Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[3-3] သင်သည် ထာဝရဘုရား၌ ဝမ်းမြောက်ပါသလား (ရောမဩဝါဒစာ ၃း၁၀-၃၁ )

(ရောမဩဝါဒစာ ၃း၁၀-၃၁ )
“ကျမ်းစာလာသည်ကား ဖြောင့်မတ် သောသူမရှိ။ တယောက်မျှမရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီ တညွတ်တည်း အသုံးမရသော လူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့် သောသူမရှိ။ တယောက်မရှိ။ သူတို့၏ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့်လှည့်စား တတ်ကြ၏။ သူတို့ နှုတ်ခမ်းအထဲမှာ ¹မြွေဆိုးအဆိပ်အတောက်ရှိ၏။ သူတို့နှုတ်သည် ကျိန်ဆဲ သောစကား၊ ကြမ်းတမ်သောစကားနှင့် ပြည့်ဝ၏။ သူတို့ခြေသည် လူ့ အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာ လာသတည်း။ ပညတ်တရား၌ ပါသမျှသော စကားတို့သည် ပညတ် တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသ ခင်ရှေ့တော်၌ ဖြစ်သင့်သောသူဖြစ်ကြ၏။ ထိုသို့ပညတ်တရားသည် ဒုစ ရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့် အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် ရာ။
ယခုမူကား ပညတ္တိကျမ်းနှင့်အနာကတ္တိကျမ်းတို့သည် သက်သေခံ သည်နှင့်အညီ၊ ပညတ်တရားနှင့်မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရား တည်းဟူသော ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည် သောသူအပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီး ခြားနားခြင်းအ လျှင်းမရှိ။ အဘယ်ကြောင့်နည်း ဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကျပြီ။ ယေရှုခရစ် ရွေးနှုတ် တော်မူသောအားဖြင့် အလိုကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ကြ၏။ ဘုရားသခင်သည် သည်းခံတော် မူ၍လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို လှန်တော်မမူရာတွင် ဖြောင့်မတ် ခြင်း တရားတော်ကို ထင်ရှားစေ၍ ယေရှုကို ယုံကြည်သောသူတို့၏ အပြစ်လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခ ရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။
သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော် ဝါကြွားစရာ အကြောင်းကို ပယ်ပြီ။ အဘယ်တရားဖြင့် ပယ်သ နည်း။ အကျင့်တရားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည် မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီး။ ထိုကြောင့် လူမည်သည် ကား ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ သို့ရောက်တတ်သည်ဟု ယုံရ၏။ ဘုရားသခင်သည် ယုဒလူများ၏ ဘုရား သာဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ်တော်မူသည် မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော် မူ၏။ အကြောင်းမူကား အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။ သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်။ သာ၍တည် စေကြ၏။”
 
 

