Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-7] မိတ်ဆွေ၏နှလုံးသားထဲတွင် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းအခွင့် ပေးထားသောသတင်းကောင်း (ဟေရှာယ ၉း၆-၇)

မိတ်ဆွေ၏နှလုံးသားထဲတွင် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းအခွင့် ပေးထားသောသတင်းကောင်း
(ဟေရှာယ ၉း၆-၇)
“အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် ယခုမှစ၍ နောင်ကာလအစဉ် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။”
 

ယုံကြည်သူများ၌သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်စေသောအရာမှာ အဘယ်အရာဖြစ်သနည်း
ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဖြစ်ပါသည်

သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ကျွန်ုပ်တို့ယုံကြည်ရန်လိုအပ်သည်။ကျွန်ုပ်တို့သခင်ကို အံ့ သြဖွယ်၊ တိုင်ပင်ဘက်၊တန်းခိုးကြီးသောဘုရားသခင်ဟု နာမည်မှည့်ခဲ့ပါ သည်။ ကျွန်ုပ်တို့သခင်သည် ကောင်းကင်နိုင်ငံတော်သို့ပို့ဆောင်ပေးသော လမ်းအဖြစ်မိမိကိုယ်ကို ရည်ညွှန်းခဲ့သည်။ သခင်ယေရှုခရစ်တော်က လူ တိုင်းအပေါ် သတင်းကောင်းဆုကျေးဇူးကို ပေးအပ်ခဲ့သည်။ 
သို့သော်ဤလောကတွင် အမှောင်နိုင်ငံတွင် နေထိုင်သောသူများစွာ ရှိသေးသည်။ သူတို့သည် ဤအမှောင်နယ်မြေမှလွတ်မြောက်ရန် ကြိုးစားခဲ့ ကြသော်လည်း သူတို့သည် သတင်းကောင်းကိုမသိခဲ့သောကြောင့် သူတို့ ၏အပြစ်များမှလွတ်မြောက်ခြင်းမရနိုင်ပေ။ ထိုသို့လွတ်မြောက်မည့်အစား သူတို့သည် မှားယွင်းသောအယူဝါဒထဲတွင် သူတို့၏ယုံကြည်ခြင်းများ ခြောက်သွေ့သွားစေခဲ့သည်။ အခြားတစ်ဘက်တွင် သမ္မာတရားကိုရှာဖွေ သောသူများသည် သတင်းကောင်းကို တွေ့ရှိကာ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာများအားဖြင့် သူတို့၏ကျန်ရှိသေးသော အသက်တာဘဝတ လျှောက်အသက်ရှင်ကြပါလိမ့်မည်။ သူတို့ကို သတင်းကောင်းရှာဖွေတွေ့ ရှိရန်နှင့် သူတို့အပြစ်များဆေးကြောစေရန် ကျွန်တော် ကိုခွင့်ပြုခြင်း သည် ဘုရားသခင်၏အထူးကောင်းချီးမင်္ဂလာဖြစ်သည်ဟု ကျွန်တော်ယုံကြည် ခဲ့သည်။
ထိုကြောင့် အပြစ်မှလွတ်မြောက်ခြင်းသည် ဘုရားသခင်၏ကောင်းချီး မင်္ဂလာမဟုတ်ခဲ့လျှင် အပြစ်မှလွတ်မြောက်ခြင်းမရနိုင်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုတွေ့ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့လျှင် ကျွန်ုပ်တို့ သည်ကောင်း ချီးမင်္ဂလာခံစားသောသူများဖြစ်ကြသည်။ ဝမ်းနည်းစရာတစ် ခုမှာ မြောက်များစွာ သောလူများက ဘုရားသခင်၏ကောင်းချီးမင်္ဂလာ သည် ဤသတင်းကောင်းကို ယုံကြည်ခြင်းမှလာသည်ဟု သတိမမူခြင်းပင် ဖြစ်သည်။
ဘုရားသခင်၏တပါးတည်းသောသားတော် သခင်ယေရှုခရစ်တော် အားဖြင့် ကျွန်ုပ်တို့ထံပေးအပ်ခဲ့သောသတင်းကောင်းကိုယုံကြည်ခြင်းမှ ဘု ရားသခင်၏ကောင်းချီးမင်္ဂလာတက်ရောက်သည်။သခင်ယေရှုသည် ကျွန်ုပ် တို့အားလော ကအပြစ်များကယ်တင်ခဲ့သူဖြစ်ပြီး၊ သူ၏ကျေးဇူးဂရုဏာ တော်အားဖြင့် ကျွန်ုပ်တို့ အားကောင်းချီးမင်္ဂလာပေးအပ်ခဲ့သူလည်းဖြစ် သည်။ ကျွန်ုပ်တို့အပြစ်များမှကယ် တင်ရန်နှင့် ကျွန်ုပ်တို့နှလုံးသားများထဲ၌ ရှိသောအပြစ်ကျူးလွန်မှုများပယ်ဖျက်ပေးရန် မည်သူကမျှမစွမ်းဆောင်နိုင် ပါ။ မိမိအပြစ်တရားနှင့်ထာဝရပြစ်ဒဏ်ခံစားရာငရဲထဲမှ မိမိကိုယ်ကို ကယ် တင်နိုင်သောသူရှိသလား။
ဘုရားသခင်က “လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်းအဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏”(သုတ္တံ ၁၆း ၂၅) ဟုဖော်ပြထားပါ သည်။ လူတွေက သူတို့ကိုယ်ပိုင်ဘာသာတရားများကို ထူထောင်ပြီး၊ ပျက် စီးခြင်းနှင့်သေခြင်းသို့မိမိကိုယ်ကိုမောင်းနှင်နေကြသည်။ မြောက်များစွာ သောဘာသာတရားများက သူတို့သည် ဖြောင့်မတ်ခြင်းတရားကိုအလေး ထားပြီး လူတွေကို သူတို့၏အပြစ်များမှကယ်တင် နိုင်သောကိုယ်ပိုင်နည်း လမ်းကိုပြသကြသော်လည်း ကျွန်ုပ်တို့အပြစ်တရားများမှ ကယ်တင်နိုင် သောအရာသည် ကျွန်ုပ်တို့ ထံသခင်ယေရှုပေးအပ် ခဲ့သောရေနှင့်ဝိညာဉ် တော်သတင်းပင်ဖြစ်သည်။ သူတို့၏အပြစ်မှအပြစ်သားများကို ကယ်တင် နိုင်သောကယ်တင်ရှင်မှာ သခင်ယေရှုတစ်ပါးတည်းသာလျှင် ဖြစ်သည်။ 
ယေဟန် ၁၄း၆ တွင် “ယေရှုက“ငါသည်လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ”ဟု ကျွန်ုပ်တို့သခင်ယေရှုက မိန့်တော်မူခဲ့သည်။ သူက သေခြင်း လမ်း၌သွားနေသောသူများအတွက် သူ၏အသွေးအသားကို ပေးအပ်ခဲ့ သည်။ သူသည်လည်းစစ်မှန်သောလမ်းခရီးဖြစ်ကြောင်း မိမိကိုယ်ကို ရည် ညွှန်းပြောဆိုခဲ့သည်။ လူတစ်ဦးသည် သခင်ယေရှု၏သတင်း ကောင်းကို မယုံကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့မဝင်စားနိုင်ဟု ဘုရားသခင်က မိန့်တော်မူခဲ့သည်။ 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ရမည်ဖြစ် သည်။ ကျွန်ုပ်တို့အပြစ်များလွတ်ငြိမ်းခွင့်ရရှိပြီး၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်စားနိုင်ရန်အတွက် သခင်ယေရှုသည် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ် ကြောင်း ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်သည်။
 


တစ်ချိန်က ရှေးဟောင်းဣသရေလ၌


တချိန်က ရှေးဟောင်းဣသရေလ၌ “ဩဇိမင်းကြီး၏သားတော်ယော သံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ”(ဟေရှာယ ၇း၁)။
ဣသရေလလူမျိုးများသည်မူလအစတွင် လူမျိုးတစ်ခုတည်းဖြစ် ပါ သည်။ သို့သော်လည်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်းနိုင်ငံများအဖြစ် ဣသရေ လလူများသည်ခွဲခြားခဲ့ပါသည်။ ဘုရားသခင်၏ဗိမာန်တော်သည် ရှောလ မုန်မင်းကြီး၏သားရောဗောင်အုပ်စိုးသောနိုင်ငံ ယုဒပြည်တောင်ပိုင်း ယေရု ရှလင်မြို့၌ ရှိသည်။ နောက်ပိုင်းတွင် ရှေလမုန်မင်းကြီး၏အစေခံကျွန် ယေယောဗောင်ကမြောက်ပိုင်းတွင် နိုင်ငံတစ်ခုထူထောင်သောကြောင့် ဣ သရေလနိုင်ငံကွဲပြားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဘုရားသခင်၌သူတို့ယုံ ကြည်ခြင်းသည် ယိုယွင်းပျက်စီးခဲ့သည်။ ယုံကြည်ခြင်း ပျက်စီးမှုသည် ယနေ့တယူသန်ဘာသာရေးများများ၏အခြေခံအုတ် မြစ်ဖြစ်လာခဲ့သည်။ ထိုကြောင့် ယေယောဗောင်သည်မှားယွင်းသောအယူဝါဒစ တင်ထူထောင် သူဖြစ်ခဲ့သည်။ သူသည် သူ၏ရာဇပလ္လင်ကိုတည်မြဲစေလိုသောကြောင့် ဘု ရားသခင်၏ပညတ်တော်ကိုပြုပြင်ခဲ့သည်။ ထိုကြောင့် သူ့ကိုမှားယွင်း သောအယူဝါဒများ၏ဖခင်ကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူသည် ဣသရေ လလူမျိုးများ မြောက်ပိုင်းနိုင်ငံရှိ ဘုရားသခင်၏လူများအတွက် ခြားနား သောဘာသာရေးဖန်တီးခဲ့ပြီး တောင်ပိုင်းနိုင်ငံတွင်နေထိုင်သောယုဒလူမျိုး များ သိမ်းပိုက်ကျူးကျော်ရန် ကြိုးစားခဲ့သည်။ နှစ်ပေါင်း ၂၀ဝ ခန့်ကြာ ခဲ့သော်လည်း နှစ်နိုင်ငံ အကြားပဋိပက္ခဖြစ်ခြင်းသည် ပြောင်းလဲမှုမရှိခဲ့ပေ။ 
ထိုကြောင့် ဘုရားသခင်က ဟေရှာယအားဖြင့် “ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်သားဖြစ်သောရေမလိ၏သားနှင့်အတူ သင့်ကို မကောင်းကြံစည်လျက် 6ငါတို့သည် ယုဒပြည်သို့စစ်ချီပြီး ထိုပြည်ကို တစ်စစီဖြိုခွဲ၍ ခွဲဝေယူကြစို့။ တဗာလ၏သားကို ထိုပြည်၏ရှင်ဘုရင်အဖြစ်တင်မြောက်ကြစို့ဟု ဆိုကြ၏။ ဘုရားရှင်ထာဝရဘုရားက ထိုအကြံအထမမြောက်ရ၊ ထိုသို့မဖြစ်ရ။ အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စ ကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။ ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏” (ဟေရှာယ ၇း၅-၉)။
ထိုအချိန်တွင် ဘုရားသခင်က ဟေရှာယအားဖြင့် အာဟပ်မင်းအပေါ် ပရောဖက်ပြုခဲ့သော်လည်း ရှင်ဘုရင်သည် ဘုရားသခင်ကိုယုံကြည်ခြင်းမရှိ ခဲ့ပေ။ အာဟပ်မင်းသည် ရှုရိစစ်သားများကိုအောင်မြင်နိုင်မည်လားဟုသာ စိတ်စိုးရိမ် ခြင်းရှိခဲ့သည်။ သို့သော် ရှိရိလူများနှင့် ဣသရေလတို့သည် တစ် ဦးနှင့်တစ်ဦးမဟာမိတ်ဖွဲ့ကြကာ၏ပုန်ကန်ထြွကမှုနှင့်သိတင်းကို အာဟပ် မင်းကြားသိသောအခါ သူသည်ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ချောက်ခြားခဲ့ပါ သည်။ သို့သော် ဘုရားသခင်၏ အစေခံကျွန် ဟေရှာယလာခဲ့ပြီး သူထံ "နှစ် ပေါင်းခြောက်ဆယ်မတိုင်မီ မြောက်ပိုင်းနိုင်ငံသည် ပြိုကွဲသွားလိမ့်မည်။ ထို နောက် မကောင်းသောထိုရှင်ဘုရင်နှစ်ပါးတို့ ကြံစည်မှုများသည် အမှန် တည်မည်မဟုတ်"ဟု ပြောခဲ့သည်။
ဘုရားသခင်ထံမှ နိမိတ်လက္ခဏာရှာဖွေရန် ဘုရားသခင်၏အစေခံ သည် အာခတ်မင်းထံပြောခဲ့သည်။ ““သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏” (‌ဟေရှာယ ၇း၁၁)။ “ထိုအခါ ဟေရှာယက “ဒါဝိဒ်အမျိုးအနွယ်တို့၊ နားထောင်လော့။ သင်တို့သည် လူတို့ကိုစိတ်ပင်ပန်းစေသည်မှာ နည်းသေး၍ ငါ၏ဘုရားသ ခင်ကိုပါ စိတ်ပင်ပန်းစေကြမည်လော။ ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်”(ဟေရှာယ ၇း၁၃-၁၄)။ ၄င်းသည် ဘုရားသ ခင်၏ပရောဖက်ပြုခြင်းဖြစ်သည်။ သူက သူ၏လူများကိုသူတို့၏အပြစ်မှ ကယ်တင်တော်မူ လိမ့်မည်ဖြစ်သည်။ 
 


မည်သူသည် ဘုရားသခင်၏ရန်သူများ ဖြစ်ကြသနည်း


လူသားများ၏ရန်သူမှာအပြစ်ဖြစ်ပြီး၊ အပြစ်တရားသည် စာတန်ထံမှ လာခဲ့သည်။ ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်ရှင်သည်မည်သူဖြစ်သနည်း။ ဘုရားသခင်၏သားတော်သခင်ယေရှုခရစ်တော်ပင်ဖြစ်သည်။ သူသားများ သည် အခြေခံအားဖြင့် ကိုယ်ကာယတွင်အားနည်းနေကြသည်။ ထိုကြောင့် သူတို့မှလုပ်ဆောင် နိုင်သောအရာဘာမျှမရှိသော်လည်း အပြစ်လွန်ကျူး တတ်ကြသည်။ သူတို့သည် စာတန်၏တန်ခိုးတော်အောက်တွင် နေကြ သည်။ မြောက်များစွာသောလူတို့သည် အနာဂတ်ကိုကြို တင်ပြောကြား နိုင်သောသူများထံသွားခဲ့ကြကာ ဤမှားယွင်း သောပရောဖက်များညွန် ကြားသည့်အတိုင်း တစ်ချက်မလွဲအသက်ရှင်ရန် ကြိုးပမ်းခဲ့ကြသည်။ ဤ အကြောင်းကသူတို့သည် စာတန်၏ထိန်းချုပ်မှုအောက်တွင်အ သက်ရှင်ကြ သည်ကို သက်သေပြသသည်။
ဘုရားသခင်က ဟေရှာယထံ ကယ်တင်ခြင်းသက်သေပေးခဲ့သည်။ အပျိုကညာသည် သားယောင်္ကျားကိုဖွါးမြင်ပြီး သူ့ကို ဧမာနွေလအမည်ဖြင့် မှည့်ရမည်ဟု ပြောခဲ့သည်။ သခင်ယေရှုသည် အပြစ်ရှိသောလူသားတစ်ဦး အဖြစ်စေ လွှတ်ခြင်းနှင့် စာတန်၏ဖိနှိပ်ချုပ်ခြယ်ခြင်းမှအပြစ်သားများကို ကယ်တင်ရန် သူ့ကိုခန့်ထားခြင်းသည် ဘုရားသခင်၏အကြံအစည်တော် ဖြစ်သည်။ ပရောဖက်ပြုခြင်းနှင့်လိုက်လျောညီထွေစွာ သခင်ယေရှုသည် အပျိုကညာမာရိအားဖြင့် လူသားတစ်ဦးအဖြစ် ဤလောကသို့ကြွဆင်း လာခဲ့သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့ဆီမလာခဲ့လျှင် ကျွန်ုပ်တို့သည် စာတန် ၏အုပ်စိုးခြင်းအောက်တွင် အသက်ရှင်ကြမည်ဖြစ်သည်။ ထိုသော် သခင် ယေရှုသည် ဤလောကသို့ကြွဆင်းလာခဲ့ပြီး၊ ယောဟန်အားဖြင့်ဗတ္တိဇံခံယူ ခဲ့ကာ အပြစ်သားများသည် သူတို့၏အပြစ်များမှ ကယ်တင်ခြင်းသတင်း ကောင်းကိုကျွန်ုပ်တို့အား ပေးရန်အတွက် ကားတိုင်တော်ပေါ်တွင် အသေ ခံခဲ့သည်။ထိုကြောင့် မြောက်များစွာသော လူတို့သည် သတင်းကောင်းကို ယုံကြည်ခဲ့ကြပြီး၊ သူတို့၏အပြစ်များ လွတ်ခြင်းအခွင့်ရရှိခဲ့ကြကာ ဘုရား သခင်၏သားသမီးများဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။
ယနေ့၌ပင်လျှင် မြောက်များစွာသော သီအော်လျော်ဂျီသမားများက သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်သလား (သို့)လူသားဖြစ်သလားဟု ငြင်းခုံကြသည်။ သီအိုလော်ဂျီသားအချို့တို့က "သခင်ယေရှုသည်ဘုရား ဖြစ်သည်"ဟု ပြောကြသည်။ သို့သော်အချို့သီအိုလော်ဂျီအသစ်သမားများ ကမူ သခင်ယေရှုသည် ယောသပ်၏တရားမဝင်ရသောသားဖြစ်သည်ဟု ငြင်းခုံခဲ့ကြသည်။ အတပ်အမှန်ပြောရလျှင် မည်မျှဝမ်းနည်းစရာကောင်း သောအတွေးအခေါ် ဖြစ်သနည်း။
အချို့အသစ်သောသီအော်လော်ဂျီသမားများက သခင်ယေရှုသည် ရေပေါ်တွင် လျှောက်နိုင်သည်ဟု ယုံကြည်ခြင်းမရှိကြပေ။ သူတို့က "သခင် ယေရှုသည် ရေပြင်ထက်နိမ့်သောတောင်ပုပေါ်တွင်လမ်းလျှောက်ခြင်းကို သူ၏တပည့်တော်များက အဝေးမှလှမ်းမြင်သောအခါ သူသည် ရေပေါ်တွင် လမ်းလျှောက်ခဲ့သည်ဟု တွေးခြင်းဖြစ်သည်"ဟု ပြောကြသည်။ ယခုမျက် မှောက်ကာလ နယူးသီအို လော်ဂျီကျောင်းမှဘာသာရေးနှင့်ဆိုင်သော ဒေါက်တာဘွဲ့ရရှိသူများသည် သီအိုလော်ဂျီ တတ်မြောက်သောပုဂ္ဂိုလ်များ အားလုံးမဖြစ်ကြပေ။ သူတို့အများစုက သမ္မာကျမ်းစာအကြောင်းကို သူတို့ နားလည်သိရှိသည့်အရာများကိုသာယုံကြည် ရန်ရွေးချယ်ကြသည်။
အခြားသောသာဓကတစ်ခုကိုဖော်ပြရလျှင် သခင်ယေရှုသည် ငါးနှစ် ကောင်နှင့်မုန့်ငါးလုံးတို့ဖြင့် လူ ၅၀ဝ၀ ကိုကျွေးမွေးခဲ့သည်ဟု သမ္မာကျမ်း စာထဲတွင် ဖော်ပြထားပါသည်။ သို့သော်သူတို့သည် ဤနိမိတ်လက္ခဏာအ ပေါ်သံသယ စိတ်ရှိနေဆဲဖြစ်သည်။ သူတို့သည်အောက်တွင်ဖော်ပြထား သည့်အတိုင်းဖြေရှင်းခဲ့ကြသည်။ "လူတွေက သခင်ယေရှုနောက်တော်သို့ လိုက်ခဲ့ကြပြီး သေသည်အထိ ဆာလောင်မွတ်သိပ်ခဲ့ကြသည်။ ထိုကြောင့် သခင်ယေရှုကတပည့်တော်များထံ ကြွင်းကျန် သောအစားအစာများ ကောက်သိမ်းရန်မိန့်တော်မူခဲ့သည်။ ထိုနောက် ကလေးတစ်ဦးက သူ၏အ စားအစာကို ကိုယ်နည်းကိုယ်ဟန်ဖြင့်ပေးခဲ့သည်။ အခြားသောလူကြီးများ ကလည်း တို့ထိခြင်းခံခဲ့ကြကာ သူတို့၏အစားအစာများ ကိုထုတ်ခဲ့ကြ သည်။ ထိုကြောင့်သူတို့သည် အစားအစာများစုဆောင်းခဲ့ကြပြီး စားသုံးခဲ့ ကြသောအခါ ဆယ်နှစ်တောင်းကျန်ခဲ့သည်။" ဤကဲ့သို့သောကျမ်းတတ် ပုဂ္ဂိုလ်များသည် ဘုရှားသခင်၏နှုတ်ကပတ်တော်ကို သူတို့ကန့်သတ်သိရှိ နားလည်မှုဖြင့် ကိုက်ညီရန် ရိုးရိုးလေးဖြင့်ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
ဘုရားသခင်၏သမ္မာတရားယုံကြည်ခြင်းသည် ဘုရားသခင်ပေးထား သောသတင်းကောင်းကိုရိုးရိုးလေးဖြင့်ယုံကြည်ခြင်းသာဖြစ်သည်။ယုံကြည် ခြင်းသည်ဖြစ်နိုင်ချေရှိသောအရာများသာယုံကြည်ခြင်းမျိုးမဟုတ်ဘဲ မဖြစ် နိုင်သောအရာများကို ယုံကြည်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့နားလည်သိရှိ သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ တွင်ရေးသားထားသော အရာများလက်ခံကာ ဘုရားသခင်ကိုသာ ကိုးစား ခြင်းပင်ဖြစ်သည်။
သခင်ယေရှုသည် လူသားတစ်ဦးအဖြစ် ကျွန်ုပ်တို့ကြွလာခြင်း အ ကြောင်းမှာ ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်အ တွက် သူသည်စေ လွတ်ခြင်းခံခဲ့ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ဖြစ်သော သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်ရန် ဤလောကသို့ ကြွလာခြင်း ဖြစ်သည်။ သူသည် အပျိုကညာမှ လူသားတစ်ဦးအဖြစ်မွေးဖွါးခြင်းခံရမည် ဟု ဟေရှာယကပရောဖက်ပြုထားခဲ့သည်။
ကမ္ဘာဦးကျမ်း ၃း၁၅ တွင် ဘုရားသခင်က မြွေကြီးထံဤသို့ပြောခဲ့ သည်။ “ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။”ဤကျမ်းပိုဒ်၏အဓိပ္ပါယ်သည် သခင်ယေရှုသည် လူ သားတစ်ဦးအဖြစ်မွေးဖွါးလာပြီး သူတို့၏အပြစ်များမှလူသားများကို ကယ် တင်ရန်ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်လာခြင်းသည် ဘုရားသခင်၏ အကြံ အစည်တော်ဖြစ်သည်ကို ဆိုလို သည်။
သမ္မာကျမ်းစာထဲတွင် “အိုသေခြင်း၊ သင်၏အောင်မြင်ခြင်းသည် အ ဘယ်မှာရှိသနည်း။ အိုသေခြင်း၊ သင်၏အဆိပ်ဆူးသည် အဘယ်မှာရှိသ နည်း။” သေခြင်း၏အဆိပ်ဆူးသည် အပြစ်ဖြစ်၍ အပြစ်၏တန်ခိုးသည် ပညတ်တရားဖြစ်၏”(၁ကော ၁၅း၅၅-၅၆) ဟုဖော်ပြထားပါသည်။ သေ ခြင်း၏လက်နက်သည် အပြစ်ဒုစရိုက်ဖြစ်သည်။ လူတစ်ဦးသည် အပြစ်ပြု သောအခါ သေခြင်းတရားက သူ့ကိုကျွန်ခံစေသည်။ သို့ သော် ကျွန်ုပ်တို့ သခင်က "မိန်းမအမျိုးအနွယ်က သင်၏ခေါင်းကိုကြိတ် လိမ့်မည်"ဟု ကတိပြုခဲ့သည်။ အဓိပ္ပါယ်မှာ စာတန်ယူဆောင်လာခဲ့သော သေခြင်း တရားကို သခင်ယေရှုသည်ဖျက်စီးလိမ့်မည် ကိုဆိုလိုသည်။
သခင်ယေရှုသည်ဤလောကသို့ကြွကဆင်းလာခဲ့ပြီး၊ လူသားအားလုံး ၏အပြစ်များကိုယူဆောင်ရန် ဗတ္တိဇံ ခံယူလျက်ကားတိုင်တင်သတ်ခြင်းခံ ခဲ့သည်။ သူတို့အတွက်တရားစီရင်ခြင်းကိုလည်းခံခဲ့သည်။ သတင်းကောင်း ကို ယုံကြည်သောသူများအားလုံးကို သူတို့အပြစ်များမှ ယေရှုကကယ်တင် ခဲ့သည်။ အဒံနှင့်ဧဝတို့သည် အပြစ်ပြုခဲ့ကြသောအခါ စာတန်၏တန်ခိုးမှ လူသားများကိုကယ်တင်ရန် ဘုရားသခင်က ကတိတော်ပေးခဲ့သည်။ မော် ဒန်ခေတ်ကာလကြီးတွင် သတင်းကောင်းကို မယုံကြည်သောသူများသည် ဘုရားသခင်၏ရန် သူများ ဖြစ်ကြသည်။
 


