Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[3-2] အပြစ်တရားမှ ကယ်တင်ခြင်းသည် ယုံကြည်ခြင်း တခုတည်းဖြင့်သာ (ရောမဩဝါဒစာ၃း၁-၃၁)

(ရောမဩဝါဒစာ၃း၁-၃၁)
“ထိုသို့လျှင် ယုဒလူသည်အဘယ်သို့သာ သနည်း။အရေဖျားလှီးခြင်းအားဖြင့်အဘယ်အ ကျိုးရှိသနည်း၊အထွေထွေ သောအကျိုးများစွာရှိ၏။ထူးမြတ်သောအကျိုးဟူမူကား၊အရေးဖျားလှီးခြင်း ကိုခံသောယုတို့သည် ဘုရားသခင်၏ဗျာဒိတ်တော်များကိုခံရကြ၏၊ သူတို့ တွင်အချို့မယုံသော်လည်း အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့ မယုံဘဲနေ ခြင်းအရာသည်ဘုရားသခင်၏သစ္စာတော်ကိုဖျက်နိုင်သလော။ မဖျက်နိုင် ရာ။ သို့ဖြစ်၍မိန့်တော်မူချက် သည်ဖြောင့်ပါ၏၊ ရားစီရင်သောအခါအောင် မြင်တော်မူ၏ဟုကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည်သစ္စာ ပျက်သော်လည်း၊ဘုရားသခင်၏သစ္စာတော်သည်တည်စေသတည်း၊ ငါတို့ ၏မတရားသောအမူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း၊ ဘုရားသခင်သည် ဉာဏ်ပေး တော်မူလျှင်၊မတရားသောအမူကိုပြုတော်မူသလော။ ထိုသို့ဆိုသော်လူသ ဘောအတိုင်းငါဆိုသတည်း၊ ထိုသို့မဟုတ်ရာ၊ ဟုတ်လျှင်လောကသားတို့ ကိုအဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း၊ ထိုမှတပါးငါသည် သစ္စာ ပျက်သောအားဖြင့် ဘုရားသခင်၏သစ္စာတော်သည် ဂုဏ်အသရေတော် ကိုတိုးပွါးစေလျှင်ငါ့ကို အပြစ် ရှိသောသူကဲ့သို့အဘယ်ကြောင့် စီရင်သေးသ နည်းဟူ၍မေးပြန်လျှင်၊ ကောင်း သောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟုလူအချို့ တို့သည်ငါတို့ကို ကဲ့ရဲ့လျက် ငါစကားကို ပြန်ပြောသည်အတိုင်းဆိုဦးမည်လော။ ထိုသို့ဆိုသော သူတို့သည် ကိုယ်အပြစ်ဒဏ်ကို ခံထိုက်ကြ၏။ထိုသို့ဖြစ်လျှင် အဘယ် သို့နည်း။ငါတို့သည် မြတ်သလောဟု မေးပြန်သော် အလျှင်းမမြတ်။ အကြောင်း မူကား၊ ယုဒလူ၊လေဟသလူအပေါင်းတို့သည် အပြစ်ရှိကြောင်း ကို အထက်က ပြခဲ့ပြီ။ ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မရှိ။ နားလည်သောသူမရှိ။ဘုရားသခင်ကို ရှာသောသူ မရှိ။ လူတို့သည် လမ်းလွဲကြပြီ။ တညီ တညွတ်တည်း အသုံးမရသောသူဖြစ်ကြ ပြီ။ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊တယောက်မျှမရှိ။သူတို့၏ လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်း ဖြစ်၏။သူတို့သည် လျှာနှင့် လှည့်စားတတ်ကြ၏။သူတို့နှုတ်ခမ်းသည် မြွေဆိုးအဆိပ် အတောက်ရှိ၏။ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသော စကားနှင့် ပြည့်ဝ ၏။ သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။သူတို့ သွားရာ လမ်း၌ပျက်စီးခြင်း၊ ဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြပေ။ ဘုရား သခင်ကို ကြောက်ရွေ့ရသောအကြောင်းသည် သူတို့မျက်ရှေ့၌ မထင်ဟု ကျမ်းစာလာသတည်း။ ပညတ်တ ရား၌ပါသမျှသောစကားသည် ပညတ်တရားကိုခံသော သူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ထိုသို့ဖြစ် ၍လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသ ခင်ရှေ့တော်၌ အပြစ်သင့်သော သူဖြစ် ကြ၏။ထိုသို့ပညတ်တရားသည် အပြစ်သည် ထင်ရှားစေသည် ဖြစ်သောကြောင်၊ ပညတ်တရား၏ အကျင့် အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မ ရောက် ရာ။ ယခုမူကား၊ပညတ္တိကျမ်းနှင့်အနာဂတ္တိ ကျမ်းတို့သည် သက် သေခံ သည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ဖြောင့် မတ်ခြင်းတရားတည်းဟူသော၊ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ထိုသူ အပေါင်း တို့အပေါ်သို့ရောက်သော ဘုရားသခင်၏ဖြောင့်မတ်သောတရား သည် ထင် ရှားခဲ့ပြီ။ခြားနားခြင်း အလျှင်းမရှိ။ အဘယ်ကြောင့်နည်း ဟူမူကား၊ လူအပေါင်းတို့သည် အပြစ်ကြိုုပ၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမ ပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ ကြ၏။ဘုရားသခင်သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီးသော ဒုစရိုက်အ ပြစ်များကို မှန်တော်မမူရာတွင် ဖြောင့်မတ်ခြင်း တရားကို ထင်ရှားစေခြင်း ငှါ၄င်း၊ယခုကာလ၌ ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေ၍ ယေရှု ကို ယုံကြည်သောသူတို‹၏ အပြစ်ကို လွှတ်တော်မူသော်လည်း တရားသ ဖြင့်ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအား ဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါခန့်ထား တော်မူသည်။သို့ဖြစ်၍ ဝါးကြွားစရာ အကြောင်းကား အဘယ်သို့ နည်းဟု မေးသော်၊ ဝါကြွားစရာ အကြောင်းကို ပယ်ပြီ။ အဘယ်တရားအား ဖြင့်ပယ်သနည်း။ အကျင့်တရား အားဖြင့် ပယ်သလော။ အကျင့်တရားအား ဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်း တရားအားဖြင့် ပယ်ပြီ။ထို့ကြောင့် လူမည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအား ဖြင့်ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟု ယူရ၏။ ဘုရား သခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။တပါးအမျိုး သားတို့၏ ဘုရား ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။တပါး အမျိုးသား တို့၏ဘုရား လည်းဖြစ်တော်မူ၏။ အကြောင်းမူကား၊အရေဖျားလှီးခြင်းကို ခံသော သူနှင့်မခံသော သူနှစ်ဦးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေ တော်မူသော ဘုရားသခင် တဆူတည်းရှိ တော်မူ၏။ သို့ဖြစ်လျှင် ယုံကြည် ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်း မပယ်၊သာ၍ တည်စေကြ၏။”
 
 

လူသားတို့၏ မယုံကြည်ခြင်းက ဘုရားသခင်၏ ကယ်တင်ခြင်းကို အလဟသ မလုပ်နိုင် (မဖြစ်စေနိုင်)

 
ရှင်ပေါလုက ဟောတော်မူသည်ကား ဘုရားသခင်၏ ကရုဏာ တော်ကြောင့် ပေးတော်မူသော ကယ်တင်ခြင်းနှင် ပညတ်တော်ကို ပြည့်စုံ စေခြင်းသည် လုပ်ဆောင်မှုကြောင့် မဟုတ်ပဲ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။ အပြစ်တရားမှ ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ခြင်းတရား ရရှိခြင်းမှာ ကယ်တင်ခြင်းကြောင့်သာလျှင် ဖြစ်၏။ (ရော ၃း၁-၄) “ထိုသို့ပြု လျှင် ယုဒလူသည်အဘယ်သို့သာသနည်း၊အရေဖျားလှီးခြင်းအားဖြင့် အ ဘယ် အကျိုးရှိသနည်း၊အထွေထွေသော အကျိုးများစွာရှိ၏၊ထူးမြတ် သော အကျိုးဟူမူကား၊အရေးဖျားလှီးခြင်းကိုခံသော ယုဒလူတို့သည်ဘုရား သခင် ၏ဗျာဒိတ်တော်များကိုခံရကြ၏၊သူတို့တွင်အချို့မယုံသော်လည်း၊အ ဘယ် ဆိုဘွယ်ရှိသနည်း၊သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာ တော်ကိုဖျက်နိုင်သလော၊မဖျက်နိုင် ရာ၊သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊ တရားစီရင်သောအခါအောင်မြင်တော်မူ၏ ဟုကျမ်းစာ၌လာ သည်နှင့်အညီ၊လူခပ်သိမ်းတို့သည်သစ္စာပျက်သော်လည်း၊ဘုရား သခင်၏ သစ္စာတော်သည် တည်စေသတည်း။”
ဂျူးလူမျိုးများရရှိသော အကျိုးကျေးဇူးကား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စောင့်ထိမ်းရန် ဖြစ်သည်။ ထိုသူတို့သည် ဘိုးဘွားစဉ် ဆက်ကပင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အတူ ရှိတော်မူကြ၏။ ထိုသူတို့ကို ဘုရားသခင်က နှုတ်ကပတ်တော်အား စောင့်ထိမ်းရန် ပေးအပ် ရခြင်းမှာ ဟေလသလူမျိုးများထက် ပို၍ သာလွန်သောကြောင့်ပင်တည်း။ ဘုရားသခင်က ယုဒလူမျိုးများအား ပစ်ထားရခြင်းမှာ ယေရှုသည် သူတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်း နားမလည်ကြသော ကြောင့်ပင် ဖြစ်သည်။ 
ရှင်ပေါလုက ဤသို့ဟောတော်မူ၏။ “အဘယ့်ကြောင့် သူတို့သည် မယုံ ကြည်ကြသနည်း။ သူတို့၏ မယုံကြည်ခြင်းက ဘုရားသခင်၏ ဖြောင့် မတ်ခြင်း တရားတော်ကို အကျိုးမဲ့စေနိုင်မည်လော။ မည်သို့မျှမလုပ်နိုင် ပါ။” ဘုရားသခင်၏ကြည်ညိုဖွယ် တရားတော်ကား လှည့်ဖြားခြင်း အစဉ် ကင်းမဲ့နေပါသည်။ ယုဒလူမျိုးတို့က မယုံကြည်သော်လည်း ဘုရားသင်၏ ကယ်တင်ခြင်းကား အချည်းနှီးဖြစ်မည်မဟုတ်။ ယုံကြည်သူတို့အား ကယ် တင်ရန်အလို့ငှါ ပေးတော်မူသော ကတိစကားကို မည်သူကမျှ မယုံကြည် သော်လည်း ပြန်လည်၍ ရုပ်သိမ်းမည် မဟုတ်ပါ။
ဂျူးလူမျိုးတို့က မယုံကြည်သော်လည်း ဟေလသလူမျိုးတို့က ယုံကြည် ကြသည်။ ဘုရားသခင်က ပြောသည်မှာ ယုံကြည်သူဟူသမျှသည် ကယ်တင်ခြင်းခံရမည်။ ထို‹ကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုး တို့ ကတိတော်ကို မယုံကြည်သောကြောင့် စွန့်ပစ်ခဲ့သည်။ တမန်တော် ရှင်ပေါလုပြောသည်မှာ ဘုရားသခင်သည် ကယ်တင်ခြင်း ဆုကျေးဇူးကို လူတိုင်းအား ပေးသနားတော်မူသည်။ 
ဘုရားသခင်သည် ကယ်တင်ခြင်း ဆုကျေးဇူးကို လူသားအားလုံး ပေး သည်ဟု ရှင်ပေါလုက ပြောပါသည်။ ဘုရားသခင်သည် ဓမ္မဟောင်း ကျမ်းရှိ သူ၏ကတိတော်ကို တပါးတည်းသော သားတော်ယေရှုခရစ် ဤလောကသို့ စေလွှတ် ခြင်းဖြင့် ပြည့်စုံစေပါသည်။ လူအချို့က ဘုရားသ ခင်၏ သတင်းကောင်းကို ယုံကြည် သော်လည်း အချို့ကမူ လက်မခံပါ။ ယုံကြည်သူအားလုံးသည် သူ၏ကတိတော် အတိုင်း သူ၏သားသမီးဖြစ် ခြင်း အမွေကောင်းကြီးမင်္ဂလာကို ခံစားကြသည်။ ဘုရားသခင်၏ ကောင်း ကြီးမင်္ဂလာကို မယုံကြည်သူများအတွက် အကျိုးမရှိ၊ သို့သော် ယုံကြည်သူ များအတွက်မူကား ရေတွက်၍မရသောမင်္ဂလာ အကျိုး ကျေးဇူးရှိ၏။
 
 

