Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-9] ကျွန်ုပ်တို့ကို သန့်ရှင်းစေခဲ့သောသခင်ယေရှု၏ဗတ္တိဇံ သတင်းကောင်း (ဧဖက်သြဝါဒစာ ၂း၁၄-၂၂)

ကျွန်ုပ်တို့ကို သန့်ရှင်းစေခဲ့သောသခင်ယေရှု၏ဗတ္တိဇံ သတင်းကောင်း
(ဧဖက်သြဝါဒစာ ၂း၁၄-၂၂)
“အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏သင့်မြတ်ငြိမ်းချမ်းခြင်းအကြောင်းဖြစ်တော်မူ၍ ငါတို့နှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ်စေပြီး ပိုင်းခြားသောရန်ငြိုးတံတိုင်းကို ဖြိုဖျက်ကာ စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ် ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ လက်ဝါး ကပ်တိုင်တွင် ရန်ငြိုးကိုသုတ်သင်ပြီး လက်ဝါးကပ်တိုင်အားဖြင့် ငါတို့နှစ်မျိုးစလုံးကို ကိုယ်ခန္ဓာတစ်ခုတည်း၌ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေရန်ဖြစ်၏။ ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့် မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။ ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့်သူစိမ်းဧည့်သည်များမဟုတ်တော့ဘဲ သန့်ရှင်းသူတို့နှင့်တစ်မျိုးသားတည်းဖြစ်ကြပြီး ဘုရားသခင်၏အိမ်သူအိမ် သားများဖြစ်ကြ၏။ သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။ ထိုထောင့်ချုပ်ကျောက်အားဖြင့် အဆောက်အအုံတစ်ခုလုံးသည် အံဝင်ခွင်ကျဆက်စပ်လျက် သခင်ဘုရား၌ သန့်ရှင်းသောဗိမာန်တော်အဖြစ်သို့ တိုးပွားလေ၏။ သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။”
 
 

ဆင်းရဲနွမ်းပါးမှုကြောင့်မွေးစားခြင်းခံသောကလေး

 
မည်သည့်အရာလူတစ်ယောက်ကို ဘုရားသခင်နှင့် ဝေးကွာစေခဲ့သနည်း
သူ၏အပြစ်ကဝေးကွာစေခဲ့သည်

ကိုးရီးယားစစ်ပွဲပြီးနောက် ရာစုထက်ဝက်အချိန်ကုန်လွန်သွားခဲ့ပြီးဖြစ် သည်။ သို့သော် ထိုစစ်ပွဲသည်ကိုးရီးယားလူမျိုးများကြားတွင် ကြီးမားသော ဒဏ်ရာများချန်ထားခဲ့ပါသည်။ ကိုးရီးစစ်ပွဲ၏ဆိုးကျိုးတစ်ခုမှာ မြောက်များ စွာသောကိုးရီးယား ကလေးငယ်များသည် တခြားနိုင်ငံများသို့မွေးစားခြင်း ခံခဲ့ကြသည်။ ထိုအချိန်တွင် ယူနိုက်တက်နယ်ရှင်း စစ်တပ်များကိုးရီးယား နိုင်ငံသို့ရောက်လာခဲ့ကြပြီး ကူညီထောက်ပံ့မှုများစွာပေးခဲ့ကြသော်လည်း စစ်သားများပြန်သွားခဲ့ ကြသောအခါ များစွာသောကလေးသူငယ်များသည် ဖခင်မရှိသောသူများအဖြစ် ကျန်ရစ်ခဲ့ကြသည်။ 
မိန်းမနှင့်ကလေးများစွာ ရရှိခဲ့ကြသောများစွာသောယူအင် (UN)စစ် သားများသည် သူတို့နေအိမ်သို့ပြန်သွားခဲ့ကြသောအခါ သူတို့မိသားစုကို နောက်တွင် ချန်ထားခဲ့ကြသည်။ ဤများစွာသောကလေးငယ်များကို သူတို့ မိခင်များက မိဘမဲ့ ကလေးထိန်းကျောင်းသို့တဖန်စွန့်ပစ်ခဲ့ကြပြီး၊ ၄င်းမှဝေး လှံသောတခြားနိုင်ငံများသို့ မွေးစားရန် ပို့ခဲ့ကြသည်။ ဤကလေးငယ်များ က သူတို့ကို ကောင်းမွန်စွာပြုစု စောင့်ထိန်းရန်မွေးစားမိဘများတွေ့ရှိကြ ခြင်းသည် ကံကောင်းခြင်းတစ်ပါးဖြစ်ပါသည်။
ဤမွေးစားကလေးများအသက်ကြီးလာသောအခါ သူတို့သည် သူတို့မိ ဘများ၊ အိမ်နီးချင်းများနှင့်လုံးဝမတူခဲ့ကြသည်သူ သူတို့ကသိရှိခဲ့ကြသည်။ သူတို့သည် ဝေလှံသောကိုးရီးနိုင်ငံမှမွေးစားခြင်းခံသောသူများ ဖြစ်ကြ သည်ကို သိရှိခဲ့ကြသည်။ "ကျွန်ုပ်မိဘများက ကျွန်ုပ်ကိုအဘယ့်ကြောင့်စွန့် ပစ်ခဲ့သလဲ။ ကျွန်ုပ်ကိုမချစ် လို့ဤနိုင်ငံသို့ပို့လိုက်တာလား။" ဤကလေး ငယ်များ၏ ငယ်ရွယ်သောစိတ်အားဖြင့် ဖြစ်ပျက်ခဲ့သောအကြောင်းအရာ များကို သူတို့ကနားမလည်နိုင်ကြပေ။
