Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-5] မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့လိုပါသလား (၁ယော ၁း၁-၁၀)

မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့လိုပါသလား
(၁ယော ၁း၁-၁၀)
“အစအဦးကပင်ရှိသောအရာ၊ ငါတို့ကြားရသောအရာ၊ ကိုယ့်မျက်စိဖြင့် မြင်ရသောအရာ၊ ငါတို့ကြည့်ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာတည်းဟူသော အသက်နှင့်ဆိုင်သည့် နှုတ်ကပတ်တော်အကြောင်းဟူမူကား ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့သည်လည်း ၎င်းကိုမြင်ရ၍ သက်သေခံလျက် ခမည်းတော်နှင့်အတူရှိပြီး ငါတို့၌ထင်ရှားသော ထိုထာဝရအသက်အကြောင်းကို သင်တို့အား ပြောကြားကြ၏။ ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။ ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ဤအရာများကို ငါတို့ရေးလိုက်၏။ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။ ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းရှိ၏ဟုဆိုလျက်နှင့် အမှောင်ထဲ၌အသက်ရှင်လျှောက်လှမ်းနေကြလျှင် ငါတို့သည် လိမ်လည်ပြောဆိုသည်ဖြစ်၍ သမ္မာ တရားကိုကျင့်သုံးနေကြသည်မဟုတ်။ သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။ ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။ ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။ အပြစ်မပြုဖူးပါဟု ငါတို့ဆိုလျှင် ငါတို့သည် ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ငါတို့၌မရှိ။”
 

သန့်ရှင်းသောဝိညာဉ်တော် နှင့်မိတ်ဿဟာရဖွဲ့ခြင်းရရှရန် မရှိမဖြစ်လိုအပ်သောအရာ သည်အဘယ်နည်း။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့သိရှိယုံကြည်ပြီး၊ ယုံကြည် ခြင်းအား ဖြင့်ကျွန်ုပ်တို့အပြစ်အားလုံးကို မိမိကိုယ်ကိုဆေး ကြောသင့်ပေသည်။

မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့လိုလျှင် မိဿဟာယမဖွဲ့နိုင်ရန်တားဆီးပိတ်ပင်သော ဘုရားသခင်ရှေ့မှောက်တွင် သေးငယ်သည့်အပြစ်ကိုပင် မိတ်ဆွေသိရှိရပေမည်။ "ဘုရားသခင်၏ရှေ့ မှောက်တွင် အပြစ်အနည်း ငယ်မျှမရှိသောလူတစုံတယောက်မျှရှိမလား" ဟု မိတ်ဆွေယူဆနိုင်ပါသည်။ သို့သော် မိတ်ဆွေသည် ဘုရားသခင်နှင့်မှန် ကန်စွာမိဿဟာယဖွဲ့လိုလျှင် မိတ်ဆွေ၏နှလုံးသားထဲတွင် မှောင်မိုက်ခြင်း လုံးဝမရှိသင့်ပေ။ ထိုကြောင့် ဘုရား သခင်နှင့် မိဿဟာယဖွဲ့နိုင်ရန်အ တွက် ရွေးနှုတ်ခြင်းသတင်းကောင်းကိုသိရှိပြီး၊ အပြစ်အားလုံးမိမိကိုယ်ကို ဆေးကြောခြင်းကို မိတ်ဆွေယုံကြည်ရမည်ဖြစ်ကြောင်း သိရှိရန် လို အပ်သည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်းအမှန်ရှိလိုပါက ရေ နှင့် ဝိညာဉ်တော်သတင်းကိုမိတ်ဆွေသိရှိယုံကြည်ပြီး၊ ယုံကြည်ခြင်းအား ဖြင့် မိတ်ဆွေ၏အပြစ်များဆေးကြောခြင်းကို ရှေ့ဦးစွာသိရှိသင့်ပေသည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုမသိဘဲ၊ ၄င်းကိုမိတ်ဆွေ၏နှလုံး သားထဲတွင်မသွင်းထား ခဲ့လျှင် ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်းရရှိရန် ယူဆခြင်းမရှိသင့်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် မိတ် ဆွေ၏နှလုံးသားများမှအပြစ်များကို အဝေးသို့ထုတ်ပယ်သောအခါ သန့် ရှင်းသောဝိညာဉ်တော်နှင့်အတူမိတ်သဟာရဖွဲ့ နိုင်မည်ဖြစ်သည်။
သခင်ယေရှု၏ရေနှင့် ဝိညာဉ်တော်သမ္မာတရားအားဖြင့် အပြစ်များ အားလုံးကို လူတစ်ဦး၏နှလုံးသားများထဲမှထုတ်ပယ်နိုင်မည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မိတ်ဆွေယုံကြည်မှသာလျှင် ဘုရား သခင်က မိတ်ဆွေအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းချီးပေး မည်ဖြစ်သည်။ မိတ်ဆွေသည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့ရန် အမှန်ဆန္ဒရှိသလား။ ဆန္ဒရှိလျှင် အပြစ်များမိမိကိုယ်ကို ဆေးကြောသန့်စင်ရန်အတွက် မိတ်ဆွေ၏အပြစ်များကိုသိရှိပြီး၊ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ရမည်ဖြစ်သည်။ ၄င်းနောက် ဘုရားသခင်နှင့်စစ်မှန်သောမိဿဟာယဖွဲ့ခြင်းကို မိတ်ဆွေရရှိနိုင်မည် ဖြစ်သည်။
မိတ်ဆွေသည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့လိုလျှင် ယောဒန်မြစ် တွင် ယောဟန်အားဖြင့် သခင်ယေရှုခံယူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်တော် ပေါ်တွင်သူ သွန်းလောင်းသောအသွေးတော်ကို ယုံကြည်ရမည် ဖြစ်သည်။ လူတွေက သန့်ရှင်းသောဝိညာဉ်တော်နှင့် အမှန်မိဿဟာယဖွဲ့လိုလျှင် သန့်ရှင်းသောဝိညာဉ်သည် မည်ကဲ့သို့သောပုဂ္ဂိုလ်ဖြစ်သည်ကို သိရှိသင့် သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းသောပုဂ္ဂိုလ်တစ်ဦးဖြစ် သည်။ ထိုကြောင့် သတင်းကောင်းကို ယုံကြည်သော သူများထဲ၌သာသန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်နိုင်သည်။ 
ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်အပြစ်များဆေးကြောခြင်းခံပြီး၊ ယခုသန့်ရှင်းသော ဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့သောလူတစ်ဦး၏ ဝန်ခံပြောဆိုချက်ကို ကျွန်ုပ်တို့ကြည့်ကြပါစို့။
"ဤလောကမှာ မတူညီသောလူတန်းစားများစွာရှိတယ်။ လူတိုင်းက သူတို့၏ခံယူချက်များနှင့်ကိုယ့်နည်းကိုယ့်ဟန်တို့ဖြင့် အသက်ရှင်နေကြ တယ်။ ထို သူများထဲမှ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ဖြစ်တယ်။ ကျွန်တော်သည် သာမန်လူတစ်ဦးဖြစ်ခဲ့တယ်။ ငယ်ရွယ်သောအချိန်မှစပြီး၊ မိခင်၏နောက်သို့လိုက် ကာဘုရားကျောင်းတက်ခဲ့တယ်။ ဘုရားသခင်ကို အလိုအလျောက်ယုံကြည်ခဲ့တယ်။ ကျွန်တော်ဖခင်ကြီးသည် ဘုရားမရှိဟု ယုံကြည်သူတစ်ဦးဖြစ်ခဲ့တယ်။ သူက ကျွန်ုပ်ယုံကြည်ခြင်းကို မကြခဏပြစ် တင်ဝေဖန်ခဲ့တယ်။ သို့သော် ကျန်သောမိသားစုဝင်များသည် ဘုရား ကျောင်းသို့တက်ခဲ့ကြပါတယ်။ ဘုရားကျောင်းသို့ တက်ရောက်ခြင်းသည် ကျွန်ုပ်ဘဝ၏ကြီးမားသောတစိတ်တဒေသတွင်ပါဝင်ခဲ့တယ်။
သို့သော်လည်း၊ ကျွန်တော်ဆယ်ကျော်သက်အရွယ်ရောက်လာသော အခါ သေလုဆဲဆဲလဲနေသောကျွန်တော့်ဖခင်ကြီးကိုကြည့်ပြီး၊ အသက်ရှင် ခြင်းနှင့်သေခြင်း၊ ကောင်းကင်နိုင်ငံနှင့် ငရဲအကြောင်းနှင့်ပတ်သက်ပြီးအ တွေးအခေါ်များကို ကျွန်တော့်စိတ်ထဲတွင် ရောက်ရှိလာခဲ့တယ်။ ကျွန် တော်သည်ဘုရားသခင်ကိုယုံ ကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက်နိုင်ပြီး၊ ဘုရားသခင်၏သားဖြစ်နိုင်လိမ့်မည်ဟု လူအများစုကပြောခဲ့ ကြတယ်။ သို့သော် ထိုယုံကြည်ခြင်းမျိုးကို ကျွန်တော်လုံးဝမယုံကြည် ခဲ့ပေ။ ကျွန်တော်သည် ဘုရားသခင်၏သားဖြစ်လိမ့်မည်ဟု သေချာစွာမ သိခဲ့ပေ။ ကျွန်တော်သည် ဤလောကတွင် ကောင်းသောအရာ များပြုလုပ် လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်လိမ့်မည်ကိုသင်ယူသိရှိခဲ့ သော ကြောင့် ဆင်းရဲသောသူများအပေါ်ကောင်းမှုကုသိုလ်များပြုရန် ကျွန်တော် ကြိုးစားခဲ့တယ်။
