Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-16] သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီးသောသူ များ၏သာသနာလုပ်ငန်း (ဟေရှာယ ၆၁း၁-၁၁)

သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီးသောသူ များ၏သာသနာလုပ်ငန်း
(ဟေရှာယ ၆၁း၁-၁၁)
“ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟော ပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့် မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။ သူတို့သည် ရှေးပြိုပျက်ရာတို့ကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ ယခင်က လူသူကင်း မဲ့သောအရပ်တို့ကို ပြန်လည်ထူထောင်ကြလိမ့်မည်။ မျိုးဆက်အဆက် ဆက်လူသူကင်းမဲ့၍ ပြိုပျက်နေသောမြို့တို့ကို ပြုပြင်ကြလိမ့်မည်။ သူစိမ်းတို့သည် သင်တို့ကို ခစား၍ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တိုင်းတစ်ပါးသားတို့သည် သင်တို့၏လယ်လုပ်သားများ၊ စပျစ်ခြံလုပ်သားများဖြစ်ကြလိမ့်မည်။ သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ် ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။ အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ် သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် လူမျိုးခြားတို့တွင် ကျော်ကြားလိမ့်မည်။ သူတို့၏သားမြေးတို့သည် လူမျိုးတကာတို့တွင် ကျော်ကြားလိမ့်မည်။ သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထာဝရဘုရားကောင်းချီးကိုခံစားရသောအမျိုးအနွယ်ဟု အသိအမှတ်ပြုကြလိမ့်မည်။ ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ် တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရား ရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။”
 
သန့်ရှင်းသောဝိညာဉ်တော်ရရှိသော  သူများ၏သာသနာလုပ်ငန်းသည်  အဘယ်အရာ ဖြစ်သနည်း
၄င်းသည် လူသားအားလုံးများအပေါ်  ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို  ဟောပြော ခြင်းဖြစ်သည်
 
သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသောသူများသည် အ ဘယ်အရာကို ပြုလုပ်သင့်သနည်း။ သူတို့သည် လူသားအားလုံးများထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောသင့်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများအပေါ် ရေနှင့်ဝိညာဉ်တော်ဒုတိ ယမွေးခြင်းသတင်းကောင်းကို ဘုရားသခင်က ယုံကြည်အပ်နှံထားခဲ့သည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင် အပြစ်လွတ်ခြင်းခံရသောသူများက သန့်ရှင်းသောဝိညာဉ်တော်ရရှိကြသည်။ ထိုသူတို့အပေါ် ဘုရားသခင်သည် အဘယ်အကြောင့်သန့်ရှင်းသောဝိညာဉ်တော်ပေး အပ်ခဲ့သနည်း။