သူတို့၏မိဘများကိုသိလိုသောစိတ်နှင့်မုန်းတီးစိတ်များသည် တဖွား ဖွား ကြီးထွားလာသည်နှင့်အမျှ မိဘများနှင့်ဆုံတွေ့ရန် တောင့်တခဲ့ကြ သည်။ "ကျွန်ုပ် မိဘတွေဘာနှင့်တူကြမလဲမသိဘူး။ သူတို့ကကျွန်ုပ်ကိုမည် သို့စွန့်ပစ်နိုင်ကြသလဲ။ သူတို့က ကျွန်ုပ်ကိုမုန်းသောကြောင့်စွန့်ပစ်ခဲ့ကြသ လား။ မဟုတ်နိုင်ပါ။ ဤအကြောင်းနှင့်ပတ်သက်ပြီးအကြောင်းတခုခု တော့ရှိရမည်။" သူတို့သည်နားလည်မှု လွှဲခြင်းဖြင့် တခါတရံမုန်းတီးသည့် စိတ်ခံစားလာနိုင်ပါသည်။ အခြားသောအချိန်များတွင် ထိုအကြောင်း ကိုမ တွေးဘဲနေရန် ရည်ရွယ်တတ်ပါလိမ့်မည်။ သူတို့သည် ဖြစ်ပျက်ခဲ့သောအ ရာများ ကောင်းမွန်စွာမသိရှိမီ သူတို့သည် ကလေးအရွယ်မှ လူကြီးအရွယ် သို့ရောက်ရှိခဲ့ကြပါသည်။ သူတို့သည် အိမ်ထောင်ပြုခဲ့ကြသည်။ သူတို့သား သမီးများရရှိလာခဲ့ကြပြီး သူတို့ကိုယ်တိုင်အိမ်ထောင်စုများတည် ထောင်ခဲ့ ကြသည်။
ရုပ်မြင်သံကြားအစီအစဉ်မှ ဤကလေးများအကြောင်းအသံလွှင့်ခြင်း ကို ကျွန်တော်စိတ်ဝင်စားမိခဲ့ပါသည်။ ဤအစီအစဉ်တွင် မွေးစားခြင်းခံခဲ့ သော ယခု ဂျာမနီနိုင်ငံတွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား ရုပ်မြင်သံ ကြားအစီအစဉ်မှူးက အင်တာဗျူးလုပ်ခဲ့ပါသည်။ ထိုအချိန်တွင် ဤအမျိုး သမီးသည် အသက်နှစ်ဆယ်သာရှိပြီး ကျမ်းစာအကြောင်းလေ့လာခဲ့ပါ သည်။ အစပိုင်းထိုအမျိုးသမီးသည် မွေးစားသမီးဖြစ်ခြင်းကို မည်သူမည်ဝါ ကမျှ မသိစေလိုသောကြောင့် သူမက အတတ်နိုင်ဆုံးသတင်းပေးပို့သူကို ရှောင်လွှဲခဲ့ပါသည်။ သတင်းပို့သူက အင်တာဗျူး လုပ်ခြင်းအားဖြင့်အခြား တိုင်းနိုင်ငံသို့ကလေးမွေးစားရန်ပေးပို့ခြင်းရပ်တန့်နိုင်မည်ဟု သူမအားဆွဲ ဆောင်ခဲ့သည်။ ထိုအမျိုးသမီးသည် သဘောတူခဲ့သည်။
သတင်းပေးပို့သူမေးသည့်မေးခွန်းတစ်ခုမှာ "မင်းရဲ့မိဘအရင်းတွေကို ပြန်တွေ့ခဲ့မယ်ဆိုရင်ဘာပြောမလဲ။ ဘယ်အရာသည် မင်းအလိုချင်ဆုံးဖြစ် သလဲ"ဖြစ်သည်။ ထိုအမျိုးသမီးက"ကျွန်မကိုမွေးစားကလေးအဖြစ် ရောင်း ချခဲ့ခြင်းကို ကျွန်မနားမလည်နိုင်ပါ။ သူတို့က ကျွန်မကိုမုန်းတီးသလားဟု ကျွန်မမေးချင်တယ်" ဟုပြန်ဖြေခဲ့သည်။ သူမကိုမွေးခဲ့သောမိခင်အရင်းက ရုပ်မြင်သံကြားတွင် ထိုအမျိုးသမီး၏အင်တာဗျူးခြင်းကိုမြင်တွေ့ခဲ့သည်။ သူမက အသင့်လွှင့်ဌာနကို ဆက်သွယ်ခဲ့သည်။ သူမသည် သူမ၏သမီးကို မြင်တွေ့လိုကြောင်း ပြောခဲ့သည်။ ဤသို့အားဖြင့် သူမတို့နှစ်ဦးစလုံးတို့ သည် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
မိခင်ကြီးသည် စောစောစီးစီး လေဆိပ်သို့သွားပြီး သူမသမီးရောက် လာသည့်အချိန်ကိုစောင့်ခဲ့သည်။ လူငယ်အမျိုးသမီးတစ်ဦးသည် ထွက် ပေါက်မှထွက် လာသောအခါသူမမိခင်ကြီးသည် ထိုနေရာတွင်မတ်သတ် ရပ်လျက်ငိုကြွေးခဲ့သည်။ 
ဤလူနှစ်ဦးတို့သည် မျက်နှာချင်းဆိုင်ပြီးတစ်ကြိမ်တခါမှမမြင်ဘူးခဲ့ ကြပေ။ မိခင်ကြီးက သူမ၏သမီးသည် ကြီးလာပြီဖြစ်သော်လည်း သူမ၏ သမီး ရုပ်မြင်သံကြားမှ အင်တာဗျူးပြုလုပ်သည့်အချိန်၌ ပထမဦးဆုံးမြင် တွေ့ခဲ့သည်။ သူတို့နှစ်ဦးစလုံးအသုံးပြုသောစကားသည် ကွဲပြားခဲ့ကြသော် လည်း သူတို့နှလုံးသားဖြင့်စကား ပြောခဲ့ကြသည်ပြီး၊ သူတို့၏စိတ်လှုပ်ရှား မှုအကြည့်ဖြင့်အချင်းချင်းဖလှယ်ခဲ့ကြသည်။ မိခင်ကြီးသည် သူမပြုလုပ်ခဲ့မိ သောအပြစ်များ ဝန်ချတောင်းပန်နေသည့်အချိန်တွင် သူတို့နှစ်ယောက်တို့ သည် အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ထိတွေ့နိုင်ခဲ့ကြ သည်။ သူမလုပ်နိုင်အရာအားလုံးသည် ငိုကြွေးခြင်းနှင့် သူမသည်အလွန်အ မင်းဝမ်းနည်းသောကြောင့် ထပ်ခါသလဲလဲငိုကြွေးခဲ့ရသည်။