သခင်ယေရှုသည်အဘယ်ကြောင့် ဤလောကသို့ဖွါးမြင်ခြင်းခံခဲ့သနည်း


ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကိုကယ်တင်ရန် ဘုရားသခင်သည် ပ ညတ်တော်နှင့်သတင်းကောင်းကို ကျွန်ုပ်တို့အားပေးခဲ့သည်။ ဘုရားသခင် ၏ပညတ်တော်အားဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်တွင် လူသားအား လုံးအပြစ်သားများ ဖြစ်လာခဲ့ကြသည်။ ထိုနည်းတူ၊ လူတွေက မိမိ အပြစ်များကို သိရှိနိုင်ရန်အတွက် ပညတ်တရားကိုပေးခဲ့ခြင်းဖြစ်သည်။ လူတွေက အပြစ်တရားနှင့်ပညတ်တရားအောက်တွင် ကျွန်ခံခဲ့ကြသော အခါ ဖြောင့်မတ်သောပညတ်တရား ၏တောင်းဆိုမှုများပြည့်စုံစေရန်အ တွက် သခင်ယေရှုသည် ဤလောကသို့ကြွလာခြင်းဖြစ်သည်။
သခင်ယေရှုသည် ပညတ်တော်အောက်တွင် မွေးဖွါးခြင်းခံခဲ့သည်။ သူသည်ပညတ်တော်ခေတ်ကာလတွင် ဖွါးမြင်ခြင်းခံခဲ့သည်။ လူတွေကပ ညတ်တော်လိုအပ်ခြင်းအကြောင်းမှာ သူတို့သည် ခွင့်လွတ်ခြင်းရရှိရန်အ တွက် သူတို့၏ အပြစ်များကိုသိရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။ လူတွေ က သူတို့အဝတ်အစားများသည် ညစ်ပတ်သည်ဟု သိကြသောအခါ၌သာ လျှင် ထိုအညစ်အကြေးများကို ဆေးကြောကြသည်။ ထိုနည်းတူ၊ လူတွေကသူတို့အပြစ်များသိရှိရန် ဘုရားသခင် ၏ပညတ်တော်ကိုသိရှိရ မည်ဖြစ်သည်။ ပညတ်တော်မရှိခဲ့လျှင် အပြစ်တရား အမြင်မရှိ၊ သခင်ယေ ရှုသည်လည်းဤလောကသို့ကြွလာရန်မလိုအပ်ပေ။
ဘုရားသခင်၏ပညတ်တော်ကို မိတ်ဆွေသိသောအခါ သူ့ကို မြင်တွေ့ ရန် အခွင့်အလမ်းရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ပညတ်တော်သိခဲ့ကြ လျှင် ကျွန်ုပ်တို့အပြစ်အကြောင်းကို လေ့လာနိုင်ကြမည်ဖြစ်သည်။ ကျွန်ုပ် တို့သည် ကျွန်ုပ်တို့အပြစ်ကို သိရှိမှသာလျှင် သခင်ယေရှုယူဆောင်လာ သောသတင်းကောင်းကို ယုံကြည်နိုင်ကြမည် ဖြစ်သည်။ ဘုရားသခင်သည် ပညတ်တော်ကိုမပေးခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်သားဖြစ်စရာအကြောင်း မရှိဘဲ တရားစီရင်ခြင်းလည်းရှိလိမ့် မည်မဟုတ်ပေ။ ထိုကြောင့်ဘုရားသ ခင်သည် ပညတ်တော်ပေးခဲ့ပြီး အပြစ်သားအားလုံးသည် သူတို့ အပြစ်များ မှလွတ်မြောက်ရန် သတင်းကောင်းကို ကျွန်ုပ်တို့ထံပေးခဲ့ခြင်းဖြစ်သည်။
ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခြင်း ခံသောသူများအကြားပညတ်တော်တည် ရှိ ခြင်းသည် ကယ်တင်ခြင်းနှင့်စပ်ဆိုင်သောဘုရားသခင်၏ပညတ်တော် ဖြစ်သည်။ ဤအရာသည် ချစ်ခြင်းမေတ္တာ၏ပညတ်ပင်ဖြစ်သည်။ ဘုရားသ ခင်သည် လူယောင်္ကျားထံ “သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏” (ကမ္ဘာ ၂း၁၇)ဟု မိန့် တော်မူခဲ့သည်။ ဤအရာသည် ကျွန်ုပ်တို့အပေါ်ဘုရားသခင် ပေးထား သောပညတ်တော်ဖြစ်သည်။ ထိုပညတ်တရားသည် ကျွန်ုပ်တို့အ ပြစ်များမှ ကျွန်ုပ်တို့အားလုံးကိုဘုရားသခင် ကယ်တင်ပေးခဲ့သော ချစ်ခြင်း မေတ္တာ၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ကယ်တင်ခြင်းပညတ်တရားမှာ ကျွန်ုပ်တို့ အပြစ်များခွင့်လွတ်ခြင်းအတွက် ၄င်းမှာ အခြေခံရှိသည်။ ဘုရား သခင် သည် ကျွန်ုပ်တို့ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် ခပ်သိမ်းသောအရာတို့သည် သူ၏အလိုတော်အတိုင်းဖြစ်လာခြင်းဖြစ်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့ အားပြောသည်။ ဤဆိုလိုချက်မှာ ဘုရားသခင်သည် အမှန်တည် ရှိသော ဘုရားနှင့် သတင်းကောင်းအားဖြင့် ပြည့်စုံခဲ့ပြီးသောကယ်တင်ခြင်း ပညတ် တော်ကို လူတွေကယုံကြည်သင့် ကြောင်းဖော်ပြလိုခြင်းဖြစ်သည်။ 
အမှန်တည်ရှိသောဘုရားသည် အကြွင်းမဲ့ကောင်းမြတ်သည်။ ဘုရား သခင်၏မေတ္တာတော်က သူ၏တပါးတည်းသောသားတော်အားပူဇော်သည့် အထိ သူ့ကို လှုံ့ဆော်ခဲ့သည်။ သူ၏သားတော်သည် အပြစ်သားများအား လုံး၏ကယ်တင် ရှင်ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန် ဆင်းခဲ့ပြီး၊ ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်ရန် ကျွန်ုပ်တို့ကို သတင်း ကောင်းမပေးခဲ့လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို စောဒကတက် နိုင်ကြမည် ဖြစ်သည်။ သို့သော်ဘုရားသခင်က ကျွန်ုပ်တို့ပျက် စီးခြင်းထဲက ကယ်တင်လိုသောကြောင့် ကယ်တင်ခြင်းပညတ် တော်ကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်အားဖြင့် ကျွန်ုပ်တို့သည် ပညတ်တော်ကိုတိုက်ရိုက် ကြည့်ခြင်းအားဖြင့် မိမိအပြစ်များကိုနားလည်နိုင်ကြပြီး၊ သခင်ယေရှု၏သ တင်း ကောင်းကိုစတင်ယုံကြည်နိုင်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏စကားတော်ကိုချိုးဖောက်ခဲ့ကြသောအခါပညတ်တော် ရှေ့တွင် ကျွန်ုပ်တို့သည်အပြစ် သားများဖြစ်ကြသည်ကိုထင်ရှားလျက်ရှိပြီး၊ ထိုပြင် အပြစ်သားများသည် ဘုရားသခင်ရှေ့မှောက်တွင် အပြစ်လွတ်ခြင်းနှင့် ဆိုင်သော သူ၏ဂရုဏာတော်ခံစားရန် ဒူးထောက်ဆုတောင်းကြမည်ဖြစ် သည်။
သခင်ယေရှုသည်မိန်းမအားဖြင့်မွေးဖွါးလာခဲ့ပြီး၊ လူသားများအပြစ်မှ ကယ်တင်ရန် ဤလောကသို့ကြွလာခဲ့သည်။ ကျွန်ုပ်တို့အတွက်ဘုရားသခင် ၏အကြံအစည်တော်များပြည့်စုံစေရန်အတွက် သခင်ယေရှုသည် ဤလော ကသို့ လူသားတစ်ဦး အဖြစ်ကြွဆင်းလာခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏ သတင်းကောင်းကို ယုံကြည်ခဲ့ကြသည်။ ထိုကြောင့် ဘုရားသခင်ကို ကျွန်ုပ် တို့ချီးမွမ်းပါသည်။ 
အချို့သောသူများက “ကျွုန်ုပ်သည်အပြစ်တရားသို့လွယ်လင့်တကူ ကျဆင်းရန်နှင့် ထိုအမှားအတွက်ဒုက္ခများစွာခံစားရန် ဘုရားသခင်သည်အ ဘယ်ကြောင့် ကျွန်ုပ်ကိုပျက်စီးလွယ်သောသူအဖြစ်ဖန်ဆင်းခဲ့သနည်း” ဟု စောဒက တက်တတ်ကြသည်။ သို့သော်ဘုရားသခင်က ကျွန်ုပ်တို့အားဆင်း ရဲဒုက္ခခံစားရန် အလိုမရှိပေ။ ကျွန်ုပ်တို့သည် သခင်ယေရှု၏သတင်းကောင်း ကို သံသယရှိခဲ့ကြ သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားဆင်းရဲ ဒုက္ခခံစားရန်ခွင့်ပြုခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ဆင်းရဲ ဒုက္ခနှင့်သတင်းကောင်းကိုနှစ်ခုစလုံး ကိုပေးခဲ့သည်။ သို့မှသာ ကျွန်ုပ်တို့ သည် သူ၏သားသမီးများအဖြစ်သူကဲ့သို့တန်ခိုး ရှိကြမည် ဖြစ်သည်။ ဤအ ရာများသည် ဘုရားသခင်၏အကြံအစည်ဖြစ်သည်။
သို့ရာတွင် စာတန်က "မဟုတ်ဘူး၊ ဘုရားသခင်သည်အာဏာရှင်ဆန် သူ ဖြစ်သည်။ သခင်ကြိုက်နှစ်သက်သည့်အတိုင်းဆက်လက်အသက်ရှင် လိုက်ပါ။ မိမိ ကိုယ်ကိုအားကိုးပါ။ သင့်ကိုယ်တိုင်ကြိုးပမ်းခြင်းအားဖြင့် သင် ကံကြမ္မာကို သင်တည်ဆောက်ပါ" ဟု ပြောသည်။ စာတန်သည် ဘုရားသ ခင်အပေါ်လူတွေ ၏ယုံကြည်မှုကိုဖျက်ဆီးရန်ကြိုးပမ်းခဲ့သည်။ သို့သော် ဘုရားသခင်မှဝေးဝေးနေရန် ကြိုးပမ်းသောသူများသည် ကယ်တင်ခြင်းအ တွက်ဘုရားသခင်အကြံအစည်တော်များကို ပိတ်ဆို့သောသူများဖြစ်ကြ သည်။ သခင်ယေရှုသည် ဤလောကသို့ ကြွဆင်းလာခဲ့ပြီး စာတန်တန်ခိုး အောက်တွင်ရှိသောသူများ၏အပြစ်များကို သိစေရန် သတို့ကိုခေါ်ဖိတ်ခဲ့ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဝေးဝေးမနေ ထိုင်သင့်ပေ။
 

လူသည် ငရဲသို့ဦးတည်သော အပြစ်သားအဖြစ်မွေးဖွါးခဲ့သည်

မပြောင်းလဲသောသမ္မာတရားကို ဤလောကတွင်မရှိပေ။ သို့သော် သခင် ယေရှု၏သတင်းကောင်းသည် မပြောင်းလဲတတ်သောသမ္မာတရား ဖြစ်သည်။ ထိုကြောင့် လူတွေက ထိုသမ္မာတရားကိုမှီခိုနိုင်ကြပြီး၊ ဏာတန် ၏တန်ခိုးမှလွတ် မြောက်နိုင်ကြမည်ဖြစ်သည်။ လူသားများက အပြစ်တ ရားကို အာဒံနှင့်ဧဝထံမှအ မွေဆက်ခံလာခဲ့ကြပြီး၊ ခရစ်တော်၏ကြားဝင် စွတ်ဖက်ခြင်းမရှိလျှင် ငရဲမီးအိုင်ထဲ သို့ပျက်စီးသွားမည့်သူများဖြစ်ကြ သည်။ သို့သော် သူ၏ပူဇော်ခြင်းအပေါ် ကျွန်ုပ်တို့ကျေးဇူးတင်လျက်ရှိ သည်။ လူသားများသည် ဘုရားသခင်၏သားသမီးများဖြစ် လာသောတန်ခိုး အားဖြင့် ကောင်းချီးခံစားကြသည်။ “သို့သော် ဒုက္ခဝေဒနာခံစားခဲ့ရသောပြည်၌ အမှောင်ဖုံးတော့မည်မဟုတ်” (ဟေရှာယ ၉း၁)။ ဘုရားသခင်က သူ၏သားတော်ကိုဤလောကသို့စေလွှတ်ခဲ့ပြီး၊ သတင်းကောင်းကို ယုံ ကြည်သောသူများကို ချီးမြှောက်ခဲ့သည်။
“အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင်အ လင်းထွန်းလင်းပြီ” (‌‌‌‌‌‌ဟေရှာယ ၉း၂)။ ယနေ့တွင် မိတ်ဆွေနှင့်ကျွန်ုပ် တို့အပေါ်မှာ ဤစကားသည် မှန်ကန်လျက်ရှိသည်။ သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤလောကတွင်မရနိုင်သော ထာဝရ အသက်အားဖြင့် ကောင်းချီးခံစားခဲ့ကြသည်။ သခင်ယေရှုခရစ်တော်သည် လူသားများကို လောကအပြစ်များမှကယ်တင်ခဲ့ပြီး၊ သတင်းကောင်းယုံ ကြည်သောသူများအပေါ် ထာဝရအသက်နှင့်ကောင်းကင်နိုင်ငံ တော်ကို ပေးခဲ့သည်။
 

