Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-11] မိတ်ဆွေ၏ဘဝကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝစေခြင်း (ဧဖက်သြဝါဒစာ ၅း၆-၁၈)

မိတ်ဆွေ၏ဘဝကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝစေခြင်း
(ဧဖက်သြဝါဒစာ ၅း၆-၁၈)
“အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။ ထို့ကြောင့် သူတို့နှင့်အတူ ပေါင်းဖော်ခြင်းမပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော် တစ် ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက် လှမ်းကြလော့။ အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။ သခင်ဘုရားနှစ်သက်တော်မူသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိကြလော့။ အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမကထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။ အကြောင်းမူ ကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက် ဖွယ်ကောင်း၏။ သို့သော် အလင်းအားဖြင့် အပြစ်ဖော်ပြခြင်းခံရသောအရာအားလုံးသည် ထင်ရှားလာ၏။ အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။ ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍ နေ့ရက်ကာလတို့သည် ဆိုးညစ်သောကြောင့် အချိန်အခါကို ကောင်းစွာအသုံးချကြလော့။ သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။ အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။”
 

ကျွန်ုပ်တို့ဘဝသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာထိန်းသိမ်းရန် မည်သည့်အရာများ လုပ်ဆောင်ရကြမည်နည်း
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုငြင်းပယ်ပြီး၊ ကားတိုင်ထမ်းကာ၊ ကျွန်ုပ်တို့မကောင်းသောအတွေးများငြင်းပယ်လျက် သတင်း ကောင်းဟောပြောခြင်းအတွက် ကိုယ်ကိုယ်ကိုဆက်ကပ်ရမည်

ကျွန်ုပ်တို့သည် "ဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာထိန်းသိမ်း ရန်" သတင်းကောင်းဟောပြောခြင်းဖြင့် ကျွန်ုပ်တို့အသက်တာမြှုပ်နှံရပေ မည်။ သန့်ရှင်းသောဝိ ညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အ သက်ရှင်ရန် ကျွန်ုပ်တို့နှလုံးသားထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းဖြစ်စေသော ကောင်းချီးမင်္ဂလာကို ရှေ့ဦးစွာရရှိရန်ရပေမည်။ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန်အတွက် ဤကဲ့သို့သော ယုံကြည် ခြင်းမျိုးပိုင်ဆိုင်ရမည် ဖြစ်သည်။ ၄င်းယုံကြည်ခြင်းသည် ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပေးထားခဲ့သောရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည် ခြင်းမျိုးဖြစ်သည်။ ဤယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အထဲ၌ သန့်ရှင်း သော ဝိညာဉ်တော်ကိန်းဝပ်ခြင်းဖြစ်သောကောင်းချီးမင်္ဂလာများရရှိကြမည် ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသည်သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာလိုအပ်သလား။ သူတို့သည် လိုအပ်လျက်ရှိသည်။ သို့သော် အချို့သောသူများသည် အဘယ်ကြောင့် ဤကဲ့သို့သော အသက်တာအားဖြင့်အသက်မရှင်နိုင်ကြသနည်း။ အ ကြောင်းမှာ သူတို့ကိုယ်ရေး ကိုယ်တာပြသနာများသည် ဘုရားသခင်၏အ လုပ်ရှေ့တွင်နေရာကျသောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင် နှင့်အတူလျှောက်လှမ်းမှုမရှိခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာထိန်းသိမ်းရန် ဘုရားသခင် ၏နှုတ်ကပတ်တော်များကို သင်ယူကာ ယုံကြည်ရမည် ဖြစ်သည်။ ပထမ နေဖြင့် ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့သောအသက်တာအားဖြင့်အသက်ရှင် သင့်သည်ကို၄င်း၊ အဘယ်ကဲ့သို့သော ယုံကြည်ခြင်းရှိသင့်ကြသည်ကို၄င်း သမ္မာ ကျမ်းစာထဲ၌ဖော်ပြထားသည်အတိုင်းကြည့်ကြပါစို့။
 


အချို့သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝသောဘ ဝဖြင့် အသက်မရှင်နိုင်ခြင်းအကြောင်းသည် အဘယ်အရာကြောင့် ဖြစ်သနည်း


ပထမအနေဖြင့်၊ သူတို့သည် မိမိကိုယ်ကိုမစွန့်ပယ်နိုင်ခြင်းကြောင့်ဖြစ် သည်ဟု ကျွန်ုပ်တို့ပြောနိုင်ကြသည်။ မိမိကိုယ်ကိုစွန့်ပယ်နိုင်သောသူများ သည် ဘုရားသခင်နှင့်အတူအသက်ရှင်နိုင်ကြသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသောအသက်တာ သည် လူတစ်ဦး၏ကြိုးပမ်းခြင်းအားဖြင့်မရရှိနိုင်သဖြင့် လူတိုင်းသည် မိမိ ကိုယ်ကိုစွန့်ပယ်နိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း၌ ယုံ ကြည်ခြင်းရှိရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိ သောသူများတောင်ဘုရားသခင်၏နိုင်ငံတော်အတွက် ဝန်တာစိတ်မရှိလျှင် သူတို့သည် မိမိကိုယ်ကိုစွန့်ပယ်ရန်အလွန်ခဲယဉ်းပါသည်။ သန့်ရှင်း သော ဝိညာဉ်တော်ဖြင့်ပြည့်ဝသောအသက်တာပိုင်ဆိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုအစေခံရမည် ဖြစ်သည်။ သို့ပြု မှသာလျှင် လူတစ်ဦးသည် မိမိကိုယ်ကိုစွန့်ပယ်နိုင်မည်ဖြစ်ပြီး၊ ဖြောင့်မတ် သောအစေခံအဖြစ်အသက်ရှင်သန်နိုင်ကြမည် ဖြစ်သည်။
မဿဲ ၁၆း၂၄-၂၆တွင် “ထို့နောက် ယေရှုက တပည့်တော်တို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။ အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။ လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း”ဟု ဖော် ပြထားပါသည်။ 
ဒုတိယမွေးဖွားခြင်းခံခဲ့ပြီးသောသူများသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာမပိုင်ဆိုင်နိုင်ခြင်းအကြောင်းမှာ သူတို့သည် သူတို့ ၏ဇာတိပက တိ တပ်တပ်မက်မှုများအငြင်းပယ်နိုင်သောကြောင့်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးသောသူများတောင် သူတို့ ၏ဇာတိပကတိတပ်မက်ခြင်းများ စွန့်ပယ်နိုင်သောအခါ သန့်ရှင်းသောဝိ ညာဉ်တော်နောက်သို့ လိုက်နိုင်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ နောက်တော်သို့လိုက်နိုင်ရန်အတွက် စွန့်ပယ်ရမည့်ဇာတိပကတိအသက် တာများစွာရှိသည်။ သခင်ယေရှုက "ကိုယ့်ကိုကိုယ်ငြင်းပယ်ရမည်၊ ကိုယ့် လက်ဝါးကားတိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်"ဟုမိန့်တော်မူခဲ့သည်။
ဇာတိပကတိစိတ်သဘောသည် သေခြင်းသက်သက် ဖြစ်သည်။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ဖြစ်ပြီး ငြိမ်သက်ခြင်းဖြစ်သည်။ ဝိညာဉ်ပကတိအား ဖြင့်အသက်ရှင်လိုသောသူများသည် ဇာတိပကတိအ သက်တာကိုစွန့် ပယ်ရမည်ဖြစ်သည်။ ဤပူဇော်ခြင်းကို ပြုဝံ့သောသူများ သာလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာထိန်း သိမ်းနိုင်မည်ဖြစ်သည်။ ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့် ဝခြင်းဖြစ်သောသမ္မာတရားဖြစ်သည်။
မိတ်တွေသည် ဘုရားသခင်နောက်လိုက်မည်လော။ လောက နောက်လိုက်မည်လော။ မိတ်ဆွေ၏ရွေးချယ်ချက်အတိုင်း သန့်ရှင်းသောဝိ ညာဉ်တော်နှင့် ပြည့်ဝသောအသက်တာ(သို့)တပ်မက်ခြင်းနှင့် ပြည့်ဝသော အသက်တာပိုင်ဆိုင်မည် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ကျွန်ုပ် တို့ အပြစ်များအားလုံးမှ ကယ်တင်ခဲ့ပြီး၊သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းဆုကျေးဇူးကို ကျွန်ုပ်တို့ အားပေးအပ်ခဲ့သည်။ တနည်းအားဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာသည် ဘုရားသခင် ၏ကြိုတင်ခွဲခန့်ထားခြင်းမဟုတ်၊ ကံကောင်း ခြင်းလက်ဆောင်လည်းမ ဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်သော ကျွန်ုပ်တို့အားလုံး၏ ဆန္ဒများပေါ်တွင် မူတည်သည်။
 


မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်ရန်ဆန္ဒရရှိရမည်


မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ ဖြင့်အသက်ရှင်လိုပါက ဘုရားသခင်က အသက်ရှင်စေမည်ဖြစ်သည်။ သူက မိတ်ဆွေကိုကူညီပြီး ကောင်းချီးပေးပါလိမ့်မည်။ သို့သော်မိတ်ဆွေသည် ဆန္ဒမရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်းအသက်တာဘယ် တော့မှပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
မိတ်ဆွေသည် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်သတင်းကောင်းယုံ ကြည်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်ပါသည်။ မိတ်ဆွေ ၏ဆန္ဒဖြင့် ရရှိမည်မဟုတ်ပေ။ သို့သော် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့်အသက်ရှင်ရန်နှင့် ထိန်းသိမ်း ထားခြင်းသည် မိတ်ဆွေ၏ဆန္ဒပေါ်တွင် လုံးဝဥဿုံမှီခိုထားပါသည်။
ထိုကြောင့် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာပိုင်ဆိုင်လိုပါက မိတ်ဆွေသည် မိမိဆန္ဒကိုစစ်ဆေးကာ ဘုရား သခင်၏အကူအညီကိုတောင်းခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာအမှန်တကယ်ပိုင်ဆိုင်လို ပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကောင်းချီးပေးကာ ကျွန်ုပ်တို့ဆန္ဒများ ကို ပြည့်စုံစေမည် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ပန်းတိုင်ရောက်ရှိနိုင်ရန် အတွက် ကျွန်ုပ်တို့သည် ဇာတိအသွေးအသားတပ် မက်ခြင်းကိုငြင်းပယ်ရ မည်ဖြစ်သည်။
ဒုတိယအနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာ ပိုင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့သည် မိမိကားတိုင်ကိုထမ်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အလွန်ခက်ခဲသောအခြေအနေ၌ပင်လျှင် ဘုရားသခင်၏အ လို၏တော်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်ဖြစ်သည်။ ဤသို့အ သက်ရှင်ခြင်းသည် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောဖြောင့်မတ် သောအသက်တာအားဖြင့်အသက်ရှင်ခြင်း ဖြစ်သည်။
တတိယအနေဖြင့်၊ သခင်ယေရှုက “ထို့နောက် ယေရှုက တပည့်တော်တို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။ အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။ လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း”ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုနောက်သို့လိုက်ခြင်းသည် ကျွန်ုပ်တို့အ သက်တာအတွက် လေးစားဖွယ်ကောင်း သောအရာတစ်ခုဖြစ် သည်ကို ဖော်ပြလိုခြင်းဖြစ်သည်။ တကယ်တန်းကျတော့ ကျွန်ုပ်တို့သည် သခင်ယေ ရှုနောက်သို့လိုက်လျှင် ကျွန်ုပ်တို့၏ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် အောင်မြင် ခြင်းရရှိလာမည်။ သို့သော် ကျွန်ုပ်တို့သည် သခင်ယေရှုနောက်သို့ မလိုက်ဘဲ ကိုယ့်နည်းကိုယ့်ဟန်အားဖြင့်သာ အသက်ရှင်လျှင် ကျွန်ုပ်တို့ ၏ဝိညာဉ်နှင့်ခန္ဓာကိုယ်သည် ပျက်စီးသွားလိမ့်မည်။
ကျွန်ုပ်တို့သည်အဘယ်ကြောင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သော အသက်တာအားဖြင့်အသက်မရှင်နိုင်ကြသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အတွေးအခေါ်များဖြစ်သော ဇာတိပကတိတပ် မက်မှုများမငြင်းပယ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေ ရှုနောက်လိုက်သောအခါ ဝိညာဉ်တော်က ကျွန်ုပ်တို့အတွင်းနှလုံးသားတွင် ခွန်အားဖြည့်လာပြီး သူသည် ကျွန်ုပ်တို့ အားအားမာန်အပြည့်ဖြင့် လမ်းပြ ဦးဆောင်ပါလိမ့်မည်။
ဧဖက်သြဝါဒစာ ၅း၁၁-၁၃ “အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။ အ ကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။ သို့သော် အလင်းအားဖြင့် အပြစ်ဖော်ပြခြင်းခံရသောအရာအားလုံးသည် ထင်ရှားလာ၏။ 14အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏”ဟု ဆိုထားသည်။ ခရစ်ယာန်များသည် မှောင်မိုက်အမှု အရာလုပ် ဆောင်ချက်များနှင့်မိဿ ဟာယဖွဲ့ခြင်းမရှိအပ်ပေ။ သို့သော် ကျွန်ုပ်တို့ သည် မှောင်မိုက်လုပ်ဆောင် ချက်များ၌ပါဝင်လှုပ်ရှားသောအခါ ဘုရားသခင်က ထိုအမှုအရာများကို ထင်ရှားစေမည်ဟုမိန့်တော်မူသည်။ ကျွန်ုပ်တို့သည် မှောင်မိုက်၌ လုပ် ဆောင်သောအရာများအတွက်ပြစ်တင်ခြင်းခံရမည်။ အကြောင်းမှာ ထိုလုပ် ဆောင်ချက်များသည် လျှို့ဝှက်သောနေရာ တွင်ပြုခဲ့သောအရာများဖြစ် သည်ဟု ဆိုသော်လည်း ၄င်းတို့မှာ အလွန်ရှက် စရာကောင်းသောလုပ် ဆောင်ချက်များဖြစ်ကြသည်။
ဤရှက်စရာကောင်းသောအမှုအရာများအကြောင်းအားလုံးကို မည် သူက ထင်ရှားပြောဆိုရန်တတ်နိုင်သနည်း။ အခြားသောသူများ၊ မိတ်ဆွေ ၏ညီအစ်ကို မောင်နှမများနှင့်ဘုရားသခင်၏အစေခံကျွန်များက မထင်ရှား စေနိုင်လျှင် မိတ်ဆွေသည်မိမိကိုယ်ကိုထင်ရှားစေရမည်ဖြစ်သည်။ ထင်ရှား သောအရာရှိသမျှသည် အလင်းအားဖြင့်ထင်ရှားသည်ဟု ဖော်ပြထားပါ သည်။ ထိုကြောင့် ကျွန်ုပ်တို့ပြုလုပ် သောဆိုးသောအရာများသည် မမှန် ကန်ကြောင်း ကျွန်ုပ်တို့ဝန်ခံရမည်။ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြ ခြင်းအားဖြင့် အမှောင်တွင် မကောင်းသောလုပ်ဆောင်ချက်များကို ကျွန်ုပ် တို့သည် မိမိကိုယ်ကို (သို့) ကျွန်ုပ်တို့ခေါင်း ဆောင် အားဖြင့်ထင်ထင်ရှား စေရမည် ဖြစ်သည်။ 
ဤလောကတွင်ထင်ရှားသောအရာရှိသမျှတို့သည် သူတို့ကိုငြင်းပယ် သည့် အတိုင်းအဆုံးသတ်လေ့ရှိသည်။ သို့သော်ဘုရားသခင်၏နိုင်ငံတော် တွင် ထင်ရှားသောအရာရှိသမျှတို့သည် အလင်းအားဖြင့်ထင်ရှားသည်။ အ ကြောင်းမှာ ထင်ရှားသောအရာရှိသမျှသည် အလင်းဖြစ်သောကြောင့် ဖြစ် သည်။ ကျွန်ုပ်တို့သည် ပြည့်စုံသောသူများမဖြစ်ကြသောကြောင့် ကျွန်ုပ်တို့ သည် ဤလောကတွင် အပြစ်များစွာရှိကြကြောင်း ဝန်ခံရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်အလင်းတရားကို ကျွန်ုပ်တို့အပေါ်သွန်းလောင်းသောအခါ ကျွန်ုပ်တို့သည် အပြစ်အချို့တို့ကို သိရှိနိုင်ပြီး၊ အပြစ်ရှိကြောင်းဝန်ခံနိုင်ကြမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ် တို့သည် ဘုရားသခင်အပေါ်ကျေးဇူးတင်၍မဆုံးခြင်း ဖြစ်သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးနှင့်မကောင်းသောအ ရာများအားလုံးအဝေးသို့ယူဆောင်သွားခဲ့ပြီးဖြစ်ပါသည်။ သူသည် ယောဒန် မြစ်၌ဗတ္တိဇံခံယူ သောအခါ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံး ပြည့်စုံ စေခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်အ လင်းအားဖြင့်ထင်ရှားစေ နိုင်ကြပါသည်။ လူသားများကျူးလွန်ခဲ့သောသန်း ပေါင်းကုဋေရှိသောအပြစ်များကို ယောဟန်သည်ယေရှုကိုဗတ္တိဇံပေးသည့် အချိန်တွင် ယေရှုအပေါ်မှာလွှဲပြောင်းပြီးခဲ့ပြီ ဖြစ်သည်။ သခင်ယေရှုသည် လောကအပြစ်များကို ယူဆောင်သွားခဲ့သော ဘုရားသခင်၏သိုးသူငယ် တော်ဖြစ်သည်။ သူသည် ထိုသူတို့အတွက်တရားစီရင် ခြင်းခံရန် ကားတိုင် ပေါ်တွင်အသေခံခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့သည်။ "အမှုပြီးပြီ" (ယောဟန် ၁၉း၃၀) ဟုသခင်ယေရှုပြောခဲ့သောအခါ လူသားများအားလုံး၏အပြစ်ကို သူက ခွင့်လွတ်ခဲ့ပြီးဖြစ်သည်။ လူသားအားလုံးကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့ သည် သခင်ယေရှုခရစ်တော်ပြုခဲ့သောအမှုကိုယုံကြည်ခြင်းအားဖြင့် သန့် ရှင်းခြင်း သို့ရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့ အပြစ်များသည် ခွင့်လွတ်ခြင်း ရရှိခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည်တဖန်အလင်း သို့လာနိုင်ပြီး၊ ဘုရားသခင်နောက် တော်သို့ဖြောင့်မတ်စွာလိုက်နိုင်ကြခြင်းဖြစ်သည်။
 

ဘုရားသခင်သည် ကျွန်ုပ်တို့အချိန်ကိုရွေးနှုတ်ရန်ပြောခဲ့သည်

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာဖြင့် အသက်ရှင်လိုကြလျှင် အချိန်ကိုရွေးနှုတ်ရမည်ဟု ရှင်ပေါလု ပြော ခဲ့သည်။ ဧဖက် ၅း၁၆-၁၇ တွင် "ယခုနေ့ရက်ကာလတို့သည်ဆိုးယုတ်သော ကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။ ထိုကြောင့်သတမရှိသောသူမ ဖြစ်၊ ဘုရားသခင်၏အလိုတော် ရှိရာကိုပိုင်းခြား၍ သိသောသူဖြစ်ကြလော့" ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်လိုပါက အချိန်ကိုရွေးနှုတ်ရမည် ဖြစ်သည်။ ပညာမဲ့သောသူကဲ့သို့အသက် မရှင်သင့်ပေ။ ဘုရားသခင်၏အ လိုတော်နှင့် ထိုအလိုတော်အတိုင်းလုပ်ဆောင်ခြင်းကိုလည်း မည်သည့်အ ရာဖြစ်သည်ကို ကျွန်ုပ်တို့နားလည်ရပေမည်။ ကျွန်ုပ်တို့ဇာတိပကတိအပေါ် သစ္စာရှိသောအသက်တာနှင့် ဘုရားသခင်အပေါ် ဆက်ကပ်သောအသက် တာသည် အဘယ်အရာကပို၍အရေးကြီးသည်ကို ကျွန်ုပ် တို့ဆုံးဖြတ်ရမည် ဖြစ်သည်။
ကျွန်ုပ်တို့သည်ဒုတိယမွေးခြင်းခံသောအခါ ကျွန်ုပ်တို့ထဲ၌သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိခဲ့လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့သင်ဖြစ်ပြီး၊ သူ သည်လည်း ကျွန်ုပ်တို့၏ရှင်ဘုရင်ဖြစ်သည်ကို ဆိုလိုသည်။ သူတပါးတည်း သာလျှင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်ပြီး၊ သူ့ကို ကျွန်ုပ်တို့၏ရှင်ဘုရင်အ ဖြစ် ကျွန်ုပ်တို့ဝန်ခံရမည် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏တပါးတည်း သောသခင်ဖြစ်သည်။ သူသည် ကျွန်ုပ်ကိုဖန်ဆင်းသော၊ ကျွန်ုပ်အပြစ်များ အားလုံးကို ခွင့်လွတ်သော၊ ကျွန်ုပ်ကို ကောင်းချီးပေးသောသခင် ဖြစ်သည်။ သူသည်ကျွန်ုပ်အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာများနှင့် ကျိန် ခြင်းအမင်္ဂလာများကိုအစိုးရသောရှင်ဘုရင် ဖြစ်သည်။ ဘုရားသခင်သည် သခင်ဖြစ်ကြောင်းနှင့်ဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့ ဝန်ခံရမည်ဖြစ်သည်။ သို့မှသာကျွန်ုပ်တို့ဘဝတလျှောက်တွင် ကျွန်ုပ်တို့သည် သူ့ကိုနာခံခြင်းရှိကြ မည်ဖြစ်သည်။
ဖိလိပ္ပိ ၂း၅-၁၁ ထဲတွင်ဖော်ပြထားသောအကြောင်းအရာများကို ကျွန်ုပ်တို့ ကြည့်ကြပါစို့။ “ခရစ်တော်ယေရှု၌ရှိသော ထိုစိတ်သဘောမျိုးကို သင်တို့၌လည်းရှိစေကြလော့။ ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ မိမိအသရေကိုစွန့်၍ အစေအပါး၏အသွင်သဏ္ဌာန်ကိုဆောင်ကာ လူတို့နှင့်တူညီသောသဏ္ဌာန်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ကိုယ်တော်သည် လူကဲ့သို့သောပုံပန်းသဏ္ဌာန်၌ ပေါ်ထွန်းတော်မူ၍ မိမိကိုယ်ကိုနှိမ့်ချကာ လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်တော်မူ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးအပ်တော်မူ၏။ ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍ နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။”
ရှင်ပေါလုက "ထိုစိတ်သဘောကိုသင်တို့၌လည်းရှိကြစေလော့" ဟု ပြောခဲ့သည်။ ဤနှလုံးသားသည် သခင်ယေရှုခရစ်တော်၏နှလုံးသားဖြစ် သည်ဟု ရှင်ပေါလုကမိန့်တော်မူခဲ့သည်။ ရှင်ပေါလုဖော်ပြလိုသောအရာ "ဤစိတ်သဘောသည်" သခင်ယေရှု၏စိတ်သဘောဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ ခမည်းတော်ဘုရား၏အလိုတော်အတိုင်း သူ၏လူ များကို သူတို့အပြစ်များမှ ကယ်တင်ရန် ဤလောကသို့ကြွဆင်းလာခဲ့ သည်။ သခင်ယေရှုသည် ဤလောကသို့ကြွဆင်းလာခဲ့ပြီး၊ ယောဟန်ဗတ္တိဇံ ပေးခြင်းအားဖြင့် လောကအပြစ်အားလုံးကို သူယူဆောင်သွားခဲ့သည်။ သူသည် ကားတိုင်ပေါ်တွင် အသေခံခဲ့သောအခါ လောကအပြစ်များကို အမြစ်မကျန်ဖျက်စီးခဲ့သည်။ သူသည် သုံးရက်မြောက်သောနေ့တွင်ရှင်ပြန် ထမြောက်ခဲ့ပြီး ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်လာခဲ့သည်။
သခင်ယေရှုခရစ်တော်၊ ဖန်ဆင်းရှင်ဖြစ်ရခြင်းအကြောင်းမှာ သူသည် ကျွန်ုပ်တို့အားကယ်တင်ရန် ဤလောကသို့ကြွလာခြင်း ဖြစ်သည်။ သခင် ယေရှုက သူ၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သွန်းလောင်း သောအသွေးတော်အားဖြင့် ကျွန်ုပ်တို့အပေါ်သူ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေခဲ့သည်။ ဖန်ဆင်းသမျှသောသတ္တဝါအားလုံးက သူ့ရှေ့မှောက် တွင်ဒူးထောက်ရကြမည်။ သူသည်ဖန်ဆင်းရှင်ဖြစ်သော်လည်း ဖန်ဆင်း ထားသောသတ္တဝါကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချခြင်းအားဖြင့် အပြစ်ခွင့်လွတ်ခြင်း ကို ကျွန်ုပ်တို့အားပေးခဲ့သောသူ၏ချစ် ခြင်းမေတ္တာတော်ကို ဖန်ဆင်းသမျှ သောသတ္တဝါအားလုံးကို ချီးကျူးရမည်။ ထိုကြောင့် သူသည် စစ်မှန်သော ကယ်တင်ရှင်ဖြစ်ကြောင်း ဖန်ဆင်းထားသော သတ္တဝါအားလုံးကို ဝန်ခံသင့် ခြင်း ဖြစ်သည်။ သူသည် ဖန်ဆင်းထားသော သတ္တဝါအားလုံး၏သခင်သာ မဟုတ်ဘဲ ပြည့်စုံသောဖြောင့်မတ်ခြင်းသခင်လည်း ဖြစ်သည် သူကကျွန်ုပ် တို့အားဝန်ခံစေခဲ့သည်။
