Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-12] သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာဖြင့် အသက်ရှင်ခြင်း (တိတုသြဝါဒစာ ၃း၁-၈)

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာဖြင့် အသက်ရှင်ခြင်း
(တိတုသြဝါဒစာ ၃း၁-၈)
“အုပ်ချုပ်သူများနှင့်အာဏာပိုင်များကို နာခံလျက် ထိုသူတို့၏စကားကိုနားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှုရှိသမျှတို့အတွက် အသင့်ရှိရန်လည်းကောင်း၊ မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။ သို့သော် ငါတို့ကယ်တင်ရှင်ဘုရားသခင်၏ကျေးဇူးပြုခြင်းနှင့်ချစ်ခင်ကြင်နာခြင်းတို့ ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့် ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။ ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။ ဤသည်ကား ငါတို့သည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် အမွေခံဖြစ်လာကြမည့်အကြောင်းတည်း။ ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။”
 

ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောဘဝဖြင့် မည်သို့ရှင်သန်နိုင်ကြမည်နည်း
ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကိုသိရှိပြီး ထိုအလိုတော်နှင့်အညီသတင်းကောင်း ကိုဟောပြောသင့်သည်

သခင်ယေရှုကို ယုံကြည်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရ ရှိသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောဘဝဖြင့် အ သက်ရှင်ရမည် ဖြစ်သည်။ ခရစ်ယာန်များအတွက် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာသည် ဘုရားသခင်တောင်းဆိုသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်အတိုင်း လိုက် လျှောက်ရမည်။ ထိုနောက် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသေအသက်တာဖြင့်မည်သို့ အသက်ရှင်နိုင်ကြမည်နည်း။ ဤအ ကြောင်းအရာနှင့်ပတ်သက်ပြီး၊ ရှင်ပေါလုမိန့် တော်မူသောအရာများကို ကျွန်ုပ်တို့အာရုံစိုက်ရမည်ဖြစ်သည်။
 


သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်ရန်အဘယ်အရာများလိုအပ်သနည်း


တိတု ၃း၁ တွင် ရှင်ပေါလုက “အုပ်ချုပ်သူများနှင့်အာဏာပိုင်များကို နာခံလျက် ထိုသူတို့၏စကားကိုနားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှုရှိသမျှတို့အတွက် အသင့်ရှိရန်လည်းကောင်း” ဟု မိန့်ဆိုထား သည်။ ပထမနေဖြင့်၊ အစိုးရအာဏာရှင်များ၏အုပ်စိုးခြင်းကို ဝန်ခံရန်၊ နားထောင်ခြင်းနှင့် ကောင်သောအမှုအရာများပြုလုပ်ရန်အသင့် ပြင်ဆင် ခြင်းရှိရန်အတွက် ရှင်ပေါလုက ကျွန်ုပ်တို့အားတိုက်တွန်းထားပါသည်။ ကျွန်ုပ်တို့သည်လောကဥပဒေများကိုနာခံခြင်းမရှိလျှင်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာ မပိုင်ဆိုင်နိုင်ကြောင်းကို ဆိုလိုသည်။ သို့သော် အစိုးရအာဏာရှင်များနှင့် လောကီဥပဒေများသည် သမ္မာတရား နှင့်ဆန့်ကျင်လျှင် ကျွန်ုပ်တို့သည် ၄င်းကိုကို မနာခံသင့်ပေ။ ဥပဒေများ သည် ကျွန်ုပ်တို့ယုံကြည်ခြင်းကို မတိုက်ခိုက်လျှင် ကျွန်ုပ်တို့သည် သ တင်းကောင်းကို ငြိမ်သက်စွာဟောပြောနိုင်ရန်အတွက် ၄င်းတို့ကို နာခံ ရမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူ များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် လောကနှင့်ဆိုင်သောဥပဒေကိုချိုး ဖောက်ခဲ့လျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာဖြင့် မည်သို့အသက်ရှင်နိုင်ကြမည်နည်း။ ထိုကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်နိုင်ရန် အ တွက်လောကီဥပဒေများကိုလိုက်နာရမည် ဖြစ်သည်။သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် လူမှုကျင့်ဝတ်များကို လိုက်နာရ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကီဥပဒေများကို စောင့်ထိန်းမှသာ လျှင် ဘုရားသခင်နှင့်အတူလျှောက်လှမ်းနိုင်ကြမည် ဖြစ်သည်။
ကျွန်ုပ်တို့ထဲမှ တစ်ဦးဦးသည် ဘုရားကျောင်းသို့သွားသောအခါ ပြစ်မှု တစ်ခုကျူးလွန်မိသည် ဆိုကြပါစို့။ ထိုသူသည် ရောင့်ရဲတင်းတိမ်စွာ ဘု ရားသခင်ကိုကိုး ကွယ်နိုင်မည်လား။ ထိုသူသည် ဥပဒေအပြင်ဘက်တွင် အသက်ရှင်လျှင် ဘုရားသခင်၏သွန်သင်ချက်အတိုင်း လောကတွင်အသက် ရှင်နိုင်မည်လား။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်နှင့်လျှောက်လှမ်းရာတွင် လူမှုကျင့်ဝတ်များကိုမချိုးဖောက်သင့်ပေ။ ဥပဒေချိုးဖောက်ခြင်းအားဖြင့် ကောင်းသောအရာတစ်စုံတစ်ခုမျှ မဖြစ်လာနိုင်ပေ။ ကျွန်ုပ်တို့သည် ဥပ ဒေကို နာခံခြင်းရှိမှသာလျှင် ငြိမ်သက်ခြင်းရရှိနိုင်ကြ မည်ဖြစ်သည်။ ကျွန်ုပ် တို့သည် သတင်းကောင်းဝေမျှသောအခါ မှန်ကန်သော အသက်တာမျိုး အားဖြင့်အသက်ရှင်ရန် ကြိုးပမ်းသင့်သည်။ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်ရန် ပတ်ဝန်းကျင်၏ဥပဒေများကို လိုက်နာခြင်းအားဖြင့် အသက်ရှင်ခြင်းသည် သန့်ရှင်းသောသူများအတွက် ဉာဏ်ပညာတစ်ခုဖြစ်သည်။
 