မြော်လင့်ချက်ကင်းမဲ့သောသူများအပေါ် သူက သတင်းကောင်း အလင်းကို သွန်းလောင်းခဲ့သည်

မြေခွေးများကဲ့သို့လူသားများသည် ဤလောကတွင် ခေတ္တခဏတည် အသက်ရှင်ကြသော်လည်း သူတို့သည် မကြာမီပျောက်ကွယ်သွားကြသည်။ သူတို့ ဘဝသည် ပျက်စီးလွယ်သော အပင်များ၊ မြက်ပင်များနှင့်တူပါသည်။ မြက်ပင်များသည် လအနည်းငယ်အတွင်းဘုရားသခင်၏ထောက်ပံ့ပေးမှု အားဖြင့် အသက်ရှင်တည်ရှိကြပြီး တစ်နှစ်အတွင်းကုန်ဆုံးပျောက်ကွယ် သွားတတ်ကြသည်။ ဤမြက်ပင်ကဲ့သို့ ကျွန်ုပ်တို့ဘဝများသည်လည်း အဓိပ္ပါယ်မဲ့ အချည်းနှီးသက်သက်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်ပျက်ဖွယ်သောဝိညာဉ်အပေါ်သတင်းကောင်းနှင့် သူ၏ဖြောင့် မတ်ခြင်းတရားကိုပေးခဲ့ပြီး၊ သူ၏သားသမီးများဖြစ်စေခဲ့ပါသည်။ အလွန် အံ့သြဖွယ်ကောင်းသောကျေးဇူးတော်ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်တို့ အဓိပ္ပါယ်မရှိသောအသက်တာသည် ထာဝရအသက်ဖြစ်စေသောကြောင့် ဘုရားသခင်၏မေတ္တာတော်အတွက် ဘုရားသခင်ကိုချီးမွမ်းပါသည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်လာရသောအခွင့်အားဖြင့် ကောင်း ချီးခံစားသောသူများဖြစ်ကြသည်။
သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူး တော်နှင့် အတူကောင်းချီးခံစားခဲ့သောသူ၏ဝန်ခံချက်ကို ကျွန်ုပ်တို့ကြည့် ကြပါစို့။
"ကျွန်တော်ဘုရားသခင်ကို မသိသောအိမ်ထောင်မိသားစုမှမွေးဖွား လာခဲ့တယ်။ ထိုကြောင့် ကျွန်တော့်မိခင်ကြီးသည် ရေတစ်ခွက်သူမ၏ရှေ့ တွင်တင်ထားပြီးမနက်တိုင်းတွင် ကျွန်ုပ်တို့မိသားစုကောင်းစားရေးအတွက် ကောင်းကင် နှင့်မြေကြီး၏ဘုရားများထံ ဆုတောင်းခြင်းကိုကောင်းလှ သည်ဟု ယူဆခြင်းနှင့်အတူ ကျွန်တော်ကြီးပြင်းလာခဲ့တယ်။ ကျွန်တော် ကြီးပြင်းလာသည်နှင့်အမျှ ကျွန်ုပ်တန်ဖိုး(သို့) ကျွန်ုပ်တည်ရှိခြင်းအကြောင်း များကို ကျွန်တော်မသိခဲ့ပေ။ ထိုအကြောင်းကြောင့် ကျွန်တော်သေသည် ဖြစ်စေ၊ရှင်သည်ဖြစ်စေ ကိစ္စမရှိဘူးဟု ယုံကြည်ခြင်းဖြစ်ပေါ်စေခဲ့တယ်။ ကျွန်တော်သည် ကျွန်ုပ်တန်ဖိုးကိုမသိခဲ့သောကြောင့် အထီးကျန်ဘဝဖြင့် အသက်ရှင်ခဲ့ရတယ်။
ဘဝမျိုးက ကျွန်ုပ်ကိုငြီးငွေ့စေသောကြောင့် ကျွန်တော်မြန်မြန်ဆန် ဆန်အိမ်ထောင်ပြုခဲ့တယ်။ ကျွန်ုပ်အိမ်ထောင်ပြုခြင်းဘဝသည် အလွန် ကောင်းခဲ့တယ်။ ကျွန်တော့်မှာအခြားလိုချင်စရာတစ်ခုမှမရှိတော့ပေ။ ထို ကြောင့် ကျွန်တော်သည် အေးချမ်းသောဘဝဖြင့်အသက်ရှင်ခဲ့ရတယ်။ ထိုနောက် ကျွန်တော်ကလေးတစ်ဦး ရရှိလာခဲ့သောအခါ ထိုအချိန်မှစပြီး ကျွန်ုပ်၌ချစ်ခြင်းမေတ္တာရှိသည်ကို ကျွန်တော် သိရှိခဲ့တယ်။ တစ်ကိုယ် ကောင်းဆန်သောဆန္ဒများစတင်ပျောက်ဆုံးခဲ့သည်။ သို့သော် ကျွန်ုပ်အရင်း နှီးဆုံးသောသူငယ်ချင်းများသေဆုံးသွားမှာကိုလည်းစိုးရိမ်မိခဲ့တယ်။
ထိုကြောင့် ကျွန်တော်ဘုရားသခင်ကိုစတင်ရှာဖွေခဲ့တယ်။ ကျွန်တော် သည် ပျက်စီးလွယ်ပြီးဘာမှမတတ်နိုင်သောကြောင့် ကျွန်တော့်ချစ်သူများ စောင့် ထိန်းပေးရန်အမှန်တည်ရှိသောသူတစ်ဦးလိုအပ်ခဲ့တယ်။ ထိုကြောင့် ကျွန်တော် ဘုရားကျောင်းစတက်ခဲ့ပါတယ်။ သို့သော်ကျွန်တော့် ယုံကြည် ခြင်းသည် ရေခွက်ရှေ့တွင် ဆုတောင်းနေသောမိခင်ကြီး၏ယုံကြည်ခြင်း နှင့်အနည်းငယ်ကွာခြားမှုရှိခဲ့တယ်။ ကျွန်ုပ်၏ဆုတောင်းချက်မှာ ကြောက် ရွံ့ခြင်းနှင့်မြော်လင့်ခြင်းများပေါ် တွင်သာအခြေခံခဲ့တယ်။
တစ်ခါက ဒေသန္တရအသင်းတော်တစ်ပါးရှိဝတ်ပြုအစည်းအဝေးငယ် တစ်ခု၌တက်ရောက်ခဲ့ပါတယ်။ ကျွန်တော်ဆုတောင်းနေစဉ် ကျွန်ုပ်မျက်စိ မှမျက်ရည်များတ ပေါက်ပေါက်စကျခဲ့တယ်။ ကျွန်တော်စိတ်အနှောက်အ ယှက်ဖြစ်ကာအငိုတိတ်ရန် ကြိုးစားခဲ့တယ်။ သို့သော် မျက်ရည်များအရပ် စတမ်း စီးကျလာခဲ့တယ်။ ကျွန်တော့်ပတ်ဝန်းကျင်တွင်ရှိသောသူများက ကျွန်တော်ခေါင်းပေါ်တွင်လက်တင် ခဲ့ကြကာ သန့်ရှင်းသောဝိညာဉ်တော် ရရှိခြင်းအတွက် ချီးကျူးခဲ့ကြတယ်။ သို့သော် ကျွန်တော် စိတ်ရှုပ်ထွေးတွေ ဝေခဲ့ပါတယ်။ ကျွန်တော်ဘုရားသခင်၏ စကားတော်နှင့်ရင်းနှီးမှုမရှိခဲ့ပေ။ သူ့အပေါ်၌ကျွန်တော့်ယုံကြည်ခြင်းသည် မရေရာ မသေချာသောကြောင့် ဤအတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားမှုဖြစ်သည် ဟု ကျွန်တော့်မှာ ယုံကြည်စိတ်ချမှုမရှိခဲ့ပေ။
ကျွန်တော်တက်ခဲ့သောဘုရားကျောင်းသည် ပင်တေဂုတ္တေ-ခရစ်မား တစ်(ဒ်)လှုပ်ရှားမှုနှင့်ဒွန်တွဲခဲ့ပြီး မြောက်များစွာသောလူတို့သည် ကျွန် တော်နည်းတူ တွေ့ကြုံခဲ့ကာ လူတိုင်းအားလုံးနီးပါး အခြားသောဘာသာစ ကားပြောခဲ့ကြတယ်။ တနေ့သောအခါ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့် ဝသည်ဟု လူတွေ ပြောခဲ့သောသင်းအုပ်ဆရာတစ်ပါးဦးဆောင်သော နိုး ကြားရေးအစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် ကျွန်တော်ဖိတ်ကြား ခြင်းခံခဲ့တယ်။ ဘုရားကျောင်းတွင် သင်းအုပ်ဆရာသည်လူများစွာစုရုံးစေ ခဲ့ပြီး ဘုရားသခင်သည် အကြောတက်ရောဂါစွဲသောလူတစ်ဦးကို ကျန်းမာ စေမည်ဟု သူပြောခဲ့တယ်။ ၄င်းသည် ကျွန်တော် လုပ်ဆောင်နိုင်သောတန် ခိုးဖြစ်သည်ဟုလည်း သူပြောခဲ့တယ်။ သို့သော် အကြောတက်ရောဂါသည် ဆေးရုံတွင် အလွယ်တကူကုသနိုင်သောရောဂါဖြစ်တယ်။ သို့ကြောင့် သူသည် သန့်ရှင်းသောဝိညာဉ်တော်မည်ကဲ့သို့ရရှိသည်ကို ကျွန်တော်ပို ပြီးစိတ်ဝင်စားခဲ့တယ်။ သို့ သော်သင်းအုပ်ဆရာသည်အနာရောဂါငြိမ်းခြင်း လုပ်ငန်းအောင်မြင်သွားခဲ့ပြီးနောက် ဆယ်တန်းကျောင်းသား/သူ တစ်ဦး သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်မယ်၊ ကျဆုံးမည်ကိုလည်း ကြိုတင်ဟောကိန်းထုတ်နိုင်သည်ဟု သူဝါးကြွားခဲ့တယ်။ သူ၏တန်ခိုးများ သည်ဘုရားသခင်၏တန်ခိုးများဖြစ်သည်ဟု မြောက်များစွာသောလူ တို့က ချီးမွမ်းခဲ့ကြတယ်။
သို့သော်ကျွန်တော်သူ့ကိုနားမလည်နိုင်ခဲ့ပေ။ ၄င်းပြင်သင်းအုပ်ဆရာ ပိုင် ဆိုင်သောတန်ခိုးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် လုံးဝပတ်သက်မှု ရှိကြောင်းကိုကျွန်တော်မပြောနိုင်ပေ။ အကြောတက်သောသူများကို ကျန်း မာစေခြင်းနှင့် လူတစ် ဦး၏စာမေးပွဲအောင်မြင်ခြင်းကျဆုံးခြင်းကိုကြိုတင် ဟောပြောနိုင်ခြင်းသည် အရေးကြီးသည်ဟု ကျွန်တော်မထင်ခဲ့ပေ။ ထို ကြောင့် သူပြုလုပ်သော အံ့သြဖွယ်နိမိတ် လက္ခဏာများသည်သန့်ရှင်း သောဝိညာဉ်တော်၏လုပ်ဆောင် ချက်များဖြစ်ကြသည်ဟု ကျွန်တော်မ ပြောနိုင်ခဲ့ပေ။ 
ကျွန်ုပ်စိတ်ထဲတွင်ရှိသောဘုရားသခင်၏တန်ခိုးတော်နှင့်မေတ္တာတော် သည်ကျွန်တော်မြင်တွေ့ခဲ့သောအရာများနှင့် မတူခဲ့ပေ။ ထိုအကြောင်း ကြောင့် ကျွန်တော် ထိုဘုရားကျောင်းသို့တက်ရောက်ခြင်းကိုရပ်တန့်ခဲ့ပြီး သင်းအုပ်ဆရာ၏တန်ခိုးကိုယုံကြည်သောသူများကိုလည်း ကျွန်တော် ရှောင်ကြဉ်ခဲ့ပါတယ်။ ၄င်းနောက် ပို၍ ငြိမ်သက်သောဘုရားကျောင်းသို့ ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ ထိုအသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပို၍ကြားရသည်ဟုယုံ ကြည်ခဲ့သောကြောင့် တက် ရောက်ခဲ့ရခြင်းဖြစ်တယ်။ ကျွန်တော်ပညတ်တော်များကို သင်ကြားခဲ့ တယ်။ ပညတ်တော်အားဖြင့် ကျွန်တော်သည် မဖြောင့်မတ်သောသူ ဖြစ် သည်ဟု သိရှိခဲ့တယ်။ ဘုရားသခင်သည် ကျွန်တော့်ကြောက်ရွံ့သောသူ ဖြစ်ခဲ့ပါတယ်။ သူ၏မျက်မှောက် တော်ကို ကျွန်တော်မကြည့်ရဲခဲ့ပေ။ သူ၏ဝိညာဉ်ကလည်း ကျွန်ုပ်ကိုလျစ်လျူရှုခဲ့တယ်လို့ ကျွန်တော်ခံ စားမိခဲ့ တယ်။
ဟေရှာယ ၅၉း၁-၂တွင် “ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။ သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏” ဟု ဖော်ပြထားပါတယ်။ ဤကျမ်းပိုဒ်သည် ကျွန်တော့်အခြေအနေနှင့်ညီ ညွတ် ခဲ့တယ်။ ကျွန်တော်ပြုသောအရာများအားလုံး(သို့)တွေးတောသော အရာ များအားလုံးတို့သည်အပြစ်ဖြစ်သောကြောင့်ဘုရားသခင်၏သားဖြစ်လာရန် နှင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်လုံးဝမဖြစ်နိုင်ပေ။ 
ကျွန်တော်ဘုရားသခင်ကိုကြောက်ရွံ့ခဲ့သောကြောင့် အပြစ်နောင်တရ ခြင်းနှင့်ပတ်သက်သောဆုတောင်းခြင်းဖြင့် မရပ်စတမ်းဆုတောင်းခဲ့တယ်။ မည်သူကမှ ထိုသို့လုပ်ဆောင်ရန်မတိုက်တွန်းခဲ့သော်လည်း ဘုရားသခင်၏ မျက်မှောက်တော်တွင် ဂုဏ်အသရေရှိစွာဖြင့် ကျွန်တော်ရပ်တည်လိုသော ကြောင့် ထိုသို့ဆုတောင်းခြင်းဖြစ်တယ်။ ကျွန်တော်အပြစ်ဒုစရိုက်များစွာပြု ခဲ့သောကြောင့် အပြစ်နောင်တရခြင်းနှင့် ဆိုင်သောဆုတောင်းခြင်းကို များစွာပြုခဲ့တယ်။ သို့သော် ဤဆုတောင်းခြင်းများက ကျွန်ုပ်အပြစ်များကို မဆေးကြောနိုင်ခဲ့ပေ။ ကျွန်တော် လုပ်ဆောင်သမျှတို့သည် ဘုရားသခင် ရှေ့တွင် ကျွန်တော်အတွေးအခေါ်များပြသခဲ့ခြင်းသာဖြစ်ပြီး ဖြူစင်စွာဝန် ခံရလျှင် ကျွန်ုပ်ထဲတွင် အပြစ်ရှိသေးခဲ့တယ်။ ထိုအချိန်မှစ၍ ကျွန်တော် ဘုရားသခင်ကို စောဒကတက်ခဲ့ပါတယ်။ ဘုရားသခင် ၏မျက်မှောက် တော်တွင် ကျွန်တော် ပြည့်စုံသူတစ်ဦးဖြစ်ချင်ခဲ့တယ်။ သို့သော် ကျွန်တော် မပြည့်စုံနိုင်ခဲ့ပေ။ ထိုကြောင့် မကျေမနပ်ဖြစ်ခြင်းနှင့်အပြစ်များသည် စုပုံ လာခဲ့တယ်။ 