ဘုရားသခင်ကိုယုံကြည်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရ ရှိခဲ့သောကျွန်ုပ်တို့သည်"ဘုရားသခင်သည် ကျွန်ုပ်အတွက်စစ်မှန်သောသ ခင်ဖြစ်သည်"ဟု ယုံကြည်ကာ ကျွန်ုပ်တို့နှလုံးသားတွင် သခင်ယေရှုခရစ် တော်၏ချစ်ခြင်း မေတ္တာကို ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သခင် သည် မိမိကိုယ်ကိုမဟုတ်၊ ကျွန်ုပ်တို့ အပြစ်များအားလုံးမှကယ်တင်ခဲ့သော၊ ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သော သခင်ယေရှုခရစ်တော်ဖြစ်ကြောင်းကို ကျွန်ုပ် တို့ယုံကြည်ခြင်းရှိရမည် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကို သစ်သော ကောင်းချီးမင်္ဂလာနှင့်အတူအသက်ရှင်ရန်ပြုပြင်ပေးကာ ကျွန်ုပ်တို့အတွက် အရာခပ်သိမ်းပြုပြင်ပေးလျက် ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးသောသ ခင်ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြမည်။
ဒုတိယမွေးဖွါးခြင်းခံခဲ့ရပြီးနောက် သခင်မပြောင်းချင်သောလူများစွာ ရှိသေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့သော်လည်း မိမိ ကိုယ်တိုင် သခင်ဖြစ်သောလူများစွာရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာသည် ဘုရားသခင်နောက်တော်သို့ လိုက်လျှောက် သော အသက်တာဖြစ်သည်။ ဤကဲ့သို့သော်အသက်တာမျိုးကို တစ်နေ့ထဲ တွင် ရယူပိုင်ဆိုင်ခြင်းမရှိပေ။ သို့သော် ၄င်းကို သခင်ယေရှုသည် ကျွန်ုပ်တို့ ဘဝ၏သခင်ဖြစ်သည်ဟုယုံကြည်သောအချိန်နှင့် စကြာဝဠာတစ်ခုလုံးရှိ အရာ အားလုံးနှင့်ကျွန်ုပ်တို့ကို ဖန်ဆင်းသောအရှင်ဖြစ် သည်ဟုယုံကြည် သောအချိန်၌သာ ဖြစ်လာနိုင်ပါသည်။ ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော်တွင်ဝင်စားရန် ကျွန်ုပ်တို့အား ထာ ဝရအသက်ပေးခဲ့သော ကျွန်ုပ်တို့အရှင်သခင်နှင့်ဘုရားကို အစေခံနိုင်ရန် အတွက် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်နှလုံးသားထဲ၌ သမ္မာတရားထားရှိရန်လိုအပ် လျက်ရှိသည်။ မြောက်များစွာသောလူတို့သည် သူတို့ကိုယ်တိုင်သူတို့သခင် များကဲ့သို့ အသက်ရှင်ကြသည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်အသက်တာ အပေါ်အစိုးရခြင်းကိုကာကွယ်ထိန်းသိမ်းတတ်ကြသည်။ သို့သော် ယခုတွင် သခင်များပြောင်းလဲရန် အချိန်ဖြစ်ပါသည်။ ယခုတွင် ကျွန်ုပ်တို့သည် ဘု ရားသခင်ကိုသိကျွမ်းသောသူများ ဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သ ခင်သည် သခင်ယေရှုပင်ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့နှလုံးသားများ၌အပြစ်ရှိကြသည်။ ကျွန်ုပ်တို့ပြုလုပ်သောအမှားများအတွက်တရားစီရင်ခြင်းခံရကြမည် ဖြစ် သည်။ သို့သော် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကိုတွေ့ရှိခဲ့သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့အားအလွန်ချစ်သောကြောင့် သူသည် ဤလောက သို့ကြွဆင်းလာခဲ့ပြီး၊ ယောဟန်၏ဗတ္တိဇံကိုခံယူခြင်းနှင့် ကျွန်ုပ်တို့၏စစ်မှန် သောကယ်တင်ရှင်ဖြစ်လာရန် ကားတိုင်တော်ပေါ်တွင် အသေခံခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို သူယူဆောင်သွားခဲ့သည်။ ဘုရားသ ခင်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များအားလုံးမှ ကျွန်ုပ်တို့ လွတ်မြောက်ခြင်းရရှိခဲ့ကြသည်။ တနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် သန့် ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ကြသည်။
သမ္မာကျမ်းစာက “သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ် တော်နှင့်မဆိုင်” (ရောမ ၈း၉)။ သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်း ဖြစ်သောသူ၏ရွေးနှုတ်ကယ်တင်ခြင်းကို ကျွန်ုပ်တို့ရရှိခဲ့ကြသောအခါ ဘု ရားသခင်၏သားသမီးများဖြစ်လာကြခြင်းဖြစ်သည်။ သန့်ရှင်း သောဝိညာဉ် တော်သည် ကျွန်ုပ်တို့၏ဘုရားဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိ ညာဉ်တော်၏လမ်းပြမှုအောက်တွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ၌အ သက်ရှင်လျှောက်လှမ်းရမည် ဖြစ်သည်။ ထိုသို့အသက်ရှင်နိုင်ရန် ကျွန်ုပ်တို့ သည် မိမိကိုယ်ကိုသခင်အဖြစ်ထားရှိခြင်းကို စွန့်လွတ်ရမည် ဖြစ် သည်။ ကျွန်ုပ်တို့သည်သခင်ယေရှုကိုတွေ့ရှိခဲ့ပြီးသူအားဖြင့်ရွေးနှုတ်ကယ်တင်ခြင်း ရရှိကြသောအခါ သူတစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့၏သခင်အ ဖြစ်ထား ရမည် ဖြစ်သည်။
 