လူတို့သည် ဇာတိအားဖြင့် ဝါ ကြွားစရာမရှိ

 
(ရော ၃း၁၀-၁၂) “ကျမ်းစာလာသည်ကား ဖြောင့်မတ်သောသူမရှိ။ တ ယောက်မျှမရှိ။ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ။ လူအ ပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသော သူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသောသူမရှိ။ တယောက် မျှမရှိ။” ကျွန်ုပ်တို‹သည် ဘုရားသခင်ရှေ့တော်မှောက်၌ အပြစ်နှင့် ပြည့်ဝ သော သူများဖြစ်ကြသည်။ ဇာတိအားဖြင့် ဖြောင့်မတ်သောသူရှိပါသလား။ သဘာဝအားဖြင့် ဘုရားသခင်ရှေ့မှောက် တော်၌ ဖြောင့်မတ်သော သူရှိပါ သလား။လူသာသည် ဇာတိအားဖြင့် ဖြောင့်မတ်ခြင်းကို မရနိုင်ပါ။ ဇာတိပ ကတိသည် ယေရှုခရစ်အားဖြင့် အပြစ်ဖြေလွှတ်ခြင်းမရှိ လျှင် ဖြောင့်မတ် ရာသို့ မရောက်နိုင်။
အပြစ်လွှတ်ခြင်းခံသော သူတို့သည် သူတို့၏ ဇာတိအားဖြင့် ထိုအ ကြောင်းနှင့်ပတ်သက်၍ မဝါကြွားသင့်ပေ။ ကျွန်ုပ်တို‹သည် ထာဝရဘုရား ၏ အမှု တော်မြတ်ကို ထမ်းဆောင်သောအခါ၌သာ ကျွန်ုပ်တို‹သည် ဖြောင့်မတ်သည်ဟု မဆိုသင့်ပါ။ ယေရှုက (ယော ၃း၆) တွင် “ဇာတိပကတိ မွေးသော အရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာ သည် ဝိညာဉ်ဖြစ်၏” ဟု ပြော၏။ ဇာတိပကတိသည် လောကီရေးရာ လျှောက်လှမ်းရာ၌ ပျော်ရွှင်သကဲ့သို့ ဝိညာဉ်သည်လည်း ဝိညာဉ်ပိုင်ရေးရာ မွေ့လျော်ရာ၌ ပျော်ရွှင်နေသည်။ ဇာတိပကတိသည် ဝိညာဉ်တော်နှင့် ဆက်သွယ်နိုင်သည်ဆိုသည်မရှိပါ။
လူသားအားလုံးသည် မွေးရာပါအပြစ်သားဖြစ်ကြသည့်အားလျော် စွာ ထာဝရငရဲမီး၌ချခြင်းခံရလိမ့်မည်။ ထိုသူတို့သည် လောကအပြစ်ဟူသ မျှ ဆောင်ယူရန် တပါးတည်းသောသားတော်ယေရှု ဤလောကသို့ စေလွှတ်ကြောင်း မသိကြ သောကြောင့် မျှော်လင့်ချက်ကင်းမဲ့သူများသာ လျှင် ဖြစ်ကြ၏။ ကျွန်ုပ်တို့အထဲ၌ရှိသော မျှော်လင့်ခြင်းသည် ဘုရားသခင် ထံမှလာသော မျှော်လင့်ခြင်းသာလျှင် ဖြစ်၏၊ အကယ်၍ ကျွန်ုပ်တို့သည် မျှော်လင့်ချက်မရှိခဲ့သော် ဘုရားသခင်၏ အပြစ်၌ ဖြောင့်မတ်သူလည်း မဖြစ်နိုင်ပါ၊ ဤလောကရှိ အရာအားလုံး (သင်နှင့်ကျွန် တော်အပါအဝင်)၏ ကံအကြောင်းကို လေ့လာသောအခါ ဤအရာသည် မှန်ပါ၏။
ကျွန်ုပ်တို့သည် ထာဝရဘုရားကို ခပ်သိမ်းသောအရာ ဖန်ဆင်းရှင် ဟု ခေါ်ခဲ့သော်လည်း ကျွန်ုပ်တို့သည် အပြစ်သားဖြစ်သည်နှင့်အလျှောက် ငရဲသို့သာသွားရလိမ့်မည်။ ကျွန်ုပ်တို့သည် တိုတောင်းသောအသက်တာ တွင် အပြစ်၌ ကျင်လည်သောကြောင့် အပြစ်၌သာ သေဆုံးရမည့်သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ အသက်တာ၌ ယေရှုမပါလျှင် မျှော်လင့်ချက်မရှိသူ များသာ ဖြစ်ပါသည်။ လူသားတို့ အသက်နေထိုင်ရန် မရှိမဖြစ် လိုအပ်သော အရာများမှာ မွေးခြင်း၊ စားခြင်း၊ သောက်ခြင်း၊ သေခြင်းနှင့် ငရဲသွားရခြင်း တို့ဖြစ်ကြသည်။ ဤအရာကို မည်ကဲ့သို့ သော လူတန်းစာကဖြစ်စေ၊ ကျော်ကြားသော မှော်ဆရာ ဗေဒင်ဆရာကဖြစ်စေ ရှောင်နိုင်မည်မဟုတ် ပါ။ အလဟသနှင့် အသက်ရှင်နေရသောကြောင့် နောက်ဆုံး သောနေ့တွင် တရားစီရင်ခြင်းနှင့်သာ ရင်ဆိုင်ရမည်။ 
ထာဝရဘုရားသည် ကျွန်ုပ်တို့ကို သူ၏ကြီးမားသောဂရုဏာတော် အပြစ်လွှတ်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟူသော ပညတ်တရားတော်ကို ပေးခဲ့ပါသည်။ ထာဝရဘုရားသည် ကျွန်ုပ်တို‹အပြစ်အားလုံး ဆောင်ယူရန် တဦး တည်းသောသားတော် ယေရှုခရစ်ကို လောကသို့စေလွှတ်ပြီး သူ၏ ဗတ္တိဇံ နှင့်အသွေးတော် ယုံကြည်သောသူတို့သည် ထာဝရဘုရား၏ ဒေါသကို ငြိမ်းစေသည်။ ထာဝရဘုရားက ယေရှုစေလွှတ်ရခြင်းမှာ ကျွန်ုပ်တို‹ကို ဖြောင့်မတ်စေလို သောကြောင့်ပင်တည်း။
အပြစ်လွှတ်ခြင်းခံသောသူတို့သည် မည်သည့်နည်းဖြင့် ဖြောင့် မတ်သော သူဖြစ်လာသနည်း။ ကျွန်ုပ်တို့သည် ဇာတိပကတိ ဖြောင့်မတ် ခြင်းအားဖြင့် အပြစ် လွှတ်ခြင်းခံနိုင်မလား။ ဘုရားသခင်ရှေ•မှောက်တော်၌ ကျွန်ုပ်တို့သည် ဝါကြွားစရာရှိသလား။ ထာဝရဘုရားသည် ကျွန်ုပ်တို့ကို အပြစ်လွှတ်ခြင်း၊ ကယ်တင်ခြင်း နှင့် ထာဝရအသက်ကို ပေးရသောကြောင့် သူ့ကို ချီးမွှမ်းရမည် ဖြစ်သည်။
ထာဝရဘုရားမပါဘဲ အပြစ်လွှတ်ခြင်းသည် အချည်းနှီးသာဖြစ်၏။ ဇာတိ ပကတိ၌ ဝါကြွားသင့်ပါသလား (သို့) ဖြောင့်မတ်မှုမရှိပါသလား။ ကျွန်ုပ်တို့သည် အသက် ၇၀/၈၀ အတွင်း အသက်ရှင်နေချိန်တွင် ဝါ ကြွားရာရှိပါသလား။လူသားသည် မဖြောင့်မတ်နိုင်။ ဘုရားသခင်ရှေ့ မှောက်တော်၌ ကျွန်ုပ်တို‹သည် မည်သည့်အရာကို ဝါကြွားရမည်နည်း။ ဇာတိပကတိသည် ဝါကြွားစရာတခုမျှ မရှိပါ။ ဝ.၁မျှ မရှိပါ။
 
 

