Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-10] ဝိညာဉ်တော်၌ လျှေက်လှမ်းခြင်း (ဂလာတိ ၅း၁၆-၂၆၊ ၆း၆-၁၈)

ဝိညာဉ်တော်၌ လျှေက်လှမ်းခြင်း
(ဂလာတိ ၅း၁၆-၂၆၊ ၆း၆-၁၈)
“ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျှောက်လှမ်းကြလော့။ သို့ပြုလျှင် သွေးသားဇာတိ၏တပ်မက်ခြင်းကို လုံးဝမဖြည့်ဆည်းဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။ သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။ သွေး သားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊ မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။ ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။ ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။ ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်နှင့်ထက်ကြပ်မ ကွာလိုက်လျှောက်ကြကုန်စို့။ စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့။”
“နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။ အယူမလွဲကြနှင့်။ ဘုရား သခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။ မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။ ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အ ကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။ ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။ ငါသည် မည်မျှလောက်ကြီးသောစာလုံးကို ငါ့လက်ဖြင့် သင်တို့ထံ ရေးလိုက်သည်ကို ကြည့်ကြလော့။ ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါး ကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။ အကြောင်းမူကား အရေဖျားလှီးခြင်းကိုခံသောသူတို့သည်လည်း မိမိတို့ကိုယ်တိုင်ပညတ်တရားကိုစောင့် ထိန်းခြင်းမရှိကြပေ။ ထိုသူတို့သည် သင်တို့၏ကိုယ်ကာယ၌ ဝါကြွားနိုင်ရန် သင်တို့အား အရေဖျားလှီးခြင်းကိုခံစေလိုကြ၏။ ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။ အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။ ဤနည်းဥပဒေသအတိုင်း လိုက်လျှောက်သူရှိသမျှတို့အပေါ်၌လည်း ကောင်း၊ ဘုရားသခင်၏အစ္စရေးအမျိုးတို့အပေါ်၌လည်းကောင်း ငြိမ်သက်ခြင်းနှင့်ကရုဏာတော် သက်ရောက်ပါစေသော။ ယခုမှစ၍ မည်သူမျှ ငါ့အား အနှောင့်အယှက်မပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေရှုနှင့်ဆိုင်သောအမှတ်တံဆိပ်များကို ငါ၏ကိုယ်ခန္ဓာ၌ ဆောင်ထား၏။ ညီ အစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။”
 

သန့်ရှင်းသောဝိညာဉ်တော်၌လျှောက်လှမ်း ရန် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း
ကျွန်ုပ်တို့သည် သတင်းကောင်းကိုဝေငှပြီး လိုက်လျှောက်သင့်ပေသည်

တမန်တော်ရှင်ပေါလုက ဂလာတိမြို့တွင်ရှိသောမြို့သူမြို့သားများထံ သူရေးသားထားသောစာစောင်တွင် သန့်ရှင်သောဝိညာဉ်တော် အကြောင်း ကိုရေးသားခဲ့သည်။ ဂလာတိ ၅း၁၃-၁၄တွင် သူက “ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။ အကြောင်းမူကား ပညတ်တရားအားလုံးသည် “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသောစကားတစ်ခွန်းတည်း၌ပြည့်စုံ၏။ သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့” ဟုမိန့်တော်မူခဲ့သည်။ 
အတိုချုံးအားဖြင့်၊ ဤအကြောင်းအရာသည် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်မှလွတ်ငြိမ်းခြင်း နှင့်ကယ်တင်ခြင်း ရရှိခဲ့ကြသောကြောင့် ဤလွတ်လပ်မှုကို အလွှဲသုံးစား ပြုကာ ဇာတိပကတို့ကို အခွင့်မပေးသင့်ကြောင်း ဖော်ပြလိုခြင်းဖြစ်သည်။ သို့သော် ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်ုပ်တို့သည် တစ်ယောက်နှင့် တစ် ယောက်စေခံကြကာ သတင်းကောင်းကို လိုက်နာရမည်ဖြစ်သည်။ ဘုရား သခင်က ကျွန်ုပ်တို့အားအပြစ်များမှ ကယ်တင်ခဲ့ပြီးဖြစ်သောကြောင့် သ တင်းကောင်းဝေငှခြင်းသည် ကျွန်ုပ်တို့အတွက် သင့်တော်သောအရာ ဖြစ် ပါသည်။ ရှင်ပေါလုက “သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့”(ဂလာတိ ၅း၁၅)ဟု မိန့်တော် မူ ခဲ့သည်။
 


သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်းအားဖြင့်ဝိညာဉ်တော်၌ လျှောက်လှမ်းရမည်ဖြစ်ပါသည်


ဂလာတိ ၅း၁၆တွင် တမန်တော်ရှင်ပေါလုက “ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျှောက်လှမ်းကြလော့။ သို့ပြုလျှင် သွေးသားဇာတိ၏တပ်မက်ခြင်းကို လုံးဝမဖြည့်ဆည်းဘဲ နေကြလိမ့်မည်”ဟု ဖော်ပြ ထားသည်။ အပိုဒ်ငယ် ၂၂-၂၆ တွင် “ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။ ခရစ် တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။ ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်နှင့်ထက်ကြပ်မကွာလိုက်လျှောက်ကြကုန်စို့။ စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့”ဟု ဖော်ပြထားပါသည်။ ဤတွင် ရှင်ပေါလုက ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ လျှောက်လှမ်းလျှင် ဝိညာဉ်တော်အသီးကိုသီးကြလိမ့်မည်ဟု ဖော်ပြ ထား ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားဝိညာဉ်တော်၌ လျှောက်လှမ်းရန် တောင်းဆိုထားပါသည်။ သို့သော်ကျွန်ုပ်တို့သည် ဇာတိ ပကတိအားဖြင့် အသက်ရှင် တတ်ကြသည်။
ကျွန်ုပ်တို့လူသားများသည် ဝိညာဉ်တော်အသီးမသီးနိုင်သော ဇာတိပ ကတိအားဖြင့် မွေးဖွါးခြင်းခံသောသူ များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိအတိုင်း အသက်ရှင်ရန် ကြိုးပမ်းကြသော်လည်း ကျွန်ုပ်သာ ဘဝသည်မပြောင်းလဲနိုင်ပေ။ ထိုကြောင့် သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသောသူများကသာ ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်ကြပြီး ဝိညာဉ် အသီးသီးနိုင်ကြခြင်း ဖြစ် ပါသည်။
သမ္မာကျမ်းစာတွင် ဝိညာဉ်တော်၌ လျှေက်လှမ်းခြင်းကို ကျွန်ုပ်တို့ အား ပြောသောအခအါ အခြားသောသူများသည် သူတို့ အပြစ် များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိနိုင်ရန် ထိုသူတို့အပေါ်သတင်းကောင်း ပြောပြ ခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့သည် ဤသတင်းကောင်းအတွက် အသက် ရှင်လျှင် ဝိညာဉ်တော်အသီးကို သီးနိုင်ကြမည်ဖြစ်သည်။ တနည်းအားဖြင့်၊ လူ၏သဘာဝပြောင်းလဲခြင်း မလိုအပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သ တင်းကောင်းနှင့် အတူလျှောက်လှမ်းလျှင် ဝိညာဉ်အသီးများ ဖြစ်ကြ သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ် တည်းခြင်း စသည်တို့ကိုသီးနိုင်ကြမည်ဖြစ်သည်။ ဝိညာဉ်အသီးက အခြား သူများ ထာဝရအသက် ရရှိစေရန် အတွက်အပြစ်မှ လွတ် မြောက်ခြင်း အခွင့် ပေးခြင်း၌ ကျွန်ုပ်တို့ကို ကူညီသည်။
 