ကျွန်ုပ်တို့၏နှလုံးသားပလ္လင်ကိုသခင်ယေရှုထံ ဆက်ကပ်ရမည်

ကျွန်ုပ်တို့သည် မိမိအသက်တာကိုသခင်များအဖြစ်ထင်မှတ်လျှင်ဘု ရားသခင်၏နောက်တော်သို့လိုက်လျှောက်နိုင်ကြမည်မဟုတ်ပေ။ ကျွန်ုပ် တို့သည် မိမိကိုယ်ကိုသခင်များမဖြစ်မထားခဲ့လျှင် ဘုရားသခင်ကသူ့ကိုအ စေခံရန်ပြောသောအခါ "ဟုတ်ကဲ့" ဟု မဆိုင်းမတွဘဲ ကျွန်ုပ်တို့ပြောရမည် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် "ကျွန်ုပ်သည် ကိုယ်တော်အတွက်အဘယ် ကြောင့်အစေခံရမည်နည်း" ဟု ကျွန်ုပ်တို့ပြောနိုင်ပေမည်။ မိမိကိုယ်ကိုသ ခင်အဖြစ်ထားရှိသောသူသည် ဘုရားသခင်လုပ်ဆောင်စေလိုသောအရာ များပြုလုပ်ရန် ငြင်းပယ်လိမ့်မည်။ သူတို့က "ဘုရားသခင်သည် သူလိုချင် သောအရာများပြုလုပ်ရန် ကျွန်ုပ်ကိုမျက်နှာသာပေးရ မည်" ဟု တွေးတော နိုင်သည်။ ထိုသူတို့အတွက် ဘုရားသခင်၏ညွန်ကြားချက်များ သည်အ ဓိပ္ပါယ်မရှိ၊ပြင်းရိဖွယ်ကောင်းသောစကားလုံးများဖြစ်ကြကာ ဝန်ပိုးဝန် ထုတ်တစ်ခု ဖြစ်လာပါသည်။
သို့သော် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝနိုင်ရန်အတွက် ဘုရား သခင်၏အမိန့်တော်ကိုကျွန်ုပ်တို့နာခံခြင်းရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သားသတ်ရုံသို့ ဆွဲခေါ်ခြင်းခံရသောနွားမဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့ သည် ဘုရားသခင်၏နောက်တော်သို့ မိမိဆုံးဖြတ်ချက်ဖြင့်လိုက်လျှောက် သောသူများဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းလမ်းသို့ သွေးဆောင်လိုက်ပြ သော ဘုရားသခင်၊ ကျွန်ုပ်တို့ ကယ်တင်ရှင်၏နောက်တော်သို့ကျွန်ုပ်တို့ လိုက်လျှောက်ရကြမည် ဖြစ်သည်။ ကယ်တင်ခြင်းတရားနှင့် အတူကျွန်ုပ် တို့အားကောင်းချီးပေးခဲ့သောသခင်သည် ဘုရားပင်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်ကို ကျွန်ုပ်တို့သခင်အဖြစ်ထားရှိကာ သူ၏စည်းကမ်း ချက်များအတိုင်း လိုက်လျှောက်အသက်ရှင်ကြလျှင် ကျွန်ုပ်တို့သည် သန့် ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝနိုင်ကြမည် ဖြစ်သည်။ မိတ်ဆွေနှင့် မိတ် ဆွေ၏မိသားစုများကို သခင်ယေရှုအုပ်စိုးမှုအောက်တွင်အပ်နှံပြီး၊ သူ့ကိုအ ရာခပ်သိမ်းအပေါ်မှာထားရှိလျှင် မိတ်ဆွေ၏အသက်တာတွင် ကျေးဇူး တော်နှင့် ကောင်းချီးမင်္ဂလာများရယူပိုင်ဆိုင်ရမည်ဖြစ်သည်။
ပြင်းထန်သောမုန်တိုင်းကို အံတုဆန့်ကျင်လက်ရွက်လွင့်နေသောသူ တစ်ဦး၏ဘေးနားတွင် သခင်ယေရှုမတ်သတ်ရပ်ခြင်းပုံကားပန်းချီးကို မိတ် ဆွေမြင်တွေ့ခဲ့ဘူးပါလိမ့်မည်။ ကျွန်ုပ်တို့အသက်တာတွင် စိန်ခေါ်မှုများစွာ အောင်နိုင်ရန် စီမံခြင်းနှင့် ဘုရားသခင်၏အမှုတော်လုပ်ဆောင်ခြင်းဖြစ် ဟန်တူသော်လည်း ကျွန်ုပ်တို့ကိုဦးဆောင်ပြီး ကျွန်ုပ်တို့လက်များကို စွဲကိုင် သောသူသည် သခင်ယေရှုခရစ်တော်ပင် ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာ ကို ဦးစီးဦးဆောင်သောသူသည် တန်ခိုးကြီးသောဘု ရားသခင်ပင်ဖြစ် သည်။ သူက ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။ သူက ကျွန်ုပ်တို့အား စာတန် လက်မှကာကွယ်ပြီး၊ ဦးဆောင်ကာ ကျွန်ုပ်တို့အ သက်တာကိုအုပ်စိုးသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏အရှင်သခင်ဖြစ်ခဲ့သောကြောင့် ကျွန်ုပ် တို့ကို ကြီးကြပ်ကွပ်ကဲရန်နှင့် ကောင်းချီးပေးရန် သူတတ်စွမ်းနိုင်သည်။ သို့ သော် ကျွန်ုပ်တို့သည် သူ့ကို ကျွန်ုပ်တို့အရှင်သခင်အဖြစ်မခန့်ထားလျှင် သူ သည် မည်သည့်အရာကိုမျှပြုလုပ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်ပိုင်ဘုရားဖြစ်သည့်နည်းတူ သူ၏အလိုတော်ကိုနာခံရန် သူက ကျွန်ုပ်တို့အားအ တင်းအဓမ္မမခိုင်းခဲ့ပေ။ ဘုရားသခင်သည် တန်ခိုး ကြီးသောဘုရားဖြစ်သော်လည်း ကျွန်ုပ်တို့သည် သူ့ကို ကျွန်ုပ်တို့အရှင်သ ခင်အဖြစ်မထား၊ သူထံအကူအညီမ တောင်းလျှင် သူက ကျွန်ုပ်တို့အတွက် အဘယ်အရာတစုံတခုကိုမျှပြုလုပ် မည်မဟုတ်ပေ။
 