သို့သော် ကျွန်ုပ်အတွင်းနှလုံးသားထဲတွင် အပြစ်ရှိကြောင်း ကျွန်တော် သိရှိခဲ့တယ်။ အခြားသူများအတွက် ကျွန်တော်သည်ကောင်းသောသူကဲ့သို့ ဖြစ်နိုင်သော်လည်း ကျွန်တော်လူကောင်းမဟုတ်ခဲ့ပေ။ အပြစ်ရှိသည်ဟု ခံ စားခဲ့ရတယ်။ ထိုအချိန်တွင် ကျွန်တော်ဘုရားကျောင်းသို့သွားပြီး "ကိုယ် တော်၏စစ်မှန် သောသားတစ်ဦးဖြစ်စေတော်မူပါ။ သမ္မာတရားကိုလည်း သိရှိစေတော်မူပါ" ဟု ကျွန်တော်ဆုတောင်း လေ့ရှိတယ်။ ဆုတောင်းနေ စဉ် ကျွန်ုပ်နှလုံးသားထဲတွင် အသစ်သောတိုက်တွန်းမှု တစ်ခုဖြစ်ပေါ်လာခဲ့ တယ်။ နှုတ်ကပတ်တရားတော် သွန်သင်ခြင်းကိုကျွန်တော်နားထောင် သည့်အခါတိုင်း၊ နှုတ်ကပတ်တော်စကားများကို ကျွန်တော်နားလည် သိရှိခြင်းမရှိနိုင်ခဲ့ပေ။ ကျွန်ုပ်၏ဘဝ၊ သေခြင်းစသော အရာများအားဖြင့် ကျွန်တော်စိတ်ပူပန် ခဲ့ရတယ်။
"ကျွန်တော်ဒုတိယမွေးဖွါးခြင်းခံယူလိုတယ်။ ကျွန်တော်ဒုတိယမွေးဖွါး ခြင်းခံယူခဲ့လျှင် ဤကဲ့သို့အသက်ရှင်လိမ့်မည်မဟုတ်ဘူး" ဟု ကျွန်တော် တွေးတောခဲ့တယ်။သို့သော်ဤအတွေးများကိုလျစ်လျူရှုပြီး၊ ဘုရားကျောင်း သို့ပုံမှန်တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး၊ ကျွန်ုပ်၏ဆယ်ကျော်သက်အရွယ် များကုန်လွန်သွား ခဲ့တယ်။ ကျွန်တော်အလုပ်ရှာဖွေရန် ကြိုးပမ်းခဲ့သော် လည်း ကျွန်တော့်အထင်ထက် ပိုခက်လာခဲ့တယ်။ ကျွန်တော်ပို၍စိတ်ဖိ ဆီးမှုကို ခံစားခဲ့တယ်။ ကျွန်တော်ကြိုးစား ခဲ့သော်လည်း ပြုံးပြုံးရွှင်ရွှင်မ နေနိုင်ခဲ့ပေ။ ကျွန်ုပ်၏ဟာတာတာဖြစ်နေသောနှလုံးသားကိုကြည့်ပြီး၊ စိတ် ပျက်နုံခြာမှုကို ကျွန်တော်ခံစားခဲ့တယ်။ ထိုအချိန်တွင် ကျွန်ုပ်အစ်ကိုထံမှ သ တင်းကောင်းတစ်ခုကိုကြားခဲ့ရတယ်။
“ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။ ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏”(တမန် ၃း၁၉-၂၀)။ ဤကျမ်းပိုဒ်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းဖြစ်ပါတယ်။ ယခင်ဘုရားကျောင်းတက်သောအချိန်တွင် ကျွန် တော်သင်ယူခဲ့သောအရာများသည် ကျွန်ုပ်တို့အပြစ်များအတွက် သခင်ယေ ရှုသည်ကား တိုင်တော်ပေါ်တွင် အသေခံခဲ့ခြင်းအကြောင်းဖြစ်တယ်။ သို့သော်လည်း ဤသတင်းကောင်းက ကျွန်ုပ်တို့အပြစ်များလွတ်ငြိမ်းခြင်း အခွင့်ရရှိရန် ယောဟန်အားဖြင့် သခင်ယေရှုသည်ဗတ္တိဇံကိုခံယူခဲ့ကြောင်း နှင့်ကားတိုင်တော်ပေါ်တွင်ကျွန်ုပ်တို့အပြစ်အတွက်သူသည် ပြစ်ဒဏ်ခံခဲ့ ကြောင်း ပြောပြတယ်။
ကျွန်ုပ်ဘဝတလျှောက်တွင် ဘုရားကျောင်းသို့တက်ရောက်ခဲ့ပြီး၊ ဘု ရားသခင်၏သားအဖြစ်ကျွန်တော်ဟန်ဆောင်ခဲ့သော်လည်း လွှဲချော်သွားခဲ့ တယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနားလည်သိရှိရန် ကျွန်တော် ကြိုးပမ်းခဲ့သော်လည်း လွှဲချော်သွားခဲ့တယ်။ သို့သော် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ကျွန်တော်ကြားသိခဲ့ပြီးနောက် ၄င်းကိုယုံကြည်သော အခါ ကျွန်ုပ်တွင်ရှိသောအပြစ်နှင့်ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်သောအရာရှိသ မျှတို့သည် ပျောက်ကွယ်သွားခဲ့ပြီး၊ ကျွန်ုပ်နှလုံးသားတွင် ငြိမ်သက်မှု ရရှိခဲ့တယ်။ 
ကျွန်တော်သည် ဘုရားသခင်ကို စိတ်အားထက်သန်စွာယုံကြည်ပြီး၊ ဘုရားကျောင်းသို့ မှန်မှန်တက်ခဲ့လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက် နိုင်မည်ဟု ကျွန်တော်ထင်ခဲ့တယ်။ သို့သော်ဘုရားသခင်သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ကျွန်တော့်ဆီစေလွှတ်ခဲ့ပြီး၊ ကျွန်ုပ်အ ပြစ်များလွတ်ငြိမ်းခြင်းအခွင့်ရရှိခဲ့တယ်။ ဘုရားသခင်က ကျွန်ုပ်အားသန့် ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကိုပေး အပ်ခဲ့တယ်။ ဘုရားသခင်၏ရွေး နှုတ်ကယ်တင်ခြင်းကို ကျွန်တော်မရရှိမှီ သန့်ရှင်းသောဝိ ညာဉ်တော်အ ကြောင်းနှင့် အခြားသောဘာသာစကားပြောဆိုခြင်း အယူအဆများကို ကျွန်တော်မသိခဲ့ပေ။ ကျွန်တော် ဘုရားကျောင်းသို့ တက်ရောက်ခဲ့ပြီး၊ ရိုး သားစွာအသက်ရှင်ကာ အသင်းတော်အတွက်အစေခံခဲ့လျှင် ဘုရားသခင် က ကျွန်ုပ်ကိုကောင်းချီးချပေးမည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့်အပြစ်များကို ဖြေလွတ်ခြင်းအခွင့်ရရှိ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်ရရှိခဲ့တယ်။
လွန်ခဲ့သောကျွန်ုပ်ဘဝတွင် ဘုရားသခင်ကိုကျွန်တော်ယုံကြည်သော် လည်း ကျွန်တော့်မှာအပြစ်ရှိသေးခဲ့တယ်။ ကျွန်တော်မပူမအေးသောဘဝ ဖြင့်အ သက်ရှင်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း၏အရေးပါမှုကို မသိခဲ့ပေ။ သို့ သော် သမ္မာကျမ်းစာအရ သတင်းကောင်းကိုဝေငှပေးခဲ့သော ဘုရားသခင်၏အစေခံကျွန်အားဖြင့် ကျွန်ုပ်အထဲတွင် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ကြောင်း ကျွန်တော်ယုံကြည်သိရှိခဲ့ရတယ်။
ရွေးနှုတ်ကယ်တင်ခြင်းရရှိပြီးနောက် ပထမတွင် ကျွန်တော့်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိသည်မရှိသည်ကို ကျွန်တော်နား မလည်ခဲ့ပေ။ သို့သော် နှုတ်ကပတ်တော်ကို ကျွန်တော်ဆက်လက်လေ့လာ ခဲ့ပြီးနောက် ကျွန်ုပ်နှလုံးသားထဲတွင် အသစ်သောယုံကြည်ခြင်း ပွင့်လန်း လျက် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့တယ်။ ယခုတွင် သန့် ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် ကိန်းဝပ်လျက်ရှိသည်ကို ကျွန်တော်သေသေချာချာသိရှိခဲ့တယ်။ ကျွန်ုပ်အပြစ်များလွတ်ငြိမ်းခြင်းရရှိ သောအခါ အပြစ်လွတ်ငြိမ်းခြင်းအခွင့်ရရှိသော သူများသည် ဘုရားသခင် ၏သားဖြစ်ရသောအခွင့်ရရှိကာ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်သည် ကို ကျွန်တော်သိရှိခဲ့တယ်။
ဘုရားသခင်၏မျက်စိတော်အောက်တွင် ပြည့်စုံသောသူဖြစ်လာရန် ကျွန်ုပ်ကြိုးပမ်းအားထုတ်မှု (သို့) ပြည့်စုံသောသူဖြစ်လာရန်အသက်ရှင် ခြင်းများက ကျွန်ုပ်အား သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရရှိစေ နိုင်ကြောင်းကို ကျွန်တော်သိရှိခဲ့တယ်။ သူတို့သည်အပြစ်သားများဖြစ်ကြ ကြောင်းနှင့် ထိုအပြစ်အတွက်အဘယ် သို့လုပ်ဆောင်ရမည်ကိုမသိသောသူ များအပေါ် ဘုရားသခင်ကြွလာတော်မူတယ်။ ဘုရားသခင်ကို စိတ်အား ထက်သန်စွာရှာဖွေသောသူများနှင့်သူ့ကို လိုအပ်သောသူများကို ဘုရားသ ခင်ကစောင့်ကြိုလျက်ရှိတယ်။
ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဘုရားသခင်ကို မရပ်မနားယုံကြည်ခြင်း များက ကျွန်ုပ်ကိုကောင်းကင်နိုင်ငံတော်သို့မပို့ဆောင်နိုင်ကြောင်း ဘုရားသ ခင်က ကျွန်ုပ်အားဖွင့်ပြပေးခဲ့တယ်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ကျွန်ုပ်၏အပြစ်များမှ ကျွန်ုပ်ကိုကယ်တင်ရန် သခင်ယေရှုခရစ် တော်သည် ဤလောကသို့ကြွဆင်းလာခဲ့သည်ဟု ဘုရားသခင်က ကျွန်ုပ် အားဖွင့်ပြခဲ့တယ်။ 
ဘုရားသခင်သည် ကျွန်ုပ်အားသူ၏သားဖြစ်ရသောအခွင့်ကိုပေးခဲ့ခြင်း နှင့် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့် ကောင်းချီးချပေးခဲ့ သောကြောင့် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်လျက်ရှိတယ်။ ကျွန်ုပ် သည် ဘုရားသခင်၏သားမဖြစ်ခဲ့လျှင် ကျွန်ုပ်နှလုံသားထဲတွင်အပြစ်ရှိ သေးမည်ဖြစ်ပြီး၊ ငရဲထဲ၌ချုပ်နှောင်မှုခံယူခြင်း အားဖြင့်ထာဝရပြစ်ဒဏ်ခံရ မည်ဖြစ်တယ်။"
ထိုနည်းတူ တခါက ကားတိုင်တော်ပေါ်တွင်သွန်းလောင်းသောအ သွေးတော်ကိုသာ ကျွန်တော်ယုံကြည်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိုရ ရှိလိုသော်လည်းမရခဲ့ပေ။ ထိုအချိန်တွင် ကျွန်တော်သခင်ယေရှုကိုယုံကြည် ခဲ့သော်လည်း ကျွန်ုပ်နှလုံးသားထဲတွင်အပြစ်ရှိခြင်းက သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းကိုပိတ် ပင်ဆီးတားခဲ့တယ်။ အပြစ်သားတစ်ဦးသည် သူ၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်မဆင်းသက်ခဲ့ပေ။ သို့သော် များစွာသောအပြစ်သားများသည် သူတို့၏နှလုံးသားများထဲတွင် အပြစ်အပြည့်ရှိကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ရရှိ ရန်ကြိုး ပမ်းခဲ့ကြသည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အမှန်ဆန္ဒရှိပြီး သူ နှင့်အ တူမိတ်သဟာရဖွဲ့လိုပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံ ကြည်ကာ ရွေးနှုတ်ခြင်းရရှိရန်လိုအပ်လျက်ရှိသည်။ မိတ်ဆွေသည် အပြစ် သားတစ်ဦးဖြစ် သေးသလား။ ဖြစ်သေးလျှင်သန့်ရှင်းသောဝိညာဉ်တော် ရရှိပြီးသောသူများထံမှစစ် မှန်သောသတင်းကောင်းကို ကြားနာရမည် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် နှင့်မိဿဟာယဖွဲ့လိုသောသူများ သည် ဆာငတ်သောနှလုံးသားရှိပြီး၊ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ကိုးစားရမည်ဖြစ်သည်။ 
ဖြောင့်မတ်သောသူများကသာလျှင် ဘုရားကျောင်းတက်ရောက်ခြင်း အား ဖြင့်သန့်ရှင်းသောဝိညာဉ်တော်စကားများကိုကြားသိနိုင်မည်။ သူတို့ သည် သတင်းကောင်းကို ကြားနာခြင်းအားဖြင့် သစ္စာရှိစွာဖြင့်အသက်ရှင် နိုင်ကြမည်ဖြစ်သည်။ သို့သော်အပြစ်သားများသည် သတင်းကောင်းကြား နာခြင်းမရှိဘဲ ငရဲကိုဦးတည်ခြင်းအားဖြင့် ကျိန်ခြင်းအမင်္ဂလာခံသော ဘဝဖြင့်အသက်ရှင်ကြသည်။
ထိုကြောင့် မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသင် ယူရမည် ဖြစ်သည်။ ဤသတင်းကောင်းကိုကြားနာရန် မိတ်ဆွေအဘယ် ကြောင့် လိုအပ်သနည်း။ မိတ်ဆွေသည်ဘာသာရေးနှင့်စပ်ဆိုင်သောပ ညတ်တော်မှလွတ်မြောက်ရန်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်သတင်း ကောင်းအပေါ်ယုံကြည်ခြင်းတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။ သခင် ယေရှု၏တပည့်တော်များက ဤသတင်းကောင်းကိုလိုက်နာခဲ့ကြသည်။ ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများသည် ဤသတင်း ကောင်းကိုပိုင်ဆိုင်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကနဦးအသင်းတော်တွင်ရှိသောတမန်တော်များ လိုက်နာကျင့်သုံး ခဲ့ကြ သောသတင်းကောင်းနှင့်ထပ်တူထပ်မျှဖြစ်သည်။ ခရစ်ယာန်အားလုံးက သန့်ရှင်းသောဝိညာဉ် တော်ကိုရရှိကြရမည်ဖြစ်သည်။ သို့မှသာလျှင် သူ တို့သည် ဘုရားသခင်၏သားသမီးဖြစ်လာနိုင်ပါသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်သေးသောသူများ သည် သူတို့၏နှလုံးသားများထဲတွင်အပြစ်ရှိသေးကြသည်။ သူတို့သည်သန့် ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရမဖွဲ့နိုင်ကြပေ။ သန့်ရှင်းသောဝိ ညာဉ်တော်နှင့်မိဿဟာယဖွဲ့နိုင်ရန်အတွက် ထိုသူတို့အပေါ်ဘုရားသခင် ပေးအပ်ခဲ့သောရေနှင့် ဝိညာဉ်တော်သ တင်းကိုပထမယုံကြည်ကြပြီးသန့် ရှင်းသောဝိညာဉ်တော်ရရှိရန် လိုအပ်လျက်ရှိသည်။
 


သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ထပ်ခါတလဲလဲဖော်ပြထားသည်


သခင်ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီးနောက် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းအစပြုလာခဲ့သည်။ ယခုကာလသည် ကယ်တင်သောနေ့ရက် နှင့်ဘု ရားသခင်၏ကျေးဇူးတော်အတိုင်း မသိသွန်းလောင်းသော အချိန် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုမရရှိ လျှင်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် မိသဟာယဖွဲ့ခြင်းမရှိလျှင်၄င်း ကယ်တင်ခြင်းရရှိနိုင်မည် မဟုတ်ပေ။ 
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိသဟာယဖွဲ့ခြင်းရှိသ လား။ မိတ်ဆွေ၏အပြစ်များကြောင်းသန့်ရှင်းသောဝိညာဉ်တော်နှင့် မိသ ဟာယဖွဲ့ရန် တားဆီးပိတ်ပင်ခြင်းခံခဲ့ရသလား။ ထိုသို့ခံရလျှင် ဘုရားသခင် က မိတ်ဆွေအားပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အ ကြောင်းကိုသင်ယူပြီး၊ ၄င်းကို ယုံကြည်လိုက်ပါ။ မိတ်ဆွေသည် ရေနှင့် ဝိညာဉ်တော်သတင်းကို ယုံကြည်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေနှလုံးသားထဲတွင် ကိန်းဝပ်ပြီး၊ သူသည် မိတ်ဆွေ၏ လုပ်ဆောင် ဖက်ဖြစ်လာမည်။ ရေနှင့်ဝိညာဉ်တော်ကို ယုံကြည်သောသူများ၏ နှလုံး သားထဲ၌သာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်လေ့ရှိသည်။ သန့် ရှင်းသောဝိညာဉ်တော်သည် သူ၏အလိုတော်ကို ဖြောင့်မတ်သောသူများ၏ နှလုံးသားထဲ၌သာ မကြာခဏဖွင့်ပြောသည်။ သန့်ရှင်း သောဝိညာဉ်တော် အားဖြင့်ပေါလု၏သာသနာလုပ်ငန်းသည် သတင်းကောင်းဖြန့်ကြဲရန်အ တွက်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သောသူများကို မိတ်ဆွေမည်ကဲ့သို့သိ ရှိ နိုင်မည်နည်း။ သူတို့၏တိုင်းတာခြင်းစံအမှတ်သည် အဘယ်အရာဖြစ်သ နည်း။ သူတို့ကိုသိရှိနိုင်သောစံအမှတ်သည် သူတို့ကရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းရှိ/မရှိဖြစ်သည်။ လူတစ်ယောက်သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုသိရှိယုံကြည်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်း ရရှိသောသူဖြစ်သည်။