မိခင်သည် သူမ၏သမီးအားအိမ်သို့ခေါ်ပြီး အတူတကွစားသုံးခဲ့ကြ သည်။ သမီးသည် ဂျာမနီဘာသာစကားအသုံးပြုခဲ့ပြီး၊ မိခင်သည် ကိုးရီး ယားဘာသာစကားအသုံးပြုခဲ့သောကြောင့်နှုတ်ထွက်စကားအားဖြင့် ဆက် သွယ်၍မရပေ။ သို့သော် သူတို့သည် တစ်ယောက်က အမေ၊ တစ်ယောက် ကသမီးဖြစ်ကြသောကြောင့် အချင်းချင်းနားလည်မှုရှိခဲ့ကြသည်။ သူတို့မှာ စကားသံမပါသောဆက် သွယ်ခြင်းများစွာရှိခဲ့ကြပြီး၊ ကိုယ်အမူအရာတို့ဖြင့် ဖော်ပြကြကာ တစ်ယောက်မျက်နှာတစ်ယောက်ထိလျက် မျက်လုံးများနှင့် နှလုံးသားများအားဖြင့်စကားပြော ခဲ့ကြသည်။
သူမဂျာမနီနိုင်ငံသို့ပြန်လှည့်လာသောအခါ သမီးက သူမမွေးသောမိ ခင်က သူမကိုချစ်ကြောင်းသိရှိခဲ့သည်။ သူမ မထွက်ခွါမီ ယခင်ကသူမအား အင်တာဗျူးပြုခဲ့သောသတင်းပေးပို့သူက သူမအားနောက်ထပ်စကားပြော ခဲ့သည်။ "ကျွန်မမိခင်သည် ကျွန်မအားအဘယ်ကြောင့်မွေးစားခံခဲ့သည်ကို ကျွန်မမေးရန်မလိုတော့ပါ။ ကျွန်မမိခင်သည် ယခုအချိန်ထိဆင်းရဲနွမ်းပါး နေသည်။ ဤနိုင်ငံ၌ချမ်းသာသောသူ များသည် အလွန်ချမ်းသာခဲ့ကြသည်။ သူတို့သည် နိုင်ငံခြားမှတင်သွင်းလာသော ကားများကိုစီးနိုင်ကြသည်။ သို့ သော် ကျွန်မမိခင်သည် ယခုအထိဆင်းရဲစွာ အသက်ရှင်နေဆဲဖြစ်သည်။" သူမထပ်ပြောခဲ့သည်မှာ "ကျွန်မမိခင်ထံ ထိုမေးခွန်း ကိုမမေး၊ သူမထံမှအ ဖြေမကြားခဲ့သော်လည်း ဆင်းရဲနွမ်းပါးခြင်းမှလွတ်မြောက်ရန် သူမက ကျွန်မအားအဝေးသို့ပို့လိုက်ကြောင့် ကျွန်မနားလည်ခဲ့ပါသည်။ ထိုကြောင့် ကျွန်မမှထိုမေးခွန်းမေးမြန်းစရာမလိုအပ်တော့ပေ။ သံသယစိတ်များ အား လုံးနှင့်မုန်းတီးမှုများ အားလုံးယခုပျောက်ကွယ်သွားခဲ့ရသည်။"
 


လူတို့သည်သူတို့နှလုံးသား၌ရှိသောအပြစ်များကြောင့် ဘုရားသခင်နှင့်မိတ်ပျက်ခြင်းခံခဲ့ရကြသည်


ကျွန်ုပ်တို့သည် အဘယ်ကြောင့်ဘု၇ားသခင်နှင့်အဆက်အသွယ်ပျက် ခဲ့ရသနည်း။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် သူ့ထံသို့မချဉ်းကပ်နိုင်ခဲ့ကြသ နည်း။ မွေးစားခြင်းခံခဲ့သောအမျိုးသမီးသည် ဆင်းရဲနွမ်းပါးခြင်းမှလွတ် မြောက်ရန် သူမ၏မိခင်က အဝေးသို့ပို့ဆောင်ခဲ့ကြောင်း သူမသိရှိခဲ့ပါ သည်။ ဘုရားသခင်လည်းထိုနည်းတူဖြစ်သလား။ ဘုရားသခင်က ကျွန်ုပ် တို့အားသူ၏ပုံသဏ္ဍာန်တော်နှင့်အညီဖန် ဆင်းခဲ့ပါသည်။ အဘယ်အရာ သည် သူနှင့်ကွဲကွာစေခဲ့သနည်း။ အဖြေမှာ စာတန်သည် လူတွေကိုအ ပြစ်ပြုရန် စုံစမ်းသွေးဆောင်းခဲ့ပြီး၊ ထိုအပြစ်တရားက ကျွန်ုပ်တို့အား ဘု ရားနှင့်ကွဲကွာစေခဲ့သည်။ 
အစ၌ဘုရားသခင်သည် လူတွေကို သူ၏ပုံသဏ္ဍာန်တော်နှင့်အညီဖန် ဆင်းထားခဲ့ပြီး သူဖန်ဆင်းထားသောအရာများအားလုံးသူချစ်ခဲ့သည်။ ဘု ရားသခင်၏ချစ်ခြင်းမေတ္တာခံစားရန် လူတွေကိုဖန်ဆင်းထားခဲ့ခြင်းဖြစ်ပြီး၊ အခြားသော ဖန်ဆင်းခြင်းများထက်ပို၍ မြင့်မြတ်ရန် ဖန်ဆင်းထားခြင်း လည်းဖြစ်ပါသည်။ သို့သော် စာတန်ခေါ် ကောင်းကင်မှကျဆင်းသော ကောင်းကင်တမန်သည် လူတွေကို ဘုရားသခင်နှင့်မိတ်ပျက်အောင်ပြုလုပ် ခဲ့သည်။ စာတန်သည်လူသားများအား ဘုရားသခင်၏နှုတ်ကပတ်တော်မ ယုံကြည်ရန် သွေးဆောင်ခဲ့သည်။ ထို့ပြင် အ ကောင်းနှင့်အဆိုးသိကျွမ်းရာ အပင်၏အသီးကိုစားသုံးစေခဲ့ပါသည်။
