Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-14] သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် စစ်မှန်သောနောင်တရခြင်းဟူသည် အဘယ်အရာဖြစ်သနည်း။ (တမန်တော်ဝတ္ထု ၂:၃၈)

သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် စစ်မှန်သောနောင်တရခြင်းဟူသည် အဘယ်အရာဖြစ်သနည်း။
 

( တမန်တော်ဝတ္ထု ၂:၃၈ )
“ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအ တွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်”
 
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်  လိုအပ်သောစစ်မှန်သောနောင်တရ  ခြင်းသည် အဘယ်အရာဖြစ်သနည်း
၄င်းသည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ ပြန်လှည့်ပြီး သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် ကိုယ်တော်၏အသွေးတော်ကို  ယုံကြည်ခြင်းဖြစ်သည်
 
တမန်တော်ဝတ္ထုအခန်းကြီး ၂ တွင် ပေတာရု၏တရားဟောခြင်း ကြောင့် လူတွေ၏စိတ်နှလုံးအလွန်တို့ထိပြီး သူတို့အပြစ်များကိုနောင်တရ လျက်ဝန်ခံစေခဲ့သည်ဟု သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါသည်။ သူတို့ သည် နှလုံးကြေကွဲလျက် ပေတရုနှင့်အခြားသောတမန်တော်များထံ "ငါတို့ သည် အဘယ်အရာလုပ် သင့်ကြသနည်း" ဟု မေးသောအခါ သူတို့က “ပေ တရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင် တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက် ဆောင်ကို ရရှိကြလိမ့်မည်” (တမန် ၂း၃၈) ဟု ပြန်ဖြေခဲ့သည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်ရရှိခြင်းနှင့်မခွဲခြားနိုင်ကြောင်းကို ပေတာရုဟောပြော သောတရားဟောချက်တွင်တွေ့ရှိနိုင်သည်။၄င်းတရားဟောချက်က ကျွန်ုပ် တို့အား စစ်မှန်သောနောင်တရခြင်းကိုလည်း ဖွင့်ပြထားပါသည်။ ကျွန်ုပ်တို့ သည် သမ္မာကျမ်းစာကို အနီးကပ်ကြည့်ရှုခြင်းနှင့် ရေနှင့် ဝိညာဉ်တော်သ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းနှင့်အတူသန့်ရှင်း သောဝိညာဉ်တော်ရရှိသည်ကို ကျွန်ုပ်တို့သိသင့်သည်။ 
ပထမအနေဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်း ရရှိနိုင်ရန်အတွက် လုပ်ဆောင်ရမည့်အရာမှာ သမ္မာကျမ်းစာနှင့်ညီ ညွတ်သော နောင်တရခြင်းကိုယုံကြည်ရမည်ဖြစ်သည်။ သို့သော် ဤနောင် တရခြင်းသည် ဝမ်းနည်းပူဆွေးခြင်းဖြစ်သည်ဟု မနက်မဖွင့်ဆိုသင့်သည်ကို ကျွန်ုပ်တို့သတိထားရမည် ဖြစ်သည်။ ဤနေရာတွင် နောင်တရခြင်းဟူ သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းပင်ဖြစ်သည်။ သမ္မာကျမ်း စာတွင် လူတွေက သခင်ယေရှုကိုကားတိုင် တော်ပေါ်တွင် သတ်ခဲ့ကြသော ကြောင့် ဝမ်းနည်းနေကြသည်ကို ကျွန်ုပ်တို့သိရှိခဲ့ပြီး ဖြစ်သည်။ ပေတရုက သူတို့ထံနောင်တရရန်မပြောမီ သူတို့က အပြစ်ရှိကြောင်း မိမိကိုယ်ကိုဝန်ခံ ကြပြီး ပေတရုထံ အဘယ်အရာလုပ်ဆောင်သင့်သလဲဟု ဝမ်းနည်းစွာမေး ခဲ့ကြသည်။ ဤနေရာတွင်ပေတရုပြောသောနောင်တရခြင်းသည် အပြစ်အ တွက်ဝမ်းနည်းပူဆွေးခြင်းမဟုတ်၊ အပြစ်ရှိသည်ဟုမိမိကိုယ်ကိုဝန်ခံခြင်း လည်းမဟုတ်၊ သို့သော် သခင်ယေရှုခရစ်တော်ကို လူတစ်ဦး၏နှလုံးသား တွင် မိမိကယ်တင်ရှင်အဖြစ်ခေါ်ဖိတ်ခြင်းနှင့် ဘုရားသခင်ပေးခဲ့သောသ တင်းကောင်းကို ယုံကြည်ခြင်းဖြစ်သည်ကို တွေ့ရှိနိုင်ပါသည်။ ဤအရာ သည် စစ်မှန်သော နောင်တရခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့သည် မိမိစိတ်နှလုံးသားများထဲတွင် အပြစ်အတွက်ဝမ်းနည်း ပူဆွေးခြင်းမရှိမီ သခင်ယေရှုခရစ်တော်၏အချစ်သည် ကျွန်ုပ်တို့ဆီသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ ၄င်း၏အဓိပ္ပါယ်မှာ သခင်ယေရှုသည် ယော ဒန်မြစ်တွင်ဗတ္တိဇံခံခဲ့ပြီး၊ ကားတိုင်ပေါ်တွင်အသေခံကာ သေခြင်းမှထ မြောက်သောအချိန်တွင် ကျွန်ုပ်တို့၏ အပြစ်များယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ကျွန်ုပ်တို့၏အပြစ်များနှင့် မ ကောင်းမှုများအားလုံးယူဆောင်သွားခဲ့သည်။
စစ်မှန်သောနောင်တရခြင်းဆိုသည်မှာ ဤသမ္မာတရားကိုယုံကြည် ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်အတွက်ဝမ်းနည်းလျှင်၄င်း၊ ခွင့် လွတ်ခြင်းအတွက် အသနားခံတောင်းလျှောက်ကြလျှင် ကျွန်ုပ်တို့အပြစ် များထာဝရပျောက်ကွယ်သွားမည်ဟု ထင်ပါသလား။ ဤသို့ပြုခြင်းသည် စစ်မှန်သောနောင်တရခြင်း မဟုတ်ပေ။ စစ်မှန်သောနောင်တရခြင်းဆို သည်မှာ သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်သတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရရှိခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် နောင်တရခြင်းအားဖြင့်အပြစ်များမှလွတ် ငြိမ်းခြင်းရရှိ နိုင်ကြသည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် အပြစ်လုံးလုံးလျားလျားလွတ်မြောက်ခြင်းရရှိရန်အတွက် သခင် ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်သတင်းကောင်းကိုယုံ ကြည်ရကြမည် ဖြစ်သည်။
သခင်ယေရှုကို ယုံကြည်သောသူများအပေါ် "သခင်ယေရှု၏နာမ တော်အားဖြင့်"ဗတ္တိဇံခံယူရန် ပေတရုကတိုက်တွန်းထားပါသည်။ သခင် ယေရှုသည် လူသားများအားလုံး၏အပြစ်ကိုယူဆောင်သွားရန် ဗတ္တိဇံခံယူခဲ့ သည်။ သူ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင်အသေခံခြင်းသည် ယုံကြည်သူများအားသန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိိစေသော သတင်းကောင်းပြီးပြည့်စုံခြင်း ဖြစ်သည် (မဿဲ ၃း၁၅-၁၇)။ လူသားများ သည် သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသောအသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်နိုင် ပါသည်။ အတိုချုံးအားဖြင့်ဖော်ပြရလျှင် သတင်းကောင်း ကိုယုံကြည်ခြင်း အားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရရှိသောသူများသည် သန့်ရှင်း သောဝိ ညာဉ်တော်ရရှိသောသူများ ဖြစ်ကြသည်။
 
 

