Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-8] သန့်ရှင်းသောဝိညာဉ်တော်၏ အသက်စမ်းရေသည် မည်သူအားဖြင့် စီးဆင်းသနည်း (ယောဟန် ၇း၃၇-၃၈)

သန့်ရှင်းသောဝိညာဉ်တော်၏ အသက်စမ်းရေသည် မည်သူအားဖြင့် စီးဆင်းသနည်း
(ယောဟန် ၇း၃၇-၃၈)
“ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။”
 

မည်သူတွေကသန့်ရှင်းသော ဝိညာဉ်တော်၏သက်စမ်းရေကို သောက်နိုင်ကြသနည်း။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကား တိုင်တော်ပေါ်တွင် သူသွန်းလောင်း အသွေး တော်ယုံကြည်သောသူများ ဖြစ်သည်။

သတင်းကောင်းကိုယုံကြည်သောသူများ၏နှလုံးသားများမှ သန့်ရှင်း သော ဝိညာဉ်တော်၏သက်စမ်းရေစီးဆင်းလျက် ရှိသည်။ ယောဟန် ၇း၃၈ တွင် "ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေ ထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်" ဟုဖော်ပြထားပါသည်။ ကျွန်ုပ်တို့ထံ ဘုရားသခင်ပေးခဲ့သောသတင်းကောင်းကို ယုံကြည်သောသူများအတွက် စစ်မှန်သောကယ်တင်ခြင်းနှင့်အပြစ် ဆေးကြောခြင်းရှိသည်ဟု ဤကျမ်း ပိုဒ်က ဖော်ပြထားပါသည်။ 
မည်သည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိသနည်း ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့် သခင်ယေရှုခ ရစ်တော်သည် လောကအပြစ်များအားလုံးကို ယူဆောင်သွားခဲ့သည်ဟူ သောသတင်းကောင်းကို လူတစ်ဦးသည်ကြား၍ယုံကြည်သောအခါ သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်သည်။ ထိုနောက် သူသည် သန့် ရှင်းသောဝိညာဉ်တော်၏ သက်စမ်းရေကို သောက်နိုင်ပါသည်။ သတင်း ကောင်းကိုယုံကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ပိုင်ဆိုင် ပြီး၊ ဝိညာဉ်တော်သက်စမ်းရေလတ် လတ်ဆပ်အပ်စီးဆင်းခြင်းကိုတွေ့ကြုံ ခံစားနိုင်ပါသည်။ သူတို့သည် ဘုရားသခင်၏စကားတော်ကို ဟောပြော သောအခါတွင်ဖြစ်စေ၊ ကြားနာသောအခါတွင်ဖြစ်စေ သူတို့၏ခြောက်သွေ့ သောနှလုံးသားများ ပြန်လည်စိုစွတ်နိုင်သည်။
သခင်ယေရှုသည် အပြစ်သားအားလုံးကိုအပြစ်များမှကယ်တင်ရန် အတွက် ဤလောကသို့ကြွဆင်းလာသည်ဟူသော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်သောသူများ၏နှလုံးသားများမှ သန့်ရှင်းသောဝိ ညာဉ်တော်သက်စမ်းရေစီးဆင်းလာသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် သမ္မာတရားဖြစ်ပြီး၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့်ခွဲခြား၍မ ရပေ။ သူသည် ဘုရားသခင်၏နှုတ်ကပတ်တော် ကိုယုံကြည်သောသူများ အပေါ် ဆင်းသက်သည်။
သန့်ရှင်းသောဝိညာဉ်တော်၏အသက်စမ်းရေကို သောက်လိုသောသူ များသည် သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းခဲ့သောအသွေးတော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အ ပြစ်လွတ်ခြင်းရရှိရ မည်ဖြစ်သည်။ ဤသန့်ရှင်းသောဝိညာဉ်တော်သက်စမ်း ရေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယုံကြည်သောသူများ၏နှလုံး သားများ၌ တည်လျက်ရှိသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေကို ပိုင် ဆိုင်ကြပြီး၊ သူတို့နှလုံးသားများမှစမ်းရေပမာယင်းကို စီးဆင်းလျက်ရှိ သည်။ ယခုချိန်၌ပင် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင်သွန်းလောင်းခဲ့သောအသွေးတော်အားဖြင့် အပြစ်လွတ်ခြင်း ရရှိသောသူများ၏နှလုံးသားများမှ သန့်ရှင်းသောဝိညာဉ်တော် သက်စမ်းရေ သည် စမ်း ချောင်းပမာစီးဆင်းလျက်ရှိသည်။
သို့ရာတွင် ဤသတင်းကောင်းကိုမယုံကြည်သောသူများ၏နှလုံးသား များမှ သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် တစ်စက်မျှ စီးဆင်း လာလိမ့်မည် မဟုတ်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကို ကျွန်တော်မသိ၊ ယုံကြည်မှုမရှိသည့်အချိန်တွင် ကျွန်တော့်နှလုံးသားထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သက်စမ်းရေ တစ်စက်မျှစီးဆင်းခြင်းမရှိပေ။ ထိုအချိန်တွင် သခင်ယေရှုခရစ်တော်ကို ကျွန်တော် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခဲ့သော် လည်း ကျွန်တော့်နှလုံးသားထဲတွင် သန့်ရှင်းသောဝိ ညာဉ်တော်မရှိသော ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေ၏အရေးပါမှုတောင် ကျွန် တော်မသိခဲ့ပေ။ သို့သော်ငြားလည်း ယခုတွင် ရေနှင့်ဝိညာဉ် တော်သတင်း ကောင်းကို ကျွန်တော့်နှလုံးသားထဲတွင် ပိုင်ဆိုင်ခဲ့သောကြောင့် ကျွန်တော့် နှလုံးသားမှသန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် စီးဆင်းနေသည်။ 
ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် ကျွန်ုပ်နှလုံး သားမှ စီးဆင်းလာပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားသိကာ ယုံကြည်သောသူများ၏နှလုံးသားများမှလည်းစီးဆင်းလျက်ရှိသည်။ သခင် ယေရှုက "ရေငတ်သောသူအပေါင်းတို့၊ ငါ့ထံသို့လာပြီးသောက်ကြပါ" ဟု မိန့်ဆိုခဲ့သည်။ ရေနှင့် ဝိညာဉ်တော်ကိုယုံကြည်သောဒုတိယမွေးဖွါးခြင်းခံ သောခရစ်ယာန်များအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် အခြားသောသူများအပေါ်သို့ စီးဆင်းလျက်ရှိသည်။ ဤအချိန်တွင် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်နှလုံးသားမှ ဤအသက်စမ်းရေသည် စီးထွက်လာပြီး၊ ၄င်းမှအခြားသူများသည် လည်း သောက်ကြသည်။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အသက် စမ်းရေကို ကျွန်ုပ်နှလုံးသားမှ စမ်းရေပမာစီး ထွက်စေပါသည်။ ဤအ ကြောင်းအရာသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ သောသူ များနှင့်ရင်းနှီးကျွမ်းဝင်ခြင်း ရှိသည်။ 
ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသည်အတိုင်း အသက်စမ်းရေကိုရရှိ သောသူများကသာ ၄င်းကိုသိရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်း နှင့်အသက်စမ်းရေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသိ ရှိယုံကြည် သောသူများအတွက်သာ နက်နဲစွာသိရနိုင်သောအချက်ဖြစ် သည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သူ့ထံကိန်းဝပ် သည်ကို မိတ်ဆွေသိသင့်သည်။ သခင်ယေရှု၏သတင်းကောင်းကို ယုံ ကြည်သောသူများအပေါ်၌သာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် သည်ကို မိတ်ဆွေသိရှိသင့်ပေသည်။
 


ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော်ကိုသာ ကျွန်တော် ယုံကြည်ခဲ့ဘူးသည်


ကားတိုင်တော်ပေါ်တွင် သခင်ယေရှုသွန်းလောင်းခဲ့သောအသွေး တော်ကို ကျွန်တော်ယုံကြည်ခဲ့သည်မှာ ဆယ်နှစ်ကြာခဲ့သော်လည်း ကျွန်ုပ် နှလုံးသားထဲတွင် အပြစ်ရှိသေးခဲ့သည်။ ထိုအချိန်တွင် သခင်ယေရှု၏ အသွေးတော်အားဖြင့်အ ပြစ်လွတ်ခြင်းရရှိခဲ့သည်ဟု ကျွန်တော်ယုံကြည် ခြင်းရှိခဲ့သည်။ သို့သော်ဤသို့သော ယုံကြည်ခြင်းမျိုးဖြင့် ကျွန်တော်အ ပြစ်လွတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းမရနိုင်ပေ။ ကျွန် တော်နားလည်မှုလွဲခဲ့ပြီး၊ ကျွန်ုပ်ဘဝတွင် ဗလာနတ္တိ ဖြစ်ခဲ့ရသည်။ ကျွန် တော်သခင်ယေရှုကိုယုံကြည်ကြောင်း သက်သေပြနိုင် သောလက္ခဏာတစ် ခုမှာ ဘုရားကျောင်းတက်ခြင်းပင်ဖြစ်သည်။
ထိုအကြောင်းကြောင့် ကျွန်တော့်ယုံကြည်ခြင်းပြန်လည်ဆန်းစစ်ရန်စ တင်ခဲ့ပါသည်။"ကျွန်တော်သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိခဲ့သလား။" သ ခင်ယေရှုကို ကျွန်တော်ပထမယုံကြည်သောအခါ သခင်ယေရှုကိုချစ်သော နှလုံးသားရရှိပြီး၊ အခြားသောဘာသာစကားပြောခြင်းဆုကျေးဇူးကိုလည်း ရရှိခဲ့သည်။ သို့သော် ကျွန်ုပ်အပေါ်မှာ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ဤစိတ်တကြွ်ကမှုအတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းလက္ခဏာမဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်နှိုက်က သန့်ရှင်းသော ဝိညာဉ်တော်မရသေးကြောင်း ကျွန်တော် နားလည်ခဲ့သည်။ ကျွန်တော်သ ခင်ယေရှုကိုယုံကြည်ခဲ့သော်လည်း ကျွန်ုပ်နှလုံးသားတွင် သန့် ရှင်းသောဝိ ညာဉ်တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်အသက်စမ်း ရေလုံးဝ မရှိခဲ့ပေ။
ကျွန်ုပ်ယုံကြည်ခြင်းသည်  4Calvinism (ကာလ်ဗီးနီးယဲမ်း) ယုံကြည် ခြင်းကို အခြေပြုထားသောကြောင့် ကျွန်ုပ်နှလုံးသားပူသည်ဖြစ်စေ၊ အေး သည်ဖြစ်စေ အရေးမကြီးလှပေ။
 