သတင်းကောင်းကို မယုံကြည်သောသူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်မကိန်းဝပ်နိုင်ပေ။ ယောဟန်ထံမှ သခင်ယေရှုရရှိသောဗတ္တိဇံ ခံယူခြင်းနှင့် ကားတိုင်တော်အပေါ်သူသွန်းလောင်းသောအသွေးတော်မှ ရရှိသော အပြစ်လွတ်ခြင်းကို ယုံကြည်သောသူများအပေါ်၌သာလျှင် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ် လျက်ရှိသည်။ မိတ်ဆွေသည် သန့်ရှင်း သောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့လိုပါသလား။
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်နှင့် သူနှင့်မိသဟာယဖွဲ့နိုင်ရန်အ တွက် အဘယ်ကဲ့သို့သောသတင်းကောင်းကိုသိရှိရန်လိုအပ်သည်ကို မိတ် ဆွေသိရှိသလား။ သတင်းကောင်းသည် ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိ ဇံခံယူခြင်းနှင့် ကားတိုင် တော်အပေါ်သူသွန်းလောင်းသောအသွေးတော်ကို ယုံကြည်ခြင်း၌တွေ့ရှိသည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကို မယုံကြည်ခဲ့လျှင် အပြစ်လွတ်ခြင်းမရနိုင်ပေ။ ထိုကြောင့်သန့်ရှင်းသောဝိ ညာဉ်တော်သည်လည်း မိတ်ဆွေအထဲတွင် မကိန်းဝပ်နိုင်ပေ။ လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ရန် အတွက်ရေနှင့်ဝိညာဉ်တော်သတင်း ကိုယုံကြည်သင့်သည်ဟု သန့်ရှင်းသောဝိညာဉ်တော်ကတောင်းဆိုခဲ့သည်။
အပြစ်သားများ၏နှလုံးသားများထဲတွင် သန်ု့ရှင်းသောဝိညာဉ်တော်မ ကိန်းဝပ်နိုင်ပေ။ မိတ်ဆွေသည် သန့်ရှင်သောဝိညာဉ်တော်ရရှိလုပ်ပါက မိတ်ဆွေ၏အပြစ်အားလုံးမှမိမိကိုယ်ကိုဆေးကြောပေးရန်အတွက် သတင်း ကောင်းကိုရှေ့ဦးစွာယုံကြည်ရမည်ဖြစ်သည်။ မိတ်ဆွေသည် သန်ု့ရှင်းသော ဝိညာဉ်တော်နှင့်မိဿ ဟာယဖွဲ့လိုလျှင် သတင်းကောင်းဝေငှခြင်း၌ သစ္စာ ရှိရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြ ပို့ဆောင်ခြင်းကိုခံ ယူလိုလျှင် သတင်းကောင်းကိုမိတ်ဆွေချစ်မြတ်နိုးပြီး၊ မိတ်ဆွေသွားသော နေရာတစ်ခုစီ တိုင်း၌ သတင်းကောင်းကို ဝေငှရမည်ဖြစ်သည်။ ရေနှင့် ဝိညာဉ်တော်သတင်းကိုဝေငှသောသူများ နှင့်အတူ သန့်ရှင်းသောဝိညာဉ် တော် ရှိသည်။
ဖြောင့်မတ်သောသူများနှင့် သတင်းကောင်းကို ယုံကြည်သောသူများ အပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းပေးအပ်သည်။ သတင်း ကောင်း ယုံကြည်သောသူများ၊ ဖြောင့်မတ်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော် နှင့်မိဿဟာယဖွဲ့နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော် ထောက်ခံအားပေးသော သတင်းကောင်းသည် ယောဟန်အားဖြင့်သခင် ယေရှုဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော် အားဖြင့်ပြည့်စုံစေသာသတင်း ကောင်းပင်ဖြစ်သည် (၁ယော ၅း၃-၇)။
ရှင်ပေတရုသည် သတင်းကောင်းကိုယုံကြည်ခဲ့ပြီး “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ် ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏”(၁ပေ ၃း၂၁)ဟုသူက ဆိုသည်။ သမ္မာကျမ်း စာထဲတွင် "ရေ"သည် ဗတ္တိဇံဆရာယောဟန်မှ သခင်ယေရှုရရှိသော ဗတ္တိဇံ ကို အမြဲတမ်းဖော်ပြလိုခြင်း ဖြစ်သည်။
သန့်ရှင်းသောသ၏ဝိညာဉ်တော်ကိုရရှိနိုင်သောသူများသည် သတင်း ကောင်းအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရရှိခဲ့ပြီး၊ အပြစ်အားလုံးမှလွတ် မြောက်ခွင့် ရရှိခဲ့သည်။ သတင်းကောင်းကိုယုံကြည်သောသူများသည် သန့် ရှင်းသောဝိညာဉ်တော်လမ်းပြခြင်းအားဖြင့် ခမည်းတော်ဘုရားကို ဝိညာဉ် နှင့်သမ္မာတရား အားဖြင့်ကိုးကွယ်နိုင်ကြသည် (ယောဟန် ၄း၂၃)။ သန့် ရှင်းသောဝိညာဉ်တော်သည် ဖြောင့်မတ်သူများအား သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်နိုင်ရန်ကူညီသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် ဘု ရားသခင် ကိုထာဝရချီးမွမ်းခြင်းအားဖြင့်အသက်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏သားသမီးများဖြစ်ကြကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က အာမခံပေးသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ထာဝစဉ်အသက် ရှင်နိုင်ကြပေမည်။
 


သန့်ရှင်းသောဝိညာဉ်တော်သည် မိမိကိုယ်ကိုလှည့်ဖြားသောသူများနှင့် မိတ်သဟာရဖွဲ့ခြင်းမရှိနိုင်ပေ


၁ယောယ ၁း၈ တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်သားများ ကို ဖော်ပြထားပါသည်။ “ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။” "မိမိကိုယ်ကို လှည့်ဖြားသောသူများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်မ ကိန်းဝပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်ကအပြစ်သားများအား" သခင် ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော်အားဖြင့် ပြည့်စုံစေခဲ့သောသ တင်းကောင်းကို သင်အဘယ်ကြောင့်မယုံကြည်ကြသနည်း"ဟု အပြစ် ဖော်ပြဆုံးမထားသည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်သက်သေပြသ ခြင်းမရှိဘဲပထမတွင်သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိရန်ကြိုးပမ်းခဲ့သော ဒုတိယမွေးခြင်းခံသောခရစ်ယာန်တစ်ဦး၏ဝန်ခံချက်ကို ကျွန်ုပ်တို့ကြည့် ကြပါစို့။ ဤပုဂ္ဂိုလ်သည် ယခုတွင် ရေနှင့်အသွေးတော်သတင်းကို ယုံကြည် ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကိုရရှိခဲ့သည်။ ဤနေရာတွင် မည်သူထံ၌ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သည်ကို ကျွန်ုပ်တို့သိသင့် ပါသည်။
"ဤလောကတွင် ကျွန်တော်တည်ရှိခြင်းအကြောင်းကို ကျွန်တော်သိ ရှိခဲ့ သောအခါ ကျွန်ုပ်၏နှလုံးသားထဲတွင် ဘုရားသခင်စတင်အသက်ရှင်ခဲ့ တယ်။ ကျွန်တော့်ကိုကျွန်တော်ကြည့်ပြီး၊ ရက်စက်ကြမ်းကြုတ်နေသော ဤလောကကြီးထဲတွင် ကျွန်တော်မွေးဖွါးလာခဲ့ပြီး ဘုရားသခင်အတွက် ကြိုးပမ်းခြင်းထဲတွင် အားနည်းချက်များစွာရှိသည်ကို ကျွန်တော်တွေ့ရှိခဲ့ တယ်။ ကျွန်တော်ဘုရားသခင်ကို မရှာဖွေခဲ့သော်လည်းဘုရားသခင်သည် စက္ခုအာရုံဖြင့်မမြင်နိုင်သောဘုရားအဖြစ် တည်ရှိခြင်းကို ကျွန်တော်အလို အလျောက်လက်ခံခဲ့တယ်။ သူသည်တည်ရှိသော ဘုရားဖြစ်တယ်။ ကျွန် တော်မိမိကိုယ်ကို "ဘုရားတကယ်ဘဲရှိမလား" ဟု မေးခွန်း ထုတ်ခဲ့တယ်။ ဘုရားသခင်သည် အရားအားလုံး၏ဖန်းဆင်းရှင်ဖြစ်ကြောင်းကို ကျွန်တော် မားမားမတ်မတ် ယုံကြည်ခဲ့သောကြောင့် ၄င်းအတွေးအခေါ်မေးခွန်းက ကျွန်တော့်ကို ထိတ်လန့်စေခဲ့တယ်။ 
