ့ကိုယ်ရည်ကိုယ်သွေးနှင့် တစ်ချိန်လုံးသေချာစေလိုတဲ့ အတွက်ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါဖြစ်ခြင်းဟာ မပြည့်စုံနိုင်ဘူး။တစ် ချိန်လုံး ပြည့်စုံခြင်းနှင့်မပြည့်စုံခြင်းများဟာနှစ်ခုစလုံးပြိုင်ဆိုင်တိုက် ခိုက်နေတယ်။ မင်းကဲ့သို့ယုံကြည်သူများကိုသာဘုရားလက်ခံတော်မူ မည်လော။ ကျွန်တော်ဘုရားကိုယုံကြည်တယ်လို့ဆိုပါက အဲဒီယုံ ကြည်မှုဟာ လုံလောက်သလား”ဟု ပြောတတ်ကြသည်။ အကယ်၍ သင်သည်ဤသို့ယုံကြည်လျှင် ဘုရားသခင်သည် သင့်ကိုဝမ်းမြောက် တော်မူမည်မဟုတ်ပေ။ ကိုယ်တော်သည် သမ္မာတရား၏အရှင်ဖြစ် တော်မူသည်။ ဘုရားသခင်သည်  မသေချာမရေရာသောနည်းလမ်း ဖြင့် ကျွန်ုပ်တို့အားကယ်တင်တော်မမူပေ။ ဘုရားသခင်သည် အလွန် တောက်ပထွန်းလင်းတော်မူသည်။ မိမိနှုတ်တော်ထွက်စကားသည် အလွန်ထက်မြက်၍ နှစ်ဖက်ထက်သန်လျက်နှင့်တူသည်။ကိုယ်တော် သည် ဥရိမ် နှင့် သုမိမ် ဖြင့် တရားစီရင်တော်မူသည်။ အဓိပ္ပါယ်မှာ အ လင်းနှင့်ပြည့်စုံခြင်းဖြင့် ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့သည်ကို ဆိုလိုသည်။ 
အဝေးတစ်နေရာမှအသေးငယ်ဆုံးသောအရာကိုအသိအမှတ်ပြု ပိုင်းခြားနိုင်သောအကောင်းဆုံးမိုက်ခရိုစကုတ်ထက် ဘုရားသခင် သည်ပို၍တိကျတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကြိုက် ထင်ယောင်ထင်မှားယုံကြည်သောယုံကြည်ခြင်းကို မှန်ကန်သည်ဟု ထောက်ခံတော်မူသောဘုရားမဟုတ်ပေ။ ဘုရားသခင်သည်သမ္မာတ ရားဖြစ်တော်မူသောကြောင့်အရာခပ်သိမ်းကိုသိတော်မူသည်။ ကျွန်ုပ် တို့စိတ်နှလုံးသားတွင် လက်ရှိခံစားချက်များကိုသိတော်မူသည်။ အ ပြစ်ဒုစရိုက်ပြုရန်မိမိစိတ်နှလုံးသားများတွင်ကြံစည်သောအပြစ်များ ကိုလည်းသိတော်မူသည်။  ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များနှင့် နောက်နောင်တွင်ကျူးလွန်မည့်မပြစ်များကို အပြစ်မကျူးလွန်မီထို အပြစ်များကိုလည်းသိတော်မူသည်။ ဖုံးအုပ်ထားသောအရာဟူသမျှ ကိုယ်‌တော့်ရှေ့မှာ ဖွင့်ထားလျက်ရှိသည်။ ထို့ကြောင့် ဘုရားသခင် သည် လက်တင်ခြင်းနှင့်ယဇ်ကောင်အသွေးဖြင့်အပြစ်များအားလုံး အမှန်ဖြေလွှတ်တော်မူလိမ့်မည်ဟု ဆုံးဖြတ်ချက်ချတော်မူခြင်းဖြစ်ပါ သည်။ ဘုရားသခင်ချမှတ်တော်မူသောယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ ဘုရားသခင်၏ကယ်တင်ခြင်းကို ကျွန်ုပ်တို့သည် အမှန်အကန်ယုံ ကြည်ရမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ယဇ်ကောင်၏ခေါင်းပေါ်သို့လက်တင်သောအခါ ကိုယ်‌တော်သည် ဝမ်းမြောက်စွာလက်ခံတော်မူလိမ့်မည်ဟု