4ဂျွန်းကာလ်ဗင်းအားဖြင့်ဖွဲ့စည်းထားသောခရစ်ယာန်အဖွဲ့အစည်းဖြစ်သည်။ ကြိုတင် ခွဲခန့်မှတ် သားခြင်းနှင့် ကယ်တင်ခြင်းကိုအထူးပြုထားသည်။ အာရ်မီးနီးယမ်းယုံကြည်မှုကို တုံ့ပြန်ရန်အတွက် ကာလ်ဗီးနီးယဲမ်း ခံယူချက်ငါးခုရှိသည်။
ကယ်ဗီးနီးယဲမ်းသွန်သင်ချက်များမှာ- ၁)လုံးဝဥဿုံပျက်စီးခြင်း- လူသားများသည် သူတို့ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါးစလုံးကို အပြစ်တရားကထိပါးနေခဲ့သည်။ ၂)မထိုက်တန်ဘဲ မျက်နှာသာရခြင်း- လူသားများအပေါ်ဘုရားသခင်မျက်နှာသာပေးခြင်းသည် သူကိုယ်တိုင် ဆုံးဖြတ်ချက်ဖြစ်ပြီး၊ လူသားများနှင့် သက်ဆိုင်မှုမရှိပေ။ လူသားများသည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းမခံထိုက်ပေ။ ၃) အကန့်အသတ်ရှိသောရွေးနှုတ်ကယ်တင်ခြင်း- ခရစ် တော်အသေခံခြင်းသည် လူသားအားလုံးအတွက် မဟုတ်ဘဲ၊ ကယ်တင်ခြင်းရရှိရန်ရွေးနှုတ် ခြင်းခံရသောသူများအတွက်သာဖြစ်သည်။ ၄) ခုခံ၍မရ သောကျေးဇူးတော်- ကယ်တင်ခြင်း ရရှိရန် လူတစ်ချို့ကိုဘုရားသခင်ခေါ်ခြင်းသည်ငြင်းဆို၍မရပေ။ ၅)သန့်ရှင်းသူများထိန်း သိမ်းစောင့်ရှောက်ခြင်း- ကယ်တင်ခြင်းမဆုံးရှုံးနိုင်ခြင်းကို ဆိုလိုသည်။ သို့သော်အထူးသ ဖြင့် အကန့်အသတ်ရှိသောရွေးနှုတ်ကယ်တင်ခြင်းနှင့်ပတ်သက်ပြီး၊ မိတ်ဆွေသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို သေချဂနစွာပိုင်းခြားသိရှိရမည်ဖြစ်သည်။

(၁)သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် ကိန်းဝပ်သ လား။ မကိန်းဝပ်ပေ။ သူသည် ကျွန်ုပ်၌ရှိသည်ကို ကျွန်တော်သေချာစွာမသိ ခဲ့ပေ။
(၂)ကျွန်ုပ်၌အပြစ်ရှိသလား။ ရှိသည်။ ကျွန်တော်သခင်ယေရှု ကား တိုင်တော် ပေါ်မှာသွန်းလောင်းသောအသွေးတော်ကို ယုံကြည်ခဲ့သော် လည်း ကျွန်ုပ်၌အပြစ်ရှိသေးသည်။ ကျွန်တော်သခင်ယေရှုကို ယုံကြည်ခဲ့ ပြီး၊ အပြစ်တ ရားနှင့်ဆိုင်သောဆုတောင်းခြင်းဖြင့်နေ့တိုင်းဆုတောင်းသော် လည်း ကျွန်ုပ်နှလုံးသားထဲတွင်အပြစ်ရှိသေးသည်။ ကျွန်တော် မည်မျှ ပင်ကြိုးစားခဲ့သော်လည်း ကျွန်ုပ်နှလုံးသားထဲတွင်ရှိသော အပြစ်သည် လုံးဝ ဆေးကြောသန့်စင်ခြင်းမရှိသေးခဲ့ပေ။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ကျွန်တော် မည်ကဲ့သို့ရရှိ နိုင်မည်နည်း။ "ကျွန်ုပ်နှလုံးသားထဲတွင်ရှိသောအပြစ်တရားကို ကျွန်တော် မည်ကဲ့သို့ ဆေးကြောနိုင်မည်နည်း။" သခင်ယေရှုကို ယုံကြည်ခဲ့ပြီးနောက် ကျွန်ုပ်စိတ်ထဲတွင် ဤပြဿနာများအဖွါးဖွါးပေါ်လာခဲ့သည်။ သခင်ယေရှု ကိုယုံကြည်ခဲ့ပြီးနောက် ကျွန်တော်အခြားသောဘာသာစကားပြောခဲ့ပြီး၊ သခင်ယေရှုအသွေးတော်အားဖြင့် ကျွန်ုပ်အပြစ်များဆေးကြောပေးခဲ့သည် ဟု ကျွန်တော်ယုံကြည်ခဲ့သည်။
သို့သော်အချိန်ကြာလာသည်နှင့်မျှ ကျွန်ုပ်နှလုံးသားထဲတွင် အပြစ်တ ရား စုပုံလာခဲ့သည်။ ကျွန်ုပ်၌အပြစ်တရားပြည့်ဝလျက်ရှိသည်။ သခင်ယေရှု ၏အသွေးတော်ကို ကျွန်တော်ကိုးစားပြီး၊ နောင်တရခြင်းနှင့်ပတ်သက် သောဆုတောင်းခြင်း များ(သို့)အစာရှောင်ခြင်းများအားဖြင့် ကျွန်တော့်နှ လုံးသား၌ရှိသော အပြစ်များမ ဆေးကြောနိုင်ပေ။ ကျွန်တော်ပြုလုပ်သော အပြစ်တရားများကြောင့် စိတ်ပူပန်မှုအချိန်ကြာမြှင့်စွာ ခံစားခဲ့ရသည်။ ကျွန်တော်စိတ်ပူပန်လေလေ ခရစ်တော်အကြောင်း ကိုအခြားသူများထံဝေ ငှလေလေဖြစ်ခဲ့ရသည်။ ကျွန်တော်ဘုရားကျောင်းသို့ပို၍ မှန်မှန်တက်ခဲ့ သည်။ သခင်ယေရှုအစေခံရန် မိမိကိုယ်ကိုဆက်ကပ်ခဲ့သည်။ သူ၏ အသွေး တော်ကို မှီခိုခဲ့သည်။
သို့သော် အချိန်ကြာညောင်းလာသည်နှင့်အမျှ ကျွန်ုပ်နှလုံးသားတွင်ရှိ သောအပြစ်တရားများက စစ်မှန်သောယုံကြည်ခြင်းရရှိရန်ပိတ်ပင်တားဆီး ခဲ့သည်။ ယခင်ထက် သခင်ယေရှုကိုယုံကြည်ရန် ပိုခက်လာပါသည်။ သခင် ယေရှု၏အသွေးတော်ကို ကိုးစားရန်ကျွန်တော်ကြီုးပမ်းခဲ့ပြီး၊ အတတ်နိုင် ဆုံးအကောင်းဆုံး ဖြစ်လာရန်နှင့် ဘုရားသခင်ထံသို့ပို၍ဆက်ကပ်ရန် ကျွန် တော်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ကျွန်ုပ်စိတ်ထဲတွင် ဟာတာ တာခံစားချက်များပို၍ ကြီးမားလာပါသည်။ ဤကဲ့သို့သောယုံကြည်ခြင်း များက ဟာတာတာစိတ်ခံစားမှုဖြစ်စေပြီး၊ ဘာမျှမလုပ်မကိုင်ချင် သည့် စိတ်များဖြစ်စေလျက်၊ အပြင်ပန်းသဏ္ဍာန်သာဂရုစိုက် သောဟန်ဆောင် သောခရစ်ယာန်ဖြစ်စေခဲ့သည်။ "လူတိုင်းအတွက်သခင်ယေရှုကို ယုံကြည် ခြင်းသည် ဤသို့ဖြစ်လိမ့်မည်၊ ငါတစ်ယောက်တည်းမဟုတ်ပေ" ဟု မိမိ ကိုယ်ကိုတွေးမိခဲ့သည်။ ကျွန်ုပ်ယုံကြည်ခြင်းက ကျွန်ုပ်ကိုမှားယွင်းသော လမ်းသို့ ညွှန်ပြခြင်းကိုငြင်းပယ်ရန် ကျွန်တော်ကြိုးပမ်းခဲ့သည်။ သို့သော် လည်း သခင်ယေရှု၏အသွေးတော်နှင့်ပြစ်တရားနှင့်စပ်ဆိုင်သော ဆု တောင်းခြင်းများက ကျွန်ုပ်အပြစ်များကိုမဆေးကြောနိုင်ပေ။
မည်သည့်ယုံကြည်ခြင်းမျိုးအားဖြင့်ကျွန်ုပ်အပြစ်များဆေးကြောနိုင်သနည်း သခင်ယေရှုသည် ယောဒန်မြစ်၌ဗတ္တိဇံခံသောအချိန်တွင် ကျွန်ုပ်အ ပြစ်များအားလုံး သူ့အပေါ်သို့ လွှဲပြောင်းပေးသော ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် အပြစ် များဆေးကြောနိုင်ပါသည်။ ဤအကြောင်းအရာများကို မဿဲ ၃း၁၃ထဲတွင် ပြည့်စုံစွာဖော်ပြထားပါသည်။ ထိုနောက် သခင်ယေရှု ၏အသွေးတော်အားဖြင့် အဘယ်ကြောင့် ကျွန်ုပ်အပြစ်များမဆေးကြောခဲ့ သနည်း။ သခင်ယေရှုအပေါ်ယောဟန်ပြုသော ဗတ္တိဇံ၏အဓိပ္ပါယ်ပါဝင် သောသတင်းကောင်းကိုကျွန်တော်မသိ၊မယုံကြည်သောကြောင့် ဖြစ်သည်။ 