ဆုတောင်းခြင်းက သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ဖြစ်ပေါ်စေနိုင်သလား

 

လူတွေက ခွင့်လွတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းအ တွက် မည်မျှပင်ဆုတောင်းနေပါစေ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းနှင့်အပြစ်လွန်ခြင်းအခွင့်ဘယ်တော့မှ ရရှိနိုင်ကြမည်မဟုတ် ပေ။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ရန်အတွက် သခင်ယေ ရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့သောအ သွေးတော်အားဖြင့် ပြီးပြည့်စုံ သောသတင်းကောင်းကို ယုံကြည်ရန် မရှိ မဖြစ်လိုအပ်သည်။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ် ဆေးကြောခြင်းရရှိသောသူများအပေါ်တက်ရောက်လျက်ရှိသည်။
သတင်းကောင်းကိုယုံကြည်ခြင်းဟူသည် သခင်ယေရှုခရစ်တော်ကို စစ်မှန်သောကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ တမန် ၂း၃၈ တွင် "သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါနောင်တရ၍တစ်ယောက်မျှ မကြွင်းခရစ်တော်၏နာမ၌ဗတ္တိဇံကိုခံကြလော့။သို့ပြုလျှင် သန့်ရှင်းသောဝိ ညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကိုခံရကြလိမ့်မည်"ဟု ဖော်ပြ ထားပါသည်။ စစ်မှန်သောနောင်တအားဖြင့် ယုံကြည်ခြင်းကြောင့် အပြစ် လွတ်ခြင်းရရှိသောသူများအပေါ်မှာ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ် ခြင်းပေးအပ်သည်ဟု တမန်တော်ပေတရုက ဆိုထားပါသည်။ အပြစ်လွတ် ခြင်းအခွင့် နှင့်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိခြင်းသည် ခွဲခွါ၍ မရဒွန်တွဲလျက်ရှိသည်။
သမ္မာကျမ်းစာတွင် “ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။ အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏”(တမန် ၂း၃၈-၃၉)ဟု ဖော်ပြထားပါသည်။
သူတို့၏နှလုံးသားသန့်ရှင်းသောသူများနှင့် အပြစ်မရှိသောသူများအ ခြေအ နေသို့ရောက်ရှိမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အားသခင်ယေရှုခရစ်တော်ပေးခဲ့သောသတင်းကောင်း ကို ကျွန်ုပ်တို့ယုံ ကြည်သင့်ပါသည်။ သခင်ယေရှုခရစ်တော်ဗတ္တိဇံခံယူ စဉ်တွင် လောကအပြစ်များ အားလုံးယူဆောင်သွားခဲ့သည်ဟုပြောသော သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ငြိမ်းချမ်းသာခြင်းအ ခွင့်ရရှိခဲ့ပြီးနောက် ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်ရကြမည် ဖြစ်သည်။ သို့ပြုမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မည် ဖြစ်သည်။ လူသား များထဲတွင်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် ဘုရားသခင်၏အ လိုတော်ဖြစ်သည်။ “ဘုရားသခင်၏အလိုတော်ကား သင်တို့သန့်ရှင်းခြင်းရှိရန်ဖြစ်၏”(၁သက် ၄း၃)။
စစ်မှန်သောခွင့်လွတ်ခြင်းသည် လူတွေကြိုးပမ်းအားထုတ်မှု၊ သန့်ရှင်း စေမှုနှင့် ကောင်းမြတ်မှုအားဖြင့်ရရှိသောအရာမဟုတ်ဘဲ ဘုရားသခင်၊ သန့် ရှင်းသော သုံးပါးတစ်ဆူနှင့် ဗတ္တိဇံဆရာယောဟန်ပြည့်စုံခဲ့ပြီးသောသတင်း ကောင်းကိုယုံ ကြည်ခြင်းအားဖြင့်ရရှိသောအရာဖြစ်ပါသည်။ သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းရရှိသောသူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ဘုရားသခင်၊ သန့်ရှင်းသောသုံး ပါးတစ်ဆူတို့ကပေးအပ်ခဲ့ပြီးဖြစ်သည်။ 
