Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-17] ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ယုံကြည်ခြင်းနှင့်မြော်လင့်ခြင်းရှိရမည် (ရောမ ၈း၁၆-၂၅)

ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၌ ယုံကြည်ခြင်းနှင့်မြော်လင့်ခြင်းရှ
(ရောမ ၈း၁၆-၂၅)
“ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ ထိုသို့ သား သမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ် တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။ ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။ ဖန်ဆင်းခံလောကသည် ဘုရားသ ခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော် လင့်ခြင်းရှိသောကြောင့်ဖြစ်၏။ ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်း ဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။”

သန်ရှင်းသောဝိညာဉ်တော်၌ ဖြောင့်မတ်သော သူများသည်အဘယ်ကြောင့်မြော်လင့်ခြင်း ပိုင်ဆိုင်ကြသနည်း
အကြောင်းမှာ ဒုတိယမွေးခြင်းမခံသောသူများသည် ဤလောကတွင် ပျက်စီးနေကြသော်လည်း ဒုတိမွေးခြင်းခံရသော ကျွန်ုပ်တို့သည်ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ပိုင်ဆိုင်ကြသောကြောင့်ဖြစ်သည်
 
 

ယခုချိန်သည် မြော်လင့်ခြင်းကင်းမဲ့သောအချိန်ဖြစ်သည်


ယခုတွင် လောက၌စစ်မှန်သောမြော်လင့်ခြင်းရှိသလား။ မြော်လင့် ခြင်းမရှိတော့ပေ။ သခင်ယေရှု၌သာမြော်လင့်ခြင်းရှိသည်။ ယခုချိန်သည် မသေချာ၊ မြော်လင့်ချက်မဲ့နေသောအချိန်ဖြစ်သည်။ အရာခပ်သိမ်းသည် နေ့တိုင်းတဟုန်ထိုးပြောင်းလဲလျက်ရှိသည်။ ဤမြန်ဆန်စွာပြောင်းလဲမှု များလိုက်မှီနိုင်ရန် လူတွေကကြိုးပမ်းကြသည်။ သူတို့သည် ဝိညာဉ်ရေးရာ သမ္မာတရားများနှင့်ဝိညာဉ် ရေးရာပျော်ရွှင်ခြင်းများ စိတ်ဝင်စားမှုမရှိကြ ပေ။သူတို့သည် ဆုံးရှုံးမှုများကိုရှောင် ရှားရန်ကြိုးပမ်းကြပြီး ဤ လောက၏ အစေခံများအဖြစ် အသက်ရှင်ကြသည်။
လုပ်ငန်းသစ်များထွက်ပေါ်ပြီး လုပ်ငန်းဟောင်းများကုန်ဆုံးသွားခဲ့ သည်။ ထိုနည်းတူ၊ လူများသည် အလွန်မြန်ဆန်သောပြောင်းလဲမှုခေတ် ရေ စီးတွင်မျှောပါသွားကြခြင်း ဖြစ်သည်။ ထိုကြောင့် သူတို့သည် အလွန်အ လုပ်များပြီး စိတ်ပူပန်မှုများအားဖြင့် အသက်ရှင်နေကြခြင်းပင်ဖြစ်သည်။ ထိုနောက် ဤလောကအတွက် သူတို့၏မြော်လင့်ခြင်းသည် ကွယ်ပျောက် သွားခဲ့သည်။ ဤသို့ဖြစ်ရခြင်းအကြောင်း၏ပထမအချက်မှာ သူတို့သည် အနာဂတ်ကာလအတွက်သေချာသောအာမခံခြင်းမရှိကြသောကြောင့် ဖြစ် သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့မခိုင်မြဲသော လောကတွင် အသက်ရှင် နေ ကြသည်။
 
 