ထိုကြောင့်လူသားများသည် သူတို့အပြစ်ကြောင့် ဘုရားသခင်ထံမှကွဲ ကွာခဲ့ရခြင်း ဖြစ်သည်။ လူတွေက ဘုရားသခင်ကို နာခံခြင်းမရှိခဲ့ပေ။ လူ တွေက ဘုရား သခင်ခွင့်ပြုသော ထာဝရအသက်ပင်၏အသီးကိုမစားခဲ့ ကြမည့်အစား အကောင်း နှင့်အဆိုးကိုခွဲခြင်းသိမြင်နိုင်သောတားမြစ်သော အသီးကိုစကားခဲ့ကြသည်။ ဆိုးကျိုးအနေဖြင့်သူတို့သည် ဘုရားသခင်ထံမှ ကင်းကွာခဲ့ရကြသည်။
ဘုရားသခင်၏အချစ်ကိုခံရသောလူသားများသည် ဘုရားသခင်ကိုနာ ခံခြင်းမရှိတော့ဘဲ သူ့ထံမှမောက်မာစွာဖြင့်ဝေးကွဲခဲ့ကြသည်။ လူသားများ ၏နှလုံးသားထဲတွင် ကိန်းဝပ်သောအပြစ်တရားကြောင့် လူသားများသည် ဘုရားသခင်နှင့် မိတ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ထိုနောက် လူသားများသည် အချိန်ကြာမြင့်စွာဘုရား သခင်နှင့်ဝေးကွာခဲ့ကြပြီး၊ "ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့ပြီးနောက် အဘယ်ကြောင့် စွန့်ပစ်ခဲ့သနည်း။ ဘုရား သခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား အပြစ်ပြုစေခဲ့သနည်း။ ဘုရား သခင်သည် ကျွန်ုပ်တို့အားအားနည်းစေပြီးနောက် အဘယ်ကြောင့် ငရဲထဲ သို့ပစ်ချခဲ့ရသနည်း။ သူသည် အစအဦး၌ကျွန်ုပ်တို့ကိုမဖန် ဆင်းလျှင်ပို ကောင်းသည်"ဟု စောဒကတက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဒုတိယ မွေး ခြင်းမခံမီမေးခွန်းများစွာ မေးမြန်းခြင်း၊ စိတ်ပြင်းပြခြင်း၊ သံသယဖြစ်ခြင်း နှင့် မုန်းတီးခြင်းတို့ဖြင့်အသက်ရှင်ခဲ့ကြသည်။
ရုပ်မြင်သံကြားအစီအစဉ်တွင် မွေးစားအမျိုးသမီးကိုကျွန်တော်မြင် တွေ့ခဲ့သောအခါ လူနှင့်ဘုရားသခင်တို့၏ဆက်နွယ်မှုသည်လည်း ထိုအမျိုး သမီးနှင့်မိခင် တို့၏ဆက်နွယ်မှုနှင့်တူညီကြောင်း ကျွန်တော်နားလည်သိရှိ ခဲ့သည်။ မည်သည့်အခြေအနေမျိုးမဆို ခက်ခဲခြင်း၊ နားလည်မှုလွှဲခြင်း၊ ကျိန်ခြင်းနှင့် အပြစ်တရားတို့က ကျွန်ုပ်တို့အားဘုရားသခင်နှင့်ကွဲကွာစေခဲ့ သည်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့ဆက် နွယ် မှုသည်ချစ်ခြင်းမေတ္တာပေါ်တွင် အခြေခံထားသည်ကိုကျွန်တော်နားလည်နိုင်ခဲ့သော်လည်း တစ်ယောက် နှင့်တစ်ယောက်ကြားနားလည်မှုလွှဲသွားခြင်းသည်လည်း ဖြစ်ပေါ်လာနိုင် သည်။
မိခင်သည် သူမ၏သမီးကိုမုန်းတီးသောကြောင့်ဝေးလံသောနေရာသို့ မပို့ခဲ့သည့်နည်းတူ လူသားနှင့်ဘုရားသခင်တို့ကွဲကွာခြင်းသည်လည်းမုန်း တီးစိတ်ကြောင့်မဟုတ်ဘဲ အပြစ်တရားကြောင့်သာဖြစ်ပါသည်။ ဘုရားသ ခင်က လူတွေကိုမုန်းစရာ အကြောင်းမရှိပေ။ လူတွေကလည်းဘုရားသခင် ကိုမုန်းတီးစရာအ ကြောင်းမရှိပေ။ ကျွန်ုပ်တို့အချင်းချင်းချစ်ကြသည်။ လူ သားများသည် ဘုရားသခင်နှင့်ကွဲကွာခဲ့ရခြင်း အကြောင်းမှာ လူသားများ သည် စာတန်၏လိမ်ညာမှုကိုခံစားခဲ့ပြီးနောက် အပြစ်သား ဘဝသို့ရောက် ရှိလာခဲ့သောကြောင့်ဖြစ်သည်။
 

ဘုရားသခင်သည် ကျွန်ုပ်တို့အား သခင်ယေရှုအားဖြင့် ပွေ့ပိုက်ခဲ့သည်

“သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။ အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏သင့်မြတ်ငြိမ်းချမ်းခြင်းအ ကြောင်းဖြစ်တော်မူ၍ ငါတို့နှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ်စေပြီး ပိုင်း ခြားသောရန်ငြိုးတံတိုင်းကို ဖြိုဖျက်ကာ စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေသည်” (ဧဖက် ၂း ၁၃-၁၅)။ ပညတ်တော်များဖျက်ဆီးရန်အတွက် သခင်ယေရှုသည် ယော ဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး လောက အပြစ်များအားလုံးသူယူဆောင်သွား ခဲ့သည်။ထိုနောက်သူသည် လူသားများအားလုံးအပြစ်များမှကယ်တင်ရန် ကားတိုင်တော်ပေါ်တွင် အသွေးတော် သွန်းလောင်းခဲ့ပြီး၊ ဘုရားသခင် ၏ပွေ့ပိုက်ခြင်းကို ပြန်လည်ခံစားစေခဲ့ပါသည်။ ယခုဘုရားသခင်သည် သူ အားဖြင့်သန့်ရှင်းစင်ကြယ်ခြင်းရရှိခဲ့ပြီး သောသူများကို ပွေ့ပိုက်ခဲ့ပါသည်။ 