သမ္မာတရားကို ယုံကြည်သူတိုင်းသည် ကြီးမားသောသူ၏ ချစ်ခြင်း မေတ္တာကို ခံရမည်

 
သမ္မာတရားကို ယုံကြည်သူတိုင်းသည် သူ၏ကြီးမားသော ချစ်ခြင်းမေတ္တာကို ခံရကြပြီး မယုံကြည်သူတိုင်းသည် လူလိမ်များ ဖြစ်ကြ သည်။ ဤတွင် ဘုရားသခင်က ကတိတော်ပြည့်စုံစေသည်မှာ မယုံကြည် သူသည် သူ၏ ကယ်တင်ခြင်းမှ စွန်‹လွှတ်ခြင်းခံရမည်။ အဘယ့်ကြောင့် ဆိုသော် သူ၏ ကယ်တင်ခြင်း ကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ 
တမန်တော်ရှင် ပေါလုက ပြောကြားသည်မှာ “လူသားတို့၏ မယုံကြည်မှုကြောင့် ဘုရားသခင်၏ ယုံကြည်လောက်သည့်အရာကို တန် ဘိုးမရှိသကဲ့သို့ပြုနိုင်ပါမည်လော။ အမှန်စင်စစ် အဘယ်သို့မျှမြုပနိုင်ပေ။” ဘုရားသခင်သည် ယုံကြည် ထိုက်သည့် ကယ်တင်ခြင်း ဆုကျေးဇူးနှင့် ဖြောင့်မတ်ခြင်းတရားကို ပေးသနား တော်မူခဲ့သည်။
သမ္မာကျမ်းစာက အဘယ်သို့ဘုရားသခင်၏ ကျေးဇူးတော်ကို ပြောသနည်း။ ကျမ်းစာလာသည်ကား ဘုရားသခင်က သားတော်အား လောကီသားတို့၏ အပြစ်တရားများကို ဆေးကြောသန်‹စင်စေရန် စေ လွှတ်တော်မူသည်။ သူ‹ကို ယုံကြည်သောအားဖြင့် ဘုရားသခင်၏ သားသမီးဖြစ်ရခြင်းအခွင့်ကို ရရှိသည်။ ဘုရားရှင်၏ ဖြောင့်မတ်ခြင်းသည် လောကကို မဖန်ဆင်းမီကပင် လောကီသား အားလုံးအား ဘုရားသား သမီးဖြစ်စေခြင်းနှင့် အပြစ်တရားမှ ကယ်တင်ရန် ရည်ရွယ်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်စွာဖြင့် သူ၏ကတိတော်ကို ပြည့်စုံ စေခဲ့သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကတိတော်ကို ယုံကြည်သောသူသည် ကောင်းချီးမင်္ဂလာကို ခံရ၍ မယုံကြည်သောသူမူကား မယုံကြည်သည့် အလျောက် တရားစီရင်ခြင်းခံရပေမည်။
မယုံကြည်သော သူများအတွက်မူ ငရဲသို့သွားရပေမည်။ ဘုရားသ ခင်သည် ပညတ်တော်ကိုပြုလုပ်ခဲ့၍ လူသားများသည် ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ ဘုရားရှင်၏ ကယ်တင် ခြင်းတရားကို လက်ခံခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားနိုင်ပါသည်။ ဘုရားရှင်ဟောကြားသည်မှာ (ရော ၃း၄) “မဖျက် နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည်ဖြောင့်ပါ၏၊တရားစီရင်သောအခါ အောင်မြင် တော်မူ၏ ဟုကျမ်းစာ၌လာသည်နှင့်အညီ၊လူ ခပ်သိမ်းတို့သည်သစ္စာပျက် သော်လည်း၊ဘုရားသခင်၏ သစ္စာတော်သည် တည် စေသတည်း။”
လူသားအားလုံးသည် သစ္စာပျက်သောသူများကြဖြစ်ပြီး ဘုရားရှင် ဖြောင့် မတ်မှန်ကန်သည်မှာ အဘယ့်ကြောင့်နည်း။ ထာဝရဘုရား ဟောကြားသည်မှာ “ထာဝရဘုရားသည် ဖြောင့်မတ်မှန်ကန်၍ လူသား အားလုံးသည် သစ္စာပျက်သောသူများဖြစ်ကြသည်။ ဤအတွက်ကြောင့် လူသားများသည် သစ္စာပျက်၍ တရားစီရင်ခြင်းခံရမည်။” ဘုရားရှင်၏ ကတိတော်သည် ကောင်းချီးမင်္ဂလာပေးထိုက်သူကို ပေးပြီး ကျိန်ဆဲ သင့်သူကို ကျိန်ဆဲ၏။ ဤကဲ့သို့ဘုရားရှင် ဟောသည် မှာ မှန်ပါ၏။ 
“ထာဝရဘုရားသည် ဖြောင့်မတ်မှန်ကန်၍ လူသားအားလုံးသည် သစ္စာပျက်သောသူများဖြစ်ကြသည်။ ဤအတွက်ကြောင့် လူသားများသည် သစ္စာပျက်၍ တရားစီရင်ခြင်းခံရမည်။” ဘုရားရှင်သည် ကတိတော်အတိုင်း လူသားများကို ကယ်တင်တော်မူ၏။ နှုတ်ကပတ်တော်သည် အသက်ဖြစ်၍ လူသားများကို အပြစ်မှ ကယ်တင်ခဲ့သည်။ 
ယခင်ယေရှုသည် စာတန်မာရ်နတ်ကို ထာဝရဘုရား၏ နှုတ်က ပတ်တော် အတိုင်း အနိုင်ယူခဲ့သည်။ ယေရှုသည် စစ်မှန်သော ဘုရားဖြစ် ၏။ မည်သို့ပင်ဖြစ်စေ လူသားများသည် မစစ်မှန်နိုင်ပေ။ လူတို့သည် လျှင်မြန်စွာ ပြေင်းလဲတတ်သော သဘောရှိကြသည်။ လူသားနှင့် ဘုရားသ ခင်၏ ဆန့်ကျင်ဘက်မှာ ဘုရားသခင်၏ ကတိတော်သည် တည်၏။ သို့ ဖြစ်၍ တမန်တော်ရှင်ပေါလု ဟောကြားသည်မှာ ကျွန်ုပ်တို့၏ ယုံကြည် ခြင်းသည် ဘုရားရှင်၏ နှုတ်ကပတ်တော်အားဖြင့် ကောင်း ချီးမင်္ဂလာ ခံစားရပေမည်။
 
 
လူသားတို့၏ မတရားသော အမူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေသည်
 
(ရော ၃း၅) “ငါတို့၏မတရားသောအမူသည်ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း၊ ဘုရားသခင်သည် ဉာဏ်ပေးတော်မူလျှင်၊ မတရားသောအမူကိုပြုတော်မူ သလော။ထိုသို့ဆို သော် လူသဘောအတိုင်းငါဆိုသတည်း။လူသားအားလုံး သည် ယုံကြည်ထိုက်” လောက်သောသူများမဟုတ်ကြပေ။ သို့သော် လူသားများ၏ မဖြောင့်မတ် မမှန်ကန်မှုကို ထင်ရှားသဖြင့် အဘယ်သို့ ယူဆရမည်နည်း။
ဘုရားရှင်၏ ဖြောင့်မတ်ခြင်းသည် လူသားများ၏ မတရားမှုကို ထင် ရှားစေ၏။သူသည် ကယ်တင်ရှင်၊ ကတိတည်သူ၊ ကတိတော်အတိုင်း ကျွန်ုပ်တို‹ကို ကယ်တင်သူဖြစ်သည်။ ကျွန်ုပ်တို့၏ အားနည်းချက်အားဖြင့် ဘုရားရှင်၏ ဖြောင့်မတ်ခြင်း ထင်ရှားစေခြင်းကို မည်သို့ဆိုရမည်နည်း။ ကျွန်ုပ်တို့၏ အားနည်းခြင်းက ဖေါ်ပြသည်မှာ ကျွန်ုပ်တို့သည် သေသည်အ ထိ အပြစ်ကျူးလွန်ခြင်းပင် ဖြစ်သည်။
ထာဝရဘုရားသည် ချစ်ခြင်းမေတ္တာရှင်ဖြစ်သည်ကို အဘယ်သို့ သိမြင်နိုင် မည်နည်း။ ကျွန်ုပ်တို‹၏ အားနည်းချက်မှဖြစ်သည်။ ဘုရားရှင်၏ မေတ္တာတော် ကျွန်ုပ်တို‹အားဖြင့် ထင်ရှားပုံမှာ ကျွန်ုပ်တို့သည် သေသည့် တိုင်အောင် အပြစ်ပြု လုပ်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်များသည် တကြိမ်တည်း၌ ထာဝရအတွက် ဖြေလွှတ်ပြီးဖြစ်သည်ဟု ဘုရားရှင်က ဆိုသည်။ ဘုရားရှင်သည် ဖြောင့် မတ်သောသူများကိုသာ ချစ်တော်မူလျှင် သူ၏ချစ်ခြင်းမေတ္တာသည် ပြည့်စုံသောချစ်ခြင်းမေတ္တာ မဖြစ်နိုင်ခဲ့ပေ။ သူ၏စစ်မှန်သော ချစ်ခြင်းမေတ္တာမှာ အဘယ်သို့မျှ မေတ္တာထားရန် မဖြစ် နိုင်သူကိုလည်း မေတ္တာထားနိုင်ခြင်းပင်ဖြစ်၏။
လူသားအားလုံးသည် မဖြောင့်မတ်သောသူ၊သစ္စာပျက်သောသူ များဖြစ်ကြသည်။ သူ့ကို မယုံကြည်သည့်အပြင် ရှေ့တော်၌လည်း မေတ္တာ ထားသင့်သူ များမဟုတ်ကြပေ။ အပြစ်သားများသည် အပြစ်ကိုသာ ပြု လုပ်ကြသော်လည်း ယေ ရှုခရစ်သည် အပြစ်မှ ကျွန်ုပ်တို့ကို ကယ်တင်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကို ပြည့်စုံစေခဲ့သည်။
သူ၏ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းအားဖြင့် သားတော်ယေ ရှုကို စာတန်မာရ်နတ်၏ တန်ခိုးနှင့်ကျိန်ခြင်းမှ ကျွန်ုပ်တို့အပြစ်သားများကို ကယ်တင်ရန် စေလွှတ်ခဲ့သည်။ ဤမေတ္တာသည် စစ်မှန်သော ချစ်ခြင်း မေတ္တာပင် ဖြစ်သည်။
လူသားတို့၏ မတရားသော အမူသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်း တရားတော်ကို ထင်ရှားစေသည်တမန်တော် ရှင်ပေါလုက ယုံကြည်သူတို့၏ ယူဆချက်နှင့် မယုံကြည် သူတို့၏ ယူဆချက်ကို ခွဲခြား ထားသည်။ မယုံကြည် သူတို့သည် ဘုရား၏ ဂရုဏာတော်၌ ခိုလှုံရန်နှင့် ကောင်းချီးမင်္ဂလာရရန် ဇာတိအားဖြင့် ကြိုးစားကြသည်။ တမန်တော်ပေါ လုက ဤအချက်၌ ထင်ရှားစေခဲ့သည်မှာ လူသား၏ မတရားမှုက ဘုရားရှင်၏ ဖြောင့်မတ်မှန်ကန်ခြင်းကို ထင်ရှားစေသဖြင့် ကျွန်ုပ်တို့ မည် သို့ဆို ရမည်နည်း။ လူသားသည် ဘုရားရှင်၏ ဖြောင့်မတ်မှန်ကန်သကဲ့သို့ မြုပလုပ်နိုင်ပေ။ ဘုရားရှင်၏ရှေ့တော်၌ အပြစ်ကိုသာ အစဉ်ပြုလျက်ရှိ သည်။ ဤအပြစ်သည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို ထင်ရှားစေသည်။ ဤသည်မှာ အမှန်တရားဖြစ်ပေသည်။ လူသားသည် အပြစ်ရှိ၍ ဖြောင့်မတ် သူ မဖြစ်နိုင်ပေ။ သို‹သော်လည်း ဘုရားရှင်သည် ဤအပြစ်အားလုံးမှ ကယ်တင်ခဲ့သည်။
 
 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင်ခြင်း
 
တမန်တော်ရှင်ပေါလုက လူသားသည် မဖြောင့်မတ်နိုင်။ အဘယ် ကြောင့် ဆိုသော်အပြစ်၏ ထောင်ချောက်၌မိခြင်းကို ခံခဲ့သောကြောင့်ဖြစ် သည်ဟု ပြောသည်။ ကိုယ်တော်သည် လူသားတို့အပေါ် ဂရုဏာရှိ တော်မူသောကြောင့် သူတို့အပြစ်မှ ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့သည် ထာဝရဘုရား၏ ပြည့်စုံသော ချစ်ခြင်း မေတ္တာကို လိုအပ်ပါသည်။ အ ကြောင်းမူကား နေ့စဉ် အပြစ်ကို မရှောင်နိုင်သော ကြောင့် ဖြစ်သည်။ 
ကျွန်ုပ်တို‹ကို သူ၏ဂရုဏာတော်၊ ချစ်ခြင်းမေတ္တာတော်အားဖြင့် ကယ် တင်ခဲ့ပြီး ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်း ဆုကျေးဇူးကို ရရှိခဲ့ပါ သည်။ တမန်တော် ရှင်ပေါလုက ကယ်တင်ခြင်းသည် ထာဝရဘုရား၏ ဖြောင့်မတ်ခြင်းမှဖြစ်သည်ဟု ပြောခဲ့ပါသည်။ ထာဝရဘုရား၏ ဖြောင့်မတ် ခြင်းက ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ထင်ရှားစေသည်။ ကျွန်ုပ် တို့၏ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားရှင် ဖန်ရှင်းထားသော ဖြောင့်မတ်မှုအပေါ်တွင် မှီခိုခဲ့သည်။ ထိုကြောင့် အပြစ်သားများသည် ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရရှိကြသည်။ အသစ်တဖန် မွေးဖွားခြင်းမ ခံသောသူတို့သည် ကောင်းမှုကုသိုလ်၊ အကျင့်စာရိတ္တအားဖြင့် ကောင်း ကင်နိုင်ငံဝင်ရောက်မည်ဟု ထင်ကြသည်။
ရှင်ပေါလုက လူသားအားလုံးသည် ငရဲသို့ သွားကျလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော သူတို့သည် ထာဝရဘုရား၏ ဖြောင့်မတ်ခြင်းမရရှိ လျှက်ပင် အကျင့်ကောင်းကို ကျင့်ရန် ကြိုးစားသောကြောင့်ဖြစ်သည်ဟု ပြောခဲ့သည်။ သူတို့သည် နောင်တရပြီး အပ္ပါယ်ငရဲမှ ကယ်ချွတ်တော် မူသော ကယ်တင်ခြင်းဟူသော သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် အသစ်တဖန် မွေးဖွားခြင်းကို ခံယူသင့်သည်။
အဘယ်သူသည် ဘုရားသခင် ရှေ့မှောက်တော်၌ အကျင့်ကောင်း ကျင့်နိုင်မည်နည်း။ မည်သူကမျှမကျင့်နိုင်ပါ။ သို‹ဖြစ်လျှင် အပြစ်သားများ သည် အဘယ်နည်းဖြင့် သူတို‹အပြစ်မှကယ်လွှတ်ခြင်းကို ရရှိနိုင်မည် နည်း။ သူတို့သည် ဇာတိအတွေးကို စွန့်ပစ်ရမည်။ ရှင်ပေါလုက ကျွန်တော်သည် ယုံကြည်ခြင်းဖြင့် ကယ်တင် ခံခဲ့သည်ဟု ပြောသည်။ သို့ ပေမဲ့ လူတို့သည် မည်သို့ထင်ကြသနည်း။ သူတို့သည် အကျင့်ကောင်း ကျင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရမည်ဟု ထင်ကြသည်။ ထို့ကြောင့် သူတို့သည် အပြစ်မှကယ်လွှတ်ခြင်းကို မခံကြပေ။ အပြစ်မှကယ်လွှတ်ခြင်း ခံရသူများသည် ယေရှုနှင့် အပြစ်လွှတ်ခြင်းတရားကို ယုံကြည်ခြင်း၊ ထာဝရ ဘုရား၏ ဖြောင့်မတ်ခြင်းကို ချီးမွှမ်းခြင်းအားဖြင့် ဖြစ်သည်။
ယေရှုကို ယုံကြည်သော်လည်း အသစ်တဖန် မွေးဖွားခြင်း မခံသော သူများက အကျင့်ကောင်းကျင့်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံဝင် ရောက်မည်ဟု ထင်ပေမဲ့သူတို‹သည် အကျင့်ကောင်းကို မကျင့်နိုင်သော ကြောင့် ငရဲသို့သာ သွားကြရလိမ့်မည်။ သူတို့ယုံကြည်ခြင်းသည် မှားသော ယုံကြည်ခြင်းမျိုးဖြစ်သည်။ သူတို့ယုံကြည်ခြင်းသည် မှားသော ယုံကြည် ခြင်းပင်ဖြစ်သည်။ တမန်တော် ရှင်ပေါလုနှင့် အသစ်တဖန်မွေးဖွားခြင်း ခံသော သူတို့၏ ယုံကြည်ခြင်းသည် အတူတူပင်ဖြစ်၏။ အသစ်တဖန် မွေးဖွားခြင်းမခံသောသူတို့သည် ယေရှုကို ယုံကြည်ခဲ့ကြသော်လည်း အကျင့်ကောင်းကျင့်ခြင်းအားဖြင့်ဟူသော မမှန်ကန်သော ယုံကြည်ခြင်းမျိုး သူတို့၌ရှိ၏။ ကျွန်ုပ်တို့သည် အကျင့်ကောင်းကျင့်ခြင်းအားဖြင့် ကယ်တင် ခြင်းမခံ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း (ယေရှုဗတ္တိဇံနှင့် ကားတိုင်ပေါ် အသေခံခြင်း) ကို ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်သည်။
 
