Search

တရားဟောချက်များ

ဘာသာရပ် ၁၂ - သင်၏စိတ်နှလုံးသား၌ ရှုပ်ထွေးမှုများနှင့် အချည်းနှီးများ ရှိလျှင် သမ္မာတရား အလင်းကို ရှာပါ

[12-4] လူများသည် အသေခံသော ယေရှုကို မသနားကြပေ (လုကာ ၂၃း၂၆-၃၁)

လူများသည် အသေခံသော ယေရှုကို မသနားကြပေ
(လုကာ ၂၃း၂၆-၃၁)
“ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့ လျှင်၊ ဘမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ၏။ ထိုသူ တို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမ ယူ ဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ၏ ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့က၊ အို တောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံး အုပ်ကြပါဟု ခေါ်ကြလိမ့်မည်။ အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့် မည် နည်းဟု မိန့်တော်မူ၏။”
 

ယနေ့ဖတ်ရှုသောကျမ်းချက်တွင် သခင်ယေရှုသည် ကာရနီ တောင်ပေါ်သို့ ကားတိုင်ထမ်းတော်မူခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရကြ သည်။ ဤအချိန်တွင် သခင်ယေရှုသည် အချက်ပေါင်း ၃၉ ချက်တိတိ အရိုက်ခံရသောကောင့် အလွန်နာကျင်မှုခံစားတော်မူခဲ့သည်။ ကိုယ် တော်သည် ကားတိုင်ကို မထမ်းနိုင်သောအခါ ရောမစစ်သားများက ရှိ မုန်အမည်ရှိသော ကုရေနေပြည်သားကို ဖမ်းဆီး၍ ကားတိုင်ကို ထမ်း စေခဲ့ကြသည်။ ထိုအချိန်တွင် သခင်ယေရှု၏နောက်လိုက်သူများအ ဖြစ် ကိုယ်တော်ကို လေးစား၍ မြည်တမ်းငိုကြွေးသူ မိန်းမအချို့ရှိခဲ့ ကြသည်။ သခင်ယေရှုသည် ငိုကြွေးနေကြသောမိန်းမများထံ “ယေရု ရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြနှင့်။ ကိုယ့်အတွက်နှင့် သားသမီး များအတွက် ငိုကြွေးကြပါ”ဟု မိန့်တော်မူခဲ့သည်။ ယနေ့၊ ဤတွင် အ မျိုးသမီးများထံ သခင်ယေရှုပြောကြားတော်မူခဲ့သောအရာကို ယနေ့ ကျွန်ုပ်တို့အတွက် ဝိညာဉ်ရေးရာသင်ခန်းစာအဖြစ် ကျွန်တော်သက် သေခံလိုပါသည်။
ယနေ့ယုံကြည်ခြင်းအသက်တာအားဖြင့် အသက်ရှင်သူ များစွာ သောခရစ်ယာန်များသည် အသေခံသောသခင်ယေရှုကို သနားခြင်းမ ရှိကြပေ။ ယနေ့ကျမ်းချက်တွင် ကိုယ်တော်သည် “ငါ့အတွက် မငိုကြ နှင့်။ သင်တို့အတွင်နှင့်သားသမီးများအတွက်ငိုကြပါ”ဟု မိန့်တော်မူခဲ့ သည်။ ကိုယ်တော်သည် “ဘာကြောင့် ငါ့အတွက် ငိုကြွေးကြသနည်း။ ဤသို့ဖြင့် ငါ့အတွက် ငိုကြွေးစရာမလိုပါ။ ငါသည် ဤလောကအပြစ် များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သောကြောင့် ယခု တွင် ဂေါလဂေါသတောင်ပေါ်သို့ ကားတိုင်ထားရခြင်း ဖြစ်တယ်။ ဒါကြောင့် ငါ့အတွက် မငိုကြပါနှင့်”ဟု ပြောကြားတော်မူသည်။ 
 


ဤလောက၌ ဘာသာတရားများက သခင်ယေရှုကို သ နားကြမည်မဟုတ်ပေ


သခင်ယေရှုသည် ဇာတိအသွေးမျက်စိဖြင့် မြင်နိုင်သော ရူပနှင့် မမြင်နိုင်သော အရူပအရာများကို ဖန်ဆင်းတော်မူခဲ့သော သုံးပါးတစ် ဆူ ဖြစ်တော်မူသည်။ သုံးပါးတစ်ဆူသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူခဲ့သောအခါ သခင်ယေရှုသည် ထိုနေရာတွင် ရှိတော် မူခဲ့သည်။ ကိုယ်တော်သည် နှုတ်ကပတ်တော်အားဖြင့် ဤစကြာဝဠာ နှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သော ဖန်ဆင်းရှင် ဖြစ် တော်မူသည်။ ခမည်းတော်ဘုရားသခင်သည် သားတော်သခင်ယေရှု ခရစ်တော်အားဖြင့် အပြစ်များအားလုံးကို ကယ်တင်တော်မူရန် ကယ် တင်ခြင်းအကြံအစည်တစ်ခုကို တည်ထောင်တော်မူခဲ့သည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များအားလုံးကို လက်ခံတော်မူခဲ့သော ကယ်တင် ရှင် ဖြစ်တော်မူသည်။
ယနေ့များစွာသောလူများသည် ဤလောကအပြစ်များကို တစ် ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သော သခင်ယေရှု၏ဗတ္တိဇံကို နှလုံးသားများ၌ မလက်ခံကြသေးသောကြောင့် သူတို့သည် အပြစ် များမှဆေးကြောခြင်းမခံရသေးသောသူများစွာ ရှိသည်။ ဤပုဂ္ဂိုလ် များသည် ဘုရားသခင်၏နှုတ်ကပတ်တော်ထက် နိုင်းစင်းယုံကြည်မှု ၌ ပြသထားသော ကားတိုင်ပေါ်တွင် သခင်ယေရှု၏အသေခံတော်မူ  ခြင်းကိုသာ သတိရကြသည်။ ကျွန်ုပ်တို့သည် သခင်ကို မသနားသင့် ကြပေ။ သို့သော် သခင်ယေရှု၏ဗတ္တိဇံကို အာရုံစူးစိုက်ရကြမည် ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ဤလောက၏အပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသော ယုံကြည်မှုကို ပို၍ အာရုံစူးစိုက်သင့်ကြ သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်ကားတိုင်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော အပြစ်များမှ မည်သို့ ဆေးကြောသည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြ မည် ဖြစ်သည်။
သခင်ယေရှု၏ဗတ္တိဇံလုပ်ငန်းကို ယုံကြည်ခြင်းအားဖြင့် ယခု တွင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရ၍ ဒုတိ ယမွေးဖွားခြင်းခံရရန် ကိုယ်တော်အလိုရှိတော်မူသည်။ ယနေ့ခရစ် ယာန်များသည် သခင်ယေရှုကို သနားသောစိတ်ဖြင့် ယုံကြည်ရန် တိုက်တွန်းကြသည်။ အသေခံတော်မူသော သခင်ယေရှုအတွက် ဝမ်း နည်းနေကြသည်။ သို့သော် ကိုယ်တော်၏မျက်စိတွင် ဤသို့သော ပုဂ္ဂိုလ်များသည် ဘာသာတရားကိုင်းရှိုင်းသူများသာ ဖြစ်ကြသည်။ သူတို့သည် သခင်ယေရှု၏သန့်ရှင်းခြင်း၊ ကိုယ်တော်၏ အနန္ဒတန်ခိုး တော်၊ နှင့် ဖြောင့်မတ်ခြင်းများကို မသိကြပေ။ သခင်ယေရှုသည် ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့ သည်ဟူသော ကယ်တင်ခြင်းနှုတ်ကတပ်တော်ကို ပြောင်လှောင်၊ လျစ်လျူရှု၍ သရော်နေကြသည်။
 


“ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများ ကြောင့် ငိုကြွေးကြလော့”


“ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့”ဟု ကိုယ်တော်မိန့်တော်မူခဲ့သောအခါ အဘယ်အ ရာကို ဆိုလိုသနည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံလုပ်ငန်းကို သိ၍ ယုံကြည်ရန်နှင့် ဘုရားသခင်၏ဘုန်းတော်ကြီးမြတ်စေရန်ကိုယ် တော်အလိုရှိတော်မူသည်ကို ဆိုလိုသည်။ ဤတွင် ကိုယ်တော်သည် “သင်၏နှလုံးသားနှင့်သားသမီးများ၏နှလုံးသားများ အပြစ်များကျူး လွန်နေကြသဖြင့် သင်နှင့်သင်တို့၏သားသမီးများသည် ထိုအပြစ်များ အတွက် တရားစီရင်ခြင်းခံရကြလိမ့်မည်။ ဗတ္တိဇံယောဟန်ထံမှ ငါခံ ယူခဲ့သော ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့်  သင်တို့၏အပြစ်များအား လုံးမှ ဆေးကြောခြင်းခံရကြပါ။ သင်၏အပြစ်များကို ထမ်းသော ဖြောင့်မတ်ခြင်းဗတ္တိဇံလုပ်ဆောင်ချက်ကို ယုံကြည်၍ အပြစ်များ အားလုံးမှ ယခု ဆေးကြောခြင်းခံရကြပါ"ဟု မိန့်တော်မူခဲ့သည်။ 
ကိုယ်တော်သည် “ငါက ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် သင်၏အပြစ်များ၏ပြစ်ကြွေးကို ထမ်းခဲ့တယ်ဟု ယုံ ကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းခံရပါ။ထိုကြောင့် ငါသည် ကားတိုင် ပေါ်တွင်ခံရသောဆင်းရဲဒုက္ခအတွက်ငါ့ကိုမသနားကြပါနှင့်။ လောက ဘာသာရေးကိုင်းရှိုင်းသူများကဲ့သို့ အသက်မရှင်ပါနှင့်။ ငါသည် ဗတ္တိဇံ အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူ သော နှုတ်ကပတ်တော်ကို ယုံကြည်ပါ။ ဤယုံကြည်ခြင်းအားဖြင့် ဒု တိယမွေးဖွားခြင်းခံပါ။ ယခု ငါက ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် သင်တို့၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့ သဖြင့် ကားတိုင်ပေါ်တွင် အသေခံခဲ့ခြင်း ဖြစ်တယ်”ဟု မိန့်တော်မူ သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား “ဗတ္တိဇံယောဟန်ထံမှ ငါခံယူ ခဲ့သောဗတ္တိဇံနှင့် သင်၏အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းကို သင်သည် သင့်တော်စွာ နားလည်သဘောပေါက်၍ ယုံကြည်ရမည် ဖြစ်သည်။ ငါသည် သင် ဝမ်းနည်းသနားရမည့်သူ မဟုတ်ပါ။ ငါသည် သင်၏အပြစ်များအား လုံးကို ယူဆောင်၍ ဆေးကြောပေးတော်မူခဲ့သော ဘုရားသခင်၏ သိုးသငယ် ဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။
ယခု ငါသည် ဗတ္တိဇံအားဖြင့် သင်၏အပြစ်များ၏ပြစ်ကြွေးများ ထမ်းရန် ကားတိုင်ပေါ်တွင် ထမ်းခဲ့သည်။ ငါသည် ဗတ္တိဇံခံယူတော်မူ ခြင်းနှင့် အပြစ်သားများ၏တရားစီရင်ခံရခြင်းအားဖြင့် သင်၏အပြစ် များကို ထမ်း၍ ဆေးကြောပေးတော်မူခဲ့သည်ဟူသော ကယ်တင်ခြင်း ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် သင်၏နှလုံးသား၌ အပြစ်များ ဖြေလွှတ်ခြင်းခံရပါ။ ငါလုပ်ငန်းကို ယုံကြည်ခြင်းအားဖြင့် ငါ့ကို ကျေးဇူးတင်ပါ။ ငါခံယူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သင့် အတွက် ပြုခဲ့သောပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့် အပြစ်များ ဖြေလွှတ်ခြင်းခံရရန် ယခုတွင် ငါ သင့်ကို အမိန့်ပေးခဲ့သည်ကို သိပါ” ဟု မိန့်တော်မူသည်။ သသခင်ယေရှုသည်၏ ဗတ္တိဇံနှင့် သွန်းလောင်း တော်မူခဲ့သောအသွေးတော်ကို သိ၍ယုံကြည်ကာ ဤယုံကြည်ခြင်း အားဖြင့် သခင်ယေရှုခရစ်တော်ကို ကိုးကွယ်ရန် ကျွန်ုပ်တို့အတွက် မ ရှိမဖြစ်လိုအပ်သည်။
ကိုယ်တော်က “ငါသည် ငါ့ကျွန်ဗတ္တိဇံယောဟန်ထံမှ ခံယူတော် မူခဲ့သော ဗတ္တိဇံအားဖြင့် သင်၏အပြစ်များအားလုံးကို ထမ်းခဲ့သော ကယ်တင်ရှင်ဖြစ်တယ်။ သင်၏ဝိညာဉ်သည် အပြစ်ကြောင့် ပျက်စီးရ မည် ဖြစ်သော်လည်း ငါသည် သင့်ကို ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အ သေခံတော်မူခြင်းအားဖြင့် အပြစ်များအားလုံးနှင့် တရားစီရင်ခြင်း များမှ တစ်ကြိမ်တည်းကယ်တင်ခဲ့တယ်။ ငါသည် ဗတ္တိဇံယောဟန်ထံ မှ ခံယူခဲ့သော ဗတ္တိဇံအားဖြင့် သင်၏အပြစ်များကို ထမ်း၍ ဆေး ကြောပေးသော ကယ်တင်ရှင် ဖြစ်တယ်။ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ငါပြည့်စုံစေခဲ့သော ငါ၏ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ နှင့် ကယ်တင်ခြင်းအမှုကို နှလုံး သား၌လက်ခံ၍ ယုံကြည်ပါ။ ဤယုံကြည်ခြင်းအားဖြင့် သင်၏အပြစ် များအားလုံးမှ ယခု ထာဝရဆေးကြောခြင်းခံပါ။ ငါခံရသောဗတ္တိဇံ အားဖြင့် ကားတိုင်ပေါ်တွင် သင်၏အပြစ်များ၏ပြစ်ကြွေးအားလုံး ထမ်းခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရယူပါ။
ကိုယ်တော်က ဆက်လက်ဖော်ပြထားသည်မှာ “ငါ့အတွက် ဝမ်း မနည်းကြပါနှင့်။ မှားယွင်းသောဘာသာတရားလှည့်စားမှုမှ လွှတ် မြောက်ပါ။ ငါ့ကို သနားမည့်အစား ငါသည် သင်၏အပြစ်များနှင့် သင် ၏မျိုးဆက်များအပြစ်အားလုံးကို ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် တစ်ကြိမ်တည်းဖယ်ရှားပေးခဲ့သည်ဟု ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ပါ။ သင်သည် ဘိုးဘေး များထံမှ အမွေဆက်ခံလာခဲ့သော အပြစ်များအတွက် တရားစီရင် ခြင်းခံရမည့် အပြစ်သားဖြစ်သည်ဟု သိ၍ ယခုတွင် ငိုကြွေးပါ။ သင် ၏ရွေးနှုတ်ကယ်တင်ခြင်းအတွက် ငါပြင်ဆင်ထားခဲ့သော အပြစ်များ ဖြေလွှဝ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံယူပါ။ ငါပေး အပ်ခဲ့သော အပြစ်ဖြေရာယဇ်ကို သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံ ကြည်ခြင်းမရှိလျှင် သင်သည် အပြစ်များကြောင့် အပ္ပါယ်ငရဲသို့ ပြစ် ချခြင်းခံရမည် ဖြစ်သည်။ ယခုမှစ၍ ငါအတွက် မငိုကြပါနှင့်။ သို့သော် ငါသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်သွန်း လောင်းသောအသွေးတော်အားဖြင့် ပြည့်စုံစေခဲ့သော ကယ်တင်ခြင်း ကို ယုံကြည်ခြင်းအားဖြင့် လွှတ်မြောက်ခြင်းခံယူပါ။ ငါသည် ကား တိုင်ပေါ်တွင် အသေခံခြင်းမှ ငါသင့်ကိုပေးခဲ့သော ကယ်တင်ခြင်းကို နှလုံးသား၌ လက်ခံရမည်ဟု သင်သိ၍ ယုံကြည်ကာ ဤကယ်တင် ခြင်းကို ခံယူပါ” ဖြစ်သည်။
ဒုတိယမွေးဖွားခြင်းခံရရန် ကိုယ်တော်ပေးအပ်တော်မူခဲ့သော နှုတ်ကပတ်တော်၏အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကို နှလုံးသားဖြင့် ယုံကြည်ရန် ကိုယ် တော်မိန့်ကြားတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်ကားတိုင် အားဖြင့် ကျွန်ုပ်တို့အပြစ်များနှင့် ပြစ်ဒဏ်မှ ကျွန်ုပ်တို့အား ကယ်တင် တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏အလိုတော်နျှင့်အညီ ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရကြသည်။
 

ယခု၌ပင်လျှင် လူများစွာတို့သည် အသေခံတော်မူ သောသခင်ယေရှုကို မျက်စိကန်းစွာ ယုံကြည်သည်

ယနေ့ခရစ်ယာန်များသည် သူတို့၏ထင်မြင်တွေးခေါ်မှုများနှင့် အညီ မျက်စိကန်းသောဘာသာတရားအသက်တာဖြင့်သာ အသက် ရှင်နေကြသည်။ ဤသို့မျက်စိကန်းသောယုံကြည်ခြင်းသည် ကိုယ် တော်အလိုရှိတော်မူသော ဒုတိယမွေးဖွားခြင်းယုံကြည်မှုမဟုတ်ပေ။  ကျွန်ုပ်တို့လက်ခံရန် ကိုယ်တော်အလိုရှိတော်မူသော ကယ်တင်ခြင်း ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ယနေ့ခရစ် ယာန်များသည် မိမိစိတ်လှုပ်ရှားမှုပေါ်၌သာ အခြေပြု၍ ယုံကြည်ကြ သည်။ သူတို့က “သခင်ယေရှုသည် ကားတိုင်ပေါ်တွင် မည်မျှ ဆင်းရဲ ဒုက္ခခံတော်မူခဲ့သလဲ”ဟု မိမိကိုယ်ကိုကိုယ် ထင်မှတ်သည်။ သို့သော် ဤအရာသည် ကိုယ်တော်လိုအပ်တော်မူသောအရာမဟုတ်ပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သိ ၍ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရရန် အလိုတော်ရှိ သည်။
ယနေ့ခရစ်ယာန်များသည် သခင်ယေရှု၏ကားတိုင်ကိုသာ ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ကြိုးစားကြသည်။ လူများ စွာတို့သည် ကိုယ်တော်၏ဗတ္တိဇံဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ကြ မည့်အစား သူတို့သည် ကိုယ်တော်သည်းခံတော်မူခဲ့သော အသေခံ ခြင်းကိုသာ မျက်ကန်းစွာဖြင့် တွေးကာ ယုံကြည်တတ်ကြသည်။ ထို ကြောင့် သူတို့သည် ကိုယ်တော်ကို အမှန်အကန်သနား၍ သခင်ယေရှု ရင်ဆိုင်ရသော အခက်အခဲမှာ ခက်ခဲသောပတ်ဝန်းကျင်အခြေအနေ ဖြင့် သူတို့ခံစားရသောအရာများအဖြစ် ခံစားကာ ဝမ်းနည်းကြ၍ သူ တို့သည် မျက်စိကန်းစွာ ယုံကြည်ကြသည်။ သူတို့သည် ဘာသာရေး ကပ်ကြီးထံ မြှုပ်နှံကြ၍ နေ့တိုင်း ဘာသာရေးစိတ်ခံစားချက်ဖြင့် ထပ်  ခါတလဲလဲ အသက်ရှင်နေကြသည်။
သူတို့သည် ဘာသာတရားခံစားချက်ဘဝဖြင့်သာ ဆက်လက်အ သက်ရှင်ကြလျှင် သူတို့သည် နောက်ဆုံး၌ သူတို့ပိုင်ဆိုင်မည့်အရာ အားလုံးမှာ အပြစ်တရားများနှင့် အနတ္တသက်သက် ဖြစ်သည်။ ထို ကြောင့် ဤသို့ဖသာ် ဘာသာရေးပုဂ္ဂိုလ်များသည် အမြန်ဆုံး ဗတ္တိဇံ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်သို့ ပြန်လှည့်၍ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် ကိုယ်တော့်အပေါ်သို့ မိမိအပြစ်များကို လွှဲပြောင်း ခြင်းအားဖြင့် အပြစ်များမှ ဆေးကြောခြင်းခံရမည် ဖြစ်သည်။ ထို ကြောင့်သူတို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့ သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်၍ ယခုတွင် သူတို့သည် ကျိန်ခြင်းအမင်္ဂလာအားလုံး နှင့် အပြစ်များအတွက် ညှဉ်းပန်းနှိပ်စက်မှုများမှ လွှတ်မြောက်ခဲ့ကြ သောကြောင့် သူတို့သည် နှလုံးသားများ၌ရှိသော အပြစ်များအားလုံး မှ ဆေးကြောခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်များအားလံးမှ ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ 
ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သောဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်သူများသည် ယုံကြည်ခြင်းအားဖြင့် အပြစ် များအားလုံးမှ ဆေးကြောခြင်းခံရသူများဖြစ်ကြသည်။ သူတို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ကြသောကြောင့် ယခုတွင် သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်ဆုကျေးဇူးကိုလက် ခံရန် အရည်အချင်းပြည့်မီကြသည်။ ယနေ့ခရစ်ယာန်များသည် နှလုံး သား၌ အပြစ်များဖြေလွှတ်ခြင်းခံရရန်နှင့် သူတို့၌ သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်တော်မူရန်အတွက် သူတို့အားလုံးသည် ကိုယ် တော်၏ဗတ္တိဇံအားဖြင့် သူတို့အပြစ်များမှ ဆေးကြောပေးနိုင်သော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရှေးဉီးစွာ ယုံကြည်ရကြမည် ဖြစ် သည်။ ထိုသို့ဖြင့် သူတို့သည် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှု၏ ကိုယ်ပေါ်သို့ နှလုံးသားများ၏အပြစ်များကို လွှဲပြောင်းရကြမည် ဖြစ် သည်။ ထိုနောက် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူ များသည် အပြစ်မှ လွှတ်မြောက်နိုင်ကြသည်။ ဤခရစ်ယာန်များ သည် အပြစ်များအားလုံးမှ လွှတ်မြောက်ရန်အတွက် သူတို့နှလုံးသား များသည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ ကို ယုံကြည်ရကြမည် ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့အားလုံးသည် သခင်ကို ဆန့်ကျင်ခဲ့ကြသော ဖါရိရှဲများကဲ့သို့ ဖြစ်လာကြလိမ့်မည်။
ထိုကြောင့် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည် ခြင်းသည် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မူသောယုံကြည်ခြင်း ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ထိုအရာကို ယုံကြည်ရကြမည် ဖြစ် သည်။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့အားလုံးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွားစေသော ယုံကြည်ခြင်း ရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်များမှ ဒု တိယမွေးဖွားခြင်းခံရရန်အတွက် ကိုယ်တော်သည် ဗတ္တိဇံယောဟန် ထံမှ ဤလောကအပြစ်များကို ဆေးကြောပေးတော်မူခဲ့သည်ဟု ဆုပ် ကိုင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ ဤဒုတိ ယမွေးဖွားခြင်းဖြစ်စေသောယုံကြည်ခြင်းကို ပိုင်ဆိုင်ရကြမည် ဖြစ် သည်။ သင်သည် အဘယ်သို့နည်း။ သငခ်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သင်၏အပြစ်များအား လုံးကို ဆေးကြောပေးတော်မူခဲ့သည်ဟု ယခု အသိအမှတ်ပြုသ လော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် ဤအချက်ကို အသိအမှတ် မဖြစ်မနေ ပြုရကြမည် ဖြစ် သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ယုံကြည်ခြင်း ရှိသူဖြစ်လာကြသည်။ ကျွန်ုပ်တို့သည် နှလုံးများဖြငင့် ကိုယ်တော်၏ ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ကို ဝမ်း မြောက်စေတော်မူသောသန့်ရှင်းသူများနှင့် အပြစ်များမှ ဆေးကြော ခြင်းခံရသောသူများဖြစ်လာခဲ့ကြသည်ဟု နားလည်သဘောပေါက် ရကြမည် ဖြစ်သည်။
ယခုတွင် ကျွန်ုပ်တို့သည် အပြစ်များအတွက် အပြစ်ဖြေရာယဇ် အဖြစ် အသေခံတော်မူခဲ့သောသ ခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် ကို ယုံကြည်သူများဖြစ်ရကြမည် ဖြစ်သည်။ ဗတ္တိဇံယောန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ယခုတွင် ကိုယ်တော်အပေါ်သို့ အပြစ်များ အားလုံးကို လွှဲပြောင်းရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏တရားမျှတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ကို ကျေးဇူးတင်၍ ဘုန်းတော်ထင်ရှားစေရကြမည် ဖြစ်သည်။
ယနေ့ သခင်ယေရှု၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များအားလုံးမှ ဒုတိယမွေးဖွားခြင်းခံရသောသူများသည် သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအား ဖြင့် ဤလောကအပြစ်များကို ကိုယ်တော်ထမ်းတော်မူခဲ့သည်ဟူ သောအချက်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်အပေါ်သို့ မိမိအ ပြစ်များအားလုံးကို လွှဲပြောင်းခဲ့သူများ ဖြစ်ကြသည်။ ဤသို့ယုံကြည် ခြင်းမျိုးကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏အလိုတော်နှင့် စည်းလုံးသော ယုံကြည်ခြင်းရှိသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့အား ကိုယ်တော်၏ဗတ္တိဇံအားဖြင့် ဒုတိယမွေးဖွားခြင်းဖြစ်စေသော ယုံ ကြည်ခြင်းအားဖြင့် ကိုယ်တော်ကို ကျေးဇူးတင်သင့်ကြသည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့ပြီ ဖြစ်သောကြောင့် ယနေ့ ကျွန်ုပ်တို့သည် ဤကယ်တင်ခြင်းသမ္မာတရားကို အသိအမှတ် မပြုသင့်ကြဘူးလား။ သို့မဟုတ် ထိုအရာကို ကျွန်ုပ်တို့နှလုံးသားများ အားဖြင့် မယုံကြည်သင့်ဘူးလား။
ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သောအ ခါ ကိုယ်တော်သည် အသေခံတော်မမူမီ ကိုယ်တော်သည် “အမှုပြီးပြီ” ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် အသေခံတော်မမူမီ ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ် များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တော် ခံယူတော်မူခဲ့သောဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ယခုတွင် လူ သားများ၏အပြစ်များအားလုံးကို ထမ်း၍ နိဂုံးချုပ်ခဲ့သည်ကို ဆိုလို သည်။ ထိုကြောင့် ကိုယ်တော်၏ဗတ္တိနှင့်အသွေးတော်သည် ကျွန်ုပ်တို့ အတွက် ကယ်တင်ခြင်းနှုတ်ကပတ်တော်ဖွဲ့စည်းပုံဖြစ်သည်ဟု ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်း ခံရကြခြင်း ဖြစ်သည်။ ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော်သွန်းလောင်းတော် မူခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရနိုင်ကြ၍ ယုံကြည်ခြင်းအားဖြင့် သာလျှင် ဒုတိယမွေးဖွားခြင်းခံရကြသည်။
ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းနှင့်အသွေးတော်ဖြင့် ကယ်တင်ခြင်းပြည့်စုံစေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ် တော်ကို ကျေးဇူးတင်သင့်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ယုံကြည် ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံသင့်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များ ဆေးကြောရန် ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်ဟု သိ၍ ယုံကြည်ခြင်း သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဖွဲ့စည်းပေးသည်။ ထိုနောက် ကွှန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်ထံမှ ကယ်တင်ခြင်း ခံရကြသောကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ချီးမြောက်၍ အမြဲတမ်းကျေးဇူးတော်ချီးမွမ်းနိုင်ကြခြင်း ဖြစ်သည်။
 