ဘုရားသခင်အပေါ်အမှုအရာအားလုံး ပုံအပ်ထားပါ

ဘုရားသခင်အပေါ်အမှုအရာအားလုံးပုံအပ်လျှင် သူသည် သူ၏လျှို့ ဝှက်ချက်ကို ကျွန်ုပ်တို့အပေါ်မှာပြည့်စုံစေမည်ဖြစ်သည်။ သူသည် ကျွန်ုပ် တို့၏အရှင်သခင်အဖြစ်အစေခံကာ ဝန်ခံလိုက်စမ်းပါ။ ကျွန်ုပ်တို့သည် ပြည့် စုံခြင်းမရှိသော သူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့အမှုခပ်သိမ်းကို သူ့အ ပေါ်သို့အပ်နှံကာ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်အငန်းအတာများအားလုံးသူ့ အပေါ်သို့တင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့မိသားစုဘာဝ၊ နေ့စဉ်အသက်တာ နှင့်အရားအားလုံးသူ့အပေါ်သို့ တင်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ဉာဏ်ပညာကိုရရှိပြီး၊ သူ၏အလိုတော်အတိုင်း အသက်ရှင်နိုင်ကြကာ ကျွန်ုပ်တို့ကြုံတွေ့နေရသောပြဿနာများကို ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့ အားဘုရားသခင်ပေးထားခဲ့သောတန်ခိုးတော်အားဖြင့် စီမံခန့်ခွဲနိုင်ကြမည် ဖြစ်သည်။
ကျွန်ုပ်တို့၏ ပြဿနာများသည် ကျွန်ုပ်တို့အရှင်သခင်၏ပြဿနာ ဖြစ်လာမည်။ ဖော်ပြလိုသောအရာသည် ကျွန်ုပ်တို့သည် တန်ခိုးကြီးသော ဘုရားသခင် ယေရှုနောက်တော်သို့လိုက်သောအခါ သူသည် ကျွန်ုပ်တို့အ တွက်လုပ်ဆောင်ရသောတာဝန်များကို ယူဆောင်သွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ အားဖြင့် အသက်ရှင်နိုင်ကြပြီး၊ သူအတွင်းတွင်ရှိသောငြိမ်သက်ခြင်းကို ရ ရှိခံစားကြမည် ဖြစ်သည်။ သစ္စာစောင့် ထိန်းသောခရစ်ယာန်များဖြစ်လာ ကြသည့်နည်းတူ၊ ကျွန်ုပ်တို့သည် ဘုရားသခင် ရှေ့မှောက်တွင်ဒူးထောက် ကြကာ သူ့ကို ကျွန်ုပ်တို့၏အရှင်သခင်အဖြစ်ဝန်ခံလျက် အစေခံနိုင်ကြမည် ဖြစ်ပါသည်။
ဖိလိပ္ပိ ၃း၃ ထဲတွင်ဖော်ပြထားသော သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့ရှိသင့်ရှိထိုက် သောယုံကြည်ခြင်းကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ “အကြောင်းမူကား ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်ဝတ်ပြု၍ ခရစ်တော်ယေရှု၌ဝါကြွားလျက် အသွေးအသား၌ကိုးစားခြင်းမရှိသောငါတို့သည် အရေဖျားလှီးထားသောသူအစစ်အမှန်ဖြစ်ကြ၏။”ဤကျမ်းပိုဒ်ထဲတွင် "အရေဖျားလှီးခြင်း" အဓိပ္ပါယ် မှာ ဘုရားသခင်ကိုဝိညာဉ်တော်အားဖြင့် ကိုးကွယ် သောသူများ၊ သခင်ယေ ရှုခရစ်တော်၌ဝမ်းမြောက်သောသူများ၊ ဇာတိအသွေးအသား၌နှစ်သိမ့်ခြင်း မရှိ သောသူများ ဖြစ်သည်။
အရေဖျားလှီးခြင်းခံသောသူကဲ့သို့ အသက်ရှင်ခြင်းအဓိပ္ပါယ်မှာ ကျွန်ုပ် တို့နှလုံးသားများ၌ရှိသောအပြစ်များဖြတ်တောက်ခြင်းနှင့် ယောဟန်အား ဖြင့်ဗတ္တိဇံခံ ယူခဲ့သောသခင်ယေရှုအပေါ် ထိုအပြစ်များကိုလွှဲပြောင်းပေး ခြင်းဖြစ်သည်။ သန့် ရှင်းသောဝိညာဉ်တော်ဦးဆောင်လမ်းပြမှုခံယူသောသူ များသည် သန့်ရှင်းသော ဝိညာဉ်တော်အတွက်အသက်ရှင်ရန်အကြွေးတင် နေသည်။ သူတို့သည် ဘုရားသခင်ကိုအစေခံခဲ့ကြပြီး၊ သခင်ယေရှုခရစ် တော်၌ဝမ်းမြောက်ခြင်းရှိခဲ့ကြသည်။ သူတို့က "သခင်ယေရှုက ဤဘုန်း တော်ထင်ရှားစေသောအသက်တာဖြင့်အ သက်ရှင်ရန် ကျွန်ုပ်ကိုလမ်းပြ ခဲ့သည်။ သူက ကျွန်ုပ်အားဖြောင့်မတ်သောသူ အဖြစ်အသက်ရှင်စေပြီး၊ ကောင်းချီးပေးခဲ့သည်။ ကျွန်ုပ်သည် သူ့အားအစေခံနိုင်ရန် အလုံးစုံသော ကျေးဇူးတော်ကိုပေးခဲ့သည်"ဟု ပြောကြသည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့အ သက်ရှင်သင့်ပါသည်။ ဤသို့အသက်ရှင်ခြင်းသည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာဖြစ်သည်။ ရှင်ပေါလုက “ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့”(၁ ကော ၁၀း၃၁) ဟုပြောခဲ့သည်။
ဖိလိပ္ပိ ၃း၁၃-၁၄ ၌ “ညီအစ်ကိုတို့၊ ငါဖမ်းကိုင်ထားပြီဟု ငါကိုယ်တိုင်မမှတ်ယူ။ သို့သော် ငါပြုသောအရာတစ်ခုမှာ နောက်၌ရှိသောအရာများကိုမေ့ထား၍ ရှေ့၌ရှိသောအရာများသို့တက်လှမ်းကာ ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်ခေါ်ယူ၍ ပေးတော်မူမည့်ဆုကိုရရှိရန် ပန်းတိုင်သို့ကြိုးစား၍ပြေး၏”ဟု ရှင်ပေါလုဖော်ပြထားသည်။ အတိတ် ကာလရှိ နောက်ကျသောအရာ များမေ့လျော့ရန် နှင့်ရှေ့၌ရှိသောအရာများ ကိုသာရှေ့ရှုကြရန်ဘုရားသခင်က ကျွန်ုပ်တို့အားမိန့်တော်မူခဲ့သည်။ ကျွန်ုပ် တို့ ပန်းတုံးတိုင်သို့စိတ်အားထက်သန်စွာ ပြေးသင့်ပေသည်။ ကျွန်ုပ်တို့ပြု သောဖြောင့်မတ်ခြင်းတရား(သို့)မှားယွင်းသောအရာများအကြည့်ဘဲ ကျွန်ုပ် တို့ နောက်ကွယ်တွင်ရှိသောအရာများမေ့လျော့ရန်နှင့် ကျွန်ုပ်တို့ရှေ့၌ရှိ သောအရာများကို သာကမ်းလှမ်းကာ ကျွန်ုပ်တို့ပန်းတုံးတိုင် သို့ရောက် သည်အ ထိလိုက်ပြေးကြရမည်ဖြစ်သည်။ ဤပန်းတုံးတိုင်သည် သခင် ယေရှုခရစ် တော်ကိုယုံကြည်ခြင်းအားဖြင့် သူ၏ အလိုတော်အတိုင်းမယိမ်း မယိုင်ဘဲ အစေခံခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့သည် မပြည့်စုံသောသူများဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ် တို့သည် ဇာတိပကတိအသွေးသားရှုံးနှိမ့်မှုများခံစားသောအခါ လဲကျတတ် ပါသည်။ သို့သော် ဘုရားသခင်ကို စေ့စေ့မျှော်ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏အားနည်းချက်များနှင့် ဒုစရိုက်အပြစ်များဖယ်ရှားနိုင် သည်။ သခင်ယေရှုခရစ်တော်သည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူပြီး ကား တိုင်ပေါ်တွင်သေခံ သောအချိန်တွင် ကျွန်ုပ်တို့အပြစ်များအားလုံးကို သူ့အ ပေါ်သို့ လွှဲပြောင်းပြီးခဲ့သည်။ သူရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကယ်တင်ရှင်ဖြစ်လာခဲ့သောအခါ ကျွန်ုပ်တို့သည် အသစ်သောဘဝရရှိ ခဲ့သောကြောင့် သူ၌ကျွန်ုပ်တို့ယုံကြည်ခြင်း အတွက် အထူးတလှယ်ကျေး ဇူးတင်လျက်ရှိပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နောက် ကွယ် တွင်ရှိသောအရာများထားခဲ့ကာ ကျွန်ုပ်တို့ပန်းတုံးတိုင်သို့ ရောက်ရှိနိုင် ရန်အတွက် ရှေ့သို့ချီတက်ကြပါစို့။
 


သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝသောအသက်တာထိန်းသိမ်းခြင်း


ကျွန်ုပ်တို့သည်ရှေ့၌ရှိသောအရာများကိုကမ်းလှမ်းပြီး ပို၍မြင့်သော ပန်းတုံးတိုင်သို့ရောက်ရှိနိုင်ရန် အားစိုက်ရကြမည်ဖြစ်သည်။ အတိတ်ကာ လတွင် ရှိသောအရာများက မိတ်ဆွကိုဝန်လေးစေလျှင် ၄င်းတို့ကိုအမြန် ဆုံးမေ့လျော့နိုင်လိမ့်မည်ဟု မိတ်ဆွေကို ကျွန်တော်မြော်လင့်ပါသည်။ ကျွန်ုပ်တို့အားနည်း ချက်ကြောင့် အလုပ်နိုင်ခဲ့သောအရာများစွာ ရှိခဲ့သည်။ သို့သော် ကျွန်ုပ်တို့သည် အနာဂတ်တွင် အလွန်အရေးကြီးသောအရာများ ရှိသောကြောင့် ထိုအမှုအရာများနှင့် မပတ်သက်သင့်ပေ။ အနာဂတ် ကာလသည် ပို၍အရေးကြီးသောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် သခင်ယေရှုခရစ်တော်၏ဦးဆောင်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်၏ အုပ်စိုးမှု၌အပ်နှံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အနာဂတ်ကာလတွင် အဘယ်သို့ အသက်ရှင်ရမည်ကို၄င်း၊ သူ့ကိုဝမ်းမြောက်စေ သောအရာများ ပြုလုပ်နိုင်ရန်အတွက်၄င်း၊ သခင်ယေရှုကိုဆုံးဖြတ်စေရမည် ဖြစ်သည်။
 