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ထာဝရအသက်မြော်လင့်ခြင်းရှိရကြမည်


ကျွန်ုပ်တို့သည် စစ်မှန်သောမြော်လင့်ခြင်းကို မည်ကဲ့သို့ရရှိနိုင်ကြမည် နည်း။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်း အားဖြင့် မြော်လင့်ခြင်းရရှိနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိ သောသူများ၏မြော်လင့်ခြင်းသည် လောတွင်မဟုတ်ဘဲကောင်းကင်နိုင်ငံ တော်ဖြစ်သည်။ တမန်တော်ရှင်ပေါလုက ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင် သောစစ်မှန်သောမြော်လင့်ခြင်းအကြောင်း ဟောပြောခဲ့သည်။ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးသောကျွန်ုပ်တို့သည် ကောင်းကင် အရာများကို မြော်လင့်ချက်ရှိကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် များအားလုံးယူဆောင်သွားရန် ဤလောကသို့ကြွဆင်းလာခဲ့ပြီး၊ သူသည် ယောဟန် ထံမှဗတ္တိယုံခံယူခြင်းနှင့်ကားတိုင်တော်ပေါ် တွင်သွန်းလောင်း သောအသွေးတော်ကို ကျွန်ုပ်တို့ယုံကြည်ခဲ့ကြသောကြောင့် ကောင်းကင် အရာများမြော်လင့်ခြင်းရှိကြသည်။ အပြစ်လွတ်ခြင်းနှင့်ဆိုင်သော သမ္မာ တရားကိုယုံကြည်သောသူများအပေါ် ဘုရားသခင်က ကောင်းကင်နှင့်ဆိုင် သောမြော်လင့်ခြင်းပေးခဲ့သည်။
ရောမ ၈း၁၉-၂၁ တွင် “ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီးဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အ နှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏”ဟု ဖော်ပြထားပါ သည်။ပျက်စီးခြင်းနှင့်သေခြင်းတ ရား၏ ချုပ်နှောင်မှုများမှ ဖန်ဆင်းခြင်းခံသောသူ အားလုံးလွတ်မြောက် ခြင်းရ ရှိကြမည်ဟု မြော်လင့်ခြင်းရှိသည်။
ဤလောတွင်ရှိသောအရာခပ်သိမ်းတို့သည် မပြည့်စုံကြပေ။ ထို ကြောင့် သူတို့သည် ဘုရားသခင်၏သားတော်များထွက်ပေါ်လာရန် မြော် လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကြသည်။ ထိုပြင် သူတို့သည် ပျက်စီး ခြင်း၏အနှောင်အဖွဲ့မှလွတ်မြောက်ကာ ထာဝရအသက်ရှင်ရန် ဆန္ဒရှိကြ သည်။ ဖန်ဆင်းခြင်းခံသောသူအားလုံးက ပျက်စီးခြင်းမရှိ၊ ပျောက်ကွယ် ခြင်းမရှိ၊ ထာဝရအသက်ရှင်ခြင်းအချိန်ကို စောင့်ဆိုင်းနေကြသည်။
တနေ့သောအခါ ဘုရားသခင်ဖန်ဆင်းခြင်းခံခဲ့သောအရာခပ်သိမ်း တို့သည် ပြန်လည်အသစ်ပြုပြင်ကြမည်။ ဤလောကတွင်ရှိသောပန်းတို့ သည် ခြောက်သွေ့ပြီး ပျက်စီးသောသော်လည်း လောကအသစ်တွင် သူတို့ သည် ပွင့်လျက်ခြောက်သွေ့ ပျက်စီးခြင်းရှိတော့မည်မဟုတ်ပေ။ သန့်ရှင်း သောဝိညာဉ် တော်ကိန်းဝပ်ခြင်းခံသော ကျွန်ုပ်တို့သည် ဤအသစ်သော လောကကိုမြင်တွေ့ကြ မည်ဖြစ်သည်။