ကျွန်ုပ်တို့သည် မိမိနှလုံးသား၌ နှိမ့်ချခြင်းရှိရမည်


ရှင်ပေါလုက  “မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့”ဟု ပြောခဲ့ သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝနိုင်ရန်အတွက် ကျွန်ုပ်တို့ သည် ဆိုးသွမ်းသောစကားများမပြောရပေ။ ငြိမ်သက်ခြင်းဖြစ်စေသောအ ရာများပြုပြီး၊ နူးညံ့သိမ်မွေ့ခြင်းရှိကာ လူတိုင်း အပေါ်နှိမ့်ချခြင်းကိုထင်ရှား စေရမည် ဖြစ်သည်။
ဒုတိယမွေးဖွါးခြင်းခံသောသူများ၏နှလုံးသားတွင် နှိမ့်ချခြင်း၊ မိမိ ကိုယ်ကို ထိန်းချုပ်ခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းရှိသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့အထဲတွင် ကိန်းဝပ်တော်မူသောကြောင့် ဤသို့အ သက်ရှင်နိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အငြင်းပွါးတိုက်ခိုက်ခြင်းအားဖြင့် သတင်းကောင်းကို မပျက်ပြားစေသင့် ကြောင်း ကျွန်ုပ်တို့အား ရှင်ပေါလု ကမိန့်ဆိုထားပါသည်။ သို့သော် လူမှု ကျင့်ဝတ်များက သတင်းကောင်းဆန့်ကျင်နေလျှင် ကျွန်ုပ်တို့တိုက်ခိုက်ရ ကြမည်ဖြစ်သည်။ လူမှုကျင့်ဝတ်ကသတင်းကောင်း ကိုမတိုက်ခိုက်လျှင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းစွာအသက်ရှင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အ ခြားသူများအား "သူသည် ခြင်္သေ့တစ်ယောက်ကဲ့သို့ရိုင်းစိုင်း သောသူဖြစ် သော်လည်း ခိုငယ်ကဲ့သို့ငြိမ်းချမ်းမှုရှိသည်။ သူယုံကြည်သောခရစ်ယာန် ဘာသာသည် သူ့ကို ယဉ်ကျေးစေပြီး၊ လူကြီးလူကောင်းတစ်ဦးဖြစ်စေ သည်" ဟု ပြောလောက်အောင် ကျွန်ုပ်တို့ကြိုးပမ်းရကြမည် ဖြစ်သည်။
ဇာတိအသွေးအသားတပ်မက်ခြင်း၌ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်းမရှိ ပေ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့် ဘုရားသခင် သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အပြစ်များမှကယ်တင်ခြင်းအားဖြင့် ကျွန်ုပ် တို့သည်အခြားသူများအပေါ် နူးညံ့သိမ်မွေ့ခြင်းရှိသည်။ ကျွန်ုပ်အပေါ်ထိတ် လန့်မှုပြုလုပ်သောသူတစုံတ ယောက်ကိုခွင့်လွတ်ခြင်းသည် စစ်မှန်သော "ခွင့်လွတ်ခြင်း" ဖြစ်ပြီး ထိုသူကို စိတ်နှလုံးသား ထဲမှနှိမ့်ချစွာဆက်ဆံခြင်း သည်လည်း စစ်မှန်သော "နှိမ့်ချခြင်း" ဖြစ်သည်။ ကျွန်တော်သည် လူတစ် ဦးကိုမုန်းလျက်နှင့် သူ့ကိုသနားသည်ဟု ဟန်ဆောင်ခြင်းသည် ကျွန်ုပ် အတွက် နှိမ့်ချခြင်းမဟုတ်ပေ။ နှိမ့်ချခြင်းနှင့်ခွင့်လွတ်ခြင်း တရားကို စိတ်နှ လုံးသားထဲတွင်အပြည့်အဝရှိခြင်းသည် ဒုတိမွေးခြင်းခံသောသူများ၏အ တွင်းနှလုံးသားဆိုင်ရာကိုယ်ကျင့်တရားဖြစ်သည်။
လူတွေကကျွန်ုပ်တို့အပေါ် အမှားများပြုသည့်အချိန်တွင် ကျွန်ုပ်တို့ သည် နူးညံ့သိမ်မွေ့ခြင်းရှိရမည်ဖြစ်သည်။ သူတို့သည် သတင်းကောင်း အတွက် အနှောင့်အယှက်မပြုမချင်း ကျွန်ုပ်တို့သည် ထိုသူများအပေါ်နူးညံ့ သိမ်မွေ့ခြင်းရှိရမည် ဖြစ်သည်။ သို့သော်သူတို့သည် သတင်းကောင်းကို တားဆီးနှောင့်ယှက်လျှင် နူးညံ့သိမ်မွေ့ခြင်းကို သမ္မာတရားဖြင့်အစားထိုးရ မည် ဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းကို ဘုရား သခင်၏သမ္မာတရား၌သာ တွေ့ရှိသည်။ ထိုကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင် သောသူများ၊ ပြောင်းပြန်လှန်သောသူများနှင့် သတ်ဖြတ်သောသူများ သည် နူးညံ့သိမ်မွေ့ခြင်းနှင့်မထိုက်တန်ပေ။
ဘုရားသခင်သည် သူ့ကိုဆန့်ကျင်သောသူများကိုခွင့်မလွှတ်ပေ။ သို့ သော်သူတို့သည်အဖိုးအခပေးအပ်စေသည်။ ဘုရားသခင်အဗြဟံအား "သင့် ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေမည်။ သင့်ကိုကျိန်ဆဲသော သူကို ငါကျိန်ဆဲမည်" (ကမ္ဘာ ၁၂း၃) ဟု မိန့်တော်မူခဲ့သည်။ သမ္မာတရားသ တင်းကောင်းကို ဆန့်ကျင်သောသူများအတွက် ကယ်တင်ခြင်းရရှိရန်နည်း လမ်းမရှိပေ။ သူတို့အသက်တာသာမက သူတို့၏တတိယမျိုးဆက်တိုင် အောင်ပျက်ဆီးဆုံးရှုံးရမည့် ဘေးဒဏ်ကြီးကို သူတို့က ရှောင်လွှဲနိုင်ကြမည် မဟုတ်ပေ။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် ခွင့်လွှတ်ခြင်းရှိကာနှိမ့်ချရကြမည် နည်း။ တိတု ၃း၃ တွင် “3အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊နာခံခြင်းမရှိသောသူ၊လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုး မျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်း ချင်းကိုလည်းမုန်းတီးလျက်နေကြ၏”ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းမရရှိမီ ဤသို့သောသူများနှင့်တူ ကြသည်။ ကျွန်ုပ်တို့ သည် တခါက သူတို့နှင့်တူခဲ့ကြသောကြောင့် သူတို့ကို သည်းခံကာ ခွင့် လွှတ်က မည် ဖြစ်သည်။ 
တိတု ၃း၄-၈ တွင် “သို့သော် ငါတို့ကယ်တင်ရှင်ဘုရားသခင်၏ကျေးဇူးပြုခြင်းနှင့်ချစ်ခင်ကြင်နာခြင်းတို့ ပေါ်ထွန်းတော်မူသောအခါ ကိုယ် တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။ ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်း လောင်းတော်မူ၏။ ဤသည်ကား ငါတို့သည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် အမွေခံဖြစ်လာကြမည့်အကြောင်းတည်း။ 8ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အ ကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏”ဟု ဖော်ပြထားပါသည်။
သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ကောင်းမှုကုသိုလ်ကြောင့်ဘုရားသခင် သည် ကျွန်ုပ်တို့အားအပြစ်များမှ ကယ်တင်တော်မူသည်မဟုတ်။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အားချစ်ခဲ့၍အလွန်သနားခဲ့သောကြောင့် ဒုတိမွေးဖွါး ခြင်းကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့အပေါ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ တ နည်းအားဖြင့်၊ သခင်ယေရှုသည် ဤလောကသို့ကြွဆင်းလာခဲ့ပြီး ဗတ္တိဇံခံ ယူကာ ကားတိုင်ပေါ်တွင်အသေခံလျက် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုကျွန်ုပ်တို့အပြစ်များမှကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှု သည်ရှင်ပြန်ထမြောက်ခဲ့ပြီး ယခုဘုရားသခင်၏ လက်ယာတော်ဘက်တွင် ထိုင်နေသည်။ သေသောသူများမှထမြောက်ခြင်းအား ဖြင့် လောကတွင်မ ပြည့်စုံသေးသောအရာများကို ပြည့်စုံစေခဲ့သည်။
ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင် က ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်နှင့်ကောင်းချီးပေးခဲ့သည်။ လောကအပြစ်များအားလုံးယူဆောင်သွားရန်အတွက် သခင်ယေရှုခရစ် တော်သည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူခဲ့ပြီး၊ ကျွန်ုပ်တို့၏အပြစ်များအား လုံးခွင့်လွှတ်ခြင်းရ ရှိရန်အတွက် သူသည် လက်ဝါးကပ်တိုင်ပေါ်တွင်အသေ ခံခဲ့သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရ ရှိခဲ့ကြပြီး၊ ဖြောင့်မတ်သောသူ များဖြစ်လာခဲ့ကြသည်။
သမ္မာကျမ်းစာတွင် "ထာဝရအသက်တာ၏မျှော်လင့်ခြင်းနှင့် အညီ ကျွန်ုပ်တို့သည် အမွေခံများဖြစ်လာခဲ့ကြသည်"ဟု ဖော်ပြထားပါသည်။ ဤ နှုတ်ကပတ်တော်၏အဓိပ္ပါယ်မှာ ဘုရားသခင်၏အမွေခံများဖြစ်ကြသော ကျွန်ုပ်တို့သည် ဘုရားသခင်၏ကြွယ်ဝချမ်းသာမှုနှင့် သူ၏ ဘုန်းတော်များ အားလုံးအမွေခံသောသူများ ဖြစ်ကြသည်။ ဤသို့သောကောင်းကြီးနှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ အားဖြင့်အသက်ရှင် ရမည်ဖြစ်သည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပြီး၊ အပြစ်များအားလုံးလွတ်ငြိမ်းချမ်းသာခွင့် ရရှိကာသတင်း ကောင်းသောအခြားသူများထံသို့ ဟောပြောရမည် ဖြစ်သည်။
ထိုကြောင့်ကျွန်ုပ်တို့အပြစ်များအားလုံးခွင့်လွှတ်ခြင်း ရရှိခဲ့ကြသည့် နည်းတူ၊ကျွန်ုပ်တို့သည်သူတပါးအကျိုးအတွက်လုပ်ဆောင်ရကြပြီး၊ လော ကဥပဒေများကိုလိုက်နာကာ ဘုရားသခင်ကိုရှာဖွေသောသူများအပေါ် သ တင်းကောင်းကိုဟောပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့အားအမှားပြုသော သူများကို ကျွန်ုပ်တို့ခွင့်လွှတ်ကာ ထိုသူတို့ကို ကောင်းမြတ်ခြင်းနှင့် နှိမ့်ချ ခြင်းအားဖြင့်ဆက်ဆံရမည် ဖြစ်သည်။ သို့ပြုမှသာ သူတို့သည် ကယ်တင် ခြင်းသတင်းကောင်းဟောပြောခြင်းကို ကြားဝင်စွတ်ဖက်နိုင်ကြမည် မ ဟုတ်ပေ။ "ထိုအကျင့်တို့သည် ကောင်းသည်သာမက လူတို့၏အကျိုးကို ပြုစုတတ်သောအကျင့်ဖြစ်ကြ၏။ "မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာကို တောင့်တလျှင် ကျွန်ုပ်တို့အား ပေါလု ပြောခဲ့သောအရာများကို သတိထားရမည်ဖြစ်သည်။ ဤအရာသည် ကောင်းသော သဘောမရှိသော်လည်း အလွန်အရေးပါသောစကားလုံးများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည်ဤလောကတွင်အသက်ရှင်ကြသောကြောင့် ကျွန်ုပ်တို့ သည် ဤလောက၏ စည်းမျဉ်းစည်းကမ်းများချိုးဖောက်ခြင်းအားဖြင့်အ ခြားသူများနှင့် တိုက်ခိုက်နေလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝနိုင်ကြမည်မဟုတ်ပေ။ ထိုကြောင့် ဥပဒေက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဆန့်ကျင်လျှင် ကျွန်ုပ်တို့သည် ဥပဒေကိုလိုက် နာရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤလောကဥပဒေများကို  လိုက် နာရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိလျှင်လည်း သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်လိုလျှင် ဥပဒေလိုက်နာခြင်းသည် ပို၍ကောင်းမွန်သောရွေး ချယ်မှုပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းသောအရာများပြုလိုလျှင် အိမ်နီးချင်းများနှင့် လော ကဥပဒေ များကိုလိုက်နာရမည်ဖြစ်သည်။
 


သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် မိတ်ဆွေအသက်ရှင်လိုပါသလား


ဧဖက် ၅း၈-၁၁ တွင် “အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။ အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။ သခင်ဘုရားနှစ်သက်တော်မူသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိကြလော့။ အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့” ဟုဖော်ပြထားပါသည်။ ဤကျမ်း ပိုဒ်က အလင်း၏သားသမီးများအဖြစ်အ သက်ရှင်ရန်နှင့်ဝိညာဉ်တော်အသီး များသီးရန် ကျွန်ုပ်တို့ အားတိုက်တွန်း ထားပါသည်။
ဧဖက် ၅း၁၂-၁၃တွင် “အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။ သို့သော် အလင်းအားဖြင့် အပြစ်ဖော်ပြခြင်းခံရသောအရာအားလုံးသည် ထင်ရှားလာ၏”ဟု ဖော်ပြထားပါသည်။ ထင်ရှားသောအရာရှိသမျှတို့သည် အလင်းအားဖြင့် ထင်ရှား ကြသည်ဟု ဤနေရာတွင် ရှင်ပေါ်လုက မိန့်တော်မူထားသည်။ ဖြောင့်မတ် သောလူတစ်ယောက်သည် ဖြောင့်မတ်စွာ အသက်မရှင်လျှင် ဘုရားသခင် (သို့) သူကိုယ်တိုင်က သူ၏ အပြစ်ကိုထင်ရှားစေမည်ဖြစ် သည်။ လူတစ်ဦးသည် မှောင်မိုက်အရာများကို လုပ်ဆောင်သည်ဟုသိရှိ သောအခါနှင့် အလင်းတရားက သူကိုအပြစ်ရှိသည်ဟု ဖော်ပြသောအခါ အဘယ်အရာဖြစ် ပျက်သနည်း။ သူသည် မိမိအမှားများကို ဝန်ခံခဲ့ပြီး နောက် သူသည် ဘုရား သခင်ကိုပြန်တွေ့သောအခါ သူ၏နှလုံးသားသည် ပေါ့ပါးသွားသည်။ “ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။ သို့သော် အလင်းအားဖြင့် အပြစ်ဖော်ပြခြင်းခံရသောအရာအားလုံးသည် ထင်ရှားလာ၏။” အလင်းအားဖြင့်အ ပြစ်ထင် ရှားစေခြင်းသည် ကောင်းသောအရာဖြစ်သည်။ ထိုသို့ထင်ရှား သောအခါ ကျွန်ုပ်တို့သည်မိမိအပြစ်များကို ဝန်ခံကာ ဘုရားသခင်ထံတော် သို့ပြန် လှည့်နိုင်ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာအားဖြင့်အသက်ရှင်လိုလျှင် ကျွန်ုပ်တို့၏နှလုံးသား၌ နူးညံ့သိမ်မွေ့ခြင်း ရှိကြမည် ဖြစ်သည်။ လူတစ်ဦးသည် သူ၏နှလုံးသားထဲတွင် အပြစ်မရှိ သော်လည်း သူသည် နူးညံ့သိမ်မွေ့ခြင်းမရှိသင့်ပေကို မဆိုလိုပေ။ ကျွန်ုပ် တို့သည် မိမိနှလုံးသား၌ ကောင်းမြတ်ခြင်းနှင့်နူးညံ့ခြင်းအားဖြင့်အသက်ရှင် ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဉာဏ်ပညာဖြင့် ဟောပြောပြီး၊ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို မကြားသေးသောသူ များအတွက်ဆု တောင်းရမည် ဖြစ်သည်။ သို့ပြုမှသာလျှင် သူတို့သည် သတင်းကောင်း ကိုနားလည်သိရှိပြီး သူတို့၏အပြစ်များလွတ်ငြိမ်းခြင်း ရရှိမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများကိုဒုက္ခမပေးသင့်ပေ။ ကျွန်ုပ်တို့သည် သတင်း ကောင်းအတွက်သာ စားသောက်ပြီးအိပ်ကြကာ အသက်ရှင်လျက် အခြား သောသူများအတွက်လည်း အစေခံရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက် တာ အားဖြင့်အသက်ရှင်လိုလျှင် အချိန်ကာလ၏အရေးပါမှုကို စဉ်းစားပြီး၊ ပညာရှိ သောသူကဲ့သို့ သတင်းကောင်းအတွက်အသက်ရှင်ရကြမည် ဖြစ် သည်။ ကျွန်ုပ်တို့သည် လောကကို ချစ်ကြလျှင် မှောင်မိုက်၏ဖိနှိပ်ချုပ်ခြယ် မှုအောက်တွင်ရှိနေကြပြီး၊ ဘုရားသခင်၏အမှုတော်လုပ်ဆောင်ခြင်းကို မ ထီမဲ့မြင်ပြုကြမည်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို စေ့စေ့ကြည့်ပြီး သူ၏အလိုတော်ကိုသာ လုပ်ဆောင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့အားဘုရားသခင်ပေးထားခဲ့သောကယ်တင်ခြင်းတရား တော်ကို ယုံကြည်စဉ်တွင် ကျွန်ုပ်တို့သည် အချိန်ကာလကိုလည်း အစဉ်ဂရုစိုက်ရ မည်ဖြစ်သည်။ လောကသည် အမှောင်ထုကြီးမဖြစ်မီ ဝိညာဉ် တော်ပညာ ပိုင်ဆိုင်သောသူများသည် သတင်းကောင်းကို ကမ္ဘာနေရာအနှံ့သို့ဟော ပြောရမည် ဖြစ်သည်။
 

ဘုရားသခင်၏အလိုတော်ကိုသိရှိခြင်း

ကျွန်ုပ်တို့သည် ဘုရားသခင်ဝမ်းမြောက်စေသောအရာများ သိရှိရန် ကြိုးစား ရမည် ဖြစ်သည်။ ဘုရားသခင်၏လူများနှင့်သူ၏နှုတ်ကပတ်တော် အားဖြင့် ဘုရားသခင်လုပ်ဆောင်စေလိုသောအရာများသင်ယူရမည် ဖြစ် သည်။ ဘုရားသခင်ကို ဝမ်းမြောက်ခြင်းဖြစ်စေသာအရာများ ကျွန်ုပ်တို့သိရှိ သင့်ပြီး၊ ကျွန်ုပ်တို့အတွက် သူ၏အလိုတော်များသိရှိသင့်ပေသည်။
အပြစ်များခွင့်လွှတ်ခြင်းရရှိသောသူများသည် ဒုတိယမွေးဖွါးခြင်းခံခဲ့ သောသူများ ဖြစ်ကြပြီး၊ ဒုတိယမွေးဖွါးခြင်းခံသောသူများသည်လည်း သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများ ဖြစ်ကြသည်။ သန့်ရှင်း သောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် ဘုရားသခင်၏စစ် မှန်သန့်ရှင်းသော လူများနှင့်သားသမီးများဖြစ်ကြသည်။ သူတို့သည် သန့် ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင် သင့်ပေသည်။ ဤအရာသည် သန့်ရှင်းသောသူများလုပ် ဆောင်ရမည့်တာ ဝန်ဝတ္တရားဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အစွမ်းအစများနှင့် ပင့်ကူအ ရည်အချင်းများအလကားမကုန်ဆုံးစေဘဲ သူတပါး၏အကျိုးအတွက်အ သက်ရှင်သင့်ပေသည်။အချိန်ကို အလကားကုန်ဆုံး စေခြင်းအားဖြင့် ဘုရား သခင်၏ အမှုတော်မြတ်ကို ကျွန်ုပ်တို့တားဆီးပိတ်ပင်ခြင်း မရှိသင့်ပေ။
ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်ခြင်းရရှိပြီး၊ ဘုရားသခင်၏မေတ္တာ တော်အားဖြင့် အသစ်ပြုပြင်သောသတ္တဝါဖြစ်ပါက ကျွန်ုပ်တို့သည် ဘုရား သခင်၏အမှုတော်ကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် လူကောင်း ဖြစ်လာရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာပါက ကျွန်ုပ်တို့သည် ကောင်း မြတ်သောသူများဖြစ်နိုင်ရန် အခွင့်အရေးရှိသည်။
ဘုရားသခင်သားသမီးများ၏ခန္ဓာကိုယ်သည် ပြည့်စုံခြင်းမရှိသော် လည်း ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်နိုင်ကြပြီး ကောင်းသောအရာများ ပြုလုပ်နိုင်ပါသည်။သို့သော် ဒုတိယမွေးဖွါးခြင်းခံသောသူများပင်လျှင် သူတို့ အသက်သာအသက်ရှင်လျှင် သူတို့သည် အခြားသောသူများအပေါ်အဆိုး များကိုလည်း ပြုနိုင်ပါသည်။ "လွန်ကျူး စေတတ်သောစပျစ်ရည်နှင့်ယစ် မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့" (ဧဖက် ၅း၁၈)။ ဤကျမ်းပိုဒ်၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ဇာတိအသွေး အသား တပ်မက်ခြင်းဖြင့် ယစ်မူးခြင်းမရှိရန် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ကောင်းမြတ်သောလုပ်ငန်းများကိုလုပ်ဆောင်ရ မည်ဖြစ်သည်။
ဧဖက် ၅း၁၉-၂၁တွင် ရှင်ပေါလုက “ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။ အရာခပ်သိမ်းတို့အတွက် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်၌ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြလော့” ဟု ငါတို့သခင် ယေရှုခရစ်၏နာမတော်ကို ထောက်၍ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာ လအစဉ်မပြတ်ဝန်ခံကြလော့။ ခရစ်တော်ကို ခန့်ညားအားဖြင့် အချင်းချင်း တစ်ယောက်အောက် တစ်ယောက်ကိုယ်ကို နှိမ့်ချလျက်နေကြလော့" ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝ သောအသက်တာအားဖြင့် အသက်ရှင်လိုပါက ကယ်တင်ခြင်း သတင်း ကောင်းနှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုပြီးခဲ့သောအရာများကို ယုံကြည်ပြီးဟောပြောရမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဆုတောင်းသောအခါခါတိုင်းတွင် ဘုရားသခင်က ကျွန်ုပ်တို့ကို ကောင်းချီးပေးခဲ့သည်။ ကျွန်ုပ်တို့သည် တစ်သံတည်းဖြင့် ဘုရားသခင်ကို ချီးမွမ်းနိုင်ရန်အတွက် ဤကောင်းကြီးမင်္ဂလာအားလုံးကို ဆာလံသီချင်း၊ ဓမ္မသီချင်းနှင့်ဝိညာဉ်တော်သီချင်းများတွင် ဘုရားသခင်က မှတ်တမ်းတင်ရေး မှတ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချီးကျူးပြီး ကျေးဇူးတင်ကာ နာမတော်ကို ချီးမွမ်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းမရှိသေးသောသူများနှင့် အခြားသူများအတွက် ဆုတောင်း သောအခါ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့် အသက်ရှင်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိအတွင်း နှလုံးသားမှ ဘုရား သခင်ကိုကျေးဇူးတင်ကာ ကျွန်ုပ်တို့အား ကယ်တင်ခဲ့သောသခင်ယေ ရှုခ ရစ်တော်ကို လေးစားကြည်ညိုကြရမည်ဖြစ်သည်။ ဤအတွေးများ ကျွန်ုပ် တို့နှလုံးသားတွင်ရှိခြင်းနှင့်အတူ၊ ကျွန်ုပ်တို့အမှားများဝန်ချတောင်း ပန်ခြင်း နှင့် ကျွန်ုပ်တို့အပြစ်များဆေးကြောပေးခြင်းအတွက် ဂုဏ်ပြုချီး မွမ်းခြင်း များပြုနိုင်ကြပြီး ဘုရားသခင်ကို နာခံခြင်းရှိနိုင်မည် ဖြစ်သည်။ ဤသို့အ သက်ရှင်ခြင်းသည် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာ အားဖြင့်အသက်ရှင်ခြင်း ဖြစ်သည်။
 