ကျွန်ုပ်တို့သည် ထာဝရဘုရား၏ ဖြောင့်မတ်မှုသာလျှင် ကြွားဝါရမည်

 
“ယခုမူကား၊ ပညတ္တိကျမ်းနှင့်အနာဂတ္တိ ကျမ်းတို့သည် သက် သေခံ သည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားတည်းဟူသော၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအား ဖြင့်၊ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သော ဘုရားသခင်၏ ဖြောင့်မတ် သော တရားသည် ထင်ရှားခဲ့ပြီ။” ထာဝရဘုရားသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် အသက်ဖြစ်၏။ သူသည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စေ သည်။ ယေရှုက ကျွန်ုပ်တို့ကို ကယ်တင်သောကြောင့် ဖြောင့်မတ်ခြင်းဟူ သော အမွေကို ခံစားနိုင်သည်။ ကျွန်ုပ်တို့သည် အကျင့် ကောင်း ကျင့်ခြင်းအားဖြင့်(သို့) ဇာတိပကတိအားဖြင့် ဝါကြွားစရာတခုမျှမရှိပါ။ ယေရှုသည် ဗတ္တိဇံခံခြင်းအားဖြင့် လောကအပြစ်အားလုံး ဆောင်ယူပြီး ဖြောင့် မတ်ခြင်းနှင့် ပြည့်စုံစေတော်မူသောကြောင့် ဂုဏ်တော်ကို ချီးမွှမ်း ရမည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ သည်။ ကိုယ်တော်သည် လောကသူသားအားလုံး တယောက်မကျန်အပြစ် မှ ကယ်တင်ခဲ့ပါသည်။ ကျွန်ုပ်တို့ကို ပျော်ရွှင်စေပြီး မြင့်မြတ်သော မျှော် လင့်ချက်နှင့်မနွမ်းနိုင်သော တန်ခိုးအာဏာကိုလည်း ပေးခဲ့သည်။ ကိုယ် တော်မှအပ ကျွန်ုပ်တို့သည် ဝါကြွားစရာမရှိ။ အချို့သည် သူတို့၏ ကြိုးပမ်း မှုနှင့်၄င်း၊အကျင့်ကောင်းကျင့် ခြင်းနှင့်၄င်း၊ဖြောင့် မတ်ခြင်းနှင့်၄င်းထာဝရ ဘုရားကို ယုံကြည်ရန် ကြိုးစားသော်လည်း သူတို့၏အတ္တသည် ညစ် ပေသော အဝတ်နှင့်တူ၏။ ထိုသူတို့သည် တယောက်နှင့်တယောက် (သို့) ကိုယ့်ကိုယ်ကို ဝါကြွားခဲ့သော်လည်း ဘုရားသခင် ရှေ့တော်တွင် အချည်း နှီးသာ ဖြစ်သည်။ 
ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် စစ်မှန်သော ကယ်တော်ရှင် ဖြစ်သည်။ ယေရှု၏အနက်ကား ကယ်တင်ရှင်ဖြစ်ပြီး ခရစ်ဟုလည်း ခေါ်ခဲ့ သည်။ ဤ အရာသည် ကယ်တင်ရှင် ဘုရားသခင် လူ့ဇာတိအားဖြင့် ကြွ လာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့က သူ့ကို ယေရှုခရစ်ဟု ခေါ်ခဲ့ခြင်းဖြစ်သည်။သူသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့်ဘုရားဖြစ်၏။ သူ့ကို ယုံကြည်သူများသာလျှင် ဖြောင့်မတ်ပြီး အကျင့်ကောင်း ကျင့်နိုင် သည်။
ထာဝရဘုရားသည် လောကအပြစ်အားလုံး ဆောင်ယူပြီးကျွန်ုပ်တို့ ကို အပြစ်မှ ကယ်တင်ခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်မရှိဘဲ ဖြောင့် မတ်စွာဖြင့် အလုပ်လုပ်နိုင်၏။ လူသားသည် အကျင့်ကောင်းကျင့်ခြင်း အားဖြင့် ထာဝရဘုရာ၏ ဖြောင့်မတ်ခြင်းကို မခံစားနိုင်။ ကိုယ့်အပြစ်ကို လည်း မဖယ်ရှားနိုင်သော သတ္တဝါဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ဖယ်ရှားပြီး ကျွန်ုပ် တို့သည် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပါသည်။ ထို‹ကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြသ်ကြသည်။ ကျွန်ုပ်တို့သည် အကျင့် အားဖြင့် ဖြောင့်မတ်သော သူဖြစ်နိုင်မလား။ အကယ်၍ တစုံတယောက်က လုပ်နိုင်ခဲ့သော် ထိုသူသည် ယေရှု၏အစ်ကို အစ်မသာလျှင် ဖြစ်ရမည်။ ယေရှုသည် ထိုသူတို့ကဲ့သို့ ဘယ်သော အခါမှ ကယ်တင်ရှင် မဖြစ်ဖူးပါ။ ဤအရာကို သတိမရပဲ ရာထူးမြှင့်ခြင်း၊ ဇာတိကပတိ၏ တန်ခိုးနှင့် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းကို ထိန်းချုပ်ရန် ကြိုးစာခြင်းများသည် အလ ဟာသများသာလျှင် ပြင်ကြ၏၊ အကြောင်းမှာ ဇာတိသည် ဇာတိစိတ်ကို အမှီပြုပြီး လှုပ်ရှားသွားလာနေသောကြောင့် ဖြစ်သည်။ ဇာတိပကတိ သည် သဘာဝအလျောက် လုပ်ဆောင်ခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့မရောက်နိုင်ပါ။ လူသားသည် ကြုံရင်ကြုံသလို နေထိုင် စားသောက်တတ် သော သတ္တဝါဖြစ်သည်။
ကျွန်ုပ်တို့သည် ထာဝရဘုရား၏ ဖြောင့်မတ်မှုကို မခံစားနိုင်ခြင်း သည် ဇာတိအားဖြင့် အသက်ရှင် နေထိုင်ရသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖြောင့် မတ်မှုသည် ကျွန်ုပ်တို‹ကို မကယ်နိုင်။ ကျွန်ုပ်တို‹သည် ဥပဒေတရားတော်ကို စောင့်ထိန်းခြင်း၊ ဇာတိအားဖြင့် အကျင့်ကောင်း ကျင့်ခြင်း၊ ကိုယ့်ကိုယ်ကို ထာဝရဘုရားထံအပ်နှံခြင်းဖြင့် ကယ်တင်ခြင်းကို မရနိုင်။ကျွန်ုပ်တို့၏ စွန့်စားလုပ်ဆောင် ချက်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ မပါ။ ဝ-၁ ရာခိုင်နှုန်းမျှ အသုံးမဝင်ပါ။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူပြီး လောကသို့ ကြွဆင်းလာပြီး ဖြောင့်မတ်ခြင်း အားလုံး ကို ပြည့်စုံစေရန် ကားတိုင်ပေါ် အသေမခံမီနှစ်ခြင်း ဆရာ ယောဟန်ထံမှ ဗိတ္တိဇံကိုခံယူခြင်းဖြင့် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကယ်တင်ကြောင်း ယုံကြည်ခြင်းကသာ ကျွန်ုပ်တို့ကို ဖြောင့်မတ်စေပါသည်၊
 
 
ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် စစ်မှန်သော ကယ်တင်ရှင်ဖြစ်၏
 
