Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-6] မိတ်ဆွေအထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်သည်ဟု ယုံကြည်ပါ (မဿဲ ၂၅:၁-၁၂)

မိတ်ဆွေအထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်သည်ဟု ယုံကြည်ပါ
(မဿဲ ၂၅:၁-၁၂)
“ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည် မိမိတို့မီးခွက်များကိုယူဆောင်လျက် သတို့သားကိုကြိုဆိုရန် ထွက်သွားသည့် အပျိုကညာဆယ်ယောက်နှင့်တူလိမ့်မည်။ ထိုသူတို့ထဲမှ ငါးယောက်သည် မိုက်မဲသောသူဖြစ်ကြပြီး ငါးယောက်သည် ပညာသတိရှိသောသူဖြစ်ကြ၏။ မိုက်မဲသောသူတို့သည် မိမိတို့၏မီးခွက်ကို ယူသွားကြသော်လည်း မိမိတို့နှင့်အတူ ဆီကိုမယူသွားကြ။ ပညာသတိရှိသောသူတို့မူကား မိမိတို့မီးခွက်နှင့်အတူ ဆီကို ဘူးထဲ၌ယူသွားကြ၏။ သတို့သားသည် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြ၏။  ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ အပျိုကညာအားလုံးတို့သည် ထ၍ မိမိတို့၏မီးခွက်များကို ပြင်ဆင်ကြ၏။  ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။ သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။ သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။ ထို့နောက် အခြားသောအပျိုကညာတို့သည်လည်း ရောက်လာ၍ ‘အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးဖွင့်ပေးပါ’ဟု ဆိုကြ၏။  သို့သော် သတို့သားက ‘သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့ကို ငါမသိ’ဟု ပြန်ပြောလေ၏။”
 
 

သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသတို့သမီးကညာများ သည် မည်သူတွေကိုကိုးစွာပြုသနည်း

 
မည်သူ၌သန့်ရှင်း သောဝိညာဉ်တော် သက်ရောက်ခဲ့သနည်း။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေး တော်ကိုယုံကြည်ခြင်းအားဖြင့် သူတို့၏အပြစ်များ လွတ်ငြိမ်းခြင်းရရှိသောသူများအပေါ် သန့်ရှင်း သောဝိညာဉ်တော်ဆင်းသက်သည်။

အထက်တွင်ဖော်ပြထားသောကျမ်းပိုဒ်ထဲတွင် လိမ္မာသောသတို့သမီး ငါး ယောက်နှင့်မိုက်မဲသောသတို့သမီးငါးယောက်အကြောင်းကိုဖော်ပြထား ပါသည်။ ပညာသတိမရှိသောသတို့သမီးငါးယောက်တို့က ပညာသတိရှိ သောသတို့သမီး ငါးယောက်တို့၏ဆီကိုဝေမျှပေးရန် တောင်းဆိုကြသည်။ သို့သော်ပညာသတိရှိသော သူတို့သမီးငါးယောက်တို့က ပညာသတိမရှိ သောသူများထံ" ပညာရှိသောသူတို့ကလည်း၊ သင်တို့ဖို့နှင့်ငါတို့အဘို့ ဆီမလောက်။ ထိုကြောင့်ဆီရောင်းသောသူရှိရာသို့ သွား၍ကိုယ်သုံးဖို့ဝယ် လျှင်သာ၍ကောင်းသည်"ဟုပြန်ပြောကြ၏။ ထိုကြောင့် ပညာမဲ့သောသူ များသည် ဆီမီးဝယ်ယူရန်သွားသောအခိုက်တွင် ပညာသတိရှိသော သတို့ သမီးငါးယောက်တို့သည် သူတို့ဆီးဖြင့်ပြည့်သောမီးခွက်ဖြင့် မင်္ဂလာဆောင် အခန်းအနားသို့ဝင်ခဲ့ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အ တွက်ဆီကို မည်သို့ပြင်ဆင်ထားကြမည်နည်း။ ကျွန်ုပ်တို့လုပ်ဆောင်နိုင် သောအရာတစ်ခုမှာ ကျွန်ုပ်တို့နှလုံးသားများထဲတွင်ရှိသော အပြစ်များ ခွင့်လွတ်ခြင်းနှင့်အတူဘုရား သခင် ကိုစောင့်ဆိုင်းရမည်ဖြစ်သည်။
လူတွေကြားထဲတွင်ယုံကြည်ခြင်းနှစ်မျိုးနှစ်စားရှိသည်ကို ကျွန်ုပ်တို့ တွေ့ရှိနိုင်ပါသည်။ ပထမမှာ အပြစ်အားလုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးသော သတင်းကောင်းကိုယုံကြည်ခြင်းဖြစ်သည်။ ဤယုံကြည်ခြင်းက သန့်ရှင်း သောဝိညာဉ်တော်ရရှိစေခဲ့သည်။ အခြားသောအရာတစ်ခုမှာ ဘုရားသခင် က လူတစ်ဦး၏အပြစ်များကို ခွင့်လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ သူတို့၏ ဘာသာရေးအယူဝါဒအပေါ်သစ္စာ ရှိသူများဖြစ်ကြသည်။
မိမိကိုယ်ပိုင်ကျင့်သုံးမှုအပေါ်ကိုယ်ပိုင်ဝါဒ၌ သစ္စာရှိသောသူများအ တွက် သတင်းကောင်းသည် အကျိုးမဲ့ကျန်ရစ်သွားသည်။ သတို့သားလာ သည့်အချိန်တွင် ဆီဝယ်ရန်အပြင်သို့ထွက်သွားခဲ့ကြသော ပညာသတိမရှိ သောသတို့သမီးကညာငါး ယောက်ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် မြော်လင့်ချက်ဖြင့် တစ်အိမ်မှတစ် အိမ်သို့ဘုရားဝတ်ပြုရန်သွားသောသူ များသည် အခြားသူများကို လိမ်ညာသည့်မဟုတ်ဘဲ မိမိကိုယ်ကိုလိမ်ညာ နေသည်။ သူတို့သည် တရားစီရင်ခြင်းနေ့ရက်မတိုင်မီ သူတို့၏နှလုံး သားများထဲ၌သတင်းကောင်းယုံကြည်ရမည်ဟူသောအချက်ကို သူတို့သည် လျစ်လျူရှုကြသည်။ သူတို့ကြိုးပမ်းအားထုတ်ခြင်းနှင့်အတူဘုရားသခင်၏ စိတ်တော်ကိုတွေ့ထိခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရယူလိုကြ သည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကြီးစွာကြိုးပမ်းအား ထုတ်သော အသင်းတော်လူကြီးတစ်ဦး၏ဝန်ခံချက်ကို ကျွန်ုပ်တို့ကြည့်ကြရအောင်။ ဤဝန်ခံချက်က မိတ်ဆွေအား အကျိုးပြုကူညီပါလိမ့်မည်။ 
"သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကျွန်တော်ဘာမဆိုလုပ်ခဲ့တယ်။ ကျွန်ုပ်ကိုယ်ပိုင်ယုံကြည်ခြင်းကို မားမားမတ်မတ်ကိုးစားလျှင် ကျွန်တော် သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီး၊ ဆုတောင်းအိမ်တစ်ခုမှအခြားတစ် ခုသို့ပြောင်းရွှေ့နိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်။ ဤဆုတောင်း အိမ်များ၏တစ်ခုတွင် လျှပ်စစ်စန္ဒရားနှင့်ဗုံများကို ဝတ်ပြုအစည်းအဝေး တွင်တီးခတ်ခဲ့ကြသည်။ ၄င်းအစည်းအဝေးကိုဦးဆောင်သော သင်းအုပ် ဆရာသည် သန့်ရှင်းသောဝိညာဉ် တော်ရရှိလိုသူများကို တစ်ယောက်ပြီး တစ်ယောက်ဖိတ်ခေါ်ပြီး သူတို့၏နဖူးကို ရိုက်သောအခါ သူတို့သည် အခြား သောဘာသာစကားပြောခဲ့ကြတယ်။ သူသည် မိုက်ခွက်ကိုကိုင်ရင်း "မီး၊မီး၊ မီးရရှိပါ"ဟုဟစ်ကြွေးပြီး၊ လူတွေ၏ခေါင်းပေါ်တွင် လက်တင်သောအခါ အချို့သောသူများသည် ခေါင်းမူးခြင်းနှင့်ကယောက်ချောက် ချားဖြစ်ခြင်း များဖြစ်စေခဲ့သည်။ ဤလုပ်ဆောင်မှုသည်သန့်ရှင်းသောဝိညာဉ်တော် ရရှိ ခြင်းဖြစ်နိုင်မလားဟု ကျွန်တော်သံသယရှိခဲ့သော်လည်း ဤဝတ်ပြုခြင်းအ စည်းအဝေးများသို့ကျွန်တော်စွဲစွဲလန်းလန်း တက်ရောက်ခဲ့ပါတယ်။ ဤအ ရာများ အားလုံးလုပ်ဆောင်ခဲ့သော်လည်း သန့်ရှင်းသောဝိညာဉ်တော်မရ ရှိခဲ့ပေ။
ထိုအတွေ့အကြုံရခဲ့ပြီးနောက် ကျွန်တော်တောင်ကုန်းပေါ်သို့တက်ပြီး ထင်ရှူးပင်များကို ကိုက်လျက် တစ်ညလုံးငိုကြွေး ဆုတောင်းခဲ့ပါတယ်။ လိုဏ်ဂူတစ်ခုထဲတွင်ကြိုးစားဆုတောင်းခဲ့သော်လည်း ဘာမှထူးခြားမှုမရှိခဲ့ ပေ။ ၄င်းနောက် ရက်ပေါင်း ၄၀ အတွင်း ညလုံးပေါက်ဆုတောင်းခဲ့သော် လည်း သန့်ရှင်းသောဝိညာဉ်တော်မရရှိနိုင်ခဲ့ပေ။ ထိုနောက်တစ်နေ့ကျ တော့ သန့်ရှင်းသောဝိညာဉ်တော်အကြောင်းသွန်သင်သော သင်တန်းတစ် ခုသို့တက်ရောက်ခဲ့တယ်။ ၄င်းသင်တန်းသည် တစ်ပတ်တစ်ကြိမ်ကျင်းပ ခြင်းဖြစ်ပြီး၊ ခုနစ်ပတ်ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ 
ထိုသင်တန်းတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာအကြောင်း၊ ကား တိုင်အကြောင်း၊ သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း၊ လက် တင်ခြင်းအကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အသီး အကြောင်းနှင့် ဝိညာဉ်ရေး ရာကြီးထွားခြင်းအကြောင်းများ သင်ကြားပို့ချခဲ့ပါတယ်။ ထို အချိန်တွင် စာသင်ချိန်ပြီးသွားသောအခါ သင်တန်း၌တရားဟောဆရာက သူ၏လက်ကို ခေါင်းပေါ်တွင်တင်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် အတွက်ဆုတောင်း ပေးခဲ့တယ်။ သူပြောခဲ့တဲ့အတိုင်း ကျွန်တော်လည်းလုပ် ခဲ့တယ်။ ကျွန်တော်ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီးကျွန် တော့်ဆာလံ သီချင်းများဖြင့် စိတ်ပေါ့ပါးစွာဆု တောင်းခဲ့၍ "လာ-လာ-လာ-လား" ဟု ကြိမ်ပေါင်းများစွာဟစ်ကြွေးခဲ့တယ်။"လာ-လာ-လာ-လား" ဟု ကြွေးကြော် သောအချိန်တွင် အခြားသောဘာသာစကားပြော ဆိုခြင်း၌ကျွန်တော်အ လွန်ကျွမ်းကျင်ခဲ့တယ်။ ကျွန်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိ သည် မြောက်များစွာသော သူတို့က ကျွန်တော့်ကိုဂုဏ်ပြခဲ့ကြတယ်။ သို့သော်ကျွန်တော်တစ်ယောက်တည်း အိမ်မှာနေသည့်အချိန်တွင် ကျွန် တော်အလွန်စိုးရိမ်သည့်စိတ်ရှိခဲ့တယ်။ ထိုကြောင့် ကျွန်တော်သင်တန်း တစ်ခုတွင် စေတနာဝန်းထမ်းအဖြစ်အလုပ်လုပ်ခဲ့တယ်။ လုပ်ငန်းရှိနေသ ရွေ့ စေတနာ့ဝန်ထမ်းလုပ်ဆောင်သင့်သည်ဟု ကျွန်တော်တွေးခဲ့သော ကြောင့် ကျွန်တော့်လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် နိုင်ငံနေရာ အနှံ့အပြားသို့ ကျွန်တော်ခရီးထွက်ခဲ့တယ်။ ထိုနောက် ကျွန်တော်လူနာ အချို့ပေါ်တွင်လက်တင်သောအခါ သူတို့သည် အနာရောဂါငြိမ်းခြင်းရရှိ သည့်ပုံစံရှိသော်လည်း မကြာမီသူတို့သည် မူလနဂိုအတိုင်းပြန်ဖြစ်လာခဲ့ တယ်။ ကျွန်တော့်မျက်စိများထဲတွင် ရူပါရုံရှိခဲ့တယ်။ ၄င်းကြောင့် ကျွန် တော်ပရောဖက်ပြုနိုင်သည်ဟု ထင်ခဲ့တယ်။ အံ့သြစရာကောင်းတာက ကျွန်တော့် ပရောဖက်ပြုချက်များသည် အမှန်ဖြစ်ပျက်ခဲ့တယ်။ ထိုအချိန်မှ စပြီး နေရာမျိုးစုံအားလုံးသို့ကျွန်တော်ခေါ်ဖိတ်ခြင်းခံခဲ့ပြီး၊ ကျော်ကြား သောပုဂ္ဂိုလ်အဖြစ်ဆက်ဆံခြင်းခံခဲ့ရတယ်။ သို့သော် ကျွန်တော်စိုးရိမ်မှုရှိ နေဆဲဖြစ်တယ်။ ထိုနောက်တနေ့သောအခါ "ဤကဲ့သို့တစ်နေရာမှတစ်နေ ရာသို့ပတ်ပတ်သွားရောက် မည့်အစားသင့်မိသားစုထံသို့သွားပြီးကယ်တင် ခြင်းရရှိရန်ကူညီပါ"ဟု ပြောသံကို ကျွန်တော်ကြားခဲ့တယ်။ သို့သော် ကယ် တင်ခြင်းသည် အဘယ်အရာဖြစ်သည်ကို ကျွန်တော်မသိခဲ့ပေ။ သန့်ရှင်း သောဝိညာဉ်တော်ဆုကျေးဇူးကို ကျွန်တော်အသုံးမပြုခဲ့လျှင် ဘုရားသခင် ကကျွန်တော်ထံမှသိမ်းယူလိမ့်မည်ဟု လူတွေက ကျွန်တော့်အားပြော ကြားခြင်းအကြောင်းကိုသာသိရှိခဲ့တယ်။ တနည်း အားဖြင့် ကျွန်တော်သည် ကျွန်ုပ်အစွမ်းအစများကိုအသုံးမပြုခဲ့လျှင်ဆုံးရှုံးသွားမှာ ကိုစိုးရိမ်သော ကြောင့် မရပ်စတန်းအသုံးပြုနေခြင်း ဖြစ်ပါတယ်။
