Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-15] မိတ်ဆွေသည် သမ္မာတရားသိရှိသောအခါ၌သန့်ရှင်းသောဝိညာဉ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်သည် (ယောဟန် ၈း၃၁-၃၆)

မိတ်ဆွေသည် သမ္မာတရားသိရှိသောအခါ၌ သန့်ရှင်းသောဝိညာဉ်တော်နှင့် သန့်ရှင်းသ
 

(ယောဟန် ၈း၃၁-၃၆)
“ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှကျွန် မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့်‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။ ယေရှုက“သင်တို့အား ငါအမှန်အကန်ဆိုမည်။ အပြစ်ပြုသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။ ကျွန်သည် အိမ်၌ထာဝစဉ်နေထိုင်သည်မဟုတ်။ သားမူကား ထာဝစဉ်နေထိုင်၏။ ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။”
 
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်  ခြင်းရရှိရန် ကျွန်ုပ်တို့သည်အဘယ်အရာကို လုပ်ဆောင်ရမည်နည်း။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း  ကိုယုံကြည်ပြီး ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည်ဖြစ်သည်။
 
သမ္မာတရားသည် အဘယ်အရာဖြစ်သည်ကို မိတ်ဆွေသိသလား။ သ ခင်ယေရှုက "ငါသည်သမ္မာတရားဖြစ်၏" (ယောဟန်၁၄း၆) ဟုဖော်ပြထား ပါသည်။ ထိုကြောင့် သခင်ယေရှုသိကျွမ်းခြင်းသည် သမ္မာတရားသိရှိခြင်း ဖြစ်သည်။ မိတ်ဆွေသည် သတင်းကောင်းကိုယုံကြည်ခြင်းအတွက် မိတ် ဆွေတွင်ကိန်းဝပ်သောသန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေကို ကျေး ဇူးတင်သလား။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော်များသည် သတင်းကောင်းဖြစ်ပြီးမိတ် ဆွေယုံကြည်ရမည်ကို မိတ်ဆွေအသိအမှတ်ပြုသင့်သည်။
ယနေ့လူတွေက "ဒုတိယမွေးခြင်း" စကားကိုမကြခဏအသုံးပြုကြ သည်။ "လူတွေက ဒုတိယမွေးခြင်းခံသင့်သည်။ နိုင်ငံရေးသည်လည်း ဒုတိ ယမွေးခြင်းခံသင့်သည်။ ဘာသာတရားသည် ဒုတိယမွေးခြင်းခံသင့်သည်။ "သူတို့က စကားစုကို "တိုးတက်ကောင်းမွန်ခြင်း" အဖြစ်အသုံးပြုထား သည်။ သို့သော် ဒုတိယမွေးခြင်းခံယူခြင်းသည် ဇာတိအသွေးအသားတိုး တက်ကောင်းမွန်လာခြင်း မဟုတ်ပေ။ ဒုတိယမွေးဖွါးခြင်းခံယူခြင်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုကြားနာယုံကြည်ခြင်းအားဖြင့် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခြင်းကို ဆိုလိုသည်။
 
 