ဘုရားသခင်ကို ငြင်းပယ်သောသူများသည် ကျွန်တော်ထက်တန်ခိုး ရှိဟန်တူသော်လည်း မိုက်မဲသောသူများဖြစ်ကြတယ်။ သူတို့သည် ကိုယ် ပိုင်ဉာဏ်ဖြင့် လျှောက်လှမ်းနိုင်ပုံရှိခဲ့သော်လည်း တနည်းအားဖြင့် ကျွန် တော်သူတို့ကို ခွန်အား ချည့်နည်းမိုက်မဲသူများဖြစ်ဟုမြင်ခဲ့တယ်။ သို့သော် နောင်တမလွန်ဘဝအတွက် ကျွန်တော်မြော်လင့်ခြင်းရှိခဲ့သောကြောင့် ကျွန်တော်ဘုရားသခင်အားပို၍ ကြည်ညိုလေးစားခဲ့တယ်။ ကောင်းကင် နိုင်ငံသည် ကျွန်တော်ကဲ့သို့သောအားနည်းသော သူများအတွက်ဖြစ်နိုင်ပါမ လားဟု ကျွန်တော်တွေးတောခဲ့တယ်။ ထိုမေးခွန်း ကြောင့်ကောင်းကင် နိုင်ငံပါရဒိသုခဘုံကို ကျွန်တော်ပို၍ရိုးသားစွာဆန္ဒရှိစေခဲ့တယ်။
ကျွန်တော်မိဘများက ဘာသာတရားကိုင်းရှိုင်းသောသူများနှင့် ဘာ သာ တရားကိုင်းရှိုင်းမှုမရှိဘဲလျက် ကျွန်တော့်မွေးချင်းညီအစ်များဘုရား ကျောင်းသို့ တက်ရောက်ခြင်းကို အထင်သေးခဲ့ကြတယ်။ သူတို့သည် ကျွန် တော်ဘုရား ကျောင်းသို့ တက်ရောက်ခြင်းအလေ့ကို မကြာမီရပ်တန့်သွား လိမ့်မည်ဟု ထင်ခဲ့ကြသောကြောင့် အလယ်တန်းတက်သည့်အချိန်ထိတိုင် အောင် ဘုရားကျောင်းတက်ရောက်ခြင်းကို သူတို့ကမတားဆီးခဲ့ကြပေ။ ထိုကြောင့် ကျွန်တော်အသင်းတော်တစ်ပါးမှ တစ်ပါးသို့ တက်ရောက် ခဲ့တယ်။ နောက်ဆုံးတွင် ကျွန်တော်ကောလိပ် တက်သည့်အထိ ကျွန်တော့် အိမ်နှင့်နီးသော အသင်းတော်ငယ်တစ်ပါးသို့တက် ရောက်ခဲ့တယ်။
ဤအသင်းတော်သို့ ကျွန်တော်တက်ရောက်ခဲ့ခြင်းအကြောင်းမှာ ၄င်းက သတင်းကောင်းကိုအလေးအနက်ထားသောကြောင့် ဖြစ်ပါတယ်။ သင်းအုပ်ဆရာသည် သမ္မာကျမ်းစာကို ပုံကန်မှုမရှိသော ဧဝံဂေလိတရားကို စိတ်ဝင်စားသည့် နှိုးကြားရေးကိုဦးဆောင်းသူတစ်ဦးဖြစ်ခဲ့တယ်။ ကျွန် တော်လေ့လာခြင်းအားဖြင့် စိတ်ဖိဆီးမှုနှင့်ဆန့်ကျင်ဘက်ပြုခြင်းများကို ခံစားခဲ့ရသောအချိန်၌ပင် ဘာသာတရားအားဖြင့်ရိုးသားစွာအသက်ရှင်ရန် အတွေးအခေါ်ရှိခဲ့တယ်။
လူတွေက ကျွန်တော်တက်ခဲ့သောအသင်းသားများကို ဘာသာတရား လွှဲမှားသောသူများဟုခေါ်ကြသောအခါ ကျွန်တော်အသင်းတော်သည်မှန် ကန်ပြီး၊ ကျွန်တော်ကောင်းကင်နိုင်ငံတော်သို့သွားရမည်ဟု ကျွန်တော်သေ သေချာချာ ယုံကြည်ခဲ့တယ်။ ၄င်းသည် အမှန်မှာတော့ သတင်းကောင်း အပေါ်တွင် အခြေမပြုထားခဲ့ပေ။ အပြစ်သားများသည် ကောင်းကင်နိုင်ငံ တော်သို့မဝင်ရကြဟု သူတို့က ပြောခဲ့ကြတယ်။ သို့သော်အခြားသောအ သင်းတော်တွင်ရှိသောအသင်းတော်များ၏နှလုံးသားများထဲတွင် အပြစ်ရှိ သည်ဟု သူတို့ပြောခဲ့ကြတယ်။ ကျွန်တော်တက်ခဲ့သောဘုရားကျောင်းရှိ အသင်းသားများကိုလည်းကျွန်တော်မတက်မီလူတွေက အပြစ်သားများဟု ပြောကြမည်ကို ကျွန်တော်ယုံကြည်ခဲ့တယ်။ ဤအတင်းဖျင်း ပြောဆိုမှုများ အတွက် ကျွန်တော်ထည့်တွက်စဉ်းစားခြင်းမရှိခဲ့ပေ။ 
သို့သော် ဧဝံဂေလိဆိုင်ရာနှိုးကြားရေးဦးဆောင်သူများသည် အတိတ် ကာလတွင်ကျွန်တော်တွေ့ကြုံခဲ့ဘူးသောအရာများနှင့် များစွာကွာခြားမှုရှိ ခဲ့ကြတယ်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို မှန်ကန်သောအပြုအမှုဖြင့် ယုံကြည်ခဲ့ကြလျှင် အပြစ်မရှိတော့ပေဟု သူတို့က ပြောခဲ့ကြတယ်။ ကား တိုင်တော်ပေါ်တွင် သခင်ယေရှုသည်ဖြောင့်မတ်ခြင်းတရားကို ယူဆောင် ခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများမဟုတ်တော့ဘဲ ဖြောင့်မတ်သောသူများဖြစ်ကြပါသည်ဟု ပြောခဲ့ကြတယ်။ အစပိုင်းတွင် ကျွန်တော် ဤအကြောင်းကို မယုံကြည်ခဲ့ပေ။ သို့သော် ကျွန်တော်ထိုအ ကြောင်းကိုစဉ်းစားခဲ့သောအခါ အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော်ငယ်ရွယ် သောအချိန်တွင် ကျွန်တော်ကောင်းကင်နိုင်ငံတော်သို့ ဝင်စားလိုပါက ဘုရားသခင်သည် အပြစ်ကိုမုန်းသောကြောင့် ကျွန်တော်သည် အပြစ်မရှိ လျှင် ဘုရားသခင်သည် ကျွန်တော့်အားကောင်းကင်နိုင်ငံတော်သို့ဝင်ခွင့် ပေးလိမ့်မည်ဟု ကျွန်တော် ထင်ခဲ့တယ်။
ဤအသင်းတော်သည် ကျွန်တော်တက်လေ့ရှိခဲ့သောအသင်းတော်နှင့် ယုံကြည်ခြင်းများကွဲပြားခဲ့သည့်အပြင် ဝတ်ပြုကိုးကွယ်မှုသည်လည်းကွဲ ပြားခဲ့တယ်။ သို့သော် ကောင်းကင်နိုင်ငံတော်သည် ရွေးချယ်ခြင်းခံသောလူ အနည်းငယ်သာဝင်ရောက်ရမည်နေရာဖြစ်သောကြောင့် ဤအသင်းတော် ၌ရှိသောလူများသည် စစ်မှန်သောယုံကြည်မှုများပိုင်ဆိုင်ခြင်းဖြစ် ဟန်တူ ခဲ့တယ်။ အသင်းတော်က သခင်ယေရှု၏ အသားနှင့်အသွေးကို အလွန်အ လေးအနက်ထားသောကြောင့်တနင်္ဂနွေ နေ့တိုင်းတွင် မုန့်တစ်ကိုက်စာနှင့် စပျစ်ရည်တစ်ငုံစာ အမြဲတမ်းသုံးဆောင်ခဲ့ကြတယ်။ ဤအခမ်းအနားကို သမ္မာကျမ်းစာစကားများပေါ်တွင် အခြေပြုထားသောကြောင့် ကျွန်တော် လက်ခံခဲ့တယ်။ သို့သော် နောက်ပိုင်းတွင် လူတွေက ၄င်း၏ အနက် အဓိပ္ပါယ်ကို နားမလည်ဘဲဘာသာရေးဓလေ့ထုံးစံအဖြစ်သာသုံးဆောင်ခဲ့ ကြသည်ကို ကျွန်တော်တွေ့ ရှိခဲ့တယ်။
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများ၏နှလုံးသားများနှင့် ဖြောင့်မတ်သောသူများ၏နှလုံးသားများထဲတွင် ကိန်းဝပ်ခဲ့သည်ကို၄င်း၊ သူတို့၏ဆုတောင်းချက်များအားလုံးကို ကြားနာခဲ့သည်ကို၄င်း ကျွန်တော် ယုံကြည်ခဲ့တယ်။ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော့်အ ထဲတွင် ကိန်းဝပ်ခဲ့သည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်။ ဘုရားသခင်ကျွန် တော့်လုပ်ဆောင်ဘက်ဖြစ်သည်ကို၄င်း၊ သတင်းကောင်းကို သံသယမ ရှိကျွန်တော်ယုံကြည်ခဲ့သည်ကို၄င်း ကျွန်တော်သေချာစွာသိရှိခဲ့တယ်။ ကျွန်ုပ်အခက်အခဲများနှင့်ရင်ဆိုင်တွေ့ကြုံနေရသောအခါ ဘုရားသခင် သည် ကျွန်တော့်ဘေးနားတွင်ရှိနေသလို ကျွန်တော် သူ့ကိုစကားပြော ခဲ့တယ်။ ကျွန်တော်လူတွေအပေါ်အဖွင့်ပြောရဲသောစကားများကို ဘုရားသ ခင်ထံဖွင့် ပြောသောအခါ သူက ကျွန်ုပ်အားနားထောင်လိမ့်မည်ဟု ကျွန် တော်ယုံကြည်ခဲ့တယ်။ ထိုကြောင့် ကျွန်တော်ဘုရားသခင်ကို ကိုးစားခဲ့ပြီး၊ သူ့အပေါ်တွင်မှီခိုအားထားခဲ့တယ်။ 
အခြားသော ဘာသာစကားပြောရန်အတွက် နိုးကြားရေးဝတ်ပြု အစည်းအဝေးသို့ တက်ရောက်သောသူများကိုကျွန်တော်နားမလည်ခဲ့ပေ။ အစာရှောင်ဆု တောင်းခြင်းအစည်းအဝေးသို့တက်ရောက်သောသူများကို လည်း ကျွန်တော်ပြက်ရယ်ပြုခဲ့တယ်။ ထိုသို့သောကြိုးပမ်းလုပ်ဆောင်မှု များကိုကြည့်ပြီး "သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် အဓိပ္ပါယ်မရှိ သောကြိုးပမ်းအားထုတ်မှုကို အဘယ်ကြောင့်သူတို့သည် စိတ်အားထက် သန်ကြသနည်း။ သူတို့သည်အပြစ်ကင်းမဲ့ပြီး၊ သူသည်မိတ် ဆွေနှင့်အစဉ်အ မြဲရှိနေသောအခါမှသာလျှင် သူတို့အပေါ်သန့်ရှင်း သောဝိညာဉ်တော်ဆင်း သက်တယ်။ သူတို့သည်အပြစ်သားများဖြစ်ရကြမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့၏ကြိုးပမ်းမှုများအားဖြင့်သူတို့အပေါ်တွင် မ သက်ရောက်နိုင်ပေ"ဟု ကျွန်တော်တွေးခဲ့ပါတယ်။ ကျွန်တော်ထိုသူတို့ကို အလွန်သနားခဲ့တယ်။ သူတို့သည် အလွန်မိုက်မဲ့နေခဲ့ကြသည်ဟု ကျွန် တော်ယူဆခဲ့တယ်။ ထိုအရာများနှင့်အတူ သတင်းကောင်းအပေါ် ကျွန် တော့်ယုံကြည်ခြင်းသည် အကောင်းဆုံးဖြစ်ပြီး အခြားသောသူများ၏ယုံ ကြည်ခြင်းများအားလုံးသည် လိမ်ညာခြင်းသက်သက်ဖြစ်သည်ဟု ကျွန် တော်ထင်ခဲ့တယ်။