ဤဘာသာတရားအားဖြင့်ရှုပ်ထွေးမှုကြားတွင် ကျွန်တော့်ဖခင်သည် ထိ ခိုက်ဒဏ်ရာရခဲ့တယ်။ သူမသေမီ ဆေးရုံကုတင်ပေါ်တွင် ရက်ပေါင်း ၄၀ အတွင်း ခွဲစိတ်ခန်းတွင်ဝေဒနာခံစားခဲ့ရတယ်။ သို့သော် ကျွန်တော့် ဖခင် အတွက် ကျွန်တော် ဆုမတောင်းနိုင်ခဲ့ပေ။ ကျွန်တော်အပြစ်သားဖြစ်သော ကြောင့် ကျွန်တော့်ဖခင်အတွက် ဆုတောင်းပေးခဲ့လျှင် သူ၏ဝေဒနာသည် ပို၍ဆိုးရွားလာမည်ကို ကျွန်တော်ယူဆခဲ့တယ်။ ကျွန်ုပ်ယုံကြည်ခြင်းအ တွက် ကျွန်တော်စိတ်ပျက်လက် ပျက်ဖြစ်ခဲ့ရတယ်။ ကျွန်တော်ဘုရားသ ခင်နောက်သို့လိုက်ရန်ဆန္ဒရှိခဲ့သော်လည်း မလိုက်နိုင်ခဲ့ပေ။ ထိုကြောင့် ကျွန်တော်ဆက်လက်စောဒကတက်ခဲ့ပြီး ဘုရားသခင် ထံမှအဝေးသို့လွှဲ ရှောင်ခဲ့ပါတယ်။ ကျွန်ုပ်ဘာသာတရားဘဝသည် ထိုကဲ့သို့ နိဂုံး ချုပ်သွားခဲ့ တယ်။ကျွန်တော်ဘုရားသခင်ကိုယုံကြည်လျှင် သန့်ရှင်းသောဝိညာဉ် တော် သည် ကျွန်ုပ်ထဲတွင်ကိန်းဝပ်ပြီး၊ ငြိမ်သက်ခြင်းတွေ့ရှိလိမ့်မည်ဟု ထင်ခဲ့ တယ်။ သို့သော် ထိုကဲ့သို့ မဟုတ်ခဲ့ပေ။ ၄င်းနောက် ကျွန်ုပ်ဘဝသည် အဓိပ္ပါယ် ပို၍ကင်းမဲ့လျက်ရှိပြီး၊ ကြောက်ရွံ့ခြင်းနှင့်ပျော်ရွှင်ခြင်းမရှိသော ဘဝဖြင့်အသက် ရှင်ခဲ့ပါတယ်။
သို့သော်ဘုရားသခင်က ကျွန်တော့်ကိုမစွန့်ပစ်ခဲ့ပေ။ ဘုရားသခင်၏ စကားတော်များအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အမှန်ရရှိခဲ့သော ယုံ ကြည်သူ တစ်ဦး နှင့်တွေ့ဆုံခွင့်ဘုရားသခင်ကပေးခဲ့တယ်။ ဤပုဂ္ဂိုလ်ထံမှ သခင်ယေရှုသည် ယောဟန်၏ဗတ္တိဇံပေးခြင်းနှင့် ကားတိုင်တော်ပေါ်တွင် လူသားများအတွက် တရားစီရင်ခြင်းခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များယူ ဆောင်သွားခဲ့ကြောင့် ကျွန်တော်သင်ယူ သိရှိခဲ့ပါတယ်။ ထိုကြောင့် ကျွန် တော့်အပြစ်အပါအဝင် ဤလောကတစ်ခုလုံး၏အပြစ်များကို ခွင့်လွတ် ခြင်းအခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဤအကြောင်းကို ကျွန်တော် ကြားသိနား လည်သောအခါ ကျွန်ုပ်အပြစ်များအားလုံးသည် စင်ကြယ်ခြင်းရရှိခဲ့ပြီး ဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့ပါတယ်။ ကျွန်ုပ် အပြစ်များခွင့်လွတ်ခြင်းရရှိ ကြောင့် ဘုရားသခင်ကဖွင့်ပြခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ကောင်း ချီးကိုလည်းပေးခဲ့တယ်။ ငြိမ်သက်သောဘဝကိုလည်း ကျွန်တော့်ကို ပေး ခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကိုလမ်းပြခဲ့တယ်။ အကောင်းနှင့် အဆိုးကိုခွဲခြားနိုင်သောပညာကိုလည်း ပေးခဲ့တယ်။ ဤလောက၌ရှိသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း အောင်မြင်နိုင်သောတန်ခိုးကို ကျွန် တော့် အပေါ်ပေးထားခဲ့တယ်။ သူက ကျွန်ုပ်ဆုတောင်းသံများ ကိုနား ညောင်းခဲ့ပြီး ဖြောင့်မတ်သောဘဝနှင့် တန်ဖိုးရှိသောဘဝဖြင့်အသက်ရှင် ရန် ကူညီပေးခဲ့တယ်။ ကျွန်တော့်အားသန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့ ခြင်းအတွက် ကျွန်တော် ဘုရားသခင်ကို အမှန်ကျေးဇူးတင်ပါတယ်။"
ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဘုရားသခင်၏ကျေးဇူးတော်အား ဖြင့် ကောင်းချီးခံစားသောသူများနှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်စွမ်း ဆောင် နိုင်ခဲ့သောသူများဖြစ်ကြသည်။ ဘုရားသခင်က သူ၏သတင်း ကောင်းကိုကျွန်ုပ်တို့ အပေါ်ပေးခဲ့သောကြောင့် ဘုရားသခင်အားကျွန်တော် ကျေးဇူးတင်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူများအပေါ် ပျော်ရွှင်ခြင်းဖြင့် ကောင်းချီးပေးခဲ့သည်။ ဖြောင့်မတ်သောသူများ၏နှလုံး သားများသည် ပျော်ရွှင်ခြင်းရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ထာဝရပျော်ရွှင်ခြင်းပေးခဲ့သည်။ ဘုရားသခင်၏ကယ်တင်ခြင်း၊ ချစ်ခြင်းနှင့် ကျေးဇူးတော်များသည် အလွန်မွန်မြတ်သည်ကို ကျွန်ုပ်တို့ သိရှိကြသည်။ ဤအရာများအတွက် ကျွန်ုပ်တို့ဘုရားသခင်ကိုကျေးဇူးတင်ပါ၏။ ကောင်း ကင်နိုင်ငံတော်နှင့်စပ်ဆိုင်သောသတင်းကောင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပျော်ရွှင်ခြင်းပေးခဲ့သည်။ ဤအရာများသည် ငွေကြေးဓန အားဖြင့် ဝယ်ယူ၍မရပါ။ ကျွန်ုပ်တို့သည်ဖြောင့်မတ်သောသူများနှင့်ဝမ်း မြောက်ဝမ်းသာသောသူများဖြစ်လာနိုင်ရန် ဘုရားသခင်က သတင်း ကောင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အားပေးအပ်ခဲ့ သည်။ သတင်းကောင်းက ကျွန်ုပ်တို့ ဘဝကို ကောင်းချီးခံစားစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားသတင်း ကောင်းပေးခဲ့ပြီး၊ ဖြောင့်မတ် သောသူများသည် ကောင်းချီးခံစားသောဘဝဖြင့်အသက်ရှင်ခြင်းကို သူမြင် တွေ့သောအခါ သူသည် ဝမ်းမြောက်ခြင်းရှိသည်။
ရှင်လုကာခရစ်ဝင်ကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မာရိ က “ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။ ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”(လုကာ ၁း၂၇-၂၉) ဟု ပြောခဲ့သည်။ မာရိသည် ကောင်းကင်တမန်ပြောဆို ခဲ့သောဘုရားသခင်၏ ကောင်းမြတ်သောစကားတော်ကို ယုံကြည်ခဲ့သည် နှင့်တပြိုင်နက် သခင် ယေရှုသည် သူမ၌ပဋိသန္ဓေတည်လေသည်။ ထိုနည်းတူ၊ ဖြောင့်မတ်သော သူများသည် ယုံကြည်ခြင်းအားဖြင့် သူတို့၏နှလုံးသားများတွင် သတင်း ကောင်းသန္ဓေတည်လေသည်။
“အကြောင်းမူကား ကိုယ်တော်သည် မိဒျန်လူမျိုးလက်မှကယ်တင်ခဲ့စဉ်က ပြုသကဲ့သို့ သူထမ်းရသောထမ်းပိုး၊ သူ့ကျောကိုရိုက်သောတုတ်၊ သူ့ကိုညှဉ်းဆဲသောကြိမ်လုံးတို့ကို ချိုးတော်မူပြီ”(ဟေရှာယ ၉း၄)။ စာတန် သည် ကျွန်ုပ်တို့ဘဝတွင် ပရိဒေဝ၊ ဖျားနာခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများဖြစ် စေခဲ့သော်လည်း ကျွန်ုပ်တို့သည် စာတန်ကို အောင်နိုင်ရန် ခွန်အားချည့် နည်းခဲ့ကြသည်။ သို့သော် ဘုရားသခင်က ကျွန်ုတို့ကို ချစ်ပြီးစာတန်ကို တိုက်ခိုက်ခဲ့ကာ အောင်မြင်ခဲ့ပြီးဖြစ်သည်။
“အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် ယခုမှစ၍ နောင်ကာလအစဉ် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝ ရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်” (ဟေရှာယ ၉း၆-၇)။ 
သခင်ယေရှုယူဆောင်လာခဲ့သော သတင်းကောင်းအားဖြင့် သူ၏သား သမီးများအဖြစ် ဘုရားသခင်က ကျွန်ုပ်တို့အား ဂုဏ်ပြုလိမ့်မည်ဟု ကတိ တော်ပေးခဲ့သည်။ သူ၏ကတိတော်မြတ်အတိုင်း သူသည် စာတန်ကိုအောင် မြင်ခဲ့ပြီး၊ ကျွန်ုပ်တို့ ကိုစာတန်၏တန်ခိုးမှရွေးနှုတ်ခဲ့ပါသည်။
သခင်ဘုရားသည် လောကသို့ကြွဆင်းလာခဲ့ပြီး၊ သူ၏တန်ခိုးတော် က အပြစ်မှောင်မိုက်တန်ခိုးများအားလုံးကို ယူဆောင်သွားရန် ကတိပြုခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ဘုရားကို အလွန်အံ့သြဘွယ် ကောင်းသည်ဟုခေါ်ရခြင်း ဖြစ်သည်။ သူက ကျွန်ပ်တို့အတွက်အလွန်အံ့သြ ဖွယ်ကောင်းသောအရာများစွာပြုခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် လူ သားတစ်ဦးအဖြစ်ဤ လောသို့ကြွဆင်းရန်ဆုံးဖြတ်ချက်သည် အလွန်လျှို့ ဝှက်ချက်တစ်ခုဖြစ်သည်။ “ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော် လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်” (ဟေရှာယ ၁း၁၈)။ 
ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်နှင့် ထာဝရခွင့်လွတ် ခြင်းအခွင့်ပေးရန် ဘုရားသခင်က ကျွန်ုပ်တို့အားကတိပေးခဲ့သည်။ သခင် ယေရှုကို အလွန်အံ့သြဖွယ်ကောင်းသောပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းထားပါ သည်။ ထိုနည်းတူ၊ သူသည် ကျွန်ုပ်တို့အတွက် အလွန်အံ့သြဖွယ်ကောင်း သော နိမိတ်လက္ခဏာများပြုခဲ့သည်။ "သူ၏နာမတော်သည် တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားဖြစ်သည်။" ဘုရားသခင်သည် ကျွန်ုပ်တို့တိုင်ပင် ဖော်တိုင်ပင်ဘက်ဖြစ်ဖြစ်သည့်နည်းတူ၊ သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းစီမံခဲ့ပြီး၊ ကျွန်ုပ်တို့အပြစ်များမှ ထာဝရကယ်တင်ရန် သူ၏ အကြံအစဉ်များအကောင်အထည်ဖော်စေခဲ့သည်။
ဘုရားသခင်၏မိုက်မဲမှုသည် လူတွေထက်သာသည်။ ကျွန်ုပ်တို့အပြစ် များအားလုံးမှကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် သခင်ယေရှုသည် ယော ဟန်အားဖြင့် ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင်သေခံခြင်းသည် ဘုရား သခင်၏ညာဏ်ပညာ ပင်ဖြစ်သည်။ သူတို့သည်ကျွန်ုပ်တို့အတွက်အသေ ခံခြင်းသည် လျှို့ဝှက်ဆန်းကျယ် သောလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ သို့ သော် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ် တို့ကိုကယ်တင်ပေးသောအရာ သည် ချစ်ခြင်းမေတ္တာ၏ပညတ်ပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၏ပညတ် သည် ရေနှင့်ဝိညာဉ်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ရရှိရန်ကျွန်ုပ်တို့ ကိုလမ်းပြပို့ဆောင်ပေးသော သမ္မာတရား၏သတင်းကောင်း ဖြစ်သည်။
ဟေရှာယ ၅၃း၁၀ တွင် ဘုရားသခင်က “ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိ ညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေး ဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်”ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် ဘုရားသခင်၏အလိုတော်အတိုင်းလုပ်ဆောင်ရန် အပြစ် အတွက် သူ၏ဝိညာဉ်ကို ပူဇော်ခဲ့ပါသည်။ ဘုရားသခင်က သူ၏သားတော် သခင်ယေရှုခရစ်တော်အပေါ် လောကသားများ၏အပြစ်များကိုလွှဲပြောင်း ပေးခဲ့ပြီး၊ သူတို့အတွက် တရားစီရငခြခံရန် ကားတိုင်တင်သတ်ခြင်းဝေဒနာ ကိုခံစားစေခဲ့သည်။လူသားများသည် တကြိမ်တည်းဖြင့် ထာဝရလုံလောက် သောအပြစ်လွတ်ခြင်းအခွင့်ရရှိရန်ကယ်တင်ပေးခဲ့သောအရာသည်သတင်း ကောင်းပင် ဖြစ်လေသည်။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက်၄င်း၊ အပြစ် ၏အခအတွက်၄င်း၊ ကယ်တင်ခြင်းနှင့် အတူကောင်း ချီးခံစားရန်အတွက် ၄င်း သူ၏ဘဝပေးအပ်ခဲ့သည်။
 