တစ်နေ့သောအခါ သခင်ယေရှုကို ယုံကြည်လိုသောနတ်ဆရာမတစ် ယောက်ရှိသည်ကို ကျွန်တော်ကြားသိခဲ့သောကြောင့် သူငယ်ချင်းများကို ခေါ်ပြီး၊ သူမထံသို့ သွားလည်ခဲ့တယ်။ ကျွန်ုပ်တို့သည် သူမထံသို့သွားလည် မည်ဆိုတာကို ကြိုတင်အကြောင်းမကြားခဲ့ပေ။ သို့သော် နတ်ဆရာမက သူမ၏အိမ်ရှေ့ဂိတ်ဝက စောင့်ကြိုခဲ့ပြီး "မင်းတို့လာကြလိမ့်မည်ကို ငါသိ တယ်"ဟု ပြောခဲ့တယ်။ ထိုနောက်သူမက ရုတ်တရက်ကျွန်ုပ်တို့အပေါ်ရေ ပက်ဖြန်းခဲ့တယ်။ ပြီးတော့ သူမက "အရှေ့တိုင်း နတ်ဝါဒီနှင့်အနောက် တိုင်းနတ်ဝါဒီတို့သည်ခြားနားမှုမရှိ" ဟုပြောခဲ့တယ်။ သူမက ကျွန်ုပ်တို့ အား လက်ညှိုးထိုးပြကာ "ယေရှု၏နတ်ဆရာများ" ဟုခေါ်ခဲ့တယ်။"ဤ လူကကြောက်စရာကောင်းသော်လည်းနောက်တစ်ယောက် ကကြောက်စ ရာမကောင်းဘူး"ဟုပြောခဲ့တယ်။ နတ်ဆရာမပြောသောစကားသည် ခေါင်းရိုက်နက်သကဲ့သို့ ကျွန်တော်ဆီရောက်လာခဲ့တယ်။ ကျွန်တော်လုပ် ဆောင် သောအရာများသည် နတ်ဆရာများလုပ်ဆောင်သောအရာများနှင့် ခြားနားမှုမရှိဟု ကျွန်တော်စတင်တွေး တောခဲ့တယ်။ ကျွန်တော့်နှလုံးသား ထဲတွင်အပြစ်ရှိသောကြောင့် ကျွန်တော်လုပ်ဆောင်ခဲ့သောအရာများသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုမဟုတ်ပေ။"
ဤဝန်ခံမှုတွင် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသည် ကျွန်ုပ်တို့အ စွမ်း အစထက်သာလွန်ကြောင့် ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။ အကြောင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏သတင်းကောင်းပေါ်တွင် အခြေမပြုပါ။ ဤကဲ့သောဘာသာရေးအသက်တာဖြင့်အသက်ရှင်သောသူ များသည် သူတို့၏ မီးခွက်ထဲတွင် ဆီမရှိခဲ့ကြပေ။
သမ္မာကျမ်းစာထဲတွင် မီးခွက်ဟုခေါ်သောအခါ အသင်းတော်ကို၄င်း၊ ဆီ ဟုခေါ်သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို၄င်းရည်ညွှန်းလိုခြင်း ဖြစ်သည်။ ဘုရားသခင်၏အသင်းတော်ဖြစ်စေ၊ အခြားသောအသင်းတော် တစ်ပါးပါးဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းမရှိဘဲ ဘုရား ကျောင်းသို့တက်ရောက်ခြင်းသည် ရူးသွပ်ခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာ ထဲတွင် ပြဌါန်းထားပါသည်။ 
မိုက်မဲသောသူများသည် သူတို့၏ဘာသာတရားလှုပ်ရှားမှု စိတ်ဆန္ဒ ပြင်း ပြမှုများနှင့်စိတ်စွဲလန်းမှုများကို နေ့တိုင်းလုပ်ဆောင်နေသည်။မိုက်မဲ သောသူများသည် ဘုရားသခင်အတွက် သူတို့၏မျက်ကန်းသော စိတ်အား ထက်တန်မှုများဖြင့် သသူတို့၏ခံစားချက်များလောင်ကျွမ်းစေသည်ကို ထူး ခြားစွာထားရမည်ဖြစ် သည်။ ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုများသည် ၂၀ စင်တီမီတာရှည်သည်ဟုထားကြပါစို့။ တစ်ရက်လျှင် ၁ စင်တီမီတာ လောင်ကျွမ်းလျှင် ရက် ၂၀ သာကြာလာ သောအခါ ကျွန်ုပ်တို့၏စိတ်လှုပ် ရှားမှုများမီးဖြင့်အကုန်လောင်ကျွမ်းသွားမည်ဖြစ်သည်။ သူတို့၏ ယုံကြည် ခြင်းနောက်ကွယ်တွင် မနက်စောစောဆုတောင်းခြင်းများ၊ ညလုံးပေါက် ဆု တောင်းခြင်းများ၊ အစာရှောင်ဆုတောင်းခြင်းများနှင့်နိုးကြားရေး အစည်းအ ဝေးများအားဖြင့်အသစ်သောခွန်အားရရှိစေမည်ဖြစ်ပါသည်။ သို့သော် သူ တို့၏စိတ်လှုပ်ရှား မှုများသည် သူတို့၏ဘဝတလျှောက်လောင်ကျွမ်းနေ သည်။ ဤမကုန်ဆုံးနိုင်သော သူတို့၏စိတ်လှုပ်ရှားမှုများလောင်ကျွမ်းခြင်း ထဲတွင် သူတို့သည် စိတ်စွဲကြီးကြသည်။
သူတို့စိတ်လှုပ်ရှားမှုများသည် သခင်ယေရှု၏ နာမတော်အားဖြင့် လောင်ကျွမ်းလျက်ရှိသည်။ သူတို့သည်ဘုရားကျောင်းသို့တက်ပြီး သူတို့၏ စိတ်လှုပ်ရှားမှုများသည် လောင်ကျွမ်းလျက်ရှိသည်။ သို့သော် သူတို့၏နှလုံး သားများမှာ ရှုပ်ထွေးမှုရှိကြပြီး၊ အခြားတစုံတစခုကိုလိုက်ရှာနေသည်။ ဤဖြစ်ရခြင်းအကြောင်းမှာ သူတို့၏ယုံကြည်ခြင်းသည် ကိုယ်ခန္ဓာနှင့်ဆိုင် သောအတွေ့အကြုံမှလာသောကြောင့် ဖြစ်သည်။ ထိုကြောင့် သူတို့မှာ ဤ ခံစားချက်များတိုက်ထုတ်နိုင်ရန်ဆက်လက် ကြိုးပမ်းမှုလိုအပ်သည်။ သို့မှ သာ သူတို့လောင်ကျွမ်းသောမီးသည် သေသွားမည် ဖြစ်သည်။ သို့သော် သူတို့သည် ဤကဲ့သို့သောယုံကြည်ခြင်းများအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်မရရှိနိုင်ပါ။ သူတို့၏စိတ်လှုပ်ရှားမှုလောင်ကျွမ်းခြင်းများက သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ 
ကျွန်ုပ်တို့အားလုံးတို့သည် ဘုရားသခင်ပြည့်စုံစွာပါရှိသော သန့်ရှင်း သောဝိညာဉ်တော်ရရှိရန် သင့်တော်သောယုံကြည်ခြင်းပြင်ဆင်ထားသင့် ပေသည်။ ထိုသို့ပြုမှသာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ရ ရှိရန်ထိုက်တန်သောသူ များဖြစ်ပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိ ရန်ကျွန်ုပ်တို့အား ထိုက်တန်သောသူများဖြစ်စေသောယုံကြည်ခြင်းကို ကျွန်ုပ်တို့သည် မည်ကဲ့သို့ ရရှိကြသနည်း။ ယောဒန်မြစ်တွင် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းအားဖြင့်၄င်း၊ ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသော အသွေးတော်အားဖြင့်၄င်း ပြည့်စုံစေ ခဲ့သောသတင်းကောင်း၌ သမ္မာတရား သည် တည်လျက်ရှိသည်။