သခင်ယေရှုဗတ္တိဇံနှုတ်ကပတ်တော်ကို သမိုင်းမှ ချန် လှပ်ထာသူများ


ရှေးနှောင်းပိုင်းခေတ်ကာလတွင် အင်ပါယာကွန်စတင့်စတိုင်း က အေဒီ ၃၂၅ တွင် နိုင်းစင်းယုံကြည်မှုကို ပြုလုပ်ခဲ့၍ သခင်ယေရှု သည် အပြစ်သားများအား အပြစ်များမှ ကယ်တင်ခင်းအမှုကို ချန်ခဲ့ သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် မိမိကိုယ်အပေါ်သို့ အလောကအပြစ်များကို ထမ်းတော်မူခဲ့ သည်ဟူသော အချက်ကို နိုင်းစင်းယုံကြည်မှုမှ ပယ်ဖျက်ခဲ့သည်။ ကွန် စတင့်တိုင်းသည် ထိုသို့ ပျယ်ဖျက်ခြင်းအားဖြင့် ယနေ့ တစ်ကမ္ဘာလုံး တွင် ရှိနေကြသော ခရစ်ယာန်များသည် သမ္မာတရားကို မသိကြပေ။ ဤတွင် ကျွန်ုပ်၏ပန်းတိုင်မှာ သင်နှင့် ကိုယ်တော်ကို ယုံကြည်လို သော တစ်ကမ္ဘာလုံးတွင်ရှိသော လူသားအားလုံးအပေါ် ဤချန်လှပ် ထားသောအရာကို ပြဌာန်းခြင်း ဖြစ်သည်။ ကွန်စတင့်စတိုင်းသည် ဘု ရားသခင်ကို ဆန့်ကျင့်ကျူးလွန်သောအပြစ်မှာ အလွန်ကြောက်စရာ ကောင်းသောကြောင့် ဤအမှားကျူးလွန်ခြင်း၌ ပါဝင်သောသူကျွန်ုပ် တို့အကြား တိတ်ဆိတ်စွာ မနေသင့်ကြပေ။ ကျွန်ုပ်တို့သည် သခင် ယေရှု၏ဗတ္တိဇံနှင့်ပတ်သက်၍ ကွန်စတင့်တိုင်း၏ပျယ်ဖျက်ခြင်းကို ပြောင်းပြန်လှန်၍ မှန်ကန်သောနေရာသို့ ပြန်လှည့်ကြကာ ထိုအရာ ကို သင့်တော်စွာ ယုံကြည်ရကြမည် ဖြစ်သည်။
ရောမအင်ပါယာကွန်စတင့်တိုင်းဆင့်ခေါ်သော ပထမနိုင်းစင်း ကောင်စီ၌ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိ ဇံအမှု “နိုင်းစင်းယုံကြည်မှု”မှ ပယ်ဖျက်ခြင်းအားဖြင့် သူ၏ဇာတိအ သွေးအသား တပ်မက်မှုပြည့်စုံစေရန် ရှာဖွေခဲ့သည်။ ဗတ္တိဇံယောဟန် ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံကို နိုင်းစင်းယုံကြည်မှုမှ ပယ်ဖျက်ခြင်းအားဖြင့် ကွန်စတင့်တိုင်းက ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိ သော ခရစ်ယာန်များသာမက လူသားအားလုံးတို့၏မျက်စိများကို ဖုံး ကွယ်ထားသောကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူ ခဲ့သည်ဟူသာ သမ္မာတရားကို မသိနိုင်ကြပေ။ ဤသို့ပြုခြင်းအားဖြင့် သူသည် ဤလောကတွင်ရှိသည် ကမ္ဘာလုံးဆိုင်ရာ ဘာသာတရားအ များစုကို ဖန်တီးခြင်းအားဖြင့် သူ၏နိုင်ငံရေးရည်ရွယ်ချက်များအောင် မြင်သည်သာမက ကိုယ်တော်၏ရန်သူအားဖြင့် ကြီးမားသောအကျိုး ရှိသောတန်ဆာပလာအဖြစ် အသုံးခံခဲ့သည်။ အကျဉ်းချုပ်အားဖြင့်၊ သူသည်  မည်သူမည်ဝါမျှ မပြုခဲ့ဘူးသောအရာကို ပြုခဲ့သည်။ သူ သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံကို နိုင်း စင်းယုံကြည်မှုမှ ပထမဉီးဆုံးပယ်ဖျက်သူ ဖြစ်ခဲ့သည်။ သူသည် နိုင်းစင်းယုံကြည်မှုအားဖြင့် သခင်ယေရှုခရစ်တော်ထံ ရောက်သင့် သော ဘုန်းအသရေအားလုံးကို ဖုံးအုပ်ခဲ့သည်။ သူသည် ဘုရားသခင် ထံတော်သို့ ရောက်သင့်သော ဘုန်းအသရေ ဖုံးအုပ်သူအဖြစ် သူသည် သခင်ယေရှုခရစ်တော်၏ဘုန်းအသရေကို လုယူဖျက်ဆီးခြင်းဖြစ် သော ကြီးလေးသောအပြစ်ကျူးလွန်ခဲ့သည်။
ယခုတွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်တို့ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား လုံးသည် အပြစ်များမှ ဆေးကြောခြင်းခဲ့သည့် ခေတ်ကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်ဟု နားလည်သဘောပေါက်ခြင်း သည် အလွန်အရေးကြီးသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ထမ်း တော်မူခဲ့သည်ဟု ယုံကြည်ခြင်း၊ ယုံကြည်ခြင်းအားဖြင့် လူသားများ သည် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရမည်မည့်အချိန်သည် ဤခေတ်ကာလ ဖြစ်သည်။ တစ်နည်းအားဖြင့် ယခတွင် ကျွန်ုပ်တို့ သည် သခင်ယေရှု၏ဗတ္တိဇံသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရမည့် အရေးကြီး သောနေရာအချက်၌ ရောက်ရှိနေကြပြီ ဖြစ်သည်။ ယခုမှစ၍ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် မိမိကိုယ်ပေါ်သို့ ဤလောကအပြစ်များကို ထမ်းတော်မူခဲ့၍ ကားတိုင် သို့ ထိုအပြစ်များကို ထမ်းခဲ့ကာ ကျွန်ုပ်တို့နေရာတွင် အပြစ်များ၏ ပြစ်ကြွေးကို ထမ်းတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် ဖမ်းဆုပ်၍ ယုံ ကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယခုနှင့်ထာဝရတွင် စစ်မှန်သောကယ်တင်ခြင်းသို့ ရောက်ရကြမည် ဖြစ်သည်။ ဤယုံကြည်မှုကို ပိုင်ဆိုင်သူ ကျွန်ုပ်တို့ အားလုံးက သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ပြည့်စုံ စေတော်မူခဲ့သော ကယ်တင်ခြင်းကို တစ်ကမ္ဘာလုံးသို့ ဟောပြောရ ကြမည် ဖြစ်သည်။ 
ဤတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည့်အရာမှာ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သော ကယ်တင်ရှင်ဖြစ် တော်မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းနိုင်တော် မူခဲ့သောကြောင့်လည်းကောင်း၊ သခင်ယေရှုသည် ကားတိုင်စင်ခံ၍ အသွေးတော် သွန်းလောင်းတော်မူခဲ့သောကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် ယခုတွင် ဤယုံကြည်ခြင်းအားဖြင့် အပြစ်များအား လုံးမှ ကယ်တင်ခြင်းခံရနိုင်ကြ၍ ကိုယ်တော်ကို ကျေးဇူးတင်နိုင်ကြ ခြင်း ဖြစ်သည်။ ဤယုံကြည်မှုမှာ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံ ယူတော်မူခဲ့သော ဗတ္တိဇံ၏တရားမျှတမှုကို အချည်းနှီးမဖြစ်စေသော ယုံကြည်ခြင်း၊ ကိုယ်တော်၏ဘုန်းအသရေကို ထင်ရှားစေသောယုံ ကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ဆေးကြောခြင်း ခံရကြ၍ ဒုတိယမွေးဖွားခြင်း ခံရကြသည်။
ရှေးနှောင်းခေတ် အေဒီ ၃၂၅မှစ၍ ယနေ့အထိ နိုင်းစင်းယုံကြည် မှုကို ကြေငြာခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာဘာသာတရားသည် ခ ရစ်ယာန်များကို ဖျက်ဆီးနေသည်။ အဘယ်ကြောင့်နည်း။ ယနေ့ခရစ် ယာန်များသည် ကားစင်တင်အသေခံတော်မူခဲ့သော သခင်ယေရှုကို သာ အထူးပြု၍ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ဟူသော သမ္မာတရား ကို ပယ်ဖျက်၍ သခင်ယေရှုကို ယုံကြည်ကြသည်ကို ဆိုလိုသည်။ ထို ကြောင့် သူတို့သည် လောကဘာသာတရားကျင့်ဆောင်သူများအ ဖြစ်သို့သာ ပြောင်းလဲခဲ့ကြသည်ကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် ခရစ် ယာန်များအဖြစ် အသေခံတော်မူသော သခင်ယေရှုကိုသာ ယုံကြည် ကြလျှင် ကျွန်ုပ်တို့သည် အင်ပါယာကွန်စတင့်တိုင်းကဲ့သို့ လောက ဘာသာတရားကျင့်ဆောင်သူများအဖြစ်သို့ မိမိကိုယ်ကိုကိုယ် နိဂုံး ချုပ်ကြလိမ့်မည်။
ကျွန်ုပ်တို့အတွက် တရားစီရင်ခြင်းခံရရန် သခင်ယေရှု၏ဗတ္တိဇံ နှင့် အသွေးတော်တို့သည် ကယ်တင်ခြင်းလုပ်ဆောင်ဖြစ်၍ ကျွန်ုပ်တို့ သည် ဤအရာကို နှလုံးသားဖြင့် ယုံကြည်ရကြမည် ဖြစ်သည်ဟု ကျွန်ုပ်တို့ ရှင်းလင်းစွာ အသိအမှတ်ပြုရကြမည် ဖြစ်သည်။ ယခုချိန်၌ ပင်လျှင်  သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူ သောအချက်ကို သတိမမူဘဲ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းကာ အသေခံတော်မူခဲ့သော သခင်ယေရှုကိုသာ သနား၍ ယုံ ကြည်ခြင်းအားဖြင့် ဤအရာကို လျစ်လျူရှုတတ်ကြသည်။ သို့သော် ဤသို့သောယုံကြည်ခြင်းသည် သခင်ယေရှု၏တရားမျှတခြင်းကို လျစ်လျူရှု၍ သရော်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် လူသားများအား ဤ လောကအပြစ်များနှင့် အပြစ်များအားလုံး၏တရားစီရင်ခြင်းမှ ကယ် တင်တော်မူရန်အတွက် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့‌ောသ ဗတ္တိဇံအားဖြင့် သူတို့အပြစ်များကို ယူဆောင်သွား တော်မူခဲ့သောကြောင့် လောကအပြစ်များကို ထမ်းစဉ် ကားတိုင်ပေါ် တွင် အသေခံတော်မူခြင်းအားဖြင့် အပြစ်များ၏ပြစ်ဒဏ်ကို ထမ်း တော်မူခြင်းအားဖြင့် ကယ်တင်ခြင်းကို တစ်ကြိမ်တည်း ပြည့်စုံစေ တော်မူခဲ့သည်။
သို့သော် လူသားများသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို သခင်ယေရှုထမ်း တော်မူခဲ့သည်ဟူသော ဗတ္တိဇံသမ္မာတရားကို နိုင်းစင်းယုံကြည်မှုမှ ပယ်ဖျက်၍ ကိုယ်နည်းကိုယ်ဟန်ဖြင့် အသေခံတော်မူခဲ့သောသခင် ယေရှုကိုသာ အထူးပြုတတ်ကြသည်။ သူတို့သည် ထိုသို့ပြုခြင်းအား ဖြင့် သခင်ယေရှုအား လောကဘာသာတရားစတင်တည်ထောင်သူ အဖြစ်သို့သာ နောက်ပြန်လှည့်စေခဲ့ကြသ်ည။ သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအ ပြစ်များကို ထမ်းတော်မူ၍ ဗတ္တိဇံအားဖြင့် ယခုတွင် သခင်ယေရှုအ ပေါ်သို့ နှလုံးသားများ၌ရှိသောအပြစ်များအားလုံးကို လွှဲပြောင်းကာ ဤယုံကြည်ခြင်းအားဖြင့် အပြစ်များမှကယ်တင်ခြင်းစေ့စပ်သေချာမှု သည်ဟု လေးလေးနက်နက်သိသာထင်ရှားစေသည်ကို ကျွန်ုပ်တို့ သည် ဖမ်းဆုပ်ထားရကြမည် ဖြစ်သည်။ ယခုတွင် သင်နှင့်ကျွန်တော် တို့၏တာဝန်မှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို လက်ခံတော်မူခဲ့ သည်ဟု ယုံကြည်ခြင်းအားဖြင့် အပြစ်များ ဆေးကြောခြင်းခံရရန် ဤ ပစ္စုပ္ပန်ကာလ၌ အသက်ရှင်သူများဖြစ်ကြသည်။ တစ်နည်းအားဖြင့် ယခု ကျွန်ုပ်တို့လုပ်ရမည့်အရာမှာ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေး တော်သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏မျက် မှောက်တော်၌ တိုးဝင်ချဉ်းကပ်ခြင်း ဖြစ်သည်။
ကိုယ်တော်သည် ဒုတိယအကြိမ်ပြန်လည်ကြွလာတော်မူမည့် ခေတ်ကာလတွင် ကျွန်ုပ်တို့သည် အသက်ရှင်နေကြသည်။ ဤခေတ် တွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်အားဖြင့် ကယ်တင်ခြင်းပြည့်စုံစေတော်မူခဲ့သော ဘုရားသ ခင်၏ဘုန်းတော်ကို ယုံကြည်သူများ ဖြစ်ရကြမည် ဖြစ်သည်။ ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် လူသားများ၏အပြစ်များကို ဆေး ကြောပေးခဲ့သော ဤဗတ္တိဇံကို ချန်ထားသူများနှင့်မတူဘဲ သခင်ယေ ရှု၏ဗတ္တိဇံကို ပြန်လည်ရှာဖွေတွေ့ရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် မှန်ကန်သောနေရာသို့ ပြန်လည်ရရှိရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် သူတစ်ပါးကို လမ်းညွှန်သူများအဖြစ် ကျွန်ုပ်တို့အခန်း ကဏ္ဌ ကို ပြည့်စုံစေမှသာလျှင် သူတို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေ ရှုခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခဲ့သော သခင်ယေရှု၏ကယ်တင်ခြင်းအမှုကို ယုံကြည်ခြင်း အားဖြင့် အပြစ်များမှ အမှန်အကန် ဆေးကြောခြင်းခံရကြမည်။
ဤနောက်ဆုံးချိန်တွင် ယုံကြည်ခြင်း ပြုပြင်ပြောင်းလဲသူများအ ဖြစ် ကျွန်ုပ်တို့သည် ကိုယ်တော်မျက်မှောက်တော်၌ လူတိုင်းထံ ယုံ ကြည်ခြင်းသမ္မာတရားကို သက်သေခံသူများအဖြစ် အသက်ရှင်ရန် တာဝန်ရှိကြသည်။ ဤသို့သောအမှုကို သခင်ယေရှု၏ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသူ ဖြောင့်မတ် သောအစေခံများ၏အသက်တာ၌သာလျှင် အကောင်အထည်ဖော်နိုင် လိမ့်မည်။ သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် မိမိ ကိုယ်ပေါ်သို့ ဤလောကအပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် သူ တို့၏အပြစ်များကို ဆေးကြော၍ ကယ်တင်တော်မူခဲ့သည်ဟု ဤ ခေတ်ကာလတွင် ယုံကြည်သူများသာလျှင် ဤအမှုကို ပြီးစီးစွာ လုပ် ဆောင်နိုင်လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ကိုယ်တော် သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို ယုံကြည်ခြင်းအား ဖြင့် ဤသတင်းကောင်းသမ္မာတရားကို ဟောပြောသူပို၍များပြား သောအမှုတော်ဆောင်များကို အလိုတော်ရှိသည်။ ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်း၍ သက်သေခံသူများထံမှ သတင်း ကောင်းကြားနာသူများကို ကိုယ်တော်အလိုရှိတော်မူသည်။
ယခုတွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော် တို့ကို ယုံကြည်ခြင်းအားဖြင့် နှလုံးသားများ၌ အပြစ်များဖြေလွှတ် ခြင်းခံရကြသကဲ့သို့ ဤကမ္ဘာဘာသာတရားသို့ ကျဆင်းကြသောသူ များသည် အပြစ်များဖြေလွှတ်ခြင်းပေးအပ်တော်မူသောသခင်ယေရှု ထံသို့ ပြန်လည်လှည့်လာကြ၍ ကျွန်ုပ်တို့အသက်တာများကို ဆက် ကပ်ရန် ကျွန်ုပ်တို့မှာ တာဝန်ရှိကြသည်။ ကိုယ်တော်က “ပညာရှိ သောသူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါ ကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်း သောသူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်”(ဒံယေလ ၁၂း၃)ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို ကယ်တင်ခြင်းအဖြစ် ယုံ ကြည်၍ သူတို့ထံ သက်သေခံရကြမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ် တို့သည် ကိုယ်တော်၏ဖြောင့်မတ်သောဗတ္တိဇံနှင့်အသွေးတော်တို့ကို ယုံကြည်ကြပါစို့။ သခင်ယေရှု၏ဘုန်းအသရေတော်ကို ထင်ရှားစေ ကြပါစို့။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့ကို သန့်ရှင်းစေတော်မူခဲ့သည်ဟု သတိရကြ ပါစို့။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား ပြစ်ဒဏ်ခံတော်မူခဲ့သော သောကြောင့် ကျွန်ုပ်တို့သည် အပြစ်များ၏ပြစ်ဒဏ်မှ ရွေးနှုတ်ခြင်းခံ ရကြပြီဟု ယုံကြည်ခြင်းဖြင့် ကိုယ်တော်အပေါ် ကျေးဇူးတော်ချီးမွမ်း ကြပါစို့။ ဘုရားသခင်ဖြောင့်မတ်ခြင်းဖွဲ့စည်းထားသော သခင်ယေရှု ၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို ကျွန်ုပ်တို့အားလုံး ယုံကြည်ကြပါစို့။ ဤနောက်ဆုံးသောခေတ်ကာလတွင် ဘုရားသခင်သည် ဖြောင့်မတ် ခြင်းကယ်တင်ခြင်းကို ကျွန်ုပ်တို့အားလုံးသည် ယခုတွင် အားရနှစ် ထောင်းစွာဖြင့် လုပ်ဆောင်ကြပါစို့။ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးသို့ ယုံကြည်ခြင်းအားဖြင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်တို့ကို ဟောပြောကြပါစို့။ အန္တိခရစ်မရောက်လာမီ ယခု တွင် တစ်ကမ္ဘာလုံးသို့  နိုင်းစင်းယုံကြည်မှု ပယ်ဖျက်ခဲ့သော သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ဟောပြောကြ ပါစို့။ ဤနောက်ဆုံးချိန်များတွင် တစ်ကမ္ဘာလုံးသို့ သခင်ယေရှုဗတ္တိဇံ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် သက်သေခံ၍ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သ်ညဟု ကြွေးကြော် ကြပါစို့။ ထိုသို့ပြုခြင်းအားဖြင့် သခင်ယေရှုကို သနားသော ဘာသာ တရားကိုင်းရှိုင်းသူများကို လမ်းပြကြပါစို့။ ထိုကြောင့် သူတို့သည် အ ပြစ်များအားလံဒးမှ ကယ်တင်ခြင်းခံနိုင်ကြလိမ့်မည်။ သူတို့ကို ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်ပညာကို လမ်းပြမှသာလျှင် သူတို့ သည် ဤလောကအပြစ်များမှ ရွေးနှုတ်ခြင်းခံရကြလိမ့်မည်။
ကျွန်ုပ်တို့သည် ဘာကြောင့် ဤအရာကို လုပ်ရကြမည်နည်း။ အ ကြောင်းမှာ လူများစွာတို့သည် အသေခံတော်မူသောသခင်ယေရှုကို သနားသောအားဖြင့်သာ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သူတို့ သည် သခင်ယေရှုကို ကမ္ဘာဘာသာအဖြစ်သာ ယုံကြည်ကြသော ကြောင့် သူတို့သည် သခင်ယေရှု၏နှလုံးတော်ကို ချိုးဖြတ်နေကြ သောကြောင့် ဖြစ်သည်။ သူတို့သည် ဘာသာတရားကျင့်ဆောင်သူ များဖြစ်ကြ၍ သူတို့၏နှလုံးသားများ၌ အပြစ်များဖြင့် အသက်ရှင်နေ ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သူတို့ထံ ယခု သခင်ယေရှု၏ တရားမျှတ်ခြင်းကို ဟောပြော၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု သွန်သင်ကြကာ သူတို့ကို လမ်းပြမှသာလျှင် သူတို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့် သခင်ယေရှုထံသို့ ပြန်လှည့်၍ ကိုယ်တော်၏ဖြောင့်မတ်  ခြင်းကို ချီးမွမ်းကြလိမ့်မည်။
သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် ယုံကြည်သူ ကျွန်ုပ်တို့၏အပြစ်များအားလုံး ကို ဆေးကြောပေးတော်မူခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ထမ်း၍ ကား တိုင်သို့ ဤလောကအပြစ်များအားလုံးကို ထမ်းကာ ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များအ တွက် တရားစီရင်ခြင်းခံတော်မူခဲ့သော ကယ်တင်ရှင် ဖြစ်တော်မူ သည်။ သခင်ယေရှုသည် ကားစင်တင်ခံ၍ အသွေးတော်သွန်းလောင်း တော်မူခဲ့သည်ဟူသော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ကိုဘ်တော်သည် ကျွန်ုပ်တို့ကိုယ် စား ကားတိုင်ပေါ်တွင် အသေခံ၍ သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူခဲ့သော တစ်ပါးတည်းသောကယ်တင်ရှင် ဖြစ်တော်မူသည်။
ထိုကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအား ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော်တို့ကို ယုံကြည်ရန် လမ်းပြရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် သခင်ယေရှုကို သနား၍ ယုံကြည်ခြင်းအားဖြင့် သူတို့၏မိုက် မဲမှုဘာသာတရားကို ပြန်လည် နိုးထစေရကြမည် ဖြစ်သည်။ သူတို့ ၏ဘာသာရေးယုံကြည်မှုသည် နောက်ဆုံးတွင် လူသားများ၏ဘုန်း အသရေဖြင့် ကိုယ်တော်၏ဘုန်းအသရေတော်ကို အစားထိုးလှဲလှယ် ကြသည်။ သခင်ယေရှုကို မိမိအတွေးအခေါ်များနှင့်အညီ ကယ်တင် ရှင်အဖြစ် ယုံကြည်ခြင်းသည် သခင်ကို ဆန့်ကျင်သောကြီးလေးသော အပြစ်ဖြစ်သည်ကို သူတို့သည် မသိကြပေ။ ကျွန်ုပ်တို့သည် သူတို့ကို နောက်ကြောင်းပြန်လှည့်စေရန် တာဝန်ရှိကြသည်။ သို့မှ သူတို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းသို့ ပြန်လှည့်ရ ကြမည် ဖြစ်သည်။ သူတို့သည် အပြစ်များမှ ကယ်တင်ခြင်းသို့ ရောက် ရန် သူတို့ကို ကူညီရကြမည် ဖြစ်သည်။ သူတို့သည်လည်း အပြစ်များ မှ ရွေးနှုတ်ခြင်းခံနိုင်ကြလိမ့်မည်။ သူတို့သည်လည်း အပြစ်များမှ ကယ်တင်ခြင်းခံရကြလိမ့်မည်။
 


ကိုယ်တော်သည် ဤလောကသို့ ပြန်လည်ကြွလာ တော်မူသောအခါ သင်သည် အသေခံတော်မူသော သခင်ယေရှုကို ယုံကြည်လျှင် တောင် ကယ်တင်ခြင်း ခံရမည်လော


