Search

တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-7] ယဇ်ပုရောဟိတ်အရာ အပြောင်းအလဲ (ဟေ ဗြဲ ၇း၁-၂၈)

ယဇ်ပုရောဟိတ်အရာ အပြောင်းအလဲ
 

(ဟေ ဗြဲ ၇း၁-၂၈)
“ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။ အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိ ဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။ သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက် တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။ မျိုးနွယ်စု ဖခင်ဖြစ်သောအာဗြဟံပင် လက်ရပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို ပေးလှူခဲ့သောဤသူသည် မည်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။ လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာသည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။ သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။ ကြီးသောသူသည် ငယ်သောသူအား ကောင်းချီးပေးတတ်သည်ကို ငြင်းဆိုဖွယ်မရှိ။ ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။ ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့ တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။ အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ်ထဲ၌ရှိနေသေး၏။ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာလူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။ ယဇ် ပုရောဟိတ်အရိုက်အရာ၌ ပြောင်းလဲခြင်းရှိလျှင် ပညတ်တရား၌လည်း ပြောင်းလဲခြင်းရှိရန်လိုအပ်၏။ အကြောင်းမူကား အထက်ပါအကြောင်း အရာများက ရည်ညွှန်းထားသောအရှင်သည် ယဇ်ပလ္လင်အမှုကိုမဆောင် ရွက်ဖူးသောအခြားမျိုးနွယ်စုနှင့်စပ်ဆိုင်၏။ ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။ ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရော ဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။ ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင် သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။ အကြောင်း မူကား“သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရော ဟိတ်ဖြစ်၏”ဟု သက်သေခံထား၏။ယခင်ပညတ်ချက်သည် အားနည်း၍ အကျိုးမပေးနိုင်သောကြောင့် ပယ်ဖျက်ခြင်းခံရ၏။ အဘယ်ကြောင့်ဆို သော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။ ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။ ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။ ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ် တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။ထိုသို့သန့်ရှင်း၍အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ် သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီး မြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။ အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။ ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရော ဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည်ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။”

 

ကောင်ကင်ဘုံ၌ ယဇ်ပုရောဟိတ်မင်းဖြစ်သောယေရှု  

 
 
ယဇ်ပရောဟိတ် မေလခိဇေဒက်နှင့် မြေကြီးယဇ်ပရောဟိတ်အရာကိုဆောင်သော အာရုံ၏လုပ်ဆောင်မှုတို့၌အဘယ် သူသည် သာ၍ ကြီးမြတ်သနည်း
ယဇ်ပရောဟိတ် မေလခိဇေဒက်


မေလခလိဇေဒက် အမည်ရှိသော ယဇ်ပရောဟိတ်တစ်ပါးဓမ္မ ဟောင်းအချိန်တွင်ရှိခဲ့သည်။ အာဗြဟံခေတ်ကာလတွင် ဧလမင်းကြီးခေဒေါရ လောမာနှင့် အခြားသောဘုရင်မင်းများပူးပေါင်းကြကာ သောဒုံနှင့်ဂေါမော ရကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြသည်။ ထိုအခါ အာဗြဟံသည် မိမိအိမ်၌သွား၍ သွန်သင်သော လူတို့ကိုခေါ်၍ ဘုရင်မင်းခေဒေါရလောမာနှင့် ပူးပေါင်းသော ဘုရင်များကိုလိုက်၍ တိုက်ခိုက်လုပ်ကြံခဲ့သည်။
အာဗြဟံသည် ဘုရင်ခေဒေါရလောကာတို့ကို တိုက်ခိုက်အောင်မြင် ပြီး မိမိ အစ်ကိုသားလောတနှင့် သူ၏ဥစ္စာကို၄င်း၊ မိန်းမများနှင့်လူများကို၄င်း၊ ကယ်တင်ပြီး တဖန်ဆောင်ယူခဲ့လေသည်။ အာဗြဟံသည် စစ်တိုက်အောင် မြင်ပြီးပြန်လာသောအခါ အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပရောဟိတ်ဖြစ် သော ရွာလင်မင်းကြီးမေလခိဇေဒက်သည် မုန့်နှင့်စပျစ်ရည်ကို ဆောင်ခဲ့ပြီး လျှင် အာဗြဟံကိုကောင်းချီးပေးလေသည်။ အာဗြဟံသည်လည်း ဥစ္စာရှိသမျှ တို့ကို ထိုမင်းအားဆယ်ဘို့တဘို့လှူလေသည်။ (ကမ္ဘာဦးကျမ်း အခန်းကြီး ၁၄)
အမြင့်ဆုံးသော ယဇ်ပရောဟိတ်မင်းကြီးမေလခိဇေဒက်နှင့် ယဇ်ပ ရောဟိတ်များ၏လုပ်ဆောင်ချက်များကို သမ္မာကျမ်းစာထဲတွင် အသေးစိတ် ဖော်ပြရေးသားထားသည်။ ယဇ်ပရောဟိတ်မေလဒိဇေဒက်သည် “ငြိမ်သက် ခြင်းဘုရင်၊ ဖြောင့်မတ်ခြင်းဘုရင်” မိခင်၊ဖခင်မရှိ၊ ဆွေတော်စဉ်မျိုးတော် ဆက်မရှိတစ်ပါးတည်းပေါ်လာသော ယဇ်ပရောဟိတ်မင်းဖြစ်သည်။ အစနှင့် အဆုံးမရှိဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်၍ယဇ်ပရောဟိတ်အမှုကို ဆက် လက် ဆောင်ရွက်နေကြောင်းကို ထင်ရှားစေသည်။
ယဇ်ပရောဟိတ်မင်း မေလခိဇေဒက်နှင့် ယဇ်ပရောဟိတ်များ၏ လုပ်ဆောင်ချက်နှင့် ယေရှုခရစ်တော်၏ကြီးမြတ်ခြင်းကို၄င်း၊ ဓမ္မဟောင်းယဇ် ပရောဟိတ်အာရုန်၏လုပ်ဆောင်မှုနှင့် ဓမ္မသစ်၌ယေရှု၏ ယဇ်ပရောဟိတ် ဖြစ်ခြင်းကိုသော်၄င်း၊သေချာစွာ လေ့လာရန်သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ဖော်ပြထားသည်။
လေဝိအမျိုးသည် အာဗြဟံမှ ဆင်းလာသူများဖြစ်ကြသော်လည်း ယဇ်ပရောဟိတ်အမျိုးဖြစ်ကြ၍သူတို့၏ညီအစ်ကိုဖြစ်သော အခြားသောဣသ ကုလလူမျိုးများထံမှ ဆယ်ဘို့တဘို့ကိုရယူကြသည်။ အာဗြဟံသည် ယဇ်ပ ရောဟိတ်မင်းမေလခိဇေဒက်အား ဆယ်ဘို့တဘို့ပေးလှူသော်လည်း လေဝိ သည်သူ့ဖခင်မှ ဆင်းသက်လာသောသူဖြစ်သည်။
ဓမ္မဟောင်းယဇ်ပရောဟိတ်များသည် ယေရှုထက်ကြီးမြတ်တော်မူ ကြသလော။ သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။ ယေရှုသည် မြေကြီးယဇ်ပရောဟိတ် အရာကိုဆောင်သူများထက်ကြီးမြတ်တော်မူသ လား။ အဘယ်သူသည် ကောင်းချီးပေးသောသူဖြစ်လိမ့်မည်နည်း။ ဟေဗြဲသြ ဝါဒစာရေးသားသူသည် ဤအကြောင်းအရာများကို အစမှအဆုံး ဖော်ပြထား သည်။ ငြင်းပွားမှု၏တစ်ဖက်တွင် ငယ်သောသူကို ကြီးသောသူမှ ကောင်းကြီး ပေးခြင်းခံခဲ့သည်။ ယဇ်ပရောဟိတ်မင်းကြီး မေလခိဇေဒက်သည်အဗြဟံအား ကောင်းချီးပေးခဲ့သည်။
ယုံကြည်ခြင်းဖြင့် မည်သို့အသက်ရှင်ရမည်နည်း၊ဘုရားသခင်၏ ပ ညတ်တော်နှင့်ဆိုင်သော ဓမ္မဟောင်း၌သန့်ရှင်းသော တဲတော်လုပ်ငန်းယဇ်ပူ ဇော်ခြင်းကို အမှီပြု၍နေရမည်လော(သို့) ရေနှင့်ဝိညာဉ်တော်အားဖြင့် ပူဇော် ခြင်းအမှုကိုဆောင်ရွက်၍ ကောင်းကင်၌ ယဇ်ပရောဟိတ်အရာကို ဆောင် ရွက်သော ယေရှုခရစ်ကိုအမှီပြု၍နေရမည်လော။
ကျွန်ုပ်တို့ရွေးချယ်သော ရှင်းပြချက်ပေါ်မူတည်၍ ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာ(သို့) အပြစ်စီရင်ခြင်းကိုခံရမည်။ ကျွန်ပ်တို့သည်ရေ နှင့်ဝိညာဉ်တော်အားဖြင့်ပူဇော်ခြင်းအမှုကိုဆောင်ရွက်ပေးသောသခင်ယေရှု၏ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့်ရွေးချယ်ပြီး အသက်ရှင်ရမည်လော (သို့)ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း နေ့စဉ်ပူဇော်ခြင်းအမှုကိုပြုပြီး အသက်ရှင်ရမည်လော။ဤအချက်နှစ်ခုတွင်တစ်ခုခုကိုရွေးချယ်ရ မည်လော။
ဣသကုလလူမျိုးများသည် ဓမ္မဟောင်းအချိန်တွင် ယဇ်ပရောဟိတ် အမျိုးဖြစ်သောအာရုံနှင့်လေဝိမှဆင်းသက်လာသောသူများကိုကြည့်ပြီး အ သက်ရှင်ခဲ့ကြသည်။ ယနေ့ဓမ္မသစ်အချိန်ကာလ၌ ယဇ်ပရောဟိတ်အမှုကို ဆောင်သောအာရုန်နှင့်ယေရှုတို့တွင် အဘယ်သူသည်သာ၍ကြီးမြတ်သနည်း ဟု မေးခံခဲ့သော် ကျွန်ုပ်တို့၏အဖြေသည် မေးစရာမလိုယေရှုဟူ၍ဖြေကြ မည်ဖြစ်ပါသည်။များစွာသောသူတို့သည် ဤကဲ့သို့ရှင်းလင်းစွာ နားလည် ကြသော်လည်း ယုံကြည်၍အသက်ရှင်သောသူသည် လူနည်းစုသာဖြစ်သည်။
အထက်ပါမေးခွန်းအတွက် တိကျသောအဖြေကို သမ္မာကျမ်းစာတွင် ဖော်ပြ ထားသည်။ ယေရှုသည်အဘယ်သူမျှမဆောင်ရွက်ဖူးသော ယဇ်ပလ္လင်ရှေ့ တွင် ယဇ်ပူဇော်ရန် ဖော်ပြထားသည်။ “ယဇ်ပရောဟိတ်အရာပြောင်းလဲ ခဲ့လျှင် ပြောင်းလဲခြင်းသည်လည်း အကြီးကိုလိုအပ်သောအရာဖြစ်သည်။”
ဘုရားသခင်သည် ဣသရေလလူမျိုးများကို မောရှေအားဖြင့် ပ ညတ်တော်(၁၀)ပါးအပြင်ကျင့်ဆောင်ရန်အခြားသောပညတ်တရား (၆၁၃)ကို လည်းပေးခဲ့သည်။ မောရှေသည် ဣသရေလလူမျိုးများကို ထိုပညတ်တရား အတိုင်း အသက်ရှင်ရန် မိန့်ဆိုခဲ့ရာ လူတို့ကလည်း သဘောတူကြသည်။

ဘုရားသခင်သည် အဘယ်ကြောင့် ပထမပဋိ ညာဉ်ကိုပယ်ဖျက်ပြီးဒုတိယ ပဋိညာဉ်ကို အတည်ပြုလိုက်သနည်း
လူသားများသည်ပထမပဋိညာဉ်အတိုင်းအသက်ရှင်ရန် အားနည်းသောကြောင့်ဖြစ်သည်

ဣသကုလလူမျိုးများသည်ပညတ္တိကျမ်းငါးကျမ်းတွင်ရေးသားထား သောဘုရားသခင်၏ပညတ်တော်အတိုင်း အသက်ရှင်သစ္စာပြုကြကြောင်း သမ္မာကျမ်းစာထဲတွင် တွေ့ရသည်။ ၄င်းပညတ္တိကျမ်းငါးကျမ်းတို့မှာ ကမ္ဘာဦး ကျမ်းထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်းတောလည်ရာကျမ်းနှင့် တရား ဟောကျမ်းတို့ဖြစ်သည်။ ဘုရားသခင်ဖော်ပြသော ပညတ်တော်အတိုင်း ဆိုင်း တွခြင်းမရှိဘဲ လိုက်နာရန် “ဟုတ်ကဲ့”ဟူ၍ သဘောတူကြသည်။ 
မည်သို့ပင်ဖြစ်စေကာမူ တရားဟောရာကျမ်းနောက်ပိုင်း ယောရှု မှတ်စာမှစ၍ဖတ်ရှုလေ့လာပါက ပညတ်တော်အတိုင်း အသက်မရှင်နိုင်ကြ ကြောင်း တွေ့နိုင်သည်။ တရားသူကြီးမှတ်စာမှ ဓမ္မရာဇဝင်ကျမ်း၊ ပထမနှင့် ဒုတိယအထိ လေ့လာကြည့်ပါက၊ သူတို့ခေါင်းဆောင်များအပေါ် ယုံကြည်မှု မရှိကြောင်း နောက်ဆုံးတွင် သန့်ရှင်းသောတဲတော်လုပ်ငန်းဖြစ်သော ယဇ်ပူ ဇော်ခြင်းအမှုကိုလည်း ဆုတ်ယုတ်ပျက်စီးစေကြကြောင်း တွေ့ရသည်။ 
နောက်ဆုံးတွင် မာလာခိအနဂတ္တိကျမ်းထဲ၌ဖော်ပြသည့်အတိုင်း ဘု ရားသခင်ကို ငြင်းဆန်ပြီး အနာအဆာမပါသောအကောင်များအားဖြင့် ပူဇော် ခြင်းမပြုဘဲ မသင့်တော် သောအကောင်များယူလာကြကြောင်း တွေ့ရသည်။ သူတို့ပြုသောအမှုကိုကြည့်ပြီး လက်ခံပေးရန် သူတို့၏ယဇ်ပရောဟိတ်များ ကိုတောင်းဆိုကြသည်။ ဘုရားသခင်၏ပညတ်တော်အတိုင်း ပူဇော်ခြင်းအ မှုကို ဆောင်ရွက်ရန် ကြိုးစားအားထုတ်ပြီး ပြောင်းလဲစေခဲ့သည်။
ဓမ္မာဟောင်းအချိန်၌လည်း ဣသရေလလူမျိုးများသည် ဘုရားသ ခင်၏ပညတ်တော်တို့ကို ပြည့်စုံစွာမစောင့်ထိန်းနိုင်ခဲ့ကြချေ။ ပူဇော်ခြင်း လုပ်ငန်း၏အဓိကဆောင်ရွက်လိုသောကယ်တင်ခြင်းအမှုကို မေ့လျော့ပြီး လျစ်လျူရှုခဲ့ကြသည်။ထို့ကြောင့်ဘုရားသခင်သည် ထိုပူဇော်ခြင်းအမှု ဆောင် ရွက်ပုံကို ပြောင်းလဲစေခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်ဖော်ပြသည်မှာ “ဣ သရေလအမျိုးသားနှင့် ယုဒအမျိုးသားတို့၌ အသစ်သောပဋိညာဉ်တရားကို ငါထားမည်” ဟူ၍ ဖြစ်သည်။
ယေရမိ ၃၁း ၃၁-၃၄ ကို ကြည့်ကြပါစို့။ “ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးအနွယ်၊ ယုဒအမျိုးအနွယ်တို့နှင့် ပဋိညာဉ်သစ်ဖွဲ့မည့်နေ့ရက် ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏”
အသစ်သော ပဋိညာဉ်ကိုငါဖွဲ့မည်ဟု ဘုရားသခင်မိန့်တော်မူခဲ့ သည်။ပဋိညာဉ်သစ်ကိုဣသရေလမျိုးများနှင့် ဘုရားသခင်သည် ဖွဲ့ဆိုခဲ့သည်။ သို့သော်ဣသရေလလူမျိုး များသည် ဘုရားသခင်၏နုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ကြချေ။သို့ဖြစ်၍ ဘုရားသခင်သည် ကယ်တင်ခြင်းနှင့်ယှဉ် သော ပဋိညာဉ်တရားအသစ်ကို ထိုလူမျိုးများနှင့် ဖွဲ့ဆိုရန် စီမံခဲ့သည်။
ဘုရားသခင်ရှေ့တော်မှောက်၌ သူတို့သစ္စာကတိပြုခဲ့သော “ကိုယ် တော်၏ပညတ်တော်နှင့် နှုတ်ကပတ်တော်အတိုင်းအသက်ရှင်၍ ကိုယ်တော် သာကိုးကွယ်ရမည်” ဟူသောကတိကိုသော်၄င်း၊ ဘုရားသခင်မိန့်တော်မူ သော“ငါမှတပါးအခြားသော ဘုရားကိုမကိုးကွယ်ရ” ဟူသောပညတ်ကိုသော် ၄င်း၊ သူတို့သစ္စာကတိပြုခဲ့သော “ကိုယ်မှတပါး အခြားသော ဘုရားငါတို့၌မရှိ၊ အခြားသောဘုရားကိုမကိုးကွယ်ရ။ကိုယ်တော်သာလျှင်ငါတို့၏ဘုရား အခြား သောဘုရားမရှိနိုင်” ဟူသောသူတို့၏ကတိသစ္စာကို မစောင့်ထိန်းနိုင်ဘဲ ပျက်စီးစေကြသည်။
ပညတ်တရား၏အချုပ်အချာသည် ပညတ်တော်ဆယ်ပါးထဲမှဖော် ပြထားသော “ငါမှတပါးအခြားသောဘုရားမကိုးကွယ်ရ။ အထက်မိုဃ်း ကောင်းကင်နှင့် မြေကြီးအောက်အရပ်၊ မြေကြီးအောက်ရေထဲရှိသော အရာ နှင့်ပုံသဏ္ဍာန်တူအောင် ရုပ်တု၊ ဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ် မပြုနှင့်။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာအောက်မေ့လော့။ ထာဝရဘုရား၏ နာမတရားတော်ကိုမုသာနှင့်ဆိုင်၍မမြွက်မဆိုနှင့်။ မိဘကိုရိုသေစွာပြု လော့။ လူ့အသက်ကိုမသတ်နှင့်။သူ့မယားကိုမပြစ်မှားနှင့်။သူ့ဥစ္စာကိုမခိုးနှင့်။ ကိုယ် နှင့်စပ်ဆိုင်သောသူတစ်ဘက်၌ မမှန်သောသက်သေကိုမခံနှင့်။ ကိုယ်နှင့်စပ် ဆိုင်သူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိနှင့်”ဟူသော အချက်များဖြစ် သည် (ထွက် ၂၀)။
အသေးစိတ်ဖော်ပြသော ကျင့်ဆောင်ရမည့် အခြားပညတ်တော် (၆၁၃)ခုလည်း ရှိသေးသည်။“သမီးများအတွက်မလုပ်ရသော ပညတ်ချက်များ၊ သားများအတွက်မလုပ်ရသောပညတ်ချက်များနှင့် မိထွေးအတွက်မလုပ်ရ မည့် အချက်များ ...”ပညတ်တော်သည် ကောင်းသောအရာများသာပြုရန်နှင့် မကောင်းသောအရာများကိုရှောင်ရန် ပေးထားသောပညတ်တော်ဖြစ်သည်။ ထိုအရာများသည် ပညတ်တော်ဆယ်ပါးနှင့်အသေးစိတ်ဖော်ပြထားသော (၆၁၃)ခုရှိသော ပညတ်တရားများဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဤပညတ်တရားအားလုံးလိုက်နိုင်သောသူ လူသားထဲတွင် တစ်ယောက်မျှမရှိနိုင်။ ထိုသို့ဖြင့် ဘုရားသခင်သည် သူတို့၏ အပြစ်ဒုစရိုက်မှကယ်တင်ရန် အခြားသောနည်းလမ်းကို ဆောင်ရွက်ပေး သည်။
ယဇ်ပရောဟိတ်အရာသည် မည်သည့်အချိန်၌ ပြောင်းလဲခဲ့သနည်း၊ ယေရှုလူ့ဇာတိခံယူပြီး ဤလောကသို့ဆင်းသက်လာခြင်းဖြင့် ယဇ်ပရော ဟိတ်အရာပြောင်းလဲခဲ့သည်။ အာရုန်မှ ယဇ်ပရောဟိတ်များဆောင်ရွက်ခဲ့ သောလုပ်ငန်းမှန်သမျှကိုယေရှုကဆောင်ရွက် ပေးခဲ့ခြင်းဖြင့် ယဇ်ပရောဟိတ် အရာကိုယေရှု၌အပြည့်အဝပြောင်းလဲသွားသည်။ လေဝိအမျိုးများဆောင် ရွက်ခဲ့သောသန့်ရှင်းသောတဲတော်၌ ဆောင်ရွက်လေ့ရှိသော ယဇ်ပူဇော် ခြင်းအားလုံးကိုဖယ်ရှားခဲ့သည်။ သူ(ယေရှု) ကသာကောင်းကင်နှင့်ဆိုင်သော ယဇ်ပရော ဟိတ်၏လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ယေရှုဤလောကသို့ကြွဆင်းရာတွင် အာရုန်၏မျိုးစဉ်၊ မျိုးဆက်မှ ဆင်းသက်လာသည်မဟုတ် ယုဒအမျိုး၊ရှင်ဘုရင်အမျိုးအနွယ်မှ ဆင်းသက် မွေးဖွားလာခဲ့သည်။ ရေ၌ဗတ္တိဇံခံယူခြင်းနှင့်လက်ဝါးကားတိုင်ပေါ်၌ အသွေး တော်မြတ် သွန်းလောင်းခြင်းအားဖြင့် ယဇ်ပူဇော်ခြင်းအမှုကို သူကိုယ်တိုင် ဆောင်ရွက်ခဲ့ပြီး၊ လူသားအားလုံး၏အပြစ်ကို ခွင့်လွှတ် လိုက်သည်။ 
သူကိုယ်တိုင်ဆက်သပူဇော်ခြင်းအားဖြင့်အပြစ်ဖြေရှင်းရသောနည်း လမ်းကိုဆောင်ရွက်ပေးသည်။အသွေးတော်မြတ်သွန်းလောင်းခြင်းနှင့်ဗတ္တိဇံခံယူခြင်းတည်းဟူသော မိမိကိုယ်ခန္ဓာကိုယ် ပူဇော်ခြင်းအားဖြင့် လူသားအား လုံး၏အပြစ်များကို ဆေးကြောပေးသည်။ တစ်ခါတည်းပူဇော်ခြင်းဖြင့် အပြစ် အတွက် ပူဇော်ခြင်းကိုထာဝရအတွက် ဆောင်ရွက်ပေးသည်။ 
 