ဘုရားသခင်က ကျွန်ုပ်တို့အား "ဒုစရိုက်ဝန်ကိုထမ်းသောလူတစ်ခု" (ဟေရှာယ ၁း၄)ဟု ရည်ညွှန်းပြောဆိုထားပါသည်။ ကျွန်ုပ်တို့သည် ဒုစရိုက် ဝန်ကို ထမ်းသောသူများဖြစ်ကြကြောင်းမိမိကိုယ်ကို ဝန်ခံရမည်ဖြစ်သည်။ လူတို့သည် နဂိုက တည်းကအပြစ်(၁၂)မျိုးဖြင့်မွေးဖွါးလာကြသောသူများ ဖြစ်ကြသည် (မာကု ၇း၂၁- ၂၃)။ လူသားများသည် မွေးစကတည်းကစပြီး၊ သေသည့်အထိ နေ့စဉ်ပြုမိသော အပြစ်များမှလွတ်မြောက်ခြင်းရရှိမကူညီ နိုင်ပါ။ 
ယောဟန် ၁း၆-၇ “ဘုရားသခင်ထံမှစေလွှတ်ခြင်းခံရသော ယောဟန်အမည်ရှိသူတစ်ဦးပေါ်ထွန်းလာ၏။ လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏” ဟု ဖော်ပြထားပါသည်။ ဗတ္တိဇံ ဆရာဟော ဟန်သည် သခင်ယေရှုကိုနှစ်ခြင်းပေးခဲ့ပြီး၊ လောကီသားများ၏ အပြစ် များကို သူ့အပေါ်သို့လွှဲပြောင်းပေးခဲ့သည်။ “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း” 
(ယောဟန် ၁း၂၉) ဟုဖော်ပြထားပါသည်။ ကျွန်ုပ်တို့အပြစ်များအားလုံးမှ လွတ်ငြိမ်းခြင်းရရှိခဲ့ကြ သောကြောင့်သခင်ယေရှုခရစ်တော်အ ပေါ်ယော ဟန်၏ဗတ္တိဇံကို ကျွန်ုပ်တို့ ကျေးဇူးတင်လျက်ရှိသည်။ ယောဟန်သည် သခင်ယေရှုကိုဗတ္တိဇံ မပေးခဲ့ လျှင်၄င်း၊ သူသည်လောကအပြစ်များကိုယူ ဆောင်သွားသောသိုးသူငယ်ဖြစ်သည်ဟု မကြွေးကြော်လျှင်၄င်း၊ ကားတိုင် တော်ပေါ်တွင်ကျွန်ုပ်တို့၏အပြစ် များအားလုံးကိုသခင်ယေရှုက ယူဆောင် သွားခဲ့သည်ဟု ကျွန်ုပ်တို့သိရှိကြ မည်မဟုတ်ပေ။ ၄င်းပြင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း နည်းလမ်းသိကြမည် မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့သည် သခင်ယေရှုက ကျွန်ုပ်တို့အပြစ်များအားလုံးယူ ဆောင်သွားခဲ့ကြောင်းနှင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိ နိုင်ခဲ့ကြောင်း သိရှိခွင့်ရရှိသောကြောင့် ယော ဟန်၏သက်သေခံချက်အ ပေါ်အထူးကျေးဇူးတင်လျက်ရှိပါသည်။
ဤယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်သတို့သားဖြစ်သောသခင် ယေရှုကို ရရှိရန်ပြင်ဆင်ထားခဲ့သော သတို့သမီးများဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည်သခင်ယေရှုကိုယုံကြသောအပျိုစင်များဖြစ်ကြ ပြီး၊သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အပြည့်အဝပြင်ဆင်ထားသောသူ များ ဖြစ်ကြသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မိတ်ဆွေ၏နှလုံးသားအကြွင်း မဲ့ဖြင့်မိတ်ဆွေယုံကြပါသလား။ သခင်ယေရှုသည် ယောဟန်ထံမှဗတ္တိဇံခံ ယူခြင်းအားဖြင့် မိတ်ဆွေ၏အပြစ်များအားလုံးကိုယူဆောင်သွားခဲ့သည်ဟု မိတ်ဆွေယုံကြည်ပါသလား။ သမ္မာကျမ်းစာက “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏” (ရောမ ၁၀း၁၇) ဟု ဖော်ပြထားပါသည်။ သ ခင်ယေ ရှုသည်ယောဟန်အားဖြင့် ဗတ္တိဇံခံယူပြီး၊ သန့်ရှင်းသောဝိညာဉ် တော်ရရှိ ရန်အတွက် သူသည်ကားတိုင်ပေါ်တွင် သေခံခဲ့ကြောင်းကို ကျွန်ုပ် တို့ယုံ ကြည်ရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသည် သခင် ယေရှုသည်လောကသို့လူသားတစ်ဦးအဖြစ်ကြွဆင်းလာပြီး ယောဟန် အားဖြင့် ဗတ္တိဇံခံယူကာ ကားတိုင်ပေါ်တွင်အသေခံ၍ရှင်ပြန်ထမြောက် ကြောင်းကို ယုံကြည်ခြင်းအားဖြင့်သာလာကြောင်းကို ကျွန်ုပ်တို့နား လည် ရမည်ဖြစ်သည်။ 
အထက်တွင်ဖော်ပြထားသောပုံပြင်အတိုင်းအပျိုကညာဆယ်ယောက်နည်းတူ ယနေ့တွင်ယုံကြည်သူများတွင် လူအုပ်စုနှစ်မျိုးနှစ်စားရှိသည်။ မိတ်ဆွေသည် မည်သည့်အဖွဲ့တွင် ရပ်တည်သနည်း။ မိတ်ဆွေသည် ရေနှင့် ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိရမည် ဖြစ်သည်။ မိတ်ဆွေအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ရန် မိမိ ကိုယ်ကို ရှာဖွေခြင်းအားဖြင့် ဘုရားကျောင်းသို့တက်ရောက်သလား။ မိတ် ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် စစ်မှန်သောနည်းလမ်းကို သိရှိရမည်ဖြစ်သည်။ 
မည်သည့်ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ် တော်ရရှိနိုင်သနည်း။ နတ်ဝါဒီစိတ်အားထက်သန်စွာကျင့်သုံးခြင်းအားဖြင့် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မလား။ မေ့မြောခြင်းအား ဖြင့် မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မလား။ ဘာသာတရား ကိုင်းရှိုင်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မလား။ မိတ်ဆွေ ၏မရပ်မနားပြုလုပ်သော အပြစ်များခွင့်လွတ်ခြင်းရရှိရန် ဘုရားသခင်ထံ မိတ်ဆွေဆုတောင်းရမလား။ သခင်ယေရှုသည် ဗတ္တိဇံခံယူပြီးရေထဲမှပြန် ထလာသောအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်အား ဖြင့်သူ့အပေါ်သို့ဆင်းသက်ခဲ့သည်ဟု သမ္မာကျမ်းစာကဖော်ပြထားပါ သည်။ ကျွန်ုပ်တို့အပြစ်များအားလုံးယူ ဆောင်သွားရန်အတွက် သခင်ယေရှု သည် ဗတ္တိဇံခံယူခဲ့ပြီး။ ကျွန်ုပ်တို့၏အပြစ်များ အားလုံးအတွက်အဖိုးအခ ပေးဆပ်ကျေအေးစေရန် သူသည် ကားတိုင်တင်သတ်ခြင်းခံရမည်ဟု ကျွန်ုပ်တို့အား ပြောပြခဲ့သည်။