ဘုရား သခင်မိန့်တော်မူခဲ့သည်။အပြစ်သားတစ်ဦးသည်ယဇ်ကောင်၏ခေါင်း ပေါ်တွင်လက်တင်သောအခါ သူသည် ဤယဇ်ကောင်ကိုသတ်၍အ သွေးကို မီးရှို့ရာယဇ်ပလ္လင်ဦးချိုများပေါ်တွင် ချထားရသည်။ ဤတွင် တရားစီရင်ခြင်းစာအုပ်တွင် မှတ်တမ်းတင်ထားသည့်အတိုင်း(ဗျာ ဒိတ် ၂၀း၁၂-၁၅) ဦးချိုများပေါ်တွင်အသွေးပူဇော်ခြင်းအားဖြင့်အပြစ် များဖြေလွှတ်ခွင့်ရရှိသည်။ ဤအရာပြီးနောက် ကျန်အသွေးများကို မြေပေါ်မှသွန်ထားရသည်။ သူ၏နှလုံးသားသည် အပြစ်မှဆေးကြော သန့်ရှင်စင်ကြယ်ခြင်းခံရသည်ကို ဆိုလိုသည်။ 
သင်နှင့်ကျွန်တော်တို့အတွက် သခင်ယေရှုခရစ်တော်သည် ဗတ္တိ ဇံခံယူတော်မူ၍လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံကာ သေခြင်းမှတ ဖန်ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ထိုသို့အားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အားလုံးကို ကယ်တင်တော်မူခဲ့သည်။ ယဇ်ပရောဟိတ်ကြီး သည်လည်း ကျွန်ုပ်တို့ပိုင်ဆိုင်သောယုံကြည်ခြင်းမျိုးရှိခဲ့သည်။ ဤ မျက်မှောက်ကာလတွင် သင်နှင့်ကျွန်တော်တို့ပိုင်ဆိုင်သောယုံကြည် ခြင်းမျိုးကို ယဇ်ပရောဟိတ်ကြီးသည်လည်း ရှိခဲ့သည်။ ယဇ်ပရော ဟိတ်ကြီးအတွက် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်၌ထင် ရှားသောသမ္မာတရားယုံကြည်ခြင်းအားဖြင့် မိမိယဇ်ပရောဟိတ်တာ ဝန်များပြည့်စုံစွာ ထမ်းဆောင်နိုင်ခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် လည်းဤယုံကြည်မှုအားဖြင့် ဖြောင့်မတ်သူများဖြစ်လာနိုင်ကြသည်။ ဘုရားသခင်ချထားတော်မူခဲ့သောကယ်တင်ခြင်းကိုယုံကြည်သောယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းအခွင့်ရရှိ ခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကိုတွေ့နိုင်သည်။ မစ ခြင်းကျေးဇူးကိုတောင်းခံနိုင်သည်။  ကိုယ်တော်၏လူများအဖြစ်အ သက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့ယဇ်ပရောဟိတ်တာဝန်များကျေပြွန် စွာထမ်းဆောင်နိုင်ရန် အပြစ်သားများထံ သတင်းကောင်းဟောပြော နိုင်ကြခြင်းဖြစ်သည်။ 
 

ဘုရားသခင်ချထားတော်မူသောလောကဆိုင်ရာယဇ်ပရော ဟိတ်ကြီးများနှင့်ယဇ်ပူဇော်ခြင်းစနစ်