ဘုရားသခင်က သူတို့အားသူ၏သားသမီးများအဖြစ်နောက်ဆုံးအာမ ခံပေးရန် သူတို့အပေါ်သန့်ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ပေး အပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်က သူတို့အား စာတန်မာရ်နတ်ကို အောင်မြင်ရန်ကူညီ ပေးသည်။အပြစ်လွတ်ခြင်းခံရပြီးသန့်ရှင်းသော ဝိ ညာဉ်တော်ကိန်းဝပ်ခြင်းခံရ သောသူများကို ဘုရားသခင်သည်အောက်ပါ အတိုင်းလုပ်ဆောင်စေသည်။
 
 

ဆင်းရဲသောသူများအပေါ် ဝမ်းမြောက်စရာသတင်းကောင်းဝေငှစေသည်

 
ဆင်းရဲသားများအတွက် ဝမ်းမြောက်ဘွယ်ရာ သတင်းကောင်းသည် အဘယ်အရာ ဖြစ်သနည်း။ ၄င်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ပင်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများ သည် ဆင်းရဲသားများအပေါ် သတင်းကောင်းဟောပြောရန် ဘုရားသခင်က အမိန့်ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ပြီးသောသူများသည် ကောင်းကင်နိုင်ငံတော်ကိုမြော်လင့်သောသူများဖြစ်ကြသောကြောင့် သူတို့ သည် လောကီအရာများစိတ်စွဲလမ်းခြင်း မရှိကြပေ။
ဘုရားသခင်သည် ဆင်းရဲသားများအပေါ်ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းကိုပေးခဲ့ကာ သူတို့အပြစ်များကို လွတ်မြောက်ခဲ့သည်။ ထိုနောက် ဘုရား သခင်ကသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းပေးခဲ့ ကာ ထာဝရနိုင်ငံတော်သို့ဝင်ရောက်ခွင့်ပေးခဲ့သည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူများထံရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ဆင်းရဲ သားများအပေါ်ဟောပြောရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်သည် သူတို့ အား ဘုရားသခင်နှင့်သခင်ယေရှုကို ယုံကြည်ခြင်းပျံ့နှံ့စေရန် သွေးဆောင် ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပေး ထားသောအကြောင်းမှာ လောကတွင်ရှိသော ဆင်းရဲသားများထံ သတင်း ကောင်းကို ကြွယ်ဝစွာဟောပြောရန်အတွက် ဖြစ်သည်။
 
 

နှလုံးကြေကွဲသောသူများအနာငြိမ်းစေရန်ဘုရားသခင်က ကျွန်ုပ်တို့အား စေလွတ်သည်

 
ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်နှလုံးသားကို မည်ကဲ့သို့ကျန်းမာစေ သနည်း။ သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဖြင့် စိတ်နှလုံးကြေမွ သောသူ များကိုကျန်းမာစေသည်။ စိတ်နှလုံးသားကြေကွဲသောသူများစွာရှိ သည်။ သူတို့အတွက် ဘဝသည် တန်ဖိုးမရှိပေ။ သူတို့၏ကိုယ်ပိုင်ဖြောင့် မတ်ခြင်းသည် ချို့တဲ့သောအရာဖြစ်သည်။ သူတို့အပြစ်တရားများကြောင့် သူတို့သည်နှိမ့်ချခြင်းခံကြကာ နာကျင်မှုခံစားခဲ့ကြသည်။ ထိုကြောင့် သူတို့ သည် ဘဝနှင့်ပတ်သက်သော သံသယဝင်ခြင်းအားဖြင့် မကြာခဏစိတ် ပျက်ဝမ်းနည်းခြင်းကို ခံစားကြသည်။ လူသားအားလုံးက ကျေးဇူးတော်နှင့် ပြည့်ဝစွာအသက်ရှင်လိုကြပြီး၊ သူတို့ခန္ဓာ၊ စိတ်များ၌ ကြွယ်ဝချမ်းသာချင် ကြသည်။ သို့သော်လူများက သူတို့ပိုင်ဆိုင်သော အရာများဖော်ထွင်း ခိုးယူ ခဲ့သောကြောင့် ထိုသို့သော်ပျော်ရွှင်မှုများလွယ်လင့်တကူ မဖြစ်ပေါ်လာနိုင် ပေ။