 
ဖြောင့်မတ်သောသူ၏ ဦးတည်ချက်တွင် အပြစ်မပါ
 
(ရော ၃း၇-၈) “ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရား သခင်၏သစ္စာတော်သည် ဂုဏ်အသရေတော်ကိုတိုးပွါးစေလျှင်ငါ့ကို အပြစ် ရှိသော သူကဲ့သို့အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍မေးပြန်လျှင်၊ ကောင်းသော အကျိုးရှိစေခြင်းငှါ မကောင်းသောအကျင့်ကို ကျင့်ကြကုန် အံ့ဟုလူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက် ငါစကားကို ပြန်ပြောသည်အ တိုင်းဆိုဦးမည်လော။ ထိုသို့ဆို သောသူတို့သည် ကိုယ်အပြစ်ဒဏ်ကို ခံထိုက်ကြ၏။” မယုံကြည်သူများ၏ နာမည်များသည် အပြစ် တရားစီရင် စာအုပ်၌ရေးသားထားသောကြောင့် ငရဲသို့ချခြင်းကို ခံရလိမ့်မည်။ ထို ကြောင့် သူတို့သည် နောင်တရပြီး ရေနှင့်ဝိညာဉ်တော် ယုံကြည်ခြင်းဖြင့် အသစ်တဖန် မွေးဖွားခြင်းကို ခံယူသင့်သည်။
ရှင်ပေါလုက ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသ လော။လုံးဝမပြုလုပ်ပါဟူ၍ ပြောပါသည်။ ယေရှုက သူတို့ကို အပြစ်အား လုံးမှ ကယ်တင်ကြောင်း သူတို့က လက်မခံလျှင် ထိုသူတို့သည် ငရဲသို့ သွားရမည်လော။ အကြောင်းမှာ မယုံကြည်သူများအပေါ်တွင် ဘုရားသခင် သည် မတရားသောအမှုကို ပြုတော်မူမည်လောဟူ၍ လူတို့က သူ့ကို ဆန့်ကျင်ကြသည်။ သို့သော် ပေါလုပြောသည်မှာ ဘုရားသခင်သည် မတ ရားသောအမှုကို ပြုတော်မူသလော။ယုံကြည်သူများသည် သမ္မာတရားကို လက်မခံလျှင်လည်း ငရဲသွားရမည်ကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရား သည် မတရားသောအမှုကို ပြုတော်မမူသော ဘုရားဖြစ်သည်။
ရော ၃း၇ က ဖေါ်ပြထားသည်မှာ “ထိုမှတပါးငါသည် သစ္စာပျက် သောအားဖြင့် ဘုရားသခင်၏သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေ လျှင်ငါ့ကို အပြစ်ရှိသော သူကဲ့သို့အဘယ်ကြောင့် စီရင်သေးသ နည်း ဟူ၍မေးပြန်လျှင်၊ ကောင်းသော အကျိုးရှိစေခြင်းငှါ မကောင်း သောအကျင့်ကို ကျင့်ကြကုန်အံ့ ဟုလူအချို့ တို့သည် ငါတို့ကို ကဲ့ရဲ့ လျက် ငါစကားကို ပြန်ပြောသည်အတိုင်း ဆိုဦး မည်လော။” လူတို့သည် ဤသို့ ဖြင့် ဆိုကောင်းဆိုနိုင်လိမ့်မည်။ သင်သည် အပြစ်ခွင့် လွှတ်ခြင်းရရှိပြီး ဖြစ်သောကြောင့် အပြစ်ကို သိလျက်နှင့် ကျူးလွန်မလား။ သင် သည် လိမ် ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အားဖြင့် ကယ်တင်ခြင်းခံသောကြောင့်ဖြစ်သည်။ သင့်ကြံရွယ်ချက်၌ အပြစ် ထပ်ကျူးလွန်ဦးမည်လော။ 
 ကျမ်းစာက သူတို့သည် ထာဝရဘုရား၏ ကယ်တင်ခြင်းကို မသိ၊ သူ၏ချစ်ခြင်းမေတ္တာကို မယုံကြည်လျက်နှင့် မကောင်းသော စိတ်ဆန္ဒဖြင့် အလုပ် လုပ်သောကြောင့် ဖြစ်သည်ဟု ဖေါ်ပြထားသည်။ထို့ကြောင့် ရှင်ပေါ လုက ထာဝရဘုရားသည် ကောင်းမြတ်ခြင်း၊ သမ္မာတရားနှင့် ပြည့်စုံသော ဘုရားဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် လူတို့သည် ပေါလုကို သူတို့ အတွးနှင့် အလုပ်မပါဘဲ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရသည်ဟု ယုံ ကြည်လျှင် သင်သည် အပြစ်ပိုး များသူသာဖြစ်မည်ဟု ဝေဖန်ကြသည်။ ဤအရာသည် မမှန်ပါ။ ထိုသူတို‹သည် အပြစ်ကို မရှောင်နိုင်။ အပြစ်မှမွေး လာသောသူများ ဖြစ်ကြသည်။ ပန်းသီးပင်သည် ပန်းသီးကိုသာ သီးလျက်ရှိ သည်။ ထိုးနည်းတူ လူတို‹သည်လည်း အပြစ်သား များဖြစ်သကဲ့သို့ အပြစ် ကို ဆက်လက်ကျူးလွန်ခဲ့သည်။ သို‹သော် ထာဝရဘုရားသည် အပြစ်သား များကို သူ၏ဖြောင့်မတ်ခြင်းဖြင့် အပြစ်မှ ကယ်တင်ခဲ့သည်။
(ရော ၃း၈) “ထိုသို့ဆို သောသူတို့သည် ကိုယ်အပြစ်ဒဏ်ကို ခံထိုက်ကြ၏။” မမှန်ကန်သော တရားဟောဆရာများ၏လိမ်လည်မှု အောက်၌ ကျင်လည်နေသော သူများသည် ဤသို့ဖြင့် ယေရှုကို ယုံကြည် ကြသည်။ လွန်ခဲ့သောအနှစ် ၂၀ဝ၀ ခန့်တွင် ရောမသြဝါဒစာစောင်ကို ရှင်ပေါလုက ရေးသားခဲ့ပါသည်။ ယနေ့မယုံ ကြည်သူများ လုပ်ဆောင်သ ကဲ့သို့ထိုအချိန်တွင်လည်း ဖြစ်မည်ဟု ထင်မိကြသည်။ မမှန်သော ယုံကြည် သူများသည် ရှင်ပေါလုကာလ၌ မယုံကြည်သူများကဲ့သို့ထင်ခဲ့ပြီး ဤသို့ ပြောကြသည်။ အကယ်၍ သင်သည် အပြစ်လွှတ်ခြင်းခံလျှင် အပြစ် ပြန်ကျူးလွန်မည်လော။မယုံကြည်သူများသည် ဇာတိအသွေးအသား၏ ထင်မြင်မှုအတိုင်း အလုပ်လုပ်ခဲ့သည်။
သူတို့သည် ကယ်တင်ခြင်းဟူသော ထာဝရဘုရား၏နှုတ်ကပတ် တော်ကို နားမလည်နိုင်။ အကြောင်းမူကား သူတို့သည် မှားယွင်းသော ဇာတိထင်မြင်တွေးတောမှုများကြောင့် ဖြစ်သည်။ အပြစ်လွှတ်ခြင်းခံသော သူသည် အပြစ်ကျူးလွန်မိလျှင်လည်း သူ့အတွက် အကန့်အသတ်ရှိသည်။ ကျမ်းစာက ပြောသည်မှာ အပြစ်သားများသည် အပြစ်ကို ဆက်လက်ကျူး လွန်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အပြစ်၌ကျင်လည်နေ သည်ကို သတိမရ သည်သာမက ရေနှင့်ဝိညာဉ်တော်၌ အသစ်တဖန် မွေးဖွားခြင်း မခံသောကြောင့် ဖြစ်သည်။ ကျမ်းစာပြောသည်မှာ ဖြောင့်မတ် သူသည် အလောတကြီး အပြစ် မကျူးလွန်ခြင်းသည် ထာဝရဘုရား၏ အုပ်စိုးမှုကို နာခံသောကြောင့် ဖြစ်သည်။
လူအချို့သည် ရှင်ပေါလုကို သင်သည် မကောင်းသောအရာကို မလုပ်ဘဲ ကောင်းသောအရာ လာမည်လော။ အဘယ့်ကြောင့်ဆိုသော် ထာဝရဘုရားသည် သင့်ကို အပြစ်မှ ကယ်တင်သောကြောင့်ဟု မေး၏။ ရှင်ပေါလုက သူတို‹ပြစ်တင် ရှုပ်ချခြင်းသည် မှန်၏ဟု ပြောသည်။ သူဆိုလို သည်မှာ သူတို့အဖို့ တရားစီရင်ခြင်း နှင့်ငရဲသွားရမည်ကို ဆိုလိုခြင်းဖြစ် သည်။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ယုံကြည်မှု၌ အားကိုးခြင်းမရှိဘဲ သူတို့လုပ်ဆောင်ချက်ကို သာ မှီခိုအား ထားသောကြောင့်ဖြစ်သည်။
 
 
ထာဝရဘုရား၏ ဖြောင့်မတ်ခြင်းသည် အကန့်အသတ်မရှိ
 
တမန်တော် ရှင်ပေါလုက “လူသားတို့၏ မယုံကြည်မှုကြောင့် ဘုရားသခင်၏ ယုံကြည်လောက်သည့်အရာကို တန်ဘိုးမရှိသကဲ့သို့ ပြု နိုင်ပါမည်လော။ အမှန်စင်စစ် အဘယ်သို့မျှမြုပနိုင်ပေ။” ထို့အပြင် ကယ်တင်ခြင်းကို လက်မခံဘဲကိုယ်ကိုယ်ကို ကယ်တင်နိုင်မည်လောဟု မယုံကြည်သူတို့ကို ပြော၏။ ယုံကြည် သောသူသည် ကယ်တင်ခြင်းရ၏။ သို‹သော် အပြစ်လွှတ်ခြင်းတရားကို လက်မ ခံသူသည် ထာဝရဘုရား၏ ဂရုဏာတော်ကို အချည်းအနှီ သက်သက်သာဖြစ်စေ၏။ ထာဝရဘုရား၏ ဖြောင့်မတ်မှု ခိုင်မြဲကြောင်း သင်နားလည်သလား။ ငရဲသွား သောသူများ (သို့) မိမိဆန္ဒအတိုင်း သွားသောသူများသည် ယုံကြည်မှုကို မရွေးချယ် ကြခြင်းကြောင့် ဖြစ်၏။ ထာဝရဘုရား၏ လုပ်ဆောင်မှုနှင့် ကယ်တင်ခြင်း ၏ ဂရုဏာတော်သည် တည်မြဲ၏။
ကယ်တင်ခြင်းသည် လူ့ကြိုးပမ်းအားထုတ်မှုနှင့် ဆက်နွယ်ခြင်း မရှိပါ။ တရားဥပဒေလုပ်ဆောင်မှု၌လည်း အခြေမခံပါ။ ယုံကြည်သူများနှင့် သာ ဆက်နွယ်မှုရှိ၏။ယုံကြည်သူများသည် ထာဝရဘုရား၏ သမ္မာတ ရားအတိုင်း ကယ်တင်ခြင်း ခံပြီး မယုံကြည်သူမျာသည် ငရဲသို့သွားလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် သူတို‹သည် ကယ်တင်ခြင်းကိုမခံ၊ သမ္မာ တရားကို ငြင်းပယ်သောကြောင့်ဖြစ်သည်။ (ယေရှု၈း၁၆) “ဤသက်သေခံ ချက်ကို ငါ့တပည်တို့တွင် ထုပ်ထား၍ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏။” ယေရှုကို ယုံကြည်သူအပေါင်းတို့သည် ဖြောင့်မတ်ပြီး ထာဝရအသက်လည်းရ၏။ သို့သော် မယုံကြည်သူများမှာမူကား ငရဲသို့ သွားလိမ့်မည်။ အကြောင်းမူကား အပြစ်တရား၏ အခကား သေခြင်းပေ တည်း။ ယေရှုသည် အပြစ်လွှတ်ခြင်း၊ မယုံကြည်သူများအတွက် ချော်လဲရာ ကျောက် ဖြစ်သည်။
 
 
ဖြောင့်မတ်သောသူ တယောက်မျှမရှိ
 
တမန်တော်ရှင်ပေါလုသည် ရောမသြဝါဒစာစောင်တွင် ယုံကြည် ခြင်း အကြောင်းကို ဖေါ်ပြထားပါသည်။ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ခံယူသောသူများသည် အံ့သြကြသည်။ ယေရှုအားဖြင့် အပြစ်မှ ကယ်လွှတ် ခြင်းခံသောသူများသည် ဖြောင့်မတ်သူများဖြစ်ကြသည်။ယေရှုသည် သစ္စာ ရှိသောသူဖြစ်သည် ဟူသော စကားလုံး၏ ဆိုလိုရင်းမှာ သူသည် အပြစ် သားများအား သူတို့အပြစ် မှကယ်တင်ခဲ့သည်ကို ဖေါ်ပြထားသည်။ တချို့ သူတို့သည် အပြစ်သားအဖြစ်မှ ကယ်ချွတ်ခြင်းခံခဲ့သော်လည်း ဘုရားသခင် ရှေ့မှောက်တော်တွင် ဖြောင့်မတ်သော သူ မဖြစ်နိုင်ဟု ပြောကြသည်။ အပြစ်မှလွှတ်ခြင်းခံသောသူသည် အပြစ်သားမဖြစ် နိုင်ပါ။ ယေရှုက ကျွန်ုပ် တို့ကို ကယ်တင်လျှင် ကျွန်ုပ်တို‹သည် ကယ်တင်ခြင်းခံသော သူများဖြစ်ပြီး မကယ်တင်ခဲ့သော် အပြစ်သားများသာ ဖြစ်မည်။ ကယ်တင်ခြင်း၌ တပိုင်း တစသာ ကယ်တင်သည်ဆိုသည်မရှိ။
ဖြောင့်မတ်သောသူသည် အပြစ်ကျူးလွန်မိပါသလား။ မကျူးလွန် ပါ။ အပြစ်ရှိသောသူသည် အပြစ်သားဖြစ်၏။သို့သော် ယေရှုကို ယုံကြည် သောသူသည် ဖြောင့်မတ်သူများနှင့် အပြစ်မရှိသူများဖြစ်ကြသည်။ မည်သို့ ဖြင့် နေ့စဉ် အပြစ်နှင့် အနာဂါတ်အပြစ်များ၏ ပြဿနာကို ဖြေရှင်းရမည် နည်း။ သူတို့သည် ရှောင်လွဲမ ရနိုင်သော အပြစ်သားဖြစ်ခြင်းမှာ နေ့စဉ်အ ပြစ်ကျူးလွန်သည်သာမက နောက်နောင်တွင်လည်း အပြစ်ကျူးလွန်မည် ဖြစ်သည်ဟု လူ့အတွေးဖြင့်တွေးတတ်ကြသည်။ယေရှုကားတိုင်ပေါ် အသေ ခံခြင်းနှင့် ဗတ္တိဇံခံခြင်းဖြင့် လောကအပြစ် အားလုံးဆောင်သွား သည်ဟူ သော သတင်းကောင်း ယုံကြည်သောအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ် သောသူများဖြစ်ကြသည်။
ဖြောင့်မတ်သောသူသည် အပြစ်ကျူးလွန်မိလျှင် ထိုသူသည် အဓိပ္ပါယ်မရှိ သူသာဖြစ်သည်။ လူတို‹သည် သူတို့ အပြစ်အတွက် အကြွေး ပေးဆပ်ခဲ့ပြီးပါသလား။ ချမ်းသာသောသူတယောက်ရှိသည်ဟု ဆိုကြပါစို့။ သို့သော် သူတို့သည် အသက် ကြီးပြင်းလာသည်နှင့်အမျှ ဆိုင်တိုင်း၌ နေ့စဉ် ချိုချဉ်ဝယ်စားတတ်သော အကျင့်မကောင်းသောသားရှိ၏။ သူ့အဖေသည် လုံလုံလောက်လောက် ပိုက်ဆံပေးခဲ့သော်လည်း ဆိုင်းတိုင်း၌ အကြွေး ယူခြင်းများ ပြုလုပ်ခဲ့သောကြောင့် ထိုသူသည် သေသည်အထိ အကြွေး နှင့်သာ ရင်ဆိုင်ခဲ့ရသည်။
ထာဝရဘုရားသည် ယော်ဒန်မြစ်တွင် ထာဝရအတွက် တခါတည်း ဖြင့် အပြစ်အားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်။ထို့ကြောင့် ကျွန်ုပ်တို့ သည် အပြစ် သားပြန်မဖြစ်နိုင်။ ကျွန်ုပ်တို့သည် ထာဝရဘုရား၏ ဖန်ဆင်း မှုများကို မငြင်းပယ်လျှင် ဖြောင့်မတ်သောသူဟု ထာဝရဘုရားက ခေါ် တော်မူလိမ့်မည်။
 