သခင်ယေရှုသည် တဖန်ကြွလာပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိသောသူများထမြောက်စေကာ သူတို့အယောက်စီတိုင်းကို မ ပျက်စီးနိုင်သော ခန္ဓာကိုယ်ပေးလျက်ထာဝရအသက်ပေးမည်ဟု ကတိပေး ခဲ့သည်။ သူတို့သည် ဘုရားသခင်နှင့်အတူကောင်းကင်နိုင်ငံတော်တွင် ထာဝရစိုးစံရကြမည်ဟု သခင်ယေရှုကကတိတော်ထားရှိခဲ့သည်။ လောက တွင်ဖန်ဆင်းခြင်းသမျှသော သူတို့သည် ထိုနေ့ရက်ကိုစောင့်မြော်နေကြ သည်။ ထိုနေ့ရက်ရောက်ရှိလာသောအခါ သူတို့သည် ဘုရားသခင်၏သား များ၊အကျွန်ုပ်တို့နှင့် ထာဝရအသက်ရှင်ကြမည် ဖြစ်သည်။
 

မြော်လင့်ခြင်းအားဖြင့် ဤကမ္ဘာအား တွေ့မြင်ခဲ့သည်

ဖြောင့်မတ်သောသူများအတွက်ဤအိပ်မက်သည် မည်သည့်အချိန် တွင်အမှန်ဖြစ်လာမည်နည်း။ သခင်ယေရှုပြန်လည်ကြွလာသောအခါ အမှန်ဖြစ်ပျက်လာ မည်ဖြစ်သည်။ကျွန်ုပ်တို့သည်ဤလောကကိုမြင်သော အခါမြော်လင့်ခြင်းရှိရကြမည် ဖြစ်သည်။ အစာခေါင်းပါးခြင်း၊ကာလနာများ ပြားခြင်း၊ မြေကြီးတုန်လှုပ်ခြင်း နှင့်စစ်တိုက်ခြင်းတို့သည် နေရာအနှံ့အ ပြားတွင် ဖြစ်ပျက်လိမ့်မည်ဟု သခင်ယေရှု ကပြောထားသည် (မဿဲ ၂၄း ၇)။ သို့သော် အဆုံးသည် မရောက်သေးပါ။ ဤလောက၏နောက်ဆုံးသော အချိန်တွင် သခင်ယေရသည်ပြန်လညြွ်ကလာပြီး လောကအရာများအား လုံးအစ်ပြုပြင်ပေးကာ ကျွန်ုပ်တို့ပျက်စီးနိုင်သော ခန္ဓာကိုယ်ထဲသို့ဝိညာဉ် ခန္ဓာကိုယ်သွတ်သွင်းပေးမည် ဖြစ်သည်။ ဤအရာ၏ အဓိပ္ပါယ်မှာ သစ်ပင် များနှင့်တိရိစ္ဆာန်များသည် ပျက်စီးနိုင်တော့မည်မဟုတ်ပေ။ ဤအရာကိုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်လောကကိုအသစ်သောမြော် လင့်ခြင်း ဖြင့်မြင်တွေ့ရကြမည် ဖြစ်သည်။
ဤလောကတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူ များပင်လျှင် အခြားဖန်ဆင်းခြင်းခံသောအရာအားလုံးများနှင့်အတူ ဘုရား သခင်၏သားသမီးများအဖြစ်ကျွန်ုပ်တို့ကိုယ်ခန္ဓာဘုန်းတော်နှင့်ပြည့်ဝသော ရွေးနှုတ်သော အချိန်ကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေ ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည် တဖန်ပြန်လာသောအခါ ကျွန်ုပ်တို့ကို မပျက် စီး၊ မသေနိုင်သောသူ၏သားသမီးများအဖြစ် ပြုမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့လောကကိုမြော်လင့်ချက်ဖြင့် မြင်တွေ့နိုင်ကြသည်။ 
တစ်နေ့သောအခါလောကသည် ပျက်ဆီးမည်ဖြစ်သော်လည်း သခင် ယေရှုပြန်လည်ကြွလာသောအခါ အရာခပ်သိမ်းတို့သည် အပြစ်ပြုပြုရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည်ထိုအရာကိုယုံကြည်ခြင်းအားဖြင့် မြော်လင့် ခြင်းနှင့်အတူအ သက်ရှင်ရမည် ဖြစ်သည်။ မိတ်ဆွေသည်ပျော်ရွှင်ဖွယ် ကောင်းသောပုံပြင်တွင် ဖတ်ရှုခဲ့သည့်အတိုင်း အသစ်ပြုပြင်ခြင်းခံသော ကမ္ဘာသည် အလွန်ပျော်ရွှင်ဖွယ် ကောင်းပြီးအံ့သြဖွယ် ကောင်းသောကမ္ဘာ သစ်ဖြစ်ပါလိမ့်မည်။ ဤကဲ့သို့သော ကမ္ဘာတွင်နှစ်ပေါင်းထောင် ပေါင်းများ စွာနေထိုင်ခြင်းအကြောင်းကိုစဉ်းစား ကြည့်ပါ။ ကျွန်ုပ်တို့သည် ကောင်း ကင်နိုင်ငံတော်သို့ဝင်ရောက်ကြသောအခါ ဘုရားသ ခင်၏သားသမီးများ အဖြစ် ထာဝရအသက်ရရှိကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤမြော်လင့် ချက်ဖြင့်အသက်ရှင်ရကြမည် ဖြစ်သည်။