ထိုနည်းတူ၊ သူတို့နှလုံးသား၌အပြစ်ရှိသောသူများသည် သူတို့၏ ဖြောင့်မတ်မှုများလုယူဖျက်ဆီးခြင်းခံခဲ့ရကြသည်။ နောက်ဆုံးတွင်သူတို့ သည်မိမိအပြစ်တရားကြောင့်ငရဲမီးအိုင်သို့သွားကြသည်။ ထိုကြောင့် ဘုရား သခင်သည် စိတ်နှလုံးကြေမွသောသူများကိုသနားပြီး သူတို့အပေါ်ကယ် တင်ခြင်းသတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့အားမိန့်တော်မူခြင်းပင် ဖြစ်သည်။ ဘုရားသခင်က သူတို့ကို မည်သည့် စကားများအားဖြင့်ကျန်းမာ စေသနည်း။ သူက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကျန်းမာ စေခဲ့သည်။ ဘုရားသခ
င်ကသူတို့ အနာကိုငြိမ်းစေပြီး ထာဝရအသက်ပေးခဲ့ သည်။
 


အပြစ်တရား၌ချုပ်နှောင်ခြင်းခံသောသူများအပေါ် လွတ်ခြင်းဟောပြောသည်

 
ဘုရားသခင်သည် ချုပ်နှောင်ခြင်းခံသောသူများကို လွတ်မြောက်ခြင်း အခွင့်ပေးခဲ့သည်။ ဤအရာမည် အဘယ်အရာကိုဆိုလိုသနည်း။ ဘုရားသ ခင်သည် လူသားများ၏ဝိညာဉ်များကို လောကအပြစ်တရားများမှ လွတ် မြောက်စေခဲ့သည်ကိုဆိုလိုသည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ပြီး သောသူများအပေါ် ဤသာသနာလုပ်ငန်းကို ဘုရားသခင်ကပေးခဲ့သည်။ သူတို့သည်အခြားသူများကို သူတို့အပြစ်များမှ လွတ်မြောက်စေနိုင်ခဲ့သည်။
လူသားများမှာ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ရှိသည်။ ထိုခန္ဓာနှင့်စိတ်တို့သည် အပြစ်တရား၏ကျိန်ခြင်းနှင့်ဥပဒေ၏ချည်နှောင်ခြင်းအောက်တွင်အသက်ရှင်ကြသည်။ သူသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည် သည်ဖြစ်စေ သူမှာအပြစ်တရား၏ ချည်နှောင်ခြင်းမှလွဲပြီး အခြားလုပ် ဆောင်စရာတစ်ခုမျှ မရှိပေ။ အပြစ်တရားအားဖြင့်မွေးဖွါးခြင်းခံခဲ့သော ကြောင့် အပြစ်ပြုခြင်းကလွဲ၍အခြားကူညီနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ထိုကြောင့်သူသည် သူ၏ဘဝတလျှောက် အပြစ်တရား၏ချည်နှောင်မှုဖြင့် အသက်ရှင်သည်။ သူသည် ဤနည်းလမ်းအားဖြင့်အသက်ရှင်သောကြောင့် ခရီးအဆုံးတွင်ပျက်ဆိးခြင်းအကြောင်းဖန်လာပါသည်။
ထိုကြောင့် သူသည် ဤသို့သောအခြေအနေသို့ပို့ဆောင်ခြင်းခံသော ခွန်အားချည့်နည်းသူဖြစ်ကာ မိမိကိုယ်ကို သနားခြင်းအားဖြင့်အသက်ရှင် စဉ်တွင် ဤဆိုးသွမ်းသောဘဝမျိုးကို မလွှဲမရှောင်နိုင်ဘဲအသက်ရှင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် အပြစ်တရား၌နစ်မွန်းနေသာများ၊ အပြစ်ပြု ခြင်းကလွှဲပြီးအခြားလုပ် ဆောင်စရာမသိသောသူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်ခဲ့သည်။ သို့မှသာလျှင် သူတို့သည် အပြစ်တရားချည် နှောင်ခြင်းခံသောသူများအပေါ် သတင်းကောင်း ဟောပြောရန်နိုင်မည် ဖြစ်ပြီး ချည်နှောင်ခြင်းခံသောသူများသည် သူတို့အပြစ်များမှ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိစေမည်ဖြစ်ပါသည်။
 
 