ထာဝရဘုရားသည် လောကအပြစ်အားလုံး ယူဆောင်ပြီး ပြည့်စုံ စေခြင်းဖြင့် သူသည် ကျွန်ုပ်တို‹၏ ကယ်တင်ရှင်ဖြစ်လာသည်။ ထာဝရ ဘုရားသည် ကျွန်ုပ်တို့ကို ဖြောင့်မတ်မှုနှင့် ပြည့်စုံစေ၏။ ဘုရားသခင်က ကျွန်ုပ်တို့အား ဝိညာဉ်ပိုင်ဆိုင်ရာများကို လုပ်ဆောင်စေနိုင်ပါသည်။ ဘုရားသခင်ရှေ့မှောက်၌ ကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်ဆိုင်ရာများ လုပ် ဆောင်နိုင်ရန် ထိုက်တန်ရခြင်းမှာ ကျွန်ုပ်တို့၏ ဇာတိသည် ဇာတိအလိုကို ဆက်လက်ကျူးလွန်သော်လည်း သူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ ရရှိခံစားသောကြောင့်ဖြစ်သည်၊ ထို‹ကြောင့် ဂရုဏာတော်အားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာအလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ အပြစ်လွှတ်ခြင်းမခံသောသူတို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ အလုပ်ကို လုပ် ဆောင်နိုင် စွမ်းမရှိပါ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာများကို လုပ်ဆောင် နိုင်ရန် ထိုက်တန်ပါသည်။ ယခု ကျွန်ုပ်တို့သည် ထိုအရာများကို လုပ် ဆောင်နိုင်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်သော အလုပ်များကို ကျွန်ုပ်တို့လုပ်နိုင်ပြီ။ ဘုရားသခင် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်ခြင်းသည် အလွန်ပင် မွန်မြတ်ပြီး ကြီးမြတ်လှပါသည်။ လူသားနှင့်အရာ ခပ်သိမ်းဖန် ဆင်းတော်မူသည်သာမက လောကသို့ကြွ ဆင်းလာပြီး ဖြောင့်မတ်ခြင်း များကို ပြည့်စုံစေသော ဘုရားသခင်သည် သူသည် လူသားအားလုံး၏ စစ်မှန်သော ကယ်တင်ရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြောပြထားပါသည်။ သူ၏ကြီးမြတ်သော ဂရုဏာတော်ကြောင့် ကျွန်ုပ်တို့သည် အပြစ်မှလွှတ် ခြင်းဟူသော ကယ်တင်ခြင်းကို ရရှိကြသည်။ တနည်းဆိုသော် ဘုရားသခင် သည် ကျွန်ုပ်တို့၏စစ်မှန်သော ကယ်တင်ရှင်ဖြစ်သည်၊
အကယ်၍ ကယ်တင်ခြင်းသည် တစုံတယောက် ကယ်တင်ရန် အားနည်းချက်များရှိပါက ကျွန်ုပ်တို့ကို ပြည့်စုံစွာ ကယ်တင်နိုင်မည်မ ဟုတ်ပါ။ အမှန်ဆိုသော် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်ချွတ်သူ ကယ်တင် ရှင်သည် လူသားကဲ့သို့မဟုတ်ပါ။ လူကိုကယ်တင်ရာ၌ ဆုံးရှုံးသည်ဆိုသည် မရှိပါ၊ သူသည် အသက်ရှင်သောဘုရား၊ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ သောဘုရားဖြစ်၏။(ယော ၁း၃) “ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကယ်လွှတ်လျက် ဖြစ်သော အရာတစုံ တခုမျှမရှိ။” ယေရှုက ဘယ်သူလဲ။ ကယ်တင်ရှင်ဖြစ် ပါသည်။ ကယ်တင်ရှင်က အဘယ်သူနည်း။ ဖန်ဆင်းရှင်ဘုရားသခင်ဖြစ် တော်မူ၏။ ထာဝရဘုရားသည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ကြောင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ပြည့်စုံ၏။ အကယ်၍ ကျွန်ုပ်တို့ ၏ ကယ်တင်ခြင်းသည် မမှန်လျှင် သူသည် ဖန်ဆင်းရှင်မဟုတ်။ ဖန်ဆင်း သောအရာ လူသားသာဖြစ်လိမ့်မည်။
ထာဝရဘုရားက ကျွန်ုပ်တို‹ကို ပြည့်စုံစွာဖြင့် ကယ်တင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် မနွမ်းနိုင်သော ကယ်တင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်အားလုံးကို ဆောင်ယူရန် ဗိတ္တိဇံယူသူ၊ ကားတိုင်ပေါ်အ သေခံသူ၊ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ဘုရားသခင်၏ လက်ယာတော် ဘက်၌ ထိုင်တော်မူသော ယေရှု၏ကယ်တင်ခြင်းသည် ယုံကြည်သူများအ တွက် သာမကလူသားအား လုံးအတွက် အကန့်အသတ်မရှိ။အားနည်းချက် လည်း မရှိပါ၊ ဤအရာသည် ဘုရားသခင်ပေးသော ကယ်တင်ခြင်းပင်ဖြစ် သည်။
 