 
လူတို့သည် ဇာတိနှလုံးသားနှင့် သတင်းကောင်းကိုမယုံကြည်နိုင် အသစ်တဖန် မွေးဖွားခြင်းလည်း မခံယူနိုင်
 
ခရစ်ယာန်သည် ဇာတိနှလုံးသားဖြင့် ကိုယ့်ကိုယ်ကို အပြစ်မှ လွှတ်ခြင်း ခံသည်ဟု သက်သေပြကြသည်။ ဝိညာဉ်ပိုင်းဆိုင်ရာ နှလုံးသား သည် နှုတ်ကပတ်တော်ကိုသာ ယုံကြည်ရမည်။ ဇာတိနှလုံးသားသည် လူ၏နှလုံးသား၊ လူ၏ ဉာဏ်ပညာသာဖြစ်သည်။ ဇာတိပကတိသည် လူတို့ ကို အပြစ်မှ မကယ်တင်နိုင်။သို့သော် ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်တော် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူ ဖြစ်လာသည်။ ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်ဖို့ကြိုးစားခြင်းဖြင့် ဖြောင့်မတ်သော သူမဖြစ်နိုင်ပါ။ 
ယေရှုကို ယုံကြည်ပြီး အပြစ်ပြန်မကျူးလွန်ဘဲသန့်ရှင်းသောသူ သည် ကောင်းကင်နိုင်ငံကို ဝင်ရောက်နိုင်ပါသလား (သို့မဟုတ်) တခါး တည်းဖြင့် ပြည့်စုံသောကယ်တင်ခြင်း ဖြစ်နိုင်သလား။ အပြစ်လွှတ်ခြင်း အားဖြင့် အပြစ်သားများသည် ဖြောင့်မတ်သောသူ ဖြစ်နိုင်ပါသလား။ ဇာတိ နှလုံးသားဖြင့် သင်သည် ဖြောင့်မတ်သောသူ မဖြစ်နိုင်ပါ။ ဇာတိအသွေး အသားသည် ဘယ်သောအခါမှ ဖြောင့်မတ်သည်မရှိ။ ခန္ဒာကိုယ်သည် ဇာတိ၏အလိုဆန္ဒအတိုင်း ဖြည့်ဆည်းဖို့ ကြိုးစားနေပါ သည်။ဇာတိပကတိ မသန်‹ရှင်းနိုင်ခြင်းသည် လောကရေးရာ၌ ပြင်းပြ သော တဏှာရမက်မှုရှိသောကြောင့် ဖြစ်သည်။ ရေနှင့်အသွေးတော် ယုံ ကြည်ခြင်းဖြင့်သာ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူ ဖြစ်လာသည်။ ကိုယ့်ကိုယ်ကို နှင်းကဲ့သို့သန့်ရှင်းစေခြင်းနှင့် အပြစ်မကျူးလွန်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံကို ဝင်ရောက်နိုင်ပါသလား။ ဤအရာ သည် လောကီရေးရာ၌ ပျော်မွေ့သောသူများ၏ ထင်မြင်ယူဆချက်သာဖြစ် ပြီး အပြစ်ရှောင်ခြင်းအားဖြင့် သန့်ရှင်းသောသူ မဖြစ်နိုင်ပါ။
လူတို့သည် သတင်းကောင်း ယုံကြည်ခြင်းနှင့် အသစ်တဖန် မွေး ဖွားမခံခြင်းသည် ဇာတိနှလုံးသား၏ ယုံကြည်မှုကြောင့်ဖြစ်သည်။ (ယော ၃း၆) “ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ် တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။” ဇာတိနှလုံးသားနှင့် အသွေးအ သားအားဖြင့် အဘယ်မျှ ဖြောင့်မတ်သော သူမဖြစ်နိုပ်ပါ။
ဇာတိသဘောနှင့် အဘယ်သူမျှ ဖြောင့်မတ်နိုင်သည်မရှိ၊ သင်သည် ယနေ့ ထိတိုင်ယေရှုကို ယုံကြည်လက်ခံသော်လည်း နက်ဖြန်၌ ပြန်လည် ပြစ်မှားကျူးလွန်ရမည့်အတွက် ဤအရာသည် မဖြစ်နိုင်ပါဟူ၍ ထင် ကောင်းထင်လိမ့်မည်။ ထို့ပြင် ငါအပြစ်ကို ဆက်လက်ကျူးလွန်သော ကြောင့် အပြစ်မရှိတော့ပါဟု မည်သို့ဖြင့် ငါပြောနိုင်မည်နည်းဟူ၍ သင်ထင်ကောင်းထင်လိမ့်မည်၊ ဇာတိအလို လိုက်စားခြင်းဖြင့် သင်ဖြောင့် မတ်နိုင်ပါသလား၊ ဇာတိပကတိနှင့်သန့်ရှင်း ဖြောင့်မတ်ရာသို့ ရောက်နိုင် သည်ဆိုသည်မရှိ။
 
 
ထာဝရဘုရားက ကျွန်ုပ်တို့ကို ဖြောင့်မတ်စေသည်
 
ထာဝရဘုရားက ကျွန်ုပ်တို့ကို ပြည့်စုံစွာဖြင့် ကယ်တင်ခဲ့ပြီး သူ သည်ကျွန်ုပ်တို့၏ဤသိစိတ်(သြတ္တပ္ပစိတ်)ကိုသန့်ရှင်းစေခြင်းဖြင့် ကျွန်ုပ်တို့ သည် ဖြောင့်မတ်သောသူဖြစ်လာပြီး သူ့ကို အဖဟူ၍လည်းကောင်း၊ ကယ် တင်ရှင် ဟူ၍လည်းကောင်း၊ ခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် နှုတ်ကပတ်တော်ယုံ ကြည်လက်ခံခြင်းမှ စတင်ကြောင်း သင်သိသင့်သည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယုံကြည် လက်ခံသောအခါ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူဖြစ်လာသည်။ ကျွန်ုပ် တို့သည် ဇာတိအကျင့်ကောင်း ကျင့်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ မဖြစ်နိုင်ပါ။
အသစ်တဖန် မွေးဖွားခြင်းမခံသောသူများကို ဇာတိထင်မြင်ချက် များကို သူတို‹ကို အုပ်စိုးပြီး လောကီရေးရာ၌သာ နှစ်မြှုပ်ခဲ့ကြသည်။ ထိုသူတို့သည် သူတို့ကိုသူတို့ဖြောင့်မတ်သောသူဟု မပြောနိုင်ခြင်းသည် သူတို့၏ ဇာတိနှလုံးသား ကြောင့်သာဖြစ်၏။ ယုံကြည်ခြင်းသည် ထာဝရဘု ရား၏ နှုတ်ကပတ်တော်ဖြစ်သော သမ္မာတရားကို ယုံကြည်လက်ခံခြင်းမှ စတင်ပြီး ကျွန်ုပ်တို‹ကိုလည်း သန့်ရှင်းစေသည်။ အကယ်၍ သင်သည် အသစ်တဖန် မွေးဖွားခြင်းခံယူလိုပါက အသစ်တဖန် မွေးဖွားခြင်းခံပြီး သော သူများထံမှတဆင့် သတင်းကောင်းကြားနာခြင်းဖြင့် အသစ်တဖန် မွေးဖွားခြင်းခံနိုင်ပါသည်။ (၁ ကော ၂း၁၀) “ထိုအရာတို့ကို ဘုရားသခင် သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသေအရာတိုင်အောင် ခပ်သိမ်းသော အရာတို့ ကို စစ်တော်မူ၏။” လူတို့သည် ဖြောင့်မတ်သော သူများထံမှတဆင့် နှုတ်ကပတ်တော် ကြားနာခြင်းဖြင့် အသစ်တဖန် မွေးဖွားခြင်းခံနိုင်ခြင်း သည် ဖြောင့်မတ်သော သူများအထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် ကျိန်း ဝပ်သောကြောင့်ဖြစ်သည်။
အာဗြဟံမှာ ဣရှမေလနှင့် ဣဇာက်အမည်ရှိသော သားနှစ် ယောက်ရှိသည်။ ဣရှမေလသည် သူ၏ အစေခံထံမှဖြစ်ပြီး ဣဇာက်မွေး ချိန်တွင် ဣရှမေလသည် ၁၄ နှစ်ရှိခဲ့ပြီဖြစ်သည်။ ဤသူနှစ်ယောက်တွင် အဘယ်သူသည် စစ်မှန်သော အမွေဆက်ခံသူဖြစ်မည်နည်း။ စာရာမှ မွေးလာသော ဣဇာက်သည် စစ်မှန်သော အမွေဆက်ခံသူဖြစ်ခဲ့သည်။
ဣရှမေလသည် ဣဇာက်ထက် အသက်ကြီးပြီး သန်မာသော် လည်း ဣဇာက်သည် စစ်မှန်သော အမွေဆက်ခံသူဖြစ်သည်။ အဘယ် ကြောင့်နည်း။ ဣဇာက်သည် ထာဝရဘုရား၏ ကတိတော်အတိုင်း မွေးဖွား လာသောသူဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည်လည်း ထာဝရဘုရား ၏ သမ္မာတရားကို ယုံကြည် လက်ခံမှသာလျှင် အသစ်တဖန် မွေးဖွားခြင်းခံ နိုင်လိမ့်မည်။
(ရော ၃း၉-၁၀) “ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ငါတို့သည် မြတ်သလော ဟု မေးပြန်သော် အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ လေဟ သလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ကပြခဲ့ပြီ။ ကျမ်းစာလာသည်ကား၊ ဖြောင့်မတ် သောသူမရှိ၊တယောက်မရှိ။” ဤကျမ်း ပိုဒ်သည် ဘာကို ဆိုလိုသနည်း။ အသစ်တဖန် မွေးဖွားခြင်း မခံမှီလော (သို‹) ခံပြီး၌လော။ ကျွန်ုပ်တို‹အားလုံးသည် အသစ်တဖန် မွေးဖွားခြင်းမ ခံမီ အပြစ်သားများဖြစ်ကြသည်။ ယေရှုသည် လောကအပြစ်များကို မဖုံး ကွယ်မီ လောက၌ ဖြောင့်မတ်သောသူ တယောက်မျှမရှိ။
ကျမ်းစာက ပြောသည်မှာ “ဖြောင့်မတ်သောသူ တယောက်မျှမ ရှိ။” အဘယ်နည်းဖြင့် လူသားသည် သန်‹ရှင်းနိုင်မည်နည်း။ လူသားသည် သူ့ကိုသူ မဖြောင့်မတ်စေနိုင်ပါ။ မိမိကိုယ်ကို ဖြောင့်မတ်စေနိုင်သောသူ တ ယောက်မျှမရှိ။ မိမိကိုယ်ကို óကိးပမ်းအားထုတ်မှုနှင့် အပြစ်ကင်းမဲ့သော သူ တယောက်မျှမရှိ။ ဘုရား သခင်၏ နှုတ်ကပတ်တော် ယုံကြည်ခြင်းအား ဖြင့်သာ ဖြစ်နိုင်သည်ဟု ကျမ်းစာကပြောသည်။ (ရော ၃း၁၁) “နာလည် သောသူမရှိ။ဘုရားသခင်ကိုရှာသော သူ မရှိ၏။”
 