တပည့်တော်များကဲ့သို့ ကျွန်ုပ်တို့သည်အသက်ရှင်သင့်သည်

အပြစ်ဖြေလွှတ်ခြင်း၌ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ မားမားမတ် မတ်ရပ်တည်မှသာ သန့်ရှင်းသောဝိညာဉ်တော်ပြည့်ဝသောအသက်တာ အားဖြင့် အသက်ရှင်နိုင်ကြမည်။ ထိုသို့အသက်ရှင်ခြင်းသည်အလွန်အရေး ကြီးသည်။ ၂တိ ၂း၁-၁၀ ကို ကိုကျွန်ုပ်တို့ကြည့်ကြပါစို့။ “သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။ များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။ ခရစ်တော်ယေရှု၏စစ်သားကောင်းတစ်ဦးအဖြစ် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။ စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။ မည်သူမဆို အားကစားပြိုင်ပွဲကိုယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနှင့်အညီ မယှဉ်ပြိုင်ပါက သရဖူကိုရမည်မဟုတ်။ ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။ ငါပြောဆိုသောအရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် အရာခပ်သိမ်းတို့၌ သင့်အား ဉာဏ်စွမ်းကိုပေးတော်မူလိမ့် မည်။ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းအရ ဒါဝိဒ်၏အမျိုး အနွယ်မှပေါ်ထွန်းလျက် သေသောသူတို့ထဲမှထမြောက်တော်မူသော ယေရှု ခရစ်တော်ကိုသတိရလော့။ ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။ ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။”
တိမောသေထံရှင်ပေါလုပြောခဲ့သည်အတိုင်း ကျွန်ုပ်တို့အားသန့်ရှင်း သောဝိညာဉ်တော်က “သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။ များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့”ဟု မိန့်တော်မူခဲ့သည်။
“ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။” ဤနေရာတွင် ကျေးဇူးတော်၌ခိုင်ခံခြင်းဆိုသည်မှာ ကျွန်ုပ်တို့သည် သူ့ကိုယုံ ကြည်ခြင်းနှင့်သူ့ကို ဆွဲကိုင်ခြင်းအားဖြင့် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းခွန်အားရှိခြင်းဖြစ်သည်။ သခင်ယေ ရှုခရစ်တော်သည် သူ၏ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ်တွင်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်လာခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးလက်ခံရန် သူသည် ဤလောကသို့ ကြွဆင်းလာ ခဲ့ခြင်း ဖြစ်သည်။ ဤအရာဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော် ၌ကြီး ထွားပြီး သူ့ကိုကျေးဇူးတင်ရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ် တို့ကိုကယ်တင်ခဲ့သောကြောင့် ဘုရားသခင်၏ဆုကျေးဇူးအဖြစ်သော ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကိုလက်ခံသင့်သည်။ ဤအရာ သည် အပြစ်လွတ်ခြင်းဖြစ်စေသောကယ်တင်ခြင်းပင် ဖြစ်သည်။ ၄င်းကို နေ့စဉ်မနက်တိုင်းဆုတောင်းခြင်းနှင့် အသင်းတော်သို့ငွေကြေးများ စွာပေး လှူခြင်းအားဖြင့် မရရှိနိုင်ပေ။ ဤအရာများအားလုံးသည် ကောင်း သော ကယ်တင်ခြင်း ရရှိခြင်းကို ပို၍ထိခိုက်တားဆီးနိုင်သည်။
အပြစ်လွတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ ကျွန်ုပ်တို့လုပ်ဆောင်ချက်များကြောင့်မဟုတ် ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားရန် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံယူခြင်း၊ ထိုနောက် ကျွန်ုပ်တို့ပြုမိသော အမှားများပပျောက်သွားစေရန် ကားတိုင်ပေါ်တွင်သူအ သေခံခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များ အားလုံးမှာကယ်တင်ရန် အတွက် သူသေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ သင်းအုပ်ဆရာများသည် သာမန်ယုံကြည်သူများ နည်းတူ၊ ဤသတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် အပြစ်လွတ်ခြင်းအခွင့် ရရှိကြသည်။ ဤကဲ့သို့ သခင်ယေရှုခရစ် တော်ကိုနှလုံးသားအကြွင်းမဲ့ယုံကြည်ခြင်းအားဖြင့် လူတိုင်းသည် အပြစ် လွတ်ခြင်းအခွင့်ရရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းနှင့် ဆိုင်သောကျေးဇူးတော်အားဖြင့် စိတ်ချယုံကြည်မှုပိုင်ဆိုင်နိုင်ကြပြီး၊ ကျွန်ုပ် တို့ယုံကြည် ခြင်းကို ခိုင်ခံ့စေနိုင်ပါသည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ ကို ပိုင်ဆိုင်လိုပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ကျွန်ုပ်တို့ယုံ ကြည်ခြင်းခိုင်ခံ့ခြင်းရှိရမည် ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာတွင် တိုင်း တာမှုမရှိခြင်းနှင့်အားနည်းချက်များဝေငှရန်အားနည်းချက်များစွာ ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကျေးဇူးတော်၌ခိုင်ခံ့ခြင်းရှိရန် လိုအပ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ရှုံးနှိမ့်ခြင်းကြုံတွေ့နေသည့် အခါတိုင်း "ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့်ဘုရားသခင်သည် ကျွန်ုပ်အားကယ်တင်ခဲ့တယ်။ ရေနှင့်ဝိညာဉ်တော် အားဖြင့် သခင်ယေရှုက ကျွန်ုပ်အပြစ်များအားလုံးကိုခွင့်လွတ်ခဲ့တယ်"ဟုပြောခြင်းအားဖြင့် ကျွန်ုပ် တို့ယုံကြည်ခြင်းကို ကျင့်သုံးသင့်ပေသည်။ ကျွန်ုပ်တို့သည် ဤသတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူများဖြစ်လာကြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခြင်းအားဖြင့် မိမိကိုယ်ကိုအား ဖြည့်သင့်ပေသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးမှလွတ်မြောက်ခဲ့ကြပြီး၊ ခိုင်ခံ့ ကြသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့သည်ကောင်းချီးခံ စားသောသူများဖြစ်ကြသည်။
ရှင်ပေါလုက “ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့” (၁ကော ၁၀း၃၁)။ ဤအ ရာသည် အလွန်အရေးကြီးသည်။ ဘုရားသခင်ထံတော်သို့ ကျွန်ုပ်တို့အ သက်တာများဆက် ကပ်ခြင်းကိုဆိုလိုသည်။ “သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ” ဟုဖော်ပြရာတွင် ကျွန်ုပ်တို့သည် ဘုရားသ ခင်၏အမှုတော်လုပ်ဆောင်နိုင် ရန်အတွက်စားသော်၄င်း၊ သောက်သော် ၄င်း၊ မည်သည့်အမှုကိုပြုသော်၄င်း ဘုရားသခင်အတွက်ဖြစ်စေရမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းဝေငှနိုင်ရန် ကျန်းမာရေးအတွက် ကောင်းသော အစားအစာများ စားသုံးသင့်သည်။
“စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်” (၂တိ ၂း၄)။ မိတ်ဆွေသည် သတင်းကောင်းဟောပြောနိုင်ရန်အ တွက်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့် အသက် ရှင်သင့်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောခြင်းအတွက် အ သက်ရှင်ကြလျှင် သစ္စာနှင့်ပြည့်စုံသော ဘဝဖြင့်အသက်ရှင်နိုင်ကြမည်။ ဤ ကဲ့သို့သစ္စာရှိရှိသောအသက်တာဖြင့် အသက်ရှင်သမျှသောသူတို့သည် သန့် ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝကြသည်။ ကျွန်ုပ်တို့အားလုံးသည် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာကို တောင့်တသင့် ပေ သည်။ မိတ်ဆွေ၏ကြိုးပမ်းအားထုတ်ခြင်း အားဖြင့်ရရှိသော အလှူငွေများ ပင် သတင်းကောင်းဟောပြောခြင်းအတွက် အသုံးပြုသင့်သည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ ထိန်းသိမ်းလိုပါက မိတ်ဆွေ၏အသက်တာသည် ဘုရားသခင်ထံဆက် ကပ်ပြီး၊ သူ၏အမှုတော်အတွက်အပ်နှံထားကာ မိတ်ဆွေ၏ငွေကြေးများကို သတင်းကောင်းအတွက် အသုံးပြုလျက် မိတ်ဆွေ၏ပျော်ရွှင်ခြင်းနှင့်ဝမ်း နည်းခြင်းများအားလုံးဘုရားသခင်နှင့် အတူမျှဝေခံစားသင့်သည်။ ကျွန်ုပ် တို့သည်ဤသို့ သောအသက်တာဖြင့်အသက်ရှင်လျှင် ကျွန်ုပ်တို့သည် သ တင်းကောင်းအတွက် သန်မာသောယုံကြည်ခြင်းဖြင့်အ သက်ရှင်ရကြမည် ဖြစ်သည်။