ရေမရှိသောကမ္ဘာတစ်ခုကို မိတ်ဆွေစိတ်ကူးယဉ်ခဲ့ဘူးသလား။ သိပ် မကြာသောအချိန်တွင် အင်းချွန်မြို့၌ ကျမ်းစာအစည်းအဝေးတစ်ခုသို့ ကျွန် တော်တက်ရောက်ခဲ့သည်။ ထိုမြို့သည် ကိုးရီးယားနိုင်ငံ၏မြို့တော်တစ်ခု လည်းဖြစ်သည်။ ထိုအချိန်တွင် ရက်အနည်းငယ်အတွင်း ရေပိုက်မကောင်း ခဲ့ပေ။ "လူတွေက ရေမရှိ ဘဲအသက်မရှင်နိုင်ခဲ့ကြသည်"ကို ကျွန်တော်သိရှိ ခဲ့သည်။
ဘုရားသခင်သည် ဤလောကကို ရေမရှိဘဲတစ်လခန့်ထားခဲ့လျှင် အ နံ့အသက်ဆိုးဝါးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့်ရေဆာမှုကြောင့် မြို့ထဲတွင် နေထိုင်သောသူများအားလုံးအသက်ရှင်နိုင်မည်မဟုတ်ကြပေ။ ကျွန်ုပ်တို့ အားဘုရားသခင် ပေးထားခဲ့သောရေး၏အရေးပါမှုကို ကျွန်ုပ်တို့နားလည် သင့်ပေသည်။ ရေသည် လူသားများအတွက် မရှိမဖြစ်လိုအပ်သောအရာ တစ်ခုဖြစ်သည့်နည်းတူ၊ ယောဒန်မြစ် တွင်ယောဟန်ထံမှသခင်ယေရှုရရှိခဲ့ သောဗတ္တိဇံသည် လူတွေကရေမရှိလျှင် အသက်မရှင်နိုင်သကဲ့သို့ ခွဲခြား၍မ ရနိုင်ပေ။
သခင်ယေရှုသည် ဤလောကသို့ကြွဆင်းခြင်းမရှိ၊ ယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်းလည်းမရှိလျှင် သခင်ယေရှုကိုယုံကြည်သောသူများသည် အပြစ်လွှတ်ခြင်းကို မည်ကဲ့သို့ ရရှိနိုင်ကြမည်နည်း။ ရေမရှိလျှင်လူသား များအသက်မရှင်နိုင်သကဲ့သို့ ယောဟန်သည် သခင်ယေရှုကိုဗတ္တိဇံမပေး ခဲ့လျှင် ဤလောကတွင်ရှိသော လူသားအားလုံးသည် သူတို့အပြစ်ကြောင်း သေဆုံးကြပါလိမ့်မည်။ 
သို့သော်ငြားလည်း သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များအားလုံးယူဆောင်သွားခဲ့ပြီးဖြစ်သောကြောင့် ယခု ကျွန်ုပ်တို့နှ လုံးသားများသည် သန့်ရှင်းခဲ့ပြီးဟုသိရှိခြင်းဖြင့် ကျွန်ုပ်တို့မှာ ရောင့်ရဲမှုအ ပြည့်ရှိခဲ့ကြပြီး၊ ကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာ ခံစားကြသည်။ သခင်ယောရှု၏ဗတ္တိဇံခံယူခြင်းသည် ကျွန်ုပ်တို့ယုံကြည် ခြင်းအတွက် အလွန်အရေးကြီးသည်။ 
သခင်ယေရှု၏တပည့်တော်တစ်ပါးဖြစ်သောပေတရုက “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသ ခင်ထံတောင်းလျှောက်ခြင်းဖြစ်၏”(၁ပေ ၃း၂၁) ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင် ရန်အ တွက် သူသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူခဲ့ပြီး၊ အသွေးသွန်း လောင်းခဲ့ သည်ဟု ပေတရုဖော်ပြချက်တွင် တွေ့ရှိနိုင်ပါသည်။ လောကအ ပြစ်များ ကို ယူဆောင်သွားခဲ့သောသခင်ယေရှု၏ဗတ္တိဇံခံယူခြင်းသည် စစ် မှန်သော သတင်းကောင်းဖြစ်ပါသည်။
ယခု ထွက်မြောက်ရာကျမ်း ၃၀း၁၇-၂၁ထဲတွင် ဖော်ပြထားသောကြေး ဝါအင်တုံအကြောင်းကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ “တစ်ဖန် ထာဝရဘုရားက မောရှေအား“ခြေလက်ဆေးကြောရန် ကြေးနီခြေတိုင်ပါသော ကြေးနီအင်တုံကိုလုပ်ရမည်။ ထိုအင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ် ပလ္လင်ကြား၌ထား၍ ရေထည့်ထားရမည်။ 19အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ထာဝရဘုရားထံ၌ အမှုတော်ဆောင် ရွက်ရန်နှင့် မီးဖြင့်ပူဇော်သောယဇ်ကိုပူဇော်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်း ကပ်သောအခါ၌ဖြစ်စေ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကိုရေဖြင့်ဆေးကြောရမည်။ ဤသို့ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကို ဆေးကြောခြင်းသည် အာရုန်မှစ၍ သူ၏သားမြေး၊ သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏”(ထွက် ၃၀း၁၇-၂၁)။