 
လူအပေါင်းတို့သည် လမ်းလွဲကြပြီ
 
“လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမ ရသော သူ ဖြစ်ကြပြီ” (ရော ၃း၁၂)။ လူတို့သည် ဘုရားသခင်ရှေ့၌ အသုံးမ ရသောသူ ဖြစ်ကြပါသလား။ အသစ်တဖန် မွေးဖွားခြင်း မခံရသောသူတိုင်း သည် ဘုရားသခင် ဖန်ဆင်းထားသောသူများဖြစ်သော်လည်း ၄င်းတို့ ဆန္ဒအတိုင်း မိုးမရွာစေ သောအခါ ဘုရားသခင်ကို ဒေါသထွက်ကြသည် မဟုတ်လား။ ၄င်းတို့သည် ခိုက်ရန်ဖြစ်ပွား၍ တဦးနှင့်တဦး ကျိန်ဆဲခြင်း များပြုသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ ကောင်းကင်ကို လက်ညှိုးထိုးကြသည်မဟုတ်လား။
ဘုရားသခင်က “လူအပေါင်းတို‹သည် လမ်းလွဲကြပြီး တညီတ ညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ” ဟု ဆိုထားပါသည်။ နှလုံးသားထဲ တွင် အပြစ်ရှိနေ သောသူက ဘုရားသခင်၏ ဘုန်းတော်ကို မည်သို့ထင်ရှား စေနိုင်မည်နည်း။ မိမိအပြစ်ကိုပင် မဖြေရှင်းနိုင်သော အပြစ်သားက ဘုရား သခင်၏ ဂုဏ်တော်ကို မည်သို့ချီးမွှမ်းနိုင်မည်နည်း။ အပြစ်သားက ဘုရား သခင်၏ ဘုန်းတော်ကို မထင်ရှားစေ နိုင်ပါ။ 
ချီးမွှမ်းခြင်းဟု အမည်ရသော အမှုတော်လုပ်ငန်းက ယခုအချိန် တွင် လွမ်းမိုးလျက်ရှိသည်။ အပြစ်သားများက ဗျာဒိတ်ကျမ်းမှ ကျမ်းချက် များကို သီချင်းစာသားများအဖြစ် ရေးစပ်လေ့ရှိသည်။ “ကောင်းကင်မြေ ကြီး၊ မြေကြီးအောက် သမုဒ္ဒရာအထဲ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယ သတ္တဝါပေါင်းတို့က ပလ္လင်တော်မှာ ထိုင်တော်မူသော သူနှင့် သိုးသူငယ် သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ ဂုဏ်အသရေ၊ ဘုန်းအာ နုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည် (ဗျာ ၅း၁၃)။” ဘုရားသခင်သည် ချီးမွှမ်းခြင်းကို ခံရန် ထိုက်တန် သည်မှန်သော် လည်း ဖြောင့်မတ်သောသူကသာ သူ့ကို ချီးမွှမ်းနိုင်ပါသည်။ အပြစ် သားများ၏ ဝမ်းမြောက်စွာ ချီးမွှမ်းခြင်းကို ဘုရားသခင်က လက်ခံမည်ဟု သင်ယူ ဆပါသလား။ အပြစ်သားများ၏ ချီးမွှမ်းခြင်းသည် ကာဣန၏ ပူဇော်ခြင်းနှင့်ညီ၏။ ၄င်းတို့အနေနှင့် ဘုရားသခင်ကို ချီးမွှမ်းနေသည်ဟု ယူဆကြသော်လည်း ထိုချီးမွှမ်းခြင်းများသည် အကျိုးမဲ့လျက် ဗလာ ဟင်းလင်းပြင်ဖြစ်သော ကောင်းကင်ကိုသာ သီဆိုနေခဲ့ကြပါသည်။ အ ဘယ့်ကြောင့်နည်း။ ဘုရားသခင်သည် ထိုချီးမွှမ်းခြင်း၌ ဝမ်းမြောက်ခြင်း မရှိပါ။ အပြစ်သား၏ ဆုတောင်းသံကို သူသည် နားမညောင်းပါ။ (ဟေ ၅၉း၁-၂) “ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မ ဟုတ်။ သင်တို့အပြစ်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြား တော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။”
ဤကျမ်းက လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ် တည်း အသုံးမရသောသူ ဖြစ်ကြပြီဟု ဆိုထားပါသည်။ “လူအပေါင်းတို့ သည် လမ်းလွဲကြပြီ” ဟူသော ကျမ်းချက်၏ အဓိပ္ပါယ်မှာ သူတို့သည် ဘုရားသခင်၏ စကားတော်ကို ငြင်းပယ်၍ သူတို့ကိုယ်ပိုင်ခံယူချက်၊ စိတ် ကူးများကိုသာ ယုံကြည်ကြခြင်းပင် ဖြစ်သည်။ မှန်ကန်သော တရားစီ ရင်ခြင်း မြုပနိုင်ပါ။ “လမ်းလွဲကြပြီ” ကျမ်းချက်က လူတို့သည် မိမိထင်ရာ သို့လှမ်းလျှောက်ခြင်းကို ဆိုလိုသည်။ ၄င်းတို့ အမြဲတမ်း ပြောလေ့ရှိ သည်မှာ “ကျွန်ုပ် ဒီလိုယူဆသည့်အတွက် ဒီလိုပဲ ယုံကြည်သည်” ဟူ၍ ဖြစ်သည်။ မိမိကိုယ်ပိုင်တွေးများကို မစွမ်းလွှတ်ပဲ ထိုခံယူချက်များ ကိုသာ တံခါးဖွင့်လက်ခံကြသောကြောင့် သူတို့သည် ဘုရားသခင်၏ စကားတော် ကို ပြန်လှည့်လာခြင်း မပြုကြတော့ပါ။
အသစ်တဖန် မွေးဖွားခြင်းမခံရသော သူများက သူတို‹တရားစီရင် သည့်အတိုင်းဖြစ်သည်ဟု ထင်တတ်ကြသည်။ ၄င်းတို‹အတွက် နှုတ်က ပတ်တော်က မည်သို့ ရေးထားသည်ဆိုသည့်အချက်က အရေးမပါတော့ ပေ။ သူတို့၏ ခံယူချက်၌သာ တွယ်ကပ်၍ သူတို့လက်ခံနိုင်သည့် အမှန်နှင့် အမှားအတိုင်းသာ စီရင်တတ် ကြသည်။ ဘုရားသခင်က လူအပေါင်း တို့သည် မိမိထင်ရာကို ယုံကြည်လိုက် လျှောက်ကြသောကြောင့် လမ်းလွဲ ကြပြီဟု ဆိုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အယူအဆအတိုင်း လိုက်လျှောက်ခြင်းဖြင့် လမ်းမလွဲသင့်ပါ။ မှန်ကန်သည့် တရားအတိုင်း ကယ်တင်ခြင်းကို ခံယူရမည်ဖြစ်သည်။ မှန်ကန်သော နှုတ်ကပတ် တော်ရှေ့မှောက်၌ တရားစီရင်ခြင်းကို ခံယူရမည်ဖြစ်သည်။ မှန်ကန်သော နှုတ်က ပတ်တော်ရှေ့မှောက်၌ တရားစီရင်ခြင်းကို ခံယူသင့်သည်။ သို့ဖြစ်လျှင် ဖြောင့်မတ် ခြင်းဆိုသည်မှာ အဘယ်နည်း။
 
 
နှုတ်ကပတ်တော်အတိုင်း ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံယူရမည်
 
ဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ မှန်ကန်သည့် နှုတ် တော်ထွက်စကားဖြစ်သည်။ ဘုရားသခင်၏ စကားတော်သည် မှတ် ကျောက် (သို့မဟုတ်) တရားဥပဒေပုဒ်မကို စီရင်ဆုံးဖြတ်သည့်အရာအဖြစ် နားလည်ထားရပါမည်။ “အစ အဦး၌ နှုတ်ကပတ်တော်ရှိ၏” (ယော ၁း၁)။ မည်သူသည် ခမည်းတော်ဘုရား၊ ဝိညာဉ်တော်ဘုရားနှင့်အတူ ရှိနေခဲ့ပါ သည်။ ထိုသူမှာ နှုတ်ကပတ်တော်ဘုရား ဖြစ်သည်။ နှုတ်ကပတ် တော်သည် ဘုရားသခင်ဖြစ်သည်။ ယေရှုခရစ် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဘုရင်တကာတို့ဘုရင်သည် ကျွန်ုပ်တို့၏ ဘုရားသခင် (တနည်းအားဖြင့်) နှုတ်ကပတ်တော်ဖြစ်သည်။
သမ္မာကျမ်းစာက ရေးထားသည်မှာ အစအဦး၌ နှုတ်ကပတ် တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ မည်သူသည် ဘုရားသခင်နှင့်အတူ ရှိခဲ့ပါသနည်း။ နှုတ်ကပတ်တော်ဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော် သည် ယေရှုခရစ်၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ဘုရားသခင်ဖြစ်သည်။ ကယ်တင်ရှင်သည် ဘုရားသခင် ဖြစ်သည်။ သူ၏ဖြစ်စဉ်ကို အတိအကျ ကိုယ်စားပြုသောအရာသည် နှုတ်ကပတ်တော်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ခံယူချက်များ၊ အတွေး များနှင့် ကွဲပြားပါသည်။ ထိုသို့ ကွဲပြားရခြင်းမှာ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့လူသားများက မိမိဇာတိ အသွေးအသားမှလာသော အတွေးများနှင့် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို နားလည်ရန် óကိးစားခြင်းသည် အလွန်မိုက်မဲသောအရာ ဖြစ်ပါ သည်။
ထို့ကြောင့် ဘုရားသခင်သည် သူ၏စကားတော်နှင့် ယုံကြည်ခြင်း ၌ မြဲမြံစွာ ရပ်တည်သောသူကို အသုံးပြုနိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ခိုင်မာစွာ ရပ်တည်သောသူသည် သစ္စာရှိသောသူ ဘုရားရှင် ရှေ›တော်တွင် အသုံးရသောသူ ဖြစ်သည်။ ထိုသို့သော သူကို ဘုရားသခင်က ကောင်းချီးပေးပါသည်။
ကျွန်ုပ်တို့လူသား တယောက်တလေကပင် ကောင်းသောအရာကို ပြုလုပ် နိုင်ပါသလား။ ဘုရားသခင်ဖြစ်တော်မူသော နှုတ်ကပတ်တော်က ဆိုသည်မှာ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ၊ တယောက်တလေပင် မရှိဟု ဖြစ်ပါသည်။ သို့သော်လည်း တချို့က ကောင်းမြှုုပ်သောသူ တစုံတ ယောက်တော့ ရှိလိမ့်မည် ဟု ထင်တတ်ကြသည်။ အမှန်မှာ လူတို‹သည် ဘုရားသခင်ရှေ့မှောက်တွင် ကြောင်သူတော်ဇတ်ကို တင်ဆက်ကပြနေ ခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့သိရှိထား ရမည်မှာ အသစ်တဖန်မွေးဖွား ခြင်း မခံရသေးသရွေ့ကျွန်ုပ်တို့တွင် ဖြောင့်မတ် သောအရာမရှိ ဆိုသည့်အ ချက်ပင် ဖြစ်သည်။
လူသားအားလုံးက ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်ကြသည်။ သူတို့သည် မိမိအချင်းချင်း လိမ်ညာနေကြသည့်အပြင် ဘုရားသခင်ကိုပင် ၄င်းတို့က သန့်ရှင်းခြင်း၊ ကောင်းခြင်း၊ သနားညှာတာခြင်း ပုံဆောင်၍ လိမ်ညာတတ်ကြသည်။ ဤသို့ ကောင်းချင်ယောင်ဆောင်ခြင်းသည် ထိုသူတို့အတွက် ဘုရားသခင်ကို စိန်ခေါ်ခြင်းသာဖြစ်သည်။ ဤသို့အသစ် တဖန် မွေးဖွားခြင်း မခံဘဲ၊ သူ၏ချစ်ခြင်း မေတ္တာနှင့် ဖြောင့်မတ်ခြင်းကို မယုံကြည်ဘဲ လူကောင်းယောင်ဆောင်ခြင်းသည် ဘုရားသခင်ကို ဆန့် ကျင်ခြင်းဖြစ်ပြီး သူ၏ မှန်ကန်ခြင်းကို ပုန်ကန်ခြင်းသာဖြစ်သည်။
ကြီးမားသောပြစ်မှုကို ကျူးလွန်သူများသာ ဘုရားသခင်၏ တရား စီရင်ခြင်းကို ခံရမည်ဟု သင်ယူဆထင်မြင်ပါသလား။ သူ(သို့မဟုတ်) သူမ သည် ခရစ်ယာန်ဖြစ်နေလင့်ကစား အသစ်တဖန် မွေးဖွားခြင်းခံရသောသူ မှန်သမျှ ဘုရားသခင်၏ ဒေါသမှ လွတ်မြောက်မည်မဟုတ်ပါ။ ထို့ကြောင့် သင်၏ သူတော်ကောင်းယောင် ဆောင်ခြင်း အသက်တာကို စွန့်လွှတ်၍ သူ၏နှုတ်ကပတ်တော်ကို နားထောင်ပါ။ ဒုတိယမွေးဖွားခြင်းကို ခံယူပါ။ ဤသို့ဖြင့် ဘုရားသခင်၏ စီရင်ခြင်းမှ သင်သည် လွတ်မြောက်လိမ့်မည်။
ဒုတိယမွေးခြင်း သို့မဟုတ် အသစ်တဖန်မွေးဖွားခြင်း မခံရသေး သော သူတို့တွင် သောကမရောက်သော လူဆိုးကို သင်မြင်ဖူးပါသလား။ သောကနှင့် ပြည့်နှက်နေသော သူတို့သည် လူကောင်းဖြစ်လာသည်ဟု မည်သူက သင်ပေးခဲ့ သနည်း။ စာတန်ဖြစ်သည်။ လူဆိုသည့်သတ္တာဝါမှာ မူလဇစ်မြစ်အနေဖြင့် ဘယ်တော့မှ လူကောင်းမဖြစ်နိုင်ပါ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ၏အပြစ်များ ဖယ်ရှားခံရပြီးမှသာလူသားသည် ကောင်း သောအသက်တာလမ်းသို့လျှောက် လှမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်လျှင် အပြစ်ကို တမင်ကျူးလွန်ကြပါဟု ဘုရားသခင်က ပြောခဲ့ပါသလား။ မပြော ခဲ့ပါ။ ကျွန်ုပ်တို့သည် အမိဝမ်းတွင်းမှ မထွက်ခင်ကပင် အပြစ်ဆိုသည့် ရောဂါကူးစက်ပြီးဖြစ်သဖြင့် ငရဲသွားရန် ကံဇာတာပါလာသော သူများဖြစ် သောကြောင့် ဘုရားသခင်က အပြစ်မှလွတ်ငြိမ်းခြင်းကို ရယူရန် ကျွန်ုပ် တို့အားပြောသည်။ ဘုရားသခင်က ကျွန်ုပ်တို‹ကို ကယ်တင်ခြင်းရရှိစေရန် သူ၏ မှန်ကန်သော နှုတ်ကပတ်တော်ကို အယောက်စီတိုင်းအား လက်ခံရ ရှိစေလိုပါ သည်။
 