 
ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းသည် မလုံလောက်ပါ
 
ကျမ်းစာထဲ၌ လူတို့သည် သူတို့၏ဖြောင်မတ်မှုများကြောင့် အမျိုး မျိုးသော ဆင်းရဲဒုက္ခနှင့် အသက်ရှင်နေထိုင်ရခြင်းမှာ ဘုရားသခင်သည် ထိုဆင်းရဲဒုက္ခအားဖြင့် သူတို့၏ ဖြောင့်မတ်မှုများကို ဖယ်ရှားလိုသော ကြောင့်ဖြစ်သည်ဟူ၍ ဓမ္မရာဇဝင်များတွင် မှတ်တမ်းတင်သော ကောက် နှုတ်ချက် များစွာရှိသည်။ ဆိုလိုရင်းမှာ လူသားသည် ဇာတိအားဖြင့် မပြည့်စုံနိုင်ပါ။ သို့သော် ကိုယ်တော်ကို ယုံကြည်ခြင်းက သူ့ကိုဖြောင့်မတ် စေပါသည်။
အကယ်၍ ကျွန်ုပ်တို‹သည် ကျွန်ုပ်တို‹၏ ဖြောင့်မတ်မှုအတွက် အသက်ရှင်ခဲ့လျှင် သေရလိမ့်မည်။ သို‹သော် ထာဝရဘုရားသည် ကျွန်ုပ်တို့ ကို ပြည့်စုံစွာဖြင့် အပြစ်မှ ကယ်ချွတ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထာဝရ ဘုရား၏ ဖြောင့်မတ်မှုအတွက် အသက်ရှင်ခဲ့လျှင် သူသည် ကျွန်ုပ်တို့အပေါ် ဝမ်းမြောက်လိမ့်မည်။ (ဟေ ၅၃း၅) “ထိုသူသည် ငါတို‹လွန်ကျူးခြင်းအပြစ် များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက် လျက်ရှိကြ၏။” ထာဝရဘုရားသည် ကျွန်ုပ်တို့၏ လွန်ကျူးခြင်းအပြစ်များ ကို တခါတည်းဖြင့် ဆောင်ယူခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဇာတိဖြောင့်မတ်မှုကို ဂရုမစိုက်သင့်ပါ။ 
လူအချို့၏ ပင်ကိုယ်လက္ခဏာသည် ဖန်ခွက်နှင့်တူ၏။ အမေရိ ကန်ရောက် သောသူမတယောက်သည် အလွန်ချိုသာသော သဘောထားရှိ ၏။ ကျွန်တော် သူမကို တွေ့တိုင်းတိုင်း ကျွန်တော့်ကို ကောင်းမွန်စွာ ဆက်ဆံပြီး နာကျင်မှုကိုလည်း မပေးခဲ့ဘူးပါ။ သူမသည် အပြစ်လွှတ်ခြင်း ကို ခံခဲ့ရသော်လည်း ကောက်ကျစ်စဉ်းလဲသော သူများကို မိုက်သောသူဟု ခေါ်တတ်လျက်ရှိပါသည်။ သူမသည် သူမ၏ ဖြောင့်မတ်ခြင်းနှင့် ပြည့်ဝ သော်လည်း ယေရှုဗိတ္တိဇံနှင့် ကားတိုင်ပေါ်အသွေးတော် ယုံကြည်ခြင်းဖြင့် အပြစ်လွှတ်ခြင်းကို ရရှိခဲ့သည်။ သူမသည် ဖြောင့်မတ်ခြင်းနှင့် ပြည့်ဝသော် လည်း အပြစ်လွှတ်ခြင်း ရရှိပြီးနောက်ပိုင်းတွင် သူမ၏ဖြောင့်မတ်မှုများ ကို ဆက်လက်ထိန်းသိမ်းရန် အလွန်ပင် ကြိုးစားနေပါသည်။သူမကဲ့သို့သော် လူများစွာ ရှိပါသည်။သူတို့၏ ဖြောင့်မတ်ခြင်းသည် ကြာရှည်ခံပါသလား၊ သူတို့ ကဤဖြောင့်မတ်ခြင်းသည် အချိန်အနည်းငယ်အတွင်း ပျောက်သွား လိမ့်မည်။
သင်သည် အပြစ်လွှတ်ခြင်းခံပြီးမှ ဇာတိပကတိ၌ အားနည်းမှုရှိပါ သလား။ ရှိပါသည်။ သင်သည် ဖြောင့်မတ်မှုအပြည့်နှင့် အသက်ရှင်ပါသ လား။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ လျှောက်လှမ်းချိန်တွင် ဖြောင့်မတ် ခြင်းနှင့် အသက်ရှင်ခဲ့ပါသည်။ ဘုရားသခင်၏ ရှေ့တော်တွင် ဖြောင့်မတ် သော အလုပ်များကသာလျှင် အပေါင်းလက္ခဏာပြနိုင်သည်။ ကျွန်ုပ်တို့ သည် ဝိညာဉ်တော်၌ လျှောက်လှမ်းပြီး အလုပ်လုပ်သောအခါ ကျွန်ုပ်တို့လည်း ချီးကျူးထိုက်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဇာတိပ ကတိ၌ ဝါကြွားရမည့်အရာတခုမျှမရှိပါ။ အပြစ်လွှတ်ခြင်းခံသော ဖြောင့် မတ်သူများကြားတွင် သူတို့၏ ဖြောင့်မတ်မှုများ မပျောက်ကင်းစေရန် စောင့် ရှောက်ဖို့ ကြိုးစားသောသူအချို့ရှိပါသည်။ ကျွန်ုပ်တို့သည် ဇာတိပကတိကို မချီးမြှောက်သင့်ပါ။
သို့သော် ထာဝရဘုရားသည် ထိုသူတို့အပေါ် ကျေးဇူးမတင်ခဲ့ဘူး ပါ။ လူ၏ဖြောင့်မတ်မှုသည် ကြာရှည်မခံပါ။ မြန်မြန်ပျက်စီးတတ်ပါသည်။ ထိုအရာသည် အနှစ် ၁၀ (သို့) ၂၀ တွင် ပျက်စီးလိမ့်မည်။အပြင်ပိုင်းက မြန်မြန်ပျက်စီးမှ သာလျှင် အတွင်း၌ရှိသော ယုံကြည်ခြင်းဖြင့် အသက်ရှင် နိုင်မည်။လူတို့သည် သူတို့၏ ဖြောင့်မတ်မှုကို မပျက်စီးရန် óကိးစားခဲ့သော် လည်း အချည်းနှီးသာဖြစ်သည်။
ထာဝရဘုရားသည် ကျွန်ုပ်တို‹၏ စစ်မှန်သော ကယ်တင်ရှင်ပြီး ကျွန်ုပ်တို့ကို ပြည့်စုံစွာ ကယ်တင်ခဲ့ပါသည်။ သူသည် ကျွန်ုတော်နှင့်သင့်ကို ကယ်တင်ပါ သည်။ သင်သည် ဇာတိပကတိအားနည်းမှုကြောင့် အပြစ်သား ပြန်ဖြစ်နိူင် ပါသလား။ မဖြစ်နိူင်ပါ။ ထာဝရဘုရားသည် ဖြောင့်မတ်မှုအား လုံးကို ပြည့်စုံစေပါသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၌ အသစ်တ ဖန် မွေးဖွားခြင်းခံသော်လည်း ကျွန်ုပ်တို့၏ ဖြောင့်မတ်မှုသည် မတည်မြဲပါ။ သို့သော် ထာဝရဘုရား၏ ဖြောင့်မတ်မှုသည် တည်မြဲ၏။ ကျွန်ုပ်တို့က ဘုရားသခင်၏ နောက်တော် လိုက်ချိန်တွင် ကျွန်ုပ်တို့၏မကောင်းမှုက ကြံဖန်များစွာ ပြောဆိုပါသည်၊ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ပိုမြန်ချိန် တွင် ကျွန်ုပ်တို့၏ ကောင်းမြတ်မှုသည် ပျောက်သွားကြောင်း ကျွန်ုပ်တို့၏ ဖြောင့်မတ်မှုက ဖော်ပြပါသည်၊
 