ကျွန်ုပ်မာန်မာနကြီးခြင်းနှလုံးသားသည် အထွတ်အထိပ်သို့ရောက်ရှိ လာခဲ့တယ်။ ဆယ်နှင့်ကာအတောအတွင်း ကိုယ်တိုင်ကြိုးပမ်းအားထုတ် သော ဘာသာရေးဘဝဖြင့် ကျွန်တော်အသက်ရှင်ခဲ့တယ်။ သို့သော်အချိန် ကြာလာသည်နှင့်အမျှ ကျွန်ုပ်စိတ်နှင့်နှလုံးသားထဲတွင် မေးခွန်းများစတင် ထွက်ပေါ်လာခဲ့တယ်။ "သခင် ယေရှု၏အသွေးတော်သတင်းကောင်း ကြောင့် ကျွန်တော်သည်အပြစ်ကင်းမဲ့သော သူဖြစ်ပါတယ်။ သို့သော်အ ခြားသောယုံကြည်သူများသည် ကျွန်တော်ကဲ့သို့အပြစ် ကင်းမလား။ သူတို့ သည်လည်း သတင်းကောင်းကို အမှန်တကယ်ယုံကြည်မည်လား" ဟု ကျွန်တော်စဉ်းစားခဲ့တယ်။ ဤမေးခွန်းများကျွန်တော်အဘယ်ကြောင့် မေးခဲ့သည်ကို ကျွန်တော်မသိခဲ့ပေ။ ကျွန်တော့်အတွေးထဲတွင် မေးခွန်းများ ရှိခဲ့ပြီး၊ ကျွန်တော်မည် သူ့ကိုမျှမမေးနိုင်ခဲ့ပေ။ ဤမေးခွန်းများသည် ကိုယ် ရေးကိုယ်တာ ယုံကြည်ခြင်းဖြစ်ခဲ့ပြီး၊ အခြားသူများပျက်စီးရန်ထိခိုက်ခြင်းမ ရှိနိုင်ပေ။ ထို့ပြင် အခြားသူများကိုမေးမြန်းရန် အလွန်ရိုင်းစိုင်းသောမေး ခွန်းများဖြစ်ကြပါတယ်။
သို့သော် ကျွန်တော်မိမိကိုယ်ကို ဤမေးခွန်းများကို စတင်မေးမြန်းခဲ့ တယ်။ ကျွန်တော်ကောလိပ်ကျောင်းတက်နေသည့်အချိန်တွင် ဘာသာတ ရားကျင့် သုံးမှု၏ကန့်တန့်ထားသောအရာများကို ကျွန်တော်စတင်လုပ် ဆောင်ခဲ့တယ်။ ကျွန်တော့်နှလုံးသားသည် မှောင်မိုက်ခဲ့သောကြောင့် ကျွန် တော့်ယုံကြည်မှုသည်လည်း လျော့နည်းလာခဲ့တယ်။ ကျွန်တော့် ယုံကြည် ခြင်းများကို မသေချာတော့ပေ။ "ကျွန်တော်သည် မိမိကိုယ်ကို ဖြောင့်မတ် သူဟုသတ်မှတ်နိုင်မလား။ သခင်ယေရှုသည် ကျွန်တော်အပြစ်များကို အမှန်ဆေးကြောပေးခဲ့သလား။" ဤရှုပ်ထွေးမှု ကြားထဲတွင်ကားတိုင် တော်သတင်းကောင်းကို မိမိကိုယ်ကိုအတင်းအဓမ္မစဉ်းစားရန် ကြိုးပမ်းခဲ့ တယ်။ အယူအဆဟောင်းများကိုစွန့်ပယ်ပြီး ခံယူချက်အသစ် များစွဲ ကိုင်ရန်ကြိုးပမ်းခဲ့တယ်။ သို့သော် ကျွန်တော်သည် မိမိကိုယ်ကို ကြိုးပမ်း လေလေ ကျွန်တော်သည်ပျောက် ဆုံးလေလေဖြစ်သွားခဲ့ပြီး၊ ကျွန်တော်ဘု ရားကျောင်းဝတ်ပြုအစည်းအဝေးမတက် ရောက်ခဲ့တော့ပေ။ ကျွန်တော်၏ အသင်း ကြိုးပမ်းလုပ်ဆောင်မှုများသည် မိမိကိုယ်ကို ခွင့်လွတ်ရန် အ ကြောင်းပြချက် အဖြစ်အသုံးပြုခဲ့တယ်။
ရှုပ်ထွေးမှုနှင့်ဝရုံးသုန်းကားဖြစ်ခြင်းများအားလုံးကြားထဲတွင် နောက် ဆုံးအနေဖြင့် ကျွန်တော်သမ္မာတရားကိုတွေ့ရှိခဲ့တယ်။ ရေနှင့်ဝိညာဉ်တော် သတင်းသတင်းကိုကျွန်တော်ကြားသိခဲ့ပြီး၊ ၄င်းသည် လျှပ်စစ်စီးနေသော အလင်းတန်းကဲ့သို့ ကျွန်တော်ဆီရောက်ရှိလာခဲ့တယ်။ ၄င်း၏တွေ့ထိခြင်း အကျိုးတက်ရောက်မှုသည် အလွန်ကြီးမားခဲ့သောကြောင့် ငြွေိုကးခြင်းကို ကျွန်တော်ခံစားခဲ့ရတယ်။ သို့သော် သတင်းကောင်းကိုယုံကြည်ခြင်း အားဖြင့် ကျွန်တော်ယုံကြည်ခဲ့သောယုံကြည်ခြင်းများသည် မှားယွင်းခဲ့ သည်ဟု ဝန်ခံရမည်ဖြစ်ပါတယ်။
ကျွန်ုပ်အပြစ်များကိုသခင်ယေရှုအပေါ် လွှဲပြောင်းပေးခြင်းမရှိခဲ့ပေ။ ကျွန် တော့်အပြစ်များသခင်ယေရှုကယူဆောင်သွားခဲ့ပြီး၊ ကျွန်တော်သည် အပြစ်ကင်းမဲ့ သောသူတစ်ဦးဖြစ်သည်ဟု ကျွန်တော် အစဉ်းစားမဆင်ခြင် ဘဲယုံကြည်ခဲ့တယ်။ သို့သော် ၄င်းသည် မှားယွင်းသောယုံကြည်ခြင်းပင်ဖြစ် ပါတယ်။ သခင်ယေရှုသည် ဗတ္တိဇံခံယူရန်အတွက် အဘယ်ကြောင့်ဤ လောကသို့ကြွလာခဲ့သနည်း။ အကြောင်းမှာသူသည် သိုးသူငယ်ကဲ့သို့အနွံ အနာခံသောသူဖြစ်သည်ဟု ပြသလိုသောကြောင့်ဖြစ်ပါတယ်။ သူသည် လူသားတစ်ဦးအဖြစ်သင်သေပြသရန်ကြွ လာခဲ့သလား။ (သို့) မလွှဲမရှောင် နိုင်သောသူ၏သေခြင်းကိုပရောဖက်ပြုရန်အ တွက်လား။ ကျွန်တော်သိရှိခဲ့ သောဗတ္တိဇံ၏အရေးပါမှုကို သိရှိခဲ့ဖူးလိမ့်မည်ဟု ကျွန်တော်စိတ်ကူးထဲမှာ တောင် မရှိခဲ့ပေ။ သမ္မာတရားမှာ လူသားအားလုံးကိုယ် စားသခင်ယေ ရှုသည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး၊ ထိုဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို သူ့ အပေါ်သို့လွှဲပြောင်းပေးခဲ့တယ်။ 
"သြော်၊ဤအကြောင်းကြောင့်သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ ကို ယူဆောင်ပေးသောဘုရားသခင်၏သိုးသူငယ်တော်ဖြစ်လာခြင်း ဖြစ် တယ်။" ယခုတွင် အရာအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်တယ်။ "သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်အပြစ်အတွက်ပြစ် ဒဏ်ခံခဲ့တယ်။ ထိုအကြောင်းကြောင့် ကျွန်တော်နှလုံးထဲတွင် အပြစ်ကင်း မဲ့သူဖြစ်ခဲ့ရခြင်း ဖြစ်တယ်။" ရေ (ယေရှုဗတ္တိဇံခံယူခြင်း)၊ အသွေးတော် (ကားတိုင်)၊နှင့် သန့်ရှင်းသောဝိညာဉ်တော် (ယေရှုသည် ဘုရားသခင် ဖြစ် သည်)သတင်းကောင်းကိုသိရှိခဲ့သည်အချိန်မစပြီး၊ ကျွန်ုပ်နှလုံးသားထဲတွင် ခံစားခဲ့သောအပြစ်များ ကွယ်ပျောက်သွားခဲ့တယ်။
ယခုတွင် ကျွန်တော်သည်အပြစ်ကင်းမဲ့သောသူ၊ဖြောင့်မတ်သောသူ နှင့် နောက်ဆုံးတွင် ကျွန်ုပ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခဲ့တယ်။ ကားတိုင်တော်ကိုသာ ကျွန်တော့်ယုံကြည်ခြင်းသည် ကျွန်ုပ်နှလုံးသားထဲတွင် ရှိသောအပြစ်များဆေးကြောစင်ကြယ်ရန် မလုံ လောက်ခဲ့ပေ။ မိတ်ဆွေ၏ အပြစ်များသည် သခင်ယေရှုအပေါ်လွှဲပြောင်း ပေးခဲ့ခြင်းကိုသေချာစွာမသိခဲ့လျှင် မိတ်ဆွေ၏အပြစ်များသည် ခွင့်လွတ် ခြင်းမရနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း မိတ်ဆွေအထဲတွင် ကိန်းဝပ်နိုင်မည်မဟုတ်ပေ။ ကျွန်တော်ဘုရား သခင်ကိုကျေးဇူးတင်ပါ တယ်။ သတင်းကောင်းအားဖြင့် ကျွန်တော်သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိနိုင်ခဲ့တယ်။
ကြိုးပမ်းအားထုတ်မှုမလိုအပ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ကျွန်တော်အပြစ်လွတ်ခြင်းအခွင့်ရရှိခဲ့ပြီး၊ ကျွန်ုပ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ယခုမှစ၍ကာလအစဉ်အမြဲကိန်းဝပ်တယ်။ ယခု တွင် ကျွန်တော်သည် အပြစ်ကင်းမဲ့သောသူဖြစ်သည်ဟု မိမိကိုယ်ကို ဂုဏ် ယူစွာခေါ်နိုင်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော်သည် ကျွန်ုပ်အတွက်ဖြစ်သည်ဟု ဝါကြွားပြောဆိုနိုင်ပါ တယ်။ အဖိုးအခမယူဘဲ ဤကောင်းချီးမင်္ဂလာများကို ဘုရားသခင်ကကျွန်ုပ်အား ပေးအပ်ခဲ့သောကြောင့် ကျွန်တော်ဘုရားသခင် ကို ကျေးဇူးတင်၍မဆုံးနိုင်ပေ။ ဟာလေလုယ။"
သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများက ဘုရားသခင်ရှေ့တော် မှောက်တွင်အပြစ်ကင်းမဲ့သောသူဖြစ်သည်ဟု ပြောနိုင်သည်။ မိတ်ဆွေ သည်သခင် ယေရှုကို ယုံကြည်ခဲ့သောအချိန်မည်မျှပင်ကြာညောင်းနေပါစေ ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်း မရှိလျှင် မိတ်ဆွေ၏နှလုံးသားထဲ၌အပြစ်ရှိသည် မှာသေချာသည်။ လူတွေက ဘုရားသခင်နှင့်မိမိ ကိုယ်ကိုလှည့်ဖြားခြင်းကို အလွန်နှစ်သက်ကြသည်။ ဤလူများ ကဘုရားသခင်ကို ဘယ်တော့မှတွေ့ နိုင်ကြမည်မဟုတ်ပေ။ အပြစ်သားတစ်ဦး သည် သန့်ရှင်းသောဝိညာဉ်တော် နှင့်မိဿဟာယဖွဲ့လိုလျှင် ပထမဦးဆုံး သူသည် မိမိကိုယ်ကိုလှည့်ဖြားခြင်း ကိုရပ်တန့်ပြီး၊ သူမှာ အပြစ်ရှိကြောင်းကိုဝန်ခံရမည် ဖြစ်သည်။ သို့မှသာ လျှင် သူသည်ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ သတင်းကောင်းကိုယုံကြည်သောသူများသည် သန့် ရှင်းသောဝိညာဉ်တော်ရရှိရန်ထိုက်တန်သည်။
သန့်ရှင်းသောဝိညာဉ်တော်က အပြစ်သားများကိုမည်ကဲ့သို့ပြောသ နည်း။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် အမှုပြည့်စုံခဲ့ ပြီးသောသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သူတို့၏အပြစ်များကို လွတ်ငြိမ်းခြင်းအခွင့် ရရှိနိုင်သည်ဟု အကြံပြုခဲ့သည်။ မိတ်ဆွေအပြစ်ပြု သောအချိန်တွင် အပြစ်သားမ ဟုတ်ဘူး ဟုပြောလျှင်သန့်ရှင်းသောဝိညာဉ် တော်ဘယ်တော့အခါမှရရှိနိုင်မည် မဟုတ်ပေ။ သတင်းကောင်းကိုမယုံ ကြည်သောသူများနှင့် အပြစ်မရှိဟုပြောသောသူများသည် ဘုရားသခင်နှင့် မိမိ ကိုယ်ကိုလှည့်ဖြားသောသူများဖြစ်ကြသည်။ အပြစ်သားများသည် ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ရန်နှင့်သန့်ရှင်းသောဝိ ညာဉ်တော် ရရှိရမည်ဖြစ်သည်။ သို့မှသာလျှင် သူတို့သည် ဘုရားသခင်၏အလွန်ထိတ် လန့်စရာကောင်း သောအပြစ်စီရင်ခြင်းမှလွတ်မြောက်ကြမည်ဖြစ်သည်။
 


ဖြောင့်မတ်သောသူများသည်သူတို့အပြစ်များဝန်ချတောင်းပန် ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့နိုင်သည်


ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်သောသူများသည် သန့်ရှင်း သောဝိညာဉ်တော်ရရှိခဲ့သည်ဟု ကျွန်တော်တရားဟောသည်။ ဘုရားသခင် မိန့်ဆိုခဲ့သော ဖြောင့်မတ်သူများကို ကျွန်ုပ်ကြည့်ကြပါစို့။ ၁ယော ၁း၉ ထဲ တွင် “ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏”ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် ဗတ္တိဇံခံသောအ ချိန်နှင့် ကားတိုင်တင်သတ်ခြင်းအားဖြင့်ပြစ် ကြွေးများပေးဆပ်သောအချိန် တွင် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွား ခဲ့ကြောင်းကြွေးကြော်ခြင်း သတင်းကောင်းကို သတိရသိရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏ညစ်ညမ်းသော နှလုံးသားများမှအပြစ် များဆေးကြောသန့်စင် ပေးသည်ကို ဤကျမ်းပိုဒ် ၏ဆိုလိုခြင်းဖြစ်သည်။ ဖြောင့် မတ်သော သူများသည် ဘုရားသခင်ထံသို့ သူတို့၏အပြစ်များကို ဝန်ချတောင်းပန် ရမည်ဖြစ်သည်။ သို့မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်းရရှိမည်ဖြစ်သည်။ ဖြောင့် မတ်သောသူများသည် သူတို့၏အပြစ်များကို ဝန်ချတောင်းပန်သင့်ပြီး သတင်းကောင်းကိုဆက်လက်ယုံ ကြည်ရမည် ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သခင်ယေရှု၏ဗတ္တိဇံခံယူ ခြင်း နှင့်အသွေးတော်ကကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် ဖြောင့်မတ်သူများသည် ဤသတင်းကောင်းကိုယုံ ကြည်ပြီး၊ သူတို့၏ အပြစ်များမှ လွတ်မြောက်သင့်ပေသည်။ ရေနှင့်ဝိညာဉ် တော်သတင်းအားဖြင့် သူတို့၏အပြစ်အားလုံးကို ဘုရားသခင်ကလွတ် မြောက်စေခဲ့ပြီးဖြစ်သည်။ ဖြောင့်မတ်သူများသည်သူတို့၏အပြစ်များမှ လွတ်မြောက်ရန်အတွက် သတင်းကောင်းကို ယုံကြည်ရမည်ဖြစ်သည်။ ဖြောင့်မတ်သူများသည် သူတို့၏အပြစ်များကညစ်ညမ်း စေသောအခါ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့၏နှလုံးသားများကိုသန့်ရှင်းစေနိုင်ပါသည်။
သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် ရှေ့မဆွ ကတည်းက ဖြောင့်မတ်သူများ၏အပြစ်များအားလုံးကိုဆေးကြော ပေးခဲ့သည်။ ထိုကြောင့် ယုံကြည်သောသူများသည် သူတို့၏အပြစ်များ အားလုံးမှစစ်မှန်သော လွတ်မြောက်ခြင်းရရှိခဲ့ပြီဖြစ်သည်။ သို့သော်ဖြောင့် မတ်သူများသည် ဘုရားသခင်၏ရှေ့တော်မှောက်၌ သူတို့၏အပြစ်များ အားလုံးကို ဝန်ချတောင်းပန်သင့်ပါသည်။ ထိုနောက် ဖြောင့်မတ်သူများ သည် သူတို့၏အပြစ်များအားလုံးမှ လွတ်မြောက်ခြင်းရရှိရန် သတင်း ကောင်းပေါင်းစုံဖြစ်သော သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းနှင့်အသွေးတော် ကိုယုံကြည်ခြင်းသို့ပြန်လှည့်ရမည်ဖြစ်သည်။ ထိုကြောင့် သူတို့သည် သန့် ရှင်းသောဝိညာဉ်တော်နှင့်လျှောက်လှမ်းသော အသစ်သောဘဝ ဖြင့်ထာ ဝစဉ်အသက်ရှင်နိုင်ကြမည် ဖြစ်သည်။ သူတို့၏အားနည်းချက်များကို မ ကြည့်ဘဲ ဘုရားသခင်ကိုစေ့စေ့ကြည့်သောသူများက ဘုရားသခင်နှင့်စစ် မှန်သောမိဿဟာယဖွဲ့နိုင်မည်ဖြစ်ပြီး၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ကျေးဇူးတော်ချီးမွမ်းနိုင်ကြမည်ဖြစ်သည်။
 

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်စစ်မှန်သောမိဿဟာယ မည်ကဲ့သို့ရရှိနိုင်ကြမည်နည်း

သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့ခြင်းတောင့်တသူလူ မြောက်များစွာရှိသည်။ သူတို့သည် သခင်ယေရှုကိုယုံကြည်ခဲ့ကြသော် လည်း ဤတောင့်တမှုရရှိရန် မည်ကဲ့သို့လုပ်ဆောင်ရကြမည်ကို မသိခဲ့ကြ ပေ။ လူသား အားလုံးသည် ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်၏ခြင်း အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ရရှိပြီးထိုအချိန်မှစ၍ သန့်ရှင်းသောဝိ ညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်းအစပြုနိုင်သည်။
ထိုနည်းတူ၊ ဖြောင့်မတ်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော် နှင့် မိဿဟာယဖွဲ့နိုင်ရန်တစ်ခုတည်းသောနည်းလမ်းမှာ ရေနှင့်ဝိညာဉ် တော်သတင်း ကောင်းဖြစ်သော သမ္မာတရာကိုသိရှိယုံကြည်ခြင်းပင် ဖြစ်သည်။ စစ်မှန်သော သတင်းကောင်းမပါဘဲဖြောင့်မတ်သောသူများနှင့် သန့်ရှင်းသောဝိညာဉ်တော် မိဿဟာယဖွဲ့ခြင်းမရရှိနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်းသည် အဘယ်အရာ ကိုဆိုလိုသနည်း။ သတင်းကောင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် သာလျှင် သန့်ရှင်း သော ဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့နိုင်သည်။
 

လူသားများသည်သူတို့၏ဘဝတလျှောက်အပြစ်ပြုသည်ဟု ဘုရားသခင်က မိန့်ဆိုထားပါသည်