ဘုရားသခင်၏ယဇ်ပူဇော်ခြင်းစနစ်

ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်းက အပြစ်မည်မျှယူဆောင်သွားခဲ့သနည်း
မူလအစကနဦးမှ အ ဆုံးထိတိုင်ဖြစ် သောအတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ်အပြစ်များ အားလုံးဖြစ်ပါသည်
တစ်ကြိမ်လျှင်တစ်ရက်အပြစ်များခွင့်လွတ်ခြင်းအတွက် အကျုံး ဝင် သောယဇ်ပူဇော်ခြင်းကို သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါသည်။ အပြစ် သားတစ်ဦးသည် အနာအဆာကင်းမဲ့သောသိုးတစ်ကောက်ကိုယူလာပြီး သူ၏အပြစ် များထိုသိုးအပေါ်သို့လွှဲပြောင်းပေးရန်အတွက် တိရစ္ဆာ၏ဦး ခေါင်းပေါ်တွင် လက်တင်ရမည် ဖြစ်သည်။ ထိုနောက်သူသည် ယဇ်ကောင် ကိုသတ်ပြီး ၄င်း၏အသွေးကို ယဇ်ပရောဟိတ်ထံပေးအပ်ရမည်ဖြစ်သည်။ ယဇ်ပရောဟိတ်သည် တိရစ္ဆာန်၏အသွေးအချို့ကို ယူပြီး မီးရှို့ရာယဇ် ပလ္လင်၏ဦးချိုများပေါ်တွင်တင်ထားကာ ကျန်သေးသောအသွေးများကို ယဇ်ပလ္လင်အောက်ခြေတွင် ဖြန်းထားရမည်ဖြစ်သည်။
ဤနည်းလမ်းအားဖြင့် သူသည် တစ်ရက်ပြုမိသောအပြစ်များခွင့် လွတ်ခြင်း ရရှိနိုင်ခဲ့သည်။ လက်တင်ခြင်းသည် အပြစ်သားတစ်ဦးက သူ၏ အပြစ်များကို ယဇ်ကောင်ပေါ်တွင်လွှဲပြောင်းပေးသောနည်းလမ်းဖြစ်သည်။ ယဇ်ပူဇော်ခြင်းစနစ်နှင့် ညီညွတ်သောယဇ်ပူဇော်ခြင်းပြုသောသူများသည် သူတို့အပြစ်များလွတ်ခြင်း အခွင့်ရရှိနိုင်ခဲ့သည်။ ယဇ်ပူဇော်ခြင်းစနစ်သည် သခင်ယေရှုက အပြစ်အားလုံးမ ယူဆောင်မီအချိန်က ကျွန်ုပ်တို့အပြစ်များ အတွက် အပြစ်ဖြေလွတ်ခြင်းရရှိစေသောနည်းစနစ်ဖြစ်သည်။
ဘုရားသခင်က ဣသရေလလူမျိုးများအတွက် အပြစ်ဖြေရာနေ့ကို သတ်မှတ်ပေးခဲ့သည်။ သို့မှသာသူတို့သည် တစ်နှစ်လုံးအတွက်ကျူးလွန်ခဲ့ မိသောအပြစ်များအတွက် အပြစ်ပူဇော်ရာယဇ်ကိုပြုနိုင်ကြမည်ဖြစ်သည်။ ယဇ်ပူဇော်ခြင်းကို ခုနစ်လပိုင်းဆယ်ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်သည်။ ဣသရေလလူမျိုးအား လုံး၏အပြစ်များကို ယဇ်ကောင်အပေါ်လွှဲပြောင်း ပေးရန်အတွက် ယဇ်ပရောဟိတ်ကြီးအာရုန်ကို ဘုရားသခင်ကခန့်ထားခဲ့ သည်။ ယဇ်ပူဇော်ခြင်းအစီအစဉ်ကို ဘုရားသခင်၏အစီအစဉ်နှင့်အညီလုပ် ဆောင်ရမည်ဖြစ်သည်။ အပြစ်များခွင့်လွတ်ခြင်းသည် ဘုရားသခင်၏ ပညာတော်နှင့် လူသားအပေါ်သူထားရှိသောချစ်ခြင်း မေတ္တာအားဖြင့်ရ ရှိခဲ့သည်။
"မီးရှို့ရာယဇ်ပလ္လင်၏ဦးချို"သည် "တရားစီရင်ခြင်းစာအုပ်များ" (ဗျာ ဒိတ် ၂၀း၁၂) အဖြစ်ရပ်တည်ပါသည်။ ထိုစာအုပ်ထဲတွင် လူသားအားလုံး၏ အပြစ်များကို မှတ်တမ်းတင်ထားပါသည်။ ယဇ်ပရောဟိတ်သည် မီးရှို့ရာ ယဇ်ပလ္လင်၏ဦးချိုပေါ်တွင် အပြစ်၏အသွေးထားရှိခြင်းသည် တရားစီရင် ခြင်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသောသူတို့ နာမည်များနှင့် လွန် ကျူးမိသောအပြစ်များကိုဖျက်သိမ်းရန် အတွက် ဖြစ်ပါသည်။ အသွေးသည် ခန္ဓာကိုယ်အားလုံး၏အသက်ဖြစ်ပါသည်။ ယဇ်ပူဇော်ခြင်းက ဣသရေလ လူမျိုးများအားလုံး၏အပြစ်များကိုယူဆောင်သွားခဲ့ပြီး၊ အပြစ်၏အခပေး ဆပ်ရန် ယဇ်ကောင်ကိုသတ်ခဲ့သည်။ ယဇ်ကောင်ကို သတ်ခြင်းအားဖြင့် ဘုရားသခင်က သူတို့၏အပြစ်များကို ခွင့်လွတ်ခဲ့ပါသည်။ ဤ အမှုအရာ သည် ဘုရားသခင်၏ပညာတော်နှင့် ကျွန်ုပ်တို့အပေါ်ထားရှိသောချစ် ခြင်း မေတ္တာ ဖြစ်သည်။
ဘုရားသခင်၏အကြံအစဉ်တော်များပြည့်စုံရန်အဖို့အလို့ငှါ သခင်ယေ ရှုသည် အပြစ်အတွက်ယဇ်ပူဇော်ခြင်းခံရန် ဤလောကသို့ကြွလာခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုသည် သူ၏ယဇ်ပူဇော်ခြင်းအားဖြင့် လောကလူသား များ၏အပြစ်များကို ယူဆောင်သွားခဲ့ပြီးဖြစ်သည်။ ဤကတိတော်၏စကား လုံးများကိုကြည့်လျှင် "ဘုရား သခင်ကသူ့ကိုနှိပ်စက်ခြင်းငှါအလိုတော်ရှိ သည်။ နာကျင်ခြင်းဝေဒနာခံစားစေခြင်းငှါအလိုတော်ရှိသည်" (သို့) "သူ သည်လူသားများအားလုံး၏အပြစ်များကိုယူဆောင်သွားခဲ့သည်"ကို ကျွန်ုပ် တို့တွေ့ရှိသည်။
“အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ 7သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် ယခုမှစ၍ နောင်ကာလအစဉ် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်” (ဟေရှာယ ၉း၆-၇)။ 
လျှို့ဝှက်ဆန်းကျယ်ပြီး အံ့သြဖွယ်ကောင်းသောကတိတော်သည် သခင်ယေရှုသည် ဘုရားသခင်၏အလိုတော်ကို သယ်ဆောင်သွားခဲ့ပြီး၊ လောကလူသားများ၏အပြစ်များကိုယူဆောင်သွားခြင်းအားဖြင့် ယုံကြည် သူ များအားလုံးကိုငြိမ်သက်ခြင်းပေးအပ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဂတိတော်သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောဂတိတော်ဖြစ်သည်။ ထိုဂ တိတော်အားဖြင့် လူသားအားလုံးအပေါ် ငြိမ်သက်ခြင်းယူဆောင်ရန် ဘုရား သခင်က ကြံစည်ခဲ့သည်။ ဤအမှုအရာသည် ကျွန်ုပ်တို့ အားဘုရားသ ခင်ပေးသောဂတိတော်ဖြစ်ပြီး၊ ဤအမှုအရာသည် သူပြုလုပ်ခဲ့သောအရာ ဖြစ်သည်။ 
မဿဲ ၁း၁၈ တွင် “ယေရှုခရစ်တော်၏ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ကိုယ်တော်၏မယ်တော်မာရိသည်ယောသပ်နှင့်စေ့စပ်ထား၍ ပေါင်း ဖက်နေထိုင်ခြင်းမပြုမီ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်သည်ကို တွေ့ရ၏”ဟု ဖော်ပြထားပါသည်။ "ယေရှု" အနက်အဓိပ္ပါယ်သည် ကယ်တင်ရှင်၊ သူ၏လူများကိုအပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သည်။ "ခရစ် တော်" အနက်အဓိပ္ပါယ်သည် ရှင်ဘုရင်၊ ဘိသိက်ခြင်းခံသောရှင်ဘုရင် ဖြစ်သည်။သခင်ယေရှုမှာ အပြစ်လုံးဝမရှိပေ။ သူသည် သူ၏လူများကို သူတို့အပြစ်များမှကယ်တင်ရန်အတွက် အပျိုကညာမှဘွားမြင် ခြင်းခံခဲ့ သော ကျွန်ုပ်တို့ရှင်ဘုရင်နှင့်ကယ်တင်ရှင်ဖြစ်သည်။
“သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။ဤအရာအားလုံးဖြစ်ပျက်သည်မှာ ထာဝရဘုရားက 23“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း” (မဿဲ ၁း၂၁-၂၂)။
 