ဒုတိယမွေးခြင်းဖြစ်စေသောသမ္မာတရားစကားများသည် အဘယ်အရာများဖြစ်ကြသနည်း

 
လူသားများသည် အဘယ်ကြောင့် ဒုတိယမွေးခြင်းခံရမည်နည်း။ လူ သားသည် မပြည့်စုံသောသူဖြစ်သောကြောင့် ဘုရားသခင်၏သားသမီးများ အဖြစ်ဒုတိယ မွေးဖွါးခြင်းခံယူရန် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိရမည် ဖြစ်သည်။ မြောက်များစွာသောလူတို့သည် သခင်ယေရှုကိုယုံ ကြည်ခဲ့ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရရှိကြ သည်ကို ကျွန်ုပ်တို့တွေ့ရှိသည်။ နိကောဒင်သည် ယုဒလူမျိုးအရာရှိတစ်ဦး ဖြစ်သည်။ ယောဟန် အခန်းကြီး ၃ တွင် ရှိသော နိကောဒင်သည် ဘုရားသ ခင်ပေးထားခဲ့သော ပညတ်တော်စောင့်ထိန်းရန် ကြိုးပမ်းသောယုဒလူမျိုး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။သို့သော် သူသည် ဘာသာရေး ဦးဆောင်သူ တစ်ဦးဖြစ်ခဲ့သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ဂရုမ စိုက်ခဲ့ပေ။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ရန်အတွက် ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့ယုံကြည်ကြပြီး၊ ယုံ ကြည်ခြင်းအားဖြင့်အသက်ရှင်ရကြမည်ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတ ရားဖြစ်သော ရေနှင့် ဝိညာဉ်တော်သတင်းကောင်းစကားကို ယုံကြည်ခြင်း ယုံကြည်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်သည်။ သခင်ယေရှုက “လောကနှင့်ဆိုင်သောအရာများကို သင်တို့အား ငါပြော၍ သင်တို့မယုံကြည်ကြလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့သည် မည်သို့ယုံကြည်ကြမည်နည်း” (ယောဟန် ၃း၁၂) ဟု ဖော်ပြထားပါသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အောက်ပါအတိုင်း ဖြစ် သည်။ သခင်ယေရှုသည် ဤလောကတွင် မွေးဖွါးခြင်းခံခဲ့သည်။ အသက် ၃၀ ရှိသောအခါ သူသည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့သည်။ သုံးနှစ် ကြာခဲ့ပြီးနောက် အသေခံခဲ့သည်။ သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရားများမှလွတ်မြောက်ခြင်းရရှိခဲ့ကြ သည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူပြီး၊ သေခြင်းမှရှင် ပြန်ထမြောက်ခဲ့သည်ဟုယုံကြည်သောသူများအတွက် ကယ်တင်ရှင်ဖြစ် လာခဲ့သည်။ သူက ဤသတင်းကောင်းကိုယုံကြည် သောသူများအပေါ် အ ပြစ်လွတ်ခြင်းအခွင့်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းပေးခဲ့ သည်။
သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့် မိမိနှလုံးသား၌အပြစ်ရှိသောသူများသည် အပြစ်လွတ်ခြင်းအခွင်ရ ရှိရမည်ဖြစ်သည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် လူသည် မိမိကိုယ်ကို အပြစ်ဝန်ချခြင်းမပြုနိုင်ပေ။ လူတွေကသခင်ယေရှုကို မိမိကယ်တင်ရှင်အ ဖြစ် လက်ခံခြင်းအားဖြင့် ကယ်တင်ရရှိနိုင်သည်။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအားဖြင့်လောကလူ သားများအပြစ် အားလုံးကို သခင်ယေရှု ကယူဆောင်သွားခဲ့ပြီးဖြစ်သည်။ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို နားထောင်ယုံကြည်ခြင်းအားဖြင့် အပြစ်သားများအားလုံးသည် ကယ်တင် ခြင်းရရှိနိုင်ကြသည်။ ဤသတင်းကောင်းကို ယုံကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့်ကောင်းချီးခံ စားကြသည်။
“မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်းထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်”(ယောဟန် ၃း၁၄)။ ဓမ္မဟောင်းကျမ်းထဲတွင် ဣသ ရေလလူများသည်အပြစ်ကျူးလွန်ခဲ့ကြသော်လည်း တောထဲတွင် ကြေး မြွေကိုမြောက် ထားကာသေစေခြင်းအားဖြင့်၊ ထိုမြွေကိုကြည့်ခြင်း အားဖြင့် များစွာသောဣသရေလလူ မျိုးများသည် အသက်ချမ်းသာရကြ သည်။
ထိုနည်းတူ၊ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ကို ရရှိခဲ့ကြသည်။ သတင်းကောင်းကိုယုံကြည်သောသူများအပေါ်သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို သခင်ယေရှုကပေးအပ်ခဲ့သည်။ စာတန် သည် ရေနှင့် ဝိညာဉ် တော်သတင်းကောင်းမသိရန် ကျွန်ုပ်တို့အားပိတ်ပင် တားဆီးကာ သမ္မာတ ရားနှင့်ဆိုင်သောဝိညာဉ်တော်သို့ပြန်မလှည့်နိုင်ရန် သူသည် ပိတ်ပင်တားဆီးသည်။ သို့သော် ဘုရားသခင်သည်သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေး တော်ကိုယုံကြည်ခြင်း အားဖြင့် အပြစ်ခွင့် လွတ်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းနှင့်အတူ ကျွန်ုပ်တို့ အားကောင်းချီးပေးခဲ့သည်။
မိတ်ဆွေသည် ဤသတင်းကောင်းကိုယုံကြည်လျှင် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ပါသည်။ ဤသတင်းကောင်းသည် ဘုရား သခင်ရှေ့တော် မှောက်တွင်မှန်ကန်သည်ဟု မိတ်ဆွေအသိအမှတ်ပြုသ လား။ ဤစစ်မှန်သောသ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် မိတ်ဆွေ သည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိနိုင်မည်ဟု ယုံကြည် သလား။
ကျွန်ုပ်တို့အပြစ်မှ ကယ်တင်ခြင်းဖြစ်စေသောသမ္မာတရားကို သိရှိရန် ဘုရားသခင်သည် ကျွန်ုပ်တို့အားမိန့်တော်မူခဲ့သည်။ "သမ္မာတရားကိုလည်း သိသဖြင့် ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်" (ယောဟန် ၈း၃၂)။ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့် ကျွန်ုပ်တို့အားကယ်တင် ကာကောင်းချီးချပေးခဲ့သော သတင်းကောင်းသမ္မာတရားကို မိတ်ဆွေသိရှိ သလား။ ဤသတင်းကောင်းကိုမိတ်ဆွေ လက်ခံလျှင် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်း မုချအမှန်ရရှိပါလိမ့်မည်။