 
ဇာတိပကတိမွေးသော အရာသည်ဇာတိပကတိဖြစ်၏၊ ဝိညာဉ်တော်မွေးသော အရာသည် ဝိညာဉ်ဖြစ်၏။
 
ဘုရားသခင်သည် ကျွန်ုပ်တို့၏ စစ်မှန်သော ကယ်တင်ရှင်ဖြစ် ကြောင်း လူအပေါင်းတို့ကို ယုံကြည်စေလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်သင့်ပါသည်။ (ရော ၃း၆) “ဇာတိပက တိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသော အရာသည် ဝိညာဉ်ဖြစ်၏။” ဇာတိပကတိသည် ဝိညာဉ်တော်မဖြစ်နိုင်ပေ။ ဗုဒ္ဓာဘာသာ၌ လောကချုပ်ချယ်မှုများမှ လွတ်မြောက်စေခြင်းဟူသော အယူဝါဒရှိခဲ့သည်။ ဤအရာက ဇာတိကပတိသည် ဝိညာဉ်ဖြစ်နိုင်သည်ဟု အလေးအနက် ပြောဆိုသည်။ သို့သော် ဇာတိပကတိသည် ဘယ်သောအ ခါမှ ဝိညာဉ်ဖြစ်မလာနိုင်ပါ။ လုံးဝဖြစ်မလာနိုင်ပါ၊ ဤအရာကို အဘယ်သူ က လုပ်ဆောင်နိုင်သနည်း။ မည်သူကမျှ မလုပ်ဆောင်နိုင်ပါ။
ဗုဒ္ဓာဝါဒခေတ်တခေတ်တည်း၌ပင် ဆုန်ချာလ်အမည်ရှိအလွန်ပင် ကျော်ကြားသော ကိုးရီးယားဘုန်းတော်ကြီး တစ်ပါးသည် လန်ပြီးသော နှစ်အ နည်းငယ်၌ သေဆုံးခဲ့ပါသည်။ ထိုဘုန်းတော်ကြီးသည် အနှစ် (၂၀) နီးပါးမျှနံရံတစ်ခုကို မျက်နှာမူလျက် တရားထိုင်ခြင်းအားဖြင့် အကျွတ် တရား သို့မဟုတ် သမ္မတရားကို ရှာဖွေသုံးသပ်ခဲ့သည်။ ဆယ်နှစ်တာကာ လပတ်လုံး ဝိညာဉ်ဆိုင်ရာ အသိညဏ်ပွင့်လင်းမှုရရှိရေးအတွက် လုံးဝအိပ် စက်လှဲလျှောင် မှုမရှိဘဲ တရားအားထုတ်ပြီး ကောင်းမြတ်ဖြူစသင်သော နှလုံးသားရှိရေးအတွက်သာ အားထုတ်ခဲ့သည်။ ထိုနောက် ဆိုးညစ်သောအ တွေးများ၊ သူတပါးမယားပြစ်မှားခြင်း၊ အိမ်ထောင်ဖက်မဟုတ်သူချင်းကာ မစပ်ယှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုးယူခြင်း၊ မိုက်မဲခြင်းနှင့် မာနကြီးခြင်း တို့ကို အောင်မြင်စွာကျော်လွှားနိုင်ရန်နှင့် သူ၏နှလုံးသားမှ ထွက်ပေါ်လာ သော ဆိုးညစ်မှုများကို ထိန်းချုပ်နိုင်ရန် ကြိုးစားအားထုတ်ခဲ့သည်။ များစွာ သောသူတို့သည် သူ့အားအသက်ထင်ရှား ရှိနေသော ဗုဒ္ဓာဘုရားအလား ထင်မြင်ခဲ့ကြသည်။ သို့သော်လည်း ထိုဘုန်းတော်ကြီးကိုယ် တိုင်က လောကီဆိုင်ရာ အသွေးအသားတပ်မက်မှုများအား ထိန်းချုပ်ပြီးမြောက် နိုင်စွမ်းမရှိကြောင်း သိရှိသဘောပေါက်သွားခဲ့ပါသည်။ ထို့ကြောင့် အနှစ် ၂၀ နီးပါး စိတ်နှလုံးကို ပြုပြင်ထိန်းချုပ်ရန်တရားအား ထုတ်ခဲ့သော ထိုဘုန်းတော်ကြီးသည် သေခါနီးအချိန်၌ နီဗာနာဟူသော ကဗျာကုတို လေးအား ရေးစပ် ချန်ထားခဲ့ပါသည်။
သူက ငါအသက်ရှင်တုန်းက မြောက်များစွာသော လူအပေါင်း တို‹ကို ငါသွေးဆောင်ခဲ့၏။ ငါ့အပြစ်သည် တောင်ထက် ကြီးမား၏။ ထို့ ကြောင့် အဆုံးမဲ့သောငရဲ၌ ငါသွားလိမ့်မည်။ ကြည်လင်တောက်ပသော နေမင်းသည် မှောင်သောတောင်ကြီးအောက်သို့ဝင်သွားပြီ ဟူ၍ပြောဆိုခဲ့ ပါသည်။
လောက၌ဘာသာရေးကောင်းဆောင်များတို့သည် သူတို့ရာထူး ကို အမြတ်တနိုးတန်ဖိုးကြသောကြောင့် အမှန်ပင်သူတို‹သည် ငရဲသို့ သွားရ လိမ့်မည်။ 
ဇာတိပတိသည် ဝိညာဉ်တော်မဖြစ်နိုင်သော်လည်း ကယ်တင်ခြင်း ကို ယုံကြည်ခြင်းဖြင့် အသစ်တဖန်မွေး ဖွားခြင်းခံယူခဲ့လျှင် ကျွန်ုပ်တို့ ဝိညာဉ်သည် ဘုရားသခင်၌တည်နိုင်ပါသည်။ သူ၏ဖြောင့်မတ်ခြင်း၊ ရှင်ပြန် ထမြောက်ခြင်း အားဖြင့် ကျွန်တော်တို‹အားလုံးသည် အသစ်သောသတ္တဝါ များဖြစ်လာကြသည်။ လူသားသည် သူ၏ကြိုးပမ်းမှုဖြင့် အသစ်သော သတ္တဝါဖြစ်နိုင်သည်ဆိုသည်မရှိ။
သာသနာပြုသူများ၊ဘုန်းကြီးများနှင့် Catholic Father များသည် အကျဉ်းထဲရောက်ခြင်းသည် ကျန်ရှိသော အသက်တာအတွက် အကျိုးရှိ သည်ဟု အကျဉ်းသားများအား ပြောဆိုကြသည်။ သို့သော် ဘယ်သောအခါ မှ ဇာတိသည် ပြောင်းလဲသည်မရှိ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်း မြတ်ခြင်းကို စွန့်ခွါပြီး ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ် ကြောင်းကို ခိုင်မာစွာ ယုံကြည်စေလိုသည်။ ယေရှု၏ ဗိတ္တိဇံနှင့် ကားတိုင် ပေါ်က အသွေးတော်ကို ယုံကြည်ပါ။ သို့မှသာ သင်သည် ကယ်တင်ခြင်း၌ ခိုင်မာသော ယုံကြည်မှုရှိလိမ့်မည်။
 