တဲတော်တွင် ပရိတ်သတ်များတွေ့ဆုံးသောနေရာနှင့်ပလ္လင်အကြားမှ ကြေးဝါအင်တုံရှိသည်။ ၄င်းအင်တုံထဲတွင် ခြေလက်ဆေးကြောရန် ရေရှိသည်။ ဤအင်တုံသည် တဲတော်၌မရှိလျှင် ယဇ်ပရောဟိတ်ပြုသော ယဇ်ပူဇော်ခြင်းသည် အလွန်ညစ်ညမ်းပါလိမ့်မည်။
နေ့တိုင်းလူတွေအတွက် ယဇ်ပူဇော်ခြင်းပြုပေးခဲ့ပြီး၊ အပြစ်ပူဇော် ခြင်းခံ သောယဇ်ကောင်ပေါ်တွင်လက်တင်ကာ ၄င်းယဇ်ကောင်းများသတ် သောယဇ်ပရောဟိတ်များမှအသွေးစွန်းပေခြင်းနှင့် ညစ်ပတ်မှုများဖြင့် မည် မျှ စွန်းထင်နေမည်နည်း။ တဲတော်တွင်ရေဇလုံမရှိလျှင်ယဇ်ပရောဟိတ် သည် အလွတ်ညစ်ပတ်ခြင်းခံရမည် ဖြစ်သည်။
ထိုကြောင့်ဘုရားသခင်သည် သူ့အနားသို့သန့်ရှင်းစွာချဉ်းကပ်နိုင်ရန် အတွက် ရေဇလုံပြင်ဆင်ပေးထားခြင်းဖြစ်သည်။ အပြစ်သားများသည် ယဇ်ပူဇော်ခြင်းခံသောယဇ်ကောင်အပေါ်လက်တင်ခြင်းအားဖြင့် သူတို့အ ပြစ်များလွှဲပြောင်းပေးခဲ့ပြီး၊ ယဇ်ပရောဟိတ်များသည် ဘုရားသခင်ထံသို့ သူတို့ကိုယ်စားယဇ်ပူဇော်ခြင်းအမှုပြုပေးခဲ့သည်။ ယဇ်ပရောဟိတ်များ သည်သန့်ရှင်းရာဌာနတော်သို့ဝင် ရောက်နိုင်ရန်အတွက် ဘုရားသခင်က ကြေးဝါဖြင့်ပြုလုပ်သောဇလုံကိုပြင်ဆင် ပေးခဲ့သည်။ သို့မှသာသူတို့သည် ရေနှင့်ဆေးကြောနိုင်ကြမည်ဖြစ်သည်။ ဆေးကြောခြင်းမပြုလျှင် သူတို့ သည် အသေခံကြသည်။ ယဇ်ပရောဟိတ်တစ်ပါးသည် တိရိစ္ဆာန်၏အသွေး များစွန်းပေနေပါက သန့်ရှင်းရာဌါနတော်သို့မဝင်နိုင်ပေ။ ထိုကြောင့် ယဇ်ပ ရောဟိတ်များသည် လူတွေအတွက်ယဇ်ပူဇော်ခြင်းအမှုပြုခဲ့ပြီး နောက် ဘု ရားသခင်ထံချဉ်းကပ်နိုင်ရန်အတွက် ညစ်ညမ်းသောအရာများကို ရေဇလုံ ထဲရှိရေဖြင့်သန့်ရှင်းစွာဆေးကြောခြင်း ဖြစ်သည်။
 


သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းကလောကသားအားလုံး၏အပြစ် များကိုဆေးကြောခဲ့သည်


ယောဒန်မြစ်၌ယောဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအား ဖြင့် လောကလူသားအားလုံး၏အပြစ်များကို သူ့အပေါ်သို့လွှဲပြောင်းခဲ့ပြီး ဖြစ်ပါသည်။ သူရေထဲတွင်နှစ်ခြင်းသည် သူ၏အသေခံခြင်းကိုပုံဆောင် ထားပြီး၊ ရေမှပြန်ထခြင်းသည် သူ၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ကိုယ်စားပြုခဲ့သည်။ တနည်းအားဖြင့်၊ ယောဟန်အားဖြင့်သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းက လောကသားများအားလုံး၏အ ပြစ်များကိုယူဆောင် သွားရန်အတွက်ဖြစ်ပြီး၊ အပြစ်၏အခကိုသူပေး ဆပ်ခဲ့ကာ ကားတိုင်တော် ပေါ်တွင်သူအသေခံခဲ့သည်။ သူ၏အသေခံခြင်းသည် ကျွန်ုပ်တို့အပြစ်အ တွက်အဖိုးအခပေးဆပ်ရန်ဖြစ်ပြီး၊ သူ၏ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ် တို့အား ထာဝရအသက်ပေးဆပ်ရန်အတွက်ဖြစ်ပါသည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အ ပြစ်များယူဆောင်သွားခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့ နှလုံးသားသည် အပြစ်တရားနှင့်ပြည့်ဝခြင်းဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အဘယ်သို့ဘုရားသခင်ထံချဉ်းကပ်နိုင်ကြမည်နည်း။ အပြစ် လွတ်ခြင်းသတင်းကောင်း သည်ဂိုဏ်းဂနအဖွဲ့အစည်း၏ခံယူချက်မဟုတ် ပေ။ သို့သော် ဘုရားသခင်၏သမ္မာတရား ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ပြည့်စုံသောပညာမရှိဘဲကျွန်ုပ်တို့ယုံကြည်ခြင်း၌မရပ် တည် နိုင်ကြပေ။ တနည်းအားဖြင့်ယောဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းကို ကျွန်ုပ်တို့မထိမဲ့မြင်ပြုလျှင် လောကကိုဘယ်တော့်မှအောင်နိုင် ကြမည်မ ဟုတ်ပေ။ အသက်ရှင်သောသတ္တဝါအားလုံးရှင်သန်နိုင်ရန်အ တွက် ရေလိုအပ်သည့်နည်းတူ၊ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်အ သက်ရှင်ရန်နှင့်ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက်နိုင်ရန်အတွက်အပြစ် လွတ်ခြင်းအခွင့်နှင့်သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းရေကို ကျွန်ုပ်တို့လိုအပ် လျက်ရှိသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ကယ် တင်နိုင်ရန်အတွက် သူသည် ဗတ္တိဇံခံယူခြင်း၊ ကားတိုင် တော်ပေါ်တွင်အ သေခံတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် သည် နှလုံးသားအကြွင်းမဲ့ ယုံကြည်အပ်သောသတင်းကောင်းသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။
သခင်ယေရှုသည် ကားတိုင်ပေါ်တွင်အသေခံခဲ့သော်လည်း သူသည် ထိုသို့ သောပြစ်ဒဏ်မျိုးခံရန် အပြစ်မပြုခဲ့ပေ။ သူသည် ကျွန်ုပ်တို့အပြစ် များဆေးကြောပေးရန် ဤလောကသြွို့ကဆင်းလာခဲ့ပြီး၊ အသက် ၃၀တွင် ဗတ္တိဇံခံယူခဲ့ကာ အသက် ၃၃ တွင် ကားတိုင်တော်ပေါ်တွင်အသေခံခြင်း အားဖြင့် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မည်မျှပင် ဆိုးသွမ်းပြီးအပြစ်ပြုစေကာမူ ဘုရားသခင်က လူသားအားလုံးကိုသူ၏သား သမီးများဖြစ်လာရန်အလိုတော်ရှိသည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်သည် ကျွန်ုပ်တို့အားအ ပြစ်လွတ်ခြင်းအခွင့်နှင့်သန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုပေးအပ်ခဲ့ ပါသည်။
"ရေနှင့်ဝိညာဉ်တော်အားဖြင့်မမွေးသောသူမည်သည်ကား ဘုရားသ ခင်၏နိုင်ငံတော်သို့မဝင်ရ" (ယောဟန် ၃း၃-၅)။ ကျွန်ုပ်တို့အပြစ်များအား လုံးဆေးကြောရန်အတွက် သခင်ယေရှုသည်ဗတ္တိဇံခံခဲ့သည်ကို မိတ်ဆွေသိ ရှိယုံကြည်ရမည် ဖြစ်သည်။ လူတစ်ဦးသည် ဒုတိယမွေးခြင်းခံသောခရစ် ယာန်တစ်ဦးဖြစ်ခဲ့ သော်လည်း သခင်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့် သခင် ယေရှုခရစ်တော်သည် အပြစ်များအားလုံး ယူဆောင်သွားခဲ့သည်ဟူသော သမ္မာတရားနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိလျှင် သူ၏နှလုံးသားသည် မကြာခင် ဆွေးမြေ့ပျက်စီးသွားပါလိမ့်မည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပျက်စီး လွယ်သောခန္ဓာကိုယ်ဖြင့်အသက်ရှင်ကြသောကြောင့် ကျွန်ုပ်တို့သည် နေ့ စဉ်နေ့တိုင်းအပြစ်နှင့်ညစ်ပေးရန်လွယ်ကူသော ကြောင့်ဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊သခင်ယေရှု၏ဗတ္တိဇံခံယူခြင်း၊ သူ၏ အသွေးတော်၊နှင့် သူ၏ရှင်ပြန်ထမြောက်ခြင်းကို တွေးတော စဉ်းစားခြင်း အားဖြင့်အသက်ရှင်ရကြမည်ဖြစ်ပါသည်။ ဤယုံကြည်ခြင်းက ကျွန်ုပ် တို့ အား ကောင်းကင်နိုင်ငံတော်သို့ဝင်သည့်နေ့ရက်တိုင်အောင် ခိုင်မာစွာဆုပ် ကိုင်စောင့်ထိန်းပါလိမ့်မည်။