ဘုရားသခင်သည်ညည်တွားသောသူများကိုနှစ်သိမ့်သည်
 
ဘုရားသခင်က စိတ်မသာညည်းတွားသောသူများအားအဘယ်အရာ ကို ပေးသနည်း။ ဘုရားသခင်သည် စိတ်မသာညည်းတွားသောသူများအား ခွင့်လွတ်ခြင်းသတင်းကောင်းကိုပေးခြင်းအားဖြင့် လူသားအားလုံးကိုနှစ် သိမ့်ပေးသည်။ လူသားများအပြစ်ကိုခွင့်လွှတ်ရန် ဘုရားသခင်သည် သခင် ယေရှုအားဤလောက သို့စေလွှတ်ခဲ့သည်။ လောကအပြစ်များအားလုံးသူ့ အပေါ်သို့လွှဲပြောင်းပေးနိုင်ရန်အတွက် သူသည် ယောဟန်အားဖြင့်ဗတ္တိဇံခံ ယူပြီး ကားတိုင်ပေါ်တွင်အသေခံခဲ့သည်။ ဤနည်းလမ်းအားဖြင့် ကျွန်ုပ်တို့ သည်မိမိအပြစ်များမှသန့်ရှင်းစင်ကြယ်စေခြင်း ဖြစ်ပါသည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား လောကအပြစ် များအားလုံးမှ ကယ်တင် ခဲ့ခြင်းဖြစ်သည်။ 
ဘုရားသခင်သည် စိတ်မသာညည်းတွားသောသူများအား ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ပြောကြားခြင်းအားဖြင့်နှစ်သိမ့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ပြည့်စုံခြင်းမရှိသော ယုံကြည်ခြင်းဒုက္ခခံစားနေ သောသူများကို သူက ကောင်းချီးပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိ ခဲ့ပြီးသောသူများအား ဤသတင်းကောင်းဟောပြောရန်၊ စိတ်နှလုံးကြေကွဲ သောသူများ အနာငြိမ်းစေရန်နှင့် အပြစ်တရားချည်နှောင်ခြင်းမှလွတ် မြောက်ရန် ဘုရားသခင်ကလမ်းပြပို့ ဆောင်ပေးပါသည်။
ဤလောကတွင် ကျွန်ုပ်တို့တည်ရှိခြင်း၏ရည်ရွယ်ချက်မှာ ဘုရားသ ခင်၏ ခွင့်လွှတ်ခြင်းရရှိရန်နှင့် အပြစ်တရားချည်နှောင်ခြင်းခံရသောသူများ နှင့်အပြစ်မှ လွတ်မြောက်ရန်ခွန်အားပေးခြင်းလိုအပ်သောသူများအပေါ် သ တင်းကောင်းဟော ပြောရန်အတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့အသက်တာ သည် တိုတောင်းသော်လည်း တန်ခိုးမဲ့သောအရာမဟုတ်ပေဟု ဘုရားသ ခင်က ကျွန်ုပ်တို့အားပြောသည်။ ထိုကြောင့်ဘုရားသခင်သည် အပြစ်လွတ် ငြိမ်ခြင်းကိုပြင်ဆင်ပေးခဲ့ပြီးဖြစ်ကာ လူသားများအတွက် အလွန်ကောင်း သောကောင်းချီးမင်္ဂလာသည် ဤအချက်၏သက်သေပင်ဖြစ်သည်။
ဘုရားသခင်သည် စိတ်မသာညည်းတွားသောသူများအား ဘုန်းသရဖူ အားဖြင့်နှစ်သိမ့်အားပေးခဲ့သည်။ ဤအရာဖော်ပြလိုသောအရာမှာ အပြစ် သားများသည် အပြစ်များမှခွင့်လွတ်ခြင်းရရှိခြင်းပင် ဖြစ်သည်။ သခင်ယေ ရှု၏ဗတ္တိဇံခံယူ ခြင်းအတွက်ကျေးဇူးတင်လိုက်ပါ။ ထိုကြောင့်အပြစ်သား များသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ကြခြင်းပင်ဖြစ်သည်။ လူ တစ်ဦးသည် သူတို့အပြစ်ကို ခွင့်လွတ်ခြင်းရရှိလျှင် သူ၏စိတ်ထဲတွင် အ သစ်ပြုပြင်ခြင်းခံစားပြီး၊ဤအံ့သြဖွယ် ကောင်း သောကောင်းချီးမင်္ဂလာများ အလိုအလျောက်လာပါသည်။ ဘုရားသခင်သည် ထိုသူတို့ကို ဘုန်းသရဖူ ဆောင်းစေသည်။ ဘုရားသခင်သည် အပြစ်သားများအား ရေနှင့်ဝိညာဉ် တော်သတင်းကောင်းပေးခဲ့ပြီး၊ ၄င်းကိုယုံကြည်သောသူများသည် သူ၏ သားသမီးများဖြစ်စေခဲ့သည်။ ဤသတင်းကောင်းကိုယုံကြည်သောသူ များသည် ဝမ်းနည်စေမည့်အစားဝမ်းမြောက်မှုကိုပေးခဲ့သည်။
လူသားအားလုံးသည် ငိုကြွေးမှုဖြင့်မွေးဖွါးကြကာသေဆုံးကြသည်။ ပျော် ရွှင်ခြင်းသည် ခေတ္တခဏအတွက်သာဖြစ်သည်။ သူတို့စိတ်နှလုံးသည် ဝမ်းနည်းမှုများဖြင့် ပြည့်ဝသည်။ သို့သော်လည်း ဘုရားသခင်သည် သူတို့ ကိုတွေ့ခဲ့ပြီး၊ မြော်လင့်ခြင်းနှင့်စိတ်ဓါတ်တက်ကြွခြင်းအားဖြင့် သူတို့ကို ဒုတိယမွေးဖွါးခြင်းပေးခဲ့သည်။ ထိုနည်းတူသတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့်ဒုတိယမွေးဖွားခြင်း ခံသောသူများသည် အသစ်သောအသက် တာဖြင့်အသက်ရှင်ပြီးအသစ်သောလုပ်ငန်းလုပ်ဆောင်ကြသည်။ ထိုပြင် သူတို့သည် ဘုရားသခင်အလိုတော်ရှိသောလုပ်ငန်းများလုပ်ကိုင်ကြသည်။ ဘုရားသခင်အလိုရှိသောလုပ်ငန်းမှာ ရေနှင့်ဝိညာဉ် တော်သတင်းကောင်း ကို အပြစ်သားများအားလုံးထံဟောပြောခြင်းပင်ဖြစ်သည်။ သူတို့စိတ်နှလုံး သားများထဲမှ ဝမ်းနည်းမှုများမောင်းထုတ်ကာ ဝမ်းမြောက်ပျော်ရွှင် ခြင်း အားဖြင့်အစားထိုး ဖြင့်အားဖြင့်ပျော်ရွှင်မှုကိုပေးသည်။
ဘုရားသခင်၏ခွင့်လွတ်ခြင်းခံရသောသူများက ဘုရားသခင်ကိုချီးမွမ်း သည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူများအားသတင်းကောင်း ဟောပြော ရန်မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် မည်သူဖြစ်သည်ကို ၄င်း၊ သူပေးခဲ့သောသတင်းကောင်းသည်အဘယ်အရာဖြစ်သည်ကို၄င်း၊ ကျွန်ုပ်တို့အတွက် သူပြင်ဆင် ပေးထားခဲ့သောကောင်းကင်နိုင်ငံတော်သည် မည်သို့လှပသည်ကို၄င်း၊ ဟောပြောရန် ဖြောင့်မတ်သူများကိုစေလွှတ် ခဲ့သည်။ ဘုရားသခင်ခွင့်လွှတ်သောသူများတွင် ဘုရားသခင်၏ဘုန်းတော် ကို ကျွန်ုပ်တို့မြင်တွေ့နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်း မရှိမီသူတို့အသက်တာအတွက်စိတ် မသာညည်းတွားသောသူများ ယခုဝမ်း မြောက်မှုကို ခံစားကြသည်။ အပြစ်တရားချည်နှောင်ခြင်းခံရသော သူများ ကို ယခုတွင် လွတ်မြောက်ခြင်းခံစားခဲ့သည်။ တန်ဖိုးမဲ့သောအသက်တာ အား ဖြင့်အသက်ရှင် သောသူများသည် ယခုတွင်ဖြောင့်မတ်ခြင်းအသက် တာအားဖြင့် အသက်ရှင်နိုင်ကြသည်။ ဤအရာများအားလုံးက ဘုရားသ ခင်၏ဘုန်းတော်ကို ထင်ရှားစေသည်။ ဖြောင့်မတ်သောသူများသည် ပျက် စီးသောအဟောင်းကို ပြန်လည်ပြုပြင်ခြင်း၊ စိန်ပျက်ဖွယ်ကောင်းသော ဘဝဟောင်းကိုပြုပြင်ခြင်း၊ ပျက်စီးသောမြို့များကိုပြုပြင် ခြင်းဖြစ်သည်ဟု ဘုရားသခင်က ပြဌာန်းထားပါသည်။