 
စာတန်သည် မယုံကြည်သူများကို အသုံးပြု၍ အမြဲမုသားပြောသည်
 
“သူတို့၏ လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့်လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ ¹မြွေဆိုးအဆိပ်အတောက်ရှိ၏။ သူ၏နှုတ်သည် ကျိန်ဆဲသောစကား ကြမ်း တမ်းသောစကားနှင့် ပြည့်ဝ၏။ သူတို့ခြေသည် လူအသက်ကိုသတ်ခြင်းငှာ လျှင်မြန်၏။ သူတို့သွားရ လမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။ ဘုရားသခင်ကိုကြောက်ရွံ့ရသော အ ကြောင်းသည် သူတို့မျက်စိ၌မထင်ဟု ကျမ်းစာလာသတည်း” (ရော ၃း၁၃-၁၈)။
“သူတို့၏လျှာနှင့်မုသားပြောခြင်းအလေ့ကို ကျင့်ကြ၏။” လူသား အားလုံးသည် မုသားပြောခြင်း၌ လိမ္မာပါးနပ်ကြသည်။ ဘုရားသခင်က စာတန် အကြောင်းကို ဤသို့ပြောထားသည်။ “သူသည် မုသားစကားကို ပြောသော အခါ မိမိပကတိအတိုင်း ပြော၏” (ယော ၈း၄၄)။ အသစ်တဖန် မွေးဖွားခြင်း မခံရသောသူများက “ကျွန်ုပ်အမှန်တစ်ကယ်ပြောသည်” ဟု ဆိုပြီး သူတို့ပြောသမျှသည် မုသာစကားသာဖြစ်သည်။ 
သူတို့ပြောစကားများသည် အမှန်ဖြစ်ပါသည်ဟု အလေးအနက် ပြောသောသူများသည် လိမ်ညာသူများဖြစ်သည်။ လူလိမ်က “ကျွန်တော် လူလိမ်၊ လူညာဖြစ်ပါသည်” ဟုပြောသည်ကို မြင်ဖူးပါသလား။ သူတို့ ပြော သမျှစကားတိုင်းသည် မှန်သလိုလိုနှင့် ပြောတတ်ကြသည်။ သူတို့သည် နားလည်သဘောပေါက် စေအောင် ပြောနိုင်ကြသည်။ “ကျွန်ုပ်တခုပြော ပါရစေ။ ဤနေရာ၌ သင်၏ငွေကို ရင်းနှီးမြှုပ်နှံမည်ဆိုလျှင် ငွေရင်းအ မြန်ဆုံးပြန်ရမည့်အပြင် နှစ်နှစ်အတွင် ဒေါ်လာ ဆယ်သန်းပြန်ရမှာဖြစ် သည်။ ၄င်းသည် အလွန်ဆန်းပြားသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ သင့်အ နေနှင့် ဘယ်လိုသဘောရပါသလဲ” စသဖြင့် သူတစ်ပါး ယုံကြည် လက်ခံ လာအောင် မုသာမက်လုံးပြောတတ်ကြသည်။ ဒုတိယအကြိမ် မွေးဖွားခြင်း မခံရသော သူတို့သည် ဤသို့ဖြင့် သူတို‹လျှာကို အသုံးပြုကာ လှည့်ဖြား တတ်ကြ သည်။
စာတန်သည် လိမ်ပြောအခါ သူ၏ဉာဏ်စွမ်းကို အသုံးပြုတတ်ပါ သည်။ အသစ်တဖန် မွေးဖွားခြင်းမခံသော တရားဟောဆရာသည် လိမ်ကို သာ အမြဲဟောတတ်ပါသည်၊ များများဆက်ကပ်လှူဒါန်းသူသည် ချမ်းသာ လိမ့်မည်ဟု သူဟောပြောပါသည်။ များများဆက်ကပ်လှူဒါန်းခြင်းဖြင့် ချမ်းသာသည်ဟူသော ကျမ်းပိုဒ်ကို ကျမ်းစာထဲ၌တွေ့ဖူးပါသလား။ အဘယ်ကြောင့် လူတို့သည် ခေါင်းဆောင်ဖြင့်ဖို့ရန် ကြိုးစားကြသနည်း။ သူတို့ကြိုးစားရခြင်းမှာ သူတို့ခေါင်းဆောင်ဖြစ်လျှင် လူတို့ကို ယုံကြည်ခြင်း သို့ ဦးဆောင်လိုသော စိတ်ထားပြင်းပြသော ကြောင့်ဖြစ်ပြီး ဘုရားသခင်က လောကကောင်းကြီး မင်္ဂလာကို သူတို့အား ပေးလိမ့်မည်။ သူတို့သည် ခေါင်းဆောင်ဖြစ်လျှင် စည်းစိမ်ချမ်းသာရမည်ဟူသော သွေးဆောင်မှု အောက်၌ ကျင်လည်သူများဖြစ်ကြသောကြောင့် သူတို့ကို သွေးဆောင်မှု ထောက်ချောက်၌ မိသူများဟု ကျွန်ုပ်တို့သတ်မှတ်နိုင် ပါသည်။
ဤသို့သော လှည့်ဖြားခြင်းနည်းလမ်းဖြင့် သင်သည် လူကြီးနေရာ ကို ရရှိဖူးပါသလား။ မြောက်များစွာသောသူတို့သည် လူကြီးနေရာကို ရရှိ ပြီးမှ သူတောင်းစားကဲ့သို့လိမ်လည်လှည့်ဖြားတတ်ကြသည်။ မမှန်ကန် သော ပရောဖက်များသည် ငွေကြေးချမ်းသာကြွယ်ဝသူများကို အသင်း တော်၌ အသင်းလူ ကြီးအဖြစ် ခန့်အပ်တတ်ကြသည်။ အကြောင်းမှာ ထိုသူများကို အသင်းတော်၌ များများလှူစေလိုသောကြောင့်ဖြစ်သည်။ တခါတရံတွင် ငွေးကြေးမပြည့်စုံသော သူများကို အသင်းလူကြီးခန့်အပ် ခြင်းဖြင့် မျက်ကန်းနောက်လိုက်ပြုလုပ်စေတတ်ကြသည်။
သာမန်ဆိုရိုးစကားတခုမှာ “အသင်းလူကြီးနေရာ၌ ခန့်အပ်ခံရ သောသူ သည် ငွေးကြေးအားဖြင့် ကောင်းချီးမင်္ဂလာခံစားရမည်” ဟူ၍ဖြစ် သည်။ ၄င်းမှာ လိမ်ညာခြင်းသာဖြစ်သည်။ ကျမ်းစာ၌ ဤသို့ ရည်ညွန်း ထားသည့် ကျမ်းချက်မရှိပါ။ ကျမ်းစာကဆိုသည်မှာ ဘုရားသခင်၏ အစေခံများသည် ငွေကြေးချမ်းသာမှုဖြင့် ကျေးဇူးပြုခံရမည့်အစား ညှဉ်း ပမ်းနှိပ်စက်ခြင်းကို ခံရမည်ဟူ၍ ဖြစ်သည်။ ကိုယ်တော်က (မ ၆း၃၃)တွင် “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ချပေးတော်မူလတံ့” ဟု ဆိုထားပါသည်။
“သူတို‹နှုတ်ခမ်းအထဲမှာ ¹မြွေဆိုးအဆိပ်အတောက်ရှိ၏” ဟု ကျမ်းစာက ဖေါ်ပြသည်။ လူသားများသည် အမှန်ပင် ¹မြွေဆိုးအဆိပ်အ တောက်ကို ပိုင်ဆိုင်ကြသည်။ ဒုတိယအကြိမ် မွေးဖွားခြင်းမခံရသောသူ တို့က ဖြောင့်မတ်သောသူများကို မည်သို့ပြောကြသနည်း။ ကျမ်းစာက ဤသို‹ဆိုထားပါသည်။ “သူတို‹ခြေသည် လူ့အသက်ကိုသတ်ခြင်းငှါ လျှင်မြန်၏၊ သူတို့သွားရာလမ်း၌ ပျက်စီခြင်း၊ ဒုက္ခဆင်းရဲ ခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာလာသတည်း။”
 
 
ပညတ်တော်၏ ရည်ရွယ်ချက်သည် အဘယ်နည်း
 
“ကျမ်းစာက ရေးသားထားသည်မှာ” ဆိုသောစကားစု၏ အဓိပ္ပါယ် က ၄င်းကျမ်းချက်သည် ဓမ္မဟောင်းမှ ကိုးကားထားကြောင်းကို ဆိုလို သည်။ ရှင်ပေါလုက ဓမ္မဟောင်းမှ ကျမ်းချက်များကို ကြိမ်ဖန်များစွာ ကိုးကားလေ့ရှိပါသည်။ “သူတို့ခြေသည် လူအသက်ကိုသတ်ခြင်းငှါ လျင်မြန်၏။ သူတို‹သွားရာလမ်း၌ ပျက်စီးခြင်း ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်း သာလမ်းကို သူတို‹မသိကြ။ ဘုရားသခင်ကို ကြောက်ရွံ့ သောအကြောင်း သည် သူတို‹မျက်စိ၌မထင်ဟု ကျမ်းစာလာသတည်း” ဟု ရှင်ပေါလုက ဆိုခဲ့ပါသည်။ အသစ်တဖန် မွေးဖွားခြင်းနည်းလမ်းကို မသိဘဲငရဲသို့ သွား နေကြသူများကို ကျွန်တော်ဂရုဏာသက်မိပါသည်။
(ရောမ ၃း၁၉) တွင် “ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို‹နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍ လောကီသားအပေါင်းတို‹သည် စကားတစ်ခွန်းကိုမျှ မပြောနိုင် ဘဲ ဘုရားသခင်ရှေ့တော်၌ အပြစ်သင့်ကြ၏” ဟု ဖေါ်ပြထားသည်။ ဘုရား သခင်သည် ပညတ်တော် အတိုင်း အမျက်တော်ကို စီရင်သည်။ “ပညတ်တ ရားကို ခံသောသူတို‹နှင့် စပ်ဆိုင်သည်” ဟု ရှင်ပေါလုဆိုရခြင်းမှာ ဘုရားသခင်က ပညတ်တော်ကို အသစ်တဖန် မွေးဖွားခြင်းမခံသောသူ၊ အပြစ်ကို မသိသောသူနှင့် အပြစ်ကိုအပြစ်ဟု မခံယူသော သူတို့အား ၄င်းတို့ကို သူတို့၏ စစ်မှန်သော အသက်ရှင်ခြင်း၌ ပညတ်တော်ကို မစောင့်ထိမ်းနိုင်ကြောင်း အသိဉာဏ်ပွင့်လင်းစေရန် ဖြစ်သည်။ ဘုရားသ ခင်ကျွန်ုပ်တို့ကို ပညတ်စောင့်ထိမ်းရန် ပေးထားခြင်းမဟုတ်ပါ။ သို့ဖြစ် လျှင် ပညတ်တော်ကို ဖျက်စီးခဲ့ပြီးပြီဟု ဆိုခဲ့ပါသလား။ မဆိုခဲ့ပါ။ ကျွန်ုပ်တို့ ၏အပြစ်များကို သိနားလည် စေရန်အတွက်သာ ဘုရားသခင်က ဤပ ညတ်ကို မောရှေအားဖြင့် ပေးခဲ့ခြင်းဖြစ်သည်။ ၄င်းကို လိုက်လျှောက်ရန် အတွက် ပေးထားခြင်းမဟုတ်ပါ။ ဘုရားသခင်၏ ပညတ်တော်သည် ကျွန်ုပ်တို့မည်မျှအပြစ် များပြားကြောင်းကို သင်ကြားခြင်းအပိုင်း ဖြစ်သည်။
 
 
ပညတ်တော်အကျင့်များအားဖြင့် မည်သူမျှ မဖြောင့်မတ်နိုင်
 
(ရောမ ၃း၂၀) “ထိုသို‹ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်ရာ” ဟုဆို၏။ ဒုတိယမွေးဖွားခြင်းခံရသော ခရစ်ယာန်များက ပညတ်တရား၏ အကျင့်အားဖြင့် မည်သူမျှအပြစ်မလွှတ်ကြောင်း တညီတညွတ်တည်း ဆိုခဲ့ကြသည်။ ပညတ်တော်ကို စောင့်ထိမ်းနိုင်သော သူ ယခုတွင်လည်း မရှိ။ နောင်တွင်လည်း ရှိလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပညတ် တရားအား ကျင့်ကြံခြင်းဖြင့် ဖြောင့်မတ်ရာသို့မရောက်နိုင်ကြောင်းကို ကျွန်ုပ်တို့ ဝန်ခံ ရပါသည်။ ကျွန်ုပ်တို‹၏ အကျင့်က ကျွန်ုပ်တို့ကို ဖြောင့်မတ်ရန် မပြုနိုင်ပါ။
တမန်တော်ရှင်ပေါလုက ထိုအချက်ကို သိရှိ၍ ယုံကြည်ခဲ့သည်။ ပညတ်တော်ကို ထိမ်းသိမ်းခြင်းဖြင့် အပြစ်မှ လွတ်နိုင်မည်လော။ ပညတ် တော်က ကျွန်ုပ်တို‹ တရားစီရင်နိုင်မည်လော။ နှုတ်ကပတ်တော်ကို ဖတ်ရှု သောအခါ ယေရှုခရစ်ကို ယုံကြည်သည့်နောက် ကောင်းသောအကျင့်ကို ကျင့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းသို့ရောက်ပြီး ကောင်း ကင်နိုင်ငံတော်ကို ဝင်စားရသည်ကို ယုံကြည်ခြင်းသည် မှန်ကန်လိမ့် မည်ဟု သင်ယူဆပါသလား။ မဟုတ်ပါ။ ၄င်းသည် မမှန်ကန်ပါ။ လိမ်ညာ ခြင်းဖြစ်သည်။ လူတစ်ယောက်သည် ဖြောင့်မတ်ရာသို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်စားသည်ဆိုသည့် အ ကြောင်းအရာသည် လိမ်ညာခြင်းဖြစ်သည်။ ဒုတိယအကြိမ် မွေးဖွားခြင်း မခံရသော သူအားလုံးသည် ဘုရားသခင်၏စကားတော်ကို ၄င်းတို‹၏ အကျင့်အားဖြင့် ထိမ်းသိမ်းရမည်ဟု ယုံကြည်ကြသောကြောင့် ထိုသူတို့ သည် ပညတ်တရားအောက်၌ ရှိနေသေးသောသူများ ဖြစ်ကြသည်။ ထိုယုံကြည်ချက်ကြောင့် သူတို့သည် ပညတ်တော်ကို လိုက်လျှောက်ရန် ကြိုးပမ်းကြပြီး နေ့စဉ်အပြစ်ဝန်ချတောင်းပန်ခြင်းဖြင့် ဆုတောင်းပဌ နာြပုကြသည်။ ၄င်းမှာ သူတို့၏ ပထမဆုံးကြယ်သီးကို မှားယွင်း သောနေရာ၌ တပ်ဆင်ထားသောကြောင့်ဖြစ်သည်။ ပညတ်တော်က ကျွန်ုပ်တို့ အပြစ်သားဖြစ်နေကြောင်းကို နားလည်စေသော အသိဉာဏ်ဖြစ် သည်။ အပြစ် သားများ၏ ပညတ်တော်လိုက်လျှောက်ရေးကြိုးပမ်းမှုသည် ကယ်တင်ခြင်း၏ မှန်ကန်မှုကို ဆန့်ကျင်သော ဇာတိဆန်သော ၄င်းတို့၏ မထီမဲမြင်ပြုခြင်းနှင့် ကိုယ်ပိုင် အတွေးခံယူချက်များကြောင့်သာ ဖြစ်သည်။ ၄င်းသည် မှားယွင်းစွာ အစွန်းသို‹ ရောက်နေသော ယုံကြည်ချက်ဖြစ်သည်။
ဖြောင့်မတ်၊ သန့်ရှင်းခြင်းသို့ တိုးတက်ပြောင်းလဲလာခြင်းဟု အဓိပ္ပါယ်ရသော သန့်ရှင်းခြင်းမူဝါဒကို ဤကမ္ဘာပေါ်တွင် အခြားသောဘာ သာရေးများတွင်လည်း တွေ‹ရှိရပါသည်။ ဗုဒ္ဓာဘာသာတွင် ခရစ်ယာန်အ ယူဝါဒဖြစ်သော အဆင့်ဆင့် သန်‹ရှင်းခြင်းကဲ့သို‹သော ဗုဒ္ဓာဝါဒလည်းရှိ သည်။ မြောက်များစွာသော လူများက ၄င်းတို‹၏ခနြွာသည် သန့်ရှင်းခြင်း သို့ရောက်ရန် ကျင့်ကြံခြင်းဖြင့် နောက်ဆုံးတွင် ကောင်းကင်နိုင်ငံသို့ ဝင်စားနိုင်သည်ဟု ဆိုတတ်ကြသည်။ သို့သော် အမှန်တစ် ကယ်တွင် ကိုယ် တော်က ကျွန်ုပ်တို့၏ဝိညာဉ်များကို တကြိမ်တည်းနှင့် ထာဝရ အတွက် သန့်ရှင်းစေခဲ့ပြီးဖြစ်ပါသည်။
ဖြောင့်မတ်သောသူပင် ခနြွာအားဖြင့် သန့်ရှင်းခြင်းသို့ မရောက်နိုင် ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကို မရရှိသောသူတို့သည် သန့်ရှင်းခြင်းသို့ မရောက် နိုင်ပါ။ ကောင်းသောအကျင့်ကို ကျင့်ရန် ကြိုးစားလေ၊ အပြစ်ပို များသော အပြစ်သားပိုဖြစ်လာလေပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့ နှလုံးသားထဲတွင် အပြစ်ရှိသောကြောင့်ဖြစ်သည်။ သူတို့သည် အပြင်ပိုင်း ကို မည်မျှပင်ခက်ခဲစွာ သန့်ရှင်းစေသော်လည်း သူတို့၏အတွင်းတွင် အပြစ်နှင့် ပြည့်လျှံလျက်ရှိသောကြောင့် ထို ညစ်ညူးသော အပြစ်များသည် သူတို့ထံမှထွက်လာ၍ ညစ်ပေစေသည်။ ၄င်းသည် အပြစ်သား၏ စစ်မှန် သော (ဘဝ) ဖြစ်သည်။ 
ဤအခြေအနေ၌ ရှိနေသောသူများသည် အပြစ်လွှတ်ခြင်းခံရသူ များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ အပြစ်လွှတ်ခြင်းခံရသူများသည် ၄င်းတို့ဇာတိ၏ အပြစ်ကျူးလွန်မှုကို မကူညီနိုင်သော်လည်း သန့်ရှင်းသော အသက်တာတွင် ရပ်တည်နိုင်ကြပါသည်။ အပြစ်နှင့်မွေးဖွားလာသူများ သည် အပြစ်က ၄င်းတို့၏ လိုအင်ဆန္ဒကို ဆန့်ကျင်လျက် ထွက်ပေါ်လာ သောကြောင့် ထိုအပြစ်သည် သူတို့၏ အသက်တာတလျှောက်လုံး ဖြန့် ကြဲလျက် ရှိနေသည်။ သူတို့အပြစ်များကို တကြိမ်တည်းနှင့် ထာဝရအ တွက် ဖယ်ရှားနိုင်ခဲ့သည့် သက်သာခြင်းကို ပေးသော အချက် တခုမှအပ ရွေးချယ်စရာမရှိပါ။ ၄င်းအဓိကအချက်မှာ ဘုရားသခင်၏ မှန်ကန်သော သတင်းကောင်းပင် ဖြစ်သည်။ အပြစ်ခွင့်လွှတ်ခြင်း နှုတ်ကပတ်တော်ကို ကြားနာခြင်းဖြင့် သူတို့၏အပြစ်များမှ ရွေးနှုတ်နိုင်မည်ဖြစ်သည်။ မိတ်ဆွေ၊ သင့်ကို ကယ်တင် ခြင်းစကားကိုကြားပြီး အပြစ်မှဖြေလွှတ်ခြင်းကို လက်ခံ ရရှိစေလိုပါသည်။
ပညတ်တော်အားဖြင့် မည်သူသည် တစ်သက်တာလုံး အသက်ရှင် နိုင် မည်နည်း။ ဒုတိယအကြိမ်မွေးခြင်းခံပြီးသောသူပင် တစ်သက်လုံး အမှားအယွင်း မရှိဘဲ အသက်ရှင်နိုင်သောသူ ရှိနိုင်မည်လော။ တစ်ယောက် မျှမရှိပါ။ ရောမသြဝါဒ စာစောင်တွင် “ပညတ်တရားသည် ဒုစရိုက်အပြစ် ကို ထင်ရှားစေသည်” ဟု ရေး သားထားသည်။ အာဒံနှင့်ဧဝသည် အပြစ်ကို မသိသေးသောအချိန်၌ စာတန်က လှည့်ဖြား၍ အပြစ်သို့ ပို့ဆောင်ခဲ့သည်။ ထိုအပြစ်သည် ဘုရားသခင်၏ စကားတော်ကို မသိသောသူတို့၏ မျိုးရိုးစဉ် ဆက်များသို့ လက်ဆင့်ကမ်းခြင်းခံရသည်။ အပြစ်၏အမွေကို ခံကြရသော် လည်း သူတို‹သည် အပြစ်သားအဖြစ် ဖွားမြင်လာ ကြောင်းကို မသိခဲ့ကြ ပေ။
အာဗြဟံနှင့် ယာကုပ်တို‹နောက်တွင် ဣသရေလလူမျိုးများသည် သူတို‹ ၏အဘ အာဗြဟံသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သောသူဟု ခေါ်ဝေါ်ခြင်းခံခဲ့ရသော်လည်း အပြစ်နှင့် ၄င်းတို့၏ အပြစ်များသော ဖြစ်စဉ် ကြီးကို မေ့လျော့လာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏လူမျိုးတို့ အား အပြစ်ကို ထင်ရှားစွာ သိရှိရန်နှင့် သူ၏ကတိတော်ကို ယုံကြည်ခြင်း ဖြင့် အပြစ်ခွင့်လွှတ်ခြင်းကို ရကြစေရန် ပညတ်တော်ကို ပြဌါန်းခဲ့သည်။ ၄င်းကို မိတ်ဆွေ လက်ခံယုံကြည်ပါသလား။
 