ကျွန်ုပ်တို့သည် ကျန်သေးသောဘဝတလျှောက်သတင်းကောင်း ဟောပြောခြင်း တာဝန်ကိုထမ်းဆောင်ရမည်

ကျွန်ုပ်တို့သည် ကောင်းမွန်သောလုပ်ငန်းများရေးစွဲပြီး သတင်း ကောင်း၏ တန်ခိုးကိုပို၍ကြီးမားစွာပေါ်ထွန်းနိုင်ရန်အတွက် ၄င်းတို့ကိုကျင့် သုံးရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသင်းတော်နှင့် ဆက်သွယ်သည့်နည်းတူ၊ကျွန်ုပ်တို့သည် အတူတကွဆုတောင်းပြီး လူတိုင်း ၏ဝိညာဉ်များကယ်တင်နိုင်ရန် ဘုရားသခင်ကို ခေါ်ကြမည်ဖြစ်သည်။ လောကတွင်လူများစွာတို့သည် ဘုရားသခင်ကို ရှာဖွေခဲ့ကြသော်လည်း သတင်းကောင်းကိုမသိခဲ့ကြသောကြောင့်ဒုတိယမွေးဖွါးခြင်းမခံ သေးသော လူများစွာရှိသည်။ ကျွန်ုပ်တို့သည် "ဘုရားသခင်၊ ထိုသူတို့ကိုလည်း ကယ် တင်တော်မူပါ" ဟု ပြောခြင်းအားဖြင့် ဤလူများအတွက် ဆုတောင်းရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက်သာ ရှာဖွေခြင်း အတ္တကိုမ မွေးထားဘဲ ပျောက်ဆုံးသောဝိညာဉ်များကယ်တင်ရန် သတင်းကောင်း အ တွက် ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများကိုပေးလှူရမည် ဖြစ်သည်။ အခြားသူ များ၏ဝိညာဉ်များနှင့် ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် အသက်ရှင်ခြင်းသည် ကောင်းမွန်သောလုပ် ငန်းလုပ်ဆောင်ခြင်းပင်ဖြစ် သည်။
ဤကဲ့သို့သောလုပ်ငန်းလုပ်ဆောင်ခြင်းသည် သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်သောဘဝပင်ဖြစ် သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်ခြင်းသည် အခြားသောဘာသာစကားပြောခြင်းနှင့် အံ့သြဖွယ်နိ မိတ်လက္ခဏာများပြု လုပ်ခြင်းထက် ဘုရားသခင်ကိုဝမ်းမြောက်ခြင်းဖြစ် စေသောအရာများသိရှိခြင်းသာ ဖြစ်သည်။ ၄င်း၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့ အပေါ် ဘုရားသခင်ပေးထားခဲ့သော ကယ်တင်ခြင်းကိုယုံကြည်ခြင်း၊ ဘုရား သခင်၏နာမတော်ကို တေးသီချင်းများအား ဖြင့်ချီးမွမ်းခြင်းနှင့်ဘုန်းတော် ထင်ရှားစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့နှလုံးသားဖြင့် ဘုရားသခင်ကိုချီးမွမ်း ထောမနာပြုခြင်း၊ ဖြောင့်မတ်သောသူအဖြစ်ကျွန်ုပ်တို့ ကိုယ်ခန္ဓာကို ဘုရား သခင်စေတော်ခံရန် အသုံးပြုခြင်းတို့သည် ဘုရားသခင်၏အ လိုတော် ဖြစ်သည်။ ဘုရားသခင်၏အမိန့် တော်အတိုင်းအသက်ရှင်ခြင်းဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာအားဖြင့်အသက်ရှင် ခြင်းဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အ သက်ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက်နာခံ ခြင်းရှိရမည် ဖြစ်သည်။ လူတစ်ယောက်က ကျွန်ုပ်တို့အား အကြံတစ်ခုပေး ခဲ့လျှင် သူပြောသောအရာကို ကျွန်ုပ်တို့နားထောင်ရမည်ဖြစ်သည်။ ထိုနည်း တူ၊ ကျွန်တော်သည် ထိုသူကို အကြံတစ်ခုပေးခဲ့လျှင် သူသည် ကျွန်ုပ်ကို သဘောမတူလျှင်လည်း ကျွန်တော်ပြော သောစကားကိုနားထောင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ် ယောက် နာခံခြင်းနှင့်ဘု ရားသခင်၏အမှုတော်ကိုလုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာအား ဖြင့်အသက်ရှင်နိုင်ပါသည်။
 

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခြင်းသည်သခင်ယေရှုခရစ်တော်အားဘုန်းတော်ထင်ရှားစေခြင်းဖြစ်သည်

သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အ သက်ရှင်ခြင်းဟူသည်မှာ သခင်ယေရှုခရစ်တော်၏ပညတ်တော်များကို စောင့်ထိန်းခြင်းပင် ဖြစ်သည်။ ဧဖက် ၆း၁၀-၁၃ကိုဖတ်ခြင်းအားဖြင့် ၄င်း၏ အနက်အဓိပ္ပါယ်ကိုရှာဖွေကြည့်ရှုကြပါစို့။ “နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သောတန်ခိုး အရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။ သင်တို့သည် မာရ် နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။ အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။”
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့်အသက်ရှင် ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ ဘုရားသခင်၌ခွန်အားရှိခြင်းနှင့် သူ၏ တန်ခိုးတော်ကိုယုံကြည်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏လိုအပ်ဆန္ဒ တခုတည်းကို အားကိုးခြင်းဖြင့်အသက်ရှင်ခြင်းမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့အ ထဲတွင် ကိန်းဝပ်သောသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် အသက်ရှင်ခြင်းမျိုးကိုဆိုလိုသည်။ ထို့ပြင် ဆုတောင်းသောအသက်တာ အားဖြင့် အသက်ရှင်ခြင်းကိုလည်း ဆိုလိုသည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ပေးထားသောအ စွမ်းအစများနှင့်ကောင်း ချီး မင်္ဂလာအမျိုးမျိုးကိုရရှိခြင်းအားဖြင့် အောင်မြင်သောဘဝဖြင့် အသက်ရှင် နိုင်ပါသည်။ ဤကဲ့သို့သောဘဝအားဖြင့် အသက်ရှင်ခြင်းသည် ဘုရားသခင် ၏လက်နက်စုံတို့ကို ဝတ်ဆင်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခွန်အား ချည့်နည်းသောသူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်စွဲကိုင်ခြင်းမရှိလျှင် ဘုရားသခင်နှင့်အတူလျှောက်လှမ်း ခြင်း၊ သူ့ကိုအစေခံခြင်းနှင့်နာခံခြင်းအတွက် ကျွန်ုပ်တို့သည် ကြိုးပမ်းခဲ့ကြ သော်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအား ဖြင့် အသက်ရှင်နိုင်ကြမည် မဟုတ်ပေ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဝိ ညာဉ်တန်ခိုးတိုးတက်စေရန်မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ကျွန်ုပ် တို့သည်ယုံကြည်ခြင်းရှိလျှင်"ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင် ဖော် ပြထားသည့်အတိုင်းကျွန်တော်သေချာစွာသိရှိခဲ့သည်"ဟု ပြောခြင်းအား ဖြင့် ဘုရားသခင်၏လက် နက်စုံကိုယူတင်ဝတ်ဆောင်ရကြမည်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာအားဖြင့်အသက်ရှင်ရန် ကူညီပေးသောအရာဖြစ်သည်။
သင်တို့တွင် ဤကဲ့သို့သော ဘဝဖြင့်အသက်ရှင်ရန်ပြသနာရှိသူရှိသ လား။ ရှိလျှင် သမ္မာကျမ်းစာထဲတွင်ရှိသောနှုတ်ကပတ်တော်စကားကိုသတိ ရပြီး၊ ဘုရားသခင်၏လက်နက်စုံကို ယူတင်ဝတ်ဆောင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်နက်စုံကိုဝတ်ဆင်ရမည်ဟု ဘုရာသခင်ကမိန့်တော်မူ ခဲ့သည်။ မိတ်ဆွေ၏အတွင်းနှလုံးသားထဲတွင် ထိုစကားလုံးများထားရှိခြင်း အားဖြင့် ဘုရားသခင်၏လက်နက်စုံဝတ်ဆင်ခြင်းအဓိပ္ပါယ်ကို မိတ်ဆွေသိ ရှိပါလိမ့်မည်။ မိတ်ဆွေသည် ဘယ်လိုပတ်ဝန်းကျင်တွင်နေနေပါစေ၊ လူ တွေက အကြောင်းအမျိုးမျိုးပြောနေပါစေ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ ဤနည်းလမ်း အား ဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက် တာအားဖြင့်အသက်ရှင်နိုင်ကြမည်ဖြစ်သည်။
ဤယုံကြည်မှုကို ကျွန်ုပ်တို့သည် မည်သည့်နေရာတွင် ရရှိနိုင်မည် နည်း။ ဗျာဒိတ် ၃း၂၂တွင် “ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကိုနားရှိသောသူသည် ကြားပါစေ”ဟု ဖော်ပြထားသည်။ အသင်းတော်အား ဝိညာဉ်တော်ပြောသောအ ရာများကို ကျွန်ုပ်တို့နား ထောင်ရမည် ဖြစ်သည်။ တနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကိုမကြားနိုင်ကြပေ။ သန့်ရှင်းသောဝိ ညာဉ်တော်နှင့်ပြည့်ဝ သောအသက် တာအားဖြင့်လည်းအသက်မရှင်နိုင်ကြပေ။ သို့သော် ဘုရားသခင်၏အစေခံများကသာ သူ့အသံကိုကြားနိုင်ပြီး ဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာဖြင့်အသက်ရှင်နိုင်ကြသည်။ မည် သူအားဖြင့်သန့် ရှင်းသောဝိညာဉ်တော်သည်စကားပြောသနည်း။ဘုရားသခင်သည် အသင်း တော်တွင်ရှိသောသူ၏အစေခံ ကျွန်များအားဖြင့်လောက တွင်ရှိသော လူများအားလုံးနှင့်သန့်ရှင်းသူများကိုစကားပြောသည်။
ဤသို့ပြောရပေမည်။ ဘုရားသခင်၏ အသင်းတော်သွန်သင်မှုများ သည် ဘုရားသခင်၏နှုတ်ကပတ်တော်များပေါ်တွင် သေသေချာချာအခြေ ပြုထားသည်ဟု မိတ်ဆွေယုံကြည်သင့်သည်။ အသင်းတော်၏သွန်သင်မှု များကို မိတ်ဆွေ၏ စိတ်ထဲတွင်ဤယုံကြည်ချက်ဖြင့်မိတ်ဆွေ လက်ခံရ မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တရားဟောဆရာတစ်ပါး ၏စိတ်ထဲတွင် မကိန်းဝပ်လျှင် ထိုသူသည် မိမိအတွေးအခါ်များကိုသာ ဟောပြောမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရ ရှိသော တရားဟောဆရာသည် သန့်ရှင်းသောဝိညာဉ် တော်၏ထိန်းချုပ်မှု အောက်တွင်ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဟောပြောရမည် ဖြစ် သည်။ သို့သော်ထိုသူသည် ထိုသို့မပြုဘဲ သမ္မာကျမ်းစာကို အခြေခံကျစွာ မဟောပြောလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူအထဲတွင် ကိန်း ဝပ်နေသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည်သူ့ကို တားစီးမည်ဖြစ် သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်။ ဘုရားသခင်သည် သူ၏အစေခံကျွန်များနှလုံးသားထဲတွင် ကိန်းဝပ်သောကြောင့် ဘုရားသခင် ကျွန်၏ အမိန့်အာဏာသည် အလွန်တရာကြီးမားသည်။ ဓမ္မာသစ်ကျမ်းထဲ တွင် သခင်ယေရှုခရစ်တော်က ပေတရုအား “ကောင်းကင်နိုင်ငံတော်၏သော့များကို သင့်အား ငါပေးမည်” (မဿဲ ၁၆း၁၉) ဟု မိန့်တော်မူခဲ့သည်။ ကောင်း ကင်နိုင်ငံတော်၏သော့များသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းပင် ဖြစ်သည်။ တနည်းအားဖြင့်၊ ဤသတင်းကောင်းသည် ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရောက်စေသောသော့ချက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဝေငှဟောပြောရန် အခွင့်အာဏာကို ဘုရားသခင်က ပေတရုပေါ်သာမက ဘုရားသခင်၏အစေခံကျွန်များနှင့်သန့် ရှင်းသောသူ များအားလုံးသည် ဒုတိယမွေးဖွါးခြင်းခံကာ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရ ရှိနေသရွေ့ သူတို့အပေါ်တွင်ပေးခဲ့သည်။ 
သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသေအသက်တာအားဖြင့် အ သက်ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏လက်နက်ဝတ်စုံကို ဝတ်ဆင်ရပေမည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမရှိလျှင် အသင်းတော်နှင့် ဘုရားသခင်၏အစေခံကျွန်များ၏အမိန့်အာဏာကို ယုံကြည်ခြင်းအားဖြင့် နေ့တွင်ကျွန်ုပ်တို့နှလုံးသားထဲတွင် အသင်းတော်၏သွန်သင်မှုများကို စွဲစွဲမြဲ မြဲမှတ်သားရမည်ဖြစ်သည်။ ယနေ့မိတ်ဆွေ ကြားခဲ့သောတရားဟောချက် သည် မိတ်ဆွေအတွက်အသုံးမ ဝင်ဘဲ မိတ်ဆွေ၏အသက်တာနှင့်တိုက် ရိုက်ဟပ်စပ်မှုမရှိသော်လည်း မည်သို့ပင် ဖြစ်စေကာမူ မိတ်ဆွေသည် တ ရားဟောချက်ကိုနားထောင်ပြီး မိတ်ဆွေ၏နှလုံးသားထဲတွင် ထိန်းသိမ်း ထားရမည် ဖြစ်သည်။ မိတ်ဆွေ၏နေ့စဉ်အသက် တာအတွက် လိုအပ်နေ သောစကားလုံးများကို သမ္မာကျမ်းစာထဲတွင် ရှာဖွေပါ။ ၄င်းတို့သည် အရအမိဆုပ်ကိုင်ထားပါ။ ဤနည်းလမ်းအားဖြင့်မိတ်ဆွေသည် ယုံကြည် ခြင်းနှင့်ပြည့်ဝသောသူဖြစ် လာနိုင်ပါသည်။ သို့ပြုလျှင် မိတ်ဆွေသည် သန့် ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာ၊ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသောအသက်တာနှင့် ဤလောကတွင်အထွဋ်အမြတ်များနှင့် စစ်ဆင်နွှဲရာတွင် အောင်မြင်သောအသက်တာအားဖြင့် အသက်ရှင်နိုင်ပေ မည်။
မိတ်ဆွေသည် ဤလောကအစိုးရသောသူများ၏စကားကိုနားထောင် ရန် တိုက်တွန်းခြင်းခံခဲ့သော်လည်း ယခုတွင် လောက၏အစိုးရသောမှောင် မိုက်တန်ခိုး များကိုတိုက်လှန်ရန် ကျွန်တော်တဖန်တိုက်တွန်းထားသော ကြောင့် မိတ်ဆွေသည် စိတ်ရှုပ်ထွေးနိုင်ပါသည်။ ရောမခေတ်တွင် ရောမ အင်ပါယာသည် သူ့ကိုယ်သူ ဘုရားဟုခေါ်ပြီး သူ့ကိုဘုရားတစ်ပါးအဖြစ်ကိုး ကွယ်ရန် လူတိုင်းအား ဥပဒေက တောင်းဆိုထားပါသည်။ သို့သော်၄င်း သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြောင့် ခရစ်ယာန်များမပြုလုပ်သင့်သောအရာ ဖြစ်သည်။ ထိုကြောင့် ထိုအချိန်တွင်ရှိသောခရစ်ယာန်များသည် ရောမအင်ပါယာအား ဘုရားသ ခင်တစ်ပါးအဖြစ်ကိုးကွယ်ရန် ဥပဒေကတောင်းဆိုခဲ့သောကြောင့် သူတို့ မှာ ရောမအင်ပါယာအားတိုက်ခိုက်ခြင်းကလွှဲပြီးအခြားသောရွေး ချယ်စရာ တစ်ခုမျှမရှိပေ။
နတ်ဆိုးများနှင့်တိုက်ခိုက်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး ဆုပ်ကိုင်ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လျှင် ကျွန်ုပ်တို့ သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားကာ နတ်ဆိုးများကို ရိုက် နက်နိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိခဲ့သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော် မစွဲကိုင်လျှင် စာတန်နှင့်တိုက်ခိုက်သော အခါ စစ်ရှုံးသွားမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား “သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ပေ ၅း၈)။ ဘုရားသခင်၏နှုတ်က ပတ်တော်ကို မယုံ ကြည်သောသူတို့သည် စာတန်၏တိုက်ခိုက်မှုကို အောင်မြင်နိုင်မည် မ ဟုတ်ပေ။
သခင်ယေရှုသည်လည်း နှုတ်ကပတ်တော်မပါလျှင် စာတန်ကိုလုံးဝမ တိုက်ခိုက်ခဲ့ပေ။ “လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏” (မဿဲ ၄း၄)။ သခင်ယေရှုသည် နှုတ်ကပတ်တော်အားဖြင့် စာတန်ကိုအ ဝေးသို့ နှင်ထုတ်သွားခဲ့သည်။ ကျွန်ုပ်တို့သည် အဘယ်သို့နှင်ထုတ်နိုင်ကြ မည်နည်း။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်နှိုင်း ယှဉ်လျှင် ဉာဏ်ပညာတင်း တိမ်ပြီး သူနှင့်လုံး ဝနှိုင်းတု၍မရပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ကာ ပို၍ခိုင် မာစွာဆုပ်ကိုင်ထားသင့် ပေသည်။
ကျွန်ုပ်တို့သည် "နှုတ်ကပတ်တော်သည် မှန်ကန်လိမ့်မည်ဟု ကျွန် တော် ထင်သော်လည်း နှုတ်ကပတ်တော်ကိုအပြည့်အဝမယုံကြည်နိုင်ပါ" ဟု မပြောသင့်ပေ။ "နှုတ်ကပတ်တော်သည် သမ္မာကျမ်းစာတွင် ရေးသား ထားသည့်အတိုင်း အကုန်အစင် မှန်ကန်သည်ဟု ကျွန်ုပ်ယုံကြည်သည်" ဟု ကျွန်ုပ်တို့ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ ၄င်းသည် သင့်လျှော်သောယုံ ကြည်ခြင်းဖြစ်ပြီး ဘုရားသခင်၏လက်နက်ဝတ်စုံကို ကျွန်ုပ်တို့အားဝတ် ဆင်စေသောအရာလည်းဖြစ်သည်။ "ဘုရားသခင်ပြောခဲ့သည့်အတိုင်း တိ တိကျကျအကုန်နားလည်"သည်ဟု ပြောသောသူများသည် ကောင်းချီးခံ စားကြသည်။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ် ကပတ်တော်ကိုစွဲကိုင် ပြီး ၄င်းကိုမှီခိုသောအခါ သူယုံကြည်ခြင်းရှိသည့်အတိုင်း အရာများသည် အကောင်းသို့ပြန်လှည့်သွားမည်ဖြစ်သည်။ စာတန်သည် ကျွန်ုပ်တို့ကို စုံ စမ်းရန်လာခဲ့သော်လည်း ကျွန်ုပ်တို့သည် "ဘုရားသခင်၏နှုတ်ကပတ် တော်ကို ကျွန်တော်ယုံကြည်တယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မှန်ကန်သောအဖြေဖြစ်သည်ကို ကျွန်တော်ယုံကြည်တယ်" ဟု ပြောလျှင် စာတန် သည်အဝေးသို့ထွက်သွားမည်ဖြစ်သည်။ ဤနည်းလမ်းသည် စာတန်နှင့်စစ်ဆင်နွှဲ ရာတွင်အောင်မြင်မှုဖြစ်သောသော နည်းလမ်းဖြစ် သည်။
 

ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုစွဲကိုင်ထားရမည်

“ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။ သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ ခြေ၌ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းအတွက် အသင့်ဖြစ်ခြင်းကိုစီး၍ ရပ်တည်ကြလော့။ ထိုအရာအားလုံးတို့အပြင် ယုံကြည်ခြင်းဒိုင်းလွှားကို ထပ်ဆင့်၍ဆောင်ယူကြလော့။ ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်၏တောက် လောင်နေသောမြားရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။ ကယ် တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့”(ဧဖက် ၆း၁၃-၁၇)။
“သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ် ဆင်ကြလော့” စကားစုသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတစ် ဦး၏ခါးတွင် ခါးပတ်အ ဖြစ်စည်းထားခြင်းနှင့်ခိုင်းနှိုင်းထားပါသည်။ ၄င်း၏ အဓိပ္ပါယ်မှာ ကျွန်ုပ်တို့စိတ်နှလုံးများကို ဘုရားသခင်၏နှုတ်ကပတ်တော် အားဖြင့်ပတ်စည်းထား ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်စိတ် တစ်လုံးတစ်ဝဖြစ်နိုင် ရန်အတွက် သမ္မာတရား၏စကား များကိုလိုက်နာရန် ဘုရားသခင်က ကျွန်ုပ်တို့အားပြောခဲ့သည်။ သို့သော်ဤခါး ပတ်သည် ကျွန်ုပ်တို့၏ခန္ဓာ ကိုယ်ကိုခိုင်မာစွာစည်းထားသည့်နည်းတူ၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ခိုင်မာစွာပတ်စည်း ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် စိတ်တလုံးတ ဝဖြစ်သောအခါ ကျွန်ုပ်တို့သည် "အရာခပ်သိမ်းသည် အကောင်းသို့ပြောင်း လဲသွားခဲ့တယ်။ အရာခပ်သိမ်းတို့သည် ဘုရားသခင်ပြောခဲ့သည့်အတိုင်း ကျွန်တော် သေချာစွာနားလည်ခဲ့တယ်" ဟု အလိုအလျောက်ယုံကြည်ခြင်း ဖြင့် မြွက်ဆိုကြမည် ဖြစ်သည်။
နောက်တစ်ချက်အနေဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းပါရမီ တည်းဟူသောရင်အုပ်တန်ဆာကို ဝတ်ဆင်ထားရမည်။ ဘုရားသခင်က ကျွန်ုပ်တို့အားကယ်တင်ခဲ့သည်ဟု သိစေသော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းရင်အုပ်တန်ဆာကို ကျွန်ုပ်တို့ဝတ်ဆင်ထားရမည်ဖြစ်သည်။ ကျွန်ုပ် တို့သည် ဖြောင့်မတ်ခြင်းရင် အုပ်တန်ဆာကိုဝတ်ဆင်ခဲ့ပြီးသောအခါ သမ္မာ တရားခါးပတ်ဖြင့် ကျွန်ုပ်တို့ခါးကို ခိုင်မာစွာ စည်းထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျောက်မျက်ရတနာတို့ဖြင့် စီချယ်ထားသောရင်အုပ်တန် ဆာကိုဝတ်ဆင်ထားရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ ၏အ ပြစ်များအားလုံးကိုခွင့်လွှတ်ခဲ့သည်ဟူသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ဝတ် ဆင်ထားရမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ထားရမည်ဖြစ်သည်။ ငြိမ်သက်ခြင်းကို ပေး သောကယ်တင်ခြင်းသတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရမည်။
အထက်တွင်ဖော်ပြထားသောအရာများဝတ်ဆင်ခဲ့ပြီးသောအခါ ငြိမ် သက်ခြင်းနှင့်ယှဉ်သောဧဝံဂေလိတရားဟောပြောရန် ပြင်ဆင်သောအဖြစ် တည်းဟူ သောခြေစွပ်ကိုစွပ်လျက် လူသားအားလုံးအပေါ်ဘုရားသခင်ပေး ထားခဲ့သောဘုရားသခင်၏ငြိမ်သက်ခြင်းကယ်တင်ခြင်းသတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှ လွတ်မြောက်ခြင်းရရှိခဲ့သည်ဟု ယုံကြည်လျှင် ကျွန်ုပ်တို့နှုတ်အားဖြင့် ဝန်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်တရားနှင့် ဆိုးသွမ်းမှုများပေါ်လာ သည့်အခါတိုင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ခဲ့သည်ဟူသော သမ္မာတရားကိုသတိရခြင်းအားဖြင့် ၄င်းတို့ကို ရှင်းလင်းရမည်ဖြစ်သည်။ ဘုရားသခင်သည် သခင်ယေရှု ၏ဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော်ပေါ်တွင်သွန်းလောင်းသောအသွေးတော်အားဖြင့် ကျွန်ုပ် တို့အပြစ်များမှကယ်တင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ဂုဏ် တော်ကိုချီးမွမ်း ခြင်းအားဖြင့် ဘုန်းတော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် ကျွန်ုပ်တို့အ သက်ရှင်ရမည်။ အပြစ်တရားမှကယ်တင်ခြင်းမရသေးသော လူသားအား လုံးအပေါ် ငြိမ်သက်ခြင်းပေးနိုင်သော ရေနှင့် ဝိညာဉ်တော်သတင်းကောင်း ကို ကျွန်ုပ်တို့ဟောပြောရမည်။
ထိုပြင်ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကိုဝတ် ဆင်လျက် နတ်ဆိုးများကိုတိုက်ခိုက်ရကြမည်ဖြစ်သည်။ စာတန်ကိုတိုက် ခိုက်သောအခါ ကျွန်ုပ်တို့သည် လက်တစ်ဘက်တွင် ယုံကြည်ခြင်းလွှားကို ကိုင်ပြီး အခြားတစ်ဘက်တွင် နှုတ်ကပတ်တော်သမ္မာတရားကိုကိုင်လျက် စာတန်ကိုမောင်းထုတ်ရမည် ဖြစ်သည်။
ထိုနောက် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းတည်းဟူသောသံခမောက် လုံးကို ဆောင်းထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် "ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းအားဖြင့် ကျွန်ုပ်အပြစ်များအားလုံးမှ ကျွန်တော်လွှတ် မြောက်ခဲ့တယ်။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို ခွင့် လွှတ်ခဲ့တယ်"ဟု ပြောခြင်းအားဖြင့် ကယ် တင်ခြင်းနှင့်စပ်ဆိုင်သောစကား များကိုလက်ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ဦးနှောက်ခြင့် သမ္မာတရားကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှုတ်ကပတ် တော်ကို စွဲကိုက်လျက်၊ ကယ်တင်ခြင်း သံခမောက်ကိုစောင်းကာ မာရ်နတ် ကိုတိုက်ခိုက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ထားကို ကျွန်ုပ် တို့လက်နက်အဖြစ်အသုံးပြုရမည်ဖြစ်သည်။ 
စာတန်သည် ကျွန်ုပ်တို့ကိုတိုက်ခိုက်သောအခါ ကျွန်ုပ်တို့သည် ထား ကို ထုတ်လျက်သူ့ကို ခုတ်ပစ်ရမည်ဖြစ်သည်။ "ဘုရားသခင်က ဤသို့ပြော ခဲ့တယ်။ ထိုအတိုင်း ကျွန်တော်ယုံကြည်ခဲ့တယ်။" ကျွန်ုပ်တို့သည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် စာတနကိုအဝေးသို့နှင် ထုတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ပြီး ဝိညာဉ်တော်ထားကိုစွဲကိုင်လျှင် စာတန်သည် "အမေလေး၊ ကြောက်စရာကြီးပါလား" ဟု တုန်ရီတုန်ရီမြွက်ဆိုခြင်းအားဖြင့် ထွက်ပြေး တိမ်းရှောင်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်က ပတ်တော်ကိုယုံကြည်လျှင် စာတန်၏တိုက်ခိုက်မှုမှန် သမျှအနိုင်ယူရမည် ဖြစ်သည်။