၁ယော ၁း၁၀ တွင် “အပြစ်မပြုဖူးပါဟု ငါတို့ဆိုလျှင် ငါတို့သည် ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၍ ဘုရားသခင်၏နှုတ်က ပတ်တော်သည် ငါတို့၌မရှိ”ဟုဖော်ပြထားပါသည်။ ဘုရားသခင်၏ရှေ့ တော်မှောက်တွင် အပြစ်မပြုဘူးသောသူ တစ်ယောက်မျှမရှိပေ။ သမ္မာ ကျမ်းစာက “ယခင်နေ့ရက်များသည် ယခုနေ့ရက်များထက် အဘယ် ကြောင့် ပို၍ကောင်းသနည်းဟု မမေးနှင့်။ အကြောင်းမူကား ထိုသို့မေးမြန်းခြင်းသည် ဉာဏ်ပညာမှလာသည်မဟုတ်” (ဒေသနာ ၇း၂၀) ဟုဖော်ပြ ထားပါသည်။ ဘုရားသခင်၏ရှေ့မှောက်လူ သားအားလုံးသည်အပြစ်ပြုကြ သည်။ မည်သူမည်ဝါကမှ အပြစ်မပြုဘူးဟု မဆိုနိုင်ပေ။ ထိုသို့ဆိုလျှင် သူသည်လူလိမ်လူညာ ဖြစ်သည်။ လူတွေကက သူတို့သေဆုံးသည် အချိန်အထိ သူတို့၏ဘဝတလျှောက်တွင်အပြစ်ပြုခဲ့ကြသည်။ ထိုကြောင့် သူတို့အပြစ်များအားလုံးကိုယူဆောင်ရန် သခင်ယေရှုသည် ယောဟန်အား ဖြင့် ဗတ္တိဇံခံယူခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်အပြစ် မပြုခဲ့လျှင် ဘုရားသ ခင်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင် အဖြစ်ယုံကြည်ရန် မလိုအပ်ပေ။
ဘုရားသခင်က အပြစ်မပြုခဲ့ဟု မိမိကိုယ်ကိုယူဆသောသူများအပေါ် "ငါစကားသည် သင်တို့အထဲ၌မရှိ" ဟုမိန့်ဆိုသည်။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို မယုံကြည်သောသူသည် ပျက်စီးခြင်းခံထိုက်သောသူဖြစ် သည်။ ဖြောင့်မတ်သောသူ (သို့) အပြစ်သားတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အပြစ် မပြုဟုဆိုလျှင် ထိုသူသည် သတင်းကောင်းကို ယုံ ကြည်ရန်မထိုက်တန်ပေ။ 
ဘုရားသခင်သည်လူတိုင်းအပေါ်မှာ သတင်းကောင်းဆုကျေးဇူးကိုပေး အပ်ခဲ့သည်။ သတင်းကောင်းအားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရရှိရန် ကျွန်ုပ် တို့သည် မိမိအပြစ်များအားလုံးကိုဝန်ချတောင်းပန်ပြီး၊ နောင်တရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်းအခွင့်ရရှိရန်အတွက် ကျွန်ုပ် တို့အပေါ်ဘုရားသခင် ချပေးခဲ့သောသတင်းကောင်ဆီသို့ပြန်လာကြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့နိုင်ရန်အတွက် သတင်း ကောင်းကို ယုံကြည်ရကြမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်စစ် မှန်သောမိဿဟာယဖွဲ့ခြင်းရရှိခြင်းသည် ရေနှင့် ဝိညာဉ်တော်သတင်း ကောင်း၌ရှိပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်သောသူ များကသာလျှင် ဘုရားသခင်နှင့်မိဿဟာယဖွဲ့နိုင်ကြသည်။
အာဒံနှင့်ဧဝတို့ထံမှအမွေဆက်ခံလာသောအပြစ်ကြောင့် လူသားများ သည် ဘုရားသခင်နှင့်ဝေးကွာခဲ့ကြသည်။ သို့သော်ယခုတွင် အပြစ်မျိုးစေ့ ဆက်ခံနေကြ သောကျွန်ုပ်တို့သည် ဘုရားသခင်နှင့်တဖန်မိဿဟာယဖွဲ့ ခြင်းရရှိရန် မျှော်လင့်စောင့် စားနေကြသည်။ ကျွန်ုပ်တို့သည်ဘုရားသခင် နှင့်မိဿဟာယဖွဲ့နိုင်ရန် အတွက်သခင် ယေရှု၏သတင်းကောင်းဖြစ်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းသို့ပြန်လှည့်ကာ ဘု ရားသခင်နှင့်ဝေးကွာစေခဲ့သော်အ ပြစ်များခွင့်လွတ်ခြင်းအခွင့်ရရှိ ကြရမည် ဖြစ်သည်။ 
သတင်းကောင်းကိုယုံကြည်သောသူများသည် သူတို့၏အပြစ်များအား လုံးမှ လွတ်မြောက်ခြင်းအခွင့်ရရှိကြပြီး၊ ဘုရားသခင်ကသူတို့အားသန့်ရှင်း သော ဝိညာဉ်တော်ဖြင့်ပြည့်ဝစေမည်ဖြစ်သည်။ ထိုကြောင့် သူတို့၏အပြစ် ကြောင့်ဘုရား သခင်နှင့် ဝေးကွာသောသူများသည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းထံသို့ပြန်လှည့်ကာ ယုံကြည်ကြရမည်ဖြစ်သည်။ သို့မှသာ လျှင် သူတို့သည်ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်ကြမည်ဖြစ်သည်။ 
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် သတင်းကောင်းကိုယုံ ကြည်ခြင်းအားဖြင့်ဖြစ်လာသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည် ခြင်း အားဖြင့်သာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်သည် ကို ကျွန်ုပ်တို့သိရှိရမည် ဖြစ်သည်။ သတင်းကောင်းကိုယုံကြည်ခြင်းက ဘုရားသခင်ထံတော်သို့ရောက်ရှိ နိုင်ရန်အတွက်လမ်းသစ်ဖန်တီးပေးထား သည်။ ဗီဇအပြစ်နှင့်နေစဉ် နှင့်ပြုမိသောအအပြစ်ကြောင့်ဘုရားသခင်နှင့် ကျွန်ုပ်တို့အားဝေးကွာစေသော တံတိုင်းကြီးကို ဘုရားသခင်က ဖြိုဖျက်ခဲ့ ပြီးဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့ ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား သူနှင့်မိတ်သဟာရဖွဲ့ခွင့်ပေး ခဲ့သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်တဖန်မိဿဟာယဖွဲ့ ခြင်းကိုပြန်လည်ထူထောင်ရမည်ဖြစ်သည်။ စစ်မှန်သောသန့်ရှင်းသောဝိ ညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်းကိုရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသိရှိပြီး နာခံယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင်သည်။ ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွတ်ခြင်းကိုသတင်းကောင်းမှလာသည်ဟု ကျွန်ုပ်တို့ယုံကြည်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ် တော်နှင့်မိတ်သဟာဖွဲ့ခြင်းဖြစ်ပေါ်နိုင် သည်။ သူတို့၏အပြစ်များလွတ်ငြိမ်းချမ်းသာခွင့်မရသောသူများသည် သန့် ရှင်းသောဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်း မရှိနိုင်ပေ။ တနည်းအားဖြင့်၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်း မရှိဘဲသန့်ရှင်းသော ဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့ခြင်းကို မည်သူကမှမရရှိနိုင်ကြပေ။
သန့်ရှင်းသောဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့နိုင်ရန် မိတ်ဆွေမှာအ ခက် အခဲရှိခဲ့ပါကမိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်ကိုယုံကြည်ခြင်းမရှိ ကြောင်းနှင့် မိတ်ဆွေ၏အပြစ်များလွတ်ငြိမ်းခြင်းမရှိကြောင်း မိတ်ဆွေဝန် ခံရမည်ဖြစ်သည်။ မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာ ယဖွဲ့လိုသလား။ သန့်ရှင်းသောဝိညာဉ်တော်နှင့်မိဿဟာယဖွဲ့လိုပါက သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော် အားဖြင့်ပြည့်စုံသွားစေ ခဲ့သောသတင်းကောင်းကို ယုံကြည်လိုက်ပါ။ သို့မှသာလျှင် မိတ်ဆွေ၏အ ပြစ်များအားလုံးမှလွှတ်မြောက်ခြင်းအခွင့် ရရှိပြီး မိတ်ဆွေ၏နှလုံးသားထဲ တွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ ခြင်းဆုလဒ်အပြစ်ခံယူပါ လိမ့်မည်။ ဤသတင်းကောင်းက သန့်ရှင်းသောဝိညာဉ် တော်နှင့်မိဿဟာ ယဖွဲ့ခြင်းအမှန်ပေးနိုင်မည် ဖြစ်သည်။