 
ဘုရားသခင်၏ ကွယ်ကာမှုအောက်၌ ယုံကြည်သူများ
 
ကိုယ်တော်သည် ပြေလည်သူ (ဖြေသူ) အဖြစ် ကျွန်ုပ်တို့ထံကြွ ဆင်းလာပါသည်။ ကျွန်ုပ်တို့၏အပြစ် အဖိုးအခပေးဆပ်ရန်အတွက် ကားတိုင်ပေါ်၌ အသေခံခြင်း၊ တရားစီရင်ခြင်းတို‹ဖြင့် ကျွန်ုပ်တို‹ကို အပြစ်မှ ကယ်တင်ပြီး ကွယ်ကာခဲ့ ပါသည်။ ကိုယ်တော်သည် ပြေလည်သူ (ဖြေသူ) အဖြစ် ကျွန်ုပ်တို့ထံကြွဆင်းလာ ပါသည်။
(ရော ၃း၂၅-၂၆) “ဘုရားသခင်သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီး သောဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်းတရား တော်ကို ထင်ရှားစေခြင်းငှါ၄င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရား တော်ကို ထင်ရှားစေ၍ ယေရှုကို ယုံကြည်သောသူတို့၏အပြစ်ကို လွှတ် တော်မူသော်လည်း တရားသဖြင့်ပြဒတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏အ သွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအ ကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။”
ဘုရားသခင်သည် ဤလောကသို့ကြွဆင်းလာပြီး ဖြောင့်မတ်ခြင်း အားလုံးကို ပြည့်စုံစေခြင်းဖြင့် လူသားအားလုံးသည် အပြစ်ကင်းမဲ့ကြ သည်။ ယေရှုဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခြင်း ယုံကြည်သူတို့သည် ကယ်တင်ခြင်းဟူသော အပြစ်ဖြေ လွှတ်ခြင်းကို ခံရကြ၏။ သူသည် သူ၏ မယုံကြည်မှုကြောင့် သူသည် ငရဲသို့ သွားရ လိမ့်မည်။ သူ၏ကောင်း မြတ်ခြင်းနှင့် သူတော်ကောင်း ယောင်ဆောင်ခြင်းများ စွန့်ခွါပြီး ယေရှု၏ ဗိတ္တိဇံနှင့် ကားတိုင်ပေါ် အသေခံခြင်း ယုံကြည်ခြင်းဖြင့် ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သည်ဟု ယုံကြည်လက်ခံသူသည် ကယ်တင်ခြင်းကို ခံလိမ့်မည်။ ကျွန်ုပ်တို‹သည် ဘုရားသခင်၏အမြင်တွင် အပြစ်ကင်းမဲ့သူ များဖြစ်ကြသည်။ အဘယ့်အကြောင့်ဆိုသော် သူသည် လောကအပြစ်ဟူ သမျှကို သူ့အပေါ်သို့တင်ဆောင်ပြီး ကျွန်ုပ်တို့ကို အပြစ်နှင့် ကင်းဝေးစေ သောကြောင့် ဖြစ်သည်။ 
ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်ကြောင်း ကျွန်တော်ယုံကြည် သောကြောင့် ယခုကျွန်တော့်၌ အပြစ်မရှိတော့ပါ။ တခုဆင်ခြင်တွေးဆ လိုသည်မှာ ကျွန်ုပ်တို့၏ ကျန်ရှိနေသေးသော အသက်တာကို မည်သို့ အသုံးပြုမည်နည်း ဟူ၍ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ မွေ‹လျော်ပြီး လျှောက်လှမ်း ရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အပြစ်များ ဖယ်ရှားခြင်းအကြောင်းနှင့် ပတ်သက်၍ စိုးရိမ်ရမည့်အရာမရှိပါ။ ဘုရားသ ခင်၏ လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူ။ဆိုလိုသည်မှာ ကျွန်ုပ်တို့အပြစ်များကြောင့် ဘုရားသခင်က ကျွန်ုပ်တို့တရားစီရင် တော့ မည်မဟုတ်ကြောင်းပင် ဖြစ်သည်။ ယခုကျွန်ုပ်တို့၌ အပြစ်မရှိ တော်ပြီး တရားစီရင်ခြင်းကိုလည်း မရင်ဆိုင်ရခြင်းမှာ ယေရှုသည် လောကအပြစ် ဟူသမျှကို ဆောင်ယူရန် ယောဟန်ထံဗိတ္တိဇံခံခြင်းနှင့် ကားတိုင်ပေါ်အသေ ခံခြင်းဖြင့် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကယ်ချွတ်ခဲ့ပြီးဖြစ်သော ကြောင့်ဖြစ်သည်။ ယောဟန်ထံ ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်အသေခံ ခြင်းဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီဖြစ်သောကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကို တရားစီရင်တော့မည် မဟုတ်ပေ။ 
ကျမ်းစာကပြောသည်မှာ ဖြောင့်မတ်သောသူတစ်ယောက်မျှမရှိ။ သို‹သော် ကျွန်ုပ်တို့ကို ဘုရားသခင်ကို ယုံကြည်ခြင်းက ဖြောင့်မတ်စေပါ သည်။ (ရော ၃း၁၀-၁၈) “ကျမ်းစာလာသည်ကား ဖြောင့်မတ်သောသူမရှိ။ တစ်ယောက် မျှမရှိ။ နားလည်သောသူမရှိ။ ဘုရားသခင်ကိုရှာသောသူမရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်းအသုံးမရသောသူ ဖြစ်ကြပြီး ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့်လှည့်စားတတ်ကြ၏။ သူတို့ နှုတ်ခမ်းထဲမှာ¹မြွေ ဆိုးအဆိပ်အ တောက်ရှိ၏။ သူတို့နှုတ်သည် ကျိန်ဆဲသောစကား ကြမ်းတမ်းသောစ ကားနှင့် ပြည့်ဝ၏။ သူတို့ခြေသည် လူ့အသက်ကို သတ်ခြင်းငှါ လျှင်မြန် ၏။ သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်း ကို သူတို့မသိကြ။ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် သူတို‹မျက် စိ၌ မထင်ဟု ကျမ်းစာလာသတည်း။”
လောက၌ဖြောင့်မတ်သောသူတစ်ယောက်မျှမရှိခြင်းကြောင့် ဘု ရားသခင်သည် ဤလောကသို့ကြွဆင်းလာပြီး လောကအပြစ်အားလုံးကို ယော်ဒန်မြစ်တွင် ဖယ်ရှားကြောင်း သင်ယုံကြည်ပါသလား။ 
ဘုရားသခင်သည် ဖြောင့်မတ်သူများကိုသာ ကွယ်ကာလျက်ရှိ၏။ သူသည် ဖြောင့်မတ်သူ ကျွန်ုပ်တို‹အထဲ၌ တည်ရှိပြီး ကျွန်ုပ်တို့ကို ခွန်အား ပေးကာ စောင့်ရှောက်ခဲ့ပါသည်။ သူက ကျွန်ုပ်တို့ကို ဂရုစိုက်ရခြင်းသည် ကျွန်ုပ်တို့၌ရှိပြီး ကျွန်ုပ်တို့နှင့်အတူ လှုပ်ရှားသွားလာနေပါသည်။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သော အလုပ်များလုပ်ရန် ထိုက်တွန်း နေပါသည်။ ကျွန်ုပ်တို့ အသွေးအသား၏ အနစ်နာခံခြင်းထက် ယေရှုသည် ပို၍အနစ်နာခံလိမ့်မည်။ အပြစ်အားလုံးမှ သင့်ကို ငါကယ်တင်ပြီ။ သင် သည် သင့်အပြစ်များအတွက် အနစ်နာခံရန် မလို တော့ပါ၊
ယခုကျွန်ုပ်တို့က ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ဝိညာဉ်တော်၌ လျှောက်လှမ်းပြီး ပျောက်ဆုံးနေသော ဝိညာဉ်များကို ကယ်ဆယ်ရန် သတင်းကောင်းကို ဝေငှရမည်ဖြစ်သည်။ ဤအရာများကို ယခုကျွန်ုပ်တို့ စတင်ပြီး ဝေငှသင့်ပါပြီ။ မိတ်ဆွေ ဤအရာကို ယုံကြည်ပါသလား။ မဖြောင့်မတ်သော သူတို့ထံ၌ ကျွန်တော်တို့ယုံကြည်သူများသည် မနှိမ့်ချ သင့်ပေ။ အကြောင်းမူကား သဘာဝအားဖြင့် ဖြောင့်မတ်သော သူတစ် ယောက်မျှမရှိ။
 
 
သူ၏ဗတ္တိဇံနှင့်ကားတိုင်တော်အားဖြင့် ကျွန်ုပ်တို‹ကို ကယ်တင် တော်မူသော ဘုရားသခင်ကို ချီးမွှမ်းကြပါစို့
 