သခင်ယေရှုက “ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့ သားများကြောင့် ငိုကြွေးကြလော့”ဟု မိန့်တော်မူခဲ့သည်။ ယနေ့ခရစ် ယာန်များသည် ယခုတွင် သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်နှင့်ဆက်နွယ်သော ကယ်တင်ခြင်းဖြောင့်မတ်ခြင်းကို မ သိကြသောကြောင့် သူတို့သည် အပြစ်တရား၏ချီနှောင်ခြင်းကို ခံရ ကြလျှင် သူတို့သည် ဘုရားရှေ့တော်၌ အပြစ်သားများဖြစ်ကြလိမ့် မည်။ အပြစ်သားတစ်ဉီးသည် သခင်ယေရှုအကြောင်းကို အခြားအ ပြစ်သားများတစ်ဉီးထံ ဟောပြောလျှင် သူတို့သည် တူညီသောအပြစ် သားများဖြစ်ကြသည်။ သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်နှင့်အပြ်စများကို ဆေးကြော၍ အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံရကြမည် ဖြစ်သည်။ သို့မဟုတ်လျှင် သင်သည် ကိုယ်တော် ပြန်လည်ကြွလာတော်မူသောအခါ အပြစ်သားဖြစ်လိမ့်ဖြစ်သော ကြောင့် သင့်သည် အပြစ်များအတွက် တရားစီရင်ခြင်းခံရမည် ဖြစ် သည်။ သင်သည် အပြစ်ရှိသေးလျှင် ထာဝရပြစ်ဒဏ်ဆင်းရဲဒုက္ခခံရ မည် ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်က “ငါ့ကြောင့် မငိုကြွေးကြ နှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့”ဟု မိန့်တော် မူခြင်း ဖြစ်သည်။
လုကာ ၂၃း၂၉တွင် “အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂ လာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသား မြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့် မည်”ဟု ဖော်ပြထားသည်။ သခင်ယေရှုသည် ဘာကြောင့် ဤသို့မိန့် တော်မူခဲ့သနည်း။ မည်သူ့ထံ မိန့်တော်မူခဲ့သနည်း။ သခင်ယေရှုသည် ဤနောက်ဆုံးသောခေတ်တွင် အသက်ရှင်သူများထံ ဤအကြောင်း ကို ပြောပြရခြင်း ဖြစ်သည်။  ကောင်းကြီးမင်္ဂလာခံစားရသောသူများ သည် သူတို့သည် ကိုယ်ဝန်ရှိနေလျှင်လည်း မမွေးဖွားနိုင်သော အ သွေးအသား၌ ကလေးမထွန်းကားနိုင်သောသူများဖြစ်ကြ၍ ကလေး ပြုစုရန် နို့မတိုက်သောသူများဖြစ်ကြသည်ဟု ဆိုရာတွင် မည်သည့်အ ရာကို ဆိုလိုသနည်း။ မကြခင်မှာ နောင်အနာဂတ်နေ့ရက်သည် ရောက်လာမည်ဖြစ်သည်ဟု ကိုယ်တော်ပြောကြားတော်မူခြင်း ဖြစ် သည်။ အပြစ်သားများအားလုံးသည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ဆေးကြောခြင်း ခံရကြမည့် နောက်ဆုံးချိန်များ၌ အသက်ရှင်နေကြ၍ ကိုယ်တော်၏ ဒုတိယအကြိမ်ကြွလာတော်မူခြင်းကို စောင့်ကြိုနေကြသည်ဟု ကိုယ် တော်မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ 
ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ဤလောကအပြစ်များကို ထမ်းရန် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် အပြစ်များမှ ဆေးကြော၍ ကယ်တင် ခြင်းခံရကြ၍ ကိုယ်တော်ပြန်လည်ကြွလာမည့်အချိန်ကို စောင့်ရကြ မည် ဖြစ်သည်။ ကိုယ်တော်သည် ယခုတွင် ကျွန်ုပ်တို့အား “ငါသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ် များကို ယူဆောင်ခဲ့သည်ကို ယုံကြည်၍ ဤယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရပါ”ဟု မိန့်တော်မူသည်။
လူသားအားလုံးသည် သခင်ယေရှု၏ဗတ္တိဇ့နှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရရန် ကိုယ်တော်မိန့်ကြားတော်မူသည်။ သင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို မယုံကြည်လျှင် သင်သည် ဤအ ပြစ်ဘဝဖြင့် ကလေးတစ်ဉီး မွေးဖွား၍ ဤကလေးကို ပြုစုပျိုးထောင် လျှင်ကိုယ်တော် အပြစ်များအားလုံးကို အပြစ်များမှ တရားစီရင်တော် မူသောနေ့ရက်ရောက်လာသောအခါ သင်နှင့်သင်၏ကလေးအပေါ် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ကျွန်ုပ်တို့သည် ဤအရာကို စဉ်းစားရန် ကိုယ်တော်မိန့်ကြားတော်မူသည်။ ထိုကြောင့် ကျွန်တော် သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို နှလုံးသားဖြင့် ယုံ ကြည်ခြင်းအားဖြင့် သင်၏အပြစ်များမှ ဆေးကြောခြင်းခံရရန် ကျွန် တော်တိုက်တွန်းလိုခြင်း ဖြစ်သည်။
သခင်ယေရှု၏ဗတ္တိဇံနှင့် ကားစင်တင်၍ ကားတိုင်ပေါ်တွင်အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ၏ ပြစ်ကြွေးများကို ပေးဆပ်ပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအား ဖြင့် ကိုယ်တော်သည် လူသားများထံ ယူဆောင်လာခဲ့သော ကယ် တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သင်သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ သို့မဟုတ် သင်သည် ကိုယ်တော်၏ ဗတ္တိဇံကို ယုံကြည်ခြင်းမရှိဘဒ နှလုံးသား၌ အပြစ်များရှိသောအပြစ် သားတစ်ဉီးအဖြစ် ဆက်လက်အသက်ရှင်နေလျှင် သင်သည် နောက် ဆုံးတွင် အပြစ်များအတွက် တရားစီရင်ခြင်းခံရလိမ့်မည်။ ဤတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည့်အရာအားလုံးမှ ကိုယ်တော် သည် ဤသို့သောပုဂ္ဂိုလ်များကို အပြစ်များ၏ ကြောက်မက်ဖွယ်ပြင်း ထန်သောတရားစီရင်ခြင်းမှ ကယ်တင်တော်မူရန်အတွက် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းဖွဲ့စည်းထားသော သခင်ယေရှု၏ဗတ္တိဇံကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်များမှ ဆေးကြောပေးခဲ့သောကြောင့် ကိုယ် တော်၏တရားစီရင်ခြင်းမှ လွှတ်မြောက်ခြင်း ဖြစ်သည်။ 
လူယောက်ျားတစ်ဉီးနှင့်မိန်းမတစ်ဉီးတို့သည် အိမ်ထောင်ပြုကြ ၍ ဤလောက၌ သားသမီးထွန်းကားခြင်းမှာ အလွန်ကောင်းသော ကောင်းကြီးမင်္ဂလာဖြစ်သည်မဟုတ်လော။ သို့သော် လူများသည် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို မသိ၊ ယုံ ကြည်ခြင်းမရှိကြသောကြောင့် အပြစ်သားများအဖြစ် ဆက်လက်အ သက်ရှင်နေကြလျှင် သူတို့သည် ဤအရာအတွက် ဘုရားသခင်၏တ ရားစီရင်ခြင်းကို ခံရကြမည် ဖြစ်သောကြောင့် ဤအရာထက်ပို၍ဆိုး သောအရာ၊ ဝမ်းနည်းဖွယ်ကောင်းသောအရာ ရှိမည်လော။ သူတို့ သည် မိမိနှလုံးသားများ၌ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံ ယူ်တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့ သည်ဟူသော သမ္မာတရားကို ယုံကြည်ခြင်းမရှိကြသောကြောင့် ကိုယ်တော်သည် အပြစ်သားများအားလုံးကို အပြစ်များအတွက် တ ရားစီရင်ရမည့်နေ့ရက်ရောက်လာသောအခါ သူတို့သည် မပြောနိုင် လောက်အောင် ခံစားရကြလိမ့်မည်။ ထိုအချိန်၌ နောင်တရရန် နောက်ကျလိမ့်မည်။ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံကို မယုံ ကြည်ခြင်းအတွက် သူတို့သည် မိမိကိုယ်ကိုကိုယ် ကန်ချကြလိမ့်မည်။ သို့သော် ၎င်းသည် လုံးဝ အဓိပ္ပါယ်မဲ့လိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် ဤလောက၌အသက်ရှင်စဉ် သူတို့၏အ ပြစ်ပြဿနာ ထင်ရှားခဲ့သောကြောင့် ဖြစ်သည်။ ဤလောကသို့ သခင် ပြန်လည်ကြွလာမည့်နေ့ရက်မှာ ဤလောက၌ အသက်ရှင်သော အ ပြစ်သားများအားလုံးသည် အပြစ်များအတွက် တရားစီရင်ခြင်းခံရ မည့်နေ့ရက် ဖြစ်သည်။ ကိုယ်တော်သည် သူတို့အအပြစ်များဆေး ကြောခြင်းအတွက် ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို မ ယုံကြည်ကြသောကြောင့် သူတို့သည် အပြစ်များအဖြစ် အသက်ရှင် နေကြခြင်း ဖြစ်သည်။ သူတို့သည် မယုံကြည်ခြင်းကြောင့် ဆိုးသော အပြစ်များ ထင်ရှားခြင်း ဖြစ်သည်။ သူတို့သည် ကိုယ်တော်၏ရှေ့ တော်၌ ရပ်နေကြသောအခါ သူတို့အားလုံးသည် အပြစ်များအတွက် တရားမျှတစွာဖြင့် တရားစီရင်ခြင်းခံရကြလိမ့်မည်။ 
ဤအရာသည် ယနေ့ခရစ်ယာန်များအပေါ် ဖြစ်ပျက်လိမ့်မည်။ သူတို့သည် မည်သို့ပင်ကြိုးစားနေကာမူ နောင်တနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းအားဖြင့် သူတို့နှလုံးသားများ၌ရှိသော အပြစ်များအား လုံးကို ဖြေရှင်းနိုင်ကြမည် မဟုတ်သောကြောင့် သူတို့သည် အပြစ် သားများအဖြစ် အသက်ရှင်နေကြသည်။ သို့သော် အပြစ်သားများ သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် အပြစ်သားများ သည် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရကြခြင်းမှာ မည်သို့ အံ့ ဩစရာကောင်းသနည်း။ ဤပုဂ္ဂိုလ်များသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရရန် ကိုယ်တော်အလိုရှိတော်မူသည်။ ယနေ့နိုင်းစင်း ယုံကြည်မှုကို သက်ဝင်ယုံကြည်သူများသည်လည်း ဗတ္တိဇံယောဟန် ထံမှသခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် သူတို့၏နှဠုံးသားအပြစ်များဆေးကြောခြင်းခံရ နိုင်ကြသည်ကို ဤအရာက ဆိုလိုသည်။ သို့သော် သူတို့သည် ကိုယ် တော်၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ဆက်လက်ငြင်းဆို၍ ထိုအရာကို ယုံကြည်ရန် ငြင်းဆိုသေးလျှင် သူတို့သည် အပြစ်သားများအဖြစ် တ ရားသူကြီး၏အရှင်ရှေ့မှာ များမကြာမီ ရပ်ရတော့မည့် အချိန်ရောက် ရှိလာလိမ့်မည်။
မာရ်နတ်ဖြန့်ကြဲသော ဘာသာတရားယုံကြည်မှုမျိုးစေ့သည် သူ တို့၏နှလုံးသားများ၌ စိုက်ပျိုးခြင်းနှင့်ကြီးထွားခြင်း ခံရသည်။ သူတို့ သည် ကိုယ်တော်ချပေးတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်သို့ ပြန်လှည့်၍ အမှန်အကန်ယုံကြည်လိုလျှင် သူတို့သည် ကိုယ်တော်ထံ သို့ ပြန်လှည့်လာကြ၍ ကိုယ်တော်ပြောခဲ့သော နှုတ်ကပတ်တော်ကို ယခု ယုံကြည်ရကြမည် ဖြစ်သည်(မဿဲ ၃း၁၃-၁၇)။ သူတို့၏ဘဝ များသည် နိုင်းစိုင်းယုံကြည်မှု၌ ဖော်ပြထားသော လူသားများ၏အ တွေးများစွာဖြင့် ကူးစက်ခြင်းခံခဲ့ရကြသည်။ ထိုကြောင့် သူတို့သည် ဤအချိန်အထိ ဆွဲကိုင်သော သီအိုလော်ဂျီဓမ္မခံယူချက်များနှင့် ဘာ သာရေးတွေးခေါ်မှုများသည် ဘုရားသခင်၏နှုတ်ကပတ်တော် လမ်း၌ ရပ်၍သူတို့ကို ပိတ်ဆို့နေသဖြင့် သူတို့သည် ကိုယ်တော်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် အလွန်ခက်ခဲသည်ကို ကျွန်တော်သိသည်။ သူတို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသိအမှတ်ပြု၍ လူသား များ၏အတွေးအခေါ်များကို တုန်ခါရန် လိုအပ်သမျှအရာအားလုံး လုပ်ဆောင်ရကြမည် ဖြစ်သည်။ သူတို့သည် ဤအရာမှ ရုန်းထွက်နိုင် ရန်အတွက် သူတို့သည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်နှင့် အ သွေးတော်ကို နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် အပြစ်များ ဆေး ကြောခြင်းခံရကြမည် ဖြစ်သည်။ ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ဖြေရာ ယဇ်ဖြစ်လာခဲ့သူ သခင်ယေရှု၏ဂရုဏာကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယခုတွင် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ မည် ဖြစ်သည်။
ဤတွင် ကျွန်တော်ဖော်ပြလိုသောအချက်မှာ ဤအရာဖြစ် သည်။ ဘာသာတရားမျှကျင့်ဆောင်သူများသို့ ပြန်လှည့်သောခရစ် ယာန်များပင်လျှင် သခင်ယေရှု၏ဗတ္တိဇံအားဖြင့် ဤလောကအပြစ် များမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်ခြင်းဖြစ်သော ဤလောကအပြစ်များမှ သင့်ကို ကယ်တင်သော စစ်မှန်သောနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား ဖြင့် သင်သည် နှလုံးသား၌ အပြစ်များဖြေလွှတ်ခြင်းခံရန်နှင့် ဘုရား သခင်၏လူများဖြစ်လာရန် ကောင်းကြီးမင်္ဂလာခံရလိမ့်မည်။ သင် သည် ဤကောင်းကြီးမင်္ဂလာကို မငြင်းပယ်ရပေ။ သင်သည် ကိုယ် တော်၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် သခင်ယေရှုပြည့်စုံစေတော် မူခဲ့သော ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံရသောသူအဖြစ် ဤလောက၌ အသက်ရှင်လျှင် သင်၏ ဘဝသည် အလွန်ကောင်းပေသည်မဟုတ်လော။ ယခုတွင် သခင်ယေ ရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ကယ်တင်ခြင်းအဖြစ် ယုံကြည်ခြင်း အားဖြင့် သူတို့၏အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရသောသူများ သည် ကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာဖြင့်အသက်ရှင်နိုင်ကြ၍  ဤလောက၌ မွေးဖွားခဲ့သောကြောင့် ကျေးဇူးတင်စရာဖြစ်လာသည်။  ဤတွင် ကိုယ်တော်သည် ကိုယ်ဝန်မရှိသော၊ ကလေးမမွေးသော၊ က လေးမပြုစုသောမိန်းသည် ကောင်းကြီးမင်္ဂလာခံစားသည်ဟု မိန့် တော်မူခဲ့သောအခါ  ကိုယ်တော်၏ဗတ္တိဇံနှင့် သွန်းလောင်းတော်မူ သောအသွေးတော်ကို မယုံကြည်သော အပြစ်သားများကို ပြောကြား တော်မူခြင်း ဖြစ်သည်။ လူတိုင်းသည် အပြစ်သားများအဖြစ် ဤလော က၌ မွေးဖွားခဲ့ကြသောကြောင့် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်အားဖြင့် ကိုယ်တော်သည် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သည်ဟု ကြွေးကြော်သော ကယ်တင်ခြင်းနှုတ်ကပတ် တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ လူတိုင်းသည် ဤယုံကြည် ခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးမှ ဆေးကြောခြင်းခံရ နိုင်ကြသည်။
သင်နှင့်ကျွန်တော်တို့သည် ဤလောက၌ အပြစ်သားများအဖြစ် မွေးဖွားခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ယခုကယ်တင်ခြင်းခံရကြ လျှင် မည်မျှ ကောင်းလိမ့်မည်နည်း။ သို့သော် ကျွန်ုပ်တို့သည် လည် ပင်းခိုင်မာ၍ ယုံကြည်ရန် ငြင်းဆိုနေလျှင် ကိုယ်တော်ရှေ့တော်၌ ဤ သို့သောအပြစ်သားများအပေါ် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည် နည်း။ သင်သည် ဤအကြောင်းကို မိမိကိုယ်ကိုကိုယ် တွေး၍ ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ကာ ဘုရားသခင်၏ အ မျက်တော်တရားစီရင်ခြင်းမှ လွှတ်မြောက်နိုင်ပါစေမည့်အကြောင်း ကျွန်တော်မြော်လင့်၍ ဆုတောင်းသည်။ သင်သည် ကိုယ်တော်၏ ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များကို နှလုံး သားမှ ဆေးကြောရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ကားစင် တင်ခံတော်မူခဲ့သောအခါ သင်၏အပြစ်များအတွက် တရားစီရင်ခြင်း အားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သည်ဟု သင်ယုံ ကြည်ရမည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် သင်သည် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရ မည် ဖြစ်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု နိုင်းစင်း ယုံကြည်မှုမှ ပယ်ဖျက်ခဲ့သော စစ်မှန်သောနှုတ်ကပတ်တော်ကို သူ တို့သည် မသိကြသောကြောင့် ယနေ့ခရစ်ယာန်များသည် ဤလော က၌ အပြစ်သားများအဖြစ် အသက်ရှင်နေကြသည်။ သခင်ယေရှု သည် ကားတိုင်ပေါ်တွင် အပြစ်ဒဏ်ခံတော်မူခဲ့သောကြောင့် ကိုယ် တော်သည် သူတို့၏ကယ်တင်ရှင်အဖြစ် ယနေ့ထိ ယုံကြည်သော ကြောင့် ဤသို့ဖြစ်ရခြင်း ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သခင်ယေရှု သည် ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ဆေးကြော ပေးတော်မူခဲ့သည်ဟူသော သမ္မာတရားကို ယခုငြင်းပယ်ကြသော ကြောင့် ဖြစ်သည်။ သင်၏ဤယုံကြည်မှုကို မျက်စိကန်းသောယုံ ကြည်မှုအဖြစ် မှည့်ခေါ်နိုင်သည်။ သင်သည် သခင်ယေရှု၏ကားတိုင် ကိုသာ ယုံကြည်၍ သင်၏နှလုံးသား၌ အပြစ်ရှိလျက်ဖြင့် အသက်ရှင် လျှင် သင်သည် နောက်ဆုံး၌ အပြစ်သားများအပေါ် ကျရောက်မည့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းကို ရှောင်လွှဲနိုင်ရန် ဖြစ်နိုင် မည်မဟုတ်ပေ။
ယနေ့ခရစ်ယာန်များသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံ ယူတော်မူခဲ့သော ဗတ္တိဇံ၏အကြောင်းရင်းကို မသိကြသောကြောင့် သူတို့သည် အပြစ်တရား၌ ကျော့မိသောဘဝပိုင်ဆိုင်သူ ဘာသာတ ရားကျင့်ဆောင်သူများအဖြစ်သို့ နောက်ပြန်လှည့်ခဲ့ကြသည်။ ဤ ပု ဂ္ဂိုလ်များသည် သခင်ယေရှုကားတိုင်ကိုသာ နှလုံးသားဖြင့် ယုံကြည် ကြသောကြောင့် သူတို့သည် မိမိအပြစ်များမဆေးကြောပေးခဲ့သော အပြစ်သားများအဖြစ်သာ အသက်ရှင်ကြသည်။ ကျွန်ုပ်တို့အချို့တို့ သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်၏အရေးပါမှုကို လျစ်လျူ မရှိကြသောကြောင့် ကိုယ်တော်၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်များမှ ဆေးကြောခြင်းမခံရကြလျှင် သူတို့ အားလုံးသည် ယခုတွင် သခင်ယေရှု၏ကယ်တင်ခြင်းအမှုကိုယုံကြည် ၍ကယ်တင်ခြင်းခံရနိုင်ကြပါစေဟု ကျွန်တော်မြော်လင့်၍ ဆုတောင်း ပေးသည်။ သူတို့သည် မိမိအပြစ်များကြောင့်တရားစီရင်ခြင်းမှ လွှတ် မြောက်ရန် မစွမ်းဆောင်နိုင်ကြလျှင် သူတို့သည် ဆင်းရဲဒုက္ခခံမည်သို့ ခံရကြမည်ကို တဖန်စဉ်းစား၍ တွေးသင့်သည်။ သူတို့သည် သခင် ယေရှု၏ဖြောင့်တ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည်ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ကိုယ် တော်ချပေးတော်မူခဲ့သော ကယ်တင်ခြင်းကို ရှာဖွေမတွေ့နိုင်ကြ သောကြောင့် ဤလောက၌ အပြစ်သားများအဖြစ် ဆက်လက်အ သက်ရှင်နေကြလျှင် ဤအရာထက် ပို၍ဆိုးသောအရာကို ဤလော က၌ မည်သည့်နေရာ၌ ရှိလိမ့်မည်မဟုတ်ပေ။
ဘုရားသခင်သည် လူကို ပထမဖန်ဆင်းတော်မူခဲ့သောအခါ လူ သားသည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်း၌ ကျဆင်းခဲ့ပြီး အပြစ် သားဖြစ်လာခဲ့သည်။ သို့သော် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း တော်မူခဲ့သောဘုရားသည် လူသားများအား အပြစ်များအားလုံးမှ ကယ်တင်တော်မူရန် မေရှိယအဖြစ် ကြွတော်မူလိမ့်မည်ဟု ကတိ တော်နှင့်စပ်ဆိုင်သောနှုတ်ကပတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ အချိန်ရောက်လာသောအခါ ကိုယ်တော်သည် ကတိတော်နှုတ်က ပတ်တော်ပြည့်စုံရန်အတွက် မာရိ၏ဝမ်းဗိုက်အားဖြင့် ဤလောကသို့ ဖွားမြင်တော်မူခဲ့သည်။ ထိုနောက် သခင်ယေရှုခရစ်တော်သည် မိန်းမ ဘွားသောသူအားလုံးထက် အကြီးဆုံးဖြစ်သော၊ ဗတ္တိဇံယောဟန်ထံ မှဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွား တော်မူခဲ့သောကြောင့် ကိုယ်တော်သည် အပြစ်သားများခံစားရမည့် အပြစ်များ၏ပြစ်ဒဏ်ကို ခံယူတော်မူရန် ကားစင်တင်ခံ၍ ရက်ရက် စက်စက် အသေခံတော်မူခဲ့သည်။ ဤသို့ဖြင့် ကိုယ်တော်သည် ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ဆေးကြောပေး တော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံယူတော် မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင် နှင့် ဤလောကအပြစ်များကို ဖြေရှင်းပေးတော်မူခဲ့သော ကိုယ်တော် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြမည်ကို ဆိုလိုသည်။
 


ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များ ကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ဒဏ်ရာရရှိ တော်မူခဲ့သည်


ဟေရှာယ ၅၃း၅ တွင် “ထိုသူသည် ငါတို့ လွန်ကျူးခြင်းအ ပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါ တို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ် သို့ ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက် လျက် ရှိကြ၏”ဟု ဖော်ပြားသည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးအား “ငါသည် သင့်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ယူဆောင်ခဲ့၍ ကားတိုင်ပေါ်တွင် အသေခံတော်မူလျက် သင်၏အပြစ်များအတွက် ပြစ်ဒဏ်ခံရန် သင့်ကိုယ်စားအသေခံတော် မူခဲ့သော ကယ်တင်ရှင်ဖြစ်တယ်။ ငါသည် သင်၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်အဖြစ် မိမိကိုယ်ကိုကိုယ် ပူဇော်ခဲ့သော သင်၏ ကယ်တင်ရှင်ဖြစ်တယ်။ င်သည် ဗတ္တိဇံအားဖြင့် ဤလောက၌ သင်၏ အပြစ်များအားလုံးကို ထမ်းခဲ့သဖြင့် သင်သည် ဤဗတ္တိဇံကို နှလုံး သားဖြင့် ယုံကြည်၍ အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရမည်” ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် လောကအပြစ်များကို ယူ ဆောင်သွားတော်မူခဲ့သော ဘုရားသခင်၏သိုးသငယ်ဖြစ်တော်မူ သည်။ ကိုယ်တော်သည် ယခုတွင် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းနှင့် အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် မလွဲမ သွေယုံကြည်ရကြမည် ဖြစ်သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဤသို့ဖြင့် အလွန်ချစ်တော်မူခဲ့ ခြင်းအကြောင်းကို ဆုပ်ကိုင်၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ရကြမည် ဖြစ် သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူ၍ ကယ်တင် တော်မူရန် အလိုတော်ရှိသောကြောင့် ကိုယ်တော်သည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို လက်ခံတော်မူခဲ့သည်ဟု ကျွန်တော်ယုံကြည် သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား “ငါက သင်၏ကယ်တင်ရှင် ဖြစ်တယ်ဆိုတာ သိပါ။ သင်သည် နှလုံးသားဖြင့် ငါ၏ဗတ္တိဇံနှင့်အ သွေးတော်ကို ကယ်တင်ခြင်းအဖြစ် ယုံကြည်ပါ။ ထိုနောက် သင်သည် အပြစ်များဆေးကြောခြင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးကို လက်ခံလိမ့်မည်"ဟု မိန့်တော်မူသည်။
ယခုတွင် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူရန် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့ သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြော ပေးခဲ့သည်ကိုလည်းကောင်း ဟူသော နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ သခင်ယေရှုပြော ကြားတော်မူသောအရာမှာ ဤအရာ ဖြစ်သည်။ သခင်ယေရှုသည် ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင် သွားတော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ယုံ ကြည်ကြသောအခါ ကျွန်ုပ်တို့သည် ဤလောကအပြစ်များအားလုံးမှ  ကယ်တင်ခြင်းခံရနိုင်၍ ဘုရားသခင်၏တရားစီရင်တော်မူခြင်းမှ ရွေး နှုတ်ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ကိုယ်တော်သည် “ဗတ္တိဇံ အားဖြင့် ငါသည် သင်၏အပြစ်များအားလုံးကို ထမ်းခဲ့တယ်။ ဤ လောကအပြစ်များကိုလည်း ယူဆောင်ခဲ့တယ်။ သင်၏အပြစ်ကြွေး များပေးဆပ်ကျေအေးစေတော်မူရန် ကားတိုင်ပေါ်တွင် အပြစ်များ၏ တရားစီရင်ခြင်းအားလုံးကို ခံခဲ့တယ်။ ငါသည် သင်၏ကယ်တင်ရှင် အဖြစ် ယုံကြည်ပါ”ဟု မိန့်တော်မူခဲ့သည်။
သခင်ယေရှုက ကျွန်ုပ်တို့အား “ဒါကြောင့် ငါသည် ဤလောက၌ နေစဉ် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏ အပြစ်များကို ယူဆောင်သွားခဲ့တယ်ဟု သင်ယုံကြည်ရမည်။ ငါသည် သင်၏အပြစ်များအားလုံးမှ သင့်ကို ကယ်တင်ခဲ့တယ်ဟု ယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ သင်ရောက်ရမည်။ ငါသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုကို ယုံကြည်ခြင်းအား ဖြင့် သင်၏အပြစ်များအားလုံးမှ ဆေးကြောခြင်းခံပါ။ ငါသည် သင်၏ အပြစ်များကို ယူဆောင်ရန် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ငါ့အသွေးအားဖြင့် သင့်ကို အပြစ်များမှ ကယ်တင်တော်မူခဲ့ သည်ဟု ယုံကြည်ခြင်းအားဖြင့် သင့်သည် ကယ်တင်ခြင်းသို့ ရောက် သင့်တယ်”ဟု မိန့်တော်မူခဲ့သည်။ 
လူသားများသည် ဉာဏ်ရည်ဉာဏ်သွေး၊ ခံစားချက်နှင့် စိတ်ဆန္ဒ ဟူ၍ အင်္ဂါသုံးရပ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အား “သင်သည် ငါ့ကို ကယ်တင်ရှင်အဖြစ် ယုံကြည်သောအခါ သင်သည် ကိုယ်တိုင်ကိုယ်ကျ ယုံကြည်ရမည်။ ထိုသို့ယုံကြည်နိုင်ရန် ငါသည် သင်၏ဖန်ဆင်းရှင်နှင့်ဘုရားဖြစ်သည်ဟု သင်သည် ရှေ့ဉီးစွာ သိရမည်။ ငါသည် သင်၏အပြစ်များကို ငါ့ကိုယ်ပေါ်သို့ ထမ်းရန် လူ သားတစ်ဉီးအဖြစ် လူ့ဇာတိကို ခံရမည် ဖြစ်သည်။ ငါသည် ဤလော က၌ မိန်းမဖွားသောသူအားလုံးမှ အကြီးဆုံးဖြစ်သူ ဗတ္တိဇံ ယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူ ဆောင်သွားခဲ့တယ်။ သင်သည် ငါ၏ဗတ္တိဇံကို နှလုံးသားဖြင့် သိ၍ ယုံ ကြည်ရမည် ဖြစ်သည်”(မဿဲ ၁၁း၁၁၊ ၃း၁၃-၁၇)။ ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းနှုတ်ကပတ်တော်မှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော် မူခြင်းကို နားလည်သဘောပေါက်၍ ယုံကြည်ရကြ၍ စစ်မှန်သော ကယ်တင်ခြင်းသို့ ရောက်ရကြမည် ဖြစ်သည်။
 