သခင်ယေရှုသည် သူ၏ဗတ္တိဇံခံတော်မူခြင်းအားဖြင့် လောကလူ သားများ၏ အပြစ်များအားလုံးကို ယူဆောင်သွားခဲ့သည်

မဿဲ ၃း၁၃-၁၆ တွင် “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော် မူ၏။ သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။ ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏” ဟုရေး သားထားပါသည်။ 
ဤကျမ်းပိုဒ်တွင် ဗတ္တိဇံဆရာယောဟန်ပေါ်လာသည်။ သခင်ယေရှု သည် အဘယ်ကြောင့်ယောဟန်အားဖြင့်ဗတ္တိဇံခံခဲ့ရသနည်း။ ဘုရားသခင် ၏အကြံအစဉ်တော်အတိုင်း သခင်ယေရှုသည် လောကတွင်ရှိသောအပြစ် အားလုံးယူဆောင်သွားရန်နှင့် အဝေးသို့သယ်ဆောင်သွားရန်အတွက် သူ သည် ဗတ္တိဇံခံရမည် ဖြစ်သည်။
“ထိုသူသည်အုပ်စိုးခြင်း အာဏာရှိလိမ့်မည်” (ဟေရှာယ ၉း၆)။ ဤစ ကားစုတွင် "အုပ်စိုးခြင်း" ဆိုသည်မှာ သခင်ယေရှုသည် ကောင်းကင်နိုင်ငံ တော်၏သခင်အဖြစ်၄င်း၊ လောက၏ရှင်ဘုရင်အဖြစ်၄င်း သြဇာအာဏာနှင့် တန်ခိုးရှိသော ပုဂ္ဂိုလ်ဖြစ်သည်ကိုဆိုလိုသည်။ သခင်ယေရှုခရစ်တော်အ ပေါ်၌သာပေးထားသော အခွင့်အာဏာဖြစ်သည်။ လူသားအားလုံး၏အပြစ် များကိုယူဆောင်ရန်အတွက် သခင်ယေရှုသည် အံ့သြဖွယ်ကောင်းသောနိ မိတ်လက္ခဏာများစွာပြုခဲ့သည်။ သခင်ယေရှုပြု ခဲ့သောဤအံသြဖွယ်နိ မိတ်လက္ခဏာသည်ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်းပင် ဖြစ်သည်။ "အ လုံးစုံသောတရားတို့ကို ကျွန်ုပ်တို့အတွက်အကုန်အစင်ကျင့် သင့်သည်" ဟုသခင်ယေရှုပြောခြင်းသည် လောကလူသားများ၏အပြစ် များအားလုံး သူယူဆောင်သွားခြင်းသည် တရားသောအမှုနှင့် သင့်တော်သောအမှု ဖြစ် သည်ကိုဆိုလိုသည်။
ရောမ ၁း၁၇ တွင် “အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏”ဟု ဖော်ပြထားပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ဧဝံဂေလိတရားအားဖြင့်ထင်ရှား လျက်ရှိ သည်။ စစ်မှန်သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရား သခင် ၏ဖြောင့်မတ်ခြင်းတရားကိုအမှန်ထင်ရှားစေသလား။ ထင်ရှားစေပါသည်။ သခင်ယေရှုခရစ်တော်သည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ် တွင်အ သေခံခြင်းအားဖြင့် လောကီသားများ၏အပြစ်အားလုံးကို ယူ ဆောင်သွားခဲ့ ခြင်းသည် စစ်မှန်သောသတင်းကောင်းဖြစ်သည်။ ရေနှင့်ဝိ ညာဉ်တော်သ တင်းကောင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ထင်ရှားစေ သောသတင်းကောင်းဖြစ်သည်။ လောကသားများ၏အပြစ်များ အားလုံးကို သခင်ယေရှုက မည်ကဲ့သို့ယူဆောင်သွားခဲ့သနည်း။ ယောဒန် မြစ်တွင် ယောဟန်၏ဗတ္တိဇံကိုခံယူခြင်းအားဖြင့် သခင်ယေရှုသည် လောကီ သား များ၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့သည်။
"ဖြောင့်မတ်ခြင်းတရားအားလုံး"သည် ဂရိဘာသာစကားအားဖြင့် “πᾶσαν δικαιοσύνην (pasan dikaiosune)” ဖြစ်ပါသည်။ ဤစကား စု၏ဆိုလိုချက်မှာ သခင်ယေရှုသည် လူသားအားလုံး၏အပြစ်များကိုဖြောင့် မတ်ခြင်းတရားနှင့်အလွန် အံ့သြဖွယ်ကောင်းသောနည်းလမ်းအားဖြင့် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ၄င်း၏အဓိပ္ပါယ်မှာ လောကလူသားများ၏ အပြစ်များအားလုံးကို သခင်ယေရှုဆေးကြောခြင်းသည် လုံးဝဥဿုံတရား သောအမှုဖြစ်ခြင်း ဖြစ်သည်။ လောကလူသားများ၏အပြစ် များကိုပယ် ဖျက်ရန်အတွက် သခင်ယေရှုသည် ယောဟန် အားဖြင့်ဗတ္တိဇံခံယူရမည် ဖြစ်သည်။ 
လူသားများအပေါ်ငြိမ်သက်ခြင်းယူဆောင်နိုင်ရန်အတွက် သခင်ယေရှု သည် ဗတ္တိဇံခံယူရန် မရှိမဖြစ်လိုအပ်သည်ကို ဘုရားသခင်ကသိရှိခဲ့သည်။ သခင် ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံမခံယူဘဲ ကားတိုင်ပေါ်တွင် အသွေးတော်မသွန်းလောင်းခဲ့လျှင် သူသည် ကျွန်ုပ်တို့ကယ်တင်ရှင်မဖြစ် လာနိုင်ပေ။ လောက လူသားများ၏အပြစ်များယူဆောင်သွားခြင်းအတွက် သခင်ယေရှုသည် အပြစ်တရားနှင့်ဆိုင်သောယဇ်ပူဇော်ခြင်းအမှုပြုခဲ့သည်။ 
ဟေရှာယ ၅၃း၆ တွင် ဘုရားသခင်က “ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘု ရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏”ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ရန်အတွက် သခင်ယေရှုသည် လောကလူသားများ၏ အပြစ်များအားလုံးကို လက်ခံရ မည်ဖြစ်သည်။ ဤအကြောင်းကြောင့် သခင်ယေရှုသည် အပြစ်ပူဇော်ရာ ယဇ်ကောင်အဖြစ် ခန္ဓာကိုယ်ရှိသောလူသားတစ်ဦးအဖြစ် ကြွဆင်းလာပြီး ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်း ဖြစ်ပါသည်။
သခင်ယေရှုသည်ဘုရားသခင်၏စီမံကိန်းများပြည့်စုံစေရန်နှင့် သူ၏ နှိုင်းတုမရသောချစ်ခြင်းမေတ္တပြသရန်အတွက် လောကလူသားများ၏အ ပြစ်များအားလုံးကို လက်ခံကာ သူတို့အတွက်တရားစီရင်ခြင်းခံယူရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူပြီး ရေပေါ်မှထလာသောအခါ ဘု ရားသခင်က "ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း" (မဿဲ ၃း၁၇) ဟု မိန့်တော်မူခဲ့သည်။
 

ကျွန်ုပ်တို့အဖို့သူငယ်တော်ဘွားမြင်ခြင်းခံခဲ့သည်

“အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်” (ဟေရှာယ ၉း၆)။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ် သည်။ သခင်ယေရှုသည် စင်္ကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူသော ဘုရားဖြစ်သည်။ သူသည် တန်ခိုးကြီး သောဘုရားသခင်၏သားတော်ဖြစ်သည်သာမက ဖန်ဆင်း ရှင်နှင့် ငြိမ်သက်ခြင်းဘုရင်လည်းဖြစ်ပါသည်။ သခင်ယေရှုသည် လူသား များအပေါ်ပျော်ရွှင်ခြင်းကိုပေး အပ်သောဘုရားဖြစ်သည်။
သခင်ယေရှုသည် သမ္မာတရား၏ဘုရားဖြစ်သည်။ သူသည် ကျွန်ုပ်တို့ အပြစ်များအလုံးကိုယူဆောင်သွားခဲ့ပြီး၊ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ကာ ကျွန်ုပ် တို့ကို ငြိမ်သက်ခြင်းပေးခဲ့သည်။ ဤလောကမှာအပြစ်တရားရှိသေးသ လား။ မရှိတော့ပါ။ အပြစ်တရားမရှိတော့ပါ။ အပြစ်မရှိတော့ချေဟု ကျွန်ုပ် တို့သည် ရဲရဲဝံ့ဝံ့ ပြောနိုင်ခြင်းအကြောင်းမှာ သခင်ယေရှုသည် သူ၏ဗတ္တိဇံ ခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် အသွေးတော်သွန်းလောင်းခဲ့ခြင်း အား ဖြင့် လောကသားများ၏အပြစ်များအားလုံးကို သူယူဆောင်သွားခဲ့ သည်ဟု ပြောသောသတင်းကောင်းကို ကျွန်ုပ်တို့ယုံကြည်ခဲ့ကြသောကြောင့် ဖြစ် သည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို မလိမ်ခဲ့ပေ။ သခင်ယေရှု သည် သူ၏ ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် အပြစ်၏အခကိုပေး ဆပ်ခဲ့ပြီး ဖြစ်သည်။ ဤအကြောင်းကိုယုံကြည်သောသူများအပေါ် သူ၏ သားသမီး များဖြစ်ရသော အခွင့်ကိုပေးခဲ့ပြီး ကျွန်ုပ်တို့အားလုံးအပေါ်ငြိမ် သက်ခြင်း ပေးခဲ့သည်။ သူသည် ကျွန်ုပ်တို့အားယုံကြည်ခြင်းအားဖြင့် သူ၏ သန့်ရှင်း စင်ကြယ်စေသောသားသမီးများ အဖြစ်ထာဝရအသက်ရှင်စေခဲ့ သည်။
 

ဤလောက၏အပြစ်များကိုယူဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်တော်ကိုကြည့်လော့