ဇာတိကတိနှင့်ဝိညာဉ်ပကတိတို့ပြိုင်ဆိုင်မှု


ရှင်ပေါလုက “အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကိုမပြုနိုင်ကြပေ”(ဂလာတိ ၅း၁၇)။ ထိုကြောင့် ရွေးနှုတ်ကယ်တင်ခြင်း ခံခဲ့သော ကျွန်ုပ်တို့သည် ဇာတိပကတိနှင့် ဝိညာဉ်ပကတိတို့တချိန် တည်းတွင် ပိုင်ဆိုင်နေကြသည့်နည်းတူ၊ ဤအရာနှစ်ခုတို့သည် တစ်ခုနှင့် တစ်ခုဆန့်ကျင်လျက်ရှိသည်။ နောက်ဆုံးရလဒ်မှာ ကျွန်ုပ်တို့နှလုံးသား ထဲတွင် တစ်ခုမျှ ပြီးပြည့်စုံခြင်းမရှိနိုင်ပေ။
ကျွန်ုပ်တို့အတွင်းနှလုံးသားမှ သန့်ရှင်းသော ဝိညာဉ်တော်သည် သတင်း ကောင်းဝေငှချင်သောစိတ်နှင့် ဘုရားသခင်ကို အစေခံလိုသော စိတ်ပေးသည်။၄င်းက ဝိညာဉ်တော်လုပ်ဆောင်ချက်များနှင့် စေ့စပ်ရန် ကျွန်ုပ်တို့ကို စိတ်အားထက်သန်စေသည်။ ဘုရားသခင်၏ သတင်းကောင်း ကိုဝေမျှခြင်းအားဖြင့် အခြားသောသူများ သူတို့အပြစ်မှ ကယ်တင်ရန် ၄င်းက ကျွန်ုပ်တို့ကိုကူညီပေးသည်။
သို့သော် အခြားတဘက်တွင် ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ မ လျှောက်မလှမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့လိုအင်ဆန္ဒများက ဇာတိအသွေး အသားကို နှိုးဆွတတ်ကြသည်။ ဝိညာဉ်ပကတိနှင့် ဇာတိပကတိတို့သည် တစ်ခုနှင့်တစ်ခုနှင့်အမြဲ တမ်းတိုက်ခိုက်နေသည်။ လူတစ်ဦးသည် ဇာတိ အသွေးအသားအားဖြင့် လောင်ကျွမ်းခြင်းခံသောအခါ သူသည် ဇာတိသ ဘောအတွက်သည် မိမိအချိန်ကို ဖြုန်းတီးမည်ဖြစ်ပါသည်။ ဇာတိအ သွေးအသားဆန္ဒသည် ဝိညာဉ်တော်ကိုဆန့်ကျင်ခဲ့ပါသည်။ ထိုအရာနှစ် ခုတို့သည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်ဖြစ်သော ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဆန္ဒအတိုင်းမပြုနိုင်ကြခြင်းဖြစ်သည်။
ထိုနောက်ဝိညာဉ်တော်အားဖြင့်လျှောက်လှမ်းခြင်း၌ အဘယ်အရာ များ ပါဝင်သနည်း။ ဘုရားသခင်ကိုဝမ်းမြောက်စေသောအရာများသည် အ ဘယ်အရာများဖြစ်ကြသနည်း။သတင်းကောင်းဝေငှခြင်းနှင့်လိုက်လျှောက် ခြင်းသည် ဝိညာဉ် တော်အားဖြင့်လျှောက်လှမ်းသောအသက်တာ ဖြစ်သည် ဟု ဘုရားသခင်ကမိန့်ဆိုထားပါသည်။ သန့်ရှင်းသောဝိညာဉ်တော် ကိန်း ဝပ်ခြင်းရရှိသောသူများ အပေါ်ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်း နှလုံး သားကို ဘုရားသခင်ကပေးသည်။ သို့မှသာ သူတို့သည် ဝိညာဉ်တော် အ သက်တာအားဖြင့် အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းအားဖြင့် ဝိညာဉ်တော်အသီးသီးရန် ကျွန်ုပ်တို့အား ဘုရားသခင် ပညတ်ထားခြင်းသည် သတင်းကောင်းကိုဝေငှခြင်းအားဖြင့် အခြားသူများကို သူတို့အပြစ်များမှ ကယ်တင်ရန် အကြံပြုခြင်းနှင့် အမိန့်ပေးခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ၌လျှောက်လှမ်းခြင်း သည် ဘုရားသခင်ဝမ်းမြောက်ခြင်းဖြစ်စေသည် အသက်တာဖြင့် အသက် ရှင်ခြင်းကိုဆိုလိုသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ရန်အတွက် ရှေ့ဦးစွာ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိရန်လိုအပ်သည်။ ကျွန်ုပ်တို့၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်စေလိုပါက ကျွန်ုပ်တို့အား ဘုရားသခင် ပေးခဲ့သော သတင်းကောင်းကို ရှေ့ဦးစွာ ကျွန်ုပ်တို့ယုံ ကြည်ကြ ရမည် ဖြစ်သည်။ ကျွန်ုပ်တို့အတွင်းနှလုံးသားတွင် သတင်းကောင်းကို ယုံကြည် ခြင်းမရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း၊ အပြစ်မှကယ်တင် ခြင်းရရှိနိုင်မည်မဟုတ်ပေ။ ၄င်း၏အဓိပ္ပါယ်မှာ ဝိညာဉ်တော်၌ ကျွန်ုပ်တို့ လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပေ။
သတင်းကောင်းဝေငှလိုခြင်း၊ ဘုရားသခင်ကိုအစေခံလိုခြင်းနှင့် ဘုရား သခင်ဘုန်းတော်ထင်ရှားစေလိုခြင်း စသောလိုအပ်ဆန္ဒများကို ကျွန်ုပ်တို့ အားသန့်ရှင်းသောဝိညာဉ်တော်က ပေးခဲ့သည်။ ဤဆန္ဒသည် ဘုရားသခင် အတွက်ဆက်ကပ်သော နှလုံးသားနှင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ သတင်း ကောင်းဟောပြောခြင်းမှလာသည်။ ၄င်းသည် သတင်းကောင်းကို အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေဟော ပြောလိုသောနှလုံးသား မှလည်း လာသည်။ သတင်းကောင်းယုံကြည်သောသူများနှင့် အပြစ်လွတ်ခြင်းရ ရှိခဲ့ပြီးနောက် သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူများသည် ဝိညာဉ် တော်၌ လျှောက်လှမ်းနိုင်ကြပြီး၊ သတင်းကောင်းဝေငှရန် မိမိကိုယ်ကို ဆက်ကပ်နိုင်ကြသည်။ ဤအမှုအရာသည် အထက်မှလာသောသူတို့၏ ဝိညာဉ်အမွေဥစ္စာ ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသောသူများသည် သူတို့ အထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်သောကြောင့် သူတို့သည် ဇာတိအသွေးအသားအားဖြင့် အသက်ရှင်ခဲ့ကြသော်လည်း သူတို့သည် သန့် ရှင်းသောဝိညာဉ်တော်ကို နာခံခြင်းရှိနိုင်ကြပြီး၊ ဝိညာဉ်တော်၌ လျှောက် လှမ်းနိုင်ကြသည်။ ရှင်ပေါလုက "သန့်ရှင်းသောဝိညာဉ်တော် ပကတိကို ကျင့်ဆောင်ကြလော့" ဟုပြောခဲ့သည်။ ၄င်း၏အနက်အဓိပ္ပါယ်မှာ အခြား သောသူများသည်အပြစ်မှ လွတ်ခြင်းအခွင့်ရရှိရန် ကျွန်ုပ်တို့အပေါ် ဘုရား သခင်ပေးခဲ့သောရေနှင့် သန့်ရှင်းသောဝိညာဉ်တော် သတင်းကောင်းကို ကျွန်ုပ်တို့ ဟောပြောရမည်ဖြစ်သည်။ 
တခါတရံ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိအတိုင်းကျင့်နေစဉ်တွင် ဇာတိအသွေးအသားအားဖြင့် လျှောက်လှမ်းတတ်ကြပါသည်။ ဇာတိအ သွေးအသားနှင့် ဝိညာဉ်ဆန္ဒသည် ကျွန်ုပ်တို့ဘဝတွင် တစ်ခုနှင့်တစ်ခု တိုက်ခိုက်ပြိုင်ဆိုင်လျှက်ရှိသည်။ သို့သော် ကျွန်ုပ်တို့တိကျစွာ သိရှိအသိအ မှတ်ပြုရမည်အရာတစ်ခုမှာ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိ သောသူများသည် ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းသော အသက်တာ ဖြင့်အသက်ရှင်သင့်ခြင်းဖြစ်သည်။ ဤနည်းလမ်း တစ်ခုတည်းအားဖြင့် သာ လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြင့် နှင့်ပြည့်ဝ သောအသက်တာများအားဖြင့် အသက်ရှင်နိုင်ကြပါလိမ့်မည်။ သန့်ရှင်း သောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသူများသည် ဝိညာဉ်အသီးသီးရန်ငြင်း ဆိုခဲ့ပါက သူတို့သည်ဇာတိအသီးသီးခြင်းအားဖြင့် ပျက်စီးသွားကြမည် ဖြစ် ပါသည်။ သူတို့သီးသောအသီးသည် ပျက်ဆီးလွယ်သောအသီးနှင့် စိတ် ပျက်ဖွယ် ကောင်းသောအသီးပင်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းအားဖြင့်အ သက်ရှင်ရခြင်း အကြောင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် "ဝိညာဉ်တော်၌လျှောက်လှမ်းခြင်း" အကြောင်း သိရှိ ခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့အချို့တို့သည် "ကျွန်ုပ်အထဲတွင် သန့်ရှင်း သောဝိညာဉ်တော် ကိန်းဝပ်ခြင်းမခံစားသောအခါ ကျွန်ုပ်အဘယ်သို့ လုပ် ဆောင်ပါမည်နည်း" ဟု တွေးတတ်ကြသည်။ အချို့သောသူများက ဘုရား သခင်သည် ကျွန်ုပ်တို့ထံကိုယ်ယောင်ထင်ရှားပြီး တိုက်ရိုက် စကားပြောမှ သာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းကို အသိ အမှတ်ပြုနိုင်မည်ဟု ထင်တတ်ကြသည်။ သို့သော် ဤသို့တွေးတော ကြံဆခြင်းသည် နားလည်မှုလွှဲချော်သွားခြင်းသာဖြစ်သည်။ ရေနှင့် ဝိညာဉ် တော်သတင်းကောင်းအတွက် အသက်ရှင်ခြင်းဆန္ဒကို သန့်ရှင်းသော ဝိ ညာဉ်တော်ကကျွန်ုပ်တို့အားပေးခဲ့သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲတွင်ကိန်းဝပ်ကြောင်း သေချာစွာရှိသောအချိန်များစွာရှိခဲ့ရသော်လည်း ကျွန်ုပ်တို့သည် ဇာတိက ပတိအတိုင်း လျှောက်လှမ်းခဲ့ကြသောကြောင့် သန့်ရှင်းသောဝိညာဉ် တော် ရှိသည်ကို ကျွန်ုပ်တို့ မခံစားနိုင်ကြပေ။ အချို့သောသူများက သန့်ရှင်း သောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် အိပ်ပျော်နေသည်ဟု တောင် ထင်နိုင်ပေသည်။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိသော သူ များဖြစ်ကြသော်လည်း ဇာတိပကတိအားဖြင့် အသက်ရှင်သော သူများ ဖြစ်ကြသည်။
ဤလူများသည် သူတို့၏ဇာတိပကတိ နယ်ပယ်တွင် နှစ်သိမ့်အား ရ ခဲ့ကြ ပြီးဇာတိကပတိအတိုင်း ကျင့်ဆောင်တတ်ကြသည်။ သို့သော် ဇာတိ ကပတိအသွေးအသား တောင့်တမှုကြောင့် သူတို့သည် နောက်ဆုံးတွင် ပျက်ဆီးခြင်းခံ ခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်း ရရှိ သောသူများပင်လျှင် ဇာတိအသွေးအသားအတိုင်း အသက်ရှင်ခြင်းကို သဘာဝဖြစ်သည်ဟုထင်သောကြောင့် သူတို့သည် ဇာတိအသွေးအသား တပ်မက်ခြင်း အတိုင်းအသက်ရှင်တတ်ကြသည်။ သို့သော် ဇာတိကပတိ အတိုင်းအသက်ရှင်ရန် ဆက်ကပ်သောသူများသည် ဇာတိပကတိ၏ ကျေး ကျွန်များဖြစ်ကြပေသည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့်အတိုင်း အ သက်ရှင်ရန် ဘုရားသခင်က မိန့်တော်မူခဲ့သည်။ ဤစကား၏ ဆိုလိုချက်မှာ သတင်းကောင်းကိုအစေခံခြင်းဖြစ်သည်။ ၄င်း၏အနက် အဓိပ္ပါယ်သည် လည်း ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော် သတင်းကောင်းအပေါ်လုံးဝ ဥဿုံဆက်ကပ်ခြင်းရရှိမည်ဖြစ်ပါသည်။ သတင်းကောင်း၌ ပျော်မွေ့ခြင်း နှင့်အသက်ရှင်ခြင်းဟူသည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့်အ တိုင်းအသက်ရှင်ခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၌ လျှောက်လှမ်းခြင်း အဓိပ္ပါယ်ကိုလေ့လာသင် ယူခြင်းအားဖြင့် ထိုသို့ အသက်ရှင်သင့်ပေသည်။ မိတ်ဆွေသည် ဝိညာဉ်တော်၌ လျှောက်လှမ်းနေ သလား။
 


သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း မရသောသူများသည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်မလား


ဒုတိယမွေးခြင်းမခံသောသူများက ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်း အ ဓိပ္ပါယ်ကိုမသိခဲ့ကြပေ။ ထိုကြောင့် မြောက်များစွာသောလူတို့သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို တောင့်တပြီး ရရှိ ရန် ကြိုးပမ်းခဲ့ကြသည်။ သူတို့က သန့်ရှင်းသောဝိညာဉ်ရရှိရန် ဆန္ဒရှိသော အပြုအမူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်းဖြစ်သည် ဟုထင်ကြသည်။
ဥပမာအားဖြင့် ဝတ်ပြုအစည်းအဝေးခန်းမတစ်ခုတွင် ဝတ်ပြုကိုး ကွယ်ရန် လူတွေစုရုံးနေကြသောအခါ အမှုတော်ဆောင်တစ်ဦးက ကျယ် လောင်စွာ ဆုတောင်းပြီး လူတိုင်းသည် ဘုရားသခင်၏ နာမတော်ကိုခေါ် ကာငိုကြွေးခြင်းပြုခဲ့ကြသည်။ အချို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်ပြည့်ဝခြင်းကဲ့သို့အခြားသော ဘာသာစကားကို ပြောခဲ့ကြ သည်။ သို့သော် မည်သူမည်ဝါ၊ သူတို့ကိုယ်တိုင်က သူတို့ပြောသော အရာ များနားမလည်ခဲ့ကြပေ။ ထိုစဉ်တွင် အချို့သောသူများသည် မြေပေါ်တွင် လဲပြီး သူတို့ကိုယ်ခန္ဓာများသည်ပျော်ရွှင်ခြင်းကဲ့သို့ တုန်ရီတုန်ရီပြုကြ သည်။ သူတို့သည် နတ်ဆိုးဝိညာဉ်ဆိုးများ ပိုင်ဆိုင်ခြင်း ဖြစ်သော်လည်း သူ တို့သည် သန့်ရှင်းသောဝိညာဉ်တော် ရရှိခဲ့ကြသည်ဟုထင်ခဲ့ကြသည်။ ထို့နောက် လူတို့သည် "သခင်၊ သခင်"ဟု ရုန်းရင်းခတ်ပြုဟစ်ကြွေးခဲ့ ကြ သည်။ သူတို့သည်ဘုရားသခင်၏ နာမတော်ကို ဟစ်ခေါ်ခဲ့ကြပြီး၊ မျက်ရည် ကျလျက် လက်ခုတ်တီးခဲ့ကြသည်။ ဤအဖြစ်အပျက်ကို "သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း" ဟုပင်ခေါ်တတ်ကြသည်။
အမှုတော်ဆောင်သူသည် တရားစင်ကိုရိုက်ရင်းအခြားသောဘာသာစ ကားများပြောပြီး လူတွေက "သခင်၊ သခင်"ဟု ငယ်သံပါအောင်ဟစ်ကြွေး ခဲ့ကြသည်။ သူတို့သည် ဤကဲ့သို့သောလှုပ်ရှားမှုနှစ်သက်ခဲ့ကြပြီး၊ အချို့ သောသူများက သူတို့၏ အကြည်လင်သောဈာန်ဝင်နေခြင်းကြောင့် ဧဒင်ဥ ယျာဉ်တွင် အကောင်းနှင့်အဆိုးခွဲခြားနိုင်သောအပင်နှင့် သခင်ယေရှု၏ မျက်နှာတော်ကို ရူပါရုံတွင်မြင်တွေ့ကြောင်းပြောကြသည်။ ထိုသို့သောမှား ယွင်းမှုများကို သူတို့က သန့်ရှင်းသောဝိညာဉ်တော် ရရှိနိုင်သောနည်းလမ်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် နှင့် အတူလျှောက်လှမ်းခြင်းဟု လွှဲမှားစွာခံယူတတ်ကြသည်။ သူတို့၏မှား ယွင်းစွာပြုလုပ်မှုများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်း သောဝိညာဉ်တော်အကြောင်းနှင့် ပတ်သက်ပြီး သူတို့၏ လွှဲမှားစွာခံယူခြင်း ကြောင့်ဖြစ်သည်။
"ဝိညာဉ်ပကတိအတိုင်းကျင့်ပါ။" ဤအရာသည် ဒုတိယ မွေးခြင်းခံသော သူများအပေါ်ဘုရားသခင်မိန့်တော်မူသည့် စကားဖြစ် သည်။ ၄င်းသည် ဘုရားသခင်ကို ဝမ်းမြောက်ခြင်းဖြစ်စေသောအရာများ ဖြစ်သည်။ ရှင်ပေါလုသည် အသွေးအသား လှုပ်ရှားမှုကို သန့်ရှင်းသော ဝိညာဉ်တော် အသီးနှင့်နှိုင်းယှဉ်ထားပါသည်။ သူက “ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ 23နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ”(ဂလာတိ ၅း၂၂-၂၃)။
"ဝိညာဉ်ပကတိအတိုင်းကျင့်ဆောင်ခြင်း"ဆိုသည်မှာ သတင်းကောင်း ဝေငှခြင်းနှင့်အခြားသူများကို သူတို့အပြစ်များမှကယ်တင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသို့ပြုလျှင် ဝိညာတ်တော်အသီးသီးနိုင်ကြမည်ဖြစ်သည်။ ဝိညာဉ်တော်အသီးများမှာချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊ စိတ် ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းများဖြစ်ကြပြီး၊ သတင်းကောင်းအားဖြင့် ကျွန်ုပ် တို့ အသက်ရှင်သောအခါ ဤအသီးကိုသီးနိုင်ကြမည်ဖြစ်ပါသည်။ လူတ စ်ဦးသည် သတင်းကောင်း အတွက်အစေခံပြီးဝေငှလျှင်၄င်း၊ သတင်း ကောင်းဝေငှခြင်းအတွက် မိမိအသက်တာကို ပူဇော်လျှင်၄င်း သူသည် သန့် ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောဝိညာဉ်အသက်တာအားဖြင့် အ သက်ရှင်နိုင်မည် ဖြစ်သည်။
ဝိညာဉ်တော်အသီးတွင် ဖော်ပြထားသော "ကောင်းမြတ်ခြင်း" သည် ကောင်းမှု ကုသိုလ်ပြုခြင်းကိုဆိုလိုသည်။အကျင့်သီလ ဆောက်တည်ခြင်း ဟုလည်း အဓိပ္ပါယ်ဆိုနိုင်ပါသည်။ သတင်းကောင်းအတွက်သီလစောင့် ခြင်းနှင့် အခြားသော သူများအတွက် ကောင်းသောတစုံတခုပြုလုပ်ခြင်း သည် ကောင်းမြတ်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိတော် အောက်တွင် အကောင်းဆုံးသောကောင်းမြတ်ခြင်းသည် သူတပါးကို အ ကျိုးပြုသောသတင်းကောင်းဝေငှခြင်းဖြစ်သည်။
"ကျေးဇူးပြုခြင်း" သည် အခြားသူများအပေါ် ဂရုဏာစိတ်ထားရှိခြင်း ဖြစ်သည်။ စိတ်ရှည်လက်ရှည်နှင့်ကျေးဇူးပြုခြင်းအားဖြင့် သူတပါးအပေါ် သတင်းကောင်းဝေငှသောသူများသည် ငြိမ်သက်ခြင်းရှိရမည်။ ဝိညာဉ်ပ ကတိကျင့်ဆောင်သောသူများက ဘုရားသခင်၏အမှုတော်ပြီးပြည့်စုံခြင်း ကိုမြင်တွေ့သောအခါ ပျော်ရွှင်ကြပြီး၊ ဘုရားသခင်၏အမှုတော်ထမ်း ဆောင်ခြင်း၌ ပျော်ရွှင်ခြင်းရှိလျက်အခြား သူများကိုချစ်မြတ်နိုးကာ အရာ အားလုံးအပေါ် သစ္စာစောင့်ကြမည်ဖြစ်သည်။ မည်သူမည်ဝါမှ သတို့လုပ် ဆောင်ရမည့် လုပ်ငန်းတာဝန်မအပ်ခဲ့သော်လည်း သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်း ရရှိသောသူများသည် ဘုရားသခင်၏အမှုတော်ဆောင် ရာတွင်ပြီးပြည့်စုံသည်အထိသစ္စာရှိကြသည်။ သူသည်နူးညံ့သိမ်မွေ့ ခြင်းရှိ ပြီး၊ ကာမဂုဏ်ချုပ်တည်းနိုုင်ကြပေမည်။ သူ့မှာဝိညာဉ်တော်အသီး ရှိ သည်။ သန့်ရှင်းသောဝိညာဉ်တော် သူ့အထဲတွင်ရှိသောသူများသည် ဝိ ညာဉ်ပကတိကျင့် ကြမည်ဖြစ်သည်။ သူသည် ထိုသို့ပြုမှသာလျှင် သန့်ရှင်း သောဝိညာဉ်တော်အသီး သီးနိုင်မည် ဖြစ်သည်။
မိတ်ဆွေသည်လည်း ဝိညာဉ်တော်၌ လျှောက်လှမ်းလျှင် ဝိညာဉ်တော် အသီးသီးနိုင်မည်ဖြစ်သည်။ သို့သော် မိတ်ဆွေသည် ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းမရှိလျှင် ဇာတိပကတိတပ်မက်ခြင်းနှင့် လျှောက်လှမ်း ခြင်း အားဖြင့်နိဂုံးချုပ် မည်ဖြစ်သည်။ ဂလာတိ ၅း၁၉-၂၁တွင် ဤသို့ဆို သည်။ “သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ 20ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိ ပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊ 21မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။”
 

ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏

ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ဇာတိပကတိ၏ ပထမ အကျင့်သည် "သူ့မယားကိုပြစ်မှားခြင်း" ဖြစ်သည်။၄င်း၏ အဓိပ္ပါယ်မှာ မတူ ညီသောလိင်နှင့် အသင့်လျော်စွာဆက်ဆံမှုပြုခြင်းဖြစ်သည်။ ဒုတိယ  ချက်မှာ "မတရားသော မေထုံ၌မှီဝဲခြင်း" ဖြစ်သည်။ တတိယအချက်မှာ "ညစ်ညူးစွာကျင့်ခြင်း" ဖြစ်သည်။ စတုတ္ထအချက်မှာ "ကိလေသာလွန် ကျူးခြင်း" ဖြစ်သည်။ ၄င်းသည် တပ်မက်ခြင်းကိုဆိုလိုသည်။ ပဉ္စမအချက် မှာ "ရုပ်တုကိုကိုးကွယ်ခြင်း" ဖြစ်သည်။ ဘုရားသခင်ထက်ရုပ်တုကိုကိုး ကွယ်ခြင်း၊ အစေခံခြင်းကိုဆိုလိုသည်။ ဆဌမအချက်မှာ "သူတပါးကိုပြု စားခြင်း" ဖြစ်သည်။သတ္တမအချက်မှာ "ရန်ငြိုးဖွဲ့ခြင်း" ဖြစ်သည်။ လူတစ် ဦးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် လျှောက်လှမ်းခြင်းမရှိ ဇာတိအ သွေးအသားဖြင့် အသက်ရှင်လျှင် သူ၏ အပြစ်သဘောတရားအတိုင်း အ ခြားသူ များထံမုန်းတီးခြင်းက လွှဲပြီးအခြားပြသစရာ တစ်ခုမျှမရှိပေ။ အဌမ အချက်မှာ"ရန်တွေ့ခြင်း"ဖြစ်သည်။ကျွန်ုပ်တို့သူငယ်ချင်းများ (သို့) မိသားစု များနှင့် အစဉ်အငြင်းပွါးစကားများခြင်းကို ဆိုလိုသည်။ အခြားသောအရာ များမှာ "ဂုဏ်ပြိုင်ခြင်း၊ အမျက်ဒေါသထွက်ခြင်းနှင့် အတ္တဆန်ခြင်း" များ ဖြစ်ကြသည်။ အထက်၌ ဖော်ပြထားသောအချက်များအားလုံးသည် ဇာတိ အသွေးအသားနှင့် လျှောက်လှမ်းသောသူများ၏ အကျင့်စရိုက်များဖြစ်ပါ သည်။ 
ဒသမမြောက်အချက်မှာ "အချင်းချင်းကွဲပြားခြင်း" ဖြစ်ပါသည်။ လူ တစ်ဦးသည် ဇာတိအသွေးအသားအားဖြင့် သာအသက်ရှင်လျှင် အသင်း တော်လုပ်ငန်းများ လုပ်ဆောင်ရန် သူ့အတွက်မဖြစ်နိုင်တော့ပေ။ နောက် ဆုံးတွင် သူသည် အသင်း တော်မှထွက်သွားခြင်းအားဖြင့် အဆုံးသတ် ပေ မည်။ ဆယ့်တစ်မြောက်အချက်မှာ "သင်းခွဲခြင်း" ဖြစ်သည်။ ဇာတိကပတိ အားဖြင့် အသက်ရှင်သောသူသည် သူ၏ လိုအင်ဆန္ဒပြည့်ဝမှသာလျှင် ကျေ နပ်မည်ဖြစ်သည်။ သို့သော် ထိုဘဝသည် ဘုရားသခင်၏ အလိုတော်နှင့်တ ခြားစီဖြစ်ပါသည်။ အမှန်အကန်ဖော်ပြရလျှင် သူသည် သတင်းကောင်းကို ကျောခိုင်းအသက်ရှင်ခြင်းဖြစ်သည်။ သင်းခွဲခြင်းဆိုသည်မှာ သမ္မာတရားမှ လမ်းလွှဲသွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်က ပတ်တော်ကိုယုံ ကြည်ခြင်းမရှိသောသူများနှင့် ဝိညာဉ်တော်၌ မလျှောက်သောသူများသည် ဘုရားသခင်၏ အလိုတော်မှ လမ်းလွှဲသွားခဲ့သောသူများဖြစ်ကြသည်။ "သူ့ အကျိုးကိုငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယဇ်မျိုးကိုသောက်ကျူးခြင်း၊ ပွဲလုပ်ခြင်း" စသည် တို့သည်လည်း ဇာတိကပတိအကျင့်များဖြစ်ကြသည်။ ဇာတိကပတိအားဖြင့်သာ အသက်ရှင်သောသူများသည် နောက်ဆုံးတွင် ဤအရာများ ကျင့်ကြမည်ဖြစ်သည်။ ထိုကြောင့်ဘုရားသခင်က "ဝိညာဉ် တော်၌ လျှောက်လှမ်း ကြလော့" ဟုမိန့်တော်မူခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဒု တိမွေးခြင်းခံခဲ့ပြီးသောသူများ သည်လည်း ဝိညာဉ်တော်၌ လျှောက်လှမ်းရ မည်ဖြစ်သည်။
ဒုတိမွေးခြင်းမခံသောသူများသည် သူတို့၏ နှလုံးသားများထဲတွင် ဇာ တိပကတိစိတ်ကလွှဲ၍ အခြားသောအရာတစ်ခုမျှမရှိပေ။ ထိုကြောင့် သူတို့ သည် "မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ ကျူးလွန်ခြင်းနှင့် ရုပ်တုကိုကိုးကွယ်ခြင်း" စသည်တို့၌ ကျင်လည်နေကြ ခြင်းဖြစ်သည်။ ဒုတိယမွေးခြင်းမခံသောမှားယွင်းသော အမှုတော်ဆောင် များသည် သူတို့နောက်လိုက်များ ထံမှ ငွေးကြေးအလှူငွေများစွာ ရရှိရန် "ဝဇ္ဇာအတတ်များ" ကျင့်သုံးကာ သူတို့ကိုဆွဲဆောင်စေတတ်ကြသည်။ သူတို့က ဘုရားကျောင်းသို့အလှူငွေများစွာ ထည့်ဝင်နိုင်သောသူများကို ကြီးမားသော တာဝန်နှင့်ရာထူးအမြင့်ပေးတတ်ကြသည်။ ဇာတိပကတိ အားဖြင့် အသက်ရှင်သောသူများသည် အခြားသူများကို "မုန်းတီး" တတ် ကြသည်။ သူတို့က အသင်းတော်ကိုများစွာသောအဖွဲ့အစည်းအဖြစ် သင်းခွဲ တတ်ကြပြီး၊ သူတို့ပိုင်သောအသင်းတော်ကို ဝါကြွားကာအခြားသော သူ များကိုယုံကြည်ခြင်းမှားယွင်းသောသူများအဖြစ်စွပ်စွဲတတ်ကြသည်။"ငြင်းခုံခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ အချင်းချင်းကွဲပြားစေခြင်း၊ သင်းခွဲခြင်း"စ သည်တို့သည် ဒုတိယမွေး ခြင်းမခံရသေးသောသူများ၏နှလုံး သားထဲတွင် ရှိသောအရာများဖြစ်ပါသည်။ ကျွန်ုပ်တို့သန့်ရှင်း သူများသည်လည်း ဇာတိ ပကတိ၌ကျင်လည်လျှင် ထိုနည်းတူအ သက်ရှင်ကြမည် ဖြစ်သည်။
 