ယဇ်ပရောဟိတ်အရာပြောင်းလဲသည်နှင့်အမျှ ပညတ်တရား၌လည်း အပြောင်းအလဲရှိသည်။    

ကယ်တင်ခြင်းအတွက် ပညတ်တရား၌ ပြောင်းလဲသောအရာကား အဘယ်အရာနည်း။
ထာဝရအတွက် ခရစ်တော်၏ပူဇော်သောအမှုဖြစ်သည်

ချစ်သောညီအစ်ကိုတို့ဓမ္မဟောင်း၌ ယဇ်ပရောဟိတ်အရာသည် ဓမ္မ သစ်ယဇ်ပရော ဟိတ်အရာသို့ ပြောင်းလဲသွားသည်။ ဓမ္မဟောင်းအချိန်တွင် ပြုခဲ့ဘူးသော အပြစ်ဒုစရိုက်အတွက် ခွင့်လွှတ်ခြင်းရရှိရန် ယဇ်ပူဇော်ခြင်းအ မှုကို ဣသရေလလူမျိုးများအတွက်အာရုန်မှ ဆင်းသက်လာသော လေဝိအ မျိုးယဇ်ပရောဟိတ်များမှ ဆောင်ရွက်တတ်ကြသည်။ ယဇ်ပရောဟိတ်မင်း သည် တဲတော်၏သန့်ရှင်းဆုံးဌာနသို့ဝင်ရသည်။ ပူဇော်သော အကောင်၏အ သွေးကိုယူကာ (mercy seat) ခေါ်ပဋိညာဉ်သေတ္တာရှေ့တွင် ယူသွားရသည်။ ထို အသန့်ရှင်းဌာနတွင် ယဇ်ပရောဟိတ်သာလျှင် ဝင်ရသောအခွင့်ရှိသည်။
သို့သော်ယေရှုကြွလာသောနောက်ပိုင်းတွင် အာရုန်၏ ယဇ်ပရော ဟိတ်အရာသည် ယေရှုအပေါ်သို့ပြောင်းလဲသွားသည်။ ထာဝရယဇ်ပရော ဟိတ်အရာကို ယေရှုကဆောင်သွားသည်။ မိမိကိုယ်ကိုပူဇော်ဆက်သ ခြင်းဖြင့် ထာဝရပရောဟိတ်အရာကို ဆောင်ယူသွားပြီး လူသားအားလုံးအ ပြစ်မှကယ်တင်ခြင်းကို ဆောင်ရွက်ပေးသည်။
ဓမ္မဟောင်းအချိန်တွင် ယဇ်ပရောဟိတ်သည် လူများအပြစ်ဖြေ လွှတ်ခြင်းအတွက် ပူဇော်ခြင်းအမှုကို မဆောင်ရွက်မီ ပူဇော်သောအကောင် ၏ခေါင်းပေါ်တွင် လက်ကိုတင်ကာ မိမိအပြစ်များအတွက်ပထမဦးဆုံး ဆက် သပူဇော်ခြင်းကို ဆောင်ရွက်ရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပူဇော်သော အကောင်၏ ဦးခေါင်းပေါ်တွင် လက်တင်ကား “ကိုယ်တော်အ ကျွန်ုပ်အပြစ် သားဖြစ်ပါ၏”ဟုဆိုပြီးအပြစ်လွှတ်ခြင်းအတွက်ဆုတောင်းရသည်။ထို့နောက် အကောင်ကိုသတ်ပြီး အသွေးကိုယူသွားကာ အပြစ်ဖြေလွှတ်ခြင်းအတွက် ပဋိညာဉ်သေ တ္တာရှေ့တွင် ခုနှစ်ခါဖျန်းလိုက်သည်။ 
အကယ်၍ ယဇ်ပရောဟိတ်အာရုန်ကိုယ်တိုင် အားနည်း၍မ ထိုက်တန်ပါက ပရိတ်သတ်များလည်း အဘယ်မျှလောက်အားနည်းကြသည် ကို စဉ်းစားသုံးသပ်၍ရသည်။ လေဝိ၏သား၊ ယဇ်ပရောဟိတ်မင်းကြီးအာ ရုန်ကိုယ်တိုင်အပြစ်ရှိသောကြောင့်သူကိုယ်တိုင်နှင့်သူ၏မိသားစုတွင် ပူဇော် ခြင်းကိုအဦးဆုံးဆောင်ရွက်ရသည်။
ယေရမိအခန်းကြီး ၃၁တွင် “ပဋိညာဉ်ကို ငါဖျက်မည်။ သင်တို့နှင့် အတူငါပဋိညာဉ်ကိုဖွဲ့ပြီ။ သို့သော် သင်တို့သည်လိုက်မကျင့်ကြ။ သို့ဖြစ်၍ သင်တို့ကိုမသန့်ရှင်းစေနိုင်သောပဋိညာဉ်ကို ပယ်ဖျက်၍ သင်တို့၏ကယ် တင်ခြင်းအတွက် အသစ်သောပဋိညာဉ်ကိုငါဖွဲ့မည်။ ပညတ်တရားအားဖြင့် သင်တို့ကိုငါမကယ်တင်ရ။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ပူဇော်သောအမှုဖြင့် သာ ဆောင်ရွက်ပေးသည်။
ဘုရားသခင်သည်ကျွန်ုပ်တို့အား အသစ်သောပဋိညာဉ်ကိုပေးလိုက် သည်။ကာလအချိန်စေ့သောအခါ ယေရှုသည် လူသား၏ပုံသဏ္ဍာန်ကိုဆောင် ပြီးဤလောကသို့ကြွလာကာ၊ ယုံကြည်သူတိုင်းကယ်တင်ခြင်းသို့ ရောက်မည် ဖြစ်ကြောင်း လက်ဝါးကားတိုင်ပေါ်တွင် အသွေးတော်မြတ်သွန်းလောင်းကာ လောကီသားများ၏ အပြစ်အားလုံးကိုဆေးကြောပေးလိုက်သည်။ သူ၏ ဗတ္တိဇံ(အသေခံ)ခြင်းဖြင့်လူသားအားလုံး၏အပြစ်ကို ဆေးကြောလိုက်သည်။
ဘုရားသခင်၏ ပညတ်တော်ကိုပယ်ရှား၍ အစားထူးပေးထားခဲ့ သည်။ဣသရေလလူမျိုးများသည် ဘုရားသခင်၏ပညတ်တရားကို လိုက်ကျင့် ၍ အသက်ရှင်နိုင်ပါက ကယ်တင်ခြင်းရမည်သာဖြစ်သော်လည်း လိုက်မ ကျင့်နိုင်ကြပေ။ “သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အ ကြောင်းကိုသိရှိရုံမျှသာဖြစ်၏” (ရော ၃း၂၀)။
ဣသရေလလူမျိုးများသည်အပြစ်သားများဖြစ်ကြကြောင်း နှင့်ပ ညတ်တရားသည် သူတို့ကို မကယ်တင်နိုင်ကြောင်း ကောင်းစွာသိရှိနားလည် ရန် ဘုရားသခင်သည် အလိုဆန္ဒရှိ သည်။ သူတို့၏ အကျင့်အားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့်ရေ၌ဗတ္တိဇံ (အသေခံ)ခြင်းဖြင့် ကယ်တင်ခြင်းကို ဆောင် ရွက်ပေးသည်။ ဘုရားသခင်၏အဆုံးမဲ့မေတ္တာအားဖြင့် အသစ် သောပဋိညာဉ် ကိုဖွဲ့ပေးလိုက်ပြီး ယေရှု၏အသွေးတော်နှင့် ဗတ္တိဇံ (အသေခံ) ခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို ဆေးကြောကယ်တင်လိုက်သည်။
ယေရှု၏အသွေးတော်သွန်းခြင်းနှင့် ဗတ္တိဇံခံခြင်း၏ အနုတ်အ ဓိပ္ပါယ်ကိုမသိဘဲ ယုံကြည်လိုက်ပါက သင်၏ယုံကြည်ခြင်းသည် အကျိုးမရှိ သော ယုံကြည်ခြင်းသာဖြစ်သည်။ ထိုသို့ပြုမိပါက ယေရှုကိုလုံးဝမယုံကြည် သော အသက်တာထက်သင်သည်သာ၍ ဆိုးသောသူ ဖြစ်သည်။
ဘုရားသခင်သည် လူသားများကို ကယ်တင်ဘို့ရန် အသစ်သော ပဋိ ညာဉ်တရားများကိုကျင့်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်သည်မဟုတ် သန့်ရှင်းသောပညတ်တရားတည်းဟူသော အသွေးတော်မြတ်နှင့် ရေအားဖြင့် ဆောင်ရွက်သော ကယ်တင်ခြင်းအမှုအားဖြင့်သာ ကယ်တင်ခြင်းသို့ရောက် ရသည်။
ဤအရာသည် ဘုရားသခင်၏ထာဝရကတိတော်ဖြစ်ကာ ယေရှုကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရမည့်အကြောင်း ကတိတော်ကိုပြည့်စုံစေခဲ့ သည်။ ထိုသို့ဖြင့် ယေရှုကိုကြီးမြတ်ကြောင်းကို ကျွန်ုပ်တို့အားဖော်ပြတော် မူသည်။ ထို့ပင် ဓမ္မဟောင်းယဇ်ပရောဟိတ်အရာကိုဆောင်ရွက်သော အာရုန် နှင့်လည်းနှိုင်းယှဉ်ကာ ယေရှု၏ကြီးမြတ်တော်မူကြောင်း ကိုဖော်ပြခဲ့သည်။
ကျွန်ုပ်တို့သည် ယေရှု၏အသွေးတော်မြတ်နှင့် ရေအားဖြင့်ဆောင် ရွက်ပေးသောကယ်တင်ခြင်းကို ယုံကြည်သောအားဖြင့် အထူးပုဂ္ဂိုလ်များဖြစ် လာရသည်။ ဤအချက်ကို သေချာစွာ စဉ်းစားဆင်ခြင်ကြည့်ပါက သင်၏ အသင်းအုပ်ဆရာသည် မည်မျှလောက် အပြောကောင်းသောသူဖြစ်စေကာမူ ယေရှုထက်ကြီးမြတ်သောသူ ဖြစ်နိုင်မည်လော။ ဖြစ်နိုင် ရန်နည်းလမ်းမရှိပါ။ ပညတ်တရားကို လိုက်ကျင့်ခြင်းအားဖြင့် မဟုတ်ဘဲ၊ အသွေးတော်မြတ်နှင့် ရေအားဖြင့်ဆောင်ရွက်ပေးသော ကယ်တင်ခြင်းသတင်းကောင်းအားဖြင့်သာ ကျွန်ုပ်တို့ ကယ်တင်ခြင်းသို့ ရောက်ရသည်။ အကြောင်းမှာ ယဇ်ပရောဟိတ် အရာကိုပြောင်းလဲ၍၊ ကယ်တင်ခြင်းပညတ်တရားကိုလည်း ပြောင်းလဲသွား သော ကြောင့်ဖြစ်သည်။
 

ကြီးမြတ်တော်မူသော ဘုရားသခင်၏မေတ္တာတော်

ဘုရားသခင်၏ မေတ္တာနှင့် ဘုရားသခင်၏ ပညတ်တရားတို့တွင် ဘယ်အရာသည်သာ၍ ကြီးမြတ်တော်မူသနည်း။

ဘုရားသခင်၏ မေတ္တာတော်

ယေရှုကိုယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းသို့ရောက်နိုင် သည်။ ဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ်တို့အတွက် အဘယ်မျှ လောက်ကြီးမြတ်တော်မူသည်ကို၄င်း၊ယေရှုသည်ကျွန်ုပ်တို့အားမည်သို့ကယ် တင်တော်မူခဲ့သည် ၄င်းစဉ်းစားကြည့်ပါ။ ဘုရားသခင်၏ ကြီးမြတ်တော် မူသော မေတ္တာတော်ကိုယုံကြည်ခြင်းနှင့် ပညတ်တရားများကို ယုံကြည်ခြင်း တို့၏ကွာခြားချက်ကား အဘယ်နည်း။
အချို့သောသူများ၏အသက်တွင် ဘုရားသခင်၏ခံယူချက်ကသာ သူတို့အသက်တာ ကိုအုပ်စိုးကြသည်။ မည်သို့ပင်ဖြစ်စေကာမူ စစ်မှန်သော ဝိညာဉ်ရေးရာအတွက် ယေရှုကို ယုံကြည်ခြင်းသည် ဝိညာဉ်တော်နှင့်ရေ အားဖြင့်ဆောင်ရွက်ခဲ့သောကြီးမြတ်တော်မူသောကယ်တင်ခြင်းကို ယုံကြည် ခြင်းပေါ်ထွက်လာသည်။
ယနေ့များစွာသောခရစ်ယာန်များသည်ပြောဆိုတတ်ကြသောအရာ မှာ အာဒံမှဆင်းသက်လာသော အမွေခံအပြစ်ကို ဘုရားသခင်ခွင့်လွှတ်ပြီ။ သို့သော် နေ့စဉ်ပြုမှားသော ဒုစရိုက်အပြစ်များအတွက် နောင်တရရမည်။ ထိုသို့အားဖြင့် ဓမ္မာဟောင်းပညတ်တရားများအတိုင်းအသက်ရှင်ရန် ကြိုး စားဆောင်ရွက်ကြသည်။ သို့သော် ဝိညာဉ်တော်နှင့်ရေအားဖြင့် ယေရှုဆောင် ရွက်ပေးခဲ့သောကယ်တင်ခြင်း၏ကြီးမြတ်တော်မူခြင်းကိုမေ့လျော့တတ် ကြ သည်။
ဓမ္မဟောင်းအချိန် ဣသရေလလူမျိုးများသည်လည်း ပညတ်တရား ကျင့်ပြီး အသက်ရှင်ခဲ့ကြသော်လည်း ကယ်တင်ခြင်းသို့မရောက်နိုင်ခဲ့ကြပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းသော အရာကိုသိတော်မူသော ကြောင့်ပညတ်တရားတို့ကိုပယ်ထားပေးလိုက်သည်။ ကျွန်ုပ်တို့၏အကုသိုလ် အကျင့်အားဖြင့်သာ ကယ်တင်ခြင်းသို့မရောက်နိုင်။ ဝိညာဉ် တော်နှင့် ရေအားဖြင့်ဆောင်ရွက်ပေးသော သတင်းကောင်းအားဖြင့်သာ ကယ်တင် ခြင်းသို့ရောက်နိုင်ကြောင်း ယေရှုကိုယ်တိုင်ဟောပြောခဲ့သည်။ “သင်တို့အ ပြစ်အားလုံးထဲမှ ငါကိုယ်တိုင်ကယ်တင်မည်” ဟု ယေရှုကဟောပြောခဲ့သည်။ ထိုအကြောင်းအရာကို ကမ္ဘာဦးကျမ်းထဲတွင် ဘုရားသခင်ကိုယ်တိုင် ပရော ဖက်ပြုခဲ့ကြောင်းတွေ့ရသည်။
“ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟုမိန့်တော်မူ၏(ကမ္ဘာ၃း၁၅)။ အာဒံနှင့်ဧဝသည် အပြစ်သို့ ကျဆင်းပြီးနောက် ဘုရားသခင်ရှေ့၌ သူတို့၏အပြစ်ကို ဖုံးကွယ်ရန်အတွက် သင်္ဘော၊ သဖန်းပင်အရွက်တို့ကိုချုပ်စပ်၍ ခါးစည်းကို လုပ်ကြသည်။ သို့သော် ဘုရားသခင်သည် သူတို့ကို ခေါ်၍ ကယ်တင်ခြင်းကို ပုံဆောင်သော သားရေဖြင့်ဝတ်ရုံကိုလုပ်၍ခြုံစေတော်မူသည်။ ဤအချက်၌ သားရေဖြင့် ပြုလုပ်သော ဝတ်လုံနှင့်သင်္ဘောသဖန်းပင်အရွက်တို့ဖြင့် ပြုလုပ် သောဝတ် လုံတို့တွင် အဘယ်အရာသည်သာ၍ကောင်းမည်ဟု သင်ထင်သနည်း။ မှန်ပါ သည်။လူသားကိုကယ်တင်ရန် တိရစ္ဆာန်အကောင်၏ အသက်နှင့် ပူဇော်ရယူ သော သားရေဝတ်လုံ သည် သာ၍ကောင်းပါသည်။
သင်္ဘောသဖန်းအရွက်အားဖြင့်ပြုလုပ်သောဝတ်လုံသည် တခဏအ တွင်း ခြောက်သွေ့သွားသည်။ အရွက်တို့ဖြင့်ပြုလုပ်သော ဝတ်လုံသည် လက် ချောင်းငါးချောင်းနှင့်တူသည်။ သို့ဖြစ်၍ အရွက်အားဖြင့် ဝတ်လုံပြုလုပ် ခြင်းသည် ကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့် အပြစ်ဖုံးကွယ်ချင်သော သ ဘောကိုဆိုလိုသည်။ အရွက်များအားဖြင့် အဝတ်ကိုလုပ်ပြီးဝတ်ကြည့်ပါ မ ကြာခင်ပျက်သွားပြီး အပိုင်းအစများဖြစ်သွားမည်။ ကျွန်တော်ငယ်ငယ်တုံးက အာရောပင်ရွက်ဖြင့်စစ်ဝတ်စုံကို ပြုလုပ်ပြီးကစားခဲ့ဘူးသည်။ မည်သို့ပင် ဂရုစိုက်စေကာမူ နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။ ထိုနည်းတူစွာ ပျက်စီး သွားတတ်သော ကိုယ်ခန္ဓာ၏အားဖြင့် ဘုရားသခင်ရှေ့၌ သန့်ရှင်းခြင်းကို မရရှိနိုင်။
သို့သော် အသွေးတော်မြတ်နှင့် ရေအားဖြင့်၄င်း၊ လက်ဝါးကားတိုင် ပေါ်တွင် ယေရှုအသေခံခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့်၄င်း၊ ကယ်တင်ခြင်း အမှုဆောင်ရွက်ပေးခြင်းသည် အပြစ်သားများအပေါ် ဘုရားသခင်၏ မေတ္တာ တော်မည်မျှလောက်ကြီးမြတ်တော်မူသည်ကို လုံလောက်စွာပြသတော်မူ သည်။ ထိုသို့ဖြင့် ဘုရားသခင်၏မေတ္တာတော်သည် ဘုရားသခင် ၏ပညတ် တရားထက် အလွန်ကြီးမြတ်တော်မူကြောင်းကို ပြသသည်။
 

ယခုတိုင်ဘုရားသခင်၏ပညတ်တရားအပေါ်ယုံကြည်အားထားသူများ

ပညတ်တရားအတိုင်းကျင့်သောသူများသည် အဘယ်ကြောင့်နေ့စဉ်သူတို့အကျင့်နှင့် အသစ်သောဝတ်လုံကိုပြုလုပ်ကြသနည်း
သူတို့ကျင့်သော အကျင့်အားဖြင့် ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ကြောင်းကိုမသိကြသော ကြောင့်ဖြစ်သည်။