ယခုထိတိုင်အောင် မြောက်များစွာသောလူတို့သည် သူတို့အတွက် သာ အသက်ရှင်တတ်ကြသည်။ သူတို့သည် တားဆီးထားသောနံရံများ ဖယ်ရှားသင့်သည်။ သူတို့သည် သူတို့၏ဥစ္စဓာနများကို သူတို့၏သခင်အ ဖြစ်ထားရှိကြကာ ကိုယ့်အတွက်သာစုပုံတတ်ကြသည်။ သို့သော် ယခုချိန် သည် ဘုရားသခင်အတွက် ကျွန်ုပ်တို့အသက်ရှင်သင့်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့၏တစ်ပါးတည်းသော အရှင်သခင်အဖြစ်ထားသင့်ပေ သည်။ “စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်”ဟု ဘုရားသခင်က မိန့်တော်မူသည်။ ကောင်းသောစစ် သူရဲ တစ်ဦးအဖြစ်အသက်ရှင်ခြင်းဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများကို လိုက် လျှောက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် သစ္စာရှိ သောစစ်သူရဲများအဖြစ်အသက်ရှင်လျှင် ဘုရားသခင်က ကျွန်ုပ်တို့ပြဿနာ များဖြေရှင်းပေးကာ ကာကွယ်လျက် လမ်းပြပို့ဆောင်ပေးမည်ဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှိ ကြပါဟု ဘုရားသခင်က ကျွန်ုပ်တို့အားမိန့်တော်မူသည် (မဿဲ ၆း၃၃)။ 
ဘုရားသခင်၏နှုတ်ကပတ်တော်၌မှားယွင်းခြင်း တစုံတခုမျှမရှိပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နောက်တော်သို့လိုက်ကြလျှင် သူ၏နှုတ်က ပတ်တော်သမ္မာတရား၏မှန်ကန်မှုကို ခံစားပါလိမ့်မည်။ သို့သော် မိတ်ဆွေ ၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ရှေးဦးစွာရ ရှိရန် လိုအပ်သည်ကို သတိထားပါ။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းမရရှိသောသူများသည် ဘုရားသခင်ထံ သူတို့၏ပလ္လင်ကိုအပ်နှံခြင်း မရှိနိုင်ပေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသော သူများသည် သူတို့နှလုံးသားပလ္လင်အားဘုရား သခင်ထံတော်သို့ဆက်ကပ် နိုင်ကြသည်။ ထိုသို့အားဖြင့် သူသည် သူ၏နှလုံးသားထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ပြည့်စုံခြင်းကိုတွေ့ကြုံကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက် ခြင်း ကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။
မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သိရှိကာယုံ ကြည်မှ သာလျှင် မိတ်ဆွေအပေါ်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ကို အမှန်သက်ရောက်မည် ဖြစ်သည်။ မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်ဝသောအသက်နှင့် ကောင်းချီးမင်္ဂလာခံစားသောအသက် တာဖြင့် အသက်ရှင်လိုလျှင် ဘုရားသခင်ကို ရှင်ဘုရင်အဖြစ်အစေခံပြီး၊ သူ၏နိုင်ငံတော်တည်ဆောက်ခြင်းအတွက် အသက်ရှင်ရပေမည်။ ထိုသို့ပြု လျှင် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝပြီး၊ မိတ်ဆွေ၏ နှလုံးသားသည် ပြည့်စုံကြွယ်ဝခြင်းရရှိကာ ဘုရားသခင်၏နိုင်ငံတော်တွင် ကောင်းချီးမင်္ဂလာခံစားသောသားသမီးများဖြစ်လာသည့်နည်းတူ ကြွယ်ဝ သောအသက်တာထိန်းသိမ်းမည်ဖြစ်ပါသည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံသောအသက်တာဖြစ်စေသော ဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်မှကယ်တင်ခြင်းရရှိသောသူ များနှင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများ သတင်း ကောင်းကို ကျွန်တော်ဟောပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအကြောင်းကို ကျွန်တော်ဖော်ပြခဲ့ပြီး၊ ဤကဲ့သို့ သောအသက်တာမျိုးကို မည်ကဲ့သို့ ထိန်းသိမ်းနိုင်မည်ကိုလည်း ကျွန်တော် ရှင်းပြခဲ့သည်။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံ မိတ်ဆွေ၏နှလုံးသား ပလ္လင်အပ်နှံခြင်းနှင့်ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်ကိုစေခံကာ သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာထိန်းသိမ်းခြင်းများကိုလည်း ကျွန်တော်ဟောပြောခဲ့သည်။
နောက်တဖန် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးသော လူအချို့တို့အတွက် ဒုတိယမွေးဖွါးခြင်းသည် အဆုံးမဟုတ်ပေ။ သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာဖြင့် ဆက်လက်အ သက်ရှင်လိုအပ်သည်။ ထိုသို့သောအသက်တာအားဖြင့် အသက်ရှင်မှသာ လျှင်ကျွန်ုပ်တို့ခန္ဓာစိတ်ဝိညာဉ်ကောင်းချီးခံစားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သေချာစွာသိရှိယုံကြည်ရပေမည်။
ဤကဲ့သို့သောအသက်တာသည် ချက်ချင်းဖြစ်ပေါ်လာသောအရာမ ဟုတ်ပေ။ ဘုရားသခင်ကို ကျွန်ုပ်တို့၏သခင်အဖြစ်ယုံကြည်သောအခါနှင့် သူ့ကာ ကျွန်ုပ်တို့၏နှလုံးသားထဲတွင် အဓိကကျသောနေရာတွင်ထားရှိ သောအခါ ထိုအရာများဖြစ်ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားကယ်တင်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအ သက်တာ၊ သတင်းကောင်းဟောပြောသောအသက်တာမျိုးကို ကျွန်ုပ်တို့ အားပေးခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာထိန်းသိမ်းနိုင်ရန်အတွက် ဘုရားသခင်က ကျွန်ုပ် တို့အားသူ၏လုပ်ငန်းများပေးအပ်ခဲ့ကာ သူ၏လုပ်ငန်းများလုပ်ဆောင်ရန် တာဝန်ခန့်အပ်ထားခဲ့သည်။
မိတ်ဆွေသည် ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်ပြီး သူတို့အ တွက် အသက်ရှင်သင့်သည်။ ဤသတင်းကောင်းကိုဟောပြောခြင်းအားဖြင့် ဘုရားသခင်ကို အစေခံလိုက်ပါ။ ထိုသို့ပြုလျှင် မိတ်ဆွေ၏နှလုံးသားသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝပြီး ပျော်ရွှင်ခြင်းနှင့် ကျေးဇူးတရား သည် မိတ်ဆွေမှစီးဆင်းလာမည် ဖြစ်သည်။ ဘုရားသခင်ပြန်လည်ကြွလာ သောအခါ မိတ်ဆွေသည် ကောင်းချီးများစွာခံစားပြီး၊ ဘုရားသခင်၏ရှေ့ မှောက်တွင် ဂုဏ်ယူဝံ့ကြွားစွာမတ်သပ်ရပ်ကာ သူ၏ဆုလက်ဆောင်များရ ရှိမည်ဖြစ်သည်။ မိတ်ဆွေနှင့်ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်ဝသောအသက်တာကို အလေးအမြတ်ထားသင့်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဤကဲ့သို့သောအသက်တာမျိုးဖြင့် အသက်ရှင်ရန် ကြိုးစားသင့်သည်။ ထိုသို့အသက်ရှင်ခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝသောအသက်တာကိုထိန်းသိမ်းခြင်းဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသောအသက်တာဖြင့်အသက် ရှင်ရန် မိတ်ဆွေ၏နှလုံးသားပလ္လင်ကိုဆက်ကပ်ခဲ့ပြီးပြီလား။ ဘုရားသခင် သည် မိတ်ဆွေ၏နှလုံးသားတွင် အဓိကကျသောသူ ဖြစ်စေမည်ဟု ကျွန် တော်မျှော်လင့်မိသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသောအ သက်တာဖြင့်အသက်ရှင်ရန် မိတ်ဆွေဆန္ဒရှိရမည်။ ထိုနောက် မိတ်ဆွေ သည် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာဖြင့်အသက် ရှင်ရန် ဘုရားသခင်ကောင်းချီးပေးပါလိမ့်မည်။