လောကသားများ၏အပြစ်များကိုယူဆောင်သွားရန်အတွက် သခင် ယေရှုသည် ယောဟန်အားဖြင့်ဗတ္တိဇံကိုခံယူခဲ့ပြီး၊ ကျွန်ုပ်တို့ကို ကယ်တင် ရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် သူသည်ကားတိုင်ဆီသို့ သွားခဲ့ပါသည်။ ဤတရားသည် သမ္မာတရားဖြစ်သည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူခဲ့သည်။ သူသည် ကားတိုင်တော်ပေါ်တွင် ကျွန်ုပ်တို့အပြစ်အားလုံးအတွက် တရားစီရင်ခြင်းခံခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ သည်။ ကျွန်ုပ်တို့သည် အပြစ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အတွက် ယော ဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော်ကို ကျွန်ုပ်တို့ ယုံကြည်ရကြမည်ဖြစ် သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းကိုယုံကြည်ခြင်း အားဖြင့်ဆေးကြော ခြင်းကိုခံသော ကျွန်ုပ်တို့အပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ငြိမ် သက်ခြင်းဖြစ်စေသောချိုးငှက်အသွင်ဖြင့် ဆင်းသက်လာသည် အကြောင်း ကို သခင်ယေရှု၏ဗတ္တိဇံခံယူခြင်း (မဿဲ ၃း၁၃-၁၅) မှ ကျွန်ုပ်တို့ သိရှိနိုင်ပါ သည်။ 
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် ယောဟန်အားဖြင့်သခင် ယေရှု ၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူ၏အသွေးတော်ကို ယုံကြည်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ လူတစ်ဦးသည် အပြစ်လွတ်ခြင်း အခွင့်ယုံကြည်သောအခါ ထိုသူအပေါ်တွင် သန့်ရှင်းသောဝိညာဉ်တော် သည် ချိုးငှက်ကဲ့သို့ငြိမ်းချမ်းစွာ ဆင်းသက်လာသည်။ သန့်ရှင်းသောဝိ ညာဉ်တော်ရရှိခဲ့ပြီးသောသူများက ယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်း ရရှိသောသူများဖြစ်ကြသောကြောင့် သူတို့ အပေါ်သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်ခြင်းဖြစ်သည်။ အပြစ်လွတ်ခြင်းအ ခွင့်ကိုသူတို့၏စိတ်နှ လုံးအကြွင်းမဲ့ယုံကြည်သောသူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆင်း သက်သည်။
သခင်ယေရှုခရစ်တော်သည် ထာဝရနှင့်စပ်ဆိုင်သောမုန့်နှင့်စပျစ်ရည် သုံး ဆောင်ခြင်းအားဖြင့်လာခဲ့သည် (မဿဲ ၂၆း၂၆-၂၈၊ ယောဟန် ၆း၅၃-၅၆)။ သခင်ယေရှုဗတ္တိဇံခံယူပြီး ရေမှထွက်လာသောအခါ “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”(မဿဲ ၃း၁၇)ဟု ကောင်း ကင်မှအသံဖြစ်လေသည်။
ဘုရားသခင်သည်သုံးပါးတစ်ဆူအဖြစ်ယုံကြည်ရန် လွယ်ကူသည်။ ဘုရားသခင်သည် သခင်ယေရှု၏ခမည်းတော်ဖြစ်ပြီး၊ သခင်ယေရှုသည် ဘုရားသခင်၏သားတော် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လည်းဘုရား ဖြစ်သည်။ သုံးပါးတဆူပေါင်းဘုရားသည် ကျွန်ုပ်တို့အတွက် တစ်ဆူတည်းသောဘုရားဖြစ်သည်။
ကားတိုင်တစ်ခုတည်းသာယုံကြည်ခြင်း (သို့) ဖြောင့်မတ်သောလုပ် ဆောင်ချက်များအားဖြင့် မိမိကိုယ်ကိုစင်ကြယ်ရန်ကြိုးပမ်းအားထုတ်ခြင်း အားဖြင့် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ဘယ်တော့အခါမှမရရှိ နိုင်သည်ကို မိတ်ဆွေသိရှိရမည် ဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်အားလုံးယူ ဆောင်သွားရန်အတွက် ယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့ခြင်းအ ကြောင်းနှင့် သူသည် ကျွန်ုပ်တို့ အပြစ်များအားလုံးအတွက် ပြစ်ကြွေးပေး ဆပ်ရန်ကားတိုင်တင်အသေခံကြောင်းကို မိတ်ဆွေယုံကြည်သောအခါမှ သာလျှင် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ် တော်ရရှိနိုင်မည် ဖြစ်သည်။ ဤသမ္မာတရားသည် မည်မျှ လွယ်ကူရိုးရှင်းသနည်း။ အပြစ်လွတ်ငြိမ်း ခြင်းရရှိရန်နှင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် မခက်ခဲပေ။
ဘုရားသခင်က ကျွန်ုပ်တို့အားရိုးရှင်းသောစကားလုံးများအားဖြင့်စ ကားပြောခဲ့သည်။သာမန်လူတစ်ဦး၏ စဉ်းစားနိုင်သောဦးနှောက်အတွေးအ ခေါ်သည် ၁၁၀ မှ ၁၂၀ အထိဝန်းကျင်ဖြစ်ပါသည်။ သခင်ယေရှု၏သတင်း ကောင်းသည် သာမန်လူ တစ်ဦးကတောင်နားလည်ရန် အလွန်လွယ်ကူ သည်။ အသက်၄ နှစ်မှ ၅ နှစ်အရွယ်ရှိသောကလေးသူငယ်များပင်လျှင် သူတို့အတွက် သတင်းကောင်းနားလည်ရန် မခဲယဉ်းပေ။ သို့သော် အကယ်၍ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ကျွန်ုပ်တို့ထံဆန်းပြားရှုပ်ထွေးသောနည်းလမ်းဖြင့် ပြောခဲ့လျှင် ကျွန်ုပ်တို့ သည်ဘုရားသခင်ကို နားလည်နိုင်မလား။ သတင်း ကောင်းယုံကြည်သော သူများအပေါ် ဘုရားသခင်က သူတို့၏အပြစ်အားလုံးကို ခွင့်လွတ်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်ပေးအပ်ခဲ့သည်။