ဘုရားသခင်သည် ယဇ်ပရောဟိတ်နှင့်ယဇ်ပူဇော်ခြင်းစနစ်ကို ချမှတ်တော်မူခဲ့သည်။ ထိုကြောင့် လောကယဇ်ပရောဟိတ်ကြီးသည် ဘုရားသခင်၏အမိန့်တော်အတိုင်းပြုခဲ့ကြသည်။ ထိုသို့ပြုခြင်းအား ဖြင့် သူသည် မိမိလူများ၏အပြစ်များဖြေလွှတ်ရန် ယဇ်ပရောဟိတ် တာဝန်ကိုပြည့်စုံစွာထမ်းဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏သား တော်သခင်ယေရှုခရစ်တော်သည် ကောင်းကင်ယဇ်ပရောဟိတ်ကြီး အဖြစ် ကျွန်ုပ်တို့အပြစ်များအားလုံးကို မည်သို့ဖယ်ရှားပေးတော်မူခဲ့ သနည်း။ သခင်ယေရှုသည် လောကနှင့်စပ်ဆိုင်သောယဇ်ကောင်ကို အသုံးပြုမည့်အစား အပြစ်ကင်းစင်သောမိမိခန္ဓာကိုယ်ကိုယဇ်ကောင် အဖြစ်အသုံးပြုတော်မူလျက် ကျွန်ုပ်တို့အပြစ်များအားလုံးကိုထမ်း ရွက်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့်ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့်လူသားများ၏အပြစ်များကိုယူဆောင်သွား တော်မူ၍ အသွေးတော်သွန်းလောင်းကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ သေခြင်းမှတဖန်ရှင်ပြန်ထမြောက်တော်မူခဲ့ သည်။ဤသို့ဖြင့် လောကအပြစ်များအားလုံးမှကျွန်ုပ်တို့ကိုကယ်တင် တော်မူခဲ့သည်။ ဤမေတ္တာတော်သည် မည်မျှအံ့သြဖွယ်ကောင်းသ နည်း။ ဤကယ်တင်ခြင်းသည် မည်မျှအံ့ဩစရာကောင်းသနည်း။ 
ဤအရာကို သင်လုပ်ဆောင်နိုင်သလား။ အခြားလူတစ်ဦးအ တွက် သင်သည် ထိုပုဂ္ဂိုလ်၏အပြစ်များကိုယူဆောင်၍ သူ့နေရာတွင် အသေခံရသလော။ မဖြစ်နိုင်ပေ။ ထိုပြင်၊ သင်သည် အပြစ်အနာအ ဆာနှင့်မကင်းသူဖြစ်သောကြောင့် သင့်ကိုယ်သည် ပညတ်တော်အရ ယဇ်ပူဇော်ခြင်းပြုရန် အရည်အချင်းအမီနိုင်ပေ။ သူတစ်ပါးထက် မိမိ လူမျိုးများအတွက် စံပြနမူနာယူထိက်သော ပို၍ဖြောင့်မတ်သောအ ရာကိုလုပ်ဆောင်သူအချို့ရှိသည်။ သို့သော် လူအချို့တို့သည် ဤအ ရာကိုလုပ်ဆောင်နိုင်ကြသော်လည်း လူသားများလုပ်ဆောင်သောအ ရာအားလုံးသည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်သည်။ အ ကြောင်းမှာသူတို့သည် မိမိအပြစ်ပြဿနာများကိုတောင်မဖြေရှင်းနိုင် ဘဲ သူတစ်ပါးကို ကယ်တင်ခြင်းသည် အလွန်ဝေးနေသည်။ ဘုရားသ ခင်၏သားတော် သခင်ယေရှုခရစ်တော်ကလွှဲ၍ အပြစ်မှလူသားများ ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှမရှိပေ။ ကောင်ကင်အောက် မြေကြီးပေါ်မှသခင်ယေရှုခရစ်တော်၏နာမကလွှဲ၍ ကယ်တင်နိုင် သောနာမတစ်စုံတစ်ခုမျှမရှိပေဟု ကျမ်းစာကဖော်ပြထားပါသည် (တမန် ၄း၁၂)။
စကားမစပ်၊ သင်တို့ကားတွင်စိတ်အားထက်သန်သူတစ်စုံတစ် ယောက်က “ငါဒီအရာကိုလုပ်နိုင်တယ်။ လူတစ်ယောက်အတွက်ငါ မိမိကိုယ်ကိုပေးဆပ်နိုင်တယ်။ လူတစ်ယောက်အတွက် ကျွန်တော် အသေခံရဲတယ်”ဟုပြောနိုင်ပေမည်။ ဤသို့သောပေးဆပ်မှုနှင့်ဆက် ကပ်မှုတို့သည် ခဏသာတည်သည်။ သို့သော် အချိန်ကြာလာသည် နှင့်အမျှအရာအားလုံးပြောင်းလဲသောအခါ သူတို့လုပ်ဆောင်မှုများ အားလုံးမေ့ပျောက်သွားပါသည်။ ဟေဗြဲ ၁၃း၉ တွင် “အထူးထူးအ ပြားပြားသောအယူဝါဒသစ်ကိုလိုက်၍ မဖေါက်ပြန်ကြနှင့်။ အစာများ အားဖြင့် စိတ်ခိုင်ခံ့မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံ လျှင်အကျိုးရှိ၏။အစာများကိုအမှုထားသော သူတို့သည် အကျိုးကိုရ ကြပြီမဟုတ်” ဟုဖော်ပြထားသည်။ မည်သည့်အရာက ဘုရားသခင် ထံတော်မှကောင်းကြီးမင်္ဂလာအကျိုးများကိုခံစားရရှိစေသနည်း။ ဘု သခင်၏ကယ်တင်ခြင်းကျေးဇူးတော်ဖြစ်သည်။ ကိုယ်တော့်ကျေးဇူး တော်က ကျွန်ုပ်တို့နှလုံးသားများလွှမ်းမိုးပြည့်ဝစေသည်။ လူသားအ ချင်းချင်း ကိုယ်ခန္ဓာကူညီဖေးမခြင်းသည် ထာဝရအသက်အတွက်အ ကျိုးတစ်စုံတစ်ခုမျှမဖြစ်ထွန်းစေပေ။ ကျွန်ုပ်တို့သည် ဘာဝအသာစံ၊ အဆင်ပြေချောမွေ့သည့်အချိန်မှာ ဤအကူအညီများကို မေ့လျော့ တတ်ကြသည်။ 
ဆိုကရေးတီး၊ ကွန်ဖြူးရှပ်နှင့်ဆစ်ဟားထားတို့သည် ကမ္ဘာမှာ အကျော်ကြားဆုံးပညာရှိပုဂ္ဂိုလ်များဖြစ်ကြသည်။ သို့ရာတွင် ဤသူ များသည် သင်၏ကယ်တင်ရှင်ဖြစ်ကြသလား။ ဆစ်ဟာထားသည် သင့်ကို အပြစ်များမှဆေးကြောပေးနိုင်သလား။ သူတို့အားလုံးကလုံး ဝမဆေးကြောပေးနိုင်ကြပေ။ လူသားများ၏အပြစ်များကို မည်သူ မည်ဝါကမျှမဖြေရှင်းပေးနိုင်လျှင် လူသားများ၏ကယ်တင်ရှင်မှာမည် သူဖြစ်မည်နည်း။ ယဇ်ပရောဟိတ်ကြီးကိုယ်တိုင်မိမိလူများ၏အပြစ် များကိုမဆေးကြောနိုင်ပေ။ ဣသရေလလူမျိုးများသည် ဘုရားသခင် ချပေးတော်မူသောယဇ်ပူဇော်ခြင်းစနစ်ကို ယုံကြည်သောအခါမှသာ အပြစ်ဆေးကြောခြင်းရရှိနိုင်၍ ဤယဇ်ပူဇော်ခြင်းစနစ်နှင့်အညီယဇ် ပူဇော်ခြင်းပြုခြင်းအားဖြင့်အပြစ်များဖြေလွှတ်ခြင်းခံစားရရှိနိုင်သည်။ သူတို့သည် ယဇ်ကောင်၏ခေါင်းပေါ်တွင်လက်တင်ခြင်းအားဖြင့်ယဇ် ကောင်ပေါ်တွင်အပြစ်များလွှဲပြောင်းကြသည်။ မီးရှို့ရာယဇ်ပလ္လင်၏ ဦးချိုများပေါ်တွင် ဤယဇ်ကောင်၏အသွေးများကိုချထား၍ ကျန်အ သွေးများကိုမြေပေါ်သို့သွန်၍ ကျန်ဆီဥများကို မီးရှို့ရာယဇ်ပလ္လင်ပေါ် တွင် မီးရှို့ရမည်။ 
တစ်နှစ်အတွင်အပြစ်များကိုလွှဲပြောင်းပေးနိုင်ရန် ခုနစ်လ မြောက် ၁၀ ရက်နေ့တွင် ယဇ်ပရောဟိတ်ကြီးသည် ဘုရားသခင်ရှေ့ တော်၌ ယဇ်ကောင်၏ခေါင်းပေါ်မှာ လက်တင်လျက် အပြစ်များကို လွှဲပြောင်းပေးရသည်။အသွေးကိုအသန့်ရှင်းဆုံးဌာနသို့ ယူဆောင် သွားခဲ့သည်။ ဂရုဏာပလ္လင်၏အ‌ရှေ့ဘက်တွင် ပက်ဖြန်းရသည်။ ထို နေရာသည် သူဝင်ခဲ့သောနေရာမှဦးတည်ချက်အတိုင်းဖြစ်သည်။ သူ သည် ခုနစ်ကြိမ်ပက်ဖြန်းသောအခါ သူ၏အပြာရောင်ဝတ်လုံ၌ချိတ် ဆွဲထားသောရွှေခေါင်းလောင်းများအသံမြည်ခဲ့သည်။ (ဤရွှေခေါင်း လောင်းများသည် အပြာရောင်၊ခရမ်းရောင်နှင့်အနီရောင်ချည်သလဲ လုံးများအကြားမှာ ချိတ်ဆွဲထားသည်)။ ဤရွှေခေါင်းလောင်းသံများ သည် သူသွားသည့်နေရာ သို့မဟုတ် အသွေးပက်ဖြန်းသည့်နေရာ တိုင်းတွင် ကြားရသည်။ ဤအရာသည် အခြားသောအသံမဟုတ်ဘဲ သတင်းကောင်းဖြစ်သည်။ ဤအသုံးသည် သတင်းကောင်းကိုပြဌာန်း ထားသည်။ ကျွန်ုပ်တို့အပြစ်များအားလုံးဖြေလွှတ်ခဲ့သည်ဟူသော တန်ခိုးကြီးသောသတင်းကောင်းဖြစ်သည်။ယဇ်ပရောဟိတ်ကြီးသည်  မိမိအထင်ဖြင့် ယဇ်ပူဇော်ခြင်းပြု၍ မိမိလူများထံအပြစ်များဖြေလွှတ် ခြင်းမယူဆောင်နိုင်ကြပေ။သို့သော် ဘုရားသခင်တည်ထောင်ခဲ့တော် မူသောယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းယူဆောင်လာ နိုင်သည်။ ဓမ္မသစ်ခေတ်ကာလတွင် သခင်ယေရှုခရစ်တော်သည်ဤ လောကသို့ကြွလာတော်မူ၍ ဗတ္တိဇံခံယူလျက် ကားတိုင်ပေါ်တွင်အ သေခံကာ သေခြင်းမှရှင်ပြန်ထမြောက်၍ ယဇ်ပူဇော်ခြင်းစနစ်နှင့်အ ညီလုပ်ဆောင်တော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့ကိုကယ် တင်တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်ချမှတ် တော်မူခဲ့သောကယ်တင်ခြင်းပညတ်တော်နှင့်အညီ မိမိလုပ်ငန်းများ ကိုတာဝန်ကျေပြွန်စွာလုပ်‌‌ဆောင်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား ဖြောင့်မတ်သောသူများဖြစ်စေတော်မူနိုင်သည်။ 
ဒုတိယမွေးဖွားခြင်းအမှန်အကန်ရရှိခံစားလိုသူများသည် သ ဘောတူညီလျှင်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ‘Berean’စိတ်ကဲ့သို့ခံယူလိုသော စိတ်နှလုံးသားဖွင့်ဟခြင်းရှိလျှင် သော်လည်းကောင်း သူတို့သည် အပြစ်လွှတ်ခြင်းရရှိနိုင်ပါသည်။ ဤ သမ္မာတရားကိုလက်မခံသဘောမတူသောသူများသည် သူတို့ထံ ဘု ရားသခင်၏နှုတ်ကပတ်တော်ကို အကြိမ်မည်မျှပင်ဟောပြောနေပါ စေ သူတို့သည် အပြစ်ဖြေလွှတ်ခြင်းလုံးဝမရကြပေ။ သူတို့သည်မိုက် မဲသောသူများဖြစ်ကြသည်။ ဘုရားသခင်ပြောသောနှုတ်ကပတ်တော် ကို လူတစ်ယောက်သည် မည်သို့မယုံဘဲနေနိုင်မည်နည်း။ လူသား များ၏ပညာသည် မည်သည့်အဆင့်သို့အမှန်ရောက်နိုင်သနည်း။ သူ တို့၏ပညာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ပညာနှင့်အလွန် ကွာခြားလွန်းသည်။ သို့သော် သူတို့သည် မိမိကြိုးပမ်းအ‌အောင်မြင် မှုကိုဆက်လက်ဝါးကြွား၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုငြင်း ပယ်တတ်ကြသည်။ ဤကဲ့သို့မိုက်မဲသောလူများကို ရှာဖွေတွေ့ရှိရန် အလွန်ခဲယဥ်းပါသည်။ 