ငါ့ကို မည်သူလို့ ထင်သလဲ
 
ကိုယ်တော်သည် ကျွန်ုပ်တို့အား “ငါ့ကို ဘယ်သူလို့ထင်သလဲ” ဟု မေးတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား “ငါက သင်၏ အပြစ်များကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်း၍ ကား တိုင်ပေါ်တွင် အသေခံကာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တယ်။ ငါ က သင်၏ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ဖြစ်တယ်။ ငါက သင် ၏ကယ်တင်ရှင်ဘုရားဖြစ်တယ်။ ထိုကြောင့် ငါက သင်၏ကယ်တင် ရှင်သခင်ယေရှုခရစ်တော်ဖြစ်တယ်ဟု သင်နှလုံးသားအကြွင်းမဲ့ယုံ ကြည်ပါ။ ငါသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် သင်၏အပြစ်များကို ယူဆောင်ခဲ့တယ်။ သင်သည် ငါလုပ် ဆောင်ခဲ့သောအမှုကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရမည်”ဟု မိန့်တော်မူ၍ ကျွန်ုပ်တို့ထံ ကယ်တင် ခြင်းအကြောင်းကို ပြောကြားတော်မူသည်။
“ယခုမှစ၍ သင်သည် ယုံကြည်ခြင်းရှိသူအဖြစ် တစ်ဘဝလုံးအ သက်ရှင်ရမည်။ ငါ၏ဗတ္တိဇံအားဖြင့် သင်၏အပြစ်များကို ယူဆောင် ခဲ့သောကြောင့် သင်သည် အပြစ်များမှ ဆေးကြောခြင်းခံရရန် ငါလုပ် ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ငါသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သင်၏ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့တယ်ဟု သင်နားလည်ရမည်။ ငါက ကယ်တင်ခြင်းအမှု ကို လုပ်ဆောင်ခဲ့သောကြောင့် ဗတ္တိဇံယောဟန်ထံမှ ငါခံယူခဲ့သော ဗတ္တိဇံနှင့် အသွေးအားဖြင့် ဤလောကအပြစ်များကို ထမ်းခဲ့၍ သင် သည် ယုံကြည်ခြင်းအားဖြင့် သင်၏အပြစ်များအားလုံးမှ ယခုကယ် တင်ခြင်းခံနိုင်သည်။
ထိုကြောင့် ငါ့အတွက် ဝမ်းနည်းမှုခံစား၍ မငိုပါနှင့်။ ငါ့ကို သနား လို့မယုံကြည်ပါနှင့်။ ယခုတွင် သင်သည် ဗတ္တိဇံနှင့်အသွေးတော်အမှု ကို ယုံကြည်၍ ဤယုံကြည်ခြင်းအားဖြင့် ငါ့ကို ကျေးဇူးတင်ရန် ငါ ပြောနေရခြင်း ဖြစ်သည်။ သင်သည် ငါလုပ်ဆောင်ချက်ကို မယုံကြည် ဘဲ ငါ့ကို သနားသည်ဟု သိလျှင် သင်သည် အပြစ်များဖြေလွှတ်ခြင်း ဘယ်တော့်မှ ထာဝရခံစားနိုင်လိမ့်မည် မဟုတ်ပေ။ ငါသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်သွန်း လောင်းခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို ယူဆောင် သွားခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် သင်၏အပြစ်များအားလုံးမှ လွှတ်မြောက်ခြင်းခံရပါ။ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ငါယူဆောင်ခဲ့သော ငါပြု သောအမှုကို အချည်းနှီးမဖြစ်စေပါနှင့်။ ငါ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းခြင်းအားဖြင့် သင်၏အပြစ်များကို ထမ်းခြင်းအားဖြင့် ငါသည် သင်၏အပြစ်များအားလုံးနှင့် တရားစီရင် ခြင်းအားလုံးကို ဆေးကြောပေးခဲ့တယ်။
ယခုတွင် ကယ်တင်ခြင်းဆိုင်ရာ ငါ၏ဖြောင့်မတ်ခြင်းအမှုကို ယုံ ကြည်၍ အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရပါ။ ဤအရာသည် ငါ ပေးလိုသော ကယ်တင်ခြင်း ဖြစ်သည်။ ငါသည် သင့်ကို ဤလော ကအပြစ်များမှ ရွေးနှုတ်တော်မူရန်အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ်များကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သည်။ ငါသည် သင်၏အပြစ်များအားလုံးအ တွက် တရားစီရင်ခြင်းခံယူရန်အတွက် ကားစင်တင်ခံ၍ အသွေးတော် သွန်းလောင်းကာ ကားတိုင်ပေါ်တွင် အသေခံခဲ့၍ သေခြင်းမှရှင်ပြန် ထမြောက်ခဲ့သည်။ ငါသည် သင့်ကို ပြည့်စုံစွာ ကယ်တင်ခဲ့သည်ဟု သင်သည် နှလုံးသားအကြွင်းမဲ့ယုံကြည်ပါ။
ယခုတွင် ငါ၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းအမှုကို ယုံ ကြည်ရန် ဗတ္တိဇံယောဟန်ထံမှ ငါခံယူခဲ့သော ဗတ္တိဇံသည် သင်၏အ  ပြစ်များထမ်းဆောင်သောအမှုဖြစ်သည်ဟု ယုံကြည်ပါ။ ငါသည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့ပြီးနောက် သင်၏အပြစ်များအားလုံးအ တွက် တရားစီရင်ခြင်းခံခဲ့ပြီဖြစ်သောကြောင့် သင်၏အပြစ်အခကို ပေးဆပ်ခဲ့ပြီဟု ယုံကြည်ပါ။ သင်သည် ဤကယ်တင်ခြင်းသမ္မာတရား ကို ယုံကြည်ခြင်းမရှိလျှင် သင်သည် အပြစ်များမှ ဘယ်တော့မှ ကယ် တင်ခြင်းခံရမည် မဟုတ်ပေ။ ဤကမ္ဘာ၏နောက်ဆုံးသောနေ့များ၌  ငါသည် အပြစ်များကို တရားစီရင်ရန်နှင့် မယုံကြည်သူများကို တရား စီရင်ရန်အတွက် ပြန်လည်ကြွလာလိမ့်မည်။ ထိုအချိန်တွင် ငါ၏ကယ် တင်ခြင်းဖြောင့်မတ်သောအမှုကို မယုံကြည်သူများ၏အပြစ်များကို တရားစီရင်လိမ့်မည်။ သူတို့၏အပြစ်များအတွက် အလွန်ကြောက် မက်ဖွယ်ကောင်းသော ပြစ်ဒဏ်ကို ချမှတ်လိမ့်မည်။
ငါသည် ဗတ္တိဇံယောဟန်ထံမှ ခံယူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောက၌ သင်၏အပြစ်များအားလုံးကို ငါ ထမ်း၍ သင်၏အပြစ်များ အတွက် တရားစီရင်ခြင်းခံရန် ကားတိုင်ပေါ်တွင် အသွေးသွန်း လောင်းခဲ့သည်။ ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းရယူပါ။ ယခုတွင် သင်သည် ဤကယ်တင်ခြင်းအမှုကို ယုံကြည် ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်ခြင်းခံရရန် ငါအကြံပြုလိုပါ သည်။ ငါသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအား ဖြင့် ဤလောကအပြစ်များကို ထမ်းခြင်းအားဖြင့် ယူဆောင်လာခဲ့ သော ကယ်တင်ခြင်းအမှုကို မယုံကြည်သူများအား တရားစီရင်ရန် တစ်နေ့ ငါပြန်လည်လိမ့်မည်။ ထိုကြောင့် အပြစ်များကို ထမ်းရန် ငါ ခံ ယူခဲ့သော ဗတ္တိဇံသည် ယခုသင်၏အပြစ်များ ဆေးကြောပေးခဲ့သော ဗတ္တိဇံဖြစ်သည်ဟု သင်သိ၍ယုံကြည်လျှင် သင်သည် အပြစ်များအား လုံးမှ ကယ်တင်ခြင်းခံရလိမ့်မည်။”
ဤနောက်ဆုံးနေ့များတွင် ကိုယ်တော်သည် နှလုံးသားများ၌အ ပြစ်ရှိသေးသောသူများအား ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်တို့ ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ကိုယ်တော်အလိုရှိ တော်မူသည်။ မည်သို့ပင် ဖြစ်စေကာမူ လူတိုင်းသည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် အပြစ်များ ဖြေလွှတ်ခြင်းခံရမည် ဖြစ်သည်။ မည်သူမည်ဝါမျှ ကိုယ်တော်၏ဗတ္တိ ဇံနှင့်အသွေးတော်ကို မယုံကြည်သူများသည် ကိုယ်တော်၏ဖြောင့် မတ်သောတရားစီရင်ခြင်းမှ လွှတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
လုကာ ၂၃း၃၀ တွင် “ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့ အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြ လိမ့်မည်”ဟု ဖော်ပြထားသည်။ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော် ကို မယုံကြည်သူအပြစ်သားများအပေါ် ဘုရားသခင်ချမှတ်မည့် အ ပြစ်များ၏တရားစီရင်ခြင်းမှာ အလွန်ခက်ထန်လိမ့်မည်။ ကိုယ်တော် စီရင်တော်မူသော အပြစ်များ၏တရားစီရင်ခြင်းမှာ အပြစ်သားများ အားလုံးကို ဆန့်ကျင်သောတရားစီရင်ဖြစ်သည်။ အပြစ်သားများကို အလွန်ထိတ်လန့်ကြောက်မက်စေသောတရားစီရင်ခြင်း ဖြစ်သည်။ 
လူတိုင်းသည် တရားသောကိုယ်တော်၏တရားစီရင်ခြင်းရှေ့၌ ရပ်ကြလိမ့်မည်။ ထိုအချိန်တွင် နှလုံးသားများ၏အပြစ်သည် ကိုယ် တော်၏တရားစီရင်ခြင်ကို ခံနိုင်ကြမည်မဟုတ်သောကြောင့် သူတို့ သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်းကို ရင်ဆိုင်ရကြမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်များအတွက် ကိုယ်တော် ၏တရားစီရင်ခြင်းမှလွှတ်မြောက်နိုင်ရန် ကိုယ်တော်သည် ဗတ္တိဇံခံ ယူတော်မူခြင်းနှင့် ကားစင်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့နေရာတွင် အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခြင်းအားဖြင့် ဤလော ကအပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူသောကယ်တင်ရှင် ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် ကျွန်ုပ်တို့အားလုံးသည် ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။
ကိုယ်တော်ခံယူတော်မူခဲ့သောဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်းသည် ယခုတွင် ကျွန်ုပ်တို့အတွက် မရှိမဖြစ် လိုအပ်သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယခုတွင် ယူဆောင်သွားတော်မူ ခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤအရာကို သိ၍ ယုံကြည်ခြင်းအား ဖြင့်  ကျွန်ုပ်တို့နှလုံးသားများ၌အပြစ်များဖြေလွှတ်ခြင်းနှင့် ကယ်တင် ခြင်းခံရကြသည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သောဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူ ဆောင်သွားတော်မူခြင်းအားဖြင့် ကယ်တင်ခြင်းအမှုကို ပြည့်စုံစေ တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ကယ်တင်ခြင်းခံရကြသည်။
ဤခေတ်တွင် ကိုယ်တော်၏ဗတ္တိဇံကို သိ၍ယုံကြည်သူ ဘုရား သခင်၏အစေခံများသည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို တစ်ကမ္ဘာလုံးသို့ မရပ်မနားဟောပြောနေကြသည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့်အသွေးတော် သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို ဖြေရှင်းပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်မှ ခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံး ဖြေရှင်းပေးတော်မူခဲ့သည် နှလုံးသားဖြင့် ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရသင့်ကြသည်။ ယခုဤခေတ် ကာလတွင် လူတိုင်းသည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ပညာ ကို လိုအပ်ကြသည်။ သင်မတိုင်မီ ကယ်တင်ခြင်းခံရသောသူများ၏ လမ်းပြသော ယုံကြည်ခြင်းအသက်တာများအားဖြင့် ကိုယ်တော် သည် စစ်မှန်သောကယ်တင်ခြင်း ဗတ္တိဇံနှင့်အသွေးတော်သက်သေခံ ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ယခုတွင် ကိုယ်တော်၏ဗတ္တိဇံနှင့် အသွေးတော်နှုတ်ကပတ်တော်ကို ယုံကြည်ရကြမည်ဖြစ်သည်ဟု နားလည်သဘောပေါက်ရကြမည်  ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးအပ်တော်မူခဲ့သော ဒုတိယမွေးဖွားခြင်းမှာ ဗတ္တိဇံ နှင့်အသွေးတော်နှုတ်ကပတ်တော်ဖြစ်သည်ဟု ကျွန်ုပ်တို့အားလုံးယုံ ကြည်ရကြမည် ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူခဲ့သော ဗတ္တိ ဇံနှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ပေါ်သို့ ကျွန်ုပ်တို့အပြစ်များ အားလုံးကို လက်ခံတော်မူခဲ့သည်ဟု ကျွန်ုပ်တို့အားလုံးသည် သိရကြ မည် ဖြစ်သည်။ ကိုယ်တော်သည် ဒုတိယအကြိမ်ကြွလာတော်မူသည့် ချိန်အထိ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းကို ကျွန်ုပ်တို့သက်သေခံရကြမည် ဖြစ်သည်။ ယခုချိန်၌ပင် လူများစွာတို့ သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို မသိကြသော ကြောင့် သူတို့သည် အပြစ်သားများအဖြစ် ဘာသာရေးအသက်တာ ဖြ်င့ အသက်ရှင်နေကြသည်။ သူတို့သည် ဤအခြေအနေဖြင့် ကိုယ် တော်ကို လက်ခံရန် ရည်ရွယ်ကြသော်လည်း သူတို့သည် ဤနည်း လမ်းအားဖြင့် ကိုယ်တော်တရားစီရင်ခြင်းကို ရှောင်ကြဉ်နိုင်ကြမည် မဟုတ်ပေ။ ထိုကြောင့် သူတို့သည် ယခုဤလောကတွင် အသက်ရှင် နေကြသော ဘာသာရေးလူများအားလုံးအပေါ် ပေးအပ်တော်မူခဲ့ သော ကယ်တင်ခြင်းကို လက်ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ၍ ကျွန်ုပ်တို့ နှလုံးသားများသည် ဘုရားသခင်၏အသင်းတော်နှင့်စည်းလုံးကြ သည့်အတိုင်း သူတို့သည် သခင်ယေရှု၏ဗတ္တိဇံကိုလည်း ယုံကြည်ရ ကြမည် ဖြစ်သည်။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ ကျွန်ုပ်တို့နေရာ တွင် အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူခဲ့သည်ဟူသော ယုံ ကြည်ခြင်း၊ ယုံကြည်မှုအားဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်ရကြမည် ဖြစ်သည်။ လူသားအားလုံးသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်း ခံရရန်အတွက် သူတို့သည် ကိုယ်တော်ဗတ္တိဇံနှင့်အသွေးတော်သွန်း လောင်းတော်မူခြင်းသမ္မာတရားကို သိရကြမည် ဖြစ်သည်။ သူတို့ သည် ယုံကြည်ခြင်းရှိသူများ ဖြစ်ရကြမည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ အပြစ်များပေးဆပ်ကျေအေးစေ တော်မူရန် အသေခံတော်မူခဲ့ခြင်းအားဖြင့် သူတို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သ်ညဟု သူတို့သည် သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် သင်၏အပြစ်များထမ်းရန် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်ဟု သင်သည် ယခုတွင် နားလည် သဘောပေါက်ရမည် ဖြစ်သည်။ သင်သည် ဤအရာကို ယုံကြည်၍ ယခုတွင် သင်သည် မိမိနှလုံးသား၌အပြစ်များမှ ဆေးကြောခြင်းရှိရန် အခွင့်အခါကောင်းဖြစ်သည်ဟု ယုံကြည်ရန် ကျွန်တော်တိုက်တွန်းလို ပါသည်။ သင်သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သောဗတ္တိဇံ နှင့်အသွေးတော်တို့ကို ယုံကြည်ခြင်းအားဖြင့် သင်၏နှ လုံးသား၌ရှိသော အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြမည် ဖြစ် သည်။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်တို့ကို သင်နှင့်ကျွန်တော်တို့သည် နှလုံးသား ဖြင့် ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ အပြစ်များထာ ဝရဖြေလွှတ်ခြင်းခံရကြလိမ့်မည်။ ဤအချိန်၌ပင် သင်သည် ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်တို့ဖြင့် သင်၏အပြစ်များအားလုံးကို ကိုယ်တော်ဆေးကြောပေးတော်မူခဲ့သည်ဟူသော ကယ်တင်ခြင်း နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် သင်၏နှလုံးသား၌ အပြစ် များဖြေလွှတ်ခြင်းခံရလျှင် သင်၏နှလုံးသား၌ စစ်မှန်သောကယ်တင် ခြင်းခံရလိမ့်မည်။ ယခုတွင် သင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့်သွန်း လောင်းတော်မူသောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် သင်၏ အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရ၍ ကိုယ်တော်၏နှုတ်ကပတ် တော်ကို ကိုးစားခြင်းအားဖြင့် အသက်ရှင်လျှင် ကိုယ်တော်ပြန်လည် ကြွလာတော်မူသောအခါ ကိုယ်တော်ကို လက်ခံရန် လိုအပ်ချက်တစ် စုံတစ်ခုမျှ မရှိတော့ပေ။ သင်သည် ယခုတွင် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရလိုလျှင် သင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့် သွန်း လောင်းသောအသွေးတော်တို့ကို ယုံကြည်ခြင်းကလွှဲ၍ အခြားသော နည်းလမ်းမရှိပေ။
သခင်ယေရှုသည် ဤလောက၌ ကြွလာတော်မူစဉ် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ် များအားလုံးကို မိမိကိုယ်ပေါ်သို့ လက်ခံတော်မူခဲ့သည်ဟူသောအ ချက်ကို ယုံကြည်ခြင်းအားဖြင့် သင်တို့အားလုံးသည် ဘုရားသခင်၏ အမျက်တော်မှ လွှတ်မြောက်နိုင်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေ ရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေး တော်ကို ဤသို့ဖြင့် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကြလျှင် ကျွန်ုပ်တို့ သည် နှလုံးသားများ၌ အပြစ်များဖြေလွှတ်ခြင်းခံရရုံမျှမက ကိုယ် တော်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် ကိုယ်တော်၏တန်ဆာပ လာအဖြစ် အသုံးတော်ခံလိမ့်မည်။
ကျွန်ုပ်တို့အပေါ် ကိုယ်တော်ချပေးတော်မူခဲ့သော အပြစ်များ ဖြေလွှတ်ခြင်းကျေးဇူးတော်ဖြစ်သော သခင်ယေရှု၏ဗတ္တိဇံအမှုကို ငြင်းပယ်ရန် မိမိကိုယ်ကိုကိုယ် ခွင့်မပြုရပေ။ ကိုယ်တော်သည် ကျွန်ုပ် တို့အား လောကအပြစ်များမှ ကယ်တင်တော်မူရန် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခဲ့သည်ဟု နှလုံးသားများဖြင့် ကယ်တင်ခြင်းသမ္မာတ ရားကို ကျွန်ုပ်တို့သည် သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုအားဖြင့် လူသားများ၏အပြစ်များအားလုံးကို ထမ်းတော်မခဲ့သော သုံးနှစ်သုံး မိုးပြီးခဲ့ပြီးနောက် ကိုယ်တော်သည် ပိလက်တရားရုံးမှ သေဒဏ်စီရင် ခြင်းခံရ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ ကိုယ်တော်သည် အသက်ချုပ်တော်မမူမီ “အမှုပြီးပြီ”ဟု မိန့် ကားတော်မူခဲ့သည်။ ကိုယ်တော်သည် လူသားများအားလုံးအား ဤလောကအပြစ်များမှ ကယ်တင်တော်မူရန် ဗတ္တိဇံနှင့်အသွေးတော်  အားဖြင့် ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော်မူခဲ့၍ ကိုယ်တော် သည် အပြစ်များ၏ပြဿနာများအားလုံးကို ဖြေရှင်းပေးတော်မူခဲ့ သောကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ရကြမည် ဖြစ်သည်။
 


နိုင်းစင်းယုံကြည်မှုကိုသာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ယခုကြိုးစားနေသောသူများ