သန့်ရှင်းသောဝိညာဉ်တော်သည်ဒုတိယမွေးခြင်းခံပြီးသူများအားသန့်ရှင်းသောဝိညာဉ်တော်အသီးသီးစေသည်

ဒုတိယမွေးခြင်းခံခဲ့ပြီးသောသူများသည် သတင်းကောင်းဟောပြော ရန် အသက်ရှင်သင့်ပေသည်။ ဘုရားသခင်နောက်တော်သို့သာလိုက် လျှောက်ရန် ကျွန်ုပ်တို့အတွက်အခက်အခဲရှိသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသင်းတော် သို့ဆက်သွယ်ခြင်းအားဖြင်း သတင်းကောင်း လုပ်ငန်းလုပ်ဆောင်ရမည်ဖြစ်သည်။ကျွန်ုပ်တို့သည် အတူတကွဆုတောင်း ပြီး၊ လူတစ်စုံတစ်ယောက်သည် ဝိညာဉ်တော် သတင်းကောင်းအားဖြင့် အသက်ရှင်လျှောက်လှမ်းနိုင်ရန် ကျွန်ုပ်တို့ ခွန်အားများပေး ဆပ်ရမည်ဖြစ် သည်။ ဝိညာဉ်ပကတိအားဖြင့် လျှောက်လှမ်းသော သူများသည် ရေနှင့် ဝိညာဉ်တော် သတင်းကောင်းကို ဟောပြောရန်အသက် ရှင်ကြသည်။ တ နည်းအားဖြင့်၊ ဇာတိပကတိအားဖြင့်အသက်ရှင်းခြင်းဆိုသည်မှာ ကိုယ်ကျိုး အတွက်သာအသက်ရှင်ခြင်းမျိုးဖြစ်ပြီး၊ ဝိညာဉ်ပကတိအားဖြင့်အသက်ရှင် ခြင်းဆိုသည်မှာ အခြားသူများဝိညာဉ်ကိုကယ်တင်ရန် အတွက်အသက်ရှင် ခြင်း မျိုးကိုဆိုလိုသည်။ ဒုတိယမွေးခြင်းခံရသော များစွာသောခရစ် ယာန် များသည် ဤလှပသောအသက်တာမျိုးအားဖြင့် အသက်ရှင်ကြသည်။ သူ တို့သည် အခြားသော သူများကောင်းမှုအတွက်သာ အသက်ရှင်ကြသည်။ 
ကမ္ဘာတစ်ဝှမ်းလုံးတွင် သတင်းကောင်းကို မကြားဘူးသေးသော လူသန်းပေါင်းများစွာရှိသည်။ အာဖရိကနှင့်အာရှတိုက်တွင် ရှိသောလူများ ကို ကျွန်ုပ်တို့ချစ်သည်။ ကျွန်းစုများအပါအဝင် ဥရောပတိုက်နှင့် အမေရိက တိုက်တွင် ရှိသောလူအားလုံးကိုလည်း ကျွန်ုပ်တို့ချစ်သည်။ ကျွန်ုပ်တို့သည် သူတို့အားရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မိတ်ဆက်ပေးခြင်းအား ဖြင့် ကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာကို ပြသသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိအတိုင်း ကျင့်ဆောင်ရမည်။ ထိုသို့ သောအ ကျင့်ကိုအဘယ်တရားမျှမတားပေ။ “ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ” (ဂ လာတိ ၅း၂၂-၂၃)။ ဤအရာများဆန့်ကျင် သောဥပဒေရှိသလား။ မရှိပါ။ ဤဥပဒေသည် ကျွန်ုပ်တို့လိုက်နာရမည့် ဝိညာဉ်တော်၏ ဥပဒေသများဖြစ် ပါသည်။ ဝိညာဉ်တော်၌ လျှောက်လှမ်းရန် ရှင်ပေါလုက ကျွန်ုပ်တို့အား ပြောခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်သားများအတွက် သူ၏အ သက်ကိုစတေးခဲ့သည်နည်းတူ၊ ကျွန်ုပ်တို့ သည်လည်း အခြားသောသူများ ထံ သတင်းကောင်းဝေငှရ ကြမည်ဖြစ်သည်။ အခြားသူများအား သူတို့၏ အပြစ်များမှကယ်တင်ခြင်းသည် ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းဖြစ် သည်။ ကျွန်ုပ်တို့သည်လည်း ဝိညာဉ် တော်၌ လျှောက်လှမ်း သင့်ပေသည်။
ဂလာတိ ၅း၂၄-၂၆ တွင် ရှင်ပေါလုက “ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။ 25ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်နှင့်ထက်ကြပ်မကွာလိုက်လျှောက်ကြကုန်စို့။ 26စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့”ဟု ဖော်ပြထားပါ သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိအားဖြင့် အသက်ရှင်ကြလျှင် ပျောက်ဆုံးသောဝိညာဉ်များကိုကယ်တင်ရန် အသက်ရှင်ကြရမည်။ ကျွန်ုပ် တို့သည် ဝိညာဉ်တော်အလုပ်ကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ဝိညာဉ် တော်နှင့် အတူအသက်ရှင်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ် ဘုရားသ ခင်ပေးခဲ့သော သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံးသားများ ထဲတွင် သခင်ယေရှုခရစ်တော် အသက်ရှင်စေသည်။ သန့်ရှင်းသော ဝိ ညာဉ်တော်သည် ချစ်ခြင်းမေတ္တာ၏အရှင်သခင်ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား သူ၏မေတ္တာတော်သယ် ဆောင်သောယာဉ် များအ ဖြစ်အသုံးပြုသည်။
ရှင်ပေါလုက “ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ် တိုင်ပေါ်၌တင်ထားကြပြီ”(ဂလာတိ၅း၂၄)ဟုဖော်ပြထားပါသည်။ ဒုတိယ မွေးခြင်းခံသောသူများသည် သခင်ယေရှုခရစ်တော်နှင့် အတူအသေခံခဲ့ပြီ ဖြစ်ကြောင်း ရှင်ပေါလုကပြောခဲ့သည်။ စစ်မှန်သော ဒုတိယမွေးခြင်းခံ သောသူများသည် သခင်ယေရှုနှင့် အတူအသေခံခဲ့ပြီးဖြစ်သည်။ ၄င်းကို ကျွန်ုပ် တို့မသိခဲ့ကြသော်လည်း သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအ တွက် ပြစ်ကြွေးပေးဆပ်ရန် ကားတိုင်တော်ပေါ်တွင်အသေခံသောအခါ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် အသေခံခဲ့ကြခြင်းဖြစ်သည်။ တနည်းအားဖြင့်၊ သခင်ယေရှုခရစ်တော်ကားတိုင်ပေါ်တွင် သေခံခြင်းသည် မိတ်ဆွေနှင့် ကျွန်တော်တို့သည်လည်း ကားတိုင်ပေါ်တွင် သူနှင့်အတူ အသေခံ ခဲ့ခြင်းကိုဆိုလိုသည်။ ခရစ်တော်၏ အသေခံခြင်းသည် ကျွန်ုပ်တို့ အသေခံ ခြင်းဖြစ်ပြီး သူရှင်ပြန်ထမြောက်ခြင်းသည်လည်း ကျွန်ုပ်တို့၏ရှင် ပြန် ထမြောက်ခြင်းအတွက် အာမခံပေးသောပုံဆောင်ချက်ဖြစ်သည်။ မိတ် ဆွေနှင့် ကျွန်တော်တို့သည်လည်း ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုခ ရစ်တော်၌ အသက်ရှင်ပြီး သေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့မှာ ယုံကြည် ခြင်းရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းက ကျွန်ုပ်တို့အား ဝိညာဉ် တော်၌ လျှောက်လှမ်း စေသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်သောတန်ခိုးကို ဘု ရားသခင်ကပေးခဲ့ပြီးဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့အပြစ်အားလုံး ခွင့် လွှတ်ခြင်းရရှိသောသူများသည် ဝိညာဉ်ပကတိအားဖြင့်အသက်ရှင် သင့်ပေ သည်။ သန့်ရှင်းသော ဝိညာဉ်တော်ရရှိသောသူများသည် သူတို့အပြစ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းအတွက် ကျေးဇူးတင်ကာ ပျောက်ဆုံးသော ဝိညာဉ်များ ကယ်တင်ခြင်းရရှိရန်အတွက် သတင်းကောင်းဝေငှရန် မိမိ ကိုယ်ကိုဆက်ကပ်ရမည်ဖြစ်သည်။ လူတစ်ဦးသည် အပြစ်လွှတ်ခြင်းရရှိ ကာ ဒုတိယမွေးဖွားခြင်းရရှိသော်လည်း သူသည် ဘုရားသခင်၏အသင်း တော်နှင့် ကင်းကွာပြီး ဇာတိပကတိတပ်မက်ခြင်းအပေါ် အသက်ရှင်ခြင်း အားဖြင့် ထိုသူသည် ဘုရားသခင်ကိုအစေမခံနိုင်ပေ။ သခင်ယေရှုခရစ် တော်နေ့ရက်ထိတိုင်အောင် မိတ်ဆွေနှင့် ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ် တော် သတင်းကောင်းအားဖြင့် အသက်ရှင်သင့်ပေသည်။
 