သစ်ရွက်အားဖြင့်ဝတ်လုံပြုလုပ်သောသူများဆိုသည်မှာ ပညတ်တ ရားကိုကျင့်သောသူများကိုဆိုလိုသည်။ဤကဲ့သို့မှားယွင်းသောလမ်းညွှန်မှုကို လိုက်သွားသော ယုံကြည်သူများသည် နည်းကျသောအခြေခံဝတ်လုံပြုလုပ် နည်းသို့ ပြောင်းလဲရန်လိုသည်။ တနင်္ဂနွေနေ့ဘုရားရှိခိုးတိုင်း အသစ်သော ဝတ်လုံပြုတတ်ကြသည်။ “ချစ်သောအဖဘုရား၊ ပြီးခဲ့သောအချိန်များ၌ ကိုယ် တော်ကိုပြစ်မှားပါ၏။ သို့သော်လက်ဝါးကားတိုင်၌ အကျွန်ုပ်ကိုကယ်တင် ခဲ့ကြောင်း အကျွန်ုပ်ယုံကြည်ပါ၏။ ကိုယ်တော်လက်ဝါးကားတိုင်ပေါ်၌ သွန်း လောင်းတော်မူသောအသွေးတော်အားဖြင့်အကျွန်ုပ်အပြစ်များကိုဆေးကြော တော်မူပါ။”ထိုသို့ဖြင့် အသစ်သောဝတ်လုံကို ချုပ်ဝတ်လိုက်ကြပြီ။ “အို၊ ကိုယ် တော်ဘုရား ဟာလေလုယ။”
သို့သော် အိမ်ရောက်သောအခါ အခြားသောဝတ်လုံများကိုပြု လုပ်ပြီးဝတ်လိုက်ကြပြန်ပြီ။ အဘယ်ကြောင့်နည်း။ သူတို့လုပ်ခဲ့သော ဝတ်လုံ သည်ပျက်စီးသွားသောကြောင့် ဖြစ်သည်။ “ချစ်လှစွာသော အဖဘုရားပြီး ခဲ့သောသုံးရက်လောက်မှာ ကိုယ်တော်ကိုပြစ်မှားပါ၏။ ကိုယ်တော်ခွင့် လွှတ်တော်မူပါ။” ထိုသို့အားဖြင့် နောင်တရကြကာ သစ်ရွက်အားဖြင့် အသစ် သောဝတ်လုံကို အခါခါပြုလုပ်တတ်ကြသည်။
အစပိုင်းတွင် သူတို့ပြုလုပ်သော သစ်ရွက်ဝတ်လုံသည် ရက်အနည်း ငယ်ခံနိုင်သော်လည်း သစ်ရွက်ဖြင့်ပြုလုပ်သောဝတ်လုံဖြစ်သောကြောင့် နောက်ပိုင်းတွင်နေ့စဉ်ပြုလုပ်ရန် လိုအပ်သည်။ ဘုရားသခင်၏ ပညတ်တရား အတိုင်း အသက်မရှင်နိုင်ကြသောအခါ သူတို့အသက်တာတွင် ရှက်ကြောက် ခြင်းဝင်လာတော့သည်။ “အို၊ ဤအရာသည် ရှုပ်ထွေးသော အရာဖြစ်သည်။ အို- ကိုယ်တော်၊ အို နောက်တစ်ခါပြစ်မှားပါ၏။” သို့ဖြစ်၍ နောက်တစ်ခါ နောင်တနှင့်အသစ်သောဝတ်လုံပြုလုပ်ရန်လိုအပ်လာသည်။”အို- ကိုယ်တော် ယနေ့ သင်္ဘောသဖန်းပင်အားဖြင့် ဝတ်လုံပြုလုပ်ရန် အလွန်ခက်ခဲလှပါ၏။}} ဤကဲ့သို့သောအားဖြင့် သူတို့အတွက်အခါခါ အသစ်သောဝတ်လုံကိုပြု လုပ်ကြသည်။
ထိုကဲ့သို့သောသူများ၏ ဆုတောင်းခြင်းသည် အပြစ်ဝန်ချတောင်း ပန်ခြင်းသက်သက်ဖြစ်သည်။ “မိမိနှုတ်ခမ်းကို ကိုက်လျက်၊ ဘုရားသခင် ကိုခေါ်ကာ အဖဘုရား” နေ့စဉ် အသစ်သောဝတ်လုံကိုလုပ်တတ်ကြသည်။ သို့ဖြစ်၍ ပင်ပန်းလာကြသောအခါ မည်သို့ ဖြစ်တတ်ကြသနည်း။
တစ်နှစ်တစ်ကြိမ်(သို့) နှစ်ကြိမ်တောင်ပေါ်တက်ပြီး အစာရှောင်ဆု တောင်းတတ်ကြသည်။ အားယူ၍သာ၍ခက်ခဲသော ဝတ်လုံကိုဝတ်နိုင်ရန် ကြိုးစားကြသည်။” ကိုယ်တော် အကျွန်ုပ်အပြစ်ကိုဆေးကြောတော်မူပါ။ အ ကျွန်ုပ်ကိုလူသစ်ဖြစ်စေတော်မူပါ။ ကိုယ်တော်ကိုယုံကြည်ပါ၏။” ညအချိန်၌ ဆုတောင်းခြင်းသည်သာ၍ ကောင်းသည်ဟု ယူဆကြသည်။ နေ့အချိန်၌ အ နားယူကြကာ မိုးချုပ်လာသောအခါ မိမိခွန်အားနှင့် သစ်ပင်ပေါ်၌မိမိကိုယ် ကိုယ်ဆွဲချလျက်သော်၄င်း၊ မဲမှောင်နေသောဂူထဲသို့သွား၍သော်၄င်း၊ ဘုရား သခင်ကိုခေါ် တတ်ကြသည်။ “ကိုယ်တော်ယုံကြည်ပါ၏။” “နောင်တရလျှက် ကြေမွသောနှလုံးသားနှင့် ပြည့်စုံစေတော်မူပါ”ကျယ်လောင်သောအသံနှင့် “ကိုယ်တော်ကို ယုံကြည်ပါ၏”ဟုဆို တတ်ကြသည်။ ဤနည်းအားဖြင့် ဝတ် လုံကိုလုပ်ပြီး သူတို့၏ဆန္ဒဖြည့်စည်းရန်မျှော်လင့်ကြသော်လည်း ထိုကဲ့သို့မ ဖြစ်နိုင်ကြချေ။
ဆုတောင်းသောတောင်ပေါ်မှ ဆင်းလာကြသော ကျန်းမာသန်စွမ်း ပြီး ပျော်ရွှင်လာကြသည်။ လေကောင်းလေသန့်ကို ရှုရှိုက်သကဲ့သို့၄င်း၊ သစ် ပင်၊ပန်းပင်များရေလောင်း သကဲ့သို့၄င်း၊ တန်ခိုးကြီးသောကျေးဇူးတော် ကြောင့်ငြိမ်သက်ခြင်းကိုခံစားတတ်ကြသည်။ ဝိညာဉ်တော်ထံမှ သန့်ရှင်း သောခံစားချက်မျိုးမဟုတ်ဘဲဆုတောင်းခြင်း၏လွှမ်းမိုးမှုခံစား ချက်များသာ ဖြစ်သောကြောင့် သူတို့အသစ်ပြုလုပ်သော ဝတ်လုံသည်လောက၏စိုးရိမ် မှုနှင့် မကြာခင်ရင်ဆိုင်လာကြလေသည်။
ထိုသို့ဖြင့်သူတို့ဘုရားကျောင်းနှင့် အိမ်တို့တွင် အမြန်ဆုံးပြေးသွား ကြပြီး ပျက်စီးညစ်ပတ်သော သစ်ရွက်ဝတ်လုံကြီးကို အသစ်ပြန်ပြီးပြုလုပ်ရန် သော်၄င်း၊ သန့်ရှင်းစဉ်ကြယ် စေရန်သော်၄င်း၊ ကြိုးစားလုပ်တတ်ကြသည်။
သူတို့မိတ်ဆွေများကလည်း “ခင်ဗျားဘယ်ကို ထွက်သွားသလဲ” ဆိုပြီးမေးကြသည်။
“ဟုတ်ကဲ့၊တခဏအပြင်ထွက်သွားတာပါ” ဆိုပြီး၊ သူတို့မိတ်ဆွေက လည်း -
“ခင်ဗျားကိုကြည့်ရတာ စိတ်ထဲအမှုကြီးတစ်ခုခံစားသလိုပဲ”
“အင်းဟုတ်ပါတယ်။သို့သော်အခြားကိစ္စပါ”ဆိုပြီးဖြေတတ်ကြ သည်။
သူတို့၏အစာရှောင်ဆုတောင်းခြင်းကိုလည်း တစ်ခါမှမဖော်ပြကြ ဘုရားရှစ်ခိုးကျောင်းသွားပြီး ဆုတောင်းလိုက်ကြသည်။ “ငါမိန်းမအပေါ်တပ် မက်စိတ်မထားတော့ဘူး။ မုသားလည်းမပြောတော့ဘူး။ အိမ်နီးချင်းဥစ္စာ ကိုလည်း မတပ်မက်မမက်မောတော့ဘူး။ လူသားတိုင်းကို ချစ်တော့မည်” ဟုဆိုတတ်ကြသည်။
သို့သော် ကိုယ်လုံးလှပ၍ ရုပ်ရည်ချောမောသောမိန်းကလေးများ ကိုမြင်လိုက်သောခဏချင်းတွင် သန့်ရှင်းစင်ကြယ်အောင်ထားသော သူတို့၏ စိတ်နှလုံးသည်စင်ကြယ်သောတပ်မက်ခြင်းသို့ ပြောင်းလဲသွားသည်။ “ကြည့် လိုက်စမ်း၊ ဟိုမှာသူထမီလေးက တိုလိုက်တာ၊ ထမီကိုလည်းတိုတိုလေးနဲ့ ဝတ်ကြတယ်။ သူတို့ခြေသလုံးလေးကို ပြန်မြင်ချင်လိုက်တာ။” သို့သော် ချက်ခြင်းသတိရလာပြီး “မဟုတ်သေးဘူး အို ၊ ကိုယ်တော်...၊ ကိုယ်တော်ကို ပြစ်မှား ပါပြီ” ဆိုပြီး ဘုရားသခင်ကို ပြန်ခေါ်တတ်ကြသည်။
ပညတ်တရားလိုက်ကျင့်သောသူများသည် ဘုရားဝတ်၌မွေ့လျော် သောသူကဲ့သို့ ထင်ရှားတတ်ကြသော်လည်း မိမိအတွက်နေ့စဉ် ဝတ်လုံကိုပြု လုပ်သောသူများသာ ဖြစ်ကြသည်။ ပညတ်တရားကို အားကိုးသောသူ များသည် မှားယွင်းသောသွန်သင်မှုကိုလိုက်သော သင်္ဘောသဖန်းပင်အရွက် တို့ဖြင့် ဝတ်လုံကိုပြုလုပ်သောသူများဖြစ်သည်။ များစွာသောသူများ သည် ပညတ်တရားကို လိုက်ကျင့်ခြင်းဖြင့် ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်ရန် ခက်ခဲစွာကြိုးစားအသက်ရှင်ကြသည်။ ဆုတောင်းတောင်ပေါ်တွင် စိတ်နှလုံး နှိမ့်ချဖွင့်ဟလျက် ဘုရားဝတ်၌မွေ့လျော်သောအသံပမာနှုတ်ကို ဖွင့်လျက်ဆု တောင်းတတ်ကြသည်။
ကိုယ်ကျင့်တရားကိုအားကိုးသောသူများသည် ချော့မော့ဆွဲဆောင် သောအမူအရာနှင့် ဘုရားကျောင်း၌ဆုတောင်းအဖွဲ့ကိုလည်း ဦးဆောင်တတ် ကြသည်။ “သန့်ရှင်းတော်မူသော ကောင်းကင်ဘုန်းရှင်အဖ လွန်ခဲ့သောအပါ တ်၌ ကိုယ်တော်ကိုပြစ်မှားပါ၏။ ကျွန်ုပ်တို့ အပြစ်ကိုခွင့်လွှတ်တော်မူပါ...” နှလုံးကြေကွဲဟန်ပြုပြီး မျက်ရည်ကျစေကြကာပရိတ်သတ် များကိုညီလျှော် စွာဦးဆောင်တတ်ကြသည်။မိမိကိုယ်ကိုမိမိ “ဘုရားသခင်အတွက် အချိန်များ များပေးကာ အစာရှောင်ဆုတောင်းတတ်သောသူ ဘုရားဝတ်၌မွေ့လျှော်ပြီး ဘုရားသခင်အတွက် သစ္စာရှိသောသူ” ဟုထင်တတ်ကြသည်။ သို့သော် ကိုယ် ကျင့်တရားမှသာကိုးစားသောသူများဖြစ်ကြသောကြောင့် ဆုတောင်းခြင်းအ ဆုံးမသတ်ခင်မှာပင် သူတို့၏စိတ်နှလုံး သည် ထောင်လွှားစော်ကားခြင်းနှင့် ပြည့်ကြသည်။
ထိုကဲ့သို့ သစ်ရွက်မျှဖြင့် ဝတ်လုံပြုလုပ်တတ်သောသူသည် နှစ်လ (သို့)သုံးလလောက်သာခံနိုင်ကြသည်။မကြာခင်သူတို့၏ဝတ်လုံသည်ဟောင်း နွမ်းပျက်စီးပြီး နောက်ဆုံးတွင် သူတို့၏ကောက်ကျစ်ဆင်းလဲသော စိတ်နှင့် အသက်တာထင်ရှားလာတော့သည်။ ကယ်တင်ခြင်းရရန် ကိုယ်ကျင့်တရားကို အားကိုးပြီးအသက်ရှင်သောသူများ၏ အသက်တာသည် ဤကဲ့သို့ဖြစ်သည်။ သစ်ရွက်အားဖြင့်ဝတ်လုံကို လုပ်ပြီးဆက်လက်အသက်ရှင်ကြသည်။
ကိုယ်ကျင့်တရားအားကိုးသော အသက်တာသည် သစ်ရွက်ဖြင့်ဝတ် လုံလုပ်သောအသက်တာဖြစ်သည်။ “လွန်ခဲ့သောအပါတ်၌ အပြစ်လုပ်ခဲ့သည် မဟုတ်လား၊ အပြစ်အတွက် နောင်တရပါ။”ဆိုပြီးပြောတတ်ကြသည်။
ကျယ်လောင်သောအသံနှင့်အော်ဟစ်ပြီး “နောင်တရပါ၊ ဆုတောင်း ပါ”ဟုပြောတတ်ကြသည်။ကိုယ်ကျင့်တရားအားကိုးသောသူများသည် နှုတ် ချို ၍သန့်ရှင်းသောစကား များကိုပြောဆိုတတ်ကြသည်။
“ကိုယ်တော်၊ အကျွန်ုပ်ဝမ်းနည်းပါ၏။ပညတ်တရားအတိုင်းမကျင့် နိုင်ခဲ့ပါ။ ကိုယ်တော်၏ပညတ်တရားကိုမစောင့်နိုင်ခဲ့ပါ။ ခွင့်လွှတ်တော်မူပါ။ ဒီတစ်ခါခွင့်လွှတ်တော်မူပါ။”
ခွန်အားရှိသမျှနှင့် ကြိုးစားကြသော်လည်း မကျင့်နိုင်ကြပေ။ အမှန် စင်စစ်သူတို့သည် ပညတ်တရားသော်၄င်း၊ ဘုရားသခင်ကိုယ်တိုင်သော်၄င်း၊ စိန်ခေါ်ကြသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ထောင်လွှားစော်ကား သောသူဖြစ်သည်။


Chudal Bae ကဲ့သို့
 
ဘုရားသခင်သည် ပညတ်တရား များကိုအဘယ်ကြောင့်ပယ်ထားရသနည်း
ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အသုံးပြု၍  မရသောကြောင့်ဖြစ်သည်


Chudal Bae အမည်ရှိသော လူငယ်လေးတစ်ယောက်ရှိခဲ့သည်။ ထိုအချိန်သည်၁၉၅၀ခုနှစ်၊ကိုးရီးယားစစ်ဖြစ်နေသောအချိန်ဖြစ်သည်။ကွန်မြူ နစ်စစ်သားများလာပြီး ကိုင်းရှိုင်းစွာကျင့်ဆောင်ခဲ့သောသူ၏ ဘာသာရေးကို ဖျက်ဆီးရန်နှင့် ကွန်မြူနစ်ဝါဒသို့သွင်းရန်သူစောင့်သောဥပုဒ်နေ့တွင် ဥယျာဉ် ခြံကိုတံမြက်စည်းလှည်းရန် အမိန့်ပေးကြသည်။ သို့သော် ဘာသာရေး ကိုင်းရှိုင်းသောလူငယ်လေးက နာခံမှုနရှိဘဲငြင်းဆန်ခဲ့သည်။ ထပ်၍ အမိန့် ပေးသော်လည်း လူငယ်လေးကငြင်းဆန်လိုက်သည်။
နောက်ဆုံးတွင် စစ်သားများက ကြိုးဖြင့်ချည်နှောင်ပြီး သစ်ပင်ပေါ် တွင် ချည်ထားကာ သေနတ်ဖြင့်ချိန်ထားပြီး ပစ်ဟန်ပြုကာ တံမြက်စည်း လှဲမလား (သို့) အသတ်ခံမယ်လား၊ ဟုခြိမ်းခြောက်ပြီးမေးကြသည်။
ထိုကဲ့သို့ဆုံးဖြတ်ချက်ချခိုင်းသောအခါ“သန့်ရှင်းသောဥပုဒ်နေ့၌မပြု သင့်သောအရာလုပ်သည်ထက် သေခြင်းကိုသာငါရွေးလိုက်သည်}} ဟုလူငယ် လေးကပြောလိုက်သည်။
“သင်ရွေးချယ်မှုအပေါ် စီရင်ရတာငါတို့လည်း ဝမ်းသာပါတယ်” ဟုဆိုကြပြီး ... သေနတ်နှင့်သူကိုပစ်သတ်လိုက်သည်။ ထို့နောက် အသင်း တော်ကြီးများက သူ၏ကြီး မားသောယုံကြည်ခြင်းအတွက် အောက်မေ့ဘွယ် ကျင်းပပေးသည်။
သူ၏ပြင်းထန်သောဆန္ဒသည် တားဆီး၍မရသော ဆန္ဒဖြစ်သော် လည်း သူ၏ယုံကြည်ခြင်းသည် လွဲမှားသောယုံကြည်ခြင်းဖြစ်သည်။ အဘယ် ကြောင့်တံမြက်စည်းကိုလှည်းပြီး ထိုစစ်သားများအား ဧဝံဂေလိတရားမပြော သနည်း။ အဘယ်ကြောင့်စိတ်ခိုင်မာစွာ အသေခံခဲ့သနည်း။ ဥပုဒ်နေ့၌ အလုပ် မလုပ်ချင်ဘဲ အသေခံလိုက်ခြင်းဖြင့် ဘုရားသခင်က သူ့ကို ချီးမွမ်းမည်လော့။ မချီးမွမ်းပါ။
ဝိညာဉ်ရေးရာ အသက်တာတွင် ကျွန်ုပ်တို့၏လုပ်ဆောင်ချက်တိုင်း မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်ရှေ့၌ အသက်ရှင်ရမည်သာဖြစ် သည်။ အချို့အသင်းတော် ဦးဆောင်သူများသည် လူငယ် Chudal Bae ကဲ့သို့ သူတို့အသင်းတော်၏ယုံကြည်ခြင်းခံယူချက်အပေါ်အသေခံပြီး ချီးမွမ်းထိုက် သောသူဖြစ်စေချင်ကြသည်။ ယေရှုပင်လျှင် စိန်ခေါ်ရဲသော သီလရှိယောင် ဆောင်သောသူများအတွက် ဤကဲ့သို့ဖြစ်ရပ်သည် သင့်တော်သော ဖြစ်ရပ် ပင်ဖြစ်သည်။
ကိုယ်ကျင့်တရားကိုဦးစားပေးသော သူများ၏အသက်တာမှ မည် သည့်သင်ခန်းစာမျှမရှိပါ။ ဝိညာဉ်ရေးရာယုံကြည်ခြင်းသာလျှင် ကျွန်ုပ်တို့အ တွက်သင်ခန်းစာဖြစ်သည်။ လက်ဝါးကားတိုင်ပေါ်၌ ယေရှုအသေခံခြင်းနှင့် အသွေးတော်မြတ်သွန်းလောင်းခြင်း၊ ဝိညာဉ်တော်နှင့် ရေအားဖြင့်ဆောင် ရွက်သော ဧဝံဂေလိသတင်းကောင်းတို့ကိုသာ ဆင်ခြင်လေ့လာ ရန်ဖြစ်သည်။
အထက်ကဖော်ပြခဲ့သော မေးခွန်းများ၏အဖြေမှန်များကို အရင်ဦး စွာရှာပြီးမှ ကမ္ဘာအနှံ့သို့ဧဝံဂေလိသတင်းကောင်းကို ဖြန့်ကြဲခြင်းဖြင့် ဒုတိယ မွေးခြင်းကို လူတိုင်းအတွက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုဝိညာဉ်ရေး ရာလုပ်ငန်းအတွက် ကျွန်ုပ်တို့အသက်တာ ကိုသာ၍ဆက်ကပ်သင့်သည်။
ဧဝံဂေလိဆရာတစ်ဦးသင့်ကို “လူငယ် Chudal Bae ကဲ့သို့ အသက် ရှင်ပါ။ ဥပုဒ်နေ့ကိုလည်း သန့်ရှင်းစွာစောင့်ပါ” ဟုဆိုပါက သင့်ကိုတနင်္ဂနွေ နေ့တိုင်း မှန်မှန်ဘုရားကျောင်းတက်သော အဆင့်၌သာ အလိုရှိသောဆရာ ဖြစ်သည်။
အလင်းပေးနိုင်သော ပုံပြင်လေးတစ်ခု ဤနေရာတွင် တွေ့နိုင် သည်။ တနင်္ဂနွေနေ့တိုင်း ခက်ခဲမှုအမျိုးမျိုးကျော်လွှားပြီး ဘုရားရှိခိုးကျောင်း မှန်မှန်တက်နိုင်သော အမျိုးသမီးတစ်ယောက်ရှိသည်။ သူ့ယောက္ခမတို့သည် လည်းမယုံကြည်သူဖြစ်သောကြောင့်ဘုရားရှိခိုးကျောင်းမသွားနိုင်ရန် အမျိုး မျိုးအားဖြင့် ဆန့်ကျင်တားဆီးကြသည်။ တနင်္ဂနွေနေ့တွင်လည်း လယ်အ လုပ်ကိုလုပ်ခိုင်းကြသည်။ သို့သော် စနေနေ့တွင် တနင်္ဂနွေနေ့အတွက် အစား ထိုးပြီး ညသန်းခေါင်အထိ အလုပ်အစားထိုးလုပ်ခြင်းဖြင့် သူ့မိသားစုများမှ အပြစ်တင်ခြင်းနှင့် ကင်းဝေးပြီး ပုံမှန်ဘုရားရှစ်ခိုးကျောင်းသွားနိုင်သည်။
မှန်ပါသည်။ တနင်္ဂနွေနေ့တိုင်း မှန်မှန်ဘုရားရှစ်ခိုးကျောင်းတက် ခြင်းသည် အရေးကြီးပါသည်။ သို့သော် မှန်မှန်ဘုရားရှစ်ခိုးကျောင်းတက်ရုံ မျှဖြင့် ဘုရားသခင်ရှေ့၌ ကျွန်ုပ်တို့၏သစ္စာရှိကြောင်း လုံလောက်စွာထင်ရှား စေနိုင်မည်လော။ အမှန်စင်စစ် ဘုရားသခင်ရှေ့တော်မှောက်တွင် ကျွန်ုပ်တို့ ၏သစ္စာရှိမှုထင်ရှားသောအရာသည် ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွား ခြင်းခံခြင်းသာလျှင်ဖြစ်သည်။ စစ်မှန်သောယုံကြည်ခြင်းသည် ဒုတိယမွေးဖွား ခြင်း၊ ခံခြင်းဖြင့်အစပြုသည်။
ဘုရားသခင်၏ ပညတ်တရားများကိုလိုက်ခြင်းဖြင့် သင်သည်ကယ် တင်တော်မူခြင်း သို့ရောက်နိုင်မည်လော။ မရောက်နိုင်၊ ထိုသို့ဆိုရာ၌ ဘုရား သခင်၏ပညတ်တရားများသည်လုံးဝငြင်းပယ်ခြင်းသဘောမဟုတ်ပါ။ လူသား များထဲတွင်ပညတ်တရားအတိုင်းလိုက်ကျင့်နိုင်သောသူတစ်စုံတစ်ယောက်မျှ မရှိနိုင်ကြောင်းကိုဆိုလိုသည်။
ယာကုပ် ၂း၁၀ “အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူး လွန်ရာရောက်၏” ဟုဆိုသတည်း။ သို့ဖြစ်၍ ဝိညာဉ်တော်နှင့်ရေ တည်း ဟူသောဧဝံဂေလိတရား၌မည်သို့ အသစ်မွေးဖွားရမည်ကို အဦးဆုံး စဉ်းစား ဆင်ခြင်ကြည့်ပါ။ ဧဝံဂေလိသတင်းကောင်းကြားနိုင်ရသော အသင်း တော်/ဘု  ရားကျောင်းသို့သွားပါ။ဒုတိယမွေးဖွားခြင်းခံမှ သစ္စာရှိသော အသက် တာတို့ ရှင်နိုင်မည်ဖြစ်သည်။ ထိုနည်းဖြင့်သင့်ကို ဘုရားသခင်ခေါ်သောအခါ ပြည့်စုံ သောငြိမ်သက်ပျော်ရွှင်ခြင်းနှင့် ဘုရားသခင်ရှေ့တော်မှောက်တွင် လျှောက် သွားနိုင်မည် ဖြစ်သည်။
လွဲမှားသော ဘုရားရှစ်ခိုးကျောင်းသို့ သင့်အချိန်သော်၄င်း၊ လွဲမှား သောဦးဆောင်မှုအတွက်သင့်ငွေးကြေးသော်၄င်း၊မကုန်ဆုံးပါစေနှင့်။ လွဲမှား သောယဇ်ပရောဟိတ်များ အပယ် ငရဲထဲမှသင့်ကို ကယ်တင်နိုင်မည်မဟုတ်။ ရှေးဦးစွာဝိညာဉ်တော်၏ရေအားဖြင့်ဆောင်ရွက်ခဲ့သောသတင်းကိုကြားနာ၍ ဒုတိယမိမွေးဖွားခြင်းကိုခံလော့။
သခင်ယေရှုဤလောကသို့ လူ့ဇာတိခံယူရခြင်းအကြောင်းကို သေ ချာစွာနားလည်ပါ။ အကယ်၍ ပညတ်တရားများကျင့်ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်နိုင်ပါက သခင်ယေရှုဤလောကသို့ ကြွလာရန်မလိုအပ်ပေ။ သို့သော် ယေရှုဤလောကသို့ ကြွလာခြင်းအားဖြင့် ယဇ်ပရောဟိတ်အ ရာပြောင်းလဲသွားသည်။ ပညတ်တရား၏အကျင့်သည် လူဟောင်း ၏အကျင့် သာဖြစ်သွားသည်။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပညတ်တရား၏အကျင့်အား ဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်ရသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် စစ်မှန်သောယုံကြည် ခြင်း၏လက္ခဏာမဟုတ်ပါ။
သခင်ယေရှု၏အသွေးတော်မြတ်နှင့် ဝိညာဉ်တော်အားဖြင့်သော် ၄င်း၊ သူ၏ဗတ္တိဇံ(ဆင်းရဲဒုက္ခ) ခံခြင်းနှင့်ရေအားဖြင့်သော်၄င်း၊ သူ၏ကြီးမား သောမေတ္တာတော်အားဖြင့်၄င်း၊လောကီသားအားလုံးအပြစ်ဒုစရိုက်ထဲမှကယ် တင်တော်မူခဲ့သည်။ သူ၏ရှင်ပြန်ထမြောက် ခြင်းလက်ဝါးကားတိုင်၌ အ သွေးတော်မြတ်သွန်းလောင်းတော်မူခြင်းနှင့် ယော်ဒန်မြစ်၌ဗတ္တိ ဇံခံယူခြင်း အားဖြင့် ကျွန်ုပ်တို့အတွက် ကယ်တင်တော်မူခြင်းနှင့် ယော်ဒန်မြစ်၌ ဗတ္တိဇံ ခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ကယ်တင်တော်မူခြင်းအမှုကြီးကို ပြီးဆုံး သည်အထိ ဆောင် ရွက်သွားသည်။
ဘုရားသခင်သည်ဘာသာတရား၌ထုံးတမ်းစဉ်လာကိုယ်ကျင့်တရားများကိုအားနည်း၍အသုံးမရသော အကျင့်များသာဖြစ်သောကြောင့် ဘေးဖယ် ထားလိုက်သည်။ ဟေဗြဲ၊ ရး၁၉-၂၀ “အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရော ဟိတ်များဖြစ်လာကြ၏။” ယေရှုသည် ကျိန်တော်မူခြင်းကိုခံပြီး အသွေး တော်မြတ်သွန်းခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် အပြစ်ဒုစရိုက်ထဲမှ ကျွန်ုပ် တို့ကို ကယ်တင်ခဲ့သည်။
အသီးများစွာသီးသောယုံကြည်ခြင်းမျိုးကျွန်ုပ်တို့၌ရှိသင့်သည်။ဒုတိ ယမွေးဖွားခြင်းခံနိုင်ရန် ဝိညာဉ်တော်နှင့် ရေ၌ဒုတိယမွေးဖွားခြင်းခံရန် ဧဝံဂေ လိသတင်းကောင်းဟောပြောသောအသင်းတော်သို့သွားခြင်းနှင့်ကိုယ်ကျင့်တရားကိုသာ ဦးစားပေးသောဘုရားကျောင်းသို့မှန်မှန်သွားခြင်းတို့တွင် အဘယ် အရာသည်သာ၍ ကောင်းမည်ဟုသင်ထင်သနည်း။ သင့်ဝိညာဉ်အတွက် မည်သည့်သင်းအုပ်ဆရာဟောခြင်းသည်သာ၍ အကျိုးရှိသနည်း။ သေချာစဉ်း စားပြီး သင့်ဝိညာဉ်အတွက် ကောင်းသောအရာကိုရွေးပါ။
ဝိညာဉ်တော် နှင့်ရေအားဖြင့်သခင်သည် သင့်ကိုကယ်တင်တော်မူ ခဲ့သည်။ မိမိ အသက်ဝိညာဉ်အတွက် အယောက်တိုင်းမိမိ၏ဝန်ခံချက်သည် အထူးအရေးကြီးသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မိမိအသက်တာကို အပ်နှံတတ်သောသူသည် ပညာအရှိဆုံး ယုံကြည်သူဖြစ်သည်။
 