သခင်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့် လောကလူသားအားလုံး၏အပြစ် များဆေးကြောသန့်စင်စေခဲ့သည်ကိုဆိုလိုသလား။ဆိုလိုပါသည်။ “ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် အသစ်တစ်ဖန်မွေးဖွားခြင်းမခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်”ဟု ပြန်၍မိန့်တော်မူ၏။ နိကောဒင်ကလည်း “အသက်ကြီးသောသူသည် မည်ကဲ့သို့ မွေးဖွားခြင်းခံနိုင်မည်နည်း။ သူ့မိခင်၏ဝမ်းထဲသို့ နောက်တစ်ဖန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”ဟု လျှောက်လေ၏။ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်” (ယောဟန် ၃း၃-၅)။ ဟု ပြောခြင်း အားဖြင့် သမ္မာကျမ်းစာထဲတွင် သက်သေထူထားပါသည်။ သခင်ယေရှု သည် ဤလောကသို့ ကြွဆင်းလာပြီး၊ ယောဟန်၏ဗတ္တိဇံခံယူခြင်းအားဖြင့် လူသား အားလုံး၏အပြစ်များကို လက်ခံခဲ့သည်။
ဤအကြောင်းကို ကျွန်တော်သံသယဝင်ခဲ့သောကြောင့် ရှင်းရှင်းလင်း လင်းသိရန်အတွက် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းစာကိုနှိုင်းယှဉ်ခဲ့ သည်။ နောက်ဆုံးတွင် ကျွန်တော်အမှန်တရားကိုတွေ့ရှိခဲ့သည်။ သခင်ယေ ရှုဗတ္တိဇံခံသောအချိန်တွင် လောကလူသားအားလုံး၏အပြစ်ကို သူ့အပေါ် သို့လွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်တွင် လူသားအားလုံးအပြစ်များကိုသခင် ယေရှုအပေါ်သို့လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။ ဤနှုတ်ကပတ်တော်ကိုယုံကြည် ခြင်းအားဖြင့် ကျွန်တော် သန့်ရှင်းစင်ကြယ်ခြင်းရရှိခဲ့သည်။ ဤအကြောင်း အရာသည် နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသောစကားဖြစ်ပြီး၊ ဤ လောကတွင် အမြင့်မြတ်ဆုံးသော သတင်းကောင်းဖြစ်သည်ဟု ကျွန်တော် နားလည်သိရှိခဲ့သည်။ 
ထို့ပြင် သခင်ယေရှု၏အသွေးတော်အားဖြင့်သာလျှင် ကျွန်ုပ်အပြစ် များမှလွတ်မြောက်ခြင်းမရရှိနိုင်သည်ကိုကျွန်တော်သိရှိခဲ့သည်။ အကြောင်း မှာ ယောဒန်မြစ်တွင် သခင်ယေရှုဗတ္တိဇံခံခြင်းသမ္မာတရားကိုကျွန်တော်မ သိခဲ့သောအခါ သူ့အပေါ်သို့ ကျွန်ုပ်အပြစ်များလွှဲပြောင်းပေးခြင်းမပြုသော ကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်တော်သမ္မာတရားကို တွေ့ရှိခဲ့ သည်။ သခင်ယေရှုသည် ကျွန်ုပ်အတွက် ဤလောကသို့ကြွဆင်းလာခဲ့ပြီး၊ သူဗတ္တိဇံခံယူခြင်းအားဖြင့် လောကသားများအား လုံးအပြစ်များကိုယူ ဆောင်သွားခဲ့ကာ၊ လောကအပြစ်များ အားလုံးမှကျွန်ုပ်တို့ကို ကယ်တင်ရန် ကားတိုင်ပေါ်တွင်အသေခံခဲ့သည်ကို ကျွန်တော်သိရှိခဲ့သည်။ သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသောအသွေး တော်သည်လောကလူသားများ၏အပြစ်များအားလုံး ယူဆောင်သွားရန် ဖြစ်သည်ဟူသော သမ္မာတရားကို ကျွန်တော်သိရှိယုံကြည်ခဲ့သည်။ ယခု ကျွန်တော်ဖြောင့်မတ်သော သူတစ်ဦးဖြစ်ခဲ့သောကြောင့် ကျွန်ုပ်တို့အပေါ် သခင်ယေရှုပေးခဲ့သောသတင်းကောင်းကို ကျေးဇူးတင်ပါ၏။ အကြောင်း မှာ ကျွန်တော်အပြစ်လွတ်ခြင်းအခွင့်ရရှိခဲ့သောကြောင့် ဖြစ်သည်။
အသင်းတော်ခံယူချက်များက ကျွန်ုပ်အပြစ်များချေဖျက်ခြင်းမပေးနိုင် ခဲ့ပေ။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသေအသွေးတော်ကသာ အပြစ်များဖြေလွတ်နိုင်ပါသည်။ ဤသမ္မာ တရားသည် သတင်းကောင်း၌သာရှိသည်။ သခင်ယေရှု၏အသွေးတော်ကို သာယုံကြည်ခြင်းကြောင့်မဟုတ်၊ သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကယ်တင် ခြင်းရရှိရန်အတွက် ကားတိုင်ပေါ် တွင်သူသွန်းလောင်းသောအသွေးတော် အားဖြင့် ကျွန်တော်အပြစ်တရားမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး၊ ဖြောင့် မတ်သူဖြစ်လာခဲ့သည်။ 
ကျေးဇူးတင်စရာအခြားတစ်ခုမှာ ကျွန်တော်သတင်းကောင်းကိုယုံ ကြည်ခဲ့ပြီးနောက် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ် အပေါ်တက်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင် ယောဟန်အားဖြင့် သခင်ယေရှု၏ ဗတ္တိဇံခံခြင်းနှင့် ကား တိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းခြင်းများနှင့် အတူ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် ကိန်းဝပ်လျက်ရှိ သည်။ 
ကျွန်ုပ်ကို ဤစစ်မှန်သောသတင်းကောင်းပေးကာ သခင်ယေရှု၏တ မန် တော်များယုံကြည်ခြင်းနှင့်တူသောယုံကြည်ခြင်းတရားများကိုဝေငှရန် အခွင့်ပေးခဲ့သောဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်ပါ၏။ ကျွန်တော် သည် သတင်းကောင်းကိုသာ ယုံကြည်ရန်ဖြစ်သော်လည်း ဘုရားသခင် သည် သန့်ရှင်းသောဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်ပေးခဲ့သည်။ ယခုတွင် ဤသတင်းကောင်းကိုကမ္ဘာနေရာအနှံ့အပြားရှိလူသားများအားလုံးထံ ဂုဏ် ယူဝံ့ကြွားစွာဖြင့် ကောင်းမွန်စွာဝေငှနိုင်သည်။ သခင်ယေရှု၏အသွေးတော် ကိုသာယုံကြည်ခြင်းက အပြစ်အား လုံးလွတ်ခြင်းမပေးနိုင်ဟု ကျွန်တော် သူတို့ထံသေသေချာချာဟောပြောနိုင်ပါသည်။ 
သို့သော် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူ သွန်း လောင်းခဲ့သောအသွေးတော်သတင်းကောင်းကို သူတို့သည်ယုံကြည် လျှင် သူတို့၏ အပြစ်များအားလုံးဧကန်အမှန်ခွင့်လွတ်ခြင်းသေချာပေါက်ရ ရှိမည်ကို ကျွန်တော် ပြောကြားနိုင်ပါသသည်။ ဤသတင်းကောင်းကို ကျွန် တော်ဝေငှသောအခါ ဘုရားသခင်၏ရှေ့တော်မှောက်တွင် ရှက်ကြောက် ခြင်းတစ်ခုမျှမရှိခဲ့ပေ။ ယခုတွင် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအား ဖြင့်ဒုတိယမွေးဖွါးခြင်းကို ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးထံသို့ ကျွန်တော်ဂုဏ်ယူစွာဝေငှနိုင်ပါသည်။ ဘုရားသခင်အပေါ် ကျွန်တော်ကျေး ဇူးတင်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကိုကျွန်ုပ်အားပေးအပ် ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏သက်စမ်းရေကိုသောက်စေခြင်းအ တွက် ကျွန်တော်ဘုရားသခင်ကိုကျေးဇူးတင်လျက်ရှိသည်။
 