လက်တင်ခြင်းအားဖြင့်ဖြစ်စေ၊ နောင်တရခြင်းနှင့်စပ်ဆိုင်သောဆု တောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်မရရှိနိုင် ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အားမိန့်ဆိုထားသည်။ အစာရှောင်ဆု တောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ တောင်ကုန်းပေါ်တွင် သွားပြီးညလုံး ပေါက်ဆုတောင်းခြင်းစသည်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်အသက် ရောက်နိုင်ပေ။ ကျွန်ုပ်တို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကြိုဆိုလက် ခံစေသောယုံကြည်ခြင်းသည် အဘယ်ကဲ့သို့သော ယုံကြည်ခြင်းမျိုးဖြစ်သ နည်း။ သခင်ယေရှုသည် ဤလောကသို့ ကြွလာပြီး၊ ကျွန်ုပ်တို့အပြစ် များ ယူဆောင်သွားရန်ဗတ္တိဇံခံကြောင်း၊ ကားတိုင်ပေါ်တွင် အသေခံကြောင်းနှင့် ရှင်ပြန်ထမြောက်ခဲ့ကြောင်း စသောအချက်များကို ယုံကြည်ခြင်းမျိုးဖြစ် သည်။
 


ဤအကြာင်းကို ကျွန်ုပ်တို့အမှန်ယုံကြည်နိုင်သလား


ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်းအခွင့်နှင့်သန့်ရှင်းသောဝိညာဉ်တော် ရရှိ ရန်အဘယ်ကြောင့်လိုအပ်သနည်း။ ဘုရားသခင်၏နိုင်ငံတော်သားများ ဖြစ်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်လိုအပ်လျက် ရှိသည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်သခင်ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင် ရှင်၊သူ၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကို ယုံ ကြည်ရန်လိုအပ်ပြီး နောက်ဆုံးတွင် ကျွန်ုပ်တို့၏အပြစ်များမှ လွတ်မြောက် ခွင့်ရရှိခြင်းရမည်ဖြစ်သည်။ 
အပြစ်လွတ်ခြင်းရရှိသောသူများအပေါ် ဘုရားသခင်သည်အဘယ် ကြောင့်သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့သနည်း။အကြောင်းမှာ ဘုရား သခင်က သူ၏လူများအဖြစ် တံဆိပ်ခတ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်အခြေပြုသောသခင်ယေရှုကိုယုံကြည်သောသူများကိုတံဆိပ်ခတ်ရန်အတွက် ဘုရားသခင်သည် သူတို့ကို အာမခံအဖြစ်သန့် ရှင်းသောဝိညာဉ်တော်ပေးခြင်း ဖြစ်သည်။
ထိုကြောင့်မြောက်များစွာသောသူတို့သည် မှားယွင်းသောယုံကြည် ခြင်းမျိုးကို ဆုပ်ကိုင်တတ်ကြသည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သန့် ရှင်းသောဝိညာဉ်တော်ရရှိခြင်းသည် အလွန်လွယ်ကူသည်။ သန့်ရှင်းသောဝိ ညာဉ်တော်ရရှိခဲ့ပြီးသော ကျွန်ုပ်တို့အတွက်လွယ်ကူသော်လည်း အပြစ် လွတ်ခြင်းအခွင့်မရသေးသောသူများအတွက်မူ မဖြစ်နိုင်သောအရာတစ် ခုဖြစ်သည်။ သူတို့သည် သမ္မာတရားကိုမသိခဲ့ကြပေ။ ထိုသို့သိရှိနေကြမည့် အစားသူတို့သည် တယူသန်သော လှုပ်ရှားမှုများအားဖြင့် ဘာသာရေးအယူ ဝါဒီထဲသို့မိမိကိုယ်ကိုနစ်မြှုပ်စေခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ရ ရှိရန် အခြားသောနည်းလမ်းများကိုရှာ ဖွေကြသည်။ စာတန်ကြဲသောမျိုး စေ့များအားဖြင့်သူတို့သည် စိတ်ရှုပ်ထွေးနေကြောင်းနှင့် သူတို့သည် အစွဲ အလမ်း ကြီးသောဘာသာရေးလွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြ သည်ကို၄င်း သူတို့သည် မသိဘဲလျစ်လျူရှုကြသည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသောအသွေးတော်ကိုယုံကြည် သူသောသူများနှင့် အပြစ်လွတ်ခြင်း အခွင့်ရရှိသောသူများအထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်းကိုယုံကြည်သောသူများကသာလျှင် "ကျွန်ုပ်မှာအပြစ်မရှိ"ဟု ဝန်ခံနိုင်သည်။ လူတစ်ဦးသည် ရေနှင့်ဝိညာဉ် တော်သတင်းကိုမယုံကြည်ဘဲလျက် သူတို့မှာအပြစ်မရှိဟုမဆိုနိုင်ပေ။ ထို နည်းတူစွာ၊ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင်သွန်း လောင်းသောအသွေးတော်ကိုယုံကြည် သောသူများနှင့် အပြစ်လွတ်ခြင်း အခွင့်ရရှိသောသူများကု ဘုရားသခင်ကသူ၏သားသမီးများဖြစ်ကြောင်း အာမခံချက်အဖြစ်သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်သည်။ လူတစ်ဦး သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုမယုံကြည်ဘဲလျက် သူတို့မှာအပြစ်မရှိ ဟုမဆိုနိုင်ပေ။ ထိုနည်းတူစွာ၊ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင်သွန်း လောင်းသောအသွေးတော်ကိုယုံကြည်သောသူများနှင့် အပြစ်လွတ်ခြင်းအ ခွင့်ရရှိသောသူများကု ဘုရားသခင်ကသူ၏သားသမီး များဖြစ်ကြောင်း အာမခံချက်အဖြစ်သန့်ရှင်သောဝိညာဉ်တော်ပေးအပ် သည်။ 
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကျွန်ုပ်တို့အပြစ်အားလုံးယူဆောင် သွားရန် အသွေးတော်သွန်းလောင်းခြင်းအကြောင်းကို မည်သူက သက်သေ ခံခဲ့သနည်း။ သခင်ယေရှု၊ သူ၏နောက်လိုက်တပည့်တော်များနှင့် သန့်ရှင်း သောဝိညာဉ်တော်တို့သည် သက်သေခံခဲ့ကြသည်။ လူသားများအားလုံးသူ တို့၏အပြစ်မှ ကယ်တင်ရန် မည်သူက စီစဉ်ခဲ့သနည်း။ သန့်ရှင်းသောခ မည်းတော်ဘုရားသခင်က စီစဉ်ခဲ့သည်။ ဤအစီအစဉ်ကို မည်သူကအ ကောင်အထည်ဖော်ထုတ်ခဲ့သနည်း။ သခင်ယေရှုခရစ် တော်ကအကောင် အထည်ဖော်ခဲ့သည်။ ဤအစီအစဉ်ကို အောင်မြင်ပြီးဆီးသွားခဲ့ကြောင်း နောက်ဆုံးတွင် မည်သူက အာမခံခဲ့သနည်း။ သန့်ရှင်းသောဝိညာဉ်တော် ကအာမခံခဲ့သည်။
ဘုရားသခင်က ကျွန်ုပ်တို့အားသူ၏လူများဖြစ်စေလိုသောကြောင့် သ ခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်အား လုံးမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဘုရား သခင်နှင့်ဆိုင်သော သုံးပါးတစ်ခုဘုရားက ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို အာမခံပေးကာ ကျွန်ုပ်တို့အပြစ် များခွင့်လွတ်ခြင်းရရှိကြောင်း သက်သေပြ သသည်။ 
မဿဲ ၃း၁၇ တွင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု ဖော်ပြထားပါသည်။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ် တော်ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏လူများဖြစ်ကြသည်။ မိတ် ဆွေသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည်။ “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။” သခင်ယေရှုသည် မူလက ဘုရားသခင်ဖြစ်တော်မူသည်။ ခမည်းတော်ဘုရားသခင်က "မိတ်ဆွေ၏ အပြစ်များလွတ်မြောက်ခြင်းရရှိလိုလျှင် လူသားအားလုံး၏အပြစ်များကို ငါ့တပါးတည်းသောသားသခင်ယေရှုက ယူဆောင်သွားခဲ့ပြီဟု ယုံကြည် လိုက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်လက်ခံပါ။ ငါ့သားသမီးဖြစ်လာခဲ့ပါ" ဟုမိန့်တော်မူခဲ့သည်။ ဤအကြောင်းအရာကိုယုံကြည်သောသူများသည် သူတို့အ ပြစ်မှလွတ်ငြိမ်းချမ်းသာခွင့်ရရှိမည်ဖြစ်ပြီး၊ ဘုရားသခင်၏သားသ မီးများဖြစ်လာမည် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏သားသမီးများဖြစ် ကြကြောင်း တံဆိပ်ခတ်ရန် ထိုသူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ပေးမည်ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် အတူသူ၏အသွေး တော် ကျွန်ုပ်တို့ယုံကြည်သောအခါ ကျွန်ုပ်တို့အပြစ်များမှလွတ်ငြိမ်းချမ်း သာခွင့်ရရှိမည်ဖြစ်သည်။
လူတွေက သူတို့၏နှလုံးသားများမပြောင်းလဲသောအချိန်နှင့် ခွင့် လွတ်ခြင်းသတင်းကောင်းကိုမယုံကြည်သောအချိန်တွင် သူတို့သည် ဗီဇအ ပြစ်များကုန်သွားပြီဟု ယုံကြည်ရန်ကြိုးပမ်းသော်လည်း သူတို့သည် လွန် ကျူးပြစ်မှားမိခဲ့သောအပြစ် များခွင့်လွတ်ခြင်းအခွင့်ရရှိရန် နောင်တရခြင်း နှင့်စပ်ဆိုင်သော ဆုတောင်းခြင်းများသတိမမူဘဲဆုတောင်းကြပါသည်။ အ ကယ်၍ကျွန်ုပ်တို့သည် ယင်းကဲ့သို့သောသားကောင်ဖြစ်ခဲ့လျှင် သမ္မာ ကျမ်းစာကို နားမလည်သည့်အပြစ် လုံးဝစိတ်ရှုပ်ထွေးသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် သူတို့သည် သခင်ယေရှုတပည့်တော်များ၏ယုံကြည် ခြင်း နှင့်မတူညီသောယုံကြည်ခြင်းများရှိကြမည် ဖြစ်သည်။
အချို့သောသူများက "ဆုတောင်းခြင်းအားဖြင့်" သူတို့အပေါ်သန့်ရှင်း သောဝိညာဉ်တော်ဆင်းသက်ခဲ့သည်ဟုပြောကြသည်။ သို့သော် ဤအ ကြောင်းသည် သမ္မာကျမ်းစာရှုထောင့်မှကြည့်လျှင် လုံးဝမှန်ကန်မှုမရှိ ကြောင်းတွေ့နိုင်သည်။ ယင်းသည်ယုတ္တိရှိသောသဘောဆောင်သော်လည်း သခင်ယေရှုသည် ယောဟန်အား ဖြင့်ဗတ္တိဇံခံယူခဲ့ပြီးရေပေါ်မှထလာသော အခါသန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်မှာချိုးငှက်ကဲ့သို့ဆင်းသက် လာခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ဤအရာ၏သက်သေ ပြလိုသည်မှာ ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံလိုလျှင် သခင်ယေရှုသည် ဤလောကသို့ကြွလာပြီး လူသားအားလုံး၏ အပြစ်များ ယူဆောင်သွားရန်ယောဟန်အားဖြင့်ဗတ္တိဇံခံယူကြောင်းနှင့် သူတို့အတွက် ကားတိုင်တော်ပေါ်တွင် တရားစီရင်ခြင်းခံခဲ့ကြောင်း၊ ကျွန်ုပ်တို့၏အရှင်သ ခင်ဖြစ်ရန် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ကြောင်းကို ကျွန်ုပ်တို့ယုံကြည်ရ မည်ဖြစ်သည်။ 
ဤသမ္မာတရားကိုယုံကြည်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိသော အခါဘုရားသခင်ကကျွန်ုပ်တို့အားမည်သည့်အရာများမိန့်တော်မူခဲ့သနည်း။ သူက "သင်သည်ငါ့သားဖြစ်၏။ ဤသူကား၊ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ် သားပေတည်း"ဟု ပြောသည်။ သခင်ယေရှုကိုယုံကြည်ပြီး၊ သူတို့၏အနာ ဂတ်အပြစ်များ လွတ်ငြိမ်းခြင်းရရှိခြင်းအခွင့်ရရှိသောသူများထံ ဘုရားသ ခင်သည် ထိုနည်းတူ မိန့်တော်မူလိမ့်မည်။ ဤသမ္မာတရားသည် ကျွန်ုပ်တို့ အားသူ၏သားသမီးများဖြစ် စေသောဘုရားသခင်၏ဂတိတော်ဖြစ်သည်။