ပင်တေဂုတ္တေနေ့တွင် ပေတာရုဟောပြောခဲ့သောတရားဒေသနာ တော်ကို ပရိတ်သတ်များက ကြားသိသောအခါ သူတို့၏စိတ်နှလုံးသည် ချွန်ဖြင့်ထိုးနက်မှုကို ခံစားခဲ့ကြသည်။ သူတို့သည် “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း” (တမန် ၂း၃၇)ဟု ငိုကြွေးခဲ့ကြသည်။ သူတို့သည် သူတို့စိတ်ကိုပြောင်းလဲခဲ့ကြပြီး ယခုတွင် သခင်ယေရှုကိုကယ်တင်ရှင်အ ဖြစ်လက်ခံခဲ့ကြသည်ဟု ဤအရာက ဖော်ပြခဲ့သည်။ သူတို့သည် ပေတရု ဟောပြောခဲ့သောစစ်မှန်သောနောင်တရခြင်းကို ယုံကြည်ခြင်းအားဖြင့် သူ တို့အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်။ လူသား များသည်သခင် ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင်သူသွန်း လောင်းခဲ့သော အသွေးတော်ကိုယုံကြည်မှုအပေါ်မူတည်ပြီး လူသားအားလုံးအပေါ်တွင် အ ပြစ်လွတ်ခြင်းပေးခဲ့ပါသည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းရည်ရွယ်ချက်မှာ လောကလူသားများ ၏အပြစ်များကို ယူဆောင်သွားရန်သူ့ကိုခွင့်ပြုထားခြင်းဖြစ်သည်။ ဤအ ကြောင်းကို ယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်မရှိမဖြစ်ရရှိစေ သောအခြေအနေဖြစ်သည်။ သခင်ယေရှု၏ဗတ္တိခံယူခြင်းကိုအခြေပြုသော သမ္မာတရားသတင်း ကောင်းကိုယုံကြည်သောသူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ဘုရားသခင်ကပေးထားခဲ့သည်။ “ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ် သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏” (မဿဲ ၃း၁၆)။ ပင်တေဂုတ္တေနေ့ တွင်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်းသည် သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်း၊ ကားတိုင်ပေါ်တွင်အသေခံခြင်းနှင့်ရှင်ပြန်ထ မြောက်ခြင်းသတင်း ကောင်းအားဖြင့် တမန်တော်များယုံကြည်ခြင်းနှင့်အထူးသဖြင့် ဆက်နွယ် မှုရှိသည်။
လူတွေကသခင်ယေရှု၏နာမတော်အားဖြင့် ဗတ္တိဇံခံယူခဲ့ကြပြီး သန့် ရှင်း သောဝိညာဉ်တော်ရရှိခဲ့ကြသည်ဟု တမန်တော်ဝတ္ထုထဲတွင် ဖော်ပြ ထားပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် ဘုရားသခင် ထံမှလာသောအထူးဆု ကျေးဇူးဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ် သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးရရှိနိုင်ရန်အတွက် သခင် ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူအသေခံတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောရန် လိုအပ်လျက်ရှိသည်။
တမန်တော်ဝတ္ထုထဲတွင်ဖော်ပြချက်အရ"သဘောမဖြောင့်သောဤအမျိုးမှ ကယ်တင်ခြင်းသို့ရောက်ကြလော့" (တမန် ၂း၄၀) ဟုပေတရုဟော ပြောသောတရားကို ကြားနာသောသူအားလုံးက ပေတရုတိုက်တွန်းမှုများ ကို ဂရုတစိုက်နားထောင်ကာ ဗတ္တိဇံခံယူခဲ့ကြသည်။ သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သင်ယူရသောသင် ခန်းစာမှာ ကနဦးခေတ်ကာလတွင်ရှိသောတ မန်တော်များသည် သခင်ယေရှုခရစ် တော်၏ဗတ္တိ ဇံခံယူခြင်းနှင့်ကားတိုင် တော်ပေါ်တွင် အသေခံခြင်းကိုအခြေပြု သောယုံကြည်ခြင်းအားဖြင့်သန့် ရှင်းသောဝိညာဉ်တော် ရရှိခဲ့ကြသည်။ ဤအရာသည် သန့်ရှင်းသောဝိညာဉ် တော်ရရှိရန်မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ လူတစ်ဦးသည် အပြစ် လွတ်ခြင်း အခွင့်ရရှိလိုလျှင် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင်သူသွန်းလောင်းသောအသွေးတော်ကိုယုံကြည်ခြင်းသည် အ မြဲ တမ်းဒွန်တွဲလျက်ရှိသည်။
 