 

ယေရှုသည် ကျိန်တော်မူခြင်းမှ ယဇ်ပရောဟိတ်မင်းဖြစ်လာသည်။

 
လေဝိအမျိုးယဇ်ပရောဟိတ်များသည် ကျိန်တော် မူခြင်းမှယဇ်ပရောဟိတ်မင်း ဖြစ်လာကြသလား။
မဖြစ်လာကြပါ။ ယေရှုတစ်ပါးတည်းသာလျှင် ကျိန်တော် မူခြင်းမှယဇ်ပရောဟိတ်မင်းဖြစ်လာသည်


 “ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရော ဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။ ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏”( ဟေဗြဲ ရး၂၀-၂၁)။
ဆာလံ၊ ၁၁၀း၄- မှာလည်း “ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသောထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟုဖော်ပြထားသည်။ ဘုရားသခင်သည် သစ္စာကတိပြု၍ကျွန်ုပ်တို့အတွက် ပဋိညာဉ်ဖွဲ့ကာ ရေး ထားသောနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အား ထင်ရှားပြသတော်မူ သည်။ “ငါသည် မေလခိဇေ ဒက်ကဲ့သို့ယဇ်ပရောဟိတ် အမှုကိုဆောင်ရွက် သောငှာ   ထာဝရယဇ်ပရောဟိတ်ဖြစ်လာမည်။ မေလခိ ဇေဒက်သည်ငြိမ် သက်ခြင်းဘုရင်၊ ဖြောင့်မတ်ခြင်း ဘုရင်နှင့်ထာဝရယဇ် ပရောဟိတ်ဖြစ်သည်။ သင်တို့၏ကယ်တင်တော်မူခြင်းအတွက် မေလခိဇေ ဒက်ကဲ့သို့ယဇ်ပရော ဟိတ်အရာကိုဆောင်သော ထာဝရ ယဇ်ပရောဟိတ် အရာကို ငါဆောင် သွားမည်။” ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏’’(ဟေဗြ၊ ၇း၂၂)။ သိုးထီးနှင့် နွားထီးတို့၏ အသွေးအစား၊မိမိကိုယ် တိုင်ယဇ်ကောင်ကဲ့သို့ ပူဇော်ပြီးလက်ဝါးကားတိုင်၌ သွန်းလောင်း သော အသွေးတော်မြတ်နှင့်ဗတ္တိဇံခံယူခြင်း အားဖြင့်ကျွန်ုပ်တို့ ၏အပြစ်အား လုံးကို ဆေးကြောပေးသည်။
ဓမ္မဟောင်းအချိန်တွင် ယဇ်ပရောဟိတ်မင်းကြီးဆုံးသွားသောအခါ သူ့သားသည် အသက်(၃၀)ပြည့်သောအခါ ဖခင်၏ယဇ်ပရောဟိတ်အရာကို ဆက်ပြီး အမွေခံတတ်ကြသည်။ ယဇ်ပရောဟိတ်မင်းကြီး အသက်ကြီးလာ၍ သူ့သားအသက်(၃၀)နှစ်ပြည့်လာသောအခါ ယဇ်ပရောဟိတ်အရာကို သူ့သား အားလွှဲအပ်ပေးလိုက်သည်။
ယဇ်ပရောဟိတ်အရာကိုဆက်ခံသော သားစဉ်မြေးဆက်မြောက် များစွာတွေ့ရသည်။ထိုကြောင့်ရှင်ဘုရင်ကြီးဒါဝိဒ်က စနစ်တကျထမ်း ဆောင် မည့်သူများကို အလှည့်ကျတာဝန်ခွဲဝေပေးလိုက်ပြီး အာရုန်၏သားစဉ်မြေး ဆက်များသည် ယဇ်ပရောဟိတ်အရာကို ဆောင်ရွက်ရန် ခန့်အပ်လိုက်သည်။ ရှင်လုကာထဲတွင် “အဘိယအသင်းဝင်ဖြစ်သောခရီး ... အာရုန်မှဆင်းသက် လာသူ ဇာခရိသည်မိမိအသင်းနှင့်တကွ အလှည့်သင့်၍ဘုရား သခင်ရှေ့ တော်၌ ယဇ်ပရောဟိတ်အမှုကို ဆောင်ရွက်ရာတွင် ...” ဟူ၍တွေ့ရသည်။ 
ယေရှုသည် ဤလောကသို့ကြွလာပြီး ထာဝရယဇ်ပရောဟိတ်အ ရာကိုခံယူကာယဇ်ပရောဟိတ်၏အမှုကိုဆောင်ရွက်သွားသည်။ကောင်းသောအရာတို့ကိုထင်ရှားစေရန် ယဇ်ပရောဟိတ်ကဲ့သြွို့ကလာသည်။ ဝိညာဉ် တော်နှင့် ရေ၌ဒုတိယမွေးဖွားခြင်းတည်းဟူသော ကယ်တင်ခြင်းကို ပြည့်စုံစွာ ဆောင်ရွက်ပေးသည်။
အာရုန်၏သားစဉ်မြေးဆက်များသည် အားနည်း၍မပြည့်စုံသော ခန္ဓာကိုယ်ရှိလူ သားများဖြစ်ကြသည်။ ယဇ်ပရောဟိတ်ကိုယ်တိုင်ဆုံးသွား သောအခါ မည်သို့ဖြစ်လာသနည်း။ သူ့သားကဖခင်အရာကို ဆက်ခံပြီး ပူဇော် ခြင်းဖြင့်ကယ်တင်ခြင်းအမှု ဆောင်ရွက်ခြင်းသည် လူသားများအတွက် ပြည့်စုံ သောပူဇော်ခြင်းမသက်ရောက်နိုင်။ လူသားအားဖြင့်တစ်ဆင့်ယုံ ကြည်ခြင်း မျိုးသည် ပြည်စုံ၍မှန်ကန်သောယုံကြည်ခြင်းမဖြစ်နိုင်။
ဓမ္မသစ်အချိန်တွင် ယေရှုသည် ဤလောကသို့ကြွဆင်းလာခဲ့ သည်။သို့သော်သူသည် ထာဝရအသက်ရှင်သောသူဖြစ်သောကြောင့်ပူဇော် ခြင်းအမှုကို ဆောင်ရွက်ရန်မလိုအပ်ပါ။ ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ်တို့အ ပြစ်ရှိသမျှကို ထာဝရအတွက်ယူဆောင်သွားသည်။ သူ့ကိုယုံကြည်သောသူ မှန်သမျှ အပြစ်မှလွတ်ခြင်း၊ အခွင့်ရရှိခြင်းငှာ၊ မိမိကိုယ်ခန္ဓာကိုဆက်သပူဇော် ပြီးအသေခံခဲ့သည်။
ယခုယေရှုသည် အသက်ရှင်၍ ခမည်းတော်၏လကျာ်တော် ဘက်တွင် ထိုင်တော်မူ ပြီး ကျွန်ုပ်တို့အတွက် ဆုတောင်းပေးလျက်နေသည်။ အဖခမည်းတော် သူတို့သည်ယနေ့တိုင် မပြည့်စုံသောသူများဖြစ်ကြသော် လည်းငါ့ကိုယုံကြည်ကြပါ၏။ ငါသည် သူတို့အပြစ်ရှိသမျှကို ဆေးကြောတော် မူပြီ မဟုတ်လော။ ဟူ၍ကျွန်ုပ်တို့အတွက် ခမည်းတော်ထံဆုတောင်းပေးနေ သည်။ ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ထာဝရယဇ်ပရော ဟိတ်ဖြစ်တော်မူသည်။
မြေကြီးယဇ်ပရောဟိတ်အရာခံသောသူများသည် လုံးဝပြည့်စုံခြင်း မရှိကြ။ သူတို့ ကိုယ်တိုင်ဆုံးသွားသောအခါ သူတို့၏သားသည်ယဇ်ပရော ဟိတ်အရာကိုဆက်ခံကြသည်။သို့သော် ကျွန်ုပ်တို့၏သခင် (ယဇ်ပရောဟိတ်) သည် ထာဝရအသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့အပြစ်ရှိသမျှအတွက် လက်ဝါး ကားတိုင်တွင် အသွေးတော်မြတ်သွန်းခြင်း၊နှစ်ခြင်း ဆရာယောဟန်ထံဗတ္တံဇံ ခံယူခြင်းနှင့်ဤလောကသြွို့ကဆင်းလာခြင်းအားဖြင့် ပြည့်စုံသော ကယ်တင် တော်မူခြင်းအမှုကြီးကို ဆောင်ရွက်ပေးသည်။
“ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။(ဟေဗြဲ၊ ၁၀း၁၈) ကာလအချိန်ရှိ သောအခါ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အမှုပြီးပြည့်စုံကြောင်း ကို ယေရှုက သက်သေခံခဲ့သည်။ ဝိညာဉ်တော်နှင့်ရေ၌ သင်ဒုတိယ မွေးဖွားခြင်းခံနေ ပြီလား။
“ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏”(ဟေဗြဲ၊ ၇း၂၆)။ “ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏” (ဟေဗြဲ၊ ၇း၂၈)။
ကျွန်တော်ဖော်ပြချင်သောအရာမှာ ယေရှုသည်အပြစ်တင်ခြင်းနှင့် ကင်းလွတ်သောသူ၊ လက်ဝါးကားတိုင်၌ အသွေးတော်မြတ်သွန်းလောင်းခြင်း နှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် ထာဝရအတွက် ကျွန်ုပ်တို့အပြစ်ရှိသမျှဆေး ကြောပေးခဲ့ကြောင်းဖြစ်သည်။
ကျွန်ုပ်တို့အပြစ်ရှိသမျှဆေးကြောပြီး ထာဝရအတွက်ကယ်တင်ခဲ့ ကြောင်းကို သင်ယုံကြည်ပါသလား။ ယုံကြည်လျှင်ကယ်တင်ခြင်းသို့ ရောက် ရသည်။ သို့သော်မယုံကြည်ပါက ယေရှု၏ထာဝရကယ်တင်ခြင်းအမှုဆောင် ရွက်ပေးကြောင်း ဆက်လက်သင်ကြားလေ့လာရန် လိုသေးသည်။
စစ်မှန်သောယုံကြည်ခြင်းသည် ဝိညာဉ်တော်နှင့် ရေအားဖြင့် ဆောင်ရွက်သော ဧဝံဂလိသတင်းကောင်းမှ အစပြုကြောင်း သမ္မာကျမ်းစာကို တိကျစွာအချေခံသည်။ လက်ဝါးကားတိုင်ပေါ်၌ အသွေးတော်မြတ်သွန်းခြင်း နှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် ယေရှုသည်ကျွန်ုပ်တို့၏ထာဝရကယ်တင်ရှင်နှင့် ထာဝရယဇ်ပရောဟိတ်မင်းကြီးဖြစ်လာသည်။


ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပြည်စုံစွာနားလည်ရမည်။

ယေရှုကိုယုံကြည်ခြင်းဆိုသည်မှာဘာကိုဆိုလိုသနည်း
လက်ဝါးကားတိုင်၌ အသေခံခြင်းနှင့် ယေရှု၏ဗတ္တိဇံ ခံယူခြင်းအပေါ်အားကိုးခြင်းကိုဆိုလိုသည်

စစ်မှန်သောယုံကြည်ခြင်းရရှိနိုင်ရန် ယေရှုအပေါ်ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းကို စစ်ကြောစုံစမ်းရန်လိုအပ်သည်။ စစ်မှန်သောနည်းလမ်းဖြစ်နိုင် ရန် သခင်ယေရှုကိုမည်သို့ယုံကြည်ရမည်နည်း။ လက်ဝါးကားတိုင်၌သွန်း လောင်းတော်မူသော အသွေးတော်မြတ်နှင့် ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့် ဆောင်ရွက်ပေးသောသတင်းကောင်းအပေါ်အခြေခံ၍ ယုံကြည်ခြင်းသည် စစ် မှန်သောယုံကြည်ခြင်းဖြစ်သည်။
စစ်မှန်သောယုံကြည်ခြင်းတွင် ကျွန်ုပ်တို့၏ပြုမှုကျင့်ကြံခြင်းလုံးဝမ ပါ။ သွန်းလောင်းတော်မူသောအသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူခြင်းတည်း ဟူသော ယေရှု၏လုပ်ဆောင်မှုအပေါ်၌သာအခြေခံသည်။ ဤအရာသည် စစ်မှန်သည်ဟုသင်ယုံကြည်ပါသလား။ သင့် ဝိညာဉ်ရေးရာအခြေအနေကား အဘယ်သို့နည်း။ သင့်၏လုပ်ဆောင်မှုနှင့် ပြုမူကျင့်ကြံမှုများကိုသာ အထူး အားကိုးနေပါသလား။
ယေရှုကိုယုံကြည်ပြီးများမကြာခင် ကိုယ်ကျင့်တရားကိုအားကိုးခဲ့ သောကြောင့် (၁၀) နှစ်တာကာလပတ်လုံး ဆင်းရဲဒုက္ခ ကြုံတွေ့ခဲ့ရသည်။ နောက် ဆုံးတွင် ထိုကဲ့သို့သော အသက် ရှင်ခြင်းမျိုးနဲ့ငြီးငွေ့လာခဲ့သည်။ ထိုကဲ့သို့သောအချိန်မျိုးကို ပြန်လည်မအောက်မေ့ချင်တော့ပါ။ ကျွန်ုပ်ဇနီး သည် ယခုကျွန်ုပ်အနားမှာ ထိုင်လျက်ရှိသည်။ ထိုကဲ့သို့သောအချိန်မျိုးသည် ကျွန်ုပ်တို့အတွက်မည်မျှပင် ခက်ခဲသည်ကိုသူလည်းသိခဲ့သည်။
တနင်္ဂနွေနေ့ရောက်တိုင်း (မိန်းမ/အချစ်ရယ် ...) ဒီနေ့တော့ပျော် ရွှင်စွာနေကြရအောင်ပြောခဲ့သော်လည်းယနေ့သည် တနင်္ဂနွေနေ့ပဲဖြစ်သည်။ သူသည်တနင်္ဂနွေနေ့တွင်အဝတ်ပင်လျှင်မလျှော်ချင်သောသူဖြစ်သည်။တစ်ခါ တော့ တနင်္ဂနွေနေ့တွင် ကျွန်ုပ်ဘောင်း ဘီဆုတ်ပြဲသွားသည်။ သို့သော် ချုပ်မပေးဘဲ တနင်္လာနေ့အထိ ကျွန်ုပ်ကိုစောင့်ခိုင်းလိုက်သည်။ ထိုနည်း အားဖြင့် ကျွန်ုပ်တို့သည်လည်း တစ်ချိန်တုံးကဥပုဒ်နေ့ကို စိတ်အားထက် သန်စွာ ကြိုးစားစောင့်ခဲ့သူဖြစ်ပါသည်။ သို့သော်လည်း မလွယ်ကူလှပါ။ ဥပုဒ် နေ့ကိုမှန်ကန်စွာစောင့်ရန်မလွယ်ကူသောကြောင့် တနင်္ဂနွေနေ့တွင် ကောင်း မွန်စွာအနားယူခြင်းမရှိနိုင်။ ထိုနေ့ရက် များကိုယခုစိတ်ထဲ သတိရနေဆဲဖြစ် သည်။
ချစ်သောဓမ္မမိတ်ဆွေတို့ ယေရှုကိုစစ်မှန်စွာယုံကြည်ခြင်းသည် လက်ဝါးကားတိုင်တွင် သွန်းလောင်းသောအသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူ ခြင်းအားဖြင့် အပြစ်ထဲမှကျွန်ုပ်တို့ကိုကယ်တင်သောအရာကို ယုံကြည်ခြင်း သာဖြစ်သည်။ စစ်မှန်သောယုံကြည်ခြင်းသည် ယေရှု၏လုပ်ဆောင်မှုအားလုံး သူ၏လူသားဖြစ်ခြင်းနှင့်ဘုရားဖြစ်ခြင်းတို့အပေါ်ယုံကြည်ခြင်းဖြစ်သည်။ သူ ၏နှုတ်ကပတ်တော်ရှိသမျှကို သစ္စာရှိစွာယုံကြည်ခြင်းဖြစ်သည်။
ယေရှုကိုယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ ယေရှု၏အသွေး တော်မြတ်နှင့်ဗတ္တိဇံခံယူမှုအပေါ်၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုအရာများနား လည်နိုင်ရန် ရိုးသားဖြောင့်မတ်သောနည်းလမ်းရှိသည်။ လုပ်ဆောင်ရမည့်အ ရာအားလုံးသည် သမ္မာကျမ်းစာကို လေ့လာပြီး သမ္မကျမ်းစာကို ဖော်ပြသော ဧဝံဂလိသတင်းကောင်းကို လက်ခံယုံကြည်ခြင်းသာဖြစ်သည်။ သမ္မာကျမ်း စာကို ဖော်ပြသောလမ်းမှန်များကို ယုံကြည်လက်ခံသင့်သည်။
“ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ ကျွန်ုပ်၏ကြိုးစားအားထုတ်မှု အားဖြင့်မဟုတ်ကြောင်းကိုသိရှိနားလည်ပါသည်။ ပညတ်တရားသည်အပြစ် ကို သာ၍ထင်ရှားစေရန်သာ ဖြစ်သည်။” (ရောမ၊ ၃း၂၀)။ ထိုအရာအားလုံးကို ယခုကျွန်တော်နားလည်ပါသည်။ ပညတ်တရားသည် ဘုရားသခင်ပေးထား သောအရာဖြစ်သောကြောင့်ကောင်းပြီ။ လိုက်ကျင့်ရန် ပေးထားခြင်းဖြစ် သည်ဟု ယူဆခဲ့သည်။ ယခုထိတိုင်အောင် ကြိုးစားခဲ့သော်လည်း မကျင့်နိုင် သောကြောင့် ဤအရာသည်မှားယွင်းသော ယူဆချက်များဖြစ်ကြောင်း၊ ပ ညတ်တရားကျင့် နိုင်သောသူတစ်ယောက်မျှမရှိကြောင်း ယခုနားလည်လာ သည်။ ဘုရားသခင်ပေးထားသော ပညတ်တရားမကျင့်နိုင်ကြောင်း ယခုနား လည်လာသောအခါပညတ်တရားအားဖြင့် ကျွန်ုပ်၏စိတ်နှလုံးသည် မ ကောင်းမှုကိုသာကြံစည်နေသောစိတ်နှလုံးနှင့်အပြစ်ဒုစရိုက်နှင့် ပြည့်နေ သောသူဖြစ်ကြောင်းပို၍ နားလည်ပါသည်။ ပညတ်တရားသည် ကျွန်ုပ်တို့၌ အပြစ်ရှိကြောင်းကိုပို၍ထင်ရှားစေသည်။ “အို .. ကိုယ်တော်ကိုကျေးဇူးတင် ပါသည်။ ကိုယ်တော်၏အလိုကိုနားမလည်ဘဲ ခက်ခဲစွာပညတ်တရားကို ကျင့် ရန်ကြိုးစားခဲ့ပါသည်။ ကိုယ်ကျင့်တရားကြောင့် ကိုယ်တော်ရှေ့၌ စိတ်နှ လုံးဝါကြွားခဲ့ပါသည်။ ယခုနောင်တရပါသည်။ ယေရှုသည် ကျွန်ုပ်အပြစ် ကြောင့် အသွေးသွန်းပြီး ဗတ္တိဇံခံခဲ့သည်။ ထိုအရာကို ကျွန်တော်ယခုယုံ ကြည်ပါ၏။”
ရိုးသားဖြောင့်မတ်စွာဖြင့် ယုံကြည်လက်ခံပါ။ သမ္မာကျမ်းစာထဲတွင် ရေးသားသော နှုတ်ကပတ်တော်ကို ယုံကြည်ပါ။ ထိုအရာသည် ဒုတိယ မွေးဖွားခြင်းခံရန် ပြည့်စုံသော နည်းလမ်းဖြစ်သည်။
ယေရှုကိုယုံကြည်ခြင်းဆိုသည်မှာအဘယ်နည်း။အချိန်ပေးပြီးတစ်ခု ခုလုပ်ရဦးမည်လော။ ကျွန်ုပ်တို့ယုံကြည်ခြင်းကို ဘာသာတရားကိုင်းရှိုင်းခြင်း လား။ အချို့သောလူတို့သည် မိနစ်အတွင်းဘုရားများကို ပြုလုပ်ပြီး၊ ထိုဘု ရားနှင့် ကိုက်ညီအောင်ဘာသာတရားကို ဖန်တီးကြသည်။ ဘာသာတရားဆို သည်မှာလူတို့၏ပန်းတိုင်ရောက်နိုင်အောင်ကြိုးစားအားထုတ်စေသောတရား မျှသာဖြစ်သည်။ လူသားတို့၏ လိုချင်အားကြီးသောကောင်းမြတ်မှုသာဖြစ် သည်။
သို့ဖြစ်၍ယုံကြည်ခြင်းဆိုသည်မှာအဘယ်နည်း။ ဘုရားသခင်ကို သာမျက်မှောက် ပြုခြင်းနှင့် ယုံကြည်ခြင်းဖြစ်သည်။ ယေရှုပေးတော်မူသော ကယ်တင်ခြင်းကို မျှော်ကြည့်ခြင်းနှင့် ထိုကောင်းကြီးမင်္ဂလာအတွက် ကျေးဇူး ချီးမွမ်းခြင်းဖြစ်သည်။ ဤသည်စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်။ ဤယုံ ကြည်ခြင်းနှင့်ဘာသာရေးတို့၏ကွာခြားချက်ဖြစ်သည်။ဤအရာနှစ်ခု ကောင်း စွာပိုင်းခြားတတ်ပါက ယုံကြည်ခြင်း၌သင်သည် ရာနှုန်းပြည့်နားလည်သော သူဖြစ်သည်။
ဒုတိယမွေးဖွားခြင်းမခံရသော ဓမ္မပညာရှင်များကမူ ယေရှုကိုယုံ ကြည်ပါကဘာသာတရား၌ကြည်ညိုလေးစားစွာအသက်ရှင်ရမည်ဟုဆိုတတ်ကြသည်။ဘာသာတရား၌ကြည်ညိုလေးစားစွာအသက်ရှင်နိုင်မည်နည်း။
သို့သော်အဓိကအချက်သည် အပြစ်သားများထံ ဤအရာများကို သူ တို့ကဖော်ပြတတ်ကြသည်။ အပြစ်သားများ၏စိတ်နှလုံးထဲမှာ ပျမ်းမျှအားဖြင့် အပြစ်(၁၂)မျိုးရှိသည်။ ဘာသာတရား၌ ကြည်ညိုလေးစားစွာမည်သို့ အသက် ရှင်နိုင်မည်နည်း။ အမှန်စင်စစ် သူ့စိတ်မနောထဲမှ လုပ်ရမည့်အရာသိ သော်လည်း သူ့စိတ်နှလုံးကတော့ မဆောင်ရွက်နိုင်။ ဘာသာတရား၌ ကြည် ညိုလေးစားစွာအသက်ရှင်သောသူတစ်ဦးသည်အသင်းတော်၏ အပြင်ဘက် သို့ရောက်သောအခါတွေးခေါ်ယူဆချက်သဘောမျှလောက်သာဖြစ်ပြီးအတွင်း စိတ်နှလုံးကတော့ အပြစ်သို့သွေးဆောင်သွားသည်။
သို့ဖြစ်၍ကောင်းကင်နှင့်ဆိုင်သော ထာဝရယဇ်ပရောဟိတ်ကို ယုံ ကြည်သောအားဖြင့်၄င်း၊ လက်ဝါးကားတိုင်တွင် အသွေးတော်မြတ်သွန်း လောင်းတော်မူသော ယေရှု၏ဗတ္တိဇံခံယူခြင်းကို ယုံကြည်ခြင်းအားဖြင့်၄င်း၊ အသက်ရှင်ပါမည်လော။ သို့မဟုတ် ပညတ်တရားများကိုအားကိုးပြီး အသက် ရှင်ပါမည်လောဟူ၍ မိမိစိတ်နှလုံးအတွင်းမှ ဆုံးဖြတ်ရန်လိုအပ် သည်။
ယေရှုသည် သူ့ကိုယုံကြည်သောသူရှိသမျှအတွက် ထာဝရယဇ်ပ ရောဟိတ်မင်းဖြစ်ကြောင်းကိုအမြဲသတိယအောက့်မေ့ပါ။ လက်ဝါးကားတိုင် ၌ သွန်းလောင်းတော်မူသော ယေရှု၏အသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူခြင်း အားဖြင့်ဆောင်ရွက်ပေးသော၊ စစ်မှန်သောကယ်တင်ခြင်းကို ကောင်းစွာနား လည်၍ယုံကြည်သောအားဖြင့်ကျွန်ုပ်တို့အားလုံးကယ်တင်ခြင်းသို့ ရောက်ကြ ပါစို့။