သို့သော်လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အခြားသော နည်း လမ်းများရှိသေးသည်ဟု ယုံကြည်ကြသည်။ မိတ်ဆွေ၏ကြွေးကြော် ခြင်းများနှင့် လောကီရေးရာနှင့်ပတ်သက်သောကြိုးပမ်းခြင်းများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေအပေါ်တက်ရောက်လိမ့်မည်ဟု ယူဆသလား။ ဘုရားသခင်၏လုပ်ငန်းသည် သူ၏အလိုတော်အတိုင်းသာ လျှင်အကောင်အထည်ဖော်နိုင်ပြီး၊သူတို့၏အပြစ် လွတ်ခြင်းအခွင့်ရရှိသော သူများအပေါ်၌သာ ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့ သည်။ ဘုရားသခင်က "သင်တို့အပြစ်များ အားလုံးယုံဆောင်သွားစေရန် အတွက် ငါ့သားကို ဗတ္တိဇံခံစေခဲ့သည်။ သူတို့ အတွက် တရားစီရင်ခြင်း ခံရန် ကားတိုင်တင်အသေခံစေခဲ့သည်။ ငါ့သားသည် သင်တို့၏ကယ်တင် ရှင်အဖြစ် ငါခန့်ထားခဲ့သည်။ သင်သည် ငါ့သားပြည့်စုံစေခဲ့ပြီး သောအပြစ် လွတ်ခြင်းကို ယုံကြည်လက်ခံလျှင် သင်အပေါ်သန့်ရှင်းသော ဝိညာဉ်တော် ကို ငါသွန်းလောင်းလိမ့်မည်"ဟု မိန့်တော်မူခဲ့သည်။ 
ကျွန်ုပ်တို့အဖဘုရားသခင်က သူတို့အလိုတော်အတိုင်းသူလုပ်ဆောင် ခဲ့သည်။ လူတစ်ဦးသည် သူ၏အဆုတ်များလောင်ကျွမ်းသည့်ထိတိုင်အောင် ညလုံးပေါက်ဒူးထောက်ကာ ဘုရားသခင်အတွက် ငိုကြွေးနေလျှင်လည်း ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ပေးလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်က ထိုသူအား "သင်သည်စစ်မှန်သောပညာကိုမရရှိသေးခဲ့ပေ။ မှားယွင်းသောယုံကြည်ခြင်းကိုသာ ဆက်လက်ဖက်တွယ်ခဲ့သည်။ သင် သည်စစ်မှန်သောယုံကြည်ခြင်းကို ငြင်းပယ်နေမျှကာလပတ်လုံးသန့်ရှင်း သောဝိညာဉ်တော်သည် သင်ထံမှဝေးကွာ သွားလိမ့်မည်"ဟု မိန့်တော်မူခဲ့ သည်။
ဤလောကမှာ လူသားများဆုံးဖြတ်ချက်များသည် ပတ်ဝန်းကျင်အ ခြေအ နေပေါ်မူတည်ပြီးပြောင်းလဲနိုင်သော်လည်း အပြစ်လွတ်ခြင်းနှင့်သန့် ရှင်းသော ဝိညာဉ်တော်ပေးအပ်ခြင်းအတွက် ဘုရားသခင်ထူထောင်ခဲ့သော ပညတ်တော်သည် လုံးဝပြောင်းလဲခြင်းမရှိပေ။ မိတ်ဆွေသည် မှားယွင်း သောယုံကြည်ခြင်း၏ ဖမ်းစားခြင်းခံခဲ့လျှင် စစ်မှန်သောလမ်းပြန်တွေ့ရန် မလွယ်ကူတော့ပေ။ သခင်ယေရှုသည် နာခံခြင်းမရှိသောသူများအတွက် ဆူးငြောင့်ခလုတ်တစ်ခုဖြစ်သည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါ သည် (၁ပေ ၂း၈)။
သခင်ယေရှုကိုယုံကြည်သောသူများသည် သခင်ယေရှုသည် အဘယ် ကြောင့်ဗတ္တိဇံခံယူသနည်းဟူသောကြောင်းကိုမသိဘဲ သတင်းကောင်း၏ တဝက်တပိုင်းကိုသာယုံကြည်ကြလျှင် သူတို့သည် ငရဲမီးအိုင်ထဲသို့အမှန် ပစ်ချခြင်းခံရမည် ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်သောအခါ အပြစ်လွတ်ခြင်းသတင်းကောင်းဖွဲ့စည်းပုံဖြစ်သော သ ခင်ယေရှု၏ဗတ္တိဇံခံယူခြင်း နှင့်သူ၏အသွေးတော်အကြောင်းကို ရှေ့ဦးစွာ သိရှိရန်လိုအပ်သည်။ ထိုနောက် မိတ်ဆွေသည် အပြစ်လွတ်ခြင်းအခွင့်ရ ရှိမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိမည် ဖြစ်သည်။
ဤလောကတွင် သခင်ယေရှု၏ဘဝကို ကျွန်ုပ်တို့စဉ်းစားကြပါစို့။ သ ခင်ယေရှုသည် လူသားတစ်ဦးအဖြစ်ကြွဆင်းလာခဲ့ပြီး၊ သူ၏ဗတ္တိဇံခံယူခြင်း အားဖြင့် ဤလောကလူသားအားလုံး၏အပြစ်အားလုံးကို အဝေးသို့ယူ ဆောင်သွားခဲ့သည်။ သူသည်ကားတိုင်ပေါ်တွင်အသေခံခဲ့ပြီး၊ ကျွန်ုပ်တို့ကို ငရဲမီးအိုင်မှကယ်တင်ရန် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံခဲ့ ရပါသည်။ သူ့ကိုယုံကြည်သောသူ များသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးတစ်ပါးအဖြစ်ရရှိပါလိမ့်မည်။
ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိ ရန်အတွက် စစ်မှန်သောလမ်းကိုလိုက်လျှောက်ရန်လိုအပ်သည်။ လိုအပ်နေ သည့်အရာသည် သမ္မာတရား၏စကားအတိုင်းတွေးတောခြင်း ဖြစ်သည်။ ဤသို့မိတ်ဆွေလုပ်ဆောင်သောအခါ သခင်ယေရှုသည် မိတ်ဆွေကိုစောင့် ထိန်းပြီး၊ ကောင်းချီးပေးမည် ဖြစ်သည်။ သူတို့နှလုံးသားများမှာနေရာချန် ထားသူများနှင့်သခင်ယေရှု၏စကားတော်ကိုယုံကြည်သောသူများသည် အ ပြစ်လွတ်ခြင်းအခွင့်ရရှိခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏လမ်းပြခြင်း အားဖြင့်သမ္မာတရား၌အသက်ရှင်ကြမည် ဖြစ်သည်။ ထိုပြင်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီအားဖြင့် အခြားသောသူများအား သမ္မာတရားလမ်းအတိုင်းသီးဆောင်နိုင်ကြမည် ဖြစ်သည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော်အားဖြင့်ပြည့်စုံခဲ့ပြီးသော ရွေးနှုတ်ခြင်းကိုယုံကြည်လိုက်ပါ။ သို့မှသာလျှင် ကျွန်ုပ်တို့သည်ယုံ ကြည်ခြင်းအား ဖြင့်သူ့နောက်တော်သို့လိုက်လျှောက်ပြီး၊ အပြစ်လွတ်ခြင်း ကောင်းချီး မင်္ဂလာရရှိကာ၊ ထာဝရအသက်နှင့်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းများရရှိကြမည် ဖြစ်သည်။ သခင်ယေရှု့သည် သူ၏ဗတ္တိဇံခံ ယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် အသေခံခြင်းအားဖြင့် လောကတစ်ခု လုံး၏အပြစ်များအားလုံးကို ယူဆောင်သွားခဲ့သောခွင့်လွတ်ခြင်းတရား၏ အရှင်ဖြစ်သည်။ သခင်ယေရှုက ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြော ခဲ့ပြီး၊ သမ္မာတရား၏သတင်းကောင်းကို ယုံကြည်သောသူများအပေါ်သန့် ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့သည်။ စစ်မှန်သောယုံကြည်ခြင်းကို အမွေ ခံခြင်းအားဖြင့်မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ပါသည်။