"ကျွန်ုပ်ကိုယ်ခန္ဓာသည် ပြည့်စုံခြင်းမရှိသော်လည်း ကျွန်တော်သည် ရွေးနှုတ်ကယ်တင်ခြင်းရရှိခဲ့သော ဘုရားသခင်၏လူတစ်ယောက်ဖြစ်ပါ တယ်။ ကျွန်တော်သည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ခဲ့တယ်။ ဘုရား သခင်ပြောခဲ့သည့်အတိုင်း သူ၏နှုတ်ကပတ်တော်များကို ကျွန်တော်စွဲကိုင် ထားပါတယ်" ဟု ဝန်ခံခြင်း ဘာသာတရားကိုင်းရှိုင်းသော အသက်တာဖြင့် မိတ်ဆွေ အသက်ရှင် သင့်သည်။ ကျွန်ုပ်တို့သည် ဤသို့သော ယုံကြည် ခြင်းမျိုးရှိလျှင် စာတန်သည် ကျွန်ုပ်တို့ကို နှောက်ယှက်ရန်နှင့် ကျွန်ုပ်တို့ သစ္စာရှိသောဘဝဖျက်စီးရန်လာသော အခါတိုင်းတွင် ကျွန်ုပ်တို့သည် သူ့ကို သမ္မာတရားနှင့်ဆိုင်သောထားအားဖြင့် အဝေးသို့နှင်ထုတ်နိုင် ကြမည် ဖြစ်သည်။ အကယ်၍ကျွန်ုပ်တို့သည် စာတန်ကို လောကီစကားလုံးများ အားဖြင့်တန်ပြန်တိုက်ခိုက်လျှင် သူသည် ကျွန်ုပ်တို့ကို ခုခံနိုင်စွမ်းမရှိပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် သူ့အား "ဘုရားသခင်က ဤသို့ ပြောခဲ့ သည်" ဟုမြွက်ဆိုခြင်းအားဖြင့် စာတန်ကိုတိုက်ခိုက်ရမည်ဖြစ်သည်။ သို့ပြုလျှင် စာတန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အောက်တွင် အရှုံးပေး မည်ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာအားဖြင့်အသက်ရှင်လိုပါက အသင်းတော်၊ ယုံကြည်သူအားလုံးနှင့် ဘု ရားသခင်၏လူများအားလုံးသည် သတင်းကောင်းဟောပြောခြင်းအတွက် မိမိကိုယ်ကိုဆက် ကပ်ကြရန် ဘုရားသခင်ထံဆုတောင်းရကြမည်ဖြစ် သည်။ "သတင်းကောင်း၏ လျှို့ဝှက်ဆန်းကျယ်မှုများကို ကျွန်ုပ်အားဟော ပြောစေပါ" ဟု ဝန်ခံပြောဆိုခြင်း အားဖြင့် ကျွန်ုပ်တို့သည် သတင်းကောင်း ကိုစေခံသောအသက်တာအားဖြင့် အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ ဤသို့ အသက်ရှင်ခြင်းသည် သန့်ရှင်းသောဝိ ညာဉ်တော်နှင့်ပြည့်ဝသောအသက် တာအားဖြင့်အသက်ရှင်ခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်ခြင်းသည် ယုံကြည်သူအား လုံးအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ကျွန်ုပ်တို့သည် စစ်မှန် သောယုံကြည်သူများဖြစ်ကြလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့်အသက်ရှင်ရကြမည်ဖြစ်သည်။ အပြစ်လွတ်ခြင်း အခွင့်ရရှိခြင်းသည် လူတိုင်းအတွက်မရှိမ ဖြစ်လိုအပ်မှုဖြစ်သည့်နည်းတူ ထိုသို့သောအ သက်တာအားဖြင့် အသက်ရှင်ခြင်း သည်လည်း ယုံကြည်သူ များအားလုံးအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏အမိန့် တော်ပင်ဖြစ်သည်။
သူတို့၏အပြစ်များဖြေလွတ်ခြင်းရရှိခဲ့သောသူများဖြစ်ကြသော်လည်း သစ္စာ ရှိသောအသက်တာအားဖြင့်မည်သို့အသက်ရှင်ရမည်ကို မသိသောသူ များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင် ရကြမည်ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ဘုရားသခင် နှစ်သက်သောအရာ ဖြစ်သည်။ ယုံကြည်သူများသည် ဘုရားသခင်၏အလို တော်ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ အားဖြင့် အသက်ရှင်ရကြမည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာသည် ယုံကြည်သူ များအားကောင်းသောအ လုပ်ပြုလုပ်ခြင်း အားဖြင့် သတင်းကောင်းကိုဟောပြော ရန်မြှင့်တင်ပေးပါလိမ့်မည်။ သူတို့ သည် သတင်းကောင်းဟောပြောခြင်း၊ ဘုရားသခင်ထံဆုတောင်းခြင်းနှင့်ဘု ရားသခင်၏နှုတ်ကပတ်တော်များကို ယုံ ကြည်စွဲကိုင်ခြင်းများနှစ်သက်ကြ ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း တည်းဟူသောသံခမောက်လုံး ကို၄င်း၊ ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရပ်အုပ်တန်ဆာကို၄င်းဝတ် ဆင်လျက်"ကျွန်ုပ်တို့သည် အချိန်တိုင်းဖြောင့်မတ်သောသူဖြစ်သည်"ဟု ပြောခြင်းအားဖြင့်စာတန်ကို မောင်းထုတ်ရမည်ဖြစ်သည်။
ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိ သည့်နည်းတူ သူတို့သည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်ကြကာ သန့်ရှင်း သော ဝိညာဉ်တော်တန်ခိုးများရရှိနိုင်ပါသည်။ ယုံကြည်ခြင်းရှိသောဆု တောင်းခြင်းအားဖြင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် ခံစားခြင်းနှင့်အ တူ သူတို့သည် ဘုရားသခင်၏အမှု တော်ကိုလုပ်ဆောင်နိုင်ကြသည်။ သူတို့ သည် စာတန်ကိုနိုင်ပြီး ဘုရားသခင်၏ရှေ့ တော်မှောက်တွင် ရပ်သည်အ ထိတိုင်အောင် သူတို့သည် ဝိညာဉ်တော်၌လျှောက်လှမ်း ကြပါလိမ့်မည်။ ဘုရားသခင်၏စစ်လက်နက်ဝတ်စုံကို ဝတ်ဆင်သောသူများသည် သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်သော ဒုတိယမွေးဖွါးခြင်းခံခဲ့သည့် ခရစ်ယာန်များ ဖြစ်ကြသည်။
“အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏” (ဧဖက် ၆း၁၂)။ ဒုတိယမွေးဖွါးခြင်းခံရသောသူများ၏ ဆိုင်ပြိုင် တိုက်လှန်သောစစ်ပွဲသည် ဇာတိ အသွေးအသားတို့နှင့်တိုက်ခိုက် သော စစ်ပွဲမဟုတ်ပေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိ သောသူများ၏စစ်ပွဲသည် နတ်ဆိုးဝိညာဉ်ဆိုးများ၊ ကျွန်ုပ်တို့ သစ္စာရှိ သောအသက်တာ ဖျက်ဆီးလိုသောသူများ၊ သတင်းကောင်းအတွက် မစေမ ခံဘဲ ကျွန်ုပ်တို့ကိုနှောက်ယှက်သောသူများနှင့်တိုက်ခိုက်ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သတင်းကောင်းအတွက် ဝိညာဉ် တိုက်ပွဲဆင်နွဲရန်အပြင်သို့ထွက်သွားသောအခါ ကျွန်ုပ်တို့သည် သံခမောက် လုံးနှင့် ဝိညာဉ်တော် ၏စစ်ဝတ်တန်ဆာများကိုဝတ်ဆင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစစ်ပွဲတွင် ရိုးရိုးအင်္ကျီကိုသာဝတ်ဆင်လျှင် ဒဏ်ရာရရှိ သွားမည်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့ မှာ စစ်ဝတ်တန်ဆာများဝတ်ဆင် ရမည်ဖြစ်သည်။ ကျွန်ုပ်တို့များထား၊ ဒိုင်းနှင့် သံခမောက်များလိုအပ်သည်။ စစ်ပွဲကြီးအောင်မြင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် စစ်ပွဲထဲမဝင်မီ ပြည့်စုံ စွာပြင်ဆင်ထားရမည်ဖြစ်သည်။ ရင်အုပ်တန်ဆာကို ဝတ်ဆင်ပြီး၊ ပါးပတ် ကိုစည်းကာ ခြေထောက်နှစ်ဘက်စလုံးတွင် ခြေစွပ်များဝတ်ဆင်ရမည် ဖြစ်သည်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရန်သူများကို ထားနှင့်လွှား တစ်ခုခု ဖြင့် အနိုင်ယူနိုင်ကြမည်ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာအားဖြင့်အသက် ရှင်ခြင်းဖြစ်သည်။
 