 

စစ်မှန်သောနောင်တရခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော် ရရှိစေသောယုံကြည်ခြင်း

 
တမန်တော် ၃း၁၉-၂၀ ကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ “ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။ ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။” နောင်တရခြင်းကိုကျွန်ုပ်တို့သည် မည်ကဲ့သို့ အနက်ဖွင့်ရမည်နည်း။ ထိုအ ကြောင်းကို ကျွန်ုပ်တို့တဖန်စဉ်းစားကြပါစို့။”
သမ္မာကျမ်းစာထဲတွင် နောင်တရခြင်းအဓိပ္ပါယ်သည် ရွေးနှုတ်ကယ် တင်ခြင်း၌ ယုံကြည်ခြင်းကူးပြောင်းခြင်းဖြစ်သည်ဟုဖော်ပြထားပါသည်။ ထိုနေ့များတွင် လူတွေက ဘုရားသခင်ဖန်ဆင်းခဲ့သောအရာများကိုးကွယ် ခြင်းနှင့်ဆေးကြောခြင်းများကျင့်သုံးခဲ့ကြသည်။ သို့သော်လည်း သူတို့က သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်အားဖြင့်သူတို့သည် မိမိအပြစ် တရားများမှလွတ်မြောက်ခြင်းရရှိနိုင်သည်ဟု သိသောအခါ သူတို့သည် ပြောင်းလဲခဲ့ကြသည်။ ဤအရာသည် သမ္မာကျမ်းစာနှင့် ညီညွတ်သော နောင်တရခြင်းပင်ဖြစ်သည်။ စစ်မှန်သောနောင်တရခြင်းဟူသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုသို့ပြန်လှည့်ခြင်း ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ရန် မည်သည့်စစ်မှန်သောနောင်တ ရခြင်း မျိုးကိုလိုအပ်သနည်း။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကား တိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော်ကိုယုံကြည်ခြင်းမျိုး လိုအပ်သည်။ “ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။” လူတွေက ဤယုံကြည်ခြင်းရှိကြ သောအခါ သူတို့သည် အပြစ်လွတ်ခြင်းအခွင့်ရရှိပြီး သန့်ရှင်းသောဝိညာဉ် တော်ရရှိသည်။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်ကား တိုင်တော် ပေါ်တွင်သူသွန်း လောင်းခဲ့သောအသွေးတော်အားဖြင့် လောကအပြစ် များအားလုံးသန့်ရှင်း စင်ကြယ်စေခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဤသတင်းကောင်းကို ယုံကြည်က ရွေးနှုတ်ကယ်တင်ခြင်းရရှိလျက် သန့် ရှင်းသောဝိ ညာဉ် တော်ရရှိရမည် ဖြစ်ပါသည်။
သခင်ယေရှုကိုယုံကြည်ပြီးသန့်ရှင်းသောဝိညာဉ်တော်ကိမ်းဝပ်ခြင်းရရှိရန်အတွက် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူ သွန်းလောင်းခဲ့သောအသွေးတော်ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုထံ သူ တို့အပြစ်များလွှဲပြောင်းပေးရမည် ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းခံရန် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားခဲ့ကြောင်းနှင့် ကားတိုင်တော်ပေါ်တွင် အသေခံခဲ့ကြောင်း ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ်သည်။ ၄င်း သည်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိစေသော စစ်မှန်သောယုံကြည်ခြင်းနှင့် နောင်တရခြင်းပင် ဖြစ်သည်။