ချစ်သောညီအစ်ကိုမောင်နှမများ၊ ကမ္ဘာပေါ်တွင် ပြောင်းလဲမှု သည်အလွန်မြန်ဆန်လွန်းသည်။ စက်မှုပညာသည် တဟုန်ထိုးတိုး တက်လျက်ရှိသည်။ လူကိုယ်ပွားရုပ်တုများကိုတောင်ဖန်တီးတတ် ကြသည်။ဘုရားမဲ့ဝါဒီများသည်လည်း ကြီးမားကျယ်ပြန့်စွာ တိုးတက် လာကြသည်။ ဘာသာရေးခေတ်ကာလသည် တစ်ဖြည်းဖြည်းကုန် ဆုံးသွားသည်။ သို့သော် ဤကမ္ဘာသည် ရှုပ်ထွေးမှုနှင့်ပဋိပက္ခများစွာ ပေါ်ပေါက်နေသော်လည်း ကျွန်ုပ်တို့ဒုတိယမွေးဖွားခြင်းခံရသောသူ များသည်မင်းယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်ကိုအစေခံခြင်း ကလွှဲပြီးအခြားလုပ်ဆောင်စရာတစ်ခုမျှမရှိတော့ပေ။ ယခု ရေနှင့်ဝိ ညာဥ်တော်သတင်းကောင်းသည် ဘုရားတရားမသိသူ၊ လျစ်လျူရှုသူ များကြားတွင်ကမ္ဘာ့နေရာအနှံ့အပြားသို့တဟုန် ထိုးပျံ့နှံ့သွားခဲ့သည်။   ကျွန်ုပ်တို့သည် လက်ရှိအချိန်များတွင်ဖြစ်ပျက်သောဆိုးရွားသောအ ခြေအနေများကို အန်တုတိုက်လှန်သောသူများ၊ လောကကိုမှောက် လှန်သောသူများဖြစ်ကြသည်။ 
ရေနှင့်ဝိညာဥ်တော်သတင်းကောင်းသည် ဘုရားသခင်ချပေး တော်မူသော ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ ကယ်တင်ခြင်းတရား သည် နောက်နောင်တွင် တစ်ကမ္ဘာလုံးသို့ ပို၍ ပျံ့နှံ့ပြီး အဖူးအပွင့် များ ဝေဝေဆာဆာ ပွင့်လန်းလိမ့်မည်ဟု ကျွန်တော်အပြည့်အဝယုံ ကြည်သည်။ ယနေ့ ကျွန်ုပ်တို့ယဇ်ပရောဟိတ်များသည် ကိုယ့်အ တွက်ဖြစ်စေ ကမ္ဘာပေါ်တွင်ရှိနေသောဝိညာဥ်များအားလုံးအတွက် ဖြစ်စေဆုတောင်း၍ ဤသတင်းကောင်းကိုသက်သေခံခြင်းအားဖြင့် ဆက်ဆက်အသက်ရှင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့်အသက်ရှင်လျှင် ဘုရားသခင်နှင့်အတူလျှောက်လှမ်းအသက် ရှင်သောသူများဖြစ်ကြ၍ သတင်းကောင်းဟောပြောခြင်းအမှုတော် ကိုပို၍အောင်မြင်စွာလုပ်ဆောင်နိုင်ကြမည်ဟုကျွန်တော်ယုံကြည်မိ ပါသည်။ ကျွန်ုပ်တို့သည် ဤနောက်ဆုံးချိန်များတွင် ဘုရားသခင်ကို ဝမ်းမြောက်စေသောလုပ်ငန်းများကို ပြည့်စုံစွာလုပ်ဆောင်ရန် ကြိုး စားအားထုတ်သောအခါ ကယ်တင်ခြင်းသတင်းကောင်းလုပ်ငန်းများ ကို ကမ္ဘာဆုံးထိတိုင်အောင် ကျယ်ပြန့်၍ သတင်းကောင်းရောက်ရှိ သောနေရာများတွင်ညင်သာသောလေနှင့်အတူပန်းရနံ့ပမာမွှေးကြိုင် လာပါလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ 
ဘုရားသခင်ကိုအစေခံနိုင်ရန်နှင့် ကိုယ်တော်၏သာသနာလုပ် ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ယဇ်ပရောဟိတ်များအဖြစ်ကျွန်ုပ် အား ရွေးကောက်သန့်စင်စေတော်မူသောဘုရားသခင်အား ဂုဏ်ပြု ခြင်းအလုံးစုံကို ကျွန်တော်ပေးအပ်ပါသည်။