ဒုတိယမွေးဖွားခြင်းခံသောသူများသည်ကမ္ဘာကြီး၏အဆုံးသတ်ခြင်းကို ကြောက်ရွံ့ခြင်းမရှိကြ
 
ဒုတိယမွေးဖွားခြင်းခံသောသူများသည် ကမ္ဘာ ကြီး၏အဆုံးသတ်ခြင်းကိုအဘယ် ကြောင့်ကြောက်ရွံ့ခြင်းမရှိကြသနည်း
ဝိညာဉ်တော်နှင့်ရေအားဖြင့် ဆောင်ရွက်သောဧဝံဂလိသတင်း ကောင်းအပေါ်ထားရှိသောသူတို့၏ ယုံကြည်ခြင်းသည် သူတို့ကိုအပြစ်မှ လွတ်မြောက်စေသောကြောင့်ဖြစ်သည်

သင်သည်စစ်မှန်သော ဒုတိယမွေးဖွားခြင်းခံသောသူဖြစ်လာပါက ဤကမ္ဘာကြီး၏ အဆုံးသတ်မည့်အကြောင်း၌ ကြောက်ရွံ့ခြင်းရှိရန်မလို။ ကိုရီးယားနိုင်ငံတွင်ရှိသော ယုံကြည် သူအချို့က ၁၉၉၂ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့တွင် ဤကမ္ဘာကြီးကုန်ဆုံးသွားမည်။
ထိုအချိန်သည် မည်မျှလောက်အရေးကြီးမားသော ကြောက်မက် ဖွယ်ကောင်းသောနေ့ရက်ဖြစ်လိမ့်မည်နည်းဟုပြောကြသည်။ သို့သော်လည်း သူတို့၏ဟောပြောချက်သည် မှားခဲ့သည်။ စစ်မှန်သောဒုတိယမွေးဖွားခြင်း ခံသောသူများသည် ဘာသာတရား၌ကြည်ညိုလေးစားစွာ အသက်ရှင်၍ ဤ နောက်ဆုံးသောအချိန်ကာလ၌ပင် ဧဝံဂလိသတင်းအကြောင်းကို ဟောပြော ကျယ်ပြန့်စေသော သူများဖြစ်ကြသည်။ ဤကမ္ဘာကြီးသည် မည်သည့်အခါ၌ ပင် အဆုံးသတ်စေကာမူ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာသည် ကမ္ဘာ့အနှံ့ အပြားသို့ ဧဝံဂလိတရားကို ဟောပြောခြင်းပင်ဖြစ်သည်။
သတို့သားကြွလာတော်မူသောအခါ ဝိညာဉ်တော်နှင့်ရေ၌ စစ်မှန် စွာဒုတိယမွေးဖွားခြင်းခံသောသူတည်းဟူသောသတို့သမီးသည် သတို့သားကို ဝမ်းမြောက်ရွှင်လမ်းစွာကြိုဆိုလျှက် “အို ကိုယ်တော်နောက်ဆုံးကြွ လာသော အခါ ကျွန်တော်သည်မပြည့်စုံသောကိုယ်ခန္ဓာဖြစ်သော်လည်း ကိုယ်တော်အ ကျွန်ုပ်ကိုချစ်တော်မူပြီး အပြစ်ဒုစရိုက်ထဲမှ ကယ်တင်တော်မူခဲ့ပြီ။ အကျွန်ုပ် နှလုံးသားထဲ၌ အပြစ်မရှိတော့ပါ။ ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။ ကိုယ် တော်သည် အကျွန်ုပ်၏အသက်သခင်ဖြစ်ပါ၏” ဟုဆိုကြလိမ့်မည်။
ယေရှုသည် ဖြောင့်မတ်သောသူ့အားလုံးအတွက် ဝိညာဉ်ရေးရာသ တို့သားဖြစ်သည်။ သတို့သားသည် သတို့သမီးကိုအလွန်ချစ်သောကြောင့် သိုး သူငယ်မင်္ဂလာဆောင်ပွဲကျင်းပဦးမည်ဖြစ်သော်လည်း လောကီသားများ မင်္ဂလာဆောင်သကဲ့သို့မဟုတ်။ ထိုကဲ့သို့သော မင်္ဂလာဆောင်ပွဲမူကား သတို့ သားကိုယ်တိုင် စီစဉ်ဆုံးဖြတ်သောနေရာ ကောင်းကင်နိုင်ငံ၌ ဖြစ်လိမ့်မည်။ ထိုမင်္ဂလာဆောင်ပွဲသည် သတို့သားယေရှုကိုယ်တော် မေတ္တာတော်အားဖြင့် ဆက်ကပ် ပေးသောကယ်တင်ခြင်းအပေါ် အခြေခံသောသတို့သမီးကိုယ်တိုင် ပမာဏမပြုတတ်သောမင်္ဂလာပွဲဖြစ်သည်။ ဤမင်္ဂလာဆောင်ပွဲသည် ကောင်း ကင်၌ ကျင်းပရမည့်မင်္ဂလာပွဲဖြစ် သည်။
သတို့သားသည် သတို့သမီး၏အကြောင်းစုံကို ကောင်းစွာနားလည် သည်။ အပြစ်သားဖြစ်သော်လည်း ထိုသူ (သတို့သမီး) အပေါ်၌မေတ္တာကရု ဏာရှိပြီး လက်ဝါးကားတိုင်မှ သွေးတော်မြတ်သွန်းလောင်းကာ ဗတ္တိဇံခံယူ ခြင်းအားဖြင့် သူတို့အပြစ်ဒုစရိုက်အားလုံးထဲမှ ကယ်တင်တော်မူသော ကြောင့် သတို့သမီးအကြောင်းကို ကောင်းစွာနားလည်သည်။
ကျွန်ုပ်တို့၏သခင်ယေရှုသည် အာရုန်မှ ဆင်းသက်လာသောမြေ ကြီး ပရောဟိတ်အရာကိုဆက်ခံခြင်းငှာ ဤလောကသို့ကြွလာသည်မဟုတ်။ မြေကြီးနှင့်ဆိုင်သောယဇ်ပူဇော်ခင်းအမှုဆောင်ရွက်ရန်လည်းမဟုတ် မြေ ကြီးနှင့်ဆိုင်သောယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက် ရန်အာရုန်မှဆင်းသက် လာသော ယဇ်ပရောဟိတ်နှင့်လေဝိမှဆင်းသက်လာသောယဇ်ပရော ဟိတ် များစွာရှိပါသည်။
အမှန်စင်စစ်ဓမ္မဟောင်းယဇ်ပူဇော်ခြင်းအမှုဆောင်ရွက်ပုံနှင့် ယေရှု ၏ပူဇော်ခြင်းဆောင်ရွက်ပုံသည် လုံးဝမတူညီပါ။ သို့ဖြစ်၍ အစ်အမှန်ရောက် လာသောအခါ ထိုအရိပ်သည် မည်သို့ဖြစ်သွားသနည်း။ အရိပ်သည် ပယ် ထားခြင်းခံရသည်။
ယေရှုဤလောကသို့ ကြွလာသောအခါအာရုန်သည် ယဇ်ပူဇော် ခြင်းအမှုကိုဆောင်ရွက်သကဲ့သို့မဆောင်ရွက်ပါ။အပြစ်သားများကယ်တင်ရန် အသွေးတော်မြတ်သွန်းခြင်း နှင့်ဗတ္တိဇံကိုခံယူခြင်းအားဖြင့် လူသားများအ တွက် မိမိကိုယ်ခန္ဓာကို ဆက်ကပ်ပူဇော်ရသည်။
လက်ဝါးကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူသော အသွေး တော်မြတ်နှင့် ယေရှု၏ဗတ္တိဇံခံယူခြင်းကို ယုံကြည်သောသူရှိသမျှတို့သည် သတိမထားမိသောအချိန်တည်းဟူသောစိတ်နှလုံးထဲမှ ယုံကြည်လက်ခံ သောခဏချင်းတွင်ကယ်တင်ခြင်းသို့ရောက်ရကြသည်။ ယေရှုသည် မသေ ချာသောနည်းလမ်းအား ကျွန်ုပ်တို့ကို အပြစ်ထဲမှ ကယ်တင်တော် မူသည်မ ဟုတ်။ သေချာပြည့်စုံသောနည်းလမ်းဖြင့် ကယ်တင်တော်မူခဲ့သည်။ “ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ”(ယောဟန်၊၁၄း၆)။ ယေရှုသည် ဤလောကသို့ကြွဆင်းကာ သူ၏ရှင်ပြန်ထမြောက်ခြင်း၊ အသေ ခံခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။
 

ဓမ္မဟောင်းသည် ယေရှု၏ပုံရိပ်ဖြစ်သည်

အခြားသောပဋိညာဉ်ဖွဲ့ဆိုခြင်း၏ အကြောင်းရင်းကားအဘယ်နည်း
ပထမပဋိညာဉ်သည် အားနည်း၍ အသုံးမရသောကြောင့်ဖြစ်သည်

ဓမ္မဟောင်းသည် ဓမ္မသစ်၏အရိပ်ဖြစ်သည်။ သို့သော် ယေရှုသည် ဓမ္မဟောင်း ယဇ်ပရောဟိတ်များပူဇော်သကဲ့သို့ မပူဇော်ဘဲသာ၍ ကောင်း သောထာဝရကောင်းကင်နှင့် ဆိုင်သောယဇ်ပရောဟိတ်အရာဖြင့် ပူဇော်ခြင်း အမှုကို ဆောင်ရွက်သွားခဲ့သည်။ လူသားအားလုံးသည် အမိဝမ်းထဲမှ အပြစ် ရှိလျက်မွေးဖွားလာကြသောကြောင့် အပြစ်သားများဖြစ်ကြပြီး ပညတ်တရား အားဖြင့် ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ကြချေ။ ထိုကြောင့် ဘုရားသခင် သည် အခြားသောပဋိညာဉ်သစ်ကိုဖွဲ့ဆိုထားခြင်းဖြစ်သည်။
ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဖဘုရားသည် မိမိ၌ ရှိတော်မူသောတစ်ပါးတည်းသော သားတော်ကိုဤလောကသို့ စေလွှတ်ပြီး သူ၏ရှင်ပြန်ထမြောက်ခြင်း၊ အသွေးတော်မြတ်သွန်းလောင်းခြင်းနှင့် သူ၏ ဗတ္တိဇံခံယူခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံပြန်လှည့်လာရန် ကျွန်ုပ်တို့အားဖိတ်ခေါ်တော်မူသည်။ ဤအရာသည် ဘုရားသခင် ၏ဒုတိယ ပဋိညာဉ်တရားဖြစ်သည်။ဒုတိယပဋိညာဉ်တောင်းဆိုသောအရာသည်ဝိညာဉ် တော်နှင့်ရေအားဖြင့် ဆောင်ရွက်ခဲ့သောဧဝံဂလိသတင်းကောင်းကို ယုံကြည် လက်ခံရန် ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ပြုခဲ့သော ကိုယ်ကျင့်တရားအပေါ်ယုံ ကြည်ကျေနပ်နှစ်သက်ခြင်းမရှိ၊ သူတောင်းဆိုသောအရာလည်းမဟုတ်ပါ။ ကယ်တင်ခြင်းသို့ရောက်လို့သောငှာ မည်ကဲ့သို့ အသက်ရှင်ရမည်ဟုလည်း ဖော်ပြထားခြင်းမရှိ။သို့သော်သားတော်အားဖြင့်ဆောင်ရွက်ခဲ့သောကယ်တင် ခြင်းသတင်းကောင်းကို ယုံကြည်ရန်သာဖော်ပြတောင်းဆို ကြောင်းတွေ့ရ သည်။ ယေရှု၏လက်ဝါးကားတိုင်ပေါ်တွင် သွန်းလောင်းတော်သောအသွေး တော်မြတ်နှင့်သူ၏ဗတ္တိဇံခံယူခြင်းနှင့် အထက်အရာအားလုံးကိုသာ ယုံကြည် လက်ခံရန် တောင်းဆိုထားသည်။ ထိုသို့အားဖြင့်သာ “ဟုတ်ကဲ့” ဟူ၍ပြော နိုင်စရာအကြောင်းရှိသည်။
သမ္မာကျမ်းစာထဲတွင် ယုဒအမျိုးသာလျှင် ဘုရင်အမျိုးအနွယ်ဖြစ် ကြသည်။ရှင်ဘုရင်ရှောလမုန်အထိ ဣသရေလရှင်ဘုရင်များသည် ယုဒအမျိုး မှဆင်းသက်လာသော ဘုရင်များဖြစ်ကြသည်။ ဣသရေလနိုင်ငံနှစ်ခြမ်းကွဲပြီး နောက်ပိုင်းတွင်လည်း တောင်ပိုင်းယုဒ နိုင်ငံပြိုလဲသောနှစ် ၅၈၆ B.C အထိ၊ တောင်ပိုင်းယုဒပြည်တွင် ယုဒအမျိုးမှ ဆင်းသက်လာ သောသူသာလျှင် ရှင်ဘုရင်အဖြစ်ခန့်အပ်ခဲ့ကြသည်။ ဤနည်းအားဖြင့် ယုဒအမျိုးများသည် ဣသရေလလူမျိုးများအတွက် ရပ်တည်လာခဲ့ကြသည်။ လေဝအမျိုးသည် လည်းယဇ်ပရော ဟိတ်များပေါ်ထွက်လာသောအမျိုးဖြစ်သည်။ ဣသရေလ လူမျိုးတစ်မျိုးစီသည် ပါဝင်ရသောအခန်း ကဏ္ဍာအသီးသီးရှိကြသည်။ ယုဒ အမျိုးအနွယ်ထဲမှယေရှုမွေးဖွားလာမည့်အကြောင်း ဘုရားသခင်က ကတိပေး ခဲ့သည်။
ဘုရားသခင်သည် အခြားအသစ်သော ပဋိညာဉ်ကိုအဘယ်ကြောင့် ယုဒအမျိုး၌သာဖွဲ့ဆိုခဲ့သနည်း။ ယုဒအမျိုးသည် ကမ္ဘာပေါ်ရှိလူသားအားလုံး ကို ပုံဆောင်သောအမျိုးဖြစ်သောကြောင့် ယုဒအမျိုး၌ဖွဲ့ဆိုသောပဋိညာဉ် သည်လူသားအားလုံးနှင့်ဆိုင်သော ပဋိညာဉ်ဖြစ်သည်။ ယေရှုသည် ထိုအ သစ်သောပဋိညာဉ်ကို ကယ်တင်ခြင်းအမှုဆောင်ရွက် ပေးသောသူ၏ ရှင်ပြန် ထမြောက်ခြင်း၊ လက်ဝါးကားတိုင်ပေါ်တွင် အသွေးတော်မြတ်သွန်းလောင်း ခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် လူသားအားလုံးအတွက်ပြည့်စုံစေခဲ့သည်။
 
 