အပြစ်လွတ်ခြင်းအခွင့်ရရှိသောသူများအပေါ် သန့်ရှင်းသောဝိညာဉ် တော် ဆင်းသက်ခဲ့သည်။ ရွေးနှုတ်ကယ်တင်ခြင်းရရှိခဲ့ပြီးသောသူများအ ပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်ဘုရားသခင်သည် အ ဘယ်ကြောင့်ပေးအပ်ခဲ့သနည်း။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော် သည် သန့်ရှင်းပြီး သူတို့အထဲတွင်ကိန်းဝပ်လိုကြောင်းနှင့် သူတို့ကို ဘုရား သခင်၏သားသမီးများအဖြစ်တံ ဆိပ်ခတ်လိုသောကြောင့်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်။ ခမည်တော်၊သား တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်တို့သည်ဘုရားတစ်ဆူဖြစ်သည်။ သူတို့ သည် ပုဂ္ဂိုလ်သုံးပါးဖြစ်သော်လည်း သခင်ယေရှုကို ယုံကြည်သောသူများအ တွက် တူညီသောဘုရား ဖြစ်သည်။ ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ် တို့အားအပြစ်မှ ကယ်တင်ရန်စီစဉ်ခဲ့သည်။ ထိုကြောင့် သခင်ယေရှုသည် ဤလောကသို့ကြွဆင်းလာပြီး လောကအပြစ်များအားလုံးယူဆောင်သွား ရန် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့သည်။ ကားတိုင်တော်ပေါ်တွင်သေခံ ကာသုံးရက်မြောက်သောနေ့တွင်သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပြီး ကောင်း ကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သ ခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်း သောအသွေးတော်ကိုသက်သေခံခြင်းအားဖြင့် ဤအသတင်းကောင်းကို ယုံကြည်ရန် လမ်းပြသည်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကယ်တင်ခြင်းရရှိခဲ့ပြီးသောသူ များကို ဘုရားသခင်က တံဆိပ်ခတ်ခဲ့သည်။ သခင်ယေရှုသည် လောကအ ပြစ်များအားလုံးယူဆောင်သွားခဲ့သည်ဟူသောသတင်းကောင်းကို ယုံကြည် သောသူများအပေါ် ဘုရားသခင်က သန့်ရှင်းသောဝိညာဉ်တော်ပေးခဲ့သည်။ သူတို့သည် ဘုရားသခင်၏သားသမီးများအဖြစ်တံဆိပ်ခတ်ရန် ဘုရားသ ခင်က သူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ပေးခဲ့ခြင်း ဖြစ်သည်။ သတင်း ကောင်းယုံကြည်သောသူများအတွက် အပြစ်မှကယ်တင်ခြင်းရရှိသော နောက်ဆုံးသက်သေအထောက်အထားသည် သန့်ရှင်းသောဝိညာဉ်တော် ပင် ဖြစ်သည်။ 
သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများသည် ဘုရားသခင်၏သား သမီးများဖြစ်ကြသည်။ သန့်ရှင်းသေသာဝိညာဉ်တော်ရရှိသောသူများသည် အစဉ်အမြဲအသစ်ပြုပြင်ကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်၊ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသောအသွေး တော်၌ခိုင်ခံ့သောယုံကြည်ခြင်းရှိခဲ့ကြသည်။ သူတို့ သည် စစ်မှန်သောပျော်ရွှင်ခြင်း ရရှိကြသည်။ မိတ်ဆွေသည်အပြစ်နောင် တရလျက်သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကျွန်တော်အကြံပြုပါရစေ။ မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ဖြစ်စေသောသ တင်းကောင်းကိုယုံကြည်ရန်နှင့်နောင်တရရန် အဆင်သင့် ဖြစ်သလား။