 
ပညတ်တရားနှင့်မစပ်ဆိုင်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား
 
(ရော ၃း၂၁) တွင် “ယခုမူကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော” ဟု တွေ့ရသည်။ တမန်တော်ရှင်ပေါလုက ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ထင်ရှား ခဲ့ပြီဟု ဆိုထားပါသည်။ “ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံ သည်နှင့်အညီ” ဆိုသည့် ကျမ်းချက် က ဓမ္မဟောင်းကျမ်းကို ရည်ညွန်းထားသည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းသည် ယဇ်ပူဇော်ခြင်းနည်းလမ်းဖြင့် ဖေါ်ပြ ထားသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သည်။ သတင်းကောင်းက ကျွန်ုပ်တို့ကို အပြစ်ပူဇော်ခြင်းဖြင့် ဖြေလွှတ်ခြင်းသို့ ဦးဆောင်သော ဖြောင့်မတ်ခြင်းကို ဖေါ်ပြ သည်။ 
(ရော ၃း၂၂) တွင် “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည် သော သူတို့အပေါင်းတို‹အဘို‹ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ရောက် သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် တင်ရှားခဲ့ပြီ။ ခြားနား ခြင်းမလျင်းမရှိ” ဟုတွေ့ရသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် နှလုံး သားထဲ၌ ရှိသည်။ ယေရှုခရစ် သည် ယုံကြည်ခြင်း စတင်ရေးဖွဲ့သူနှင့် အဆုံးသတ်သူဖြစ်သည်။ ဟေဗြဲ ၁၂း၂ တွင် “ယုံကြည်ခြင်းကို အစအဦးစီ ရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲလက်ဝါးကပ်တိုင်၌ခံပြီး မှ ဘုရားသ ခင်၏ ပလ္လင်တော်လင်္ကျာဘက်၌ ထိုင်နေတော်မူ၏” ဟု တွေ့ရသည်။ ယေရှုခရစ်သည် ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သူဖြစ်ပြီး ကျွန်ုပ်တို့သည် ဘုရားသခင်တည်းဟူသော နှုတ်ကပတ်တော်၌ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်မှ ကယ်တင်ခြင်းခံရရန်နှင့် ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန် ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော သူများထံမှ နှုတ်ကပတ်တော်ကို သင်ယူ၍ ယုံကြည်ရမည်။ ကျွန်ုပ်တို့ နှလုံးသားအကြွင်းမဲ့ဖြင့် ယေရှုခရစ်ကို ယုံကြည်ကြရမည် ဖြစ်သည်။
ဘုရားသခင်က “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည် သော သူအပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအ လျင်းမရှိ” ဟုဆိုထား သည်။ ထို့ကြောင့် စစ်မှန်သော နှုတ်ကပတ်တော်ကို နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီး နှုတ်ဖြင့် ဝန်ခံခြင်းဖြင့် ကယ်တင်ခြင်းစိတ်ချမှုကို ရရှိသည်။ ကျွန်ုပ်တို့၏ လုပ် ဆောင်ချက်ဖြင့် မဟုတ်ဘဲယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းကို ရရှိသည်။ ထာဝရဘုရားသခင်နှင့် အသင်းတော်၏ အရှင်၏ကျေးဇူးတော်ကို ချီးမွှမ်း ပါသည်။ 
အပြစ်အားလုံးပယ်ဖျက်ခံရပြီးမှ သင်၏လုပ်ဆောင်ချက်ကြောင့် ချည်နှောင်ခံမှုကို ခံခဲ့ရပါသလား။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယုံကြည်လျှင် သင်၏ခန္ဓာအားနည်းချက်၊ မပြည့်စုံမှုကို ပမာမထားပဲ သင်သည် ဖြောင့်မတ်သောသူဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က “သင်သည် ဖြောင့်မတ်သည်” ဟု သင်၏နှလုံးသားကို နှုတ်ကပတ်တော် ဖြင့် သက်သေခံပါသည်။ ထိုသို‹သက်သေ ခံရခြင်းမှာ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ကြားနာရသောအခါ ဝိညာဉ်တော် က နားလည်မှုသို့ ပို့ဆောင်ပေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏နှုတ်က ပတ်တော်ကို ကြားနာပြီးသောအခါ ကယ်တင်ခြင်ကို ခံရပြီးဖြစ်သည် မဟုတ်လား မိတ် ဆွေ။“ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်သောသူအပေါင်းတို့ အဘို့ဖြစ်၍ ထိုသူအပေါင်းတို‹အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။” အမှန်တရားဖြစ်သည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို ကြားနာ၍ယုံကြည်သောသူမှန်သမျှသည် သူ၏အပြစ်အားလုံးမှ ကယ်တင်ခြင်ကို ခံရမည်ဖြစ်သည်။
 
 
ကမ္ဘာအစမှအဆုံးတိုင်အောင်ရှိသောအပြစ်အားလုံးကိုဆေးကြော ခဲ့သူယေရှုခရစ်
 
(ရော ၃း၂၃-၂၅) “အဘယ့်ကြောင့်နည်းဟူမူကား လူအပေါင်းတို့ သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှု ခရစ်ရွေးနှုတ် တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲဘုရားသခင်၏ ကျေး ဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။ ဘုရားသခင်သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာ တွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှါ၄င်း၊ ယခုကာလ၌ အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့်ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန်‹ထားတော်မူပြီ။”
ကျမ်းစာက “လူအပေါင်းတို‹သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက်ကြပြီ” ဟု ဆိုထားသည်။ ကျွန်ုပ်တို့သည် အပြစ် သားအဖြစ်နှင့် ငရဲသို့ သွားရမည့်အချိန်တွင် ဘုရားသခင်၏ ကျေးဇူး တော်နှင့် မေတ္တာတော်ကြောင့် အပြစ်ခွင့်လွှတ်ခြင်းကို ရရှိကာ တရားစီ ရင်ခြင်းမှ လွတ်မြောက်ခဲ့ရသည်။ သူ၏ ဘုန်းတော်သို့ ရောက်ရှိကာ ဖြောင့် မတ်သောသူများဖြစ်လာသည်။ ဘုရားသခင်သည် ယေရှုခရစ်၏ အသွေး တော်ကို ယုံကြည်ခြင်းဖြင့် အပြစ်ဖြေစရာဖြစ်စေရန် ခန့်ထားခဲ့သည်။
အပိုဒ်ငယ် (၂၅ နှင့် ၂၆) တွင် “ဘုရားသခင်သည် သည်းခံတော် မူ၍ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင် ဖြောင့် မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှါ၄င်း၊ ယခုကာလ၌ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှားစေ၍ ယေရှုကိုယုံကြည်သောသူ၏ အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့်ပြုတော်မူခြင်းငှါ၄င်း၊ ယေရခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါ ခန်‹ထားတော်မူပြီ” ဟု ဖေါ်ပြထားသည်။ ဤနေရာတွင် “ခန်‹ထားခြင်း” ၏အဓိပ္ပါယ်မှာ ဘုရားသခင် က သားတော်ယေရှုခရစ်ကို စင်္ကြာဝဠာတခုလုံး၏ အပြစ်များကို ဖြေလွှတ်ရန် အပြစ်ဖြေစရာအဖြစ် စေလွှတ်ခြင်းဖြစ်သည်။ယေရှုခရစ်သည် လောကအ ပြစ်အားလုံးကို ဗတ္တိဇံခံခြင်းဖြင့် ယူဆောင်သွားခဲ့သည်။ သူသည် အစနှင့် အဆုံး ဖြစ်သည်။ ဤကမ္ဘာလောက၏ အစဦးနှင့် အဆုံးကို စဉ်းစား ကြည့်ကြပါစို့။ ဘုရားသခင်က ကျွန်ုပ်တို့ကမ္ဘာမြေကြီးအစမှ အဆုံးထိရှိ သော အပြစ်များကို ဆေးကြောခဲ့သည်ဆိုသည့် ယုံကြည်ခြင်းကြောင့် ကယ်တင်ခဲ့သည်။ ဘုရားသခင်က အမှန်တရားတွင် ထားရှိသော ယုံကြည် ခြင်းဖြင့် ယေရှုခရစ်ကို အပြစ်ဖြေစရာအဖြစ် ခန့်အပ်ထားခဲ့သည်။ ၄င်းမှာ “ဘုရားသခင်သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှါ ၄င်း၊” ဟူသောကျမ်းချက်ကို နား မလည်သည့်အချိန်၌ မဟုတ်သေးပါ။
ကျွန်ုပ်တို‹အပြစ်များအားလုံးသည် ယေရှုခရစ်က သူ၏ဗတ္တိဇံနှင့် အသွေးတော်တို့ဖြင့် ဆေးကြောခဲ့ပြီးဖြစ်သည် ဟူသော စကားကို ယုံကြည် သောအခါ ရှင်းလင်းဖယ်ရှားပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ဖြေ လွှတ်ခြင်းကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် လက်ခံရရှိပြီးဖြစ်သော် လည်း ကျွန်ုပ်တို့၏ ဇာတိအသွေး အသားက အပြစ်ကို ဆက်လက်ကျူး လွန်နေဆဲဖြစ်သည်။ ကျွန်ုပ်တို့၏ အားနည်း ချက်များကြောင့် ဇာတိကအ ပြစ်ကျူးလွန်ရခြင်းဖြစ်သည် မည်သို့ပင်ဖြစ်စေကာမူ သမ္မာကျမ်းစာက “ဘုရားသခင်သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီး သောဒုစရိုက် အပြစ်များကို မှတ်တော်မမူရာတွင်” ဟု ဖေါ်ပြထားပါသည်။ အပြစ်များဟု သိရသော ယခုလက်ရှိအပြစ်နှင့် နောင်ကျူးလွန်ဦးမည့် အပြစ်များသည် ဘုရား သခင်၏ရှုတောင့်၌ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်ဖြစ်သည်။
အဘယ်ကြောင့်နည်း။ ဘုရားသခင်က ယေရှုခရစ်၏ ဗတ္တိဇံကို ကျွန်ုပ်တို‹ ကယ်တင်ခြင်း၏ အရေးပါးဆုံးဖြစ်သော စတင်ရာအချက်ဖြစ် စေခဲ့သောကြောင့် ဖြစ်သည်။ ယေရှုခရစ်က ကျွန်ုပ်တို့အပြစ်မှလွှတ် ခြင်းကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် ပြီးပြည့်စုံစေခဲ့ပြီးဖြစ်သော ကြောင့် ဘုရားသခင်၏ အမြင်တွင် ကျွန်ုပ်တို့ ယခုလက်ရှိကျူးလွန်နေ သော ဇာတိအပြစ်များသည် အတိတ်မှအပြစ် များဖြစ်ပွားခဲ့ရသည်။ ယခု ကျူးလွန်နေသောအပြစ်များသည် ဖယ်ရှားပြီးဖြစ်သည်။
“ဘုရားသခင်သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီးသော ဒုစရိုက်အ ပြစ်များကို မှန်တော်မမူရာတွင်” ဟူသော စကား၏ဆိုလိုရင်းမှာ သူသည် လောကီ အပြစ်၏ အဖိုးအခကို ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်းပင်ဖြစ်သည်။ ယေရှုခရစ်၏ ဗတ္တိဇံနှင့်ကားတိုင်တော်ကြောင့် ကမ္ဘာလောက၏ အပြစ် အားလုံးသည် ခွင့်လွှတ်ခြင်းခံရပြီး ဖြစ်သည်။
ထို‹ကြောင့် ဘုရားသခင်သည် ကမ္ဘာလောက၏ အစမှအဆုံးဆိုင် ကျူး လွန်ခဲ့သောအပြစ်များကို ဖယ်ရှားပြီးဖြစ်သည်။ ဤသို့ဖြင့် ဘုရားသ ခင်၏ အမြင်တွင် အပြစ်အားလုံးသည် ယခင်ကျူးလွန်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူသားများ ကျူးလွန်နေသော အပြစ်များသည် ဘုရားသား တော်အားဖြင့် ဖယ်ရှားခဲ့ပြီး ဖြစ်သည်။ ယေရှုခရစ်က ၂၀ဝ၂ ခုနှစ်တွင် ကျူးလွန်မည့် အပြစ်များကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ခန့်က ဆေး ကြောခဲ့ပြီးဖြစ်ကြောင်းကို မိတ်ဆွေ နားလည်ပါ သလား။
ဘုရားသခင်က သင်နှင့် ကျွန်ုပ်အပြစ်အပါအဝင် ကမ္ဘာပေါ်မှ အပြစ်များကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ၄င်းဆိုလိုချက်ကို မိတ်ဆွေ သိနိုင်ပါ သလား။ မိတ်ဆွေ ဤအရာကို နားမလည်ဘဲ အခြားလူကို သတင်းကောင်း သွားပြောမိလျှင် ကိုယ်တိုင်ရှုပ်ထွေးမှာဖြစ်သည်။ “လွန်ခဲ့ပြီးသော ဒုစရိုက် အပြစ်များကို မှတ်တော်မမူရာတွင်” ဟူသောစကားက ဘုရားသခင်သည် အပြစ်များကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်က ဖယ်ရှားခဲ့ပြီးဖြစ် သောကြောင့် ထိုအပြစ်မျာကို လျစ်လျူရှုသည် ဟု အဓိပ္ပါယ်ရပါသည်။ ယေရှုခရစ်သည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံကာ ကားတိုင်ပေါ်တွင် အသေခံခဲ့ သောကြောင့် ကျွန်ုပ်တို့လူသားအားလုံး၏ အပြစ်များသည် တရား စီရင်ပြီး ဖြစ်ပါသည်။ ဘုရားသခင်က ဤသို့အပြစ်များကို ဖြတ်ကျော်ရခြင်းမှာ ယေရှုခရစ်သည် လောကသို့ စေလွှတ်ခြင်းကိုခံကာ လူသားအားလုံးအ တွက် စုံလင်စွာ တရားစီရင်ခြင်းကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် တရားစီရင်ခဲ့ပြီးသော ကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာစွပ်စွဲခြင်းမပြုလုပ်ခဲ့ပါ။ ၄င်းအပြစ် များမှာ ယေရှုခရစ်အားဖြင့် ဖယ် ရှားပြီးဖြစ်သည်။ သို‹သော် သူ၏ ဗတ္တိဇံနှင့် ကားတိုင်တော်ကို မယုံကြည် သူတို‹အပေါ်တွင် တရားစီရင်မှာဖြစ်သည်။
တမန်တော်ရှင်ပေါလု၏ ဆိုလိုရင်းကို မိတ်ဆွေ နားလည်ပါရဲ့ လား။ ၄င်းသည် ကယ်တင်ခံရပြီးသော ကျွန်ုပ်တို့အတွက် အလွန်အရေး ကြီးပါသည်။ အသစ်တဖန် မွေးဖွားခြင်းမခံရသော သူများသည် ၄င်းကို ဂရုမပြုသောကြောင့် ငရဲသို့သွားကြရမည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ် တော်ကို ကြားနာပြီး ထိုနှုတ် ကပတ်တော်၏ မှန်ကန်သော အသိဉာဏ်ကို ရှိကြရမည်ဖြစ်သည်။ ၄င်းကသင်၏ ယုံကြည်ခြင်းနှင့် အခြားသူများထံ သတင်းကောင်းဝေငှခြင်း၌ လွန်စွာ အထောက် အကူပြုလိမ့်မည်။
 