နောင်တသည် လူသားများ၏အပြစ်ကိုမဆေးကြောပေးနိုင်။

 
နောင်တရခြင်းဖြင့် လူများအပြစ် ဆေးကြောပေးနိုင်သလော
မဆေးကြောပေးနိုင်

ယေရမိ ၁၇း၁တွင် “ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့်ရေးထွင်းထား၏’’ဟူ၍ဖော်ပြထားသည်နည်းတူ လူသားတိုင်း၏ အပြစ်သည်နှစ်နေရာတွင် အက္ခရာတင်၍မှတ်သားလျက်ရှိကြောင်း တွေ့ရ သည်။
ကျွန်ုပ်တို့၏အပြစ်များသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် မှတ် သားလျက်ရှိသည်။ ထိုအရာအားဖြင့် ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြောင်း ကိုယ့်ကိုကိုယ်သိရှိနိုင်သည်။ လူတစ်ဦးသည် ယေရှုကိုမယုံ ကြည် လက်မခံခင်အပြစ်သားဖြစ်ကြောင်း မိမိကိုယ်ကိုမိမိသိ နိုင်သောအ ချက်မရှိနိုင်။အဘယ်ကြောင့်နည်း။ဘုရားသခင်၏ပညတ်တရားသည် သူတို့ ၏နှလုံးသားထဲတွင်မရှိသောကြောင့်ဖြစ်သည်။ သို့သော်ယေရှုကို ယုံကြည် လာသောအခါ ဘုရားသခင်၏ပညတ်တရားအားဖြင့် ဘုရားသခင်ရှေ့တွင် မိမိ ကိုယ်ကိုအပြစ်သားများဖြစ်ကြောင်း သိရှိလာရသည်။
အချို့သောသူများသည် ယေရှုကိုယုံကြည်ပြီး(၁၀)နှစ်လောက်အ ပြစ်သားဖြစ်ကြောင်းမိမိကိုယ်ကိုသိမြင်လာကြသည်။ “အိုကိုယ်တော်၊ ကျွန်ုပ် သည်အပြစ်သားဖြစ်ပါ၏။” ထိုကဲ့သို့သော အသိတရားဝင်လာရသောအချိန် သည် မိမိကိုယ်ကို အမှန်တိုင်း သိမြင်လာရသော နောက်ဆုံးအချိန်ဖြစ်သည်။ (၁၀)နှစ်လုံးလုံးပျော်ရွှင်စွာ နေခဲ့ကြသော်လည်း၊ အမှန်တရားသည် ထိုခဏ ချင်းတွင်သာမြင်ရကြသည်။ အဘယ့်ကြောင့်နည်း သင့်သိပါသလား။ ထိုကဲ့သို့ အသိတရားဝင်လာနိုင်ခြင်းသည် ဘုရားသခင်၏ပညတ်တရားအားဖြင့် သူတို့ ၏အပြစ်ဒုစရိုက်များသည် ရှင်းလင်းစွာထင်ရှားလာသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောသူများသည်ဒုတိယမွေးဖွားခြင်းမခံဘဲ၊(၁၀)နှစ်လုံးလုံးယေရှုကို ယုံကြည်သော သူများဖြစ်ကြသည်။
အပြစ်သားတစ်ဦးသည် မိမိစိတ်နှလုံးထဲမှ အပြစ်ကိုမပယ်ရှားနိုင် ပါက ဘုရားသခင်ရှေ့တွင်အပြစ်သားဖြစ်ပါသည်။ ဤကဲ့သို့စစ်မှန်သော အသိ တရားရရှိရန် အချို့သည်(၅)နှစ်ကြာပြီး၊ အချို့သည် (၁၀)နှစ်ကြာသည်။ အချို့သောသူသည် အနှစ်(၃၀)ကြာပြီးမှ အချို့များသည်အနှစ် (၅၀)ကြာပြီး မှ၄င်း၊ ထိုကဲ့သို့သောအသိတရားမျိုးရရှိပြီး အချို့တို့သည်သေသည့် တိုင်အောင်မရရှိသောသူလည်းရှိသည်။ “ကိုယ်တော်ဘုရား၊ ကိုယ်တော်၏ ပညတ်တရား နှလုံးသားတွင်မရှိခင်ကောင်းသောသူဖြစ်ဖို့ ကြိုးစားခဲ့သည်။ ပညတ်တရား လိုက်ကျင့်နိုင်သော သူကဲ့သို့မိမိကိုယ်ကိုထင်ခဲ့သော်လည်း နေ့စဉ်ချိုးဖောက်သောသူဖြစ်ကြောင်းယခုနားလည်ပါ၏”ဟူ၍ပေါလုရေးသားထားသည် နည်း တူ ဖြစ်ကြပါသည်။ (ရောမ၊ ရး၉)၊ “အထက် ကပညတ်တရားမရှိသဖြင့်ငါသည်အသက်ရှင်ပါ၏။ပညတ်တရားပေါ်သောအခါအပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏” ဟု ပေါလုကိုယ်တိုင် ရေးသားခဲ့သည်။ကျွန်တော်သည် ယေရှုကိုယုံကြည်သော်လည်း အပြစ်သား ဖြစ်ပါသည်။
သင့်အပြစ်ဒုစရိုက်သည် နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင် အောင်သင့်ကို အတားအဆီးပြုသည်။ သင့်အပြစ်သည် သင့်နှလုံးသားထဲ၌ မှတ်သားလျက်ရှိသည်။ သင့်အပြစ်သည် သင့်နှလုံးသားထဲ၌ ဘုရားသခင် မှတ်သားတော်မူသောကြောင့် ဘုရားသခင်ရှေ့တော်မှောက်တွင် ဒူးထောက် ဆုတောင်းသောအခါမှသာ သင့်အပြစ်မှလွှတ်နိုင်သည်။ “ရုတ်တရက် အံ့သြ သွားပြီးကျွန်တော်သည် ကိုယ်တော်၏ပညတ်တရားများကို ချိုးဖောက်သော အပြစ်သားဖြစ်ပါ၏။”
“သို့သော် လွန်ခဲ့သော(၂)နှစ်လောက်ကတည်းက သင့်ကိုငါကယ် တင်ခဲ့ပြီ။ အဘယ်ကြောင့်ရုပ်တရက်ကြီး မိမိကိုယ်ကို မြင်နေရသနည်း။ အ ဘယ်ကြောင့်ထွက်မပြေးရသနည်း။
“အို ကိုယ့်ကိုကိုယ်သိပ်ပြီး ညစ်ပတ်သောသူကဲ့သို့ မထင်ပါနှင့် သင့်နှလုံးသားထဲမှာသင့်အပြစ်ကို ငါမှတ်သားလိုက်ပြီ။ သင်မိမိကိုယ်ကို မည် ကဲ့သို့ ထင်စေကာမူ သင်သည် အပြစ်သားဖြစ်ပါသည်။”
“အို မဟုတ်ပါဘူး၊ မဟုတ်သေးပါဘူး”
ထိုသို့အားဖြင့် လွန်ခဲ့သော(၂)နှစ်လောက်က ပြစ်မှားခဲ့သောအပြစ် အတွက်ပြန်ပြီးလည်း နောင်တရလာသည်။ “ကိုယ်တော်၊ အကျွန်ုပ်အပြစ်ကို ခွင့်လွှတ်တော်မူပါ။ပြုမှားမိသောအပြစ်ကြောင့် ယခုထိကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်နေရပါ၏။ အပြစ်အတွက်နောင်တရသော်လည်း၊ အပြစ်နှင့်ကင်းလွှတ် နိုင်ပါ။ ကိုယ်တော်အကျွန်ုပ်ပြစ်မှားပါပြီ။ ခွင့်လွှတ်တော် မူပါ။
သို့သော် နောင်တရခြင်းဖြင့် ထိုအပြစ်များပျောက်ကွယ်သွားနိုင် မည်လော။ အပြစ်သည်လူသား၏စိတ်နှလုံးသားထဲ၌ရှိသောကြောင့် ဝိညာဉ် တော်နှင့်ရေအားဖြင့် ဆောင်ရွက်သောဧဝံဂလိသတင်းကောင်းမရှိဘဲ၊ ပယ် ဖျက်၍မရနိုင်ပါ။ စစ်မှန်သောရွေးနှုတ်ပေါ်မှာသာမူတည်သည်။ ယေရှုသ၏ သတင်းကောင်း ဧဝံဂလိတရားကို ယုံကြည်သောအားဖြင့်သာ ကယ်တင်ခြင်း သို့ရောက်နိုင်သည်။


ငါသည်သင်၏ ကယ်တင်သောအရှင်ဖြစ်လိမ့်မည်။

အသစ်သောပဋိညာဉ်ကိုမည်သို့အားဖြင့်လက်ခံတုန့်ပြန်ရမည်နည်း
စိတ်နှလုံးထဲမှ ယုံကြည်လက်ခံနှင့် ထိုတရားကို တစ်ကမ္ဘာလုံးသို့ ခြင်းအားဖြင့်လက်ခံရယူရမည်

ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့ဘုရားသည် ကျွန်ုပ်တို့ အတွက် အသစ်သောပဋိညာဉ်ကိုဖွဲ့ဆိုထားပေသည်။ “ငါသည် သင်၏ကယ် တင်သောအရှင်ဖြစ်လိမ့်မည်။ အသွေးတော်မြတ်နှင့် ရေအားဖြင့်လူသားအား လုံးအပြစ်မှလွတ်မြောက်ခြင်းအခွင့်ကိုပြည့်စုံစွာငါဆောင်ရွက်ပေးမည်။ ငါ့ကို ယုံကြည်လက်ခံသောသူရှိသမျှတို့ကို ငါကောင်းကြီးပေးမည်။”
ဘုရားသခင်ပြုတော်မူသောဤအသစ်သောပဋိညာဉ်တရားကိုသင် ယုံကြည်လက်ခံပါသလား။အသွေးတော်မြတ်နှင့်ရေအားဖြင့် ဆောင်ရွက်ပေး သော ကယ်တင်ခြင်းတရားနှင့်သူ၏အသစ်သော ပဋိညာဉ်ယုံကြည်ခြင်း အားဖြင့် ဒုတိယမွေးဖွားခြင်းခံနိုင်ပြီး အပြစ်တရားထဲမှကယ်တင်ခြင်းသို့ ရောက်ရှိနိုင်သည်။
ဆေးဆရာဝန်တစ်ဦးသည် ရောဂါ၏လက္ခဏာအတိအကျမသိရှိနိုင် ပါက အားကိုး၍မရပါ။ ဆေးဆရာဝန်တစ်ဦးအနေဖြင့် တိကျသောရောဂါ လက္ခဏာတွေ့ရှိခြင်းနှင့်ရောဂါအတွက်ထိရောက်သော ဆေးအညွှန်းပေးခြင်း သည် ပထမဦးဆုံးလိုအပ်သောအချက်ဖြစ်သည်။ ဆေးအမျိုးပေါင်းမြောက် များစွာအနက်ရောဂါနှင့်ကိုက်ညီသော ဆေးဝါးသုံးစွဲတတ်ရန် သိရှိနားလည် ခြင်းသည် ဆေးဆရာဝန်တစ်ဦး၏အဓိကအလုပ်ဖြစ်သည်။ ဆေးဆရာဝန် တစ်ဦးသည် လူနာရှင်၏ရောဂါကိုကောင်းစွာနားလည်ပါက ထိုရောဂါပျောက် ကင်းစေနိုင်သောဆေးမျာစွာရှိသည်။ ရောဂါလက္ခဏာကောင်းစွာသိရှိနား လည်ခြင်းမရှိပါက ကောင်းသောဆေးသည် လူနာရှင်ကိုသာ၍ဆိုးဝါးစေနိုင် သည်။
ထိုနည်းတူ ယေရှုကိုယုံကြည်သောအခါ မိမိဝိညာဉ်ရေးရာအခြေ အနေကိုကောင်းစွာ နားလည်နိုင်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသာ အခြေခံရမည်။ နှုတ်ကပတ်တော်ကို အခြေခံပြီး မိမိကိုယ်ကို စစ်ဆေးပါက တိကျမှန်ကန်သော ဝိညာဉ်ရေးရာအခြေအနေကိုသိမြင်လာမည်ဖြစ်သည်။ ဝိညာဉ်ရေးရာဆရာဝန်ကြီးသည် ဝိညာဉ်ရေးရာရောဂါရှိသမျှကို အခမဲ့ကုသ ပေးနိုင်ပါသည်။ လူသားအားလုံး ဒုတိယမွေးဖွားခြင်းခံနိုင်ပါသည်။
“ငါသည် ကယ်တင်ခြင်းရ၊ မရကို မိမိကိုယ်ကိုမသိ”ဟုဆိုပါက သင် သည် ကယ်တင်ခြင်းလုံးဝမရနိုင်ကြောင်းသေချာပါသည်။ အကယ်၍သာ သင်းအုပ်ဆရာတစ်ပါးသည်စစ်မှန် သောယေရှု၏တပည့်တော်ကောင်းဖြစ် ပါက၊ သူတပည့်များ၏အပြစ်ပြဿနာများကိုကောင်း စွာဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ သို့မှသာ သူတို့၏ယုံကြည်ခြင်းပြဿနာများကို ဖြေရှင်းနိုင်ပြီး ဝိ ညာဉ်ရေးရာယုံကြည်ခြင်းသို့ဦးဆောင်မည်။ သိုးတော်စုများ၏ ဝိညာဉ်ရေးရာ အခြေအနေကို ကောင်းစွာသိရှိနားလည် တတ်သူဖြစ်ရမည်။
ယေရှုသည် ဤလောကသို့ကြွလာရခြင်းအကြောင်းရင်းသည် လော ကီသားများ၏အပြစ်များကို ဆေးကြောပေးရန်ဖြစ်သည်။ ဤလောကသို့ကြွ လာပြီး ဗတ္တိဇံခံယူကာ လက်ဝါးကားတိုင်တွင် အသေခံခဲ့သည်။ ယေရှုသည် အပြစ်အားလုံးထဲမှ ရွေးနှုတ်တော်မူသောအခါအပြစ်များအားလုံးကို ပျက်စီး ပျောက်ကင်းစေသလား။ ဝိညာဉ်တော်နှင့်ရေတည်းဟူသော နှုတ်ကပတ် တော်သည် ယုံကြည်သူများ၏ အပြစ်ရှိသမျှကိုလုံးဝဖျက်ဆီးပျောက်ကင်း စေပါ သည်။
ဧဝံဂလိသတင်းကောင်းသည် အင်အားကြီးသောဒိုင်နမိုကဲ့သို့ဖြစ် သည်။ အမှိုက်ရှိသမျှအားလုံးကို မြင့်မားသောတိုက်အိမ်များမှ အဝေးဆုံး သောတောင်ထိပ်သို့ မှုတ်ပစ်နိုင်သည်။ ယေရှု၏လုပ်ဆောင်မှုသည် ထိုကဲ့သို့ ပင်ဖြစ်သည်။ သူ့ကို ယုံကြည်သောသူအားလုံးတို့၏အပြစ်ရှိသမျှကိုဝိညာဉ် တော်နှင့်ရေတည်းဟူသော နှုတ်ကပတ်တော်အကြောင်းကို သမ္မာကျမ်းစာမှ ဖော်ပြသည့်အတိုင်း ယခုလေ့လာကြပါစို့။
 
 

ဓမ္မဟောင်းမှ ဧဝံဂေလိတရားတည်းဟူသော လက်တင်ခြင်းမင်္ဂလာ

 
ဓမ္မဟောင်းတွင်လက်တင်ခြင်းမင်္ဂလာ၏ရည်ရွယ်ချက်မှာအဘယ်နည်း
အပြစ်သားမှ ပူဇော်သောအကောင်သို့အပြစ်များ ရွေ့ပြောင်းပေးခြင်းကိုဆိုလိုသည်

ဝတ်ပြုကျမ်း၊ ၁း၃၊ ၄ တွင်ဖော်ပြထားသော ရွေးနှုတ်တော်မူခြင်း အကြောင်းကိုလေ့လာကြပါစို့။“သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။ သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူလိမ့်မည်။”
ဤကျမ်းပိုဒ်ဖော်ပြသည်မှာ မီးရှို့ရာယဇ်အတွက်အပြစ်မပါသော နွားထီးအရှင် ကောင်ကိုယူလာပြီး သူ၏ခေါင်းပေါ်၌ လက်တင်ကာ ပရိသတ် စည်းဝေးရာတဲတော်၏ တံခါးနား၊ ဘုရားသခင်၏ရှေ့တော်တွင် ပူဇော် ကြောင်းတွေ့ရသည်။
ဓမ္မဟောင်းအချိန်တွင် အပြစ်သားတစ်ဦးယဇ်ပူဇော်ရာတွင် ပူဇော် သောအကောင်အပေါ်၌ မိမိလက်ကိုတင်ကာ နေ့စဉ်ပြုမိသောအပြစ်ဒုစရိုက် များထဲမှ ရွေးနှုတ်ကယ်တင်ခြင်းအတွက်ပူဇော်ကြသည်။ ယဇ်ကောင်ကို သတ်ပြီးလျှင် ယဇ်ပရောဟိတ်သည် ယဇ်ကောင်၏ အသွေးအချို့ကိုယူကာ မီးရှို့ယဇ်ပူဇော်သောပလ္လင်၏ဦးချိုပေါ်တွင်ထားလိုက်သည်။ အခြား အသွေး ကိုလည်းယူ၍ ယဇ်ပလ္လင်၏ပါတ်လည်တွင်ဖျန်းခြင်းဖြင့် တစ်နေ့အတွက် ပြု မှားသော ဒုစရိုက်အတွက် ခွင့်လွှတ်ခြင်းခံရသည်။
တစ်နှစ်လုံးပြုမိသောဒုစရိုက်အပြစ်များအတွက် ယဇ်ပူဇော်ခြင်းအ ကြောင်းကို ဝတ်ပြုရာကျမ်း၊ ၁၆း ၆-၁၀တွင် “အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကိုပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။ ဆိတ်သငယ်နှစ်ကောင်ကိုလည်းယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရ ဘုရားရှေ့တော်၌ ထားရမည်။ အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။ အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်” သမ္မာကျမ်းစာထဲမှာ ဖော်ပြသည့်နည်းတူ တော၌လွှတ်သော ဆိတ်ကောင်၏အဓိပ္ပါယ်မှာ“ပစ်ပယ်သွားခြင်း”ကိုဆိုလိုသည်။ထိုနည်းအားဖြင့် တစ်နှစ်အတွင်း ပြစ်မှားသောအပြစ်များကို (၁၀)ရက်နေ့၊ (၇)လမြောက် သော အချိန်တွင် ပစ်ပယ်သွားပြီး ဘုရားသခင် လွှတ်လိုက်သည်။
ဝတ်ပြုရာကျမ်း၊ ၁၆း၂၉-၃၀တွင်လည်း ဤသို့ရေးထားသည်။ “သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါး သားဖြစ်စေသတ္တမလ၊ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ အကြောင်းမူကား သင်တို့သည် ထာဝရ ဘုရားရှေ့တော်၌ မိမိတို့၏အပြစ်ရှိသမျှမှ စင်ကြယ်ကြမည့်အကြောင်း ထိုနေ့၌ ယဇ်ပုရောဟိတ်သည် သင်တို့စင်ကြယ်စေရန် သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးမည်။”
အထက်တွင်ဖော်ပြထားသောယဇ်ပူဇော်ခြင်းကိုလည်း ဣသရေလ လူမျိုး တစ်နှစ်အတွင်းပြုမိသော အပြစ်များအတွက် ပူဇော်သောနေ့တွင် ဆက်လက်ဆောင်ရွက်ရသောပူဇော်ခြင်း ဖြစ်သည်။ ဤအရာများမည်သို့ ဆောင်ရွက်နိုင်ခဲ့ကြသနည်း။ ပထမအချက်မှာ ယဇ်ပရောဟိတ်မင်းအာရုန် သည် ပူဇော်သောနေရာတွင်ရှိနေရမည်။ ဣသရေလလူမျိုး အားလုံးကိုပုံ ဆောင်သောသူသည် အဘယ်သူနည်း။ အာရုန်သည်ဣရေလလူမျိုးအားလုံး ကိုပုံဆောင်သည်။ ဘုရားသခင်သည် အာရုန်နှင့် သူ၏သားစဉ်မြေးဆက်တို့ ကို ယဇ်ပရောဟိတ် အဖြစ်ခန့်အပ်လိုက်သည်။
အာရုန်သည် နွားထီးဖြင့်မိမိအပြစ်နှင့် မိမိအိမ်သူအိမ်သားများအ ပြစ်အတွက် အရင်ဆုံးပူဇော်ရသည်။ နွားထီးကိုသတ်ပြီးလျှင် အသွေးအချို့ ကိုယူကာ ပဋိညာဉ်သေတ္တာရှေ့၌ ပတ်ပတ်လည်တွင် ခုနှစ်ခါဖြန်းလိုက် သည်။ ပထမဦးဆုံးမိမိနှင့်မိမိအိမ်သူအိမ်သားများအတွက် ပူဇော်ခြင်းအမှုကို ဆောင်ရွက်သည်။
အပြစ်ဖြေလွှတ်ခြင်း(ရွေးနှုတ်တော်မူခြင်း)ဆိုသည်မှာ“တစ်ဦးသော သူ၏အပြစ်ကိုပူဇော်သောအကောင်သို့ ရွှေ့ပြောင်းပေးကာ ကိုယ်စားအသတ် ခံခြင်း”ကိုဆိုလိုသည်။ အပြစ်သားသည် အသေခံထိုက်သောသူဖြစ်သော် လည်း သူ့နေရာအစားထိုးပေးသော ယဇ်ကောင်အသေခံခြင်းအားဖြင့် အပြစ် အားလုံးကို ဖြေလွှတ်ခြင်းခံရသည်။
အာရုန်သည် သူ့အပြစ်နှင့်သူ့အိမ်သူအိမ်သားများ၏အပြစ်များအ တွက် ပူဇော်ပြီးနောက် ဣသရေလလူမျိုးများ၏ အပြစ်အတွက်တော၌လွှတ် သော ဆိတ်ကောင်အားဖြင့်ပူဇော်ခြင်းကို ဘုရားသခင်ရှေ့၌ ဆောင်ရွက် ပေးပြီး ထိုအကောင်ကို တော၌လွှတ်နေစဉ် အခြားတစ်ကောင်အားဖြင့် ဣသ ရေလလူများရှေ့တွင် ပူဇော်ခြင်းအမှုကို ဆက်လက်ဆောင် ရွက်ပေးသည်။
ဆိတ်တစ်ကောင်သည် အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခဲ့ပြီး၊ ထိုကဲ့ သို့ အပြစ်ဖြေရာယဇ်ပူဇော်သောအခါ အာရုန်သည် မိမိလက်ကိုယဇ်ကောင် အပေါ်တွင် တင်ကာ “အို... ထာဝရဘုရား၊ ကိုယ်တော်၏လူ ဣသရေလလူ မျိုးတို့သည် ကိုယ်တော်ပေးထားသောပညတ်တော်(၁၀)ပါးနှင့် အခြားသော ပညတ်(၆၁၃)တို့ကို ကျူးလွန်ခြင်းအားဖြင့် ကိုယ်တော်ကို ပြစ်မှားကြပြီ။ ဣသရေလလူမျိုးတို့သည် အပြစ်သားများဖြစ်ကြပါ၏။ ယခုအကျွန်ုပ်၏လက် ကို ဤဆိတ်ကောင်အပေါ်သို့ လက်ကိုတင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ နှစ်စဉ် အပြစ်ရှိသမျှကိုဤဆိတ်ကောင်အပေါ်သို့ရွှေ့ပြောင်းပေးလိုက်ပါ၏။”ဟူ၍ မြွက်ဆိုလိုက်သည်။
ထိုနောက် ဆိတ်ကောင်၏လည်ပင်းကို လှီးပြီးအသွေးအချို့ကို ယူ ကာ တဲတော်၏အသန့်ရှင်းဆုံးဌာနသို့ ဆောင်ယူသွားသည်။ အသွေးကိုပဋိ ညာဉ် သေတ္တာအပေါ်နှင့် အရှေ့ပတ်လည်တွင် ခုနှစ်ခါဖြန်းလိုက်သည်။
တဲတော်၏အသန့်ရှင်းဆုံးဌာနတွင် ပညတ်တော်(၁၀)ပါးကိုထား သောသေတ္တာတစ်လုံးရှိသည်။ ထိုသေတ္တာ၏အဖုံးကို ပဋိညာဉ်သေတ္တာ (Mercy Seat) ဟုခေါ်ဆိုပြီး ထိုသေတ္တာအထဲတွင် ကျောက်ပြားနှစ်ခုအပေါ် ရေးထားသော ပညတ်တော်(၁၀)ပါး၊ မန္နမုန့် ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံတို့ကိုထားရှိသည်။ ထိုသေတ္တာကို ရွှေဖြင့်ပြုလုပ်ထားသော သေတ္တာဖြစ်သည်။ (ဟေဗြဲ၊ ၉း၄)။
အာရုန်၏လှံတံသည်ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ပြီး ပညတ် တော်ရေးထားသောကျောက်ပြားနှစ်ချပ်သည် သူ၏ဖြောင့်မတ်ခြင်းနှင့်မန္န ထားသောရွှေအိုးသည်အသက် ရှင်သောနှုတ်ကပတ်တော် စသည်ဖြင့်အသီး သီးပုံဆောင်ကြသည်။
ထိုပဋိညာဉ်သေတ္တာတွင် အဖုံးရှိသည်။ ထိုသေတ္တာရှေ့တွင် အသွေး ကိုခုနှစ်ခါဖြန်းလိုက်သည်။ ထိုသို့အသွေးကို ဖြန်းပြီးနောက်တွင် ယဇ်ပရော ဟိတ်မင်း၏ဝတ်လုံပေါ်တွင်တပ်ဆင်ထားသော ရွှေခေါင်းလောင်းများမှ အသံ မြည်လာသည်။
ဝတ်ပြုရာကျမ်း၊ ၁၆း၁၄-၁၅ တွင်ဤသို့ရေးထားသည်။ “သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုသတ်၍ ၎င်း၏သွေးကို ကန့်လန့်ကာအတွင်းဘက်သို့ယူဆောင်လာရမည်။ နွားထီး၏သွေးကိုဖျန်းသကဲ့သို့ ဆိတ်ထီးကလေး၏သွေးကိုလည်း ကရုဏာတော်ပလ္လင်ပေါ်၌လည်းကောင်း၊ ကရုဏာတော်ပလ္လင်ရှေ့၌လည်းကောင်း ဖျန်းရမည်။
      ထိုရွှေခေါင်းလောင်းများမှ အသံမြည်လာတိုင်း အသွေးကိုဖြန်း၍ထို အသံသည်အပြင်ဘက်တွင် စုဝေးသောဣသရေလလူများသည်လည်း ကြားရ ကြမည်ဖြစ်သည်။ ယဇ်ပရောဟိတ်ဆောင်ရွက်ပေးသောအပြစ်ဖြေရာ ယဇ်ပူ ဇော်ခြင်းသည် ဘုရားသခင်နားညောင်း တော်မူပြီး ခွင့်လွှတ်လိုက်ကြောင်းကို ထိုမြည်သောအသံအားဖြင့် သိရှိနားလည်နိုင်ကြသည်။ ထိုအရာသည် ဣသ ရေလလူမျိုးများအတွက် ကောင်းကြီးမင်္ဂလာပေးသောအသံဖြစ်သည်။
အသံခုနှစ်ကြိမ်မည်လာသောအခါ “ယခုငါခွင့်လွှတ်ခြင်းခံနေပြီ။ တစ် နှစ်လုံး အပြစ် အတွက်ဝမ်းနည်းခဲ့သော အသက်တာမှ ယခုငါလွှတ်ပြီ။}} ဟူ၍ဟစ်အော်တတ်ကြသည်။ ပြစ်မှားခြင်းမှလွှတ်သော အသက်တာအ သစ်နှင့် အသက်ပြန်ရှင်ကြသည်။ ထိုအချိန်၌ မြည် လာသောအသံသည် ဝိညာဉ်တော်နှင့်ရေအားဖြင့် ဒုတိယမွေးဖွားခြင်းကို ဆောင်ရွက်ပေးသောသ တင်းကောင်းသဖွယ်ဖြစ်သည်။
ဝိညာဉ်တော်နှင့် ရေအားဖြင့် ရွေးနှုတ်ခြင်းအမှုကိုဆောင်ရွက်ပေး သောသတင်းကောင်းကိုကြားနာ၍ စိတ်နှလုံးထဲမှ ယုံကြည်ပြီးနှုတ်ဖြင့်ဝန်ခံ သောအခါ ဤအရာဝိညာဉ်တော်နှင့် ရေအားဖြင့် ဆောင်ရွက်သောသတင်း ကောင်း ဖြစ်သည်။ အသံခုနှစ်ကြိမ်မြည်လာသောအခါ တစ်နှစ်လုံး ဣသရေ လလူမျိုးများ၏ အပြစ်များဘုရားသခင်ရှေ့တွင် သန့်ရှင်းသွားသည်။ ဘုရားသ ခင်ရှေ့တွင် သူတို့၏အပြစ်များသည် ဆေးကြောခြင်းခံရပြီဖြစ်သည်။ ဣသရေလလူမျိုးများအတွက်ဆိတ်တစ်ကောင်ပူဇော်ပြီးနောက်ဣသရေလလူမျိုးစုဝေးနေသော တဲတော်၏အပြင်ဘက်သို့ ယဇ်ပရောဟိတ်အာရုန်သည် အခြားသောဆိတ်တစ်ကောင်ကိုယူပြီးထွက်လာကာ၊ဣသရေလလူမျိုးများက သူ့ကိုကြည့်နေစဉ်မိမိလက်ကို ဆိတ်ကောင်၏ခေါင်းပေါ်တွင် တင်ပြီး မြွက်ဆိုခဲ့ သည်။
ဝတ်ပြုရာကျမ်း၊ ၁၆း၂၁-၂၂ တွင် “အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။ ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်” ဟုရေးသားထားသည်။
ယဇ်ပရောဟိတ်အာရုန်သည် အခြားဆိတ်တစ်ကောင်၏ ခေါင်း ပေါ်တွင်လက်တင်ကာ၊ ဘုရားသခင်ရှေ့တွင် ဣသရေလလူမျိုးတို့၏ တစ်နှစ် လုံးအပြစ်များကို ဤသို့မြွက်ဆိုကာ “အိုထာဝရဘုရား ဣသရေလအမျိုးသား တို့သည် ကိုယ်တော်ကိုပြစ်မှားပါပြီ။ ကိုယ်တော်၏ ပညတ်တော် (၁၀) ပါးနှင့် ပညတ်တရား (၆၁၃) ခုတို့ကို ကျူးလွန်ပြီး ကိုယ်တော် ကိုပြစ် မှားကြပါ၏။အိုထာဝရဘုရား၊ တစ်နှစ်ပါတ်လုံး ဣသရေလအမျိုးသား တို့၏ အပြစ်ရှိသမျှတို့ကို ဤဆိတ်ကောင်၏ခေါင်းပေါ်သို့ တင်ပေးပါ၏” ဟူ၍ဆို မြွက်ပြီး သူတို့ အပြစ်ကိုဆိတ်ပေါ်တွင် တင်ပေးလိုက်သည်။
ယေရမိ၊ ၁၇း၁တွင် ဖော်ပြသည့်အတိုင်း အပြစ်များသည် နှစ်နေရာတွင် မှတ်ထားတော်မူကြောင်း တွေ့ရသည်။ တစ်နေရာသည် အ လုပ်များကိုမှတ်တမ်းတင်သော စာအုပ်ထဲတွင်မှတ်တမ်းတင်၍ အခြားတစ် ခုသည် သူတို့၏နှလုံးသားထဲတွင် မှတ်တမ်းတင်ကြောင်း တွေ့ရသည်။
အကယ်၍လူတစ်ဦးသည်တစ်ယောက်၏အပြစ်များကိုခွင့်လွှတ် မည်ဆိုပါက အလုပ်များကို မှတ်တမ်းတင်သောစာထဲမှ ရေးသားထားသော အပြစ်သော်၄င်း၊ နှလုံးသားကျောက်ပြားပေါ်မှာ ရေးသားထားသောအပြစ်  သော် ၄င်းဆေးကြောဖျက်ဆီးရန် လိုအပ် သည်။ ဣသရေလလူမျိုးများ အပြစ်ဖြေသောယဇ်ပူဇော်ရာတွင် ဆိတ်နှစ်ကောင်အသုံးပြုခြင်းမှာတစ် ကောင်သည်တရားစီရင်ရန် မှတ်တမ်းတင်သောအလုပ်စာအုပ်ထဲမှာမှတ် တမ်းတင်သောအပြစ်များဖြေလွှတ်ရန်အတွက်ဖြစ်ပြီး အခြားတစ်ကောင် သည် သူတို့နှလုံးသားကျောက်ပြားပေါ်၌ မှတ်တမ်းတင်သောအပြစ်များအ တွက်ဖြစ်သည်။