ယေဟန် ၁း၂၉ တွင် “နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် လောက၏ အပြစ်များကိုယူဆောင်သွားခဲ့ပြီး နောက်တနေ့တွင် ဗတ္တိဇံဆရာယောဟန် ရှေ့တွင် တဖန်ထင်ရှားခဲ့သည်။ “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ပြောခြင်းအားဖြင့် ဗတ္တိဇံဆရာ ယောဟန်သည် သခင်ယေရှုအကြောင်းကို သက်သေခံခဲ့သည်။ သူက ယောဟန် ၁း၃၅-၃၆ တွင် တဖန်သက် သေခံခဲ့ပါသည်။ “နောက်တစ်နေ့၌ ယောဟန်သည် တစ်ဖန် မိမိ၏တပည့်နှစ်ဦးတို့နှင့်အတူ ရပ်နေစဉ် 36ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။
ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းထဲတွင်ဂတိတော်ထားခဲ့သည့်အ တိုင်း သခင်ယေရှုသည် ဘုရားသခင်၏သိုးသငယ်တော်အဖြစ်ကြွဆင်းလာ ခဲ့သော မေရှိယ ဖြစ်သည်။ မေရှိယသခင်ယေရှုခရစ်တော်သည် အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားအဖြစ်ဤလောကသို့ကြွဆင်းလာ ခဲ့ပြီး ကျွန်ုပ်တို့အပြစ်များ အားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်ရန် ဗတ္တိဇံခံယူ ခဲ့သည်။ သူငယ်သည် ကျွန်ုပ်တို့အတွက် ဘွားမြင်ခြင်းကိုခံခဲ့သည်။ သူ သည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်းအားဖြင့် လောကအပြစ်များအား လုံးကို လက်ခံခဲ့ပြီး၊ အပြစ်၏အခကိုပေးအပ်ခဲ့ကာ ကျွန်ုပ်တို့အား ငြိမ် သက်ခြင်းနှင့်ကျွန်ုပ်တို့အပြစ်များအားလုံးချေဖျက်ပေး ခဲ့သောငြိမ်သက် ခြင်း၏အရှင်ဖြစ်သည်။ “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။”
လူသားများသည် သူတို့၏အပြစ်တရားများအတွက် သေခြင်းတရား ကလွှဲ၍အခြားရွေးချယ်စရာတစ်ခုမှမရှိပေ။ လူသားများသည် အပြစ်သား များ ဖြစ်ကြသောကြောင့် မရေတွက်နိုင်သောအပြစ်လွန်ကျူးခြင်းဦးတည် နေကြပြီး၊ အမှန်မှာတော့ ငရဲထဲသို့တရားစီရင်ခြင်းခံရမည် ဖြစ်ပါသည်။ သူတို့သည် စိတ်ပျက်နုံခြာဖွယ်ကောင်း သောအသက်တာများအားဖြင့် အသက်ရှင်ကြသည်။ သူတို့၏အားနည်းချက်များကြောင့် သူတို့သည် ဘု ရားသခင်၏နိုင်ငံတော်ကို မည်သူကမှ မဝင်စားနိုင်ပေ။ အိပ်မက်တောင်မ မက်ရဲခဲ့ကြပေ။ ကျွန်ုပ်တို့ဘုရား၊ သခင်ယေရှုခရစ်တော်သည် ယောဒန်မြစ် တွင် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်းအားဖြင့် သူတို့၏အပြစ်တရားများ ကို လက်ခံခဲ့ပြီး၊ သူတို့ပြုမှားသောအမှားများအတွက်တရားစီရင်ခြင်းခံရန် ကားတိုင်တင်သတ်ခြင်းခံခဲ့သည်။ သူအသေခံသောအခါ ခရစ်တော်က "အမှုပြီးပြီ" (ယောဟန် ၁၉း၃၀) ဟု ပြောခဲ့သည်။ ၄င်းသည်သခင်ယေ ရှုသည် လူသားများကို သူတို့အပြစ်များနှင့်သေခြင်းတရားမှကယ်တင်ခဲ့ ကြောင်း နှင့်သတင်းကောင်းကိုယုံကြည်သောသူများကို လုံးလုံးလျားလျား ရွေးနှုတ်ကယ် တင်ခဲ့ပြီဖြစ်ကြောင်း သူ၏သက်သေခံငိုကြွေးခြင်းပင် ဖြစ် သည်။
“ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသ ခင်၏သိုးသငယ်တော်ပေတည်း။” လောက၏အပြစ်များအားလုံးမည်သည့် နေရာတွင်ရှိသည်ကို မိတ်ဆွေသိသလား။ ၄င်းတို့သည် သခင်ယေရှုခရစ် တော်၏ ကိုယ်ခန္ဓာပေါ်တွင် ရှိသလား။ ဤလောကတွင် ကျွန်ုပ်တို့အားနှိမ့် ကျစေ သောအပြစ်တရားများအားလုံးနှင့် ဥပဒေချိုးဖောက်ခြင်းအပြစ် များသည် အဘယ်အရပ်မှာရှိသနည်း။ ၄င်းတို့ကို သခင်ယေရှုခရစ်တော်အ ပေါ်မှာ လွှဲပြောင်းခဲ့သလား။ ကျွန်ုပ်တို့အပြစ်များအား လုံးအဘယ်မှာရှိ သနည်း။ ၄င်းတို့သည် လူ့ဇာတိအားဖြင့်ကြွဆင်းလာသောပုဂ္ဂိုလ်၏ပခုံး ပေါ်တွင် ရှိသည်။ ၄င်းတို့သည်တန်ခိုးကြီးသောဘုရား၏အသွေးအသား ထဲ၌ရှိသည်။
 

မွေးစမှသင်္ချိုင်းအထိအပြစ်များအားလုံး

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘဝတလျှောက်အပြစ်ကျူးလွန်ကြသည်။ ကျွန်ုပ်တို့သည် မွေးစကတည်းကစပြီ အသက် ၂၀ နှစ်အထိ အပြစ်ကျူး လွန်ကြသည်။ အနှစ် ၂၀ အတွင်း ကျူးလွန်သောအပြစ်များအားလုံး မည်သည့်နေရာအရပ်သို့ ရောက်သွားခဲ့သနည်း။ ထိုအပြစ်များကို သခင် ယေရှုခရစ်တော်၏ကိုယ်ခန္ဓာပေါ်သို့ လွှဲပြောင်းခဲ့ပြီးဖြစ်သည်။ အသက် ၂၀ မှ ၄၀ အကြား ကျူးလွန်ခဲ့သော အပြစ်များကိုလည်း သခင်ယေရှုထံသို့လွှဲ ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှပင် အသက်ရှင်ပါစေ သူမွေးသောအချိန်မှစ၍သေသည့်အထိတိုင် ကျူးလွန်ခဲ့ပြီးသောအပြစ်များ အားလုံးကို သခင်ယေရှုခရစ်တော်ထံသို့ လွှဲပြောင်းသွားခဲ့ပြီး ဖြစ်သည်။ ဤလောကတွင်ရှိသောအာဒံမှစ၍နောက်ဆုံးသောသူအထိ လူသားအား လုံးကျူးလွန်ခဲ့ကြသောအပြစ်များကို သခင်ယေရှုထံသို့လွှဲပြောင်းခဲ့ ပြီးဖြစ် သည်။ကျွန်ုပ်တို့သားသမီးများနှင့်မြေးမြစ်များ၏အပြစ်များကိုတောင်သခင် ယေရှုထံသို့လွှဲပြောင်းသွားခဲ့ပြီး ဖြစ်သည်။ သခင်ယေရှုဗတ္တိဇံခံယူစဉ်တွင် အပြစ်အားလုံးကို သူ့အပေါ်သို့လွှဲပြောင်း သွားခဲ့ပြီးဖြစ်သည်။
ဤလောကတွင် အပြစ်များရှိသေးသလား။ မရှိတော့ပေ။ တစ်ခုမှမ ကျန်တော့ပေ။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ပေးခဲ့သော သတင်း ကောင်းကိုယုံ ကြည်ခဲ့ကြသောကြောင့် လောကတွင်အပြစ်တစ်ခုမျှမကျန် တော့ပေ။ မိတ်ဆွေ၏ နှလုံးသားမှာအပြစ်ရှိသလား။ မရှိတော့ပေ။ အာမင်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်အားလုံးမှာ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ပြီ ဟူသောသတင်းကောင်းကို ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ဤအံ့သြဖွယ်ကောင်း သောအမှုကိုပြုပေးသောကြောင့် တန်ခိုးကြီးသောယေရှုကို ကျွန်ုပ်တို့ချီးမွမ်းကြပါသည်။ 
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ပျောက်ဆုံးသောဘဝများကို ကျွန်ုပ်တို့ထံပြည်လည်ပေးအပ်ခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် သတင်း ကောင်းကို ယုံကြည်ကြသောအကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အ တူအသက်ရှင်နိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ရန်သူများ၊ မှောင်မိုက် တောကလွဲ၍အခြား ရွေးချယ်စရာမရှိသောအပြစ်များပင်လျှင် သတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် ယခုတွင် သူတို့၏အပြစ်များမှလွတ် မြောက်ခြင်းရရှိနိုင်သည်။ 
သခင်ယေရှုသည် ယောဟန်အား ဖြင့်ဗတ္တိဇံခံယူစဉ်တွင်၄င်း၊ ကား တိုင်တင်သတ်ခြင်းခံပြီး သေခြင်းမှရှင်ပြန်ထမြောက် သောအချိန်တွင်၄င်း သူသည် ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောပေးဟု သတင်းကောင်းက ကျွန်ုပ်တို့အား သွန်သင်ထားသည်။ သခင်ယေရှု၏သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သန့်ရှင်းစင်ကြယ်သော သားသမီးများဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့အပြစ်များအတွက် သခင်ယေရှု သည် မိမိခန္ဓာကိုယဇ်ပူဇော်ခြင်းအဖြစ် ပူဇော်ခဲ့ပါသည်။ သူသည် တန်ခိုး ကြီးသောဘုရားသခင်၏သားတော်ဖြစ်ပြီး၊ ဤလောကတွင်သေးငယ်သော အပြစ်တစ်ခုမျှမပြုခဲ့ပေ။ သူသည် လောက အပြစ်များအားလုံးယူဆောင် သွားခဲ့ပြီး၊ သူ့ကိုယုံကြည်သောသူများကို ကယ်တင်ခဲ့သည်။ ဟေရှာယ ၅၃း၅ တွင် “သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်ကင်းလျက်ရှိကြ၏”ဟု ဖော်ပြထားပါသည်။
သခင်ယေရှုသည် ဗီဇအပြစ်နှင့် ဒုစရိုက်အပြစ်များအပါအဝင် လော ကအပြစ်များအားလုံးကိုယူဆောင်သွားခဲ့ပြီး၊ ကျူးလွန်ခြင်းအပြစ်တစ်ခုကို မျှ မချန်ထားခဲ့ပေ။ သူသည် သူ၏သေခြင်းအားဖြင့်အပြစ်၏အခများကို ပေးဆပ်ပေးခဲ့ပြီး၊ ၄င်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်။ ဤသတင်းကောင်းအားဖြင့် လောကအပြစ်များအားလုံး ကို သခင်ယေရှုက ဆေးကြောခဲ့သည်။ သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့ သည် အသစ်သောအသက်တာကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ ဤသတင်း ကောင်းကို ယုံကြည်သောသူများသည် ဝိညာဉ်သေခြင်း၌ လုံးဝမရှိတော့ ကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ပေးဆပ်ကျေး အေးစေခဲ့ပြီးဖြစ်သောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် အသစ်သောဘဝ နှင့် ထာဝရအသက်ကိုပိုင်ဆိုင်ကြသည်။ သခင်ယေရှု၏သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာ ကြသည်။
သခင်ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ဟု မိတ်ဆွေယုံ ကြည်သလား။ သူသည် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်ကြောင်းယုံကြည်သ လား။ ကျွန်တော်ယုံကြည်သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ အသက်ဖြစ်သည်။ သူအားဖြင့် ကျွန်ုပ်တို့သည်အသစ်သောအသက်တာကို တွေ့ရှိခဲ့ကြသည်။ ကျွန်ုပ်တို့အပြစ်များနှင့် ကျူးလွန်သောအပြစ်များ ကြောင့် ကျွန်ုပ်တို့သည် သေခြင်းသို့ ရှေ့ရှုနေခဲ့ကြသည်။ သို့သော် သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် အသေ ခံတော်မူခြင်းအားဖြင့် အပြစ်၏အခကိုပေးဆပ်ခဲ့ပါသည်။ သူက ကျွန်ုပ် တို့အား အပြစ်ကျေးကျွန်မှ၄င်း၊ သေခြင်းတရား၏တန်ခိုးမှ၄င်း၊ စာတန်၏ ချည်နှောင်ခြင်းမှ၄င်း ကယ်တင်ခဲ့သည်။
သခင်ဘုရားသည် ကျွန်ုပ်တို့အပြစ်များမှကယ်တင်ခဲ့သောဘုရားဖြစ် ပြီး၊ သခင်ယေရှုကိုယုံကြည်သောသူများအားလုံး၏ကယ်တင်ရှင်ဖြစ်လာခဲ့ သည်။ ဟေဗြဲ ၁၀း၁၀-၁၂၊ ၁၄ နှင့် ၁၈ တို့ကို ကျွန်ုပ်တို့ကြည့်သောအခါ သခင်ဘုရားသည် ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်စေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်။ ထိုကြောင့် အပြစ်လွတ်ခြင်းရရှိရန် လုပ်ဆောင်စရာဘာမှ မလိုအပ်တော့ပေ။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ် တို့အပြစ်များနှင့်ကျူးလွန်မှုများကြောင့် သေရမည့်သူများ ဖြစ်ကြသည်။ သို့သော် ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အ သွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ဝင် စားနိုင် ကြပြီး၊ ထာဝရပျော်ရွှင်သောအသက်တာပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်သည်။
“ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏” (ယောဟန် ၁၀း ၁၁)။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်း၊ ကားတိုင် တော်ပေါ်တွင်သူ ၏အသေခံ ခြင်းနှင့်သူ၏ရှင်ပြန်ထမြောက်ခြင်း အားဖြင့် လောကအပြစ် များမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် ဤလောကသို့ကြွလာခဲ့သည်။ ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များ ဆေးကြောခြင်း ခံသောသူများသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းကို သူပေး ထားသည်။ ကိုယ်တော်၊ ကိုယ်တော့်ကိုကျေးဇူးတင်ပါ၏။ ကိုယ်တော်၏သ တင်းကောင်းသည် ယုံကြည်သူများအား သန့်ရှင်း သောဝိညာဉ်တော်ကိန်း ဝပ်ခြင်း ပေးအပ်သောသတင်းကောင်းဖြစ်ပါ၏။ ဟာလေလုယ။ ဘုရားသ ခင်၏နာမတော်ကို ကျွန်တော်ချီးမွမ်းပါ၏။