 
သို့ဖြစ်လျှင် ဝါ ကြွားစရာအကြောင်းကား အဘယ်သို့နည်း
 
သမ္မာကျမ်းစာက “လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှါ၄င်း၊” ဟု ပြောပါသည်။ ဘုရားသခင်သည် သားတော်ယေရှုခရစ်ကို အပြစ်ဖြေစရာအ ဖြစ် ခန့်ထားသောကြောင့် ကျွန်ုပ်တို့၏ ယခင်က အပြစ်များသည် ဖယ်ရှားပြီးဖြစ်ကြောင်းကို သင်ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းဖြင့် ဖြောင့်မတ်စေခဲ့ပြီးသူများ ဖြစ်ကြသည်။
အငယ် (၂၆) တွင် “ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍ ယေရှုခရစ်ကို ယုံကြည်သောသူတို့၏ အပြစ်ကို လွှတ်တော် မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှါ၄င်း ယေရှုခရစ်၏ အသွေး တော်ကို ယုံကြည်ခြင်းဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ” ဟု ရေးသားထားသည်။ “ယခုအချိန် တွင်” ဘုရားသခင်သည် ကမ္ဘာလောသားများကို ပျက်စီခြင်းသို့မရောက်ရန် ထာဝရအသက်ကို ပေးခဲ့သည်။ ယခုအချိန်တွင် ဘုရားသခင်က ယေရှုခရစ် ကို ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် သူ၏ကတိတော်ကို ပြီးပြည့်စုံစေ ရန် စေလွှတ်ခဲ့သည်။ ထာဝရဘုရားက သူ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေ ခဲ့သည်။ ဘုရားသခင်က ကယ်တင်ခြင်း၏ အမှန်တရားအားဖြင့် သူ၏ မေတ္တာကို ကျွန်ုပ်တို့အား ဖေါ်ပြရန် တပါးတည်းသောသားတော်ကို ဗတ္တိဇံခံရန်နှင့် ကားတိုင်ပေါ်အသေခံရန် စေလွှတ်ခဲ့သည်။
ကိုယ်တော်သည် ကယ်တင်ပိုင်ရှင်အနေဖြင့် အပြစ်သားများထံ ကြွလာခဲ့သည်။ “ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှား စေ၍ ယေရှုခရစ်ကို ယုံကြည်သောသူတိုင်း၏ အပြစ်ကို လွှတ်တော်မူသော် လည်း တရားသဖြင့်ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန်‹ထားတော်မူပြီ။” ဘုရားသခင်သည် ဖြောင့်မတ်၍ လောကသားတို့၏ အပြစ်အားလုံးကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် ဖယ်ရှားခဲ့သည်။ ယေရှုခရစ်ကို စိတ်နှလုံးဖြင့် ယုံကြည်သောကြောင့် ကျွန်ုပ်တို့တွင် အပြစ်မရှိပေ။ ယေရှုခရစ်သည် သူ့ကို အမှန်တစ်ကယ် ယုံကြည်သော သူတို့၏ အပြစ်များကို ဆေးကြော၍ အနာဂါတ်ကာလတွင် ကျူးလွန်မည့် အပြစ် များမှလည်း ကယ်တင်ခဲ့သောကြောင့် ထိုသူတို့တွင် အပြစ်မရှိပါ။ ယေရှုခရစ်ပြုလုပ်ခဲ့သောအရာများကို စိတ်နှလုံးဖြင့် လက်ခံယုံကြည် ခြင်းက ကျွန်ုပ်တို့ကို ကယ်တင်သည်။ သူ၏ကယ်တင်ခြင်းတွင် ကျွန်ုပ်တို့ လုပ်ဆောင်မှုသည် (ဝ.၁) ရာခိုင် နှုန်းပင် ပါဝင်ခြင်းမရှိပါ။
(ရော ၃း၂၇-၃၁) တွင် “သို့ဖြစ်လျှင် ဝါကြွားစရာအကြောင်းကား အဘယ်သို‹နည်းဟုမေးသော်ဝါကြွားစရာအကြောင်းကို ပယ်ပြီ။ အဘယ် တရား အားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်း တရားအားဖြင့် ပယ်ပြီ။ ထိုကြောင့် လူမည်သည်ကား ပညတ် တရား၏အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက် တတ်သည်ဟု ယူရ၏။ ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာဖြစ်သေ တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ်တော်မူသည် မဟုတ် လော။ ဟုတ်ပေ၏။ တပါးအမျိုးသားတို့၏ ဘုရားလည်းဖြစ်တော်မူ၏။ အကြောင်းမူကား အရေဖျားလှီးခြင်းကို ခံသော သူနှင့် မခံသောသူနှစ်ဦးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော ဘုရားသခင် တဆူတည်းရှိတော်မူ၏။သို့ဖြစ်လျှင် ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏” ဟု တွေ့ရသည်။
“ပညတ်တရားကို သာ၍ တည်စေကြ၏” ဆိုသည့် ကျမ်းချက်က ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်ဖြင့် ကယ်တင်ခြင်းမရနိုင်ကြောင်းကို ဆိုလို သည်။ ကျွန်ုပ်တို့သည် ပညတ်တော်ရှေ့မှောက်တွင် မပြည့်စုံသောသူ ဖြစ်သောကြောင့် ငရဲသို့ သွားရန်ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် သူ၏နှုတ်ကပတ်တော် ကယ်တင်ခံရသူများဖြစ်သောကြောင့် ဖိုနှုတ်က ပတ်တော်က ကျွန်ုပ်တို့ကို ဖြောင့်မတ်၍ ပြည့်စုံသောသူဖြစ်စေသည်။ ဘုရားသခင်က ကျွန်ုပ်တို့၏ခန္ဓာသည် ယခု တိုင် အားနည်းလျက်ရှိသည်ဟု ပြောပါသည်။ ယေရှုခရစ် ကျွန်ုပ်တို‹ကို ကယ် တင်မှုအပေါ် ယုံကြည်ခြင်း ဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်နိုင်ကြပါသည်။
“သို‹ဖြစ်လျှင် ဝါကြွားစရာအကြောင်းကား အဘယ်သို့နည်းဟု မေးသော်ဝါ ကြွားစရာအကြောင်းကို ပယ်ပြီ။ အဘယ်တရားအားဖြင့် ပယ် သနည်း။ အကျင်းတရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့်ပယ်ပြီ။” ကျွန်ုပ်တို့ သိထား ရမည်မှာ ဘုရားသခင်သည် ပညတ်တော်ကို ထုံးဖွဲ့၍ ထိုပညတ်တော်သည် သူ၏နိုင်ငံတော်တွင် ကမ္ဘာတည်ကြောင်းကို ဖြစ်သည်။ “အဘယ်တရား အားဖြင့် ပယ်သနည်း။ အကျင့်တရားအားဖြင့် ပယ်သလော။ အကျင်းတ ရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်း တရားအားဖြင့်ပယ်ပြီ” ဟုဘုရားသခင်က ဆိုသည်။ ၄င်းကို သင်နားလည် သ ဘောပေါက်ပါသ လား။ ဘုရားသခင်က ကျွန်ုပ်တို့ကို လောကအပြစ်မှ ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့သည် အမှန်တရားအတိုင်း ယုံကြည်သောအခါ ကယ်တင်ခြင်း ကို ခံရသည်။ ပညတ်တော်ကို ကျင့်ကြံခြင်းက ကျွန်ုပ်တို‹ကို မကယ်တင်နိုင် ကြောင်း မှတ်သားရပါသည်။
ရောမသြဝါဒစာစောင် အခန်းကြီး (၃) တွင် ဘုရားသခင်က တမန်တော် ရှင်ပေါလုကို ပညတ်တော် ယုံကြည်ခြင်းအကြောင်း ဤသို့ ပြောခဲ့ပါသည်။ “သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏ သစ္စာ တော်ကို ဖျက်နိုင်သလော” (ရော ၃း၃)။ ယုံကြည်သောသူများက ယုံကြည် ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်ကြသည်။ သို့သော် မယုံကြည်သောသူများမှာ òပိလဲခြင်းသို့ရောက်ကြရသည်။ သတင်းကောင်းကို သေချာစွာ မယုံကြည် သောသူတို‹သည် ၄င်းတို့က ယေရှုခရစ်ကို ယုံကြည်ပါသည်ဟု မိမိကိုယ်ကို ထင်မှတ်သော်လည်း ငရဲသို့သွားကြရမည် ဖြစ်သည်။
 
 
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်မှပြီးမြောက်စုံလင်စွာ ကယ်တင်ခဲ့သည်
 
ဘုရားသခင်က မိမိကိုယ်ပိုင်ခံယူချက်ဖြင့် ယုံကြည်သောသူများ ပညတ်တော် ယုံကြည်ခြင်း၌ ထိမိ၍လဲကျစေရန် သူ၏ပညတ်တော်ကို စတင်စီရင်ခဲ့သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အပြစ်မှ စုံလင်စွာ ကယ်တင်ခဲ့သည်။ ရောမသြဝါဒ စာစောင် အခန်းကြီး (၃) က ပညတ်တော် ယုံကြည်ခြင်းအကြောင်းကို ဆွေးနွေးခဲ့သည်။ မှန်ကန်သော နှုတ်ကပတ် တော်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ယုံကြည်ခြင်းဖြင့် ကောင်းကင်နိုင်ငံ၏ အမွေခံဖြစ်လာ ပြီး ငြိမ်သက်ခြင်းကို ရရှိခဲ့ကြသည်။ မယုံကြည်သော သူတို‹များ၌ ငြိမ်သက်ခြင်း မရှိနိုင်ပါ။ ငရဲသို့သာ သွားကြသည်။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ပထမ ဦးစွာ ဘုရားသခင်၏ စစ်မှန်သော ပညတ်တော်တရားအတိုင်း တရားစီရင် ခြင်း ခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို‹သည် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်ကို မရရှိသောကြောင့် ဖြစ်သည်။ ကယ်တင် ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်မှ လာသောအရာဖြစ်ပြီး ဘုရားသခင်ပြုလုပ်ပြီးသော အရာများကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည် ခြင်းနှင့် အမှန်တရားကို သိခြင်းဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ခံကြရသည်။
ကျွန်တော်သည် ဤယုံကြည်ခြင်းနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသင်းတော် ပေးသောကြောင့် ဘုရားသခင်ကို ချီးမွှမ်းပါသည်။ တမန် တော်ရှင်ပေါလုက ခရစ်တော်၏ အသင်းတော်ကို ဖေါ်ပြဖူးသော အပြစ်ဖြေ လွှတ်ခြင်း လျှို့ဝှက်ချက် ဖြစ်သည့် အမှန်တရား၊ ယုံကြည်ခြင်းနှင့် နှုတ်က ပတ်တော်ကို ပေးသနားသော ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်တော်၏နှလုံးသားအောက်ခြေမှ သူ၏ ကျွန်ုပ်ထင် ခဲ့သည်မှာ “သင် သယ်ဆောင်သွားသော အပြစ်များသည် ကျွန်ုပ်တို့၏ နေ့စဉ် အပြစ်များမ ဟုတ်ဘဲမူလ (အာဒံ) အပြစ်သားဖြစ်သည်” ဟု တချိူ့က ပြောလိမ့်မည်။ 
သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းဖြင့် ကယ်တင်သော ခရစ်တော် ကိုကျေးဇုးတင်ပါသည်။ ဤယုံကြည်ခြင်းနှင့် သူ၏အသင်း တော်မပါလျှင် ငရဲသွားရုံမှတပါး ကျွန်ုပ်တို့၌ ရွေးချယ်စရာမရှိပါ။ ကျွန်ုပ်တို့သည် မိမိဖြစ်စဉ်ဖြင့် မကယ်တင် နိုင်သော အပြစ်သားများ ဖြစ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် နှလုံးသားအကြွင်းမဲ့ဖြင့် သူ၏အ ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် နှလုံးသားဖြင့် သူ၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သော ဘုရားသားသမီးများဖြစ် လာပြီး နှုတ်ဖြင့် ဝန်ခံခြင်းဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည် (ရော ၁၀း၁၀)။