အချည်းနှီးကျော်စောကိတ္တိတပ်မက်ခြင်းမရှိဘဲသန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်  အသက်ရှင်ခြင်း 

ရှင်ပေါလုက “စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့” ဟုပြောခဲ့သည်။ ဘဝင်မြင့်ခြင်း သည် အဘယ်အရာကို ဆိုလိုသနည်း။ ဇာတိပကတိ တပ်မက်ခြင်းအားဖြင့် လျှောက်လှမ်းခြင်းသည် ဘဝင်မြင့်ခြင်းဖြစ်သည်။ ဤလောကတွင် သူတို့ ဘဝမြင့်ခြင်းအားဖြင့် အသက်ရှင်သူမြောက်များစွာရှိသည်။ မြောက်များစွာ သောလူတို့က ငွေစုဆောင်းပြီး၊ ကြီးမြတ်သောနေရာတွင်ရောက်ရှိရန် ပြိုင် ဆိုင်ကြကာ လောကလှပမှုများချစ်မြတ်နိုင်လျက် ထိုအရာများအတွက်သာ အသက်ရှင်တတ် ကြသည်။ဤအရာများ၌ သစ္စာမရှိကြပေ။ ၄င်းတို့သည် အချိန်ကြာလာသည်နှင့် အမျှပျက်စီးပျောက်ကွယ်သွားကြသည်။ ဤအ ကြောင်းကြောင့် ဇာတိပကတိအားဖြင့် လျှောက်လှမ်းသောသူများသည် အချည်းနှီးကျော် စောကိတ္တိတပ်မက်ခြင်းဟု ခေါ်ပါသည်။ လူတွေက ချမ်းသြွာကယ်ဝလျှင် သူတို့ နှလုံးသားများ၌ စစ်မှန်သောငြိမ်သက်ခြင်းနှင့် ကျေနပ်ရောင့်ရဲခြင်း ရှိကြသလား။ ဇာတိပကတိအသီးသည် အမှန်တကယ် ပျက်စီးပျောက် ကွယ်တတ်ပါသည်။ လောကအရာများသည် အခြားသူများ ၏ ဝိညာဉ် အတွက်အကျုံးမဝင်ဘဲလူတစ်ဦးတစ်ယောက်အတွက်သာ ဖြစ်သည်။ ထိုအရာသည် လူတစ်ယာက်အတွက်သာကောင်းသည်။ 
သမ္မာကျမ်းစာတွင် “စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေး သင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏” (သုတ္တံ၁၁း၂၄)ဟုဖော်ပြထားပါသည်။ ဒုတိယမွေးဖွား ခြင်းမခံသောသူများသည် ငွေများစွာစုသိမ်းရန်ကြိုးစားတတ်ကြသည်။ အ ကြောင်းမှာ လောကအရာများသည် သူတို့အတွက် လိုသမျှပြည့်စုံခြင်းဖြစ် သည်။ သူတို့ထဲတွင် အခြားသူများအတွက် နေရာအခန်းမရှိပေ။ ထိုအ ကြောင်းကြောင့် သူတို့သည် သူတို့၏ ကိစ္စဝိစ္စအတွက်သာ လိုချင်ဂရုစိုက် တတ်ကြခြင်း ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာက လူတစ်ဦးသည် အမှန်တရားထက်စု သိမ်းသူရှိသော်လည်း ၄င်းက ဆင်းရဲခြင်းကို ပြုစုတတ် သည်ဟုဖော်ပြထားပါသည်။လူတွေက ဇာတိပကတိတပ်မက်ခြင်း အားဖြင့် လျှောက်လှမ်း တတ်ကြသည်။ သို့သော် သူတို့သည် နောက်ဆုံးတွင် ဖောက်ထွင်းခိုးယူခြင်းခံရသဖြင့် သေခြင်းနှင့် နိဂုံးချုပ်တတ်သည်။ ဤ အရာများ အားလုံးသည် ကျော်စောကိတ္တိ၏ အကျိုးရလဒ်ပင်ဖြစ်သည်။
 