တကယ်တန်းကျတော့ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကန ဦးခေတ်ကာလတွင် တမန်တော်များဟောပြောသော သတင်းကောင်းဖြစ် သည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ခန့်တွင် သခင်ယေရှုသည် ဤလောကသို့ စေလွှတ်ခြင်း ခံခဲ့ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို အေဒီ ၃၀ဝ အထိတိုင်အောင် ဤလောက၌ ဟောပြောသည်။ ယနေ့ဖြောင့်မတ် သောသူများဟောပြောသော သတင်းကောင်းသည် ထိုအချိန်တွင် တမန် တော်များဟောပြောခဲ့ကြသော သတင်းကောင်းပင်ဖြစ်သည်။ သို့သော် လည်း ရာစု၄ ခုနှစ်ရောမအင်ပါယာ ခေတ်တွင်ရောမများက ခရစ်ယာန် ဘာသာသည် ကိုးကွယ်သည့်ဘာသာတစ်ခုနှင့် လွတ်လပ်သောဘာသာရေး အဖြစ်လွတ်လပ်ခွင့်ပေးသောအခါ သခင်ယေရှု၏ဗတ္တိ ဇံခံယူခြင်းသတင်း သည် အရည်ပျော်သွားကာ တဖြည်းဖြည်းရွေ့လျော့ပျောက် ကွယ်သွားခဲ့ သည်။ ဤအချိန်မှစပြီး ခရစ်ယာန်ဘာသာသည် ပို၍အောင်မြင်သော ဘာ သာတရား တစ်ခုအဖြစ်တည်ထောင်ခဲ့ပြီး လူတွေဟောပြောသောသတင်း ကောင်းသည် ပျောက်ကွယ်သွားခဲ့သည်။
စစ်မှန်သောခရစ်ယာန်ဘာသာ ယုံကြည်ဟောပြောသောသူများ၏ယုံ ကြည်ခြင်းနှင့်စစ်မှန်သောသတင်းကောင်းသည် အဘယ်ကြောင့်ပြောင်း လဲသွားခဲ့သနည်း။ ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာတွင် ကိုးကွယ် သည့်ဘာသာ တစ်ခုဖြစ်လာသောအခါ ခရစ်ယာန်များသည်တားဆီးပိတ် ဆို့မှုများမှလွတ် မြောက်ခဲ့ကြပြီး ရောမအင်ပါယာနိုင်ငံသားများကဲ့သို့အခွင့် အရေးကို မျှဝေခံစားခဲ့ကြသည်။ ခရစ်ယာန်များသည် ရောမနိုင်ငံသား များနှင့်အိမ်ထောင်ပြုနိုင်ပြီး၊ နိုင်ငံတာဝန်ကိုလည်းမျှဝေ လုပ်ဆောင်ခွင့်ရရှိ ခဲ့ကြသည်။ ဤအခွင့်အရေးကြောင့် သူတို့၏ယုံကြည်ခြင်းသည် ရှင်ပြန်ထ မြောက်ခြင်းယုံကြည်ခြင်းမှ ရိုးရိုးသာမန်ဘာသာရေးအဖြစ်သို့ အနှစ်သာရ လျော့နည်းခဲ့သည်။ ထိုအချိန်မှစပြီး ရေနှင့်ဝိညာဉ် တော်သတင်းကောင်း သည် ပျောက်ကွယ်သွားခဲ့ပြီး၊ လောကနှင့်ဆိုင်သောခရစ် ယာန်ဘာသာ သည် စတင်ကြီးထွားလာခဲ့သည်။
ဘုရားသခင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းကပျက်စီး သွားခဲ့သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သူပြန်လာသည့်အချိန် ထိဟောပြောရန် ကျွန်ုပ်တို့ကို မိန့်တော်မူခဲ့သည်။ သို့မှသာ လူသားများကို အပြစ်တရားမှ ကယ်တင်နိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် တမန်တော် များခေတ်ကာလတွင် ဟောပြောခဲ့သောရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ရှင်သန်စေမည်ဖြစ်သည်။ တမန်တော်များဟောပြောခဲ့သောသ တင်းကောင်းသည် သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့သောအသွေးတော်အကြောင်းပင် ဖြစ်သည်။ ဘုရားသခင် က ကျွန်ုပ်တို့အားပျက်စီးနေသော မြို့များကိုပြုပြင်ရန် ခေါ်ဖိတ်ခဲ့သည်။ ဘု ရားသခင်က ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသင်ယူ ယုံကြည်စေခဲ့ပြီး၊ သူ၏ဥယျာဉ်တွင်အလုပ်လုပ်သောသူများဖြစ်စေခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အားတမန်တော်များအားဖြင့်ပြုခဲ့သော သာသာနာလုပ်ငန်းလုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်သည် မိတ်ဆွေနှင့် ကျွန်ုပ်တို့အားရေနှင့်ဝိညာဉ်တော်သတင်းကောင်းမူရင်းကို ဟောပြောစေခဲ့သည်။ "ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့သည် ဝမ်းမြောက်စရာ သတင်းကောင်းကိုဟောပြောစေရန် ဖြစ်ပါသည်။" ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများအား သတင်းကောင်းဟော ပြောစေခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပန်းသရဖူကိုဆောင်းပေးခဲ့သည်။ ဝမ်းနည်းမှုများကို ဖယ်ရှားပေးခဲ့သည်။ ကျွန်ုပ်တို့ထဲတွင် စိတ်လှုံ့ဆော်မှု ပေးခြင်းအားဖြင့် ချီးမွမ်းခြင်းဝတ်လုံဖြင့်လွှမ်းခြုံပေးခဲ့သည်။ သူတို့နှလုံး သားများ၌ သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများသည် အခြားသူများ က ဘုရားသခင်ကို၏လက်ခံရန် ဤသတင်းကောင်းမျိုးစေ့ကို ကြဲကြ သည်။ သို့မှသာ သူတို့သည် ဘုရားသခင်ပေးခဲ့သောသတင်းကောင်းကို လက်ခံကာ ခွင့်လွတ်ခြင်းရရှိလျက် နောက်၏ဆုံးတွင် သန့်ရှင်းသောဝိ ညာဉ်တော်ရရှိကြသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော်လုပ်ဆောင်သောသူများဖြစ် ကြသည်။ မိတ်ဆွေနှင့်ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်၏ဘုန်း တော်ဖြင့် ကောင်းချီးခံစားသောသူများဖြစ်ကြသည်။ သို့သော်လည်း ဘု ရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်မရသောသူများကို မျက်စိကန်း စေသည်။ ထိုကြောင့် သူတို့သည် ဤသတင်းကောင်းကိုမမြင်နိုင်၊ မသိနိုင် ကြပေ။ သူတို့သည် အခြားသူများအား သခင်ယေရှုကို ရိုးရိုးလေးဖြင့်ယုံ ကြည်စေနိုင်ကြသော်လည်း သန်ရှင်းသော ဝိညာဉ်တော်ကို ဘယ်တော့မှ မရရှိနိုင်ကြပေ။
ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများအားဖြင့် အောက်ပါအတိုင်းပြုလုပ်ခဲ့သည်။ သူသည် ဆင်းရဲသားများထံ သတင်း ကောင်းကိုဟောပြောစေပြီးရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် စိတ် နှလုံးကြေမွသောသူများကို ကျန်းမာစေခဲ့သည်။ ဘုရားသခင်သည် အပြစ်ချည်နှောင်ခြင်းခံ သောသူများထံ ကယ်တင်ခြင်းနှင့်ပတ်သက်သော လွတ်မြောက်ခြင်းကိုပေးအပ်ခဲ့ပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ဖြင့် စိတ်မသာညည်းတွားသောသူ များအားနှစ်သိမ့်ခဲ့သည်။ သူသည် သူ တို့အားနည်းချက်ကြောင့် အပြစ်တရား၌ ချည်နှောင်ခြင်းခံသောသူများ လွတ်မြောက်စေခဲ့ပြီး၊ သူတို့ကို ပျော်ရွှင်ခြင်းနှင့်မြော်လင့်ခြင်းပေးခဲ့ကာ ကောင်းကင်နိုင်ငံတော်သို့ချီဆောင်ခဲ့သည်။