မိတ်ဆွေသည်ဤလောကတွင် မြော်လင့်ခြင်းတစုံတခုမျှတွေ့ရှိသ လား။မတွေ့ပါ။ လူတွေကဤလောကအတွက်မြော်လင့်ခြင်းမရှိခဲ့ကြ သော ကြောင့် သူတို့သည် ကံတရားအားဖြင့်သာပျော်ရွှင်ခြင်းကိုရှာဖွေခြင်း အား ဖြင့် အသက်ရှင်ကြသည်။ သို့သော်ဘုရားသခင်သည် အပြစ်လွတ်ခြင်း ခံရသောသူများနှင့်ဖြောင့်မတ်သောသူများအပေါ် ကောင်းကင်နိုင်ငံ တော် မြော်လင့်ခြင်းပေးခဲ့သည်။ "ငါတို့သည် မျှော်လင့် ခြင်းအားဖြင့်ကယ်တင် တော်မူခြင်းသို့ရောက်ကြ၏။မျှော်လင့်သောအရာ ကိုမြင်တွေ့လျှင် မျှော် လင့်စရာအကြောင်းမရှိ။ တွေ့မြင်သောအရာကိုအဘယ် ကြောင့်မြော်လင့် သနည်း။ ဤဆိုလိုချက်မှာကျွန်ုပ်တို့သည် ယေရှုပြန်လည်ကြွ လာမည့် အချိန်ကို စိတ်ရှည်စွာစောင့်မျှော်နေရကြပေမည်။" ကျွန်ုပ်တို့သည် ဘုရား သခင်၏နှုတ်က ပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိ သောသူများ ဖြစ်ကြသောကြောင့် သခင်ယေရှုပြန်လည်ကြွလာခြင်းကို စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းရကြမည်ဖြစ်သည်ကို ဆိုလိုသည်။
ကျွန်ုပ်တို့သည်အပြစ်များမှလွတ်ငြိမ်းချမ်းသာခြင်းအခွင့်ရရှိသောသူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့စိတ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်း ဝပ်ခြင်းရရှိကြသည်။ ၄င်းသည်သခင်ယေရှုအားဖြင့်အပြစ်လွတ်ခြင်း ရရှိသောသူများသည် သူတို့၏စိတ်နှလုံးသားထဲတွင် အပြစ်ရှိကြမည့်အစား သန့်ရှင်းသော ဝိညာဉ်တော်ရှိကြခြင်းဖြစ်သည်။ ထိုနောက်ကျွန်ုပ်တို့ကိုယ် ခန္ဓာသည်မည်သို့ဖြစ် သွားမည်နည်း။ ကျွန်ုပ်တို့အားနည်းသောကိုယ်ခန္ဓာ သည်ရှင်ပြန်ထမြောက်ပြီး အသစ်သောအသက်တာရရှိကာ ပျက်စီးခြင်းနှင့် ကင်းလွတ်မည်ဖြစ်သည်။ သခင်ယေရှုပြန်လာသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူထာဝရအသက်ရှင်ကြမည်ဖြစ်သည်။ ဒုတိယ မွေးခြင်း ခံရသောသူများသာလျှင်မျှော်လင့်ခြင်းအားဖြင့် လုပ်ဆောင်နိုင်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့စိတ်ဝိညာဉ်နှင့်ကိုယ်ကာယသည် ပြည့်စုံခြင်းရှိလာကြ မည်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာသည်ထာဝရအသက်ရှင်ကာ ဖျားနာ ခြင်းလုံးဝရှိတော့မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏လောကကိုယ်ခန္ဓာ များသည် အားနည်းကြသောကြောင့် ပြီးပြည့်စုံ သောအသက်တာအားဖြင့်အ သက် ရှင်ရန်မဖြစ်နိုင်ပေ။ သို့သော်ထိုအချိန်ရောက်လာသောအခါ ကျွန်ုပ်တို့ သည်ပြီးပြည့်စုံသောအသက်တာအားဖြင့်အသက်ရှင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဒုတိယအကြိမြွ်ကလာခြင်းကိုမျက်မှောက် ပြုကြည့်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများ သာလျှင် ထိုမျှော်လင့်ခြင်း နှင့်အသက်တာကိုပိုင်ဆိုင်နိုင်ကြသည်။
ဖြောင့်မတ်သောသူများ၏မျှော်လင့်ခြင်းသည် ကောင်းကင်နိုင်ငံတစ်ခု တည်း သာမဟုတ်၊ ဤလောကတွင်အမှန်ဖြစ်လာမည်ကိုလည်းမျှော်လင့် ချက်ရှိသည်။ ဤလောကတွင် ဘေးဒဏ်ကြီးကာလကုန်ဆုံးသွားခဲ့ပြီး နောက် သခင်ယေရှုပြန်ကြွလာမည်ဟု သမ္မာကျမ်းစာကဖော်ပြထားပါ သည်။ သခင်ယေရှုသည် အမှန်ကြွလာမည်။ သူပထမအကြိမ်ကြွလာသော အခါ သူသည် အပြစ်သားများအတွက်ဗတ္တိဇံကိုခံယူခဲ့ပြီး လောကသားများ ဖြောင့်မတ်ခြင်းရရှိရန် ကားတိုင်တော်ပေါ်တွင် သေခံကာ နောက်ဆုံးတွင် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့သည်။ ယခုချိန်သည် သခင်ယေရှုပြန် လည်ကြွလာမည့်နေ့ရက်ဖြစ်လာပါပြီ။
ထိုအချိန်ရောက်ရှိလာသောအခါ သခင်ယေရှုကိုယုံကြည်ပြီး သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိကာ ပျက်စီးသောချည်နှောင်မှုမှလွတ် မြောက်ခြင်းခံသောအိပ်ပျော်သောသန့်ရှင်းသူများသည် သခင်ယေရှုက ထမြောက်စေမည် ဖြစ်သည်။ မပျက်စီးနိုင်သော၊ ဖျားနာခြင်းမရှိသော ကောင်းကင်နိုင်ငံနှင့်ဆိုင် သောကိုယ်ခန္ဓာသစ်ကို သခင်ယေရှုကသူတို့အား ပေးအပ်မည်ဖြစ်သည်။ ထိုပြင် သူတို့သည် သခင်ယေရှုနှင့်မျက်နှာချင်းဆိုင် တွေ့ကြရန်အတွက်မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းခံရကြပြီး သူသည်အရာခပ် သိမ်းကို အပြစ်ဖြစ်စေမည်ဖြစ်သည်။
၄င်းနောက် ကျွန်ုပ်တို့ဘုရားသခင်ယေရှုနှင့်အတူရှိသောကျွန်ုပ်တို့ သည် သတင်းကောင်းကိုအစေခံခြင်းလျှော်ကြေးအနေဖြင့် အနှစ်တထောင် အုပ်စိုးခြင်းကာလတွင် မြေကြီးအသစ်၌သခင်ယေရှုနှင်အတူ အသက်ရှင် ကာအုပ်စိုးကြမည် ဖြစ်သည်။ ၄င်းသည် ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက်သောသူများအတွက် အစမ်းလေ့ကျင့်ခန်းဖြစ်သည်။ ဤအရာသည် ကောင်းကင်နိုင်ငံတော်နှင့်စစ်မှန် သောအဖြစ်၏မြော်လင့်ခြင်းပင် ဖြစ် သည်။ ထိုအချိန်တွင် မပြည့်စုံသောအရာဟူသမျှသည် ပြည့်စုံပါလိမ့်မည်။ ပျက်စီးနိုင်သောအရာများဘယ်တော့်ပျက်စီးမည် မဟုတ်ပေ။ “သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ထိုနည်းတူဖြစ်၏။ ဖောက် ပြန်ပျက်စီးတတ်သောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏” (၁ကော ၁၅း၄၂)စကားသည် သခင်ယေရှုခရစ်တော်အားဖြင့်ထိုအချိန်တွင် ပြီးပြည့် စုံမည် ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများဖြစ်ကြသော ကျွန်ုပ်တို့သည် မြော်လင့်ခြင်းရှိကြပါစို့။ အရာခပ်သိမ်းတို့သည် အားနည်း ပြီးသေကြည်ပျက်စီးသော်လည်း ဤအရာသည် အဆုံးမဟုတ်သည်ကို ကျွန်ုပ်တို့မှတ်ထား ရမည်။ သခင်ယေရှုသည် လောကတစ်ခုလုံးကိုအသစ် ဖြစ်စေမည်ဟူသောမျှော်လင့်ခြင်း၏ယုံကြည်မှုကို ကျွန်ုပ်တို့ပွေ့ထားရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်သစ် နှင့်မြေကြီးသစ်ကိုမျှော်လင့် ခြင်းအားဖြင့်အသက်ရှင်ကြရမည် ဖြစ်သည်။ ဤမျှော်လင့်ခြင်းကိုရှိခဲ့ပြီး နောက်ကျွန်ုပ်တို့သည်သတင်းကောင်းကို ဟောပြောနိုင်ကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည်လောကအပြစ်များမှ ကယ်တင်ခြင်းရရှိခဲ့ကြသော ကြောင့် ကျွန်ုပ်တို့မှာ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိကြသည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောသန့်ရှင်းသောဝိညာဉ်တော် သည် သခင်ယေရှု၏ပြန်လည်ကြွလာခြင်းကိုမျှော်လင့်စောင့်စားစေသည်။ ကျွန်ုပ်တို့၏နှလုံးသားများ ထဲတွင်စိတ်ပျက်ခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့် မြော်လင့်ခြင်းအားဖြင့်အသက်ရှင်ရန် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုယ်စားခမည်းတော်ဘုရားသခင်ထံ ကိုယ်စားပြုဆုတောင်း သည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်၌မျှော်လင့်ခြင်းဖြင့် ကျွန်ုပ်တို့အသက်ရှင်သင့်သည်
 
ဖြောင့်မတ်သောသူများ၏နေရာသည် မည်သည့်နေရာဖြစ်သနည်း။ ၄င်း သည် သခင်ယေရှုပြန်လညြွ်ကလာသောအခါဤလောကကိုအသစ် ဖြစ်စေခြင်း အားဖြင့်သူပြန်လည်ပြုပြင်သည်  5အနှစ်တစ်ထောင်အုပ်စိုး ခြင်းဖြစ်သည်။ ကောင်းကင် နိုင်ငံဟုလည်းခေါ်ပါသည်။ ထိုနေ့ရက်လာမည့် အချိန်ကိုစောင့်မျှော်ရန် ကျွန်ုပ်တို့စိတ်ရှည်သည်းခံခြင်းရှိကြမည်ဖြစ်သည်။ ဤလောကပျက်စီးသွားခဲ့သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်ခန္ဓာ ပြီးပြည့်စုံစေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည်အလွန် ကောင်းသောမနက်ဖြန်အတွက်မျှော်လင့်ခြင်းရှိကြရမည် ဖြစ်သည်။
 
5၅သခင်ယေရှုသည်သူ၏ကတိတော်အတိုင်း ဤလောကသို့ဒုတိယအကြိမ်ပြန်လည် ကြွဆင်းလာသောအခါ သူသည်ကောင်းကင်ပေါ်မြွှကဆင်းလာကာ ပထမအနေဖြင့်ခရစ် တော်၌သေ သောသူများကို ထမြောက်စေမည်ဖြစ်သည်။ထိုအရာနှင့်တဆက်တည်းသူသည် သန့်ရှင်းသောသူများအ သက်ရှင် ထမြောက်စေပြီး မပျက်စီးနိုင်သောခန္ဓာကိုယ်ဖြစ်ထာဝရ ပြောင်းလဲစေမည်ဖြစ်သည်။ သူ သည် သန့်ရှင်းသူများအား လေထုတွင်ဘု ရားသခင်နှင့်တွေ့ ဆုံရန် မိုးတိမ်ပေါ်သို့ ချီဆောင်ပါလိမ့်မည် (၁သက် ၄း၁၆-၁၇၊ ၁ကော ၁၅း၅၂-၅၃)။ 