သခင်ယေရှုမှာ ဗတ္တိဇံခံယူခြင်းနှင့်ကျွန်ုပ်တို့အပြစ်များအတွက်အသေ ခံခြင်းကလွှဲ၍အခြားရွေးချယ်စရာတစ်ခုမျှမရှိပေ။ သခင်ယေရှုသည် ထိုသို့ ပြုခြင်းအားဖြင့် ကယ်တင်ခြင်းယူဆောင်လာခဲ့သည်ကို ကျွန်ုပ်တို့ယုံကြည် ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကအပြစ်များအားလုံးမှလွတ်မြောက် ခြင်းရရှိရန်အတွက် ဤသတင်းကောင်းကို ယုံကြည်ခြင်းကလွဲ၍အခြား သောလုပ်ဆောင်စရာ ဘာမှမရှိတော့ပေ။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့အပေါ်ပေးခဲ့သောဘု ရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့အပေါ်ဘုရားသခင် ပေးခဲ့သော အကြီးမားဆုံးသောဆုကျေးဇူးသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်အ သေခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ရန် သူ၏တပါး တည်းသောသားတော်စေလွတ်ခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့ဘုရားသခင်ထံတော်သို့မချဉ်းကပ်နိုင်ခြင်းနှင့် သူထံမှဝေးလံ သောနေရာသို့သွားကာအသက်ရှင်းခြင်းအကြောင်းသည် ကျွန်ုပ်တို့နှလုံး သား၌ အပြစ်ရှိသောကြောင့်ဖြစ်သည်။ သခင်ယေရှုသည် လောကအ ပြစ်များအားလုံးကို ယူဆောင်သွားရန်အတွက် ယောဟန်အားဖြင့်ဗတ္တိဇံခံ ယူခဲ့ပြီး၊ ဘုရားနှင့်လူတို့ ကြားမှတားဆီးထားသောအုတ်တံတိုင်းကြီးကို ဖြို ဖျက်ရန်အတွက် ကားတိုင်တော်ပေါ်တွင် သူအသေခံခဲ့ပါသည်။ ဘုရားသ ခင်နှင့်လူတို့စပ်ကြားမှာ သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော် က ဆက်နွယ်မှုပြန်လည်ရရှိစေခဲ့သည်။ ဤဆုကျေးဇူးများအတွက် သခင် ယေရှုကိုကျွန်ုပ်တို့ကျေးဇူးတင်ကြပါ၏။ သားသမီးများအပေါ် မိဘများ ထားရှိသောချစ်ခြင်းမေတ္တာသည် ကြီးမားပါသည်။ သို့သော် အပြစ်သား ကျွန်ုပ်တို့အတွက် ကယ်တင်ရန်သခင်ယေရှုကိုစေလွှတ်ခဲ့သော ဘုရား သခင်၏မေတ္တာတော်သည် မိဘချစ်ခြင်းနှင့်နှိုင်းတု၍မရနိုင်ပေ။
သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်နှစ်ခုစလုံးတို့သည်အရေးကြီးသည်။ ဤလောကတွင် ရေတစ်စက်မျှမရှိလျှင် အသက်ရှင်သောသတ္တ ဝါအားလုံး ရှင်သန်နိုင်ကြမလား။ သခင်ယေရှုဗတ္တိဇံခံယူခြင်းမရှိခဲ့လျှင် နှ လုံးသားထဲတွင် အပြစ်ကင်းသောသူတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။ သခင်ယေရှုသည် ဗတ္တိဇံ ခံယူခြင်းမရှိ၊ ကားတိုင်တော်ပေါ်တွင်သေခံခြင်းမ ရှိလျှင် မည်သူမည်ဝါကမှအပြစ် လွတ်ခြင်းအခွင့်ရရှိလိမ့်မည်မဟုတ်ပေ။ ကျေးဇူးတော်အားဖြင့်၊ သခင်ယေရှုသည် ဗတ္တိဇံကိုခံယူခဲ့ပြီး၊ ကျွန်ုပ်တို့အ တွက်ပြည့်စုံသောယဇ်ပူဇော်ခြင်းအမှုပြုခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့မှာအား နည်းချက်ရှိပြီး၊ ကျဆင်းနိုင်သောသူများဖြစ်ကြသော်လည်း သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင်သွန်းလောင်းသော အသွေးတော် ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ် တော်ရရှိ နိုင်ကြသည်။
သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် အသေခံခြင်းကိုယုံကြည်သောသူများသည် ဘုရားသခင်ကိုချဉ်းကပ်နိုင်ကြ ပြီး၊ ဆုတောင်းနိုင်ကြကာ ဘုရားသခင်ကိုချီးမွမးနိုင်ကြပါသည်။ ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ခဲ့ကြသောကြောင့် ကျွန်ုပ်တို့ဘုရားသခင်ဂုဏ်တော်ကိုချီးမွမးနိုင်ကြပြီး၊ သူ့ကို ကိုးကွယ်နိုင် ကြခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ကျေးဇူးတော်နှင့် ကောင်း ချီးမင်္ဂလာဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်ကားတိုင်တော်ပေါ် တွင်သေခံခြင်းသတင်းကောင်းသည် အလွန်ကောင်းပေသည်။ ကျွန်ုပ်တို့ သည် ဤသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ကြသည်။