လက်တွေ့စမ်းသပ်ခြင်းက စစ်မှန်သောသတင်းကောင်းသည် ရေနှင့်ဝိညာဉ်တော် ဖြစ်သည်ဟု ပြသသည်


မိတ်ဆွေသည် အပြစ်လွှတ်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိခဲ့သလား။ သတင်းကောင်းသည်မှန်ကန်ကြောင်း မိတ်ဆွေအ ဘယ်ကြောင့် ပြောနိုင်ပါသနည်း။ တခါတုန်းက သခင်ယေရှုပေးအပ်သော သတင်းကောင်းကို ယုံကြည်ခြင်းရှိသလားဟု လူအချို့ကို ကျွန်တော်စစ် ဆေးခဲ့သည်။ လူတစ်ဦးထံ ကားတိုင်ပေါ်တွင် သခင်ယေရှုခရစ်တော်သွန်း လောင်းခဲ့သောအသွေးတော်သတင်းစကားကို ဝေငှခဲ့သည်။ သခင်ယေရှုခ ရစ်တော်မှာအပြစ်တစုံတခုမျှမရှိဟု ကျွန်တော်သူ့ကို ပြောခဲ့သည်။ အခြား သူတစ်ဦးထံ ယောဟန်အားဖြင့်သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့် သူ၏အ သွေးတော်သတင်းကောင်းအကြောင်းကို ကျွန်တော် ဟောပြောခဲ့သည်။ သ ခင်ယေရှု၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ် ဖြေလွတ်ခြင်းအ ခွင့်ရရှိသည်ဟု ယုံကြည်သောသူတစ်ဦးက သူ၏အပြစ်များဖြေ လွတ်ရန် လိုအပ်သေးသည်ဟု ပြောခဲ့သည်။ တစ်ဘက်တွင် သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်အသွေးတော်သ တင်းကောင်းကိုယုံကြည်သောသူသည် လုံးဝ ဥဿုံ အပြစ်လွတ်ခြင်းရရှိသည်ဟု ပြောခဲ့သည်။ 
သခင်ယေရှုသည် သူ၏အပြစ်များအားလုံးယူဆောင်သွားခဲ့ပြီး၊ ထိုအ ပြစ် များအတွက်တရားစီရင်ခြင်းခံခဲ့သည်ဟူသောသမ္မာတရားကို သူယုံ ကြည်ခဲ့သောကြောင့် သူ့မှာအပြစ်တရားလုံးဝမရှိတော့ပေဟု သူပြောခဲ့ သည်။ သူသည် ယောဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းက လူသားအားလုံး၏အပြစ်များယူ ဆောင်သွားသည်ဟု ပြောသောသတင်း ကောင်းကို ယုံကြည်သောကြောင့် ဘုရားသခင်ထံမှသန့်ရှင်းသောဝိညာဉ် တော်ရရှိခဲ့သည်။ 
ဤလူပုဂ္ဂိုလ်သည် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်သူ၏နှ လုံးသားထဲတွင်သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သောကြောင့် သူ၏နှလုံး သားထဲတွင် အပြစ်တစ်ခုမျှမရှိတော့ပေဟု ပြောနိုင်ခြင်းဖြစ်သည်။ သူ၏နှ လုံးသားထဲတွင် အပြစ်မရှိတော့ကြောင်းကို ပြောကြားနိုင်ရန် သန့်ရှင်း သောဝိညာဉ်တော်က သူ၏နှလုံးသားထဲတွင် စဉ်းစားတတ်သောဉာဏ်ပေး ခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းခဲ့သောအသွေးတော်ကိုယုံ ကြည်သောသူများအပေါ် ဘုရားသ ခင်သည်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းပေးခဲ့သည်။မည်သူ့အပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သနည်း။ ခင်ယေရှု၏ဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသော အသွေးတော်သတင်း ကောင်းကို ယုံကြည်သောသူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆု ကျေးဇူးအဖြစ်ပေးခဲ့သည်။ 
အလွန်ထူးဆန်းသောပင်တေဂုတ္တေနေ့တွင် ဖြစ်ပျက်သောအရာများ ကြောင့်မြောက်များစွာသောလူတို့ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသမ္မာ တရားကို လွှဲမှားစွာသိရှိခဲ့ကြပြီး၊ သတင်းကောင်းကို ဘေးချိတ်ထားခဲ့ကြ သည်။ လူတွေက သူတို့သည် အလွန်အမင်းဆုတောင်းပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရှာ ဖွေလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင် ကြလိမ့်မည်ဟု ယုံကြည်ကြသည်။ အချိန်ကြာမြင့်စွာ သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်အသွေးတော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သန့် ရှင်းသောဝိညာဉ်တော်ရရှိသည်ဟူ သောသမ္မာတရားကို လောကတွင်ရှိ သောခရစ်ယာန်များက အနည်းငယ်မျှမ ထိတွေ့ခဲ့ကြပေ။ သို့သော်ယခု တွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောဘုရားသ ခင်၏အစေခံကျွန်များ စွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီအား ဖြင့်သတင်း ကောင်းဝေငှခဲ့ကြပြီးဖြစ်သည်။ အကျိုးတက်ရောက်မှုသည် ဤသတင်း ကောင်းကို ယုံကြည်သောလောကတစ်ဝှမ်းလုံး၌ရှိနေကြသောလူများက သိရှိခဲ့ကြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင် ခဲ့ကြသည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ဖြစ်စေသောဤသတင်း ကောင်းကို လူတွေကယုံကြည်လက်ခံရန် ဘုရားသခင်အလိုတော်ရှိသည်။ သမ္မာကျမ်းစာ ထဲတွင် “ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်”(တမန် ၂း၁၇)။ သတင်း ကောင်းသိရှိခြင်း မရှိဘဲသန့်ရှင်းသော ဝိညာဉ်တော်ရရှိရန်ကြိုးပမ်းခြင်းည် မှားယွင်းခြင်း ဖြစ်သည်ဟု လူတွေကသိရှိ သင့်ပေသည်။ ယောဟန်အား ဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော် ပေါ်တွင်သူသွန်းလောင်း သောအသွေးတော်ကိုယုံကြည်ခြင်းကလွဲ၍ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းရ ရှိရန်အခြားနည်းလမ်းတစ်ခုမျှမရှိပေ။ 
လူတစ်ဦးသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်လိုပါက ရေနှင့်ဝိ ညာဉ် အားဖြင့်ဒုတိယမွေးခြင်းခံရမည်ကို၄င်း၊ ဒုတိယမွေးခြင်းခံသောသူ များသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ဝိညာဉ်တော်ပိုင်ဆိုင်နိုင်သည်ကို ၄င်း ဘုရားသခင်က မိန့်တော်မူသည့်အတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင် ရောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းလူတိုင်းက လိုအပ်သည်ကို သံသယရှိစရာမလိုပေ။ သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်း (ဝါ) ရေနှင့်ဝိညာဉ်တော် သတင်းကောင်းယုံကြည်ခြင်း ၏မရှိဘဲ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းနှင့်ပတ် သက်ပြီးမိတ်ဆွေမည်ကဲ့သို့ တွေးတောသနည်း။ သတင်းကောင်းယုံကြည်ခြင်းက လွှဲပြီးကောင်းကင်နိုင် ငံတော်သို့ သွားရောက်သောနည်းလမ်းမရှိတော့ပေ။ သခင် ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်သူ၏အသွေးတော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကိုဝယ်သောအခါ ငွေကြေးပေးသကဲ့သို့ သတင်းကောင်းကို ကျွန်ုပ် တို့ယုံကြည်သောအခါ သန့်ရှင်းသောဝိညာဉ် တော်ရရှိခြင်းဖြစ် သည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအမှန်တကယ် ရရှိလိုပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ရှေ့ဦးစွာ သိရှိယုံကြည် ရမည်ဟု ကျွန်တော်ပြောပါရစေ။ သို့ပြုမှ မိတ်ဆွေသည် သန့်ရှင်းသော ဝိညာဉ်တော်လက် တွေ့ကျ ကျရရှိနိုင်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် မိတ်ဆွေသည် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ နိုင်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေနှင့်အတူ ရှိလိုသည်။
ကျွန်တော်သတင်းကောင်းကိုယုံကြည်ခဲ့သည်။ အချိန်ကာလကြာ ညောင်းလာသည်နှင့်အမျှ၊ ဘုရားသခင်ပေးခဲ့သော သတင်းကောင်းသည် ဤလောကတွင် အလှပဆုံး၊ အမြင့်မြတ်ဆုံးဖြစ်သည်ကို ကျွန်တော်ပိုပြီးသိ လာခဲ့သည်။ ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်၍မဆုံးပါ။ မိတ်ဆွေ သည် ထိုနည်းတူခံစားခဲ့သလား။ သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူ များသည် ဘုရားသခင်ထံမှကောင်းကြီးများစွာ ခံစားသည်ကို ကျွန်ုပ်တို့သိ ရှိခဲ့ကြသည်။
သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိနည်းသတင်းကို ကျွန်တော်မိတ်ဆွေထံဝေငှနေသည်။ ဤ ကောင်းချီးခံစား စေသောရေနှင့်ဝိညာဉ်တော်အားဖြင့်ဒုတိယမွေးခြင်းသ တင်းကောင်းကို လက်ခံခြင်းအားဖြင့် လူတွေကမိမိကိုယ်ကိုသန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ် ခြင်းရရှိရန်အရည် အချင်းပြည့်မီသောသူများဖြစ်ကြ သည်။ 
ယောဟန် ၇း၃၈ တွင် “ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟုဖော်ပြထားပါသည်။ဤ ကျမ်းချက်အဓိပ္ပါယ်သည် သခင်ယေရှု ပေးခဲ့သောသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ် လွတ်ခြင်းခံ ရသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခြင်းပင် ဖြစ်သည်။ ထိုသူတို့နှလုံးသားများမှ သန့်ရှင်းသောဝိညာဉ်တော်၏ အသက် စမ်းရေသည်စမ်းချောင်းအလား စီးဆင်းမည် ဖြစ်သည်။ ဤသတင်း ကောင်းကို ယုံကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင် သောစမ်းရေကို သူတို့အထဲမှ စီးဆင်းလာမည်ဖြစ်သည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့် ဒုတိယမွေးဖွါးခြင်းမခံမီ သခင် ယေရှု၌ ဆက်ကပ်သောယုံကြသူဖြစ်ဦးဖြစ်ခဲ့သော်လည်း ကျွန်ုပ်နှလုံးသား မှသန့်ရှင်းသောဝိညာဉ်တော်အသက်စမ်းရေစီးဆင်းခြင်းမရှိခဲ့ပေ။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်တော်ယုံကြည်ခဲ့ပြီးနောက် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် အတိုင်း ကျွန်ုပ်နှလုံးသားမှသန့်ရှင်း သောဝိညာဉ်တော်အသက်စမ်းရေစီးထွက်လျက်နေသည်။ ဤအချိန်၌ပင် သန့်ရှင်းသောဝိညာဉ်တော်၏ အသက်စမ်းရေသည် ဘုရား သခင်ပေးခဲ့ သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့်အတူ စီးဆင်းလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ကျွန်ုပ်နှလုံးသားမှ သန့်ရှင်းသော ဝိညာဉ်တော်အသက်စမ်း ရေသည် ပြည့်လျှံစွာစီးဆင်းလျက်ရှိသည်။ သန့်ရှင်း သောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိခဲ့ပြီးနောက် ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်ခြင်း၊ သတင်း ကောင်းဝေငှခြင်းအလုပ်ကို လုပ်ဆောင်ရန်အစပြုခဲ့သည်။
 


သတင်းကောင်းယုံကြည်ပြီး၊သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးနောက် ယုံကြည်ခြင်းနှင့်ပတ်သက်သောကျွန်တော့်ဝန်ခံချက်