ထိုနောက်သူသည် ကျန်ရစ်သော အပြစ်သားများအပေါ် ဘုရားသခင်၏အမျက်တော်ခွက် ဖလားခုနစ်လုံး သွန်းလောင်းခဲ့ပြီးနောက် အရာခပ်သိမ်းကိုအသစ် ဖြစ်စေမည်ဖြစ်ပါသည်။ သူသည် အသစ်ပြုပြင်သော သူ၏နိုင်ငံတော်ကိုထူထောင်လိမ့်မည်။သူသည် ပထမထ မြောက်ခြင်းတွင်ပါဝင်သောသူများအားဖြင့် အနှစ်တစ်ထောင်အုပ်စိုးပါလိမ့်မည် (ဗျာဒိတ် ၂၀း၄-၅)။ အနှစ်တစ်ထောင်အုပ်စိုးခြင်းပြီးနောက် သူသည် သေသောသူအားလုံးကိုတရား စီရင်ပြီး သူတို့ကိုငရဲမီးအိုင်ထဲသို့ပစ်ချမည်ဖြစ်ပါသည် (ဗျာဒိတ် ၂၀း၁၁-၁၅)။ ထိုနောက် သူသည် သူ၏လူများ ကိုကောင်းကင်နိုင်ငံ ယေရုရှလင်မြို့သစ်သို့ဦးဆောင်ပြီး သူတို့နှင့်အ တူ ထာဝရစိုးစံမည်ဖြစ် သည် (ဗျာဒိတ် ၂၁း၁-၄)။
 
ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီး နောက် သူသည် ကျွန်ုပ်တို့နည်းတူမြော်လင့်ခြင်းရှိခဲ့သည်။ ကျွန်ုပ်တို့သည် မိမိစိတ်ထဲတွင် တူညီသောမြော်လင့်ခြင်းရှိကြသည်။ အနှစ်တစ်ထောင်အုပ် စိုးခြင်းနှင့်ကောင်း ကင်နိုင်ငံတော်ကိုစောင့်မျှော်နေကြသည်။ ဒုတိယမွေး ဖွါးခြင်းမခံသောသူများ သည် ဤလောကပျက်သုံးခြင်းနှင့်အတူပျက်စီးကြ ပါလိမ့်မည်။ သို့သော်ဒုတိယမွေးဖွါးခြင်းခံသောသူများသည် ကောင်းကင် သစ်နှင့်မြေကြီးသစ်ကိုပိုင်ဆိုင်ကြသည်။ ဤမျှော်လင့်ခြင်းသည်အမှန်ဖြစ် လာလိမ့်မည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်များသည် ပြီးပြည့်စုံခြင်းရှိလာပြီး မြေ ကြီးသစ်အနှစ်တစ်ထောင်အုပ်စိုးခြင်းတွင် သခင်ယေရှုနှင့်အတူအသက်ရှင် စိုးစံကြမည် ဖြစ်သည်။ ထိုနေ့ရက်ကိုစောင့် မျှော်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည်လောကတွင် ကြောက်ရွံ့ခြင်းကင်းမဲ့သောမြော်လင့်ခြင်းဖြင့်အသက် ရှင်နိုင်ကြသည်။
ကျွန်ုပ်တို့စိတ်ရှည်သည်းခံပြီး စောင့်မျှော်ကြပါစို့။ ကျွန်ုပ်တို့ဘဝသည် မောပန်းစရာဖြစ်သော်လည်း ကျွန်ုပ်တို့သည်ဘုရားသခင်ကိုယုံကြည်ကြ သော ကြောင့်ကျွန်ုပ်တို့မျှော်လင့်ခြင်းသည်အမှန်တကယ်ဖြစ်လာပါလိမ့် မည်။ မျှော်လင့်ခြင်း မရှိသောသူများသည်သေပြီးသားလူနှင့်ခြားနားမှုမရှိ ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် မျှော်လင့် ခြင်းရှိကာ မိတ်ဆွေ၏အိပ်မက်များထိန်းသိမ်းလိုက်ပါ။