ယနေ့ ခရစ်ယာန်အများစုက နိုင်းစင်းယုံကြည်မှုကို အခြေပြု၍ အသေခံတော်မူသောသခင်ယေရှုကို ကယ်တင်ခြင်းအဖြစ်သာ ယုံ ကြည်ကြသည်ဟု ပြောကြသည်။ သူတို့၏ကယ်တင်ခြင်းပြည့်စုံခြင်း အတွက် သူတို့သည် ဤလောကမှ ထွက်ခွါသွားသည့်အချိန်တွင် သူ တို့၏ဝိညာဉ်များသည် စင်ကယ်ခြင်းခံရကြလိမ့်မည်ဟု ကြီးမားသော မြော်လင့်ချက်ရှိကြသည်။ ဤသို့သောဘာသာတရားယုံကြည်မှုရှိ သောခရစ်ယာန်များသည် သူတို့၏နှလုံးသား လုံးဝ အပြစ်ကင်းစင်မှု မခံရမီ ပို၍အချိန်များစွာ လိုအပ်ကြသည်ဟု တွေးတတ်ကြသည်။ ဤ သို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့၏ဇာတိကိုကြည့်သောအခါ ကိုယ် ခန္ဂာနှင့်စိတ်ဝိညာဉ်နှစ်ပါး၌ စင်ကြယ်ခြင်းခံရရန် အချိန်များစွာရယူ ရန် လိုအပ်ဟန်တူသည်။
သူတို့၏ယုံကြည်မှုနှင့်အတွေးခေါ်များသည် မှန်ကန်သလော။ ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်က ပတ်တော်သို့ တစ်ဖန်ပြန်လှည့်ခြင်းအားဖြင့် ဤမေးခွန်းကို ကျွန်ုပ်တို့ စဉ်းစားကြပါစို့။ လူတစ်ဉီးသည် ဗတ္တိဇံယေဦဟန်ထံမှ ကိုယ်တော်ခံ ယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်နေသရွေ့ ဤ ပုဂ္ဂိုလ်အတွက် အပြစ်များမှ ဆေးကြောခြင်းခံရရန် အချိန်များစွာ ယူ ရန်မလိုအပ်ပေ။ အကြောင်းမှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံ မှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို တစ် ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သောကြောင့် ဖြစ်သည် (မဿဲ ၃း ၁၃-၁၇)။ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့ပြီးနောက် ကားတိုင်သို့ ကြွတော် မူလျက် အပြစ်ဖြေရာယဇ်အဖြစ် မိမိကိုယ်ခန္ဓာ ပူဇော်တော်မူသော ကြောင့် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက ၏အပြစ်များကို ဖယ်ရှားပေးနိုင်သော တန်ခိုးရှိတော်မူသောကြောင့် ဖြစ်သည်။ 
ကိုယ်တော်သည် နှုတ်ကပတ်တော်အားဖြင့် ဤလောက၌ရှိ သောအရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ကိုယ်တော်မှာ ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ထမ်းရန် တန်ခိုးရှိတော်မူသောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ဤလောကအပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် ဗတ္တိဇံကို ယုံကြည်သူအားလုံး၏အပြစ်များအားလုံးကို တစ်ကြိမ် တည်းဆေးကြောပေးနိုင်သော တန်ခိုးရှိတော်မူသည်။ သင်နှင့်ကျွန် တော်တို့သည် ကိုယ်တော်ရှေ့တော်၌ အပြစ်သားများဖြစ်ကြသည်။ သို့သော် သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော်သည် လူသားများ၏အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူ၍ ဆေးကြောပေးတော်မူခဲ့သော ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များမှ ဆေးကြောခြင်းခံရနိုင်ကြသည်။
ယခုတွင် ကျွန်ုပ်တို့ရှင်းလင်းစွာ နားလည်သဘောပေါက်ရမည့် အရာမှာ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ်များ ထမ်း၍ ဆေးကြောပေးတော်မူခဲ့သည်ဟု မယုံကြည်များအားလုံးအ ပေါ် သခင်ယေရှု၏အပြစ်များ၏တရားစီရင်ခြင်းကို ချမှတ်တော်မူ လိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူ သောကြောင့် ကိုယ်တော်သည် ဤအချက်ကို မယုံကြည်သူများအား လုံး၏အပြစ်များအားလုံးကို တရားစီရင်တော်မူမည့် တရားသူကြီး ဖြစ်တော်မူသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးအ တွက် ကားတိုင်ပေါ်တွင် သေဒဏ်ခံရသောအရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ဤသေဒဏ်ဖြင့် ကျွန်ုပ်တို့ပြစ်ဒဏ်များအားလုံးကို နိဂုံးချုပ်ပေးတော်မူခဲ့သည်။ ထိုကြောင့် ယခုတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက် ဗတ္တိဇံခံယူတော်မူ၍ အသေခံတော်မူခဲ့ သည်ဟူသော ကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ပြစ်ဒဏ်အားလုံးမှ ကျွန်ုပ်တို့အားလုံးကို ရွေးနှုတ်တော်မူခြင်း ဖြစ် သည်။ 
ကိုယ်တော်သည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အပြစ်အတွက် သေဒဏ်ခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်းတော်မူ ခြင်းအားဖြင့် ယုံကြည်သူကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထမ်း၍ ဆေးကြောပေးတော်မူနိုင်ခဲ့သည်။ ကိုဘ်တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်မျာကို ထမ်းတော်မူ၍ အသွေးတော်အားဖြင့် ပြစ်ဒဏ် ကို ခံတော်မူခဲ့သောကြောင့် ယခုမှစ၍ သခင်ယေရှု၏ဖြောင့်မတ် ခြင်းအမှုကို ယုံကြည်သူအားလုံးသည် အပြစ်များမှ တစ်ကြိမ်တည်း ဆေးကြောခြင်းခံရ၍ အပြစ်များ၏တရားစီရင်ခြင်းအားလုံးမှ ရွေး နှုတ်ကယ်တင်ခြင်းခံရနိုင်ကြသည်။
ခမည်းတော်ဘုရားသခင်သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သောဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများ၊ အပြစ်များမှ ဆေးကြောခြင်းခံရခြင်းအားဖြင့် ကိုယ်တော်၏နှလုံး သားကို ဝမ်းမြောက်စေသောသူများကို ရှာဖွေတော်မူသည်။ သမ္မာ ကျမ်းစာတွင် အာဗြဟံသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ယုံကြည်ခြင်းဖခင်ဖြစ်ခဲ့သကဲ့သို့ ဓမ္မသစ်ခေတ် ကာလတွင် ကျွန်ုပ်တို့သည်လည်း ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ ခြင်းနှင့်အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောက အပြစ်များကို သခင်ယေရှုယူဆောင်သွားတော်မူခဲ့သည်ဟူသော နှုတ် ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားရှေ့တော်၌ အာဗြဟံကဲ့ သို့ ယုံကြည်ခြင်းရှိသူဖြစ်လာနိုင်ကြသောကြောင့် ကျွန်ုပ်တို့၏အပြစ် များအားလုံး ဆေးကြောသန့်စင်ခြင်းခံရကြသည်။ အတိုချုံးအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ကြ သောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ်များကို ဆေးကြောခြင်းခံရကြ၍ အပြစ်များအားလုံးတစ်ကြိမ်တည်း စင် ကြယ်ခြင်းခံရကြသည်။ 
သို့သော် ဝမ်းနည်းစရာမှာ ခရစ်ယာန်အသိုင်းအဝိုင်းများ၌ များ စွာသောသီအိုလော်ဂျီပညာရှင်များသည် သခင်ယေရှု၏ဗတ္တိဇံလျို့ ဝှက်ချက်ကို မသိကြသောကြောင့် သူတို့သည် ကိုယ်ုတိင်ဖန်တီးထား သော သီအိုလော်ဂျီဓမ္မခံယူချက်များထဲ၌ ကျဆင်းနေကြသည်။ အ ထူးသဖြင့် ကြိုတင်ခွဲခန့်မှတ်ထားခြင်းနှင့် အခြေအနေမဲ့ရွေးကောက် ခြင်း ဓမ္မခံယူချက်သည် များစွာသောခရစ်ယာန်များကို အရှက်ကွဲစေ သည်။ သင်တို့အကြား မည်သူသည် ကိုယ်တော်၏ရွေးကောက်ခြင်း ခံရသောသူ ဟုတ်/မဟုတ် မည်သူသိသနည်း။ များစွာသော ဘာသာ တရားကိုင်းရှိုင်းသူများက ဤမေးခွန်းကို ငြင်းဆန်၍ သူတို့သည် ရွေး ကောက်ခြင်းခံရသောသူ ဟုတ်/မဟုတ် မည်သို့သိရကြမည်ကို တွေ ဝေနိုင်လိမ့်မည်ဟု ကျွန်တော်သေချာစွာ သိသည်။ ကိုယ်တော်၏ဒုတိ ယအကြိမ်ပြန်လည်ကြွလာတော်မူခြင်းသည် ချက်ချင်းရောက်လာ သည်နှင့်အမျှ သူတို့သည် အပြစ်များနှင့် သီအိုလော်ဂျီဓမ္မခံယူချက် များကြောင့် သူတို့အားလုံးသည် တွင်းနက်ကြီးထဲသို့ စောက်ထိုးကျ နေကြသည်။
သီအိုလော်ဂျီဓမ္မပညာရှင်များမှ ပေါက်ဖွားလာသော များစွာ သောဓမ္မခံယူချက်များက များစွာသောအပြစ်များကို မဖြေရှင်နိုင်ပေ ဟု သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ သီအိုလော်ဂျီဓမ္မခံ ယူချက်များက ယခုအပြစ်သားဖြစ်သူတစ်စုံတစ်ဉီးအပေါ် မည်သည့် အကျိုးကျေးဇူးများ မပေးပေ။ ဓမ္မသီအိုလော်ဂျီ၌ သွန်သင်သော ခရစ် ယာန်ဓမ္မခံယူချက်များကို ယုံကြည်သူများသည် အသေခံတော်မူ သောကိုယ်တော်ကိုသာ ယုံကြည်ကြသောကြောင့် သူတို့သည် ယခု တွင် ရင်ဆိုင်နေရသော အပြစ်များမှ မလွှတ်မြောက်နိုင်ကြပေ။ သူ တို့ရောက်ရှိသော နိဂုံးမှာ သူတို့သည် ကိုးကွယ်ခြင်းများအားလုံးဖြင့် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုခြင်း၊ အသင်းတော် များသို့ စေတနာ့အစေခံခြင်းနှင့် ကိုယ်တော်၏စိတ်သဘောကို စောင့် မြော်ခြင်းကလွှဲ၍ အခြားသောလုပ်ဆောင်စရာ တစ်စုံတစ်ခုမျှ မရှိ ခြင်း ဖြစ်သည်။ ဤဝိညာဉ်များသည် မည်သို့ သနားစရာကောင်းသ နည်း။ သူတို့သည် အပြစ်များမှ လွှတ်မြောက်ခြင်းမခံရကြဘဲ ဘာ သာတရားအသက်တာဖြင့်သာ အသက်ရှင်ရန် မိမိကိုယ်ကိုကိုယ် ဆက်ကပ်နေကြသည်။
ဤခေတ်များတွင်သင်းအုပ်ဆရာများသည် မိမိအသင်းသူ/သား များအား သီအိုလော်ဂျီဓမ္မခံယူချက်များကို ယုံကြည်ရန် ဆန္ဒရှိကြ၍ အချည်းနှီးသောဘာသာတရားအသက်တာဖြင့် လမ်းပြနေကြသည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေး တော်အားဖြင့် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းကို သိ၍ ယုံ ကြည်ခြင်းမှ နောက်လိုက်သူများအပြစ်ကင်းစင်စေရန် မည်သည့်အ ရာတစ်စုံတစ်ခုမှ မသွန်သင်နိုင်ကြသောကြောင့် ဖြစ်သည်။ သမ္မာ ကျမ်းစာက ၁ ယော ၂း၂၇ တွင် “သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့ ၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအ ကြောင်းမရှိ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန် သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌တည်နေကြ လော့”ဟု ဖော်ပြထားသည်။ ဤနှုတ်ကပတ်တော်မှာ ကိုယ်တော် သည် ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် သူတို့ကို ကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်ခြင်း၍ သခင်ယေရှုကို ယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသော ဘုရားသခင်၏သားသမီးများ ထံ ပြောသောနှုတ်ကပတ်တော် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သီအို လော်ဂျီဓမ္မခံယူချက်များကိုသာ ယုံကြည်သူများကို ရည်ညွှန်းထား ခြင်းမဟုတ်ပေ။
ကိုယ်တော်သည် ကျွန်ုပ်တို့အား သီအိုလော်ဂျီဓမ္မခံယူချက်များ ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သော ဘာသာတရားအသက် တာမျိုးကို အလိုတော်မရှိပေ။ ယနေ့သီအိုလော်ဂျီဓမ္မပညာ၌ သွန် သင်သော  ခရစ်ယာန်ဓမ္မခံယူချက်များကို ယုံကြည်သူများ မှားယွင်း သောခြေထောက်ပေါ်တွင် မိမိယုံကြည်မှုကို အစပြုခဲ့သည်ဟု သင် သည် ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ သူတို့သည် အသေခံတော်မူခဲ့ သောသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် စတင်ယုံကြည်လာသည့်အ ချိန်မှစ၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို လက်ခံတော်မူခဲ့သည်ကို သူ တို့သည် နားမလည်ကြသောကြောင့် သူတို့သည် ဘာသာတရားအ သက်တာဖြင့်သာ ကျဆင်း၍ နိဂုံးချုပ်အသက်ရှင်နေကြခြင်း ဖြစ် သည်။ သူတို့သည် လောကခရစ်ယာန်ဘာသာကိုသာ မှီခိုအားထား၍ ယုံကြည်ကြသောကြောင့်  သူတို့သည် နောက်ဆုံးတွင် အပြစ်များမှ ဆေးကြောခြင်းမခံရကြပေ။ သူတို့သည် ရာစုနှောင်းပိုင်တွင် နိုင်းစင်း ယုံကြည်မှု၌ တွေ့ရသော ယုံကြည်မှုအချက်များမှ တစ်ခုဖြစ်သော အသေခံတော်မူခဲ့သော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်သာ ယုံ ကြည်၍ လိုက်လျှောက်ကြသည်။ ထိုကြောင့် သူတို့သည် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူသော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသော်လည်း အပြစ်များအဖြစ် သူတို့ နှလုံးသားများ၌ အသက်ရှင်ကြသောကြောင့် သူတို့သည် ဘုရားသခင် ၏တရားစီရင်ခြင်းကို စောင့်နေသော ဘာသာတရားကျင့်သုံးသူများ အဖြစ်သို့ မိမိကိုယ်ကိုကိုယ် နောက်သို့ပြန်လှည့်ခဲ့ကြသည်။
နိုင်းစင်းယုံကြည်မှု၌တွေ့ရသော ယုံကြည်မှုဝန်ခံချက်ကြောင့် ဤသို့သော ဆိုးရွားမှုရောက်လာခြင်း ဖြစ်သည်။ ဤယုံကြည်မှု ကြောင့် ခရစ်ယာန်များသည် အပြစ်များအားလုံးမှ ဒုတိယမွေးဖွား ခြင်းမခံရနိုင်ကြဘဲ နှစ်ပေါင်း ၁၇၀၀ ကျော် အပြစ်သားများအဖြစ်အ သက်ရှင်ခဲ့ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ် တင်ရှင်အဖြစ် စတင်ယုံကြည်ကြသောအခါ သခင်ယေရှုသည် ဗတ္တိဇံ နှင့်အသွေးတော်အားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သည်ဟူသော အချက်ကို သိရှိခြင်းဖြင့် မဖြစ် မနေ အစပြုရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအရာကို ယုံ ကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရကြမည် ဖြစ်သည်။ တစ် နည်းအားဖြင့် ကျွန်ုပ်တို့သည် ယုံကြည်မှုဖြင့် အစပြု၍ ယုံကြည်မှုဖြင့် နိဂုံးချုပ်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် စတင် ယုံကြည်ခြင်းမှ စတင်ခဲ့သည်ဟု သိ၍ ယုံကြည်ကြသောကြောင့် ဤ သို့ ယုံကြည်မှုဖြင့် အစပြုကြသည်။ ကျွန်ုပ်တို့သည် ထိုအချိန်မှစ၍ ကိုယ်တော့်အပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးလွှဲပြောင်းနိုင်ကြ သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ထမ်းတော်မူခဲ့သော ကြောင့် ကိုယ်တော်သည် ကားစင်တင်ခံတော်မူ၍ ကားတိုင်ပေါ်တွင် ပြစ်ကြွေးပေးဆပ်ကျေအေးစေတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သိကြ သောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်နိုင်ကြခြင်း ဖြစ်သည်။ ထို နောက် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ဒုတိယမွေးဖွားရန် အသစ်ဖြစ်ခြင်းယုံကြည်မှုကို ပိုင်ဆိုင်ကြလိမ့်မည်။
သို့သော် သခင်ယေရှု၏ကားတိုင်တစ်ခုတည်းသည် ကနဉီးအ သင်းတော်တမန်တော်များ၏ ယုံကြည်မှု စံချိန်စံညွှန်းဖြစ်သည်ဟု သွန်သင်ခဲ့သော နိုင်းစင်းယုံကြည်မှုသည် ရှေးဟောင်းနှောင်းတွင် ဖြန့် ဝေခဲ့သည်။ ဤယုံကြည်မှုသည် ယနေ့အထိတိုင် ခေတ်အဆက်ဆက် ခရစ်ယာန်များထံ လက်ဆင့်ကမ်းခဲ့သောကြောင့် ယနေ့လူများသည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို မသိကြဘဲ အသေခံတော်မူ သောသခင်ယေရှုကို ကယ်တင်ရှင်အဖြစ်သာ အသိအမှတ်ပြုယုံ ကြည်ကြသည်။ ဤအကြောင်းကြောင့် သူတို့သည် ဘာသာတရား လူများအဖြစ်သို့သာ ပြောင်းလဲခဲ့ကြခြင်း ဖြစ်သည်။ ဤတွင် သင်နား လည်သဘောပေါက်ရမည်အရေးကြီးသောအရာမှာ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကပြစ်များကို ထမ်း တော်မူခဲ့သည်ဟူသော သမ္မာတရားပညာကို ယုံကြည်ခြင်းနှင့် ကား တိုင်ပညာအားဖြင့်သာ သခင်ယေရှုကို ယုံကြည်ခြင်းအကြား ကြီးမား သော ကွာခြားမှု ဖြစ်သည်။
ဤခြားနားမှုကို ဆုပ်ကိုင်၍ သင်သည် ဘာသာတရားအသက် တာမှ လွှတ်မြောက်၍ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းနှင့် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ်တည်း ယူ ဆောင်သွားတော်မူခဲ့သည်ဟူသာ ကယ်တင်ခြင်းသမ္မာတရားကို ယုံ ကြည်ခြင်းအားဖြင့် ယခုတွင် ဒုတိယမွေးဖွားခြင်းခံရမည် ဖြစ်သည်။ ဤနောက်ဆုံးသောအချိန်များတွင် ကမ္ဘာပျက်စီးခြင်းနီးကပ်လာသ ဖြင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးကို ယုံကြည်၍ ယုံကြည်ခြင်းရှိသူများဖြစ်ကြကာ ကိုယ်တော်ကို ကျေးဇူးတင်ခြင်း အားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ သင်သည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို မသိလျှင် သင်၏ဝိညာဉ်ဖြစ်စေ၊ ကျွန်တော့် ၏ဝိညာဉ်ဖြစ်စေ ဒုတိယမွေးဖွားခြင်းခံရနိုင်မည်မဟုတ်ပေ။
ယခုချိန်၌ပင် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူ များပင်လျှင် သူတို့သည် သခင်ယေရှု၏ဗတ္တိဇံအဓိပ္ပါယ်ကို မသိဘဲယုံ ကြည်ကြလျှင် သူတို့သည် လောကဘာသာတရားကျင့်ဆောင်သူများ အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။ ထိုကြောင့် ယခုတွင် ကမ္ဘာကုန်ဆုံး ခြင်းသည် အလွန်နီးကပ်လာသောကြောင့် ကျွန်ုပ်တို့သည် သခင်ယေ ရှု၏ဗတ္တိဇံလျို့ဝှက်ချက်ကို နားလည်သဘောပေါက်၍ ယုံကြည်ကြ ကာ ဒုတိယမွေးဖွားခြင်းခံရသော ယုံကြည်ခြင်းရှိသူများဖြစ်ကြသည် ဟု သေချာစွာသိရကြမည် ဖြစ်သည်။ သခင်ယေရှု၏ ဗတ္တိဇံသည် ဤလောကအပြစ်များကို ဆေးကြော၍ ဖယ်ရှားပေးရန် တန်ခိုးရှိ သောကြောင့် ကျွန်ုပ်တို့သည် ၎င်းကို လုံးဝ အကျိုးမရှိစေသော ဘာ သာတရားကျင့်ဆောင်သူများအဖြစ်သို့ မိမိကိုယ်ကိုကိုယ် ပြန်မလှည့် ရကြပေ။
ယနေ့ ခရစ်ယာန်အသိုင်းအဝိုင်း၌ ဘာသာရေးလူများအားလုံး၏ ယုံကြည်မှုသည် နိုင်းစင်းယုံကြည်မှု၌ အပြစ်တွယ်ကြသည်။ သခင် ယေရှုသည် ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူ  ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးတော်မူခဲ့သော် လည်း သူတို့သည် ဤသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မယုံကြည် ကြပေ။ ထိုကြောင့် ယနေ့ခရစ်ယာန်များသည် နိုင်းစင်းယုံကြည်မှု၌ တွေ့ရသော ကားတိုင်၏ဓမ္မခံယူချက်ကိုသာ မှီခိုခြင်းအားဖြင့် ယုံ ကြည်မှုအသက်တာများဖြင့် အသက်ရှင်နေကြသောကြောင့် သူတို့ သည် မိုက်မဲသောဘာသာရေးကျင့်ဆောင်သူများအဖြစ်သို့ မိမိကိုယ် ကိုကိုယ် ပြန်လှည့်ခဲ့ကြ၍ ဤအပြစ်ရှိသောအခြေအနေဖြင့် ကိုယ် တော်ရှေ့တော်၌ ရပ်နေသော အပြစ်သားများအဖြစ် အသက်ရှင်နေ ကြသည်။ နောက်ဆုံးတွင် သူတို့သည် ကိုယ်တော်၏ဗတ္တိဇံအားဖြင့် သခင်ယေရှုပေါ်သို့ အပြစ်များကို လွှဲပြောင်းခြင်းမပြုနိုင်ကြသည်။ ယ နေ့ သူတို့၏အပြစ်များပြဿနာကို မဖြေရှင်းနိုင်ကြ၍ ဤသို့ဘာသာ တရားယုံကြည်မှုများဖြင့် အသက်ရှင်သူများသည် တရားသူကြီးကိုယ် တော်၏ တရားစီရင်ခြင်းကို ရင်ဆိုင်ရန် ရပ်တည်ခြင်းမှာ အလွန်ဝမ်း နည်းကြေကွဲစရာ ဖြစ်သည်။
အဓိကပြဿနာမှာ ခရစ်ယာန်များသည် ယနေ့အထိ နှစ်ပေါင်း ၁၇၀၀ ကျော် နိုင်းစင်းယုံကြည်မှုကို ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။  သ ခင်ယေရှုသည် အသေခံတော်မူခြင်းအားဖြင့် သူတို့အပြစ်များမှ ကယ် တင်တော်မူခဲ့သည်ဟု ဤအချိန်တွင် သူတို့အားလုံးသည် ယုံကြည်ရ ကြမည် ဖြစ်သည်။ ထိုအကြောင်းကြောင့် သူတို့သည် ဤအရာအ တွက် မည်သို့ပင် တောင့်တနေစေကာမူ သူတို့အပြစ်များမှ နှလုံးသား များလွှတ်မြောက်ခြင်းမခံရနိုင်ကြခြင်း ဖြစ်သည်။ သူတို့ဆုတောင်းခဲ့ သော နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းမှ သူတို့နှလုံးသားများ ခေတ္တလွှတ်မြောက်ခြင်းတွေ့ရှိနိုင်ကြသည်။ သို့သော် သူတို့သည် ဤ သို့ဆုတောင်းခြင်းများမှာ အချည်းနှီးသက်သက်ဖြစ်သည်ကို နား လည်သဘောပေါက်ကြလိမ့်မည်။ သူတို့ယုံကြည်သော သီအိုလော်ဂျီ ဓမ္မခံယူချက်များသည် သူတို့အား အပြစ်များမှ လုံးဝဒုတိယမွေးဖွား ခြင်းခံစေရန် မကူညီနိုင်ပေ။ သူတို့အားကိုးသောအခြားအရာများထဲမှ တစ်ခုမှ သူတို့ပါဝင်သော ဂိုဏ်းဂဏ ဖြစ်သည်။ သို့သော် ဤဂိုဏ်းဂ ဏများသည် သူတို့ကို အပြစ်မှ ရွေးနှုတ်ခြင်းမပြုနိုင်ကြပေ။ ဤအရာ သည် သူတို့အားကိုးသောအရာဖြစ်သောကြောင့် ၎င်းသည် နောက် ဆုံးတွင် လူများဖန်ဆင်းထားသောဘာသာရေးအဖွဲ့အစည်းသာ ဖြစ် သည်။
ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်ခြင်းမှာ သခင်ယေရှုသည် ဤ လောကသို့ ကြွလာတော်မူစဉ် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ နှင့် အသွေးတော်အားဖြင့် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်း နှုတ်ကပတ်တော်၌ လုံးဝ တွေ့ရသည်။ သို့သော် လူများစွာတို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ် များမှ ဒုတိယမွေးဖွားခြင်းခံခဲ့ပြီးသော သက်သေခံများတွေ့ဆုံးခြင်း မရှိသောကြောင့် သူတို့သည် အပြစ်များမှ မိမိကိုယ်ကိုကိုယ် မလွှတ် မြောက်နိုင်ကြပေ။ ဒုတိယမွေးဖွားခြင်းခံရသောသက်သေများသည် ဗတ္တိဇံအမှုကို ကိုးစားကြ၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော် မူခဲ့သည်ဟု ယုံကြည်ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံ မှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ သိခြင်းနှင့်မ သိခြင်းအပေါ်မူတည်၍ ကြီးမားသောခြားနားမှုဖြစ်စေသည်ဟု ကျွန်ုပ်တို့ ဤတွင် ဆုပ်ကိုင်ရန် လိုအပ်ကြသည်။
ဓမ္မသစ်ကျမ်းအစပြုသောအခါ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းထမ်းတော်မူခြင်းအားဖြင့် ကိုယ်တော်သည်  ပရိတ် သတ်ရှေ့မှာ မိမိဘဝအစပြုတော်မူခဲ့သည်ဟု ကိုယ်တော်မိန့်ကြား တော်မူသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်ဟု မဿဲ ၃း၁၃-၁၇တွင် ရှင်းလင်းစွာ ဖော်ပြထား သည်။
သို့သော် ယနေ့ခရစ်ယာန်အများစုသည် သခင်ယေရှု၏ကား တိုင်ကိုသာ ယုံကြည်ခြင်းအားဖြင့် မိမိယုံကြည်ခြင်းအသက်တာကို အစပြုခဲ့ကြသည်။ ထို့ပြင် သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေားအား ဖြင့် အပြစ်များထမ်း၍ဆေးကြောပေးတော်မူခဲ့ဟု မသိဘဲ ဘာသာတ ရားအသက်တာဖြင့် အစပြုကြသည့်အချိန်မှစ၍ သူတို့၏ယုံကြည်မှု ပြဿနာအစပြုခဲ့သည်ဟူသောအချက်ကို သူတို့သည် သတိမမူကြ ပေ။ သခင်ယေရှုသည် နိုင်းစင်းယုံကြည်မှု၌ ဖော်ပြထားသည့်အတိုင်း အသေခံတော်မူခြင်းအားဖြင့် သင်၏ကယ်တင်ရှင်ဖြစ်တော်မူသည် ဟု သင်သည်ယုံကြည်လျှင် သင်သည် အနာဂတ်တွင် ကျူးလွန်မည့် အပြစ်များအားလုံးကို ဆေးကောရန် ဖြေရှင်းပေးနိုင်သောအဖြေတစ် စုံတစ်ခုမျှ ရှိသလော။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် အပြစ်များကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သော ကြောင့် သင်နှင့်ကျွန်တော်တို့သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးနိုင်ကြသည်။
သို့သော် သင်သည် ကိုယ်တော်၏ဗတ္တိဇံကို မသိဘဲ ကယ်တင် ရှင်အဖြစ် ယုံကြည်ခဲ့ခြင်းမှ စတင်ခဲ့သောကြောင့် သင်သည် အပြစ် များကို ဆေးကြောရန် ကြိုးစားရာတွင် အခက်အခဲရှိကြသည်။ သင် ၏ဤယုံကြည်မှုက သင်၏ဝိညာဉ်သည် သင့်ကိုလှည့်စားသောသူ များ၏လှည့်စားမှုဖြင့်အသက်ရှင်နေသည်ကို ထင်ရှားလျက်ရှိသည်။ သင်သည် နိုင်းစင်းယုံကြည်မှုကို မျက်စိကန်းစွာ လက်ခံ၍ ယုံကြည် ခြင်းအားဖြင့် လောကဘာသာတရားကျင့်ဆောင်သူအဖြစ်သို့ လှည့်ခဲ့ သည်ကို သက်သေထင်ရှားလျက်ရှိသည်။
သင်၏ယုံကြည်ခြင်းဖခင်များ၊ ကားတိုင်သည် သူတို့၏ကယ် တင်ခင်းအဖြစ်ယုံကြည်၍ လိုက်လျှောက်သောလှည့်စားသူများ၏ လှည့်ဖြားမှုကို ခံရလျှင် သင်သည် သင်၏ယုံကြည်ခြင်းဖခင်များကဲ့သို့  ဤဘာသာရေးကို ယုံကြည်၍ လိုက်လျှောက်သူဖြစ်ဖြစ်လာသည်ကို ဤအရာက ဆိုလိုသည်။ ဥပမာအားဖြင့် ယနေ့ဉရောပနိုင်ငံတွင်ရှိ သောအသင်းတော်များသည် လုံးဝပျက်သုံးခဲ့သည်ကို ကျွန်ုပ်တို့သိရ ကြသည်။ သူတို့ယုံကြည်၏ပျက်စီးခြင်းအကြောင်းရင်းကို ကျွန်ုပ်တို့ မည်သည့်နေရာတွင် တွေ့နိုင်ကြမည်နည်း။ သူတို့သည် နိုင်းစင်းယုံ ကြည်မှုနှင့်အညီ အသေခံတော်မူသောသခင်ယေရှုကို ကယ်တင်ရှင် အဖြစ်ယုံကြည်ခဲ့သည်ဟူသောအချက်၌ သူတို့သည် ရပ်တည်နိုင်ကြ သည်။ သင်သည် ယုံကြည်ရန် ဘာသာတရားတစ်ကို ရှာဖွေ၍ ကား တိုင်သည် သင့်တော်နိုင်လျှင် ၎င်းသည် သင့်အတွက် သင်၏အပြစ် များမှ ဒုတိယမွေးဖွားခြင်းခံရရန် မလုံလောက်ပေ။ သင်သည် ရေနှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းခံရသောကြောင့် သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သ ခင်ယေရှုကို ယုံကြည်သူများကို ဒုတိယမွေးဖွားခြင်းခံစေတော်မူရန် ဆုံးဖြတ်တော်မူခဲ့သည်။
ထိုကြောင့် လူများကို သခင်ယေရှု၏အသေခံတော်မူခြင်းကို ကယ်တင်ခြင်းအဖြစ်ယုံကြည်ကြလျှင် ဤအချက်မှစ၍ သူတို့သည် ယုံကြည်ခြင်းအသည် ဤလောကတွင်အသက်ရှင်နေကြစဉ် ကျူး လွန်ခဲ့သောအပြစ်များကို ဖြေရှင်းပေးနိုင်မည် နည်းလမ်းမရှိပေ။ ကား တိုင်သည် ကျွန်ုပ်တို့ကိုယ်စား ကိုယ်တော်သည် အပြစ်များ၏ပြစ်ဒဏ် ကို ထမ်းနေသောရာဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် အသေ ခံတော်မူသောသခင်ယေရှုကို စဉ်းစားခြင်းအားဖြင့် အပြစ်ပြုသည့်အ ချိန်တိုင်း ကျွန်ုပ်တို့အပြစ်များ ဆေးကြောရန် ကြိုးစားနေကြလျှင် ကျွန်ုပ်တို့သည် ဤသို့သောယုံကြည်မှုဖြင့် မည်သည့်အရာကို ဖြေရှင်း နိုင်ကြမည်နည်း။ အခြားတစ်ဖက်တွင် ကျွန်ုပ်တို့သည် အပြစ်ကျူး လွန်တိုင်း သခင်ယေရှု၏ပုခုံးများပေါ်တွင် ပို၍များပြားသောအပြစ် များကို စုပုံကြလိမ့်မည်။ ဤအရာဖြစ်ပျက်လျှင် သခင်ယေရှု၏ကား တိုင်ကို ယုံကြည်သူများအဖြစ် မိမိစိတ်ထဲမှ ငြိမ်သက်ခြင်းတွေ့ရှိကြ မည့်အစား ကျွန်ုပ်တို့နှလုံးသားများသည် ပို၍လေးလံကြလိမ့်မည်။ ကိုယ်တော်၏အနီးအပါးသို့ ချဉ်းကပ်ကြမည့်အစား ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်ပို၍ ဝေးကွာကြလိမ့်မည်။
ထိုပြင် သခင်ယေရှု၏ရှေ့တော်၌ ကျွန်ုပ်တို့အားနည်းချက်များ ထင်ရှားသည့်အချိန်တိုင်းတွင် ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ အပြစ်ရှိသည်ဟု ခံစားကြလိမ့်မည်။ ဤအခြေအနေသည် ဆက်လက် တည်ရှိလျှင် ကျွန်ု်ပတို့သည် သခင်ယေရှုထံသွား၍ မိမိမျက်နှာများ ပြသဖို့တောင် ရှက်ကြောက်ကြလိမ့်မည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အသေခံတော်မူသောသခင်ယေရှုကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့ သည် အပြစ်ကျူးလွန်သည့်အချိန်တိုင်းတွင် နောင်တနှင့်စပ်ဆိုင် သောဆုတောင်းခြင်းများ နေ့တိုင်း ကြိမ်ဖန်များစွာ ပြုကြ၍ ဤစက် ဝိုင်းသည် မဆုံးမရှိနေ့တိုင်း ဆက်သွားကာ ကျွန်ုပ်တို့သည် သခင်ယေ ရှုကို လောင်ပြောင်သရော်နေကြသည်ကို သိရကြလိမ့်မည်။ ဤသို့ ဖြစ်ခြင်းမှာ ကျွန်ုပ်တို့သည် ဘာသာရေးအသက်တာဖြင့်သာ အသက် ရှင်ရန် ကြိုးစားခြင်းကို ဆိုလိုသည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များ နှင့်တရားစီရင်ခြင်းမှ လွှတ်မြောက်ရမည့်အချိန်ဖြစ်နေသည်။ သင်နှင့် ကျွန်တော်တို့သည် ယခုတိုင်အောင် ဤသို့သောယုံကြည်ခြင်းကို ကျင့်သုံးနေကြသည်။ ယခုချိန်သည် ဤသို့ဘာသာတရားအသက် တာကို ရပ်တန့်၍ အပြစ်များမှ ဒုတိယမွေးဖွားခြင်းဖြစ်စေသော သ ခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ရန် လိုအပ်သည်ဟု နားလည်သဘောပေါက်ရမည့် အချိန်ရောက်ရှိနေပြီ ဖြစ်သည်။
 

သင်သည် ဒုတိယမွေးဖွားခြင်းခံရန် လိုအပ်သောအရာ

ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ယုံကြည်ခြင်းသည် ဒုတိ ယမွေးဖွားခြင်း သင်ခံယူရန် မဖြစ်မဖြစ်လိုအပ်သည်ဟု သင်နားလည် သဘောပေါက်ရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန် ကို ရှာဖွေ၍ သူ၏ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် သွန်းလောင်းတော်မူသောအသွေးတော်ကို မသိဘဲ လူများစွာတို့သည် နှိုင်းစင်းယုံကြည်မှုနှင့်အညီသေခံတော်မူတူသော သခင်ယေရှုကို ယခုထိ ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့သည်။ ဤအကြောင်းကြောင့် သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း အပြစ်များမှ မ လွှတ်မြောက်နိုင်ကြခြင်း ဖြစ်သည်။ သူတို့သည် လောကဘာသာတ ရားကျင့်ဆောင်သူများအဖြစ်သာ အသက်ရှင်ကြသည်။ သူတို့သည် အပြစ်ရှိသောအခြေအနေ၌ ဘုရားသခင်နှင့်အဆက်အသွယ်ပျက်၍ ယုံကြည်ခြင်းအသက်တာဖြင့် အသက်ရှင်ရန် ကြိုးစားကြသော ကြောင့် သူတို့သည် နှစ်ပေါင်း ၁၇၀၀ ကျော် ဤနေ့အထိ တည်တံ့ခဲ့ ခြင်း ဖြစ်သည်။
သို့သော် ဤနောက်ဆုံးသောကာလများတွင် ရိုင်းစိုင်းစွာ အလုပ် လုပ်သောအခါ သူတို့သည် သူတို့၏ယုံကြည်ခြင်းကိုသာ မှီခိုခြင်းအား ဖြင့် စာတန်ကို မခုခံနိုင်သောကြောင့် သူတို့သည် ဘာသာရေးအ သက်တာကို အရှုံးမပေးနိုင်ကြပေ။ ဘာသာတရားယုံကြည်မှုကို မဆွဲ ကိုင်သောသူများသည် မကန့်အသတ်မရှိသောတန်ခိုးပိုင်ဆိုင်ကြ သည်။ ထိုကြောင့် လူများသည် ဘာသာရေးအသက်တာ စွန့်လွှတ်ရန် လိုအပ်သည်ဟူသောအချက်သို့ ရောက်ရှိသောအခါ သူတို့သည် ရပ် တန့်ကြလိမ့်မည်။ သူတို့သည် အပြစ်ပန်းသဏ္ထာန်အားဖြင့်ဖြစ်စေ၊ အ တွင်းသဏ္ဌာန်အားဖြင့်ဖြစ်စေ ဘာသာတရေးဖိနှိပ်မှုကို ခံရသောအခါ သူတို့သည် ရွေးချယ်စရာမရှိဘဲ သူတို့နှလုံးသားများ ပြောင်းလဲရကြ မည် ဖြစ်သည်။
နောက်ဆုံးသောခေတ်ကာလများတွင် အန္တိခရစ်သည်ပေါ်လာ၍ လူများအား သခင်ယေရှုကို ငြင်းပယ်ရန် အမိန့်ချမှတ်လိမ့်မည်။ ထို နောက် ၎င်း၏အမိန့်ကို ငြင်းဆန်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထို ကြောင့် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ကျွန်ုပ်တို့ကိုးစား ခြင်းအားဖြင့် ကိုယ်တော်သည် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ယုံကြည်ခြင်း အားဖြင့် ဒုတိယမွေးဖွားခြင်းခံရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ယုံကြည်သူကျွန်ုပ်တို့အား ကယ်တင် တော်မူခဲ့သည်။ ဤကယ်တင်ခြင်းသမ္မာတရားကို လူတိုင်းထံဟော ပြောရန် အချိန်ကျရောက်ပြီဟု ကျွန်တော်ယုံကြည်သည်။ ထိုကြောင့် ကိုယ်တော်သည် အပြစ်များကို ယူဆောင်သွားတော်မူခဲ့သော ဗတ္တိဇံ နှုတ်ကပတ်တော်နှင့် အသွေးတော်နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ ယုံ ကြည်ကြပါစို့။ ဤယုံကြည်ခြင်းအားဖြင့် ယခုတွင် ကျွန်ုပ်တို့အပြစ် များအားလုံးကို ဆေးကြောကြပါစို့။ ကိုယ်တော်ပြန်လည်ကြွလာ တော်မူသောအခါ မိမိလူများအဖြစ် ကိုယ်တော်ကို ကျွန်ုပ်တို့ လက်ခံ ကြပါစို့။
 


ယခုတွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သောဗတ္တိဇံကို သင်ယုံကြည်သလော


သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည် ခြင်းမရှိဘဲ သင်သည် အပြစ်များမှ ဆေးကြောခြင်းမခံနိုင်ပေ။ ဤအ ရာသည် မှန်ကန်သည်မဟုတ်လော။ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် သင်၏အပြစ်များကို ထမ်းတော်မူခဲ့သည်ဟု ယ ခုသင်သိ၍ ယုံကြည်သလော။ သခင်ယေရှုသည် မဿဲ ၃း၁၃-၁၇တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူသော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ယုံကြည်ခြင်းအား ဖြင့် သင်၏အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ သ ခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် သင် သည် အပြစ်များမှ တစ်ကြိမ်တည်းဆေးကောနိုင်သည်။
သင်နှင့်ကျွန်တော်တို့၏ယုံကြည်မှုသည် အေဒီ ၃၂၅ တွင် ဘာ သာရေးလူများ ယုံကြည်သော နိုင်းစင်းယုံကြည်မှုပေါ်တွင် အခြေပြု ထားသည်။ သခင်ယေရှုသည် ကားစင်တင်ခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ်များမှ ကယ်တင်တော်မူ၍ အပြစ်ဒဏ်ကို ခံတော်မူခဲ့ သည်ဟူ နိုင်းစင်းယုံကြည်မှုက ပြောသည်။ ကားတိုင်ပေါ်တွင် သခင် ယေရှု၏ပြစ်ဒဏ်ခံခြင်းသည် ကယ်တင်ခြင်းဖြစ်သည်ဟု သင်၏အ သင်းတော်ခေါင်းဆောင်များ သွန်သ်ငခဲ့ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့၍ ယုံကြည် သူများ၏အပြစ်များကို ဆေးကြောပေးတော်မူခဲ့သည်ဟူသော သမ္မာ တရားကို သူတို့သည် မသွန်သင်နိုင်ကြပေ။ အေဒီ ၃၂၅ တွင် နိုင်းစင်း ယုံကြည်မှုကို လက်ခံသောသူများသည် ဤယုံကြည်မှုမှ သခင်ယေရှု ၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ချန်လှပ်ထား၍ သူတို့သည် သခင်ယေ ရှုကို စိတ်အားထက်သန်စွာ ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်း၍ ကမ္ဘာဘာသာတရားကို ဖန်တီးခြင်းအားဖြင့် သူတို့၏ရည်ရွယ်ချက် များ အောင်မြင်ရန် ကြိုးစားရှာဖွေ့ကြသည်။ သို့သော် သူတို့သည် အပြစ်များ တစ်ကြိမ်တည်ဆေးကြောခြင်း မခံရနိုင်ကြပေ။
ဤသို့ဖြင့် သူတို့သည် ကျမ်းစာ၌ဖော်ပြထားသော သခင်ယေရှု ၏ဗတ္တိဇံကို မယုံကြည်ရန် လူများကို ပိတ်ပင်တားဆီးခြင်းအားဖြင့် သူတို့၏အတ္တကို ပြည့်စုံရန် ရှာဖွေကြ၍ သူတို့အား ကားတိုင်ပေါ်တွင် ကိုယ်တော်၏ပြစ်ဒဏ်ကိုသာ ယုံကြည်စေကြသည်။ သူတို့သည် သင့် အား မသေချာမရီရာသောအခြေအနေ၌ ထားကြသည်။ ထိုနေရာ တွင် သင်သည် ကားတိုင်၏နှုတ်ကပတ်တော်ကိုသာ ယုံကြည်ကြ သော်လည်း အပြစ်များမှ တစ်ကြိမ်တည်ဆေးကြောခြင်းမခံရနိုင်ပေ။
ထိုကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ရေးထားသောဘုရားသခင် ၏နှုတ်ကပတ်တော်သို့ ပြန်လှည့်ရမည့်အရေးကြီးသော လမ်းဆုံး၌ နေရောက်နေကြ၍ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သောဗတ္တိဇံ၏အဓိပ္ပါယ်ကို ဆန်းစစ်ကာ သခင်ယေရှုကို ကယ်တင်ရှင် အဖြစ် တစ်ဖန်ယုံကြည်ရမည် ဖြစ်သည်။ မဿဲ ၃း၁၃-၁၇တွင် သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသော သမ္မာတရားကို မှတ်တမ်းတင်ထား၍ ပြသထားသည်။ သခင်ယေရှုသည် ယောဒန် မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များအားလုံးကို တစ်ကြိမ်တည်းဆေးကြောပေးတော်မူခဲ့ သည်ဟု သခင်ယေရှုပြောကြားချက်ကို ကျွန်ုပ်တို့သိနိုင်ကြသည်။ 
ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းနှင့် ဤလောကအပြစ်များထမ်းတော်မူခြင်းလုပ် ဆောင်ချက်မှာ ကိုယ်တော်၏လူအများရှေ့မှ ပထမဉီးဆုံးမှတ်တမ်း တင်ထားသောအရာအဖြစ် ထင်ရှားခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ထမ်းတော်မူခဲ့ပြီးနောက် သုံးနှစ်တွင် ကိုယ်တော်သည် ကား စင်တင်ခံ၍ အသေခံတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံသည်သင်နှင့်ကျွန်ုပ်တို့၏အပြစ် များကို ယူဆောင်သွားရန်နှင့် ၎င်းတို့ကို တစ်ကြိမ်တည်းဆေးကြော ပေးရန် ဖြစ်သည်ဟု သင်ယခုနားလည်သဘောပေါက်သလော။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို တစ်ဖန်အ သိအမှတ်ပြု၍ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို အမှန်အကန် ထမ်းတော်မူခဲ့သည်ဟု ယုံ ကြည်ရကြမည် ဖြစ်သည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သောည ဗတ္တိဇံနှုတ်ကပတ်တော်မှာ ယခုတွင် သခင်ယေရှု သည် မိမိကိုယ်ပေါ်သို့ အဗလာကအပြစ်များကို တစ်ကြိမ်တည်း လက်ခံတော်မူခဲ့သည်ဟူသော ကယ်တင်ခြင်းသမ္မာတရားကို သင်နှင့် ကျွန်တော်တို့ထံ ဟောပြောနေသည်။
ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို တစ်ကြိမ်တည်း ဆေးကြောပေးတော်မူခဲ့သည်ဟူသောအချက်ကို ကျွန်ုပ်တို့အားလုံး ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤယုံကြည်ခြင်းအား ဖြင့် အပြစ်များမှ ဆေးကြောခြင်းခံရကြမည် ဖြစ်သည်။ သမ္မာကျမ်း စာ ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ဤလောကအပြစ်များအားလုံးသည် ကိုယ်တော်အပေါ်သေို့ လွှဲ ပြောင်းခဲ့ပီးဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်၍ ယုံကြည်ရကြ မည် ဖြစ်သည်။ ယခုတွင် လူသားအားလုံးသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဗတ္တိဇံနှင့်အသွေးတော်၊ ကိုဘ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံ ကြည်၍ ဤယုံကြည်မှုသည် ယခုတွင် ကျွန်ုပ်တို့အပေါ် စစ်မှန်သော ကယ်တင်ခြင်းကို ယူဆောင်ပေးသော သမ္မာတရားဖြစ်သည်ဟု သန့် ရှင်းသောဝိညာဉ်တော်၏သက်သေခံချက်မှ အတည်ပြုကြသည်။ ဤ ယုံကြည်မှုသည် ဤခေတ်တွင် စစ်မှန်သောယုံကြည်မှု ပြန်လည်ပြု ပြင်ခြင်းဖြစ်စေသော သမ္မာတရားဖြစ်သည်ဟုသိ၍ ကျွန်ုပ်တို့သည် ဤအသစ်ပြုပြင်ခြင်း တို့ထိသယ်ဆောင်သူများဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်သင့်ကြသည်။
အေဒီ ၃၂၅ မှစတင်၍ ယခုထိ ခရစ်ယာန်ဘာသာအား သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသော သမ္မာတရားကို ချန်လှပ်သော နိုင်းစင်းယုံကြည်မှုဖြန့်ဝေခြင်းအားဖြင့် လှည့်စားခြင်းခံခဲ့ရသည်။ ကျွန်ုပ်တို့ဝိညာဉ်များသည် ဤပုဂ္ဂိုလ်များ နှင့် စာတန်အားဖြင့် လှည့်စားခြင်းခံရကြသည်။ ယနေ့ခရစ်ယာန်များ သည် လူများတီထွင်ဖန်တီးသော နိုင်းစင်းယုံကြည်မှုကိုးစားသူများ ၏လှည့်စားခြင်းကို ခံရသည်ဟု ဤအချိန်တွင် နားလည်သဘော ပေါက်ရမည် ဖြစ်သည်။ ထိုကြောင့် ဤပစ္စုပ္ပန်ကာလယခုတွင် စစ် မှန်သောယုံကြည်ခြင်းပြုပြင်ပြောင်းလဲမှုဖြစ်ထွန်းရန်အတွက် ကိုယ် တော်၏ဗတ္တိဇံနှင့်နှင့်အသွေးတော်နှုတ်ကပတ်တော်ယုံကြည်ခြင်း သည် မရှိမဖြစ်လိုအပ်သည်။ သခင်ယေရှုဗတ္တိဇံနှင့်အသွေးတော်ကို မယုံကြည်သေးသောသူများအဖို့အတွက် သူတို့သည် အပြစ်များမှ ဆေးကြောခြင်းမခံရဘဲအသက်ရှင်နေကြသည်ဟု ကျွန်တော်ပြော ကြားခြင်း ဖြစ်သည်။
ဤခေတ်တွင် နိုင်းစင်းယုံကြည်မှုကို ယုံကြည်သူများသည် ဗတ္တိ ဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်သမ္မာတရားကို မသိကြသောကြောင့် သူတို့သည် အပြစ်များမှ ဆေးကြောခြင်းမခံရနိုင်ကြပေ။ ဤသို့သောခရစ်ယာန်များသည် သူ တို့ဘာသာရေးခေါင်းဆောင်များလှည့်စားခြင်းကို ခံရကြသော ကြောင့် သူတို့သည် မိမိအချိန်၊ ငွေကြေးနှင့်ဝိညာဉ်များလုယက်ခြင်းခံ ရကြသည်။ ထိုကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ဘာသာရေးအသက် တာများကို ရပ်တန့်၍ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်းအားဖြင့် တစ်ကြိမ်တည်း ကယ်တင်ခြင်းခံရ၍ ကိုယ်တော် ၏ကောင်းကင်နိုင်ငံတော်သို့ရောက်ရန် ကောင်းကင်များအထက်သို့ မြှင့်မားစွာ ပျံသန်းကြပါစို့။ ဤပစ္စုပ္ပန်ခေတ်မှာ လူတစ်ဉီးသည် ယုံ ကြည်မှုအသစ်ပြုပြင်ပြောင်းလဲခြင်းလိုအပ်သည်ဟု ကျွန်ုပ်တို့အား လုံးနားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ဗတ္တိဇံယောဟန်ထံ မှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ယနေ့ခရစ်ယာန်ဘာသာကို ကျွန်ုပ်တို့ပြန်လည် ပြုပြင်ရကြမည်ဟု ကျွန်တော်သင့်အား ပြောကြားရခြင်း ဖြစ်သည်။
မိစ္ဆာဘာသာတရားမှ စစ်မှန်သောပြန်လည်ပြုပြင်ခြင်းမှာ ဤ ပစ္စုပ္ပန်ကာလတွင် ကျွန်ုပ်တို့မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ သ ခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များယူဆောင်သွားတော်မူခဲ့သည်ဟူသော သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ၂၁ ရာတွင် ဤပြန်လည်ပြုပြင်ခြင်း လုပ်ငန်း၌ ပါဝင်ရန် ကျွန်တော်တောင်ဆိုခြင်း ဖြစ်သည်။ ထိုသို့လုပ် ဆောင်ရန် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် နှလုံးသားများ၌ အပြစ် များဖြေလွှတ်ခြင်းခံရ၍ သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရကြမည် ဖြစ်သည်။ ထိုအ ရာသည် အသေခံတော်မူသော သခင်ယေရှုကိုသာ ယုံကြည်သူများ အတွက် ဤခေတ်တွင် စစ်မှန်သောယုံကြည်ခြင်းပြုပြင်ပြောင်းလဲမှ လုပ်ဆောင်သူ ဤပုဂ္ဂိုလ်များအတွက် ဖြစ်သည်။
ယနေ့ တစ်ကမ္ဘာလုံးတွင် ခရစ်ယာန် တစ်ဘီလီယံခန့်ရှ်သည်ဟု ခန့်မှန်းရသည်။ သို့သော် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်နှုတ် ကပတ်တော်ကို သူတို့သည် ယုံကြည်ကြလျှင် သူတို့သည် အပြစ်များ မှ ဆေးကြောခြင်းခံရသည်ဟူသော သမ္မာတရားကို သူတို့သည် မသိ ကြသောကြောင့် ဤခရစ်ယာန်အများစုတို့သည် အပြစ်သားများအ ဖြစ်အသက်ရှင်နေကြသည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များအားလုံးကို ယူဆောင်သွားတော် မူခဲ့သည်ဟူသော သမ္မာတရားကို သူတို့သည် မသိကြသောကြောင့် အပြစ်သားများအဖြစ် အသက်ရှင်နေကြသည်။ ဤတွင် သင်ရှာဖွေ တွေ့ရှိရမည့်အရာမှာ အောက်ပါအတိုင်း ဖြစ်သည်။ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သင်၏အပြစ်များကို ယူဆောင် သွားတော်မမူလျှင် ထိုအပြစ်များသည် ယခုတွင် မည်သည့်နေရာတွင် ရှိလိမ့်မည်နည်း။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည် ခြင်းကြောင့် ကျွန်ုပ်တို့ဝိညာဉ်များတောက်ခြင်းကို ကြည့်ရန် လိုအပ် ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် သခင်ယေရှုအပေါ်သို့ ကျွန်ုပ်တို့အပြစ်များလွှဲ ပြောင်းခြင်းခံရကြသည်။ သခင်ယေရှု၏ဗတ္တိဇံအားဖြင့် ကိုယ်တော့် အပေါ်သို့ ကျွန်ုပ်တို့အပြစ်များ လွှဲပြောင်းခဲ့သည်ဟူသောအရာကို သိ ခြင်းနှင့်ယုံကြည်ခြင်းသည် တစ်ဖန်အသက်ရှူရန် ကျွန်ုပ်တို့နှလုံးသား အတွက် လုံလောက်သည်။ 
ဤအရာသည် နှလုံးရပ်နေသည့်လူနာအား လေဝင်လေထွက်အ တု ပံ့ပိုးပေးကာ သူ၏အသက်ရှူလမ်းကြောင်းကို ပြန်လည်ကောင်း မွန်စေသည့်ပုံစံ ဖြစ်သည်။ သင်နှင့်ကျွန်တော်တို့သည် သခင်ယေရှုကို ကယ်တင်ခြင်းအဖြစ်ယုံကြည်ကြသောအခါ သခင်ယေရှုခရစ် တော်သည် သင်နှင့်ကျွန်တော်တို့၏အပြစ်များကို ထမ်းရန် ဗတ္တိဇံခံ ယူတော်မူခဲ့ခြင်းသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရရန်နှင့် အသစ်သောခွန်အားတွေ့ရန် ကျွန်ုပ်တို့နှလုံးသာအတွက်လုံလောက် သည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ ထိုအရာသည် ရေနှင့်ဝိညာဉ်တော် အားဖြင့် လူသားများအား ဒုတိယမွေးဖွားခြင်းခံရမည်ဟု ကျွန်ုပ်တို့ အား ကိုယ်တော်ဘာကြောင့် မိန့်တော်မူခဲ့သည်ဟု နားလည်သဘော ပေါက်စေသောအကြောင်း ဖြစ်သည်။
 

လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေး ဖွားခြင်းခံရမည်

လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွား ခြင်းခံမှသာလျှင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု ယောဟန် ၃ တွင် ကိုယ်တော်မိန့်တော်မူခဲ့သောအရာကို သတိရကြပါ စို့။ ဤတွင် သခင်ယေရှုပြောကြားတော်မူခဲ့သော “ရေ”မှာ ကိုယ် တော်၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ရည်ညွှန်းသည်။ သခင်ယေရှု သည် အသက် ၃၀ စေ့သောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူ၍ ဤဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ဗတ္တိဇံကို ရည်ညွှန်းခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအာဖးြင့် ဤလောကအပြစ်များအားလုံးမှ ဆေးကြောခြင်းခံနိုင် ကြသည်ကို ဆိုလိုသည်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းခေတ် ကာလတွင် တည်ထောင်တော်မူခဲ့သော “လက်များတင်ခြင်း”ကြောင့် ကိုယ်တော်သည် လက်တင်၍ ဗတ္တိဇံခံယူတော်မူခဲ့သည်။ ဓမ္မဟောင်း ကျမ်းခေတ်ကာလတွင် ယဇ်ပူဇော်သက္ကာနှင့်အညီ ယဇ်ပရောဟိတ် များက ယဇ်ကောင်ပေါ်တွင် လက်များတင်ခြင်းအားဖြင့် အပြစ်သား များသည် သူတို့အပြစ်များကိုလွှဲပြောင်းခဲ့၍ ယဇ်ပရောဟိတ်များ သည် ဘုရားသခင်၏ယဇ်ကောင်၏အသွေးကို ဆက်ကပ်ပူဇော်ရကြ မည် ဖြစ်သည် (ဝတ် ၄း၁-၅)။
ဓမ္မသစ်ကျမ်းခေတ်ကာလတွင် ထိုနည်းတူ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် လူမျိုးနွယ် စုအားလုံးတို့အတွက် အပြစ်ဖြေရာယဇ်ကို မိမိကိုယ်ကိုကိုယ် ပြုလုပ် တော်မူခဲ့သည်။ ဤအပြစ်များကို ယူဆောင်သွားတော်မူသော သခင် ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤလောက အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။ ကိုယ်တော်သည် နိ ကောဒင်အား သူသည် “ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွား ခြင်းခံရမည်”ဟု မိန့်တော်မူခဲ့သေအာခါ ကိုယ်တော်သည်ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံယူတော်မူခဲ့သည်ဟူအချက်ကို ကိုယ်တော်ပြောကြား လိုခြင်း ဖြစ်သည်။ ဤဗတ္တိဇံမှာ သခင်ယေရှုသည် လူသားများ၏အ ပြစ်များ ယူဆောင်သွားသော လုပ်ငန်းဖြစ်သောကြောင့် ယုံကြည်သူ များအား ဒုတိယမွေးဖွားခြင်းဖြစ်စေသော ဘုရားသခင်၏သတင်း ကောင်းဖြစ်သည်ဟု ကိုယ်တော်မိန့်တော်မူသည်။
ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ထမ်းတော်မူခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံ သောယုံကြည်သူများကို ကောင်းကြီးချပေးတော်မူခဲ့သည်ဟု ကိုယ် တော်မိန့်တော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိ ညာဉ်အားဖြင့် ဒုတိယမွေးဖွားခြင်းခံရရန် ကောင်းကြီးမင်္ဂလာချပေး တော်မူခဲ့သည်ဟု ဆိုရာတွင် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့၍ ဆေးကြော ပေးတော်မူခဲ့သည်ကို ဆိုလိုသည်။ သခင်ယေရှုသည် အသက် ၃၃နှစ် တွင် ကားစင်တင်ခံ၍ အသွေးတော်သွန်းလောင်းခြင်းအားဖြင့် ကျွန်ုပ် တို့နေရာ၌ အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူခဲ့ပြီးနောက် အသေ ခံတော်မူခြင်း ဖြစ်သည်။ ဤအရာသည် အပြစ်ဖြေရာယဇ်ပူဇော်ခြင်း ဟုတ်ခေါ်သည်။ ယခုမှစ၍ သင်နှင့်ကျွန်တော်တို့သည် ဗတ္တိဇံခံယူ တော်မူခြင်း၊ ထိုအပြစ်များကို ထမ်း၍အသေခံတော်မူခြင်း၊ ကားတိုင် ပေါ်တွင် အသေခံတော်မူခြင်း၊ နှင့် သေခြင်းမှရှင်ပြန်ထမြောက်တော် မူခြင်းအားဖြင့် ဤလောအပြစ်များကို ထမ်းတော်မူခဲ့သောကိုယ် တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ရှိရကြမည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များ အတွက် အပြစ်ဖြေရာယဇ်ပူဇော်သက္ကာပြုပေးတော်မူခဲ့သော ကိုယ် တော်သည် ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ယခုတွင် သင်သည်သိ ၍ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်း ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုအတွက် ဝမ်းနည်း မှုမခံစားတော့ဘဲ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးကို ကယ်တင်ခြင်း အဖြစ် ယုံကြည်သင့်ကြသည်။ 
သင်သည် ယနေ့အထိ သခင်ယေရှု၏ကားတိုင်ကို မှီခို၍ ယုံ ကြည်ခဲ့လျှင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့်  ဤလောကအပြ်စများအားလုံးကို ထမ်းတော် မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစများမှ ကယ်တင်တော်မူခဲ့သည်ဟူ သောအခါကို ယခုသင်ယုံကြည်ရမည် ဖြစ်သည်။ သင်သည် သခင် ယေရှု၏ဗတ္တိဇံသမ္မာတရားကို မသိခဲ့သောကြောင့် သင်သည် မိမိဘဝ ၌ ဘုရားသခင်၏မေတ္တာတော်ကို အမြဲတမ်းဆာလောင်မှုမရှိနိုင်ခြင်း ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် သင်၏အပြစ်များအားလုံးကို တစ်ကြိမ်တည်းထမ်းတော်မူခဲ့သည် ဟု ယခု သင်ယုံကြည်၍ ဤယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းရရှိရန် သင်၏ဝိညာဉ်အတွက် ယုံကြည်ခြင်းပြုပြင်ပြောင်း လဲမှု စတင်လာခဲ့သည်။ 
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု သင် နှင့်ကျွန်တော်တို့သည် ပို၍စောလျှင်စွာ သိခဲ့လျှင် ကျွန်ုပ်တို့သည် အ ပြစ်များစွာတို့၏ ဖိဆီးမျုကို ခံရတော့မည်မဟုတ်ပေ။ သင်၏နှလုံး သားများ၌ အပြစ်များအားလုံးသည် ပျောက်ကွယ်ခဲ့သည်ဟု အစက တည်းက သင်သိ၍ သခင်ယေရှု၏ဗတ္တိဇံကို ကျေးဇူးတင်လျှင် သင် သည် ကိုယ်ကို ယုံကြည်ခြင်းအားဖြင့် ထာဝရအပြစ်ဖြေလွှတ်ခြင်း ခံ စားရ၍ သင်သည် ဝမ်းမြောက်စွာ အသက်ရှင်လိမ့်မည်။
ယခုချိန်ထိ သင်သည် ယုံကြည်ခြင်းအသက်တာ၌ သခင်ယေရှု ၏ကားတိုင်တော်ကို ယုံကြည်ခြင်းအားဖြင့် ခရစ်ယာန်တစ်ပါးဖြစ်ခဲ့ရ သည်။ တစ်နည်းအားဖြင့်၊ အေဒီ ၃၂၅တွင် နိုင်းစင်းယုံကြည်မှု စတင် ဖြန့်ဝေခဲ့သောယုံကြည်မှုမှာ ခရစ်ယာန်တစ်ဉီးအဖြစ် သခင်ယေရှု၏ ကားတိုင်ကိုသာ ယုံကြည်သော ယုံကြည်ခြင်းအချက်အလက် ဖြစ် သည်။ သင်နှင့်ကျွန်တော်တို့သည် ဤချိန်အားလုံးတွင် ဘာသာရေး အသက်တာဖြင့်အသက်ရှင်၍ ကားတိုင်တစ်ပါးတည်းသာ ယုံကြည် သော ဘာသာတရား၏ကျော့ကွင်း၌ မိခဲ့ကြသည်ဟု ပြောရမည်ဖြစ် သည်။ လောကအပြစ်များကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူ ခဲ့သော ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောက အ ပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟူသောအချက်ကို သင် နှင့် ကျွန်တော်တို့သည် သိနိုင်ခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်များမှ ဒုတိယ မွေးဖွားခြင်းခံစေသော ယုံကြည်ခြင်း ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ သို့ သော် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့မသိကြသောကြောင့် ကျွန်ုပ်တို့ သည် အပြစ်များအတွက် တစ်ချိန်လုံး ဆင်းရဲဒုက္ခခံရကြခြင်း ဖြစ် သည်။ နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့ကို လှည့်စားသောဘာသာတ ရားမှာ လူသားများပြုလုပ်ခြင်း ဖြစ်သည်။
လူသားများသည် အပြစ်များမှ မိမိနှလုံးသားများဆေးကြောရန် အတွက် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဤအပြစ်များမှ ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင် ယေရှု၏ဗတ္တိဇံအကြောင်းကို နားလည်သဘောပေါက်လျှင် ကျွန်ုပ်တို့ သည် ဤလောက၏ဘာသာတရားသို့ ဆက်ကပ်ရန် ဆန္ဒမရှိကြလိမ့် မဟုတ်ပေ။ သင်၏ဝိညာဉ်ကို အစကတည်းက လှည့်စားရန် ဤလော ကသို့ နိုင်းစင်းယုံကြည်မှုကို ယူဆောင်သွားခဲ့ကြ၍ သင့်အား လောက ဘာသာတရားကျင့်ဆောင်သူများဖြစ်စေကြသောကြောင့် သူတို့သည် မိမိတောင့်တမှုကို ကျေနပ်စေရန် သင့်ကို လှည့်စားဖျက်စီးခြင်းဖြစ် သည်ဟု သင်နားလည်သဘောပေါက်သင့်သည်။ အချိန်မနှောင်းမီ သင်နှင့်ကျွန်တော်တို့သည် ယခုတွင် ဤအရာကို နားလည်သဘော ပေါက်ရမည် ဖြစ်သည်။ ဤလောကဘာသာတရား၏လှည့်စားခြင်း ခံရသူသင်နှင့် ကျွန်တော်တို့သည် ဒုက္ခဆင်းရဲများစွာခံစား၍ အချိန်၊ ငွေနှင့် ဘဝများစွာ ဖြုန်းတီးကြသူများဖြစ်ကြသည်။ ယနေ့ သခင်ယေ ရဗုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သောခရစ်ယာန်များသည် လော ကဘာသာတရးအသက်တာဖြင့် အသက်ရှင်ကြသောကြောင့် သူတို့ အပြစ်များမှ ဒုတိယမွေးဖွားခြင်းမခံရနိုင်ကြပေ။
ကျွန်ုပ်တို့သည် ဤသို့ဖြင့် ဘာသာရေးအသက်တာ၌ ကျော့မိ ခြင်းအားဖြင့် အသက်ရှင်ခဲ့ခြင်းမှာ ကျွန်ုပ်တို့သည် လှည့်စားသူများ၏ လှည့်စားခြင်းကို ခံရကြသည်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု သောအချက်ကို လျစ် လျူရှုသည်ကိုလည်းကောင်း ပြသသောသက်သေအထောက်အထား ဖြစ်သည်။ ဤလောက၏ဘာသာတရားလှည့်စားခြင်းခံရသောသူ များသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသော် လည်း အပြစ်ရှိသောနှလံးသားဖြင့် သူတို့သည် အပြစ်သားများအဖြစ် အသက်ရှင်နေကြသည်။
ဤတွင် ကျွန်ုပ်တို့ ရှင်းလင်းစွား နားလည်သဘောပေါက်၍ ယုံ ကြည်ရမည့်အချက်မှာ ဤအရာ ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်သားများ အတွက် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ယခု တွင် အပြစ်များအားလုံးမှ တစ်ကြိမ်တည်းဆေးကြောခြင်းခံရနိုင်ကြ သည်။ တစ်ဖက်တွင် လူတ်စီးသည် သခင်ယေရှု၏အသေခံတော်မူ ခြင်းကိုသာ ကယ်တင်ခြင်းအဖြစ် ယုံကြည်လျှင် ဤပုဂ္ဂိုလ်များသည် အခြားရွေးချယ်စရာမရှိဘဲ သူတို့သည် အပြစ်သားများအဖြစ် မိမိ ကိုယ်ကိုကိုယ်မှည့်ခေါ်ရမည်သာ ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် သ ခင်ယေရှု၏ဗတ္တိဇံကို မသိကြသောကြောင့် သူတို့သည် အခြားရွေး ချယ်စရာမရှိဘဲ အပြစ်သားများဖြစ်ကြသည်ဟု ကျွန်ုပ်တို့နားလည် သဘောပေါက်သင့်ကြသည်။
ရှောလမုန်သီချင်း ၈း၆တွင် “အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏”ဟု ရေးထားခဲ့သည်။ သခင်ယေရှု သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များ ထမ်းတော်မူ၍ လူသားများကျွန်ုပ်တို့ထံ ကိုယ်တော်၏ ကျေးဇူးတော်ကို ချပေးတော်မူခဲ့သည်။ ကိုယ်တော်၏ဗတ္တိဇံသည် ကျွန်ုပ်တို့အား ကိုယ်တော်သည် မည်မျှချစ်တော်မူသည်ကို ပြသ သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ထမ်းတော်မူရန်အ တွက် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောက၏အပြစ်များကို ထမ်းတော်မူ၍ ကားစင်တင်ခံကာ ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာအသေခံတော်မူ၍ သေ ခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ထိုသို့ဖြင့် ကိုယ်တော်သည် ဤအချက်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဖြောင့်မတ်သော သူများ ဖြစ်စေတော်မူသည်။ သခင်ယေရှုသည် ဤသို့ဖြင့် ကျွန်ုပ်တို့ အား အလွန်ချစ်တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဖြောင့်မတ် ခြင်းအလုပ်ကို လုပ်ဆောင်တော်မူခဲ့၍ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ်တည်းထမ်း တော်မူခဲ့သည်။
သခင်ယေရှုသည် ခမည်းတော်ဘုရားသခင်၏အလိုတော်ကို နာ ခံ၍ မိမိကိုယ်ကိုကိုယ် ဆက်ကပ်တော်မူခဲ့သောကြောင့် ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ၍ ကားစင်တင်ခံကာ အသွေးတော်သွန်းလောင်းလျက် အသေခံတော်မူခဲ့သည်။ သခင်ယေ ရှုသည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို နာခံတော်မူခဲ့သည်။ ကိုယ်တော်သည် ခမည်းတော်၏ အလိုတော်ကို နာခံတော်မူသောကြောင့် ကိုယ်တော်သည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်။ ကိုယ်တော်သည် ကားစင် တင်အသေခံတော်မူခြင်းအားဖြင့် လူသားများအား အပြစ်များမှ ကယ် တင်တော်မူခဲ့သော ကယ်တင်ရှင် ဖြစ်တော်မူသည်။ သခင်ယေရှုခရစ် တော်သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် အပြစ်များအား အပြစ်ဒုစ ရိုက်များမှ ကယ်တင်တော်မူရန် ကယ်တင်ခြင်းအမှုကို လုပ်ဆောင် တော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဤလောကအပြစ်များအားလုံး မှ ကယတင်ခြင်းခံရရန် ကိုယ်တော်၏ကျေးဇူးတော်ပေါ်တွင် ယုံ ကြည်ခြင်းချထားနိုင်ကြသည်။ ကျွန်ုပ်တို့သိကြသည့်အတိုင်း သခင် ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော်မမူခဲ့လျှင် ကယ်တင် ခြင်းအမှုကို ယူဆောင်လာနိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကျွန်ုပ် တို့အားလုံးသည် အပြစ်များအတွက် အပ္ပါယ်ငရဲ၌ ပစ်ချခြင်းခံရ၍ တ ရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။
ကိုယ်တော်သည် ဤလောက၌အသက်ရှင်တော်မူစဉ် ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များအားလုံးကို ထမ်းတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းနှင့် နှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော်ပိုင်ဆိုင်ရန် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံစားရနိုင်ကြမည် မဟုတ်ပေ။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် လူသားများ ၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းကျေးဇူးကို ခံ စားရရှိနိုင်ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အတွက် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အ တွက် ကားစင်တင်အသေခံတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့်ကားစင်တင်ခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ ဆေးကြောခြင်းခံရ၍ ကယ်တင်ခြင်းကျေးဇူးကို ခံရနိုင်ကြသောသောကြောင့် သခင်ယေရှု ၏ဤဖြောင့်မတ်ခြင်းလုပ်ငန်းအပေါ် ကျေးဇူးတင်ကြခြင်း ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား များ၏အပြစ်များကို ထမ်းတော်မူခဲ့ပြီးနောက် ကားတိုင်ပေါ်တွင် အ သေခံတော်မူခဲ့သောအခါ “အမှုပြီးပြီ”ဟု မိန့်တော်မူခဲ့သည်ဟု ကျွန်ုပ် တို့ ယုံကြည်ရကြမည် ဖြစ်သည်။
 


သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းခဲ့သည်


သမ္မာကျမ်းစာဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းနှစ်ပါး၌ဖော်ပြ ထားသည့်အတိုင်း ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များ ဆေးကြောခြင်းခံရကြသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြု၍ ကိုယ်ပိုင် ဖန်တီးသောဘာသာတရားကို ယုံကြည်သူများကဲ့သို့ ဖြစ်ရကြလိမ့် မည်။ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံသမ္မာတရားကို မဿဲ ၃း ၁၃-၁၇တွင် ရှင်းလင်းစွာ တွေ့ရသည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူ ခဲ့၍ ကျွန်ုပ်တို့အပြစ်များကို မိမိကိုယ်ပေါ်သို့ လွှဲပြောင်းတော်မူခဲ့သည် ဟု ဤကျမ်းချက်တွင် ဖော်ပြထားသည်။ ယနေ့ခရစ်ယာန်များသည် ဤအချက်ကို လျစ်လျူရှု၍ နိုင်းစင်းယုံကြည်မှု၌ဖော်ပြထားသော အ သေခံတော်မူခဲ့သောသခင်ယေရှုကို နှလုံးသားဖြင့် ကယ်တင်ရှင်အ ဖြစ်ယုံကြည်ကြသောကြောင့် သူတို့သည် ဘုရားရှေ့တော်၌ ဘာသာ တရားကျင့်ဆောင်သူများသားဖြစ်လာခဲ့ကြသည်။ နိုင်းစင်းယုံကြည်မှု ဖန်တီးသူများသည် ခရစ်ယာန်ဘာသာအား ကမ္ဘာဘာသာတရားတစ် ခုအဖြစ်သို့ ပြောင်းလဲစေခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤလောက အပြစ်များကို ယူဆောင်သွားတော်မူသော ကိုယ်တော်၏ကျေးဇူး တော်ကို ဟောပြောသော ကနဉီးအသင်းတော်၏ယုံကြည်မှု နှုတ်က ပတ်တော်ကို ပြန်လည်ရှာဖွေရန် လိုအပ်ကြသည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ မိမိကိုယ်ပေါ်သို့ ထမ်းရန် အတွက် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ဤနှုတ်ကပတ် တော်အားဖြင့် ဤအချက်ကို ပြောကြားတော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ပြောကြားတော်မူသောအရာကို နားထောင်၍ ယုံကြည် သင့်ကြသည်။ ဓမ္မဟောင်းကျမ်းခေတ်ကာလတွင် ယဇ်ကောင်များမှာ အနာအဆာကင်းမဲ့သောသိုး၊ ဆိတ် သို့မဟုတ် နွားဖြစ်၍ ယဇ်ပရော ဟိတ်များ သို့မဟုတ် အပြစ်သားများ၏လက်များတင်ခြင်းအားဖြင့် အပြစ်များကို လက်ခံကြကာ အပြစ်ဖြေရာယဇ်ကောင်အဖြစ် ယဇ်ပူ ဇော်ခြင်းခံရသည်။ ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းခေတ်ကာလ၌ လက်များတင်ခြင်းကဲ့သို့ တူညီသော ဗတ္တိဇံယောဟန်ထံမှ သခင်ယေ ရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ ၏ ထာဝရအပြစ်ဖြေရာယဇ်ဖြစ်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည် ကြသည်။
ဓမ္မဟောင်းကျမ်းတွင် အပြစ်သားတစ်ဉီးသည် ယဇ်ကောင်၏ ဉီး ခေါင်းပေါ်သို့ လက်များတင်ခြင်းအားဖြင့် ယဇ်ကောင်ပေါ်သို့ မိမိအ ပြစ်များ လွှဲပြောင်းရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိကိုယ်ပေါ်သို့ တစ်လော ကလုံးတွင်ရှိသော လူသားအားလုံး၏အပြစ်များကို ထမ်းတော်မူခဲ့ သည်။ ထိုကြောင့် ကိုယ်တော်သည် ကားတိုင်သို့ သွားတော်မူရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤခေတ်ကာလတွင် အသက်ရှင်ကြသည့် အတိုင်း ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အမှန်အ ကန် ယုံကြည်လိုကြလျှင် ကွှန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံကို ယုံ ကြည်ခြင်းအားဖြင့် ကိုယ်တော်အပေါ်သို့ မိမိအပြစ်များရှေးဉီးစွာ လွှဲ ပြောင်းရန် လိုအပ်သည်။ သို့သော် ယနေ့ခရစ်ယာန်များသည် ကယ် တင်ခြင်းဖွဲ့စည်းမှုအတွက် နိုင်းစင်းယုံကြည်မှု၌ ဖော်ပြထားသော ကားတိုင်ကိုသာ ယုံကြည်ကြသောကြောင့် သူတို့သည် မိမိအပြစ်များ ကို သခင်ယေရှုထံတော်သို့ မလွှဲပြောင်းခဲ့ကြပေ။
သင်သည် အဘယ်သို့နည်း။ သင်သည် မိမိအပြစ်များကို သခင် ယေရှုထံတော်သို့ လွှဲပြောင်းခဲ့ပြီလော။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် သင်သည် မိမိအပြစ်များကို လွှဲပြောင်းခဲ့သောအချိန်ရှိခဲ့ သလော။ သင်သည် အသေခံတော်မူခဲ့သောသခင်ယေရှုအပေါ် သင် ၏အပြစ်များကို လွှဲပြောင်းရန်ကြိုးစားလျှင် ဤအရာသည် ဖြစ်နိုင် မည်လော။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်အားဖြင့်နှင့် ကိုယ်တော်၏ဗတ္တိဇံအားဖြင့် သ ခင်ယေရှုပေါ်သို့ ဤလောကအပြစ်များလွှဲပြောင်းခဲ့သည်ဟု သိ၍ ယုံ ကြည်ခြင်းအားဖြင့်သာလျှင် အပြစ်များဖြေလွှတ်ခြင်းခံရနိုင်သည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ဤလောကအပြစ်များကို လက်ခံတော်မူခဲ့သည်ဟု သင် သည် နှုတ်ကပတ်တော်ကို ကြွေးကြော်လျှင် ယခုတွင် သင်၏နှလုံး သားသည် ယုံကြည်သလောဟု ဆန်းစစ်ရန်လိုအပ်သည်။ ကျွန်ုပ်တို့ အားလုံးသည်လည်း ယနေ့လူသားများသည် သခင်ယေရှုကို ယုံကြည် ကြသောအခါ သူတို့အများစုသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှု ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို မယုံကြည်ကြသည် ကို မကြာခဏတွေ့ရသည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သောအခါ ကိုယ် တော့်အပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးကို လွှဲပြောင်းပေးခဲ့သည် ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။  သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် ကျွန်ုပ်တို့အပြစ်များလက်ခံတော်မူခဲ့သည်ဟူ သမ္မာတရား ကို မသိဘဲ သခင်ယေရှုကို ယံဒကြည်လျှင် ကျွန်ုပ်တို့သည် ကယ်တင် ခြင်းသည် မည်သို့ပြည့်စုံနိုင်သည်ကို ကျွန်ုပ်တို့ စဉ်းစားရန် လိုအပ်ကြ သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းနားလည်သ ဘောပေါက်မှုကို အခြားမည်သည့်နှုတ်ကပတ်တော်၌ ရှာဖွေတွေ့ရှိ နိုင်မည်နည်း။
သမ္မာကျမ်းစာတွင် ကယ်တင်ခြင်းသမ္မာတရားကို မဿဲ ၃း၁၃-၁၇တွင် ရှင်းလင်းစွာ ဖော်ပြထာသည်။ ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ အပြစ်များဆေးကြောပေးသော သမ္မာတရားဖြစ်သည်။ သို့သော် ဤသမ္မာတရားသည် နှုတ်ကပတ် တော်မှ ပယ်ဖျက်ခြင်းခံရ၍ နိုင်းစင်းယုံကြည်မှုကြောင့် အေဒီ ၃၂၅မှ ၂၀၂၂ အထိ ခရစ်ယာန်အားလုံးမှ လုံးလုံးလျားလျား ဖုံးကွယ်ထားခြင်း ခံရသည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည် ဟူသောသမ္မာတရားကို မသိဘဲ သခင်ယေရှုအား ကယ်တင်ရှင်အ ဖြစ် ခရစ်ယာန်များသည် နှစ်ပေါင်း ၁၇၀၀၀ ကျော် ယုံကြည်ခဲ့ကြ သောကြောင့် သူတို့သည် အပြစ်သားများအဖြစ် ယနေ့အထိအသက် ရှင်နေကြခြင်း ဖြစ်သည်။
ဤပုဂ္ဂိုလ်များသည် သူတို့ဆရာများပြောသော “သင်သည် ခရစ် ယာန်အပြစ်သားဖြစ်သည်”ဟု လှည့်စားခြင်းခံကြ၍ မုသာပြောသူ များအဖြစ် အသက်ရှင်နေကြသည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့ဝိညာဉ်များအပြစ်များအားလုံး ဆေးကြော ခြင်းခံရကြသည်။ ဤချိန်အထိ များစွာသောခရစ်ယာန်များသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကိုယ်တော်အပေါ်သို့ အပြစ်များ လွှဲပြောင်းခြင်းမပြုနိုင်ကြပေ။ ဘာ ကြောင့် ဤသို့ ဖြစ်ရသနည်း။ အကြောင်းမှာ နိုင်းစင်းယုံကြည်မှုတွင် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံအမှုကို ပယ်ဖျက်ခဲ့သောကြောင့် ဖြစ်သည်။ ဆိုးကျိုးမှာ သူတို့သည် သခင် ယေရှုအပေါ်သို့ အပြစ်များလွှဲပြောင်းခဲ့သည်ဟု မိမိကိုယ်ကိုကိုယ် နား လည်သဘောပေါက်ရန် နည်းလမ်းမရှိပေ။
ယနေ့ခရစ်ယာန်များသည် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည် ခြင်းအားဖြင့် ကိုယ်တော့်အပေါ်သို့ သူတို့အပြစ်များအားလုံးလွှဲ ပြောင်းပေးခဲ့သည်ဟု မယုံကြည်ကြသောကြောင့် သူတို့သည် အခြား ရွေးချယ်စရာမရှိဘဲ အပြစ်သားများအဖြစ် အမြဲတမ်းအသက်ရှင်ရကြ မည် ဖြစ်သည်။ သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် တစ် ချိန်လုံးယုံကြည်ခဲ့ကြသော်လည်း သခင်ယေရှုသည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကို ချန်လှပ်ထား၍ ကားတိုင်ပေါ်တွင် သခင်ယေရှုသွန်းလောင်းတော်မူခဲ့သော အသွေးတော်ကိုသာ သိကြ သောကြောင့် သူတို့၏နှလုံးသားများ၌ အပြစ်များရှိနေသေးသည်။
ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှခံယူတော်မူ ခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များအားလုံးကို ကိုယ်တော့် အပေါ်သို့ လွှဲပြောင်းခဲ့ဟု သင်သိ၍ ယုံကြည်ရမည် ဖြစ်သည်။ ယနေ့ ခရစ်ယာန်အများစုတို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံအပေါ် ကျေးဇူးမတင်၊ အပြစ်များကို လွှဲပြောင်း ခဲ့သည်ဟု နားမလည်ကြသောကြောင့် သူတို့သည် အပြစ်သားများအ ဖြစ် အသက်ရှင်နေကြသည်ကို မသိကြပေ။ သူတို့သည် ယခုတွင် အပြစ်များ ဆေးကြောခြင်းခံရနိုင်သည်ဟု သူတို့မသိကြပေ။ ဆိုးကျိုး မှာ သူတို့သည် အခြားရွေးချယ်စရာမရှိ ဤလောကတွင် အပြစ်သား များနှင့် အပြစ်ရှိသောသူများအဖြစ် အသက်ရှိနေကြခြင်း ဖြစ်သည်။
ယနေ့မရေတွက်နိုင်သောပုဂ္ဂိုလ်များက သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအ ပြစ်များကို ထမ်းတော်မူခဲ့သည်ဟူသောအချက်ကို မသိကြပေ။ အ ချိန်မနှောင်းမီ သင်သည် ဤသမ္မာတရားကို နားလည်သဘောပေါက် ၍ ကိုယ်တော်၏ဗတ်တိဇံကို ယုံကြည်ခြင်းအားဖြင့် သင်၏အပြစ်များ ကို သခင်ယေရှုအပေါ်သို့ လွှဲပြောင်းနိုင်ပါစေဟူသောမြော်လင့်ချက် ဖြင့် ကယ်တင်ခြင်းနှုတ်ကပတ်တော်ကို ကျွန်တော်ဟောပြောနေ သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များအားလုံးကို ထမ်းတော်မူခဲ့သည်ဟု သူတို့သည် နားလည်သဘောပေါက်၍ သူတို့အပြစ်များအားလုံးတစ် ကြိမ်တည်း ဆေးကြောခြင်းခံရသည်ဟု နားလည်သဘောပေါက်ရန် ကျွန်တော်မြော်လင့်၍ ဆုတောင်းသည်။
သို့သော် များစွာသောပုဂ္ဂိုလ်များသည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံကို မသိဘဲ သခင်ယေရှုကို ယုံ ကြည်ကြသောကြောင့် သူတို့သည် ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ် တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များ ဆေးကြောပေးနိုင်သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များ ဆေး ကြောခြင်း မပြုနိုင်ကြပေ။ သူတို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ် တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် သခင်ယေရှုအပေါ်သို့ သူတို့ အပြစ်များအားလုံးကို မလွှဲပြောင်းခဲ့သည်ဟု နားမလည်ကြသော ကြောင့် သူတို့သည် ယခုထိ အပြစ်သားများအဖြစ် အသက်ရှင်နေကြ သည်။  ဘုရားသခင်သည် ကိုယ်တော်ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံ ကြည်သူများအားဖြင့် အပြစ်များဖြေလွှတ်ခြင်းနှင့် သန့်ရှင်းသောဝိ ညာဉ်တော်ဆုကျေးဇူးပေးအပ်တော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော်ကို မတွေ့နိုင်ကြပေ။ သူတို့သည် အပြစ်များဖြေလွှတ်ခြင်း ဆိုင်ရာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းမရှိကြ သောကြောင့် သူတို့သည် အပြစ်သားများအဖြစ် အသက်ရှင်နေကြ သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့သည် နိုင်းစင်းယုံကြည်မှု တွင်ဖော်ပြြထားသော အသေခံတော်မူသောသခင်ယေရှုကို ကယ် တင်ရှင်အဖြစ်သာ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဗတ္တိဇံယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်က ပတ်တော်ကို မသိကြသောကြောင့် သူတို့သည် ယနေ့အထိအပြစ် များဖြင့် လုံးပန်း၍ အသက်ရှင်နေကြခြင်း ဖြစ်သည်။ သူတို့သည် ဤ ယုံကြည်မှုဖြင့် ခေါင်းမာစွာ အသက်ရှင်နေကြလျှင် သူတို့သည် ကိုယ် တော်ဤလောကသို့ ပြန်လည်ကြွလာတော်မူသည့်အထိ အပြစ်များမှ ကယ်တင်ပေးသောယုံကြည်မှုမပါဘဲ အသက်ရှင်ကြလိမ့်မည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းလက်ခံတော်မူ၍ သင်နှင့်ကျွန်တော်တို့၏အပြစ်များကို တစ်ကြိမ်တည်း ထမ်းကာ ဆေးကြောပေးတော်မူခဲ့သည်ဟု သင်နှင့်ကျွန်တော်တို့သည် နား လည်သဘောပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။ ထိုနောက် သင် သည် အပြစ်များအားလုံးမှ ယခု ဆေးကြောခြင်းခံရသော ယုံကြည်မှု အားဖြင့် ပျော်ရွှင်ခြင်းခံလိမ့်မည်။ ယနေ့အထိ အသေခံတော်မူသော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်သူများသည် ယခုမှစ၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များယူဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည် ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရသော ယုံကြည် သူများ ဖြစ်လာကြလိမ့်မည်။
သင်သည် အသေခံတော်မူသောသခင်ယေရှုသည် သင်၏အပြစ် များအားလုံးမှ သင့်ကို တစ်ကြိမ်တည်းကယ်တင်တော်မူခဲ့သည်ဟု ယုံကြည်နိုင်သော်လည်း ၎င်းသည် သမ္မာကျမ်းစာပြောကြာသောအ ရာမဟုတ်ပေ။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထမ်း၍ ဆေး ကြောပေးတော်မူခဲ့သည်ဟု သမ္မာကျမ်းစာ ဖော်ပြထားသည်။ ထို ကြောင့် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ ကို နားမလည်သောသူများသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသော်လည်း သူတို့နှလုံးသားများ၌ ယခုနှင့်အမြဲတမ်းအ ပြစ်ရှိနေကြသည်။ ဤသို့သောပုဂ္ဂိုလ်များသည် အပြစ်မှောင်မိုက်၌ သူတို့ဝိညာဉ်များ ကျော့မိခြင်းခံရ၍ အသက်ရှင်နေကြသည်။
ဤသို့ဖြင့် သူတို့သည် အသေခံတော်မူသော သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသော်လည်း သူတို့သည် နှလုံးသား များ၌ အပြစ်များရှိသေးသည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့ သည် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် သူ တို့အပြစ်များ ဖြေရှင်းခြင်းမပြုခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုအ ကြောင်းကြောင့် ဤယုံကြည်မှု၏အသီးအဖြစ် သူတို့အပြစ်များသည် သူတို့နှလုံးသားများ၌ ကျန်ရစ်နေသေးသည်။ သခင်ယေရှုသည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ် များကို ယူဆောင်သွားတော်မူခဲ့သည်ဟု သူတို့သည် မသိကြသော ကြောင့် သူတို့သည် သခင်ယေရှုကို သူတို့၏နှလုံးသားများဖြင့် မယုံ ကြည်နိုင်ကြခြင်း ဖြစ်သည်။ အသေခံတော်မူသောသခင်ယေရှုကို ယ ခုယုံကြည်သူများသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည် ကြသော်လည်း သူတို့နှလုံးသားအပြစ်များဖြင့် အသက်ရှင်နေကြ သည်။ အကြောင်းမှာ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များထမ်းတော်မူခဲ့သည်ဟူသောအချက်ကို သူ တို့သည် မသိကြသောကြောင့်  ဖြစ်သည်။
သခင်ယေရှုသည် ဂေါလဂေါသ၌ အသေခံရန် ကားတိုင်ကို ထမ်း တော်မမူမီ ကိုယ်တော်သည် ယောဒန်မြစ်၌ ဗတ္တိဇံယောဟန်ထံမှ ခံ ယူတော်မူခဲ့သော ဗတ္တိဇံအမှုအားဖြင့် ဤလောကအပြစ်များကို ထမ်း တော်မူခဲ့သည်ဟူသော သမ္မာတရားကို သခင်ယေရှုသည် ကျွန်ုပ်တို့ အား ပြောကြားတော်မူသည်။ သခင်ယေရှုသည် ဂေါလဂေါသတောင် ပေါ်သို့ သွားသောလမ်းတွင် ကိုယ်တော်နောက်သို့လိုက်၍ ငိုကြွေးနေ သော ယေရုရှလင်မိန်းမများထံ “ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိ တို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့”ဟု မိန့်တော်မူခဲ့ သည်။  ကိုယ်တော်သည် ဤလောကတွင်ရှိသောလူသားများ၏အ ပြစ်များကို ဖယ်ရှားပေးခဲ့သော ကယ်တင်ခြင်းအမှုကို ထမ်းနိုင်ရန်အ တွက် အသက် ၃၀ တွင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် အလောကအပြစ်များကို ထမ်းတော်မူခဲ့ သည်။ ကိုယ်တော်သည် ဤလောကအပြစ်များကို ထမ်း၍ ကားစင် တင်ခံကာ အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကယ်တင် ရှင်သခင်အဖြစ် လူသားများ၏အပြစ်များအားလုံးအတွက် တရားစီ ရင်ခြင်းအားလုံးကို ထမ်းတော်မူခဲ့သည်။ 
ယေရုရှလင်မိန့်မများထံ “ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိ တို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့”ဟု ကိုယ်တော်မိန့်တော်မူ သောအရာကို သင်ယခု နားလည်သဘောပေါက်သလော။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၏အပြစ်များအားလုံးကို ဆေး ကြောပေးတော်မူခဲ့သည်ဟူသော အပြစ်များဆေးကြောခြင်းသမ္မာတ ရားကို ကျွန်ုပ်တို့အားလုံး ယုံကြည်ရကြမည်ဟု ကိုယ်တော်မိန့်တော် မူခြင်း ဖြစ်သည်။ သခင်ယေရှုသည် လူ့ဇာတိကို ခံယူတော်မူရန်အ တွက် မာရိ၏ဗိုက်ဖြင့် ဤလောကသို့ ဖွားမြင်ခြင်းခံတော်မူခဲ့သည်။ သခင်ယေရှုသည် ဤလောကတွင် အသက်ရှင်နေကြသောအပြစ် သားများအားလုံးကို အပြစ်များအားလုံးမှ ကယ်တင်တော်မူရန်အ တွက်  အသက် ၃၀ တွင် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုအားဖြင့် ဤလောကအပြစ်များကို တစ်ကြိမ်တည်းထမ်း တော်မူခဲ့သည်။ ဤအကြောင်းကြောင့် ကိုယ်တော်သည် အသေခံရ မည့်နေရာသို့ ကားစင်တင်ခံတော်မူရန် မိမိကိုယ်ကိုကိုယ် ခွင့်ပြု တော်မူခြင်း ဖြစ်သည်။
ထိုကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် အသေခံတော်မူသောသ ခင်ယေရှုအတွက် မငိုကြွေးသင့်တော့ပေ။ သို့သော် ယခုတွင် ကျွန်ုပ် တို့နှလုံးသားများ၌ အပြစ်များဆေးကြောခြင်းမရှိသည့်အတွက် ငို ကြွေးရမည်  ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင် ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း အားဖြင့် အပြစ်များဆေးကြောခြင်းခံရကြမည် ဖြစ်သည်။ သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤ လောကအပြစ်များကို ထမ်းတော်မူခြင်းအားဖြင့် ကိုယ်တော်သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် လုံးကို ပြည့်စုံစေတော်မူခဲ့သော ကြောင့် ယခုတွင် ကျွန်ုပ်တို့၏နှလုံးသားများအပြစ်များအားလုံးသည် ဆေးကြောခြင်းခံရကြသည်ဟု ကျွန်ုပ်တို့ သိ၍ ယုံကြည်ကာ ကျေးဇူး တင်ရကြမည် ဖြစ်သည်။
သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူစဉ် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုအားဖြင့် ကိုယ်တော် သည် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူ၍ ဆေး ကြောပေးတော်မူခဲ့သည်။ ကိုယ်တော်က ကျွန်ုပ်တို့အား “ငါသည် လူ သားများအား လောကအပြစ်များ ကယ်တင်တော်မူရန် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူခဲ့တယ်ဟု သင်၏နှလုံးသား၌ လက်ခံပါ”ဟု မိန့် တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား “ငါသည် ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံကို နှလုံးသားဖြင့် ယုံကြည် ၍ အပြစ်များအားလုံးမှ ဆေးကြောခြင်းခံပါ”ဟု မိန့်တော်မူခဲ့သည်။ ဤအရာမှ ကျွန်ုပ်တို့သည် ဘုရားသခင်၏မြင့်မြတ်သောအလိုတော် ကို နားလည်သဘောပေါက်နိုင်ကြသည်။
 

တရားစီရင်ရာနေ့မတိုင်မီ လူသားများသည် ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရန် ကိုယ်တော်ပြော ကြားတော်မူသည်

လုကာ ၂၃း၃၁ တွင် “အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤ သို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် ဤလောကသို့ ပြန်လည်ကြွ လာတော်မူမည့်နေ့ရက်ကို ကျွန်ုပ်တို့အား ပြောကြားတော်မူခြင်း ဖြစ် သည်။ ကျွန်ုပ်တို့သည် ဤနေ့ရက်မကြုံမီ အပြစ်များဖြေလွှတ်ခြင်းခံ ရကြမည် ဖြစ်သည်။ ကိုယ်တော်ဒုတိယအကြိမ်ပြန်လည်ကြွလာ တော်မူမည့်အချိန် အလွန်နီးကပ်လာသောအခါ အန္တိခရစ်သည် ဤ လောက၌ ထင်ရှားလိမ့်မည်။ ထိုအချိန်တွင် ဤကမ္ဘာပေါ်တွင် အ သက်ရှင်နေကြသောလူသားများ၏ယုံကြည်ခြင်းသည် လုံးဝယုံကြည် သူများနှင့် မယုံကြည်သူများကို ထုတ်ဖော်ကြလိမ့်မည်။ ဤအချိန် ရောက်လာသောအခါ သူတို့၏ယုံကြည်မှု အရည်အချင်းသည် သူတို့ သည် ကောင်းကင်နိုင်ငံသို့ သွားမည်လော၊ အပ္ပါယ်ငရဲသို့သွားမည် လောဟု ဆုံးဖြတ်ပေးလိမ့်မည်။ တံပိုးခုနစ်ခုနှင့်ခွက်ဖလားခုနစ်ခုတို့ ၏ ကပ်ကြီးသည် စတင်လိမ့်မည်။ ကောင်းကင်မှ မိုးသီးကျလာလိမ့် မည်။ တောမီးလောင်လိမ့်မည်။ မြေငလျင်လှုပ်၍ ရောဂါများ ပွားများ လာလိမ့်မည်။ ပင်လယ်များသည် သွေးစွန်း၍ အနံ့ပုပ်လိမ့်မည်။ ဤ နောက်ဆုံးကမ္ဘာတွင် လူများသည် ယခုအသက်ရှင်ခြင်းကဲ့သို့ ပုံမှန် အသက်ရှင်နိုင်ကြမည် မဟုတ်ပေ။ ကိုယ်တော်၏မေတ္တာတော် ကြောင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သူ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးကသာ ယုံကြည်ခြင်း၏မြော်လင့်ချက် ဖြစ်လိမ့်မည်။
ကြီးမားသောဘေးဒဏ်ကြီးကာလအတွင်း ကိုယ်တော်သည် ဗတ္တိဇံသတင်းကောင်းကို ယုံကြည်ရန် ဤလောက၌အသက်ရှင်သူ များကို ခွင့်ပြုတော်မူခဲ့သည်။ ထိုအချိန်တွင် အန္တိခရစ်သည် ပေါ်လာ၍ မာတုရအသေခံရန် ဖြောင့်မတ်သူများ၏ယုံကြည်မှုကို ဆန်းစစ်ခြင်း ခံရလိမ့်မည်။ ထိုကြောင့် ယခုတွင် ကိုယ်တော်သည် ဤလောကအ ပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခြင်း၊ ကိုယ်တော်သည် ဗတ္တိ ဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ကို ယူဆောင်သွားတော်မူခြင်းနှင့် ကျွန်ုပ်တို့အပြစ်များကို ဆေးကြော ပေးတော်မူခြင်းအားဖြင့် ကိုယ်တော်နိုင်ငံတော်သို့ ဝင်ရောက်စေ သောယုံကြည်ခြင်းကို ပြင်ဆင်ပေးတော်မူသည်ဟူသော အမှုကို ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ရကြမည် ဖြစ်သည်။
ဤအချိန်၌ပင်လျှင် သင်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သင့်အား ကိုယ်တော်ပေးအပ်တော်မူခဲ့သော အပြစ်များဆေးကြော ခြင်းကို မယုံကြည်ရန် ငြင်းပယ်သောကြောင့် အပြစ်သားတစ်ဉီးအ ဖြစ်အသက်ရှင်သေးလျှင် သင်သည် ဘုရားသခင်၏တရားစီရင်တော် မူခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုကြောင့် ဤခေတ်ကာလတွင် နှလုံးသားများ၌ အပြစ်ရှိသေးသောသူများသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် အပြစ်များမှ ဆေးကြောခြင်းခံရ၍ ဤယုံကြည်ခြင်း အားဖြင့် ကိုယ်တော်ပြန်လည်ကြွလာတော်မူခြင်းကို စောင့်ရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် သခင်ယေရှုအပေါ်သို့ ကျွန်ုပ်တို့အပြစ်များအား လုံးကို လွှဲပြောင်းခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာတော်ကို ယုံကြည် ခြင်းအားဖြင့် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံရကြမည် ဖြစ် သည်။ 
သင်သည် ယခတွင် သခင်ယေရှု၏ဗတ္တိဇံအမှုကို မယုံကြည် သောကြောင့် ဤလော၌ အသက်သားဖြစ်ဖြစ်လျှင် သင်သည် ဘုရား သခင်၏တရားစီရင်ရာနေ့ရက်တွင် အပြစ်သားအဖြစ် အသက်ရှင်၍ တရားစီရင်ခြင်းခံရလိမ့်မည်။ အန္တိခရစ်ရောက်လာသောနေ့တွင် ဤ သို့သောပုဂ္ဂိုလ်များသည် မာန်နတ်၏အစေခံများဖြစ်ကြသဖြင့် သူနှင့် အတူ အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရကြမည် ဖြစ်သည်။ ထိုကြောင့် လူ သားများသည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံအမှုနှင့်ကားတိုင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့၏နှလုံးသား အပြစ်များအားလုံးမှ ဆေးကြောခြင်း ခံရကြမည် ဖြစ်သည်။ သို့မ ဟုတ်လျှင် သူတို့သည် စာတန်၏လူများအဖြစ် အသက်ရှင်၍ အပြစ် များကြောင့် တရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။
ဤတွင် ကျွန်ုပ်တို့နားလည်သဘောပေါက်ရမည့်အရာမှာ သခင် ယေရှု၏ကားစင်တင်ခြင်းနှင့်အသေခံခြင်းတို့သည် ဗတ္တိဇံယောဟန် ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံကြောင့်ဖြစ်သည်ဟု သိရှိ ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအချက်ကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ဘာသာရေးအသက်တာမှ လွှတ်မြောက်၍ တစ်ချိန် လုံးအသက်ရှင်နိုင်ကြမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခဲ့သောကြောင့် အသေခံတော်မူခြင်း ဖြစ်သည်။
 