ဤသို့အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိသော ကျွန် တော်များသည် လူမျိုးအားလုံးအပေါ်ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကိုဟော ပြောစေခဲ့သည်။ အပြစ်လွတ်ခြင်းခံရသောသူများနှင့်သန့်ရှင်း သောဝိညာဉ်တော်ရရှိသောသူများသည် အပြစ်များကို သူတို့အပြစ်များမှ ကယ်တင်ရန် သခင်ယေရှုက မိန့်တော်မူခဲ့သည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် ဘုရားသခင်အစီအစဉ်အတိုင်း လုပ်ဆောင်ရန် ဘုရားသခင်က သူတို့ကိုတန်ခိုးပေးခဲ့သည်။ ဘုရားသခင် သည် ဖြောင့်မတ်သောသူများအား သူ၏အမှုတော်ဆောင်စေခဲ့သည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏အမှုတော်ဆောင်များဖြစ်ကြသသည်။ ဘုရား သခင်၏အသင်းတော်၊ သူတို့စပျစ်ဥယျာဉ်တွင်ဘဏ္ဍစိုးများအဖြစ်ကျွန်ုပ်တို့ ကို တာဝန်ခန့်အပ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အစေခံကျွန်များ ဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤအလွန်ကောင်းသော ကောင်းချီးမင်္ဂလာကိုပေးခဲ့သည်။
ကျွန်ုပ်တို့သည် မိမိအသွေးအသားကိုကြည့်သောအခါ ခွန်အားချည့် နည်းနေကြသည်ကို သိရှိကြသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ် တို့အထဲတွင် အလုပ်လုပ်သောကြောင့် ကျွန်ုပ်တို့သည်သူ့ကိုယုံကြည်နိုင် ကြပြီး၊ ယုံကြည်ခြင်းအားဖြင့်သူ၏အစေခံကျွန်များဖြစ်လာခဲ့ကြသည်။ ဘု ရားသခင်သည် ကျွန်ုပ်တို့ အားဖြင့်ကြီးမားသောအမှုပြုခဲ့ပြီး၊ ကျွန်ုပ်တို့အ ပေါ်သူ၏အုပ်စိုးခြင်းကိုနေရာအနှံ့ ပျံ့နှံ့စေမည်ဖြစ်သည်။
ဘုရားသခင်သည် ပျက်စီးနေသောမြို့များတွင် သတင်းကောင်းပျက် စီးမှုများကိုပြန်လည်တည်ဆောက်ရန်ဆုံးဖြတ်ခဲ့သည်။ သူသည် ပျက်စီး သောစိတ်ပျက်မှုများကိုပြန်လည်တည်တံ့စေပြီး ပျက်စီးသောမြို့များကိုပြန် လည်ပြုပြင်လိမ့်မည်ဟု ကတိပေးခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် သ တင်းကောင်းပြန်လည်ရှင်သန်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ခဲ့သည်။
သို့သော် ဤအရာသည် ကျွန်တော်ဆန္ဒမဟုတ်ပေ။ ဘုရားသခင် သည် ထိုသို့ပြုမည်ဖြစ်သောကြောင့် ကျွန်တော်ယုံကြည်ခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများသည် ဤသတင်းကောင်းကို လောကတစ်ခုလုံးသို့ ဘုရားသခင်ကဟောပြောစေခဲ့သည်။ ဘုရားသခင် သည် ဤလောကသို့သူ၏သား တော်ကိုစေလွှတ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်ရရှိသောကျွန်တော်တို့အားဖြင့် ဘုရားသခင်သည် သူ၏အလို တော်ကိုပြည့်စုံစေလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ဤသတင်း ကောင်းကိုယုံကြည်သောသူများသည် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရ ကြလိမ့်မည်။ ဟာလေလုယ။