ကျွန်ုပ်တို့သည် သတင်းကောင်းကို စောင့်ထိန်းရပေမည်

ရှင်ပေါလုက ကျွန်ုပ်တို့အား “သင်၌အပ်ထားသည့် ကောင်းမြတ်သောအရာကို ငါတို့၌ကိန်းဝပ်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့”(၂တိ ၁း၁၄)ဟု တိုက်တွန်းထားပါသည်။ ကောင်းသော စရံသည် အဘယ်အရာကို ဆိုလိုသနည်း။ ၄င်းသည် ကျွန်ုပ်တို့အပြစ်များမှ ကယ်တင် ပေးခဲ့သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းပင်ဖြစ်သည်။ တိတု ၃း၅ တွင် “ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏”ဟု ဖော်ပြထားပါ သည်။ သခင်ယေရှုသည် ဤလောကတွင် ကျွန်ုပ်တို့ပြုခဲ့မိသောအပြစ်များ အားလုံးကိုဆေးကြေးခဲ့ပြီး ကားတိုင်တော်ပေါ်တွင်အသေခံခဲ့ကာ ရှင်ပြန် ထမြောက်ခဲ့သည်။ ဤသတင်းကောင်းကို ကျွန်ုပ်တို့စောင့်ထိန်းရမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းတည်းဟူသော သံခမောက်၊ ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်အုပ် တန်ဆာကိုဝတ်ဆင်ပြီး သမ္မာတရားခါးပန်းကိုဆည်းထားသင့်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သ တင်းကောင်းကိုယုံကြည်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဤနည်းလမ်းအတိုင်းအသက်ရှင်ပြီး နောက် စာတန်နှင့်ယှဉ်ပြိုင်တိုက်လှန်ခြင်းကို ကျွန်ုပ်တို့အနိုင်ယူကြမည် ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် အောင်မြင်ခြင်းရရှိပြီး ၄င်းကိုအ ခြားသူများနှင့်မျှဝေ ခံစားကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အ မွေဖြစ်သော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်သည့်နေ့အထိတိုင် အောင် စာတန်နှင့်ဝိညာဉ်ရေးရာတိုက်ပွဲများစွာ ဆင်နွဲရကြမည်ဖြစ်ပြီး၊ စာ တန်လက်ထဲတွင်ရောက်သောသူများကို ပြန်ရုပ်သိမ်းရမည် ဖြစ်သည်။ ကျွန်ုပ်တို့ကိုဆန့်ကျင်သောသူများအပေါ် ကျွန်ုပ်တို့အောင် မြင်မှုများစွာရရှိ လေလေ နောက်စစပွဲကိုလည်းလွယ်ကူစွာအောင်မြင်လေလေဖြစ် သွားပါ လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော်အောင်မြင်ကာ တည်တံ့ခိုင်မာပြီးတိုး ပွါးခြင်းအတွက် ကျွန်ုပ်တို့အားလုံးဆုတောင်းရကြမည်ဖြစ်သည်။ သို့ပြု လျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာရရှိကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များလွတ်ခြင်းအားဖြင့် မဆုံးမသတ် သေးဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အ သက်ရှင်ရကြမည် ဖြစ်သည်။ သတင်းကောင်းနှင့်ကျွန်ုပ်တို့ကောင်းမှုပြု လုပ်ခြင်းအတွက် ကျွန်ုပ်တို့သည် ဘု၇ားသခင်၏နှုတ်ကပတ်တော်ကိုယုံ ကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဦး ဆောင်စေပြီး၊ ဘုရားသ ခင်၏နှုတ်ကပတ်တော်စောင့် ထိန်းခြင်းနှင့်ယုံ ကြည်ခြင်းအားဖြင့်အသက်ရှင်မှ သာလျှင် စာတန်နှင့်တိုက်ခိုက်သောအခါ ရှုံးနှိမ့်စရာမလိုအပ်ဘဲ အောင်ပွဲရရှိ သွားမည်ဖြစ်သည်။
မိတ်ဆွေ ကျွန်တော်ပြောကြားသောအရာများနားလည်သလား။ နား လည်မှသာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာအားဖြင့် အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို မိတ်ဆွေစေခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ် တော်ပေါ်တွင်မှီခိုကာ လိုက်လျှောက်မည်ဟု ကျွန်တော်မျှော်လင့်မိသည်။ စာတတ်လက်ထဲမှ ဝိညာဉ်များ စွာကယ်တင်ခြင်းအလုပ်ကိုလုပ်ဆောင်ကြ ပါစို့လား။ သခင်ယေရှုတဖန်ကြွလာ သည့်ထိတိုင်အောင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအ သက်တာအားဖြင့်အသက်ရှင် ရကြမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်းရရှိခြင်း သည် ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးထားခဲ့သောဒုတိယ ပညတ်တော် ဖြစ်သည်။ ဘုရားသခင်ကိုကျေးဇူးတင်လိုက်ပါ။ ကျွန်ုပ်တို့နှလုံးသား ထဲ တွင် အပြစ်များဖြေလွတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိ ညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်ပါသည်။ ၄င်းသည်သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းအတွက်မဟုတ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာကို ကျွန်တော်မစတင်နိုင်သေးပေ။ သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခွင့်ပေးသော ဘုရားသခင်ကို ကျွန် တော်ကျေးဇူးတင်ပါသည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်လိမ့် မည်ဟု ယုံကြည်ပါသလား။ ကျွန်ုပ်တို့အပြစ်များမှလွတ်ငြိမ်းခြင်းရရှိသော ကျွန်ုပ်တို့အားလုံးသည်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိခဲ့ကြ သည်။ သို့သော် အပြစ်ဖြေလွတ်ခြင်းမရရှိသေးသောသူများသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်း ဝပ်ခြင်းမရရှိနိုင်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်း ကိုမသိသောသူများနှင့် မယုံကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းမရရှိနိုင်ကြပေ။ ဤလောကတွင်ရှိ သမျှသောလူအ ပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရှိခဲ့ကြလျှင် သူ တို့သည် ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံရကြမည်ဖြစ်သည်။
ကျွန်ုပ်တို့နှလုံးသားထဲတွင် အပြစ်မရှိသောကြောင့် ကျွန်ုပ်တို့သည် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိခဲ့ကြသည်။ ကျွန်ုတို့နှလုံးသား ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သောကြောင့် သန့်ရှင်းသောဝိ ညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့် အသက်ရှင်ခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းခံရသော ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ဆန္ဒ ကိုနာခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လို အပ်ဆန္ဒများကိုနာခံလေလေ ကျွန်ုပ်တို့ယုံကြည်မှု ပို၍သန်မာမှုသည် ပြည့်စုံ သောစစ်ဝတ်စုံကဲ့သို့ ဖြစ်လာသည်။ သို့သော် ကျွန်ုပ်တို့၏သည် ဝိ ညာဉ်တော်ကိုနာခံခြင်းမရှိလျှင် ကျွန်ုပ်တို့သည် လက်နက်စုံကို ချွတ်ထား ခြင်းနှင့်တူသည်။
သန့်ရှင်းသောဝိညာဉ်တော်၏စကားများအားဖြင့် ကြီးထွားခြင်းရှိကာ ယုံ ကြည်ခြင်းရှိသည့်လူပုဂ္ဂိုလ်များဖြစ်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော် စကားလုံးများကို ကျွန်ုပ်တို့ကြားသိသောအခါ “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏”(ရောမ၁၀း၁၇)။ထိုကြောင့် စာတန်သည် ကျွန်ုပ်တို့ကို တိုက်ခိုက်သောအခါ ဤစကားလုံးများကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် မိမိကိုယ်ကိုကာကွယ်ရမည် ဖြစ်သည်။ ရေနှင့် ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်ခြင်းတည်း ဟူသောလွှား ဖြင့် ကာကွယ်သောသူများကို စာတန်ကမတိုက်ခိုက်နိုင်ပေ။ သစ္စာရှိသော လူများသည် သူတို့ယုံကြည် ခြင်းအားဖြင့် စာတန်၏တိုက်ခိုက်မှုများ ကာကွယ်ရန် တန်ခိုးရှိသည်။
ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအ သက်တာများအားဖြင့်အသက်ရှင်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသောအသက်တာသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကမ္ဘာ့နေရာအနှံ့အပြားသို့ သစ္စာရှိစွာဟောပြောသောအသက်တာ ဖြစ်စေ သည်။ ထိုသို့အသက်ရှင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ သောအသက်တာဖြစ်သည်။