ထိုအချိန်သည်ကျွန်ုပ်အသက်နှစ်ဆယ်အစောပိုင်းဆောင်းဦးကာလအ ချိန်ဖြစ်ပါသည်။ ထိုဆောင်းဦးကာလက အထူးသဖြင့် သေခြင်းတရားကို လွန်ဆန်၍မရကြောင်းစဉ်းစားစေခဲ့သည်။ ထိုနှစ်တွင် ကျွန်ုပ်နှလုံးသားတွင် အပြစ်ရှိသောကြောင့် ကျွန်ုပ်ဘဝတွင် ရှုပ်ထွေးမှု၊ ဟာတာတာဖြစ်မှုနှင့် မှောင်မိုက်များအားဖြင့် မှတ်သား သောနှစ်ဖြစ်ပါသည်။ ကျွန်တော်မှား ယွင်းသောလမ်းညွှန်ချက်အတိုင်း လိုက်လာခဲ့ပြီး၊ ပြန်လာရာလမ်းမသိခဲ့ ပေ။ ကျွန်ုပ်ကိုယ်ခန္ဓာသည် အချိန်ကြာမြှင့် စွာဖျာနာခြင်းခံစားခဲ့ပြီး၊ ကျွန်ုပ် နှလုံးသားထဲမှာ ဘာမျှမရှိခြင်းသည် ပို၍ကြီး ထွားလာပါသည်။
ကျွန်ုပ်အပြစ်ကြောင့် ကျွန်တော်စိတ်အားငယ်မှုကိုလုံးလုံးလျားလျားခံ စားခဲ့ပြီး၊ ထိုသို့ဖြစ်ရခြင်းအကြောင်းကိုတောင်စဉ်းစား၍မရနိုင်ခဲ့ပေ။ ကျွန် တော်သေသည်နှင့်တပြိုင်နက် ဘုရားသခင်၏တရားစီရင်မှုကလွှဲပြီးအခြား ရွေးချယ်စရာ တစ်ခုမျှမရှိတော့ပေ။ ထိုကြောင့် ကျွန်တော်အပြစ်လွှတ်ခြင်း နှင့်ဆိုင်သောဆု တောင်းခြင်းအားဖြင့်ဆုတောင်းခဲ့သည်။ "ကိုယ်တော်ဘု ရား၊ ကျွန်တော်မသေမှီကိုယ်တော်၌ ယုံကြည်ခြင်းအားဖြင့် အပြစ်လွတ် ခြင်းအခွင့်ရယူလိုပါသည်။ ကျွန်ုပ်ကိုယ်ခန္ဓာတွင်ရှိသောနာမကျန်းမှုများကို ဖယ်ရှားပေးတော်မူပါ။" ကျွန်တော်မ ရပ်မနားဆုတောင်းခဲ့သည်။
ထိုနောက် စိတ်ပျက်ဖွယ်ကောင်းသောကျွန်ုပ်အတွင်းနှလုံးသားထဲ၌ မျှော်လင့်ခြင်းအသစ်စတင်ခဲ့သည်။ ကျွန်ုပ်နှလုံးသားသည်ဘုရားသခင်ကို တောင့်တသောနှလုံးသားဖြင့်ပြည့်ဝခဲ့ပြီး၊မီးတလုံးပမာပူလျက်ရှိခဲ့သည်။ ၄င်းသည် စိတ်ပျက် ဝမ်းနည်းဖွယ်ကောင်းသောအရာမဟုတ်ပေ။ ၄င်းသည် ကျွန်ုပ်နှလုံးသား၌မီးပမာ လောင် ကျွမ်းနေသောအသစ်သောမျှော်လင့်ခြင်း ဖြစ်သည်။ ထိုနေ့မှစပြီး အသစ်သောဘာသာရေးဘဝအပြစ်ပြုလာခဲ့ပြီး၊ သ ခင်ယေရှုသည် ကျွန်ုပ်အပြစ်များ မှကယ်တင်ရန် ကားတိုင်တော်ပေါ်တွင် အသေခံခဲ့သည်ဟု ယုံကြည်ခြင်းရှိခဲ့သည်။
များမကြာမီ ကျွန်တော်အခြားသော ဘာသာစကားပြောခဲ့သည်။ နောက်ပိုင်းတွင် သခင်ယေရှုကားတိုင်တော်ပေါ်တွင် သွန်းလောင်းခဲ့သော အသွေးတော်အကြောင်းကို စဉ်းစားသောအခါ မျက်ရည်ကျခဲ့သည်။ ကျွန်ုပ် အတွက်သခင်ယေရှုသည် ကားတိုင်တော်ပေါ်တွင် အသွေးတော်သွန်း လောင်းခဲ့သောကြောင့် ကျွန်ုပ်တော်ကျေးဇူးတင်လျက်ရှိသည်။
ထိုအပြစ်အပျက်ကြောင့် ကျွန်ုပ်ဘဝဟောင်းကို ကျွန်တော်စွန့်ပစ်ခဲ့ ပြီး၊ ဥပုဒ်နေ့ကိုသန့်ရှင်းရန်စောင့်ထိန်းခြင်းအားဖြင့် အသစ်သောလုပ်ငန်းအ စပြုခဲ့သည်။ ထိုအချိန်တွင် ကျွန်ုပ်နှလုံးသားသည် ခရစ်တော်ကို ချစ်ခြင်း မေတ္တာနှင့်ပြည့်ဝလျက်ရှိသည်။ ကျွန်ုပ်အပြစ်တရားများမှ ကျွန်တော့်ကို ကယ်တင်ရန် သခင်ယေ ရှုကားတိုင်တော်အပေါ်တွင် သွန်းလောင်းသော အသွေးတော်ကို စဉ်းစားသည်အခါ ခါတိုင်းတွင် ကျွန်တော်ကျေးဇူးတင်၍ အဆုံးနိုင်ခဲ့ပေ။ ကျွန်ုပ်ဘာသာတရားကိုင်း ရှိုင်းမှုဘဝသည် ကြီးထွားလာခဲ့ သည်။ သို့သော် ၄င်းသည် ကားတိုင်တော်ပေါ်တွင် သွန်းလောင်းခဲ့ သောသ ခင်ယေရှု၏အသွေးတော်ပေါ်၌သာအခြေပြုထားပါသည်။
သို့သော် အချိန်ကြာညောင်းလာသောအခါ ကျွန်တော့်အပြစ်နှင့်အား နည်းချက်များကြောင့် ကျွန်ုပ်ဘာသာရေးအသက်တာသည် ပျက်စီးရတော့ မည့်အခြေ အနေသို့ရောက်ရှိလာခဲ့သည်။ သခင်ယေရှု၏ကားတိုင်တော် ပေါ်တွင်သွန်းလောင်း ခဲ့သောအသွေးတော်ကိုသာ ကျွန်တော်ယုံကြည် ခဲ့သောကြောင့် ကျွန်တော့် အပြစ်များအားလုံးဆေးကြောခြင်းအခွင့်မရခဲ့ ပေ။ အပြစ်နောင်တရခြင်းနှင့်စပ်ဆိုင်သောဆုတောင်းခြင်းအားဖြင့် ကျွန် တော့်အပြစ်များဆေးကြောရန် ကျွန်တော်ကြိုး စားခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ခွင့်လွတ်ခြင်းရရှိမြော်လင့်ချက်ကြီးစွာဖြင့် ကျွန်တော့်ဆု တောင်းခြင်းများသည် ကျွန်ုပ်အပြစ်များအားလုံးဆေးကြောပေး နိုင်ခြင်းမရှိ ခဲ့ပေ။ ထိုသို့ဖြစ်ခဲ့ရသည့်အကြောင်းမှာ ကျွန်တော်ဘုရားသခင်၏ပ ညတ် တော်ကိုမစောင့်သောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်အပြစ်များသည် ပို၍စုပုံ လာခဲ့သည်။
အပြစ်နောင်တရခြင်းနှင့်စပ်ဆိုင်သောဆုဆောင်းခြင်းအားဖြင့် ကျွန်ုပ် အပြစ်များဆေးကြောသန့်စင်ခြင်းမရှိနိုင်သော်လည်း ကျွန်တော်ဤဆု တောင်းခြင်းများဖြင့် ဆုတောင်းရန် ဆက်လက်ကြိုးပမ်းခဲ့သည်။ ကျွန် တော်အပြစ်ပြုမိသည့်အခါတိုင်း အပြစ်နောင်တရခြင်းနှင့် စပ်ဆိုင်သောဆု တောင်းချက်များနှင့် ကားတိုင်တော်ပေါ်တွင် သွန်းလောင်းသောသခင် ယေရှု၏အသွေးတော်ကိုစဉ်းစား ခြင်းအားဖြင့် အပြစ်များဆေးကြောနိုင် မည်ဟုယုံကြည်ခဲ့သည်။ ကျွန်ုပ်ဘာသာရေး အသက်တာလျှောက်လှမ်း လေလေ ကျွန်ုပ်အားနည်းချက်ကြောင့် ကျွန်ုပ်အပြစ် များစုပုံလေလေ ဖြစ်ပါသည်။ ဤအပြစ်တရားများကြောင့် ကျွန်တော်ခံစားသော ဒုက္ခများပို ၍ကြီးထွားလာပါသည်။ 
ကျွန်တော် ဖါရိရှဲခရစ်ယာန်တစ်ဦးဖြစ်ခဲ့ပါသည်။ ကျွန်ုပ်အပြစ်တရား ၏ ဖိဆီးမှုကိုမထီမဲ့မြင်ပြုကာ အသင်းတော်လူကြီးတစ်ဦးနှင့်ဧဝံဂေလိဆ ရာတစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ပါသည်။ ကျွန်တော်အပြစ်တရားနာကျည်း မှုကိုခံစားသည် အခါတိုင်းသတင်းကောင်းဝေငှရန်ထွက်သွားခဲ့သည်။ ၄င်း သည် ကျွန်တော့်အပြစ်များဆေးကြောရန် နည်းလမ်းဖြစ်သည်ဟု ကျွန် တော်စဉ်းစားမိခဲ့သည်။ သို့ရာတွင် ခံယူချက်နှင့်မိမိကိုယ်ကို ပေးဆပ် ခြင်းကိုအခြေပြုသောယုံကြည်ခြင်းမျိုးအားဖြင့် ကျွန်ုပ်အပြစ်များမဆေး ကြောနိုင်ပေ။
စာတန်၏ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ကျွန်တော်ခံစားခဲ့ပါသည်။ ကျွန်ုပ်အပြစ်တရားကြောင့် တရားစီရင်ခြင်းခံရမည်ကို၄င်း၊ ကျွန်တော်ပြုမိ သောအပြစ်ကြောင့် သေရမည်ကို၄င်းကျွန်တော်ခံစားမိခဲ့ပါသည်။ "သင်အ ပြစ်ပြုခဲ့သည်မဟုတ်လား။" စာတန်သည် ကျွန်ုပ်အပြစ်အားဖြင့် ကျွန်တော့် ကိုတရားစီရင်ပြီး နာကျင်မှုဖြစ်စေခဲ့ပါသည်။
ကျွန်ုပ်ယုံကြည်ခြင်းသည် ပြိုလုမသတ်ဖြစ်နေသောအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သခင်ယေရှု၏အသွေးတော်ကိုသာယုံကြည်ခြင်းနှင့် နောင်တတရားနှင့်ပတ်သက်သောဆုတောင်းခြင်းများအားဖြင့် အပြစ်များ မဆေးကြောနိုင်ပေ။ ကျွန်ုပ်ထိုအရာများလုပ်ဆောင်ခဲ့သော်လည်း ဝမ်း နည်းပူဆွေးမှုကိုခံစားခဲ့ရသည်။
ကျမ်းစာသင်ကျောင်းတစ်ခုတွင် ကာလ်ဗီးနီးယဲမ်းယုံကြည်ခြင်းကို လေ့လာခြင်းအားဖြင့် ယောဟန်အားဖြင့်သခင်ယေရှုနှစ်ခြင်းခံယူခြင်းအ ကြောင်းကို စိတ်ဝင်စားမိခဲ့သည်။ သခင်ယေရှုသည် ယေဒန်မြစ်တွင် ဗတ္တိဇံ ခံရသည့်အကြောင်းကို ဆရာများထံမေးမြန်းခဲ့ပါသည်။ သို့သော်သူတို့ဖြေ ကြားချက်သည် ဖြစ်လေ့ဖြစ်ထရှိသောပုံသေကားပုံစံဖြစ်သည်။ သခင်ယေ ရှုသည် ယာဉ်ကျေး သိမ်မွေ့သောကြောင့်၄င်း၊ ဘုရားသခင်၏သားဖြစ်ခြင်း ကို ကြွေးကြော်လိုသောကြောင့်၄င်း ဗတ္တိဇံခံခဲ့သည် ဟုဖြေကြားခဲ့ကြ သည်။ သို့ရာတွင် ဤဖြေကြားချက်များသည် ကျွန်တော်စိတ်ဆန္ဒ ပြင်းပြ သောမီးကိုငြိမ်းအောင်မသတ်နိုင်ခဲ့ပေ။
 

ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းသမ္မာတရားသည်သတင်းကောင်းကို အသိအမှတ်ပြုစေခဲ့သည်