ကျွန်ုပ်တို့ကို အပြစ်မှပြည့်စုံစွာ ကယ်တင်တော်မူသော သူ၏ ချစ်ခြင်း မေတ္တာမှအပ ကျွန်ုပ်တို့၌ ဝါကြွားစရာမရှိ။ ဝါကြွားရမည်မှာ သူ၏ကယ်တင်ခြင်း သာလျှင်ဖြစ်ပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ဝေငှရမည်ဖြစ်သည်။ ကျွန်ုပ်တို‹အတွက်မူကား စိုးရိမ်စရာမရှိတော့ပါ။ (ရော ၈း၁) “ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သော သူတို‹သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။” ဤအရာကို သင်နားလည် ပါသလား။ သူ၏ဖြောင့်မတ်ခြင်း၌ မိတ်သဟာယမရှိသောသူသည် ငရဲသို့ သွားရလိမ့်မည်။ သို့သော် ယုံကြည်သူများအတွက် မူကား စိုးရိမ်စရာမရှိ။ 
ဘုရားသခင်က ကျွန်ုပ်တို့ကို ယေရှုဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ်မှ ကယ်တင်ခဲ့ပါသည်။ (ရော ၃း၂၈-၂၉) “ထို့ကြောင့် လူမည်သည်ကား ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက် တတ်သည်ဟု ယူရ၏။ ဘုရားသခင်သည် ယုဒလူတို‹၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ်တော်မူသည်မ ဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသားတို့၏ ဘုရားလည်း ဖြစ် တော်မူ၏။”
ဘုရားသခင်သည် ယုဒလူတို‹၏ ဘုရားသာဖြစ်တော်မမူ၊ တပါးအမျိုးသားတို့၏ ဘုရားလည်းဖြစ်တော်မူ၏။ သူသည် လူသားအား လုံး၏ ဘုရားဖြစ်တော်မူ၏။ သူသည် အပြစ်အားလုံးမှကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပါသည်။ သူသည် လောကသို့ ကြွဆင်းလာပြီး ကျွန်ုပ်တို့ အပြစ်ကို ဆောင်ယူရန် ဗတ္တိဇံခံယူပြီး ကားတိုင်ပေါ်၌ တရားစီရင်ခြင်းကို ခံခဲ့ပါသည်။ ထို‹ကြောင့် သူသည် လူသား အားလုံး၏ စစ်မှန်သောဘု ရားနှင့် ကယ်တင်ရှင်ဖြစ်လာသည်။ ၄င်းသည် ရောမသြဝါဒစာစောင် အခန်းကြီး (၃) ၏ နိဂုံးဖြစ်ပါသည်။ ဤအရာကို ရှင်ပေါလုက ယုံကြည်ခဲ့ သလို ကျွန်ုပ်တို‹ကလည်း ယုံကြည်ခဲ့ပါသည်။
တမန်တော်ရှင်ပေါလုသည် ဇာတိကပတိ၏ အားနည်းချက်များ ကိုသာ မဟောဘဲ ပညတ်တော်မှ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းများကို လည်း ဟောပြောခဲ့ ပါသည်၊ကျွန်တော်တို့သည် ပညတ်တော်လိုက်နာခြင်း ဖြင့် ကယ်တင်ခြင်းကိုမခံ။ သို့ဖြစ်လျှင် မည်သို့ဖြင့် အပြစ်ဖြေလွှတ်ခြင်းကို ရရှိနိုင်မည်နည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရရှိနိုင်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ယုံကြည်ခြင်းအားဖြင့်သာ လျှင်ဖြစ်၏။ဘုရားသခင်သည် ကျွန်ုပ်တို့ထံ ပြေလည်သူ တခုတည်းဖြင့်သာ ကြွဆင်းသည်မဟုတ် လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ် များကိုလည်း ဖယ်ရှား ပေးခဲ့ပြီ။ မယုံကြည်သူများက သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ကြ သောကြောင့် တရားစီရင်ခြင်းကို ခံရလိမ့်မည်။ သူသည် ဇာတိပကတိ၏ အားနည်းမှုနှင့် ကျူးလွန်သော အပြစ်များကြောင့် တရားမစီရင်ရခြင်းသည် ဤလောက၌ အပြစ်မရှိတော့သောကြောင့်ပင်ဖြစ်သည။
ထို့ကြောင့် ကျွန်ုပ်တို့က ဘုရားသခင်ကို ယုံကြည်ရန် လိုအပ်ပါ သည်။ ယုံကြည်သူများအတွက်မူကား တရားစီရင်ခြင်းဆိုသည်မရှိ။ ဘုရား သခင်သည် ယုံကြည်သူများ၏ ဘုရားဖြစ်သည့်အားလျော်စွာ ကျန်ရှိနေ သေးသော ကျွန်ုပ်တို့၏အသက်တာကို ဝိညာဉ်တော်၌ မွေ့လျော်ခြင်းဖြင့် လျှောက်လှမ်းရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဇာတိသည် လောကီရေးရာ၌ ကျင်လည်လိုသော်လည်း ကျွန်ုပ်တို့က ဝိညာဉ်ရေးရာများ လုပ်ဆောင်နိုင် ခြင်းသည် ကျွန်ုပ်တို့အပြစ်အားလုံးကို ဖယ်ရှားခဲ့ပြီးဖြစ်သောကြောင့် တည်း။ဘုရားသခင်သည် ယုဒလူနှင့်တပါးအမျိုးသားနှစ်ခုလုံး၏ ဘုရား ဖြစ်တော်မူ၏။ ယုံကြည်သူနှင့် မယုံကြည်သူတို့၏ ဘုရားလည်းဖြစ် တော်မူ၏။ ဤအရာက ဘုရားသခင်က လူသားအားလုံးကို သူတို‹အပြစ် မှ ကယ်တင်ရန် အလိုရှိကြောင်းကို ဆိုလိုပါသည်။ သူသည်ယုံကြည်သူများအ တွက် ကယ်တင်ရှင်သာ မဟုတ် မယုံကြည်သူများအတွက်လည်း ဖြစ်ပါ သည်။
ကျွန်တော့်၏ နက်ရှိုင်းသော စိတ်ထဲမှ ကိုယ်တော်ကို ချီးမြှောက် ပါ၏။ အကယ်၍သူသည် လူ့ဇာတိကို မခံယူပဲ ယောဒန်မြစ်၌ အပြစ်အား လုံးကို ဆောင်ယူရန် ဗတ္တိဇံကိုမခံခဲ့လျှင် ကျွန်ုပ်တို့က ကယ်တင်ခြင်း ဟူသော အပြစ်ဖြေလွှတ်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သူသည် စစ်မှန်သော ကယ်တင်ရှင်မမှန်လျှင် ကျွန်ုပ်တို့က အပြစ်ဖြေလွှတ်ခြင်း ခံယူပြီဖြစ်သော်လည်း အပြစ်သားပြန်ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဂုဏ်တော်ကို မနွမ်းနိုင်သော ယုံကြည်ခြင်းဖြင့် ချီးမွှမ်းပါ၏။