ဝိညာဉ်တော်၏အလိုတော်အတိုင်းလိုက်လျှောက်ရန်မြတ်နိုးသောသူများ

ဝိညာဉ်တော်၌ ရှိသောအသက်တာအားဖြင့် အသက်ရှင်ရန် ရှင်ပေါလု ဆန္ဒရှိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ကောင်းမွန်စွာ အ သက်ရှင်ရန် ပေါလုက ကျွန်ုပ်တို့အား သွန်သင်ခဲ့သည်။ ဂလာတိ ၆း၆-၁၀ တွင် သူက 
“နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။ အယူမလွဲကြနှင့်။ ဘုရား သခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။ မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။ ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူ ကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။ ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့”ဟု မိန့်တော်မူခဲ့သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်သိရှိသောသူများသည်သူတို့၏ ဆ ရာသမားများနှင့် အတူကောင်းသောအရာအားလုံး ဝေမျှရန် ပေါလုက အ ကြံပြုခဲ့သည်။ "ကောင်းသောအရာများ"ဟု သူပြောသောအခါ ဝိညာဉ် တော်၌ လျှောက်လှမ်းသော အသက်တာနှင့်သတင်းကောင်း ဟောပြော ခြင်းဖြင့် ပျောက်ဆုံးသောဝိညာဉ်များ ကယ်တင်ခြင်းအားဖြင့် ဘုရားသခင် အားဝမ်းမြောက်စေခြင်းကို ဆိုလိုသည်။ ဒုတိယမွေး ဖွားခြင်းခံသော သူ များသည် ဝိညာဉ်တော်အကြောင်းကို သွန်သင်ပြီးဝိညာဉ်တော်၌ လျှောက် လှမ်းသောသူများနှင့် စိတ်တလုံးတဝတည်းချစ်ခြင်းနှင့် တရားစီရင်ခြင်း၌ ပါဝင် သင့်ပေသည်။ 
"သင်ပေးသောသူများနှင့် အတူကောင်းသောအရာများအားလုံး မျှဝေ စေ။" ကောင်းသောအရာများဆိုသည်မှာ အသင်းတော်အားဖြင့် အခြား သူ များအားသူတို့အပြစ်များမှ ကယ်တင်ခြင်းကို ဆိုလိုသည်။ အရာခပ်သိမ်းကို စိတ်တလုံးတဝ၊ တလုံးတဝဆုတောင်းခြင်းနှင့် တလုံးတဝဆက်ကပ်ခြင်း အားဖြင့်လုပ်ဆောင်ကြရန် ရှင်ပေါလု ကျွန်ုပ်တို့အားပြောခဲ့သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ အမှုတော်ကိုအတူ တကွထမ်းဆောင် ရမည်ဖြစ် သည်။ 
ရှင်ပေါလုက "အလွဲမယူကြနှင့်။ ဘု၇ားသခင်သည် မထီမဲ့မြင်ပြုခြင်း ကို ခံတော်မမူ။လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ပြန်ရိတ်ရ မည်"ဟု ပြောခဲ့သည်။ ဤနေရာတွင် "မထီမဲ့မြင်ပြုခြင်း"ဆိုသည်မှာ "ကဲ့ ရဲ့ခြင်းနှင့် လှောင်ပြောင်ခြင်း"ဖြစ်သည်။ "အလွဲမယူနှင့်။ ဘုရားသခင် မ ထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ"ဆိုသည်မှာ ဘုရားသခင်ကို မထီမဲ့မြင်ပြု ခြင်းနှင့် လှောင်ပြောင်ခြင်းမပြုခြင်းဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ဦး သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပေါ့ပေါ့ပျက် ပျက်ယူကာ သူတို့ ကြိုက်နှစ်သက်သည့်အတိုင်း အမှားယွင်းစွာအနက်ဖွင့်ဆိုခြင်းနှင့် သူတို့ စိတ်ကြိုက် ယုံကြည်ခြင်း မပြုသင့်ပေ။ ရှင်ပေါလုက "လူသည် မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကို ပြန်ရိတ်ရမည်" ဟုပြောခဲ့သည်။ ဤကျမ်းစ ကား၏ အဓိပ္ပါယ်မှာ ဇာတိပကတိမျိုးစေ့ကြဲသောသူသည် ပုပ်ပျက်ခြင်းကို သာရိတ် ရလိမ့်မည်ဖြစ်သည်။ သို့သော် ဝိညာဉ်တော်မျိုးစေ့ကို ကြဲသောသူ တို့သည် ထာဝရအသက်ကို ရိတ်ရလိမ့်မည်။
အကယ်၍ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအား ဖြင့် အသက်ရှင်လျှင် မည်သည့်အရာကို ရိတ်ရမည်နည်း။ ကျွန်ုပ်တို့သည် ထာဝရအသက်နှင့် ကျွန်ုပ်တို့အပြစ်များမှကယ်တင်ခြင်း အသီးအနှံကို ရိတ် ရလိမ့်မည်။ အခြားသူများ၏ ဝိညာဉ်များကို သူတို့အပြစ်များမှ ရွေးနှုတ် ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများအားဖြင့် ထာဝရအ သက်ပေးခြင်းအားဖြင့် ဝိညာဉ်တော် အသီးအနှံကို ကျွန်ုပ်တို့ရိတ်ရလိမ့် မည်။ 
သို့ရာတွင် သူတို့၏ ဇာတိပကတိအတွက်အသက်ရှင် သောသူများ သည် မည်သည့်အသီးအနှံကို ရိတ်ရကြမည်နည်း။ သူတို့သည် ပျက်စီး ခြင်းအသီးအနှံကို ရိတ်ကာ နောက်ဆုံးတွင် သေခြင်းကလွဲပြီးအခြား ရိတ် သိမ်းစရာတစ်မခုမျှမရှိပေ။ သူတို့သေဆုံးခဲ့ပြီးနောက် မည်သည့်အရာ တစ် စုံတစ်ခုမျှ ကျန်ရစ်မည်မဟုတ်ပေ။ လူသားများသည် လက်ချည်းသက် သက်မွေးဖွားလာခဲ့ပြီး လက်ချည်းသက်သက် သေရကြသည်။
အခြားသူများကို သူတို့အပြစ်များမှကယ်တင်ခြင်းအလုပ်ကို လုပ် ဆောင်သောသူများသည် ဝိညာဉ်တော်အသီးအနှံကိုရိတ်ပြီး၊ ထာဝရအ သက်ရရှိကြမည်ဖြစ်သည်။သို့သော် ဇာတိပကတိတပ်မက်ခြင်းအားဖြင့် အ သက်ရှင်သောသူများမှာ ပျက်စီးခြင်းအသီးအနှံကိုသာ ရိတ်ရလိမ့်မည်။ ထို နောက်သူတို့သည် ကျိန်ခြင်း အမင်္ဂလာများရိတ်ရပြီး၊ အခြားသောသူများ အပေါ် ကျိန်ခြင်းအမင်္ဂလာကို လက်ဆင့်ကမ်းပါလိမ့်မည်။ ထိုကြောင့် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းအားလုံးကို သိသော ရှင်ပေါလုသည် ဇာတိပကတိအားဖြင့် အသက်မရှင်ကြရန် အကြံပြု ထားခြင်းဖြစ် သည်။
“ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။” ရှင်ပေါလုသည် ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းသော ဘုရားသခင်၏ အစေခံကျွန်တစ်ဦးဖြစ်သည်။ လူတွေ က သူသည် ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းခြင်းကို သမ္မာကျမ်းစာ ထဲ တွင် မြင်တွေ့သောအခါ အချို့သောသူများက သန့်ရှင်းသောဝိညာဉ်တော် က သူ့အား "ပေါလု ဘယ်ဘက်သို့သွားပြီး လူတစုံတယောက်ကိုတွေ့ပါ" (သို့) "သင်သည် လူတွေိကိုရှောင်လွဲသင့်သည်" ဟုတိုက်ရိုက် စကားပြော သောကြောင့်ဖြစ်သည်ဟု ထင်နိုင်ပေသည်။ သို့သော် ဤသို့ယူဆခြင်းသည် မမှန်ကန်ပေ။
သူသည် အခြားသူများကိုကယ်တင်ခြင်းသတင်းကောင်း ဟောပြော ခြင်းနှင့် သူတို့ဝိညာဉ်များကို ကယ်တင်ရန်ကူခြင်းအားဖြင့် ဝိညာဉ်တော်၌ အသက်ရှင်ခဲ့သည်။ ရှင်ပေါလုသည် ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်း သောသူများနှင့် ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို အစေခံ ခဲ့သည်။ ခရစ်ယာန်များကြားတွင် ဝိညာဉ်တော်အားဖြင့် အသက်မရှင် သောသူများ၊သို့သော် ဇာတိအသွေးအသားအား ဖြင့်အသက်ရှင်သော သူ များ ရှိပါသည်။ သူတို့က ရှင်ပေါလုကို လှိုက်လှိုက်လှဲလှဲကြို ဆိုခြင်းမပြု၊ သူ့ကိုဆန့်ကျင်ကာ သတ်ခဲ့ကြသည်။ ရှင်ပေါလုသည် ထိုသူတို့ကိုပြန် လည် တိုက် ခိုက်ခြင်းမပြုဘဲ သခင်ယေရှုခရစ်တော်၏ တပည့်တော်တစ်ယောက် အဖြစ်သတ်ဖြတ်ခြင်း ခံခဲ့ကြောင်းပြောခဲ့သည်။ 
မိတ်ဆွေသည် ဝိညာဉ်တော်အားဖြင့် အသက်ရှင် လျှောက်လှမ်းလို လျှင် သတင်းကောင်းအားဖြင့် အသက်ရှင်ရမည် ဖြစ်သည်။ အရေဖျားလှီး ခြင်းခံသောသူများက ပေါလုကို တရားစွဲခဲ့ကြသည်။ ဂလာတိ ၅း၁၁ တွင် 
“ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ” ဟုဖော်ပြထားပါသည်။အရေဖျားလှီးခြင်းခံခဲ့ သောသူ များသည်အရေဖျားလှီးခြင်းကိုထောက်ခံအားပေးသောသူများဖြစ်ကြသည်။ သူတို့က "လူတစ်ဦးသည် သခင်ယေရှုကိုယုံကြည်လျှင်လည်း အရေ ဖျား လှီးခြင်းခံရမည်။ ထိုသူသည် ကိုယ်ခန္ဓနှင့် စပ်ဆိုင်သောအရေဖျားလှီး ခြင်း မခံလျှင် ဘုရားသခင်၏ သားမဟုတ်" ဟုပြောကြသည်။ သူတို့သည် အဘယ်ကြောင့် ပေါလုကို တရားစွဲခဲ့ကြသနည်း။ ပေါလုသည် ရွေးနှုတ် ကယ်တင်ခြင်းနှင့် ထာဝရအသက်နှင့် ဆိုင်သောကောင်းချီးမင်္ဂလာသည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်း သောအသွေးတော်အားဖြင့် ရရှိသည်ဟု ယုံကြည်ခဲ့သောကြောင့်ဖြစ်သည်။ ဤတရားသည် ပေါလု ဟောပြောသောတရားဖြစ်သည်။
လူတွေကိုဖြောင့်မတ်ခြင်းဖြစ်စေသော ယုံကြည်ခြင်းသည် သမ္မာတ ရား သင်ယူခြင်းနှင့် ဟောပြောခြင်းအားဖြင့် ရရှိသည်။ ရေနှင့်ဝိညာဉ် တော် သမ္မာတရားသည် အလွန်အရေးကြီးသည်ဟု ရှင်ပေါလုက သတ် မှတ်ခဲ့သည်။သမ္မာတရားကို သိရှိသောသူများသည်ဝိညာဉ်တော်၌ လျှောက် လှမ်းသော သူများဖြစ်ကြောင်း၊ သူတို့သည် အရေဖျားလှီးခြင်းခံယူ ရန်မလိုအပ်ကြောင်း ရှင်ပေါလုကယုံကြည်ခဲ့သည်။ ဤတရားသည် သူ ဟောပြောခဲ့သော တရားဖြစ်သည်။ သို့သော်အရေဖျား လှီးခြင်းခံသော သူ များက အရေဖျားလှီးခြင်းသည် ကယ်တင်ခြင်းရရှိရန် လူတစ်ဦး၏ ယုံ ကြည်ခြင်းတွင် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်ဟု ယုံကြည်ခဲ့ ကြသည်။ သို့သော် ဘုရားသခင်ပေးထားခဲ့သော သတင်းကောင်းက လွဲပြီး အခြားသောသတင်းကောင်းမရှိပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် သတင်း ကောင်းကို ထပ်ဖြည့်ခြင်း၊ နှုတ်ယူခြင်းမပြု သင့်ပေ။