ဓမ္မဟောင်းယဇ်ပူဇော်ခြင်းအားဖြင့် ဘုရားသ ခင်သည်ဣသရေလလူမျိုးများအား မည်သည့်အရာများကိုထင်ရှားပြသခဲ့သနည်း
ကြွလာမည့် ကယ်တင်အားဖြင့်သာ၍ကောင်းသော နည်း လမ်းကို အသုံးပြုကာ၊ သူတို့အပြစ်အားလုံး ဆေးကြောမည့်အကြောင်းကို ထင်ရှားပြသခဲ့သည်

ယဇ်ပရောဟိတ်သည် မိမိလက်ကို ဆိတ်ကောင်အပေါ်၌တင်ထား ခြင်းဖြင့် ဣသရေလလူမျိုးတို့၏တစ်နှစ်လုံးအပြစ်များကို ထိုဆိတ်ကောင် အပေါ်သို့ရွှေ့ပြောင်းပေးခြင်းကို ထင်ရှားစေသည်။ အပြစ်များကို ထိုဆိတ် ကောင်အပေါ်သို့ တင်ထားပြီးနောက် သင့်တော်သောပုဂ္ဂိုလ်သည် ထိုကောင် ကို တောအရပ်သို့စေလွှတ်လိုက်သည်။
ပါလက်စတိုင်းနိုင်ငံသည် သဲကန္တရတောကြီးဖြစ်သည်။ အပြစ်သယ် ဆောင်သော ဆိတ်ကောင်ကိုသင့်တော်သော ပုဂ္ဂိုလ် (ရာထားသောပုဂ္ဂိုလ်) သည် ထိုကဲ့သို့သောတော၊ ရေနှင့် မြက်ပင်မရှိသော အဝေးဆုံးသောနေရာသို့ စေလွှတ်လိုက်သည်။ဣသရေလလူအစုအဝေးတို့သည်အပြစ်ကိုသယ်ဆောင် သွားသောဆိတ်ကောင်ကိုသဲကန္တရတောထဲသို့ဝင်သွားသည် အထိရပ် ပြီး ကြည့်ကြသည်။
“ငါသည် အသေခံရမည့်သူဖြစ်သော်လည်း၊ ဆိတ်ကောင်သည် ငါ့ အပြစ်အတွက်အသေခံလိုက်ပြီ အသေခံပေးသောဆိတ်ကောင်ကို ကျေးဇူး တင်ပါသည်။ သင်အသေခံခြင်းအားဖြင့် ငါအသက်ရှင်ခွင့်ရသည်” ဟုဟစ် ကြော်ကြသည်။ ဆိတ်ကောင်ကို အဝေးဆုံးသောတောသို့ ခေါ်သွားလိုက် သောကြောင့် ဣသရေလလူမျိုးတို့၏ တစ်နှစ်အပြစ်များကို ဘုရားသခင် သည် ခွင့်လွှတ်တော်မူလိုက်သည်။
သင့်နှလုံးသားထဲမှာ ရေးသားထားသော အပြစ်သည်ထိုကဲ့သို့သော ယဇ်ပူဇော်ခြင်းအားဖြင့်ဆေးကြောပေးသောကြောင့် သင့်သည်သန့်ရှင်းသော သူဖြစ်သည်။ ထိုအရာသည် ရှင်းလင်းသောအရာဖြစ်သည်။ သမ္မာတရားသည် လည်း ကျွန်ုပ်တို့နားလည်နိုင်ရန် ရှင်းလင်း သောအရာဖြစ်သည်။
အပြစ်ကိုသယ်ဆောင်သွားသော ဆိတ်ကောင်သည် သဲကန္တရတော ထဲသို့ထွက်သည်။ လွှတ်ပေးသောပုဂ္ဂိုလ်သည် ကိုယ်တစ်ယောက်တည်း ဖြင့်အပြစ်လွတ်ပြီးပြန်လာရသည်။ ဣသရေလလူမျိုးများ၏ တစ်နှစ်လုံးအ ပြစ်ကိုလည်း လွှတ်သွားလိုက်ပြီ။ ဆိတ်ကောင်သည် မြက်ပင်နှင့် ရေမရှိ သောတောထဲသို့ လျောက်သွားပြီး နောက်ဆုံးတွင် သူသယ်ဆောင်သွား သောဣသရေလလူမျိုးတို့၏ တစ်နှစ်လုံးအပြစ်နှင့်သေဆုံးသွားတော့သည်။
အပြစ်၏အစသည် သေခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းနှင့်ပြည့်စုံသောဘုရားဖြစ်သည်။ ဘုရားသခင်သည် ဣသရေ လလူမျိုးများအတွက် ဆိတ်အကောင်ဖြင့် ပူဇော်ခြင်းအမှုကို ဆောင်ရွက် ပေးခြင်းအားဖြင့်သူတို့သည် အသက်ရှင်ခြင်းသို့ ရောက်သွားသည်။ တစ်နှစ် လုံး ဣသရေလလူမျိုးတို့၏ အပြစ်ကိုဆေးကြောသန့်ရှင်းစေသည်။
ဓမ္မဟောင်းအချိန်တွင် ဘုရားသခင်သည် ဣသလလူမျိုးများ၏ နေ့စဉ်အပြစ်ဒုစ ရိုက်သော်၄င်း၊ တစ်နှစ်လုံးအတွက် အပြစ်ဒုစရိုက်သော်၄င်း၊ ယဇ်ပူဇော်ခြင်းအားဖြင့် ဖြေလွှတ်ပေးသကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များသည် လည်း တစ်ခါတည်းနှင့် ထာဝရအတွက်ခွင့် လွှတ်ခြင်းရရှိရန်ဘုရားသခင်၏ ပဋိညာဉ်ပြုထားချက်ဖြစ်သည်။ဘုရားသခင်၏ပဋိညာဉ်ပြုချက်သည် မေရှိယ ကိုစေလွှတ်ပြီး ကျွန်ုပ်တို့အသက်ရှင်နေစဉ် ပြုမှားသမျှသောအပြစ်များ နှင့် အပြစ်ထဲမှအပြစ်ဖြေလွှတ်ပေးပြီး ကယ်တင်ရန်ဖြစ်သည်။ ထိုပဋိညာဉ်ပြု ချက်ကို ယေရှု သည်ဗတ္တိဇံခံယူခြင်းအားဖြင့် ဆောင်ရွက်သွားသည်။


ဓမ္မသစ်တွင် ရေနှင့်ဝိညာဉ်တော်၌ ဒုတိယမွေးဖွားခြင်းခံရန်လိုသည်ယေရှုသည် နှစ်ခြင်းဆရာယော
 
ဟန်ထံ အဘယ်ကြောင့်ရေနှစ်ခြင်းခံယူခဲ့သနည်း
လူသားများ၏အပြစ်အားလုံးကို ဖြေလွှတ်ဘို့ရန် အလုံးစုံ သော တရားတို့ကို အကုန်အစင်ကျင့်ခြင်းဖြင့် ပြည့်စုံရန်ဖြစ် သည်။ ဓမ္မသစ်တွင် ယေရှု၏ဗတ္တိဇံခံ ယူခြင်းသည်ဓမ္မ ဟောင်း အချိန်တွင် လက်တင်ပေး ခြင်းနှင့်အတူတူဖြစ်သည်

မဿဲ ၃း၁၃-၁၅ ကိုဖတ်ကြပါစို့ “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။ သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။”
ယေရှုသည် ယောဒန်မြစ်သို့သွားပြီး ယောဟန်ထံဗတ္တိဇံခံယူခြင်း အားဖြင့် အလုံးစုံသောတရားတို့ကိုပြည့်စုံစေခဲ့သည်။ ယောဟန်၏ဗတ္တိဇံကို ခံယူခဲ့သည်။ ယောဟန်သည် မိန်းမဖွားသောလူထဲတွင် အကြီးမြတ်ဆုံး သောသူ ဖြစ်သည်။
မဿဲ ၁၁း၁၁-၁၂တွင် “သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။”ဟူ၍ ရေးသားထား သည်။
ဗတ္တိဇံဆရာယောဟန်ဘုရားသခင်ရွေးကောက်တော်မူသော လူ သားအားလုံးကိုကိုယ်စားပြုသောသူယေရှုထက်(၆)လအရင်စောပြီး စေလွှတ် သောသူဖြစ်သည်။ သူသည် အာရုန်မှဆင်းသက်သောနောက်ဆုံးသော ယဇ်ပ ရောဟိတ်လည်းဖြစ်သည်။
ယေရှုသည် ဗတ္တိဇံဆရာယောဟန်ထံ ဗတ္တိဇံခံယူရန်ကြွလာတော်မူ သောအခါယောဟန်သည် အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံခံရမည်အ ကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူ သလောဟုဆိုခဲ့သည်။
“ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သည် ဖြစ်၍ ယခုအခွင့်ပေးပါ” ဟုပြော၏။ ရည်ရွယ်ချက်သည် လူသားအားလုံး ၏အပြစ်ကို ဖြေလွှတ်ပေးပြီး ဘုရားသခင်၏သားသမီးများဖြစ်နိုင်ကြရန်ဖြစ် သည်။ ယေရှုက ယောဟန်အား “ရေနှင့်ဝိညာဉ်တော်၌ ဗတ္တိဇံခံယူခြင်းအား ဖြင့်ဧဝံဂလိသတင်းကောင်းကို ပြည့်စုံစေရမည်။ ယခု အခွင့်ပေးတော်မူပါ” ဟု ပြန်ပြောတော်မူ၏။ 
ယောဟန်သည် ယေရှုကိုဗတ္တိဇံပေးတော်မူသည်။ ယေရှုသည် လောကီသားအားလုံး၏အပြစ်ကိုသယ်ဆောင်သွားသောသူဖြစ်ရန်ထိုက်တန် သောသူဖြစ်သည်။ကျွန်ုပ်တို့အပြစ်ထဲမှကယ်တင်တော်မူရန်အရေးကြီးသော ဗတ္တိဇံခံယူသောကြောင့်ဖြစ်သည်။ ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ် တို့၌ရှိသမျှသောအပြစ်တို့သည်ယေရှုအပေါ်သို့တင်ထားပေးလိုက်သည်။
ယေရှုသည် ဤလောကသို့ကြွလာတော်မူပြီး အသက်(၃၀)ပြည့် သောနှစ်တွင် ဗတ္တိဇံခံယူခဲ့သည်။ ဤအရာသာ် သူ၏ပထမဦးဆုံးအမှုဆောင် ရွက်ခြင်းဖြစ်သည်။ လောကီသားအားလုံး၏ အပြစ်ကိုဖြေလွှတ်ပေးလိုက် ခြင်းဖြင့် အလုံးစုံသောတရားတို့ကို ပြည့်စုံစေခဲ့ပြီး လူသားများအတွက် မိမိ ကိုယ်ကိုပေးလှူလိုက်သည်။
ယေရှုသည် ဤလောကသို့ကြွလာတော်မူပြီး အကြီးမြတ်ဆုံးသော ဗတ္တိဇံကိုခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ကိုဖြေလွှတ်ပေးခဲ့သည်။ ထိုသို့ အားဖြင့် အလုံးစုံသောတရားတို့ကို ပြည့်စုံစေခဲ့ပြီး လူသားများအတွက် မိမိ ကိုယ်ကိုပေးလှူလိုက်သည်။
 “ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏”(မဿဲ၊၃း ၁၇)။ ယေရှု သည် လက်ဝါးကားတိုင်ပေါ်တွင် အသွေးသွန်းလောင်းကာ အသေခံတော်မူ ခြင်းအားဖြင့် လူသားအပြစ်မှ ကယ် တင်တော်မူလိမ့်မည်ဟု သိခဲ့သော်လည်း ခမည်းတော်၏ အလိုတော်ကိုလိုက် နာပြီး “ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏(မဿဲ၊၂၆း၃၉)။ ခမည်း တော်၏အလိုတော်သည် လူသားတို့၏ ကယ်တင်ခြင်းအတွက် ယဇ်ပူဇော်ပြီး သူတို့၏ အပြစ်အားလုံးတို့ကို ခွင့်လွှတ် တော်မူရန်ဖြစ်သည်။
နာခံသော သားတော်ယေရှုသည် ဗတ္တိဇံဆရာယောဟန်ထံသို့ ဗတ္တိဇံခံယူခြင်းအား ဖြင့် ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ခဲ့သည်။
“နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”(ယော၁း၂၉)။ ဂေါလဂေါသအမည် ရှိသော နေရာ၌လက်ဝါးကား တိုင် ပေါ်တွင် ယေရှုသည် အသွေးတော်မြတ် သွန်းလောင်းကာ လောကီသားတို့၏ အပြစ်ကိုဆေးကြောပေးသည်။ “ဤလောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏သိုးသူငယ်ကိုကြည့်လော့”ဟူ၍ ယောဟန်သည် သက်သေခံ ခဲ့သည်။
သင်သည်အပြစ်ရှိသလား။သင်သည်ဖြောင့်မတ်သောသူလား၊အပြစ်သားလား။သမ္မာတရားဖော်ပြသည်မှာ ယေရှုသည် လောကီသားများ အားလုံးအတွက် လက်ဝါးကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် အပြစ်ရှိ သမျှကို ဆေးကြောပေးသည်။

အပြစ်သားများ၏အပြစ်အားလုံးသည် မည်သည့်အချိန်၌ယေရှုအပေါ်သို့တင်ထားပေးခဲ့သနည်း
ယောဒန်မြစ်၌ ဗတ္တိဇံဆရာယောဟန်ထံ ဗတ္တိဇံခံယူ သောအချိန်တွင်ကျွန်ုပ်တို့အပြစ်ရှိသမျှတို့သည် ယေရှုအပေါ်သို့တင်ထားပေးခဲ့သည်