ကျွန်တော်ကျမ်းစာကျောင်းတက်ခဲ့ပြီးနောက် ကျွန်ုပ်အပြစ်များဆေး ကြောခြင်းမရှိသေးခဲ့ပေ။ ထိုကြောင့်အပြစ်တရား၏ဖိဆီးမှုကိုယခင်ထက် ပို၍ ခံစားလာခဲ့သည်။ ထိုနောက်တနေ့သောအခါ သခင်ယေရှုသည် အ ဘယ့်ကြောင့် ဗတ္တိဇံခံခဲ့ရသည်ကို၄င်း၊ ဤလုပ်ဆောင်ချက်အားဖြင့်ဖြောင့် မတ်ခြင်းတရားအား လုံးအဘယ်ကြောင့်ပြီးပြည့်စုံခဲ့သည်ဟု ပြောခဲ့ရသည် ကို၄င်း ကျွန်တော်သိရှိလာခဲ့သည်။ သတင်းကောင်းသည် သခင်ယေရှု သည် ယောဒန်မြစ်၌ဗတ္တိဇံပေးခြင်းခံသောအခါ ကျွန်ုပ်အပြစ်များအားလုံး သူ့အပေါ်သို့လွှဲပြောင်းပေးသွားခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် ဤ သမ္မာတရားကို သူ၏နှုတ်ကပတ်တော်အားဖြင့်သိရှိ ခွင့်ပေးခဲ့သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို အကြိမ်ကြိမ်ဖတ်ရှုခဲ့ပြီးနောက်သ တင်းကောင်းမှတ်တမ်းတင်ထားခြင်းတွင် သခင်ယေရှုသည် ယောဟန်မှ ဗတ္တိဇံခံ ယူစဉ်တွင် ကျွန်ုပ်အပြစ်များအားလုံးသူ့အပေါ်သို့ လွှဲပြောင်းပြီးခဲ့ ကြောင်းကို၄င်း၊ ကားတိုင်ပေါ်တွင် အပြစ်အတွက် တရားစီရင်ခြင်းခံ ကြောင်းကို၄င်း ကျွန်တော်နောက်ဆုံးတွင် နားလည်သိရှိခဲ့သည်။
ဤအဖြစ်အပျက်သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ကျွန်ုပ်အပေါ်မှအမှန်တကယ်ရောက်ရှိနေပြီးဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့ သောအချိန် ဖြစ်သည်။ ဤသတင်းကောင်းကို ကျွန်တော်သိရှိယုံကြည်ခဲ့ ပြီးနောက် ကျွန်ုပ်နှလုံးသား၌ရှိသောအပြစ်များအားလုံးခွင့်လွှတ်ခြင်းရရှိခဲ့ သည်။ ကျွန်တော့်ကိုစိတ်ပျက်စေပြီး ဝမ်းနည်းမှုပေးသောအပြစ်တရားကို သတင်းကောင်း၏တန်ခိုးအားဖြင့် ဆေးကြောသန့်စင်ခဲ့ပြီးဖြစ်သည်။ ကျွန် တော့်မရပ်စတမ်းမိမိကိုယ်ကို ပေးဆပ်ခြင်းနှင့်နောင်တရခြင်းနှင့် စပ်ဆိုင် သောဆုတောင်းခြင်းများအားဖြင့်မ ဆေးကြောနိုင်သောထိုအပြစ်တရား များအားလုံးတစ်ခါတည်းပျောက်ကွယ်သွား ခဲ့လေသည်။ ကျွန်တော်ဘုရား သခင်အား စိတ်နှလုံးဖြူစင်စွာကျေးဇူးတင်ပါသည်။
ကားတိုင်တော်ပေါ်တွင် သခင်ယေရှုသွန်းလောင်းသောအသွေး တော် အားဖြင့်လောကသားများအားလုံး၏အပြစ်များကိုမဆေးကြောနိုင်ဟု ကျွန် တော်ပြောသောအခါ အမှန်တရားကိုပြောခြင်းဖြစ်သည်။ ယောဟန်အား ဖြင့် သခင်ယေရှုဗတ္တိဇံခံယူခြင်းသည် အပြစ်ဖြေလွတ်ခြင်းဖြစ်စေပါသည်။ ယခုတွင် သူတို့အပြစ်များအား လုံးဆေးကြောခြင်းရရှိခဲ့ပြီးဟု သိရှိယုံကြည် သောသူအားလုံးက ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ကျေးဇူးတင် သင့်ပေသည်။ ယခု ရေနှင့်ဝိညာဉ်တော်သတင်းကို ကျွန်တော်ယုံကြည် ခဲ့ခြင်းကြောင့်၄င်း၊ ကျွန်ုပ်နှလုံးသားမှ အပြစ်များယူဆောင်သွားခဲ့ပြီဟု သားတော်အားဖြင့်သက်သေထူသော ဘုရားသခင်၏သက်သေခံချက်စ ကားတော်ကို၄င်း ကျွန်တော်ယုံကြည်ခဲ့သောကြောင့် ကျွန်ုပ်အ တွင်းနှလုံး သားတွင် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိခဲ့သည်။ ကျွန် တော် သတင်းကောင်းကို ယုံကြည်ခဲ့ပြီးဖြစ်သောကြောင့် ချိုးငှက်ကဲ့သို့သန့် ရှင်း သောဝိညာဉ်တော်ကို ကျွန် တော်ရရှိခဲ့သည်။ 
ကျွန်ုပ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သော အချိန်မှစပြီး၊ ဝိညာဉ်ပိုင်းဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန်၊ တနည်းအား ဖြင့် သတင်းကောင်းဝေငှရန် ကျွန်တော်စွမ်းဆောင်နိုင်ခဲ့သည်။ ယခု ကျွန်ုပ် နှလုံးသားထဲတွင် အပြစ်တရားမရှိတော့ပေ။ ယောဟန်အားဖြင့်သခင်ယေ ရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေး တော်က ကျွန်ုပ်အပြစ် များမှလွတ်ငြိမ်းခွင့်ရရှိစေခဲ့ပြီး၊ သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းကိုလည်း ရရှိစေခဲ့သည်။ ဟာလေလုယ။ ဘုရား သခင်ဘုန်းကြီးပါစေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်အပေါ် ညင်သာစွာဆင်းသက်လာခဲ့ပြီး၊ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံ ကြည်သောအချိန်မှစ၍ သူသည် ကျွန်ုပ်နှလုံးသား ထဲတွင် ကိန်းဝပ်လျက် ရှိသည်။ သူသည် ကျွန်ုပ်နှလုံးသားထဲတွင် တခါတရံချိုး ငှက်ကဲ့သို့အလုပ် လုပ်ပြီး၊ တခါတရံ လောင်ကျွမ်းသောမီးကဲ့သို့အလုပ်လုပ်လျက်ရှိ သည်။ 
ယခု မိတ်ဆွေသည်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည် လက်ခံလျှင်သန့်ရှင်းသေသာဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ပါသည်။ကျွန် တော်နှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီး၊ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏နာမတော်ကို ချီးမွမ်း လိုသလား။ လောကတခွင်လုံးသို့ သွားပြီး ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ကျွန်တော်နှင့်အ တူဟောပြောလိုသလား။ ရေနှင့်ဝိညာဉ်တော် သတင်းသည် မိတ်ဆွေကိုစင်ကြယ်စေပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိစေခဲ့သည်။ ယုံကြည်ခြင်းတစ်ခုမှတစ်ခုသို့ သတင်းကောင်း အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား သည် ထင်ရှားလျက် ရှိသည်။ ထိုကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံ ကြည်ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
 

ကျွန်ုပ်အတွက်သန့်ရှင်းသောဝိညာဉ်တော်ပြုခဲ့သောအံသြဖွယ်ကောင်း သောအရာများ

သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိခဲ့ပြီးနောက် သတင်း ကောင်းအကြောင်း ဝေငှနိုင်ရန်အတွက်အသင်းတော်သစ်တစ်ပါးသို့ ကျွန် တော်အလုပ်လုပ်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်အားသ တင်းကောင်း တန်ခိုးရှိစွာ ဝေငှခွင့်ပေးခဲ့သည်။
အောက်တွင်ဖော်ပြထားသောအဖြစ်အပျက်တစ်ခုသည် ကျွန်တော် မ မြော်လင့်ဘဲတွေ့ကြုံခဲ့သောအရာတစ်ခုဖြစ်သည်။ ကျွန်တော်နေထိုင်ခဲ့ သောမြို့ တစ်ခုတွင် နိုင်ငံခြားသားများနှင့်အရောင်းအဝယ်ပြုလုပ်သော အပ်ချုပ်သမီးတစ်ဦး ရှိခဲ့သည်။ ထိုသူသည် သင်းထောက်လူကြီးတစ်ဦး ဖြစ်သည်။ သူသည် တနေ့ ဟော်တယ်တစ်ခုရှေ့ မှာစီးပွါးရေးလုပ်ငန်းလုပ် ဆောင်ရန် လူတစ်ဦးနှင့်မတ်သပ်ရပ်သောအခါ ထိုနေရာတွင် ကျွန်ုပ်တို့ပို စတာကိုတွေ့ရှိခဲ့သည်။ သူသည် ကျွန်ုပ်တို့ခေါ်စာကို ကြည့်သောအခါ အ လွန် စိတ်ဝင်စားခဲ့ပြီး ကျွန်တော့်ကို ဆက်သွယ်ခဲ့သည်။ သူသည်ကျွန်တော် နှင့်တွေ့ခဲ့ပြီး၊အချိန်ကြာမြင့်စွာ အပြစ်နွံထဲ၌ အသက်ရှင်ခဲ့ကြောင်း ကျွန် တော့် ထံပြောခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုငါးနာရီးအ တွင်းဆွေးနွေးခဲ့ပြီးနောက် သူသည် နောက်ဆုံးတွင် အပြစ်လွတ်ခြင်းနှင့် ဆိုင်သောသမ္မာတရားကို နားလည်သိရှိခဲ့သည်။ ထိုအချိန်တွင် သူသည် ဒုတိယအကြိမ်မွေးဖွါးခြင်းခံခဲ့ရပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ကိုလည်းရရှိခဲ့သည်။
ဘုရားကျောင်းအဆောက်အဦးအတွက် ကျွန်တော်ရှာဖွေနေသည့်အ ချိန်တွင် အခြားသောပုံပြင်တစ်ခုဖြစ်ပေါ်ခဲ့သေးသည်။ လှပ၍အလွန်တန်ဖိုး ကြီးသော အဆောက်အဦးကို ကျွန်တော်တွေ့ရှိခဲ့သည်။ ထိုအချိန်တွင် ၄င်း ကို ဘုရားကျောင်း အဆောက်အဦးအဖြစ်ငှါးရမ်းသုံးစွဲရန် ငွေကြေးလုံ လောက်မှုမရှိခဲ့ပေ။ထိုအဆောက်အဦးသည်ငှါးရမ်းသုံးစွဲရန်ငွေကြေးများစွာ ကုန်ကျလိမ့်မည်ကို ကျွန်တော်ခန့်မှန်းခဲ့သည်။ သို့သော်လည်းသန့်ရှင်း သောဝိညာဉ်တော်က "အားယူ၍စိတ်ချမှုရှိပါ" ဟုပြောခဲ့သည်။ အံ့သြစ ရာတစ်ခုမှာ ကျွန်တော်ဘုရားသခင်၏အမှုတော် လုပ်ဆောင်နိုင်ရန်အ တွက်အဆောက်အဦးတစ်ခုရရှိခဲ့သည်။ သန့်ရှင်းသောဝိညာဉ် တော်၏အ ကူအညီအတွက် ကျွန်တော်ကျေးဇူးတင်ပါသည်။ ထိုအချိန်မှစ၍ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကဝေငှခွင့်ပေး ခဲ့သည်။ ဤချိန်အထိတိုင် သန့်ရှင်းသောဝိ၏ညာဉ်တော်သည်ကျွန်တော့် နှလုံးသားထဲတွင်ကိန်းဝပ်လျက် ကျွန်တော်နှင့်အတူပါရှိပြီး၊ လူသားအား လုံးအပေါ်သတင်း ကောင်းဝေငှရန်အားတက်စေခဲ့သည်။ ဤသတင်း ကောင်းကို ကြားသိယုံကြည် သောသူများသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိကြောင်း ကျွန်တော် သိရှိမြင်တွေ့ခဲ့သည်။
ဤသတင်းကောင်းကိုဝေငှရန်စွမ်းဆောင်ပေးခဲ့သော သန့်ရှင်းသောဝိ ညာဉ်တော်ကို ကျွန်တော်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် သန့်ရှင်း သောဝိညာဉ်တော်ပြုသောအမှုများအားလုံးရေးလျှင် ကျွန်ုပ်ဘဝတစ်ခုလုံး လုံလောက်မည်မဟုတ်ဟု ကျွန်တော်သိရှိခဲ့သည်။ ကျွန်ုပ်နှလုံးသားမှ အ သက်စမ်းရေကိုအခမဲ့စီးဆင်းခြင်းဖြင့်အသက်ရှင်ရန် သန့်ရှင်းသောဝိညာဉ် တော်ကအသက်ရှင်စေခဲ့သည်။ ကျွန်ုပ်ထဲ၌ကိန်းဝပ်သောသန့်ရှင်းသောဝိ ညာဉ်တော်ကို ကျွန်တော်ကျေးဇူး တင်ပါသည်။
 

ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူ လျှောက်လှမ်းသောအသင်းတော်ကို တည်ထောင်ခဲ့သည်

တခါက သတင်းကောင်းဝေငှရန် တောနက်သို့ကျွန်တော်သွားခဲ့ဖူး သည်။ ထိုအချိန်တွင် ဘုရားသခင်သည် ကျွန်တော့်ကို သေးငယ်သောမြို့ တစ်ခုသို့ဦး ဆောင်ခဲ့ပြီး၊ ထိုနေရာတွင် ဘုရားသခင်ကိုရှာဖွေသောလူတစ်စု ကိုကျွန်တော်တွေ့ခဲ့သည်။ သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းဖြစ်စေသောသတင်းကောင်းကို ဘုရားသခင်က ဝေငှခွင့်ပေးခဲ့သည်။ သူတို့သည် သတင်းကောင်းကို နားထောင်ယုံကြည်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန် တော့်လုပ်ဆောင်ဖက်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ဤသတင်းကောင်း ကို ကမ္ဘာနေရာအနှံ့အပြားသို့သူတို့နှင့် အတူဝေငှခဲ့သည်။
ထိုအချိန်တွင် သူတို့သည် သေးငယ်သောအဖွဲ့အစည်းတစ်ခုသာ ဖြစ် သည်။ မည်သည့်အသင်းအဖွဲ့ချုပ်နှင့်ပတ်သက်မှုမရှိခဲ့ကြပေ။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လိုခဲ့ကြသည်။ သို့သော် သူတို့သည် အပြစ်တရား၌ ကျေးကျွန်ဘဝသို့ ရောက်ခဲ့ကြသောကြောင့် သူတို့ အပြစ်များမှလွတ်ငြိမ်းရန် ဘုရားသခင်ထံငိုကြွေးပြီးဆုတောင်းလေ့ ရှိခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော့်အား ဤလူနည်း စုများထံသို့စေလွှတ်ခဲ့ပြီး၊ သတင်းကောင်းဝေငှရန် အခွင့်ပေးခဲ့သည်။ ကျွန်ုပ်တို့သည် တစ်ယောက် နှင့်တစ်ယောက်တွေ့ဆုံကြရန် သန့်ရှင်းသော ဝိညာဉ်တော်ကပြင်ဆင်ပေးခဲ့သည်ကို ကျွန်တော်သိရှိခဲ့သည်။ ဝတ်ပြုရာ ကျမ်းထဲတွင်ဖော်ပြထားသော ယဇ်ပူဇော်ခြင်းဖြင့်အပြစ်ပြုပြီး ရေနှင့်ဝိ ညာဉ်တော် သတင်းကောင်းဝေငှရန် ဘုရားသခင်က ကျွန်ုပ်အားခွင့်ပေးခဲ့ သည်။ သတင်းကောင်းစကားအားဖြင့် လူတွေက သန့်ရှင်းသောဝိညာဉ် တော်ရရှိခဲ့ကြသည်။
သတင်းကောင်း၌ ထိုယုံကြည်သူများနှင့်အတူ ဘုရားသခင်ကသန့် ရှင်းသောဝိညာဉ်တော်၏အသင်းတော်ကို တည်ထောင်ခဲ့သည်။ သတင်း ကောင်းအား ဖြင့်သန့်ရှင်းသောဝိညာဉ်တော်က သူတို့ကို သခင်ယေရှု၏တ ပည့်တော်များဖြစ်စေခဲ့သည်။ ယခု ပို၍များပြားသောသိုးများသည် သန့်ရှင်း သောဝိညာဉ်တော်ရရှိရန်နှင့် အသင်းတော်သို့ဝင်ရန် စတင်နေခဲ့ကြပြီးဖြစ် သည်။ 
သန့်ရှင်းသောဝိညာဉ်တော်သည် သာသနာပြုကျမ်းစာသင်ကျောင်း ဖွင့်လှစ်စေခဲ့ပြီး တပည့်များစွာမွေးထုတ်စေခဲ့သည်။ လူတွေအပေါ်ဘုရား သခင်၏နှုတ်ကပတ်တော်ဝေငှရန် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန် တော့်ကိုကူညီခဲ့ပြီး၊ ယုံကြည်ခြင်းအားဖြင့်နာခံခြင်းရှိရန် သူတို့ကိုလည်း ကူညီခဲ့သည်။ သူတို့သည် ဘုရားသခင်၏ကျွန်များအဖြစ်စေခံခဲ့ကြသည်။ သူတို့သွားသောနေရာတိုင်းတွင် သတင်းကောင်းလုပ်ဆောင်ချက်များဖြစ် ပေါ်ရန် ဘုရားသခင်ကခွင့်ပြုခဲ့ပြီး၊ သူတို့ အားဖြင့် ဘုရားသခင်သည် သူ၏ အသင်းတော်ကိုထူထောင်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အစေခံကျွန်များအား ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဝေမျှရန် လမ်းပြ ဦးဆောင်နေသည်။ အပြစ်လွတ်ခြင်းခံရသောသူများဖြစ်သော ဖြောင့်မတ် သောသူများကို သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်နှင့်ပေါင်း စည်း စေခဲ့ပြီး၊ ဤလောကတွင် ဖြောင့်မတ်သောဘဝဖြင့်အသက်ရှင်ရန် ကောင်း ချီး ခံစားစေခဲ့သည်။
စာတန်သည်လွန်ခဲ့သောအချိန်များစွာကတည်းကစပြီး လူတွေက လိမ်ညာခဲ့ပါသည်။ ယခုတွင်လည်းသူသည် လူတွေကိုလိမ်ညာနေပါသည်။ စာတန်သည် လူတွေအား အပြစ်နောက်တရခြင်းနှင့်စပ်ဆိုင်သောဆု တောင်းခြင်းများ၊ အစာရှောင် ခြင်းနှင့်လက်တင်ခြင်းများအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိလိမ့်မည်ဟု ပြောသည်။ ဤပြောကြားချက်သည်မှား ယွင်းနေပါသည်။ အပြစ်နောင် တရခြင်းနှင့်ဆိုင် သောဆုတောင်းခြင်းနှင့် လက်တင်ခြင်းအားဖြင့် လူတွေကသန့် ရှင်းသောဝိညာဉ်တော် မရရှိနိုင်ကြ ပေ။ ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်များအားလုံး လွတ်ခြင်းရရှိ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည်။ ဤအရာသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်း၏စစ်မှန်သော အနက်အဓိပ္ပါယ်ဖြစ်သည်။ လူတွေက သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ရန်အတွက် သန့် ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှု၏တပည့်တော်များအား ရေနှင့်ဝိ ညာဉ်တော် သတင်းကောင်းဟောပြောရန် မရပ် စတမ်းလမ်းပြဦးဆောင် နေသည်။
 

သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့အားကမ္ဘာတစ်ဝှမ်းလုံး၌ စာပေသာသနာလုပ်ငန်းလုပ်ဆောင်စေခဲ့သည်