ရှင်ပေါလုသည် ဝိညာဉ်ပကတိအားဖြင့် လျှောက်လှမ်းခဲ့သောအခါ သူ ၏ အဆွေယုဒလူမျိုးများက ဥပေက္ခာပြုခဲ့ကြကာ သတ်ဖြတ်ခဲ့ကြသည်။ “သင်တို့ကို မွှေနှောက်ရှုပ်ထွေးစေသောသူတို့သည် မိမိတို့ကိုယ်ကိုပင် သင်းကွပ်လိုက်လျှင် ကောင်းလိမ့်မည်။ ညီအစ်ကိုတို့၊ သင်တို့သည် လွတ် လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအား ဖြင့် အချင်းချင်းအစေခံကြလော့။ အကြောင်းမူကား ပညတ်တရားအားလုံးသည် “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသောစကားတစ်ခွန်းတည်း၌ပြည့်စုံ၏။ သို့သော် သင်တို့သည် အချင်းချင်းကိုက် ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့”(ဂလာတိ ၅း၁၂-၁၅)။ ရှင်ပေါလုက အရေ ဖျားလှီးခြင်းခံသောသူများအပေါ် "လူများစွာတို့သည် ကိုယ်ခန္ဓာအသွေးအ သားအားဖြင့် ကောင်းသောအရာများပြုရန် ဆန္ဒရှိကြသည်။ ဤသူများက အရေဖျားလှီးခြင်းခံရန် အတင်းအဓမ္မ တိုက်တွန်းပါ လိမ့်မည်။သူတို့သည် ခရစ်တော်၏ ကားတိုင်တော်အတွက်ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက် ရန်အတွက်သာရည် စူးခြင်းဖြစ်သည်"ဟုပြောခဲ့သည်။
ရှင်ပေါလုက အသွေးအသားတပ်မက်ခြင်းအားဖြင့် အသက်ရှင်သော သူများကို ပြစ်တင်ခဲ့သည်။ သူတို့သည်လုပ်ဆောင်ခြင်း၌ အသွေးအသား တပ်မက်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ လူများစွာတို့သည်လည်း သတို့နည်းတူအသက် ရှင်ခဲ့ကြသည်။ သို့သော်ပေါလုက သူတို့နှင့် ဆက်ဆံ ခြင်းကို အဆုံးသတ်ခဲ့သည်။ ရှင်ပေါလုက "သို့သော်လည်းသခင်ယေရှု ခ ရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှ တပါးအဘယ်အရာမျှဝါကြွားခြင်း မ ရှိစေနှင့်" ဟုပြောခဲ့သည်။ သခင်ယေရှုခရစ်တော်သည် လောကသားများ အပြစ်ကို ယူဆောင်သွားရန်ယောဟန်အားဖြင့် ဗတ္တိဇံကိုခံယူခဲ့ပြီး ဘုရား သခင်ခေါ်သမျှသော ပေါလုနှင့် လူသားအားလုံးကို ကယ်တင်ရန် လက်ဝါး ကပ်တိုင်ပေါ်တွင် သူအသေခံခဲ့သည်။ရှင်ပေါလုက “ယေရှုခရစ်ထံ၌ အရေ ဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ၊ သတ္တဝါအပြစ်ဖြစ် ခြင်းသာအကျိုးရှိ၏" ဟုဖော်ပြထားပါသည်။ လောက၌သေ သောပေါလု သည် သခင်ယေရှုခရစ်တော်အားဖြင့် တဖန်အသက်ရှင်ခဲ့သည်။
အမှန်အကန်ဖော်ပြရလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၌ သေကြသည်။ သို့သော် တခါတရံ ကျွန်ုပ်တို့သည် ဤသမ္မာတရားကို မေ့လျော့ကြသည်။ ၄င်းကို ကျွန်ုပ်တို့ယုံကြည်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသမ္မာ တရားကိုယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် ဇာတိပကတိတပ်မက်ခြင်း နှင့် ကျွန်ုပ်တို့မိသားစုများ ချည်နှောင်ခြင်းခံသောသူများဖြစ်ကြသည်။ ဤ အရာအားဖြင့် ဘုရားသခင်နှင့် အတူအသက်ရှင်ခြင်းမှ ကျွန်ုပ်တို့ကိုတား ဆီးပိတ်ပင်သည်။ ကျွန်ုပ်တို့ဇာတိအသွေးအသားသည် အလွန်အားနည်း သောကြောင့် ဘုရားသခင်နောက်လိုက်ရန်အတွက် ကျွန်ုပ်တို့မိသားစုများ ကတောင် မကူညီနိုင်ပေ။ ဘုရားသခင်တစ်ပါးတည်းသာ ကူညီနိုင်သည်။ သို့သော် ယခုတွင် ကျွန်ုပ်တို့သည် ဤလောက၌ သေနေကြသည်။ သေနေ သော သူများက လောကီးရေးရာကစ္စများတွင် လောကီသားများကို မည်သို့ ကူညီနိုင်မည်နည်း။ ဤလောက၌ သေသောသူများသည် လောကအရာ များကို မပိုင်ဆိုင်နိုင်ကြပေ။
သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ သူ၏ရှင်ပြန် ထမြောက်ခြင်းက ကျွန်ုပ်တို့ကို ဝိညာဉ်အသက်တာသစ် ပိုင်ဆိုင်နိုင်ရန် ဒုတိယမွေးဖွားခွင့်ပြုခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အသစ်သောလုပ် ငန်း၊ အသစ်သော မိသားစုနှင့်အသစ်သောမြော်လင့်ချက် ပိုင်ဆိုင်နိုင်ကြ ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံသောသူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်၏ စစ်သူရဲများဖြစ်ကြ သောကြောင့် ကျွန်ုပ်တို့မှာဘုရားသခင်၏ နှုတ်ကပတ်တော်ဟောပြောရန် တာဝန်ရှိသည်။ ရှင်ပေါလုက သူသည် ကိုယ်ကာယဖြင့်မဟုတ်၊ ဝိညာဉ် ရေးရာ နည်းလမ်းအားဖြင့် အခြားသောသူများ ကယ်တင်ခြင်းရရှိရန် ကူညီ ပေးခြင်းအားဖြင့် လူတစ်ဦးဖြစ်လာခဲ့သည်ဟု ဝန်ခံခဲ့သည်။ သူသည် သခင် ယေရှုခရစ်တော်အားဖြင့် အသေခံခဲ့ပြီး၊ ဒုတိယမွေးခြင်းခံခဲ့ရသည်ဟု ပြော ခဲ့သည်။ကျွန်ုပ်တို့ ယုံကြည်ခြင်းသည်လည်း ရှင်ပေါလုကဲ့သို့ ရဲရဲဝံ့ဝံ့ဝန်ခံရဲ သောသူများဖြစ်ရန် ကျွန်ုပ်တို့ကြိုးပမ်းကြပါစို့။
ဂလာတိ ၆း၁၇-၁၈ တွင် ရှင်ပေါလုက “ယခုမှစ၍ မည်သူမျှ ငါ့အား အနှောင့်အယှက်မပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေရှုနှင့်ဆိုင်သောအမှတ်တံဆိပ်များကို ငါ၏ကိုယ်ခန္ဓာ၌ ဆောင်ထား၏။ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်” ဟုမိန့်တော်မူခဲ့သည်။ ရှင်ပေါ လုသည် သခင်ယေရှုခရစ်တော်၏ အမှတ်အသားကို သယ်ဆောင်ခဲ့သည်။ သူသည် ဝိညာဉ်တော်၌ လျှောက်လှမ်းရာတွင် ဘုရားသခင်အတွက်ဆို သူ့ အသက်တောင် နှမြောခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် သူသည်တဖြည်း ဖြည်းမျက်စိကွယ်သွားခဲ့သောကြောင့် စာတောင် မရေးနိုင်ခဲ့ပေ။ ရှင်ပေါလု သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောသည့် အချိန်တွင် သူ၏လုပ် ဆောင်ဘက်တိတုကဲ့သို့သောသူများက သူ၏သြဝါဒဆုံးမစာ များမှတ်တမ်း တင်ပေးခဲ့သည်။ ရှင်ပေါလုသည် ကိုယ်ခန္ဓာအားဖြင့်အင်အားချည့် နည်းခဲ့ သော်လည်း သူသည် ဝိညာဉ်တော်နှင့် အသက်ရှင်ခဲ့သောကြောင့်အလွန် ပျော်မွေ့ခဲ့သည်။ သူက “ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏” (၂ကော ၄း၁၆)။
ဝိညာဉ်တော်၌ လျှောက်လှမ်းသောသူများကဲ့သို့ အသက်ရှင်ရန် ရှင် ပေါလုက အကြံပြုထားသည်။ သူက "ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်း သည် သတင်းကောင်းအတွက်အသက်ရှင်ခြင်းဖြစ်သည်"ဟုပြောခဲ့သည်။ မိတ်ဆွေနှင့် ကျွန်တော်တို့သည် ဝိညာဉ်တော်နှင့် လျှောက်လှမ်းခြင်း အဓိပ္ပါယ်ကို စိတ်ထဲတွင်မြဲမြဲမှတ်ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အချည်းနှီးသောအရာများအတွက် အသက်မရှင်ကြဘဲ သတင်းကောင်း အ တွက်လုပ်ဆောင်ကာအသက်ရှင်ရမည်ဖြစ်သည်။ကျွန်ုပ်တို့ကျန်သေး သော ဘဝတွင် ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်၌ လျှောက်လှမ်းကြပါစို့။
ယခု ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ နှလုံးသားတွင် စစ်မှန်သောဝိညာဉ်တော်ရှိသည်။ ကျွန်ုပ်တို့သည် သတင်း ကောင်းအရ ဆုတောင်းလျှင် ဘုရားသခင်သည် ဝမ်းသာအားရစွာအဖြေ ပေး မည်ဖြစ်သည်။ ဝိညာဉ်တော်အသီးသီးခြင်းဆိုသည်မှာ ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းနှင့် ဝိညာဉ်များကယ်တင်ခြင်းဖြစ်သည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းပြီး သတင်းကောင်းအတွက် အ သက်ရှင်သောအခါ ဝိညာဉ်တော်အသီးများဖြစ်ကြသောချစ်ခြင်း၊ ဝမ်း မြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ 23နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းစ သည်တို့သီးနိုင်ကြမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဝေ ငှသောအခါ ကျွန်ုပ်တို့သည် ဆင်းရဲခြင်း၊ သည်းခံခွင့်လွတ်ခြင်း၊ ကျေးဇူးပြု ခြင်းနှင့် ပျောက်ဆုံးသော ဝိညာဉ်များအပေါ် ကောင်းသောအရာလုပ် ဆောင်ခြင်းရှိရမည်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိစေသော ကောင်းသော အရာများလုပ်ဆောင်ခြင်းနှင့် သတင်းကောင်းဝေငှခြင်းအားဖြင့် ပျောက် ဆုံးသောဝိညာဉ်များ ကယ်တင်ခြင်းသည် ဝိညာဉ်တော်အသီးအနှံများ သီး ခြင်းပင်ဖြစ်သည်။ ဤအရာများသည် ဝိညာဉ်တော်အသီးသီး စေသော အရာများနှင့် ဝိညာဉ်တော်၌ အသက်ရှင် ခြင်းဖြစ်စေသော အရာများဖြစ် ကြသည်။