ကျွန်ုပ်တို့သည် ဤလောကသို့မွေးဖွားပြီးနောက် (၁)နှစ်မှ (၁၀) နှစ်ကြားတွင်လည်း အပြစ်သားများဖြစ်ပါသည်။ သို့သော် ထိုအပြစ်ရှိသမျှကို ယေရှုသည်သယ်ဆောင်သွားခဲ့သည်။ (၁၁) နှစ်မှ အသက် (၂၀) အကြား တွင်လည်း အပြစ်များစွာလုပ်ခဲ့သည်။ စိတ်နှလုံးထဲမှ ပြစ်မှားသောအပြစ်နှင့် ကိုယ်ထိလက်ရောက်လုပ်မှားသောအပြစ်ရှိသမျှသည် ယေရှုကဖြေလွှတ်ပြီး သယ်ဆောင်သွားခဲ့သည်။
အသက် (၂၁) နှစ်မှ (၄၅) နှစ်ကြားအပြစ်ရှိသမျှကိုလည်း ဖြေလွှတ် ပေးပြီးသယ်ဆောင်သွားခဲ့သည်။ လက်ဝါးကားတိုင်ပေါ်တွင် အသေခံခြင်းဖြင့် အပြစ်ရှိသမျှကို ဖြေလွှတ်ပေးခဲ့သည်။ မွေးဖွားသောအချိန်မှစ၍ သေသည့် အချိန်ထိတိုင်အောင် ပြုမှားသမျှသောအပြစ်ကိုလည်း ဖြေလွှတ်ပေးလိုက် သည်။
“ဤလောက၏အပြစ်ကို ဆောင်သွားသည်ဘုရားသခင်၏သိုးသူ ငယ်ကို ကြည့်လော့”ဟူ၍သမ္မကျမ်းစာ၌ဖော်ပြသည်အတိုင်း၊ ပထဦးဆုံးလူ သားအာဒံမှစ၍နောက်မွေးလတံ့သောနောက်ဆုံးသောလူသားအထိ ရှိသမျှ သောအပြစ်တို့ကို ဖြေလွှတ်ပေးခဲ့သည်။
ကျွန်ုပ်တို့တွင် အချို့သောသူကိုသာချစ်ရန် ဘုရားသခင်၌ရည်ရွယ် ချက်မရှိပါ။ လူ့ဇာတိခံယူယူပြီး ကြွလာတော်မူကာ၊ လက်ဝါးကားတိုင်၌အ သေခံခြင်းဖြင့် လူသားအားလုံး၏အပြစ်ကို ဖြေလွှတ်၊ ဆေးကြောပေးလိုက် သည်။ကျွန်ုပ်တို့အတွက်အပြစ်တရားစီရင်ခြင်းကိုခံခဲ့ပြီး၊ ထာဝရအတွက်လူ သား အားလုံး၏အပြစ်တို့ကိုဖြေလွှတ်ပေးခဲ့သည်။
ကယ်တင်ခြင်းတွင် မပါဝင်သောသူတစ်ယောက်မျှမရှိပါ။ “ဤ လောက၏အပြစ်” ဟူသောစကားလုံးတွင် လူသားအားလုံး၏အပြစ်ပါဝင် သည်။ ယေရှုသည် ထိုအပြစ်အားလုံး ကိုဖြေလွှတ်ခဲ့ပြီ။ 
အသွေးတော်နှင့်ဗတ္တိဇံခံယူခြင်းအားဖြင့် ဤလောက၏အပြစ်ရှိသ မျှကို ဆေးကြောသန့်ရှင်းစေခဲ့သည်။ လက်ဝါးကားတိုင်ပေါ်တွင် ကျွန်ုပ်တို့၏ အပြစ်အတွက်တရားစီရင်ခြင်းနှင့်ဗတ္တိဇံခံယူခြင်းအားဖြင့် အပြစ်ရှိသမျှတို့ကို ဆေးကြောပေးသည်။ ယေရှုသည် လက်ဝါးကားတိုင်ပေါ်တွင်သက်စွန့်တော်  မမူခင် “အမှုပြီးပြီ” ဟုအော်ဟစ်ခဲ့သည်။ (ယောဟန်၊ ၁၉း၃၀) အဓိပ္ပါယ်မှာ လူသားများအတွက် ကယ်တင်တော်မူခြင်းအမှုကြီးကို ဆောင်ရွက်ပြီး စီးခဲ့ ကြောင်းကို ဆိုလိုသည်။
ယေရှုသည် အဘယ်ကြောင့် လက်ဝါးကားတိုင်ပေါ်တွင် အသေခံ တော်မူခဲ့သနည်း။ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၍ အသွေးသွန်း လောင်းခြင်းအားဖြင့်သာအပြစ်ဖြေ လွှတ်ခြင်းအခွင့်ရှိသောကြောင့်ဖြစ်သည်။ (ဝတ်၊ ၁၇း၁၁)။ ယေရှုသည် ဗတ္တိဇံခံယူရန်အဘယ် ကြောင့်လိုအပ်ရသနည်း။ ဤလောက၏ အပြစ်ကိုဆောင်သွားသောသူဖြစ်သောကြောင့် ဖြစ်သည်။
‘‘ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။” (ယောဟန်၊ ၁၉း၂၈)၊ လက်ဝါးကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ယောဒန် မြစ်၌ဗတ္တိဇံခံယူခြင်းအားဖြင့်သာ ဓမ္မဟောင်း၌ဘုရားသခင်၏ပဋိညာဉ် တရားများပြည့်စုံနိုင်သည်ကို ယေရှုသည်သိတော်မူသည်။
ယေရှုသည် ရွေးနှုတ်တော်မူခြင်းအမှုကြီးကို ဆောင်ရွက်ပြီး ကြောင်းသိလာသောအခါ “အမှုပြီးပြီ” ဟူ၍မိန့်ဆိုခဲ့သည်။ လက်ဝါးကားတိုင် ပေါ်တွင်အသေခံခဲ့သည်။ ကျွန်ုပ်တို့ကိုသန့်ရှင်းစေခဲ့ပြီး၊ သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ကာ ကောင်းကင်နိုင်ငံသို့တက်သွားပြီး၊ ယခုဘုရား သခင်၏ လကျာ်တော်ဖက်တွင် ထိုင်တော်မူသည်။ 
ယေရှု လက်ဝါးကားတိုင်ပေါ်တွင် အသေခံခြင်းနှင့်ဗတ္တိဇံခံယူခြင်း အားဖြင့် အပြစ်ဆေးကြောပေးခြင်းသည် ဝိညာဉ်တော်နှင့်ရေအားဖြင့် ဒုတိ ယမွေးဖွားခြင်းတည်းဟူသောကောင်းကြီးမင်္ဂလာတစ်ပါးဖြစ်သည်။ ယုံကြည် ပါ။ သင့်အပြစ်ရှိသမျှကို ခွင့်လွှတ်တော်မူလိမ့်မည်။
နောင်တရပြီး၊ နေ့စဉ်ဆုတောင်းရုံမျှဖြင့် မိမိအပြစ်ကိုဆေးကြော ပေးနိုင်မည်မဟုတ်ပါ။ ယေရှုလက်ဝါးကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့်သာ ရွေးနှုတ် တော်မူခြင်းအမှုကိုဆောင်ရွက်ပေး သည်။ “ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။” (ဟေဗြဲ၊ ၁၀း၁၈)
ယခုကျွန်ုပ်တို့ပြုရမည့်အမှုသည် ယေရှုအသေခံတော်မူခြင်းနှင့် ဗတ္တိဇံခံယူခြင်းအားဖြင့်ဆောင်ရွက်ပေးခဲ့သောရွေးနှုတ်တော်မူခြင်းကို လက် ခံယုံကြည်ရမည်။ယုံကြည်ပါ။ယုံကြည်လျှင် ကယ်တင်တော်မူခြင်းသို့ ရောက် လိမ့်မည်။
ရောမ၊ ၅း၁-၂တွင် ဤသို့ ရေးသားသည်။ “ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသောငါတို့သည် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကိုရရှိကြ၏။ ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏’’ဝိညာဉ်တော်နှင့်ရေ၌ ဒုတိယမွေးဖွားခြင်းတည်းဟူသော ဧဝံဂလိသတင်းကောင်း ၏ကောင်းကြီးမင်္ဂလာကို ယုံကြည်လက်ခံ ခြင်းမှတစ်ပါးဖြောင့်မတ်ခြင်းရရန်အခြားသောနည်းလမ်းမရှိ။    


ဘုရားသခင်ပေးတော်မူသောပညတ်တရား၏ရည်ရွယ်ချက်

ပညတ်တရားအားဖြင့် သန့်ရှင်းခြင်းရနိုင်မည်လော
မရနိုင်။ ပညတ်တရားအားဖြင့် ကျွန်ုပ်တို့အပြစ်ကို သာ၍သိရ၍ သတိပေးသောသူကဲ့သို့သာဖြစ်သည်

ဟေဗြဲ ၊၁၀း၉ တွင် ဤသို့ရေးလိုက်သည်။ “ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏”ပညတ်တရားအားဖြင့်သန့်ရှင်းခြင်းမရနိုင်ပါ။ ပညတ်တ ရားသည်ကျွန်ုပ်တို့ကိုသာ၍အပြစ်သားဖြစ်စေမည်။ ဘုရားသခင်ပညတ်တ ရားကိုကျင့်ရမည်အကြောင်း ကျွန်ုပ်တို့၌ရည်ရွယ် ချက်မရှိပါ။
ရောမ၊ ၃း၂၀တွင် ဤသို့ရေးသားခဲ့သည်။ ‘‘သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။” ဘုရားသခင်သည် အာဗြဲဟံပဋိညာဉ်ဖွဲ့ဆို၍ နှစ်ပေါင်း၄၃၀နောက်ပိုင်းတွင် ဣသရေလလူမျိုး များကို မောရှေအားဖြင့် ပညတ်တရားများကိုပေးခဲ့သည်။ ဘုရားသခင် ရှေ့တော်မှောက်၌ အပြစ်ရှိ ခြင်းသည် မည်သို့ဖြစ်ကြောင်းသိနားလည်ကြရန် ပညတ်တရားမရှိခင် အပြစ် ရှိသော်အပြစ်ဟူ၍ သတ်မှတ်နားလည်ခြင်းမရှိ။ သို့ဖြစ်၍အပြစ်သည်မည်သို့ဖြစ်ကြောင်းပို၍သိရှိနားလည်ရန်ဘုရားသခင်သည် ပညတ်တရားကိုပေးထား ခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် ပညတ်တရားပေးထားခြင်း၏ရည်ရွယ်ချက်မှာ ဘုရား သခင်ရှေ့တွင် ကျွန်ုပ်တို့သည် အပြစ်သားဖြစ်ကြောင်းသိရှိနားလည်ရန် ဖြစ် သည်။ ထိုကဲ့သို့ မိမိအပြစ်ကိုသိရှိနားလည်လာပြီး ဝိညာဉ်တော်နှင့် ရေ၌ ဒုတိ ယမွေးဖွားခြင်းတည်းဟူသော ဧဝံဂေလိသတင်းကောင်းကို ယုံကြည် လက်ခံခြင်းအားဖြင့် ဘုရားသခင်ထံပြန်လှည့်လာရန်ဖြစ်သည်။ ထိုအရာ သည် ပညတ်တရားပေးထားခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။


ဘုရားသခင်၏အလိုတော်ဆောင်ရန် သခင်ယေရှုကြွလာသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တွင် မည်သည့်အမှုကိုဆောင်ရွက်ရန် ရှိသနည်း
ယေရှုအားဖြင့် ဘုရားသခင်ဆောင်ရွက်ပေးသော ရွေးနှုတ်တော်မူခြင်းတရားကို ယုံကြည်လက်ခံရမည်

“ထို့နောက်“ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။” (ဟေဗြဲ၊ ၁၀း၉)။ ပညတ်တရားအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းခြင်းသို့မရောက်နိုင်။ ဘုရားသခင်သည်လည်းပညတ်တရားအားဖြင့်ကယ်တင်တော်မူသည်မဟုတ် သို့သော်ပြည့်စုံသော သူ၏ရွေး နှုတ်တော်မူခြင်းဖြင့် ကယ်တင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏မေတ္တာ နှင့်ဖြောင့်မတ်ခြင်းဖြင့် ကယ် တင်ခဲ့သည်။“ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။ သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက် ၏” (ဟေဗြဲ၊ ၁၀း၁၀-၁၂)။
ရွေးနှုတ်တော်မူခြင်းအမှုကို အကုန်အစင်ဆောင်ရွက်သွားသော ကြောင့် ယခုကောင်းကင်နိုင်ငံတွင် ခမည်းတော်၏လင်္ကျာဘက်၌ ထိုင်တော် မူသည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန်အသေခံခြင်းသော်၄င်း၊ ဗတ္တိဇံခံယူခြင်း သော်၄င်း၊ နောက်တစ်ဖန်ဆောင်ရွက်ရန် မလိုတော့ချေ။
ယခုဤလောက၏အပြစ်ရှိသမျှကို ဖြေလွှတ်ပေးတော်မူခဲ့သော ကြောင့် သူ့ကိုယုံကြည်သောသူများထာဝရအသက်ပေးခြင်းသည် သူ၏အ လုပ်သာဖြစ်တော့သည်။ ဝိညာဉ်တော် အားဖြင့်ဆောင်ရွက်ပေးသော ကယ် တင်ခြင်းကို ယုံကြည်လက်ခံသောသူအား ဝိညာဉ်တော်အားဖြင့် တံဆိပ်ခပ် ပေးနေသည်။
ယေရှုသည် ဤလောကသြွို့ကလာတော်မူပြီး လက်ဝါးကားတိုင် ပေါ်၌ အသေခံခြင်း ဖြင့်လောကီသားအားလုံး၏အပြစ်ဖြေလွှတ်ပေးခြင်းအမှု ကို ဆောင်ရွက်ပြီးစီးခဲ့သည်။ ယခု ထိုအမှုကြီးကို ပြီးစီးခဲ့သောကြောင့် ခမည်းတော်၏လကျာ်တော်ဘက်တွင် ထိုင်တော်မူသည်။
ထာဝရအတွက်သခင်ယေရှုဆောင်ရွက်ပေးခဲ့သော ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ယုံကြည်လက်ခံရမည်။ အသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့သည် ထာဝရ ပြည်စုံသောသူဖြစ်စေသည်။


ဘုရားသခင်၏ရန်သူများ

ဘုရားသခင်၏ရန်သူများသည်မည်သူများ နည်း
ယေရှုကိုယုံကြည်သော်လည်း စိတ်နှလုံးထဲ၌အပြစ် ရှိသောသူများသည်ဘုရားသခင်၏ရန်သူများဖြစ်သည်

ဟေဗြဲ၊ ၁၀း၁၂-၁၃တွင် “သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက် မိမိ၏ရန်သူတို့သည် မိမိခြေတင်ခုံအဖြစ်ချထားခြင်းခံရသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏”  ဖော်ပြထားသည်။ သူတို့ဆုံးရှုံးခြင်းကိုနောက်ဆုံးတရားစီရင်သော နေ့အထိ မျှော်လင့်လျက် နေသည်ဟု ဖော်ပြသည်။
ရန်သူများသည် ယခုတိုင်အောင် “ဘုရားသခင်၊ ကျွန်ုပ်အပြစ်ကိုခွင့် လွှတ်တော်မူပါ။ ဟူ၍တောင်းဆိုကြသည်။ စာတန်နှင့်သူ၏အပေါင်းအဖော် တို့သည် ဝိညာဉ်တော်နှင့် ရေအားဖြင့်ဆောင်ရွက်ပေးသော ဧဝံဂလိတရားကို မယုံကြည်၊ အပြစ်အတွက်ဝန်ချတောင်းပန်ခြင်း လည်းမပြုကြချေ။
သို့သော် ကျွန်ုပ်တို့၏ဘုရားသခင်သည် ထိုသူများကို ယခုတရားစီ ရင်မည်မဟုတ်။ သခင်ယေရှုဒုတိယအကြိမ်လာတော်မူသောအခါ ထာဝရ ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရအံ့သောငှာ တရားစီရင်မည်ဖြစ်သည်။ ဘုရား သခင်သည် ထိုသူများကိုရွေးနှုတ်တော်မူသောတရားအားဖြင့် ဖြောင့်မတ် ခြင်းသို့ရောက်စေခြင်းငှာနောင်တရ၍ပြန်လှည့်ရမည့်အကြောင်းမျှော်လင့်လျက်စောင့်ဆိုင်းနေခြင်းသာဖြစ်သည။
သခင်ယေရှုသည် သူ့ကိုယုံကြည်သောသူများအတွက် အပြစ်ဖြေ လွှတ်ပေးရန် အသေခံတော်မူခဲ့သည်။ သူ့ကိုယုံကြည်သောသူများအား ကယ် တင်အံ့သောငှာသခင်ယေရှုသည်နောက်တစ်ဖန်ဤလောကသို့ကြွလာဦးမည် ဖြစ်သည်။ “အို ... ကိုယ်တော်အလျင်အမြန်လာတော်မူပါ။” အပြစ်ကင်းသော ကောင်းကင်နိုင်ငံတော်၌ သူနှင့်အတူနေစေတော်မူခြင်းငှာ ဒုတိယအကြိမ်ကြွ လာဦးမည်။


ဝိညာဉ်တော်နှင့်ရေ၌တည်းဟူသော ဧဝံဂလိသတင်းကောင်းကို ယုံကြည်ရန်လိုအပ်သည်။
 
ယခုကျွန်ုပ်တို့၏ အပြစ်ကြွေးများအကုန် အစင် စပ်ပေးပြီးနောက်အပြစ်ဖြေလွှတ်ရန် အတွက် လိုအပ်သောအရာများရှိနေသေး ပါသလား။
လိုအပ်သောအရာတစ်ခုမှမရှိတော့ပါ



ဟေဗြဲ၊၁၀း၁၅-၁၆ ‘‘သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ငါတို့အားသက်သေခံ၍ “ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏”ဟူ၍ မြွက်ဆိုပြီးနောက်”ဟူ၍ရေးသား ထားသည်။
ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဖြေလွှတ်ပြီးနောက် “ဤအရာသည် သူတို့နှင့်အတူငါ ဖွဲ့ဆိုရမည့် ပဋိညာဉ်သစ်ဖြစ်သည်”ဟုဆိုခဲ့သည်။ ဤပဋိ ညာဉ်ဆိုသည်မှာအဘယ်အရာကိုဆိုလိုပါသနည်း။ “ငါ၏ပညတ်တရားတို့ သည်သူတို့နှလုံးသားထဲတွင် သွင်းပေး၍သူတို့၏ နှလုံးသားကျောက်ပြားပေါ် တွင် ရေးထားမည်။” အစပထမတွင် ပညတ်တရားကျင့်ခြင်းအားဖြင့် အ သက်ရှင်ရန်ကြိုးစားခဲ့သော်လည်း ပညတ်တရားအားဖြင့် ကယ်တင်ခြင်းသို့ မရောက်နိုင်။
နောက်ဆုံးတွင် ယေရှုသည်ဝိညာဉ်တော်နှင့်ရေ၌ ဒုတိယမွေးခြင်း တည်းဟူသောဧဝံဂလိသတင်းကောင်းကို စိတ်နှလုံးထဲမှ ယုံကြည်လက်ခံ ခြင်းအားဖြင့်ကျွန်ုပ်တို့ကိုကယ်တင်တော်မူကြောင်းသိရှိနားလည်လာတော့သည်။ ယေရှု၏အသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူခြင်းကိုလက်ခံသမျှသော သူသည် ကယ်တင်ခြင်းသို့ရောက်ရကြသည်။
ယေရှုသည် ကယ်တင်တော်မူသော အရှင်သခင်ဖြစ်သည်။ “ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏” (တမန်၊ ၄း၁၂)။ယေရှုသည်ကျွန်ုပ်တို့၏အသက်သခင်အဖြစ်ဖြင့်ဤလောကသို့ကြွလာတော်မူသည်။ကျွန်ုပ်တို့သည် မိမိပြုမူကျင့်ကြံမှုအားဖြင့် ကယ်တင်တော်မူ ခြင်းသို့မရောက်နိုင်သောကြောင့် ယေရှုသည်ကယ်တင်ခြင်းတရားနှင့် သူ၏ မေတ္တာတရားအားဖြင့် ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ပြီး ကျွန်ုပ်တို့၏စိတ်နှလုံး ကျောက်ပြားပေါ်တွင် မှတ် သားပေးတော်မူသည်။
“တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလို အပ်တော့ပေ” (ဟေဗြဲ၊ ၁၀း၁၇-၁၈)။
ယခုတွင်မိုက်မဲစွာ ကျင့်ခဲ့သောကျွန်ုပ်တို့၏အပြစ်များကိုအောက် မေ့တော်မမူပါ။ ကျွန်ုပ်တို့၏အပြစ်ရှိသမျှကို ဖြေလွှတ်ပေးတော်မူခဲ့ပြီဖြစ် သောကြောင့် ခွင့်လွှတ်ခြင်းခံခဲ့သောယုံကြည်သူများအတွက် အပြစ်မရှိ တော့ချေ။ ကျွန်ုပ်တို့အပြစ်အြွေကးရှိသမျှကို စပ်ပေးခဲ့သောကြောင့် နောက် တစ်ဖန်အပြစ်အြွေကးစပ်ရန်မရှိတော့ပါ။ ယေရှုဆောင်ရွက်ပေးသောအမှု အပေါ်ယုံကြည်ခြင်းရှိသမျှသောသူတို့သည် လက်ဝါးကားတိုင်ပေါ်တွင်သွန်း သောအသွေးတော်မြတ်နှင့် ဗတ္တိဇံခံယူခြင်းအားဖြင့် ကယ်တင်တော်မူခြင်း သို့ရောက်ရကြသည်။
ယခုကျွန်တော်တို့ဆောင်ရွက်ရမည့် အရာသည်ယေရှု၏အသွေး တော်မြတ်နှင့်ရေဖြင့်ဆောင်ရွက်သောအမှုကိုယုံကြည်လက်ခံရမည်။“သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏” (ယောဟန်၊၈း၃၂)။ ယေရှု၏ကယ်တင်တော် မူခြင်းအမှုကိုယုံကြည်လက်ခံပါ။ ကယ်တင်ခြင်းရရှိလက်ခံခြင်းသည် အသက် ရှင်ခြင်းထက်သာ၍လွယ်ကူသည်။ သင်ပြုမူရမည့်အမှုသည် ရှိသည့်အတိုင်း လက်ခံယုံကြည်ခြင်းသာ ဖြစ်သည်။ ကယ်တင်ခြင်းရရှိခြင်းသည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းသာ ဖြစ်သည်။
ယေရှုသည် ကျွန်ုပ်တို့၏အသက်သခင်ဖြစ်သည်ဟု ယုံကြည်ပါ။ (လက်ဝါးကားတိုင်ပေါ်၌ အသေခံခြင်းနှင့် သူ၏ဗတ္တိဇံခံယူခြင်းကို ယုံကြည် ပါ)။ ကယ်တင်ခြင်းသည် သင့်အတွက်ဖြစ်ကြောင်း အကြွင်းမဲ့ယုံကြည်လက်ခံ ပါ။ သင်၏ထင်မြင်ယူဆချက်များကို လုံးဝဖယ်ရှားပြီး သခင်ယေရှု၏ကယ် တင်တော်မူခြင်းကို ယုံကြည်လက်ခံပါ။ သင်သည်ဘုရားသခင်ကို အမှန်တ ကယ်ယုံကြည်လက်ခံပြီး၊ သူနှင့်အတူထာဝရအသက်ရှင်ခြင်းသို့ ဝင်စားရ သော ကြောင့် ဘုရားသခင်ကို ချီးမွမ်းပါသည်။