သခင်ယေရှု၏ဗတ္တိဇံအမှုမှာ လူသားများ၏အပြစ်ကို ထမ်း ရန် ဖြစ်သည်


သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များအားလုံးကို မိမိအပေါ်သို့ တစ်ကြိမ် တည်း ထမ်းတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ကားစင် တင်ခံ၍ လူသားများအားလုံး၏အပြစ်များအတွက် ကျွန်ုပ်တို့နေရာ တွင် ကားစင်တင်ခံကာ အသေခံနိုင်တော်မူခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် ကားတိုင်ပေါ်တွင် သခင်ယေရှုအသေခံတော်မူခြင်းမှာ ကိုယ် တော်သည် ကားစင်တင်ခံတော်မူ၍ အသွေးတော်သွန်းလောင်းကာ အသေခံတော်မမူမီ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သော ကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် ယောဟန် ၁း၂၉ ကို ပြန်ကြည့်လျှင် ဗတ္တိဇံယော ဟန်က “ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့”ဟု ပြောကြားမှုကို တွေ့ရကြသည်။ သခင် ယေရှုသည် ကားတိုင်ပေါ်တွင် ကိုယ်တော်ပြုတော်မူခဲ့သောအမှုကို ပြည့်စုံစေရန်အတွက် ကိုဘ်တော်သည် ဗတ္တိဇံခံယူ၍ ဤလောက၏ အပြစ်များကို တစ်ကြိမ်တည်းယူဆောင်ရမည် ဖြစ်သည်။ သခင်ယေ ရှုသည် ဤလောကသို့ ကြွလာတော်မူသောအခါ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအ ပြစ်များကို ထမ်းတော်မူ၍ ကားစင်တင်ခံတော်မူခဲ့သောကြောင့် ကိုဘ်တော်သည် လူသားများ၏အပြစ်ဖြေရာယဇ်အဖြစ် မိမိကိုယ်ကို ကိုယ် ယဇ်ပူဇော်ခြင်း ဖြစ်သည်။ ဤတွင် ကျွန်ုပ်တို့ရှင်းလင်းစွာ နား လည်သဘောပေါက်ရမည့်အရာမှာ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းရန် ဖြောင့်မတ်ခြင်းအမှုကို လုပ်ဆောင်တော်မမူလျှင် လူသား များ၏အပစ်များကို တစ်ကြိမ်တည်း လုံးဝ ဆေးကြောတော်မူလိမ့် မည်မဟုတ်ပေ။ ဤလောကအပြစ်များသည် ကျန်ရစ်မည် ဖြစ်သည်။
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူဖြင့် အားဖြင့် လူသားများ၏အပြစ်များအားလုံးကို ထမ်း၍ တစ်ကြိမ် တည်းဆေးကြောပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၏အပြစ်များကို ကျွန်ုပ်တို့ဆေးကြောပေးနိုင် ကြသည်ဟု ကျွန်ုပ်တို့သည် မရှိမဖြစ် နားလည်သဘောပေါက်ရကြ မည် ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် မိမိကိုယ်ကိုယဇ်ပူဇော်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့နေ ရာတွင် အပြစ်၏တရားစီရင်တော်မူခြင်းကို ခံတော်မူခဲ့သည်။ ဤအ မှုသည် ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ပြည့်စုံစေ တော်မူခဲ့သောအမှုနှင့် ဤလောကအပြစ်များမှ ကျွန်ုပ်တို့ကို ကယ် တင်တော်မူရန် အသွေးတော်သွန်းလောင်းတော်မူခဲ့သောအမှု ဖြစ် သည်။ တစ်နည်းအားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကိုကိုယ် အပြစ် ဖြေရာယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် အပြစ်သားများအား အပြစ်များ မှ ရွေးနှုတ်ကယ်တင်တော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်။
ယခုတွင် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့ သောဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့သည် ဟူသောအချက်ကို ဆုပ်ကိုင်၍ ဤယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာကို နှလုံးသားများဖြင့် ယခုယုံကြည်ကြသောကြောင့် ဤမေတ္တာအတွက် ကိုယ်တော်ကို ဝမ်းမြောက်စွာ ကျေးဇူးတင်နိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ ယခု တွင် အပြစ်များဆေးကြောခြင်းခံရရန် ကိုယ်တော်၏ကျေးဇူးတော်ကို လက်ခံရကြမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ဘာကြောင့် အသေခံတော်မူခဲ့ခြင်းအကြောင်းကို ကျွန်ုပ်တို့နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံ ယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိဇံအားဖြင့် ကိုယ်တော်အပေါ် သို့ ဤလောကအပြစ်များလွှဲပြောင်းပေးခဲ့သည်ဟု ကျွန်ုပ်တို့သည် သိ ၍ ယုံကြည်ရကြမည် ဖြစ်သည်။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ဟု သင်သည် ယခုနားလည်သဘောပေါက်၍ ယုံကြည်သလော။ သင်၏ နှလုံးသားသည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အား ကယ်တင် ခြင်းအဖြစ် ယုံကြည်သလော။ ကိုယ်တော်၏ဗတ္တိဇံ၊ သွန်းလောင်း တော်မူသောအသွေးတော်နှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း တို့သည် ကယ်တင်ခြင်းအဖြစ် နှလုံးသားများဖြင့် ကျွန်ုပ်တို့ယုံကြည် ရကြမည် ဖြစ်သည်။  သခင်ယေရှုသည် ကျွန်ုပ်တို့အား အလွန်ချစ် တော်မူသောကြောင့် ကိုဘ်တော်သည် ဗတ္တိဇံအားဖြင့် ဤလောက အပြစ်များအားလုံးကို ထမ်းတော်မူခဲ့၍ ကျွန်ုပ်တို့အတွက် အသေခံ တော်မူခြင်း ဖြစ်သည်။ ထိုသို့အားဖြင့် ကိုယ်တော်၏ယုံကြည်သူ ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤလော က၌ အသက်ရှင်နေစဉ် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုအားဖြင့် ကိုဘ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထမ်းတော်မူ၍ ဆေးကြောပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ကား စင်တင်ခံ၍ အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ နေရာတွင် အသေခံတော်မူ၍ အပြစ်များ၏ပြစ်ကြွေးများအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤအချက်ကို နား လည်သဘောပေါက်၍ နှလုံးသားများဖြင့်ခံစားကြာ၍ ယုံကြည်လျက် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဤအချက်ကို ဘယ်တော့မှ မမေ့သင့်ပေ။
သင်နှင့်ကျွန်တော်တို့သည် သခင်ယေရှုအသေခံတော်မမူမီ ဗတ္တိ ဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအမှုကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောပေးခြင်းခံနိုင်ကြသည်။ ယခုတွင် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များကို လက်ခံတော်မူ၍ ဤအပြစ်များ၏တရားစီရင်ခြင်းကို ထမ်းတော်မူခဲ့သည်ဟု သင်သည်နှလုံးသားဖြင့် ယုံကြည်လျှင် သင် သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် သင့်တော်စွာ ယုံကြည်သူ ဖြစ်လာသည်။ ယခုတွင် သင်သည် အပြစ်များအားလုံးမှ ကယ်တင် ခြင်းသို့ ရောက်သောယုံကြည်ခြင်းကို ပိုင်ဆိုင်သည်။
လူအချို့တို့သည် ဤလောက၌ ဘဝအတွက် တိကျသောရည် ရွယ်ချက်ရှိကြသည်။ သူတို့မြတ်နိုးသောအရာပေါ်တွင် သေချာစဉ်း စား၍ ထိုရည်ရွယ်ချက်ကို ချမှတ်ကြသည်။ အချို့တို့က ထိုအရာအ တွက် အသက်ကိုပင် စတေးခဲ့ကြသည်။ လူသားများပင်လျှင် ဤအ ရာကို လုပ်ဆောင်နိုင်ကြလျှင် ကယ်တင်ရှင်သခင်ယေရှုခရစ်တော် သည် ပို၍များပြားစွာ လုပ်ဆောင်တော်မူလိမ့်မည်မဟုတ်လော။ သ ခင်ယေရှုသည် ဤလောက၌အသက်ရှင်နေကြသောအပြစ်များအား လုံးကို လောကအပြစ်များမှ ရွေးနှုတ်ကယ်တင်တော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ၎င်းတို့ကို တစ်ကြိမ်တည်းထမ်းတော် မူ၍ အသေခံတော်မူခြင်းအားဖြင့် လူသားများ၏ကယ်တင်ခြင်းအမှု ကို ပြည့်စုံစေတော်မူခဲ့သည်။ သို့ရာတွင် သင်၏ယုံကြည်မှုက သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို ထမ်းတော်မူခဲ့ဟူသောအချက်ကို ချန်လှစ်ခဲ့ လျှင် သင်သည် အပြစ်များဆေးကြောခြင်းခံယူရန် နည်းလမ်းတစ်စုံ တစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ သင်သည် မည်သို့သောတရားစီရင် ခြင်းမျိုးကို ကြုံတွေ့ရမည်နည်း။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့် အညီ အပြစ်သားအားလုံးသည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြလိမ့် မည်။
ဤအကြောင်းကြောင့် ကိုယ်တော်သည် ဤလောကအပြစ်များ ကိုလက်ခံရန်နှင့် မိမိကိုယ်ပေါ်သို့ ထမ်းတော်မူရန်အတွက် ဗတ္တိဇံခံယူ တော်မူခြင်း ဖြစ်သည်။ သို့သော် လူများသည် ကိုယ်တော်၏ဗတ္တိဇံ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းမရှိကြလျှင် သူတို့သည် အပြစ်များ ၏အခအတွက် မိမိကိုယ်ကိုကိုယ် ပေးဆပ်ရကြမည် ဖြစ်သည်။ အ ပြစ်များဆေးကြောခြင်းခံရသောကျွန်ုပ်တို့အားလုံးသည် ဤပုဂ္ဂိုလ် များထံ ကယ်တင်ခြင်းသမ္မာတရားကို ဟောပြောရန် ကိုယ်တော်အ လိုရှိတော်မူသည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သည် ဟူသော ကိုယ်တော်၏ကယ်တင်ခြင်းအမှုကို သင်သည် ယုံကြည် ခြင်းမရှိလျှင်လည်းကောင်း၊ ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူ သောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဆေးကြော ခြင်းခံရန် သင်သည် ကြိုးစားနေလျှင်လည်းကောင်း၊ သင်သည် ဗတ္တိဇံ ယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံသမ္မာတရားကို တဖန်နားထောင်၍ ယုံကြည်ရန် ကျွန်တော်တိုက်တွန်းပါသည်။
လူအချို့တို့သည် အပြစ်များအတွက် တရားစီရင်ရာနေ့ကို တွေ့ ကြုံရကြမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ တရားစီရင်ရာနေ့မှာ လူတစ်ဉီးသည် ဘုရားရှေ့တော်၌ အပြစ်သားအဖြစ်ရပ်နေလျှင် မည် သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ဘုရားသခင်သည် ဤသို့သော ပုဂ္ဂိုလ်များထံ “ငါဖန်ဆင်းခဲ့သော ကောင်းကင်တမန်တောင် ငါအခွင့် အာဏာကို စိန်ခေါ်သဖြင့် ငါကျိန်ဆဲခဲ့တယ်။ ငါ ဖန်ဆင်းခဲ့သော သင် သည်လည်း လူသားများကိုယ်စားပြု၊ ဗတ္တိဇံယောဟန်ထံမှ ငါခံယူခဲ့ သောဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခြင်းအမှု ကို သင်သည် ယုံကြည်ခြင်းမရှိသဖြင့် အပြစ်သားအဖြစ် ငါ့ရှေ့မှာ ရပ်နေတယ်။ သင်သည် မိမိကိုယ်တိုင် ငါ့ဗတ္တိဇံအမှုကို မယုံကြည်၊ ငါ့ ဖြောင့်မတ်ခြင်းကိုလည်းမယုံကြည်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုတယ်။ ကြည့်ပါ။ သင်သည် တွင်းနက်ထဲသို့ ပြစ်ချခြင်းခံရလိမ့်မည်”ဟု မိန့် တော်မူသည်။ တစ်နေ့ ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများအား လုံးအပေါ် ကိုဘ်တော်တရားစီရင်တော်မူခြင်းကို မြင်တွေ့လိမ့်မည်။
ကျွန်ုပ်တို့သည် ဤလောက၌ အသက်ရှင်နေကြစဉ် သခင်ယေ ရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ဤ လောကအပြစ်များကို ထမ်းတော်မူခဲ့သည်ဟု သင်၏နှလုံးသားများ က ယုံကြည်ရမည် ဖြစ်သည်။ မရေတွက်နိုင်သောလူသားများသည် ယခုတွင် သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့ည်ဟု သိ လျှင် သူတို့သည် အပြစ်များအားလုံးမှ တစ်ကြိမ်တည်းဆေးကြော ခြင်းခံရကြလိမ့်မည်။ သို့သော် ဝမ်းနည်းစရာတစ်ခုမှာ ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ် တော်အားဖြင့် ဤဗလာကအပြစ်များအားလုံးကို ထမ်းတော်မူခဲ့သည် ဟူသော သမ္မာတရားကို နှလုံးသားများ၌ လက်မခံသူ ဤလောက၌ ဘာသာရေးလူများရှိနေသေးခြင်း ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် ဘု ရားရှေ့တော်၌ သူတို့၏အပြစ်များအတွက် တရားစီရင်ခြင်းအားလုံးမှ လွှတ်မြောက်ရန် တောင်းလျှောက်နေကြသည်။ နောက်ဆုံးသောနေ့ ရက်ရောက်လာသောအခါ သူတို့သည် ဘုရားသခင်၏တရားစီရင် တော်မူခြင်းကို ခံရကြလိမ့်မည်ဟု သူတို့သည် နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။ ထိုကြောင့် ယနေ့လူသားအားလုံးသည် ဘုရားရှေ့တော်၌ နိုးထရကြ၍ ရေနှင့်ဝိညာည်တော်အားဖြင့် ဒုတိယ မွေးဖွားခြင်းခံရစေသည် နှုတ်ကပတ်တော်ကို သတိရကာ ကိုယ် တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ကယ်တင်ခြင်းအဖြစ် ယုံကြည်ရ ကြမည် ဖြစ်သည်။
ကားတိုင်၏ဘာသာတရား ဓမ္မခံယူချက်များကိုသာ ယုံကြည်သူ များသည် အသေခံတော်မူခဲ့သောသခင်ယေရှုကို နှလုံးသားဖြင့်ယုံ ကြည်ခြင်းအားဖြင့် သူတို့အပြစ်များမှ ဝမ်းမြောက်စွာ ကယ်တင်ခြင်း ခံခဲ့ရကြသည်ဟု စဉ်းစားသော ယနေ့သီအိုလော်ဂျီကိုသာ သွန်သင်ခဲ့ ကြသည်။ တစ်ခါတစ်ရံ သူတို့သည် အသေခံတော်မူခဲ့သော သခင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးခဲ့ကြသည်။ အချို့က နံနက်စော စောဆုတောင်းကြသောအခါ သူတို့သည် အသေခံတော်မူခဲ့သောသ ခင်ယေရှုအားဖြင့် ဒုက္ခခံစား၍ ကိုဘ်တော်အတွက် အမြဲတမ်းငိုကြွေး တတ်ကြသည်။ သူတို့သည် အပြစ်ကျူးလွန်သည့်အချိန်တိုင်းတွင် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများကို မှီခိုခြင်းအားဖြင့် အ သေခံတော်မူသော ကိုယ်တော်၏မျက်မှောက်တော်သို့ တိုးဝင်ချဉ်း ကပ်၍ သူတို့ထင်သည့်အတိုင်း ဆုတောင်းခြင်းအစည်းအဝေးသို့ တက်ရောက်ကာ ကိုးကွယ်တတ်ကြသည်။ ဤအရာမှာ သခင်ယေရှု အား လောကအရာ၊ လူသားများဖန်တီးသောဘာသာတရားဖြင့် မယုံ ကြည်ခြင်းမဟုတ်လျှင် အခြားမည်သည့်အရာရှိလိမ့်မည်နည်း။ သူတို့ သည် ကားတိုင်ပေါ်တွင် ကိုယ်တော်သွန်းလောင်းတော်မူခဲ့သော အ သွေးတော်မြတ်ကို စဉ်းစား၍ ဆုတောင်းရာတွင် ငို၍ နောင်တရကြ ကာ ကိုယ်တော့်ထံ “ကိုယ်တော်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် အသွေးတော်သွန်းလောင်းတော်မူခဲ့သော်လည်း ကျွန်ုပ်သည် အပြစ် ပြုမိခဲ့ပြန်တယ်။ ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်တော်မူပါ”ဟု ပြော တတ်ကြသည်။
သို့သော် ကိုယ်တော်သည် ဤသို့သော ဘာသာတရားယုံကြည် မှုဖြင့် ယုံကြည်သူများကို ရွံရှာတော်မူသည်ဟု သူတို့သည် နားလည် သဘောပေါက်ရကြမည် ဖြစ်သည်။ သူတို့သည် နောက်ကြောင်းပြန် လှည့်၍ သခင်ယေရှု၏ဗတ္တိဇံနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဖွဲ့ စည်းပေးသော ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းသည် ကယ် တင်ခြင်းအဖြစ် သူတို့သည် ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ်တော် သည် ဤလောက၌ အသက်ရှင်တော်မူစဉ်တွင် ဘာသာရေးသမား များ၊ ဖါရိရှဲများနှင့် မိစ္ဆာပရောဖက်များကို မုန်းတော်မူသောကြောင့် ကိုယ်တော်သည် သူတို့၏ယနေ့ဘာသာတရားဖြင့် အပြစ်များကို ဆေးကြောပေးရန် ကြိုးစားသောသူများကို မုန်းတီးတော်မူသည်ကို သူတို့သည် နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။
ယနေ့ ကိုယ်တော်၏ဗတ္တိဇံနှင့်သွန်းလောင်းတော်မူသောအ သွေးတော်သည် ကယ်တင်ခြင်းအဖြစ် ယုံကြည်သူများအားဖြင့် ကိုယ် တော်သည် ဝမ်းမြောက်တော်မူသည်။ ကိုယ်တော်သည် ဤလောက သို့ ကြွလာတော်မူခဲ့သောအခါ ကိုယ်တော်သည် လူသားများကိုယ် စားပြု၊ ဗတ္တိဇံယောဟန်ထံတော်သို့ ကြွတော်မူ၍ ဗတ္တိဇံအမှုအားဖြင့် မိမိကိုယ်ပေါ်သို့ လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့သည်ဟု ယုံကြည်သူများအားဖြင့် ကိုယ်တော်သည် ဝမ်းမြောက်တော်မူသည်။ ကိုယ်တော်၏အသေခံတော်မူခြင်းမှာ အပြစ်များအတွက် ပြစ်ကြွေး ပေးဆပ်ခြင်းဖြစ်သည်ဟု ယုံကြည်သူများအားဖြင့် ကိုယ်တော်သည် ဝမ်းမြောက်တော်မူသည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွားတော်မူရန် ဤ လောကသို့ ကြွလာတော်မူခဲ့သောကြောင့် ဖြစ်သည်။ ထိုအကြောင်း ကြောင့် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြ်င့ ဤလောကအပြစ်များကို ကိုယ်တော်တိုင်ထမ်း တော်မူ၍ ဆေးကြောပေးတော်မူခဲ့သည်ဟု ယုံကြည်ခြင်းရှိသောသူ များအားဖြင့် ကိုယ်တော်သည် ဝမ်းမြောက်တော်မူခြင်း ဖြစ်သည်။
ကိုယ်တော်သည် ဤလောကသို့ ကြွလာတော်မူသောအခါ ဗတ္တိ ဇံခံယူတော်မူခြင်းအကြောင်းကို အထူးသဖြင့် မဿဲ ၃း၁၃-၁၆၊ နှင့် ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်းများတွင် ဖော်ပြထားခြင်း ဖြစ်သည်။ သ ခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူစဉ် ကိုယ်တော် သည် ဗတ္တိဇံယောဟန်ထံ မိန့်ကြားတော်မူခဲ့သောအရာကို ကျွန်ုပ်တို့ ကြည့်ကြပါစို့။ ကိုယ်တော်က “အလုံးစုံသောတရားတို့ကို အကုန်အ စင်ကျင့်သင့်သည်ဖြစ်၍”ဟု မိန့်တော်မူခဲ့သည်။ “ထိုကြောင့်”စကား လုံးမှာ ဂရိစကားအားဖြင့် “ουτως”(hutos)ဖြစ်၍ အဓိပ္ပါယ်မှာ “ဤနည်း လမ်းအားဖြင့်” ဖြစ်သည်။ “အလုံးစုံသောတရား”မှာ ““πασαν δικαιοσυνην” (pasan dik-ah-yos-oo’-nayn)ဖြစ်၍ ၎င်း ၏အဓိပ္ပါယ်မှာ လုံးဝအမှားအယွင်းကင်စင်သော တရားသောအခြေ အနေ ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုက “အလုံးစုံသောတရားတို့ ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍”ဟု မိန့်တော်မူခဲ့သောအခါ ကိုယ်တော်သည် တရားအမျှတဆုံးနှင့်အသင့်တော်ဆုံးနည်းလမ်း- ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့်ကယ်တင်ခြင်းအမှုကို ပြည့်စုံစေတော် မူလိမ့်မည်ကို ပြောကြားတော်မူခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံ အားဖြင့် အလောကအပြစ်များအားလုံးကို ထမ်းရန် သင့်တော်သည်။
အကျဉ်းအားဖြင့် သခင်ယေရှုသည် ကားစင်တင်ခံခြင်းနှင့်အ သွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ဤလောက၌ရှိသောလူ သားအားလုံး၏အပြစ်များအားလုံးကို ထမ်းတော်မူ၍ ပြစ်ဒဏ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ဤ အရာကို ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရကြသ ဖြင့် သခင်ယေရှု၏ယဇ်ပူဇော်သက္ကာနှင့်အသေခံတော်မူခြင်းကို ကျေး ဇူးတင်ကြသည်။ ကျွန်ုပ်တို့ယုံကြည်သူများအတွက် ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောက အပြစများကို ထမ်းတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်း လောင်းတော်မူခြင်းအားဖြင့် သူတို့နေရာတွင် အပြစ်သားများအား လုံး၏အပြစ်ဒုစရိုက်များအတွက် ပြစ်ဒဏ်ခံယူတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြခြင်း ဖြစ်သည်။ ထိုကြောင့် သ ခင်ယေရှုခရစ်တော်သည် ဤလောကအပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူရန် ကယ်တင်ရှင်ဖြစ်တော်မူခြင်း ဖြစ်သည်။ ဤ အကြောင်းကြောင့် ကိုယ်တော်၏ဗတ္တိဇံသည် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးခဲ့သော ကယ်တင်ခြင်းသမ္မာတရားဖြစ်သောကြောင့် ကိုယ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း ကာအသေခံတော်မူခြင်းကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် ကျွန်ုပ် တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရသည်ဟု ကိုယ်တော် မိန့်ကြားတော်မူသည်။ 
ကိုယ်တော်သည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိ ဇံအမှုအားဖြင့် မိမိကိုယ်ပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးလက်ခံ တော်မူခဲ့သည်။ ကိုယ်တော်၏ “ဖြောင့်မတ်ခြင်း"မှာ လူသားများ၏ အပြစ်များအားလုံးကို တစ်ကြိမ်တည်းယူဆောင်ပေးခြင်းနှင့် ကျွန်ုပ် တို့နေရာတွင် ကားတိုင်ပေါ်မှာ ကျွန်ုပ်တို့အပြစ်အတွက် တရားစီရင် ခြင်းခံတော်မူခြင်းအားဖြင့် ကိုယ်တော်ပြည့်စုံစေတော်မူခဲ့သော ကယ် တင်ခြင်းအမှုကို ဆိုလိုသည်။ ဤအချက်ကို ယုံကြည်သူအားလုံး သည် ကယ်တင်ခြင်းခံရကြသည်။ ကိုယ်တော်သည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ကား တိုင်ပေါ်တွင် ပြစ်ကြွေးပေးဆပ်ရန် အသေခံတော်မူခဲ့သည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ပြည့်စုံစေတော်မူခဲ့သော ကယ်တင်ခြင်းအမှုဖြစ်သော ဤလောက၌ မိမိအသက် ၃၃နှစ် ရှင် တော်မူခြင်းအားဖြင့် ကိုယ်တော်ယူဆောင်တော်မူခဲ့သောအမှုကို ယုံ ကြည်သူအားလုံးတို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်။ 
ထိုကြောင့် ကျွန်ုပ်တို့သည် ယခုတွင် ကိုယ်တော်ကို ကယ်တင် ရှင်အဖြစ် ယုံကြည်ကြသောအခါ ကိုယ်တော်သည် ဗတ္တိဇံယောဟန် ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ထမ်း တော်မူခဲ့သည်ဟု ရှေ့ဉီးစွာ ယုံကြည်ရကြမည် ဖြစ်သည်။ ထိုနောက် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံရကာ ပြစ်ကြွေးပေး ဆပ်ပေးတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုကားတိုင်တင်ခံရသောအခါ သွန်း လောင်းတော်မူခဲ့သောအသွေးတော်ကိုသာ မကြည့်ကြဘဲ ကိုယ် တော်သည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဆင်းရဲဒုက္ခခံတော်မူ၍ အပြစ်များအတွက် တရားစီ ရင်ခြင်းခံတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် နားလည်သဘောပေါက် ၍ ယုံကြည်ရကြမည် ဖြစ်သည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏သနားခြင်းကိုလိုအပ် သကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် ဝမ်းနည်းမှုခံစားရကြ သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို မယုံကြည်သင့်ပေ။ သင် သည်ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သော ခရစ်တော်၏နာကျင် မှုအတွက် ကိုယ်တော်ကို သနားသည့်အခါတိုင်းတွင် ကိုယ်တော် သည် စိတ်မအီအသာ ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ဝမ်းနည်းမှုရှိ ကြမည့်အစား ကျေးဇူးတော်ချီးမွမ်း၍ ကိုယ်တော်၏ကယ်တင်ခြင်း ကို လက်ခံရန် ဝမ်းမြောက်သင့်ကြ၍ ကိုယ်တော်၏ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသေခံတော်မူခြင်းမှာ ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်ရန် ယဇ်ပူဇော်ခြင်းဖြစ်သည်ဟု ယုံကြည်ရကြမည် ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်ကို ယခုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းသင့်သည်ကို ဆို လိုသည်။ ကိုယ်တော်၏အသေခံတော်မူခြင်းမှာ ကျွန်ုပ်တို့အပြစ်များ အတွက် ပြစ်ကြွေးပေးဆပ်ခြင်းဖြစ်သည်ဟု ယုံကြည်ရမည် ဖြစ် သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်း ကို သိ၍ နှလုံးသားများဖြင့် ယုံကြည်ရန် အလိုရှိတော်မူသည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား “အစဉ်မပြတ်ဝမ်းမြောက်ခြင်း ရှိကြလော့။ မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏”(၁ သက် ၅း၁၆-၁၈)ဟု မိန့်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သောဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျေးဇူးတော် ချီးမွမ်း၍ ယုံကြည်ခြင်းအားအသက်ရှင်ကြသဖြင့် သခင်ယေရှုကို ကျေးဇူးတင်၍ယခု ဤအချက်ကို ယုံကြည်သူကျွန်ုပ်တို့အားလုံးအ တွက် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေး တော်မူခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် ကိုယ်တော်ပြန်လည်ကြွ လာမည့်နေ့ရက်အတွက် စောင့်မြော်၍ အသက်ရှင်နေကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ထာဝရအသက်ခံစားရန် ဘုရား သခင်၏ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။
ဤခေတ်လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ထက် သီအိုလော်ဂျီပညာရှင်များထောက်ခံအားပေးသော ဘာသာရေးဓမ္မခံ ယူချက်များကိုသာ ပို၍ ယုံကြည်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် သူတို့ ကဲ့ သို့ လမ်းမလွှဲသင့်ကြပေ။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း အားဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည် ဟု ဘုရားသခင်၏နှုတ်ကပတ်တော်သွန်သင်မှုကို ကျွန်ုပ်တို့ပို၍ ယုံ ကြည်ကြပါစို့။ ဤသခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြပါ စို့။ ကိုယ်တော်၏နှုတ်ကပတ်တော်သို့ ပြန်လှည့်ကြပါစို့။ ယုံကြည် ခြင်းအားကြီးသူများ ဖြစ်ကြပါစို့။ ကိုယ်တော်သည် ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထမ်းတော်မူခဲ့သည်ဟု သိ၍ ယုံကြည်ခြင်းအားဖြင့် ထိုအကြောင်းကို ဟောပြောကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ်တို့၏သိုးထိန်းဖြစ်တော် မူသည်ဟု ယုံကြည်၍ ကိုယ်တော်ကို ကျေးဇူးတင်ကြပါစို့။ ကျွန်ုပ်တို့ သည် ယခုတွင် ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်း၍ ဂုဏ်တော်ချီး မွမ်းနိုင်မည့်အကြောင်း ကျွန်ုပ်တို့နှလုံးသားများ၏အပြစ်များအားလုံး ကို ဆေးကြောပေးသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့အားလုံးရှိကြစို့။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့ သောကြောင့် ယခုတွင် ကျွန်ုပ်တို့အပြစ်များအားလုံးသည် သခင်ယေ ရှုအပေါ်သို့ လွှဲပြောင်းခြင်းခံရသည်။ ကျွန်ုပ်တို့သည် ဤသတင်း ကောင်းကို ယုံကြည်၍ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံ၊ ကား တိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း အားဖြင့် ကယ်တင်ခြင်းခံရကြသောကြောင့် ကျွန်ုပ်တို့သည် အစဉ် အမြဲဝမ်းမြောက်နိုင်ကြသည်။ ကျွန်ုပ်တို့အား ယုံကြည်ခြင်းပေးအပ် တော်မူရန် ကိုယ်တော်သည် ဤလောကသို့ ကြွလာတော်မူ၍ လူ့ဇာ တိကို ခံယူတော်မူလျက် ဗတ္တိဇံယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထမ်း၍ ကားတိုင်ပေါ် တွင် ထိုအပြစ်များ၏အပြစ်ကြွးများအားလုံးကို ပေးဆပ်ကျေအေးစေ တော်မူခဲ့သည်။ ထိုကြောင့် ဤသခင်ကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်၍ ယုံကြည်မှုဖြင့် ကိုယ်တော့်ကို ကျေးဇူးတင်ကြပါစို့။
ကျွန်ုပ်တို့သည် ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံအားဖြင့် ဤလောကအပြစ်များကို ထမ်းတော်မူခြင်းအား ဖြင့်  ကိုယ်တော်ယူဆောင်တော်မူခဲ့သော ကယ်တင်ခြင်းအမှုကို ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတင်၍ ဝမ်းမြောက်နိုင်ကြခြင်း ဖြစ်သည်။ ထိုကြောင့် ယခုမှစ၍ ကျွန်ုပ်တို့ သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ကိုးစားခြင်းအားဖြင့် ကိုယ် တော်နှင့် ဘုရားသခင်၏အသင်းတော်နှင့်အတူ ယုံကြည်မှုဘဝများ ဖြင့် အသက်ရှင်နိုင်ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံယော ဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံနှုတ်ကပတ်တော်နှင့် အသွေး တော်၌ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ယူဆောင်တော်မူခဲ့သော ကယ်တင်ခြင်းအမှုကို ယုံကြည်မှုအပေါ် ကျေးဇူးတင်၍ ကျွန်ုပ်တို့ သည် အချိန်တိုင်းပျော်ရွှင်ကြကာ ကိုယ်တော့်ကို အမြဲတမ်းဉီးထိပ် ထားကျေးဇူးတော်ချီးမွမ်းရကြမည် ဖြစ်သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ဤလောကအပြစ်များ ကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူ၍ ကားတိုင်ပေါ်သို့ ၎င်းတို့ ကို သယ်တော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဤအမှုဖြင့် ကျွန်ုပ် တို့အပြစ်များအတွက် တရားစီရင်ခြင်းခံတော်မူ၍ ကျွန်ုပ်တို့အတွက် ရှိသောမေတ္တာကို ပြည့်စုံစေတော်မူခဲ့သည်။ ဤအမှုအရာမှာ သခင် ယေရှုစီမံတော်မူခဲ့သောကယ်တင်ခြင်းအမှုနှင့်  အပြစ်သားများအား ဤလောကအပြစ်များမှ ကယ်တင်ပေးသော ကိုယ်တော်၏ကြီးမား သောမေတ္တာတော်ပြည့်စုံခြင်းဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များ ကိုယ် တော်ထမ်းတော်မူခြင်းကို ကိစ္စာတစ်ခုအဖြစ်သာ ထင်မှတ်၍ သေး ငယ်သောကိစ္စတစ်ခုအဖြစ်သာ မထင်မှတ်ရပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူခဲ့သောကြောင့် အလုံးစုံသောတရား တို့ကို ပြည့်စုံစေခဲ့သော ကယ်တင်ခြင်းအမှု ဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်ပေးအပ်တော်မူခဲ့သော ဖြောင့်မတ်သော ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ကို ကျေးဇူးတင် ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကောင်းကင်ဘုံ၌ ဤသို့ မြင့်မြတ်သောကယ်တင်ခြင်းနှင့် မွန်မြတ်သောဘဝကို ပေးအပ်တော် မူသောကြောင့် ကျွန်တော်သည် ကိုယ်တော်ကို ကျေးဇူးတင်၍ ဂုဏ် တော်ကို ချီးမွမ်းသည်။ ဟာလေလုယာ။