ကျွန်ုပ်တို့ခွင့်လွှတ်ခြင်းတရားသည်မှန်ကန်သည့်နည်းတူ၊ ကျွန်ုပ်တို့ ခန္ဓာ ကိုယ်ပြောင်းလဲခြင်းသည်လည်းမှန်ကန်ပေမည်။ အသက်ရှင်သမျှ သောသူတို့သည်ထာဝရအသက်ရရှိကြခြင်းသည်အမှန်ပင်ဖြစ်သည်။ကျွန်ုပ် တို့မျှော်လင့်ခြင်းသည် မှန်ကန်သည်။ မိတ်ဆွေယုံကြည်မှုပေါ်ယုံကြည်ခြင်း ရှိပါ။မျှော်လင့်ခြင်းရှိသောသူ များသည်လှပပြီးပျော်ရွှင်ကြသည်။ လူတွေက မျှော်လင့်ခြင်းမရှိလျှင် ပျော်ရွှင်ခြင်း မရှိနိုင်ပေ။ အိပ်မက်ရူပါရုံမရှိသော သူများမှာ ပျော်ရွှင်ခြင်းမရှိကြပေ။ ကျွန်ုပ်တို့မှာ အနှစ်တစ်ထောင်အုပ် စိုးခြင်း၊ ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်၊မြေကြီး သစ်နှင့်ကောင်း ကင်အသစ်အတွက် မျှော်လင့်ခြင်းရှိကြသောကြောင့် ပျော်ရွှင် သောအ သက်တာအားဖြင့်အသက်ရှင်ကြသည်။
ဖြောင့်မတ်သောသူများသည် မျှော်လင့်ခြင်းရှိပြီး ဤမျှော်လင့်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဟောပြောကြသည်။ ကျွန်ုပ်တို့သတင်း ကောင်းသည် ကမ္ဘာ့နေရာအနှံ့သို့ပျံ့နှံ့သွားမည်ဟု ကျွန်ုပ်တို့မျှော်လင့်ရမည် ဖြစ်သည်။ မိတ်ဆွေမှာခိုင်ခံ့သောယုံကြည်ခြင်းရှိလျှင် ကမ္ဘာလုံးသည်ကြီး သောအရာမဖြစ်သည်ကို မိတ်ဆွေသိရှိလိမ့်မည်။ ကျွန်ုပ်တို့မှာ သည်းခံခြင်း အားဖြင့်မျှော် လင့်ခြင်းရှိကြလျှင် ကျွန်ုပ်တို့အစသည်အရေးမကြီးသော် လည်း ကမ္ဘာတစ်ဝှမ်းလုံး တွင်သတင်းကောင်းဝေငှနိုင်ကြမည်ဖြစ်သည်။ ရှင်ပေါလုပြုခဲ့သည်အတိုင်း ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်။
ဤမျှော်လင့်ခြင်းရှိသောသူများသည် သတင်းကောင်းဝေမျှခြင်းလုပ် ဆောင်မှုတွင် သစ္စာရှိကြသည်။ သတင်းကောင်းကို ယခုမျှော်လင့်ခြင်းမဲ့နေ သောသူများအပေါ် ပျံ့နှံ့လိမ့်မည်ဟုကျွန်ုပ်တို့မျှော်လင့်ရမည်။ စိတ်ပူဆွေး နေသောသူများ၊ မျှော်လင့်ချက်မဲ့နေသောသူများ၊ ဆင်းရဲသားများနှင့်အနှိမ် ခံသောလူ သားများအပေါ် သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောသင့် သည်။ ကောင်းကင် နိုင်ငံတော်မျှော်လင့် ခြင်းအကြောင်းကိုဟောပြောခြင်း အားဖြင့် အမှောင်ကမ္ဘာ တွင်ရှိသောသူများကို ကျွန်ုပ်တို့ကယ်တင်ရမည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းခံရသောသူများသည်ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက် ခွင့်ရှိသည်။ ဤဘေးဒဏ်ကြီးကာလပြီးဆုံး သွားခဲ့ပြီးနောက် ဘုရားသခင် ၏နိုင်ငံတော်သည် သူခိုးကဲ့သို့ရုတ်တရက်ပေါ်လာ ခြင်းမျှော်လင့်ချက်ကို သူတို့ထံ ဟောပြောရမည်ဖြစ်သည်။
ဒုတိယမွေးဖွါးခြင်း ခံသောအစေခံကျွန်များနှင့် ယုံကြည်သူများ၊ ဤ သတင်းကောင်းအားဤကမ္ဘာဆုံးထိတိုင်အောင်ဟောပြောပြီး ကောင်းကင် နိုင်ငံတော်မျှော်လင့်ခြင်းကိုထိန်းသိမ်းလိုက်ပါ။ ဤလောကသည် လျှင်မြန် စွာပျက်စီး သွားခဲ့သော်လည်းမျှော်လင့်ခြင်းရှိသောသူများသည် ဤလော ကတစ်ဘက် ကမ်းတွင် ထာဝရနှင့်ပတ်သက်သောအရာမျှော်လင့်ထားကြ သောကြောင့် သူတို့ မျှော်လင့်ခြင်းသည်ပျက်စီးခြင်းမရှိနိုင်ပေ။ သူတို့မှာ ဘု ရားသခင်ပေးထားခဲ့သော ဒုတိယအသက်သေချာပေါက်ရှိသေးသည်။