တမန်တော်ရှင်ပေါလုသည် သူ၏စာစောင်များတွင် သတင်းကောင်း ချန်ထားခဲ့သည့်နည်းတူ၊ ကျွန်ုပ်နှလုံးသားတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စာအုပ်စာပေ များအားဖြင့် ဝေငှဖြန့်ချီခဲ့ပါသည်။ ထိုကြောင့်ယုံကြည်သူများသန့်ရှင်းသော ဝိညာဉ်တော်ရရှိစေ နိုင်သောသတင်းကောင်းပါဝင်သည့်ခရစ်ယာန်စာအုပ် စာပေများကို ကျွန်ုပ်တို့ထုတ်ဝေဖြန့်ချီထားခြင်း ဖြစ်သည်။ ပထမတွင် ကျွန်ုပ်တို့သည် စာမျက်နှာအနည်းငယ်သာပါဝင်သော လက်ကမ်းစာစောင် များထုတ်ဝေခဲ့သည်။ သို့သော် များမကြာမီ သတင်းကောင်းကို ကမ္ဘာ့နေ ရာအနှံ့အပြားသို့စာအုပ်များဖြင့်ဖြန့် ချီခဲ့ပါသည်။
စာအုပ်ဖတ်ရှုခြင်းနှင့်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သူတို့ အပြစ်လွတ်ခြင်းရရှိခဲ့ပြီးနောက် ကျွန်ုပ်၌ကိန်းဝပ်သောသန့်ရှင်း သောဝိ ညာဉ်တော်သည် အသင်းတော်သို့လူများစွာပို့ဆောင်ပေးခဲ့သည်။ ထိုပြင်၊ အခြားသောတိုင်း တပါးဘာသာစကားပေါင်းစုံဖြင့် သတင်းကောင်းကို သန့် ရှင်းသောဝိညာဉ်တော်ကဝေငှစေခဲ့သည်။ အမေရိကနိုင်ငံအပါအဝင် ကမ္ဘာ နေရာအနှံ့တွင်ရှိသောနိုင်ငံ ပေါင်း ၁၅၀ တွင် သန့်ရှင်းသောဝိညာဉ်တော်က သတင်းကောင်းဝေငှခွင့်ပေး ခဲ့သည်။
ကမ္ဘာ့သာသနာလုပ်ငန်းအတွက် ဆုတောင်းပေးရန် သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူများကိုခွန်အားပေးခဲ့ပြီး၊ သတင်းကောင်းကို ဘာသာစကား အမျိုးမျိုးဖြင့်ဘာသာပြန်ဆိုစေခဲ့ကာ မတူညီသောလူမျိုး အမြားအပြားက ၄င်းကို ကြားသိယုံကြည်ရန်အတွက် စာပေသာသနာလုပ် ငန်းအားဖြင့် သတင်းကောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဟောပြော စေခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသောနိုင်ငံတွင် ရှိ သောတပည့်တော်အသစ်များနှင့်အတူအမှု တော်ထမ်းဆောင်ရသောအခွင့် ပေးခဲ့ပြီး၊ ထိုနေရာတွင် သူတို့နှင့်အတူသတင်း ကောင်းဝေငှရသောအခွင့် ပေးခဲ့သည်။သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်ကျေးဇူးတင်ပါသည်။
ရုရှားနိုင်ငံတွင်သတင်းကောင်းဟောပြောရန် သန့်ရှင်းသောဝိညာဉ် တော်က ကျွန်ုပ်အားစိတ်ဆန္ဒပြင်းပြမှုဖြင့်ပြည့်ဝစေခဲ့သည်။ သန့်ရှင်သောဝိ ညာဉ်တော်ကဆု တောင်းစေခဲ့ပြီး၊ သမ္မာတရားကိုရှာဖွေသောရုရှားဧဝံဂေ လိဆရာများနှင့် တွေ့ဆုံစေခဲ့ကာ ထိုသူတို့ထံသတင်းကောင်းဟောပြော စေခဲ့သည်။ ထိုအချိန်သည် သတင်း ကောင်းကိုပထမဦးဆုံးကြားသိသော အချိန်ဖြစ်သည်။ သူတို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုကြား သိယုံကြည်ခဲ့ပြီးနောက် ကျွန်ုပ်တို့ နည်းတူ သူတို့သည် သန့်ရှင်းသောဝိ ညာဉ်တော်ရရှိခဲ့ကြသည်။ 
မော်စကိုတက္ကသိုလ် ပါမောက္ခတစ်ဦးသည် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကိုကြားခဲ့ပြီးနောက် ကျွန်ုပ်ထံဤသို့ဝန်ခံခဲ့သည်။ 
"ကျွန်တော်ဘုရားသခင်ကို ယုံကြည်ခဲ့တာ (၆) နှစ်ရှိခဲ့ပြီ။ သို့သော် ကျွန်တော်ဘုရားသခင်ကို အမှန်မသိဘဲယုံကြည်ခဲ့တယ်။ သို့ဖြစ်သော် လည်း ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုကျွန်တော်ကြားခဲ့ပြီးနောက် ခိုင်မာသော ယုံကြည်ခြင်းရှိခဲ့ပြီး၊ ကျွန်ုပ်နှလုံးသား၌ ငြိမ်သက်သောနှစ် သိမ့်မှုရှိခဲ့တယ်။ ကျွန်တော်ဘုရားသခင်ကို အထူးပဲကျေးဇူးတင်ပါတယ်။ စစ်မှန်သောယုံကြည်ခြင်းမျိုးအားဖြင့် ဘာသာရေးအသက်တာလျှောက် လှမ်းနိုင်ခဲ့သည်ဟု ကျွန်တော်မိမိ ကိုယ်ကိုတွေးမိခဲ့တယ်။ ကျွန်တော့်ဘာ သာတရားကိုင်းရှိုင်းသောအသက်တာသည် ကျွန်ုပ်တို့အပြစ်အတွက် အ သေခံသောသခင်ယေရှု၏အသွေးတော်ကိုသာယုံ ကြည်ခြင်းသာဖြစ်တယ်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်အပြစ်များအားလုံး ဆေးကြောခဲ့သည်ကို ကျွန်တော်သေချာ မသိခဲ့ပေ။ 
ထိုနောက်ကျွန်တော် ဒုတိယမွေးဖွါးခြင်းခံခဲ့သောသင်းအုပ်ဆရာတစ် ပါးနှင့် တွေ့ခဲ့တယ်။သူက ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးထားခဲ့သောသ တင်းကောင်းကို ဝေငှခဲ့တယ်။ ၄င်းအားဖြင့် ကျွန်တော်အပြစ်သားဖြစ်သေး ကြောင်းသိရှိ ခဲ့ရတယ်။ သတင်းကောင်းနှင့် ဖြောင့်မတ်ခြင်းအဓိပ္ပါယ်အ ကြောင်းကို ရှာဖွေတွေ့ရှိရန် ကျွန်တော်ပို၍ကြိုးစားခဲ့တယ်။ သခင်ယေရှု ဗတ္တိဇံခံသောအခါ သူ့အပေါ်မှာ ကျွန်ုပ်အပြစ် များအားလုံးလွှဲပြောင်းပေးခဲ့ ပြီးဖြစ်ကြောင်း ကျွန်တော်သိရှိနားလည် ခဲ့တယ်။ ၄င်းသည် သတင်း ကောင်းဖြစ်တယ်။ သခင်ယေရှုဗတ္တိဇံခံယူသောအခါ ဗီဇအပြစ်များ၊ နေ့စဉ် ပြုမိသောအပြစ်များနှင့် နောက်အနာဂတ်တွင်ပြုမည့်အပြစ် အားလုံးများ သူ့အပေါ်သို့လွှဲပြောင်းပြီးခဲ့ပြီဖြစ်ကြောင်းကျွန်တော်နားလည်သိရှိ ခဲ့တယ်။ ဤသတင်းကောင်းကို ကြားနာယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွါးခြင်း ခံခဲ့သောသူအဖြစ်ကြီးမားသောဝမ်းမြောက်ခြင်းကို ကျွန်တော်ခံစားခဲ့ တယ်။"
ဤပါမောက္ခအပါအဝင် ရုရှားလူမျိုးအမြားအပြားတို့သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကို ကြားနာယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ရရှိခဲ့ကြသည်။ ယခုထိုနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အသင်းတော်တည် ထောင်ခဲ့ပြီးဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် ပို၍ များပြားသောလူတို့က သတင်းကောင်းကို ယုံကြည်ခဲ့ကြသည်။ ဘုရားသခင်သည် ဤအမှုများအားလုံးကိုပြုခဲ့ပြီး ဖြစ်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန် တော်အထူးကျေးဇူး တင်လိုပါသည်။
ကျွန်ုပ်အထဲတွင် သန့်ရှင်းသောဝိညာဉ်ကိန်းဝပ်ခြင်းက ရေနှင့်ဝိညာဉ် တော် သတင်းကောင်းကိုယုံကြည်သောသူများအားလုံးကဲ့သို့ ကျွန်တော့်ကို ဒုတိယမွေးဖွါးခြင်းခံသောခရစ်ယာန်တစ်ဦးဖြစ်စေခဲ့သည်။ ယခုသတင်း ကောင်းကို ကျွန်တော် ကမ္ဘာနေရာအနှံ့အပြားသို့ဝေငှခဲ့ပါသည်။ သတင်း ကောင်းနှင့်ပတ်သက် သော ကျွန်ုပ်တို့စာအုပ်များအင်္ဂလိပ်ဘာသာစကား သာမက၊ကမ္ဘာပေါ်တွင်ရှိသောတခြားဘာသာစကားမျိုးစုံတို့ဖြင့်ဆက်လက် ဘာသာပြန်ဆိုစေခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ ဤသတင်းကောင်းကို ကျွန်ုပ်တို့အားဟောပြောခွင့်ပေးခဲ့သည်။ ကျွန်တော်သည် သန့်ရှင်းသောဝိ ညာဉ်တော်ကိုကျေးဇူးတင်ပါသည်။ မိတ်ဆွေသည်လည်း သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်း ဝပ်ခြင်းရရှိရန် ဘုရားသခင်သည်မိတ်ဆွေအားအလိုတော်ရှိသည်။
သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်ဖိတ်ခေါ်ခြင်းနှင့် ဘုရားသခင် ထံတော်သို့ပြင်းထန်စွာဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ရရှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် သခင်ယေရှုပေးခဲ့သောရေနှင့်ဝိညာဉ် တော်သတင်းကောင်းမပါ ဘဲသန့်ရှင်းသောဝိညာဉ်တော်ရရှိရန်ကြိုးစား ခြင်းသည် မှားယွင်းမှု တစ်ခုဖြစ်သည်။ သခင်ယေရှု၏ရေနှင့်ဝိညာဉ်တော် သတင်းကောင်း မပါဘဲလူတစ် ဦးသည်သန့်ရှင်းသော ဝိညာဉ်တော်ရရှိနိုင် သည်ဟုပြောခြင်းသည်မှားယွင်းသော သွန်သင်မှုဖြစ်သည်။
သခင်ယေရှု၏တပည့်တော်များသည် သူတို့အပေါ်မှာသခင်ယေရှုပေး ခဲ့ သောသတင်းကောင်းကိုယုံကြည်ခြင်းမရှိဘဲ သန့်ရှင်းသောဝိညာဉ်တော် ရရှိခဲ့ကြသလား။ သူတို့သည် လုံးဝမရခဲ့ကြပေ။ ယခုနေ့ရက်တွင်လည်းရေ နှင့်ဝိညာဉ် တော်သ တင်းကောင်းကိုယုံကြည်သောသူများအပေါ်၌သာ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်သည်ကို၄င်း၊ သူတို့နှလုံးသားများမှ သန့်ရှင်းသောဝိညာဉ်တော်၏အသက်စမ်းရေစီးဆင်းသည်ကို၄င်း မိတ်ဆွေ သိသင့်ပါသည်။ ယခုချိန်၌ပင်လျှင်သန့် ရှင်းသောဝိညာဉ် တော်၏အသက် စမ်းရေသည် သတင်းကောင်းနှင့်အတူ ကျွန်တော့်နှလုံးသားမှစီးဆင်းနေ သည်။ ဟာလေလုယ။ ဘုရားသခင်ကိုအထူး ကျေးဇူးတင်ပါ၏။